Snowless Winter Dream [Comple...

By Ennia_Yawn

77.1K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 17

1.5K 95 1
By Ennia_Yawn

ရှုပ်ထွေးစည်ကားနေသော ရန်ကုန်မြေထဲသို့ ရိုင်းလ်စေတန် ပြန်လည်ဝင်ရောက်လာခဲ့ပြီ။

ဒီနေ့လယ်ဖက်တင်ပဲ ခွန်းကို ပြန်လိုက်ပို့ပေးခဲ့ပြီးနောက် ရိုင်းလ် သူ့တိုက်ခန်းထဲသို့ ညနေစောင်းခါနီး၌ ပြန်‌ရောက်နေခဲ့သည်။ ခွန်းက ပုဂံမှာရှိကထဲက သူ့ဒဏ်ရာကို သေချာပြုစုပေးသလို ရန်ကုန်ပြန်ရောက်ရင် ပြောမယ်ဆိုသည့် အလေးအနက်စကားတွေကို နားထောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီဆိုတာကြောင့် ရိုင်းလ် ဘယ်သောအခါမှ အခုချိန်လောက် ဝေခွဲရခက်နေတာမျိုးမဖြစ်ဖူးခဲ့တာကို သူ့ကိုယ်သူ သတိထားလိုက်မိသည်။

ပုဂံမသွားခင်ကတောင် သေချာခဲ့မလို ဖြစ်နေသည့်စိတ်တွေက ရုတ်တရက်ကြီး အတည်ထားချင်စိတ်တွေပဲ ပျောက်သွားခဲ့ပြန်တာလား၊ သူ ခွန်းကို ‌ညီတစ်ယောက်လိုပဲ ချစ်တာကို အခုချိန်ထိ အထင်မှားခဲ့တာလား။ ထိုအရာအား သူ ပုဂံ၌ လေးလေးနက်နက် စဉ်းစားနေခဲ့ပါ၏။

သူ လန်ဒန်ကနေ ပြန်ရောက်လာကထဲက ပစ္စည်းတွေတောင် နေရာသေချာမချနိုင်‌သေးဘဲ ပုဂံထွက်သွားဖြစ်ခဲ့တာမို့ တိုက်ခန်းထဲ၌ ရှုပ်ယှက်ခတ်နေဆဲပင်။

Luggage ထဲမှ ပစ္စည်းတွေကို ထုတ်နေရင်း ကျောမှဒဏ်ရာက တစ်ချက်တစ်ချက် နာကျင်နေဆဲမို့ နဖူးကြောတွေ ရှုံ့ထားမိသည်။ အဝတ်အစားတွေ နေရာချပြီးချိန်၌ စာရေးစားပွဲခုံပေါ်သို့ ဖုန်းနဲ့ ပစ္စည်းတချို့လာတင်ထားလိုက်ပြီး ရေချိုးခန်းဖက် ထွက်ဖို့အလုပ် သူ မှောက်ချထားခဲ့သည့် ဓာတ်ပုံမှန်ဘောင်တစ်ခုပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။

သူ ထိုမှန်ဘောင်ကို ပြန်လှန်ယူလိုက်မိသည်။ ထိုမှန်ဘောင်ထဲမှ ပုံက သူ နှစ်နှစ်လုံး တစ်ရက်မပျက် ကြည့်ဖြစ်ခဲ့သည့် ဓာတ်ပုံ၊ စာကြည့်စားပွဲ‌ပေါ်မှာပဲ အမြဲထောင်ထားဖြစ်ခဲ့သည့် ဓာတ်ပုံမို့ စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတိုင်း၊ စိတ်ရှုပ်လာတိုင်း ဘာရယ်မဟုတ် ငေးနေမိခဲ့သည့် ဓာတ်ပုံမို့ လန်ဒန်က ထွက်လာတုန်းက သေချာထည့်ယူခဲ့မိသည်။ ပုံတူပွားပြီး သူ စာအုပ်ကြားထဲ၌လည်း ထည့်ထားဖြစ်ခဲ့သည်။

ထိုတိုက်ပိုင်ရှင် ဘယ်သူမှန်း မသိခင်ကထဲက ဘာကြောင့်မှန်းမသိ သူ သေချာပေါက် သွားချင်ခဲ့မိသည့် နေရာ၊ ဒီနေရာမှာမှ ဆေးခန်းမဖွင့်ဖြစ်ရင် သူ ဆရာဝန်လုပ်ရတာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးဟု တွေးခဲ့မိသည့်အထိ သဘောကျခဲ့ရသော ဒီအဆောက်အဦး၏ ပိုင်ရှင်ကို ရေးမှန်းသိလိုက်ရချိန်၌ စိတ်တိုလွန်းလို့ မှောက်ချထားခဲ့မိတာပင်။

