လူပြတ်ပြီး မှောင်ရိပ်ကျနေသည့် ခုနလေးတင် ရန်ပွဲဖြစ်ပွားခဲ့ရာ နေရာနား၌ ရေးခေတ္တရာ ထိုင်နားနေခဲ့သည်။
ရေး အလွန်အမင်း ပင်ပန်းနေလေ၏။ ဒီဒဏ်ရာတွေ မပျောက်သရွေ့ သူ ရန်ပွဲထပ်မဖြစ်သေးဟု တွေးထားခဲ့ပေမယ့် ခုတော့ ပုဂံတစ်မြို့လုံးကိုပင် ပတ်ပြေးခဲ့ရသေးတာကြောင့် စိတ်လျှော့လိုက်တဲ့အချိန်၌ ခြေထောက်တွေပင် အနည်းငယ်တုန်ယင်နေသည်။
ထိုစဉ် သူ့ဆီ ဖုန်းဝင်လာတာကြောင့် ထုတ်ကြည့်လိုက်တော့ မာန့်ဆီက။
ကိုင်လိုက်တာနဲ့ ထုံးစံအတိုင်း မာန့်၏ ဆူပူအော်ဟစ်သံက ဆီးကြိုလျက်။
"ရေး မင်း ဘားပစ် အိမ်ပစ်ပြီး ဘယ်ပျောက်သွားတာလဲ။ ငါ မင်းကို ဆေးရုံမှာတောင် ပြန်သွားရှာနေသေးတာ။ အခု ဘယ်မှာလဲ"
"စိတ်ပြေလက်ပျောက် လျှောက်သွားနေတာ။ နောက်တစ်ရက်နှစ်ရက်လောက်ဆို အိမ်ပြန်လာမှာ၊ ရှာမနေနဲ့"
"အဲ့ဒါဆိုလည်း ငါ့ကိုတော့ ပြောသွားမှပေါ့ကွ။ ငါ့မှာ မင်းကိုများ အဲ့ကောင်တွေ ပြန်ပေးဆွဲသွားကြတာလားတောင် လန့်သွားတာ"
ရေး ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
ဟိုနေ့က ဆေးရုံမှာ အဲ့ကောင်ပဲ စိတ်ဆိုးတယ်ဆိုပြီး ထားခဲ့လို့ ရေး သူ့ကိုတောင် တကူးတက ပြောမနေခဲ့တော့ဘဲ ထွက်လာခဲ့ခြင်းပင်။ သူ အနားရှိနေရင်လည်း နည်းနည်းမှ ဂရုမစိုက်တတ်တဲ့ မာန်က ပျောက်သွားရင်ကျလည်း တကူးတက လိုက်ရှာတတ်ပြန်သည်။
"ဟေ့. . .ဘာလို့ အသံတိတ်နေတာလဲ။ မင်း အခု ဘယ်မှာလဲ။ ဆရာတွေက ဆောင်းတွင်းမို့ မင်း ဒဏ်ရာတွေက ပိုနာနေမှာလို့ မှာထားတာ သိတယ်မလား။ ဆေးရော ယူသွားရဲ့လား။ ဒဏ်ရာတွေနဲ့ကို ဘယ်တွေ လျှောက်သွားနေတာလဲ။ ငါ လာခေါ်ရမလား။"
"တစ်ခုချင်း မေးစမ်းပါကွာ။ ငါ မရှိတုန်း မင်း ဓာတ်ကျနေတဲ့ကောင်နဲ့သာ အဆင့်တက်အောင် လုပ်။ ပြီးရင် မင်းပါ ငါ့ဆိုင်ခန်းကနေ လစ်တော့"
တစ်လမှာ ရက်နှစ်ဆယ်လောက် မောင်းထုတ်ခံနေရတာမို့ မာန့်အတွက် ထိုစကားတွေက ဘယ်ဖက်နားကဝင်ပြီး ညာဖက်နားက ထွက်သွားတာ အကျင့်ဖြစ်နေပြီ။
အဲ့ကောင်မှာ သူငယ်ချင်းဆိုလို့ သူ တစ်ယောက်ပဲ ရှိတော့တာကိုတောင် ရေးက သူ့ကိုဆို အကောင်းမမြင်၊ ကျေးဇူးမတင်ဘဲ မောင်းထုတ်ဖို့သာ ချောင်းနေသည်။
"အဟမ်း. . .ငါ သူ့ကို ထပ်ပြီးဖွင့်ပြောလိုက်ပြီ သိလား။ ငါ့အထင် ဒီတစ်ခါတော့ အခြေအနေကောင်းမယ် ထင်တယ်။ သူ ပထမတစ်ခါတုန်းကလို တန်းမငြင်းတော့ဘူး။ စဉ်းစားပေးမယ် ပြောတယ်။ သူ ရန်ကုန်ပြန်လာရင် အဖြေပေးမယ်တဲ့"
ရေး သူ ထိုင်နေရာကနေ လှမ်းမြင်နေရသည့် ပုဂံဘုရားတွေကို ငေးကြည့်လိုက်ရင်း ပြုံးလိုက်မိသည်။
သူ ဆက်ခွန်းသစ်နဲ့ အဆင်မပြေတော့ပေမယ့် ခွန်းက အရင်လို လူတိုင်းရဲ့ အချစ်ခံလေး ဖြစ်နေဆဲကိုတော့ သူ အားကျနေရဆဲပါပင်။ လူတစ်ဖက်သားအပေါ် ကြင်နာနွေးထွေးတတ်ကာ အမြဲ စိတ်လိုလက်ရ ပြုံးရယ်နေတတ်သော ခွန်းကို သူပင် စိတ်နှစ်ပြီး ခင်မင်ခဲ့မိသည်။ မာန် အဲ့ကောင်ကို ဘယ်လောက်ရူးခဲ့လဲဆိုတာလည်း ရေး အသိဆုံး။ ထို့အတူ ခွန်းတစ်ယောက် သလွန်းကို ဘယ်လောက် ကြွေခဲ့လဲဆိုတာလည်း သူပင် ကြားထဲမှ မာန့်ကို သနားမိခဲ့ရတဲ့အထိပင်။
သို့သော်ငြား သလွန်းကတော့ အစကနေ အဆုံးထိ သူ ဆက်ခွန်းသစ် တစ်ယောက်ထဲကိုသာ ချစ်ခဲ့ပါကြောင်းနှင့် ရေးကို လိုက်ခဲ့ဖူးတာက ခွန်း သူ့ဆီ အာရုံစိုက်လာရုံသာဟု ပြောခဲ့ပြီး ဘေးနားကနေ အပြီးပျောက်ကွယ်သွားခဲ့ပြီ။ သလွန်းနဲ့ ခွန်းတို့ တွဲဖြစ်ခဲ့သည့် တစ်နှစ်ခွဲလုံး မာန့်ကို ရေး အဖော်ပြုပေးခွင့်ရခဲ့တာကတော့ မာန်နဲ့သူ အခုလို ပိုပြီးရင်းနှီးလာစေခဲ့တဲ့ အချိန်တွေပင်။
ရေး လူတစ်ယောက်အပေါ်ကို မာန်တို့လို နှစ်တွေကြာသွားလည်း စွဲစွဲလမ်းလမ်း ဖြစ်နေဆဲ အချစ်မျိုးနဲ့ မချစ်ခဲ့ဖူးသလို ဘယ်သူကမှလည်း သူ့ကို ထိုကဲ့သို့ ချစ်မလာဖူးပေ။
