Snowless Winter Dream [Comple...

By Ennia_Yawn

76.9K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 6

1.6K 106 7
By Ennia_Yawn

အမှောင်တိုက်ကြီးစိုးနေပြီဖြစ်တဲ့ ဆောင်းညနေခင်း၏ အ‌အေးဓာတ်များက ကား‌အတွင်းမှ aircon လေထုကိုပါ ပိုအေးစက်လာအောင် လုပ်နေသလိုပင်။

အဝေးပြေးကားကြီးက ဖြေးငြိမ့်စွာ မိုင်တိုင်အတော်များများကို ကျော်ဖြတ်ပြီးချိန်၌ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်၏ မျက်လုံးအကာအောက်မှ မျက်လုံးများ ဆတ်ခနဲ ဖွင့်လာခဲ့သည်။ ကားအတွင်း၌ ဒီလောက်အေးစက်နေတာတောင် မီးပူနဲ့ အကပ်ခံလိုက်ရသလို အထိအတွေ့ကြောင့် သူ လန့်နိုးသွားခြင်းပင်။

ထို့အတွက် မျက်လုံးအကာကို ဖြုတ်လိုက်ပြီး သူ့ပခုံးပေါ် ခေါင်းမှီ‌နေတဲ့ ဘေးက ခရီးသည်၏ ခေါင်းကို လက်ညှိုးနဲ့ အသာတွန်းဖယ်လိုက်ရသည်။ ထိုလူ့ကိုယ်မှ အပူဓာတ်က သူ့အား မီးပူနဲ့ကပ်လိုက်သလို ခံစားချက်မျိုးအထိ ပေးလိုက်နိုင်တာကြောင့် ထိုလူ ဖျားနေတာလားဟု တွေးလိုက်မိကာ လှည့်ကြည့်လိုက်ပေမယ့် ထိုလူက သူ့လိုပဲ mask တပ်ထားပြီး မျက်လုံးမှိတ်အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။

ထို့ကြောင့် ကိုယ်ကို အနည်းငယ် ကျုံ့လိုက်ပြီး သူ့ပခုံးပေါ် ထပ်လာမမှီရန် ပြတင်းပေါက်နား ပိုပိုကပ်ထိုင်လိုက်ပေမယ့် ဒုန်းခနဲ မှီချလာပြန်သည်။

"ကျစ်. . ."

လက်ညှိုးနဲ့သာ ထိုလူ့နားထင်ကို တွန်းလိုက်ပြီး ပခုံးပေါ်က ထပ်ဖယ်လိုက်ရပြန်သည်။

သို့သော်ငြား ခဏအတွင်း နောက်တစ်ကြိမ် ပြန်မှီလာပြန်တာမို့ ထိုအနက်ရောင်ကောင်လေး စိတ်မရှည်တော့။ ထို့အတွက် သူ့ပခုံးကို အားနဲ့ စောင့်မြှောက်ပစ်လိုက်တာမို့ ‌အိပ်ပျော်နေသည့် ရိုင်းလ် ချက်ချင်းလန့်နိုးသွားခဲ့သည်။

အပြင်က အမှောင်ထုနဲ့အတူ ကားပေါ်မှ မီးရောင်ကလည်း ခပ်မှိန်မှိန်။ အိပ်ချင်မူးတူးဖြစ်နေဆဲ ရိုင်းလ်တစ်ယောက် သူ့အား မျက်မှောင်ကြုတ်ကြည့်နေသော ဘေးက လူကို တွေ့လိုက်ရသည်။

ထိုအနက်ရောင်ကောင်လေးက သူ့ပခုံးပေါ် လာမမှီနဲ့ဆိုတဲ့ အမူအရာမျိုး လုပ်ပြလာတာမို့ အခုမှပဲ ရိုင်းလ် သူ ဘာလုပ်မိမှန်း သတိထားမိသွားတာကြောင့် အားနာသွားမိသည်။

"အိုး. . .ဆောရီး၊ ထပ်မဖြစ်စေရပါဘူး"

ထိုတစ်ယောက် ခေါင်းညိတ်ပြလာတာမို့ စကားနည်းရန်စဲဖြစ်အောင် ရိုင်းလ်လည်း ထိုလူနဲ့ ဝေးရာသို့ တိုးကပ်ထိုင်လိုက်ရကာ နောက်ကျောကို ခေါင်းပြန်မှီပြီး အိပ်လိုက်လာခဲ့ပြန်သည်။

ကားက ရန်ကုန်မှ ထွက်ခွာလာခဲ့တာ လေးနာရီလောက်ရှိနေပြီ။ နောက်ခဏအကြာဆို ကားခဏ ရပ်ပေးမယ့်နေရာ ရောက်လောက်ပြီမို့ ရေး သူ့ mask ကို ချွတ်လိုက်တော့သည်။ ထိုစဉ် သူ့နှာခေါင်းထဲသို့ လာဗင်ဒါနံ့ ချက်ချင်းရလိုက်တာမို့ ဘေးကလူကို လှည့်ကြည့်လိုက်မိသည်။

mask ချွတ်လိုက်လို့သာ ထိုအနံ့ကို သတိထားမိလိုက်ခြင်းဖြစ်သလို ထိုလူ့ကိုယ်မှ ရေမွှေးနံ့ကလည်း မွှန်ထူ မွှေးကြိုင်နေတာမျိုး မဟုတ်ဘဲ အနီးကပ်ထိုင်နေကြရလို့သာ နှာခေါင်းထဲ တိုးဝင်လာခဲ့တာ။

ခဏအကြာမှာပင် ကားက toilet ခဏဝင်ရန်အတွက် ရပ်တန့်ပေးလာခဲ့သည်။ ထို့အတွက် ရေးတစ်‌ယောက် သူ toilet သွားချင်နေတာကြာပြီမို့ ထိုလူ့ကို ခြေထောက် ဖယ်ပေးဖို့ ပြောရတော့သည်။

"ဒီမှာဗျ. . .ကျွန်တော် အပြင်ထွက်ချင်လို့၊ လမ်း ခဏဖယ်ပေးပါဦး"

". . . ."

"ဒီလူ ခုနစ်ရက်ခုနစ်လီ မအိပ်ခဲ့ဘူးလား။ ဟေ့. . .ခဏဖယ်ဦးဆို"

ခပ်ကြမ်းကြမ်း လှုပ်နှိုးခံလိုက်ရတာကြောင့် ရိုင်းလ် ပြန်လန့်နိုးလာခဲ့သည်။

ဒီတစ်ခါတော့ ကားမီးလည်း ပြန်ထွန်းပေးထားသလို ဘေးကကောင်လေးရဲ့မျက်နှာကိုလည်း သေချာမြင်လိုက်ရတာကြောင့် သူ အိပ်ချင်ပြေသွားရုံမကဘဲ အဖျားပါ ချက်ချင်းကျသွားသယောင်ယောင်။

"မင်း. . .မင်း ငါ့နောက် လိုက်လာတာလား"

ရေး သူ ခုန ထင်လိုက်သလို ကပြားကောင်ဖြစ်နေတာ‌ကြောင့် လှောင်ပြုံးပြုံးလိုက်မိသည်။

"စိတ်ကူးယဉ်နေလိုက်၊ ဖယ်စမ်းပါ၊ ထွက်ကျတော့မယ်"

ခုန တခြားလူဖြစ်နေမှာစိုးလို့ ထိန်းခဲ့ရပေမယ့် အခုတော့ ရေး ထိုကောင့်ကို စောင့်တွန်းဖယ်ပြီး အမြန်ဆင်းခဲ့ရတော့သည်။

ကိစ္စက ထိပ်ဝရောက်နေပါပြီဆိုမှ။

ရိုင်းလ် တကယ် စိတ်ဆင်းရဲသွားရ၏။ အလှလေးတွေနဲ့ အခုလို ခဏခဏ ရေစက်ဆုံရင် ဒါ ဖူးစာဟု သူ နောက်ပြောင်မိမှာပေမယ့် ဒီတစ်ယောက်နဲ့တော့ ထပ်မဆုံရလေအောင် ပုဂံမှာရော သူ ဘာတွေများပိုင်သေးလဲ အရင် လိုက်စုံစမ်းရမယ့်ပုံ ဖြစ်နေပြီ။

.
.
.

"မင်း ငါ့နေရာမှာ ဘာလို့ ထိုင်နေတာလဲ"

ရေး ကားပေါ်ပြန်ရောက်လာခဲ့စဉ် သူ့ခုံမှာ ဝင်ထိုင်နေသော ကပြားကောင်ကို တွေ့လိုက်ရသည်။

"အဲ့ထွက်ပေါက်မှာပဲ ထိုင်တော့။ မင်း ခုလို ထွက်လိုက်ဝင်လိုက် လုပ်နေရင် ငါ အာရုံနောက်လို့"

"ဟ. . .ဒါက အများပိုင်ကားလေ။ အာရုံနောက်တယ်ဆိုပြီး ဒီလိုခွင့်မတောင်းဘဲ နေရာလုလို့ရကြေးလား။ ဟက်၊ သူငယ်တန်းကလေးအထာနဲ့"

"ငါ နေမကောင်းတာမို့ ရန်မဖြစ်ချင်လို့ ပါးစပ်ပိတ်ပြီး လိုက်ခဲ့စမ်းပါ။ မဟုတ်ရင် ငါ နောက်တစ်ခါဆို ဖယ်ပေးမှာ မဟုတ်ဘူး။ မကျေနပ်ရင် ရေသန့်ဘူးထဲမှာပဲ ပေါက်မလား"

"တောက်. . .ဒီအယုတ်တမာကောင်ကတော့"

လူတွေပြန်တက်လာချိန်ထိ ရေး လမ်းအလယ်မှာ ပိတ်ရပ်‌နေမိတာမို့ ထိုကောင့်ခုံမှာသာ ဆောင့်ကြီးအောင့်ကြီး ဝင်ထိုင်လိုက်ရသည်။

ရိုင်းလ် ပြတင်းပေါက်ဘောင်ပေါ် လက်တင်လိုက်ကာ ခေါင်းမှီလိုက်ပြီး ပြန်မအိပ်ခင် သူ့ဘေးက ကောင်ကို ပြန်လှည့်မေးလိုက်ရသည်။

"မင်း ဘာလို့ ပုဂံသွားမှာလဲ"

"မင်းကရော"

"ငါက ဘာလို့ မင်းကို ပြောပြနေရမှာလဲ"

"အင်းလေ၊ အဲ့ဒါကို ငါကရော ရူးနေလို့ မင်းကို ပြောပြစရာလား"

ရိုင်းလ် ထင်လိုက်တာက ဒီကောင် သူ့‌နောက်ကို ရန်ကြွေးပြန်ယူဖို့ လိုက်နေတယ်ဟုပင်။ သို့သော်ငြား စကားပြောတာ တစ်စက်မှကို ထောင့်မကျိုးတဲ့ကောင်နဲ့ ရန်ပြိုင်ဖြစ်ရအောင် သူ အားမရှိသေးတာမို့ ထပ်အိပ်ဖို့ ပြင်လိုက်စဉ်-