သူ ခေတ္တရာကို ငယ်စဉ်ကထဲက သူ့ကိုကာကွယ်ပေးစေချင်ခဲ့သည့် သူရဲကောင်းလေးအဖြစ် စွဲလမ်းဖူးခဲ့ပြီး ဒီဓာတ်ပုံထဲ၌ နောက်ကျောပဲ မြင်ရတဲ့ တိုက်ပိုင်ရှင်ကိုတော့ ထိုကောင်လေးဆီမှာ ဘာတွေများ နာကျင်စရာရှိနေရတာလဲဆိုတဲ့ အတွေးကြောင့် သူ မွေးနေ့လက်ဆောင် ပို့ပေးတာမျိုးထက် ပိုနှစ်သိမ့်ပေးချင်ခဲ့သည့် ကောင်လေးတစ်ယောက်အဖြစ် ရင်ထဲသိမ်းထားခဲ့ဖူးသည်။ ရယ်စရာကောင်းတာက နှစ်ယောက်လုံးက တစ်ယောက်တည်း ဖြစ်နေခဲ့တယ်ဆိုတာပါပင်။

ကြည့်ရတာ သူနဲ့ ခေတ္တရာက ရေစက်ပါတယ် ထင်ပါရဲ့။

ဓာတ်ပုံကို လက်ဖျားတွေနဲ့ ညင်သာစွာ ပွတ်သပ်မိရင်း ပြုံးနေမိတာကို ရိုင်းလ် သူ့ကိုယ်သူ သတိထားလိုက်မိတာမို့ မှန်ဘောင်ကို သေချာပြန်ထောင်ထားလိုက်ရင်း ရေချိုးခန်းဖက် ထွက်လာခဲ့တော့သည်။

ရှေ့ရက်တွေကဆို ဒီကောင်လေးကို တစ်နေ့နှစ်ကြိမ်လောက် တွေ့တွေ့နေခဲ့ရပေမယ့် ဒီနှစ်ရက်လုံးတော့ နယ်မြေကွာခြားမှုကြောင့် အသံတောင် မကြားရသေးတာအတွက် သတိရနေမိသည်။ ထို့အတွက် နောက်မှပဲ အနားယူတော့ဖို့ ဆုံးဖြတ်လိုက်ရင်း ဒီအချိန်ဆို ခေတ္တရာက ဘားမှာ ရှိနေလောက်နိုင်တာမို့ ရိုင်းလ်တစ်ယောက် သူ့ကိုယ်သူ အသပ်ရပ်ဆုံး၊ ကြည့်အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပြီး Victory ဘားရှိရာနေရာသို့ ပြန်ထွက်လာခဲ့သည်။
.
.
.
ဘားအတွင်း၌ ဆူညံပွက်လောရိုက်နေကာ ရှုပ်ထွေးပွေလီနေသည်။

ထိုစဉ် ဘားပိုင်ရှင်အား အညိုရောင်မျက်ဝန်းများဖြင့် ရှာဖွေနေသည့် ကပြားသွင်ပြင်နှင့် နတ်ဘုရားတစ်ပါးအလား ချောမောခန့်ညားလှသော အမျိုးသားတစ်ဦးကို ဘားထဲမှ ဧည့်သည်တချို့ ငေးကြည့်မိသွားကြသည်။

သူတို့ပိုင်ရှင်က Dancing floor ၌ ရှိနေသည်ဟု လမ်းညွှန်လိုက်တာကြောင့် ရိုင်းလ် ကခုန်နေသော လူအုပ်ကြားထဲ တိုးဝှေ့ဝင်လာခဲ့ရတာပင်။

ရေး ဒီည သူ့၏ စိတ်အခြေအနေ အလွန်ကောင်းမွန်နေ၏။ လက်ရော ခေါင်းရော အကောင်းပကတိဖြစ်နေပြီမို့ Dancing floor ထဲ၌ အချိန်အတန်ကြာ ကခုန်နေခဲ့သည်။ အခုလို မီးရောင်စုံအောက်၌ စိတ်လွတ်လက်လွတ် ကခုန်နေရတာကို သူ အလွန်သဘောကျလေသည်။

ဒီည သူ့ဘား၌ မာန်လည်း ရှိနေတာမို့ ပျော်ပျော်နေတတ်သော မာန်နဲ့ အခုလိုမျိုး အတွဲညီညီ ကရတာကို ရေး အလွန်နှစ်ခြိုက်လေသည်။ သူငယ်ချင်းတွေအပေါ် စိတ်မနှစ်ထားချင်လို့သာ ရေး မာန့်အပေါ် ကိုယ်ပေါင်းစိတ်ခွာ လုပ်ဖြစ်ခဲ့ပေမယ့် သူ ပေါင်းခဲ့ဖူးသည့် သူငယ်ချင်းများစွာထဲတွင် မာန်တစ်ယောက်နဲ့သာ သူ အကြာဆုံးသက်တမ်းရှိခဲ့ပြီး အနည်းဆုံးတော့ သူ့ဘေးမှာ အဖော်လုပ်ပေးနေသည့် သူငယ်ချင်းတစ်ယောက်ရှိသေးတယ်ဆိုတဲ့ အသိကြောင့် ရေး ပျော်ရွှင်ခဲ့ရဖူးပါသည်။

