Snowless Winter Dream [Comple...

By Ennia_Yawn

77.3K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 15

1.5K 94 5
By Ennia_Yawn

ကြည်လင်သော ကောင်းကင်ထက်တွင် လမင်းသည် ထွန်းတောက်လျက်ရှိပြီး စံအိမ်၏ သီးသန့်အဆောင်သဖွယ်ဖြစ်နေသော အခန်းထဲသို့ထိတိုင် အလင်းဖြာကျနေခဲ့သည်။

ထိုအခန်း၏ ပြတင်းပေါက်နား၌ Dream catcher တွေ ချိတ်ဆွဲထားသည့်အပြင် ထိုအခန်းထဲရှိ ခရမ်းရောင်အိပ်ရာခင်း ခင်းကျင်းထားရာ ကုတင်ကြီးက နှစ်ယောက်အိပ်ရန် ကျယ်ဝန်းသည်။ သို့သော်ငြား ရိုင်းလ်စေတန် အငြိမ်ပင် မထိုင်နိုင်သေးဘဲ ဘာဆက်လုပ်ရမလဲ စဉ်းစားနေစဉ် ရေးကတော့ သူ့အိပ်ရာပေါ် လှဲချပြီး အနားယူနေပြီဖြစ်သည်။

သူ ဒီအခန်းထဲ၌ ရှစ်နှစ်အရွယ်ထိ နေထိုင်ခဲ့ဖူးပါ၏။ သူငယ်ငယ်က အိပ်ရတာထက် ပိုကြီးလာသော ကုတင်ပြောင်းထားရုံကလွဲရင် တစ်ခန်းလုံးက အရင်တိုင်းပင် ဖြစ်သည်။ ကြည့်ရတာ ဒီအခန်းက သူ့အခန်းဆိုပေမယ့် မားတို့က ကပြားကောင်ကို အပိုင်ပေးထားပုံရသည်။

"ငါ‌ ပြောသားပဲ၊ အဲ့ဘိုးတော်ကြီးကို ငါ့အမေ လှည့်လို့မရပါဘူးဆို။ ဟူး. . .တော်ပြီ၊ ငါ စိတ်လျှော့လိုက်ပြီမို့ မားမျက်နှာကို ဒီလောက်မြင်ရရင်ပဲ ကျေနပ်ပြီ။ အိပ်တော့မယ်"

ထိုကောင်လေးက ကျေနပ်ပေမယ့် ရိုင်းလ်ကတော့ အဆင်ပြေမနေသေးပေ။ သူ ဒီသားအမိကို ဘယ်လောက်တောင် သေချာတွေ့ပေးချင်ခဲ့ရလဲ။

ရိုင်းလ် သူ့ကုတ်ကို ထိုင်ခုံပေါ် ပစ်တင်လိုက်တော့ကာ အိတ်ထဲက သေနတ်ကို ခေါင်းအုံးအောက်ထဲ ပြောင်းထည့်လိုက်ရပြီး ကုတင်ပေါ် ဝင်ထိုင်လိုက်တော့သည်။

"ငါ စီစဉ်တာ လိုသွားတယ်၊ ဒီလိုမှန်းသိရင် ဒီနေ့မလာဘဲ နေလိုက်ရမှာ"

ရေး အိပ်နေရင်းမှနေ သူ့ဘေးက ကပြားကောင်‌ပေါင်ကို ခပ်ဖွဖွ ပုတ်လိုက်ရပြီး ထိုကောင့်ကိုပါ စိတ်လျှော့လိုက်တော့ဖို့ ဖြောင်းဖျလိုက်ရသည်။

ရိုင်းလ်တစ်ယောက် သူ့ပေါင်ပေါ်က ထိုကောင်လေးလက်ကို သေချာ ကိုင်ကြည့်လိုက်မိသလို ခေါင်းက ချုပ်ရိုးကိုပါ ပြန်စစ်ဆေးလိုက်မိသည်။

"မင်းလက်က ဘယ်လိုနေသေးလဲ"

"ဘယ်လိုနေရမှာလဲ၊ မင်း လုပ်သွားတဲ့အတိုင်းပဲလေ။ ငါ အဲ့ကိစ္စအတွက် မင်းကို ကြည်သေးတာမဟုတ်ပေမယ့် ဒီနေ့ ငါ့ကို ကူညီပေးလို့ ခွင့်လွှတ်ပေးလိုက်မယ်။ ဒါနဲ့ မင်း ငါ့မိဘတွေနဲ့ ဘာလို့ အဲ့လောက်ထိ ရင်းနှီးနေတာလဲ"

ကပြားကောင်က ကုတင်ပေါ်က ထထွက်သွားတာမို့ ရေး ခေါင်းထောင်ကြည့်လိုက်တော့ ဒီအိပ်ခန်းထဲမှာ သူ့ဆေးသေတ္တာပါ ရှိနေတာပင်။

"အဲ့ဒါကို မင်းအမေကိုပဲ မေးပါလို့ ပြောထားတယ်လေ"

"ဟ. . .ငါလည်း မေးချင်တာမှ သေတော့မလိုပဲလေ။ နှစ်ယောက်ထဲ စကားပြောလို့မှ မရသေးတာကို။ မင်းပြောပြလိုက်လည်း ဖြစ်နေတဲ့ဟာ. . ."

သူ့လက်ကို ဆွဲယူလိုက်ပြီး ပတ်တီးအဟောင်းကို ဖြည်လိုက်ကာ ဒဏ်ရာကို သေချာစစ်ဆေးနေပုံရတာမို့ ရေး ငြိမ်နေလိုက်ရတော့သည်။

ရိုင်းလ် ထိုကောင်လေး၏ လက်ကို ပတ်တီးအသစ်ပြန်စီးပေးနေရင်း-

"ငါ့အမေက မြန်မာလူမျိုးလေ။ ငါ့အမေနဲ့ မင်းအမေက အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေ။ မင်းအမေ မင်းကို ကိုယ်ဝန်စဆောင်ရတုန်းက သူတို့ကတိထားခဲ့တယ်။ မိန်းကလေးမွေးလာရင် ငါနဲ့ပေးစားမယ်ဆိုပြီး။ ဒါပေမဲ့ မွေးလာတာက ယောက်ျားလေးဖြစ်နေတော့ အဲ့ကတိ ပျက်သွားတယ်။ ငါ့အမေကလည်း အဲ့ကထဲက ဆုံးသွားတယ်။ နောက်တော့ ငါလည်း မိထွေးရလာပြီး ဒယ်ဒီနဲ့ လန်ဒန်လိုက်သွားရတာ။ ဒါပေမဲ့ မင်းအမေက ငါ့ကို အခုချိန်ထိ သူ့သားအရင်းလိုမျိုး ချစ်ပေးနေတုန်းပဲမို့ အန်တီက ငါ့အတွက်တော့ အမေရင်းလိုပါပဲ"

". . . ."

"မင်း ပျောက်သွားတဲ့နောက်ပိုင်း ငါ လန်ဒန်ကနေ ဒယ်ဒီတို့နဲ့အတူ မြန်မာပြည် ခဏပြန်လာခဲ့ရတယ်။ အဲ့တုန်းက အန်တီ့ဆီကနေ မင်းအကြောင်းတွေ သေချာသိခဲ့ရသလို အဲ့တစ်ခေါက် ပြန်လာဖြစ်တုန်းက ဒယ်ဒီ့ကြောင့် ခွန်းတို့မိသားစုနဲ့ ရင်းနှီးလာတယ်။ ငါ ငယ်ငယ်က မိထွေးရဲ့သားတွေ အနိုင်ကျင့်တာကို ခံနေရကျမို့ ငါ့ကို နူးနူးညံ့ညံ့ ဆက်ဆံပေးလာတဲ့ ခွန်းနဲ့ အခုလောက်ထိ ရင်းနှီးလာတာပဲ"

ပတ်တီးစီး‌ပေးခြင်းကို အဆုံးသတ်လိုက်ပြီးနောက် ခေါင်းက ဒဏ်ရာကို သေချာအောင် ထပ်စစ်ကြည့်လိုက်ရသည်။

"အဲ့ဒါမို့ ငါလည်း ငယ်ငယ်ကထဲက ခွန်းကို အနိုင်ကျင့်တဲ့သူတွေကိုတွေ့ရင် ပြန်ပြီးလက်စားချေပေးနေကျပဲ။ အဲ့အတွက် အဲ့နေ့က မင်း သူ့ကို အနိုင်ကျင့်နေတယ်လို့ မြင်လိုက်ရလို့ ဒီလောက်ထိ လုပ်မိသွားခဲ့တာမို့ တောင်းပန်ပါတယ်။ မင်းတို့နှစ်ယောက် ပြဿနာမှာ ဘယ်သူက မှားနေလဲ ငါ မသိပေမယ့် မင်း သူ့ကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာမျိုးတော့ မလုပ်ပါနဲ့"

ရေး သူ့နဖူးပေါ်က ထိုကောင့်လက်ကို ပုတ်ထုတ်လိုက်ရတော့သည်။

"နောက်ဆုံးတော့ မင်းလည်း ဒီအချိုးပဲ။ အဲ့ကောင်က ငါ့လို လက်မပါပေမယ့် ငါ့ထက်တောင် ဆိုးတဲ့သူကွ။ ငါ သူ့ကို မကျေနပ်တာတွေ ရှိနေလည်း တတ်နိုင်သမျှ လျစ်လျူရှုထားခဲ့ပေမယ့် မင်းတို့ ဒီလိုလာပြောနေရင် တကယ် ဒေါသထွက်တယ်"

တကယ်‌ဒေါသထွက်သွားတဲ့ ရေးကြောင့် ရိုင်းလ် ဆက်မပြောတော့ဘဲ ဒီနှစ်ယောက် ဘာလို့ အဲ့လောက်ရန်လိုနေကြလဲဆိုတာတော့ သိချင်လာမိပေသည်။ ရိုင်းလ် ခုန သူ ပြန်မလာနိုင်ကြောင်း ခွန်းကို ဖုန်းဆက်အကြောင်းကြားလိုက်ရတုန်းကလည်း ခွန်း သူ့အပေါ် အလွန်ပေါက်ကွဲနေတာကြောင့် ရိုင်းလ် စိတ်ရှုပ်သွားခဲ့ရသေးသည်။

ထိုစဉ် တံခါးအပြင်၌ အန်တီတို့ရန်ဖြစ်သံကို ကြားလိုက်ရတာကြောင့် နှစ်ယောက်လုံး တံခါးနား ထလာလိုက်မိသည်။

"ရှင် ဘယ်လိုဖြစ်လို့ တစ်နေ့လုံး ကျွန်မနောက် တကောက်ကောက် လိုက်နေရတာလဲ။ ပြောပြီးသားလေ၊ အဲ့ဒါ ကျွန်မတို့သား မဟုတ်ပါဘူးဆို"

"မင်း တကယ်ပဲ သွေးက စကား‌ပြောတာမျိုး မခံစားရဘူးလား။ သေချာပေါက်. . ."

