Snowless Winter Dream [Comple...

By Ennia_Yawn

77.2K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 4

1.7K 107 5
By Ennia_Yawn

လှပစွာ ခင်းကျင်းထားသော ရနံ့မျိုးစုံရ‌နေသည့် ပန်းဆိုင်ထဲ၌ စားပွဲကို လက်နှစ်ဖက်ထောက်ကာ ငုံ့ကြည့်နေသော ရိုင်းလ်စေတန်နဲ့ ထိုင်ခုံနောက်ကျောကို မှီထိုင်လိုက်ပြီး လက်ပိုက်ကာ မျက်ခုံးပင့်ပြနေတဲ့ ရေးခေတ္တရာတို့၏ အကြည့်စစ်ပွဲက သူတို့ဘေးနားရှိ လေထုကိုပါ အေးစက်လာစေသည်။

ရိုင်းလ် ဒီကောင့်ကို ကြည့်မရတဲ့ အရာက အခုလိုမျိုး မျက်လုံးတွေက လှောင်ပြောင်သရော်ဟန်ပါပြီး မထိမဲ့မြင် လုပ်လုပ်ပြတတ်တဲ့ မျက်ခွက်ကိုပင်။

ရေးကတော့ ရှင်း၏။ ထိုကပြားကောင်ကို ခေါင်းအစ ခြေအဆုံး ကြည့်မရတာ။

"ဒီတိုက်က တကယ်ကြီး မင်းပိုင်တာလား"

ရေး သူ့ပါးစောင်အား လျှာနဲ့ထိုးလိုက်ရင်း မေးဆတ်ပြလိုက်သည်။

အံ့ဩစရာပဲ၊ ဒီကောင်က ဆရာဝန်တဲ့လား။ လူနာတွေအတွက်တော့ ရင်လေးစရာကြီးပဲ။

"အစက ကျေးဇူးတင်စကားတောင် ပြောချင်နေတယ်ဆိုလို့ ဘယ်သူများမို့လဲ အိပ်ရေးပျက်ခံပြီး ထိုင်စောင့်နေမိတာ။ မင်း ငါ့ကို တောင်းပန်စကားပါ ပြောသင့်တယ်ဟုတ်။ ဆို၊ မင်း ငါ့ကို သိလို့လား"

ရိုင်းလ် မျက်နှာမဲသွားခဲ့သည်။

ဒီအရိုင်းအစိုင်းကောင်ကို သူ ဒီနှစ်နှစ်လုံး တွေ့ချင်နေခဲ့မိတာတဲ့လား။ အမြဲလိုလို ကြည့်ခဲ့မိတဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး ထိုဓာတ်ပုံကို မီးရှို့လိုက်ချင်မိသည်။

သူ တကယ် shock ရသွားတာမို့ ရုတ်တရက် ဘာစကား ပြန်ပြောရမှန်း မသိအောင်ထိ အာစေးမိနေခဲ့သည်။

သူ ဒီနှစ်နှစ်လုံး ထိုပိုင်ရှင်ကို စကားတွေ ပြောချင်ခဲ့သည်။ မေးချင်တာတွေ ရှိခဲ့သည်။ သူ တဆင့် အကြံပေးလိုက်သလို လာဗင်ဒါရနံ့တွေ သုံးရဲ့လား သိချင်ခဲ့သည်။ ထို့အတွက် မြန်မာပြည် ပြန်ရောက်ရင် သေချာပေါက် သွားရှာကြည့်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

အခုတော့ လေပူတစ်ချက်သာ မှုတ်ထုတ်လိုက်ရင်း ပစ်တင်ခဲ့တဲ့ ဖိုင်တွဲကို ပြန်ယူလိုက်ကာ-

"ဒီနေရာကို မင်းပိုင်မှန်း မသိလို့ လာခဲ့မိတာ။ ကျေးဇူးတင်ကြောင်း ပြောချင်တယ်ဆိုတာလည်း လျှောက်ပြောခဲ့တာ။ ဒါဆို အနည်းဆုံးတော့ ငါ ဒီပိုင်ရှင်ဆီက အာရုံစိုက်မှု ရမယ်ထင်လို့လေ။ အခုတော့ မင်း ငါ့ကို အလကား ပေးဖွင့်မယ်ဆိုရင်တောင် စိတ်မဝင်စားတော့တာမို့ Bye"

ထွက်သွားဖို့ပြင်နေသော ကပြားကောင်ကို ရေး ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်မိသည်။ ခွန်းမှာ အစ်ကိုရှိတယ်လို့ သူပဲ မသိခဲ့တာများလား။ ဘယ်လိုကြည့်ကြည့် ခွန်းနဲ့ ဒီကောင်က နည်းနည်းတောင် မတူပေ။

ရေးက ပုံမှန်အချိန်ဆို စိတ်ဆတ်တတ်ပေမယ့် အခုတော့ ထိုကောင်လည်း အေးဆေးထွက်သွားပြီပဲမို့ ရန်စရှည်အောင် မလုပ်တော့။ အခုနေ ရန်ထဖြစ်မိရင် သူ့လက်က ကောင်းသေးတာ မဟုတ်တာမို့ ထပ်ခံနေရဦးမယ်။ ကိုယ် မနိုင်သေးမယ့်ပွဲကိုတော့ ရေး စိန်မခေါ်ပါ။

ထို့ကြောင့် သူလည်း အပေါ်ပြန်တက်အိပ်ဖို့ ပြင်လိုက်စဉ် ဆိုင်ထဲသို့ အတင်းတိုးဝင်လာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

အလောသုံးဆယ် ဝင်လာသော ထိုလူ ရေးကို မြင်လိုက်ရတာကြောင့် မျက်နှာဝင်းလက်သွားကာ ရေးဆီလာဖို့ ရိုင်းလ်ကိုတောင် တွန်းတိုက်မိသွားသလို ဖြစ်သွားခဲ့သည်။

"နောက်ဆုံးတော့ ပိုင်ရှင်နဲ့ တည့်တည့်တိုးပြီပဲ။ ကျွန်တော် ပြောထားတာလေး စဉ်းစားပေးပါဗျာ။ ကျွန်တော် ဟိုဖက်ခန်းကို နှစ်ဆ ငှားခပေးပါ့မယ်"

ရေး တကယ် စိတ်ညစ်သွားရသည်။ သူ ထိုနေရာကို မငှားပါဘူးလို့ ပြောထားတာကို ခေါင်းကြောမာတဲ့ ထိုလူက အခုထိ ဇွဲမလျှော့သေးဘဲ မရမက လာလာရှာနေဆဲပင်။ ဆရာဝန်ဆိုတဲ့တစ်ယောက်ကိုတောင် အသိတွေမို့များလား သူ သိချင်လို့ ဆင်းစောင့်‌နေခြင်းပင်။

လခွမ်းပဲ. . .မာန်က သူ့ကို ဒီနေ့ ချိန်းသမျှလူအကုန်နဲ့ ထိပ်တိုက်တွေ့အောင် ထိုးထည့်သွားခဲ့တာပဲ။ 

ထိုစဉ် ရိုင်းလ်၏ အပြင်ထွက်ခါနီး ခြေလှမ်းတွေ ရပ်တန့်သွားကာ နောက်ပြန်လျှောက်လာခဲ့သည်။

"မရဘူးဗျ၊ အဲ့အခန်းက အခုလေးတင်ပဲ ကျွန်တော့်ကို ငှားလိုက်ပြီးပြီ"

"ဟင်. . .တကယ်ကြီးလားဗျာ၊ ကျွန်တော် ဒီလောက် တောင်းဆိုနေတာကိုလေ။ ခင်ဗျားက ကျွန်တော့်ထက် ပိုပေးနိုင်လို့လား"

သူ့ဘေးလာရပ်ပြီး အတည်ပေါက်ကြီး ပြောနေသော ကပြားကောင်ကြောင့် ရေး ခဏ ငြိမ်နေလိုက်ရသည်။

"နှစ်ဆမဟုတ်ဘူး၊ လေးဆလောက်ကို ပိုပေးထားတာ။ အခုပဲ စာချုပ်ချုပ်ဖို့ လုပ်နေကြတာလေ၊ ဒီမှာ"

ရိုင်းလ် သူ့ဖိုင်တွဲထဲက စာချုပ်ကို ထုတ်ပြလိုက်ပြီး ဖျတ်ခနဲ ပြန်သိမ်းလိုက်တာမို့ ထိုလူ တကယ် ကြေကွဲသွားရသည်။ ထို့အတွက် ရေးကို ဟုတ်မဟုတ် အတည်ပြုရန် မျက်နှာငယ်လေးနဲ့ ကြည့်လာတာကြောင့် ခေါင်းကြောမာတဲ့ ထိုလူနဲ့ မြန်မြန်ကိစ္စပြတ်အောင် ခေါင်းညိတ်ပြလိုက်တာမို့ သက်ပြင်းချပြီး ထွက်သွားတော့သည်။

ဘာလား. . .ဒီ‌ကောင်က စာချုပ်ကြီးကိုင်ပြီး လျှောက်သွားနေတာလား။

ရေး သူ့ဘေးက ကောင်ကို လှည့်ကြည့်လိုက်ကာ-

"ငါ မင်းကိုလည်း မငှားဘူးနော်"

