Snowless Winter Dream [Comple...

By Ennia_Yawn

77.3K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 5

1.7K 105 6
By Ennia_Yawn

ညဦးပိုင်းရောက်လာလေလေ လူ ပိုပိုကျလာခဲ့တဲ့ မီးရောင်စုံ လင်းလက်နေသော Victory ဘားထဲ၌ ရန်ပွဲအကြီးစားဆီမှ ဖုန်းဒိုင်းဂွမ်း အသံတွေက ဆူညံနေသော လူအုပ်ကြားထဲကိုပင် တစ်ချက်တစ်ချက် ထိုးထွက်လာခဲ့သည်။

ခွမ်း!

ဒုန်း!

အ့!

ပွဲကြီးပွဲကောင်းအဖြစ် ပွဲထိုင်ကြည့်နေသူ တချို့ပင် ဘားပိုင်ရှင် အခုလို ကန်ကျောက်ခံနေရတာမျိုးကို မတွေ့ဖူးသေးကြတာမို့ စိတ်ဝင်တစား ထကြည့်ကုန်ကြသည်။

ထိုလူမိုက်တွေရဲ့ ကန်ချက်ကြောင့် ရေးခေတ္တရာ လည်ထွက်သွားရုံမကဘဲ ခေါင်းရိုက်ခွဲခံလိုက်ရတဲ့ အရှိန်အပြင် လက်က နာကျင်မှုကြောင့် ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်တော့ဘဲ လွင့်ထွက်လာခဲ့တာ ဆက်ခွန်းသစ်တို့ဝိုင်းခြေရင်းထိမို့ ဆက်ခွန်းသစ် အလန့်တကြား ထရှောင်လိုက်မိသွားသည်။

"ဟေ့ကောင်တွေ ဒီည အဲ့ကောင်ကို မှတ်‌လောက်သားလောက်အောင် ကျွေးလိုက်တော့"

အခုမှ အရေးသာသွားရတဲ့ လူတစ်စုပါ ခွန်းတို့ဝိုင်းနား လျှောက်လာခဲ့ကာ မှောက်ရက် လဲကျနေသော ရေးကို တစ်ယောက်တစ်ချက်စီ ကန်ကျောက်နေကြတာကြောင့် ဝန်ထမ်းကောင်လေးတွေ သူတို့ပိုင်ရှင်ကို ကူညီဖို့ စတင်ကြိုးစားလိုက်သော်ငြား လူမိုက်အုပ်စုရဲ့ လက်သီးနဲ့တင် ပစ်လဲသွားကြရသည်။

ဆက်ခွန်းသစ် ဆက်ထိုင်နေရမလို ထကူရမလို။ သူ ကူလည်း မကူချင်သလို ကူလည်း မကူနိုင်‌ပေ။ သူ့ကိုယ်ခံပညာက ဒီလောက်ကြီး ရန်ဖြစ်ဖို့လောက်ထိလည်း မကျွမ်း။ သူ ကျွမ်းတာဆိုလို့ သူ့အစ်ကို သေချာသင်ပေးထားခဲ့တဲ့ ရန်ပွဲဖြစ်လာရင် ထွက်သာပြေးဆိုတဲ့ အပြေးတစ်လိုင်းပဲ ရတာ။

ရိုင်းလ်ကတော့ သူ့ဘေးက ပွဲကို ထိုင်ခုံလက်တန်း‌ပေါ် မေးထောက်ပြီး ထိုင်ကြည့်‌နေဆဲပင်။ အဆက်မပြတ် ကန်ကျောက်ခံနေရပေမယ့် မှောက်ရက်လဲ‌‌နေတဲ့ ထိုကောင့်ဆီမှ ဘာသံမှ ထွက်မလာတာကြောင့် သတိလစ်သွားတာလား တစ်ချက်ကြည့်လိုက်ပေမယ့် ထိုကောင်က ပြန်ထဖို့ အားယူနေတာမှန်း သတိထားမိလိုက်တာမို့ ဆက်ကြည့်နေလိုက်သည်။

ရိုင်းလ် ထိုကောင် ဘယ်လောက် အကြောတင်းမလဲဆိုတာ စိတ်ဝင်စားသွားခဲ့၏။ ဒီလိုရန်ပွဲမျိုးတွေက ရိုင်းလ်အတွက် မထူးဆန်းပေ။ သူ ဓားတွေ၊ သေနတ်တွေ သုံးပြီး ဆော်ကြတဲ့ ရန်ပွဲမျိုးကိုတောင် ကြုံခဲ့ဖူးတာမို့ အခုလို လက်ဗလာပွဲမျိုးက သူ့အတွက် အပျင်းပြေရုံလောက်သာ ရှိသည်။

ရေး သူ့အား ကန်ကျောက်နေကြသော ထိုကောင်တွေကို မကျိန်ဆဲမိအောင် စိတ်ထိန်းထားရသည်။ လက်ထောက်ပြီး ထချင်ပေမယ့် သူ့လက်က ထင်ထားတာထက် ပိုနာလာသည်။ ခေါင်းကလည်း ကွဲသွားတဲ့အရှိန်ကြောင့် အနည်းငယ် မူးဝေလာသည်။ ထို့အတွက် ငြိမ်နေပေးလိုက်ပြီး အကန်ခံနေရကာ ဆတ်ခနဲ ပြန်ထနိုင်ဖို့ အားယူနေမိသည်။

"ဟေ့ ဒီကောင် မထနိုင်တော့ဘူးထင်တယ်၊ ထားခဲ့လိုက်တော့မယ်။ ဒီလောက်ဆို သူ ငါတို့ဆရာအကြောင်း သိလောက်. . .အား"

အုန်း!

ရိုင်းလ် သူ ထင်ထားသည့်အတိုင်း ထိုကောင် ချက်ချင်း ပြန်ထလာခဲ့ပြီး ချက်ကောင်းကို ပိတ်ကန်လွှတ်လိုက်နိုင်တာမို့ ခုနလူမိုက်ကောင် လွင့်ထွက်သွားခဲ့သည်။ ရိုင်းလ်၏ လူမိုက်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ အမှတ်ပေးရမယ်ဆိုရင် ထိုကောင့်၏ အားက ခြေထောက်မှာ အဓိက ရှိနေတာ။ သူ့ကန်ချက်တွေက တစ်ဖက်လူ ဖျားသွားစေလောက်တယ်။

ပွဲက ပြန်ဆူညံလာပြန်တာကြောင့် ဘေးက ရပ်ကြည့်နေတဲ့လူတွေ ရှဲခနဲ နောက်ပြန်ဆုတ်ပြေးကုန်ကြသည်။ မဟုတ်ရင် သူတို့ပါ ခုံစာမိတော့မှာ။

သွေးတွေက ရေး၏ ခေါင်းမှတဆင့် မျက်နှာပေါ်သို့ပါ စီးကျလာတာကြောင့် မျက်လုံးထဲ မဝင်သွားအောင် လက်ကပတ်တီးနဲ့ အမြန်ဖိသုတ်လိုက်ပြီး ဆက်ခွန်းသစ်တို့ ခုံပေါ်က အရက်ပုလင်းအပြင် ရိုင်းလ်၏ လက်ထဲက ခွက်ကိုပါ ဆတ်ခနဲ ဆွဲယူပြီး ခွမ်းခနဲ လက်ပြန်ရိုက်ချလိုက်ကာ ကန်ထုတ်လိုက်ပြန်တာကြောင့် နောက်ထပ်နှစ်ယောက် လူအုပ်ကြားထဲ လွင့်စင်သွားခဲ့သည်။

သူ့ကိုပါ ရန်လာစတာလားဟု ရိုင်းလ် ထင်လိုက်သေးပေမယ့် ထိုကောင်က သူတို့မှန်း သတိထားမိပုံမရတာမို့ ခေါင်းရမ်းလိုက်ပြီး ခုံပေါ်က နောက်တစ်ခွက်ကိုသာ ထပ်ယူသောက်လိုက်စဉ် ထိုခွက်ကိုလည်း ရေးက ဖျတ်ခနဲ ဆွဲယူလိုက်ပြန်ကာ ပေါက်ထုတ်လိုက်ပြန်‌သည်။

"လခွမ်း. . .ငါ အေးဆေးသောက်ပါရစေ။ မင်း ငါနဲ့ နည်းနည်းဝေးဝေးမှာ သွားဖြစ်"

ဆက်ခွန်းသစ် မာန့်ကို ရှာကြည့်နေမိသည်။ မာန်မလာရင် ဘားထဲက ပစ္စည်းတွေ ကုန်တော့မယ် ထင်တယ်။

ရေး သူ ရပ်နေသည့် ဘေးဝိုင်း၌ ဆက်ခွန်းသစ်တို့ရှိ‌နေတာမှန်း သတိမထားမိပါပေ။ သူ အရှေ့ကိုပဲ အာရုံစိုက်ထားပြီး ရိုင်းလ်လက်ထဲက ခွက်တွေကိုသာ ဆွဲဆွဲယူနေမိတာမို့ ရိုင်းလ် ဘာခွက်မှ ထပ်မကိုင်ဘဲ ထိုင်နေပစ်လိုက်သည်။

တဖြည်းဖြည်းနဲ့ ရေး၏ မြင်ကွင်းတွေ နှစ်ထပ်ဖြစ်လာကာ သွေးတွေက မျက်လုံးထဲကိုပါ စီးဝင်ကုန်ပြီမို့ ရေး လဲကျမသွားအောင် ရိုင်းလ်၏ ဆိုဖာနောက်ကျောကို ဆုပ်ကိုင်ထားလိုက်ရသည်။ ရေး ဒီတစ်ခါ တကယ်မရတော့။ မျက်လုံးတွေပါ စပ်ကုန်ပြီမို့ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရကာ မှန်းထိုးရတော့မယ် အခြေအနေဖြစ်နေပြီ။ ခေါင်းမှ ဒဏ်ရာက သွေးပူနေတုန်းမို့ မသိသာပေမယ့် လက်ကတော့ အရမ်းနာနေတာ လက်တစ်ချောင်းလုံးပါ အောင့်တက်လာတဲ့အထိမို့ နဖူးကြောတွေပါ ရှုံ့လိုက်မိပြီး နှုတ်ခမ်းကိုပါ ပြတ်ထွက်လုမတတ် ဖိကိုက်ထားမိသည်။

