Snowless Winter Dream [Comple...

By Ennia_Yawn

77.2K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 18

1.5K 93 7
By Ennia_Yawn

Victory ဘားထဲ၌ လူပေါင်းများစွာ ခြေချင်းလိမ်နေသည့်အထဲတွင် ရိုင်းလ်၏ နောက်လိုက်တွေပါ ချက်ချင်းရောက်လာခဲ့ကြသည်။

သခင်လေး၏ အမိန့်အတိုင်း ဘားထဲကို မြေလှန်ရှာခဲ့ကြတာမို့ မိနစ်ပိုင်းအတွင်းပင် ဆေးခတ်သော ကောင်လေးအား ရိုင်းလ် ရှာတွေ့ခဲ့သည်။

ထိုဝန်ထမ်းကောင်လေးခမျာ သူ အခုလို ချက်ချင်းမိသွားရမယ်ဟု မတွေးမိခဲ့တာကြောင့် လူမိုက်အုပ်စုကြား၌ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေစဉ် ရိုင်းလ် ထိုကောင့်ရှေ့ ရောက်ရှိလာခဲ့သည်။

"ဒီ‌ကောင်လား"

"ဟုတ်တယ် သခင်လေး၊ ဒါပေမဲ့ ဒီကောင်က ပိုင်ရှင်ကို ရည်ရွယ်တာတော့ မဟုတ်ဘူးတဲ့"

ထိုကောင်လေး အမြန်ဖြေရှင်းလိုက်မိသည်။

"ကျွန်တော် ဧည့်သည်ခွက်ထဲ ထည့်ခိုင်းလို့ ထည့်ရုံပါ။ ဘားပိုင်ရှင်ကိုတော့ ခုလို တကယ် မလုပ်ရဲပါဘူး"

ထိုဝန်ထမ်းကောင်လေးက သျှိုင်းစက်မာန်ထက်စာရင် ညတိုင်းပွဲရှာကြမ်းသည့် ရေးခေတ္တရာကိုသာ ပိုကြောက်မိပါသည်။

ရိုင်းလ်၏ မျက်ခုံးများ အလိုမကျစွာ တွန့်ချိုးသွားသည်။ ရိုင်းလ် ထိုကောင့်အား အခန်းနံရံဆီသို့ လွင့်ထွက်သွားအောင်အထိ ကန်ထုတ်ပစ်လိုက်ရင်း-

"မင်းကများ ငါ့ကို လုပ်ရဲတယ်ပေါ့။ ပြော၊ ငါ့ကို ဘယ်‌ကောင်က ဒီလိုလုပ်ခိုင်းရဲတာလဲ"

ရိုင်းလ် သူ့အား ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုရင်တော့ ဟိုအူကြောင်ကြောင်ကောင်ကိုသာ မြင်ယောင်လိုက်မိပေမယ့် သူ့ကို ဆေးခတ်ရင် အဲ့ကောင် သူ့သူငယ်ချင်း ဒုက္ခရောက်သွားနိုင်တယ်ဆိုတာ မတွေးမိခဲ့လေသလားပဲ။

ရိုင်းလ် ထင်သည့်အတိုင်း ထိုကောင်လေးက ခပ်ကြောက်ကြောက်လေးမို့ သူ့လူငါးယောက်အား တစ်‌ယောက်တစ်ချက်စီ ငါးချက်လောက် နဘန်ကျင်းခိုင်းပြီးချိန်မှာတော့ သျှိုင်းစက်မာန် လုပ်ခိုင်းသွားတာကို ဝန်ခံလာခဲ့သည်။

"တောက်. . .ဒီကောင် တကယ် သေချင်နေပြီ"

ရိုင်းလ် ထိုကောင့်ဖုန်းနံပါတ်ကို ‌မေးလိုက်ပြီး ဖုန်းခေါ်ဆိုလိုက်ရသည်။

လေတချွန်ချွန်ဖြင့် ကားမောင်းနေသော သျှိုင်းစက်မာန်တစ်ယောက် နံပါတ်စိမ်းဖုန်းကို ကိုင်လိုက်တာနဲ့ ရိုင်းလ်၏ အသံကို ကြားလိုက်ရတာကြောင့် ကားကိုပင် လမ်းဘေး အမြန်ထိုးရပ်မိသွားခဲ့သည်။

"ဟေ့ကောင် မင်း ငါ့ကို ဒီလိုဆေးခတ်ဖို့ကြံတော့ ဘာရလို့လဲ။ ငါ့ကို မကျေနပ်ရင် လက်သီးသုံးလေ၊ ယောက်ျားဖြစ်ပြီး အခုလို ချုံခိုတိုက်နေတာ မင်း မရှက်ဘူးလား"

သျှိုင်းစက်မာန် မပိရိသော သူ့လူအား စိတ်ပျက်သွားမိ၏။

"ခင်ဗျားကို မျက်စိနောက်လို့လေ။ ခွန်းသာ ခင်ဗျား ဒီလိုတွေ လုပ်နေတာသိရင် ကြိုက်နိုင်ပါဦးမလား။ ခွန်းက သဝန်အရမ်းတိုတတ်တယ်"

"ဒီလင်တရူးကောင်နဲ့တော့! ငါ မင်းကို အခုလို ဖုန်းဆက်ပြောရတာတောင် တော်တော်စိတ်ကုန်နေပြီကွ။ ခွန်းက သဝန်တိုတော့ရော ဘာလုပ်ရမှာလဲ။ သူနဲ့ငါက ဘာမှမှ မဆိုင်တာ၊ ငါ့ကို ဘယ်သူကမှလည်း လာထိန်းချုပ်လို့မရဘူး"

"ဟက်၊ ခင်ဗျားက အလာကြီးပါလား"

"ငါ မင်းကို ပြောပြီးသား၊ ငါ့ညီကို လိုချင်ရင် မျှမျှတတ လာပြိုင်လှည့်။ အခု မင်းလုပ်ရပ်ကြောင့် ခေတ္တရာ တစ်ခုခုဖြစ်သွားခဲ့ရင် မင်း ငါ့ကို ဘာပြန်လုပ်ပေးနိုင်လို့လဲ။ အေး. . .ငါတို့နှစ်ယောက်ကြားက ပြဿနာမှာ နောက်တစ်ကြိမ် သူက အခုလို မဆီမဆိုင် ကြားထဲက ထပ်ထိခိုက်မိသွားရင် အဲ့ကျရင် မင်း သေဖို့သာ ပြင်ထားတော့"

မရပ်မနား ပြောသွားပြီး ဖုန်းပိတ်ချသွားသော ဘဲကြီးကြောင့် မာန် ကြောင်အသွားမိသည်။

"ဟ. . .ဒီဘဲက အခု ဘယ်သူ့ကို ချိန်နေတာလဲ"

ကွက်ကျော်မြင်တတ်သော သျှိုင်းစက်မာန်ပင် ဘဲကြီး၏ စိတ်အ‌ခြေအနေကို ခေါင်းခဲသွားရတဲ့အပြင် အခုကိစ္စကို မအောင်မြင်လိုက်တာကြောင့်လည်း ရေးသာ သူ လုပ်မှန်း သိသွားရင် သူ့ကို လာကျိန်ဆဲတော့မလားဆိုတာအား တွေးကြောက်မိသွားသည်။

ရိုင်းလ်စေတန် သူ့လူတွေကို ပြန်လွှတ်လိုက်ရတော့ပြီး ရေး၏ နားနေခန်းရှိရာဆီသို့ ပြန်တက်လာခဲ့ရသည်။

ထိုစဉ် ရိုင်းလ်ထံသို့ သူ့ဒယ်ဒီ၏ ဖုန်းဝင်လာတာကြောင့် ရိုင်းလ် အခန်းထဲသို့ မဝင်ဖြစ်သေးဘဲ အပြင်ဖက်မှာပဲ ကိုင်လိုက်ရစဉ် အင်္ဂလိပ်စကားသံ ပီပီသသသံနှင့် ပြောဆိုလာသော သူ့ဒယ်ဒီ၏ ဒေါသထွက်နေတဲ့အသံကို ကြားလိုက်ရသည်။

"မင်း လန်ဒန်က အတည်တကျ အလုပ်တွေကို ပစ်ထားပြီး အဲ့နိုင်ငံမှာ ဘယ်လိုလူမျိုး‌နဲ့ ခြေသွားရှုပ်နေတာလဲ။ ပြောတော့ ရှုပ်ပွေနေပေမယ့် လက်ထပ်မယ်ဆိုရင် လိမ်မာတဲ့ကောင်လေးကိုပဲ ရှာပါ့မယ်ဆို။ အခုတော့. . .ဟက်၊ လူသားစားကောင်ကိုများ"

ရိုင်းလ် ဒီတစ်ညထဲမှာပဲ စိတ်ရှုပ်စရာတွေများလွန်းလို့ သူ့ခေါင်းက ဆံပင်တွေကိုသာ ထိုးဖွလိုက်မိတော့သည်။ အခုကိစ္စကရော ဘယ်ကဘယ်လို ဒယ်ဒီ့နားထဲ ရောက်သွားပါလိမ့်။ အန်ကယ်ပြောလိုက်တာများလားလို့ တွေးမိပေမယ့် သူ့ဘေး၌ ဒယ်ဒီ့လူတွေကလည်း အမြဲရှိနေတာမို့-

"အဲ့ဒါ အတည်မဟုတ်. . ."