"ဖြစ်တော့ရော ဘာလုပ်ရမှာလဲ။ ရှင် သတ်ဖို့လုပ်ခဲ့လို့ မိဘရင်ခွင်ထဲမှာပဲ နေရမယ့် ကလေးက ညကြီးသန်းခေါင် ထွက်ပြေးသွားခဲ့တာလေ။ ကျွန်မ ရှင့်လုပ်ရပ်ကို ကြောက်လွန်းလို့ ခိုးတောင် မရှာရဲခဲ့ဘူး။ ဘာလို့ ရှင်တို့မျိုးရိုးစဉ်ဆက် တည်တံ့ဖို့အတွက်နဲ့ ကျွန်မသားရဲ့အသက်ကို စတေးပစ်ရမှာလဲ။ ရှင်တို့ရဲ့ အရည်မရ အဖက်မရ ကျိန်စာတွေအကြောင်းသာ စောစောသိခဲ့မိရင် ကျွန်မ ကလေးတောင် ယူမိခဲ့မှာ မဟုတ်ဘူး"

"ငါတို့ကြားမှာ က‌လေးရှိဖို့တော့ လိုသေးတယ်လေကွာ။ ငါလည်း ပထမဆုံးမွေးလာတဲ့ကလေးတင် အဲ့လိုအမှတ်ပါလာမယ်လို့ မထင်ခဲ့လို့ပေါ့ကွ။ အခု မင်း နောက်ထပ် ကလေးလိုချင်ရင် ထပ်ယူလို့ရနေပြီပဲလေ"

"လူယုတ်မာ‌. . .နောက်ကလေးတွေမှာပါ အဲ့လိုအမှတ်ပါလာခဲ့ရင်ရော။ ရှင့်အတွက် မျိုးရိုးတည်တံ့ဖို့ပဲ အရေးကြီးနေပေမယ့် ကျွန်မအတွက်က ခေတ္တရာတစ်ယောက်ကပဲ အရေးကြီးတာ။ ကျွန်မအတွက် ကျွန်မ မွေးထားခဲ့ရတဲ့ သားတစ်ယောက်ကပဲ အရေးကြီးတာရှင့်။ လိုက်လည်း မရှာနိုင်၊ ကာလည်းမကွယ်နိုင်ခဲ့တဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်ကို ရှင်တို့တစ်မျိုးလုံးက နားလည်ကြမှာ မဟုတ်ဘူး"

အပြင်က စကားတွေကို နား‌ထောင်နေရင်း သူ့ဘေး၌ အသံတိတ် မျက်ရည်ကျလာသော ကောင်လေးကို ရိုင်းလ် မြင်လိုက်ရတာကြောင့် ကရုဏာသက်သွားမိသည်။

"ငါ့မိဘတွေက ငါ ငယ်ငယ်ကတည်းက အဲ့လိုမျိုးပဲ ငါ့ကြောင့် ရန်ဖြစ်နေကြရတာ။ အဲ့တုန်းကဆို ငါ သေသွားလိုက်ရင် ဒီအိမ်ကြီး အေးချမ်းသွားမှာလား အကြိမ်ကြိမ် တွေးခဲ့ဖူးပေမယ့် တပြိုင်တည်းမှာလည်း ငါ ရူးလောက်အောင် အသက်ရှင်ချင်နေခဲ့မိတယ်။ ငါ ရှင်သန်နေမှ ဖြစ်မယ်၊ အဲ့ဒါမှ ငါက အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ သက်သေပြနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုထဲနဲ့ ငါ အဲ့ညက ကြောက်နေပေမယ့် အသက်ရှင်ချင်လွန်းလို့ ထွက်ပြေးခဲ့တာ"

". . . ."

"တကယ်လို့များ ငါက ဒီလိုလူမျိုးဆိုတာ သေချာသိခဲ့ရင် သူများတွေကို ဒုက္ခမပေးမိအောင် အဲ့ကထဲက ဒီလူ့ရဲ့လက်ထဲမှာပဲ အသေခံမိမှာ သေချာတယ်။ ငါ့ပါးစပ်က မရည်ရွယ်ဘဲ ကျိန်ဆဲလိုက်မိတိုင်း လူတွေ သေသွားဖူးတာမှန်ပေမယ့် ငါ့မွေးစားအဖေကိုတော့ ရည်ရွယ်ချက်ရှိရှိ ကျိန်ဆဲသတ်ခဲ့မိတာ။ အဲ့အပြစ်က ငါ့ကို အခုထိ ခြောက်လှန့်နေဆဲပဲ။ အဲ့အပြစ်ကြောင့်ပဲ ထင်တယ်၊ ငါ့သူငယ်ချင်းကိုတော့ ငါ မသတ်မိပါဘူးဆိုတာတောင် သူတို့တွေက မယုံကြတော့ဘူး"

အပြင်ဖက်၌ အန်တီတို့ပြန်ဆင်းသွားတာမို့ တိတ်ဆိတ်သွားခဲ့ပေမယ့် အိပ်ခန်းထဲမှာတော့ ခေတ္တရာ၏ ရှိုက်ကြီးတငင် ငိုရှိုက်နေသံကြောင့် ရိုင်းလ်ပါ ထိုကောင်လေးရှေ့၌ ထိုင်ချလိုက်ရပြီး မျက်ရည်သုတ်ပေးလိုက်မိသည်။

"အဲ့သူငယ်ချင်းက ခွန်းရဲ့ကောင်လေးလား"

ရေး ခေါင်းညိတ်ပြလိုက်တာကြောင့် ရိုင်းလ် ထိုနှစ်ယောက်ကြားက ပြဿနာကို သဘောပေါက်သွားခဲ့ရပြီ။

.
.
.

ဦးရဲဝဏ္ဏ တောက်ခေါက်ရင်း အောက်ထပ်ပြန်ဆင်းလာခဲ့ကာ သူ့မိန်းမအား အစောင့်တွေနဲ့ စောင့်ကြည့်ခိုင်းထားခဲ့ပြီး စာကြည့်ခန်းဖက် ပြန်ထွက်လာခဲ့သည်။

ထို့နောက် နေ့လယ်က ထိုကောင်လေးရဲ့ အဖေအကြောင်းကိုသာ သူ သေချာကြည့်ဖြစ်ခဲ့တာမို့ ထိုကောင်လေးအကြောင်းကိုပါ အစအဆုံး သေချာပြန်ဖတ်ကြည့်နေမိစဉ် ရေးခေတ္တရာ၏ အရင်းနှီးဆုံး သူငယ်ချင်းတွေ၏ ဓာတ်ပုံကို ကြည့်မိရင်း ကောင်လေးတစ်ယောက်ကို မျက်မှန်းတန်းမိသွားခဲ့သည်။

"သူက ဟိုနေ့က ရိုင်းလ်နဲ့ အိမ်ကိုပါလာတဲ့ ကောင်လေးမလား"

ထိုကောင်လေးရဲ့ ဖုန်းနံပါတ်ကဒ်ကိုတောင် ဦးရဲဝဏ္ဏ ယူဖြစ်ထားခဲ့သေးတာကြောင့် အလောတကြီး ပြန်ရှာကြည့်လိုက်မိသည်။

ဆက်ခွန်းသစ် အခုထိ ဒေါသထွက်နေဆဲပါပင်။

"တောက်. . .အစ်ကိုက သူနဲ့ ညပါ တူတူရှိနေဦးမှာပေါ့။ ရေးခေတ္တရာ မင်း တကယ် သေချင်နေပြီ"

ထိုစဉ် ဖုန်းပြန်ဝင်လာတာကြောင့် အစ်ကို့ဆီကဟု ထင်လိုက်ပေမယ့် နံပါတ်စိမ်းဖြစ်နေခဲ့သည်။

ထိုကောင်လေး ဖုန်းကိုင်လာတာနဲ့ ဦးရဲဝဏ္ဏ အမြန်မိတ်ဆက်လိုက်ရပြီး သူ သိချင်တာကို သေချာမေးရသည်။

"အန်ကယ် ဘာပြောလိုက်တယ်၊ အစ်ကို လက်ထပ်မယ့်သူ ဟုတ်လား"

"သားသိတဲ့အတိုင်း အန်ကယ်တို့က ရိုင်းလ်ကို သားအရင်းလိုပဲ သဘောထားထားတာ။ မတော်တရော်တွေနဲ့ တွေ့သွားမှာစိုးလို့ ရေးခေတ္တရာအကြောင်း သားတို့က သူငယ်ချင်း‌တွေမို့ သားများ သေချာသိမလားလို့လေ။ ဟင်း. . .ဘားပိုင်ရှင်ရဲ့တစ်ဦးတည်းသောသားဆိုတော့ မိဘနောက်ခံကတော့ မဆိုးပါဘူး"

ဆက်ခွန်းသစ် ဒေါသထွက်လွန်းလို့ တဆတ်ဆဆတ်ပင် တုန်နေပြီဖြစ်သည်။ လက်ထပ်မယ့်သူဆိုတာက သူ့ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလိုပင်။

ထို့အတွက်ကြောင့် သူ သိထားသည့် ရေး အကြောင်းအားလုံး ပြောပြပစ်လိုက်မိကာ-

"သူ့အမေအရင်းက ပုဂံမှာ ရှိတာပဲ သိတယ်။ ကျန်တာတော့ ခုပြောခဲ့တဲ့ သူ့မွေးစားအဖေအကြောင်းပဲ ကျွန်တော်လည်း သိတာ။ လိပ်ပြာအမှတ်ကတော့ ကျွန်တော် ခဏခဏတွေ့ဖူးနေကျပါပဲ။ ဒါနဲ့ အစ်ကိုက သူ့ကို တကယ်ကြီး လက်ထပ်မယ်တဲ့လား၊ အဓိပ္ပာယ်မရှိတာ"

ဦးရဲဝဏ္ဏ သူ့အား နှစ်‌ယောက်ပေါင်း လိမ်နေကြတာကို ရိပ်မိသွားပြီမို့ လက်ထဲက ဖုန်းကို နံရံဆီပစ်ပေါက်လိုက်မိသည်။

"အခုချက်ချင်း ငါ့အမျိုးသမီးအခန်းကို အပြင်က သော့ပိတ်ထားလိုက်"

အံဆွဲထဲက အသံတိတ်သေနတ်ကို ထုတ်ယူလိုက်ပြီး ဦးရဲဝဏ္ဏ သူ့လူတွေနဲ့အတူ အပေါ်တက်လာခဲ့ကြသည်။

ဒုန်း!