ထိုစဉ် ဘားထဲသို့ ပြေးဝင်လာသည့် မာန့်ကို ဆက်ခွန်းသစ် အရင်ဆုံး မြင်လိုက်ရသည်။

သွေးသံရဲရဲဖြစ်နေသော ရေးကို မြင်လိုက်ရတာကြောင့် သျှိုင်းစက်မာန် သူ ထည့်ယူလာခဲ့ရသည့် စတီးတုတ်နဲ့အတူ ပြေးလာခဲ့ကာ ရေးကို ထိုးဖို့ပြင်နေသည့် လူမိုက်ကောင်ကို အမြန်လာရိုက်ထုတ်ပေးရသည်။

"မင်းတို့ကောင်တွေ သွားကြတော့။ ဘာလုပ်နေတာလဲ၊ လုံခြုံရေးတွေ အဲ့ကောင်တွေကို ဆွဲထုတ်သွားကြစမ်း။ ပိုင်နက်ကျူးလွန်မှုနဲ့ မင်းတို့ကို ငါ တရားစွဲလိုက်ရမလား"

တုတ်ကြီး တရမ်းရမ်းနဲ့ လူမိုက်ကောင်တွေကို ကျောင်းသားတွေအား စာသင်နေသလိုမျိုး ခြိမ်းခြောက်နေသော မာန့်ကို မြင်လိုက်ရတာကြောင့် ရေး စိတ်လျှော့လိုက်နိုင်ခဲ့ကာ မျက်လုံးတွေ မှိတ်ချလိုက်ပြီ။

ထို့အတွက် ဟန်ချက်ပျက်သွားခဲ့ကာ သူ ထိန်းကိုင်ထားသည့် ဆိုဖာပေါ်မှ လူပေါ်သို့ ဝုန်းခနဲ ထိုးကျသွားတာမို့ ရိုင်းလ်ခမျာ သူ့ပေါင်ပေါ် ရုတ်တရက်ကြီး ပြိုကျလာသော ရေးကြောင့် သောက်လက်စများပင် ဖွီးခနဲ သီးကုန်သည်။

မာန်က လုံခြုံရေးတွေကိုပါ ခေါ်လာတာကြောင့် ထိုလူတွေ ဆွဲထုတ်ခံလိုက်ရပြီးပြီမို့ ရေးကို ပြန်ကြည့်ဖို့ အလှည့် ဆက်ခွန်းသစ်တို့ဝိုင်းကို သတိထားမိသွားခဲ့သည်။

ရိုင်းလ်ကတော့ သူ့ပေါင်ပေါ်က ကောင်ကို ပစ်ချရမလို၊ တွန်းထုတ်ရမလို တွေဝေကာ ငုံ့ကြည့်နေစဉ် ရေး၏ အမှောင်ကျမသွားခင် နောက်ဆုံး ရှူလိုက်မိတဲ့ ကိုယ်သင်းနံ့က လာဗင်ဒါရနံ့ဆိုတာကိုပင်။

မာန်ရော ခွန်းပါ ရိုင်းလ်နား ရောက်လာခဲ့ကြသည်။

သျှိုင်းစက်မာန် လူနာတင်ယာဉ်ပါ ခေါ်လာခဲ့တာမို့ သူများတကာပေါင်ပေါ်ကို မှောက်ရက်ပစ်လဲနေသော ရေးကို ဆွဲထူဖို့ လုပ်လိုက်ပေမယ့် တုံ့ပြန်မှုမရှိတာမို့-

"ရေး. . .ရေး ဟင်. . .သူ သူ သေသွားတာလား"

မြင်မကောင်းလောက်အောင် စီးကျနေသော သွေးတွေက ရိုင်းလ် ဝတ်ဆင်ထားသည့် အဖြူရောင် အင်္ကျီလက်ပေါ်ကိုပင် စွန်းကုန်ပြီ။ ရိုင်းလ် ထိုကောင့်ခါးကို ထိန်းထားလိုက်ကာ သူ အရင်ထလိုက်ရပြီး ဆိုဖာပေါ် ပက်လက်လှဲချခိုင်းလိုက်ရသည်။

ထို့နောက် ဘယ်လိုပဲ သူ ကြည့်မရတဲ့ လူဖြစ်နေပါစေဦးတော့ ဆရာဝန်တစ်ယောက်ဖြစ်နေတာမို့ အရေးပေါ် စမ်းသပ်မှု အမြန်လုပ်‌ရတော့သည်။

သို့သော်ငြား သူတို့‌ဘေးက မာန့်၏ ငိုကြီးချက်မ အော်ဟစ်နေသံကြောင့်-

"ဟာ. . .ခွန်း အဲ့ဒါ မင်းသူငယ်ချင်းမလား၊ သူ့အပေါက်ကို တစ်ခုခုနဲ့ ပိတ်ထားလိုက်စမ်းကွာ။ ကိုယ် ဒီမှာ သွေးခုန်နှုန်းတောင် သေချာရေလို့ မရတော့ဘူး"

အသုဘအခမ်းအနားရောက်နေသလို အော်ဟစ်ငိုတော့မလို လုပ်နေသော မာန့်ကို ခွန်း တကယ် ဝင်ထိန်းရတော့သည်။

"ဒီလောက်လေးနဲ့ သေစရာလား၊ တိုးတိုးနေလေ"

ဆက်ခွန်းသစ် ဟောက်လိုက်မှပဲ မာန် ပါးစပ်ပိတ်သွား၏။ သူ ဒီရန်ပွဲကို အစအဆုံး မြင်လိုက်ရတာ မဟုတ်၊ သူ တွေ့လိုက်တာ ရေး၏ အခုပုံစံပဲမို့ လန့်ပြီး အော်‌ဟစ်နေမိခြင်းဖြစ်သည်။ ရေး အခုလို ထိခိုက်မိတာမျိုးတွေကို အခုတလောမှ မြင်မြင်နေရတာမို့ သျှိုင်းစက်မာန် အသားမကျနိုင်ဖြစ်သွားမိခြင်းပင်။

ဘားထဲက ဆူညံသံ‌တွေကြောင့် ဆက်ခွန်းသစ် သူ့အစ်ကိုနား ကပ်မေးလိုက်ရသည်။

"အစ်ကို သူ ဘာဖြစ်သွားတာလဲ"

"pain shock ရသွားတာ။ ခေါင်းကတော့ ခြောက်ချက်လောက် ချုပ်ရလိမ့်မယ်။ ဟိုတစ်ယောက် မင်း ဆေးရုံရောက်ရင် သူ့လက်ကိုပါ ပတ်တီးပြန်ကိုင်ခိုင်းလိုက်။ ဒီမှာ ငါ လုပ်ပေးလို့ရတဲ့ဟာ မရှိဘူး၊ ဆေးရုံမြန်မြန်သွားကြပြီးသာ ချုပ်ခိုင်းလိုက်"

AN - Pain shock (အလွန်အမင်း နာကျင်မှုကြောင့် သတိလစ်သွားခြင်း)

"ဟုတ်"

ထပ်အဟောက်ခံလိုက်ရပြန်တာကြောင့် သျှိုင်းစက်မာန် ထိုအစ်ကိုဆိုတဲ့သူကို သိပ်တော့မကြည်ချင်တော့။ သူ ထိုကောင့်ကို ခွန်းနဲ့ တွဲတွဲတွေ့နေရလို့ သိပ်ကြည်နေခဲ့တာမဟုတ်။ သို့သော်ငြား ခွန်းမျက်နှာကြောင့် မျက်နှာရှစ်ခေါက်ချိုးနဲ့ ရိုရိုသေသေပဲ ပြန်ပြောလိုက်ရသည်။

ခဏအတွင်း သျှိုင်းစက်မာန် ခေါ်ထားသည့် လူနာတင်ယာဉ်လည်း ရောက်လာပြီမို့ ခွန်းကို နှုတ်ဆက်ခဲ့လိုက်ကာ လုံခြုံရေးတွေရဲ့ အကူအညီနဲ့အတူ ရေးကို ကားပေါ် အမြန်တင်လိုက်ရပြီး ဆေးရုံသို့ မောင်းထွက်လာခဲ့ရသည်။

ရိုင်းလ်တစ်ယောက် သူ့ပေါ်ပါ သွေးတွေနဲ့ ညစ်ပတ်အောင် လုပ်ခံလိုက်ရတာမို့ ဘားထဲမှာ ဆက်မနေကြတော့ဘဲ ခွန်းနဲ့အတူ သူတို့လည်း အိမ်ပြန်ကြဖို့ ဘားထဲက ထွက်လာတော့သည်။

---------------------------

"ရေး မင်း သတိရလာပြီပဲ"

မျက်လုံးဖွင့်ဖွင့်ချင်း မာန့်၏ အသံနဲ့အတူ မျက်နှာကြက်ဖြူဖြူကို အရင်မြင်လိုက်ရသည်။

"မင်း ခေါင်းကတော့ ခြောက်ချက် ချုပ်ထားရတယ်။ လက်ကလည်း အများကြီး ပိုမဆိုးသွားလို့ တော်သေးတယ်။ ဒါပေမဲ့ ဂရုမစိုက်ရင် တစ်လလောက် နားရတော့မယ်တဲ့"