"စားဦးမလား၊ အောက်မှာ တွေ့လို့ ဝယ်လာတာ။ အာ. . .နေမကောင်းဘူးဆိုတော့လည်း ငှက်ပျောသီး စားလို့မရဘူး ထင်တယ်။ ကျွတ်ကျွတ်. . .ဆရာဝန်တွေကလည်း ဖျားတတ်တာပဲလား။ ဝဋ်ဆိုတာ နေ့မကူးဘူးဆိုတာ တကယ်မှန်တယ်ထင်တယ်"

"ဟက်"

သူ့အနွေးထည်အိတ်ထဲမှ ငှက်ပျောသီးနှစ်လုံး ထုတ်လာပြီး ထိုင်စားနေတဲ့ ဘေးကကောင် စားနေတဲ့ပုံကို ကြည့်ရင်း အလင်းမဝင်တဲ့ ရိုင်းလ်၏ အတွေးများက ရုတ်တရက်ကြီး ဘာလို့အမှောင်ဖုံးသွားမိလဲမသိ။ ကားမီးပြန်ပိတ်လိုက်လို့ မှောင်သွားတာ ထင်ပါရဲ့။

ရေး ငှက်ပျောသီးစားနေရင်းမှ ထိုလူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး ထိုလူက သူ့အား စိုက်ကြည့်နေတာကြောင့် မေးဆတ်ပြလိုက်ရသည်။

"မကြီးမငယ်နဲ့ ဘယ်လိုစားနေလဲ မသိဘူး"

ထိုကောင်က တိုးတိုးလေးသာ ပြောလိုက်တာမို့-

"ဟမ်. . .ဘာပြောလိုက်တာလဲ"

"တိတ်တိတ်နေ၊ ငါ အိပ်တော့မလို့လို့ ပြောနေတာ"

ကျောခိုင်းပြီး အိပ်သွားပြီဖြစ်တဲ့ ကပြားကောင်က သူ့ကိုဆို ဘလိုင်းကြီး ရန်လိုနေသလိုပင်။ အဲ့ကောင်ကြောင့် လက်မကျိုးရုံတမယ်ဖြစ်ရတာကိုတောင် တောင်းပန်စကားတစ်ခွန်းမပြောတဲ့အပြင် မသိရင် သူနဲ့ကိုယ်က ရည်းစားလုဖက်တွေကြလို့။

ဒီအိမ်စောင့်ခွေးလေးက တအားဆိုးတာပဲ။

.
.
.

မနက်ဝေလီဝေလင်းအချိန်၌ ကားက ပုဂံထဲသို့ ဆိုက်ရောက်လာခဲ့ပြီ။ ပုဂံမှာကတော့ တော်တော်အေးနေပေသည်။

နှစ်ယောက်သား Luggage တွေထုတ်ပြီးချိန်၌ ရိုင်းလ် ထိုကောင့်ကို အရင်လှည့်ပြောလိုက်သည်။

"မင်း နောက်လက်တစ်ဖက် ထပ်မကျိုးချင်ရင် ငါ့နောက် လိုက်မလာနဲ့"

"ဩော်. . .ဒီဘဲနဲ့တော့ တကယ့်အာရုံပဲ။ ငါ အရင်သွားမှာမို့ မင်းသာ ငါ့မျက်စိရှေ့ ထပ်ပေါ်မလာနဲ့"

ရေး သူ့ Luggage ကို ဆွဲယူလိုက်သည်။ ထို့နောက် ကပြားကောင် ကြားရုံသာ ပြောဖို့အတွက် သူ့နားကပ်သွားလိုက်ကာ ထိုကောင့်မျက်နှာပေါ်သို့ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး-

"ပေါ်လာရင်တော့ ငါက စားပစ်မှာမို့"

နတ်ဆိုးဆန်ဆန် ပြုံးပြီး ပြောသွားကာ ကားဝင်းထဲမှ ထွက်သွားပြီဖြစ်သော ထောင့်မကျိုးတဲ့ကောင်ကြောင့် ရိုင်းလ်၏ အညိုရောင်မျက်ဝန်းများ စူးရဲသွားခဲ့သည်။

"စားမယ်? စားရအောင်. . .ငါက ငှက်ပျောသီးမို့လို့လား"

ထိုကောင်က ဘာအဓိပ္ပာယ်နဲ့ ပြောသွားလဲဆိုတာ ရိုင်းလ် မသိသလို သူကလည်း ဘာတွေလျှောက်‌တွေးမိမှန်း မသိတာကြောင့် ကားဝင်းထဲမှနေ သူ သွားမည့်အိမ်သို့ အငှားယာဉ်နှင့် ထွက်လာခဲ့တော့သည်။

--------------------

"အန်တီရေ ဒေါက်တာ ရောက်လာပြီ"

အိမ်ထဲရောက်ရောက်ချင်း ရိုင်းလ်အား ဆီးကြိုနေသော သူ တွေ့ချင်နေခဲ့သည့် အန်တီ့ကို တွေ့လိုက်ရတာကြောင့် ပြေးဖက်လိုက်မိသည်။

"ကျွန်တော် သတိရနေခဲ့တာ၊ Happy Birthday အန်တီ။ ကျွန်တော် အန်တီ့မွေးနေ့ကို မမီလိုက်မှာ စိုးနေတာ"

မြန်မာဆန်ဆန်နှင့် ကျက်သရေရှိစွာ လှပလှသော ထိုအန်တီက ရိုင်းလ်၏ နဖူးကို အမြန်စမ်းကြည့်လာပြီး ပြောစကားနားမထောင်ဘဲ နေမကောင်းတာကို ထွက်လာခဲ့တာအတွက် ထပ်ဆူပူနေပြန်သည်။

"တကယ်ပြောစကားနားမထောင်တဲ့ ကလေးပဲ။ သွားနားလိုက်ဦး၊ လေးနာရီပဲ ရှိသေးတာဆိုတော့ ခဏထပ်အိပ်လိုက်ဦးနော်။ မနက်စာ ပြင်ပေးထားမယ်။ ဒီနေ့က အန်တီ့မွေးနေ့မို့ မနက်ကထဲက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေကြလို့ တစ်အိမ်လုံး နိုးနေကြပြီ။ ဦးလေးတောင် နိုးနေပြီ"

"ဟုတ်၊ အရင်အခန်းပဲမလား"

"အင်း"

"ဒါဆို ခဏ သွားအိပ်ပြီးမှ ပြင်လာခဲ့တဲ့ လက်ဆောင်ကို အေးဆေးလာပေးပါ့မယ်"

အန်တီက သူ့ကို အပေါ်ထပ် လိုက်ပို့ဖို့ ပြင်နေသေးတာမို့ ရိုင်းလ် တားလိုက်ရတော့သည်။ သူ ဒီအိမ်‌ရောက်ဖူးတဲ့ အကြိမ်ပေါင်း မနည်းတာမို့ လမ်းပြစရာမလိုတဲ့ အရင်းနှီးဆုံး ဧည့်သည်ဖြစ်နေပြီ။

အပေါ်ထပ်၌ တစ်ခန်းထဲသာ ရှိတဲ့ အခန်းထဲသို့ ရိုင်းလ် ဝင်လာခဲ့ကာ Luggage ကို ချထားလိုက်ပြီး ကုတင်ပေါ်သို့ အရင်လှဲချလိုက်မိသည်။

အခန်း၏ အပြင်အဆင်က သူ ဒီမရောက်တာ နှစ်နှစ်ကြာသွားလည်း ဒီပုံစံအတိုင်းပါပင်။ အခန်းနံရံ‌ပေါ်မှာ ခရမ်းရောင် Dream catcher တွေ ချိတ်ဆွဲထားဆဲဖြစ်ပြီး အိပ်ရာခင်းကလည်း ခရမ်းရောင်ဖြစ်နေတုန်းပင်။ လူမရှိတာ နှစ်ပေါင်းများစွာ ကြာနေတဲ့ အခန်းလို့ မထင်ရဘဲ မနေ့ကထိတောင် ဒီကုတင်ပေါ်မှာ ဒီအခန်းပိုင်ရှင် အိပ်နေသလိုမျိုးပဲ ထင်ရတယ်ဆိုတဲ့ ခံစားချက်နဲ့အတူ ရိုင်းလ်လည်း မှေးခနဲ ပြန်အိပ်‌ပျော်သွားတော့သည်။

"ကျွီ. . ."

ရိုင်းလ် အိပ်နေတဲ့ အခန်း၏ ပြတင်းပေါက်မှတဆင့် လူတစ်ယောက် တိတ်တိတ်လေး ကျော်ဝင်လာခဲ့သည်။ ထိုကျော်ဝင်လာသူက သေချာပေါက် ဒီအခန်းထဲမှာ လူမနေဘူးဟု သိပြီးသားမို့ ဒီအခန်းမှတဆင့် အိမ်တွင်းသို့ ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။

သို့သော်ငြား ကုတင်ပေါ်မှာ လူတစ်ယောက် ဘေးစောင်းအိပ်နေတာကို တွေ့လိုက်ရတာကြောင့် ဝေလီဝေလင်း အလင်းဖျော့ဖျော့ကို အားယူပြီး ကြည့်လိုက်ရင်း ဒီအိမ်ထဲ ဝင်လာရသည့် ရည်ရွယ်ချက်ကို ခဏခေါက်ထားလိုက်ကာ ဘယ်သူများ ကုတင်ပေါ်မှာ အိပ်နေတာလဲ သိချင်လို့ ခြေဖော့ရင်း တိုးကပ်လာခဲ့သည်။

ထိုတိုးကပ်လာသူ သတိမထားမိလိုက်တာက နားပါးပြီး သတိနဲ့နေတတ်တဲ့ ရိုင်းလ်က ထိုလူ အခန်းထဲ ဝင်လာကထဲက ပြန်နိုးနေပြီဆိုတာကိုပင်။

ဝုန်း!

အ့!