အပြင်ဖက်ကနေ တံခါးခေါက်သံမဟုတ်ဘဲ တံခါးကို တွန်းဖွင့်သံကြောင့် ခေတ္တရာ ငိုရင်း‌ မောပြီးအိပ်ပျော်သွားတာကို ဘေးမှစောင့်ကြည့်နေသည့် ရိုင်းလ် အသင့်‌အနေအထားဖြစ်သွားခဲ့ကာ ခေါင်းအုံးအောက်ထဲမှ သေနတ်ကို ဆုပ်ကိုင်ထားလိုက်ရင်း ခေတ္တရာကို လှုပ်နှိုးလိုက်မိသည်။

သော့အပိုနဲ့ လှည့်ဖွင့်နေသံကြောင့် ရေးပါ လန့်နိုးလာခဲ့စဉ် အခန်းတံခါး ပွင့်ကျသွားခဲ့သည်။

"ခေတ္တရာ နောက်ဆုတ်"

တံခါးဆီသို့ အရှေ့က အရင်ထွက်ကြည့်ဖို့ လုပ်နေခဲ့သည့် ရေးအား သေနတ်ချိန်ပြီး ဝင်လာတဲ့ ဦးရဲဝဏ္ဏကို မြင်လိုက်ရတာကြောင့် ရိုင်းလ် အမြန်ဆွဲထားလိုက်ကာ သူပါ သေနတ်ထုတ်လိုက်ရသည်။

ကပြားကောင်မှာ သေနတ်ပါလာမည်ဟု ရေး မထင်ထားခဲ့မိတာမို့ သူ့ကြောင့် ထိုလူ လက်လွန်ကုန်မှာ ရေး လန့်သွားခဲ့သည်။

"ရိုင်းလ်စေတန် မင်းက ငါ့ကို ဗြောင်လိမ်တဲ့အပြင် သေနတ်နဲ့တောင် ချိန်ရဲသေးတယ်"

"အန်ကယ် ကျွန်တော်တို့ စကားနဲ့ အရင်ပြောရအောင်။ ကျွန်တော် မလိမ်. . ."

ဦးရဲဝဏ္ဏ သူ စုံစမ်းထားသည့်ဖိုင်ကိုသာ ထောင်ပြလိုက်ရင်း ဆက်ခွန်းသစ် ပြောလို့သိတာမျိုး မဖြစ်အောင်တော့ ဖုံးထားပေးလိုက်ရသည်။

သူ့အဖေလူတွေကပါ သူတို့အား ဝိုင်းထားတာကို ရေး တစ်ချက်ကြည့်လိုက်ပြီး ရှေ့ပြန်ထွက်လာခဲ့ကာ သူ့အဖေ၏ သေနတ်ပြောင်းဝကို သူ့ရင်ဘတ်ဆီ ဆွဲတေ့ပေးလိုက်တော့တာကြောင့် ရိုင်းလ် ဆွဲလို့ပင် မမီလိုက်။

"ခင်ဗျား ကျွန်တော့်ကို ဒီလောက်တောင် သတ်ချင်နေတာလား"

"ငါ မင်းကိုပြောထားတယ်လေ၊ မင်းကို ငါ မသတ်ရင်လည်း ဆွေတော်မျိုးတော်တွေက သတ်ဖို့ လုပ်မှာပဲ။ ဟက်၊ ပုဂံတစ်မြို့လုံးမှာ ငါ့လူတွေ ရှိတာကို မင်းလို လက်တောင့်လောက်လေးက ထွက်ပြေးသွားတာကို လိုက်မဖမ်းနိုင်ဘူးများထင်နေခဲ့ဝာာလား။ ငါ မင်းကို လွှတ်ပေးထားပြီးတာကို သေချင်လို့ ပြန်လာရဲတယ်။ ငါ အခုနေ မင်းကို သတ်လိုက်ပြီးရင်တောင် ထောင်မကျအောင် လုပ်လို့ရတဲ့အထိ ငါ့အာဏာကို လှောင်ပြောင်ရဲတာလား"

ရိုင်းလ် ထိုကောင်လေးရဲ့ ရဲတင်းမှုကြောင့် တကယ် ရင်ပူနေရပေပြီ။

"ခေတ္တရာ မင်းကို ငါ့နားပြန်လာလို့ ပြောနေတယ်နော်!! အန်ကယ် ကျွန်တော်ကပဲ သူ့ကို အတင်းခေါ်လာခဲ့တာမို့ ကျွန်တော်တို့ စကားအရင်ပြောကြ‌ရအောင်"

ရေး သူ့အဖေသေနတ်ကို သူ့ဘယ်ဖက်နှလုံးနားထိ ပြောင်းရွှေ့ပေးလိုက်တော့သည်။

"ဒါဆို သတ်လိုက်တော့။ ကျွန်တော်လည်း ဒီလို ဘဝမျိုးနဲ့ ရှင်သန်ချင်တဲ့စိတ် မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုကြီးပြင်းခဲ့ရလဲ၊ ဒီအိမ်က ထွက်ပြေးသွားပြီး ဘယ်လောက်ဒုက္ခရောက်ခဲ့ရလဲဆိုတာ ပါး တစ်ခါမှ စိတ်မပူဖူးဘူးလား။ ကျွန်တော် ဘယ်လောက်ထိ ပင်ပန်းခဲ့ရလဲ ပါး သိလား"

ထိုကောင်လေးက ဉာဏ်များပြီး လျင်တဲ့သူမို့ ဦးရဲဝဏ္ဏ သူ့သေနတ်မောင်းကိုသာ ဆွဲတင်ပစ်လိုက်ရသည်။

"ထွက်ပြေးသွားတုန်းက ပါလာတဲ့ ပိုက်ဆံတွေကို အလုခံလိုက်ရလို့ ပုဂံထဲကတောင် အချိန်အတန်ကြာ မထွက်နိုင်ခဲ့ဘူး။ စားစရာမရှိ အိပ်စရာမရှိတဲ့အပြင် ခင်ဗျားရဲ့လူတွေဆီ ပြန်ဖမ်းမိသွားမှာကို သေမလို ကြောက်နေခဲ့ရတယ်။ ခြေသံ‌ကြားရင်တောင် လိုက်ဖမ်းနေတဲ့သူပဲ ထင်ပြီး ထွက်ထွက်ပြေးနေမိတယ်။ ကြောက်လွန်းလို့ လမ်းကြားထဲတွေမှာပဲ အိပ်ခဲ့ရပြီး ဗိုက်ဆာရင်တောင် လူမြင်သူမြင် တောင်းမစားရဲလို့ သူများအကြွင်းအကျန်တွေပဲ ရှာစားခဲ့ရတယ်"

မောင်းတင်ထားသည့် ဦးရဲဝဏ္ဏ၏ လက်တွေ မသိမသာ တုန်ယင်သွားခဲ့သလို ရိုင်းလ်ပါ လုံးဝ ဆွံ့အသွားခဲ့ရသည်။

"ကျွန်တော် ခင်ဗျားကြောင့် ဘယ်လောက် ‌ဒုက္ခရောက်ခဲ့ရကြောင်းကို မားကို တိုင်ချင်တာတွေ အများကြီး ရှိနေတာ သိလား။ ပုဂံမြို့ရဲ့အချမ်းသာဆုံး ဦးရဲဝဏ္ဏရဲ့သားက သူများအိမ်မှာ အိမ်စေလိုက်လုပ်‌နေခဲ့ရတာ သိလား။ သူများ ဖိနပ်တွေကို တိုက်ပေးရင်း၊ လူတကာရဲ့ အဆဲအဆိုကိုခံရင်း ပုဂံမြို့ထဲက ထွက်ပြေးလို့ရအောင် ပိုက်ဆံပြန်ရှာခဲ့ရတာ သိလား။ ဒီလက်တွေ ကြမ်းထော်သွားမတတ် ကြမ်းတွေတိုက် အဝတ်လျှော်ခဲ့ရတာသိလား!!!"

ရေး သူ့မွေးစားအဖေနဲ့ ထိုကဲ့သို့ အိမ်စေလုပ်နေရင်းမှ တွေ့ခဲ့ရတာ ဖြစ်သည်။ သူက ရွှေဇွန်းကိုက်ပြီး မွေးလာခဲ့တယ်လို့ ပြောလို့ရအောင်အထိ ပြည့်စုံခဲ့သူမို့ ဘာအလုပ်မှ ကောင်းကောင်းမလုပ်နိုင်တာကြောင့် အိမ်ရှင်တွေ၏ ခဏခဏရိုက်နှက်ခြင်းကို အမြဲခံခဲ့ရသည်။ ပုဂံက ထိုအိမ်ရှင်တွေဆီ လာလည်ခိုက် အခုဆို လူကောင်သေးသေးလေးနဲ့ အများကြီး လုပ်နိုင်နေပြီဖြစ်တဲ့ သူ့ကို အာရုံစိုက်မိသွားလို့ ထိုလူက သူ့အား ရန်ကုန်ကို ခေါ်လာခဲ့တာပင်။

"မင်းက လက်သေးသေးလေးပေမယ့် ဖိနပ်တိုက်တာတော့ တော်သားပဲ။ ကလေး ဦးနဲ့ ရန်ကုန်လိုက်ခဲ့မလား"

ထိုအချိန်က ဦးချချင်မတတ် ကျေးဇူးတင်ခဲ့ရလွန်းလို့ သူ ထိုလူ့ကို မျက်ရည်တွေကြားက ခေါင်းညိတ်ပြခဲ့ရသည်။ သူ့အဖေ ကြီးစိုးရာ နယ်မြေထဲမှာ နေနေရတာက သူ့အား ‌ဆန့်ဆန့်တောင် မအိပ်ရဲစေခဲ့။ ဒေါက်ဒေါက်ဒေါက် ခြေသံကြားတိုင်း လန့်လန့်နိုးရတဲ့အထိ ကြောက်နေမိတာမို့ သူ ထိုဦးဦးလက်ကို အားကိုးတကြီး ဖမ်းဆုပ်ထားခဲ့မိသည်။