တရစပ် ရေရွတ်နေသော မာန့်လက်‌မောင်းကို အားယူပြီး ရေး ထထိုင်လိုက်ရသည်။

"ငါ ဆေးရုံတက်ရဦးမှာလား"

"မလိုဘူး၊ ဒီဆေးချိတ်ထားတာ ကုန်ရင် ပြန်ချင်ပြန်လို့ရတယ်။ ရေးခေတ္တရာ မင်း တဖြည်းဖြည်း မံမီရုပ်နဲ့ တူလာပြီ သိလား။ လက်မှာပတ်တီး၊ ခေါင်းမှာပတ်တီးနဲ့၊ ရောက်လက်စနဲ့ ခြေထောက်မှာပါ ကြိုစီးသွားလိုက်ပါလား"

ရေး၏ အကြည့် ဒိုင်းခနဲ ရောက်လာတာမို့ မာန် မသိမသာ သုံးလှမ်းလောက် နောက်ဆုတ်ထားလိုက်ရသည်။

"မတတ်နိုင်ဘူးလေ၊ ဒီတစ်ခါ အဲ့ကောင်တွေ အရင် ရန်စတာ"

"ရန်စတိုင်း လက်ပါ နေတာပဲလား၊ ပါးစပ်နဲ့ အရင်ရှင်းလေ"

"ငါ ပါးစပ်နဲ့ ရှင်းလိုက်ရင် အဲ့ကောင်တွေ ဒီထက် အခြေအနေပိုဆိုးသွားမှာ"

"ဟက်၊ ပိုးစိုးပက်စက်ခံလိုက်ရတာတောင် သောက်ကြီးသောက်ကျယ် လာပြောနေသေးတယ်"

သျှိုင်းစက်မာန် ကုတင်ဘေးက ခုံမှာ ပြန်ဝင်ထိုင်လိုက်ပြီး ပတ်တီးအဖွေးသားတွေအပြင် ခြစ်ရာ ထိခိုက်ရာ ဗလပွနဲ့ ရေး ကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေမိသည်။

"တစ်နေ့တလေလောက် ခန္ဓာကိုယ်မှာ ဒဏ်ရာမရှိရင် အိပ်မပျော်လို့လား။ ကျစ်. . .ကြည့်ရတာ မင်းမှာ ထိန်းကျောင်းပေးမယ့် ရည်းစားမရှိလို့ စိတ်က လေလွင့်နေတာနေမယ်။ ဒီလိုလုပ်၊ ငါ အသိတွေထဲက အချောလေးတွေ ရှာခဲ့ပေးရမလား။ မင်း ကောင်မလေးကြိုက်တာလား ကောင်လေးကြိုက်တာလားပဲ ပြောလိုက်။ ငါ အမြန်ရှာလာခဲ့ပေးမယ်"

အမှန်တိုင်း ဝန်ခံရရင် ရေးက အခုချိန်ထိ ရည်းစားမထားခဲ့ဖူးသလို သူ ကြိုက်နေတယ် ချစ်နေတဲ့သူ ရှိပြီဆိုတာမျိုး သူတို့တွေကို ပြောပြဖူးလာတာမျိုးလည်း မရှိတာကြောင့် ရေးက အကွေးလား၊ အဆန့်လားပင် သူတို့သုံးယောက် မသိပါပေ။

သလွန်း၊ ခွန်းနဲ့ မာန်။ သူတို့သုံးယောက် ခုလိုပေါင်းမိသွားခဲ့တာက သူတို့၏ လိင်စိတ်တိမ်းညွှတ်မှုကပါ တူနေကြတာကို မထင်မှတ်ဘဲ သိလိုက်ရတာကြောင့် ပိုပြီးရင်းနှီးသွားခဲ့ကြခြင်းပင်။

မာန် အခုဖွင့်ထားသည့် ပန်းဆိုင်က သလွန်း၏ ပန်းဆိုင်ဖြစ်ပြီး ဘေးအခန်းက သလွန်းငှားနေခဲ့သည့် အိမ်ခန်းဖြစ်သည်။ ထို့အတွက် အိမ်ရှင် အိမ်ငှား ဆက်ဆံရေး ဖြစ်နေတဲ့ ရေးနဲ့ သလွန်း၊ အလုပ်တူတူ တွဲလုပ်နေဖြစ်ခဲ့တဲ့ မာန်နဲ့ ခွန်းက ပိုအနေနီးကြသလို ဖြစ်နေရာကနေ သလွန်းဆိုင်ကို မာန်တို့ လာလာလည်ဖြစ်ကြရင်း လေးယောက် ရင်းနှီးသွားခဲ့ကြသည်။

မာန် သူ ပြောနေတာကို မသိချင်ယောင်ဆောင်နေပြန်သော ရေးကို ဒီတစ်ခါတော့ အလွတ်မပေးတော့ဘဲ တရစပ် ဘယ်လိုလူကိုကြိုက်တာလဲ ထိုင်မေးနေဆဲမို့-

"တိတ်တိတ်နေစမ်းပါကွာ၊ ခေါင်းကွဲသွားလို့ စိတ်ညစ်နေရတဲ့ကြားထဲ။ မသိဘူး ဟုတ်ပြီလား။ ငါ ဘာကြိုက်လဲလည်း မသိဘူး"

"ဟုတ်လား၊ ဒါဆို စမ်းကြည့်လိုက်လေ။ ‌ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ်ကို တစ်ခါလောက် စမ်းနမ်းကြည့်လိုက်ပါလား။ အဲ့ဒါဆို မင်း ဘယ်အမျိုးအစားကို ပိုစိတ်ဝင်စားလဲ သိသွားလိမ့်မယ်"

"ချီး. . .ငါ ခေါင်းပဲကွဲရုံလောက်နဲ့ မကျေနပ်သေးတာလား။ ပါးကျိုးရင်ကျိုး၊ မကျိုးရင် အထိုးခံရအောင်ပါ လုပ်နေတာလား။ ရည်းစားလည်း မလိုဘူး"

ထို့အတွက် မာန် အတည်အတံ့ပဲ ပြောလိုက်ရတော့သည်။

"ငါနဲ့ သလွန်း မင်းကို စတွေ့တုန်းကလည်း မင်းက အခုလိုပဲ ဆိုးနေတယ်ဆိုပေမယ့် တပြိုင်တည်းမှာပဲ ပြုံးရယ်နေတတ်သေးတယ်။ အခုလို ကိုယ့်ကိုယ်ကိုယ် အမြဲထိခိုက်မိအောင် လုပ်နေမယ့်အစား ငါက မင်း ရှုပ်ပွေနေတယ်ဆိုရင်တောင် ကျေနပ်နေဦးမှာ"

". . . ."

"ဒီနှစ်တွေမှာ ငါ့အတွက် မင်းတစ်ယောက်ပဲ ရှိခဲ့တာ။ မင်း ရှိနေလို့ ငါ အခုချိန်ထိ ပျော်အောင်နေလို့ ရခဲ့သေးတယ်။ မင်းပါ မရှိတော့ရင်၊ မင်းကိုပါ ထပ်ဆုံးရှုံးလိုက်ရရင် ငါ ဘယ်လိုလုပ်ရမလဲ။ ငါ နောက်ထပ် သူငယ်ချင်းတစ်ယောက်ကိုတော့ ထပ်မဆုံးရှုံးချင်တော့ဘူး"

"အခုက ခေါင်းလေးကွဲသွားရုံပါကွာ"

"အခုတောင် မင်းပဲ ခံလာရတာတွေ များနေပြီလေ။ နောက်ကျရင် ဓားတွေ၊ အဲ့ထပ်ပိုပြီး သေနတ်တွေနဲ့ ဖြစ်လာကြရင် မင်း ဘယ်လိုလုပ်မှာလဲ။ သူတို့က အဖွဲ့လိုက်၊ မင်းက အမြဲတစ်ယောက်တည်း။ ငါ တစ်ခါတည်း ပြောထားမယ်နော်။ ငါ မင်းကို ထောင်ဝင်စာရော၊ အုတ်ဂူမှာပါ လာမတွေ့ချင်ဘူး"

"မာန်"

"ငါ အလုပ်ရှိလို့ ပြန်နှင့်ဝောာ့မယ်။ မင်း ကိုယ့်ဘာသာကိုယ်ပဲ အိမ်ပြန်လိုက်တော့။ ငါ မင်းကို တကယ် စိတ်ဆိုးနေတာ။ မင်းက ခွန်းကို ထိခိုက်အောင် လုပ်ရရင်လုပ်ရ၊ မလုပ်ရရင် ငါ့ကို နေ့တိုင်း နေ့တိုင်း အခုလို အလုပ်ရှုပ်အောင် လုပ်လုပ်နေတဲ့ကောင်"

မာန် တံခါးစောင့်ပိတ်ပြီး ထွက်သွားပြီမို့ စေ့ပိတ်သွားသော တံခါးကို ကြည့်ရင်း ရေး သက်ပြင်းချလိုက်မိသည်။

နောက်ဆုံးတော့ သူ့ဘေးမှာ ဘယ်သူကမှ အချိန်ပေးပြီး မနေချင်ကြဘူးဆိုတဲ့ ခံစားမှုကြောင့် ဘယ်မှာနေနေ တစ်ယောက်တည်းပဲမို့ ဒီညတော့ ဆေးရုံမှာပဲ အိပ်လိုက်တော့ဖို့ ဆုံးဖြတ်လိုက်တော့ကာ ပြန်လှဲအိပ်လိုက်တော့သည်။

------------------------------

ဒီနေ့က ရိုင်းလ် ပုဂံသွားမည်ဟု စီစဉ်ထားခဲ့သည့် ရက်။

ချောင်းဆိုးသံ၊ နှာချေသံတွေနဲ့အတူ အဖျား 102 ဖြစ်နေတဲ့ ရိုင်းလ်ကို ဆက်ခွန်းသစ် ကားမောင်းနေရာကနေ လှည့်ကြည့်လိုက်ရသည်။

