ကားလမ်းမကြီးထက်၌ သိပ်မကြာခင်အချိန်အတွင်း လူနာတင်ယာဉ်ရောက်လာခဲ့ကာ အတိုက်ခံထားရသူအား ဆေးရုံပို့ဖို့ လုပ်နေကြတာကို သျှိုင်းစက်မာန် ဖုန်းထွက်ပြောနေရင်း တွေ့လိုက်ရသည်။
သူ့ဘေးနားဖြတ်လျှောက်သွားသူတွေ အပြောအရ ထိုလူ အသက်မမီတော့ဘူးဟု စိတ်မကောင်းစွာ ပြောနေကြတဲ့ အသံကိုပါ ကြားလိုက်ရသေးသည်။
ထိုအဖြစ်အပျက်က သူ့အား သလွန်းလွင်ပြင်ကို ချက်ချင်း သတိရသွားစေခဲ့သည်။ ထို့အတွက် ဖုန်းအမြန်ပြောပြီးတာနဲ့ ဆိုင်ထဲပြန်ဝင်ဖို့ ပြင်လိုက်တော့သည်။
ဆိုင်ရဲ့ ဘယ်ဖက်ခြမ်းထိပ်က စားပွဲဝိုင်းကို စိုက်ကြည့်ရင်း တဝုန်းဝုန်း ထိုးစိုက်ကာ စားသောက်နေဆဲ ရေးတစ်ယောက် ဆိုင်ထဲပြန်ဝင်လာတော့မယ့်ပုံရှိနေတဲ့ မာန့်ကို လှမ်းတွေ့လိုက်ရတာကြောင့် စားလက်စကို ချလိုက်တော့ကာ အလောသုံးဆယ် bill အမြန်ရှင်းလိုက်ပြီး မာန် ဖုန်းပြောမပြီးခင်ပင် ဆိုင်ပြင် ထွက်လာခဲ့သည်။
ထို့အတွက် ဖုန်းချပြီး ပြန်လှည့်လိုက်သည့် သျှိုင်းစက်မာန်ခမျာ သူ့နောက်မှာ ရပ်နေသည့် ရေးခေတ္တရာကို ရုတ်တရက် မြင်လိုက်ရတာကြောင့် သရဲမြင်လိုက်ရသလိုပင် လန့်သွားမိသည်။
"လန့်လိုက်တာကွာ၊ နောက်မှာ ရောက်နေရင်လည်း အသံပေးလေ"
ရေးက သူ့မြင်ကွင်းကို ပိတ်ရပ်နေတာမို့-
"ဘာလို့ထွက်လာတာလဲ၊ ပြန်ဝင်မယ်လေ"
"မဝင်တော့ဘူး၊ ငါ့လက် နာနေပြီ။ အိမ်ပြန်ပို့ပေးတော့"
မာန် ခေါင်းကုတ်လိုက်မိသည်။ သူ ဘာမှမစားရသေးဘူးဆိုတဲ့အကြောင်း ပြောချင်ပေမယ့် အတင်းကို ရေးက သူ့အား ဆိုင်အပြင် ခပ်လှမ်းလှမ်းထိ တွန်းထုတ်နေတာကြောင့်-
"ဘာလို့ မင်း ငါ့မြင်ကွင်းကို လိုက်ပိတ်နေတာတုန်း။ မဟုတ်မှလွဲရော မင်း ဆိုင်ထဲမှာ ပြဿနာထပ်ရှာလာခဲ့ပြီး ထွက်ပြေးဖို့များ ကြံနေတာလား"
"ကျစ်. . .ဒီကောင်ကတော့"
အရိပ်သုံးပါးနားမလည်တဲ့ မာန်က ရေး နောက်က ဆိုင်ထဲကို မရမက ကြည့်နေတာမို့ ရေး ဖယ်ပေးလိုက်တော့သည်။ ဟိုအတွဲကို ဒီကောင် မြင်ရင် မျိုလို့လည်း ကျမှာမဟုတ်လောက်တော့တာမို့ ခေါ်ထုတ်ပေးနေတာကို လူကို မယုံသလိုနဲ့ ဆိုင်ထဲ လှမ်းကြည့်နေဆဲမို့ နောက်ဆုံးတော့ သျှိုင်းစက်မာန်တစ်ယောက် အပေါက်ဝနားတင် ထိုင်နေတဲ့ ခွန်းတို့ကို မြင်လိုက်ရပြီ။
"အဲ့ကောင်က ဘယ်သူလဲ၊ သူ အသစ်ရသွားတာလား"
ရေး ပခုံးပဲ တွန့်ပြလိုက်မိသည်။ ဟုတ်မှာဟု ပြောချင်ပေမယ့် ချက်ချင်းကို လဒမှိုင် မှိုင်သွားတဲ့ မာန့်ကြောင့် မသေချာတာကို ရမ်းမပြောဘဲ ထားလိုက်တော့သည်။
သို့သော်ငြား အပြင်ဖက်ကို ခေါင်းလှည့်ကြည့်လာတဲ့ ဆက်ခွန်းသစ်က မာန့်ကို လှမ်းမြင်လိုက်ပြီမို့ ဝမ်းသာအားရ လက်ရမ်းပြလာလေသည်။ အဲ့ဒါလေးနဲ့တင် မျက်နှာက ချက်ချင်း ပြုံးရွှင်သွားပြန်တဲ့ သျှိုင်းစက်မာန်ကြောင့် ရေး ခေါင်းရမ်းလိုက်မိသည်။ ထို့နောက် အဲ့ကောင် ထွက်လာလောက်မယ့်ပုံမို့ ဆိုင်ရှေ့က တိုင်လုံး၏ တခြားဖက်ထဲ သွားရှောင်နေလိုက်ရသည်။
ထင်သည့်အတိုင်း ဆက်ခွန်းသစ်က ရေးကို သတိမထားမိလိုက်တာကြောင့် ထထွက်လာဖို့အတွက်-
"အစ်ကို ကျွန်တော် အပြင်ခဏ ထွက်လိုက်ဦးမယ်။ သူငယ်ချင်းကို လှမ်းတွေ့လိုက်လို့"
"အင်း၊ အေးဆေးလုပ်"
ရိုင်းလ် အပြင်ကို လှမ်းကြည့်လိုက်ပါသေးသည်။ သူ ခုန တိုက်ပေါ်က မြင်လိုက်တဲ့ အမျိုးသားနဲ့ ဆင်သလိုပဲမို့ အနောက်ကို အမြန်လှည့်ကြည့်လိုက်တော့ ဟိုကောင် မရှိတော့။
ဆက်ခွန်းသစ် ဆိုင်ပြင်ထွက်လာခဲ့သည်။
"မာန် ငါ မင်းကို ပြန်ရောက်ကထဲက ရှာနေတာ ကြာလှပြီ။ ဆိုင်ကို ဖုန်းဆက်ကြည့်တော့ ခရီးတွေ ထွက်နေရတယ်ဆိုလို့။ မင်း ဖုန်းနံပါတ် ပြောင်းလိုက်တာလား"
"ဟုတ်တယ်၊ ငါ ရှေ့ရက်ကမှ နယ်ကနေ ပြန်ရောက်တာ။ ဖုန်းကတော့ ဒီလိုပဲ ပြောင်းဖြစ်သွားတယ်။ မင်းလည်း မဆက်တော့ဘူး ထင်လို့လေ"
ရေး တိုင်လုံး၏ တခြားဖက်ခြမ်း၌ တိုင်ကို ခြေထောက်တစ်ဖက် နောက်ပြန်ကန်ထားကာ ခေါင်းမှီ လက်ပိုက်ထားရင်းကနေ နားကလော်လိုက်မိသည်။
"ခွန်း ဒါနဲ့ အဲ့လူက ဘယ်သူလဲ။ မင်းရဲ့. . ."
"အစ်ကိုလေ၊ ငါ မင်းကို နောက်မှ မိတ်ဆက်ပေးဦးမယ်"
မာန် ခုမှပဲ ဟူးခနဲ သက်ပြင်းချမိသွားစဉ် ရေးဆီမှ အသံထွက်လာတာမို့ ခွန်းပင် အဲ့ကောင်ရှိနေမှန်း မသိတာကြောင့် လန့်သွားခဲ့သည်။
"အစ်ကိုတဲ့လား၊ ငါက မင်းရဲ့ အိမ်စောင့်ခွေး ထင်လို့"
"တောက်. . .မင်း ငါ့အစ်ကိုကို ဘာပြောတာလဲ။ နောက်လက်တစ်ဖက်ပါ ကျိုးချင်နေတာလား"
မာန် တကယ်ကြီး ခွန်းကို လေးစားသွားမိသလိုပင်။ ခွန်းက ဘယ်သူမှ သိပ်ထိလို့မရတဲ့ ရေးကို အဲ့လောက်ထိ ဖြစ်သွားအောင် လုပ်ပစ်လိုက်နိုင်တယ်ပေါ့။ သူတောင် ရေးကို ကြောက်လို့ ရန်အများကြီး လိုက်မစရဲဘူး။
"ကြောက်မယ်ထင်လို့လား။ မကျေနပ်ရင် အဲ့ကောင်ကို သွားပြောလိုက်။ ငါက သူ့ကို ရှူးတိုက်ခံလိုက်ရတဲ့ အိမ်စောင့်ခွေးလို့ပဲ ထင်နေမိတာလို့"
"မင်း. . ."