ဦးရဲဝဏ္ဏ သူ့သေနတ်ကို ချလိုက်ရတော့သည်။ တကယ်ဆို ထိုအချိန်က ထိုကလေးကို ဆွေတော်မျိုးတော်တွေက သတ်ဖို့လုပ်နေကြပြီမို့ သူ့သားကို တခြားသူ လာသတ်ကြမှာထက်စာရင် သူ့လက်နဲ့သတ်ဖို့သာ ရွေးချယ်ခဲ့သည်။ သို့သော်ငြား ထိုက‌လေးက ရုတ်တရက်ကြီး ထွက်ပြေးသွားခဲ့တာမို့ သူ ပြန်လိုက်ဖမ်းနေသည်ဟုဆိုသော်ငြား ဖမ်းခဲ့တာက အယောင်ပြလောက်ပါပင်။ ထိုကလေးနဲ့အတူ ပိုက်ဆံတွေအများကြီးပါသွားခဲ့တာမို့ ဒီနယ်မြေကနေ အဆင်ပြေ‌ပြေနဲ့ ထွက်သွားနိုင်လောက်မယ်ဟု သူ တွက်ထားခဲ့မိသည်။

ဦးရဲဝဏ္ဏ လက်လျှော့လိုက်တာကို သတိထားလိုက်မိတာမို့ ရိုင်းလ် ထိုကောင်လေးကို သူ့ဖက် အမြန်ပြန်ဆွဲလိုက်ရပြီး အန်ကယ့်လူတွေကို သေနတ်ချိန်ထားရင်း ဒီအိမ်ထဲကနေ အရင်ထွက်ဖို့ ကြိုးစားလိုက်မိသည်။

"သွားတော့၊ ငါ ဒီတစ်ခါ နောက်ဆုံးပဲ လွှတ်ပေးလိုက်မယ်။ မင်း ဘယ်လိုနေခဲ့ရလဲ ငါ စိတ်မဝင်စားဘူး၊ ဒါက မင်းရွေးချယ်သွားခဲ့တဲ့လမ်းပဲလေ။ ကျေးဇူးပြုပြီး ငါ့လက်နဲ့ ထပ်သတ်ရတာမျိုး မဖြစ်အောင် နောက်ဆို ဒီနယ်မြေကို ခြေပြန်မချပါနဲ့တော့။ တစ်ခုပဲ၊ တကယ်လို့များ မင်းအမေနဲ့ တူတူနေချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ မင်းရဲ့ဖူးစာဖက်ကို သတ်လာခဲ့။ ငါ မင်း ထောင်မကျအောင်ထိ လုပ်ပေးနိုင်တာမို့ အဲ့လိုမလုပ်နိုင်ဘူးဆိုရင်တော့ ငါတို့ရှေ့ ပြန်မလာခဲ့နဲ့"

ရေး၏ လက်မောင်းကိုသာ ရိုင်းလ် ဆုပ်ကိုင်လိုက်ပြီး ထိုအခန်းထဲမှ ဆွဲခေါ်လာခဲ့လိုက်ရသည်။

ခေတ္တရာအပေါ် သူ့မိဘတွေက အခုလို မပြတ်မသားလုပ်ကြမှာကို သိနေသည့် ဆွေတော်မျိုးတော်တွေက သူတို့၏ သူလျှိုတွေကို ဒီအိမ်ထဲမှာ ထည့်ထားခဲ့သည်။ ထို့အတွက် သခင်ကြီးက ခုလိုလွှတ်ပေးလိုက်တာကို မြင်လိုက်ရတာကြောင့် ထိုသူလျှိုတစ်ယောက် သူ့လက်ထဲမှ သေနတ်ကို သခင်ကြီး မမြင်ခင် မောင်းချိန်လိုက်ပြီး ပစ်ချလိုက်တော့သည်။

ဒိုင်း. . .

"ခေတ္တရာ သတိထား"

ထိုလူတွေကို ‌ရိုင်းလ် သတိထားနေသည့်ကြားကနေပင် ထိုကောင်လေး အပစ်ခံလိုက်ရတာကြောင့် ခေတ္တရာကို အမြန်ပွေ့ဖက်လိုက်ရကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရပြီး သူ့ခန္ဓာကိုယ်နဲ့သာ ဒိုင်းသဖွယ် ကာပေးလိုက်မိတာမို့ ရေးဆီ ဝင်လာသည့် ကျည်ဆံနှစ်တောင့်က ရိုင်းလ်၏ ကျောဖက်ဆီသို့သာ ပစ်ဝင်ခဲ့သည်။

"မင်းတို့ဘာလုပ်တာလဲ၊ ရပ်စမ်း!!"

ဦးရဲဝဏ္ဏ အမိန့်ပေးလိုက်ပေမယ့် ထိုလူတွေက နာခံမှု မရှိတာကြောင့် သူ့လူအစစ်တွေ မဟုတ်တာကို သိလိုက်မိသည်။

လဲကျမသွားအောင် ရိုင်းလ် အမြန်တောင့်ထားလိုက်ရပြီး ရေး ကြားအောင်သာ အားယူပြောလိုက်ရသည်။

"ပြေးတော့ သွား၊ အိမ်ရှေ့မှာ ကိုယ့်လူတွေရဲ့ကား ရှိတယ်။ မကြောက်နဲ့၊ ကိုယ် ကာပေးထားမှာမို့ အမြန်သွား"

ရေး ခေါင်းခါပြလိုက်မိသည်။ သူ ဘယ်လိုလုပ် ဒီလူ့ကို တစ်ယောက်တည်း ထားခဲ့နိုင်မှာလဲ။

"ခေါင်းမမာနဲ့၊ ဒီလူတွေ ကိုယ့်ကိုတော့ မသတ်ရဲဘူး"

ထိုသူလျှိုတွေ သူတို့နား တိုးကပ်လာတာမို့ ရေး ဘာလုပ်ရမလဲ မသိတော့အောင် ပူထူသွားရစဉ် ဦးရဲဝဏ္ဏ သူ့၏ အသံတိတ်သေနတ်နဲ့ ထိုကောင်တွေကို လက်စဖျောက်လိုက်ရတော့သည်။

"နှစ်ယောက်လုံး မြန်မြန်သွားကြတော့။ ရိုင်းလ်စေတန် မင်း နောက်ဆို အခုလို မဆိုင်တဲ့ကိစ္စတွေထဲ ဝင်မပါစမ်းပါနဲ့။ အခု မင်း ငါ့သားကို ဒီအိမ်ထဲခေါ်လာတာက ဘယ်‌လောက် အန္တရာယ်များလဲ မြင်ပြီမလား။ သွားကြတော့"

ရေး ဘာမှဆက်နားထောင်မနေတော့ဘဲ ရိုင်းလ်ကိုသာ အမြန်တွဲခေါ်သွားလိုက်တော့သည်။

"ခဏလေးပဲ ဝောာင့်ခံထားပေး၊ ငါ မင်းကို ကာကွယ်ပေးမယ် ပြောထားခဲ့ပြီး အခုမတည်နိုင်ခဲ့ဘူး။ တောင်းပန်ပါတယ်. . .တောင်းပန်ပါတယ်၊ မင်း ဘာမှမဖြစ်လိုက်ပါနဲ့"

ရိုင်းလ်တစ်ယောက် ထိုကောင်လေးပခုံးကို တွဲခိုလာခဲ့ရင်း ပြုံးလိုက်မိသည်။ ခေတ္တရာက သူ့အား ထိုစကားတွေကို ငိုရင်း ၊ ဆွဲခေါ်လာရင်း ‌သူ အခုချက်ချင်းပဲ သေတော့မလိုမျိုး လန့်ပြီးပြောနေတာမို့ ပြုံးလိုက်မိခြင်းပါပင်။

ကျည်ဆံက ရှပ်ထိသွားခဲ့တာမှန်း ရိုင်းလ် သူ့ကိုယ်သူ ခုနကထဲက သိလိုက်သည်။ ဒဏ်ရာအရှိန်ကြောင့် နာကျင်နေရသော်လည်း ထိုကျည်ဆံက ဒီကောင်လေးကို မထိခိုက်သွားတာနဲ့တင်ပဲ ရိုင်းလ် ကျေနပ်နေရပါပြီ။

___________________________________________

[Zawgyi]

ၾကည္လင္ေသာ ေကာင္းကင္ထက္တြင္ လမင္းသည္ ထြန္းေတာက္လ်က္ရွိၿပီး စံအိမ္၏ သီးသန႔္အေဆာင္သဖြယ္ျဖစ္ေနေသာ အခန္းထဲသို႔ထိတိုင္ အလင္းျဖာက်ေနခဲ့သည္။

ထိုအခန္း၏ ျပတင္းေပါက္နား၌ Dream catcher ေတြ ခ်ိတ္ဆြဲထားသည့္အျပင္ ထိုအခန္းထဲရွိ ခရမ္းေရာင္အိပ္ရာခင္း ခင္းက်င္းထားရာ ကုတင္ႀကီးက ႏွစ္ေယာက္အိပ္ရန္ က်ယ္ဝန္းသည္။ သို႔ေသာ္ျငား ရိုင္းလ္ေစတန္ အၿငိမ္ပင္ မထိုင္နိုင္ေသးဘဲ ဘာဆက္လုပ္ရမလဲ စဥ္းစားေနစဥ္ ေရးကေတာ့ သူ႕အိပ္ရာေပၚ လွဲခ်ၿပီး အနားယူေနၿပီျဖစ္သည္။

သူ ဒီအခန္းထဲ၌ ရွစ္ႏွစ္အ႐ြယ္ထိ ေနထိုင္ခဲ့ဖူးပါ၏။ သူငယ္ငယ္က အိပ္ရတာထက္ ပိုႀကီးလာေသာ ကုတင္ေျပာင္းထား႐ုံကလြဲရင္ တစ္ခန္းလုံးက အရင္တိုင္းပင္ ျဖစ္သည္။ ၾကည့္ရတာ ဒီအခန္းက သူ႕အခန္းဆိုေပမယ့္ မားတို႔က ကျပားေကာင္ကို အပိုင္ေပးထားပုံရသည္။

"ငါ‌ ေျပာသားပဲ၊ အဲ့ဘိုးေတာ္ႀကီးကို ငါ့အေမ လွည့္လို႔မရပါဘူးဆို။ ဟူး. . .ေတာ္ၿပီ၊ ငါ စိတ္ေလွ်ာ့လိုက္ၿပီမို႔ မားမ်က္ႏွာကို ဒီေလာက္ျမင္ရရင္ပဲ ေက်နပ္ၿပီ။ အိပ္ေတာ့မယ္"

