Snowless Winter Dream [Comple...

By Ennia_Yawn

106K 5.1K 355

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 16

2.1K 129 7
By Ennia_Yawn

ညသန်းခေါင်ယံနား ကပ်နေပြီမို့ ခြံဝင်း၏ အပြင်ဖက်၌ ခွေးအူသံတွေ ဆွဲဆွဲငင်ငင် ကြားနေရသည်။

ထိုအချိန်၌ စံအိမ်ကြီးထဲမှ တွဲထွက်လာသော လူနှစ်ယောက်ကို ကားပေါ်၌ သူတို့သခင်လေး အချက်ပြမှာကို စောင့်နေသော လူတစ်စုမြင်လိုက်ရတာကြောင့် အမြန်ပြေးလာခဲ့ကြသည်။

"သခင်လေး ထိခိုက်မိသွားခဲ့တာလား"

ရေး ခေါင်းညိတ်ပြလိုက်ရကာ ထိုလူတွေအား ရိုင်းလ် သေနတ်မှန်ထားသည့်အတွက် နီးစပ်ရာဆေးရုံကို မောင်းပို့ပေးဖို့ ပြောလိုက်မိသည်။

ဆွဲတံခါးကို ပိတ်လိုက်ကာ ကားနောက်ခန်းထဲ ဝင်လိုက်ပြီးတာနဲ့ ရိုင်းလ် သူ့လူတွေအား-

"ငါ့ဒဏ်ရာက မပြင်းဘူး၊ ဆေးရုံမသွားနဲ့၊ ငါ ခဏနားလို့ရမယ့်နေရာကိုပဲ ပို့ပေး"

"မရဘူးလေ၊ မင်းမှာ သေနတ်ဒဏ်ရာရှိနေတာကို"

ရေး ထပ်ဝင်ပြောပေမယ့် ထိုလူတွေက သူ့ဆရာစကားကိုသာ နားထောင်ကြကာ သူတို့နားနေသည့် အိမ်ငယ်လေးဆီ မောင်းပို့ပေးမည်ဟု ဆိုလာရင်း ထိုစံအိမ်ရှေ့မှ ထွက်လာခဲ့ကြသည်။

"ကိုယ် သေလောက်မယ့်အထိ မထိခိုက်သွားတာမို့ စိတ်မပူနဲ့‌နော်။ မင်း အဲ့ဆေးသေတ္တာထဲက ဂွမ်းနဲ့ အရက်ပြန်ယူပြီး ကိုယ်ပြောတဲ့အတိုင်းပဲ လုပ်ပေးရင် ရပြီ"

"အင်း အင်း"

ရေး ကပြားကောင် ညွှန်ပြတဲ့ ဆေးသေတ္တာကို အမြန်ဆွဲယူလိုက်ပြီး ပြောသည့်အတိုင်းသာ အမြန်လိုက်လုပ်ပေးရတာမို့ ကပြားကောင်၏ ကျည်မှန်ထားသော ကျောကဒဏ်ရာကို မြင်ရဖို့အတွက် ကပြားကောင်၏ တီရှပ်ကို အမြန်ဆွဲချွတ်လိုက်ရသည်။

ရိုင်းလ်၏ လူတွေက ငါးယောက်ပါတာမို့ ရှေ့ခန်း၌ နှစ်ယောက်၊ အလယ်ထိုင်ခုံ၌ သူတို့နှစ်ယောက်ရှိပြီး နောက်ဆုံးခုံ၌ ရိုင်းလ်၏ လူသုံးယောက်ရှိကာ သူတို့နောက် လူလိုက်လာမလာကို ထိုလူတွေ တစ်လမ်းလုံး စောင့်ကြည့်နေခဲ့ကြရသည်။

"ဟုတ်ပြီ၊ အဲ့ဒဏ်ရာတွေပေါ် ရေသန့်ဘူးထဲက ရေနဲ့လောင်းလိုက်။ ပြီးရင် ဂွမ်းကို အရက်ပြန်ဆွတ်ပြီး အဲ့ဒဏ်ရာနားက သွေးတွေပြောင်တဲ့အထိ သန့်ရှင်းပေး"

ရေး ထိုကဲ့သို့ ရှေးဦးပြုစုနည်းတွေ မလုပ်ခဲ့ဖူးတဲ့အပြင် ကပြားကောင်က သူ့ကြောင့် ထိုမျှလောက် ဖြစ်သွားခဲ့ရတာမို့ ကား‌ရှေ့ထိုင်ခုံ၏ နောက်ကျောကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း နဖူးပေါ်၌ ချွေးစက်တွေပင် သီးနေတဲ့အထိ နာကျင်မှုကို ကြိတ်ခံနေသော ရိုင်းလ်ကို စိတ်မကောင်းစွာ ကြည့်လိုက်မိပြီး ထိုဒဏ်ရာတွေကို သူပဲ ယူလိုက်ချင်လာမိသည်။

"ပြီးတော့ရော ဘာဆက်လုပ်ပေးရမှာလဲ"

ကပြားကောင် ပြောသည့်အတိုင်း ‌သွေးထွက်မလွန်အောင်အတွက် အဝတ်စနဲ့အတူ ဒဏ်ရာကို အရင်ဖိထားပေးရသည်။ ကျည်ဆံက အထဲဖောက်မဝင်သွားတာကြောင့်သာ တော်သေးတယ်ဆိုရမည်ဆိုသော်ငြား ဒဏ်ရာကနေ သွေးတွေတောက်လျှောက်ထွက်နေသေးတာကြောင့် ထိုအိမ်ထဲမရောက်ခင်အထိ ပတ်တီးကို ကျပ်နေအောင် စည်းထားပေးခဲ့ရသည်။

ရေး အခုချိန်၌ ထိုကောင် ဆရာဝန်ဖြစ်နေတာကို အလွန်ကျေးဇူးတင်မိသွားခဲ့လေသည်။

သူတို့ရောက်ရှိလာခဲ့သည့် ထ်ိုလူ‌တွေ နားနေသည့်အိမ်က ခပ်ကျဉ်းကျဉ်းလေးပင်။

"စိတ်မပူပါနဲ့၊ သခင်လေးက အခုလို ခဏခဏ သေနတ်မှန်နေကျမို့ ဒီတစ်ခေါက်က သိပ်တောင် မပြင်းပါဘူး"

အိပ်ရာပေါ် ဖြည်းညှင်းစွာ မှောက်ရက်လှဲချသွားပြီဖြစ်တဲ့ ကပြားကောင်ကို သူ့လူတွေသာ ရိုင်းလ် ပြောတာတွေကို အမြန်ဆက်လုပ်ပေးနေတာမို့ ရေး နောက်ဆုတ်နေပေးလိုက်ရတော့သည်။

"စိတ်ချရပါပြီ၊ ကျွန်တော်တို့ အခန်းပြင်မှာ ရှိနေမှာမို့ အပြင်က အန္တရာယ်တွေကို လုံးဝမစိုးရိမ်ဘဲ ဒီက ညီလေးလည်း အနားယူလိုက်ပါဦး"

ထိုလူတွေထွက်သွားချိန်၌ ရေး ကုတင်ပေါ် လာဝင်ထိုင်လိုက်ရသည်။

ကားပေါ်၌ ထိုကောင့်တီရှပ်ကို အလွယ်တကူ ချွတ်မရခဲ့လို့ ရေး ဆွဲဖြဲခဲ့လိုက်မိသည်။ ထို့အတွက် အပေါ်ပိုင်းဗလာဖြစ်နေဆဲ ပတ်တီးသိုင်းစည်းခံထားရသည့် ကျောပြင်ကျယ်ကြီးပေါ်မှ ဒဏ်ရာနေရာကို ရေး ခပ်ဖွဖွ ပွတ်ကြည့်လိုက်မိကာ-

"ငါ ဘာလုပ်ပေးရဦးမလဲ"

ရိုင်းလ် မှောက်အိပ်နေရာကနေ ဖြည်းဖြည်းချင်း ထထိုင်လာရသည်။ ခေတ္တရာက ရန်ဖြစ်နေကျ မဟုတ်တဲ့သူလိုပင် သူ့အား အလွန်စိတ်ပူနေပုံရတာမို့-

"ငါ ဒီလိုဖြစ်နေကျမို့ စိတ်မပူပါနဲ့ဆို။ လန်ဒန်မှာက သေနတ်ကို လိုင်စင်နဲ့ တရားဝင်ကိုင်လို့ရတယ်လေ။ အဲ့ဒါကြောင့် ဒီလိုဒဏ်ရာတွေက အသေးအမွှားလေးတွေပဲ။ ငါ တကယ်. . .တကယ် မင်းတို့သားအမိကို တွေ့ပေးချင်တဲ့ဆန္ဒ တအားလောသွားတာနဲ့ ကျန်တဲ့ကိစ္စတွေကို သေချာမစီစဉ်ခဲ့သလို ဖြစ်သွားလို့ ငါ မင်းကို ဒီလောက်အန္တရာယ်များတဲ့နေရာထဲ အတင်းခေါ်သွင်းခဲ့သလို ဖြစ်သွားခဲ့တာ။ ငါ မင်းကိုရော အန်တီ့ကိုပါ မျက်နှာ ထပ်မပြရဲတော့ဘူး"

"ဒါပေမဲ့ အနည်းဆုံးတော့ မင်း ကျေးဇူးကြောင့် ငါ့အဖေရဲ့ စိတ်ရင်းအမှန်ကို ဒီညမြင်ခဲ့ရတယ်လေ။ ငါ ပါးကို ငယ်ငယ်ကတည်းက အရိုးထဲကနေ မုန်းပြီး ကြောက်လန့်နေခဲ့မိတာက အခု တကယ်စိတ်သက်သာရာရသွားခဲ့တာ။ ဘာပဲဖြစ်ဖြစ် ငါ မင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ"

". . . ."