ထိုမြင်ကွင်းကြောင့် ရိုင်းလ်၏ မျက်ဝန်းများ အလိုမကျဖြစ်သွားခဲ့သည်။ သူဆိုသည်မှာ သဝန်တိုတတ်သူ မဟုတ်ပေမယ့် ထိုနှစ်ယောက် အခုကဲ့သို့ ရင်းနှီးနေတာကိုတော့ မျက်စိစပါးမွှေး စူးလာသလို ခံစားလိုက်ရ၏။

ထို့အတွက် ထိုကောင်လေးရှိရာသို့ တိုးလာခဲ့ရသလို ရေးဖက်တွင်လည်း ဘားထဲ၌ အနံ့ပေါင်းစုံ၊ အမွှေးနံ့ပေါင်းစုံ ရှိနေသော်ငြား နှာခေါင်းထဲသို့ ဖျတ်ခနဲ တိုးဝင်လာသော လာဗင်ဒါနံ့ကြောင့် ထိုအနံ့ပိုင်ရှင်ကို လူအုပ်ကြားထဲ ဝေ့ရှာလိုက်မိစဉ် သူ့ဆီ လျှောက်လှမ်းလာသည့် ကပြားကောင်ကို တွေ့လိုက်ရသည်။

"ဟိုင်း. . .ကိုယ် ပြန်ရောက်ပြီ"

လှပသော ကောင်လေး၏ အပြုံးတွေကလည်း အလွန်ချစ်စဖွယ်ကောင်းလေသည်။ ထိုကောင်လေး သူ့အား လက်ဝှေ့ရမ်းပြလာရင်း လူအုပ်ကြားထဲမှာပဲ ပြေးဖက်လာပြန်သည်။

"အတော်ပဲ၊ ငါ မင်းကို သတိရနေတာ။ ဘယ်လိုနေသေးလဲ၊ ဒဏ်ရာရော အဆင်ပြေရဲ့လား"

ရေး ထိုလူ့ကို အစ်ကိုရင်းသဖွယ် တွယ်တာမိနေပြီဖြစ်သည်။ ဒီလူ့ကိုတော့ သူ တွယ်တာလို့ရမည့်သူ၊ သူ့နောက်ကျောကို ဓားနဲ့ထပ်ထိုးမည့်သူ မဟုတ်ဟု ရေး ယုံကြည်စိတ်ချနေမိသည်။ ထို့ကြောင့် သူလည်း ဒီလူနဲ့ ရင်းနှီးချင်ပါကြောင်း သိုင်းဖက်လိုက်ရင်း အမူအရာနဲ့ ဖော်ပြလိုက်မိသည်။

ရိုင်းလ်လည်း ထိုကောင်လေးကို မြဲမြံစွာ ပြန်ဖက်တွယ်ထားလိုက်မိသည်။

ရိုင်းလ်တစ်ယောက် ယဉ်ကျေးမှုခြင်း တခြားစီဖြစ်နေသော နိုင်ငံနှစ်ခုအကြောင်းကို သေချာနားလည်တာမို့ မြန်မာပြည်ပြန်ရောက်တိုင်း မြန်မာက ကောင်လေးတွေနဲ့ အကွာအဝေးတစ်ခုထားခဲ့ရတာက ခွန်းအပါအဝင်ပင်။ သို့သော်ငြား သူ ‌ဒီကောင်လေးနဲ့တော့ အခုလို နီးနီးကပ်ကပ် နေချင်နေမိသလိုပင်။ အခုချိန်၌ သူ့နှလုံးသားက နွေးထွေးမှု‌တို့နဲ့ လွှမ်းခြုံနေတာကြောင့် ခေတ္တရာ သူ့ကို ပြန်ခွာသွားချိန်၌ ချက်ချင်း အထီးကျန်သွားသလို ခံစားချက်ကြီးကြောင့် ဇဝေဇဝါ ခံစားလိုက်ရသည်။

"မင်း ငါ့ဘားမှာ ညစာ လာစားတာလား"

"ညစာက စားခဲ့ပြီးပြီ၊ ကိုယ် မင်းကို သတိရလို့ သက်သက်လာခဲ့တာ"

သျှိုင်းစက်မာန် ကနေရင်းကနေ သူ့နောက်က စုံတွဲစကားကြောင့် ကြိတ်ပြုံးလိုက်မိသည်။ ဒီဘဲက တွေ့သမျှ အကုန်စားတယ်ဆိုတာ အတင်းအဖျင်းစကားသက်သက် မဟုတ်ဘူးဆိုတာကို လက်ခံလိုက်ရသည်။

"အဟမ်း. . .ရေးရေ မင်းဧည့်သည် ရောက်နေပြီဆိုတော့ ငါလည်း ငါ့ကောင်လေးဆီ သွားလိုက်ဦးမယ်၊ ခင်ဗျားကတော့ ဒီမှာပဲ အေးဆေးနေခဲ့လိုက်ပါဦး"

သျှိုင်းစက်မာန် လိုတာထက် စတိုင်ထုတ်လာသော ဘဲကြီးအား ခပ်ထေ့ထေ့လှောင်ပြုံး ကြည့်လိုက်ရင်း ရေးကို နှုတ်ဆက်ခဲ့ကာ ထိုနေရာနားက ထွက်လာခဲ့ပြီး ဘားကောင်တာဆီ လျှောက်လာခဲ့သည်။