"အစ်ကို ဒီလောက် နေမကောင်းဖြစ်နေတာကို မဖြစ်မနေ ဒီညထွက်မှ ဖြစ်မှာလား။ ရက်ရွှေ့လိုက်တာ မဟုတ်ဘူး"

"အဟွတ်. . .ရတယ်၊ ရိုးရိုးအဖျားလေးပါ။ ဆေးလည်း သောက်ထားပြီးပြီ။ ကိုယ် မနက်ရောက်မှ ဖြစ်မှာမို့"

ပုံမှန်ဆို ရိုင်းလ်က သူ့ကားနဲ့သူသာ ပုဂံကို တိုက်ရိုက်မောင်းသွားဖို့ လုပ်ထားခဲ့တာဖြစ်သည်။ အခုတော့ မနေ့ကမှ ကောက်ကာငင်ကာ ထဖျားလာတာကြောင့် အဝေးပြေးကားနဲ့ပဲ သွားဖို့လုပ်ရတာမို့ ဆက်ခွန်းသစ် ရိုင်းလ်ကို အဝေးပြေးကွင်းဆီ မောင်းပို့ပေးနေခြင်းပင်။

"အဲ့လောက်ဖျား‌နေတာတောင် ရက်မရွှေ့နိုင်ဘူးဆိုတော့ အစ်ကို ဘယ်သူဆီသွားမှာလဲ အတည်သိချင်လာပြီ။ ကျွန်တော် လိုက်လို့မရတာ နာတယ်"

ရိုင်းလ် ထိုကောင်လေးကို ပြုံးပြပြီး ခေါင်းသာ လှမ်းပုတ်လိုက်နိုင်တော့သည်။ သူ ချောင်းပါ အနည်းငယ်ဆိုးနေတာကြောင့် ကားပေါ်က မဆင်းခင် mask အရင်တပ်လိုက်ရသည်။

ပုံမှန်ဆို အရမ်းအေးတဲ့ လန်ဒန်မှာတောင် သူ အခုလို ဖျားနာခြင်းမရှိခဲ့ဘဲ အခု ဘယ်လောက်မှ မအေးတဲ့ ရာသီဥတုကျမှ ဖျားနေရတာမို့ အလှ‌လေးတွေနဲ့ တူတူမနေရတာ များသွားလို့များ အခုလို ကျန်းမာရေး မကောင်းဖြစ်သွားတာလားဟုပင် တွေးမိရတဲ့အထိ။ သူ့အိပ်ရာ မနွေးတာ ကြာနေပြီလေ။

သို့သော်ငြား အခုကစပြီး ရိုင်းလ် အတည်လိမ်မာဖို့ ကြိုးစားနေတာမို့ ထိုကဲ့သို့ အိပ်ရာဖော်တွေ ထပ်ရှာဖို့တော့ လုံးဝစိတ်ကူးမရှိပါပေ။

"အစ်ကို ဂရုစိုက်ဦး၊ ကျွန်တော် အလုပ်တွေ စောပြီးခဲ့ရင် လိုက်လာခဲ့မယ်"

"အင်း၊ ဒါဆို ဂရုစိုက်ပြီး ပြန်မောင်းသွားတော့၊ လိုက်လာဖြစ်ရင် ကိုယ့်ကို ဖုန်းဆက်လိုက်"

ခွန်းကို နှုတ်ဆက်လိုက်ပြီး ရိုင်းလ် သူ့ luggage ကို ကားဝမ်းဗိုက်ထဲ ထည့်ခဲ့လိုက်ကာ ရန်ကုန်မှ ပုဂံသို့ ပြေးဆွဲမည့် ခရီးသွားကားပေါ်သို့ တက်ခဲ့လိုက်သည်။

ခုံနံပါတ် တစ်ချက်ရှာလိုက်ပြီး သူ ထိုင်ရမည့်နေရာက လျှောက်လမ်းဘေးက အခြမ်းမို့ စိတ်ညစ်သွားမိသည်။ ကားလက်မှတ်ကို အမြန်စီစဉ်လိုက်ရတာမို့ တစ်ယောက်ထိုင်ခုံတွေက ပြည့်နေခဲ့သည်။ နေရာဂျီများနေတာ မဟုတ်သော်ငြား သူ နေလို့တကယ်မကောင်းတာမို့ တစ်လမ်းလုံး အိပ်ပြီးလိုက်ဖို့ စီစဉ်ထားခဲ့တာကြောင့် သူ့ဘေးကတစ်ယောက်က မတော်တဆ ဝင်လိုက် ထွက်လိုက် ခဏခဏလုပ်နေမယ့်သူဆိုရင် ဖယ်ဖယ်ပေးရမှာမို့ သူ ကောင်းကောင်းအိပ်လို့ရမှာမဟုတ်။

ခုံနံပါတ်က အလယ်နားလောက်မှာမို့ ရိုင်းလ် ဝင်ထိုင်ဖို့ ပြင်လိုက်သည်။ ထိုစဉ် သူ့ဘေးခုံက လူရောက်နေပြီဖြစ်တာမို့ တစ်ချက်လှမ်းရှိုးလိုက်မိပေမယ့် အဲ့ဒါ လူလား၊ အမည်းရောင် အထုပ်ချထားတာလားပင် မသဲမကွဲ ဖြစ်သွားရတဲ့အထိ။

သူ့ဘေးက လူက ကောင်လေးဖြစ်မည့်ပုံရပေမယ့် တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး ထပ်ဝတ်ထားသည့် အနွေးထည်မှာပါတဲ့ ခေါင်းစွပ်ကိုပါ ခေါင်းမှာအုပ်ထားတဲ့အပြင် ရာဘာလက်အိတ်အမည်းပါ ဝတ်ဆင်ထားသေး။ ထို့ထက်ပိုဆိုးတာက mask အမည်းလည်း တပ်ထားသလို ဘယ်အချိန်ကထဲက ရောက်နေမှန်းမသိတဲ့ ထိုတစ်ယောက်က မျက်လုံးအကာအမည်းကိုပါ အုပ်ထားပြီး အိပ်နေတာကြောင့် ရိုင်းလ် သူ့ဘေးကလူကို ကြည့်ရင်း အသက်ရှူကြပ်လာသလိုလို၊ အိုက်လာသလိုလို။

မဟုတ်မှလွဲရော ဝရမ်းပြေးတွေ ဘာတွေများလား။

ရိုင်းလ် ထိုလူ့ဘေးမှာ တိတ်တိတ်လေး ဝင်ထိုင်လိုက်မိသည်။ ရိုင်းလ်ခမျာ နေမကောင်းတဲ့ကြားထဲကတောင် ထွက်လာခဲ့ရတာကြောင့် သူ ဒီခရီးကို အေးအေးချမ်းချမ်း ရောက်သွားချင်တဲ့ ဆန္ဒပဲ ရှိတာမို့ ဓားပြတွေ၊ လူမိုက်ကောင်တွေနဲ့ အတူထိုင်ရတာမျိုး မဖြစ်ရန်၊ ထိုင်ရရင်လည်း ဘာပြဿနာမှ မဖြစ်ဘဲနဲ့ ချောချောမွေ့မွေ့ ရောက်သွားရန်သာ ဆုတောင်းချင်မိသွားသည်။

ထို့နောက် သူလည်း နားချင်ပြီမို့ ကျောမှီလိုက်ကာ မျက်လုံးတွေမှိတ်ထားလိုက်သည့်ခဏအကြာမှာပင် အဝေးပြေးကားဝင်းထဲမှနေ ကားလည်း စတင်ထွက်ခွာလာခဲ့ပေသည်။

___________________________________________

[Zawgyi]

ညဦးပိုင္းေရာက္လာေလေလ လူ ပိုပိုက်လာခဲ့တဲ့ မီးေရာင္စုံ လင္းလက္ေနေသာ Victory ဘားထဲ၌ ရန္ပြဲအႀကီးစားဆီမွ ဖုန္းဒိုင္းဂြမ္း အသံေတြက ဆူညံေနေသာ လူအုပ္ၾကားထဲကိုပင္ တစ္ခ်က္တစ္ခ်က္ ထိုးထြက္လာခဲ့သည္။

ခြမ္း!

ဒုန္း!

အ့!