"အတည်ဖြစ်လို့ရော ရမလားကွ။ ငါ မင်းအမေကို မျက်နှာမပြရဲအောင် မလုပ်စမ်းပါနဲ့။ မိတဆိုးသားလေးဆိုပြီး အလိုလိုက်ထားတာကို အိမ်ထောင်ဖက်တော့ ကောင်းကောင်းမွန်မွန် ရွေးချယ်ခဲ့စမ်းကွာ။ မင်း ဘယ်လိုအမျိုးအစားကို စိတ်ဝင်စားစား ငါ ဘယ်တုန်းက ဘာပြောခဲ့ဖူးလို့လဲ။ အခု မင်းက မင်းအမေနောက်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ လိုက်သွားချင်လို့ အဲ့လိုလူမျိုးနား ကပ်နေတာလား။ ငါ့သားကို ဇယားလာရှုပ်လို့ကတော့ အဲ့ကောင်ကို အခုကထဲက ငါ ရှင်းထုတ်လိုက်ရလိမ့်မယ်"

"ဒယ်ဒီ ကျွန်တော်က မဟုတ်ဘူးလို့ ပြောနေရင် မဟုတ်ဘူးပဲ။ ကျွန်တော်တို့နှစ်ယောက်က ဘာမှမပတ်သက်ဘူး။ မဆိုင်တဲ့သူကို ပြဿနာ သွားမရှာနဲ့"

"ငါ့အတွက်တော့ ငါ့သားထက် ဘယ်သူမှ အရေးမကြီးဘူးကွ။ မဆိုင်ဘူးဆိုရင် မင်း အခုချက်ချင်း လန်ဒန်ပြန်လာပြီး လက်ထပ်ဖို့ပြင်တော့။ မင်း ကောင်လေးတွေကိုပဲ ယူမှာမလား။ အဲ့ဒါဆို ဆက်ခွန်းသစ်ရဲ့ မိဘတွေနဲ့ ငါ လူကြီးချင်း ညှိထားလိုက်မယ်။ မင်း ဒီတစ်ပတ်အတွင်း လန်ဒန် ချက်ချင်းပြန်လာခဲ့တော့။ ငါ မင်းကို ဖမ်းခေါ်ခိုင်းရအောင် မလုပ်နဲ့"

ညိုမှောင်းနေသော မျက်ဝန်းတွေနဲ့ ထိုအင်္ဂလိပ်အမျိုးသားကြီး ‌ဖုန်းကို ပိတ်ချပစ်လိုက်ပြီး သူ့သားကို မိန်းကလေးနဲ့သာ ယူချင်စေသော်ငြား သူက အချစ်ရေးကို ကျား၊မ ခွဲခြားတတ်တဲ့ တစ်ဖက်ပိတ် ခေတ်မမီတဲ့သူ မဟုတ်တာကြောင့် ရိုင်းလ်၏ လိင်စိတ်တိမ်းညွှတ်မှုကို အပြစ်မဆိုခဲ့ဖူးသလို ရှုပ်ပွေနေတာကိုလည်း မိတဆိုးသားလေးမို့ တားဖူးတာမျိုး မရှိခဲ့။ သို့သော် သူ့သား ဘယ်လိုလူမျိုးနဲ့ စခန်းသွားနေတာလည်းဆိုတာတော့ သူ အမြဲ စုံစမ်းနေခဲ့သည်။

အခုလည်း သူ့သား ကောင်လေးတစ်ယောက်ကို ဓာတ်ကျနေသည်ဟု ရိုင်းလ်‌ဘေးမှာ လွှတ်ထားရသည့် နောက်လိုက်တွေ ပြောလို့ သတိထားမိနေတာကြောင့် စုံစမ်းကြည့်ဖို့ ရှိသေး၊ ခွန်းလေးက သူ့အစ်ကိုအကြောင်း စိုးရိမ်စွာ လှမ်းပြောလာခဲ့သည်။

ထိုလူနဲ့ ဆက်ခွန်းသစ်၏ မိဘတွေက အလွန်ရင်းနှီးကြသူများဖြစ်ပြီး ခွန်းကလည်း သူ့သားလို ကောင်လေးတွေကိုပဲ သဘောကျမှန်း သိထားတာ‌ကြောင့် သဘောမတူစရာမရှိ။ သူ့သားအသက်ကို နှုတ်ယူသွားနိုင်မလား မသိတဲ့သူဆီ ထည့်ပေးရမယ့်အစား လိမ်မာတဲ့ ကောင်လေးဆီသို့သာ ထည့်ပေးချင်သည်။ ဒါမှပဲ သွားလေသူ သူ့မိန်းမ စိတ်ဖြောင့်နိုင်မှာ။

ဆက်ခွန်းသစ် သူ့ဆီပြန်ဆက်သွယ်လာသော အစ်ကို့ဒယ်ဒီ စကားကြောင့် ကျေနပ်မှုက ပြောစရာမရှိတော့။

"စိတ်မပူပါနဲ့ အန်ကယ်၊ ကျွန်တော် အစ်ကို့ကို သေချာထိန်းကျောင်းပေးမှာပါ။ ကျွန်တော်ပြောတာသာ မသိပါစေနဲ့ဦးနော်"

"စိတ်ချ သားရေ၊ ဒီကောင်လေးက မီးနဲ့ကစားနေတာကို အခုလို လှမ်းအကြောင်းကြားပေးလို့တောင် အန်ကယ်က ကျေးဇူးတင်နေတာ။ ဒီတစ်ပတ်ထဲ သားအစ်ကိုနဲ့အတူ လန်ဒန် လိုက်ခဲ့ဦး။ ပွဲကိုတော့ မင်းတို့စိတ်ကြိုက်သာ စီစဉ်ကြ။ နှစ်နိုင်ငံလုံးမှာ လုပ်ချင်လည်း အိုခေတယ်"

ဆက်ခွန်းသစ် ဝိုင်ခွက်ကိုင်ရင်း ညရှုခင်းကို သူ့တိုက်ခန်းပေါ်မှ ကျေနပ်စွာ ရှုစားနေမိသည်။

မိဘချင်းသဘောတူထားတဲ့ မင်္ဂလာပွဲဟု ပြောလိုက်ရင် မာန်လည်း ဘာမှတတ်နိုင်မှာမဟုတ်။ ဖြစ်နိုင်ရင် သူ့အား မျှော့လိုကပ်တွယ်‌နေသော မာန့်ကို ဆက်ခွန်းသစ် အပြီးရှင်းထုတ်ချင်နေပြီဖြစ်သည်။ အစ်ကိုကတော့ သူ့ဒယ်ဒီကို ကြောက်တဲ့သူမို့ ငြင်းရဲမှာ မဟုတ်ပေ။

ဆက်ခွန်းသစ် ဒီည အလွန်ပျော်နေမိသည်။

သူ့ဘေးက အလှပန်းအိုးထဲသို့ ဝိုင်ခွက်ထဲမှ ဝိုင်တွေကို ဖြည်းဖြည်းချင်း သွန်ချလိုက်ရင်း-

"သလွန်း သလွန်း. . .မင်းသာ စောစော မသေခဲ့ရင် ငါက မင်းနဲ့ပဲ ယူဖြစ်လောက်မှာပါ။ အခုတော့ အမျှ အမျှ အမျှပါပဲ"

သူ ရိုင်းလ်ကို အစ်ကိုလိုမျိုးသာ ချစ်တာတော့ အမှန်ပင်။ သို့သော်ငြား သူ့အချစ်ဆုံးအစ်ကိုကို ရေးနဲ့ မြင်ရမှာထက်စာရင် သူသာ အပိုင်သိမ်းလိုက်ချင်ခဲ့သည်။ ဖြစ်နိုင်ရင် သလွန်းသေမယ့်အစား ရေးကိုသာ သူ သေစေချင်တဲ့အထိ သလွန်း၏ အချစ်ကို အရယူသွားနိုင်ခဲ့သည့် ရေးကို အလွန်မုန်းလေ၏။

-------------------------

ရိုင်းလ် စိတ်ရှုပ်စွာပင် ရေး၏အခန်းထဲသို့သာ ပြန်ဝင်ခဲ့ရသည်။

ထိုကောင်လေးက သူ့ကုတ်ကို မျက်နှာပေါ် အုပ်ထားပြီး လှဲနေတာမို့ ရိုင်းလ် အသာလှပ်ကြည့်လိုက်တော့ ငြိမ်ငြိမ်လေး လှဲနေနိုင်ပြီကို တွေ့လိုက်ရတာကြောင့် ခုမှပဲ ရိုင်းလ် သက်ပြင်းချနိုင်တော့သည်။

ဝုန်း!

ထိုစဉ် အခန်းထဲသို့ သျှိုင်းစက်မာန် ပြေးဝင်လာခဲ့ပြီး ရိုင်းလ်ကို ဆွဲထိုးဖို့ ပြင်လိုက်သော်လည်း ရိုင်းလ်က လက်ဦးသွားခဲ့ကာ ထိုကောင့်လက်ကို ဆွဲလှန်ချပစ်လိုက်သည်။

ထိုးကြိတ်သံတွေကြောင့် ရေး ချက်ချင်း ပြန်ထထိုင်လာခဲ့စဉ် မာန် လှမ်းအော်လာလေသည်။

"ရေး ငါ ဒီကောင့်ကို ပညာပြချင်ရုံသက်သက်ကွာ၊ ငါ မင်း ခုလို ခံလိုက်ရတယ်ကြားတော့ ဘယ်လောက်တောင် စိတ်ပူပြီး ပြန်ပြေးလာခဲ့ရလဲ"

ရိုင်းလ် ထိုကောင့်ကိုသာ နံရံနဲ့ခေါင်း ပိတ်စောင့်လိုက်မိသည်။

ရေး ဒီနှစ်ယောက် ဘာဖြစ်နေမှန်း နားမလည်နိုင်ဖြစ်သွားရတာကြောင့် အမြန်ထရပ်လာရကာ နံရံနဲ့ခေါင်းပိတ်စောင့်ခံနေ‌ရသော မာန့်ကို ဝင်ဆွဲလိုက်ရပြီး-

"မင်း လုပ်ခဲ့တာလား"

"အင်း၊ ဒါပေမဲ့ မင်း ခွန်းကို ပြဿနာသွားသွားရှာသလိုမျိုး ငါလည်း လုပ်မိရုံပါကွာ။ အဲ့ကောင် မင်းကို ဘာမှမလုပ်ရဲလို့ တော်သေးတာပေါ့။ သွား. . .ငါ အိမ်ပြန်လိုက်ပို့မှာမို့ ကားပေါ်မှာ သွားစောင့်နေ"

ရိုင်းလ် သူတို့ကြားထဲ ရေး ဝင်လာလို့သာ လက်လျှော့လိုက်ရပေမယ့် ဖြစ်နိုင်ရင် အဲ့ကောင်၏ အရိုးတစ်ချောင်းချောင်းကျိုးသွားအောင်ထိ ဆော်ချင်နေတာပင်။

သျှိုင်းစက်မာန် ရေး၏ ‌ဒေါသကို မစမိအောင် ထိုဘဲထက်ဦးအောင် အမြန်လာဝန်ခံနေရခြင်းဖြစ်သည်။

ရိုင်းလ် ခေတ္တရာပခုံးပေါ်မှ ထိုကောင့်လက်တွေကို စောင့်ဖယ်လိုက်ပြီး ခေတ္တရာကို သူ့ဖက် ပြန်ဆွဲထားလိုက်ရင်း-

"မင်း အခုမှ စောက်ပိုတွေ လာလုပ်မနေနဲ့။ မင်းကို ခေတ္တရာမျက်နှာကြောင့် ခွင့်လွှတ်ထားတာကို သေချင်လို့ ငါ့ရှေ့လာရဲသေးတယ်"

ရေး အခုချိန်ထိ နေလို့မကောင်းသေးတာကြောင့် ထိုရန်ပွဲကို ရပ်ပဲကြည့်နေမိစဉ် ရိုင်းလ်၏ အာရုံက ဖြူဖျော့ဖျော့ဖြစ်နေသော ရေးအပေါ်သို့သာ အပြည့်အဝ ရောက်သွားခဲ့သည်။

သူ့အပေါ် အာရုံမရှိကြတော့သော လူနှစ်ယောက်ကို သျှိုင်းစက်မာန် တစ်ချက်စိုက်ကြည့်လိုက်ရင်း ဒီည ထိုဘဲကို သေအောင်မလုပ်ရရင် သူ စိတ်မအေးနိုင်တာမို့ အသင့်ယူလာသည့် ဘောင်းဘီအိတ်ထဲမှ recorder ကို ဖွင့်လိုက်ပိတ်လိုက် အသာလုပ်နေရင်း ရေး၏ ကြောက်စိတ်ကို နှိုးဆွနေမိသည်။

ဒေါက် ဒေါက် ဒေါက်. . .