ထို့နောက် ရေးကို ထိုးကျွေးဖို့ ဆောင်ထားခဲ့သည့် ဆေးထုပ်ကို ဘားကောင်တာမှ သူ့လူယုံအဖြစ် ထည့်ထားသော ကောင်လေးအား ကမ်းပေးလိုက်ပြီး-

"မင်းပိုင်ရှင်ရဲ့ ဧည့်သည်ခွက်ထဲ ထည့်လိုက်၊ ပိရိပါစေနော်"

"စိတ်ချပါ"

Dancing floor ကို ပြန်လှမ်းကြည့်လိုက်ရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောပြီး စကားပြောနေကြသော ထိုနှစ်ယောက်ကြောင့် သျှိုင်းစက်မာန် သူ အတင်းကြိုးစားစရာ မလိုတော့တာအတွက် မျက်ခုံးပင့်လိုက်မိသည်။

ထိုဘဲ ဒီည အဝစားပါစေ ရည်ရွယ်ရင်း သူ ဒီဘားထဲက ထွက်လာခဲ့တော့သည်။

ဘားကောင်တာဆီ ရေး ပြန်ရောက်လာခဲ့စဉ် သူတို့နှစ်ယောက်အတွက် ကမ်းပေးလာသည့် ခွက်ကို အမြန်‌မော့ချလိုက်မိသည်။

"ကိုယ် toilet သွားလိုက်ဦးမယ်"

ခေါင်းညိတ်ပြလိုက်ကာ ကပြားကောင်ကို စောင့်ရင်းနဲ့ ကပြားကောင်၏ ခွက်ကိုပါ ယူသောက်လိုက်ရင်း တစ်ခွက်ပြီးတစ်ခွက် သောက်နေမိသည်။ ရေးက အရက်ခံနိုင်ရည်နှုန်း မြင့်သူဖြစ်ပြီး မူးသွားရင်လည်း ကောင်းမွန်တဲ့ အမူအကျင့်ရှိသူဖြစ်သည်။

သို့သော်ငြား အခုဆို ငါးခွက်ပဲ သောက်ရသေးချိန်၌ သူ့ခန္ဓာကိုယ်ထဲ၌ ပူလောင်နေသလိုမျိုး ခံစားချက်ကြောင့် ထပ်ဝတ်ထားသည့် ဂျာကင်ကို ချွတ်ထားလိုက်မိသည်။

"ဘာလို့ဒီလောက်ပူနေရတာလဲ"

သူ့ခန္ဓာကိုယ်ထဲ၌ တစ်စုံတစ်ခုအား ပြင်းပြင်းပျပျ လိုချင်နေသလိုဖြစ်နေသလို ရုတ်တရက်ကြီး တစ်စုံတစ်ယောက်နဲ့ အိပ်ချင်လာသလို အောက်ပိုင်းမှ တင်းမာလာမှုကြောင့် ရေး ခေါင်းနပန်းကြီးသွားခဲ့သည်။

ထို့အတွက် ထိုကိစ္စကို ဖြေရှင်းဖို့ toilet ဖက် အမြန်ထထွက်လာရသည်။

"ချီးပဲ၊ ရုတ်တရက်ကြီး ဘယ်လိုဖြစ်လာရတာလဲ"

သူ ညဖက်တွေ မနက်ပိုင်းတွေ၌ ထိုကဲ့သို့ ဖြစ်လာတတ်တာ ပုံမှန်ပဲပေမယ့် အခုလို လူကြားထဲ၌ ဖြစ်လာတာကတော့ အလွန်ရှက်ဖို့ကောင်းသည်ဟု ခံစားမိတာကြောင့် အမြန်ဖြေရှင်းဖို့ ထွက်လာခဲ့ရသည်။

ရိုင်းလ် သူ လက်ဆေးနေစဉ် ခေတ္တရာ ဝင်လာတာကို မှန်ထဲကနေ မြင်လိုက်ရတာကြောင့် toilet သုံးမလို့ ထင်လိုက်ပေမယ့် ထိုကောင်လေးက အပြင်မှာမသုံးဘဲ အခန်းထဲထိ ပြေးဝင်သွားတာမို့ လက်ဆေးခြင်းအမှုကိုသာ ပြန်အာရုံစိုက်လိုက်ရသည်။

ရိုင်းလ် လက်သုတ်နေစဉ် ခေတ္တရာဝင်သွားသည့်အခန်းထဲကနေ ညည်းသံသဲ့သဲ့ထွက်နေတာကို နားပါးလွန်းသူမို့ အာရုံစိုက်လိုက်မိသည်။

အပြင်ဖက်၌ လူရှုပ်နေသော်ငြား Toilet ထဲ၌ သူတို့နှစ်ယောက်သာ ရှိနေတာပင်။ ရိုင်းလ် ထိုအခန်းနား လျှောက်လာလိုက်ရင်း-

"ဟေ့. . .မင်း အဆင်ပြေလား၊ တစ်ခုခုဖြစ်နေတာလား"