ပြဲႀကီးပြဲေကာင္းအျဖစ္ ပြဲထိုင္ၾကည့္ေနသူ တခ်ိဳ႕ပင္ ဘားပိုင္ရွင္ အခုလို ကန္ေက်ာက္ခံေနရတာမ်ိဳးကို မေတြ႕ဖူးေသးၾကတာမို႔ စိတ္ဝင္တစား ထၾကည့္ကုန္ၾကသည္။

ထိုလူမိုက္ေတြရဲ႕ ကန္ခ်က္ေၾကာင့္ ေရးေခတၱရာ လည္ထြက္သြား႐ုံမကဘဲ ေခါင္းရိုက္ခြဲခံလိုက္ရတဲ့ အရွိန္အျပင္ လက္က နာက်င္မႈေၾကာင့္ ကိုယ့္အရွိန္ကိုယ္ မထိန္းနိုင္ေတာ့ဘဲ လြင့္ထြက္လာခဲ့တာ ဆက္ခြန္းသစ္တို႔ဝိုင္းေျခရင္းထိမို႔ ဆက္ခြန္းသစ္ အလန႔္တၾကား ထေရွာင္လိုက္မိသြားသည္။

"ေဟ့ေကာင္ေတြ ဒီည အဲ့ေကာင္ကို မွတ္‌ေလာက္သားေလာက္ေအာင္ ေကြၽးလိုက္ေတာ့"

အခုမွ အေရးသာသြားရတဲ့ လူတစ္စုပါ ခြန္းတို႔ဝိုင္းနား ေလွ်ာက္လာခဲ့ကာ ေမွာက္ရက္ လဲက်ေနေသာ ေရးကို တစ္ေယာက္တစ္ခ်က္စီ ကန္ေက်ာက္ေနၾကတာေၾကာင့္ ဝန္ထမ္းေကာင္ေလးေတြ သူတို႔ပိုင္ရွင္ကို ကူညီဖို႔ စတင္ႀကိဳးစားလိုက္ေသာ္ျငား လူမိုက္အုပ္စုရဲ႕ လက္သီးနဲ႕တင္ ပစ္လဲသြားၾကရသည္။

ဆက္ခြန္းသစ္ ဆက္ထိုင္ေနရမလို ထကူရမလို။ သူ ကူလည္း မကူခ်င္သလို ကူလည္း မကူနိုင္‌ေပ။ သူ႕ကိုယ္ခံပညာက ဒီေလာက္ႀကီး ရန္ျဖစ္ဖို႔ေလာက္ထိလည္း မကြၽမ္း။ သူ ကြၽမ္းတာဆိုလို႔ သူ႕အစ္ကို ေသခ်ာသင္ေပးထားခဲ့တဲ့ ရန္ပြဲျဖစ္လာရင္ ထြက္သာေျပးဆိုတဲ့ အေျပးတစ္လိုင္းပဲ ရတာ။

ရိုင္းလ္ကေတာ့ သူ႕ေဘးက ပြဲကို ထိုင္ခုံလက္တန္း‌ေပၚ ေမးေထာက္ၿပီး ထိုင္ၾကည့္‌ေနဆဲပင္။ အဆက္မျပတ္ ကန္ေက်ာက္ခံေနရေပမယ့္ ေမွာက္ရက္လဲ‌‌ေနတဲ့ ထိုေကာင့္ဆီမွ ဘာသံမွ ထြက္မလာတာေၾကာင့္ သတိလစ္သြားတာလား တစ္ခ်က္ၾကည့္လိုက္ေပမယ့္ ထိုေကာင္က ျပန္ထဖို႔ အားယူေနတာမွန္း သတိထားမိလိုက္တာမို႔ ဆက္ၾကည့္ေနလိုက္သည္။

ရိုင္းလ္ ထိုေကာင္ ဘယ္ေလာက္ အေၾကာတင္းမလဲဆိုတာ စိတ္ဝင္စားသြားခဲ့၏။ ဒီလိုရန္ပြဲမ်ိဳးေတြက ရိုင္းလ္အတြက္ မထူးဆန္းေပ။ သူ ဓားေတြ၊ ေသနတ္ေတြ သုံးၿပီး ေဆာ္ၾကတဲ့ ရန္ပြဲမ်ိဳးကိုေတာင္ ႀကဳံခဲ့ဖူးတာမို႔ အခုလို လက္ဗလာပြဲမ်ိဳးက သူ႕အတြက္ အပ်င္းေျပ႐ုံေလာက္သာ ရွိသည္။

ေရး သူ႕အား ကန္ေက်ာက္ေနၾကေသာ ထိုေကာင္ေတြကို မက်ိန္ဆဲမိေအာင္ စိတ္ထိန္းထားရသည္။ လက္ေထာက္ၿပီး ထခ်င္ေပမယ့္ သူ႕လက္က ထင္ထားတာထက္ ပိုနာလာသည္။ ေခါင္းကလည္း ကြဲသြားတဲ့အရွိန္ေၾကာင့္ အနည္းငယ္ မူးေဝလာသည္။ ထို႔အတြက္ ၿငိမ္ေနေပးလိုက္ၿပီး အကန္ခံေနရကာ ဆတ္ခနဲ ျပန္ထနိုင္ဖို႔ အားယူေနမိသည္။

"ေဟ့ ဒီေကာင္ မထနိုင္ေတာ့ဘူးထင္တယ္၊ ထားခဲ့လိုက္ေတာ့မယ္။ ဒီေလာက္ဆို သူ ငါတို႔ဆရာအေၾကာင္း သိေလာက္. . .အား"

အုန္း!

ရိုင္းလ္ သူ ထင္ထားသည့္အတိုင္း ထိုေကာင္ ခ်က္ခ်င္း ျပန္ထလာခဲ့ၿပီး ခ်က္ေကာင္းကို ပိတ္ကန္လႊတ္လိုက္နိုင္တာမို႔ ခုနလူမိုက္ေကာင္ လြင့္ထြက္သြားခဲ့သည္။ ရိုင္းလ္၏ လူမိုက္လုပ္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံအရ အမွတ္ေပးရမယ္ဆိုရင္ ထိုေကာင့္၏ အားက ေျခေထာက္မွာ အဓိက ရွိေနတာ။ သူ႕ကန္ခ်က္ေတြက တစ္ဖက္လူ ဖ်ားသြားေစေလာက္တယ္။

ပြဲက ျပန္ဆူညံလာျပန္တာေၾကာင့္ ေဘးက ရပ္ၾကည့္ေနတဲ့လူေတြ ရွဲခနဲ ေနာက္ျပန္ဆုတ္ေျပးကုန္ၾကသည္။ မဟုတ္ရင္ သူတို႔ပါ ခုံစာမိေတာ့မွာ။

ေသြးေတြက ေရး၏ ေခါင္းမွတဆင့္ မ်က္ႏွာေပၚသို႔ပါ စီးက်လာတာေၾကာင့္ မ်က္လုံးထဲ မဝင္သြားေအာင္ လက္ကပတ္တီးနဲ႕ အျမန္ဖိသုတ္လိုက္ၿပီး ဆက္ခြန္းသစ္တို႔ ခုံေပၚက အရက္ပုလင္းအျပင္ ရိုင္းလ္၏ လက္ထဲက ခြက္ကိုပါ ဆတ္ခနဲ ဆြဲယူၿပီး ခြမ္းခနဲ လက္ျပန္ရိုက္ခ်လိဳက္ကာ ကန္ထုတ္လိုက္ျပန္တာေၾကာင့္ ေနာက္ထပ္ႏွစ္ေယာက္ လူအုပ္ၾကားထဲ လြင့္စင္သြားခဲ့သည္။

သူ႕ကိုပါ ရန္လာစတာလားဟု ရိုင္းလ္ ထင္လိုက္ေသးေပမယ့္ ထိုေကာင္က သူတို႔မွန္း သတိထားမိပုံမရတာမို႔ ေခါင္းရမ္းလိုက္ၿပီး ခုံေပၚက ေနာက္တစ္ခြက္ကိုသာ ထပ္ယူေသာက္လိုက္စဥ္ ထိုခြက္ကိုလည္း ေရးက ဖ်တ္ခနဲ ဆြဲယူလိုက္ျပန္ကာ ေပါက္ထုတ္လိုက္ျပန္‌သည္။

"လခြမ္း. . .ငါ ေအးေဆးေသာက္ပါရေစ။ မင္း ငါနဲ႕ နည္းနည္းေဝးေဝးမွာ သြားျဖစ္"

ဆက္ခြန္းသစ္ မာန႔္ကို ရွာၾကည့္ေနမိသည္။ မာန္မလာရင္ ဘားထဲက ပစၥည္းေတြ ကုန္ေတာ့မယ္ ထင္တယ္။

ေရး သူ ရပ္ေနသည့္ ေဘးဝိုင္း၌ ဆက္ခြန္းသစ္တို႔ရွိ‌ေနတာမွန္း သတိမထားမိပါေပ။ သူ အေရွ႕ကိုပဲ အာ႐ုံစိုက္ထားၿပီး ရိုင္းလ္လက္ထဲက ခြက္ေတြကိုသာ ဆြဲဆြဲယူေနမိတာမို႔ ရိုင္းလ္ ဘာခြက္မွ ထပ္မကိုင္ဘဲ ထိုင္ေနပစ္လိုက္သည္။

တျဖည္းျဖည္းနဲ႕ ေရး၏ ျမင္ကြင္းေတြ ႏွစ္ထပ္ျဖစ္လာကာ ေသြးေတြက မ်က္လုံးထဲကိုပါ စီးဝင္ကုန္ၿပီမို႔ ေရး လဲက်မသြားေအာင္ ရိုင္းလ္၏ ဆိုဖာေနာက္ေက်ာကို ဆုပ္ကိုင္ထားလိုက္ရသည္။ ေရး ဒီတစ္ခါ တကယ္မရေတာ့။ မ်က္လုံးေတြပါ စပ္ကုန္ၿပီမို႔ ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္ရကာ မွန္းထိုးရေတာ့မယ္ အေျခအေနျဖစ္ေနၿပီ။ ေခါင္းမွ ဒဏ္ရာက ေသြးပူေနတုန္းမို႔ မသိသာေပမယ့္ လက္ကေတာ့ အရမ္းနာေနတာ လက္တစ္ေခ်ာင္းလုံးပါ ေအာင့္တက္လာတဲ့အထိမို႔ နဖူးေၾကာေတြပါ ရႈံ႕လိုက္မိၿပီး ႏႈတ္ခမ္းကိုပါ ျပတ္ထြက္လုမတတ္ ဖိကိုက္ထားမိသည္။

ထိုစဥ္ ဘားထဲသို႔ ေျပးဝင္လာသည့္ မာန႔္ကို ဆက္ခြန္းသစ္ အရင္ဆုံး ျမင္လိုက္ရသည္။

ေသြးသံရဲရဲျဖစ္ေနေသာ ေရးကို ျမင္လိုက္ရတာေၾကာင့္ သွ်ိုင္းစက္မာန္ သူ ထည့္ယူလာခဲ့ရသည့္ စတီးတုတ္နဲ႕အတူ ေျပးလာခဲ့ကာ ေရးကို ထိုးဖို႔ျပင္ေနသည့္ လူမိုက္ေကာင္ကို အျမန္လာရိုက္ထုတ္ေပးရသည္။