ထိုေကာင္ေလးက ေက်နပ္ေပမယ့္ ရိုင္းလ္ကေတာ့ အဆင္ေျပမေနေသးေပ။ သူ ဒီသားအမိကို ဘယ္ေလာက္ေတာင္ ေသခ်ာေတြ႕ေပးခ်င္ခဲ့ရလဲ။

ရိုင္းလ္ သူ႕ကုတ္ကို ထိုင္ခုံေပၚ ပစ္တင္လိုက္ေတာ့ကာ အိတ္ထဲက ေသနတ္ကို ေခါင္းအုံးေအာက္ထဲ ေျပာင္းထည့္လိုက္ရၿပီး ကုတင္ေပၚ ဝင္ထိုင္လိုက္ေတာ့သည္။

"ငါ စီစဥ္တာ လိုသြားတယ္၊ ဒီလိုမွန္းသိရင္ ဒီေန႕မလာဘဲ ေနလိုက္ရမွာ"

ေရး အိပ္ေနရင္းမွေန သူ႕ေဘးက ကျပားေကာင္‌ေပါင္ကို ခပ္ဖြဖြ ပုတ္လိုက္ရၿပီး ထိုေကာင့္ကိုပါ စိတ္ေလွ်ာ့လိုက္ေတာ့ဖို႔ ေျဖာင္းဖ်လိဳက္ရသည္။

ရိုင္းလ္တစ္ေယာက္ သူ႕ေပါင္ေပၚက ထိုေကာင္ေလးလက္ကို ေသခ်ာ ကိုင္ၾကည့္လိုက္မိသလို ေခါင္းက ခ်ဳပ္ရိုးကိုပါ ျပန္စစ္ေဆးလိုက္မိသည္။

"မင္းလက္က ဘယ္လိုေနေသးလဲ"

"ဘယ္လိုေနရမွာလဲ၊ မင္း လုပ္သြားတဲ့အတိုင္းပဲေလ။ ငါ အဲ့ကိစၥအတြက္ မင္းကို ၾကည္ေသးတာမဟုတ္ေပမယ့္ ဒီေန႕ ငါ့ကို ကူညီေပးလို႔ ခြင့္လႊတ္ေပးလိုက္မယ္။ ဒါနဲ႕ မင္း ငါ့မိဘေတြနဲ႕ ဘာလို႔ အဲ့ေလာက္ထိ ရင္းႏွီးေနတာလဲ"

ကျပားေကာင္က ကုတင္ေပၚက ထထြက္သြားတာမို႔ ေရး ေခါင္းေထာင္ၾကည့္လိုက္ေတာ့ ဒီအိပ္ခန္းထဲမွာ သူ႕ေဆးေသတၱာပါ ရွိေနတာပင္။

"အဲ့ဒါကို မင္းအေမကိုပဲ ေမးပါလို႔ ေျပာထားတယ္ေလ"

"ဟ. . .ငါလည္း ေမးခ်င္တာမွ ေသေတာ့မလိုပဲေလ။ ႏွစ္ေယာက္ထဲ စကားေျပာလို႔မွ မရေသးတာကို။ မင္းေျပာျပလိုက္လည္း ျဖစ္ေနတဲ့ဟာ. . ."

သူ႕လက္ကို ဆြဲယူလိုက္ၿပီး ပတ္တီးအေဟာင္းကို ျဖည္လိုက္ကာ ဒဏ္ရာကို ေသခ်ာစစ္ေဆးေနပုံရတာမို႔ ေရး ၿငိမ္ေနလိုက္ရေတာ့သည္။

ရိုင္းလ္ ထိုေကာင္ေလး၏ လက္ကို ပတ္တီးအသစ္ျပန္စီးေပးေနရင္း-

"ငါ့အေမက ျမန္မာလူမ်ိဳးေလ။ ငါ့အေမနဲ႕ မင္းအေမက အရမ္းခင္ၾကတဲ့ သူငယ္ခ်င္းေတြ။ မင္းအေမ မင္းကို ကိုယ္ဝန္စေဆာင္ရတုန္းက သူတို႔ကတိထားခဲ့တယ္။ မိန္းကေလးေမြးလာရင္ ငါနဲ႕ေပးစားမယ္ဆိုၿပီး။ ဒါေပမဲ့ ေမြးလာတာက ေယာက္်ားေလးျဖစ္ေနေတာ့ အဲ့ကတိ ပ်က္သြားတယ္။ ငါ့အေမကလည္း အဲ့ကထဲက ဆုံးသြားတယ္။ ေနာက္ေတာ့ ငါလည္း မိေထြးရလာၿပီး ဒယ္ဒီနဲ႕ လန္ဒန္လိုက္သြားရတာ။ ဒါေပမဲ့ မင္းအေမက ငါ့ကို အခုခ်ိန္ထိ သူ႕သားအရင္းလိုမ်ိဳး ခ်စ္ေပးေနတုန္းပဲမို႔ အန္တီက ငါ့အတြက္ေတာ့ အေမရင္းလိုပါပဲ"

". . . ."

"မင္း ေပ်ာက္သြားတဲ့ေနာက္ပိုင္း ငါ လန္ဒန္ကေန ဒယ္ဒီတို႔နဲ႕အတူ ျမန္မာျပည္ ခဏျပန္လာခဲ့ရတယ္။ အဲ့တုန္းက အန္တီ့ဆီကေန မင္းအေၾကာင္းေတြ ေသခ်ာသိခဲ့ရသလို အဲ့တစ္ေခါက္ ျပန္လာျဖစ္တုန္းက ဒယ္ဒီ့ေၾကာင့္ ခြန္းတို႔မိသားစုနဲ႕ ရင္းႏွီးလာတယ္။ ငါ ငယ္ငယ္က မိေထြးရဲ႕သားေတြ အနိုင္က်င့္တာကို ခံေနရက်မိဳ႕ ငါ့ကို ႏူးႏူးညံ့ညံ့ ဆက္ဆံေပးလာတဲ့ ခြန္းနဲ႕ အခုေလာက္ထိ ရင္းႏွီးလာတာပဲ"

ပတ္တီးစီး‌ေပးျခင္းကို အဆုံးသတ္လိုက္ၿပီးေနာက္ ေခါင္းက ဒဏ္ရာကို ေသခ်ာေအာင္ ထပ္စစ္ၾကည့္လိုက္ရသည္။

"အဲ့ဒါမို႔ ငါလည္း ငယ္ငယ္ကထဲက ခြန္းကို အနိုင္က်င့္တဲ့သူေတြကိုေတြ႕ရင္ ျပန္ၿပီးလက္စားေခ်ေပးေနက်ပဲ။ အဲ့အတြက္ အဲ့ေန႕က မင္း သူ႕ကို အနိုင္က်င့္ေနတယ္လို႔ ျမင္လိုက္ရလို႔ ဒီေလာက္ထိ လုပ္မိသြားခဲ့တာမို႔ ေတာင္းပန္ပါတယ္။ မင္းတို႔ႏွစ္ေယာက္ ျပႆနာမွာ ဘယ္သူက မွားေနလဲ ငါ မသိေပမယ့္ မင္း သူ႕ကို ကိုယ္ထိလက္ေရာက္ အနိုင္က်င့္တာမ်ိဳးေတာ့ မလုပ္ပါနဲ႕"

ေရး သူ႕နဖူးေပၚက ထိုေကာင့္လက္ကို ပုတ္ထုတ္လိုက္ရေတာ့သည္။

"ေနာက္ဆုံးေတာ့ မင္းလည္း ဒီအခ်ိဳးပဲ။ အဲ့ေကာင္က ငါ့လို လက္မပါေပမယ့္ ငါ့ထက္ေတာင္ ဆိုးတဲ့သူကြ။ ငါ သူ႕ကို မေက်နပ္တာေတြ ရွိေနလည္း တတ္နိုင္သမွ် လ်စ္လ်ဴရႈထားခဲ့ေပမယ့္ မင္းတို႔ ဒီလိုလာေျပာေနရင္ တကယ္ ေဒါသထြက္တယ္"

တကယ္‌ေဒါသထြက္သြားတဲ့ ေရးေၾကာင့္ ရိုင္းလ္ ဆက္မေျပာေတာ့ဘဲ ဒီႏွစ္ေယာက္ ဘာလို႔ အဲ့ေလာက္ရန္လိုေနၾကလဲဆိုတာေတာ့ သိခ်င္လာမိေပသည္။ ရိုင္းလ္ ခုန သူ ျပန္မလာနိုင္ေၾကာင္း ခြန္းကို ဖုန္းဆက္အေၾကာင္းၾကားလိုက္ရတုန္းကလည္း ခြန္း သူ႕အေပၚ အလြန္ေပါက္ကြဲေနတာေၾကာင့္ ရိုင္းလ္ စိတ္ရႈပ္သြားခဲ့ရေသးသည္။

ထိုစဥ္ တံခါးအျပင္၌ အန္တီတို႔ရန္ျဖစ္သံကို ၾကားလိုက္ရတာေၾကာင့္ ႏွစ္ေယာက္လုံး တံခါးနား ထလာလိုက္မိသည္။

"ရွင္ ဘယ္လိုျဖစ္လို႔ တစ္ေန႕လုံး ကြၽန္မေနာက္ တေကာက္ေကာက္ လိုက္ေနရတာလဲ။ ေျပာၿပီးသားေလ၊ အဲ့ဒါ ကြၽန္မတို႔သား မဟုတ္ပါဘူးဆို"

"မင္း တကယ္ပဲ ေသြးက စကား‌ေျပာတာမ်ိဳး မခံစားရဘူးလား။ ေသခ်ာေပါက္. . ."