အခု သူ့အဖေဆီက လွတ်လာခဲ့ပေမယ့် သူ့အကြောင်းကို ဆွေတော်မျိုးတော်တွေ သိသွားနိုင်မလား မသိတာမို့ ရေး ဒီနယ်မြေက အမြန်ဆုံးပြန်ထွက်ရတော့မည်။ အခုညတောင် ကပြားကောင်ကို စိတ်မချလို့ သူ မထွက်နိုင်သေးခြင်းပင်။

"‌ငါ မနက်ကျရင် ရန်ကုန်ပြန်တော့မယ်။ ငါ တတ်နိုင်သလောက် ဒီကျေးဇူးကို ပြန်ဆပ်မှာမို့ မင်းကို ငါ့ဘားမှာ တစ်သက်စာ အလကားသောက်ခွင့်စားခွင့်ပေးမယ်လေ"

"ဟက်၊ ငါ့ကိုများ အရက်သမားထင်နေတာလား"

"အင်း၊ မင်းက ညစာစားတာတောင် ဘားထဲဝင်စားနေသေးတာပဲကို။ ငါ မင်းအတွက် အဲ့အခန်းကို ဆေးခန်းဖွင့်ဖို့ မပေးနိုင်တာကိုတော့ နားလည်ပေးမယ်မလား"

ရေး ကုတင်ပေါ်က ပြန်ထရပ်လိုက်တော့သည်။

"ပြန်လှဲလိုက်ဦး၊ ကုတင်က ကျဉ်းတော့ မင်း သက်တောင့်သက်သာ အိပ်လို့ရအောင် ငါ ဒီအောက်မှာ အိပ်ပေးမယ်။ တစ်ခုခုဆို အားမနာဘဲ နှိုး။ ဒါနဲ့ အင်္ကျီ ပြန်ဝတ်မလား၊ မင်းလူတွေမှာ အသစ်တစ်ထည်လောက်တော့ ရှိမှာပါ"

"နိုး၊ ငါ ဒီအတိုင်းပဲ အိပ်တော့မယ်။ မင်း ကြည့်ရဲတယ်မလား. .အ့"

သူ့ပေါ် စောင်ပစ်တင်လာတာမို့ ဒဏ်ရာအရှိန်ကြောင့် ရိုင်းလ်ခမျာ သိပ်အထိမခံနိုင်သေးပေ။

"တစ်ကိုယ်လုံး ချွတ်အိပ်မယ်ဆိုရင်တောင် ကြည့်ရဲတယ်။ လာခြောက်မနေနဲ့"

ကုတင်က အမြင့်ကြီး မဟုတ်ပေ။ ထို့အတွက် ရေး ကုတင်အောက်မှာ ဆင်းအိပ်ပေးမယ်ဆိုရင်တောင် ကပြားကောင်ကို လှမ်းမြင်နိုင်တာကြောင့် ပြန်လှဲအိပ်ခိုင်းလိုက်ရပြီး တခြားအိပ်စရာအတွက် ဆိုဖာလည်း အခန်းထဲမှာ မရှိတာမို့ ကြမ်းပြင်မှာသာ ခေါင်းအုံးချပြီး လှဲအိပ်လိုက်ရလေသည်။

ရိုင်းလ် ထိုကောင်လေးကို ကြည့်ပြီး ကြိတ်ပြုံးလိုက်မိသွားကာ သူ့မှာသာ ထိုကဲ့သို့ အူယားစရာ ညီလေးတစ်ယောက်လောက် ရှိနေလို့ကတော့ ရင်ခွင်ထဲ အမြဲပွေ့ဖက်ထားရင်း ထိုင်ထိုင်မွနေမိမှာ အသေအချာပင်။ ဆွယ်တာအမည်းလေးနဲ့ နှင်းဖြူလုံးလေးက တကယ် ချစ်ဖို့ကောင်းသလို ရိုင်းလ်စေတန်ဆိုသည်မှာလည်း ငယ်စဉ်ကတည်းက သူ့ထက်အငယ် အမြဲလိုချင်ခဲ့ပါ၏။

မာမီသာ ရှိသေးရင် ရိုင်းလ် သူ့မာမီအား ညီလေးတစ်ယောက် အတင်းထပ်‌မွေးခိုင်းဦးမှာပင်။

.
.
.

တဖြည်းဖြည်းနဲ့ ညသန်းခေါင်ယံကို ကျော်လွန်လာခဲ့သလို အခန်းငယ်လေးထဲ၌လည်း ခေတ္တရာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီကို ကုတင်ပေါ်ကနေ ရိုင်းလ်တစ်ယောက် ဘေးတစောင်းလှဲနေရင်းကနေ ငေးကြည့်နေမိသည်။

အခုချိန်၌ ရိုင်းလ်စေတန် သူ့ဘဝသူ အဖြစ်ဆိုးလှပါပြီဟု ထိုကောင်လေးရှေ့ ပြောပြခဲ့မိတာကို ရှက်ဖွယ်အတိဟု ခံစားလိုက်မိခြင်းပင်။

ထိုကောင်လေး၏ လက်တွေကို နူးညံ့မှုမရှိလိုက်တာဟု သူ သတ်မှတ်ခဲ့သည်။ ထိုလက်တွေရဲ့နောက်ကွယ်မှာ ခေတ္တရာ အခုလို ပင်ပန်းခဲ့ရတယ်လို့တော့ ယောင်လို့တောင် မတွေးဖူးခဲ့သလို ခေတ္တရာက အစွမ်းရှိတဲ့ကလေးမို့ ဘယ်သူနှိပ်စက်တာမှ ခံရမှာမဟုတ်ဘဲ အေးအေးချမ်းချမ်း ကြီးပြင်းလာမှာဟုလည်း တွေးကြည့်မိနေကျပင်။ ဘားမှာတွေ့တုန်းကလည်း ခရိုနီသားဟု ထင်လိုက်မိသေးတဲ့အထိ သူ ဒီကောင်လေးအပေါ် မှားယွင်းစွာ သတ်မှတ်ခဲ့ဖူးတာတွေ အများကြီး ရှိခဲ့တယ်ဆိုတာ ဒီည သိလိုက်ရချိန်၌ သူ တစ်ခုခု ပြန်လုပ်ပေးချင်မိတဲ့အထိ စိတ်မကောင်းဖြစ်မိသွားခဲ့သည်။

ပုဂံ၏ ရာသီဥတုက ညဖက်တွေ၌ နှစ်ဆပိုအေးသည်။ သူတို့နှစ်ယောက်အတွက် စောင်က တစ်ထည်သာရှိသည်။ ထို့အတွက် ခေတ္တရာက သူ့ကိုသာ ခြုံခဲ့ပေးပြီး ကြမ်းပြင်အေးအေးကြီး၌ ကွေးကွေးလေး ခွေခေါက်အိပ်နေတာမို့ ရိုင်းလ် မကြည့်ရက်တော့တာကြောင့် လှမ်းနှိုးလိုက်ရသည်။

သူ ဒီညအတွင်းပင် ခေတ္တရာက အလွန်အအိပ်ဆက်တာကိုပါ ရိုင်းလ် သတိထားလိုက်မိသည်။

"ဘာလို့လဲ၊ နာနေတာ ရှိလို့လား၊ ငါ ဘာလုပ်ပေးရမလဲ"

သူ့ကုတင်နား အမြန်တိုးကပ်လာသည့် ရေးအား ရိုင်းလ် သူ့ဘေးလာဝင်အိပ်ဖို့ အချက်ပြလိုက်ပြီး စောင်ကို ဟပေးလိုက်စဉ် ရေး သူ့ဘေးက သေနတ်ကို ဖျတ်ခနဲ လှမ်းဆွဲလိုက်တာကြောင့် ရိုင်းလ် အလန့်တကြား ဖြစ်သွားရသည်။

"သေနတ်ကြီး ဘာလုပ်ဝာာလဲ၊ ကြမ်းပြင်က အေးလို့ ငါ့ဘေးလာဝင်အိပ်ဖို့ ပြောတာပါ"

"ဟုတ်လို့လား၊ ဟေး. . .ကျေးဇူးကြွေးကို ဆပ်မယ့်နည်း ညှိပြီးပြီနော်။ မင်းလူတွေပဲ ရှိတယ်ဆိုပြီး ငါ့ကို မဟုတ်ကဟုတ်က လုပ်မယ် ကြံလို့ကတော့"

ရိုင်းလ် အလွန်စိတ်လေသွားရကာ ခုန သနားကရုဏာသက်ဝင်နေတဲ့စိတ်တွေပင် ပြန်ပျောက်သွားရပြီ။

"ဘယ်နှယ့်ကွာ မင်း ငါ့ကို နှာဘူးလို့ ထင်နေတာတော့ နည်းနည်းလျှော့သင့်နေပြီနော်။ ငါ ကောင်လေးတွေနဲ့ အိပ်ခဲ့ဖူးတယ်ဆိုပေမယ့် နှစ်ဦးသဘောတူတွေပါကွ။ အားနေမျက်စိကစားပြီး ပါးစပ်ကနေ ဖွံလိုက်ကြောင်နေတဲ့ ကောင်မျိုး မဟုတ်ဘူး"

ရေး သူလက်ထဲက သေနတ်ကို အမြန်ပြန်ချထားလိုက်ရကာ ကပြားကောင် ချမ်းနေတာလား အတွေးကြောင့် ဝင်အိပ်ပေးလိုက်ရတော့သည်။ ရေးတစ်ယောက် မာန်ပြောထားသည့် ကပြားကောင်အကြောင်းက ခေါင်းထဲဝင်ဝင်လာတာမို့ ခုလို လန့်လန့်သွားရခြင်းပင်။ ရေး အဲ့ကောင်နဲ့ဆို သူချည်းပဲ ခံခံလိုက်ရတာမို့ ထိုကောင့်ကို မကြောက်ပေမယ့် အနည်းငယ်တော့ ရှိန်နေမိသည်။

သူ့ဘေး လှဲအိပ်ချလာသည့် ခေတ္တရာအား ရိုင်းလ် သူ့ရင်ခွင်ထဲ ခပ်သွက်သွက် ဆွဲသွင်းလိုက်တာကြောင့် ထိုကောင်လေးက သူ့အား ဖျတ်ခနဲ မော့ကြည့်လာပြန်သည်။

"အဲ့အကြည့်က ဘာလဲ၊ ငါ မင်းကို နှစ်ယောက်ထဲ ပိတ်မိနေရင်ဝောာင် မဘူးပါဘူးလို့ ပြောထားတယ်မလား။ အခုက ဒီအတိုင်း ချမ်းလို့ ဖက်အိပ်တာ"

ရေး သူ့အား မထိချင်စရာကောင်းသလိုမျိုး ပြောဆိုနေပြီး ထိထိမိမိ ဖက်တွယ်ထားတဲ့အပြင် ခွပါ အိပ်နေတဲ့ ကပြားကောင်ကို ဒဏ်ရာရထားတဲ့သူမို့သာ စိတ်လျှော့လိုက်ရသည်။

"မင်း ဒီလောက်ပွေနေပြီး အတည်မရသေးတာ အံ့ဩစရာမရှိတော့ဘူး။ အချိုးက တစ်စက်မှမှ မပြေတာ"

"အော်ဟော!! ငါ မင်းထက်ကြီးတယ်၊ ရိုရိုသေသေပြော။ လုပ်၊ ကိုကိုလို့ခေါ်ကြည့်"

ရေး မျက်လုံးသာ လှန်ပြလိုက်ရင်း-

"စိတ်ကူးယဉ်မနေနဲ့ ဘဲကြီး၊ ကိုကိုဆိုတာက ငါ့ရဲ့ ဒေါက်တာကိုကိုအတွက်ပဲ သီးသန့်ထားထားတဲ့ နာမ်စားလေး"

ရိုင်းလ် ကြိတ်ရယ်ရမှာတောင် အားနာသွားရပေမယ့် ထိုကောင်လေးကို တင်းကျပ်စွာ ဖြစ်ညှစ်ဖက်ထားရင်း တဟားဟားနဲ့ပင် အော်ရယ်နေမိတာကြောင့် ရေး သူပြောတာကို လှောင်ပြောင်နေသည့် ကပြားကောင်၏ လက်မောင်းကို ကိုက်ချလိုက်မိတော့သည်။

"အ့. . .ငါ့ဒဏ်ရာ ပြန်ပွင့်ကုန်မယ်လေကွာ"

"ဒါဆို ငြိမ်ငြိမ်အိပ်လေ၊ လူကို သေမလိုဖက်နေပြီး လှောင်နေစရာလား။ ပြောကြည့်၊ မင်း ခွန်းကို ကြိုက်နေတာမလား"

". . . ."