"မင္းတို႔ေကာင္ေတြ သြားၾကေတာ့။ ဘာလုပ္ေနတာလဲ၊ လုံၿခဳံေရးေတြ အဲ့ေကာင္ေတြကို ဆြဲထုတ္သြားၾကစမ္း။ ပိုင္နက္က်ဴးလြန္မႈနဲ႕ မင္းတို႔ကို ငါ တရားစြဲလိုက္ရမလား"

တုတ္ႀကီး တရမ္းရမ္းနဲ႕ လူမိုက္ေကာင္ေတြကို ေက်ာင္းသားေတြအား စာသင္ေနသလိုမ်ိဳး ၿခိမ္းေျခာက္ေနေသာ မာန႔္ကို ျမင္လိုက္ရတာေၾကာင့္ ေရး စိတ္ေလွ်ာ့လိုက္နိုင္ခဲ့ကာ မ်က္လုံးေတြ မွိတ္ခ်လိဳက္ၿပီ။

ထို႔အတြက္ ဟန္ခ်က္ပ်က္သြားခဲ့ကာ သူ ထိန္းကိုင္ထားသည့္ ဆိုဖာေပၚမွ လူေပၚသို႔ ဝုန္းခနဲ ထိုးက်သြားတာမို႔ ရိုင္းလ္ခမ်ာ သူ႕ေပါင္ေပၚ ႐ုတ္တရက္ႀကီး ၿပိဳက်လာေသာ ေရးေၾကာင့္ ေသာက္လက္စမ်ားပင္ ဖြီးခနဲ သီးကုန္သည္။

မာန္က လုံၿခဳံေရးေတြကိုပါ ေခၚလာတာေၾကာင့္ ထိုလူေတြ ဆြဲထုတ္ခံလိုက္ရၿပီးၿပီမို႔ ေရးကို ျပန္ၾကည့္ဖို႔ အလွည့္ ဆက္ခြန္းသစ္တို႔ဝိုင္းကို သတိထားမိသြားခဲ့သည္။

ရိုင္းလ္ကေတာ့ သူ႕ေပါင္ေပၚက ေကာင္ကို ပစ္ခ်ရမလို၊ တြန္းထုတ္ရမလို ေတြေဝကာ ငုံ႕ၾကည့္ေနစဥ္ ေရး၏ အေမွာင္က်မသြားခင္ ေနာက္ဆုံး ရႉလိုက္မိတဲ့ ကိုယ္သင္းနံ႕က လာဗင္ဒါရနံ႕ဆိုတာကိုပင္။

မာန္ေရာ ခြန္းပါ ရိုင္းလ္နား ေရာက္လာခဲ့ၾကသည္။

သွ်ိုင္းစက္မာန္ လူနာတင္ယာဥ္ပါ ေခၚလာခဲ့တာမို႔ သူမ်ားတကာေပါင္ေပၚကို ေမွာက္ရက္ပစ္လဲေနေသာ ေရးကို ဆြဲထူဖို႔ လုပ္လိုက္ေပမယ့္ တုံ႕ျပန္မႈမရွိတာမို႔-

"ေရး. . .ေရး ဟင္. . .သူ သူ ေသသြားတာလား"

ျမင္မေကာင္းေလာက္ေအာင္ စီးက်ေနေသာ ေသြးေတြက ရိုင္းလ္ ဝတ္ဆင္ထားသည့္ အျဖဴေရာင္ အကၤ်ီလက္ေပၚကိုပင္ စြန္းကုန္ၿပီ။ ရိုင္းလ္ ထိုေကာင့္ခါးကို ထိန္းထားလိုက္ကာ သူ အရင္ထလိုက္ရၿပီး ဆိုဖာေပၚ ပက္လက္လွဲခ်ခိဳင္းလိုက္ရသည္။

ထို႔ေနာက္ ဘယ္လိုပဲ သူ ၾကည့္မရတဲ့ လူျဖစ္ေနပါေစဦးေတာ့ ဆရာဝန္တစ္ေယာက္ျဖစ္ေနတာမို႔ အေရးေပၚ စမ္းသပ္မႈ အျမန္လုပ္‌ရေတာ့သည္။

သို႔ေသာ္ျငား သူတို႔‌ေဘးက မာန႔္၏ ငိုႀကီးခ်က္မ ေအာ္ဟစ္ေနသံေၾကာင့္-

"ဟာ. . .ခြန္း အဲ့ဒါ မင္းသူငယ္ခ်င္းမလား၊ သူ႕အေပါက္ကို တစ္ခုခုနဲ႕ ပိတ္ထားလိုက္စမ္းကြာ။ ကိုယ္ ဒီမွာ ေသြးခုန္ႏႈန္းေတာင္ ေသခ်ာေရလို႔ မရေတာ့ဘူး"

အသုဘအခမ္းအနားေရာက္ေနသလို ေအာ္ဟစ္ငိုေတာ့မလို လုပ္ေနေသာ မာန႔္ကို ခြန္း တကယ္ ဝင္ထိန္းရေတာ့သည္။

"ဒီေလာက္ေလးနဲ႕ ေသစရာလား၊ တိုးတိုးေနေလ"

ဆက္ခြန္းသစ္ ေဟာက္လိုက္မွပဲ မာန္ ပါးစပ္ပိတ္သြား၏။ သူ ဒီရန္ပြဲကို အစအဆုံး ျမင္လိုက္ရတာ မဟုတ္၊ သူ ေတြ႕လိုက္တာ ေရး၏ အခုပုံစံပဲမို႔ လန႔္ၿပီး ေအာ္‌ဟစ္ေနမိျခင္းျဖစ္သည္။ ေရး အခုလို ထိခိုက္မိတာမ်ိဳးေတြကို အခုတေလာမွ ျမင္ျမင္ေနရတာမို႔ သွ်ိုင္းစက္မာန္ အသားမက်နိဳင္ျဖစ္သြားမိျခင္းပင္။

ဘားထဲက ဆူညံသံ‌ေတြေၾကာင့္ ဆက္ခြန္းသစ္ သူ႕အစ္ကိုနား ကပ္ေမးလိုက္ရသည္။

"အစ္ကို သူ ဘာျဖစ္သြားတာလဲ"

"pain shock ရသြားတာ။ ေခါင္းကေတာ့ ေျခာက္ခ်က္ေလာက္ ခ်ဳပ္ရလိမ့္မယ္။ ဟိုတစ္ေယာက္ မင္း ေဆး႐ုံေရာက္ရင္ သူ႕လက္ကိုပါ ပတ္တီးျပန္ကိုင္ခိုင္းလိုက္။ ဒီမွာ ငါ လုပ္ေပးလို႔ရတဲ့ဟာ မရွိဘူး၊ ေဆး႐ုံျမန္ျမန္သြားၾကၿပီးသာ ခ်ဳပ္ခိုင္းလိုက္"

AN - Pain shock (အလြန္အမင္း နာက်င္မႈေၾကာင့္ သတိလစ္သြားျခင္း)

"ဟုတ္"

ထပ္အေဟာက္ခံလိုက္ရျပန္တာေၾကာင့္ သွ်ိုင္းစက္မာန္ ထိုအစ္ကိုဆိုတဲ့သူကို သိပ္ေတာ့မၾကည္ခ်င္ေတာ့။ သူ ထိုေကာင့္ကို ခြန္းနဲ႕ တြဲတြဲေတြ႕ေနရလို႔ သိပ္ၾကည္ေနခဲ့တာမဟုတ္။ သို႔ေသာ္ျငား ခြန္းမ်က္ႏွာေၾကာင့္ မ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႕ ရိုရိုေသေသပဲ ျပန္ေျပာလိုက္ရသည္။

ခဏအတြင္း သွ်ိုင္းစက္မာန္ ေခၚထားသည့္ လူနာတင္ယာဥ္လည္း ေရာက္လာၿပီမို႔ ခြန္းကို ႏႈတ္ဆက္ခဲ့လိုက္ကာ လုံၿခဳံေရးေတြရဲ႕ အကူအညီနဲ႕အတူ ေရးကို ကားေပၚ အျမန္တင္လိုက္ရၿပီး ေဆး႐ုံသို႔ ေမာင္းထြက္လာခဲ့ရသည္။

ရိုင္းလ္တစ္ေယာက္ သူ႕ေပၚပါ ေသြးေတြနဲ႕ ညစ္ပတ္ေအာင္ လုပ္ခံလိုက္ရတာမို႔ ဘားထဲမွာ ဆက္မေနၾကေတာ့ဘဲ ခြန္းနဲ႕အတူ သူတို႔လည္း အိမ္ျပန္ၾကဖို႔ ဘားထဲက ထြက္လာေတာ့သည္။

---------------------------

"ေရး မင္း သတိရလာၿပီပဲ"

မ်က္လုံးဖြင့္ဖြင့္ခ်င္း မာန႔္၏ အသံနဲ႕အတူ မ်က္ႏွာၾကက္ျဖဴျဖဴကို အရင္ျမင္လိုက္ရသည္။

"မင္း ေခါင္းကေတာ့ ေျခာက္ခ်က္ ခ်ဳပ္ထားရတယ္။ လက္ကလည္း အမ်ားႀကီး ပိုမဆိုးသြားလို႔ ေတာ္ေသးတယ္။ ဒါေပမဲ့ ဂ႐ုမစိုက္ရင္ တစ္လေလာက္ နားရေတာ့မယ္တဲ့"

တရစပ္ ေရ႐ြတ္ေနေသာ မာန႔္လက္‌ေမာင္းကို အားယူၿပီး ေရး ထထိုင္လိုက္ရသည္။

"ငါ ေဆး႐ုံတက္ရဦးမွာလား"