သျှိုင်းစက်မာန် အခုချက်ချင်း မြေသာမျိုသွားလိုက်ချင်မိသည်။ အဲ့နှစ်ယောက် ထိပ်တိုက်တွေ့ရင် သူ ဘယ်ဖက်လိုက်ရမလဲ မသိတော့အောင် စိတ်ညစ်ရတာမို့ပါပင်။
ရေး တိုင်လုံးကို ဘေးတစောင်းမှီရပ်လိုက်ပြီး မျက်နှာတွေ နီရဲလာအောင်ထိ ဒေါသထွက်နေတဲ့ ဆက်ခွန်းသစ်အား လှောင်ပြုံးပြုံးရင်း မျက်ခုံးပင့်ပြလိုက်သည်။
"မာန် မင်း ရေးကို ထိန်းထားနော်။ ငါ မင်းကြောင့် အဲ့ကောင်ကို သည်းခံနေတာ"
"အော်ဟော. . .ငါကလည်း သူ့ကြောင့် မင်းကို အခုလောက်ထိ သည်းခံနေတာပါ။ မင်းက သည်းမခံနိုင်တော့ရော ငါ့ကို ဘာလုပ်ချင်သေးလို့လဲ။ အားကိုးရှိမှ မိုက်ရဲတဲ့ကောင်ကများ ငါ့ကို စိန်ခေါ်ချင်နေသေးတယ်။ ဟက်၊ မကျေနပ်ရင် အခုချက်ချင်း မင်းရဲ့အစ်ကိုဆိုတဲ့သူကိုပါ သွားဝင်ခေါ်လိုက်လေ"
နေရင်းထိုင်ရင်း မဆိုင်တဲ့ ဆိုင်ထဲက အစ်ကိုဆိုတဲ့သူကိုပါ ပြဿနာထရှာနေပြန်တဲ့ ရေးကို သျှိုင်းစက်မာန် ဝင်တားရတော့သည်။
"ရေး မင်း သွားတော့၊ ကားထဲမှာ သွားစောင့်နေ။ ငါ ပြီးရင် လိုက်ပို့မယ်။ please"
ဆက်ခွန်းသစ် မဲ့ပြုံးပြုံးလိုက်မိသည်။ အဲ့ကောင်က မာန့်ရှေ့မှာဆို သူ့ကို ဘာမှမလုပ်ရဲတာမို့ ထွက်သွားဖို့ပြင်နေတဲ့ ရေး ကြားအောင် မာန့်အား လှမ်းပြောလိုက်သည်။
"မာန် ငါ မင်းကို မှာထားခဲ့တယ်လေ။ ငါ့ချစ်သူရဲ့ အုတ်ဂူမှာ တခြားကောင် ပန်းစည်းလာမထားစေနဲ့လို့။ ဒီနေ့က သလွန်းလွင်ပြင်ရဲ့ အုတ်ဂူမှာ ငါ ပန်းစည်းတွေ့လိုက်ရတဲ့ နောက်ဆုံးလ ဖြစ်ပါစေ။ တမလွန်က ငါ့ချစ်သူ စိတ်အနှောင့်အယှက်မဖြစ်အောင် မင်းက သေချာထိန်းထားမှပေါ့။ မင်းအတွက် သလွန်းလွင်ပြင်လို နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ သူငယ်ချင်းထက် အခုမှတွေ့ပြီး ရင်းနှီးနေတဲ့ တခြားသူငယ်ချင်းက ပိုအရေးကြီးနေတယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်"
ကျောခိုင်းရပ်နေသည့် ရေး ဆက်လျှောက်သွားဝောာ့သည်။ ငါ့ချစ်သူဆိုတာကို တမင် ဖိဖိပြောနေတဲ့ ထိုကောင့်မျက်ခွက်ကို ပိတ်ထိုးလိုက်ချင်ပေမယ့် အခုနေ သူ ပြန်လှည့်လိုက်ရင် သူ မျက်ရည်ဝဲသွားတာကို ထိုကောင်တွေ မြင်သွားကြမှာစိုးလို့ပင်။
ဒီနေ့ သူ့စိတ်အခြေအနေက တော်တော်မကောင်းတာမို့ ရေး ကိုယ့်ဘာသာကိုယ်ပဲ ကားငှားပြီး အိမ်ပြန်သွားတော့သည်။
သျှိုင်းစက်မာန် ဒီနှစ်ယောက်ကြားထဲ သူ လက်ဝင်မလျှိုချင်တော့တာကြောင့် ဘေးကသာ ရပ်ကြည့်နေလိုက်သလို ခွန်းလည်း ခဏနေ သူ့အား နှုတ်ဆက်ပြီး ဆိုင်ထဲပြန်ဝင်သွားပြီမို့ ရေး နောက်တော့ သူ ထပ်မလိုက်ရဲ။ ထို့အတွက် ကိုယ့်အိမ်ကိုယ်သာ ပြန်သွားလိုက်တော့သည်။
"အစ်ကို စားနှင့်တာ မဟုတ်ဘူး"
"အခုလေးတင်ပဲ လာချသွားတာ"
ရိုင်းလ် အပြင်က မြင်ကွင်းကို မကြားရပေမယ့် တောက်လျှောက်ကြည့်နေခဲ့ခြင်းဖြစ်တာမို့ သူ ခွန်းဆီက သိချင်တာ တစ်ခုပဲ ရှိသည်။
"မင်းတို့နှစ်ယောက် ပြဿနာမှာ ဘယ်သူက မှားနေတာလဲ"
သူများ privacy ကို အလွန်အလေးထားတတ်သူမို့ ဘာတွေဖြစ်နေကြတာလဲဆိုတာကို ရိုင်းလ် အတင်းအကျပ်တော့ လိုက်မေးမှာ မဟုတ်ပေ။
"အဲ့ကောင်မှားတာ"
ရိုင်းလ် ထိုင်ခုံနောက်ကျောကို လက်ပိုက်မှီထိုင်လိုက်ပြီး သူ့ရှေ့က ကောင်လေးကို အကဲခတ်လိုက်ရင်း ခေါင်းညိတ်ပြလိုက်တော့သည်။
ထပ်မမေးတော့ပေမယ့် ရိုင်းလ် သိလိုက်ပြီ။ ဒီပြဿနာမှာ နှစ်ယောက်လုံး မှားနေတာပဲဆိုတာကို။ သူ လူကဲခတ် ကျွမ်းတာမျိုးတော့ မဟုတ်သော်ငြား ခွန်းအကြောင်းကိုတော့ ကျမ်းကျေသူမို့ပင်။ ခွန်း လိမ်ပြောချိန်ဆို မျက်လုံးတွေ ဂနာမငြိမ် ဖြစ်သွားတတ်တဲ့ အကျင့်ကို ငယ်ငယ်ကထဲက သိပြီးသား။
သို့ပေမယ့် ရိုင်းလ် ထပ်မမေးတော့ဘဲ စားကြဖို့သာ အချက်ပြလိုက်တော့သည်။
သူ့အစ်ကို ဘာမှထပ်မမေးတော့မှသာ ဆက်ခွန်းသစ် သက်ပြင်းခိုးချလိုက်မိသည်။
----------------------------
အိမ်ထဲဝင်လိုက်ချင်းတင် လာဗင်ဒါနံ့ ခပ်သင်းသင်းရနေသည့် ရေး၏ အိမ်နံရံပြတင်းပေါက်တွင် အနက်ရောင်ခန်းဆီးများ တပ်ထားပြီး သူ့အိပ်ခန်းထဲ၌ Dream catcher များ ချိတ်ဆွဲထားသည်။
Lavender candle တွေအပြင် Lavender ရနံ့ထွက်နေတဲ့ အငွေ့ထွက်စက်ကြောင့်ပါ ရေး၏ အိပ်ခန်းထဲ၌ လာဗင်ဒါနံ့တွေ သင်းနေသည်။
သူ လာဗင်ဒါ ရေမွှေးတော့ ဘယ်တော့မှ မသုံးခဲ့ဖူးပေမယ့် အိပ်ခန်းထဲမှာတော့ ထိုအနံ့တွေ ရနေအောင် လုပ်ထားလေသည်။ Dream catcher တွေနဲ့ လာဗင်ဒါအနံ့တွေ ရှိနေမှသာ သူ ကောင်းကောင်း အိပ်ပျော်နိုင်တာကြောင့်ပါပင်။