ရိုင်းလ် ထိုမေးခွန်းအတွက် အဖြေမရှိတာကို သူ့ကိုယ်သူ အံ့ဩသွားမိသည်။

"ငါနဲ့ ခွန်းက တစ်ချိန်က အရင်းနှီးဆုံးတွေ ဖြစ်ခဲ့ဖူးပါတယ်။ သူက ငါ့ဆီမှာ မရှိတဲ့အရာတော်တော်များများကို ပိုင်ဆိုင်ထားရလို့ အားကျဖူးတယ်။ ငါလည်း သူ့လိုမျိုး တစ်ခါလောက် အချစ်ခံရချင်တယ်။ သူ့ကို ငါ့သူငယ်ချင်းနှစ်ယောက်လုံးက ရူးမတတ်ချစ်တာလေ၊ ကြည့်ရတာ မင်းလည်း သူ့ကို တော်တော်ချစ်တဲ့ပုံပါပဲ"

ရိုင်းလ် ထိုကောင်လေး ကိုယ်ပေါ်ပါ စောင်လွှမ်းပေးလိုက်ရသည်။ ထို့နောက် နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကို ခပ်ဖွဖွ သပ်တင်ပေးလိုက်ရင်း ထိုကောင်လေး၏ တခြားနေရာကိုနမ်းမိရင် တစ်မျိုးထင်မှာကြောက်လို့ ဆံစများပေါ်သာ နှာဖျားလေးအပ်ပြီး နမ်းရှိုက်လိုက်လေ၏။

ရေး တစ်ကိုယ်လုံး တောင့်သွားရပြန်ကာ ထိုကောင့်၏ ဗလာကျင်းအပေါ်ပိုင်းကို တွန်းထုတ်ဖို့ ပြင်လိုက်သော်ငြား ဒဏ်ရာရှိနေလို့ စိတ်ထပ်လျှော့ရပေမယ့် သိပ်တော့ကြည်မနေတော့။ သူ ကုတင်ပေါ် တက်အိပ်မိတာ မှားပြီထင်တယ်။

"ကိုယ် ရှိတယ်လေ။ ဒီကိုကိုက မင်းကို အခုကစပြီး အများကြီး ချစ်ပေးမှာပါ။ ကိုယ်နေတဲ့နိုင်ငံမှာဆိုရင် တွေ့တာနဲ့ တစ်ယောက်နဲ့တစ်ယောက် နမ်းပြီး ပွေ့ဖက်နှုတ်ဆက်နေကျ။ ကိုယ်တို့ဆီမှာဆို နမ်းတာက ရင်းနှီးမှုကို ပြချင်တဲ့ သဘောမျိုးပဲ။ ကိုယ် မင်းနဲ့ အခုထက်ပိုပြီး ရင်းနှီးချင်တယ်။ မင်း ကိုယ့်ကို သံယောဇဉ်တွယ်သွားရမှာ မကြောက်ပါနဲ့။ မင်းသာ ကိုယ့်ကို ဒီမှာပဲ နေစေချင်တယ်ဆိုရင် ကိုယ် ဒီမှာပဲ အပြီးပြန်နေမှာပါ"

ထိုကောင်လေးက သူ့အား ပြန်သိုင်းဖက်လာပြီး မငိုမိအောင် ထိန်းချုပ်နေပုံရသည်။

နှစ်တွေအကြာကြီး ဒီကောင်လေးတစ်ယောက်တည်း ပင်ပန်းပြီး အထီးကျန်ခဲ့ရမှာကို စိတ်မကောင်းဖြစ်မိပေမယ့် အတိတ်က ကိစ္စတွေကို ရိုင်းလ် ဘာမှပြန်မလုပ်ပေးနိုင်တော့။

"အခုကစပြီး ကိုကို မင်းကို အဖေလို ကာကွယ်ပေးပြီး အမေလို နွေးထွေးတဲ့မေတ္တာတွေ ပေးမယ်။ အစ်ကိုလိုလည်း အများကြီး အဖော်ပြုပေးမှာမို့ အားမငယ်နဲ့တော့နော်။ အိုက်ယား. . .မငိုပါနဲ့"

ချော့လိုက်ကာမှ စငိုလာပြီမို့ ရိုင်းလ်တစ်ယောက် စိတ်ရှည်ရှည်နဲ့ ချော့ခဲ့ရရင်း ပြောပြချင်မိတာ တစ်ခုရှိသည်။ ထိုအရာက ရိုင်းလ် သူ့အိပ်ရာဖော်တွေကိုတောင် ငိုနေလည်း ပစ်ထားခဲ့တဲ့အထိ စိတ်မရှည်တတ်ပါကြောင်းကိုပင်။

". . . ."

"ရေး" "အစ်ကို"

အပြင်က ခေါ်သံကြောင့် ရေးရော ရိုင်းလ်ပါ ခွန်း ဘယ်လိုလုပ်ရောက်လာသလဲ အံ့ဩသွားခဲ့သည်။

ဆက်ခွန်းသစ်ကို မြင်ဖူးနေကျမို့ ထိုနောက်လိုက်တွေက သခင်လေးရှိရာ အခန်းကို ညွှန်ပြလိုက်တာကြောင့် အခန်းထဲပြေးဝင်လာခဲ့စဉ် အကြည်စိုက်နေကြသည့် မြင်ကွင်းကို ထိပ်တိုက်တွေ့လိုက်ကြရသည်။

"ခွေးကောင် မင်းကများ ငါ့အစ်ကိုကို ထိခိုက်အောင်လုပ်သေးတဲ့အပြင် ငါ့အစ်ကို ကုတင်ပေါ်တက်ဖို့ ကြံရဲသေးတယ်"

ဆက်ခွန်းသစ် အလွန်အမင်း ဒေါသထွက်နေတာကြောင့် ရေးကို ကုတင်ပေါ်က ဆွဲထုတ်လိုက်ပြီး ပိတ်ထိုးဖို့ ကြိုးစားလိုက်ပေမယ့် ရေးက သူ့ထက်တောင် လက်မြန်တဲ့သူမို့ သူသာ ခွက်ခနဲ အထိုးခံလိုက်ရတာဆိုတာ ကြယ်တွေလတွေပင် မြင်လိုက်ရတဲ့အထိ။

သျှိုင်းစက်မာန် ထိုနှစ်ယောက်ကို အခုလို ထိန်းနေရတာ အကျင့်ဖြစ်နေပြီမို့ ရေးကို အမြန်တားလိုက်ရစဉ် ဆက်ခွန်းသစ်ကတော့ အဝတ်မပါသည့် သူ့အစ်ကို၏ ကျောက ဒဏ်ရာကို သေချာမြင်လိုက်ရလို့ လန့်ဖျပ်သွားသည့်အပြင် ရေး၏ ထိုးချက်ကြောင့် နာကျင်သွားရကြောင်း တိုင်ချင်လို့ သူ့အစ်ကိုရင်ခွင်ထဲ ပြေးဝင်သွားတာမို့ သျှိုင်းစက်မာန် တင်းသွားခဲ့သည်။

ရိုင်းလ်တစ်‌ယောက် ဆွဲခွာလို့မရလောက်အောင် တင်းကျပ်စွာ သိုင်းဖက်လာတဲ့ ခွန်းကြောင့်-

"ကိုယ် ဒီမှာရှိမှန်း ဘယ်လိုသိတာလဲ"

"အန်ကယ် ရုတ်တရက်ကြီး ဖုန်းဆက်လာတာ၊ အစ်ကို သေနတ်မှန်သွားတာမို့ အမြန်လိုက်သွားပါဆိုလို့ မာန့်ကို အကူအညီတောင်းပြီး မနည်းရှာခဲ့ရတာ သိလား။ ကျွန်တော် ဒီဒဏ်ရာကို သေချာဂရုစိုက်ပေးမှာမို့ အခု ဟိုတယ်ပြန်ကြမယ်နော်"

ဦးရဲဝဏ္ဏ ခွန်းကို ပြန်ဆက်သွယ်ခဲ့ပြီး ရိုင်းလ်ကို သေချာဂရုစိုက်ပေးဖို့ အကူအညီ ပြန်တောင်းခဲ့ရတာပင်။ သူ့မိန်းမ ရိုင်းလ်ကို ဘယ်လောက်ချစ်လဲ သိတာမို့ ရိုင်းလ်ကို သေချာပြုစုပေးဖို့ ထိုကောင်လေးကိုပဲ သေချာမှာလိုက်ရသည်။

ဆက်ခွန်းသစ် သူ့လုပ်ရပ်ကြောင့်များ အစ်ကို ထိခိုက်သွားရတာလား တွေးမိလိုက်တာမို့ အန်ကယ့်ကို သူ ပြောတာကို‌တော့ ပြန်မပြောဖို့ တောင်းဆိုခဲ့ရပြီး ရိုင်းလ်ကို မာန့်အကူအညီနဲ့ လိုက်ရှာနေခဲ့ခြင်းပင်။

"ဟက်၊ မင်းညီရောက်လာပြီဆိုတော့ ငါ သွားတော့မယ်။ ဒါဆို ငါ ဒီညပဲ ရန်ကုန်က ပြန်ထွက်လိုက်တော့မယ်။ တော်ကြာ ငါ ပုဂံထဲမှာ ပိတ်မိသွားဦးမယ်"