ရိုင်းလ် သူ့နားရောက်လာပြီဖြစ်တဲ့ ထိုတစ်ယောက်လက်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် ကုတင်ပေါ် ဆတ်ခနဲ ဆွဲချပစ်လိုက်ရင်း အပေါ်အောက်ကို လေအလျင်လို ချိန်းလိုက်ပြီး ထိုကောင့်အပေါ် အုပ်မိုးလိုက်ကာ ချုပ်ထားလိုက်ရသည်။ ပြီးမှ ထိုသူခိုး၏ mask ကို ဆွဲဖြုတ်လိုက်စဉ် နှစ်ယောက်သား အချင်းချင်း လန့်ဖျပ်သွားခဲ့ကြသည်။

"မင်းပဲလား"

"ခင်ဗျားပဲလား"

စကားသံပြိုင်တူထွက်လာမိတဲ့အထိ အံ့ဩသွားကြရကာ သူ ဒဏ်ရာရထားသည့်လက်ကို စောင့်ဆွဲခံလိုက်ရတာကြောင့် ရေး အီစိမ့်သွားရသည်။

ရိုင်းလ် ထိုကောင့်ကိုယ်ပေါ် တက်ဖိထားပြီး ဖမ်းချုပ်ထားခဲ့တာကြောင့် အခု ဘယ်သူမှန်း သိသွားပြီမို့ ထိုကောင့်လက်ကို ဒူးနဲ့ တက်နင်းထားမိတာကို အမြန်လျှော့ပေးလိုက်ရကာ-

"မင်း တကယ်ကြီး ငါ့နောက်ကို လိုက်နေတာလား"

အခုမှတော့ အမှန်ပြောလို့မဖြစ်ပြီမို့ ရေး ခေါင်းညိတ်ပြလိုက်ပြီး ထိုကောင့်ကို ကန်ထုတ်ကာ လှိမ့်ပြေးဖို့ ပြင်လိုက်သော်ငြား အခန်းတံခါးခေါက်သံထွက်လာတာကြောင့် ဝုန်းဆို စောင်အောက်ထဲ လျှောဝင်သွားလိုက်ရသည်။

"ငါတို့နှစ်ယောက်ကိစ္စကို ဒီအိမ်ထဲက လူတွေပါ သိအောင်မလုပ်နဲ့"

စောင်ကိုဆွဲဖယ်ပြီး ထိုကောင့်ကို ဒီအိမ်ပိုင်ရှင်တွေဆီ အပ်လိုက်ချင်ပေမယ့် ရန်စက သူနဲ့ပဲမို့ စိတ်လျှော့လိုက်ကာ သွားဖွင့်ပေးလိုက်ရသည်။

တံခါးလာခေါက်သူက ဒီအိမ်ပိုင်ရှင်ဦးလေး ဖြစ်နေခဲ့သည်။

"သား အဆင်ပြေရဲ့လား မင်း အန်တီက တက်ကြည့်ပေးပါဦးဆိုလို့။ တစ်ခုခုလိုတာရှိသေးလား"

ရိုင်းလ် အခန်းတံခါးကို နည်းနည်းလေးပဲ ဟထားလိုက်ရပြီး ကုတင်ပေါ်ကို ဦး‌လေး လှမ်းမမြင်ရစေရန် ကိုယ်နဲ့ကွယ်ထားရသည်။

စောင်အောက်က ရေးကတော့ ထိုလူကြီး အသံကြောင့် အခုမှ အလန့်တကြား ဖြစ်သွားကာ အသက်ပင် မရှူရဲတော့။

"အကုန်အဆင်ပြေပါတယ်။ ကျွန်တော် ခဏအိပ်လိုက်ရင်ပဲ ရပြီ။ မနက်ကျမှ သေချာ လာနှုတ်ဆက်ပါ့မယ်"

"အင်း၊ ဒါဆို နေမြင့်တဲ့ထိ အိပ်လိုက်ဦး‌လေ။ သား သက်သာမှပဲ ဆင်းလာခဲ့"

စောင်အောက်ထဲမှ ရေး၏ လက်သီးများ တင်းကြပ်သွားခဲ့ကာ ဘာလို့ ကပြားကောင်နဲ့ သူ့အဖေက အခုလို သိနေကြတာလဲဆိုတာကိုလည်း အံ့ဩသွားသည်။

သူ ထိုလူကြီး၏ အသံကိုရော ရုပ်ကိုပါ မမြင်ချင်တာကြောင့် မျက်လုံးစုံမှိတ်ထားလိုက်ပြီး နားထဲ တိုးဝင်လာသည့် အရင်က အသံတွေကိုပါ မကြားရစေရန်အလို့ငှာ လက်နဲ့ပိတ်ထားလိုက်မိသည်။

"ငါတို့ ဒီကလေးကို သတ်ပစ်ရလိမ့်မယ်။ ကလေးဆိုတာ နောက်တစ်ယောက် ထပ်မွေးလို့ရပါသေးတယ်ကွာ။ ငါတို့ အခု သူ့ကို မသတ်ရင် သူ ငါတို့ကို ပြန်သတ်သွားလိမ့်မယ်"

"ကျွန်မ မလုပ်နိုင်ဘူး"

"မင်း လုပ်စရာမလိုဘူး၊ ငါ သတ်ပေးမှာမို့"

"အား. . .ကျွန်တော့်ကို မသတ်လိုက်ပါနဲ့။ ကယ်ကြပါဦး။ မား. .ကျွန်တော် တကယ် အဲ့လိုလူမျိုးမဟုတ်ဘူး။ အားးးးးးးးး"

စောင်အောက်ထဲမှ ရေး၏ ခြေချောင်းများ ကုပ်သွားပြီး မျက်လုံးတွေက သွေးဆာနေသူလို အရောင်ပြောင်းလာခဲ့သည်။

ထိုစဉ် အခန်းတံခါး ပြန်ပိတ်သံနဲ့အတူ ကပြားကောင် ကုတင်နား ပြန်လျှောက်လာသံကြောင့် စောင်‌အောက်ထဲမှ မျက်ရည်တွေကို အမြန်သုတ်လိုက်ပြီး ဝုန်းခနဲ ဆင်းပြေးဖို့ ကြံလိုက်သော်ငြား ရိုင်းလ်က သူ့ထက် ပိုလျင်တာမို့ ထိုကောင့် ခြေထောက်ကို ဖမ်းဆွဲလိုက်နိုင်ခဲ့သည်။

ထို့အတွက် ဖိနပ်နောက်ပိတ်နဲ့ နောက်ပြန်ကန်ထုတ်လိုက်ရကာ ရေး သူ့အိတ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ဇွက်ခနဲ ထိုးစိုက်ဖို့ လုပ်လိုက်ပေမယ့်လည်း ထိုကောင်က အမြဲလိုလို သူ့ထက်တစ်ကွက်မြန်နေတာကြောင့် သူ့လက်ကောက်ဝတ်ကို ဆွဲထိန်းခံလိုက်ရပြန်သည်။

"မင်းက ဓားပါ ပါတာပဲ"

ရိုင်းလ်က နေမကောင်းတာတောင် ထိုကောင့်အားလောက်ကိုတော့ အသာ‌လေး ထိန်းချုပ်နိုင်တာမို့ အိပ်ရာပေါ်မှာ နှစ်ပတ်သုံးပတ်လောက် လူးလှိမ့်ပြီးကြချိန်၌ ထိုဓားက ရိုင်းလ် လက်ထဲ ရောက်လာခဲ့ကာ သူ့အောက်ကကောင်ရဲ့ လည်ပင်းကို ဆွဲညှစ်ထားလိုက်ရသည်။

"မင်း ငါ့လည်ပင်းကိုလွှတ်စမ်း"

"မင်း ငါ့နောက် ဘာလိုက်လုပ်နေတာလဲ ပြောပြရင် လွှတ်ပေးမယ်"

ထိုကောင့်၏ မျက်နှာလှလှလေးက လေမရတော့တာကြောင့် သူ့ရင်ခွင်အောက်၌ အတင်းရုန်းကန်နေသည်။ သူ့ထုံးစံအတိုင်း ကန်ထုတ်ဖို့ ကြိုးစားနေပေမယ့် ရိုင်းလ် ထိုကောင့်ခြေထောက်နှစ်ခုကြားထဲ ဝင်ထိန်းထားတာကြောင့် သူ လှုပ်မရတော့။

ထိုကောင့်၏ ကောင်းနေတဲ့လက်နဲ့အတူ ဓားကိုပါ ခေါင်းအုံးပေါ် ဖိကပ်ထားပစ်လိုက်တာကြောင့် ရိုင်းလ် ညှစ်ထားသည့် လည်ပင်းမှလက်ကို သူ့ဒဏ်ရာရထားတဲ့လက်နဲ့ပဲ ဆွဲဖယ်ဖို့ ကြိုးစားနေတာမို့ ထိုကောင့်ပုံစံက ရေထဲကငါး ကုန်းပေါ် ရောက်နေသလို ဖျပ်ဖျပ်လူးနေသည်။ ထိုကဲ့သို့ ဟစိဟစိ ဖြစ်နေပေမယ့် သူ တိုးတိုးတိုးတိုး ရေရွတ်နေတယ်ဟု ကြားလိုက်ရတာကြောင့် ဘာပြောနေတာလဲ သဲကွဲအောင် လျှော့ပေးလိုက်ရသည်။

ရေး အံ့ဩသွားမိသည်။ သူ သေတော့မလို ဖြစ်နေလို့ ထိုကောင့်ကို ကုတင်ပေါ်က လွင့်ထွက်သွားအောင် ကျိန်စာတိုက်နေပေမယ့် ဟိုတစ်ခါလိုလည်း ဖြစ်မလာ။ သူ့မှာ အစွမ်းရှိတယ်မဟုတ်ဘူးလား။

"တိုးတိုးတိုးတိုးနဲ့ ဘာတွေပြောနေတာလဲ"

ထို့အတွက် သူ့လည်ပင်းဆီမှ ထိုကောင့်လက်အားလျော့သွားတာနဲ့ မျက်နှာကို ပိတ်ထိုးလိုက်ကာ လှိမ့်ထွက်လိုက်စဉ် ရိုင်းလ်ကလည်း ခုန ဓားနဲ့ ဆတ်ခနဲ စိုက်ထိုးချလိုက်ပေမယ့် ရေးက အလှိမ့်မြန်သွားတာမို့ ခေါင်းအုံးကိုသာ ထိုးစိုက်သွားမိခဲ့ပြီး သူ ရိုင်းလ်လက်ထဲမှ လွတ်သွားခဲ့သည်။

"ဟေ့"

ရိုင်းလ် ကုတင်ပေါ်မှ အမြန်ဆင်းလိုက်လိုက်သော်ငြား ထိုကောင်က ပြတင်းပေါက်မှတဆင့် အောက်သို့ သုံးဆင့် ခုန်ခုန်ကူးသွားပြီး ဆင်းပြေးသွားတာကို ပြတင်းပေါက်ကနေသာ ရပ်ကြည့်နေလိုက်တော့သည်။

ထိုကောင်ကျန်ခဲ့သည့် သူ့လက်ထဲက အသွားချွန်မြိနေသော ဓားကိုသာ ရိုင်းလ် တစ်ချက်ထောင်ကြည့်လိုက်ရင်း ဒီကောင့်ရည်ရွယ်ချက်က ဘာလဲမသိသော်လည်း ဒီကောင်က ခွန်းအတွက်တော့ တကယ် အန္တရာယ်များတဲ့သူဆိုတာ ပိုသိလိုက်ရပြီမို့ သူ့ဖက်က ထိုကောင့်ကို အရင်ဦးချိုးထားမှ ဖြစ်တော့မည်။