ထိုအသံကြောင့် စိတ်မတည်ငြိမ်သေးသော ရေး၏ မျက်လုံးများ ဂနာမငြိမ်ဖြစ်လာခဲ့ကာ သူ့နားနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး အမြန်ထိုင်ချလိုက်တာကြောင့် ရိုင်းလ် စိုးရိမ်သွားကာ ထိုကောင်လေးနား သွားဖို့လုပ်လိုက်စဉ် သျှိုင်းစက်မာန်၏ အမိန့်ပေးသံ ထွက်လာခဲ့သည်။

"ရေး မင်း သူ့ကို ကျိန်စာတိုက်လိုက်စမ်း"

ရိုင်းလ် သျှိုင်းစက်မာန်အား စူးရဲစွာစိုက်ကြည့်လိုက်မိပြီး အသံလာရာနေရာကို ချက်ချင်းခန့်မှန်းလိုက််မိတာကြောင့် ထိုကောင့်ဆီ အရင်လျှောက်ဖို့ ပြင်လိုက်စဉ် ရေး ထရပ်လာခဲ့သည်။

ရေး၏မျက်လုံးများကတော့ သွေးဆာနေသူအလား ပုံစံပြောင်းလဲသွားခဲ့ပြီ။

"ခေတ္တရာ အဲ့လိုလျှောက်မလုပ်နဲ့၊ စိတ်ထိန်းထား"

ရေး သူ တောက်လျှောက်ကြားနေရတဲ့ ခြေသံတွေကြောင့် သူ့ရှေ့က လူက သူ့အဖေ၏ လူတွေဟု အထင်ရှိသွားတာမို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျိန်စာတိုက်ဖို့ ပြင်လိုက်မိသည်။

"ခလုတ်တိုက်လဲစမ်း၊ လဲစမ်း၊ အခုချက်ချင်း"

မာန် အလိုမကျဖြစ်သွားကာ-

"ဒီထက်ပြင်းတဲ့ ကျိန်စာတိုက်စမ်း"

ထပ်အမိန့်ပေးလိုက်ရင်း ထိုဘဲ ရှေ့လူတွေလို ခေါက်ခနဲ လဲသေတော့မှာကို စောင့်နေလိုက်မိသည်။ အားလုံးပြီးရင် သူ ရေးကို သတိမေ့သွားအောင် ရိုက်ချလိုက်ရုံသာပင်။

ရိုင်းလ်တစ်ယောက် ခေတ္တရာကို ထိုကောင်က အခုလိုထိန်းချုပ်လို့ ရနေတာကို အံ့ဩသွားရလွန်းလို့ ငြိမ်ပြီးသာ စိုက်ကြည့်နေမိလေသည်။ ခေတ္တရာ စိတ်လွတ်လွတ်သွားတတ်တယ်ဟု ကြားဖူးခဲ့တာက အခုလောက်ထိ ဆိုးဆိုးရွားရွား လွတ်တာမျိုး ဖြစ်နေမည်ဟု ရိုင်းလ် မထင်ထားခဲ့မိပေ။

"ခလုတ်တိုက်လဲစမ်း၊ လဲစမ်း၊ အခုချက်ချင်း"

ရေးက အခုတစ်ခေါက်မှာမှ ခေါင်းမာနေတာမို့ သျှိုင်းစက်မာန် တိုင်ပတ်သွားရသည်။

သို့သော်ငြား ပိုထူးဆန်းတာက ရေး ဘယ်နှစ်ခေါက်ပြောပြော ထိုလူက ဘာမှဖြစ်မလာတာကြောင့် ရိုင်းလ်ရော မာန်ပါ အံ့ဩသွားခဲ့သည်။

ထို့အတွက် သျှိုင်းစက်မာန် သူ့အိတ်ထဲမှ ဓားအမြန်ထုတ်လိုက်ပြီး ရေးလက်ထဲထည့်ပေးလိုက်တာကြောင့် ရိုင်းလ် ထိုဓားကို ဖျက်လုဖို့ ကြိုးစားပေမယ့် ရေးကလည်း လျင်မြန်သူမို့ ထိုဓား ရေးလက်ထဲ ရောက်သွားခဲ့သည်။

"ခေတ္တရာ မင်း ဘာတွေလျှောက်လုပ်နေတာလဲ။ ဘာလို့ ခုလိုထိန်းချုပ်ခံနေတာလဲ၊ အသိဝင်ဦး"

သျှိုင်းစက်မာန် အခုအခြေအနေကို နားမလည်နိုင်ဖြစ်နေသည်။ ရေးမှာ အစွမ်းတွေ မရှိတော့တာလား။

"အဲ့လူကို အဲ့ဓားနဲ့ သွားသတ်လိုက်"

ရေး သူ့လက်ထဲမှ ဓားကို ဆုပ်ကိုင်လိုက်ပြီး ရိုင်းလ်ရှေ့ တိုးကပ်လာခဲ့သည်။

သျှိုင်းစက်မာန် ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ရပ်ကြည့်နေစဉ် ရေး သူ့ဖက်ကိုသာ ဖျတ်ခနဲ ချိန်လာပြီး-

"ငါ့ကို ထိန်းချုပ်နေတာ တကယ်ပဲ မင်းဖြစ်နေခဲ့တာလား"

"ဟင်. . .ရေး မဟုတ်ဘူး၊ ငါ. . ."

ရေး သူ ဒီလောက် သူ့ပါးစပ်ကို ထိန်းချုပ်နိုင်ခဲ့တာ‌တောင်မှ လူပေါင်းများစွာ သတ်သတ်မိနေတာမို့ စိတ်ကျန်းမာရေးအထူးကုနဲ့တောင် ဘယ်သူမှ မသိအောင် တိတ်တဆိတ်ပြခဲ့မိတဲ့အထိပင်။ ထို့အတွက် ဟိုးအရင်ကထက် သူ့စိတ်ကိုသူ ပိုထိန်းချုပ်နိုင်ခဲ့ပါပြီ။ သူ ခုနကထဲက ထိုအသံကိုပါ အရင်ကလောက် မတုန်လှုပ်သွားတော့ပေမယ့် မာန်နဲ့ရှိနေတိုင်း သူ ဒီအသံကြားခဲ့ရပြီး သူ လူသတ်ပြီး သတိပြန်ဝင်လာချိန်တိုင်းလည်း သူ့ဘေးမှာ မာန်ရှိနေတာကို သတိထားမိနေတာကြာပြီမို့ တစ်ချိန်ချိန်မှာ စောင့်ဖမ်းဖို့ ပြင်ထားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကပြားကောင်အပေါ် သူ့အစွမ်းတွေ မသက်ရောက်နိုင်တာကိုလည်း ရေး သိထားတာမို့ပင်။

"ရေး ငါ ရှင်းပြမယ်"

သျှိုင်းစက်မာန် အခုချိန်လောက် ဘယ်တုန်းကမှ မထိတ်လန့်ဖူးပါ။

"ဘာလို့လဲ၊ မင်းကပါ ဘာလို့ ငါ့နောက်ကျောကို ဓားနဲ့ထိုးနိုင်ရတာလဲ။ မင်းတို့သုံးယောက်လုံး ငါ့ကို အဲ့လောက်တောင် မုန်းခဲ့ကြတာလား။ ငါ. . .ငါ ဒီ friendship ပေါ် ဘယ်လောက်ထိ စိတ်နှစ်ထားခဲ့လဲ မင်း အသိဆုံးဖြစ်မယ်လို့ ထင်ခဲ့မိတာ။ မင်းက တခြားနှစ်ယောက်ထက် အသိဆုံးမို့ ငါ့အပေါ် ဂရုစိုက်နေတယ်လို့ ထင်ခဲ့တာ။ ဘာလို့လဲ. . .ဘာလို့ မင်းကပါ ဒီလိုရက်စက်ရတာလဲ"

ရေး သူ့ရှေ့ တိုးတိုးလာတာမို့ သျှိုင်းစက်မာန် ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်မိသည်။

ရိုင်းလ်ကတော့ တစ်ခုခုဆို ရေးကို ကာကွယ်နိုင်အောင်နဲ့ ရေး လက်မလွန်သွားအောင်သာ အာရုံအပြည့်စိုက်ထားမိပြီး ထိုရန်ပွဲကြားတော့ ဝင်မပါတော့ပေ။ ထို့အပြင် ရေး၏ ကျိန်စာတွေက သူ့အပေါ် ဘာမှမဖြစ်ခဲ့တာတွေ့လိုက်ရတာကြောင့် ရိုင်းလ်တစ်ယောက် သူကသာ ထိုကောင်လေးရဲ့ဖူးစာဖက်ဖြစ်နေခဲ့တာလားလည်း အံ့ဩနေဆဲပါပင်။