ရေး ကြာပန်းဖြူကောင်နဲ့ နောက်နာရီဝက်လောက် တူတူရှိရမယ်ဆိုရင်လည်း ဒေါသထွက်သေလောက်နိုင်တာမို့ မာန့်အား-

"မင်း ငါနဲ့ တစ်ခါထဲ လိုက်မှာလား၊ နေခဲ့ဦးမှာလား"

"ငါ ခွန်းပြန်မှ ပြန်မှာ"

သျှိုင်းစက်မာန်၏ မျက်လုံးတွေက ကပြားကောင်အား စူးရဲခက်ထန်စွာ စိုက်ကြည့်နေတာမို့ ရေး သူ့သူငယ်ချင်းကိုပါ ပါလာအောင် ဆွဲထုတ်ခဲ့ရသည်။

"ခွန်း ခဏလွှတ်ဦး"

ရိုင်းလ် ခွန်းလက်ကို အမြန်ဆွဲဖြုတ်လိုက်ရပြီး အခန်းပြင်ရောက်သွားပြီဖြစ်တဲ့ ခေတ္တရာတို့နောက်ကို လိုက်လာခဲ့ရပြီး ဖမ်းဆွဲထားလိုက်မိသည်။

"ကိုယ့်လူတွေ မင်းတို့နှစ်ယောက်ကို ရန်ကုန်ထိ ပြန်ပို့ပေးလိမ့်မယ်။ မင်းသူငယ်ချင်းပါတယ်ဆိုတော့ စိတ်ချလိုက်မယ်နော်။ ကိုယ်ကတော့ အန်တီ့ကို တွေ့ပြီးမှပဲ ပြန်လာခဲ့မယ်။ မဟုတ်ရင် အန်တီ စိတ်ပူပြီး ကျန်နေခဲ့ရမှာ"

သျှိုင်းစက်မာန် အဝတ်ဗလာဘဲကြီးအား ခွန်းနဲ့ ထားခဲ့ရမှာကို မြူမှုန်တစ်မှုန်လောက်တောင် စိတ်မချနိုင်ဖြစ်နေ‌သလို ခွန်းဆီကနေ ရေးမိဘတွေအကြောင်းလည်း ကြားခဲ့ရတာမို့ ရေးကို တစ်ယောက်တည်း လွှတ်လိုက်ရမှာ စိတ်မဖြောင့်တာမို့သာ သူပါ ပြန်လိုက်ခဲ့ရခြင်းဖြစ်သည်။

သူ့အတွက် ရေး ထိခိုက်သွားလို့မဖြစ်သေးပေ။ သျှိုင်းစက်မာန် ရေးအား ထိုဘဲလက်ထဲ ထည့်ပေးလို့မှ မရရင် ထိုဘဲ ကြွသွားအောင်လုပ်ဖို့ ရေးကိုပဲ ကျိန်စာတိုက်ခိုင်းချင်တာမို့ သူ့အတွက် ရေးက အဖိုးတန်ဖြစ်နေဆဲပါပင်။

ဆက်ခွန်းသစ် အခန်းနံရံကို မှီပြီး သူ့အစ်ကို ကားထွက်သွားတာတောင် လိုက်ကြည့်နေဆဲ မြင်ကွင်းကို စိတ်ပျက်စွာ စောင့်ကြည့်နေခဲ့သည်။ သူ့အစ်ကိုက အဲ့ကောင်ကို သနားနေတာ ထင်ပါရဲ့။

ရေးကို သူ့အစ်ကို အခုလို စိတ်ပူနေတဲ့မြင်ကွင်းက သလွန်းလွင်ပြင် ရေးအ‌ကြောင်း မသိခင်က အဲ့ကောင် ရေးအပေါ် လုပ်ခဲ့ဖူးတာတွေနဲ့ တစ်ထပ်တည်းပဲမို့ ဆက်ခွန်းသစ် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ရင်း သူ့အစ်ကိုကိုတော့ ရေးခေတ္တရာလက်ထဲ လုံးဝ ထပ်အပါမခံနိုင်တာမို့ ရိုင်းလ်ကို သူပဲ အရင်ဦးအောင် အပိုင်ကြံဖို့ ဆုံးဖြတ်လိုက်ပေပြီ။

ထို့အတွက် ရန်ကုန်ပြန်ရောက်ရင် ဆက်ခွန်းသစ် ရိုင်းလ်၏ တိုက်ခန်းမှာသာ သွားပြောင်းနေဖို့ပါ ဆုံးဖြတ်လိုက်တော့သည်။ 

-------------------

ဒေါ်ခတ္တာလင်း သူ တခါတလေ လာဖြစ်သည့် ဆရာ့ထံသို့ ဒီနေ့လယ်ဖက်၌ ရောက်ရှိနေပြန်သည်။

ဒီတစ်ခါ သူ့၏ သားအရင်းကိုလည်း ရှာတွေ့ခဲ့ပြီဖြစ်သလို သားအရင်းနီးနီး ချစ်ရသည့် သားတစ်ယောက်ကလည်း သူမ သူငယ်ချင်းနဲ့ ကတိထားခဲ့ဖူးတဲ့အတိုင်း သမီးလေးမမွေးဖွားလာခဲ့ပေမယ့် ထိုသူငယ်ချင်း၏သားက ကောင်လေးတွေကိုသာ စိတ်ဝင်စားသည်ကို သိထားတာကြောင့် ရောက်ရှိလာမိခြင်းဖြစ်သည်။ သူမသားကရော ဘယ်လိုမျိုးကို သဘောကျလဲ မသိသော်ငြား မနေ့က ဟန်ဆောင်နေကြမှန်းသိတာတောင် ရိုင်းလ်အပေါ်တော့ တွယ်တာသားဟု မြင်မိခဲ့သည်။

"ဒီကလေးနှစ်ယောက်ရဲ့ ဇာတာကို ကြည့်ပေးပါဦး ဆရာ"

ထိုဆရာ ရေး၏ မွေးနေ့သက္ကရာဇ်ကို တွက်ချက်လိုက်ပြီးတာနဲ့တင်-

"သားအရင်းလား"

"ဟုတ်ပါတယ်"

"ဒီကောင်လေးက ကြောက်စရာပဲ။ ဖူးစာဖက်ကိုတောင် သတ်ပစ်မယ့် ဇာတာမျိုးပဲ။ ထောင်နှုတ်ခမ်းဝ ရောက်နေတာကို သတိထားပါ။ ပြီးတော့ ဒီတစ်ယောက်ရဲ့ ဇာတာက တော်တော်ရှာပါးတဲ့ ဇာတာရှင်ပဲ"

ဒေါ်ခတ္တာလင်း သူ့သား ထိုကဲ့သို့ လုပ်မှာကို ကြောက်မိသလို ထိုကဲ့သို့ လုပ်လိုက်ရင် သူ့သား ကျိန်စာတွေ ပျောက်ပျက်သွားမှာကို သိနေတာကြောင့် ပျော်ရမလို ငိုရမလို။

"ဒီတစ်ယောက်မှာက အစောင့်အရှောက်တွေ ရှိနေတာမို့ သူ့လိုလူမျိုးကို အောက်လမ်းနဲ့တောင် ပြုစားလို့မရတဲ့အထိ ဇာတာရှင်မျိုးပဲ"

ရိုင်းလ်၏ ကံကောင်းမှုကို ကြားလိုက်ရတာကြောင့် ဝမ်းသာသွားရသလို ‌ဒီနှစ်‌ယောက်က ဖူးစာဖက် ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းဖို့က တစ်မျိုးဖြစ်နေသော်ငြား အရဲစွန့်မေးကြည့်လိုက်မိသည်။

"ဒါကတော့ ကြိုမမြင်နိုင်ပေမယ့် ဒီနှစ်ယောက်က တူတူရှိနေလို့ရတဲ့ ကံကြမ္မာမျိုးပဲ။ ဒီသားအရင်းကိုသာ သတိထားပါ။ သူ့ကြောင့် အများကြီး သေကြေပျက်စီးကြမှာကို မြင်နေရတယ်"

ဒေါ်ခတ္တာလင်း သက်ပြင်းသာချလိုက်ရင်း သူ့သား လူတွေ ဘယ်လောက်တောင် သတ်လာဖူးသလဲ၊ ဖူးစာဖက်ကို မသတ်မိခင်အထိရော လူတွေ ဘယ်လောက်ထိ ထပ်သတ်ဦးမှာလဲဆိုတာအား တကယ် စိုးရိမ်မိသွားလေသည်။

__________________________________________

[Zawgyi]

ညသန္းေခါင္ယံနား ကပ္ေနၿပီမို႔ ၿခံဝင္း၏ အျပင္ဖက္၌ ေခြးအူသံေတြ ဆြဲဆြဲငင္ငင္ ၾကားေနရသည္။

ထိုအခ်ိန္၌ စံအိမ္ႀကီးထဲမွ တြဲထြက္လာေသာ လူႏွစ္ေယာက္ကို ကားေပၚ၌ သူတို႔သခင္ေလး အခ်က္ျပမွာကို ေစာင့္ေနေသာ လူတစ္စုျမင္လိုက္ရတာေၾကာင့္ အျမန္ေျပးလာခဲ့ၾကသည္။

"သခင္ေလး ထိခိုက္မိသြားခဲ့တာလား"

ေရး ေခါင္းညိတ္ျပလိုက္ရကာ ထိုလူေတြအား ရိုင္းလ္ ေသနတ္မွန္ထားသည့္အတြက္ နီးစပ္ရာေဆး႐ုံကို ေမာင္းပို႔ေပးဖို႔ ေျပာလိုက္မိသည္။

ဆြဲတံခါးကို ပိတ္လိုက္ကာ ကားေနာက္ခန္းထဲ ဝင္လိုက္ၿပီးတာနဲ႕ ရိုင္းလ္ သူ႕လူေတြအား-

"ငါ့ဒဏ္ရာက မျပင္းဘူး၊ ေဆး႐ုံမသြားနဲ႕၊ ငါ ခဏနားလို႔ရမယ့္ေနရာကိုပဲ ပို႔ေပး"

"မရဘူးေလ၊ မင္းမွာ ေသနတ္ဒဏ္ရာရွိေနတာကို"

ေရး ထပ္ဝင္ေျပာေပမယ့္ ထိုလူေတြက သူ႕ဆရာစကားကိုသာ နားေထာင္ၾကကာ သူတို႔နားေနသည့္ အိမ္ငယ္ေလးဆီ ေမာင္းပို႔ေပးမည္ဟု ဆိုလာရင္း ထိုစံအိမ္ေရွ႕မွ ထြက္လာခဲ့ၾကသည္။