"စိတ်မပူစမ်းပါနဲ့၊ ငါ နောက်ဆို ဒီနေရာကို မျက်စောင်းတောင် လှည့်မထိုးဘူး စိတ်ချ။ ငါ မင်းကို ကူညီတယ်လို့တော့ ထင်လိုက်တာ မဟုတ်ဘူးမလား။ ဟက်၊ အဲ့နေရာကို ငါ မရရင် တခြားသူလည်း မရအောင် လုပ်ချင်လို့လေ။ ဒီတစ်ခါတော့ တကယ် Bye"

သူ့လက်ကို ငုံ့ကြည့်ပြီး ပြုံးစစလုပ်သွားသော ကပြား‌ကောင်ကြောင့် ရေး ဒေါသထွက်လာခဲ့သည်။

ဒီကောင့်ကိုတော့ တစ်ခါထဲ ဂန့်မသွားဘဲ ဖြည်းဖြည်းချင်း ဒုက္ခပေးရမှကို သူ ကျေနပ်တော့မှာမို့ ဆိုင်၏ မှန်ချပ်တွေကနေတဆင့် ကားဆီသို့ လျှောက်သွားနေသည့် ကပြားကောင်ကို လှမ်းကြည့်လိုက်သည်။

ထို့နောက် သူ့မှာ တကယ် အစွမ်းရှိတာဟုတ်မဟုတ် စမ်းကြည့်ဖို့အတွက် ထိုလူ့ကို စူးစိုက်ကြည့်နေရင်းနဲ့ တစ်ကိုယ်တည်းကြားရုံသာ နှုတ်ခမ်းလှုပ်လာသည်။

"ခလုတ်တိုက်ပြီး ပစ်လဲစမ်း၊ ပစ်လဲစမ်း၊ အခုချက်ချင်း"

အ့!

ရိုင်းလ် ပလက်ဖောင်း အနိမ့်အမြင့်ကို သေချာပဲ သတိမထားမိလိုက်တာလားပင် မသိ၊ ခြေချော်ပြီး ပစ်လဲတော့မလို ဖြစ်သွားတာမို့ ဝုန်းခနဲ အရှိန်လွန်ကျမသွားခင် သတိနဲ့နေတတ်တဲ့အကျင့်ကြောင့် အမြန်ပြန်ထိန်းလိုက်သော်ငြား အရက်မူးနေတဲ့သူလိုပင် ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်တော့ကာ ဘိုင်းခနဲ ဒူးထောက်ကျသွားတာမို့ လက်အမြန်‌ထောက်လိုက်ရတာအတွက် စိမ့်ခနဲ။

"OMG! ငါ ဒီအဆင့်ကို မမြင်လိုက်တာလား"

ဆိုင်ရှေ့မှာ လူရှင်းနေလို့သာ တော်တော့တယ်၊ မဟုတ်ရင် မကြီးမငယ်နဲ့ ချော်လဲကျတာ ရှက်ဖို့တောင်ကောင်းတာမို့ အမြန်ပြန်ထရပ်လိုက်ပြီး ကားတံခါးစောင့်ပိတ်ကာ အရှိန်နဲ့ မောင်းထွက်လာခဲ့ရသည်။

ထိုမြင်ကွင်းကို ကျေနပ်နေတဲ့ ရေး သူ့မှာ ဒီလိုအစွမ်းရှိနေတာကို ပထမဆုံးအကြိမ် ပျော်မိသွားခြင်းပင်။ သူ အမြဲလိုလို တိုက်ဆိုင်တာပါဟုပဲ မျက်စိစုံမှိတ် ကိုယ့်ကိုယ်ကိုယ် လှည့်စားမိခဲ့ပေမယ့် ဟိုနေ့ကလိုပဲ ထပ်ဖြစ်လာခဲ့တာကြောင့် ငိုရမလို ပျော်ရမလို။

ဘယ်လိုပဲဖြစ်ဖြစ် ခံလိုက်ရသူတွေက သူ ကြည့်မရတဲ့ လူတွေပဲမို့ အနည်းငယ် စိတ်ကျေနပ်သွားခဲ့ပြီ။ သို့ပေမယ့် ရေး သူ့ကိုယ်သူလည်း တကယ် ပိုလန့်လာမိခဲ့ပါသည်။

----------------------

ဆက်ခွန်းသစ် သူ့တိုက်ခန်းထဲ ဖုန်းပြောရင်း သော့ဖွင့်ဝင်လာခဲ့စဉ် ရိုင်းလ် အသင့်ပြင်ပေးထားခဲ့သော နေ့လယ်စာကို အုပ်ဆောင်းအောက်၌ တွေ့လိုက်ရသည်။

"တွေ့တယ် အစ်ကို။ နေ့လယ်စာကို တကူးတက လာပို့သွားပေးလို့ ကျေးဇူး"

"အင်း၊ ဒီနေ့ မင်း အိမ်မှာ ရှိနေမယ်ထင်လို့ နေ့လယ်စာ တူတူစားဖို့ ဝယ်လာလိုက်တာ။ အခုတော့ အရေးပေါ်ကိစ္စလေးရှိလို့ တစ်ယောက်တည်းပဲ စားလိုက်တော့နော်။ ကိုယ် ညကျမှ ဘားသွားဖို့ လာခေါ်ဦးမယ်။ ဒီညနေ တူတူသောက်ကြရ‌အောင်။ ကိုယ် တွေ့ထားတဲ့ ဘားတစ်ခု ရှိတယ်"

ဆက်ခွန်းသစ် သူ့အား ဘယ်အချိန် လာခေါ်ဖို့ ချိန်းလိုက်တော့ကာ နေ့လယ်စာ ထိုင်စားဖို့ ပြင်လိုက်စဉ် ဆိုဖာရှေ့မှ ခုံပေါ်၌ ဖိုင်တွဲတွေ့လိုက်ရတာမို့ အရင်လာယူကြည့်လိုက်မိသည်။

"ဖိုင်တွဲ ကျန်ခဲ့တာပဲ"

တစ်ချက်လှန်လှောကြည့်လိုက်တော့ ရိုင်းလ်၏ ဘွဲ့လက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေမို့ ညနေကျ တစ်ခါထဲ ပြန်ပေးဖို့ တွေးနေတုန်း စာရွက်တွေကြားက ဓာတ်ပုံတစ်ပုံ ထွက်ကျလာကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။

ထို့အတွက် ပြန်ထည့်ထားဖို့ ကောက်ယူကြည့်လိုက်စဉ် ခွန်း၏ မျက်လုံးများ ဝိုင်းစက်သွားခဲ့ကာ သူ့အကြည့်များ မှားနေသလား မျက်လုံးတွေကို သေချာအလုပ်ပေးနေရတဲ့အထိပင်။

"ရေးလား"

ဖိုင်တွဲကို အမြန်ချလိုက်ကာ တခြားဓာတ်ပုံများ ထပ်ရှိလိုရှိနိုင်ငြား စာရွက်တွေကြားထဲ မွှေနှောက်ရှာလိုက်ပေမယ့် ဒီတစ်ပုံထဲသာ တွေ့ရသည်။

ဆက်ခွန်းသစ် ထိုဓာတ်ပုံကို ပြန်ကြည့်လိုက်ပြီး ဘယ်လိုဖြစ်ပြီး ရေး၏ ဓာတ်ပုံ ရိုင်းလ်ဆီမှာ ရှိနေတာလဲဆိုတာ အံ့ဩသွားခဲ့ရသည်။

ဓာတ်ပုံက ရေး၏ နောက်ကျောပဲမို့ သူသာ အဆောက်အဦးကြောင့်နဲ့ ရင်းနှီးနေကြတဲ့သူမို့သာ ရေးမှန်း တန်းသိလိုက်ခြင်းပင်။ ဒီဓာတ်ပုံရိုက်ထားတဲ့သူက အဆောက်အဦးတစ်ခုလုံးကို အဝေးက လှမ်းရိုက်လိုက်ပုံကိုမှ ထိုအဆောက်အဦး၏ ပန်းဆိုင်ထဲသို့ စိုက်ကြည့်နေတဲ့ ရေး၏ နောက်ကျောကိုပါ ရိုက်မိသွားသည့်ပုံ ဖြစ်မယ့်ပုံပင်။ ဓာတ်ပုံထဲ၌ လူပုံထက် နှစ်ထပ်အဆောက်အဦးကြီးကသာ အဓိကလို ဖြစ်နေသည်။

သူ့အစ်ကို ရေးကို မသိတာတော့ သေချာတာမို့ ရိုင်းလ်က ဒီနေရာကို သိနေတာလား။

ဆက်ခွန်းသစ် ထိုဓာတ်ပုံကို ပြန်ထည့်ထားလိုက်တော့ကာ သူ့အစ်ကိုကို မေးကြည့်ရမလို မမေးရမလို။ သူ စမေးလိုက်ရင် ရေးနဲ့သူ့အကြောင်း ပြန်မေးလာမှာလည်း စိုးရိမ်နေမိတာမို့ ညကျမှပဲ အခြေအနေကြည့်ပြီး အစ်အောက်ဖို့ ဆုံးဖြတ်လိုက်တော့ကာ နေ့လယ်စာ စားဖို့သာ လုပ်လိုက်တော့သည်။