-------------------------

နေမြင့်တဲ့ထိ ပြန်အိပ်ပြီးချိန်၌ အဖျားလည်း ကျသွားခဲ့ပြီ။

မနက်စာ ဆင်းစားပြီးချိန်၌ ရိုင်းလ် ဦးလေးကို နှုတ်ဆက်လိိုက်ပြီး ခြံဝင်းထဲသို့ ဆင်းလာခဲ့ကာ ပန်းပင်တွေနဲ့ အလုပ်ရှုပ်နေသည့် အန်တီ့နားသို့ လျှောက်လာခဲ့သည်။

"ကျွန်တော် ဘာကူပေးရမလဲ"

"ဘေးမှာ အလွမ်းပြေ ထိုင်နေပေးရင်ပဲ ရပြီ"

ရိုင်းလ် စိတ်လိုလက်ရ ပြုံးပြလိုက်မိသွားသည်။

"မြန်မာကို အပြီးပြန်လာတာလား။ ဘာလို့လဲ၊ ချစ်ရတဲ့သူတွေ ဘာတွေ ရှိနေပြီမို့လား"

"အဲ့ဒါကြောင့်လည်း တစ်ဝက်မှန်တယ်။ ဒါပေမဲ့ ကျွန်တော် တကယ် ပြန်လာဖြစ်တဲ့ ရည်ရွယ်ချက်က သူ့ကို ရှာပေးချင်လို့ပါ။ ကျွန်တော် အန်တီ့သားကို ရှာပေးပါရစေ"

အန်တီ သူ့ကို ဖျတ်ခနဲ မော့ကြည့်လာခဲ့သည်။

"ကျွန်တော် သူ့ကို ရှာတွေ့ခဲ့ရင် သူ့မှာ ရှိတဲ့ အစွမ်းတွေက ဘယ်သူ့အပေါ်ကို သုံးလို့မရကြောင်း သေချာပြောပြလိုက်ပါ့မယ်။ ပြီးရင် အန်တီ့ဆီ ပြန်ပို့ပေးခဲ့မှာမို့ အဲ့ဒါတွေပြီးရင်တော့ ချစ်ရသူနဲ့အတူတူ ကျွန်တော် လန်ဒန်ပြန်ဖြစ်မှာပါ။ သူ့ကို ရှာရမှာ ဘယ်လောက်ကြာနိုင်မလဲ မသိလို့သာ ကျွန်တော် အချိန်တွေ အများကြီး ယူလာခဲ့တာ။ ကျွန်တော် မြန်မာနိုင်ငံမှာတော့ အကြာကြီး မနေနိုင်ဘူးထင်တယ်။ အဲ့ဒါက ကျွန်တော် အန်တီ့အတွက် ဒီနှစ်ပေးချင်တဲ့ မွေးနေ့လက်ဆောင်ပါ"

"ဒါက အရမ်း အန္တရာယ်များတယ်။ သူ ဒီအချိန်ထိ ဘယ်လိုကြီးပြင်းလာနိုင်ပါ့မလဲ။ ဒီနိုင်ငံမှာ၊ ဒီလောကကြီးထဲမှာ ရှိရောရှိသေးရဲ့လားဆိုတာလည်း မသေချာတော့ဘူးလေ"

"စိတ်မပူပါနဲ့၊ ဦးလေး မသိစေရပါဘူး။ ကျွန်တော့်ကို သူ့နာမည်နဲ့ ရှာလို့ရမယ့် အချက်အလက်ပဲ ပြောလိုက်ပါ"

"ခေတ္တရာ. . .သူ့ဘယ်ဖက်ပခုံးပေါ်မှာ လိပ်ပြာအမှတ်ရှိတယ်။ အန်တီ သူ့ကို နောက်ဆုံးတွေ့ခဲ့တာ ရှစ်နှစ်သားတုန်းကဆိုတော့၊ ဟင်း. .အခုနေ တွေ့ရင် မှတ်မိမှာတောင် မဟုတ်လောက်ဘူး။ သူ အခုဆို 25 လောက်ရှိပြီမို့ သားထက် နှစ်နှစ်ငယ်တယ်"

"ခေတ္တရာက သူ့နာမည်အပြည့်အစုံလား"

"အင်း၊ အန်တီကိုယ်တိုင်ပေးထားတဲ့ နာမည်လေ"

ဒီအချက်အလက်လောက်လေးနဲ့ လူရှာဖို့က သိပ်တော့အဆင်မပြေပေမယ့် ရိုင်းလ်မှာ အဆက်အသွယ်တွေ အများကြီး ရှိတာမို့ အချိန်ပေးပြီး သေချာရှာရင်တော့ ‌တွေ့နိုင်မည်ဟု ယုံကြည်ထားသည်။

ထိုစဉ် ဦး‌လေး သူတို့နား လျှောက်လာတာကို မြင်လိုက်ရတာကြောင့် ရိုင်းလ် အန်တီ့ကို အချက်ပြလိုက်ပြီး စကားလမ်းကြောင်း လွှဲပြောလိုက်ကြရင်း ဦးလေး သူတို့နား ရောက်လာတာကို စောင့်နေလိုက်ကြသည်။

ဒီကိစ္စက အနည်းငယ်တော့ တာဝန်ကြီးနေသလိုပင်။ ရိုင်းလ် သူများအိမ်တွင်းရေးကို လက်ဝင်လျှိုနေတာထက် သူ ခေတ္တရာကို သားရဲတွင်းထဲ ပြန်ချပေးလိုက်မိတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်ရမည့်ကိစ္စမို့ သူ ဒီအိမ်အခြေအနေကိုပါ လေ့လာကြည့်ဖို့ တစ်ပတ်တောင် အချိန်ယူပြီး ရောက်လာခဲ့ခြင်းပင်။

တစ်ဖက်တွင်လည်း-

"ဘာလဲ၊ ငါ့မှာ အစွမ်းက ရှိတာလား မရှိတာလား"

ဟိုတယ်ခန်းထဲ၌ ရှေ့လျှောက်နောက်လျှောက် လုပ်နေရင်း ရေး စိတ်ရှုပ်သွားမိသည်။

တကယ်ဆို သူ့မှာ ဒီအစွမ်း မရှိလေ ပိုပျော်လေပါပဲ။ သို့သော်ငြား သူ ဟိုရှေ့ရက်ကတောင် အဲ့ကောင်ကို စမ်းကြည့်ခဲ့တော့ ဟုတ်နေတာပဲလေ။ သူ စမ်းဖူးတာဆိုလို့လည်း ဒီကောင်ပဲ ရှိတာ။

"ဒါဆို အဲ့တုန်းက ဒီအတိုင်း တိုက်ဆိုင်တာများလား"

ရေး ကုတင်ပေါ် ဝုန်းဆို ပစ်လှဲချလိုက်မိသည်။

"ပြောပါတယ်၊ ငါက သာမန်လူပါဆို"

ထို့နောက် ဝုန်းခနဲ ပြန်ထထိုင်လိုက်ပြန်သည်။

"မဟုတ်မှလွဲရော ဒီအစွမ်းက တစ်ယောက်အပေါ် တစ်ခါပဲ သုံးလို့ရတာမျိုးများလား။ အား. . .အဲ့လိုသာဆို ခလုတ်တိုက်ရုံလောက်ပဲ မလုပ်ခဲ့ပါဘူး။ တိုက်ပေါ်က ပြုတ်ကျသွားပြီး ကျိုးပဲ့သွားအောင်ဖြစ်ဖြစ် လုပ်ခဲ့ရမှာ"

ကုတင်ကို လက်သီးနဲ့ တဝုန်းဝုန်း ထိုးနေရင်း အဲ့ကောင်နဲ့တွေ့ရင် သူချည်းပဲ ခံလိုက်ရတဲ့အပြင် သူ တကယ် အစွမ်းသုံးချင်တဲ့သူနဲ့ကျမှ မနက်က ဘာအစွမ်းမှဖြစ်မလာတာမို့ ရေး အလွန်အမင်း စိတ်ဆင်းရဲသွားကာ ပေါက်ကွဲနေမိတော့သည်။

___________________________________________

[Zawgyi]

အေမွာင္တိုက္ႀကီးစိုးေနၿပီျဖစ္တဲ့ ေဆာင္းညေနခင္း၏ အ‌ေအးဓာတ္မ်ားက ကား‌အတြင္းမွ aircon ေလထုကိုပါ ပိုေအးစက္လာေအာင္ လုပ္ေနသလိုပင္။

အေဝးေျပးကားႀကီးက ေျဖးၿငိမ့္စြာ မိုင္တိုင္အေတာ္မ်ားမ်ားကို ေက်ာ္ျဖတ္ၿပီးခ်ိန္၌ တစ္ကိုယ္လုံး အနက္ေရာင္ ဝတ္ဆင္ထားေသာ ေကာင္ေလးတစ္ေယာက္၏ မ်က္လုံးအကာေအာက္မွ မ်က္လုံးမ်ား ဆတ္ခနဲ ဖြင့္လာခဲ့သည္။ ကားအတြင္း၌ ဒီေလာက္ေအးစက္ေနတာေတာင္ မီးပူနဲ႕ အကပ္ခံလိုက္ရသလို အထိအေတြ႕ေၾကာင့္ သူ လန႔္နိုးသြားျခင္းပင္။

ထို႔အတြက္ မ်က္လုံးအကာကို ျဖဳတ္လိုက္ၿပီး သူ႕ပခုံးေပၚ ေခါင္းမွီ‌ေနတဲ့ ေဘးက ခရီးသည္၏ ေခါင္းကို လက္ညွိုးနဲ႕ အသာတြန္းဖယ္လိုက္ရသည္။ ထိုလူ႕ကိုယ္မွ အပူဓာတ္က သူ႕အား မီးပူနဲ႕ကပ္လိုက္သလို ခံစားခ်က္မ်ိဳးအထိ ေပးလိုက္နိုင္တာေၾကာင့္ ထိုလူ ဖ်ားေနတာလားဟု ေတြးလိုက္မိကာ လွည့္ၾကည့္လိုက္ေပမယ့္ ထိုလူက သူ႕လိုပဲ mask တပ္ထားၿပီး မ်က္လုံးမွိတ္အိပ္ေပ်ာ္ေနတာကို ေတြ႕လိုက္ရသည္။

ထို႔ေၾကာင့္ ကိုယ္ကို အနည္းငယ္ က်ဳံ႕လိုက္ၿပီး သူ႕ပခုံးေပၚ ထပ္လာမမွီရန္ ျပတင္းေပါက္နား ပိုပိုကပ္ထိုင္လိုက္ေပမယ့္ ဒုန္းခနဲ မွီခ်လာျပန္သည္။

"က်စ္. . ."