"ကိုယ္ ေသေလာက္မယ့္အထိ မထိခိုက္သြားတာမို႔ စိတ္မပူနဲ႕‌ေနာ္။ မင္း အဲ့ေဆးေသတၱာထဲက ဂြမ္းနဲ႕ အရက္ျပန္ယူၿပီး ကိုယ္ေျပာတဲ့အတိုင္းပဲ လုပ္ေပးရင္ ရၿပီ"

"အင္း အင္း"

ေရး ကျပားေကာင္ ၫႊန္ျပတဲ့ ေဆးေသတၱာကို အျမန္ဆြဲယူလိုက္ၿပီး ေျပာသည့္အတိုင္းသာ အျမန္လိုက္လုပ္ေပးရတာမို႔ ကျပားေကာင္၏ က်ည္မွန္ထားေသာ ေက်ာကဒဏ္ရာကို ျမင္ရဖို႔အတြက္ ကျပားေကာင္၏ တီရွပ္ကို အျမန္ဆြဲခြၽတ္လိုက္ရသည္။

ရိုင္းလ္၏ လူေတြက ငါးေယာက္ပါတာမို႔ ေရွ႕ခန္း၌ ႏွစ္ေယာက္၊ အလယ္ထိုင္ခုံ၌ သူတို႔ႏွစ္ေယာက္ရွိၿပီး ေနာက္ဆုံးခုံ၌ ရိုင္းလ္၏ လူသုံးေယာက္ရွိကာ သူတို႔ေနာက္ လူလိုက္လာမလာကို ထိုလူေတြ တစ္လမ္းလုံး ေစာင့္ၾကည့္ေနခဲ့ၾကရသည္။

"ဟုတ္ၿပီ၊ အဲ့ဒဏ္ရာေတြေပၚ ေရသန့္ဘူးထဲက ေရနဲ႕ေလာင္းလိုက္။ ၿပီးရင္ ဂြမ္းကို အရက္ျပန္ဆြတ္ၿပီး အဲ့ဒဏ္ရာနားက ေသြးေတြေျပာင္တဲ့အထိ သန႔္ရွင္းေပး"

ေရး ထိုကဲ့သို႔ ေရွးဦးျပဳစုနည္းေတြ မလုပ္ခဲ့ဖူးတဲ့အျပင္ ကျပားေကာင္က သူ႕ေၾကာင့္ ထိုမွ်ေလာက္ ျဖစ္သြားခဲ့ရတာမို႔ ကား‌ေရွ႕ထိုင္ခုံ၏ ေနာက္ေက်ာကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားရင္း နဖူးေပၚ၌ ေခြၽးစက္ေတြပင္ သီးေနတဲ့အထိ နာက်င္မႈကို ႀကိတ္ခံေနေသာ ရိုင္းလ္ကို စိတ္မေကာင္းစြာ ၾကည့္လိုက္မိၿပီး ထိုဒဏ္ရာေတြကို သူပဲ ယူလိုက္ခ်င္လာမိသည္။

"ၿပီးေတာ့ေရာ ဘာဆက္လုပ္ေပးရမွာလဲ"

ကျပားေကာင္ ေျပာသည့္အတိုင္း ‌ေသြးထြက္မလြန္ေအာင္အတြက္ အဝတ္စနဲ႕အတူ ဒဏ္ရာကို အရင္ဖိထားေပးရသည္။ က်ည္ဆံက အထဲေဖာက္မဝင္သြားတာေၾကာင့္သာ ေတာ္ေသးတယ္ဆိုရမည္ဆိုေသာ္ျငား ဒဏ္ရာကေန ေသြးေတြေတာက္ေလွ်ာက္ထြက္ေနေသးတာေၾကာင့္ ထိုအိမ္ထဲမေရာက္ခင္အထိ ပတ္တီးကို က်ပ္ေနေအာင္ စည္းထားေပးခဲ့ရသည္။

ေရး အခုခ်ိန္၌ ထိုေကာင္ ဆရာဝန္ျဖစ္ေနတာကို အလြန္ေက်းဇူးတင္မိသြားခဲ့ေလသည္။

သူတို႔ေရာက္ရွိလာခဲ့သည့္ ထ္ိုလူ‌ေတြ နားေနသည့္အိမ္က ခပ္က်ဥ္းက်ဥ္းေလးပင္။

"စိတ္မပူပါနဲ႕၊ သခင္ေလးက အခုလို ခဏခဏ ေသနတ္မွန္ေနက်မိဳ႕ ဒီတစ္ေခါက္က သိပ္ေတာင္ မျပင္းပါဘူး"

အိပ္ရာေပၚ ျဖည္းညွင္းစြာ ေမွာက္ရက္လွဲခ်သြားၿပီျဖစ္တဲ့ ကျပားေကာင္ကို သူ႕လူေတြသာ ရိုင္းလ္ ေျပာတာေတြကို အျမန္ဆက္လုပ္ေပးေနတာမို႔ ေရး ေနာက္ဆုတ္ေနေပးလိုက္ရေတာ့သည္။

"စိတ္ခ်ရပါၿပီ၊ ကြၽန္ေတာ္တို႔ အခန္းျပင္မွာ ရွိေနမွာမို႔ အျပင္က အႏၲရာယ္ေတြကို လုံးဝမစိုးရိမ္ဘဲ ဒီက ညီေလးလည္း အနားယူလိုက္ပါဦး"

ထိုလူေတြထြက္သြားခ်ိန္၌ ေရး ကုတင္ေပၚ လာဝင္ထိုင္လိုက္ရသည္။

ကားေပၚ၌ ထိုေကာင့္တီရွပ္ကို အလြယ္တကူ ခြၽတ္မရခဲ့လို႔ ေရး ဆြဲၿဖဲခဲ့လိုက္မိသည္။ ထို႔အတြက္ အေပၚပိုင္းဗလာျဖစ္ေနဆဲ ပတ္တီးသိုင္းစည္းခံထားရသည့္ ေက်ာျပင္က်ယ္ႀကီးေပၚမွ ဒဏ္ရာေနရာကို ေရး ခပ္ဖြဖြ ပြတ္ၾကည့္လိုက္မိကာ-

"ငါ ဘာလုပ္ေပးရဦးမလဲ"

ရိုင္းလ္ ေမွာက္အိပ္ေနရာကေန ျဖည္းျဖည္းခ်င္း ထထိုင္လာရသည္။ ေခတၱရာက ရန္ျဖစ္ေနက် မဟုတ္တဲ့သူလိုပင္ သူ႕အား အလြန္စိတ္ပူေနပုံရတာမို႔-

"ငါ ဒီလိုျဖစ္ေနက်မိဳ႕ စိတ္မပူပါနဲ႕ဆို။ လန္ဒန္မွာက ေသနတ္ကို လိုင္စင္နဲ႕ တရားဝင္ကိုင္လို႔ရတယ္ေလ။ အဲ့ဒါေၾကာင့္ ဒီလိုဒဏ္ရာေတြက အေသးအမႊားေလးေတြပဲ။ ငါ တကယ္. . .တကယ္ မင္းတို႔သားအမိကို ေတြ႕ေပးခ်င္တဲ့ဆႏၵ တအားေလာသြားတာနဲ႕ က်န္တဲ့ကိစၥေတြကို ေသခ်ာမစီစဥ္ခဲ့သလို ျဖစ္သြားလို႔ ငါ မင္းကို ဒီေလာက္အႏၲရာယ္မ်ားတဲ့ေနရာထဲ အတင္းေခၚသြင္းခဲ့သလို ျဖစ္သြားခဲ့တာ။ ငါ မင္းကိုေရာ အန္တီ့ကိုပါ မ်က္ႏွာ ထပ္မျပရဲေတာ့ဘူး"

"ဒါေပမဲ့ အနည္းဆုံးေတာ့ မင္း ေက်းဇူးေၾကာင့္ ငါ့အေဖရဲ႕ စိတ္ရင္းအမွန္ကို ဒီညျမင္ခဲ့ရတယ္ေလ။ ငါ ပါးကို ငယ္ငယ္ကတည္းက အရိုးထဲကေန မုန္းၿပီး ေၾကာက္လန႔္ေနခဲ့မိတာက အခု တကယ္စိတ္သက္သာရာရသြားခဲ့တာ။ ဘာပဲျဖစ္ျဖစ္ ငါ မင္းအေပၚ ေက်းဇူးေႂကြးတင္သြားၿပီ"

". . . ."

အခု သူ႕အေဖဆီက လြတ္လာခဲ့ေပမယ့္ သူ႕အေၾကာင္းကို ေဆြေတာ္မ်ိဳးေတာ္ေတြ သိသြားနိုင္မလား မသိတာမို႔ ေရး ဒီနယ္ေျမက အျမန္ဆုံးျပန္ထြက္ရေတာ့မည္။ အခုညေတာင္ ကျပားေကာင္ကို စိတ္မခ်လိဳ႕ သူ မထြက္နိုင္ေသးျခင္းပင္။

"‌ငါ မနက္က်ရင္ ရန္ကုန္ျပန္ေတာ့မယ္။ ငါ တတ္နိုင္သေလာက္ ဒီေက်းဇူးကို ျပန္ဆပ္မွာမို႔ မင္းကို ငါ့ဘားမွာ တစ္သက္စာ အလကားေသာက္ခြင့္စားခြင့္ေပးမယ္ေလ"

"ဟက္၊ ငါ့ကိုမ်ား အရက္သမားထင္ေနတာလား"

"အင္း၊ မင္းက ညစာစားတာေတာင္ ဘားထဲဝင္စားေနေသးတာပဲကို။ ငါ မင္းအတြက္ အဲ့အခန္းကို ေဆးခန္းဖြင့္ဖို႔ မေပးနိုင္တာကိုေတာ့ နားလည္ေပးမယ္မလား"

ေရး ကုတင္ေပၚက ျပန္ထရပ္လိုက္ေတာ့သည္။

"ျပန္လွဲလိုက္ဦး၊ ကုတင္က က်ဥ္းေတာ့ မင္း သက္ေတာင့္သက္သာ အိပ္လို႔ရေအာင္ ငါ ဒီေအာက္မွာ အိပ္ေပးမယ္။ တစ္ခုခုဆို အားမနာဘဲ ႏွိုး။ ဒါနဲ႕ အကၤ်ီ ျပန္ဝတ္မလား၊ မင္းလူေတြမွာ အသစ္တစ္ထည္ေလာက္ေတာ့ ရွိမွာပါ"

"နိုး၊ ငါ ဒီအတိုင္းပဲ အိပ္ေတာ့မယ္။ မင္း ၾကည့္ရဲတယ္မလား. .အ့"