----------------------------

အချိန်ကား ခြောက်နာရီ။ ရာသီဥတုက အနည်းငယ် အေးစိမ့်စိမ့်။

ရန်ကုန်မြို့ရှိ လမ်းမကြီးထက်၌သာမက လမ်းသွယ်များတွင်ပါ လူတွေစည်ကားသက်ဝင်နေလျက်။ မီးရောင်စုံ လင်းလက်နေတဲ့ ရန်ကုန်ည၏ အလှက တစ်နေ့လုံး အလုပ်မှ ပင်ပန်းပြီး ပြန်လာကြသူတွေကိုပင် စိတ်ကြည်နူးသွားစေသလိုရှိသော်ငြား အမြဲလိုလို လမ်းကြောပိတ်တတ်သော လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် တစ်နေရာတစ်နေရာ ရောက်ဖို့တော့ ကိုယ်ပိုင်ကား၊ တက္ကစီ၊ လိုင်းကား ဘယ်ယာဉ်နဲ့မ‌ဆို အချိန်ယူနေရတာကတော့ ရိုင်းလ်အတွက် အခုထိ ကျင့်သားမရသေး။

သူ့အတွက် ရာသီဥတုရော၊ ယဉ်ကျေးမှု ကွာဟချက်ရော၊ လမ်းပန်းဆက်သွယ်ရေး အနည်းငယ် ကသီနေရတာရောကို နေသားကျနိုင်ဖို့ အတော်ကြိုးစားနေရဆဲပင်။

သို့သော်ငြား တစ်ယောက်ထဲ မောင်းနေရတာ မဟုတ်တော့ဘဲ အခုလို သူ့ဘေး၌ စကားတွေ ရေပတ်မဝင် ပြောပြီး လိုက်လာသော ခွန်း ပါလာတာကြောင့် လမ်းပိတ်တာကို အရမ်းအာရုံမထားတော့။

သို့ပေမယ့် သူ တွေ့ထားသည့်ဟု ပြောထားခဲ့တဲ့ ဘားရှေ့ ကားရပ်လိုက်ချိန်၌ ဆက်ခွန်းသစ်၏ စကားများ တိခနဲ ရပ်တန့်သွားတော့သည်။

"အစ်ကိုပြောတာ ဒီဘားလား"

ရိုင်းလ် parking ထိုးလိုက်ကာ ဆင်းကြဖို့ အချက်ပြလိုက်သည်။

"ဟုတ်တယ်၊ ကိုယ် မနေ့က ဒီနေရာကို သူငယ်ချင်းခေါ်လာလို့ လာသောက်ဖြစ်ကြသေးတယ်။ ဒီနေရာလေး မဆိုးဘူးလားလို့။ ဆင်းခဲ့လေ"

Victory ဟု အမည်ရသည့် ထိုဘားက ရေး ပိုင်တဲ့ ဘားပင်။ ဆက်ခွန်းသစ် ဒီ‌နေရာကို မရောက်ဖြစ်တော့တာတောင် တော်တော်ကြာပြီ။

ခွန်း သူ့အစ်ကိုနဲ့အတူ ဘားထဲ ရောက်လာခဲ့ရသည်။

ဘားထဲ၌ လူကျနေပြီမို့ ထိုကောင် ရှိမရှိ တစ်ချက် ဝေ့ကြည့်လိုက်ပေမယ့် ဆက်ခွန်းသစ် မြင်ကွင်းထဲမှာတော့ ရေးကို မတွေ့မိသေးပေ။ အရင်ကတော့ ရေးက ညတိုင်းလိုလို ဒီမှာ ပုံသေရှိတတ်ပြီး ပွဲအလွန်ရှာတတ်တာမို့ သူတို့သုံးယောက် အလှည့်ကျ လာဝင်ထိန်းခဲ့ကြဖူးသည်။

"ကိုယ် သန်ဘက်ခါ ပုဂံသွားဖို့။ ခွန်း အားရင် ကိုယ်နဲ့ လိုက်ခဲ့မလား"

"ထပ်ပြီး ထပ်ပြီး ပုဂံပဲလား"

ဆက်ခွန်းသစ် သူ့အစ်ကိုကို အံ့ဩနေရတာတွေ များနေပြီ။ ရိုင်းလ်က မြန်မာပြည် ပြန်ရောက်လာတိုင်း ပုဂံကို ရအောင်သွားတတ်သူပင်။ ခဏပဲ အလည်ပြန်လာရင်တောင် တစ်ညအိပ်လောက်တော့ ရအောင် သွားတတ်သူမို့ အခုလို သွားဦးမယ်ဆိုတာ သိပ်တော့မဆန်းပါပေ။ ဆန်းနေတာက ရိုင်းလ်က သူ့လို ဗုဒ္ဓဘာသာမဟုတ်ဘဲ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဖြစ်တာမို့ ပုဂံဘုရားတွေကို လိုက်ဖူးနေတာမျိုးလည်း မဟုတ်။

သို့သော်ငြား ပြန်လာတိုင်း ရောက်တာနဲ့ ခုလိုထွက်ထွက်သွားတတ်တာမို့ ထိုနေရာမှာ တစ်အိုးတစ်အိမ်များ ထူထောင်ထားလို့လားတောင် သံသယဝင်လာမိသည်။

"စောစောပြောရင်တော့ လိုက်လို့ရမှာ။ ကျွန်တော် မနေ့ကပဲ ပွဲတွေကို decoration အတွက် လက်ခံလိုက်ပြီးပြီဆိုတော့ ဒီကြားထဲ ထွက်လို့မရဘူး။ နောက်မှပေါ့"

"အင်းပါ၊ ကိုယ် ဒီတစ်ခါတော့ အချိန်လည်း ရနေတာဆိုတော့ တစ်ပတ်လောက် နေဖြစ်မယ်ထင်တယ်"

"အစ်ကို တကယ်ပဲ အဲ့ကို ဘာသွားသွားလုပ်နေတာလဲ။ အဲ့မှာ အိမ်ထောင်တွေ ဘာတွေများကျနေတာလား"

"မဟုတ်ပါဘူး၊ ကိုယ် သွားသွားတွေ့ဖြစ်နေတဲ့ လူရှိလို့ပါ။ မယုံရင် လိုက်ကြည့်လို့ရတယ်"

ရိုင်းလ်က သူ့မျက်နှာချင်းဆိုင်ကနေ ခွက်မြှောက်ပြနေတာမို့ ခွက်ချင်း တစ်ချက်တိုက်လိုက်ကာ လန်ဒန်မှာ အားလုံးအခြေတကျဖြစ်နေတာကို မြန်မာပြည်ပြန်လာပြီး ဘာတွေလုပ်ဖို့ကြံနေလဲမသိတဲ့ သူ့အစ်ကိုကို ဒီအဆောက်အဦးပုံက ဘာလို့ ရိုင်းလ်ဆီ ရောက်နေတာလဲ မေးချင်နေမိပေမယ့် ရေး၏ ဘားမှာမို့ ခံစားချက်က သိပ်ကောင်းမနေတော့။

"ခွန်းကို ကိုယ် ပုဂံက ပြန်လာရင် သေချာပေါက် ပြောချင်တဲ့ စကားရှိတယ်။ အလေးအနက်ပြောမှာ"

ခွန်း ခပ်ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။ ရိုင်းလ် ဘာပြောမယ်ဆိုတာကို သူ မှန်းမိသလို ရိုင်းလ် သူ့အပေါ် ဘယ်လိုသဘောထားလဲဆိုတာကို မရိပ်မိလောက်ရအောင်လည်း သူ ခပ်တုံးတုံး ကောင်လေးမဟုတ်ပါပေ။

သူ့အတွက် ရိုင်းလ်နဲ့ မာန်ဆိုတာ လက်ညှိုးညွှန်ရာ ရေဖြစ်အောင် လုပ်ပေးချင်နေကြတဲ့ လူနှစ်ယောက်ဆိုတာ အပိုင်တွက်ပြီးသားမို့ သူသာ လိုချင်ရင် ခေါင်းခေါက်ရွေးရုံအခြေအနေ။ နှစ်ယောက်လုံးကလည်း သူ့အပေါ် တကယ်ကောင်းကြသည်။

သူ့မှာ ချစ်မွှေးပါတာကြောင့်ပဲလားမသိ၊ သူ လူတော်တော်များများ၏ အချစ်ခံလေး ဖြစ်ရသလို မေတ္တာသက်ဝင်ခြင်းကိုလည်း ရခဲ့သည်။ သူတို့ဆီက အချစ်တွေကိုလည်း ပြည့်ပြည့်ဝဝ ရခဲ့ပေမယ့် တစ်ယောက်သောသူဆီကသာလွဲရင်မို့ ရေးသာ သူ့လမ်းကို ထပ်မပိတ်လာဘဲ အေးဆေးနေမယ်ဆိုရင် မာန့်မျက်နှာထောက်ပြီး သူ ရေးကို သည်းခံလိုက်ဖို့ ဆုံးဖြတ်ထားသည်။

ထိုစဉ်-

ဒုန်း! ခွမ်း! ခလွမ်း!