လက္ညွိုးနဲ႕သာ ထိုလူ႕နားထင္ကို တြန္းလိုက္ၿပီး ပခုံးေပၚက ထပ္ဖယ္လိုက္ရျပန္သည္။

သို႔ေသာ္ျငား ခဏအတြင္း ေနာက္တစ္ႀကိမ္ ျပန္မွီလာျပန္တာမို႔ ထိုအနက္ေရာင္ေကာင္ေလး စိတ္မရွည္ေတာ့။ ထို႔အတြက္ သူ႕ပခုံးကို အားနဲ႕ ေစာင့္ျမႇောက္ပစ္လိုက္တာမို႔ ‌အိပ္ေပ်ာ္ေနသည့္ ရိုင္းလ္ ခ်က္ခ်င္းလန႔္နိုးသြားခဲ့သည္။

အျပင္က အေမွာင္ထုနဲ႕အတူ ကားေပၚမွ မီးေရာင္ကလည္း ခပ္မွိန္မွိန္။ အိပ္ခ်င္မူးတူးျဖစ္ေနဆဲ ရိုင္းလ္တစ္ေယာက္ သူ႕အား မ်က္ေမွာင္ၾကဳတ္ၾကည့္ေနေသာ ေဘးက လူကို ေတြ႕လိုက္ရသည္။

ထိုအနက္ေရာင္ေကာင္ေလးက သူ႕ပခုံးေပၚ လာမမွီနဲ႕ဆိုတဲ့ အမူအရာမ်ိဳး လုပ္ျပလာတာမို႔ အခုမွပဲ ရိုင္းလ္ သူ ဘာလုပ္မိမွန္း သတိထားမိသြားတာေၾကာင့္ အားနာသြားမိသည္။

"အိုး. . .ေဆာရီး၊ ထပ္မျဖစ္ေစရပါဘူး"

ထိုတစ္ေယာက္ ေခါင္းညိတ္ျပလာတာမို႔ စကားနည္းရန္စဲျဖစ္ေအာင္ ရိုင္းလ္လည္း ထိုလူနဲ႕ ေဝးရာသို႔ တိုးကပ္ထိုင္လိုက္ရကာ ေနာက္ေက်ာကို ေခါင္းျပန္မွီၿပီး အိပ္လိုက္လာခဲ့ျပန္သည္။

ကားက ရန္ကုန္မွ ထြက္ခြာလာခဲ့တာ ေလးနာရီေလာက္ရွိေနၿပီ။ ေနာက္ခဏအၾကာဆို ကားခဏ ရပ္ေပးမယ့္ေနရာ ေရာက္ေလာက္ၿပီမို႔ ေရး သူ႕ mask ကို ခြၽတ္လိုက္ေတာ့သည္။ ထိုစဥ္ သူ႕ႏွာေခါင္းထဲသို႔ လာဗင္ဒါနံ႕ ခ်က္ခ်င္းရလိုက္တာမို႔ ေဘးကလူကို လွည့္ၾကည့္လိုက္မိသည္။

mask ခြၽတ္လိုက္လို႔သာ ထိုအနံ႕ကို သတိထားမိလိုက္ျခင္းျဖစ္သလို ထိုလူ႕ကိုယ္မွ ေရေမႊးနံ႕ကလည္း မႊန္ထူ ေမႊးႀကိဳင္ေနတာမ်ိဳး မဟုတ္ဘဲ အနီးကပ္ထိုင္ေနၾကရလို႔သာ ႏွာေခါင္းထဲ တိုးဝင္လာခဲ့တာ။

ခဏအၾကာမွာပင္ ကားက toilet ခဏဝင္ရန္အတြက္ ရပ္တန႔္ေပးလာခဲ့သည္။ ထို႔အတြက္ ေရးတစ္‌ေယာက္ သူ toilet သြားခ်င္ေနတာၾကာၿပီမို႔ ထိုလူ႕ကို ေျခေထာက္ ဖယ္ေပးဖို႔ ေျပာရေတာ့သည္။

"ဒီမွာဗ်. . .ကြၽန္ေတာ္ အျပင္ထြက္ခ်င္လို႔၊ လမ္း ခဏဖယ္ေပးပါဦး"

". . . ."

"ဒီလူ ခုနစ္ရက္ခုနစ္လီ မအိပ္ခဲ့ဘူးလား။ ေဟ့. . .ခဏဖယ္ဦးဆို"

ခပ္ၾကမ္းၾကမ္း လႈပ္ႏွိုးခံလိုက္ရတာေၾကာင့္ ရိုင္းလ္ ျပန္လန႔္နိုးလာခဲ့သည္။

ဒီတစ္ခါေတာ့ ကားမီးလည္း ျပန္ထြန္းေပးထားသလို ေဘးကေကာင္ေလးရဲ႕မ်က္ႏွာကိုလည္း ေသခ်ာျမင္လိုက္ရတာေၾကာင့္ သူ အိပ္ခ်င္ေျပသြား႐ုံမကဘဲ အဖ်ားပါ ခ်က္ခ်င္းက်သြားသေယာင္ေယာင္။

"မင္း. . .မင္း ငါ့ေနာက္ လိုက္လာတာလား"

ေရး သူ ခုန ထင္လိုက္သလို ကျပားေကာင္ျဖစ္ေနတာ‌ေၾကာင့္ ေလွာင္ၿပဳံးၿပဳံးလိုက္မိသည္။

"စိတ္ကူးယဥ္ေနလိုက္၊ ဖယ္စမ္းပါ၊ ထြက္က်ေတာ့မယ္"

ခုန တျခားလူျဖစ္ေနမွာစိုးလို႔ ထိန္းခဲ့ရေပမယ့္ အခုေတာ့ ေရး ထိုေကာင့္ကို ေစာင့္တြန္းဖယ္ၿပီး အျမန္ဆင္းခဲ့ရေတာ့သည္။

ကိစၥက ထိပ္ဝေရာက္ေနပါၿပီဆိုမွ။

ရိုင္းလ္ တကယ္ စိတ္ဆင္းရဲသြားရ၏။ အလွေလးေတြနဲ႕ အခုလို ခဏခဏ ေရစက္ဆုံရင္ ဒါ ဖူးစာဟု သူ ေနာက္ေျပာင္မိမွာေပမယ့္ ဒီတစ္ေယာက္နဲ႕ေတာ့ ထပ္မဆုံရေလေအာင္ ပုဂံမွာေရာ သူ ဘာေတြမ်ားပိုင္ေသးလဲ အရင္ လိုက္စုံစမ္းရမယ့္ပုံ ျဖစ္ေနၿပီ။

.
.
.

"မင္း ငါ့ေနရာမွာ ဘာလို႔ ထိုင္ေနတာလဲ"

ေရး ကားေပၚျပန္ေရာက္လာခဲ့စဥ္ သူ႕ခုံမွာ ဝင္ထိုင္ေနေသာ ကျပားေကာင္ကို ေတြ႕လိုက္ရသည္။

"အဲ့ထြက္ေပါက္မွာပဲ ထိုင္ေတာ့။ မင္း ခုလို ထြက္လိုက္ဝင္လိုက္ လုပ္ေနရင္ ငါ အာ႐ုံေနာက္လို႔"

"ဟ. . .ဒါက အမ်ားပိုင္ကားေလ။ အာ႐ုံေနာက္တယ္ဆိုၿပီး ဒီလိုခြင့္မေတာင္းဘဲ ေနရာလုလို႔ရေၾကးလား။ ဟက္၊ သူငယ္တန္းကေလးအထာနဲ႕"

"ငါ ေနမေကာင္းတာမို႔ ရန္မျဖစ္ခ်င္လို႔ ပါးစပ္ပိတ္ၿပီး လိုက္ခဲ့စမ္းပါ။ မဟုတ္ရင္ ငါ ေနာက္တစ္ခါဆို ဖယ္ေပးမွာ မဟုတ္ဘူး။ မေက်နပ္ရင္ ေရသန႔္ဘူးထဲမွာပဲ ေပါက္မလား"

"ေတာက္. . .ဒီအယုတ္တမာေကာင္ကေတာ့"

လူေတြျပန္တက္လာခ်ိန္ထိ ေရး လမ္းအလယ္မွာ ပိတ္ရပ္‌ေနမိတာမို႔ ထိုေကာင့္ခုံမွာသာ ေဆာင့္ႀကီးေအာင့္ႀကီး ဝင္ထိုင္လိုက္ရသည္။

ရိုင္းလ္ ျပတင္းေပါက္ေဘာင္ေပၚ လက္တင္လိုက္ကာ ေခါင္းမွီလိုက္ၿပီး ျပန္မအိပ္ခင္ သူ႕ေဘးက ေကာင္ကို ျပန္လွည့္ေမးလိုက္ရသည္။

"မင္း ဘာလို႔ ပုဂံသြားမွာလဲ"

"မင္းကေရာ"

"ငါက ဘာလို႔ မင္းကို ေျပာျပေနရမွာလဲ"

"အင္းေလ၊ အဲ့ဒါကို ငါကေရာ ႐ူးေနလို႔ မင္းကို ေျပာျပစရာလား"

ရိုင္းလ္ ထင္လိုက္တာက ဒီေကာင္ သူ႕‌ေနာက္ကို ရန္ေႂကြးျပန္ယူဖို႔ လိုက္ေနတယ္ဟုပင္။ သို႔ေသာ္ျငား စကားေျပာတာ တစ္စက္မွကို ေထာင့္မက်ိဳးတဲ့ေကာင္နဲ႕ ရန္ၿပိဳင္ျဖစ္ရေအာင္ သူ အားမရွိေသးတာမို႔ ထပ္အိပ္ဖို႔ ျပင္လိုက္စဥ္-

"စားဦးမလား၊ ေအာက္မွာ ေတြ႕လို႔ ဝယ္လာတာ။ အာ. . .ေနမေကာင္းဘူးဆိုေတာ့လည္း ငွက္ေပ်ာသီး စားလို႔မရဘူး ထင္တယ္။ ကြၽတ္ကြၽတ္. . .ဆရာဝန္ေတြကလည္း ဖ်ားတတ္တာပဲလား။ ဝဋ္ဆိုတာ ေန႕မကူးဘူးဆိုတာ တကယ္မွန္တယ္ထင္တယ္"

"ဟက္"

သူ႕အေႏြးထည္အိတ္ထဲမွ ငွက္ေပ်ာသီးႏွစ္လုံး ထုတ္လာၿပီး ထိုင္စားေနတဲ့ ေဘးကေကာင္ စားေနတဲ့ပုံကို ၾကည့္ရင္း အလင္းမဝင္တဲ့ ရိုင္းလ္၏ အေတြးမ်ားက ႐ုတ္တရက္ႀကီး ဘာလို႔အေမွာင္ဖုံးသြားမိလဲမသိ။ ကားမီးျပန္ပိတ္လိုက္လို႔ ေမွာင္သြားတာ ထင္ပါရဲ႕။

ေရး ငွက္ေပ်ာသီးစားေနရင္းမွ ထိုလူ႕ကို မ်က္လုံးလွန္ၾကည့္လိုက္ၿပီး ထိုလူက သူ႕အား စိုက္ၾကည့္ေနတာေၾကာင့္ ေမးဆတ္ျပလိုက္ရသည္။

"မႀကီးမငယ္နဲ႕ ဘယ္လိုစားေနလဲ မသိဘူး"

ထိုေကာင္က တိုးတိုးေလးသာ ေျပာလိုက္တာမို႔-

"ဟမ္. . .ဘာေျပာလိုက္တာလဲ"

"တိတ္တိတ္ေန၊ ငါ အိပ္ေတာ့မလို႔လို႔ ေျပာေနတာ"

ေက်ာခိုင္းၿပီး အိပ္သြားၿပီျဖစ္တဲ့ ကျပားေကာင္က သူ႕ကိုဆို ဘလိုင္းႀကီး ရန္လိုေနသလိုပင္။ အဲ့ေကာင္ေၾကာင့္ လက္မက်ိဳး႐ုံတမယ္ျဖစ္ရတာကိုေတာင္ ေတာင္းပန္စကားတစ္ခြန္းမေျပာတဲ့အျပင္ မသိရင္ သူနဲ႕ကိုယ္က ရည္းစားလုဖက္ေတြၾကလို႔။

ဒီအိမ္ေစာင့္ေခြးေလးက တအားဆိုးတာပဲ။

.
.
.