"ရေး ငါ မင်းကို အသုံးချခဲ့တာမှန်ပေမယ့် တကယ်လည်း ခင်ခဲ့တာပါ။ စိတ်ရင်းအမှန်နဲ့ ငါ မင်း‌ဘေးမှာ အချိန်တော်တော်များများလည်း ရှိနေခဲ့တာပါ။ ငါ တကယ်တောင်းပန်တာမို့ အေးဆေး ပြောကြရအောင်နော်"

ရေး အခုတစ်ခေါက် နာကျင်မှုက သူ့နှလုံးအိမ်ကို အရှင်လတ်လတ် မီးမြိုက်နေသလိုထိ နာကျင်နေရပါ၏။ မာန် အခုလို လုပ်တာကို သိလိုက်ရတာက သလွန်းလွင်ပြင် သူ့ကို ပစ်ပယ်ခဲ့တုန်းကထက်၊ ဆက်ခွန်းသစ် သူ့နောက်ကျောကို ဓားနဲ့ ထိုးခဲ့တုန်းကထက် အဆပေါင်းများစွာ နာကျင်နေရသည်။

သူ မာန့်အပေါ် စိတ်မနှစ်ခဲ့တာတောင်မှ မာန့်၏ စကားတိုင်းကို အလေးအနက်ထားခဲ့သည်။ ခွန်းကို ကြည့်မရတာတောင်မှ မာန့်အချစ်ကို ခံစားမိလို့ ခွန်းနဲ့အဆင်ပြေစေချင်ခဲ့သည်။ သူ မာန့်အား ပျော်အောင် ထားပေးခဲ့သည်။ သူ ထိုသူငယ်ချင်းကို အချိန်ပေါင်းများစွာ အတူအဖော်ပြုပေးခဲ့ပြီး အကြိမ်ပေါင်းများစွာလည်း ကာကွယ်ပေးခဲ့ဖူးပါ၏။

ရေး သူ့လက်ထဲမှ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ထွက်ပြေးဖို့ ကြံနေသည့် မာန့်ရှေ့ပိတ်ရပ်လိုက်ကာ ထိုကောင့်လက်မောင်းဆီသို့ ဇွက်ခနဲ ထိုးစိုက်မိသွားသည်။

"အား. . ."

ရေး အခု ထိုကောင့်အား အလွန်သတ်ချင်နေပြီဖြစ်သည်။ ဒီကောင့်ကြောင့် သူ လူပေါင်းများစွာ သတ်ခဲ့မိသည်။ သူ လူသတ်မိမိနေခဲ့တာအား အလွန်ခံပြင်းလှပါ၏။ သူဆိုသည်မှာ ကံအကြောင်းမလှလို့ ကျိန်စာဆိုးနဲ့ မွေးဖွားလာခဲ့ရပေမယ့် ထိုကဲ့သို့ သူများအသက်ကို ထိခိုက်အောင်လုပ်မယ့်လူမျိုးမဟုတ်ကြောင်း ငယ်ငယ်ကတည်းက သက်သေပြချင်ခဲ့တာလေ။

သျှိုင်းစက်မာန် သူ့လက်မောင်းမှ ဓားဒဏ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် ရေး နောက်ထပ် ဘယ်နေရာကိုမှ ထပ်မထိုးလာအောင် ထိန်းချုပ်ထားရသည်။ သူ့၏ ကိုယ်ခံပညာကို ရေးလောက် အသုံးမချဖြစ်ပေမယ့် သျှိုင်းစက်မာန်ကလည်း ကိုယ်ခံပညာ ကျွမ်းကျင်သူဖြစ်သည်။

ရိုင်းလ်စေတန် ဓားတရမ်းရမ်းဖြစ်နေတဲ့ ထိုနှစ်ယောက်ရန်ပွဲကို ဝင်ဆွဲတော့ဖို့ သတိထားပြီး ရှေ့တိုးလိုက်စဉ် ရေးခေတ္တရာ မာန့်လက်မောင်းကို နောက်တစ်ကြိမ် ထိုးစိုက်လိုက်ပြန်တာကြောင့် သျှိုင်းစက်မာန်၏ နဖူးကြောတွေ ထောင်တက်လာခဲ့သည်။

ရေး၏ သွေးဆာနေတဲ့မျက်လုံးတွေကြောင့် မာန်တစ်ယောက် ဒီနှစ်ကောင်ကြား သူ မလွတ်နိုင်တော့ဟု ထင်လိုက်မိစဉ် ရေးလက်ထဲမှ ဓားက ရုတ်တရက် ပြုတ်ကျသွားတာကြောင့် သျှိုင်းစက်မာန် ရေးအား အမြန်စောင့်တွန်းလိုက်ပြီး အခန်းပြင်သို့ သွေးစက်လက်နဲ့ ပြေးထွက်လာခဲ့တော့သည်။

ရေး ဒူးထောက်ကျသွားရာနေရာသို့ ရိုင်းလ် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"မင်း ဘာဖြစ်တာလဲ"

ရေးကိုယ်တိုင်လည်း သူ ဘာဖြစ်သွားမှန်း မသိပေ။ သူ့အမှတ်နေရာက ရုတ်တရက်ကြီး စူးအောင့်လာခဲ့လို့ ဓားကိုပင် လွှတ်ချလိုက်မိစဉ် မာန့်ကန်ချက်ကို ခံလိုက်ရတာဖြစ်သည်။

ထို့ကြောင့် ရေး သူ့ပခုံးက အင်္ကျီလက်ကို အမြန်ဆွဲချလိုက်ပြီး ငုံ့ကြည့်လိုက်မိစဉ် ရိုင်းလ်ပါ ထိုကောင်လေး၏ ထူးခြားမှုကို မြင်လိုက်ရသည်။

"ဟင်. . .မင်း အမှတ်က တစ်ဝက်ပျောက်သွားတာလား"

ရိုင်းလ် ထိုအမှတ်အား သေချာထိကိုင်ကြည့်လိုက်မိတဲ့အထိ။ သေချာပါတယ်၊ toilet ခန်းထဲမှာတုန်းကတောင် ရိုင်းလ် ထိုအမှတ်ကို အပြည့်မြင်ခဲ့ရပါသေးသည်။ အခုတော့ လိပ်ပြာအမှတ်၌ တောင်ပံတစ်ဖက် မရှိတော့တာကို တွေ့လိုက်ရသည်။

"ဘယ်လိုဖြစ်ရတာလဲ၊ မင်းရဲ့ ဖူးစာဖက်က ကိုယ် ဖြစ်နေတာ မဟုတ်ဘူးလား"

ရေး၏ ထိုအမှတ်ဆီမှ နာကျင်မှုက မိနစ်အနည်းငယ်ခန့် ဆက်လက်ကြာမြင့်နေခဲ့သော်လည်း သူ့အမှတ်၌ တောင်ပံတစ်ဖက်သာ မရှိတော့ခြင်းဖြစ်ပြီး အမှတ်တစ်ခုလုံးတော့ မပျောက်ကွယ်သွားသေးပေ။

ရေး သူ့ဘေးက ကပြားကောင်ကို နာကျင်မှုတွေကြားက မော့ကြည့်မိသွားခဲ့သည်။

ရေးလည်း သူ့ဖူးစာဖက်ကို ဒေါက်တာကိုကို ဖြစ်စေချင်ခဲ့ဖူးပေမယ့် ကပြားကောင် ဖြစ်နေတာလားဟုသာ ထင်ခဲ့မိတာပင်။ သို့ပေမယ့် သူ့ဖူးစာဖက်အစစ်က မာန်ဖြစ်နေတာအား လက်တွေ့ကျကျသိလိုက်ရချိန်၌ ကိုယ့်ဘဝကိုယ် စိတ်ကုန်မိလာလွန်းလို့ မာန့်ကိုပဲ သေပါစေကျိန်ဆဲလိုက်ချင်မိတော့သည်။ ထိုနည်းဖြင့်သာ ရေးခေတ္တရာ သူ့ကိုယ်သူ အဆုံးစီရင်မိချင်လာတဲ့အထိ သူ့ရဲ့ဒီဘဝကြီးကို အပြီးလွှတ်ချလိုက်ချင်မိပါပြီ။

___________________________________________

[Zawgyi]

Victory ဘားထဲ၌ လူေပါင္းမ်ားစြာ ေျခခ်င္းလိမ္ေနသည့္အထဲတြင္ ရိုင္းလ္၏ ေနာက္လိုက္ေတြပါ ခ်က္ခ်င္းေရာက္လာခဲ့ၾကသည္။

သခင္ေလး၏ အမိန႔္အတိုင္း ဘားထဲကို ေျမလွန္ရွာခဲ့ၾကတာမို႔ မိနစ္ပိုင္းအတြင္းပင္ ေဆးခတ္ေသာ ေကာင္ေလးအား ရိုင္းလ္ ရွာေတြ႕ခဲ့သည္။

ထိုဝန္ထမ္းေကာင္ေလးခမ်ာ သူ အခုလို ခ်က္ခ်င္းမိသြားရမယ္ဟု မေတြးမိခဲ့တာေၾကာင့္ လူမိုက္အုပ္စုၾကား၌ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနစဥ္ ရိုင္းလ္ ထိုေကာင့္ေရွ႕ ေရာက္ရွိလာခဲ့သည္။

"ဒီ‌ေကာင္လား"

"ဟုတ္တယ္ သခင္ေလး၊ ဒါေပမဲ့ ဒီေကာင္က ပိုင္ရွင္ကို ရည္႐ြယ္တာေတာ့ မဟုတ္ဘူးတဲ့"

ထိုေကာင္ေလး အျမန္ေျဖရွင္းလိုက္မိသည္။

"ကြၽန္ေတာ္ ဧည့္သည္ခြက္ထဲ ထည့္ခိုင္းလို႔ ထည့္႐ုံပါ။ ဘားပိုင္ရွင္ကိုေတာ့ ခုလို တကယ္ မလုပ္ရဲပါဘူး"

ထိုဝန္ထမ္းေကာင္ေလးက သွ်ိုင္းစက္မာန္ထက္စာရင္ ညတိုင္းပြဲရွာၾကမ္းသည့္ ေရးေခတၱရာကိုသာ ပိုေၾကာက္မိပါသည္။

ရိုင္းလ္၏ မ်က္ခုံးမ်ား အလိုမက်စြာ တြန႔္ခ်ိဳးသြားသည္။ ရိုင္းလ္ ထိုေကာင့္အား အခန္းနံရံဆီသို႔ လြင့္ထြက္သြားေအာင္အထိ ကန္ထုတ္ပစ္လိုက္ရင္း-