ဖုန်းကို စက်ပိတ်ထားလိုက်ပြီး စားပွဲပေါ် တင်ထားလိုက်ကာ ဘယ်ဖက်လက်က သေချာလှုပ်မရတာမို့ အင်္ကျီချွတ်တာတောင် ကသီနေရပြီ။ ထို့အတွက် ကပြားကောင်မျက်နှာကို မြင်ယောင်လိုက်မိပြီး စိတ်တိုသွားရပြန်ပြီမို့ တောက်ခေါက်လိုက်ကာ အပေါ်ပိုင်း ဗလာကျင်းနဲ့သာ ခရမ်းရောင် အိပ်ရာခင်း ခင်းကျင်းထားတဲ့ အိပ်ရာပေါ် ခဏထိုင်လိုက်ရသည်။
ထို့နောက် အိပ်ရာဘေးက စားပွဲအံဆွဲထဲကို မွှေနှောက်နေမိသည်။
နှင်းလိုဖြူစွတ်နေတဲ့ ရေး၏ ဘယ်ဖက်ပခုံးထက်၌ လိပ်ပြာပုံစံ မွေးရာပါ အမှတ်တစ်ခုရှိသည်။ ထိုအမှတ်ကြောင့် သူ အခုလို မိသားစု၏ ပစ်ပယ်ထားခြင်းကို ခံလိုက်ရတာမို့ သူ့တစ်ကိုယ်လုံးမှာ ရေး အမုန်းဆုံးအရာက ထိုလိပ်ပြာ အမှတ်အသားကို ဖြစ်သည်။
"ဘယ်ရောက်သွားတာပါလိမ့်"
ဒီညတော့ သူ့ခေါင်းအုံးအောက်ထဲမှာ Lavender bag ပါ ထားအိပ်ရမည့်အထိ စိတ်ဖိစီးမှုများနေတာမို့ ထိုအိတ်ကို ရှာနေပေမယ့် အထားမှားသွားလားပဲ မသိ၊ မတွေ့တော့ဘဲ မှောက်ထားသည့် ဓာတ်ပုံတစ်ပုံကိုသာ မြင်လိုက်ရတာကြောင့် ယူကြည့်လိုက်မိသည်။
ဓာတ်ပုံနောက်ကျော၌ "က်ိုယ် မြတ်နိုးရပါသော ရေးအတွက်. . .မှ/ သလွန်းလွင်ပြင်" ဆိုတဲ့ စာရေးထားသည်။
ထိုဓာတ်ပုံက ရေး မီးမရှို့ပစ်ဘဲ ချန်ထားခဲ့တဲ့ တစ်ပုံတည်းသော ဓာတ်ပုံဖြစ်သည်။
ထိုဓာတ်ပုံထဲကလို အပြုံးမျိုးတွေ သူ့ဆီမှာရော ကျန်တဲ့နှစ်ယောက်ဆီမှာပါ မတွေ့ရနိုင်တော့တာကြောင့် ရေး ဒီတစ်ပုံကိုတော့ အမှတ်တရ သိမ်းထားခဲ့ခြင်းဖြစ်သည်။
သလွန်းလွင်ပြင် ရိုက်ပေးခဲ့တဲ့ ရေးရဲ့ ဘားမှာ သူတို့သုံးယောက် ထိုင်နေတဲ့ ဓာတ်ပုံ။
ဘားကောင်တာက ခုံမှာ သူတို့သုံးယောက် ထိုင်သောက်နေကြစဉ် ကင်မရာနဲ့ ရောက်ချလာတဲ့ သလွန်းလွင်ပြင်က သူ ဓာတ်ပုံရိုက်ပေးမှာမို့ အလန်းစားပို့စ် အမြန်လုပ်ကြဆိုလို့ သူနဲ့ မာန်တို့ ဘယ်လိုလုပ်ရမှာလဲ စဉ်းစားနေတုန်း အလယ်ခုံမှာ ထိုင်နေတဲ့ ခွန်းကတော့ အပီအပြင် ပို့စ် ပေးနေပြီကို တွေ့လိုက်ရတာကြောင့် သူနဲ့ မာန် ဆက်ခွန်းသစ်ကို လှည့်ကြည့်မိရင်း ခွန်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီကနေ နှစ်ယောက်သား တဟားဟား ထိုင်ရယ်နေမိကြတာကို အမိအရ အရိုက်ခံလိုက်ရတာမို့ ပုံထဲ၌ ဆက်ခွန်းသစ်ကလွဲရင် သူနဲ့ မာန်က မျက်လုံးပိတ်အောင် ရယ်နေမိကြတဲ့ပုံ ဖြစ်နေခဲ့သည်။
အခုတော့ ဒီဓာတ်ပုံကို ရိုက်ပေးခဲ့တဲ့သူလည်း မရှိတော့သလို၊ ဒီဓာတ်ပုံထဲမှာ ကြည့်အကောင်းဆုံး ဖြစ်ခဲ့တဲ့ ခွန်းနဲ့ သူကလည်း မျက်နှာချင်းတောင်ဆိုင်လို့ မရခဲ့တော့သလို၊ မာန့်၏ ပျော်ပျော်နေတတ်တဲ့ အမူအကျင့်တွေကလည်း အခုချိန်မှာ ထိုအချိန်တွေတုန်းကလောက် အသက်မဝင်တော့ပါပေ။
အမှတ်တရတွေက ဒီဓာတ်ပုံလေးထဲမှာသာ ကျန်ပါတော့သည်။
---------------------------
အဖြူရောင်ကားတစ်စီး အဆောက်အဦးတစ်ခုရှေ့ကို ဆိုက်ရောက်လာခဲ့ချိန် ကားပိုင်ရှင် လက်ကနာရီကို လှမ်းကြည့်လိုက်တော့ ဆယ်နာရီကွက်တိ။
ရိုင်းလ်စေတန်၏ ဘယ်အရာကိုမဆို တိကျအောင် လုပ်တတ်တဲ့ အကျင့်က အနောက်တိုင်းဟန်ပန်အပြည့်။
ကားပေါ်ကနေ ထိုအဆောက်အဦးကို နေကာမျက်မှန်အမည်းအောက်က အညိုရောင်မျက်ဝန်းများဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ လန်ဒန်မှ မထွက်လာခင်တုန်းက တကူးတက ဝယ်ထည့်လာဖြစ်ခဲ့သည့် ဘေးက လက်ဆောင်ဘူးကို လှမ်းယူလိုက်ကာ ကားအောက်ဆင်းလာခဲ့သည်။
လှပသေသပ်စွာ ထုပ်ပိုးထားခဲ့သည့် ဒီလက်ဆောင်ဘူးထဲ၌ ရိုင်းလ် အမြဲသုံးနေကျ လာဗင်ဒါနံ့ ရေမွှေးပုလင်း ရှိနေခြင်းပင်။
အပြာရောင် ကော်လာရှပ်အင်္ကျီပေါ်၌ အနက်ရောင် အနောက်တိုင်းဝတ်စုံကို ထပ်ဝတ်ဆင်ထားသော ဝတ်စုံပြည့်နဲ့ ရိုင်းလ်စေတန် ကားအဖြူရောင်ပေါ်မှ ဆင်းလာခဲ့ကာ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အဆောက်အဦးရှေ့၌ ခဏရပ်တန့်လိုက်သည်။
အဆောက်အဦးကို သေချာမြင်လိုက်ရချိန်၌ သူ့အတွက် ထိုနေရာမှ မဟုတ်ရင် ဘယ်နားမှာမှ ဆေးခန်းမဖွင့်ချင်ဘူးဆိုတဲ့ စိတ်က တစ်ရာရာခိုင်နှုန်း ပိုသေချာသွားခဲ့သည်။
ထို့အတွက် ရိုင်းလ် ပိုင်ရှင်နဲ့တွေ့ဖို့ အနည်းငယ် စိတ်လှုပ်ရှားနေမိသလိုပင်။ သူ ဝတ်စုံပြည့် သေချာဝတ်စားလာခဲ့တဲ့အပြင် ထိုပိုင်ရှင် ငြင်းလွှတ်ရင် ချပြဖို့ ဘွဲ့လက်မှတ်တွေသာမက နိုင်ငံခြားက ရထားတဲ့ ရှိသမျှ အထင်ကြီးစရာ စာရွက်စာတမ်း အကုန်ထည့်ယူလာခဲ့မိတဲ့အထိမို့ ရိုင်းလ်အဖြစ်က အခန်းလာငှားတာနဲ့ မတူဘဲ အလုပ်လာလျှောက်တဲ့သူနဲ့ပင် တူနေသည်။