မနက္ေဝလီေဝလင္းအခ်ိန္၌ ကားက ပုဂံထဲသို႔ ဆိုက္ေရာက္လာခဲ့ၿပီ။ ပုဂံမွာကေတာ့ ေတာ္ေတာ္ေအးေနေပသည္။

ႏွစ္ေယာက္သား Luggage ေတြထုတ္ၿပီးခ်ိန္၌ ရိုင္းလ္ ထိုေကာင့္ကို အရင္လွည့္ေျပာလိုက္သည္။

"မင္း ေနာက္လက္တစ္ဖက္ ထပ္မက်ိဳးခ်င္ရင္ ငါ့ေနာက္ လိုက္မလာနဲ႕"

"ေဩာ္. . .ဒီဘဲနဲ႕ေတာ့ တကယ့္အာ႐ုံပဲ။ ငါ အရင္သြားမွာမို႔ မင္းသာ ငါ့မ်က္စိေရွ႕ ထပ္ေပၚမလာနဲ႕"

ေရး သူ႕ Luggage ကို ဆြဲယူလိုက္သည္။ ထို႔ေနာက္ ကျပားေကာင္ ၾကား႐ုံသာ ေျပာဖို႔အတြက္ သူ႕နားကပ္သြားလိုက္ကာ ထိုေကာင့္မ်က္ႏွာေပၚသို႔ ေလပူတစ္ခ်က္ မႈတ္ထုတ္လိုက္ၿပီး-

"ေပၚလာရင္ေတာ့ ငါက စားပစ္မွာမို႔"

နတ္ဆိုးဆန္ဆန္ ၿပဳံးၿပီး ေျပာသြားကာ ကားဝင္းထဲမွ ထြက္သြားၿပီျဖစ္ေသာ ေထာင့္မက်ိဳးတဲ့ေကာင္ေၾကာင့္ ရိုင္းလ္၏ အညိုေရာင္မ်က္ဝန္းမ်ား စူးရဲသြားခဲ့သည္။

"စားမယ္? စားရေအာင္. . .ငါက ငွက္ေပ်ာသီးမို႔လို႔လား"

ထိုေကာင္က ဘာအဓိပၸာယ္နဲ႕ ေျပာသြားလဲဆိုတာ ရိုင္းလ္ မသိသလို သူကလည္း ဘာေတြေလွ်ာက္‌ေတြးမိမွန္း မသိတာေၾကာင့္ ကားဝင္းထဲမွေန သူ သြားမည့္အိမ္သို႔ အငွားယာဥ္ႏွင့္ ထြက္လာခဲ့ေတာ့သည္။

--------------------

"အန္တီေရ ေဒါက္တာ ေရာက္လာၿပီ"

အိမ္ထဲေရာက္ေရာက္ခ်င္း ရိုင္းလ္အား ဆီးႀကိဳေနေသာ သူ ေတြ႕ခ်င္ေနခဲ့သည့္ အန္တီ့ကို ေတြ႕လိုက္ရတာေၾကာင့္ ေျပးဖက္လိုက္မိသည္။

"ကြၽန္ေတာ္ သတိရေနခဲ့တာ၊ Happy Birthday အန္တီ။ ကြၽန္ေတာ္ အန္တီ့ေမြးေန႕ကို မမီလိုက္မွာ စိုးေနတာ"

ျမန္မာဆန္ဆန္ႏွင့္ က်က္သေရရွိစြာ လွပလွေသာ ထိုအန္တီက ရိုင္းလ္၏ နဖူးကို အျမန္စမ္းၾကည့္လာၿပီး ေျပာစကားနားမေထာင္ဘဲ ေနမေကာင္းတာကို ထြက္လာခဲ့တာအတြက္ ထပ္ဆူပူေနျပန္သည္။

"တကယ္ေျပာစကားနားမေထာင္တဲ့ ကေလးပဲ။ သြားနားလိုက္ဦး၊ ေလးနာရီပဲ ရွိေသးတာဆိုေတာ့ ခဏထပ္အိပ္လိုက္ဦးေနာ္။ မနက္စာ ျပင္ေပးထားမယ္။ ဒီေန႕က အန္တီ့ေမြးေန႕မို႔ မနက္ကထဲက မီးဖိုေခ်ာင္ထဲမွာ အလုပ္ရႈပ္ေနၾကလို႔ တစ္အိမ္လုံး နိုးေနၾကၿပီ။ ဦးေလးေတာင္ နိုးေနၿပီ"

"ဟုတ္၊ အရင္အခန္းပဲမလား"

"အင္း"

"ဒါဆို ခဏ သြားအိပ္ၿပီးမွ ျပင္လာခဲ့တဲ့ လက္ေဆာင္ကို ေအးေဆးလာေပးပါ့မယ္"

အန္တီက သူ႕ကို အေပၚထပ္ လိုက္ပို႔ဖို႔ ျပင္ေနေသးတာမို႔ ရိုင္းလ္ တားလိုက္ရေတာ့သည္။ သူ ဒီအိမ္‌ေရာက္ဖူးတဲ့ အႀကိမ္ေပါင္း မနည္းတာမို႔ လမ္းျပစရာမလိုတဲ့ အရင္းႏွီးဆုံး ဧည့္သည္ျဖစ္ေနၿပီ။

အေပၚထပ္၌ တစ္ခန္းထဲသာ ရွိတဲ့ အခန္းထဲသို႔ ရိုင္းလ္ ဝင္လာခဲ့ကာ Luggage ကို ခ်ထားလိုက္ၿပီး ကုတင္ေပၚသို႔ အရင္လွဲခ်လိဳက္မိသည္။

အခန္း၏ အျပင္အဆင္က သူ ဒီမေရာက္တာ ႏွစ္ႏွစ္ၾကာသြားလည္း ဒီပုံစံအတိုင္းပါပင္။ အခန္းနံရံ‌ေပၚမွာ ခရမ္းေရာင္ Dream catcher ေတြ ခ်ိတ္ဆြဲထားဆဲျဖစ္ၿပီး အိပ္ရာခင္းကလည္း ခရမ္းေရာင္ျဖစ္ေနတုန္းပင္။ လူမရွိတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနတဲ့ အခန္းလို႔ မထင္ရဘဲ မေန႕ကထိေတာင္ ဒီကုတင္ေပၚမွာ ဒီအခန္းပိုင္ရွင္ အိပ္ေနသလိုမ်ိဳးပဲ ထင္ရတယ္ဆိုတဲ့ ခံစားခ်က္နဲ႕အတူ ရိုင္းလ္လည္း ေမွးခနဲ ျပန္အိပ္‌ေပ်ာ္သြားေတာ့သည္။

"ကြၽီ. . ."

ရိုင္းလ္ အိပ္ေနတဲ့ အခန္း၏ ျပတင္းေပါက္မွတဆင့္ လူတစ္ေယာက္ တိတ္တိတ္ေလး ေက်ာ္ဝင္လာခဲ့သည္။ ထိုေက်ာ္ဝင္လာသူက ေသခ်ာေပါက္ ဒီအခန္းထဲမွာ လူမေနဘူးဟု သိၿပီးသားမို႔ ဒီအခန္းမွတဆင့္ အိမ္တြင္းသို႔ ေဖာက္ထြင္းဝင္ေရာက္ရန္ ႀကိဳးစားေနျခင္းျဖစ္သည္။

သို႔ေသာ္ျငား ကုတင္ေပၚမွာ လူတစ္ေယာက္ ေဘးေစာင္းအိပ္ေနတာကို ေတြ႕လိုက္ရတာေၾကာင့္ ေဝလီေဝလင္း အလင္းေဖ်ာ့ေဖ်ာ့ကို အားယူၿပီး ၾကည့္လိုက္ရင္း ဒီအိမ္ထဲ ဝင္လာရသည့္ ရည္႐ြယ္ခ်က္ကို ခဏေခါက္ထားလိုက္ကာ ဘယ္သူမ်ား ကုတင္ေပၚမွာ အိပ္ေနတာလဲ သိခ်င္လို႔ ေျခေဖာ့ရင္း တိုးကပ္လာခဲ့သည္။

ထိုတိုးကပ္လာသူ သတိမထားမိလိုက္တာက နားပါးၿပီး သတိနဲ႕ေနတတ္တဲ့ ရိုင္းလ္က ထိုလူ အခန္းထဲ ဝင္လာကထဲက ျပန္နိုးေနၿပီဆိုတာကိုပင္။

ဝုန္း!

အ့!