ရေး သူ့ပါးစပ်ကို လက်နဲ့ အမြန်အုပ်လိုက်မိသည်။ သူ နေလို့အဆင်မပြေလောက်အောင် ပိုပိုပူလောင်လာတဲ့အပြင် ကပြားကောင်၏ ကိုယ်သင်းနံ့က သူ ထိုလူ့ကို သူ့အောက်ဆွဲသွင်းချင်စိတ်တွေ တားမရအောင်ထိ လှိုက်တက်လာ‌စေသည်။

ရေး၏ စိတ်တွေက ကယောက်ကယက်ဖြစ်လွယ်ပြီး လွတ်လွတ်ထွက်သွားတတ်သည်။

"ဟေ့ အဆင်ပြေတယ်ဆိုရင် အသံပေးဦး၊ ပြေတယ်ဆို ကိုယ် ဘားကောင်တာမှာ သွားထိုင်စောင့်နေမယ်နော်"

ထိုလူထွက်သွားတော့မယ်ဆိုတဲ့အသိကြောင့် ရေး တံခါးကို ဟလိုက်ပြီး ကပြားကောင်ကို အခန်းထဲ ဆွဲခေါ်သွင်းလိုက်မိသည်။

ဖျတ်ခနဲ ဆွဲသွင်းခံလိုက်ရတာကြောင့် ရိုင်းလ် အံ့ဩသွားမိသည်။

"မင်း ဘာလုပ်တာလဲ"

"ငါ တကယ်နေလို့မကောင်းဘူး၊ အာ့~ ငါ့ကို စမ်းသပ်ပေး"

မျက်ဝန်းတွေ နီရဲနေကာ ထိုကောင်လေး၏ လက်ဖျားတွေနဲ့ လည်ပင်းတစ်ဝိုက်က အနည်းငယ်ပူနေတာကြောင့် ရိုင်းလ် အမြန်စမ်းသပ်ကြည့်လိုက်စဉ် ထိုကောင်လေးက သူ့ကို အတင်းဖက်တွယ်လာရင်း သူ့လည်တိုင်ကို ကိုက်ခဲနေသည်။

အခန်းကျဉ်းလေးထဲ၌ နှစ်ယောက်သား နီးကပ်နေရတာမို့ ထိုကောင်လေး၏ အောက်ပိုင်းဆီမှ တင်းမာနေသော အထိအတွေ့ကြောင့်-

"မင်း ပူနေသလို ခံစားနေရတာလား"

ရေး ဘာမှပြန်မဖြေတော့ဘဲ ရိုင်းလ်ကိုသာ နံရံဆီသို့ စောင့်တွန်းလိုက်ရင်း ရိုင်းလ်၏ အင်္ကျီကြယ်သီးတွေကို ခပ်မြန်မြန်ဆွဲဖြုတ်လိုက်မိပြီး ဘာဆက်လုပ်ရမှန်းမသိတော့။

ရေး ထိုလာဗင်ဒါနံ့ တသင်းသင်းဖြစ်နေသော ဘဲကြီးကို ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံး အကောင်လိုက် မျိုချလိုက်ချင်မိသည့်အလား စားချင်နေမိတာကြောင့် ထိုလူ့ခေါင်းကို ဆတ်ခနဲ ဆွဲငုံ့ယူလိုက်ပြီး နှုတ်ခမ်းနှစ်ခု ထိကပ်လိုက်မိတော့သည်။

". . . ."

ရိုင်းလ် အခုအခြေအ‌နေကို အလွန်လန့်ဖျပ်သွားရပါ၏။

"မင်း ဘာတွေလုပ်. . ."

ထိုဘဲ စကားဟလိုက်တာနဲ့ ရေး လျှာဖျားတိုးဝင်လိုက်ကာ သူ အခု နှစ်ချို့ဝိုင်ကို သောက်သုံးနေရသည့်အလား ယစ်မူးဖွယ် ဆွဲဆောင်မှုမျိုးရှိနေတဲ့ ကပြားကောင်၏ နှုတ်ခမ်းတစ်ခုလုံးကို မွတ်မွတ်သိပ်သိပ် နမ်းရှိုက်နေမိလေသည်။

ရေး ဘယ်သူ့ကိုမှ မနမ်းဖူးသေးပေမယ့် ကျွမ်းကျွမ်းကျင်ကျင် နမ်းတတ်သည်။ သို့ပေသိ အလှလေးပေါင်းများစွာနဲ့ နမ်းရုံမကဘဲ တူတူပါ အိပ်ခဲ့ဖူးတဲ့ ရိုင်းလ်ကတော့ အခုအခြေအနေ‌ကို ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့တဲ့အထိ ဖြစ်နေရပါတယ်ဆိုရင် အရှေ့က သူ့အိပ်ရာဖော်တွေ ထိုင်ရယ်ကြကုန်မလားမသိ။

ပြွတ်!