အား. . .

"ဟ. . .ဘားပိုင်ရှင်နဲ့ ရန်ပွဲပဲကွ"

ခွန်းရော ရိုင်းလ်ပါ ခပ်လှမ်းလှမ်းက ထိုရန်ပွဲကို အမြန်လှည့်ကြည့်လိုက်မိစဉ် ရိုင်းလ်ကတော့ ဘားပိုင်ရှင်ဆိုတာကို သေချာမြင်လိုက်ရတာကြောင့် သောက်လက်စများပင် သီးကုန်ရသည်။

မြန်မာနိုင်ငံကလည်း မကျဉ်းသလို ရန်ကုန်ကလည်း ကျယ်ပါတယ်။ အဲ့ဒါကို သူ ဘယ်လိုလုပ်ပြီး အဲ့ကောင်ပိုင်တဲ့နေရာတွေချည်းပဲ မျက်မှန်းတန်းမိနေခဲ့ရတာလဲ။ အဲ့ကောင်ကိုပဲ တစ်နေ့ နှစ်ခါလောက် ဘာလို့မြင်နေရပြန်တာလဲ။

ရိုင်းလ် အံ့သြတကြီးပင် ခွန်းကို မေးလိုက်ရသည်။

"ဒီဘားက သူ့ဘားလား"

"အင်း"

"ဖြစ်ရလေ. . .အဲ့ကောင်က ခရိုနီတွေရဲ့သားများလား။ ဘယ်လိုလုပ်ပြီး သူ့အသက်အရွယ်လေးနဲ့ နေရာတိုင်းမှာ သူ့ပိုင်ဆိုင်မှုတွေက ရှိနေရတာလဲ"

ရေးခေတ္တရာ သူ့၏ ကောင်းတဲ့လက်နဲ့ ဖန်ပုလင်းကို ဆုပ်ကိုင်လိုက်ပြီး ထိုရန်ပွဲထဲက လူတွေကို ပိတ်တီးနေတာကြောင့် ပုလင်းကွဲသံ ဖန်ခွက်ကွဲသံတွေ ဆူညံနေသည်။

ဘားမှာရန်ဖြစ်ရင် ဒီအတိုင်းပဲ ကိုယ်နဲ့မဆိုင်သလို လွှတ်ထားကြတာပဲမို့ အခုလို ဘားပိုင်ရှင်ပါ ပါတဲ့ပွဲဆိုရင်တော့ ဝန်ထမ်းတွေကအစ ဘယ်သူမှလည်း ဝင်မဆွဲရဲပေ။

တစ်ဖက်မှ လူမိုက်အုပ်စုကလည်း ရေး လက်က ဒဏ်ရာကို သတိထားမိလိုက်လို့ သူတို့အသာစီး ရလောက်ပြီထင်လို့ ပွဲစခဲ့ပေမယ့် ပုလင်းအားလုံး ကွဲပြီးချိန်၌ ရေးဆီက ပစ်ကန်ခံလိုက်ရသည့် ခုံစာ ထပ်မိသွားကြတာကြောင့် ဘားထဲ၌ ဆူညံနေတော့သည်။

ရေး‌ခေတ္တရာ သူ့လက်ကို သေချာသုံးမရတာကြောင့် လက်သီးသုံးဖို့ အဆင်မပြေတာမို့ ထိုကောင်တွေကို သူ့နား အကပ်မခံတော့ဘဲ ခုံတွေကိုသာ လွင့်ထွက်သွားအောင် ကန်လွှတ်နေပြီး အရှိုက်ထိအောင်လုပ်လိုက်ရုံမကဘဲ အနားရောက်လာတဲ့သူကိုလည်း ဖန်ပုလင်းတွေနဲ့ ဆော်လွှတ်နေတာမို့ ကြောက်စရာကောင်းလှတဲ့ ခုံကန်ချက်တွေကြောင့် ရိုင်းလ် မျက်လုံးပြူးသွားခဲ့သည်။

ရိုင်းလ် သူ့ကိုယ်သူ ရမ်းကားလှသူဟု ထင်ခဲ့မိကာမှ ဒီနိုင်ငံမှာ သူ့ထက် ရမ်းကားတဲ့သူကို ရှာတွေ့လိုက်ရတာကြောင့် ဝေါင်း ဝေါင်း ဝေါင်း ဟုပင် ရေရွတ်မိကာ ပွဲထိုင်ကြည့်နေမိလေသည်။

ဆက်ခွန်းသစ်ကတော့ ထိုကောင့်ကို မုန်းပေမယ့် တပြိုင်တည်းမှာပဲ အဲ့ဒါတွေကြောင့်လည်း သူ ရေးကို ကြောက်တာ။

ထိုပွဲက နှစ်ဖက်မျှနေတဲ့အပြင် ရေးက တစ်ယောက်ထဲ ဖြစ်နေပြီး ထိုလူတွေက အုပ်စုလိုက်။ မာန်ကလည်း ဒီည ဒီမှာရှိမနေ။

အခုရန်ပွဲက ဘေးလူတွေ ကြည့်ကောင်းလောက်မည့် ပွဲကြီးပွဲကောင်းဖြစ်နေတယ်ဟု ထင်ရ‌သော်ငြား အငြိမ်နေရမည့်လက်ကိုပါ အနည်းအကျဉ်း လှုပ်ရှားနေရတာကြောင့် ဒဏ်ရာအရှိန်က ဇာတိပြလာသည်။ သူ့ ဒီလက်တစ်ဖက် ခုလို ဖြစ်နေတာကကို တပန်းရှုံးနေရတာမို့ ကပြားကောင်ကို စိတ်ထဲက တစ်ချက်ဆဲလိုက်မိကာ သူ့ဆီ ပြေးဝင်လာပြန်သည့် လူမိုက်ကောင်ကို ပိတ်တားဖို့အတွက် ကောင်းတဲ့လက်နဲ့ ထိုင်ခုံကို ဆွဲမလိုက်ပြီး ထိုလူ့ဆီ ပစ်ထုတ်လိုက်တော့သည်။

သို့သော်ငြား သူကိုယ်တိုင်လည်း သူ့‌နောက်ကလူ၏ ဖန်ပုလင်းနဲ့ ခေါင်းရိုက်ခွဲတာကို ခံလိုက်ရတာမို့ သူတို့ပိုင်ရှင် အခြေအနေမဟန်ကထဲက သျှိုင်းစက်မာန်ဆီ ဖုန်းဆက်ထားကြရသည့် ဝန်ထမ်းလေးတွေခမျာ မာန် အမြန်ရောက်လာပါစေဟုသာ ဆုတောင်းနေမိစဉ် နောက်တစ်ချက် ရိုက်ခွဲလာခြင်းကို ရေး ခံလိုက်ရပြန်လေသည်။

___________________________________________

[Zawgyi]

လွပစြာ ခင္းက်င္းထားေသာ ရနံ႕မ်ိဳးစုံရ‌ေနသည့္ ပန္းဆိုင္ထဲ၌ စားပြဲကို လက္ႏွစ္ဖက္ေထာက္ကာ ငုံ႕ၾကည့္ေနေသာ ရိုင္းလ္ေစတန္နဲ႕ ထိုင္ခုံေနာက္ေက်ာကို မွီထိုင္လိုက္ၿပီး လက္ပိုက္ကာ မ်က္ခုံးပင့္ျပေနတဲ့ ေရးေခတၱရာတို႔၏ အၾကည့္စစ္ပြဲက သူတို႔ေဘးနားရွိ ေလထုကိုပါ ေအးစက္လာေစသည္။

ရိုင္းလ္ ဒီေကာင့္ကို ၾကည့္မရတဲ့ အရာက အခုလိုမ်ိဳး မ်က္လုံးေတြက ေလွာင္ေျပာင္သေရာ္ဟန္ပါၿပီး မထိမဲ့ျမင္ လုပ္လုပ္ျပတတ္တဲ့ မ်က္ခြက္ကိုပင္။

ေရးကေတာ့ ရွင္း၏။ ထိုကျပားေကာင္ကို ေခါင္းအစ ေျခအဆုံး ၾကည့္မရတာ။

"ဒီတိုက္က တကယ္ႀကီး မင္းပိုင္တာလား"

ေရး သူ႕ပါးေစာင္အား လွ်ာနဲ႕ထိုးလိုက္ရင္း ေမးဆတ္ျပလိုက္သည္။

အံ့ဩစရာပဲ၊ ဒီေကာင္က ဆရာဝန္တဲ့လား။ လူနာေတြအတြက္ေတာ့ ရင္ေလးစရာႀကီးပဲ။

"အစက ေက်းဇူးတင္စကားေတာင္ ေျပာခ်င္ေနတယ္ဆိုလို႔ ဘယ္သူမ်ားမို႔လဲ အိပ္ေရးပ်က္ခံၿပီး ထိုင္ေစာင့္ေနမိတာ။ မင္း ငါ့ကို ေတာင္းပန္စကားပါ ေျပာသင့္တယ္ဟုတ္။ ဆို၊ မင္း ငါ့ကို သိလို႔လား"