"မင္းကမ်ား ငါ့ကို လုပ္ရဲတယ္ေပါ့။ ေျပာ၊ ငါ့ကို ဘယ္‌ေကာင္က ဒီလိုလုပ္ခိုင္းရဲတာလဲ"

ရိုင္းလ္ သူ႕အား ရည္႐ြယ္ခ်က္ရွိရွိ လုပ္တာဆိုရင္ေတာ့ ဟိုအူေၾကာင္ေၾကာင္ေကာင္ကိုသာ ျမင္ေယာင္လိုက္မိေပမယ့္ သူ႕ကို ေဆးခတ္ရင္ အဲ့ေကာင္ သူ႕သူငယ္ခ်င္း ဒုကၡေရာက္သြားနိုင္တယ္ဆိုတာ မေတြးမိခဲ့ေလသလားပဲ။

ရိုင္းလ္ ထင္သည့္အတိုင္း ထိုေကာင္ေလးက ခပ္ေၾကာက္ေၾကာက္ေလးမို႔ သူ႕လူငါးေယာက္အား တစ္‌ေယာက္တစ္ခ်က္စီ ငါးခ်က္ေလာက္ နဘန္က်င္းခိုင္းၿပီးခ်ိန္မွာေတာ့ သွ်ိုင္းစက္မာန္ လုပ္ခိုင္းသြားတာကို ဝန္ခံလာခဲ့သည္။

"ေတာက္. . .ဒီေကာင္ တကယ္ ေသခ်င္ေနၿပီ"

ရိုင္းလ္ ထိုေကာင့္ဖုန္းနံပါတ္ကို ‌ေမးလိုက္ၿပီး ဖုန္းေခၚဆိုလိုက္ရသည္။

ေလတခြၽန္ခြၽန္ျဖင့္ ကားေမာင္းေနေသာ သွ်ိုင္းစက္မာန္တစ္ေယာက္ နံပါတ္စိမ္းဖုန္းကို ကိုင္လိုက္တာနဲ႕ ရိုင္းလ္၏ အသံကို ၾကားလိုက္ရတာေၾကာင့္ ကားကိုပင္ လမ္းေဘး အျမန္ထိုးရပ္မိသြားခဲ့သည္။

"ေဟ့ေကာင္ မင္း ငါ့ကို ဒီလိုေဆးခတ္ဖို႔ႀကံေတာ့ ဘာရလို႔လဲ။ ငါ့ကို မေက်နပ္ရင္ လက္သီးသုံးေလ၊ ေယာက္်ားျဖစ္ၿပီး အခုလို ခ်ဳံခိုတိုက္ေနတာ မင္း မရွက္ဘူးလား"

သွ်ိုင္းစက္မာန္ မပိရိေသာ သူ႕လူအား စိတ္ပ်က္သြားမိ၏။

"ခင္ဗ်ားကို မ်က္စိေနာက္လို႔ေလ။ ခြန္းသာ ခင္ဗ်ား ဒီလိုေတြ လုပ္ေနတာသိရင္ ႀကိဳက္နိုင္ပါဦးမလား။ ခြန္းက သဝန္အရမ္းတိုတတ္တယ္"

"ဒီလင္တ႐ူးေကာင္နဲ႕ေတာ့! ငါ မင္းကို အခုလို ဖုန္းဆက္ေျပာရတာေတာင္ ေတာ္ေတာ္စိတ္ကုန္ေနၿပီကြ။ ခြန္းက သဝန္တိုေတာ့ေရာ ဘာလုပ္ရမွာလဲ။ သူနဲ႕ငါက ဘာမွမွ မဆိုင္တာ၊ ငါ့ကို ဘယ္သူကမွလည္း လာထိန္းခ်ဳပ္လို႔မရဘူး"

"ဟက္၊ ခင္ဗ်ားက အလာႀကီးပါလား"

"ငါ မင္းကို ေျပာၿပီးသား၊ ငါ့ညီကို လိုခ်င္ရင္ မွ်မွ်တတ လာၿပိဳင္လွည့္။ အခု မင္းလုပ္ရပ္ေၾကာင့္ ေခတၱရာ တစ္ခုခုျဖစ္သြားခဲ့ရင္ မင္း ငါ့ကို ဘာျပန္လုပ္ေပးနိုင္လို႔လဲ။ ေအး. . .ငါတို႔ႏွစ္ေယာက္ၾကားက ျပႆနာမွာ ေနာက္တစ္ႀကိမ္ သူက အခုလို မဆီမဆိုင္ ၾကားထဲက ထပ္ထိခိုက္မိသြားရင္ အဲ့က်ရင္ မင္း ေသဖို႔သာ ျပင္ထားေတာ့"

မရပ္မနား ေျပာသြားၿပီး ဖုန္းပိတ္ခ်သြားေသာ ဘဲႀကီးေၾကာင့္ မာန္ ေၾကာင္အသြားမိသည္။

"ဟ. . .ဒီဘဲက အခု ဘယ္သူ႕ကို ခ်ိန္ေနတာလဲ"

ကြက္ေက်ာ္ျမင္တတ္ေသာ သွ်ိုင္းစက္မာန္ပင္ ဘဲႀကီး၏ စိတ္အ‌ေျခအေနကို ေခါင္းခဲသြားရတဲ့အျပင္ အခုကိစၥကို မေအာင္ျမင္လိုက္တာေၾကာင့္လည္း ေရးသာ သူ လုပ္မွန္း သိသြားရင္ သူ႕ကို လာက်ိန္ဆဲေတာ့မလားဆိုတာအား ေတြးေၾကာက္မိသြားသည္။

ရိုင္းလ္ေစတန္ သူ႕လူေတြကို ျပန္လႊတ္လိုက္ရေတာ့ၿပီး ေရး၏ နားေနခန္းရွိရာဆီသို႔ ျပန္တက္လာခဲ့ရသည္။

ထိုစဥ္ ရိုင္းလ္ထံသို႔ သူ႕ဒယ္ဒီ၏ ဖုန္းဝင္လာတာေၾကာင့္ ရိုင္းလ္ အခန္းထဲသို႔ မဝင္ျဖစ္ေသးဘဲ အျပင္ဖက္မွာပဲ ကိုင္လိုက္ရစဥ္ အဂၤလိပ္စကားသံ ပီပီသသသံႏွင့္ ေျပာဆိုလာေသာ သူ႕ဒယ္ဒီ၏ ေဒါသထြက္ေနတဲ့အသံကို ၾကားလိုက္ရသည္။

"မင္း လန္ဒန္က အတည္တက် အလုပ္ေတြကို ပစ္ထားၿပီး အဲ့နိုင္ငံမွာ ဘယ္လိုလူမ်ိဳး‌နဲ႕ ေျခသြားရႈပ္ေနတာလဲ။ ေျပာေတာ့ ရႈပ္ေပြေနေပမယ့္ လက္ထပ္မယ္ဆိုရင္ လိမ္မာတဲ့ေကာင္ေလးကိုပဲ ရွာပါ့မယ္ဆို။ အခုေတာ့. . .ဟက္၊ လူသားစားေကာင္ကိုမ်ား"

ရိုင္းလ္ ဒီတစ္ညထဲမွာပဲ စိတ္ရႈပ္စရာေတြမ်ားလြန္းလို႔ သူ႕ေခါင္းက ဆံပင္ေတြကိုသာ ထိုးဖြလိုက္မိေတာ့သည္။ အခုကိစၥကေရာ ဘယ္ကဘယ္လို ဒယ္ဒီ့နားထဲ ေရာက္သြားပါလိမ့္။ အန္ကယ္ေျပာလိုက္တာမ်ားလားလို႔ ေတြးမိေပမယ့္ သူ႕ေဘး၌ ဒယ္ဒီ့လူေတြကလည္း အၿမဲရွိေနတာမို႔-

"အဲ့ဒါ အတည္မဟုတ္. . ."

"အတည္ျဖစ္လို႔ေရာ ရမလားကြ။ ငါ မင္းအေမကို မ်က္ႏွာမျပရဲေအာင္ မလုပ္စမ္းပါနဲ႕။ မိတဆိုးသားေလးဆိုၿပီး အလိုလိုက္ထားတာကို အိမ္ေထာင္ဖက္ေတာ့ ေကာင္းေကာင္းမြန္မြန္ ေ႐ြးခ်ယ္ခဲ့စမ္းကြာ။ မင္း ဘယ္လိုအမ်ိဳးအစားကို စိတ္ဝင္စားစား ငါ ဘယ္တုန္းက ဘာေျပာခဲ့ဖူးလို႔လဲ။ အခု မင္းက မင္းအေမေနာက္ကို ငယ္ငယ္႐ြယ္႐ြယ္နဲ႕ လိုက္သြားခ်င္လို႔ အဲ့လိုလူမ်ိဳးနား ကပ္ေနတာလား။ ငါ့သားကို ဇယားလာရႈပ္လို႔ကေတာ့ အဲ့ေကာင္ကို အခုကထဲက ငါ ရွင္းထုတ္လိုက္ရလိမ့္မယ္"

"ဒယ္ဒီ ကြၽန္ေတာ္က မဟုတ္ဘူးလို႔ ေျပာေနရင္ မဟုတ္ဘူးပဲ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ဘာမွမပတ္သက္ဘူး။ မဆိုင္တဲ့သူကို ျပႆနာ သြားမရွာနဲ႕"

"ငါ့အတြက္ေတာ့ ငါ့သားထက္ ဘယ္သူမွ အေရးမႀကီးဘူးကြ။ မဆိုင္ဘူးဆိုရင္ မင္း အခုခ်က္ခ်င္း လန္ဒန္ျပန္လာၿပီး လက္ထပ္ဖို႔ျပင္ေတာ့။ မင္း ေကာင္ေလးေတြကိုပဲ ယူမွာမလား။ အဲ့ဒါဆို ဆက္ခြန္းသစ္ရဲ႕ မိဘေတြနဲ႕ ငါ လူႀကီးခ်င္း ညွိထားလိုက္မယ္။ မင္း ဒီတစ္ပတ္အတြင္း လန္ဒန္ ခ်က္ခ်င္းျပန္လာခဲ့ေတာ့။ ငါ မင္းကို ဖမ္းေခၚခိုင္းရေအာင္ မလုပ္နဲ႕"