သူ သေချာပြင်ဆင်လာခဲ့ပေမယ့် မငှားနိုင်ဘူးဆိုရင်တော့လည်း နောက်ဆုံးတစ်နည်းက လာဗင်ဒါအနံ့ကို သဘောကျတတ်တဲ့ ပိုင်ရှင်အား လာဘ်ထိုးဖို့ လက်ဆောင်ပါ ပြင်လာခဲ့ပြီးပြီ။ ဒီထက် ပြည့်စုံတာ မရှိတော့ပြီမို့ ယုံကြည်ချက်အပြည့်ဖြင့် ပန်းဆိုင်ထဲသို့ တွန်းဝင်လာခဲ့သည်။
ဆိုင်ထဲရောက်သွားတာနဲ့ ပန်းမျိုးစုံကို အထပ်ထပ်တွေနဲ့ သပ်ရပ်စွာ ခင်းကျင်းထားတာကို သတိထားလိုက်မိစဥ် ဝန်ထမ်းကောင်မလေး ထွက်လာပြီး-
"ဘာကူညီပေးရမလဲရှင့်။ လက်ဆောင်ပေးဖို့ ပန်းရွေးပေးရမယ်ဆိုလည်း ပြောလို့ရပါတယ်"
အနောက်တိုင်းဝတ်စုံအပြည့်နဲ့ နိုင်ငံခြားသားရုပ် ပိုပေါက်နေတဲ့ ဆိုင်ထဲဝင်လာတဲ့ ဧည့်သည်ကြောင့် ဝန်ထမ်းကောင်မလေးခမျာ ဘယ်ဘာသာစကား အရင်ပြောရမလဲ တွေဝေမိသွားရတဲ့အထိပင်။
"ပန်းဝယ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် ဒီဆိုင်ရှင်ကို ဖုန်းဆက်ထားသေးတယ်။ ဟိုဖက်အခန်းငှားချင်လို့ဆိုတဲ့အကြောင်း"
ထိုအခါမှ ဝန်ထမ်းကောင်မလေး သဘောပေါက်သွားတော့ကာ-
"ဪ. . .ဒေါက်တာဆိုတာ ထင်တယ်"
ရိုင်းလ် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ကျွန်မတို့ကို သူဌေး မှာသွားတယ်။ အခု သူဌေးက ဒီနေ့မနက်ကထဲက ဆိုင်မှာ မရှိနိုင်လို့ ဒီတိုက်ပိုင်ရှင်နဲ့ပဲ တိုက်ရိုက်တွေ့သွားလိုက်ပါတဲ့။ အဲ့ပိုင်ရှင် ခုနကထဲက ဒေါက်တာ့ကို ဆင်းစောင့်နေပါတယ်။ ဆိုင်ရဲ့ အတွင်းထဲ ဝင်သွားလိုက်ပါ"
ရိုင်းလ်လည်း ဒီဆိုင်က သူဌေးနဲ့ထက် အခန်းပိုင်ရှင်ကိုပဲ အဓိက တွေ့ချင်ခဲ့တာမို့ ထိုအမျိုးသမီးလေး ညွှန်ပြရာ ဆိုင်ရဲ့ အတွင်းထဲသို့ ဝင်လာခဲ့လိုက်သည်။
အတွင်းဖက်ထဲ၌ သူ့ကို နောက်ကျောပေး ထိုင်နေသည့် ပိုင်ရှင်အား ရိုင်းလ် တွေ့လိုက်ရလေသည်။
"Hi. . ."
နားထင်ပေါ် လက်ထောက်ကာ ခေါင်းစောင်းပြီး ထိုင်နေတဲ့ ထိုပိုင်ရှင်က သူ့အား လှည့်ဝောာင်ကြည့်မလာတာမို့ ဖိုင်တွဲနဲ့ လက်ဆောင်ဘူးကို သေချာကိုင်လိုက်ပြီး ထိုပိုင်ရှင်ရှေ့သို့ သွားရပ်လိုက်ရသည်။
ပိုင်ရှင်မျက်နှာကို မြင်လိုက်ရတဲ့ ခဏ၌ ရိုင်းလ်စေတန် သူ့လက်ထဲက ပစ္စည်းတွေ ပြုတ်မကျသွားအောင် သေချာဆုပ်ကိုင်ထားလိုက်ရတဲ့အထိ။
လခွမ်း. . .ဟိုကောင်လား. . .
နားထင်ပေါ်လက်ထောက်ပြီး အိပ်နေတဲ့အပြင် နားကြပ်တပ်ပြီး သီချင်းနားထောင်နေပုံမို့ မကြားလို့ကို လှည့်မကြည့်လာတဲ့ ပိုင်ရှင်ဆိုတာကို ဟိုကောင်လားဆိုတာ အတည်ပြုဖို့ စားပွဲပေါ်က ပတ်တီးအဖွေးသားလက်ကို ကြည့်လိုက်ရသည်။
သူ အများကြီး ပြင်ဆင်လာခဲ့တာကို ရင်ဝကို စောင့်ကန်ခံလိုက်ရသလိုမို့ ရိုင်းလ် စားပွဲကို ခေါက်လိုက်ပြီး အရှေ့မှာ လူရောက်နေကြောင်း အသံပေးလိုက်ရသည်။
No reply ပါပဲ။
ထို့အတွက် ဖိုင်တွဲကို စားပွဲပေါ် ဝုန်းခနဲ ပစ်တင်လိုက်တော့ကာ ထိုကောင့်နားကြပ်ကို ဆတ်ခနဲ ဆွဲဖြုတ်ပစ်လိုက်မိသည်။
ဒုန်းခနဲ အသံကြောင့် ရေး လန့်နိုးသွားခဲ့သည်။
သို့သော်ငြား နှစ်ညဆက်တိုက် ဒဏ်ရာအရှိန်ကြောင့် သူ ကောင်းကောင်းအိပ်မရခဲ့တာမို့ ဒီနေ့တောင် မလွှဲသာလို့ အိပ်ရေးမဝသေးဘဲ အောက်ဆင်းစောင့်နေရခြင်းဖြစ်သည်။ ရေး ထိုဆရာဝန်ကို ထိုင်စောင့်နေရင်း မှေးခနဲ အိပ်ပျော်သွားကာ အိပ်မက်ပင် မက်နေတာ။ အိပ်မက်ထဲမှာ သူ့ကို ဒုက္ခပေးသွားတဲ့ ကပြားကောင်ကိုတောင် စားလိုက်ပြီးပြီ။
ထို့အတွက် သူ့ရှေ့မှာ မြင်လိုက်ရတဲ့ ကပြားကောင်ကြောင့် အိပ်ချင်နေတဲ့ မျက်လုံးများပင် ချက်ချင်းပြေသွားရသလို ရိုင်းလ်ကတော့ လက်ထဲက လက်ဆောင်ဘူးကို အခုချက်ချင်း လွှင့်ပစ်ဖို့ တွေးပြီးပြီ ဖြစ်သည်။
ဒီနေရာမှာ ဆေးခန်းဖွင့်ဖို့ တစ်ရာရာခိုင်နှုန်း သေချာခဲ့တဲ့ စိတ်ကူးတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ပေပြီ။
___________________________________________
[Zawgyi]
ကားလမ္းမႀကီးထက္၌ သိပ္မၾကာခင္အခ်ိန္အတြင္း လူနာတင္ယာဥ္ေရာက္လာခဲ့ကာ အတိုက္ခံထားရသူအား ေဆး႐ုံပို႔ဖို႔ လုပ္ေနၾကတာကို သွ်ိုင္းစက္မာန္ ဖုန္းထြက္ေျပာေနရင္း ေတြ႕လိုက္ရသည္။
သူ႕ေဘးနားျဖတ္ေလွ်ာက္သြားသူေတြ အေျပာအရ ထိုလူ အသက္မမီေတာ့ဘူးဟု စိတ္မေကာင္းစြာ ေျပာေနၾကတဲ့ အသံကိုပါ ၾကားလိုက္ရေသးသည္။