ရိုင္းလ္ မ်က္ႏွာမဲသြားခဲ့သည္။

ဒီအရိုင္းအစိုင္းေကာင္ကို သူ ဒီႏွစ္ႏွစ္လုံး ေတြ႕ခ်င္ေနခဲ့မိတာတဲ့လား။ အၿမဲလိုလို ၾကည့္ခဲ့မိတဲ့ မ်က္လုံးေတြကို ေဖာက္ထုတ္ၿပီး ထိုဓာတ္ပုံကို မီးရွို႔လိုက္ခ်င္မိသည္။

သူ တကယ္ shock ရသြားတာမို႔ ႐ုတ္တရက္ ဘာစကား ျပန္ေျပာရမွန္း မသိေအာင္ထိ အာေစးမိေနခဲ့သည္။

သူ ဒီႏွစ္ႏွစ္လုံး ထိုပိုင္ရွင္ကို စကားေတြ ေျပာခ်င္ခဲ့သည္။ ေမးခ်င္တာေတြ ရွိခဲ့သည္။ သူ တဆင့္ အႀကံေပးလိုက္သလို လာဗင္ဒါရနံ႕ေတြ သုံးရဲ႕လား သိခ်င္ခဲ့သည္။ ထို႔အတြက္ ျမန္မာျပည္ ျပန္ေရာက္ရင္ ေသခ်ာေပါက္ သြားရွာၾကည့္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။

အခုေတာ့ ေလပူတစ္ခ်က္သာ မႈတ္ထုတ္လိုက္ရင္း ပစ္တင္ခဲ့တဲ့ ဖိုင္တြဲကို ျပန္ယူလိုက္ကာ-

"ဒီေနရာကို မင္းပိုင္မွန္း မသိလို႔ လာခဲ့မိတာ။ ေက်းဇူးတင္ေၾကာင္း ေျပာခ်င္တယ္ဆိုတာလည္း ေလွ်ာက္ေျပာခဲ့တာ။ ဒါဆို အနည္းဆုံးေတာ့ ငါ ဒီပိုင္ရွင္ဆီက အာ႐ုံစိုက္မႈ ရမယ္ထင္လို႔ေလ။ အခုေတာ့ မင္း ငါ့ကို အလကား ေပးဖြင့္မယ္ဆိုရင္ေတာင္ စိတ္မဝင္စားေတာ့တာမို႔ Bye"

ထြက္သြားဖို႔ျပင္ေနေသာ ကျပားေကာင္ကို ေရး ေျခဆုံးေခါင္းဆုံး အကဲခတ္လိုက္မိသည္။ ခြန္းမွာ အစ္ကိုရွိတယ္လို႔ သူပဲ မသိခဲ့တာမ်ားလား။ ဘယ္လိုၾကည့္ၾကည့္ ခြန္းနဲ႕ ဒီေကာင္က နည္းနည္းေတာင္ မတူေပ။

ေရးက ပုံမွန္အခ်ိန္ဆို စိတ္ဆတ္တတ္ေပမယ့္ အခုေတာ့ ထိုေကာင္လည္း ေအးေဆးထြက္သြားၿပီပဲမို႔ ရန္စရွည္ေအာင္ မလုပ္ေတာ့။ အခုေန ရန္ထျဖစ္မိရင္ သူ႕လက္က ေကာင္းေသးတာ မဟုတ္တာမို႔ ထပ္ခံေနရဦးမယ္။ ကိုယ္ မနိုင္ေသးမယ့္ပြဲကိုေတာ့ ေရး စိန္မေခၚပါ။

ထို႔ေၾကာင့္ သူလည္း အေပၚျပန္တက္အိပ္ဖို႔ ျပင္လိုက္စဥ္ ဆိုင္ထဲသို႔ အတင္းတိုးဝင္လာေသာ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည္။

အေလာသုံးဆယ္ ဝင္လာေသာ ထိုလူ ေရးကို ျမင္လိုက္ရတာေၾကာင့္ မ်က္ႏွာဝင္းလက္သြားကာ ေရးဆီလာဖို႔ ရိုင္းလ္ကိုေတာင္ တြန္းတိုက္မိသြားသလို ျဖစ္သြားခဲ့သည္။

"ေနာက္ဆုံးေတာ့ ပိုင္ရွင္နဲ႕ တည့္တည့္တိုးၿပီပဲ။ ကြၽန္ေတာ္ ေျပာထားတာေလး စဥ္းစားေပးပါဗ်ာ။ ကြၽန္ေတာ္ ဟိုဖက္ခန္းကို ႏွစ္ဆ ငွားခေပးပါ့မယ္"

ေရး တကယ္ စိတ္ညစ္သြားရသည္။ သူ ထိုေနရာကို မငွားပါဘူးလို႔ ေျပာထားတာကို ေခါင္းေၾကာမာတဲ့ ထိုလူက အခုထိ ဇြဲမေလွ်ာ့ေသးဘဲ မရမက လာလာရွာေနဆဲပင္။ ဆရာဝန္ဆိုတဲ့တစ္ေယာက္ကိုေတာင္ အသိေတြမို႔မ်ားလား သူ သိခ်င္လို႔ ဆင္းေစာင့္‌ေနျခင္းပင္။

လခြမ္းပဲ. . .မာန္က သူ႕ကို ဒီေန႕ ခ်ိန္းသမွ်လူအကုန္နဲ႕ ထိပ္တိုက္ေတြ႕ေအာင္ ထိုးထည့္သြားခဲ့တာပဲ။ 

ထိုစဥ္ ရိုင္းလ္၏ အျပင္ထြက္ခါနီး ေျခလွမ္းေတြ ရပ္တန႔္သြားကာ ေနာက္ျပန္ေလွ်ာက္လာခဲ့သည္။

"မရဘူးဗ်၊ အဲ့အခန္းက အခုေလးတင္ပဲ ကြၽန္ေတာ့္ကို ငွားလိုက္ၿပီးၿပီ"

"ဟင္. . .တကယ္ႀကီးလားဗ်ာ၊ ကြၽန္ေတာ္ ဒီေလာက္ ေတာင္းဆိုေနတာကိုေလ။ ခင္ဗ်ားက ကြၽန္ေတာ့္ထက္ ပိုေပးနိုင္လို႔လား"

သူ႕ေဘးလာရပ္ၿပီး အတည္ေပါက္ႀကီး ေျပာေနေသာ ကျပားေကာင္ေၾကာင့္ ေရး ခဏ ၿငိမ္ေနလိုက္ရသည္။

"ႏွစ္ဆမဟုတ္ဘူး၊ ေလးဆေလာက္ကို ပိုေပးထားတာ။ အခုပဲ စာခ်ဳပ္ခ်ဳပ္ဖို႔ လုပ္ေနၾကတာေလ၊ ဒီမွာ"

ရိုင္းလ္ သူ႕ဖိုင္တြဲထဲက စာခ်ဳပ္ကို ထုတ္ျပလိုက္ၿပီး ဖ်တ္ခနဲ ျပန္သိမ္းလိုက္တာမို႔ ထိုလူ တကယ္ ေၾကကြဲသြားရသည္။ ထို႔အတြက္ ေရးကို ဟုတ္မဟုတ္ အတည္ျပဳရန္ မ်က္ႏွာငယ္ေလးနဲ႕ ၾကည့္လာတာေၾကာင့္ ေခါင္းေၾကာမာတဲ့ ထိုလူနဲ႕ ျမန္ျမန္ကိစၥျပတ္ေအာင္ ေခါင္းညိတ္ျပလိုက္တာမို႔ သက္ျပင္းခ်ၿပီး ထြက္သြားေတာ့သည္။

ဘာလား. . .ဒီ‌ေကာင္က စာခ်ဳပ္ႀကီးကိုင္ၿပီး ေလွ်ာက္သြားေနတာလား။

ေရး သူ႕ေဘးက ေကာင္ကို လွည့္ၾကည့္လိုက္ကာ-

"ငါ မင္းကိုလည္း မငွားဘူးေနာ္"

"စိတ္မပူစမ္းပါနဲ႕၊ ငါ ေနာက္ဆို ဒီေနရာကို မ်က္ေစာင္းေတာင္ လွည့္မထိုးဘူး စိတ္ခ်။ ငါ မင္းကို ကူညီတယ္လို႔ေတာ့ ထင္လိုက္တာ မဟုတ္ဘူးမလား။ ဟက္၊ အဲ့ေနရာကို ငါ မရရင္ တျခားသူလည္း မရေအာင္ လုပ္ခ်င္လို႔ေလ။ ဒီတစ္ခါေတာ့ တကယ္ Bye"

သူ႕လက္ကို ငုံ႕ၾကည့္ၿပီး ၿပဳံးစစလုပ္သြားေသာ ကျပား‌ေကာင္ေၾကာင့္ ေရး ေဒါသထြက္လာခဲ့သည္။

ဒီေကာင့္ကိုေတာ့ တစ္ခါထဲ ဂန႔္မသြားဘဲ ျဖည္းျဖည္းခ်င္း ဒုကၡေပးရမွကို သူ ေက်နပ္ေတာ့မွာမို႔ ဆိုင္၏ မွန္ခ်ပ္ေတြကေနတဆင့္ ကားဆီသို႔ ေလွ်ာက္သြားေနသည့္ ကျပားေကာင္ကို လွမ္းၾကည့္လိုက္သည္။

ထို႔ေနာက္ သူ႕မွာ တကယ္ အစြမ္းရွိတာဟုတ္မဟုတ္ စမ္းၾကည့္ဖို႔အတြက္ ထိုလူ႕ကို စူးစိုက္ၾကည့္ေနရင္းနဲ႕ တစ္ကိုယ္တည္းၾကား႐ုံသာ ႏႈတ္ခမ္းလႈပ္လာသည္။

"ခလုတ္တိုက္ၿပီး ပစ္လဲစမ္း၊ ပစ္လဲစမ္း၊ အခုခ်က္ခ်င္း"

အ့!