အပေါ်ယံ အချစ်တွေ၊ အယောင်ဆောင် ခင်မင်မှုတွေ၊ သူ့လက်ကို လွှတ်လိုက်ဖို့က ထင်ထားတာထက် လွယ်ကူခဲ့လွန်းသူတွေ၊ သူ့အပေါ် တွယ်တာမှုမရှိတဲ့ မိဘတွေနဲ့ ကြုံခဲ့ရပြီးချိန်၌ ရေး ဘယ်လိုချစ်ခြင်းမေတ္တာပုံစံမျိုးကိုမဆို အယုံအကြည်မရှိတော့။
"ရေး ငါ မင်းနဲ့စကားပြောနေရတာ တိုင်လုံးနဲ့ ပြောနေရသလိုပဲ။ မင်း တကယ် အဆင်ပြေရဲ့လား။ ငါ အခု အားသွားပြီ၊ မင်းတစ်ယောက်တည်းဖြစ်နေရင် လာခဲ့ပေးမယ်လေ။ ခွန်းက ပုဂံသွားမှာ။ အဲ့ဒါမို့ ငါ အခု အရမ်းအားနေပြီ"
ရေး ချက်ချင်း ထရပ်လိုက်မိသည်။
လခွမ်း. . .ဒီကောင် သူ့အစ်ကိုဆီ လိုက်လာတာလား။
သူ့အစ်ကိုဆီလိုက်လာတာက အရေးမကြီး၊ ခွန်းပါ သူ့မိဘတွေအိမ်မှာ တည်းမယ်ဆိုရင်တော့ တကယ့်ကွိုင်။ ခွန်းက သူ့အကြောင်း အကုန်သိနေတဲ့သူမို့ မတော်တဆ စကားစပ်မိကြရင် သူတော့ သေပြီ။
"မာန် အဲ့ကောင်က အခု ထွက်သွားတာလား"
"ဟင့်အင်း၊ မနက်ဖြန် နေ့လယ်လောက် ထွက်မှာ။ ညလောက်ရောက်အောင်တဲ့"
"ငါ အရေးကြီးကိစ္စရှိသေးလို့ ဖုန်းချလိုက်ပြီ။ ဒါပဲကွာ"
ရုတ်တရက်ကြီး ဖုန်းချပစ်လိုက်တဲ့ ရေးကြောင့် မာန် ကြောင်သွားရသည်။ မဟုတ်မှလွဲရော ဒီကောင်ရော ပုဂံရောက်နေတာများလား။
ထို့အတွက် မာန် ပြက္ခဒိန်ကို သေချာလာကြည့်လိုက်ရသည်။
"ဟာ. . .ဟုတ်သားပဲ၊ ဒီအချိန်ဆို အဲ့ကောင် ပုဂံပြန်သွားတတ်တာပဲကို"
သူ ခွန်းကို ရေးနဲ့ ထိပ်တိုက်တွေ့မှာအတွက် အလွန်စိတ်ပူသွားမိသည်။
-------------------
ရေး သူ့မိဘတွေအိမ်ရှိရာဆီသို့ ချက်ချင်းပြေးလာခဲ့သည်။ ခွန်းပါ ရောက်လာမယ်ဆိုရင်တော့ သူ ပုဂံက ပြန်မှဖြစ်တော့မည်။ တော်ကြာ သူ့အစ်ကိုကတဆင့် သူ ရှိနေတာကို သူ့အဖေ သိသွားပြီး ပြန်ဖမ်းမိသွားမှာ စိုးရိမ်နေသောကြောင့်ပင်။
ထို့အတွက် သူ့အခန်းထဲသို့ အရင်ကျော်တက်လာခဲ့သည်။ ကပြားကောင် မရှိလောက်ပါစေနဲ့ ဆုတောင်းထားသလိုပင် အခန်းထဲမှာ ကပြားကောင် ပြန်မရောက်သေး။
ဒီစံအိမ်က သူ့အဖေရဲ့ အစောင့်အကြပ်များစွာ ရှိနေသည့် စံအိမ်မို့ ရေး အိမ်ရှေ့ကနေ ဘယ်တော့မှ ကျော်မဝင်ရဲပေ။ သူ ဒီအိမ်မှ ထွက်ပြေးသွားတုန်းကလည်း ဒီကနေပဲ ခုန်ချပြီး ပြေးခဲ့ခြင်းဖြစ်သလို သူ့အမေ မွေးနေ့တိုင်း သူ့အမေမျက်နှာကို လာခိုးကြည့်ရင်လည်း ဒီအပေါ်ကနေသာ ကျော်ဝင်နေခြင်းဖြစ်သည်။ အပေါ်မှာ ဒီတစ်ခန်းထဲသာ ရှိတာမို့ သူ့အတွက် အန္တရာယ်ကင်းသည်ဟု အတွေးရှိခဲ့ရာမှ အခုတော့ ကပြားကောင်က သူ့လမ်းကို လာပိတ်နေတာမို့ သူ့အမေမျက်နှာကို ခုချိန်ထိ သေချာမမြင်ရသေး။
ဘယ်သူမျှမရှိတဲ့အခန်းထဲ အသာစေ့ထားသည့် ပြတင်းပေါက်မှ ခြေချပြီးချိန်၌ ထိုအခန်းတံခါးကို အသာဖွင့်ပြီး အပြင်ဖက်ကို ချောင်းကြည့်လိုက်သည်။ ဒီအချိန်ဆို သူ့အမေ ဘုရားရှိခိုးနေတတ်တဲ့အချိန်ဆိုတာ တွက်ပြီး လာခဲ့တာမို့ ဘုရားခန်းထဲ၌ သူ့အမေကို တွေ့လိုက်ရသည်။ ရေး သူ့အမေမျက်နှာကို ကြည့်ပြီးရင် ပုဂံက ချက်ချင်းပြန်ဖို့ ဆုံးဖြတ်ခဲ့ခြင်းပင်။
သူ့အမေ ဝတ်ပြုနေတာကို နောက်ကနေ ကြည့်ရင်း ရေး မျက်ရည်ဝဲလာခဲ့မိသည်။
"မားရဲ့မွေးနေ့တိုင်းမှာ ကျွန်တော်လည်း အတူရှိပေးလို့ရရင် တကယ်ကောင်းမှာပဲ"
ရှစ်နှစ်သားအရွယ်ထိ သူ့ရဲ့ကမ္ဘာကြီးဖြစ်ခဲ့တဲ့ ဒေါ်ခတ္တာလင်းကို ရေး အလွန်ချစ်သည်။ တစ်အိမ်လုံးက သူ့အဖေကို သူ့အား သတ်ပစ်လိုက်ဖို့ စေခိုင်းခဲ့ချိန်၌ မားက သူ့ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးခဲ့ဖူးသည်။ သူ့ကို သေချာမကာကွယ်ပေးနိုင်ခဲ့ပေမယ့်လည်း ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ ကာကွယ်ပေးဖူးတာဆိုလို့ ရေးအတွက် အခုချိန်ထိ သူ့အမေ တစ်ယောက်တည်းသာ ရှိခဲ့တာ။
မျက်ရည်ကို အမြန်ပြန်သုတ်လိုက်ပြီး သူ့အမေမျက်နှာကိုလည်း မြင်ရပြီးပြီမို့ ကပြားကောင် ပြန်မရောက်ခင် ပြန်ထွက်ဖို့ အလှည့်-
". . . ."