သူ႕ေပၚ ေစာင္ပစ္တင္လာတာမို႔ ဒဏ္ရာအရွိန္ေၾကာင့္ ရိုင္းလ္ခမ်ာ သိပ္အထိမခံနိုင္ေသးေပ။

"တစ္ကိုယ္လုံး ခြၽတ္အိပ္မယ္ဆိုရင္ေတာင္ ၾကည့္ရဲတယ္။ လာေျခာက္မေနနဲ႕"

ကုတင္က အျမင့္ႀကီး မဟုတ္ေပ။ ထို႔အတြက္ ေရး ကုတင္ေအာက္မွာ ဆင္းအိပ္ေပးမယ္ဆိုရင္ေတာင္ ကျပားေကာင္ကို လွမ္းျမင္နိုင္တာေၾကာင့္ ျပန္လွဲအိပ္ခိုင္းလိုက္ရၿပီး တျခားအိပ္စရာအတြက္ ဆိုဖာလည္း အခန္းထဲမွာ မရွိတာမို႔ ၾကမ္းျပင္မွာသာ ေခါင္းအုံးခ်ၿပီး လွဲအိပ္လိုက္ရေလသည္။

ရိုင္းလ္ ထိုေကာင္ေလးကို ၾကည့္ၿပီး ႀကိတ္ၿပဳံးလိုက္မိသြားကာ သူ႕မွာသာ ထိုကဲ့သို႔ အူယားစရာ ညီေလးတစ္ေယာက္ေလာက္ ရွိေနလို႔ကေတာ့ ရင္ခြင္ထဲ အၿမဲေပြ႕ဖက္ထားရင္း ထိုင္ထိုင္မြေနမိမွာ အေသအခ်ာပင္။ ဆြယ္တာအမည္းေလးနဲ႕ ႏွင္းျဖဴလုံးေလးက တကယ္ ခ်စ္ဖို႔ေကာင္းသလို ရိုင္းလ္ေစတန္ဆိုသည္မွာလည္း ငယ္စဥ္ကတည္းက သူ႕ထက္အငယ္ အၿမဲလိုခ်င္ခဲ့ပါ၏။

မာမီသာ ရွိေသးရင္ ရိုင္းလ္ သူ႕မာမီအား ညီေလးတစ္ေယာက္ အတင္းထပ္‌ေမြးခိုင္းဦးမွာပင္။

.
.
.

တျဖည္းျဖည္းနဲ႕ ညသန္းေခါင္ယံကို ေက်ာ္လြန္လာခဲ့သလို အခန္းငယ္ေလးထဲ၌လည္း ေခတၱရာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနၿပီကို ကုတင္ေပၚကေန ရိုင္းလ္တစ္ေယာက္ ေဘးတေစာင္းလွဲေနရင္းကေန ေငးၾကည့္ေနမိသည္။

အခုခ်ိန္၌ ရိုင္းလ္ေစတန္ သူ႕ဘဝသူ အျဖစ္ဆိုးလွပါၿပီဟု ထိုေကာင္ေလးေရွ႕ ေျပာျပခဲ့မိတာကို ရွက္ဖြယ္အတိဟု ခံစားလိုက္မိျခင္းပင္။

ထိုေကာင္ေလး၏ လက္ေတြကို ႏူးညံ့မႈမရွိလိုက္တာဟု သူ သတ္မွတ္ခဲ့သည္။ ထိုလက္ေတြရဲ႕ေနာက္ကြယ္မွာ ေခတၱရာ အခုလို ပင္ပန္းခဲ့ရတယ္လို႔ေတာ့ ေယာင္လို႔ေတာင္ မေတြးဖူးခဲ့သလို ေခတၱရာက အစြမ္းရွိတဲ့ကေလးမို႔ ဘယ္သူႏွိပ္စက္တာမွ ခံရမွာမဟုတ္ဘဲ ေအးေအးခ်မ္းခ်မ္း ႀကီးျပင္းလာမွာဟုလည္း ေတြးၾကည့္မိေနက်ပင္။ ဘားမွာေတြ႕တုန္းကလည္း ခရိုနီသားဟု ထင္လိုက္မိေသးတဲ့အထိ သူ ဒီေကာင္ေလးအေပၚ မွားယြင္းစြာ သတ္မွတ္ခဲ့ဖူးတာေတြ အမ်ားႀကီး ရွိခဲ့တယ္ဆိုတာ ဒီည သိလိုက္ရခ်ိန္၌ သူ တစ္ခုခု ျပန္လုပ္ေပးခ်င္မိတဲ့အထိ စိတ္မေကာင္းျဖစ္မိသြားခဲ့သည္။

ပုဂံ၏ ရာသီဥတုက ညဖက္ေတြ၌ ႏွစ္ဆပိုေအးသည္။ သူတို႔ႏွစ္ေယာက္အတြက္ ေစာင္က တစ္ထည္သာရွိသည္။ ထို႔အတြက္ ေခတၱရာက သူ႕ကိုသာ ၿခဳံခဲ့ေပးၿပီး ၾကမ္းျပင္ေအးေအးႀကီး၌ ေကြးေကြးေလး ေခြေခါက္အိပ္ေနတာမို႔ ရိုင္းလ္ မၾကည့္ရက္ေတာ့တာေၾကာင့္ လွမ္းႏွိုးလိုက္ရသည္။

သူ ဒီညအတြင္းပင္ ေခတၱရာက အလြန္အအိပ္ဆက္တာကိုပါ ရိုင္းလ္ သတိထားလိုက္မိသည္။

"ဘာလို႔လဲ၊ နာေနတာ ရွိလို႔လား၊ ငါ ဘာလုပ္ေပးရမလဲ"

သူ႕ကုတင္နား အျမန္တိုးကပ္လာသည့္ ေရးအား ရိုင္းလ္ သူ႕ေဘးလာဝင္အိပ္ဖို႔ အခ်က္ျပလိုက္ၿပီး ေစာင္ကို ဟေပးလိုက္စဥ္ ေရး သူ႕ေဘးက ေသနတ္ကို ဖ်တ္ခနဲ လွမ္းဆြဲလိုက္တာေၾကာင့္ ရိုင္းလ္ အလန႔္တၾကား ျဖစ္သြားရသည္။

"ေသနတ္ႀကီး ဘာလုပ္ဝာာလဲ၊ ၾကမ္းျပင္က ေအးလို႔ ငါ့ေဘးလာဝင္အိပ္ဖို႔ ေျပာတာပါ"

"ဟုတ္လို႔လား၊ ေဟး. . .ေက်းဇူးေႂကြးကို ဆပ္မယ့္နည္း ညွိၿပီးၿပီေနာ္။ မင္းလူေတြပဲ ရွိတယ္ဆိုၿပီး ငါ့ကို မဟုတ္ကဟုတ္က လုပ္မယ္ ႀကံလို႔ကေတာ့"

ရိုင္းလ္ အလြန္စိတ္ေလသြားရကာ ခုန သနားက႐ုဏာသက္ဝင္ေနတဲ့စိတ္ေတြပင္ ျပန္ေပ်ာက္သြားရၿပီ။

"ဘယ္ႏွယ့္ကြာ မင္း ငါ့ကို ႏွာဘူးလို႔ ထင္ေနတာေတာ့ နည္းနည္းေလွ်ာ့သင့္ေနၿပီေနာ္။ ငါ ေကာင္ေလးေတြနဲ႕ အိပ္ခဲ့ဖူးတယ္ဆိုေပမယ့္ ႏွစ္ဦးသေဘာတူေတြပါကြ။ အားေနမ်က္စိကစားၿပီး ပါးစပ္ကေန ဖြံလိုက္ေၾကာင္ေနတဲ့ ေကာင္မ်ိဳး မဟုတ္ဘူး"

ေရး သူလက္ထဲက ေသနတ္ကို အျမန္ျပန္ခ်ထားလိုက္ရကာ ကျပားေကာင္ ခ်မ္းေနတာလား အေတြးေၾကာင့္ ဝင္အိပ္ေပးလိုက္ရေတာ့သည္။ ေရးတစ္ေယာက္ မာန္ေျပာထားသည့္ ကျပားေကာင္အေၾကာင္းက ေခါင္းထဲဝင္ဝင္လာတာမို႔ ခုလို လန႔္လန႔္သြားရျခင္းပင္။ ေရး အဲ့ေကာင္နဲ႕ဆို သူခ်ည္းပဲ ခံခံလိုက္ရတာမို႔ ထိုေကာင့္ကို မေၾကာက္ေပမယ့္ အနည္းငယ္ေတာ့ ရွိန္ေနမိသည္။

သူ႕ေဘး လွဲအိပ္ခ်လာသည့္ ေခတၱရာအား ရိုင္းလ္ သူ႕ရင္ခြင္ထဲ ခပ္သြက္သြက္ ဆြဲသြင္းလိုက္တာေၾကာင့္ ထိုေကာင္ေလးက သူ႕အား ဖ်တ္ခနဲ ေမာ့ၾကည့္လာျပန္သည္။

"အဲ့အၾကည့္က ဘာလဲ၊ ငါ မင္းကို ႏွစ္ေယာက္ထဲ ပိတ္မိေနရင္ေဝာာင္ မဘူးပါဘူးလို႔ ေျပာထားတယ္မလား။ အခုက ဒီအတိုင္း ခ်မ္းလို႔ ဖက္အိပ္တာ"

ေရး သူ႕အား မထိခ်င္စရာေကာင္းသလိုမ်ိဳး ေျပာဆိုေနၿပီး ထိထိမိမိ ဖက္တြယ္ထားတဲ့အျပင္ ခြပါ အိပ္ေနတဲ့ ကျပားေကာင္ကို ဒဏ္ရာရထားတဲ့သူမို႔သာ စိတ္ေလွ်ာ့လိုက္ရသည္။

"မင္း ဒီေလာက္ေပြေနၿပီး အတည္မရေသးတာ အံ့ဩစရာမရွိေတာ့ဘူး။ အခ်ိဳးက တစ္စက္မွမွ မေျပတာ"

"ေအာ္ေဟာ!! ငါ မင္းထက္ႀကီးတယ္၊ ရိုရိုေသေသေျပာ။ လုပ္၊ ကိုကိုလို႔ေခၚၾကည့္"

ေရး မ်က္လုံးသာ လွန္ျပလိုက္ရင္း-

"စိတ္ကူးယဥ္မေနနဲ႕ ဘဲႀကီး၊ ကိုကိုဆိုတာက ငါ့ရဲ႕ ေဒါက္တာကိုကိုအတြက္ပဲ သီးသန႔္ထားထားတဲ့ နာမ္စားေလး"

ရိုင္းလ္ ႀကိတ္ရယ္ရမွာေတာင္ အားနာသြားရေပမယ့္ ထိုေကာင္ေလးကို တင္းက်ပ္စြာ ျဖစ္ညွစ္ဖက္ထားရင္း တဟားဟားနဲ႕ပင္ ေအာ္ရယ္ေနမိတာေၾကာင့္ ေရး သူေျပာတာကို ေလွာင္ေျပာင္ေနသည့္ ကျပားေကာင္၏ လက္ေမာင္းကို ကိုက္ခ်လိဳက္မိေတာ့သည္။

"အ့. . .ငါ့ဒဏ္ရာ ျပန္ပြင့္ကုန္မယ္ေလကြာ"

"ဒါဆို ၿငိမ္ၿငိမ္အိပ္ေလ၊ လူကို ေသမလိုဖက္ေနၿပီး ေလွာင္ေနစရာလား။ ေျပာၾကည့္၊ မင္း ခြန္းကို ႀကိဳက္ေနတာမလား"

". . . ."