ရိုင္းလ္ ပလက္ေဖာင္း အနိမ့္အျမင့္ကို ေသခ်ာပဲ သတိမထားမိလိုက္တာလားပင္ မသိ၊ ေျခေခ်ာ္ၿပီး ပစ္လဲေတာ့မလို ျဖစ္သြားတာမို႔ ဝုန္းခနဲ အရွိန္လြန္က်မသြားခင္ သတိနဲ႕ေနတတ္တဲ့အက်င့္ေၾကာင့္ အျမန္ျပန္ထိန္းလိုက္ေသာ္ျငား အရက္မူးေနတဲ့သူလိုပင္ ကိုယ့္အရွိန္ကိုယ္ မထိန္းနိုင္ေတာ့ကာ ဘိုင္းခနဲ ဒူးေထာက္က်သြားတာမို႔ လက္အျမန္‌ေထာက္လိုက္ရတာအတြက္ စိမ့္ခနဲ။

"OMG! ငါ ဒီအဆင့္ကို မျမင္လိုက္တာလား"

ဆိုင္ေရွ႕မွာ လူရွင္းေနလို႔သာ ေတာ္ေတာ့တယ္၊ မဟုတ္ရင္ မႀကီးမငယ္နဲ႕ ေခ်ာ္လဲက်တာ ရွက္ဖို႔ေတာင္ေကာင္းတာမို႔ အျမန္ျပန္ထရပ္လိုက္ၿပီး ကားတံခါးေစာင့္ပိတ္ကာ အရွိန္နဲ႕ ေမာင္းထြက္လာခဲ့ရသည္။

ထိုျမင္ကြင္းကို ေက်နပ္ေနတဲ့ ေရး သူ႕မွာ ဒီလိုအစြမ္းရွိေနတာကို ပထမဆုံးအႀကိမ္ ေပ်ာ္မိသြားျခင္းပင္။ သူ အၿမဲလိုလို တိုက္ဆိုင္တာပါဟုပဲ မ်က္စိစုံမွိတ္ ကိုယ့္ကိုယ္ကိုယ္ လွည့္စားမိခဲ့ေပမယ့္ ဟိုေန႕ကလိုပဲ ထပ္ျဖစ္လာခဲ့တာေၾကာင့္ ငိုရမလို ေပ်ာ္ရမလို။

ဘယ္လိုပဲျဖစ္ျဖစ္ ခံလိုက္ရသူေတြက သူ ၾကည့္မရတဲ့ လူေတြပဲမို႔ အနည္းငယ္ စိတ္ေက်နပ္သြားခဲ့ၿပီ။ သို႔ေပမယ့္ ေရး သူ႕ကိုယ္သူလည္း တကယ္ ပိုလန႔္လာမိခဲ့ပါသည္။

----------------------

ဆက္ခြန္းသစ္ သူ႕တိုက္ခန္းထဲ ဖုန္းေျပာရင္း ေသာ့ဖြင့္ဝင္လာခဲ့စဥ္ ရိုင္းလ္ အသင့္ျပင္ေပးထားခဲ့ေသာ ေန႕လယ္စာကို အုပ္ေဆာင္းေအာက္၌ ေတြ႕လိုက္ရသည္။

"ေတြ႕တယ္ အစ္ကို။ ေန႕လယ္စာကို တကူးတက လာပို႔သြားေပးလို႔ ေက်းဇူး"

"အင္း၊ ဒီေန႕ မင္း အိမ္မွာ ရွိေနမယ္ထင္လို႔ ေန႕လယ္စာ တူတူစားဖို႔ ဝယ္လာလိုက္တာ။ အခုေတာ့ အေရးေပၚကိစၥေလးရွိလို႔ တစ္ေယာက္တည္းပဲ စားလိုက္ေတာ့ေနာ္။ ကိုယ္ ညက်မွ ဘားသြားဖို႔ လာေခၚဦးမယ္။ ဒီညေန တူတူေသာက္ၾကရ‌ေအာင္။ ကိုယ္ ေတြ႕ထားတဲ့ ဘားတစ္ခု ရွိတယ္"

ဆက္ခြန္းသစ္ သူ႕အား ဘယ္အခ်ိန္ လာေခၚဖို႔ ခ်ိန္းလိုက္ေတာ့ကာ ေန႕လယ္စာ ထိုင္စားဖို႔ ျပင္လိုက္စဥ္ ဆိုဖာေရွ႕မွ ခုံေပၚ၌ ဖိုင္တြဲေတြ႕လိုက္ရတာမို႔ အရင္လာယူၾကည့္လိုက္မိသည္။

"ဖိုင္တြဲ က်န္ခဲ့တာပဲ"

တစ္ခ်က္လွန္ေလွာၾကည့္လိုက္ေတာ့ ရိုင္းလ္၏ ဘြဲ႕လက္မွတ္ေတြနဲ႕ စာ႐ြက္စာတမ္းေတြမို႔ ညေနက် တစ္ခါထဲ ျပန္ေပးဖို႔ ေတြးေနတုန္း စာ႐ြက္ေတြၾကားက ဓာတ္ပုံတစ္ပုံ ထြက္က်လာကာ ၾကမ္းျပင္ေပၚ ျပဳတ္က်သြားခဲ့သည္။

ထို႔အတြက္ ျပန္ထည့္ထားဖို႔ ေကာက္ယူၾကည့္လိုက္စဥ္ ခြန္း၏ မ်က္လုံးမ်ား ဝိုင္းစက္သြားခဲ့ကာ သူ႕အၾကည့္မ်ား မွားေနသလား မ်က္လုံးေတြကို ေသခ်ာအလုပ္ေပးေနရတဲ့အထိပင္။

"ေရးလား"

ဖိုင္တြဲကို အျမန္ခ်လိဳက္ကာ တျခားဓာတ္ပုံမ်ား ထပ္ရွိလိုရွိနိုင္ျငား စာ႐ြက္ေတြၾကားထဲ ေမႊေႏွာက္ရွာလိုက္ေပမယ့္ ဒီတစ္ပုံထဲသာ ေတြ႕ရသည္။

ဆက္ခြန္းသစ္ ထိုဓာတ္ပုံကို ျပန္ၾကည့္လိုက္ၿပီး ဘယ္လိုျဖစ္ၿပီး ေရး၏ ဓာတ္ပုံ ရိုင္းလ္ဆီမွာ ရွိေနတာလဲဆိုတာ အံ့ဩသြားခဲ့ရသည္။

ဓာတ္ပုံက ေရး၏ ေနာက္ေက်ာပဲမို႔ သူသာ အေဆာက္အဦးေၾကာင့္နဲ႕ ရင္းႏွီးေနၾကတဲ့သူမို႔သာ ေရးမွန္း တန္းသိလိုက္ျခင္းပင္။ ဒီဓာတ္ပုံရိုက္ထားတဲ့သူက အေဆာက္အဦးတစ္ခုလုံးကို အေဝးက လွမ္းရိုက္လိုက္ပုံကိုမွ ထိုအေဆာက္အဦး၏ ပန္းဆိုင္ထဲသို႔ စိုက္ၾကည့္ေနတဲ့ ေရး၏ ေနာက္ေက်ာကိုပါ ရိုက္မိသြားသည့္ပုံ ျဖစ္မယ့္ပုံပင္။ ဓာတ္ပုံထဲ၌ လူပုံထက္ ႏွစ္ထပ္အေဆာက္အဦးႀကီးကသာ အဓိကလို ျဖစ္ေနသည္။

သူ႕အစ္ကို ေရးကို မသိတာေတာ့ ေသခ်ာတာမို႔ ရိုင္းလ္က ဒီေနရာကို သိေနတာလား။

ဆက္ခြန္းသစ္ ထိုဓာတ္ပုံကို ျပန္ထည့္ထားလိုက္ေတာ့ကာ သူ႕အစ္ကိုကို ေမးၾကည့္ရမလို မေမးရမလို။ သူ စေမးလိုက္ရင္ ေရးနဲ႕သူ႕အေၾကာင္း ျပန္ေမးလာမွာလည္း စိုးရိမ္ေနမိတာမို႔ ညက်မွပဲ အေျခအေနၾကည့္ၿပီး အစ္ေအာက္ဖို႔ ဆုံးျဖတ္လိုက္ေတာ့ကာ ေန႕လယ္စာ စားဖို႔သာ လုပ္လိုက္ေတာ့သည္။