ထိုအျဖစ္အပ်က္က သူ႕အား သလြန္းလြင္ျပင္ကို ခ်က္ခ်င္း သတိရသြားေစခဲ့သည္။ ထို႔အတြက္ ဖုန္းအျမန္ေျပာၿပီးတာနဲ႕ ဆိုင္ထဲျပန္ဝင္ဖို႔ ျပင္လိုက္ေတာ့သည္။
ဆိုင္ရဲ႕ ဘယ္ဖက္ျခမ္းထိပ္က စားပြဲဝိုင္းကို စိုက္ၾကည့္ရင္း တဝုန္းဝုန္း ထိုးစိုက္ကာ စားေသာက္ေနဆဲ ေရးတစ္ေယာက္ ဆိုင္ထဲျပန္ဝင္လာေတာ့မယ့္ပုံရွိေနတဲ့ မာန႔္ကို လွမ္းေတြ႕လိုက္ရတာေၾကာင့္ စားလက္စကို ခ်လိဳက္ေတာ့ကာ အေလာသုံးဆယ္ bill အျမန္ရွင္းလိုက္ၿပီး မာန္ ဖုန္းေျပာမၿပီးခင္ပင္ ဆိုင္ျပင္ ထြက္လာခဲ့သည္။
ထို႔အတြက္ ဖုန္းခ်ၿပီး ျပန္လွည့္လိုက္သည့္ သွ်ိုင္းစက္မာန္ခမ်ာ သူ႕ေနာက္မွာ ရပ္ေနသည့္ ေရးေခတၱရာကို ႐ုတ္တရက္ ျမင္လိုက္ရတာေၾကာင့္ သရဲျမင္လိုက္ရသလိုပင္ လန႔္သြားမိသည္။
"လန႔္လိုက္တာကြာ၊ ေနာက္မွာ ေရာက္ေနရင္လည္း အသံေပးေလ"
ေရးက သူ႕ျမင္ကြင္းကို ပိတ္ရပ္ေနတာမို႔-
"ဘာလို႔ထြက္လာတာလဲ၊ ျပန္ဝင္မယ္ေလ"
"မဝင္ေတာ့ဘူး၊ ငါ့လက္ နာေနၿပီ။ အိမ္ျပန္ပို႔ေပးေတာ့"
မာန္ ေခါင္းကုတ္လိုက္မိသည္။ သူ ဘာမွမစားရေသးဘူးဆိုတဲ့အေၾကာင္း ေျပာခ်င္ေပမယ့္ အတင္းကို ေရးက သူ႕အား ဆိုင္အျပင္ ခပ္လွမ္းလွမ္းထိ တြန္းထုတ္ေနတာေၾကာင့္-
"ဘာလို႔ မင္း ငါ့ျမင္ကြင္းကို လိုက္ပိတ္ေနတာတုန္း။ မဟုတ္မွလြဲေရာ မင္း ဆိုင္ထဲမွာ ျပႆနာထပ္ရွာလာခဲ့ၿပီး ထြက္ေျပးဖို႔မ်ား ႀကံေနတာလား"
"က်စ္. . .ဒီေကာင္ကေတာ့"
အရိပ္သုံးပါးနားမလည္တဲ့ မာန္က ေရး ေနာက္က ဆိုင္ထဲကို မရမက ၾကည့္ေနတာမို႔ ေရး ဖယ္ေပးလိုက္ေတာ့သည္။ ဟိုအတြဲကို ဒီေကာင္ ျမင္ရင္ မ်ိဳလို႔လည္း က်မွာမဟုတ္ေလာက္ေတာ့တာမို႔ ေခၚထုတ္ေပးေနတာကို လူကို မယုံသလိုနဲ႕ ဆိုင္ထဲ လွမ္းၾကည့္ေနဆဲမို႔ ေနာက္ဆုံးေတာ့ သွ်ိုင္းစက္မာန္တစ္ေယာက္ အေပါက္ဝနားတင္ ထိုင္ေနတဲ့ ခြန္းတို႔ကို ျမင္လိုက္ရၿပီ။
"အဲ့ေကာင္က ဘယ္သူလဲ၊ သူ အသစ္ရသြားတာလား"
ေရး ပခုံးပဲ တြန႔္ျပလိုက္မိသည္။ ဟုတ္မွာဟု ေျပာခ်င္ေပမယ့္ ခ်က္ခ်င္းကို လဒမွိုင္ မွိုင္သြားတဲ့ မာန႔္ေၾကာင့္ မေသခ်ာတာကို ရမ္းမေျပာဘဲ ထားလိုက္ေတာ့သည္။
သို႔ေသာ္ျငား အျပင္ဖက္ကို ေခါင္းလွည့္ၾကည့္လာတဲ့ ဆက္ခြန္းသစ္က မာန႔္ကို လွမ္းျမင္လိုက္ၿပီမို႔ ဝမ္းသာအားရ လက္ရမ္းျပလာေလသည္။ အဲ့ဒါေလးနဲ႕တင္ မ်က္ႏွာက ခ်က္ခ်င္း ၿပဳံး႐ႊင္သြားျပန္တဲ့ သွ်ိုင္းစက္မာန္ေၾကာင့္ ေရး ေခါင္းရမ္းလိုက္မိသည္။ ထို႔ေနာက္ အဲ့ေကာင္ ထြက္လာေလာက္မယ့္ပုံမို႔ ဆိုင္ေရွ႕က တိုင္လုံး၏ တျခားဖက္ထဲ သြားေရွာင္ေနလိုက္ရသည္။
ထင္သည့္အတိုင္း ဆက္ခြန္းသစ္က ေရးကို သတိမထားမိလိုက္တာေၾကာင့္ ထထြက္လာဖို႔အတြက္-
"အစ္ကို ကြၽန္ေတာ္ အျပင္ခဏ ထြက္လိုက္ဦးမယ္။ သူငယ္ခ်င္းကို လွမ္းေတြ႕လိုက္လို႔"
"အင္း၊ ေအးေဆးလုပ္"
ရိုင္းလ္ အျပင္ကို လွမ္းၾကည့္လိုက္ပါေသးသည္။ သူ ခုန တိုက္ေပၚက ျမင္လိုက္တဲ့ အမ်ိဳးသားနဲ႕ ဆင္သလိုပဲမို႔ အေနာက္ကို အျမန္လွည့္ၾကည့္လိုက္ေတာ့ ဟိုေကာင္ မရွိေတာ့။
ဆက္ခြန္းသစ္ ဆိုင္ျပင္ထြက္လာခဲ့သည္။
"မာန္ ငါ မင္းကို ျပန္ေရာက္ကထဲက ရွာေနတာ ၾကာလွၿပီ။ ဆိုင္ကို ဖုန္းဆက္ၾကည့္ေတာ့ ခရီးေတြ ထြက္ေနရတယ္ဆိုလို႔။ မင္း ဖုန္းနံပါတ္ ေျပာင္းလိုက္တာလား"
"ဟုတ္တယ္၊ ငါ ေရွ႕ရက္ကမွ နယ္ကေန ျပန္ေရာက္တာ။ ဖုန္းကေတာ့ ဒီလိုပဲ ေျပာင္းျဖစ္သြားတယ္။ မင္းလည္း မဆက္ေတာ့ဘူး ထင္လို႔ေလ"
ေရး တိုင္လုံး၏ တျခားဖက္ျခမ္း၌ တိုင္ကို ေျခေထာက္တစ္ဖက္ ေနာက္ျပန္ကန္ထားကာ ေခါင္းမွီ လက္ပိုက္ထားရင္းကေန နားကေလာ္လိုက္မိသည္။
"ခြန္း ဒါနဲ႕ အဲ့လူက ဘယ္သူလဲ။ မင္းရဲ႕. . ."
"အစ္ကိုေလ၊ ငါ မင္းကို ေနာက္မွ မိတ္ဆက္ေပးဦးမယ္"
မာန္ ခုမွပဲ ဟူးခနဲ သက္ျပင္းခ်မိသြားစဥ္ ေရးဆီမွ အသံထြက္လာတာမို႔ ခြန္းပင္ အဲ့ေကာင္ရွိေနမွန္း မသိတာေၾကာင့္ လန႔္သြားခဲ့သည္။
"အစ္ကိုတဲ့လား၊ ငါက မင္းရဲ႕ အိမ္ေစာင့္ေခြး ထင္လို႔"
"ေတာက္. . .မင္း ငါ့အစ္ကိုကို ဘာေျပာတာလဲ။ ေနာက္လက္တစ္ဖက္ပါ က်ိဳးခ်င္ေနတာလား"
မာန္ တကယ္ႀကီး ခြန္းကို ေလးစားသြားမိသလိုပင္။ ခြန္းက ဘယ္သူမွ သိပ္ထိလို႔မရတဲ့ ေရးကို အဲ့ေလာက္ထိ ျဖစ္သြားေအာင္ လုပ္ပစ္လိုက္နိုင္တယ္ေပါ့။ သူေတာင္ ေရးကို ေၾကာက္လို႔ ရန္အမ်ားႀကီး လိုက္မစရဲဘူး။
"ေၾကာက္မယ္ထင္လို႔လား။ မေက်နပ္ရင္ အဲ့ေကာင္ကို သြားေျပာလိုက္။ ငါက သူ႕ကို ရႉးတိုက္ခံလိုက္ရတဲ့ အိမ္ေစာင့္ေခြးလို႔ပဲ ထင္ေနမိတာလို႔"
"မင္း. . ."