ရိုင္းလ္ သူ႕နားေရာက္လာၿပီျဖစ္တဲ့ ထိုတစ္ေယာက္လက္ကို လွမ္းဆြဲလိုက္သည္။ ထို႔ေနာက္ ကုတင္ေပၚ ဆတ္ခနဲ ဆြဲခ်ပစ္လိုက္ရင္း အေပၚေအာက္ကို ေလအလ်င္လို ခ်ိန္းလိုက္ၿပီး ထိုေကာင့္အေပၚ အုပ္မိုးလိုက္ကာ ခ်ဳပ္ထားလိုက္ရသည္။ ၿပီးမွ ထိုသူခိုး၏ mask ကို ဆြဲျဖဳတ္လိုက္စဥ္ ႏွစ္ေယာက္သား အခ်င္းခ်င္း လန႔္ဖ်ပ္သြားခဲ့ၾကသည္။

"မင္းပဲလား"

"ခင္ဗ်ားပဲလား"

စကားသံၿပိဳင္တူထြက္လာမိတဲ့အထိ အံ့ဩသြားၾကရကာ သူ ဒဏ္ရာရထားသည့္လက္ကို ေစာင့္ဆြဲခံလိုက္ရတာေၾကာင့္ ေရး အီစိမ့္သြားရသည္။

ရိုင္းလ္ ထိုေကာင့္ကိုယ္ေပၚ တက္ဖိထားၿပီး ဖမ္းခ်ဳပ္ထားခဲ့တာေၾကာင့္ အခု ဘယ္သူမွန္း သိသြားၿပီမို႔ ထိုေကာင့္လက္ကို ဒူးနဲ႕ တက္နင္းထားမိတာကို အျမန္ေလွ်ာ့ေပးလိုက္ရကာ-

"မင္း တကယ္ႀကီး ငါ့ေနာက္ကို လိုက္ေနတာလား"

အခုမွေတာ့ အမွန္ေျပာလို႔မျဖစ္ၿပီမို႔ ေရး ေခါင္းညိတ္ျပလိုက္ၿပီး ထိုေကာင့္ကို ကန္ထုတ္ကာ လွိမ့္ေျပးဖို႔ ျပင္လိုက္ေသာ္ျငား အခန္းတံခါးေခါက္သံထြက္လာတာေၾကာင့္ ဝုန္းဆို ေစာင္ေအာက္ထဲ ေလွ်ာဝင္သြားလိုက္ရသည္။

"ငါတို႔ႏွစ္ေယာက္ကိစၥကို ဒီအိမ္ထဲက လူေတြပါ သိေအာင္မလုပ္နဲ႕"

ေစာင္ကိုဆြဲဖယ္ၿပီး ထိုေကာင့္ကို ဒီအိမ္ပိုင္ရွင္ေတြဆီ အပ္လိုက္ခ်င္ေပမယ့္ ရန္စက သူနဲ႕ပဲမို႔ စိတ္ေလွ်ာ့လိုက္ကာ သြားဖြင့္ေပးလိုက္ရသည္။

တံခါးလာေခါက္သူက ဒီအိမ္ပိုင္ရွင္ဦးေလး ျဖစ္ေနခဲ့သည္။

"သား အဆင္ေျပရဲ႕လား မင္း အန္တီက တက္ၾကည့္ေပးပါဦးဆိုလို႔။ တစ္ခုခုလိုတာရွိေသးလား"

ရိုင္းလ္ အခန္းတံခါးကို နည္းနည္းေလးပဲ ဟထားလိုက္ရၿပီး ကုတင္ေပၚကို ဦး‌ေလး လွမ္းမျမင္ရေစရန္ ကိုယ္နဲ႕ကြယ္ထားရသည္။

ေစာင္ေအာက္က ေရးကေတာ့ ထိုလူႀကီး အသံေၾကာင့္ အခုမွ အလန႔္တၾကား ျဖစ္သြားကာ အသက္ပင္ မရႉရဲေတာ့။

"အကုန္အဆင္ေျပပါတယ္။ ကြၽန္ေတာ္ ခဏအိပ္လိုက္ရင္ပဲ ရၿပီ။ မနက္က်မွ ေသခ်ာ လာႏႈတ္ဆက္ပါ့မယ္"

"အင္း၊ ဒါဆို ေနျမင့္တဲ့ထိ အိပ္လိုက္ဦး‌ေလ။ သား သက္သာမွပဲ ဆင္းလာခဲ့"

ေစာင္ေအာက္ထဲမွ ေရး၏ လက္သီးမ်ား တင္းၾကပ္သြားခဲ့ကာ ဘာလို႔ ကျပားေကာင္နဲ႕ သူ႕အေဖက အခုလို သိေနၾကတာလဲဆိုတာကိုလည္း အံ့ဩသြားသည္။

သူ ထိုလူႀကီး၏ အသံကိုေရာ ႐ုပ္ကိုပါ မျမင္ခ်င္တာေၾကာင့္ မ်က္လုံးစုံမွိတ္ထားလိုက္ၿပီး နားထဲ တိုးဝင္လာသည့္ အရင္က အသံေတြကိုပါ မၾကားရေစရန္အလို႔ငွာ လက္နဲ႕ပိတ္ထားလိုက္မိသည္။

"ငါတို႔ ဒီကေလးကို သတ္ပစ္ရလိမ့္မယ္။ ကေလးဆိုတာ ေနာက္တစ္ေယာက္ ထပ္ေမြးလို႔ရပါေသးတယ္ကြာ။ ငါတို႔ အခု သူ႕ကို မသတ္ရင္ သူ ငါတို႔ကို ျပန္သတ္သြားလိမ့္မယ္"

"ကြၽန္မ မလုပ္နိုင္ဘူး"

"မင္း လုပ္စရာမလိုဘူး၊ ငါ သတ္ေပးမွာမို႔"

"အား. . .ကြၽန္ေတာ့္ကို မသတ္လိုက္ပါနဲ႕။ ကယ္ၾကပါဦး။ မား. .ကြၽန္ေတာ္ တကယ္ အဲ့လိုလူမ်ိဳးမဟုတ္ဘူး။ အားးးးးးးးး"

ေစာင္ေအာက္ထဲမွ ေရး၏ ေျခေခ်ာင္းမ်ား ကုပ္သြားၿပီး မ်က္လုံးေတြက ေသြးဆာေနသူလို အေရာင္ေျပာင္းလာခဲ့သည္။

ထိုစဥ္ အခန္းတံခါး ျပန္ပိတ္သံနဲ႕အတူ ကျပားေကာင္ ကုတင္နား ျပန္ေလွ်ာက္လာသံေၾကာင့္ ေစာင္‌ေအာက္ထဲမွ မ်က္ရည္ေတြကို အျမန္သုတ္လိုက္ၿပီး ဝုန္းခနဲ ဆင္းေျပးဖို႔ ႀကံလိုက္ေသာ္ျငား ရိုင္းလ္က သူ႕ထက္ ပိုလ်င္တာမို႔ ထိုေကာင့္ ေျခေထာက္ကို ဖမ္းဆြဲလိုက္နိုင္ခဲ့သည္။

ထို႔အတြက္ ဖိနပ္ေနာက္ပိတ္နဲ႕ ေနာက္ျပန္ကန္ထုတ္လိုက္ရကာ ေရး သူ႕အိတ္ထဲမွ ဓားျမႇောင္ကို ဆြဲထုတ္လိုက္ၿပီး ဇြက္ခနဲ ထိုးစိုက္ဖို႔ လုပ္လိုက္ေပမယ့္လည္း ထိုေကာင္က အၿမဲလိုလို သူ႕ထက္တစ္ကြက္ျမန္ေနတာေၾကာင့္ သူ႕လက္ေကာက္ဝတ္ကို ဆြဲထိန္းခံလိုက္ရျပန္သည္။

"မင္းက ဓားပါ ပါတာပဲ"

ရိုင္းလ္က ေနမေကာင္းတာေတာင္ ထိုေကာင့္အားေလာက္ကိုေတာ့ အသာ‌ေလး ထိန္းခ်ဳပ္နိုင္တာမို႔ အိပ္ရာေပၚမွာ ႏွစ္ပတ္သုံးပတ္ေလာက္ လူးလွိမ့္ၿပီးၾကခ်ိန္၌ ထိုဓားက ရိုင္းလ္ လက္ထဲ ေရာက္လာခဲ့ကာ သူ႕ေအာက္ကေကာင္ရဲ႕ လည္ပင္းကို ဆြဲညွစ္ထားလိုက္ရသည္။

"မင္း ငါ့လည္ပင္းကိုလႊတ္စမ္း"

"မင္း ငါ့ေနာက္ ဘာလိုက္လုပ္ေနတာလဲ ေျပာျပရင္ လႊတ္ေပးမယ္"

ထိုေကာင့္၏ မ်က္ႏွာလွလွေလးက ေလမရေတာ့တာေၾကာင့္ သူ႕ရင္ခြင္ေအာက္၌ အတင္း႐ုန္းကန္ေနသည္။ သူ႕ထုံးစံအတိုင္း ကန္ထုတ္ဖို႔ ႀကိဳးစားေနေပမယ့္ ရိုင္းလ္ ထိုေကာင့္ေျခေထာက္ႏွစ္ခုၾကားထဲ ဝင္ထိန္းထားတာေၾကာင့္ သူ လႈပ္မရေတာ့။

ထိုေကာင့္၏ ေကာင္းေနတဲ့လက္နဲ႕အတူ ဓားကိုပါ ေခါင္းအုံးေပၚ ဖိကပ္ထားပစ္လိုက္တာေၾကာင့္ ရိုင္းလ္ ညွစ္ထားသည့္ လည္ပင္းမွလက္ကို သူ႕ဒဏ္ရာရထားတဲ့လက္နဲ႕ပဲ ဆြဲဖယ္ဖို႔ ႀကိဳးစားေနတာမို႔ ထိုေကာင့္ပုံစံက ေရထဲကငါး ကုန္းေပၚ ေရာက္ေနသလို ဖ်ပ္ဖ်ပ္လူးေနသည္။ ထိုကဲ့သို႔ ဟစိဟစိ ျဖစ္ေနေပမယ့္ သူ တိုးတိုးတိုးတိုး ေရ႐ြတ္ေနတယ္ဟု ၾကားလိုက္ရတာေၾကာင့္ ဘာေျပာေနတာလဲ သဲကြဲေအာင္ ေလွ်ာ့ေပးလိုက္ရသည္။

ေရး အံ့ဩသြားမိသည္။ သူ ေသေတာ့မလို ျဖစ္ေနလို႔ ထိုေကာင့္ကို ကုတင္ေပၚက လြင့္ထြက္သြားေအာင္ က်ိန္စာတိုက္ေနေပမယ့္ ဟိုတစ္ခါလိုလည္း ျဖစ္မလာ။ သူ႕မွာ အစြမ္းရွိတယ္မဟုတ္ဘူးလား။

"တိုးတိုးတိုးတိုးနဲ႕ ဘာေတြေျပာေနတာလဲ"

ထို႔အတြက္ သူ႕လည္ပင္းဆီမွ ထိုေကာင့္လက္အားေလ်ာ့သြားတာနဲ႕ မ်က္ႏွာကို ပိတ္ထိုးလိုက္ကာ လွိမ့္ထြက္လိုက္စဥ္ ရိုင္းလ္ကလည္း ခုန ဓားနဲ႕ ဆတ္ခနဲ စိုက္ထိုးခ်လိဳက္ေပမယ့္ ေရးက အလွိမ့္ျမန္သြားတာမို႔ ေခါင္းအုံးကိုသာ ထိုးစိုက္သြားမိခဲ့ၿပီး သူ ရိုင္းလ္လက္ထဲမွ လြတ္သြားခဲ့သည္။

"ေဟ့"