----------------------------

အခ်ိန္ကား ေျခာက္နာရီ။ ရာသီဥတုက အနည္းငယ္ ေအးစိမ့္စိမ့္။

ရန္ကုန္ၿမိဳ႕ရွိ လမ္းမႀကီးထက္၌သာမက လမ္းသြယ္မ်ားတြင္ပါ လူေတြစည္ကားသက္ဝင္ေနလ်က္။ မီးေရာင္စုံ လင္းလက္ေနတဲ့ ရန္ကုန္ည၏ အလွက တစ္ေန႕လုံး အလုပ္မွ ပင္ပန္းၿပီး ျပန္လာၾကသူေတြကိုပင္ စိတ္ၾကည္ႏူးသြားေစသလိုရွိေသာ္ျငား အၿမဲလိုလို လမ္းေၾကာပိတ္တတ္ေသာ လမ္းပန္းဆက္သြယ္ေရး အေျခအေနေၾကာင့္ တစ္ေနရာတစ္ေနရာ ေရာက္ဖို႔ေတာ့ ကိုယ္ပိုင္ကား၊ တကၠစီ၊ လိုင္းကား ဘယ္ယာဥ္နဲ႕မ‌ဆို အခ်ိန္ယူေနရတာကေတာ့ ရိုင္းလ္အတြက္ အခုထိ က်င့္သားမရေသး။

သူ႕အတြက္ ရာသီဥတုေရာ၊ ယဥ္ေက်းမႈ ကြာဟခ်က္ေရာ၊ လမ္းပန္းဆက္သြယ္ေရး အနည္းငယ္ ကသီေနရတာေရာကို ေနသားက်နိဳင္ဖို႔ အေတာ္ႀကိဳးစားေနရဆဲပင္။

သို႔ေသာ္ျငား တစ္ေယာက္ထဲ ေမာင္းေနရတာ မဟုတ္ေတာ့ဘဲ အခုလို သူ႕ေဘး၌ စကားေတြ ေရပတ္မဝင္ ေျပာၿပီး လိုက္လာေသာ ခြန္း ပါလာတာေၾကာင့္ လမ္းပိတ္တာကို အရမ္းအာ႐ုံမထားေတာ့။

သို႔ေပမယ့္ သူ ေတြ႕ထားသည့္ဟု ေျပာထားခဲ့တဲ့ ဘားေရွ႕ ကားရပ္လိုက္ခ်ိန္၌ ဆက္ခြန္းသစ္၏ စကားမ်ား တိခနဲ ရပ္တန့္သြားေတာ့သည္။

"အစ္ကိုေျပာတာ ဒီဘားလား"

ရိုင္းလ္ parking ထိုးလိုက္ကာ ဆင္းၾကဖို႔ အခ်က္ျပလိုက္သည္။

"ဟုတ္တယ္၊ ကိုယ္ မေန႕က ဒီေနရာကို သူငယ္ခ်င္းေခၚလာလို႔ လာေသာက္ျဖစ္ၾကေသးတယ္။ ဒီေနရာေလး မဆိုးဘူးလားလို႔။ ဆင္းခဲ့ေလ"

Victory ဟု အမည္ရသည့္ ထိုဘားက ေရး ပိုင္တဲ့ ဘားပင္။ ဆက္ခြန္းသစ္ ဒီ‌ေနရာကို မေရာက္ျဖစ္ေတာ့တာေတာင္ ေတာ္ေတာ္ၾကာၿပီ။

ခြန္း သူ႕အစ္ကိုနဲ႕အတူ ဘားထဲ ေရာက္လာခဲ့ရသည္။

ဘားထဲ၌ လူက်ေနၿပီမို႔ ထိုေကာင္ ရွိမရွိ တစ္ခ်က္ ေဝ့ၾကည့္လိုက္ေပမယ့္ ဆက္ခြန္းသစ္ ျမင္ကြင္းထဲမွာေတာ့ ေရးကို မေတြ႕မိေသးေပ။ အရင္ကေတာ့ ေရးက ညတိုင္းလိုလို ဒီမွာ ပုံေသရွိတတ္ၿပီး ပြဲအလြန္ရွာတတ္တာမို႔ သူတို႔သုံးေယာက္ အလွည့္က် လာဝင္ထိန္းခဲ့ၾကဖူးသည္။

"ကိုယ္ သန္ဘက္ခါ ပုဂံသြားဖို႔။ ခြန္း အားရင္ ကိုယ္နဲ႕ လိုက္ခဲ့မလား"

"ထပ္ၿပီး ထပ္ၿပီး ပုဂံပဲလား"

ဆက္ခြန္းသစ္ သူ႕အစ္ကိုကို အံ့ဩေနရတာေတြ မ်ားေနၿပီ။ ရိုင္းလ္က ျမန္မာျပည္ ျပန္ေရာက္လာတိုင္း ပုဂံကို ရေအာင္သြားတတ္သူပင္။ ခဏပဲ အလည္ျပန္လာရင္ေတာင္ တစ္ညအိပ္ေလာက္ေတာ့ ရေအာင္ သြားတတ္သူမို႔ အခုလို သြားဦးမယ္ဆိုတာ သိပ္ေတာ့မဆန္းပါေပ။ ဆန္းေနတာက ရိုင္းလ္က သူ႕လို ဗုဒၶဘာသာမဟုတ္ဘဲ ခရစ္ယာန္ဘာသာဝင္ တစ္ေယာက္ျဖစ္တာမို႔ ပုဂံဘုရားေတြကို လိုက္ဖူးေနတာမ်ိဳးလည္း မဟုတ္။

သို႔ေသာ္ျငား ျပန္လာတိုင္း ေရာက္တာနဲ႕ ခုလိုထြက္ထြက္သြားတတ္တာမို႔ ထိုေနရာမွာ တစ္အိုးတစ္အိမ္မ်ား ထူေထာင္ထားလို႔လားေတာင္ သံသယဝင္လာမိသည္။

"ေစာေစာေျပာရင္ေတာ့ လိုက္လို႔ရမွာ။ ကြၽန္ေတာ္ မေန႕ကပဲ ပြဲေတြကို decoration အတြက္ လက္ခံလိုက္ၿပီးၿပီဆိုေတာ့ ဒီၾကားထဲ ထြက္လို႔မရဘူး။ ေနာက္မွေပါ့"

"အင္းပါ၊ ကိုယ္ ဒီတစ္ခါေတာ့ အခ်ိန္လည္း ရေနတာဆိုေတာ့ တစ္ပတ္ေလာက္ ေနျဖစ္မယ္ထင္တယ္"

"အစ္ကို တကယ္ပဲ အဲ့ကို ဘာသြားသြားလုပ္ေနတာလဲ။ အဲ့မွာ အိမ္ေထာင္ေတြ ဘာေတြမ်ားက်ေနတာလား"

"မဟုတ္ပါဘူး၊ ကိုယ္ သြားသြားေတြ႕ျဖစ္ေနတဲ့ လူရွိလို႔ပါ။ မယုံရင္ လိုက္ၾကည့္လို႔ရတယ္"

ရိုင္းလ္က သူ႕မ်က္ႏွာခ်င္းဆိုင္ကေန ခြက္ျမႇောက္ျပေနတာမို႔ ခြက္ခ်င္း တစ္ခ်က္တိုက္လိုက္ကာ လန္ဒန္မွာ အားလုံးအေျခတက်ျဖစ္ေနတာကို ျမန္မာျပည္ျပန္လာၿပီး ဘာေတြလုပ္ဖို႔ႀကံေနလဲမသိတဲ့ သူ႕အစ္ကိုကို ဒီအေဆာက္အဦးပုံက ဘာလို႔ ရိုင္းလ္ဆီ ေရာက္ေနတာလဲ ေမးခ်င္ေနမိေပမယ့္ ေရး၏ ဘားမွာမို႔ ခံစားခ်က္က သိပ္ေကာင္းမေနေတာ့။

"ခြန္းကို ကိုယ္ ပုဂံက ျပန္လာရင္ ေသခ်ာေပါက္ ေျပာခ်င္တဲ့ စကားရွိတယ္။ အေလးအနက္ေျပာမွာ"

ခြန္း ခပ္ျဖည္းျဖည္းခ်င္း ေခါင္းညိတ္ျပလိုက္သည္။ ရိုင္းလ္ ဘာေျပာမယ္ဆိုတာကို သူ မွန္းမိသလို ရိုင္းလ္ သူ႕အေပၚ ဘယ္လိုသေဘာထားလဲဆိုတာကို မရိပ္မိေလာက္ရေအာင္လည္း သူ ခပ္တုံးတုံး ေကာင္ေလးမဟုတ္ပါေပ။

သူ႕အတြက္ ရိုင္းလ္နဲ႕ မာန္ဆိုတာ လက္ညွိုးၫႊန္ရာ ေရျဖစ္ေအာင္ လုပ္ေပးခ်င္ေနၾကတဲ့ လူႏွစ္ေယာက္ဆိုတာ အပိုင္တြက္ၿပီးသားမို႔ သူသာ လိုခ်င္ရင္ ေခါင္းေခါက္ေ႐ြး႐ုံအေျခအေန။ ႏွစ္ေယာက္လုံးကလည္း သူ႕အေပၚ တကယ္ေကာင္းၾကသည္။

သူ႕မွာ ခ်စ္ေမႊးပါတာေၾကာင့္ပဲလားမသိ၊ သူ လူေတာ္ေတာ္မ်ားမ်ား၏ အခ်စ္ခံေလး ျဖစ္ရသလို ေမတၱာသက္ဝင္ျခင္းကိုလည္း ရခဲ့သည္။ သူတို႔ဆီက အခ်စ္ေတြကိုလည္း ျပည့္ျပည့္ဝဝ ရခဲ့ေပမယ့္ တစ္ေယာက္ေသာသူဆီကသာလြဲရင္မို႔ ေရးသာ သူ႕လမ္းကို ထပ္မပိတ္လာဘဲ ေအးေဆးေနမယ္ဆိုရင္ မာန႔္မ်က္ႏွာေထာက္ၿပီး သူ ေရးကို သည္းခံလိုက္ဖို႔ ဆုံးျဖတ္ထားသည္။

ထိုစဥ္-

ဒုန္း! ခြမ္း! ခလြမ္း!