ရေး ထိုလူ့ကိုယ်မှ အပေါ်ကုတ်ကို အတင်းဆွဲခွာနေရင်း ထိုလူ့အင်္ကျီကြယ်သီးအားလုံးကိုလည်း အဆုံးထိ ဆွဲချွတ်လိုက်ပြီး ထိုလူ့ခါးပတ်ကိုပါ ဆွဲဖြုတ်ဖို့ လက်တင်လိုက်စဉ် သူ့လက်ကို ဖျတ်ခနဲ ဆွဲထိန်းခံလိုက်ရတာကြောင့် အလိုမကျစွာ မော့ကြည့်လိုက်မိသည်။

ရိုင်းလ် ထိုကောင်လေးလက်ကို ချုပ်ကိုင်ထားလိုက်ရကာ ထိုကောင်လေး ခန္ဓာကိုယ်ကိုသာ နံရံနဲ့ ဆွဲကပ်ပစ်လိုက်ပြီး သူ့လက်မောင်းနှစ်ဖက်ကြားထဲ ထိန်းထားလိုက်ပြီးမှ-

"မင်း ဆေးမိထားတာ ထင်တယ်"

"ပူတယ်"

ရိုင်းလ် ထိုဆေးမျိုးကို သေချာသိတာမို့ ခေတ္တရာကို ဘယ်သူကများ သူ ခဏလေးမရှိလိုက်တုန်း ထိုကဲ့သို့ လုပ်ရဲတာလဲဆိုတာအပေါ် ဒေါသထောင်းခနဲ ထွက်သွားမိသည်။

ရိုင်းလ်က အသားမစားတဲ့ကျား မဟုတ်သလို ခေတ္တရာကလည်း သူ ကြိုက်နှစ်သက်သည့် စံနှုန်းအားလုံးထက် ကျော်လွန်တဲ့အထိ လှပလွန်းသူဖြစ်သည်။ ထို့ကြောင့် ထိုကောင်လေး မျက်နှာကို ပင့်မော့ယူလိုက်ပြီး နှုတ်ခမ်းပါးလေးအား နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆုပ်ယူလိုက်မိသည်။ ထင်ထားသည့်ထက် နူးညံ့လွန်းသော နှုတ်ခမ်းပါးလေးတွေကြောင့် ထိုကောင်လေး၏ တစ်ကိုယ်လုံးသာဆိုရင် ဘယ်လောက်များ နုအိ‌နေမလဲဆိုတာ မြည်းစမ်းချင်လာမိတဲ့အထိ စိတ်ရိုင်းတွေ ဝင်လာခဲ့သည်။

သေချာတာက သူ အခုချိန်၌ ခေတ္တရာအား ညီလေးလိုမျိုး မမြင်နိုင်တော့ပါ။

နှုတ်ခမ်းနှစ်ခုအား ဖြည်းဖြည်းချင်း ပြန်ခွာလိုက်ရသည်။ ထို့နောက် ထိုကောင်လေး အင်္ကျီပခုံးကို ဆွဲချလိုက်ပြီး အမှတ်တွေ ပေးမိခါနီးအထိ ရိုင်းလ် စိတ်လွတ်သွားခဲ့စဉ် ပခုံးပေါ်က လိပ်ပြာအမှတ်ကို မြင်လိုက်ရတာကြောင့် သတိပြန်ဝင်လာခဲ့သည်။

သူ ထိုကောင်လေးအား သူ့ဖူးစာဖက်လက်ထဲကို အန်တီ့ကိုယ်စား အပြစ်အနာအဆာမရှိ ထည့်ပေးချင်စိတ် ရှိနေတာမို့ပင်။

ရေး သူ့ကို ခွာ‌သွားတော့မယ့်ပုံရသည့်လူအား အတင်းဆွဲထားမိပြန်သည်။

"ခဏလေး၊ ဒါ မင်းရဲ့ ပထမဆုံးအကြိမ်လား"

ထိုကောင်လေး ခေါင်းညိတ်ပြလာသည်။

"ဟုတ်ပြီ၊ ကိုယ် မင်းကို သက်သာအောင် လုပ်ပေးမယ်နော်"

ထိုကောင်လေး၏ ခါးပတ်ကို ဆွဲချွတ်လိုက်ရပြီး ရိုင်းလ် သူ့စိတ်သူ ထိန်းချုပ်ထားရသည်။ သူ့ခဏတာ စိတ်ရိုင်းကြောင့် ဒီကောင်လေးကို သူ အိပ်ခဲ့ဖူးတဲ့ကောင်လေးတွေလိုမျိုး လုပ်လိုက်မိရင် ထိုကောင်လေး ဆေးပြန်ပြယ်သွားချိန်၌ စိတ်ဒဏ်ရာရသွားနိုင်တာမို့ သူ့လက်တွေနဲ့သာ ဖြေလျှော့ပေးဖို့ လုပ်ရသည်။

"အာ့~"

ရေး ဒီထက်ပိုလိုချင်မိတာမို့ စိတ်မရှည်ဖြစ်နေသည့်အပြင် သူ သေတော့မလို ပူနေတာမို့ ငိုချင်လာသည်။

သူ့ရှေ့က အလှလေး၏ မျက်ရည်စတွေကို မြင်လိုက်ရချိန် ခဏ၌ ရိုင်းလ်၏ နှလုံးတစ်ခုလုံး ခပ်ပြင်းပြင်း ခုန်လှုပ်သွားတာက မြင်းရိုင်းတစ်ကောင် ဖြတ်ပြေးသွားသည့်အလား။