ရေး မအော်မိအောင် သူ့ပါးစပ်သူ အမြန်အုပ်လိုက်ရသည်။
သူ့နောက်၌ ကပြားကောင်က လက်ပိုက်ပြီး နံရံကိုမှီကာ သူ့အား မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေတာမို့ပင်။
ရေး ဒီတစ်ကြိမ်လောက် ဆောက်တည်ရာမရ လန့်သွားတာမျိုး မဖြစ်ဖူးသလို ခံစားလိုက်ရသည်။ ကပြားကောင်သာ အခုနေ အော်လိုက်ရင် သူ့အမေ ချက်ချင်းကြားသွားမှာ။
ရိုင်းလ် ထိုကောင့်လက်ကို အမြန်ဆွဲလိုက်ပြီး အန်တီ လှည့်ကြည့်လာတော့မှာမို့ သူ့အခန်းထဲ အရင်သွင်းလိုက်ရသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
ရိုင်းလ် စိတ်လှုပ်ရှားမှုများစွာဖြင့် မေးမိခြင်းပင်။
သို့ပေမယ့် ထိုကောင်က သူ့ခြေထောက်ကို တက်နင်းပြီး ပြတင်းပေါက်နားကို ဝှစ်ခနဲ ထွက်ပြေးသွားပြီမို့ ရိုင်းလ် ထိုကောင် ခုန်မချခင် ခါးက အမြန်ဆွဲဖမ်းရင်း ကုတင်ပေါ် ပစ်တင်လိုက်ရပြီး သူပါ တက်ခွလိုက်ရသည်။
"ဖယ်. . .ငါ မင်းကို နောက်ထပ် မနှောင့်ယှက်တော့ဘူးလို့ ကတိပေးတယ်"
ရေး သူ့အပေါ်အုပ်မိုးလာသော ထိုကောင့်အောက်က လှိမ့်ထွက်လိုက်ဖို့ ကြိုးစားလိုက်သော်လည်း ထိုကောင်က သူ့ဒဏ်ရာရှိနေတဲ့လက်ကို ဆွဲညှစ်လိုက်တာမို့ အားခနဲ မအော်မိအောင် အံကြိတ်ထားလိုက်ရသည်။
ရိုင်းလ် ထိုကောင့်ကို အခုလို နာကျင်အောင် မလုပ်ချင်ပါ။ သို့သော်ငြား ဒီကောင်က လေထက်တောင် လျင်တဲ့သူမို့ သူ့ပျော့ကွက်ကို ချုပ်ကိုင်ထားရပြီး သူ ဝတ်ထားတဲ့ Hoodie ကို ဆွဲချွတ်ဖို့ ကြိုးပမ်းနေမိခြင်းပင်။
နာမည်က ပြောင်းလိုက်ရင်တောင် သူ့မှာရှိတဲ့အမှတ်ကတော့ လိမ်လို့ရမှာမဟုတ်။
"ခွေးကောင် မင်း. . .မင်း ဘာလုပ်နေတာလဲ။ သေချင်နေတာလား။ အား. . .ငါ့လက်"
ရုတ်တရက်ကြီး သူ့အင်္ကျီအောက်ထဲ လက်လျှိုဝင်လာကာ ဆွဲချွတ်ဖို့ ကြိုးစားနေသော ကပြားကောင်ကြောင့် အဲ့ကောင့်မျက်နှာကို ကောင်းတဲ့လက်နဲ့ ပိတ်ထိုးဖို့ ကြိုးစားလိုက်ပေမယ့် လက်နှစ်ဖက်လုံးကို တစ်ဖက်ထဲနဲ့ ဆွဲချုပ်ခံလိုက်ရတာမို့ ဒဏ်ရာရနေသည့်လက်က ချက်ချင်း အောင့်တက်သွားခဲ့သည်။
ထို့ကြောင့် ချွေးစေးတွေတောင် ပြန်လာရကာ ဒီကောင် သူ့ကို ဘာလုပ်နေတာလဲဆိုတာ အလန့်တကြား ဖြစ်သွားမိသလို နှင်းလိုဖြူစွတ်နေသော အသားအရေပေါ်၌ သူ ရှာနေသည့် ပခုံးပေါ်က လိပ်ပြာအမှတ်ကို တွေ့လိုက်ရတဲ့ ရိုင်းလ်၏ မျက်ဝန်းများလည်း ပြူးကျယ်သွားခဲ့သည်။
"ခေတ္တရာ"
"Shit. . .မင်း ဘာလုပ်နေတာလဲ။ ငါ့ကို အကြမ်းဖက်ဖို့ ကြိုးစားနေရင်တော့ မင်း အသက်ကို ဖက်နဲ့သာ ထုပ်ထားလိုက်တော့"
ရိုင်းလ် အခုလိုမျိုး ဒီကောင့်ရှေ့မှာ ပြောစရာပျောက်ရှသွားခဲ့ရတာ နှစ်ကြိမ်ရှိနေပြီ။
"ခေတ္တရာ ငါ မင်းကို လိုက်ရှာနေတာ။ ငါ မင်းကို အခုလိုပုံစံမျိုးနဲ့ တွေ့ရမယ်လို့ မထင်ခဲ့ဘူး"
ရိုင်းလ် သူ့အောက်က ကောင်လေးကို အချိန်အတန်ကြာ ငုံ့ကြည့်နေမိသလို ထိုကောင်လေးကလည်း သူ့ကို အံ့ဩစွာ မော့ကြည့်လာခဲ့သည်။
"ဘာလို့လဲ၊ မင်းက ငါ့အဖေရဲ့လူလား။ ငါ့ကို ပြန်အပ်ဖို့ လိုက်ရှာနေတာလား။ ဟင့်အင်းနော်၊ မင်း ငါ့ကို ပြန်မအပ်ပါနဲ့"
ခေတ္တရာက သူ့ကို အထင်လွဲနေပုံပင်။
ထိုစဉ် အခန်းတံခါးခေါက်သံနဲ့အတူ အပြင်မှ အန်တီ့အသံကို ကြားလိုက်ရတာမို့ ရိုင်းလ် အခုချက်ချင်း သားအမိနှစ်ယောက်ကို ပေးတွေ့လိုက်ဖို့ ကုတင်ပေါ်က ဆင်းဖို့ပြင်လိုက်သော်ငြား သူ့လက်မောင်းတွေကို ကြောက်လန့်တကြား ကုပ်ဆွဲထားသော ခေတ္တရာ၏ မျက်ဝန်းများကို မြင်လိုက်ရသည်။
"သား. . .ပြန်ရောက်နေတာလား။ အန်တီ အခန်းထဲက အသံတွေကြားလိုက်ရလို့"
ခေတ္တရာက သွားမဖွင့်ပေးဖို့ ခေါင်းခါပြလာတာမို့ ရိုင်းလ် ရပ်တန့်သွားခဲ့ရသည်။ သူ ဒီအတိုင်း ရှာဖို့ကြိုးစားနေခဲ့တဲ့သူကို ချက်ချင်းတွေ့လိုက်ရတာကြောင့် ဘာမှသေချာမစဉ်းစားနိုင်ဘဲ အလောကြီးသွားခြင်းဖြစ်နေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တာမို့ ဘာသံမှ မပေးဘဲ နေလိုက်ရတော့သည်။
ဘာသံမှမကြားရတာမို့ ဒေါ်ခတ္တာလင်း သူ နားကြားမှားတယ်ဟု ထင်သွားတာကြောင့် အောက်သို့ ပြန်ဆင်းသွားလေသည်။
"မင်း ငါ့ကို အထင်လွဲနေပြီ၊ ငါ မင်းကို မင်း အမေနဲ့ ပေးတွေ့ချင်ရုံပါ"
ရေးကတော့ ထိုလူ့ကို မယုံ။ သူ အခု ဘယ်လိုထွက်ပြေးရမလဲဆိုတာကိုသာ ကြံစည်နေမိသည်။
"ဟုတ်ပြီ၊ ငါ အတင်းအကျပ် မလုပ်ပါဘူး"
ထိုကောင်က သတ္တိခဲဆိုတာ သူ အသိဆုံး။ သို့ပေမယ့် အခု သူ့မျက်ဝန်းများက အလွန်ကြောက်နေတဲ့ပုံ ပေါ်တာကြောင့် ရိုင်းလ်တစ်ယောက် သူ့၏ နူးညံ့ငြင်သာသော အခြမ်းကို ချပြပြီး ချော့ခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီမို့ ခုန သူ ဆွဲလှန်ထားတာကြောင့် ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားကို သေချာပြန်ဆွဲချပေးလိုက်ရသည်။ ထို့နောက် ခေတ္တရာခြေထောက်မှ ဖိနပ်တွေကို ဆွဲချွတ်လိုက်ရတာမို့ ထိုကောင်လေး ကန်ဖို့ အသင့်အနေအထား ဖြစ်သွားတာကို သတိထားလိုက်မိသည်။
"ငါ မင်းကို ဘာမှမလုပ်ပါဘူး"
ထို့နောက် ခရမ်းရောင်အိပ်ရာခင်းပေါ်က စောင်ကို ဆွဲယူလိုက်ပြီး ခေတ္တရာအပေါ် လွှမ်းပေးလိုက်ရသည်။
"ငါ မင်းကို ပြောချင်နေတာတွေ တကယ်အများကြီး ရှိနေတာ။ ဒါပေမဲ့ မင်း ခုနကလည်း ပြေးထားရတာဆိုတော့ ပင်ပန်းနေပြီ၊ အိပ်လိုက်တော့။ ဒါက မင်းအခန်းပဲလေ။ ဒီအပေါ်ကို ဘယ်သူ့မှ တက်မလာဘူး"
ရေး စောင်အောက်ထဲ လျှောဝင်သွားလိုက်ရသည်။
ဒီကောင် သူ့ကို အပျော့ဆွဲ ဆွဲပြီး သူ့အဖေဆီ အပ်ဖို့လုပ်နေတာဟုသာ ခံစားနေရတာကြောင့် ရေး အိပ်ချင်ယောင်ဆောင်ပြီး ထိုကောင် အာရုံပြောင်းသွားတာနဲ့ လစ်ပြေးဖို့ ကြံနေမိသည်။
ရိုင်းလ်ကတော့ အလွန့်အလွန် စိတ်လှုပ်ရှားနေတာကြောင့် ကုတင်ဘေးမှာ ရှေ့လျှောက်နောက်လျှောက်နဲ့ အိန္ဒြေပင်မရ။ သူ့လမ်းလျှောက်သံကြောင့် ထင်ပါရဲ့၊ ခေတ္တရာ စောင်အောက်ထဲက ခေါင်းပြူလာကာ ချောင်းကြည့်လာတာမို့ ရိုင်းလ် ချက်ချင်းပဲ ပြုံးဖြဲပြလိုက်မိတာကြောင့် ထိုကောင်လေး ဝုန်းဆို စောင်အောက်ထဲ ပြန်ဝင်သွားတော့သည်။
လခွမ်း. . .ဒီဘဲကတော့ တကယ့်အာရုံပဲ။
အဲ့ကောင်အပြုံးက ကြောက်စရာကြီးဆိုပေမယ့် ရေး စောင်အောက်ထဲက ပြန်ထွက်လာရကာ-
"ငါ မင်းလုပ်လို့ အရိုးတွေတောင် အက်ကုန်ပြီထင်တယ်"
"အမ်. . ."