ရိုင္းလ္ ထိုေမးခြန္းအတြက္ အေျဖမရွိတာကို သူ႕ကိုယ္သူ အံ့ဩသြားမိသည္။

"ငါနဲ႕ ခြန္းက တစ္ခ်ိန္က အရင္းႏွီးဆုံးေတြ ျဖစ္ခဲ့ဖူးပါတယ္။ သူက ငါ့ဆီမွာ မရွိတဲ့အရာေတာ္ေတာ္မ်ားမ်ားကို ပိုင္ဆိုင္ထားရလို႔ အားက်ဖဴးတယ္။ ငါလည္း သူ႕လိုမ်ိဳး တစ္ခါေလာက္ အခ်စ္ခံရခ်င္တယ္။ သူ႕ကို ငါ့သူငယ္ခ်င္းႏွစ္ေယာက္လုံးက ႐ူးမတတ္ခ်စ္တာေလ၊ ၾကည့္ရတာ မင္းလည္း သူ႕ကို ေတာ္ေတာ္ခ်စ္တဲ့ပုံပါပဲ"

ရိုင္းလ္ ထိုေကာင္ေလး ကိုယ္ေပၚပါ ေစာင္လႊမ္းေပးလိုက္ရသည္။ ထို႔ေနာက္ နဖူးေပၚဝဲက်ေနတဲ့ ဆံစေလးေတြကို ခပ္ဖြဖြ သပ္တင္ေပးလိုက္ရင္း ထိုေကာင္ေလး၏ တျခားေနရာကိုနမ္းမိရင္ တစ္မ်ိဳးထင္မွာေၾကာက္လို႔ ဆံစမ်ားေပၚသာ ႏွာဖ်ားေလးအပ္ၿပီး နမ္းရွိုက္လိုက္ေလ၏။

ေရး တစ္ကိုယ္လုံး ေတာင့္သြားရျပန္ကာ ထိုေကာင့္၏ ဗလာက်င္းအေပၚပိုင္းကို တြန္းထုတ္ဖို႔ ျပင္လိုက္ေသာ္ျငား ဒဏ္ရာရွိေနလို႔ စိတ္ထပ္ေလွ်ာ့ရေပမယ့္ သိပ္ေတာ့ၾကည္မေနေတာ့။ သူ ကုတင္ေပၚ တက္အိပ္မိတာ မွားၿပီထင္တယ္။

"ကိုယ္ ရွိတယ္ေလ။ ဒီကိုကိုက မင္းကို အခုကစၿပီး အမ်ားႀကီး ခ်စ္ေပးမွာပါ။ ကိုယ္ေနတဲ့နိုင္ငံမွာဆိုရင္ ေတြ႕တာနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ နမ္းၿပီး ေပြ႕ဖက္ႏႈတ္ဆက္ေနက်။ ကိုယ္တို႔ဆီမွာဆို နမ္းတာက ရင္းႏွီးမႈကို ျပခ်င္တဲ့ သေဘာမ်ိဳးပဲ။ ကိုယ္ မင္းနဲ႕ အခုထက္ပိုၿပီး ရင္းႏွီးခ်င္တယ္။ မင္း ကိုယ့္ကို သံေယာဇဥ္တြယ္သြားရမွာ မေၾကာက္ပါနဲ႕။ မင္းသာ ကိုယ့္ကို ဒီမွာပဲ ေနေစခ်င္တယ္ဆိုရင္ ကိုယ္ ဒီမွာပဲ အၿပီးျပန္ေနမွာပါ"

ထိုေကာင္ေလးက သူ႕အား ျပန္သိုင္းဖက္လာၿပီး မငိုမိေအာင္ ထိန္းခ်ဳပ္ေနပုံရသည္။

ႏွစ္ေတြအၾကာႀကီး ဒီေကာင္ေလးတစ္ေယာက္တည္း ပင္ပန္းၿပီး အထီးက်န္ခဲ့ရမွာကို စိတ္မေကာင္းျဖစ္မိေပမယ့္ အတိတ္က ကိစၥေတြကို ရိုင္းလ္ ဘာမွျပန္မလုပ္ေပးနိုင္ေတာ့။

"အခုကစၿပီး ကိုကို မင္းကို အေဖလို ကာကြယ္ေပးၿပီး အေမလို ေႏြးေထြးတဲ့ေမတၱာေတြ ေပးမယ္။ အစ္ကိုလိုလည္း အမ်ားႀကီး အေဖာ္ျပဳေပးမွာမို႔ အားမငယ္နဲ႕ေတာ့ေနာ္။ အိုက္ယား. . .မငိုပါနဲ႕"

ေခ်ာ့လိုက္ကာမွ စငိုလာၿပီမို႔ ရိုင္းလ္တစ္ေယာက္ စိတ္ရွည္ရွည္နဲ႕ ေခ်ာ့ခဲ့ရရင္း ေျပာျပခ်င္မိတာ တစ္ခုရွိသည္။ ထိုအရာက ရိုင္းလ္ သူ႕အိပ္ရာေဖာ္ေတြကိုေတာင္ ငိုေနလည္း ပစ္ထားခဲ့တဲ့အထိ စိတ္မရွည္တတ္ပါေၾကာင္းကိုပင္။

". . . ."

"ေရး" "အစ္ကို"

အျပင္က ေခၚသံေၾကာင့္ ေရးေရာ ရိုင္းလ္ပါ ခြန္း ဘယ္လိုလုပ္ေရာက္လာသလဲ အံ့ဩသြားခဲ့သည္။

ဆက္ခြန္းသစ္ကို ျမင္ဖူးေနက်မိဳ႕ ထိုေနာက္လိုက္ေတြက သခင္ေလးရွိရာ အခန္းကို ၫႊန္ျပလိုက္တာေၾကာင့္ အခန္းထဲေျပးဝင္လာခဲ့စဥ္ အၾကည္စိုက္ေနၾကသည့္ ျမင္ကြင္းကို ထိပ္တိုက္ေတြ႕လိုက္ၾကရသည္။

"ေခြးေကာင္ မင္းကမ်ား ငါ့အစ္ကိုကို ထိခိုက္ေအာင္လုပ္ေသးတဲ့အျပင္ ငါ့အစ္ကို ကုတင္ေပၚတက္ဖို႔ ႀကံရဲေသးတယ္"

ဆက္ခြန္းသစ္ အလြန္အမင္း ေဒါသထြက္ေနတာေၾကာင့္ ေရးကို ကုတင္ေပၚက ဆြဲထုတ္လိုက္ၿပီး ပိတ္ထိုးဖို႔ ႀကိဳးစားလိုက္ေပမယ့္ ေရးက သူ႕ထက္ေတာင္ လက္ျမန္တဲ့သူမို႔ သူသာ ခြက္ခနဲ အထိုးခံလိုက္ရတာဆိုတာ ၾကယ္ေတြလေတြပင္ ျမင္လိုက္ရတဲ့အထိ။

သွ်ိုင္းစက္မာန္ ထိုႏွစ္ေယာက္ကို အခုလို ထိန္းေနရတာ အက်င့္ျဖစ္ေနၿပီမို႔ ေရးကို အျမန္တားလိုက္ရစဥ္ ဆက္ခြန္းသစ္ကေတာ့ အဝတ္မပါသည့္ သူ႕အစ္ကို၏ ေက်ာက ဒဏ္ရာကို ေသခ်ာျမင္လိုက္ရလို႔ လန႔္ဖ်ပ္သြားသည့္အျပင္ ေရး၏ ထိုးခ်က္ေၾကာင့္ နာက်င္သြားရေၾကာင္း တိုင္ခ်င္လို႔ သူ႕အစ္ကိုရင္ခြင္ထဲ ေျပးဝင္သြားတာမို႔ သွ်ိုင္းစက္မာန္ တင္းသြားခဲ့သည္။

ရိုင္းလ္တစ္‌ေယာက္ ဆြဲခြာလို႔မရေလာက္ေအာင္ တင္းက်ပ္စြာ သိုင္းဖက္လာတဲ့ ခြန္းေၾကာင့္-

"ကိုယ္ ဒီမွာရွိမွန္း ဘယ္လိုသိတာလဲ"

"အန္ကယ္ ႐ုတ္တရက္ႀကီး ဖုန္းဆက္လာတာ၊ အစ္ကို ေသနတ္မွန္သြားတာမို႔ အျမန္လိုက္သြားပါဆိုလို႔ မာန႔္ကို အကူအညီေတာင္းၿပီး မနည္းရွာခဲ့ရတာ သိလား။ ကြၽန္ေတာ္ ဒီဒဏ္ရာကို ေသခ်ာဂ႐ုစိုက္ေပးမွာမို႔ အခု ဟိုတယ္ျပန္ၾကမယ္ေနာ္"

ဦးရဲဝဏၰ ခြန္းကို ျပန္ဆက္သြယ္ခဲ့ၿပီး ရိုင္းလ္ကို ေသခ်ာဂ႐ုစိုက္ေပးဖို႔ အကူအညီ ျပန္ေတာင္းခဲ့ရတာပင္။ သူ႕မိန္းမ ရိုင္းလ္ကို ဘယ္ေလာက္ခ်စ္လဲ သိတာမို႔ ရိုင္းလ္ကို ေသခ်ာျပဳစုေပးဖို႔ ထိုေကာင္ေလးကိုပဲ ေသခ်ာမွာလိုက္ရသည္။