ထို့ကြောင့် သူ ဒီကောင်လေးစိတ်ကို အစွမ်းကုန် ကျေနပ်အောင် လုပ်ပေးချင်လာသည်။ ထို့အတွက် သူ ဘယ်သူ့ကိုမှ တစ်ကြိမ်တစ်ခါမှ မလုပ်ပေးဖူးသော အရာအထိပါ လုပ်ပေးချင်လာမိတာကြောင့် နှစ်ခါမစဉ်းစားတော့ဘဲ ထိုကောင်လေးရှေ့ ဒူးတစ်ဖက်ထောက် ထိုင်လိုက်မိသည်။

ရေး စိတ်အလိုမကျမှုကြောင့် ငုံ့ကြည့်လိုက်မိစဉ် သူ့၏တင်းမာနေသော အရာအား ငုံထွေးလိုက်သော ရိုင်းလ်၏ လုပ်ရပ်ကြောင့် သာယာမှုနဲ့ မနေတတ်မှုက သူ့အား ကူကယ်ရာမဲ့သွားစေကာ ထိုလူ့ခေါင်းမှဆံပင်တွေကို အမြန်ဆုပ်ကိုင်လိုက်မိပြီး ဒီထက်ပိုလိုချင်သည့်စိတ်တွေကို ထိုလူက အကုန်ဆုပ်ယူပေးနေသလိုမျိုး ဖြည်းဖြည်းချင်း ခံစားလိုက်ရသည်။

.
.
.

ဘားအတွင်းမှ toilet ခန်းမို့ ရေး၏ ညည်းသံတွေကို မတော်တဆကြားရလည်း ဘယ်သူမှတော့ စိတ်မဝင်စားပါပေ။

ရိုင်းလ် ထိုကောင်လေးကို မိနစ်အတော်ကြာ သူ့ပါးစပ်နဲ့ပဲ ဖြေလျှော့ပေးနေခဲ့ရသည်။

တစ်နာရီမပြည့်တပြည့်၌ ခေတ္တရာ ပြီးမြောက်သွားတာမို့ ဆေးအရှိန်မပြယ်သေးသော်လည်း ပင်ပန်းသွားပုံရကာ သူ့ရင်ခွင်ထဲ မှီတွယ်လာခဲ့သည်။ ထို့ကြောင့် ထိုကောင်လေးကို ရိုင်းလ် သူ့လက်မောင်းနှစ်ဖက်ကြားထဲ ပွေ့ယူလိုက်ရရင်း ဘားပိုင်ရှင်၏ နားနေရာ အခန်းထဲမှ အိပ်ရာထက်သို့ လာချပေးလိုက်ရသည်။

"ခဏလေးပဲ စိတ်ကို ထပ်ထိန်းထားနော်။ မင်း ဆေးရှိန်ပြယ်သွားရင် မင်း အပြုအမူကို နောင်တရသွားတာမျိုး မနာကျင်စေရက်လို့ ကိုယ် စိတ်ထိန်းထားတာ သိတယ်ဟုတ်၊ လိမ်မာတယ်၊ ခဏအိပ်လိုက်"

ခုနကထက် အသိစိတ် အနည်းငယ်ပြန်ကပ်လာပြီဖြစ်သလို ပူလောင်မှုကိုလည်း ရေး ထိန်းချုပ်နိုင်လာပြီဖြစ်သည်။

ရိုင်းလ် ထိုကောင်လေးအိပ်ပျော်စေရန်အတွက် သူ့အပေါ်အင်္ကျီကုတ်ကို ချွတ်ပေးလိုက်ပြီး လွှားတင်ပေးလိုက်ရသည်။

"မင်း ဒီအနံ့ရရင် အိပ်ပျော်တယ်မလား။ ကိုယ့်ကလေးက လိမ္မာတယ်နော်၊ မျက်လုံးမှိတ်ပြီး အိပ်တော့"

ထိုကောင်လေးကို တစ်ချက် ပြန်စမ်းသပ်ကြည့်လိုက်ပြီး ရိုင်းလ် အခုချက်ချင်း ဘားထဲကိုလည်း မြေလှန်ရှာခိုင်းလိုက်မိသည်။

ရေး ထိုလူ့ကုတ်ကို ရှိုက်ရှူလိုက်ပြီး နွေးထွေးမှု၊ လုံခြုံမှုတို့ကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်မိတာကြောင့် မျက်ရည်စက်တွေက ပါးပြင်မှတဆင့် ခေါင်းအုံးထက်သို့ ကျဆင်းလာခဲ့သည်။ ရေး သူ့ခန္ဓာကိုယ်က တစ်ခုခုလိုအပ်နေသလိုမျိုး ဖြစ်နေသေးဆဲဖြစ်ပြီး နေလို့မကောင်းသေးသော်ငြား စိတ်ပိုင်းဆိုင်ရာကတော့ ပထမဆုံးအကြိမ် လုံခြုံမှုအပြည့်အဝရနေသလိုမျိုး ခံစားရသည်။