ညိုေမွာင္းေနေသာ မ်က္ဝန္းေတြနဲ႕ ထိုအဂၤလိပ္အမ်ိဳးသားႀကီး ‌ဖုန္းကို ပိတ္ခ်ပစ္လိုက္ၿပီး သူ႕သားကို မိန္းကေလးနဲ႕သာ ယူခ်င္ေစေသာ္ျငား သူက အခ်စ္ေရးကို က်ား၊မ ခြဲျခားတတ္တဲ့ တစ္ဖက္ပိတ္ ေခတ္မမီတဲ့သူ မဟုတ္တာေၾကာင့္ ရိုင္းလ္၏ လိင္စိတ္တိမ္းၫႊတ္မႈကို အျပစ္မဆိုခဲ့ဖူးသလို ရႈပ္ေပြေနတာကိုလည္း မိတဆိုးသားေလးမို႔ တားဖူးတာမ်ိဳး မရွိခဲ့။ သို႔ေသာ္ သူ႕သား ဘယ္လိုလူမ်ိဳးနဲ႕ စခန္းသြားေနတာလည္းဆိုတာေတာ့ သူ အၿမဲ စုံစမ္းေနခဲ့သည္။

အခုလည္း သူ႕သား ေကာင္ေလးတစ္ေယာက္ကို ဓာတ္က်ေနသည္ဟု ရိုင္းလ္‌ေဘးမွာ လႊတ္ထားရသည့္ ေနာက္လိုက္ေတြ ေျပာလို႔ သတိထားမိေနတာေၾကာင့္ စုံစမ္းၾကည့္ဖို႔ ရွိေသး၊ ခြန္းေလးက သူ႕အစ္ကိုအေၾကာင္း စိုးရိမ္စြာ လွမ္းေျပာလာခဲ့သည္။

ထိုလူနဲ႕ ဆက္ခြန္းသစ္၏ မိဘေတြက အလြန္ရင္းႏွီးၾကသူမ်ားျဖစ္ၿပီး ခြန္းကလည္း သူ႕သားလို ေကာင္ေလးေတြကိုပဲ သေဘာက်မွန္း သိထားတာ‌ေၾကာင့္ သေဘာမတူစရာမရွိ။ သူ႕သားအသက္ကို ႏႈတ္ယူသြားနိုင္မလား မသိတဲ့သူဆီ ထည့္ေပးရမယ့္အစား လိမ္မာတဲ့ ေကာင္ေလးဆီသို႔သာ ထည့္ေပးခ်င္သည္။ ဒါမွပဲ သြားေလသူ သူ႕မိန္းမ စိတ္ေျဖာင့္နိုင္မွာ။

ဆက္ခြန္းသစ္ သူ႕ဆီျပန္ဆက္သြယ္လာေသာ အစ္ကို႔ဒယ္ဒီ စကားေၾကာင့္ ေက်နပ္မႈက ေျပာစရာမရွိေတာ့။

"စိတ္မပူပါနဲ႕ အန္ကယ္၊ ကြၽန္ေတာ္ အစ္ကို႔ကို ေသခ်ာထိန္းေက်ာင္းေပးမွာပါ။ ကြၽန္ေတာ္ေျပာတာသာ မသိပါေစနဲ႕ဦးေနာ္"

"စိတ္ခ် သားေရ၊ ဒီေကာင္ေလးက မီးနဲ႕ကစားေနတာကို အခုလို လွမ္းအေၾကာင္းၾကားေပးလို႔ေတာင္ အန္ကယ္က ေက်းဇူးတင္ေနတာ။ ဒီတစ္ပတ္ထဲ သားအစ္ကိုနဲ႕အတူ လန္ဒန္ လိုက္ခဲ့ဦး။ ပြဲကိုေတာ့ မင္းတို႔စိတ္ႀကိဳက္သာ စီစဥ္ၾက။ ႏွစ္နိုင္ငံလုံးမွာ လုပ္ခ်င္လည္း အိုေခတယ္"

ဆက္ခြန္းသစ္ ဝိုင္ခြက္ကိုင္ရင္း ညရႈခင္းကို သူ႕တိုက္ခန္းေပၚမွ ေက်နပ္စြာ ရႈစားေနမိသည္။

မိဘခ်င္းသေဘာတူထားတဲ့ မဂၤလာပြဲဟု ေျပာလိုက္ရင္ မာန္လည္း ဘာမွတတ္နိုင္မွာမဟုတ္။ ျဖစ္နိုင္ရင္ သူ႕အား ေမွ်ာ့လိုကပ္တြယ္‌ေနေသာ မာန႔္ကို ဆက္ခြန္းသစ္ အၿပီးရွင္းထုတ္ခ်င္ေနၿပီျဖစ္သည္။ အစ္ကိုကေတာ့ သူ႕ဒယ္ဒီကို ေၾကာက္တဲ့သူမို႔ ျငင္းရဲမွာ မဟုတ္ေပ။

ဆက္ခြန္းသစ္ ဒီည အလြန္ေပ်ာ္ေနမိသည္။

သူ႕ေဘးက အလွပန္းအိုးထဲသို႔ ဝိုင္ခြက္ထဲမွ ဝိုင္ေတြကို ျဖည္းျဖည္းခ်င္း သြန္ခ်လိဳက္ရင္း-

"သလြန္း သလြန္း. . .မင္းသာ ေစာေစာ မေသခဲ့ရင္ ငါက မင္းနဲ႕ပဲ ယူျဖစ္ေလာက္မွာပါ။ အခုေတာ့ အမွ် အမွ် အမွ်ပါပဲ"

သူ ရိုင္းလ္ကို အစ္ကိုလိုမ်ိဳးသာ ခ်စ္တာေတာ့ အမွန္ပင္။ သို႔ေသာ္ျငား သူ႕အခ်စ္ဆုံးအစ္ကိုကို ေရးနဲ႕ ျမင္ရမွာထက္စာရင္ သူသာ အပိုင္သိမ္းလိုက္ခ်င္ခဲ့သည္။ ျဖစ္နိုင္ရင္ သလြန္းေသမယ့္အစား ေရးကိုသာ သူ ေသေစခ်င္တဲ့အထိ သလြန္း၏ အခ်စ္ကို အရယူသြားနိုင္ခဲ့သည့္ ေရးကို အလြန္မုန္းေလ၏။

-------------------------

ရိုင္းလ္ စိတ္ရႈပ္စြာပင္ ေရး၏အခန္းထဲသို႔သာ ျပန္ဝင္ခဲ့ရသည္။

ထိုေကာင္ေလးက သူ႕ကုတ္ကို မ်က္ႏွာေပၚ အုပ္ထားၿပီး လွဲေနတာမို႔ ရိုင္းလ္ အသာလွပ္ၾကည့္လိုက္ေတာ့ ၿငိမ္ၿငိမ္ေလး လွဲေနနိုင္ၿပီကို ေတြ႕လိုက္ရတာေၾကာင့္ ခုမွပဲ ရိုင္းလ္ သက္ျပင္းခ်နိဳင္ေတာ့သည္။

ဝုန္း!

ထိုစဥ္ အခန္းထဲသို႔ သွ်ိုင္းစက္မာန္ ေျပးဝင္လာခဲ့ၿပီး ရိုင္းလ္ကို ဆြဲထိုးဖို႔ ျပင္လိုက္ေသာ္လည္း ရိုင္းလ္က လက္ဦးသြားခဲ့ကာ ထိုေကာင့္လက္ကို ဆြဲလွန္ခ်ပစ္လိုက္သည္။

ထိုးႀကိတ္သံေတြေၾကာင့္ ေရး ခ်က္ခ်င္း ျပန္ထထိုင္လာခဲ့စဥ္ မာန္ လွမ္းေအာ္လာေလသည္။

"ေရး ငါ ဒီေကာင့္ကို ပညာျပခ်င္႐ုံသက္သက္ကြာ၊ ငါ မင္း ခုလို ခံလိုက္ရတယ္ၾကားေတာ့ ဘယ္ေလာက္ေတာင္ စိတ္ပူၿပီး ျပန္ေျပးလာခဲ့ရလဲ"

ရိုင္းလ္ ထိုေကာင့္ကိုသာ နံရံနဲ႕ေခါင္း ပိတ္ေစာင့္လိုက္မိသည္။

ေရး ဒီႏွစ္ေယာက္ ဘာျဖစ္ေနမွန္း နားမလည္နိုင္ျဖစ္သြားရတာေၾကာင့္ အျမန္ထရပ္လာရကာ နံရံနဲ႕ေခါင္းပိတ္ေစာင့္ခံေန‌ရေသာ မာန႔္ကို ဝင္ဆြဲလိုက္ရၿပီး-

"မင္း လုပ္ခဲ့တာလား"

"အင္း၊ ဒါေပမဲ့ မင္း ခြန္းကို ျပႆနာသြားသြားရွာသလိုမ်ိဳး ငါလည္း လုပ္မိ႐ုံပါကြာ။ အဲ့ေကာင္ မင္းကို ဘာမွမလုပ္ရဲလို႔ ေတာ္ေသးတာေပါ့။ သြား. . .ငါ အိမ္ျပန္လိုက္ပို႔မွာမို႔ ကားေပၚမွာ သြားေစာင့္ေန"

ရိုင္းလ္ သူတို႔ၾကားထဲ ေရး ဝင္လာလို႔သာ လက္ေလွ်ာ့လိုက္ရေပမယ့္ ျဖစ္နိုင္ရင္ အဲ့ေကာင္၏ အရိုးတစ္ေခ်ာင္းေခ်ာင္းက်ိဳးသြားေအာင္ထိ ေဆာ္ခ်င္ေနတာပင္။

သွ်ိုင္းစက္မာန္ ေရး၏ ‌ေဒါသကို မစမိေအာင္ ထိုဘဲထက္ဦးေအာင္ အျမန္လာဝန္ခံေနရျခင္းျဖစ္သည္။

ရိုင္းလ္ ေခတၱရာပခုံးေပၚမွ ထိုေကာင့္လက္ေတြကို ေစာင့္ဖယ္လိုက္ၿပီး ေခတၱရာကို သူ႕ဖက္ ျပန္ဆြဲထားလိုက္ရင္း-

"မင္း အခုမွ ေစာက္ပိုေတြ လာလုပ္မေနနဲ႕။ မင္းကို ေခတၱရာမ်က္ႏွာေၾကာင့္ ခြင့္လႊတ္ထားတာကို ေသခ်င္လို႔ ငါ့ေရွ႕လာရဲေသးတယ္"

ေရး အခုခ်ိန္ထိ ေနလို႔မေကာင္းေသးတာေၾကာင့္ ထိုရန္ပြဲကို ရပ္ပဲၾကည့္ေနမိစဥ္ ရိုင္းလ္၏ အာ႐ုံက ျဖဴေဖ်ာ့ေဖ်ာ့ျဖစ္ေနေသာ ေရးအေပၚသို႔သာ အျပည့္အဝ ေရာက္သြားခဲ့သည္။

သူ႕အေပၚ အာ႐ုံမရွိၾကေတာ့ေသာ လူႏွစ္ေယာက္ကို သွ်ိုင္းစက္မာန္ တစ္ခ်က္စိုက္ၾကည့္လိုက္ရင္း ဒီည ထိုဘဲကို ေသေအာင္မလုပ္ရရင္ သူ စိတ္မေအးနိုင္တာမို႔ အသင့္ယူလာသည့္ ေဘာင္းဘီအိတ္ထဲမွ recorder ကို ဖြင့္လိုက္ပိတ္လိုက္ အသာလုပ္ေနရင္း ေရး၏ ေၾကာက္စိတ္ကို ႏွိုးဆြေနမိသည္။

ေဒါက္ ေဒါက္ ေဒါက္. . .