"လုပ်ဦး၊ ငါ့လက်က အရမ်းနာနေတယ်။ ကျေးဇူးပြုပြီး ငါ့ကို ရေခဲလေးကပ်ပေးလို့ရမလား။ ဒါဆို ငါတို့ ရေခဲကပ်ရင်း ဆွေးနွေးလို့ရတယ်လေ"
ရိုင်းလ် ထိုကောင့်လက်ကို တစ်ချက်လှမ်းရှိုးလိုက်တော့ တကယ် ရောင်တက်လာတာကို တွေ့လိုက်ရသည်။
"အား. . .ခေါင်းက ချုပ်ရိုးတွေကလည်း ပြေကုန်ပြီလား မသိဘူး။ မင်း ဆရာဝန်ဆို၊ လုပ်စမ်းပါကွာ၊ ငါ ထွက်မပြေးပါဘူး"
ရိုင်းလ် ဟက်ခနဲ ရယ်ချလိုက်မိသည်။ ထိုကောင် ပြေးမယ်ဆိုရင်လည်း သူက ဖမ်းထားမယ့်သူမှ မဟုတ်တာ။ သူ အခု လူဆိုးဖမ်းနေခြင်းမဟုတ်။ ရိုင်းလ်တစ်ယောက် သူ့ရဲ့ Hero ကို တွေ့လိုက်ရလို့ စိတ်လှုပ်ရှားနေခြင်းဖြစ်ကာ မိန်းမငယ်လေးတွေ သူတို့သဘောကျတဲ့ idol နဲ့ တွေ့ရင် စိတ်လှုပ်ရှား ပျော်မြူးနေတဲ့ ခံစားချက်မျိုးလို အနီးစပ်ဆုံး ဖြစ်နေတာ ဖြစ်သည်။
ထို့အပြင် သူ အခုချက်ချင်း ဒီကောင်လေးကို သူ့အမေဆီ ခေါ်သွားပြလိုက်လို့ လက်က ဒဏ်ရာကို သူ လုပ်ထားတာမှန်းသာ သိသွားခဲ့ရင် အန်တီခတ္တာလင်း သူ့ကို ဆဲလွှတ်လိုက်မယ့်ဖြစ်ချင်း။
ထို့ကြောင့် လွတ်လွတ်လပ်လပ် ပြေးချင်ပြေးလို့ရအောင် ခေါင်းညိတ်ပြလိုက်ပြီး ရေခဲသွားယူပေးဖို့ ရိုင်းလ် ထွက်လာခဲ့လိုက်တော့သည်။
"အိုး. . .ဒီဘဲက လှိမ့်ရ လွယ်သားပဲ။ ဟက်. . .bye ပါ ဘဲကြီးရေ"
ရေး အမြန်ထထိုင်လိုက်ပြီး ဖိနပ်ကောက်စီးလိုက်ကာ ခုနကအတိုင်း လွှားခနဲ ခုန်ကျော်ဆင်းသွားတော့သည်။
ရိုင်းလ် ပြန်ဝင်လာခဲ့ကာ ဒဏ်ရာတွေနဲ့တောင် မျောက်လွှဲကျော်သေလို့ ဝင်စားသလား ထင်ရတဲ့ ခေတ္တရာ ဆင်းပြေးသွားတာကို ကြည့်ရင်း သူ ခေါင်းရမ်းလိုက်မိသည်။
ခေတ္တရာကို ဘယ်သူမှန်း မသိခဲ့ရင်တောင် သူ ရှာနိုင်ပြီးသားဟု ယုံကြည်ထားခဲ့တာကို အခုလို ဘယ်မှာနေတယ်၊ ဘာတွေပိုင်တယ်ကအစ သိနေပြီးမှတော့ သူ့အတွက် ထိုကောင်လေးကို လိုက်ဖမ်းတဲ့ကိစ္စက ငှက်ပျောသီးကို အခွံနွှာစားရတာထက်တောင် လွယ်နေသေးသည်။
"ဒါပေမဲ့ ခေတ္တရာက ဘာလို့ သူဌေးသားအဖြစ် ကြီးပြင်းလာနိုင်ရတာလဲ"
သူ ထိုကောင့်ကို ဘားမှာတုန်းက ခရိုနီသားများလားဟုပင် ထင်ခဲ့တာကြောင့် ရိုင်းလ် မျက်မှောင်ကြုတ်လိုက်မိသွားသည်။
သူ အရမ်း အလျင်လိုလို့ မဖြစ်သေးဘဲ အန်တီ့ဆီ ပြန်မအပ်ခင် သူ သေချာစုံစမ်းဖို့ လိုနေတာတွေ အများကြီး ရှိသေးတာကို သတိထားလိုက်မိပေသည်။
___________________________________________
[Zawgyi]
လူျပတ္ၿပီး ေမွာင္ရိပ္က်ေနသည့္ ခုနေလးတင္ ရန္ပြဲျဖစ္ပြားခဲ့ရာ ေနရာနား၌ ေရးေခတၱရာ ထိုင္နားေနခဲ့သည္။
ေရး အလြန္အမင္း ပင္ပန္းေနေလ၏။ ဒီဒဏ္ရာေတြ မေပ်ာက္သေ႐ြ႕ သူ ရန္ပြဲထပ္မျဖစ္ေသးဟု ေတြးထားခဲ့ေပမယ့္ ခုေတာ့ ပုဂံတစ္ၿမိဳ႕လုံးကိုပင္ ပတ္ေျပးခဲ့ရေသးတာေၾကာင့္ စိတ္ေလွ်ာ့လိုက္တဲ့အခ်ိန္၌ ေျခေထာက္ေတြပင္ အနည္းငယ္တုန္ယင္ေနသည္။
ထိုစဥ္ သူ႕ဆီ ဖုန္းဝင္လာတာေၾကာင့္ ထုတ္ၾကည့္လိုက္ေတာ့ မာန႔္ဆီက။
ကိုင္လိုက္တာနဲ႕ ထုံးစံအတိုင္း မာန႔္၏ ဆူပူေအာ္ဟစ္သံက ဆီးႀကိဳလ်က္။
"ေရး မင္း ဘားပစ္ အိမ္ပစ္ၿပီး ဘယ္ေပ်ာက္သြားတာလဲ။ ငါ မင္းကို ေဆး႐ုံမွာေတာင္ ျပန္သြားရွာေနေသးတာ။ အခု ဘယ္မွာလဲ"
"စိတ္ေျပလက္ေပ်ာက္ ေလွ်ာက္သြားေနတာ။ ေနာက္တစ္ရက္ႏွစ္ရက္ေလာက္ဆို အိမ္ျပန္လာမွာ၊ ရွာမေနနဲ႕"