သွ်ိုင္းစက္မာန္ အခုခ်က္ခ်င္း ေျမသာမ်ိဳသြားလိုက္ခ်င္မိသည္။ အဲ့ႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ရင္ သူ ဘယ္ဖက္လိုက္ရမလဲ မသိေတာ့ေအာင္ စိတ္ညစ္ရတာမို႔ပါပင္။
ေရး တိုင္လုံးကို ေဘးတေစာင္းမွီရပ္လိုက္ၿပီး မ်က္ႏွာေတြ နီရဲလာေအာင္ထိ ေဒါသထြက္ေနတဲ့ ဆက္ခြန္းသစ္အား ေလွာင္ၿပဳံးၿပဳံးရင္း မ်က္ခုံးပင့္ျပလိုက္သည္။
"မာန္ မင္း ေရးကို ထိန္းထားေနာ္။ ငါ မင္းေၾကာင့္ အဲ့ေကာင္ကို သည္းခံေနတာ"
"ေအာ္ေဟာ. . .ငါကလည္း သူ႕ေၾကာင့္ မင္းကို အခုေလာက္ထိ သည္းခံေနတာပါ။ မင္းက သည္းမခံနိုင္ေတာ့ေရာ ငါ့ကို ဘာလုပ္ခ်င္ေသးလို႔လဲ။ အားကိုးရွိမွ မိုက္ရဲတဲ့ေကာင္ကမ်ား ငါ့ကို စိန္ေခၚခ်င္ေနေသးတယ္။ ဟက္၊ မေက်နပ္ရင္ အခုခ်က္ခ်င္း မင္းရဲ႕အစ္ကိုဆိုတဲ့သူကိုပါ သြားဝင္ေခၚလိုက္ေလ"
ေနရင္းထိုင္ရင္း မဆိုင္တဲ့ ဆိုင္ထဲက အစ္ကိုဆိုတဲ့သူကိုပါ ျပႆနာထရွာေနျပန္တဲ့ ေရးကို သွ်ိုင္းစက္မာန္ ဝင္တားရေတာ့သည္။
"ေရး မင္း သြားေတာ့၊ ကားထဲမွာ သြားေစာင့္ေန။ ငါ ၿပီးရင္ လိုက္ပို႔မယ္။ please"
ဆက္ခြန္းသစ္ မဲ့ၿပဳံးၿပဳံးလိုက္မိသည္။ အဲ့ေကာင္က မာန႔္ေရွ႕မွာဆို သူ႕ကို ဘာမွမလုပ္ရဲတာမို႔ ထြက္သြားဖို႔ျပင္ေနတဲ့ ေရး ၾကားေအာင္ မာန႔္အား လွမ္းေျပာလိုက္သည္။
"မာန္ ငါ မင္းကို မွာထားခဲ့တယ္ေလ။ ငါ့ခ်စ္သူရဲ႕ အုတ္ဂူမွာ တျခားေကာင္ ပန္းစည္းလာမထားေစနဲ႕လို႔။ ဒီေန႕က သလြန္းလြင္ျပင္ရဲ႕ အုတ္ဂူမွာ ငါ ပန္းစည္းေတြ႕လိုက္ရတဲ့ ေနာက္ဆုံးလ ျဖစ္ပါေစ။ တမလြန္က ငါ့ခ်စ္သူ စိတ္အေႏွာင့္အယွက္မျဖစ္ေအာင္ မင္းက ေသခ်ာထိန္းထားမွေပါ့။ မင္းအတြက္ သလြန္းလြင္ျပင္လို ႏွစ္ေပါင္းမ်ားစြာ ေပါင္းလာတဲ့ သူငယ္ခ်င္းထက္ အခုမွေတြ႕ၿပီး ရင္းႏွီးေနတဲ့ တျခားသူငယ္ခ်င္းက ပိုအေရးႀကီးေနတယ္လို႔ေတာ့ ငါ့ကို လာမေျပာနဲ႕ေနာ္"
ေက်ာခိုင္းရပ္ေနသည့္ ေရး ဆက္ေလွ်ာက္သြားေဝာာ့သည္။ ငါ့ခ်စ္သူဆိုတာကို တမင္ ဖိဖိေျပာေနတဲ့ ထိုေကာင့္မ်က္ခြက္ကို ပိတ္ထိုးလိုက္ခ်င္ေပမယ့္ အခုေန သူ ျပန္လွည့္လိုက္ရင္ သူ မ်က္ရည္ဝဲသြားတာကို ထိုေကာင္ေတြ ျမင္သြားၾကမွာစိုးလို႔ပင္။
ဒီေန႕ သူ႕စိတ္အေျခအေနက ေတာ္ေတာ္မေကာင္းတာမို႔ ေရး ကိုယ့္ဘာသာကိုယ္ပဲ ကားငွားၿပီး အိမ္ျပန္သြားေတာ့သည္။
သွ်ိုင္းစက္မာန္ ဒီႏွစ္ေယာက္ၾကားထဲ သူ လက္ဝင္မလွ်ိုခ်င္ေတာ့တာေၾကာင့္ ေဘးကသာ ရပ္ၾကည့္ေနလိုက္သလို ခြန္းလည္း ခဏေန သူ႕အား ႏႈတ္ဆက္ၿပီး ဆိုင္ထဲျပန္ဝင္သြားၿပီမို႔ ေရး ေနာက္ေတာ့ သူ ထပ္မလိုက္ရဲ။ ထို႔အတြက္ ကိုယ့္အိမ္ကိုယ္သာ ျပန္သြားလိုက္ေတာ့သည္။
"အစ္ကို စားႏွင့္တာ မဟုတ္ဘူး"
"အခုေလးတင္ပဲ လာခ်သြားတာ"
ရိုင္းလ္ အျပင္က ျမင္ကြင္းကို မၾကားရေပမယ့္ ေတာက္ေလွ်ာက္ၾကည့္ေနခဲ့ျခင္းျဖစ္တာမို႔ သူ ခြန္းဆီက သိခ်င္တာ တစ္ခုပဲ ရွိသည္။
"မင္းတို႔ႏွစ္ေယာက္ ျပႆနာမွာ ဘယ္သူက မွားေနတာလဲ"
သူမ်ား privacy ကို အလြန္အေလးထားတတ္သူမို႔ ဘာေတြျဖစ္ေနၾကတာလဲဆိုတာကို ရိုင္းလ္ အတင္းအက်ပ္ေတာ့ လိုက္ေမးမွာ မဟုတ္ေပ။
"အဲ့ေကာင္မွားတာ"
ရိုင္းလ္ ထိုင္ခုံေနာက္ေက်ာကို လက္ပိုက္မွီထိုင္လိုက္ၿပီး သူ႕ေရွ႕က ေကာင္ေလးကို အကဲခတ္လိုက္ရင္း ေခါင္းညိတ္ျပလိုက္ေတာ့သည္။
ထပ္မေမးေတာ့ေပမယ့္ ရိုင္းလ္ သိလိုက္ၿပီ။ ဒီျပႆနာမွာ ႏွစ္ေယာက္လုံး မွားေနတာပဲဆိုတာကို။ သူ လူကဲခတ္ ကြၽမ္းတာမ်ိဳးေတာ့ မဟုတ္ေသာ္ျငား ခြန္းအေၾကာင္းကိုေတာ့ က်မ္းေက်သဴမို႔ပင္။ ခြန္း လိမ္ေျပာခ်ိန္ဆို မ်က္လုံးေတြ ဂနာမၿငိမ္ ျဖစ္သြားတတ္တဲ့ အက်င့္ကို ငယ္ငယ္ကထဲက သိၿပီးသား။
သို႔ေပမယ့္ ရိုင္းလ္ ထပ္မေမးေတာ့ဘဲ စားၾကဖို႔သာ အခ်က္ျပလိုက္ေတာ့သည္။
သူ႕အစ္ကို ဘာမွထပ္မေမးေတာ့မွသာ ဆက္ခြန္းသစ္ သက္ျပင္းခိုးခ်လိဳက္မိသည္။
----------------------------
အိမ္ထဲဝင္လိုက္ခ်င္းတင္ လာဗင္ဒါနံ႕ ခပ္သင္းသင္းရေနသည့္ ေရး၏ အိမ္နံရံျပတင္းေပါက္တြင္ အနက္ေရာင္ခန္းဆီးမ်ား တပ္ထားၿပီး သူ႕အိပ္ခန္းထဲ၌ Dream catcher မ်ား ခ်ိတ္ဆြဲထားသည္။
Lavender candle ေတြအျပင္ Lavender ရနံ႕ထြက္ေနတဲ့ အေငြ႕ထြက္စက္ေၾကာင့္ပါ ေရး၏ အိပ္ခန္းထဲ၌ လာဗင္ဒါနံ႕ေတြ သင္းေနသည္။