"မလိုဘူး၊ ဒီေဆးခ်ိတ္ထားတာ ကုန္ရင္ ျပန္ခ်င္ျပန္လို႔ရတယ္။ ေရးေခတၱရာ မင္း တျဖည္းျဖည္း မံမီ႐ုပ္နဲ႕ တူလာၿပီ သိလား။ လက္မွာပတ္တီး၊ ေခါင္းမွာပတ္တီးနဲ႕၊ ေရာက္လက္စနဲ႕ ေျခေထာက္မွာပါ ႀကိဳစီးသြားလိုက္ပါလား"

ေရး၏ အၾကည့္ ဒိုင္းခနဲ ေရာက္လာတာမို႔ မာန္ မသိမသာ သုံးလွမ္းေလာက္ ေနာက္ဆုတ္ထားလိုက္ရသည္။

"မတတ္နိုင္ဘူးေလ၊ ဒီတစ္ခါ အဲ့ေကာင္ေတြ အရင္ ရန္စတာ"

"ရန္စတိုင္း လက္ပါ ေနတာပဲလား၊ ပါးစပ္နဲ႕ အရင္ရွင္းေလ"

"ငါ ပါးစပ္နဲ႕ ရွင္းလိုက္ရင္ အဲ့ေကာင္ေတြ ဒီထက္ အေျခအေနပိုဆိုးသြားမွာ"

"ဟက္၊ ပိုးစိုးပက္စက္ခံလိုက္ရတာေတာင္ ေသာက္ႀကီးေသာက္က်ယ္ လာေျပာေနေသးတယ္"

သွ်ိုင္းစက္မာန္ ကုတင္ေဘးက ခုံမွာ ျပန္ဝင္ထိုင္လိုက္ၿပီး ပတ္တီးအေဖြးသားေတြအျပင္ ျခစ္ရာ ထိခိုက္ရာ ဗလပြနဲ႕ ေရး ကို စိတ္ပ်က္လက္ပ်က္ ထိုင္ၾကည့္ေနမိသည္။

"တစ္ေန႕တေလေလာက္ ခႏၶာကိုယ္မွာ ဒဏ္ရာမရွိရင္ အိပ္မေပ်ာ္လို႔လား။ က်စ္. . .ၾကည့္ရတာ မင္းမွာ ထိန္းေက်ာင္းေပးမယ့္ ရည္းစားမရွိလို႔ စိတ္က ေလလြင့္ေနတာေနမယ္။ ဒီလိုလုပ္၊ ငါ အသိေတြထဲက အေခ်ာေလးေတြ ရွာခဲ့ေပးရမလား။ မင္း ေကာင္မေလးႀကိဳက္တာလား ေကာင္ေလးႀကိဳက္တာလားပဲ ေျပာလိုက္။ ငါ အျမန္ရွာလာခဲ့ေပးမယ္"

အမွန္တိုင္း ဝန္ခံရရင္ ေရးက အခုခ်ိန္ထိ ရည္းစားမထားခဲ့ဖူးသလို သူ ႀကိဳက္ေနတယ္ ခ်စ္ေနတဲ့သူ ရွိၿပီဆိုတာမ်ိဳး သူတို႔ေတြကို ေျပာျပဖူးလာတာမ်ိဳးလည္း မရွိတာေၾကာင့္ ေရးက အေကြးလား၊ အဆန႔္လားပင္ သူတို႔သုံးေယာက္ မသိပါေပ။

သလြန္း၊ ခြန္းနဲ႕ မာန္။ သူတို႔သုံးေယာက္ ခုလိုေပါင္းမိသြားခဲ့တာက သူတို႔၏ လိင္စိတ္တိမ္းၫႊတ္မႈကပါ တူေနၾကတာကို မထင္မွတ္ဘဲ သိလိုက္ရတာေၾကာင့္ ပိုၿပီးရင္းႏွီးသြားခဲ့ၾကျခင္းပင္။

မာန္ အခုဖြင့္ထားသည့္ ပန္းဆိုင္က သလြန္း၏ ပန္းဆိုင္ျဖစ္ၿပီး ေဘးအခန္းက သလြန္းငွားေနခဲ့သည့္ အိမ္ခန္းျဖစ္သည္။ ထို႔အတြက္ အိမ္ရွင္ အိမ္ငွား ဆက္ဆံေရး ျဖစ္ေနတဲ့ ေရးနဲ႕ သလြန္း၊ အလုပ္တူတူ တြဲလုပ္ေနျဖစ္ခဲ့တဲ့ မာန္နဲ႕ ခြန္းက ပိုအေနနီးၾကသလို ျဖစ္ေနရာကေန သလြန္းဆိုင္ကို မာန္တို႔ လာလာလည္ျဖစ္ၾကရင္း ေလးေယာက္ ရင္းႏွီးသြားခဲ့ၾကသည္။

မာန္ သူ ေျပာေနတာကို မသိခ်င္ေယာင္ေဆာင္ေနျပန္ေသာ ေရးကို ဒီတစ္ခါေတာ့ အလြတ္မေပးေတာ့ဘဲ တရစပ္ ဘယ္လိုလူကိုႀကိဳက္တာလဲ ထိုင္ေမးေနဆဲမို႔-

"တိတ္တိတ္ေနစမ္းပါကြာ၊ ေခါင္းကြဲသြားလို႔ စိတ္ညစ္ေနရတဲ့ၾကားထဲ။ မသိဘူး ဟုတ္ၿပီလား။ ငါ ဘာႀကိဳက္လဲလည္း မသိဘူး"

"ဟုတ္လား၊ ဒါဆို စမ္းၾကည့္လိုက္ေလ။ ‌ေကာင္ေလးျဖစ္ျဖစ္၊ ေကာင္မေလးျဖစ္ျဖစ္ကို တစ္ခါေလာက္ စမ္းနမ္းၾကည့္လိုက္ပါလား။ အဲ့ဒါဆို မင္း ဘယ္အမ်ိဳးအစားကို ပိုစိတ္ဝင္စားလဲ သိသြားလိမ့္မယ္"

"ခ်ီး. . .ငါ ေခါင္းပဲကြဲ႐ုံေလာက္နဲ႕ မေက်နပ္ေသးတာလား။ ပါးက်ိဳးရင္က်ိဳး၊ မက်ိဳးရင္ အထိုးခံရေအာင္ပါ လုပ္ေနတာလား။ ရည္းစားလည္း မလိုဘူး"

ထို႔အတြက္ မာန္ အတည္အတံ့ပဲ ေျပာလိုက္ရေတာ့သည္။

"ငါနဲ႕ သလြန္း မင္းကို စေတြ႕တုန္းကလည္း မင္းက အခုလိုပဲ ဆိုးေနတယ္ဆိုေပမယ့္ တၿပိဳင္တည္းမွာပဲ ၿပဳံးရယ္ေနတတ္ေသးတယ္။ အခုလို ကိုယ့္ကိုယ္ကိုယ္ အၿမဲထိခိုက္မိေအာင္ လုပ္ေနမယ့္အစား ငါက မင္း ရႈပ္ေပြေနတယ္ဆိုရင္ေတာင္ ေက်နပ္ေနဦးမွာ"

". . . ."

"ဒီႏွစ္ေတြမွာ ငါ့အတြက္ မင္းတစ္ေယာက္ပဲ ရွိခဲ့တာ။ မင္း ရွိေနလို႔ ငါ အခုခ်ိန္ထိ ေပ်ာ္ေအာင္ေနလို႔ ရခဲ့ေသးတယ္။ မင္းပါ မရွိေတာ့ရင္၊ မင္းကိုပါ ထပ္ဆုံးရႈံးလိုက္ရရင္ ငါ ဘယ္လိုလုပ္ရမလဲ။ ငါ ေနာက္ထပ္ သူငယ္ခ်င္းတစ္ေယာက္ကိုေတာ့ ထပ္မဆုံးရႈံးခ်င္ေတာ့ဘူး"

"အခုက ေခါင္းေလးကြဲသြား႐ုံပါကြာ"

"အခုေတာင္ မင္းပဲ ခံလာရတာေတြ မ်ားေနၿပီေလ။ ေနာက္က်ရင္ ဓားေတြ၊ အဲ့ထပ္ပိုၿပီး ေသနတ္ေတြနဲ႕ ျဖစ္လာၾကရင္ မင္း ဘယ္လိုလုပ္မွာလဲ။ သူတို႔က အဖြဲ႕လိုက္၊ မင္းက အၿမဲတစ္ေယာက္တည္း။ ငါ တစ္ခါတည္း ေျပာထားမယ္ေနာ္။ ငါ မင္းကို ေထာင္ဝင္စာေရာ၊ အုတ္ဂူမွာပါ လာမေတြ႕ခ်င္ဘူး"

"မာန္"

"ငါ အလုပ္ရွိလို႔ ျပန္ႏွင့္ေဝာာ့မယ္။ မင္း ကိုယ့္ဘာသာကိုယ္ပဲ အိမ္ျပန္လိုက္ေတာ့။ ငါ မင္းကို တကယ္ စိတ္ဆိုးေနတာ။ မင္းက ခြန္းကို ထိခိုက္ေအာင္ လုပ္ရရင္လုပ္ရ၊ မလုပ္ရရင္ ငါ့ကို ေန႕တိုင္း ေန႕တိုင္း အခုလို အလုပ္ရႈပ္ေအာင္ လုပ္လုပ္ေနတဲ့ေကာင္"

မာန္ တံခါးေစာင့္ပိတ္ၿပီး ထြက္သြားၿပီမို႔ ေစ့ပိတ္သြားေသာ တံခါးကို ၾကည့္ရင္း ေရး သက္ျပင္းခ်လိဳက္မိသည္။