"အဲ့ဒါဆိုလည္း ငါ့ကိုေတာ့ ေျပာသြားမွေပါ့ကြ။ ငါ့မွာ မင္းကိုမ်ား အဲ့ေကာင္ေတြ ျပန္ေပးဆြဲသြားၾကတာလားေတာင္ လန႔္သြားတာ"
ေရး ခပ္ယဲ့ယဲ့ ၿပဳံးလိုက္မိသည္။
ဟိုေန႕က ေဆး႐ုံမွာ အဲ့ေကာင္ပဲ စိတ္ဆိုးတယ္ဆိုၿပီး ထားခဲ့လို႔ ေရး သူ႕ကိုေတာင္ တကူးတက ေျပာမေနခဲ့ေတာ့ဘဲ ထြက္လာခဲ့ျခင္းပင္။ သူ အနားရွိေနရင္လည္း နည္းနည္းမွ ဂ႐ုမစိုက္တတ္တဲ့ မာန္က ေပ်ာက္သြားရင္က်လည္း တကူးတက လိုက္ရွာတတ္ျပန္သည္။
"ေဟ့. . .ဘာလို႔ အသံတိတ္ေနတာလဲ။ မင္း အခု ဘယ္မွာလဲ။ ဆရာေတြက ေဆာင္းတြင္းမို႔ မင္း ဒဏ္ရာေတြက ပိုနာေနမွာလို႔ မွာထားတာ သိတယ္မလား။ ေဆးေရာ ယူသြားရဲ႕လား။ ဒဏ္ရာေတြနဲ႕ကို ဘယ္ေတြ ေလွ်ာက္သြားေနတာလဲ။ ငါ လာေခၚရမလား။"
"တစ္ခုခ်င္း ေမးစမ္းပါကြာ။ ငါ မရွိတုန္း မင္း ဓာတ္က်ေနတဲ့ေကာင္နဲ႕သာ အဆင့္တက္ေအာင္ လုပ္။ ၿပီးရင္ မင္းပါ ငါ့ဆိုင္ခန္းကေန လစ္ေတာ့"
တစ္လမွာ ရက္ႏွစ္ဆယ္ေလာက္ ေမာင္းထုတ္ခံေနရတာမို႔ မာန႔္အတြက္ ထိုစကားေတြက ဘယ္ဖက္နားကဝင္ၿပီး ညာဖက္နားက ထြက္သြားတာ အက်င့္ျဖစ္ေနၿပီ။
အဲ့ေကာင္မွာ သူငယ္ခ်င္းဆိုလို႔ သူ တစ္ေယာက္ပဲ ရွိေတာ့တာကိုေတာင္ ေရးက သူ႕ကိုဆို အေကာင္းမျမင္၊ ေက်းဇူးမတင္ဘဲ ေမာင္းထုတ္ဖို႔သာ ေခ်ာင္းေနသည္။
"အဟမ္း. . .ငါ သူ႕ကို ထပ္ၿပီးဖြင့္ေျပာလိုက္ၿပီ သိလား။ ငါ့အထင္ ဒီတစ္ခါေတာ့ အေျခအေနေကာင္းမယ္ ထင္တယ္။ သူ ပထမတစ္ခါတုန္းကလို တန္းမျငင္းေတာ့ဘူး။ စဥ္းစားေပးမယ္ ေျပာတယ္။ သူ ရန္ကုန္ျပန္လာရင္ အေျဖေပးမယ္တဲ့"
ေရး သူ ထိုင္ေနရာကေန လွမ္းျမင္ေနရသည့္ ပုဂံဘုရားေတြကို ေငးၾကည့္လိုက္ရင္း ၿပဳံးလိုက္မိသည္။
သူ ဆက္ခြန္းသစ္နဲ႕ အဆင္မေျပေတာ့ေပမယ့္ ခြန္းက အရင္လို လူတိုင္းရဲ႕ အခ်စ္ခံေလး ျဖစ္ေနဆဲကိုေတာ့ သူ အားက်ေနရဆဲပါပင္။ လူတစ္ဖက္သားအေပၚ ၾကင္နာေႏြးေထြးတတ္ကာ အၿမဲ စိတ္လိုလက္ရ ၿပဳံးရယ္ေနတတ္ေသာ ခြန္းကို သူပင္ စိတ္ႏွစ္ၿပီး ခင္မင္ခဲ့မိသည္။ မာန္ အဲ့ေကာင္ကို ဘယ္ေလာက္႐ူးခဲ့လဲဆိုတာလည္း ေရး အသိဆုံး။ ထို႔အတူ ခြန္းတစ္ေယာက္ သလြန္းကို ဘယ္ေလာက္ ေႂကြခဲ့လဲဆိုတာလည္း သူပင္ ၾကားထဲမွ မာန႔္ကို သနားမိခဲ့ရတဲ့အထိပင္။
သို႔ေသာ္ျငား သလြန္းကေတာ့ အစကေန အဆုံးထိ သူ ဆက္ခြန္းသစ္ တစ္ေယာက္ထဲကိုသာ ခ်စ္ခဲ့ပါေၾကာင္းႏွင့္ ေရးကို လိုက္ခဲ့ဖူးတာက ခြန္း သူ႕ဆီ အာ႐ုံစိုက္လာ႐ုံသာဟု ေျပာခဲ့ၿပီး ေဘးနားကေန အၿပီးေပ်ာက္ကြယ္သြားခဲ့ၿပီ။ သလြန္းနဲ႕ ခြန္းတို႔ တြဲျဖစ္ခဲ့သည့္ တစ္ႏွစ္ခြဲလုံး မာန႔္ကို ေရး အေဖာ္ျပဳေပးခြင့္ရခဲ့တာကေတာ့ မာန္နဲ႕သူ အခုလို ပိုၿပီးရင္းႏွီးလာေစခဲ့တဲ့ အခ်ိန္ေတြပင္။
ေရး လူတစ္ေယာက္အေပၚကို မာန္တို႔လို ႏွစ္ေတြၾကာသြားလည္း စြဲစြဲလမ္းလမ္း ျဖစ္ေနဆဲ အခ်စ္မ်ိဳးနဲ႕ မခ်စ္ခဲ့ဖူးသလို ဘယ္သူကမွလည္း သူ႕ကို ထိုကဲ့သို႔ ခ်စ္မလာဖူးေပ။
အေပၚယံ အခ်စ္ေတြ၊ အေယာင္ေဆာင္ ခင္မင္မႈေတြ၊ သူ႕လက္ကို လႊတ္လိုက္ဖို႔က ထင္ထားတာထက္ လြယ္ကူခဲ့လြန္းသူေတြ၊ သူ႕အေပၚ တြယ္တာမႈမရွိတဲ့ မိဘေတြနဲ႕ ႀကဳံခဲ့ရၿပီးခ်ိန္၌ ေရး ဘယ္လိုခ်စ္ျခင္းေမတၱာပုံစံမ်ိဳးကိုမဆို အယုံအၾကည္မရွိေတာ့။
"ေရး ငါ မင္းနဲ႕စကားေျပာေနရတာ တိုင္လုံးနဲ႕ ေျပာေနရသလိုပဲ။ မင္း တကယ္ အဆင္ေျပရဲ႕လား။ ငါ အခု အားသြားၿပီ၊ မင္းတစ္ေယာက္တည္းျဖစ္ေနရင္ လာခဲ့ေပးမယ္ေလ။ ခြန္းက ပုဂံသြားမွာ။ အဲ့ဒါမို႔ ငါ အခု အရမ္းအားေနၿပီ"