အား. . .

"ဟ. . .ဘားပိုင္ရွင္နဲ႕ ရန္ပြဲပဲကြ"

ခြန္းေရာ ရိုင္းလ္ပါ ခပ္လွမ္းလွမ္းက ထိုရန္ပြဲကို အျမန္လွည့္ၾကည့္လိုက္မိစဥ္ ရိုင္းလ္ကေတာ့ ဘားပိုင္ရွင္ဆိုတာကို ေသခ်ာျမင္လိုက္ရတာေၾကာင့္ ေသာက္လက္စမ်ားပင္ သီးကုန္ရသည္။

ျမန္မာနိုင္ငံကလည္း မက်ဥ္းသလို ရန္ကုန္ကလည္း က်ယ္ပါတယ္။ အဲ့ဒါကို သူ ဘယ္လိုလုပ္ၿပီး အဲ့ေကာင္ပိုင္တဲ့ေနရာေတြခ်ည္းပဲ မ်က္မွန္းတန္းမိေနခဲ့ရတာလဲ။ အဲ့ေကာင္ကိုပဲ တစ္ေန႕ ႏွစ္ခါေလာက္ ဘာလို႔ျမင္ေနရျပန္တာလဲ။

ရိုင္းလ္ အံ့ၾသတႀကီးပင္ ခြန္းကို ေမးလိုက္ရသည္။

"ဒီဘားက သူ႕ဘားလား"

"အင္း"

"ျဖစ္ရေလ. . .အဲ့ေကာင္က ခရိုနီေတြရဲ႕သားမ်ားလား။ ဘယ္လိုလုပ္ၿပီး သူ႕အသက္အ႐ြယ္ေလးနဲ႕ ေနရာတိုင္းမွာ သူ႕ပိုင္ဆိုင္မႈေတြက ရွိေနရတာလဲ"

ေရးေခတၱရာ သူ႕၏ ေကာင္းတဲ့လက္နဲ႕ ဖန္ပုလင္းကို ဆုပ္ကိုင္လိုက္ၿပီး ထိုရန္ပြဲထဲက လူေတြကို ပိတ္တီးေနတာေၾကာင့္ ပုလင္းကြဲသံ ဖန္ခြက္ကြဲသံေတြ ဆူညံေနသည္။

ဘားမွာရန္ျဖစ္ရင္ ဒီအတိုင္းပဲ ကိုယ္နဲ႕မဆိုင္သလို လႊတ္ထားၾကတာပဲမို႔ အခုလို ဘားပိုင္ရွင္ပါ ပါတဲ့ပြဲဆိုရင္ေတာ့ ဝန္ထမ္းေတြကအစ ဘယ္သူမွလည္း ဝင္မဆြဲရဲေပ။

တစ္ဖက္မွ လူမိုက္အုပ္စုကလည္း ေရး လက္က ဒဏ္ရာကို သတိထားမိလိုက္လို႔ သူတို႔အသာစီး ရေလာက္ၿပီထင္လို႔ ပြဲစခဲ့ေပမယ့္ ပုလင္းအားလုံး ကြဲၿပီးခ်ိန္၌ ေရးဆီက ပစ္ကန္ခံလိုက္ရသည့္ ခုံစာ ထပ္မိသြားၾကတာေၾကာင့္ ဘားထဲ၌ ဆူညံေနေတာ့သည္။

ေရး‌ေခတၱရာ သူ႕လက္ကို ေသခ်ာသုံးမရတာေၾကာင့္ လက္သီးသုံးဖို႔ အဆင္မေျပတာမို႔ ထိုေကာင္ေတြကို သူ႕နား အကပ္မခံေတာ့ဘဲ ခုံေတြကိုသာ လြင့္ထြက္သြားေအာင္ ကန္လႊတ္ေနၿပီး အရွိုက္ထိေအာင္လုပ္လိုက္႐ုံမကဘဲ အနားေရာက္လာတဲ့သူကိုလည္း ဖန္ပုလင္းေတြနဲ႕ ေဆာ္လႊတ္ေနတာမို႔ ေၾကာက္စရာေကာင္းလွတဲ့ ခုံကန္ခ်က္ေတြေၾကာင့္ ရိုင္းလ္ မ်က္လုံးျပဴးသြားခဲ့သည္။

ရိုင္းလ္ သူ႕ကိုယ္သူ ရမ္းကားလွသူဟု ထင္ခဲ့မိကာမွ ဒီနိုင္ငံမွာ သူ႕ထက္ ရမ္းကားတဲ့သူကို ရွာေတြ႕လိုက္ရတာေၾကာင့္ ေဝါင္း ေဝါင္း ေဝါင္း ဟုပင္ ေရ႐ြတ္မိကာ ပြဲထိုင္ၾကည့္ေနမိေလသည္။

ဆက္ခြန္းသစ္ကေတာ့ ထိုေကာင့္ကို မုန္းေပမယ့္ တၿပိဳင္တည္းမွာပဲ အဲ့ဒါေတြေၾကာင့္လည္း သူ ေရးကို ေၾကာက္တာ။

ထိုပြဲက ႏွစ္ဖက္မွ်ေနတဲ့အျပင္ ေရးက တစ္ေယာက္ထဲ ျဖစ္ေနၿပီး ထိုလူေတြက အုပ္စုလိုက္။ မာန္ကလည္း ဒီည ဒီမွာရွိမေန။

အခုရန္ပြဲက ေဘးလူေတြ ၾကည့္ေကာင္းေလာက္မည့္ ပြဲႀကီးပြဲေကာင္းျဖစ္ေနတယ္ဟု ထင္ရ‌ေသာ္ျငား အၿငိမ္ေနရမည့္လက္ကိုပါ အနည္းအက်ဥ္း လႈပ္ရွားေနရတာေၾကာင့္ ဒဏ္ရာအရွိန္က ဇာတိျပလာသည္။ သူ႕ ဒီလက္တစ္ဖက္ ခုလို ျဖစ္ေနတာကကို တပန္းရႈံးေနရတာမို႔ ကျပားေကာင္ကို စိတ္ထဲက တစ္ခ်က္ဆဲလိုက္မိကာ သူ႕ဆီ ေျပးဝင္လာျပန္သည့္ လူမိုက္ေကာင္ကို ပိတ္တားဖို႔အတြက္ ေကာင္းတဲ့လက္နဲ႕ ထိုင္ခုံကို ဆြဲမလိုက္ၿပီး ထိုလူ႕ဆီ ပစ္ထုတ္လိုက္ေတာ့သည္။

သို႔ေသာ္ျငား သူကိုယ္တိုင္လည္း သူ႕‌ေနာက္ကလူ၏ ဖန္ပုလင္းနဲ႕ ေခါင္းရိုက္ခြဲတာကို ခံလိုက္ရတာမို႔ သူတို႔ပိုင္ရွင္ အေျခအေနမဟန္ကထဲက သွ်ိုင္းစက္မာန္ဆီ ဖုန္းဆက္ထားၾကရသည့္ ဝန္ထမ္းေလးေတြခမ်ာ မာန္ အျမန္ေရာက္လာပါေစဟုသာ ဆုေတာင္းေနမိစဥ္ ေနာက္တစ္ခ်က္ ရိုက္ခြဲလာျခင္းကို ေရး ခံလိုက္ရျပန္ေလသည္။

___________________________________________

Continue Reading

You'll Also Like

137K 5.7K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
359K 38.8K 67
ကျွန်တော်ကတော့ ဘာကိစ္စပဲဖြစ်ဖြစ် ပီတာထွန်းညွန့်ဆိုတဲ့ ကောင်လေးဘက်ကိုသာ ယိမ်းယိုင်ပါ့မယ် (ရွှေရိုးနော...
294K 23K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
35.4K 2.3K 41
[ Zawgyi ] ---------------- ခ်စ္ျခင္းေမတၱာကို ရိုးရိုးေလးလို႔ထင္ထားခဲ့တာ အခုေတာ့ သီအိုရီရွာမေတြ႕တဲ့ပုစာၦတစ္ပုဒ္လိုပဲ သူ႕ရဲ႕အေျဖဟာ ဗလာနတၳိ [ Unicode ]...