အခန်းတံခါးအပြင်ဖက်၌ သူ့ဘားထဲက လူတွေကို ညွှန်ကြားနေသည့် ဩဇာပြည့်ဝတဲ့ ဒီလူ့အသံကို နားထောင်နေရင်း ရေး သူ့မွေးစားအဖေကို သတိရလိုက်မိသည်။

"ခင်ဗျားသား အရွယ်ရောက်နေပြီနော်၊ အိမ်ထောင်ပြုပေးဖို့ မစဉ်းစားသေးဘူးလား"

ရေး အပြင်မှ ပြန်ရောက်လာစဉ် မွေးစားအဖေနဲ့ သူ့ဧည့်သည်ပြောနေသံကြောင့် အသာကျော်သွားဖို့ပဲ တွေးလိုက်စဉ်-

"ကျုပ်စီးပွားရေးတွေ တိုးချဲ့ဖို့လုပ်နေတာ ခင်ဗျား သိတယ်မလား၊ ဒီကောင်လေးကို အသည်းအသန်ဓာတ်ကျနေတဲ့ ဘိုးတော်တစ်ယောက်ရှိတယ်။ အဲ့လူနဲ့ လက်တွဲလိုက်ရင် နောက်ထပ်ဘားတစ်ခုတောင် အေးဆေးထပ်ဖွင့်နိုင်တာ။ နှမြောပေမယ့် အဲ့လူက သူ့အငယ်အနှောင်းနေရာမှာ ဒီတစ်ခေါက်ကို မိန်းကလေးမထားတော့ဘဲ အဲ့ကောင်လေးကို လိုချင်တယ်ဆိုလို့ ဥထားရတာဗျ။ သူ့ ဒီတစ်ခေါက် အသက်နှစ်ဆယ်ပြည့်မွေးနေ့ကျရင် ကျုပ် အဲ့လူဆီ လက်ဆောင်ထည့်ပေးမလို့လေ"

ရေး အမြန်ပုန်းနေလိုက်မိသည်။

"ဟားဟား. . .ခင်ဗျားကတော့ အကြံကုန် ဂဠုန်စားချက်တဲ့သူမျိုးပဲ"

"မွေးလာခဲ့ရတဲ့နှစ်တွေမှ မနည်းတော့တာဗျာ၊ ထမင်းဖိုးကျေအောင် ဒီလောက်တော့ အသုံးချလို့မှ မရရင် ဘာလုပ်ရမှာလဲ။ အဲ့ဟာလေးက အားကိုးရပေမယ့် မကောင်းဆိုးဝါးလေးဗျ။ ကျုပ်အနားမှာ ကြာကြာထားတာက ကိုယ့်သေတွင်းကိုယ်တူးနေရသလိုမျိုးပဲ၊ နောက်ကျောမလုံပါဘူး။ သူ့မိဘတွေက အဲ့ဟာလေးကို အသေလေး မွေးလာခဲ့ရမှာ"

သူ့လျှာကို ဖြတ်ပစ်မည်ဟု အမြဲခြိမ်းခြောက်တတ်သော ထိုလူ့ကို ရေး သူ့အဖေပြီးရင် အကြောက်ရဆုံးလူ ဖြစ်ခဲ့ဖူးသည်။ ရေး သူတစ်ပါးရဲ့ ကျွန်လို နေရမယ်ဆိုရင်တောင် နေနိုင်ပေမယ့် ထိုကဲ့သို့တော့ မလုပ်နိုင်တာမို့ နောက်တစ်ကြိမ် ငယ်ငယ်ကလိုမျိုး အိမ်က ထွက်ပြေးမိခဲ့ပြန်သည်။

သို့သော်ငြား ဒီတစ်ခါတော့ သူ့မွေးစားအဖေလက်ထဲ ချက်ချင်းပြန်ရောက်သွားခဲ့ရတာမို့ သူ လုပ်မိလုပ်ရာ အားကိုးရာလည်း မရှိခဲ့တာမို့ ကျိန်ဆဲပြီး သတ်လိုက်မိသွားခဲ့တာပင်။

သူ ထိုအချိန်ကတည်းကသာ ရိုင်းလ်ကို တွေ့ခဲ့ရရင် ၊ အခုလိုမျိုး ရိုင်းလ်နဲ့ တူတူရှိနေခဲ့ရရင် ထိုကိုကိုကတော့ သူ့ကို သေချာပေါက် ကာကွယ်ပေးလာမယ့်သူဟု နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာကနေ ရေး ခံစားလိုက်မိသည်။

___________________________________________

[Zawgyi]











.
.
.




















"စိတ်ချပါ"





















"မင်း ဘာလုပ်တာလဲ"







". . . ."


"မင်း ဘာတွေလုပ်. . ."



ပြွတ်!




"ပူတယ်"











"အာ့~"





.
.
.




















__________________________________________

Continue Reading

You'll Also Like

137K 5.7K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
150K 16K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
277K 27.8K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
42.9K 2.2K 53
Unicode + Zawgyi မင်းနဲ့ ငါ့ကြား ကန့်လန့်ကာပါး တစ်ချပ်ခြား.... မင်းနဲ့ ငါ့ကြား ကန့်လန့်ကာပါး တစ်ချပ်ခြား.... Start Date - 24.6.2021 End Date - 21.2.2...