ေရး ခ်က္ခ်င္း ထရပ္လိုက္မိသည္။
လခြမ္း. . .ဒီေကာင္ သူ႕အစ္ကိုဆီ လိုက္လာတာလား။
သူ႕အစ္ကိုဆီလိုက္လာတာက အေရးမႀကီး၊ ခြန္းပါ သူ႕မိဘေတြအိမ္မွာ တည္းမယ္ဆိုရင္ေတာ့ တကယ့္ကြိုင္။ ခြန္းက သူ႕အေၾကာင္း အကုန္သိေနတဲ့သူမို႔ မေတာ္တဆ စကားစပ္မိၾကရင္ သူေတာ့ ေသၿပီ။
"မာန္ အဲ့ေကာင္က အခု ထြက္သြားတာလား"
"ဟင့္အင္း၊ မနက္ျဖန္ ေန႕လယ္ေလာက္ ထြက္မွာ။ ညေလာက္ေရာက္ေအာင္တဲ့"
"ငါ အေရးႀကီးကိစၥရွိေသးလို႔ ဖုန္းခ်လိဳက္ၿပီ။ ဒါပဲကြာ"
႐ုတ္တရက္ႀကီး ဖုန္းခ်ပစ္လိုက္တဲ့ ေရးေၾကာင့္ မာန္ ေၾကာင္သြားရသည္။ မဟုတ္မွလြဲေရာ ဒီေကာင္ေရာ ပုဂံေရာက္ေနတာမ်ားလား။
ထို႔အတြက္ မာန္ ျပကၡဒိန္ကို ေသခ်ာလာၾကည့္လိုက္ရသည္။
"ဟာ. . .ဟုတ္သားပဲ၊ ဒီအခ်ိန္ဆို အဲ့ေကာင္ ပုဂံျပန္သြားတတ္တာပဲကို"
သူ ခြန္းကို ေရးနဲ႕ ထိပ္တိုက္ေတြ႕မွာအတြက္ အလြန္စိတ္ပူသြားမိသည္။
-------------------
ေရး သူ႕မိဘေတြအိမ္ရွိရာဆီသို႔ ခ်က္ခ်င္းေျပးလာခဲ့သည္။ ခြန္းပါ ေရာက္လာမယ္ဆိုရင္ေတာ့ သူ ပုဂံက ျပန္မွျဖစ္ေတာ့မည္။ ေတာ္ၾကာ သူ႕အစ္ကိုကတဆင့္ သူ ရွိေနတာကို သူ႕အေဖ သိသြားၿပီး ျပန္ဖမ္းမိသြားမွာ စိုးရိမ္ေနေသာေၾကာင့္ပင္။
ထို႔အတြက္ သူ႕အခန္းထဲသို႔ အရင္ေက်ာ္တက္လာခဲ့သည္။ ကျပားေကာင္ မရွိေလာက္ပါေစနဲ႕ ဆုေတာင္းထားသလိုပင္ အခန္းထဲမွာ ကျပားေကာင္ ျပန္မေရာက္ေသး။
ဒီစံအိမ္က သူ႕အေဖရဲ႕ အေစာင့္အၾကပ္မ်ားစြာ ရွိေနသည့္ စံအိမ္မို႔ ေရး အိမ္ေရွ႕ကေန ဘယ္ေတာ့မွ ေက်ာ္မဝင္ရဲေပ။ သူ ဒီအိမ္မွ ထြက္ေျပးသြားတုန္းကလည္း ဒီကေနပဲ ခုန္ခ်ၿပီး ေျပးခဲ့ျခင္းျဖစ္သလို သူ႕အေမ ေမြးေန႕တိုင္း သူ႕အေမမ်က္ႏွာကို လာခိုးၾကည့္ရင္လည္း ဒီအေပၚကေနသာ ေက်ာ္ဝင္ေနျခင္းျဖစ္သည္။ အေပၚမွာ ဒီတစ္ခန္းထဲသာ ရွိတာမို႔ သူ႕အတြက္ အႏၲရာယ္ကင္းသည္ဟု အေတြးရွိခဲ့ရာမွ အခုေတာ့ ကျပားေကာင္က သူ႕လမ္းကို လာပိတ္ေနတာမို႔ သူ႕အေမမ်က္ႏွာကို ခုခ်ိန္ထိ ေသခ်ာမျမင္ရေသး။
ဘယ္သူမွ်မရွိတဲ့အခန္းထဲ အသာေစ့ထားသည့္ ျပတင္းေပါက္မွ ေျခခ်ၿပီးခ်ိန္၌ ထိုအခန္းတံခါးကို အသာဖြင့္ၿပီး အျပင္ဖက္ကို ေခ်ာင္းၾကည့္လိုက္သည္။ ဒီအခ်ိန္ဆို သူ႕အေမ ဘုရားရွိခိုးေနတတ္တဲ့အခ်ိန္ဆိုတာ တြက္ၿပီး လာခဲ့တာမို႔ ဘုရားခန္းထဲ၌ သူ႕အေမကို ေတြ႕လိုက္ရသည္။ ေရး သူ႕အေမမ်က္ႏွာကို ၾကည့္ၿပီးရင္ ပုဂံက ခ်က္ခ်င္းျပန္ဖို႔ ဆုံးျဖတ္ခဲ့ျခင္းပင္။
သူ႕အေမ ဝတ္ျပဳေနတာကို ေနာက္ကေန ၾကည့္ရင္း ေရး မ်က္ရည္ဝဲလာခဲ့မိသည္။
"မားရဲ႕ေမြးေန႕တိုင္းမွာ ကြၽန္ေတာ္လည္း အတူရွိေပးလို႔ရရင္ တကယ္ေကာင္းမွာပဲ"
ရွစ္ႏွစ္သားအ႐ြယ္ထိ သူ႕ရဲ႕ကမာၻႀကီးျဖစ္ခဲ့တဲ့ ေဒၚခတၱာလင္းကို ေရး အလြန္ခ်စ္သည္။ တစ္အိမ္လုံးက သူ႕အေဖကို သူ႕အား သတ္ပစ္လိုက္ဖို႔ ေစခိုင္းခဲ့ခ်ိန္၌ မားက သူ႕ေရွ႕ကေန မားမားမတ္မတ္ ကာကြယ္ေပးခဲ့ဖူးသည္။ သူ႕ကို ေသခ်ာမကာကြယ္ေပးနိုင္ခဲ့ေပမယ့္လည္း ကိုယ့္အသက္ကို မငဲ့ကြက္ဘဲ ကာကြယ္ေပးဖူးတာဆိုလို႔ ေရးအတြက္ အခုခ်ိန္ထိ သူ႕အေမ တစ္ေယာက္တည္းသာ ရွိခဲ့တာ။
မ်က္ရည္ကို အျမန္ျပန္သုတ္လိုက္ၿပီး သူ႕အေမမ်က္ႏွာကိုလည္း ျမင္ရၿပီးၿပီမို႔ ကျပားေကာင္ ျပန္မေရာက္ခင္ ျပန္ထြက္ဖို႔ အလွည့္-
". . . ."