သူ လာဗင္ဒါ ေရေမႊးေတာ့ ဘယ္ေတာ့မွ မသုံးခဲ့ဖူးေပမယ့္ အိပ္ခန္းထဲမွာေတာ့ ထိုအနံ႕ေတြ ရေနေအာင္ လုပ္ထားေလသည္။ Dream catcher ေတြနဲ႕ လာဗင္ဒါအနံ႕ေတြ ရွိေနမွသာ သူ ေကာင္းေကာင္း အိပ္ေပ်ာ္နိုင္တာေၾကာင့္ပါပင္။
ဖုန္းကို စက္ပိတ္ထားလိုက္ၿပီး စားပြဲေပၚ တင္ထားလိုက္ကာ ဘယ္ဖက္လက္က ေသခ်ာလႈပ္မရတာမို႔ အကၤ်ီခြၽတ္တာေတာင္ ကသီေနရၿပီ။ ထို႔အတြက္ ကျပားေကာင္မ်က္ႏွာကို ျမင္ေယာင္လိုက္မိၿပီး စိတ္တိုသြားရျပန္ၿပီမို႔ ေတာက္ေခါက္လိုက္ကာ အေပၚပိုင္း ဗလာက်င္းနဲ႕သာ ခရမ္းေရာင္ အိပ္ရာခင္း ခင္းက်င္းထားတဲ့ အိပ္ရာေပၚ ခဏထိုင္လိုက္ရသည္။
ထို႔ေနာက္ အိပ္ရာေဘးက စားပြဲအံဆြဲထဲကို ေမႊေႏွာက္ေနမိသည္။
ႏွင္းလိုျဖဴစြတ္ေနတဲ့ ေရး၏ ဘယ္ဖက္ပခုံးထက္၌ လိပ္ျပာပုံစံ ေမြးရာပါ အမွတ္တစ္ခုရွိသည္။ ထိုအမွတ္ေၾကာင့္ သူ အခုလို မိသားစု၏ ပစ္ပယ္ထားျခင္းကို ခံလိုက္ရတာမို႔ သူ႕တစ္ကိုယ္လုံးမွာ ေရး အမုန္းဆုံးအရာက ထိုလိပ္ျပာ အမွတ္အသားကို ျဖစ္သည္။
"ဘယ္ေရာက္သြားတာပါလိမ့္"
ဒီညေတာ့ သူ႕ေခါင္းအုံးေအာက္ထဲမွာ Lavender bag ပါ ထားအိပ္ရမည့္အထိ စိတ္ဖိစီးမႈမ်ားေနတာမို႔ ထိုအိတ္ကို ရွာေနေပမယ့္ အထားမွားသြားလားပဲ မသိ၊ မေတြ႕ေတာ့ဘဲ ေမွာက္ထားသည့္ ဓာတ္ပုံတစ္ပုံကိုသာ ျမင္လိုက္ရတာေၾကာင့္ ယူၾကည့္လိုက္မိသည္။
ဓာတ္ပုံေနာက္ေက်ာ၌ "က္ိုယ္ ျမတ္နိုးရပါေသာ ေရးအတြက္. . .မွ/ သလြန္းလြင္ျပင္" ဆိုတဲ့ စာေရးထားသည္။
ထိုဓာတ္ပုံက ေရး မီးမရွို႔ပစ္ဘဲ ခ်န္ထားခဲ့တဲ့ တစ္ပုံတည္းေသာ ဓာတ္ပုံျဖစ္သည္။
ထိုဓာတ္ပုံထဲကလို အၿပဳံးမ်ိဳးေတြ သူ႕ဆီမွာေရာ က်န္တဲ့ႏွစ္ေယာက္ဆီမွာပါ မေတြ႕ရနိုင္ေတာ့တာေၾကာင့္ ေရး ဒီတစ္ပုံကိုေတာ့ အမွတ္တရ သိမ္းထားခဲ့ျခင္းျဖစ္သည္။
သလြန္းလြင္ျပင္ ရိုက္ေပးခဲ့တဲ့ ေရးရဲ႕ ဘားမွာ သူတို႔သုံးေယာက္ ထိုင္ေနတဲ့ ဓာတ္ပုံ။
ဘားေကာင္တာက ခုံမွာ သူတို႔သုံးေယာက္ ထိုင္ေသာက္ေနၾကစဥ္ ကင္မရာနဲ႕ ေရာက္ခ်လာတဲ့ သလြန္းလြင္ျပင္က သူ ဓာတ္ပုံရိုက္ေပးမွာမို႔ အလန္းစားပို႔စ္ အျမန္လုပ္ၾကဆိုလို႔ သူနဲ႕ မာန္တို႔ ဘယ္လိုလုပ္ရမွာလဲ စဥ္းစားေနတုန္း အလယ္ခုံမွာ ထိုင္ေနတဲ့ ခြန္းကေတာ့ အပီအျပင္ ပို႔စ္ ေပးေနၿပီကို ေတြ႕လိုက္ရတာေၾကာင့္ သူနဲ႕ မာန္ ဆက္ခြန္းသစ္ကို လွည့္ၾကည့္မိရင္း ခြန္းရဲ႕ ေဘးတစ္ဖက္တစ္ခ်က္စီကေန ႏွစ္ေယာက္သား တဟားဟား ထိုင္ရယ္ေနမိၾကတာကို အမိအရ အရိုက္ခံလိုက္ရတာမို႔ ပုံထဲ၌ ဆက္ခြန္းသစ္ကလြဲရင္ သူနဲ႕ မာန္က မ်က္လုံးပိတ္ေအာင္ ရယ္ေနမိၾကတဲ့ပုံ ျဖစ္ေနခဲ့သည္။
အခုေတာ့ ဒီဓာတ္ပုံကို ရိုက္ေပးခဲ့တဲ့သူလည္း မရွိေတာ့သလို၊ ဒီဓာတ္ပုံထဲမွာ ၾကည့္အေကာင္းဆုံး ျဖစ္ခဲ့တဲ့ ခြန္းနဲ႕ သူကလည္း မ်က္ႏွာခ်င္းေတာင္ဆိုင္လို႔ မရခဲ့ေတာ့သလို၊ မာန႔္၏ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ အမူအက်င့္ေတြကလည္း အခုခ်ိန္မွာ ထိုအခ်ိန္ေတြတုန္းကေလာက္ အသက္မဝင္ေတာ့ပါေပ။
အမွတ္တရေတြက ဒီဓာတ္ပုံေလးထဲမွာသာ က်န္ပါေတာ့သည္။
---------------------------
အျဖဴေရာင္ကားတစ္စီး အေဆာက္အဦးတစ္ခုေရွ႕ကို ဆိုက္ေရာက္လာခဲ့ခ်ိန္ ကားပိုင္ရွင္ လက္ကနာရီကို လွမ္းၾကည့္လိုက္ေတာ့ ဆယ္နာရီကြက္တိ။
ရိုင္းလ္ေစတန္၏ ဘယ္အရာကိုမဆို တိက်ေအာင္ လုပ္တတ္တဲ့ အက်င့္က အေနာက္တိုင္းဟန္ပန္အျပည့္။
ကားေပၚကေန ထိုအေဆာက္အဦးကို ေနကာမ်က္မွန္အမည္းေအာက္က အညိုေရာင္မ်က္ဝန္းမ်ားျဖင့္ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ သူ လန္ဒန္မွ မထြက္လာခင္တုန္းက တကူးတက ဝယ္ထည့္လာျဖစ္ခဲ့သည့္ ေဘးက လက္ေဆာင္ဘူးကို လွမ္းယူလိုက္ကာ ကားေအာက္ဆင္းလာခဲ့သည္။
လွပေသသပ္စြာ ထုပ္ပိုးထားခဲ့သည့္ ဒီလက္ေဆာင္ဘူးထဲ၌ ရိုင္းလ္ အၿမဲသုံးေနက် လာဗင္ဒါနံ႕ ေရေမႊးပုလင္း ရွိေနျခင္းပင္။
အျပာေရာင္ ေကာ္လာရွပ္အကၤ်ီေပၚ၌ အနက္ေရာင္ အေနာက္တိုင္းဝတ္စုံကို ထပ္ဝတ္ဆင္ထားေသာ ဝတ္စုံျပည့္နဲ႕ ရိုင္းလ္ေစတန္ ကားအျဖဴေရာင္ေပၚမွ ဆင္းလာခဲ့ကာ ေနကာမ်က္မွန္ကို ခြၽတ္လိုက္ၿပီး အေဆာက္အဦးေရွ႕၌ ခဏရပ္တန႔္လိုက္သည္။
အေဆာက္အဦးကို ေသခ်ာျမင္လိုက္ရခ်ိန္၌ သူ႕အတြက္ ထိုေနရာမွ မဟုတ္ရင္ ဘယ္နားမွာမွ ေဆးခန္းမဖြင့္ခ်င္ဘူးဆိုတဲ့ စိတ္က တစ္ရာရာခိုင္ႏႈန္း ပိုေသခ်ာသြားခဲ့သည္။