"ျဖစ္ေတာ့ေရာ ဘာလုပ္ရမွာလဲ။ ရွင္ သတ္ဖို႔လုပ္ခဲ့လို႔ မိဘရင္ခြင္ထဲမွာပဲ ေနရမယ့္ ကေလးက ညႀကီးသန္းေခါင္ ထြက္ေျပးသြားခဲ့တာေလ။ ကြၽန္မ ရွင့္လုပ္ရပ္ကို ေၾကာက္လြန္းလို႔ ခိုးေတာင္ မရွာရဲခဲ့ဘူး။ ဘာလို႔ ရွင္တို႔မ်ိဳးရိုးစဥ္ဆက္ တည္တံ့ဖို႔အတြက္နဲ႕ ကြၽန္မသားရဲ႕အသက္ကို စေတးပစ္ရမွာလဲ။ ရွင္တို႔ရဲ႕ အရည္မရ အဖက္မရ က်ိန္စာေတြအေၾကာင္းသာ ေစာေစာသိခဲ့မိရင္ ကြၽန္မ ကေလးေတာင္ ယူမိခဲ့မွာ မဟုတ္ဘူး"

"ငါတို႔ၾကားမွာ က‌ေလးရွိဖို႔ေတာ့ လိုေသးတယ္ေလကြာ။ ငါလည္း ပထမဆုံးေမြးလာတဲ့ကေလးတင္ အဲ့လိုအမွတ္ပါလာမယ္လို႔ မထင္ခဲ့လို႔ေပါ့ကြ။ အခု မင္း ေနာက္ထပ္ ကေလးလိုခ်င္ရင္ ထပ္ယူလို႔ရေနၿပီပဲေလ"

"လူယုတ္မာ‌. . .ေနာက္ကေလးေတြမွာပါ အဲ့လိုအမွတ္ပါလာခဲ့ရင္ေရာ။ ရွင့္အတြက္ မ်ိဳးရိုးတည္တံ့ဖို႔ပဲ အေရးႀကီးေနေပမယ့္ ကြၽန္မအတြက္က ေခတၱရာတစ္ေယာက္ကပဲ အေရးႀကီးတာ။ ကြၽန္မအတြက္ ကြၽန္မ ေမြးထားခဲ့ရတဲ့ သားတစ္ေယာက္ကပဲ အေရးႀကီးတာရွင့္။ လိုက္လည္း မရွာနိုင္၊ ကာလည္းမကြယ္နိုင္ခဲ့တဲ့ အေမတစ္ေယာက္ရဲ႕ ခံစားခ်က္ကို ရွင္တို႔တစ္မ်ိဳးလုံးက နားလည္ၾကမွာ မဟုတ္ဘူး"

အျပင္က စကားေတြကို နား‌ေထာင္ေနရင္း သူ႕ေဘး၌ အသံတိတ္ မ်က္ရည္က်လာေသာ ေကာင္ေလးကို ရိုင္းလ္ ျမင္လိုက္ရတာေၾကာင့္ က႐ုဏာသက္သြားမိသည္။

"ငါ့မိဘေတြက ငါ ငယ္ငယ္ကတည္းက အဲ့လိုမ်ိဳးပဲ ငါ့ေၾကာင့္ ရန္ျဖစ္ေနၾကရတာ။ အဲ့တုန္းကဆို ငါ ေသသြားလိုက္ရင္ ဒီအိမ္ႀကီး ေအးခ်မ္းသြားမွာလား အႀကိမ္ႀကိမ္ ေတြးခဲ့ဖူးေပမယ့္ တၿပိဳင္တည္းမွာလည္း ငါ ႐ူးေလာက္ေအာင္ အသက္ရွင္ခ်င္ေနခဲ့မိတယ္။ ငါ ရွင္သန္ေနမွ ျဖစ္မယ္၊ အဲ့ဒါမွ ငါက အဲ့လိုလူမ်ိဳးမဟုတ္ဘူးဆိုတာ သက္ေသျပနိုင္မယ္ဆိုတဲ့ ယုံၾကည္ခ်က္တစ္ခုထဲနဲ႕ ငါ အဲ့ညက ေၾကာက္ေနေပမယ့္ အသက္ရွင္ခ်င္လြန္းလို႔ ထြက္ေျပးခဲ့တာ"

". . . ."

"တကယ္လို႔မ်ား ငါက ဒီလိုလူမ်ိဳးဆိုတာ ေသခ်ာသိခဲ့ရင္ သူမ်ားေတြကို ဒုကၡမေပးမိေအာင္ အဲ့ကထဲက ဒီလူ႕ရဲ႕လက္ထဲမွာပဲ အေသခံမိမွာ ေသခ်ာတယ္။ ငါ့ပါးစပ္က မရည္႐ြယ္ဘဲ က်ိန္ဆဲလိုက္မိတိုင္း လူေတြ ေသသြားဖူးတာမွန္ေပမယ့္ ငါ့ေမြးစားအေဖကိုေတာ့ ရည္႐ြယ္ခ်က္ရွိရွိ က်ိန္ဆဲသတ္ခဲ့မိတာ။ အဲ့အျပစ္က ငါ့ကို အခုထိ ေျခာက္လွန႔္ေနဆဲပဲ။ အဲ့အျပစ္ေၾကာင့္ပဲ ထင္တယ္၊ ငါ့သူငယ္ခ်င္းကိုေတာ့ ငါ မသတ္မိပါဘူးဆိုတာေတာင္ သူတို႔ေတြက မယုံၾကေတာ့ဘူး"

အျပင္ဖက္၌ အန္တီတို႔ျပန္ဆင္းသြားတာမို႔ တိတ္ဆိတ္သြားခဲ့ေပမယ့္ အိပ္ခန္းထဲမွာေတာ့ ေခတၱရာ၏ ရွိုက္ႀကီးတငင္ ငိုရွိုက္ေနသံေၾကာင့္ ရိုင္းလ္ပါ ထိုေကာင္ေလးေရွ႕၌ ထိုင္ခ်လိဳက္ရၿပီး မ်က္ရည္သုတ္ေပးလိုက္မိသည္။

"အဲ့သူငယ္ခ်င္းက ခြန္းရဲ႕ေကာင္ေလးလား"

ေရး ေခါင္းညိတ္ျပလိုက္တာေၾကာင့္ ရိုင္းလ္ ထိုႏွစ္ေယာက္ၾကားက ျပႆနာကို သေဘာေပါက္သြားခဲ့ရၿပီ။

.
.
.

ဦးရဲဝဏၰ ေတာက္ေခါက္ရင္း ေအာက္ထပ္ျပန္ဆင္းလာခဲ့ကာ သူ႕မိန္းမအား အေစာင့္ေတြနဲ႕ ေစာင့္ၾကည့္ခိုင္းထားခဲ့ၿပီး စာၾကည့္ခန္းဖက္ ျပန္ထြက္လာခဲ့သည္။

ထို႔ေနာက္ ေန႕လယ္က ထိုေကာင္ေလးရဲ႕ အေဖအေၾကာင္းကိုသာ သူ ေသခ်ာၾကည့္ျဖစ္ခဲ့တာမို႔ ထိုေကာင္ေလးအေၾကာင္းကိုပါ အစအဆုံး ေသခ်ာျပန္ဖတ္ၾကည့္ေနမိစဥ္ ေရးေခတၱရာ၏ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြ၏ ဓာတ္ပုံကို ၾကည့္မိရင္း ေကာင္ေလးတစ္ေယာက္ကို မ်က္မွန္းတန္းမိသြားခဲ့သည္။

"သူက ဟိုေန႕က ရိုင္းလ္နဲ႕ အိမ္ကိုပါလာတဲ့ ေကာင္ေလးမလား"

ထိုေကာင္ေလးရဲ႕ ဖုန္းနံပါတ္ကဒ္ကိုေတာင္ ဦးရဲဝဏၰ ယူျဖစ္ထားခဲ့ေသးတာေၾကာင့္ အေလာတႀကီး ျပန္ရွာၾကည့္လိုက္မိသည္။

ဆက္ခြန္းသစ္ အခုထိ ေဒါသထြက္ေနဆဲပါပင္။

"ေတာက္. . .အစ္ကိုက သူနဲ႕ ညပါ တူတူရွိေနဦးမွာေပါ့။ ေရးေခတၱရာ မင္း တကယ္ ေသခ်င္ေနၿပီ"

ထိုစဥ္ ဖုန္းျပန္ဝင္လာတာေၾကာင့္ အစ္ကို႔ဆီကဟု ထင္လိုက္ေပမယ့္ နံပါတ္စိမ္းျဖစ္ေနခဲ့သည္။

ထိုေကာင္ေလး ဖုန္းကိုင္လာတာနဲ႕ ဦးရဲဝဏၰ အျမန္မိတ္ဆက္လိုက္ရၿပီး သူ သိခ်င္တာကို ေသခ်ာေမးရသည္။

"အန္ကယ္ ဘာေျပာလိုက္တယ္၊ အစ္ကို လက္ထပ္မယ့္သူ ဟုတ္လား"

"သားသိတဲ့အတိုင္း အန္ကယ္တို႔က ရိုင္းလ္ကို သားအရင္းလိုပဲ သေဘာထားထားတာ။ မေတာ္တေရာ္ေတြနဲ႕ ေတြ႕သြားမွာစိုးလို႔ ေရးေခတၱရာအေၾကာင္း သားတို႔က သူငယ္ခ်င္း‌ေတြမို႔ သားမ်ား ေသခ်ာသိမလားလို႔ေလ။ ဟင္း. . .ဘားပိုင္ရွင္ရဲ႕တစ္ဦးတည္းေသာသားဆိုေတာ့ မိဘေနာက္ခံကေတာ့ မဆိုးပါဘူး"

ဆက္ခြန္းသစ္ ေဒါသထြက္လြန္းလို႔ တဆတ္ဆဆတ္ပင္ တုန္ေနၿပီျဖစ္သည္။ လက္ထပ္မယ့္သူဆိုတာက သူ႕ေခါင္းေပၚ မိုးႀကိဳးပစ္ခ်လိဳက္သလိုပင္။

ထို႔အတြက္ေၾကာင့္ သူ သိထားသည့္ ေရး အေၾကာင္းအားလုံး ေျပာျပပစ္လိုက္မိကာ-

"သူ႕အေမအရင္းက ပုဂံမွာ ရွိတာပဲ သိတယ္။ က်န္တာေတာ့ ခုေျပာခဲ့တဲ့ သူ႕ေမြးစားအေဖအေၾကာင္းပဲ ကြၽန္ေတာ္လည္း သိတာ။ လိပ္ျပာအမွတ္ကေတာ့ ကြၽန္ေတာ္ ခဏခဏေတြ႕ဖူးေနက်ပါပဲ။ ဒါနဲ႕ အစ္ကိုက သူ႕ကို တကယ္ႀကီး လက္ထပ္မယ္တဲ့လား၊ အဓိပၸာယ္မရွိတာ"

ဦးရဲဝဏၰ သူ႕အား ႏွစ္‌ေယာက္ေပါင္း လိမ္ေနၾကတာကို ရိပ္မိသြားၿပီမို႔ လက္ထဲက ဖုန္းကို နံရံဆီပစ္ေပါက္လိုက္မိသည္။

"အခုခ်က္ခ်င္း ငါ့အမ်ိဳးသမီးအခန္းကို အျပင္က ေသာ့ပိတ္ထားလိုက္"

အံဆြဲထဲက အသံတိတ္ေသနတ္ကို ထုတ္ယူလိုက္ၿပီး ဦးရဲဝဏၰ သူ႕လူေတြနဲ႕အတူ အေပၚတက္လာခဲ့ၾကသည္။

ဒုန္း!