ရိုင္းလ္ ကုတင္ေပၚမွ အျမန္ဆင္းလိုက္လိုက္ေသာ္ျငား ထိုေကာင္က ျပတင္းေပါက္မွတဆင့္ ေအာက္သို႔ သုံးဆင့္ ခုန္ခုန္ကူးသြားၿပီး ဆင္းေျပးသြားတာကို ျပတင္းေပါက္ကေနသာ ရပ္ၾကည့္ေနလိုက္ေတာ့သည္။

ထိုေကာင္က်န္ခဲ့သည့္ သူ႕လက္ထဲက အသြားခြၽန္ၿမိေနေသာ ဓားကိုသာ ရိုင္းလ္ တစ္ခ်က္ေထာင္ၾကည့္လိုက္ရင္း ဒီေကာင့္ရည္႐ြယ္ခ်က္က ဘာလဲမသိေသာ္လည္း ဒီေကာင္က ခြန္းအတြက္ေတာ့ တကယ္ အႏၲရာယ္မ်ားတဲ့သူဆိုတာ ပိုသိလိုက္ရၿပီမို႔ သူ႕ဖက္က ထိုေကာင့္ကို အရင္ဦးခ်ိဳးထားမွ ျဖစ္ေတာ့မည္။

-------------------------

ေနျမင့္တဲ့ထိ ျပန္အိပ္ၿပီးခ်ိန္၌ အဖ်ားလည္း က်သြားခဲ့ၿပီ။

မနက္စာ ဆင္းစားၿပီးခ်ိန္၌ ရိုင္းလ္ ဦးေလးကို ႏႈတ္ဆက္လိိုက္ၿပီး ၿခံဝင္းထဲသို႔ ဆင္းလာခဲ့ကာ ပန္းပင္ေတြနဲ႕ အလုပ္ရႈပ္ေနသည့္ အန္တီ့နားသို႔ ေလွ်ာက္လာခဲ့သည္။

"ကြၽန္ေတာ္ ဘာကူေပးရမလဲ"

"ေဘးမွာ အလြမ္းေျပ ထိုင္ေနေပးရင္ပဲ ရၿပီ"

ရိုင္းလ္ စိတ္လိုလက္ရ ၿပဳံးျပလိုက္မိသြားသည္။

"ျမန္မာကို အၿပီးျပန္လာတာလား။ ဘာလို႔လဲ၊ ခ်စ္ရတဲ့သူေတြ ဘာေတြ ရွိေနၿပီမို႔လား"

"အဲ့ဒါေၾကာင့္လည္း တစ္ဝက္မွန္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္ တကယ္ ျပန္လာျဖစ္တဲ့ ရည္႐ြယ္ခ်က္က သူ႕ကို ရွာေပးခ်င္လို႔ပါ။ ကြၽန္ေတာ္ အန္တီ့သားကို ရွာေပးပါရေစ"

အန္တီ သူ႕ကို ဖ်တ္ခနဲ ေမာ့ၾကည့္လာခဲ့သည္။

"ကြၽန္ေတာ္ သူ႕ကို ရွာေတြ႕ခဲ့ရင္ သူ႕မွာ ရွိတဲ့ အစြမ္းေတြက ဘယ္သူ႕အေပၚကို သုံးလို႔မရေၾကာင္း ေသခ်ာေျပာျပလိုက္ပါ့မယ္။ ၿပီးရင္ အန္တီ့ဆီ ျပန္ပို႔ေပးခဲ့မွာမို႔ အဲ့ဒါေတြၿပီးရင္ေတာ့ ခ်စ္ရသူနဲ႕အတူတူ ကြၽန္ေတာ္ လန္ဒန္ျပန္ျဖစ္မွာပါ။ သူ႕ကို ရွာရမွာ ဘယ္ေလာက္ၾကာနိုင္မလဲ မသိလို႔သာ ကြၽန္ေတာ္ အခ်ိန္ေတြ အမ်ားႀကီး ယူလာခဲ့တာ။ ကြၽန္ေတာ္ ျမန္မာနိုင္ငံမွာေတာ့ အၾကာႀကီး မေနနိုင္ဘူးထင္တယ္။ အဲ့ဒါက ကြၽန္ေတာ္ အန္တီ့အတြက္ ဒီႏွစ္ေပးခ်င္တဲ့ ေမြးေန႕လက္ေဆာင္ပါ"

"ဒါက အရမ္း အႏၲရာယ္မ်ားတယ္။ သူ ဒီအခ်ိန္ထိ ဘယ္လိုႀကီးျပင္းလာနိုင္ပါ့မလဲ။ ဒီနိုင္ငံမွာ၊ ဒီေလာကႀကီးထဲမွာ ရွိေရာရွိေသးရဲ႕လားဆိုတာလည္း မေသခ်ာေတာ့ဘူးေလ"

"စိတ္မပူပါနဲ႕၊ ဦးေလး မသိေစရပါဘူး။ ကြၽန္ေတာ့္ကို သူ႕နာမည္နဲ႕ ရွာလို႔ရမယ့္ အခ်က္အလက္ပဲ ေျပာလိုက္ပါ"

"ေခတၱရာ. . .သူ႕ဘယ္ဖက္ပခုံးေပၚမွာ လိပ္ျပာအမွတ္ရွိတယ္။ အန္တီ သူ႕ကို ေနာက္ဆုံးေတြ႕ခဲ့တာ ရွစ္ႏွစ္သားတုန္းကဆိုေတာ့၊ ဟင္း. .အခုေန ေတြ႕ရင္ မွတ္မိမွာေတာင္ မဟုတ္ေလာက္ဘူး။ သူ အခုဆို 25 ေလာက္ရွိၿပီမို႔ သားထက္ ႏွစ္ႏွစ္ငယ္တယ္"

"ေခတၱရာက သူ႕နာမည္အျပည့္အစုံလား"

"အင္း၊ အန္တီကိုယ္တိုင္ေပးထားတဲ့ နာမည္ေလ"

ဒီအခ်က္အလက္ေလာက္ေလးနဲ႕ လူရွာဖို႔က သိပ္ေတာ့အဆင္မေျပေပမယ့္ ရိုင္းလ္မွာ အဆက္အသြယ္ေတြ အမ်ားႀကီး ရွိတာမို႔ အခ်ိန္ေပးၿပီး ေသခ်ာရွာရင္ေတာ့ ‌ေတြ႕နိုင္မည္ဟု ယုံၾကည္ထားသည္။

ထိုစဥ္ ဦး‌ေလး သူတို႔နား ေလွ်ာက္လာတာကို ျမင္လိုက္ရတာေၾကာင့္ ရိုင္းလ္ အန္တီ့ကို အခ်က္ျပလိုက္ၿပီး စကားလမ္းေၾကာင္း လႊဲေျပာလိုက္ၾကရင္း ဦးေလး သူတို႔နား ေရာက္လာတာကို ေစာင့္ေနလိုက္ၾကသည္။

ဒီကိစၥက အနည္းငယ္ေတာ့ တာဝန္ႀကီးေနသလိုပင္။ ရိုင္းလ္ သူမ်ားအိမ္တြင္းေရးကို လက္ဝင္လွ်ိုေနတာထက္ သူ ေခတၱရာကို သားရဲတြင္းထဲ ျပန္ခ်ေပးလိုက္မိတာမ်ိဳး မျဖစ္ေအာင္ေတာ့ ဂ႐ုစိုက္ရမည့္ကိစၥမို႔ သူ ဒီအိမ္အေျခအေနကိုပါ ေလ့လာၾကည့္ဖို႔ တစ္ပတ္ေတာင္ အခ်ိန္ယူၿပီး ေရာက္လာခဲ့ျခင္းပင္။

တစ္ဖက္တြင္လည္း-

"ဘာလဲ၊ ငါ့မွာ အစြမ္းက ရွိတာလား မရွိတာလား"

ဟိုတယ္ခန္းထဲ၌ ေရွ႕ေလွ်ာက္ေနာက္ေလွ်ာက္ လုပ္ေနရင္း ေရး စိတ္ရႈပ္သြားမိသည္။

တကယ္ဆို သူ႕မွာ ဒီအစြမ္း မရွိေလ ပိုေပ်ာ္ေလပါပဲ။ သို႔ေသာ္ျငား သူ ဟိုေရွ႕ရက္ကေတာင္ အဲ့ေကာင္ကို စမ္းၾကည့္ခဲ့ေတာ့ ဟုတ္ေနတာပဲေလ။ သူ စမ္းဖူးတာဆိုလို႔လည္း ဒီေကာင္ပဲ ရွိတာ။

"ဒါဆို အဲ့တုန္းက ဒီအတိုင္း တိုက္ဆိုင္တာမ်ားလား"

ေရး ကုတင္ေပၚ ဝုန္းဆို ပစ္လွဲခ်လိဳက္မိသည္။

"ေျပာပါတယ္၊ ငါက သာမန္လူပါဆို"

ထို႔ေနာက္ ဝုန္းခနဲ ျပန္ထထိုင္လိုက္ျပန္သည္။

"မဟုတ္မွလြဲေရာ ဒီအစြမ္းက တစ္ေယာက္အေပၚ တစ္ခါပဲ သုံးလို႔ရတာမ်ိဳးမ်ားလား။ အား. . .အဲ့လိုသာဆို ခလုတ္တိုက္႐ုံေလာက္ပဲ မလုပ္ခဲ့ပါဘူး။ တိုက္ေပၚက ျပဳတ္က်သြားၿပီး က်ိဳးပဲ့သြားေအာင္ျဖစ္ျဖစ္ လုပ္ခဲ့ရမွာ"

ကုတင္ကို လက္သီးနဲ႕ တဝုန္းဝုန္း ထိုးေနရင္း အဲ့ေကာင္နဲ႕ေတြ႕ရင္ သူခ်ည္းပဲ ခံလိုက္ရတဲ့အျပင္ သူ တကယ္ အစြမ္းသုံးခ်င္တဲ့သူနဲ႕က်မွ မနက္က ဘာအစြမ္းမွျဖစ္မလာတာမို႔ ေရး အလြန္အမင္း စိတ္ဆင္းရဲသြားကာ ေပါက္ကြဲေနမိေတာ့သည္။

___________________________________________

Continue Reading

You'll Also Like

4.7K 593 30
ချိုမယ်၊ ရိုမယ်၊ ရိုးရှင်းမယ် October 2 to ..... October 16,2023 #TheSecondSchoollifeStory
78.9K 6.6K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
159K 14K 49
MyanmarxBL(unicode+zawgyi) 🌸Owncreation🌸 This story is just my imagination. "ကိုယ့်ရဲ့အရှင်" S2 "ကိုယ့္ရဲ႕အရွင္" S2
2.3K 71 24
မင်းသီဟ × မြတ်မင်းခန့် ငါ့ကိုရှုပ်ထွေးအောင်လုပ်နိုင်တာ မင်းပဲရှိတာ မင်းသီဟ ။ ငါ့ဘဝကိုရော ငါ့ခံစားချက်တွေကိုရော ရှုပ်ထွေးအောင်လုပ်တာ။ " " ငါလိုက်ရှု...