ထို႔အတြက္ ရိုင္းလ္ ပိုင္ရွင္နဲ႕ေတြ႕ဖို႔ အနည္းငယ္ စိတ္လႈပ္ရွားေနမိသလိုပင္။ သူ ဝတ္စုံျပည့္ ေသခ်ာဝတ္စားလာခဲ့တဲ့အျပင္ ထိုပိုင္ရွင္ ျငင္းလႊတ္ရင္ ခ်ျပဖို႔ ဘြဲ႕လက္မွတ္ေတြသာမက နိုင္ငံျခားက ရထားတဲ့ ရွိသမွ် အထင္ႀကီးစရာ စာ႐ြက္စာတမ္း အကုန္ထည့္ယူလာခဲ့မိတဲ့အထိမို႔ ရိုင္းလ္အျဖစ္က အခန္းလာငွားတာနဲ႕ မတူဘဲ အလုပ္လာေလွ်ာက္တဲ့သူနဲ႕ပင္ တူေနသည္။
သူ ေသခ်ာျပင္ဆင္လာခဲ့ေပမယ့္ မငွားနိုင္ဘူးဆိုရင္ေတာ့လည္း ေနာက္ဆုံးတစ္နည္းက လာဗင္ဒါအနံ႕ကို သေဘာက်တတ္တဲ့ ပိုင္ရွင္အား လာဘ္ထိုးဖို႔ လက္ေဆာင္ပါ ျပင္လာခဲ့ၿပီးၿပီ။ ဒီထက္ ျပည့္စုံတာ မရွိေတာ့ၿပီမို႔ ယုံၾကည္ခ်က္အျပည့္ျဖင့္ ပန္းဆိုင္ထဲသို႔ တြန္းဝင္လာခဲ့သည္။
ဆိုင္ထဲေရာက္သြားတာနဲ႕ ပန္းမ်ိဳးစုံကို အထပ္ထပ္ေတြနဲ႕ သပ္ရပ္စြာ ခင္းက်င္းထားတာကို သတိထားလိုက္မိစဥ္ ဝန္ထမ္းေကာင္မေလး ထြက္လာၿပီး-
"ဘာကူညီေပးရမလဲရွင့္။ လက္ေဆာင္ေပးဖို႔ ပန္းေ႐ြးေပးရမယ္ဆိုလည္း ေျပာလို႔ရပါတယ္"
အေနာက္တိုင္းဝတ္စုံအျပည့္နဲ႕ နိုင္ငံျခားသား႐ုပ္ ပိုေပါက္ေနတဲ့ ဆိုင္ထဲဝင္လာတဲ့ ဧည့္သည္ေၾကာင့္ ဝန္ထမ္းေကာင္မေလးခမ်ာ ဘယ္ဘာသာစကား အရင္ေျပာရမလဲ ေတြေဝမိသြားရတဲ့အထိပင္။
"ပန္းဝယ္ဖို႔ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ဒီဆိုင္ရွင္ကို ဖုန္းဆက္ထားေသးတယ္။ ဟိုဖက္အခန္းငွားခ်င္လို႔ဆိုတဲ့အေၾကာင္း"
ထိုအခါမွ ဝန္ထမ္းေကာင္မေလး သေဘာေပါက္သြားေတာ့ကာ-
"ဪ. . .ေဒါက္တာဆိုတာ ထင္တယ္"
ရိုင္းလ္ ေခါင္းညိတ္ျပလိုက္သည္။
"ဒါဆို ကြၽန္မတို႔ကို သူေဌး မွာသြားတယ္။ အခု သူေဌးက ဒီေန႕မနက္ကထဲက ဆိုင္မွာ မရွိနိုင္လို႔ ဒီတိုက္ပိုင္ရွင္နဲ႕ပဲ တိုက္ရိုက္ေတြ႕သြားလိုက္ပါတဲ့။ အဲ့ပိုင္ရွင္ ခုနကထဲက ေဒါက္တာ့ကို ဆင္းေစာင့္ေနပါတယ္။ ဆိုင္ရဲ႕ အတြင္းထဲ ဝင္သြားလိုက္ပါ"
ရိုင္းလ္လည္း ဒီဆိုင္က သူေဌးနဲ႕ထက္ အခန္းပိုင္ရွင္ကိုပဲ အဓိက ေတြ႕ခ်င္ခဲ့တာမို႔ ထိုအမ်ိဳးသမီးေလး ၫႊန္ျပရာ ဆိုင္ရဲ႕ အတြင္းထဲသို႔ ဝင္လာခဲ့လိုက္သည္။
အတြင္းဖက္ထဲ၌ သူ႕ကို ေနာက္ေက်ာေပး ထိုင္ေနသည့္ ပိုင္ရွင္အား ရိုင္းလ္ ေတြ႕လိုက္ရေလသည္။
"Hi. . ."
နားထင္ေပၚ လက္ေထာက္ကာ ေခါင္းေစာင္းၿပီး ထိုင္ေနတဲ့ ထိုပိုင္ရွင္က သူ႕အား လွည့္ေဝာာင္ၾကည့္မလာတာမို႔ ဖိုင္တြဲနဲ႕ လက္ေဆာင္ဘူးကို ေသခ်ာကိုင္လိုက္ၿပီး ထိုပိုင္ရွင္ေရွ႕သို႔ သြားရပ္လိုက္ရသည္။
ပိုင္ရွင္မ်က္ႏွာကို ျမင္လိုက္ရတဲ့ ခဏ၌ ရိုင္းလ္ေစတန္ သူ႕လက္ထဲက ပစၥည္းေတြ ျပဳတ္မက်သြားေအာင္ ေသခ်ာဆုပ္ကိုင္ထားလိုက္ရတဲ့အထိ။
လခြမ္း. . .ဟိုေကာင္လား. . .
နားထင္ေပၚလက္ေထာက္ၿပီး အိပ္ေနတဲ့အျပင္ နားၾကပ္တပ္ၿပီး သီခ်င္းနားေထာင္ေနပုံမို႔ မၾကားလို႔ကို လွည့္မၾကည့္လာတဲ့ ပိုင္ရွင္ဆိုတာကို ဟိုေကာင္လားဆိုတာ အတည္ျပဳဖို႔ စားပြဲေပၚက ပတ္တီးအေဖြးသားလက္ကို ၾကည့္လိုက္ရသည္။
သူ အမ်ားႀကီး ျပင္ဆင္လာခဲ့တာကို ရင္ဝကို ေစာင့္ကန္ခံလိုက္ရသလိုမို႔ ရိုင္းလ္ စားပြဲကို ေခါက္လိုက္ၿပီး အေရွ႕မွာ လူေရာက္ေနေၾကာင္း အသံေပးလိုက္ရသည္။
No reply ပါပဲ။
ထို႔အတြက္ ဖိုင္တြဲကို စားပြဲေပၚ ဝုန္းခနဲ ပစ္တင္လိုက္ေတာ့ကာ ထိုေကာင့္နားၾကပ္ကို ဆတ္ခနဲ ဆြဲျဖဳတ္ပစ္လိုက္မိသည္။
ဒုန္းခနဲ အသံေၾကာင့္ ေရး လန႔္နိုးသြားခဲ့သည္။
သို႔ေသာ္ျငား ႏွစ္ညဆက္တိုက္ ဒဏ္ရာအရွိန္ေၾကာင့္ သူ ေကာင္းေကာင္းအိပ္မရခဲ့တာမို႔ ဒီေန႕ေတာင္ မလႊဲသာလို႔ အိပ္ေရးမဝေသးဘဲ ေအာက္ဆင္းေစာင့္ေနရျခင္းျဖစ္သည္။ ေရး ထိုဆရာဝန္ကို ထိုင္ေစာင့္ေနရင္း ေမွးခနဲ အိပ္ေပ်ာ္သြားကာ အိပ္မက္ပင္ မက္ေနတာ။ အိပ္မက္ထဲမွာ သူ႕ကို ဒုကၡေပးသြားတဲ့ ကျပားေကာင္ကိုေတာင္ စားလိုက္ၿပီးၿပီ။
ထို႔အတြက္ သူ႕ေရွ႕မွာ ျမင္လိုက္ရတဲ့ ကျပားေကာင္ေၾကာင့္ အိပ္ခ်င္ေနတဲ့ မ်က္လုံးမ်ားပင္ ခ်က္ခ်င္းေျပသြားရသလို ရိုင္းလ္ကေတာ့ လက္ထဲက လက္ေဆာင္ဘူးကို အခုခ်က္ခ်င္း လႊင့္ပစ္ဖို႔ ေတြးၿပီးၿပီ ျဖစ္သည္။
ဒီေနရာမွာ ေဆးခန္းဖြင့္ဖို႔ တစ္ရာရာခိုင္ႏႈန္း ေသခ်ာခဲ့တဲ့ စိတ္ကူးေတြလည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားခဲ့ေပၿပီ။
__________________________________________