အျပင္ဖက္ကေန တံခါးေခါက္သံမဟုတ္ဘဲ တံခါးကို တြန္းဖြင့္သံေၾကာင့္ ေခတၱရာ ငိုရင္း‌ ေမာၿပီးအိပ္ေပ်ာ္သြားတာကို ေဘးမွေစာင့္ၾကည့္ေနသည့္ ရိုင္းလ္ အသင့္‌အေနအထားျဖစ္သြားခဲ့ကာ ေခါင္းအုံးေအာက္ထဲမွ ေသနတ္ကို ဆုပ္ကိုင္ထားလိုက္ရင္း ေခတၱရာကို လႈပ္ႏွိုးလိုက္မိသည္။

ေသာ့အပိုနဲ႕ လွည့္ဖြင့္ေနသံေၾကာင့္ ေရးပါ လန႔္နိုးလာခဲ့စဥ္ အခန္းတံခါး ပြင့္က်သြားခဲ့သည္။

"ေခတၱရာ ေနာက္ဆုတ္"

တံခါးဆီသို႔ အေရွ႕က အရင္ထြက္ၾကည့္ဖို႔ လုပ္ေနခဲ့သည့္ ေရးအား ေသနတ္ခ်ိန္ၿပီး ဝင္လာတဲ့ ဦးရဲဝဏၰကို ျမင္လိုက္ရတာေၾကာင့္ ရိုင္းလ္ အျမန္ဆြဲထားလိုက္ကာ သူပါ ေသနတ္ထုတ္လိုက္ရသည္။

ကျပားေကာင္မွာ ေသနတ္ပါလာမည္ဟု ေရး မထင္ထားခဲ့မိတာမို႔ သူ႕ေၾကာင့္ ထိုလူ လက္လြန္ကုန္မွာ ေရး လန႔္သြားခဲ့သည္။

"ရိုင္းလ္ေစတန္ မင္းက ငါ့ကို ေျဗာင္လိမ္တဲ့အျပင္ ေသနတ္နဲ႕ေတာင္ ခ်ိန္ရဲေသးတယ္"

"အန္ကယ္ ကြၽန္ေတာ္တို႔ စကားနဲ႕ အရင္ေျပာရေအာင္။ ကြၽန္ေတာ္ မလိမ္. . ."

ဦးရဲဝဏၰ သူ စုံစမ္းထားသည့္ဖိုင္ကိုသာ ေထာင္ျပလိုက္ရင္း ဆက္ခြန္းသစ္ ေျပာလို႔သိတာမ်ိဳး မျဖစ္ေအာင္ေတာ့ ဖုံးထားေပးလိုက္ရသည္။

သူ႕အေဖလူေတြကပါ သူတို႔အား ဝိုင္းထားတာကို ေရး တစ္ခ်က္ၾကည့္လိုက္ၿပီး ေရွ႕ျပန္ထြက္လာခဲ့ကာ သူ႕အေဖ၏ ေသနတ္ေျပာင္းဝကို သူ႕ရင္ဘတ္ဆီ ဆြဲေတ့ေပးလိုက္ေတာ့တာေၾကာင့္ ရိုင္းလ္ ဆြဲလို႔ပင္ မမီလိုက္။

"ခင္ဗ်ား ကြၽန္ေတာ့္ကို ဒီေလာက္ေတာင္ သတ္ခ်င္ေနတာလား"

"ငါ မင္းကိုေျပာထားတယ္ေလ၊ မင္းကို ငါ မသတ္ရင္လည္း ေဆြေတာ္မ်ိဳးေတာ္ေတြက သတ္ဖို႔ လုပ္မွာပဲ။ ဟက္၊ ပုဂံတစ္ၿမိဳ႕လုံးမွာ ငါ့လူေတြ ရွိတာကို မင္းလို လက္ေတာင့္ေလာက္ေလးက ထြက္ေျပးသြားတာကို လိုက္မဖမ္းနိုင္ဘူးမ်ားထင္ေနခဲ့ဝာာလား။ ငါ မင္းကို လႊတ္ေပးထားၿပီးတာကို ေသခ်င္လို႔ ျပန္လာရဲတယ္။ ငါ အခုေန မင္းကို သတ္လိုက္ၿပီးရင္ေတာင္ ေထာင္မက်ေအာင္ လုပ္လို႔ရတဲ့အထိ ငါ့အာဏာကို ေလွာင္ေျပာင္ရဲတာလား"

ရိုင္းလ္ ထိုေကာင္ေလးရဲ႕ ရဲတင္းမႈေၾကာင့္ တကယ္ ရင္ပူေနရေပၿပီ။

"ေခတၱရာ မင္းကို ငါ့နားျပန္လာလို႔ ေျပာေနတယ္ေနာ္!! အန္ကယ္ ကြၽန္ေတာ္ကပဲ သူ႕ကို အတင္းေခၚလာခဲ့တာမို႔ ကြၽန္ေတာ္တို႔ စကားအရင္ေျပာၾက‌ရေအာင္"

ေရး သူ႕အေဖေသနတ္ကို သူ႕ဘယ္ဖက္ႏွလုံးနားထိ ေျပာင္းေ႐ႊ႕ေပးလိုက္ေတာ့သည္။

"ဒါဆို သတ္လိုက္ေတာ့။ ကြၽန္ေတာ္လည္း ဒီလို ဘဝမ်ိဳးနဲ႕ ရွင္သန္ခ်င္တဲ့စိတ္ မရွိေတာ့ဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ ဘယ္လိုႀကီးျပင္းခဲ့ရလဲ၊ ဒီအိမ္က ထြက္ေျပးသြားၿပီး ဘယ္ေလာက္ဒုကၡေရာက္ခဲ့ရလဲဆိုတာ ပါး တစ္ခါမွ စိတ္မပူဖူးဘူးလား။ ကြၽန္ေတာ္ ဘယ္ေလာက္ထိ ပင္ပန္းခဲ့ရလဲ ပါး သိလား"

ထိုေကာင္ေလးက ဉာဏ္မ်ားၿပီး လ်င္တဲ့သူမို႔ ဦးရဲဝဏၰ သူ႕ေသနတ္ေမာင္းကိုသာ ဆြဲတင္ပစ္လိုက္ရသည္။

"ထြက္ေျပးသြားတုန္းက ပါလာတဲ့ ပိုက္ဆံေတြကို အလုခံလိုက္ရလို႔ ပုဂံထဲကေတာင္ အခ်ိန္အတန္ၾကာ မထြက္နိုင္ခဲ့ဘူး။ စားစရာမရွိ အိပ္စရာမရွိတဲ့အျပင္ ခင္ဗ်ားရဲ႕လူေတြဆီ ျပန္ဖမ္းမိသြားမွာကို ေသမလို ေၾကာက္ေနခဲ့ရတယ္။ ေျခသံ‌ၾကားရင္ေတာင္ လိုက္ဖမ္းေနတဲ့သူပဲ ထင္ၿပီး ထြက္ထြက္ေျပးေနမိတယ္။ ေၾကာက္လြန္းလို႔ လမ္းၾကားထဲေတြမွာပဲ အိပ္ခဲ့ရၿပီး ဗိုက္ဆာရင္ေတာင္ လူျမင္သူျမင္ ေတာင္းမစားရဲလို႔ သူမ်ားအႂကြင္းအက်န္ေတြပဲ ရွာစားခဲ့ရတယ္"

ေမာင္းတင္ထားသည့္ ဦးရဲဝဏၰ၏ လက္ေတြ မသိမသာ တုန္ယင္သြားခဲ့သလို ရိုင္းလ္ပါ လုံးဝ ဆြံ႕အသြားခဲ့ရသည္။

"ကြၽန္ေတာ္ ခင္ဗ်ားေၾကာင့္ ဘယ္ေလာက္ ‌ဒုကၡေရာက္ခဲ့ရေၾကာင္းကို မားကို တိုင္ခ်င္တာေတြ အမ်ားႀကီး ရွိေနတာ သိလား။ ပုဂံၿမိဳ႕ရဲ႕အခ်မ္းသာဆုံး ဦးရဲဝဏၰရဲ႕သားက သူမ်ားအိမ္မွာ အိမ္ေစလိုက္လုပ္‌ေနခဲ့ရတာ သိလား။ သူမ်ား ဖိနပ္ေတြကို တိုက္ေပးရင္း၊ လူတကာရဲ႕ အဆဲအဆိုကိုခံရင္း ပုဂံၿမိဳ႕ထဲက ထြက္ေျပးလို႔ရေအာင္ ပိုက္ဆံျပန္ရွာခဲ့ရတာ သိလား။ ဒီလက္ေတြ ၾကမ္းေထာ္သြားမတတ္ ၾကမ္းေတြတိုက္ အဝတ္ေလွ်ာ္ခဲ့ရတာသိလား!!!"