ဆက္ခြန္းသစ္ သူ႕လုပ္ရပ္ေၾကာင့္မ်ား အစ္ကို ထိခိုက္သြားရတာလား ေတြးမိလိုက္တာမို႔ အန္ကယ့္ကို သူ ေျပာတာကို‌ေတာ့ ျပန္မေျပာဖို႔ ေတာင္းဆိုခဲ့ရၿပီး ရိုင္းလ္ကို မာန႔္အကူအညီနဲ႕ လိုက္ရွာေနခဲ့ျခင္းပင္။

"ဟက္၊ မင္းညီေရာက္လာၿပီဆိုေတာ့ ငါ သြားေတာ့မယ္။ ဒါဆို ငါ ဒီညပဲ ရန္ကုန္က ျပန္ထြက္လိုက္ေတာ့မယ္။ ေတာ္ၾကာ ငါ ပုဂံထဲမွာ ပိတ္မိသြားဦးမယ္"

ေရး ၾကာပန္းျဖဴေကာင္နဲ႕ ေနာက္နာရီဝက္ေလာက္ တူတူရွိရမယ္ဆိုရင္လည္း ေဒါသထြက္ေသေလာက္နိုင္တာမို႔ မာန႔္အား-

"မင္း ငါနဲ႕ တစ္ခါထဲ လိုက္မွာလား၊ ေနခဲ့ဦးမွာလား"

"ငါ ခြန္းျပန္မွ ျပန္မွာ"

သွ်ိုင္းစက္မာန္၏ မ်က္လုံးေတြက ကျပားေကာင္အား စူးရဲခက္ထန္စြာ စိုက္ၾကည့္ေနတာမို႔ ေရး သူ႕သူငယ္ခ်င္းကိုပါ ပါလာေအာင္ ဆြဲထုတ္ခဲ့ရသည္။

"ခြန္း ခဏလႊတ္ဦး"

ရိုင္းလ္ ခြန္းလက္ကို အျမန္ဆြဲျဖဳတ္လိုက္ရၿပီး အခန္းျပင္ေရာက္သြားၿပီျဖစ္တဲ့ ေခတၱရာတို႔ေနာက္ကို လိုက္လာခဲ့ရၿပီး ဖမ္းဆြဲထားလိုက္မိသည္။

"ကိုယ့္လူေတြ မင္းတို႔ႏွစ္ေယာက္ကို ရန္ကုန္ထိ ျပန္ပို႔ေပးလိမ့္မယ္။ မင္းသူငယ္ခ်င္းပါတယ္ဆိုေတာ့ စိတ္ခ်လိဳက္မယ္ေနာ္။ ကိုယ္ကေတာ့ အန္တီ့ကို ေတြ႕ၿပီးမွပဲ ျပန္လာခဲ့မယ္။ မဟုတ္ရင္ အန္တီ စိတ္ပူၿပီး က်န္ေနခဲ့ရမွာ"

သွ်ိုင္းစက္မာန္ အဝတ္ဗလာဘဲႀကီးအား ခြန္းနဲ႕ ထားခဲ့ရမွာကို ျမဴမႈန္တစ္မႈန္ေလာက္ေတာင္ စိတ္မခ်နိဳင္ျဖစ္ေန‌သလို ခြန္းဆီကေန ေရးမိဘေတြအေၾကာင္းလည္း ၾကားခဲ့ရတာမို႔ ေရးကို တစ္ေယာက္တည္း လႊတ္လိုက္ရမွာ စိတ္မေျဖာင့္တာမို႔သာ သူပါ ျပန္လိုက္ခဲ့ရျခင္းျဖစ္သည္။

သူ႕အတြက္ ေရး ထိခိုက္သြားလို႔မျဖစ္ေသးေပ။ သွ်ိုင္းစက္မာန္ ေရးအား ထိုဘဲလက္ထဲ ထည့္ေပးလို႔မွ မရရင္ ထိုဘဲ ႂကြသြားေအာင္လုပ္ဖို႔ ေရးကိုပဲ က်ိန္စာတိုက္ခိုင္းခ်င္တာမို႔ သူ႕အတြက္ ေရးက အဖိုးတန္ျဖစ္ေနဆဲပါပင္။

ဆက္ခြန္းသစ္ အခန္းနံရံကို မွီၿပီး သူ႕အစ္ကို ကားထြက္သြားတာေတာင္ လိုက္ၾကည့္ေနဆဲ ျမင္ကြင္းကို စိတ္ပ်က္စြာ ေစာင့္ၾကည့္ေနခဲ့သည္။ သူ႕အစ္ကိုက အဲ့ေကာင္ကို သနားေနတာ ထင္ပါရဲ႕။

ေရးကို သူ႕အစ္ကို အခုလို စိတ္ပူေနတဲ့ျမင္ကြင္းက သလြန္းလြင္ျပင္ ေရးအ‌ေၾကာင္း မသိခင္က အဲ့ေကာင္ ေရးအေပၚ လုပ္ခဲ့ဖူးတာေတြနဲ႕ တစ္ထပ္တည္းပဲမို႔ ဆက္ခြန္းသစ္ လက္သီးကို က်စ္က်စ္ဆုပ္လိုက္ရင္း သူ႕အစ္ကိုကိုေတာ့ ေရးေခတၱရာလက္ထဲ လုံးဝ ထပ္အပါမခံနိုင္တာမို႔ ရိုင္းလ္ကို သူပဲ အရင္ဦးေအာင္ အပိုင္ႀကံဖို႔ ဆုံးျဖတ္လိုက္ေပၿပီ။

ထို႔အတြက္ ရန္ကုန္ျပန္ေရာက္ရင္ ဆက္ခြန္းသစ္ ရိုင္းလ္၏ တိုက္ခန္းမွာသာ သြားေျပာင္းေနဖို႔ပါ ဆုံးျဖတ္လိုက္ေတာ့သည္။ 

-------------------

ေဒၚခတၱာလင္း သူ တခါတေလ လာျဖစ္သည့္ ဆရာ့ထံသို႔ ဒီေန႕လယ္ဖက္၌ ေရာက္ရွိေနျပန္သည္။

ဒီတစ္ခါ သူ႕၏ သားအရင္းကိုလည္း ရွာေတြ႕ခဲ့ၿပီျဖစ္သလို သားအရင္းနီးနီး ခ်စ္ရသည့္ သားတစ္ေယာက္ကလည္း သူမ သူငယ္ခ်င္းနဲ႕ ကတိထားခဲ့ဖူးတဲ့အတိုင္း သမီးေလးမေမြးဖြားလာခဲ့ေပမယ့္ ထိုသူငယ္ခ်င္း၏သားက ေကာင္ေလးေတြကိုသာ စိတ္ဝင္စားသည္ကို သိထားတာေၾကာင့္ ေရာက္ရွိလာမိျခင္းျဖစ္သည္။ သူမသားကေရာ ဘယ္လိုမ်ိဳးကို သေဘာက်လဲ မသိေသာ္ျငား မေန႕က ဟန္ေဆာင္ေနၾကမွန္းသိတာေတာင္ ရိုင္းလ္အေပၚေတာ့ တြယ္တာသားဟု ျမင္မိခဲ့သည္။

"ဒီကေလးႏွစ္ေယာက္ရဲ႕ ဇာတာကို ၾကည့္ေပးပါဦး ဆရာ"

ထိုဆရာ ေရး၏ ေမြးေန႕သကၠရာဇ္ကို တြက္ခ်က္လိုက္ၿပီးတာနဲ႕တင္-

"သားအရင္းလား"

"ဟုတ္ပါတယ္"

"ဒီေကာင္ေလးက ေၾကာက္စရာပဲ။ ဖူးစာဖက္ကိုေတာင္ သတ္ပစ္မယ့္ ဇာတာမ်ိဳးပဲ။ ေထာင္ႏႈတ္ခမ္းဝ ေရာက္ေနတာကို သတိထားပါ။ ၿပီးေတာ့ ဒီတစ္ေယာက္ရဲ႕ ဇာတာက ေတာ္ေတာ္ရွာပါးတဲ့ ဇာတာရွင္ပဲ"

ေဒၚခတၱာလင္း သူ႕သား ထိုကဲ့သို႔ လုပ္မွာကို ေၾကာက္မိသလို ထိုကဲ့သို႔ လုပ္လိုက္ရင္ သူ႕သား က်ိန္စာေတြ ေပ်ာက္ပ်က္သြားမွာကို သိေနတာေၾကာင့္ ေပ်ာ္ရမလို ငိုရမလို။

"ဒီတစ္ေယာက္မွာက အေစာင့္အေရွာက္ေတြ ရွိေနတာမို႔ သူ႕လိုလူမ်ိဳးကို ေအာက္လမ္းနဲ႕ေတာင္ ျပဳစားလို႔မရတဲ့အထိ ဇာတာရွင္မ်ိဳးပဲ"

ရိုင္းလ္၏ ကံေကာင္းမႈကို ၾကားလိုက္ရတာေၾကာင့္ ဝမ္းသာသြားရသလို ‌ဒီႏွစ္‌ေယာက္က ဖူးစာဖက္ ျဖစ္နိုင္မျဖစ္နိုင္ ေမးျမန္းဖို႔က တစ္မ်ိဳးျဖစ္ေနေသာ္ျငား အရဲစြန႔္ေမးၾကည့္လိုက္မိသည္။

"ဒါကေတာ့ ႀကိဳမျမင္နိုင္ေပမယ့္ ဒီႏွစ္ေယာက္က တူတူရွိေနလို႔ရတဲ့ ကံၾကမၼာမ်ိဳးပဲ။ ဒီသားအရင္းကိုသာ သတိထားပါ။ သူ႕ေၾကာင့္ အမ်ားႀကီး ေသေၾကပ်က္စီးၾကမွာကို ျမင္ေနရတယ္"

ေဒၚခတၱာလင္း သက္ျပင္းသာခ်လိဳက္ရင္း သူ႕သား လူေတြ ဘယ္ေလာက္ေတာင္ သတ္လာဖူးသလဲ၊ ဖူးစာဖက္ကို မသတ္မိခင္အထိေရာ လူေတြ ဘယ္ေလာက္ထိ ထပ္သတ္ဦးမွာလဲဆိုတာအား တကယ္ စိုးရိမ္မိသြားေလသည္။

__________________________________________

Continue Reading

You'll Also Like

163K 23.5K 57
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 (Zawgyi +Unicode)...
1.3M 151K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
159K 5K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...
83.4K 5.6K 39
ကိုလေးက ရေလိုပဲ ကြည်လင်တယ် ပြတ်သားတယ် ထိုးဖောက်ပီးမြင်နေရတယ် တစ်ခါတစ်လေကျတော့လည်း ကျွန်တော့်ကို အသက်မရှူနိုင်စေတော့တဲ့အထိ နစ်မွန်းသွားစေတယ် ပျော့...