ေရး မေအာ္မိေအာင္ သူ႕ပါးစပ္သူ အျမန္အုပ္လိုက္ရသည္။
သူ႕ေနာက္၌ ကျပားေကာင္က လက္ပိုက္ၿပီး နံရံကိုမွီကာ သူ႕အား မ်က္ေမွာင္ၾကဳတ္ၿပီး စိုက္ၾကည့္ေနတာမို႔ပင္။
ေရး ဒီတစ္ႀကိမ္ေလာက္ ေဆာက္တည္ရာမရ လန႔္သြားတာမ်ိဳး မျဖစ္ဖူးသလို ခံစားလိုက္ရသည္။ ကျပားေကာင္သာ အခုေန ေအာ္လိုက္ရင္ သူ႕အေမ ခ်က္ခ်င္းၾကားသြားမွာ။
ရိုင္းလ္ ထိုေကာင့္လက္ကို အျမန္ဆြဲလိုက္ၿပီး အန္တီ လွည့္ၾကည့္လာေတာ့မွာမို႔ သူ႕အခန္းထဲ အရင္သြင္းလိုက္ရသည္။
"မင္းနာမည္ ဘယ္လိုေခၚလဲ"
ရိုင္းလ္ စိတ္လႈပ္ရွားမႈမ်ားစြာျဖင့္ ေမးမိျခင္းပင္။
သို႔ေပမယ့္ ထိုေကာင္က သူ႕ေျခေထာက္ကို တက္နင္းၿပီး ျပတင္းေပါက္နားကို ဝွစ္ခနဲ ထြက္ေျပးသြားၿပီမို႔ ရိုင္းလ္ ထိုေကာင္ ခုန္မခ်ခင္ ခါးက အျမန္ဆြဲဖမ္းရင္း ကုတင္ေပၚ ပစ္တင္လိုက္ရၿပီး သူပါ တက္ခြလိုက္ရသည္။
"ဖယ္. . .ငါ မင္းကို ေနာက္ထပ္ မေႏွာင့္ယွက္ေတာ့ဘူးလို႔ ကတိေပးတယ္"
ေရး သူ႕အေပၚအုပ္မိုးလာေသာ ထိုေကာင့္ေအာက္က လွိမ့္ထြက္လိုက္ဖို႔ ႀကိဳးစားလိုက္ေသာ္လည္း ထိုေကာင္က သူ႕ဒဏ္ရာရွိေနတဲ့လက္ကို ဆြဲညွစ္လိုက္တာမို႔ အားခနဲ မေအာ္မိေအာင္ အံႀကိတ္ထားလိုက္ရသည္။
ရိုင္းလ္ ထိုေကာင့္ကို အခုလို နာက်င္ေအာင္ မလုပ္ခ်င္ပါ။ သို႔ေသာ္ျငား ဒီေကာင္က ေလထက္ေတာင္ လ်င္တဲ့သူမို႔ သူ႕ေပ်ာ့ကြက္ကို ခ်ဳပ္ကိုင္ထားရၿပီး သူ ဝတ္ထားတဲ့ Hoodie ကို ဆြဲခြၽတ္ဖို႔ ႀကိဳးပမ္းေနမိျခင္းပင္။
နာမည္က ေျပာင္းလိုက္ရင္ေတာင္ သူ႕မွာရွိတဲ့အမွတ္ကေတာ့ လိမ္လို႔ရမွာမဟုတ္။
"ေခြးေကာင္ မင္း. . .မင္း ဘာလုပ္ေနတာလဲ။ ေသခ်င္ေနတာလား။ အား. . .ငါ့လက္"
႐ုတ္တရက္ႀကီး သူ႕အကၤ်ီေအာက္ထဲ လက္လွ်ိုဝင္လာကာ ဆြဲခြၽတ္ဖို႔ ႀကိဳးစားေနေသာ ကျပားေကာင္ေၾကာင့္ အဲ့ေကာင့္မ်က္ႏွာကို ေကာင္းတဲ့လက္နဲ႕ ပိတ္ထိုးဖို႔ ႀကိဳးစားလိုက္ေပမယ့္ လက္ႏွစ္ဖက္လုံးကို တစ္ဖက္ထဲနဲ႕ ဆြဲခ်ဳပ္ခံလိုက္ရတာမို႔ ဒဏ္ရာရေနသည့္လက္က ခ်က္ခ်င္း ေအာင့္တက္သြားခဲ့သည္။
ထို႔ေၾကာင့္ ေခြၽးေစးေတြေတာင္ ျပန္လာရကာ ဒီေကာင္ သူ႕ကို ဘာလုပ္ေနတာလဲဆိုတာ အလန႔္တၾကား ျဖစ္သြားမိသလို ႏွင္းလိုျဖဴစြတ္ေနေသာ အသားအေရေပၚ၌ သူ ရွာေနသည့္ ပခုံးေပၚက လိပ္ျပာအမွတ္ကို ေတြ႕လိုက္ရတဲ့ ရိုင္းလ္၏ မ်က္ဝန္းမ်ားလည္း ျပဴးက်ယ္သြားခဲ့သည္။
"ေခတၱရာ"
"Shit. . .မင္း ဘာလုပ္ေနတာလဲ။ ငါ့ကို အၾကမ္းဖက္ဖို႔ ႀကိဳးစားေနရင္ေတာ့ မင္း အသက္ကို ဖက္နဲ႕သာ ထုပ္ထားလိုက္ေတာ့"
ရိုင္းလ္ အခုလိုမ်ိဳး ဒီေကာင့္ေရွ႕မွာ ေျပာစရာေပ်ာက္ရွသြားခဲ့ရတာ ႏွစ္ႀကိမ္ရွိေနၿပီ။
"ေခတၱရာ ငါ မင္းကို လိုက္ရွာေနတာ။ ငါ မင္းကို အခုလိုပုံစံမ်ိဳးနဲ႕ ေတြ႕ရမယ္လို႔ မထင္ခဲ့ဘူး"
ရိုင္းလ္ သူ႕ေအာက္က ေကာင္ေလးကို အခ်ိန္အတန္ၾကာ ငုံ႕ၾကည့္ေနမိသလို ထိုေကာင္ေလးကလည္း သူ႕ကို အံ့ဩစြာ ေမာ့ၾကည့္လာခဲ့သည္။
"ဘာလို႔လဲ၊ မင္းက ငါ့အေဖရဲ႕လူလား။ ငါ့ကို ျပန္အပ္ဖို႔ လိုက္ရွာေနတာလား။ ဟင့္အင္းေနာ္၊ မင္း ငါ့ကို ျပန္မအပ္ပါနဲ႕"
ေခတၱရာက သူ႕ကို အထင္လြဲေနပုံပင္။
ထိုစဥ္ အခန္းတံခါးေခါက္သံနဲ႕အတူ အျပင္မွ အန္တီ့အသံကို ၾကားလိုက္ရတာမို႔ ရိုင္းလ္ အခုခ်က္ခ်င္း သားအမိႏွစ္ေယာက္ကို ေပးေတြ႕လိုက္ဖို႔ ကုတင္ေပၚက ဆင္းဖို႔ျပင္လိုက္ေသာ္ျငား သူ႕လက္ေမာင္းေတြကို ေၾကာက္လန႔္တၾကား ကုပ္ဆြဲထားေသာ ေခတၱရာ၏ မ်က္ဝန္းမ်ားကို ျမင္လိုက္ရသည္။
"သား. . .ျပန္ေရာက္ေနတာလား။ အန္တီ အခန္းထဲက အသံေတြၾကားလိုက္ရလို႔"
ေခတၱရာက သြားမဖြင့္ေပးဖို႔ ေခါင္းခါျပလာတာမို႔ ရိုင္းလ္ ရပ္တန႔္သြားခဲ့ရသည္။ သူ ဒီအတိုင္း ရွာဖို႔ႀကိဳးစားေနခဲ့တဲ့သူကို ခ်က္ခ်င္းေတြ႕လိုက္ရတာေၾကာင့္ ဘာမွေသခ်ာမစဥ္းစားနိုင္ဘဲ အေလာႀကီးသြားျခင္းျဖစ္ေနတာကို ကိုယ့္ကိုယ္ကိုယ္ သတိထားမိလိုက္တာမို႔ ဘာသံမွ မေပးဘဲ ေနလိုက္ရေတာ့သည္။
ဘာသံမွမၾကားရတာမို႔ ေဒၚခတၱာလင္း သူ နားၾကားမွားတယ္ဟု ထင္သြားတာေၾကာင့္ ေအာက္သို႔ ျပန္ဆင္းသြားေလသည္။
"မင္း ငါ့ကို အထင္လြဲေနၿပီ၊ ငါ မင္းကို မင္း အေမနဲ႕ ေပးေတြ႕ခ်င္႐ုံပါ"
ေရးကေတာ့ ထိုလူ႕ကို မယုံ။ သူ အခု ဘယ္လိုထြက္ေျပးရမလဲဆိုတာကိုသာ ႀကံစည္ေနမိသည္။
"ဟုတ္ၿပီ၊ ငါ အတင္းအက်ပ္ မလုပ္ပါဘူး"