ေရး သူ႕ေမြးစားအေဖနဲ႕ ထိုကဲ့သို႔ အိမ္ေစလုပ္ေနရင္းမွ ေတြ႕ခဲ့ရတာ ျဖစ္သည္။ သူက ေ႐ႊဇြန္းကိုက္ၿပီး ေမြးလာခဲ့တယ္လို႔ ေျပာလို႔ရေအာင္အထိ ျပည့္စုံခဲ့သူမို႔ ဘာအလုပ္မွ ေကာင္းေကာင္းမလုပ္နိုင္တာေၾကာင့္ အိမ္ရွင္ေတြ၏ ခဏခဏရိုက္ႏွက္ျခင္းကို အၿမဲခံခဲ့ရသည္။ ပုဂံက ထိုအိမ္ရွင္ေတြဆီ လာလည္ခိုက္ အခုဆို လူေကာင္ေသးေသးေလးနဲ႕ အမ်ားႀကီး လုပ္နိုင္ေနၿပီျဖစ္တဲ့ သူ႕ကို အာ႐ုံစိုက္မိသြားလို႔ ထိုလူက သူ႕အား ရန္ကုန္ကို ေခၚလာခဲ့တာပင္။

"မင္းက လက္ေသးေသးေလးေပမယ့္ ဖိနပ္တိုက္တာေတာ့ ေတာ္သားပဲ။ ကေလး ဦးနဲ႕ ရန္ကုန္လိုက္ခဲ့မလား"

ထိုအခ်ိန္က ဦးခ်ခ်င္မတတ္ ေက်းဇူးတင္ခဲ့ရလြန္းလို႔ သူ ထိုလူ႕ကို မ်က္ရည္ေတြၾကားက ေခါင္းညိတ္ျပခဲ့ရသည္။ သူ႕အေဖ ႀကီးစိုးရာ နယ္ေျမထဲမွာ ေနေနရတာက သူ႕အား ‌ဆန႔္ဆန႔္ေတာင္ မအိပ္ရဲေစခဲ့။ ေဒါက္ေဒါက္ေဒါက္ ေျခသံၾကားတိုင္း လန႔္လန႔္နိုးရတဲ့အထိ ေၾကာက္ေနမိတာမို႔ သူ ထိုဦးဦးလက္ကို အားကိုးတႀကီး ဖမ္းဆုပ္ထားခဲ့မိသည္။

ဦးရဲဝဏၰ သူ႕ေသနတ္ကို ခ်လိဳက္ရေတာ့သည္။ တကယ္ဆို ထိုအခ်ိန္က ထိုကေလးကို ေဆြေတာ္မ်ိဳးေတာ္ေတြက သတ္ဖို႔လုပ္ေနၾကၿပီမို႔ သူ႕သားကို တျခားသူ လာသတ္ၾကမွာထက္စာရင္ သူ႕လက္နဲ႕သတ္ဖို႔သာ ေ႐ြးခ်ယ္ခဲ့သည္။ သို႔ေသာ္ျငား ထိုက‌ေလးက ႐ုတ္တရက္ႀကီး ထြက္ေျပးသြားခဲ့တာမို႔ သူ ျပန္လိုက္ဖမ္းေနသည္ဟုဆိုေသာ္ျငား ဖမ္းခဲ့တာက အေယာင္ျပေလာက္ပါပင္။ ထိုကေလးနဲ႕အတူ ပိုက္ဆံေတြအမ်ားႀကီးပါသြားခဲ့တာမို႔ ဒီနယ္ေျမကေန အဆင္ေျပ‌ေျပနဲ႕ ထြက္သြားနိုင္ေလာက္မယ္ဟု သူ တြက္ထားခဲ့မိသည္။

ဦးရဲဝဏၰ လက္ေလွ်ာ့လိုက္တာကို သတိထားလိုက္မိတာမို႔ ရိုင္းလ္ ထိုေကာင္ေလးကို သူ႕ဖက္ အျမန္ျပန္ဆြဲလိုက္ရၿပီး အန္ကယ့္လူေတြကို ေသနတ္ခ်ိန္ထားရင္း ဒီအိမ္ထဲကေန အရင္ထြက္ဖို႔ ႀကိဳးစားလိုက္မိသည္။

"သြားေတာ့၊ ငါ ဒီတစ္ခါ ေနာက္ဆုံးပဲ လႊတ္ေပးလိုက္မယ္။ မင္း ဘယ္လိုေနခဲ့ရလဲ ငါ စိတ္မဝင္စားဘူး၊ ဒါက မင္းေ႐ြးခ်ယ္သြားခဲ့တဲ့လမ္းပဲေလ။ ေက်းဇူးျပဳၿပီး ငါ့လက္နဲ႕ ထပ္သတ္ရတာမ်ိဳး မျဖစ္ေအာင္ ေနာက္ဆို ဒီနယ္ေျမကို ေျချပန္မခ်ပါနဲ႕ေတာ့။ တစ္ခုပဲ၊ တကယ္လို႔မ်ား မင္းအေမနဲ႕ တူတူေနခ်င္ရင္ နည္းလမ္းတစ္ခုပဲ ရွိတယ္။ မင္းရဲ႕ဖူးစာဖက္ကို သတ္လာခဲ့။ ငါ မင္း ေထာင္မက်ေအာင္ထိ လုပ္ေပးနိုင္တာမို႔ အဲ့လိုမလုပ္နိုင္ဘူးဆိုရင္ေတာ့ ငါတို႔ေရွ႕ ျပန္မလာခဲ့နဲ႕"

ေရး၏ လက္ေမာင္းကိုသာ ရိုင္းလ္ ဆုပ္ကိုင္လိုက္ၿပီး ထိုအခန္းထဲမွ ဆြဲေခၚလာခဲ့လိုက္ရသည္။

ေခတၱရာအေပၚ သူ႕မိဘေတြက အခုလို မျပတ္မသားလုပ္ၾကမွာကို သိေနသည့္ ေဆြေတာ္မ်ိဳးေတာ္ေတြက သူတို႔၏ သူလွ်ိုေတြကို ဒီအိမ္ထဲမွာ ထည့္ထားခဲ့သည္။ ထို႔အတြက္ သခင္ႀကီးက ခုလိုလႊတ္ေပးလိုက္တာကို ျမင္လိုက္ရတာေၾကာင့္ ထိုသူလွ်ိုတစ္ေယာက္ သူ႕လက္ထဲမွ ေသနတ္ကို သခင္ႀကီး မျမင္ခင္ ေမာင္းခ်ိန္လိုက္ၿပီး ပစ္ခ်လိဳက္ေတာ့သည္။

ဒိုင္း. . .

"ေခတၱရာ သတိထား"

ထိုလူေတြကို ‌ရိုင္းလ္ သတိထားေနသည့္ၾကားကေနပင္ ထိုေကာင္ေလး အပစ္ခံလိုက္ရတာေၾကာင့္ ေခတၱရာကို အျမန္ေပြ႕ဖက္လိုက္ရကာ သူ႕ရင္ခြင္ထဲ ဆြဲသြင္းလိုက္ရၿပီး သူ႕ခႏၶာကိုယ္နဲ႕သာ ဒိုင္းသဖြယ္ ကာေပးလိုက္မိတာမို႔ ေရးဆီ ဝင္လာသည့္ က်ည္ဆံႏွစ္ေတာင့္က ရိုင္းလ္၏ ေက်ာဖက္ဆီသို႔သာ ပစ္ဝင္ခဲ့သည္။

"မင္းတို႔ဘာလုပ္တာလဲ၊ ရပ္စမ္း!!"

ဦးရဲဝဏၰ အမိန႔္ေပးလိုက္ေပမယ့္ ထိုလူေတြက နာခံမႈ မရွိတာေၾကာင့္ သူ႕လူအစစ္ေတြ မဟုတ္တာကို သိလိုက္မိသည္။

လဲက်မသြားေအာင္ ရိုင္းလ္ အျမန္ေတာင့္ထားလိုက္ရၿပီး ေရး ၾကားေအာင္သာ အားယူေျပာလိုက္ရသည္။

"ေျပးေတာ့ သြား၊ အိမ္ေရွ႕မွာ ကိုယ့္လူေတြရဲ႕ကား ရွိတယ္။ မေၾကာက္နဲ႕၊ ကိုယ္ ကာေပးထားမွာမို႔ အျမန္သြား"

ေရး ေခါင္းခါျပလိုက္မိသည္။ သူ ဘယ္လိုလုပ္ ဒီလူ႕ကို တစ္ေယာက္တည္း ထားခဲ့နိုင္မွာလဲ။

"ေခါင္းမမာနဲ႕၊ ဒီလူေတြ ကိုယ့္ကိုေတာ့ မသတ္ရဲဘူး"

ထိုသူလွ်ိုေတြ သူတို႔နား တိုးကပ္လာတာမို႔ ေရး ဘာလုပ္ရမလဲ မသိေတာ့ေအာင္ ပူထူသြားရစဥ္ ဦးရဲဝဏၰ သူ႕၏ အသံတိတ္ေသနတ္နဲ႕ ထိုေကာင္ေတြကို လက္စေဖ်ာက္လိုက္ရေတာ့သည္။

"ႏွစ္ေယာက္လုံး ျမန္ျမန္သြားၾကေတာ့။ ရိုင္းလ္ေစတန္ မင္း ေနာက္ဆို အခုလို မဆိုင္တဲ့ကိစၥေတြထဲ ဝင္မပါစမ္းပါနဲ႕။ အခု မင္း ငါ့သားကို ဒီအိမ္ထဲေခၚလာတာက ဘယ္‌ေလာက္ အႏၲရာယ္မ်ားလဲ ျမင္ၿပီမလား။ သြားၾကေတာ့"

ေရး ဘာမွဆက္နားေထာင္မေနေတာ့ဘဲ ရိုင္းလ္ကိုသာ အျမန္တြဲေခၚသြားလိုက္ေတာ့သည္။

"ခဏေလးပဲ ေဝာာင့္ခံထားေပး၊ ငါ မင္းကို ကာကြယ္ေပးမယ္ ေျပာထားခဲ့ၿပီး အခုမတည္နိုင္ခဲ့ဘူး။ ေတာင္းပန္ပါတယ္. . .ေတာင္းပန္ပါတယ္၊ မင္း ဘာမွမျဖစ္လိုက္ပါနဲ႕"

ရိုင္းလ္တစ္ေယာက္ ထိုေကာင္ေလးပခုံးကို တြဲခိုလာခဲ့ရင္း ၿပဳံးလိုက္မိသည္။ ေခတၱရာက သူ႕အား ထိုစကားေတြကို ငိုရင္း ၊ ဆြဲေခၚလာရင္း ‌သူ အခုခ်က္ခ်င္းပဲ ေသေတာ့မလိုမ်ိဳး လန႔္ၿပီးေျပာေနတာမို႔ ၿပဳံးလိုက္မိျခင္းပါပင္။

က်ည္ဆံက ရွပ္ထိသြားခဲ့တာမွန္း ရိုင္းလ္ သူ႕ကိုယ္သူ ခုနကထဲက သိလိုက္သည္။ ဒဏ္ရာအရွိန္ေၾကာင့္ နာက်င္ေနရေသာ္လည္း ထိုက်ည္ဆံက ဒီေကာင္ေလးကို မထိခိုက္သြားတာနဲ႕တင္ပဲ ရိုင္းလ္ ေက်နပ္ေနရပါၿပီ။

___________________________________________

Continue Reading

You'll Also Like

35.5K 2.3K 41
[ Zawgyi ] ---------------- ခ်စ္ျခင္းေမတၱာကို ရိုးရိုးေလးလို႔ထင္ထားခဲ့တာ အခုေတာ့ သီအိုရီရွာမေတြ႕တဲ့ပုစာၦတစ္ပုဒ္လိုပဲ သူ႕ရဲ႕အေျဖဟာ ဗလာနတၳိ [ Unicode ]...
802K 32K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
40.4K 2K 26
ဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]