ထိုအသံေၾကာင့္ စိတ္မတည္ၿငိမ္ေသးေသာ ေရး၏ မ်က္လုံးမ်ား ဂနာမၿငိမ္ျဖစ္လာခဲ့ကာ သူ႕နားႏွစ္ဖက္ကို အုပ္ကိုင္လိုက္ၿပီး အျမန္ထိုင္ခ်လိဳက္တာေၾကာင့္ ရိုင္းလ္ စိုးရိမ္သြားကာ ထိုေကာင္ေလးနား သြားဖို႔လုပ္လိုက္စဥ္ သွ်ိုင္းစက္မာန္၏ အမိန႔္ေပးသံ ထြက္လာခဲ့သည္။

"ေရး မင္း သူ႕ကို က်ိန္စာတိုက္လိုက္စမ္း"

ရိုင္းလ္ သွ်ိုင္းစက္မာန္အား စူးရဲစြာစိုက္ၾကည့္လိုက္မိၿပီး အသံလာရာေနရာကို ခ်က္ခ်င္းခန႔္မွန္းလိုက္္မိတာေၾကာင့္ ထိုေကာင့္ဆီ အရင္ေလွ်ာက္ဖို႔ ျပင္လိုက္စဥ္ ေရး ထရပ္လာခဲ့သည္။

ေရး၏မ်က္လုံးမ်ားကေတာ့ ေသြးဆာေနသူအလား ပုံစံေျပာင္းလဲသြားခဲ့ၿပီ။

"ေခတၱရာ အဲ့လိုေလွ်ာက္မလုပ္နဲ႕၊ စိတ္ထိန္းထား"

ေရး သူ ေတာက္ေလွ်ာက္ၾကားေနရတဲ့ ေျခသံေတြေၾကာင့္ သူ႕ေရွ႕က လူက သူ႕အေဖ၏ လူေတြဟု အထင္ရွိသြားတာမို႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္ က်ိန္စာတိုက္ဖို႔ ျပင္လိုက္မိသည္။

"ခလုတ္တိုက္လဲစမ္း၊ လဲစမ္း၊ အခုခ်က္ခ်င္း"

မာန္ အလိုမက်ျဖစ္သြားကာ-

"ဒီထက္ျပင္းတဲ့ က်ိန္စာတိုက္စမ္း"

ထပ္အမိန႔္ေပးလိုက္ရင္း ထိုဘဲ ေရွ႕လူေတြလို ေခါက္ခနဲ လဲေသေတာ့မွာကို ေစာင့္ေနလိုက္မိသည္။ အားလုံးၿပီးရင္ သူ ေရးကို သတိေမ့သြားေအာင္ ရိုက္ခ်လိဳက္႐ုံသာပင္။

ရိုင္းလ္တစ္ေယာက္ ေခတၱရာကို ထိုေကာင္က အခုလိုထိန္းခ်ဳပ္လို႔ ရေနတာကို အံ့ဩသြားရလြန္းလို႔ ၿငိမ္ၿပီးသာ စိုက္ၾကည့္ေနမိေလသည္။ ေခတၱရာ စိတ္လြတ္လြတ္သြားတတ္တယ္ဟု ၾကားဖူးခဲ့တာက အခုေလာက္ထိ ဆိုးဆိုး႐ြား႐ြား လြတ္တာမ်ိဳး ျဖစ္ေနမည္ဟု ရိုင္းလ္ မထင္ထားခဲ့မိေပ။

"ခလုတ္တိုက္လဲစမ္း၊ လဲစမ္း၊ အခုခ်က္ခ်င္း"

ေရးက အခုတစ္ေခါက္မွာမွ ေခါင္းမာေနတာမို႔ သွ်ိုင္းစက္မာန္ တိုင္ပတ္သြားရသည္။

သို႔ေသာ္ျငား ပိုထူးဆန္းတာက ေရး ဘယ္ႏွစ္ေခါက္ေျပာေျပာ ထိုလူက ဘာမွျဖစ္မလာတာေၾကာင့္ ရိုင္းလ္ေရာ မာန္ပါ အံ့ဩသြားခဲ့သည္။

ထို႔အတြက္ သွ်ိုင္းစက္မာန္ သူ႕အိတ္ထဲမွ ဓားအျမန္ထုတ္လိုက္ၿပီး ေရးလက္ထဲထည့္ေပးလိုက္တာေၾကာင့္ ရိုင္းလ္ ထိုဓားကို ဖ်က္လုဖို႔ ႀကိဳးစားေပမယ့္ ေရးကလည္း လ်င္ျမန္သူမို႔ ထိုဓား ေရးလက္ထဲ ေရာက္သြားခဲ့သည္။

"ေခတၱရာ မင္း ဘာေတြေလွ်ာက္လုပ္ေနတာလဲ။ ဘာလို႔ ခုလိုထိန္းခ်ဳပ္ခံေနတာလဲ၊ အသိဝင္ဦး"

သွ်ိုင္းစက္မာန္ အခုအေျခအေနကို နားမလည္နိုင္ျဖစ္ေနသည္။ ေရးမွာ အစြမ္းေတြ မရွိေတာ့တာလား။

"အဲ့လူကို အဲ့ဓားနဲ႕ သြားသတ္လိုက္"

ေရး သူ႕လက္ထဲမွ ဓားကို ဆုပ္ကိုင္လိုက္ၿပီး ရိုင္းလ္ေရွ႕ တိုးကပ္လာခဲ့သည္။

သွ်ိုင္းစက္မာန္ ထိုျမင္ကြင္းကို စိတ္လႈပ္ရွားစြာ ရပ္ၾကည့္ေနစဥ္ ေရး သူ႕ဖက္ကိုသာ ဖ်တ္ခနဲ ခ်ိန္လာၿပီး-

"ငါ့ကို ထိန္းခ်ဳပ္ေနတာ တကယ္ပဲ မင္းျဖစ္ေနခဲ့တာလား"

"ဟင္. . .ေရး မဟုတ္ဘူး၊ ငါ. . ."

ေရး သူ ဒီေလာက္ သူ႕ပါးစပ္ကို ထိန္းခ်ဳပ္နိုင္ခဲ့တာ‌ေတာင္မွ လူေပါင္းမ်ားစြာ သတ္သတ္မိေနတာမို႔ စိတ္က်န္းမာေရးအထူးကုနဲ႕ေတာင္ ဘယ္သူမွ မသိေအာင္ တိတ္တဆိတ္ျပခဲ့မိတဲ့အထိပင္။ ထို႔အတြက္ ဟိုးအရင္ကထက္ သူ႕စိတ္ကိုသူ ပိုထိန္းခ်ဳပ္နိုင္ခဲ့ပါၿပီ။ သူ ခုနကထဲက ထိုအသံကိုပါ အရင္ကေလာက္ မတုန္လႈပ္သြားေတာ့ေပမယ့္ မာန္နဲ႕ရွိေနတိုင္း သူ ဒီအသံၾကားခဲ့ရၿပီး သူ လူသတ္ၿပီး သတိျပန္ဝင္လာခ်ိန္တိုင္းလည္း သူ႕ေဘးမွာ မာန္ရွိေနတာကို သတိထားမိေနတာၾကာၿပီမို႔ တစ္ခ်ိန္ခ်ိန္မွာ ေစာင့္ဖမ္းဖို႔ ျပင္ထားခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ကျပားေကာင္အေပၚ သူ႕အစြမ္းေတြ မသက္ေရာက္နိုင္တာကိုလည္း ေရး သိထားတာမို႔ပင္။

"ေရး ငါ ရွင္းျပမယ္"

သွ်ိုင္းစက္မာန္ အခုခ်ိန္ေလာက္ ဘယ္တုန္းကမွ မထိတ္လန႔္ဖူးပါ။

"ဘာလို႔လဲ၊ မင္းကပါ ဘာလို႔ ငါ့ေနာက္ေက်ာကို ဓားနဲ႕ထိုးနိုင္ရတာလဲ။ မင္းတို႔သုံးေယာက္လုံး ငါ့ကို အဲ့ေလာက္ေတာင္ မုန္းခဲ့ၾကတာလား။ ငါ. . .ငါ ဒီ friendship ေပၚ ဘယ္ေလာက္ထိ စိတ္ႏွစ္ထားခဲ့လဲ မင္း အသိဆုံးျဖစ္မယ္လို႔ ထင္ခဲ့မိတာ။ မင္းက တျခားႏွစ္ေယာက္ထက္ အသိဆုံးမို႔ ငါ့အေပၚ ဂ႐ုစိုက္ေနတယ္လို႔ ထင္ခဲ့တာ။ ဘာလို႔လဲ. . .ဘာလို႔ မင္းကပါ ဒီလိုရက္စက္ရတာလဲ"

ေရး သူ႕ေရွ႕ တိုးတိုးလာတာမို႔ သွ်ိုင္းစက္မာန္ ျဖည္းျဖည္းခ်င္း ေနာက္ဆုတ္လိုက္မိသည္။