ထိုေကာင္က သတၱိခဲဆိုတာ သူ အသိဆုံး။ သို႔ေပမယ့္ အခု သူ႕မ်က္ဝန္းမ်ားက အလြန္ေၾကာက္ေနတဲ့ပုံ ေပၚတာေၾကာင့္ ရိုင္းလ္တစ္ေယာက္ သူ႕၏ ႏူးညံ့ျငင္သာေသာ အျခမ္းကို ခ်ျပၿပီး ေခ်ာ့ေခၚဖို႔ ဆုံးျဖတ္လိုက္ၿပီမို႔ ခုန သူ ဆြဲလွန္ထားတာေၾကာင့္ ဖရိုဖရဲ ျဖစ္ေနေသာ အဝတ္အစားကို ေသခ်ာျပန္ဆြဲခ်ေပးလိုက္ရသည္။ ထို႔ေနာက္ ေခတၱရာေျခေထာက္မွ ဖိနပ္ေတြကို ဆြဲခြၽတ္လိုက္ရတာမို႔ ထိုေကာင္ေလး ကန္ဖို႔ အသင့္အေနအထား ျဖစ္သြားတာကို သတိထားလိုက္မိသည္။
"ငါ မင္းကို ဘာမွမလုပ္ပါဘူး"
ထို႔ေနာက္ ခရမ္းေရာင္အိပ္ရာခင္းေပၚက ေစာင္ကို ဆြဲယူလိုက္ၿပီး ေခတၱရာအေပၚ လႊမ္းေပးလိုက္ရသည္။
"ငါ မင္းကို ေျပာခ်င္ေနတာေတြ တကယ္အမ်ားႀကီး ရွိေနတာ။ ဒါေပမဲ့ မင္း ခုနကလည္း ေျပးထားရတာဆိုေတာ့ ပင္ပန္းေနၿပီ၊ အိပ္လိုက္ေတာ့။ ဒါက မင္းအခန္းပဲေလ။ ဒီအေပၚကို ဘယ္သူ႕မွ တက္မလာဘူး"
ေရး ေစာင္ေအာက္ထဲ ေလွ်ာဝင္သြားလိုက္ရသည္။
ဒီေကာင္ သူ႕ကို အေပ်ာ့ဆြဲ ဆြဲၿပီး သူ႕အေဖဆီ အပ္ဖို႔လုပ္ေနတာဟုသာ ခံစားေနရတာေၾကာင့္ ေရး အိပ္ခ်င္ေယာင္ေဆာင္ၿပီး ထိုေကာင္ အာ႐ုံေျပာင္းသြားတာနဲ႕ လစ္ေျပးဖို႔ ႀကံေနမိသည္။
ရိုင္းလ္ကေတာ့ အလြန႔္အလြန္ စိတ္လႈပ္ရွားေနတာေၾကာင့္ ကုတင္ေဘးမွာ ေရွ႕ေလွ်ာက္ေနာက္ေလွ်ာက္နဲ႕ အိေႏၵျပင္မရ။ သူ႕လမ္းေလွ်ာက္သံေၾကာင့္ ထင္ပါရဲ႕၊ ေခတၱရာ ေစာင္ေအာက္ထဲက ေခါင္းျပဴလာကာ ေခ်ာင္းၾကည့္လာတာမို႔ ရိုင္းလ္ ခ်က္ခ်င္းပဲ ၿပဳံးၿဖဲျပလိုက္မိတာေၾကာင့္ ထိုေကာင္ေလး ဝုန္းဆို ေစာင္ေအာက္ထဲ ျပန္ဝင္သြားေတာ့သည္။
လခြမ္း. . .ဒီဘဲကေတာ့ တကယ့္အာ႐ုံပဲ။
အဲ့ေကာင္အၿပဳံးက ေၾကာက္စရာႀကီးဆိုေပမယ့္ ေရး ေစာင္ေအာက္ထဲက ျပန္ထြက္လာရကာ-
"ငါ မင္းလုပ္လို႔ အရိုးေတြေတာင္ အက္ကုန္ၿပီထင္တယ္"
"အမ္. . ."
"လုပ္ဦး၊ ငါ့လက္က အရမ္းနာေနတယ္။ ေက်းဇူးျပဳၿပီး ငါ့ကို ေရခဲေလးကပ္ေပးလို႔ရမလား။ ဒါဆို ငါတို႔ ေရခဲကပ္ရင္း ေဆြးေႏြးလို႔ရတယ္ေလ"
ရိုင္းလ္ ထိုေကာင့္လက္ကို တစ္ခ်က္လွမ္းရွိုးလိုက္ေတာ့ တကယ္ ေရာင္တက္လာတာကို ေတြ႕လိုက္ရသည္။
"အား. . .ေခါင္းက ခ်ဳပ္ရိုးေတြကလည္း ေျပကုန္ၿပီလား မသိဘူး။ မင္း ဆရာဝန္ဆို၊ လုပ္စမ္းပါကြာ၊ ငါ ထြက္မေျပးပါဘူး"
ရိုင္းလ္ ဟက္ခနဲ ရယ္ခ်လိဳက္မိသည္။ ထိုေကာင္ ေျပးမယ္ဆိုရင္လည္း သူက ဖမ္းထားမယ့္သူမွ မဟုတ္တာ။ သူ အခု လူဆိုးဖမ္းေနျခင္းမဟုတ္။ ရိုင္းလ္တစ္ေယာက္ သူ႕ရဲ႕ Hero ကို ေတြ႕လိုက္ရလို႔ စိတ္လႈပ္ရွားေနျခင္းျဖစ္ကာ မိန္းမငယ္ေလးေတြ သူတို႔သေဘာက်တဲ့ idol နဲ႕ ေတြ႕ရင္ စိတ္လႈပ္ရွား ေပ်ာ္ျမဴးေနတဲ့ ခံစားခ်က္မ်ိဳးလို အနီးစပ္ဆုံး ျဖစ္ေနတာ ျဖစ္သည္။
ထို႔အျပင္ သူ အခုခ်က္ခ်င္း ဒီေကာင္ေလးကို သူ႕အေမဆီ ေခၚသြားျပလိုက္လို႔ လက္က ဒဏ္ရာကို သူ လုပ္ထားတာမွန္းသာ သိသြားခဲ့ရင္ အန္တီခတၱာလင္း သူ႕ကို ဆဲလႊတ္လိုက္မယ့္ျဖစ္ခ်င္း။
ထို႔ေၾကာင့္ လြတ္လြတ္လပ္လပ္ ေျပးခ်င္ေျပးလို႔ရေအာင္ ေခါင္းညိတ္ျပလိုက္ၿပီး ေရခဲသြားယူေပးဖို႔ ရိုင္းလ္ ထြက္လာခဲ့လိုက္ေတာ့သည္။
"အိုး. . .ဒီဘဲက လွိမ့္ရ လြယ္သားပဲ။ ဟက္. . .bye ပါ ဘဲႀကီးေရ"
ေရး အျမန္ထထိုင္လိုက္ၿပီး ဖိနပ္ေကာက္စီးလိုက္ကာ ခုနကအတိုင္း လႊားခနဲ ခုန္ေက်ာ္ဆင္းသြားေတာ့သည္။
ရိုင္းလ္ ျပန္ဝင္လာခဲ့ကာ ဒဏ္ရာေတြနဲ႕ေတာင္ ေမ်ာက္လႊဲေက်ာ္ေသလို႔ ဝင္စားသလား ထင္ရတဲ့ ေခတၱရာ ဆင္းေျပးသြားတာကို ၾကည့္ရင္း သူ ေခါင္းရမ္းလိုက္မိသည္။
ေခတၱရာကို ဘယ္သူမွန္း မသိခဲ့ရင္ေတာင္ သူ ရွာနိုင္ၿပီးသားဟု ယုံၾကည္ထားခဲ့တာကို အခုလို ဘယ္မွာေနတယ္၊ ဘာေတြပိုင္တယ္ကအစ သိေနၿပီးမွေတာ့ သူ႕အတြက္ ထိုေကာင္ေလးကို လိုက္ဖမ္းတဲ့ကိစၥက ငွက္ေပ်ာသီးကို အခြံႏႊာစားရတာထက္ေတာင္ လြယ္ေနေသးသည္။
"ဒါေပမဲ့ ေခတၱရာက ဘာလို႔ သူေဌးသားအျဖစ္ ႀကီးျပင္းလာနိုင္ရတာလဲ"
သူ ထိုေကာင့္ကို ဘားမွာတုန္းက ခရိုနီသားမ်ားလားဟုပင္ ထင္ခဲ့တာေၾကာင့္ ရိုင္းလ္ မ်က္ေမွာင္ၾကဳတ္လိုက္မိသြားသည္။
သူ အရမ္း အလ်င္လိုလို႔ မျဖစ္ေသးဘဲ အန္တီ့ဆီ ျပန္မအပ္ခင္ သူ ေသခ်ာစုံစမ္းဖို႔ လိုေနတာေတြ အမ်ားႀကီး ရွိေသးတာကို သတိထားလိုက္မိေပသည္။
___________________________________________