ေနာက္ဆုံးေတာ့ သူ႕ေဘးမွာ ဘယ္သူကမွ အခ်ိန္ေပးၿပီး မေနခ်င္ၾကဘူးဆိုတဲ့ ခံစားမႈေၾကာင့္ ဘယ္မွာေနေန တစ္ေယာက္တည္းပဲမို႔ ဒီညေတာ့ ေဆး႐ုံမွာပဲ အိပ္လိုက္ေတာ့ဖို႔ ဆုံးျဖတ္လိုက္ေတာ့ကာ ျပန္လွဲအိပ္လိုက္ေတာ့သည္။

------------------------------

ဒီေန႕က ရိုင္းလ္ ပုဂံသြားမည္ဟု စီစဥ္ထားခဲ့သည့္ ရက္။

ေခ်ာင္းဆိုးသံ၊ ႏွာေခ်သံေတြနဲ႕အတူ အဖ်ား 102 ျဖစ္ေနတဲ့ ရိုင္းလ္ကို ဆက္ခြန္းသစ္ ကားေမာင္းေနရာကေန လွည့္ၾကည့္လိုက္ရသည္။

"အစ္ကို ဒီေလာက္ ေနမေကာင္းျဖစ္ေနတာကို မျဖစ္မေန ဒီညထြက္မွ ျဖစ္မွာလား။ ရက္ေ႐ႊ႕လိုက္တာ မဟုတ္ဘူး"

"အဟြတ္. . .ရတယ္၊ ရိုးရိုးအဖ်ားေလးပါ။ ေဆးလည္း ေသာက္ထားၿပီးၿပီ။ ကိုယ္ မနက္ေရာက္မွ ျဖစ္မွာမို႔"

ပုံမွန္ဆို ရိုင္းလ္က သူ႕ကားနဲ႕သူသာ ပုဂံကို တိုက္ရိုက္ေမာင္းသြားဖို႔ လုပ္ထားခဲ့တာျဖစ္သည္။ အခုေတာ့ မေန႕ကမွ ေကာက္ကာငင္ကာ ထဖ်ားလာတာေၾကာင့္ အေဝးေျပးကားနဲ႕ပဲ သြားဖို႔လုပ္ရတာမို႔ ဆက္ခြန္းသစ္ ရိုင္းလ္ကို အေဝးေျပးကြင္းဆီ ေမာင္းပို႔ေပးေနျခင္းပင္။

"အဲ့ေလာက္ဖ်ား‌ေနတာေတာင္ ရက္မေ႐ႊ႕နိုင္ဘူးဆိုေတာ့ အစ္ကို ဘယ္သူဆီသြားမွာလဲ အတည္သိခ်င္လာၿပီ။ ကြၽန္ေတာ္ လိုက္လို႔မရတာ နာတယ္"

ရိုင္းလ္ ထိုေကာင္ေလးကို ၿပဳံးျပၿပီး ေခါင္းသာ လွမ္းပုတ္လိုက္နိုင္ေတာ့သည္။ သူ ေခ်ာင္းပါ အနည္းငယ္ဆိုးေနတာေၾကာင့္ ကားေပၚက မဆင္းခင္ mask အရင္တပ္လိုက္ရသည္။

ပုံမွန္ဆို အရမ္းေအးတဲ့ လန္ဒန္မွာေတာင္ သူ အခုလို ဖ်ားနာျခင္းမရွိခဲ့ဘဲ အခု ဘယ္ေလာက္မွ မေအးတဲ့ ရာသီဥတုက်မွ ဖ်ားေနရတာမို႔ အလွ‌ေလးေတြနဲ႕ တူတူမေနရတာ မ်ားသြားလို႔မ်ား အခုလို က်န္းမာေရး မေကာင္းျဖစ္သြားတာလားဟုပင္ ေတြးမိရတဲ့အထိ။ သူ႕အိပ္ရာ မေႏြးတာ ၾကာေနၿပီေလ။

သို႔ေသာ္ျငား အခုကစၿပီး ရိုင္းလ္ အတည္လိမ္မာဖို႔ ႀကိဳးစားေနတာမို႔ ထိုကဲ့သို႔ အိပ္ရာေဖာ္ေတြ ထပ္ရွာဖို႔ေတာ့ လုံးဝစိတ္ကူးမရွိပါေပ။

"အစ္ကို ဂ႐ုစိုက္ဦး၊ ကြၽန္ေတာ္ အလုပ္ေတြ ေစာၿပီးခဲ့ရင္ လိုက္လာခဲ့မယ္"

"အင္း၊ ဒါဆို ဂ႐ုစိုက္ၿပီး ျပန္ေမာင္းသြားေတာ့၊ လိုက္လာျဖစ္ရင္ ကိုယ့္ကို ဖုန္းဆက္လိုက္"

ခြန္းကို ႏႈတ္ဆက္လိုက္ၿပီး ရိုင္းလ္ သူ႕ luggage ကို ကားဝမ္းဗိုက္ထဲ ထည့္ခဲ့လိုက္ကာ ရန္ကုန္မွ ပုဂံသို႔ ေျပးဆြဲမည့္ ခရီးသြားကားေပၚသို႔ တက္ခဲ့လိုက္သည္။

ခုံနံပါတ္ တစ္ခ်က္ရွာလိုက္ၿပီး သူ ထိုင္ရမည့္ေနရာက ေလွ်ာက္လမ္းေဘးက အျခမ္းမို႔ စိတ္ညစ္သြားမိသည္။ ကားလက္မွတ္ကို အျမန္စီစဥ္လိုက္ရတာမို႔ တစ္ေယာက္ထိုင္ခုံေတြက ျပည့္ေနခဲ့သည္။ ေနရာဂ်ီမ်ားေနတာ မဟုတ္ေသာ္ျငား သူ ေနလို႔တကယ္မေကာင္းတာမို႔ တစ္လမ္းလုံး အိပ္ၿပီးလိုက္ဖို႔ စီစဥ္ထားခဲ့တာေၾကာင့္ သူ႕ေဘးကတစ္ေယာက္က မေတာ္တဆ ဝင္လိုက္ ထြက္လိုက္ ခဏခဏလုပ္ေနမယ့္သူဆိုရင္ ဖယ္ဖယ္ေပးရမွာမို႔ သူ ေကာင္းေကာင္းအိပ္လို႔ရမွာမဟုတ္။

ခုံနံပါတ္က အလယ္နားေလာက္မွာမို႔ ရိုင္းလ္ ဝင္ထိုင္ဖို႔ ျပင္လိုက္သည္။ ထိုစဥ္ သူ႕ေဘးခုံက လူေရာက္ေနၿပီျဖစ္တာမို႔ တစ္ခ်က္လွမ္းရွိုးလိုက္မိေပမယ့္ အဲ့ဒါ လူလား၊ အမည္းေရာင္ အထုပ္ခ်ထားတာလားပင္ မသဲမကြဲ ျဖစ္သြားရတဲ့အထိ။

သူ႕ေဘးက လူက ေကာင္ေလးျဖစ္မည့္ပုံရေပမယ့္ တစ္ကိုယ္လုံး အနက္ေရာင္ ဝတ္ဆင္ထားၿပီး ထပ္ဝတ္ထားသည့္ အေႏြးထည္မွာပါတဲ့ ေခါင္းစြပ္ကိုပါ ေခါင္းမွာအုပ္ထားတဲ့အျပင္ ရာဘာလက္အိတ္အမည္းပါ ဝတ္ဆင္ထားေသး။ ထို႔ထက္ပိုဆိုးတာက mask အမည္းလည္း တပ္ထားသလို ဘယ္အခ်ိန္ကထဲက ေရာက္ေနမွန္းမသိတဲ့ ထိုတစ္ေယာက္က မ်က္လုံးအကာအမည္းကိုပါ အုပ္ထားၿပီး အိပ္ေနတာေၾကာင့္ ရိုင္းလ္ သူ႕ေဘးကလူကို ၾကည့္ရင္း အသက္ရႉၾကပ္လာသလိုလို၊ အိုက္လာသလိုလို။

မဟုတ္မွလြဲေရာ ဝရမ္းေျပးေတြ ဘာေတြမ်ားလား။

ရိုင္းလ္ ထိုလူ႕ေဘးမွာ တိတ္တိတ္ေလး ဝင္ထိုင္လိုက္မိသည္။ ရိုင္းလ္ခမ်ာ ေနမေကာင္းတဲ့ၾကားထဲကေတာင္ ထြက္လာခဲ့ရတာေၾကာင့္ သူ ဒီခရီးကို ေအးေအးခ်မ္းခ်မ္း ေရာက္သြားခ်င္တဲ့ ဆႏၵပဲ ရွိတာမို႔ ဓားျပေတြ၊ လူမိုက္ေကာင္ေတြနဲ႕ အတူထိုင္ရတာမ်ိဳး မျဖစ္ရန္၊ ထိုင္ရရင္လည္း ဘာျပႆနာမွ မျဖစ္ဘဲနဲ႕ ေခ်ာေခ်ာေမြ႕ေမြ႕ ေရာက္သြားရန္သာ ဆုေတာင္းခ်င္မိသြားသည္။

ထို႔ေနာက္ သူလည္း နားခ်င္ၿပီမို႔ ေက်ာမွီလိုက္ကာ မ်က္လုံးေတြမွိတ္ထားလိုက္သည့္ခဏအၾကာမွာပင္ အေဝးေျပးကားဝင္းထဲမွေန ကားလည္း စတင္ထြက္ခြာလာခဲ့ေပသည္။

___________________________________________

Continue Reading

You'll Also Like

389K 27.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
159K 14K 49
MyanmarxBL(unicode+zawgyi) 🌸Owncreation🌸 This story is just my imagination. "ကိုယ့်ရဲ့အရှင်" S2 "ကိုယ့္ရဲ႕အရွင္" S2
245K 27.7K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
296K 23.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024