ရိုင္းလ္ကေတာ့ တစ္ခုခုဆို ေရးကို ကာကြယ္နိုင္ေအာင္နဲ႕ ေရး လက္မလြန္သြားေအာင္သာ အာ႐ုံအျပည့္စိုက္ထားမိၿပီး ထိုရန္ပြဲၾကားေတာ့ ဝင္မပါေတာ့ေပ။ ထို႔အျပင္ ေရး၏ က်ိန္စာေတြက သူ႕အေပၚ ဘာမွမျဖစ္ခဲ့တာေတြ႕လိုက္ရတာေၾကာင့္ ရိုင္းလ္တစ္ေယာက္ သူကသာ ထိုေကာင္ေလးရဲ႕ဖူးစာဖက္ျဖစ္ေနခဲ့တာလားလည္း အံ့ဩေနဆဲပါပင္။

"ေရး ငါ မင္းကို အသုံးခ်ခဲ့တာမွန္ေပမယ့္ တကယ္လည္း ခင္ခဲ့တာပါ။ စိတ္ရင္းအမွန္နဲ႕ ငါ မင္း‌ေဘးမွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားလည္း ရွိေနခဲ့တာပါ။ ငါ တကယ္ေတာင္းပန္တာမို႔ ေအးေဆး ေျပာၾကရေအာင္ေနာ္"

ေရး အခုတစ္ေခါက္ နာက်င္မႈက သူ႕ႏွလုံးအိမ္ကို အရွင္လတ္လတ္ မီးၿမိဳက္ေနသလိုထိ နာက်င္ေနရပါ၏။ မာန္ အခုလို လုပ္တာကို သိလိုက္ရတာက သလြန္းလြင္ျပင္ သူ႕ကို ပစ္ပယ္ခဲ့တုန္းကထက္၊ ဆက္ခြန္းသစ္ သူ႕ေနာက္ေက်ာကို ဓားနဲ႕ ထိုးခဲ့တုန္းကထက္ အဆေပါင္းမ်ားစြာ နာက်င္ေနရသည္။

သူ မာန႔္အေပၚ စိတ္မႏွစ္ခဲ့တာေတာင္မွ မာန႔္၏ စကားတိုင္းကို အေလးအနက္ထားခဲ့သည္။ ခြန္းကို ၾကည့္မရတာေတာင္မွ မာန႔္အခ်စ္ကို ခံစားမိလို႔ ခြန္းနဲ႕အဆင္ေျပေစခ်င္ခဲ့သည္။ သူ မာန႔္အား ေပ်ာ္ေအာင္ ထားေပးခဲ့သည္။ သူ ထိုသူငယ္ခ်င္းကို အခ်ိန္ေပါင္းမ်ားစြာ အတူအေဖာ္ျပဳေပးခဲ့ၿပီး အႀကိမ္ေပါင္းမ်ားစြာလည္း ကာကြယ္ေပးခဲ့ဖူးပါ၏။

ေရး သူ႕လက္ထဲမွ ဓားကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားရင္း ထြက္ေျပးဖို႔ ႀကံေနသည့္ မာန႔္ေရွ႕ပိတ္ရပ္လိုက္ကာ ထိုေကာင့္လက္ေမာင္းဆီသို႔ ဇြက္ခနဲ ထိုးစိုက္မိသြားသည္။

"အား. . ."

ေရး အခု ထိုေကာင့္အား အလြန္သတ္ခ်င္ေနၿပီျဖစ္သည္။ ဒီေကာင့္ေၾကာင့္ သူ လူေပါင္းမ်ားစြာ သတ္ခဲ့မိသည္။ သူ လူသတ္မိမိေနခဲ့တာအား အလြန္ခံျပင္းလွပါ၏။ သူဆိုသည္မွာ ကံအေၾကာင္းမလွလို႔ က်ိန္စာဆိုးနဲ႕ ေမြးဖြားလာခဲ့ရေပမယ့္ ထိုကဲ့သို႔ သူမ်ားအသက္ကို ထိခိုက္ေအာင္လုပ္မယ့္လူမ်ိဳးမဟုတ္ေၾကာင္း ငယ္ငယ္ကတည္းက သက္ေသျပခ်င္ခဲ့တာေလ။

သွ်ိုင္းစက္မာန္ သူ႕လက္ေမာင္းမွ ဓားဒဏ္ရာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္နိုင္ရန္အတြက္ ေရး ေနာက္ထပ္ ဘယ္ေနရာကိုမွ ထပ္မထိုးလာေအာင္ ထိန္းခ်ဳပ္ထားရသည္။ သူ႕၏ ကိုယ္ခံပညာကို ေရးေလာက္ အသုံးမခ်ျဖစ္ေပမယ့္ သွ်ိုင္းစက္မာန္ကလည္း ကိုယ္ခံပညာ ကြၽမ္းက်င္သူျဖစ္သည္။

ရိုင္းလ္ေစတန္ ဓားတရမ္းရမ္းျဖစ္ေနတဲ့ ထိုႏွစ္ေယာက္ရန္ပြဲကို ဝင္ဆြဲေတာ့ဖို႔ သတိထားၿပီး ေရွ႕တိုးလိုက္စဥ္ ေရးေခတၱရာ မာန႔္လက္ေမာင္းကို ေနာက္တစ္ႀကိမ္ ထိုးစိုက္လိုက္ျပန္တာေၾကာင့္ သွ်ိုင္းစက္မာန္၏ နဖူးေၾကာေတြ ေထာင္တက္လာခဲ့သည္။

ေရး၏ ေသြးဆာေနတဲ့မ်က္လုံးေတြေၾကာင့္ မာန္တစ္ေယာက္ ဒီႏွစ္ေကာင္ၾကား သူ မလြတ္နိုင္ေတာ့ဟု ထင္လိုက္မိစဥ္ ေရးလက္ထဲမွ ဓားက ႐ုတ္တရက္ ျပဳတ္က်သြားတာေၾကာင့္ သွ်ိုင္းစက္မာန္ ေရးအား အျမန္ေစာင့္တြန္းလိုက္ၿပီး အခန္းျပင္သို႔ ေသြးစက္လက္နဲ႕ ေျပးထြက္လာခဲ့ေတာ့သည္။

ေရး ဒူးေထာက္က်သြားရာေနရာသို႔ ရိုင္းလ္ လ်င္ျမန္စြာ ေရာက္ရွိလာခဲ့သည္။

"မင္း ဘာျဖစ္တာလဲ"

ေရးကိုယ္တိုင္လည္း သူ ဘာျဖစ္သြားမွန္း မသိေပ။ သူ႕အမွတ္ေနရာက ႐ုတ္တရက္ႀကီး စူးေအာင့္လာခဲ့လို႔ ဓားကိုပင္ လႊတ္ခ်လိဳက္မိစဥ္ မာန႔္ကန္ခ်က္ကို ခံလိုက္ရတာျဖစ္သည္။

ထို႔ေၾကာင့္ ေရး သူ႕ပခုံးက အကၤ်ီလက္ကို အျမန္ဆြဲခ်လိဳက္ၿပီး ငုံ႕ၾကည့္လိုက္မိစဥ္ ရိုင္းလ္ပါ ထိုေကာင္ေလး၏ ထူးျခားမႈကို ျမင္လိုက္ရသည္။

"ဟင္. . .မင္း အမွတ္က တစ္ဝက္ေပ်ာက္သြားတာလား"

ရိုင္းလ္ ထိုအမွတ္အား ေသခ်ာထိကိုင္ၾကည့္လိုက္မိတဲ့အထိ။ ေသခ်ာပါတယ္၊ toilet ခန္းထဲမွာတုန္းကေတာင္ ရိုင္းလ္ ထိုအမွတ္ကို အျပည့္ျမင္ခဲ့ရပါေသးသည္။ အခုေတာ့ လိပ္ျပာအမွတ္၌ ေတာင္ပံတစ္ဖက္ မရွိေတာ့တာကို ေတြ႕လိုက္ရသည္။

"ဘယ္လိုျဖစ္ရတာလဲ၊ မင္းရဲ႕ ဖူးစာဖက္က ကိုယ္ ျဖစ္ေနတာ မဟုတ္ဘူးလား"

ေရး၏ ထိုအမွတ္ဆီမွ နာက်င္မႈက မိနစ္အနည္းငယ္ခန႔္ ဆက္လက္ၾကာျမင့္ေနခဲ့ေသာ္လည္း သူ႕အမွတ္၌ ေတာင္ပံတစ္ဖက္သာ မရွိေတာ့ျခင္းျဖစ္ၿပီး အမွတ္တစ္ခုလုံးေတာ့ မေပ်ာက္ကြယ္သြားေသးေပ။

ေရး သူ႕ေဘးက ကျပားေကာင္ကို နာက်င္မႈေတြၾကားက ေမာ့ၾကည့္မိသြားခဲ့သည္။

ေရးလည္း သူ႕ဖူးစာဖက္ကို ေဒါက္တာကိုကို ျဖစ္ေစခ်င္ခဲ့ဖူးေပမယ့္ ကျပားေကာင္ ျဖစ္ေနတာလားဟုသာ ထင္ခဲ့မိတာပင္။ သို႔ေပမယ့္ သူ႕ဖူးစာဖက္အစစ္က မာန္ျဖစ္ေနတာအား လက္ေတြ႕က်က်သိလိုက္ရခ်ိန္၌ ကိုယ့္ဘဝကိုယ္ စိတ္ကုန္မိလာလြန္းလို႔ မာန႔္ကိုပဲ ေသပါေစက်ိန္ဆဲလိုက္ခ်င္မိေတာ့သည္။ ထိုနည္းျဖင့္သာ ေရးေခတၱရာ သူ႕ကိုယ္သူ အဆုံးစီရင္မိခ်င္လာတဲ့အထိ သူ႕ရဲ႕ဒီဘဝႀကီးကို အၿပီးလႊတ္ခ်လိဳက္ခ်င္မိပါၿပီ။

___________________________________________

Continue Reading

You'll Also Like

150K 16K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
277K 27.8K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
660 89 52
။ကိုယ်ချစ်ရတဲ့သူဆီက "မင်းကိုချစ်တယ်"လို့ ပြောသံကြားခဲ့ရင် ဒီကမ္ဘာမှာ အသက်ရှိလျက် နိဗ္ဗာန်ကို ဦးစွာရောက်တဲ့သူဟာ ငါပဲဖြစ်လေတော့မယ်။ S2 မျှော်