Snowless Winter Dream [Comple...

By Ennia_Yawn

77.2K 3.8K 307

Title - Snowless Winter Dream [နှင်းမဲ့တဲ့ ဆောင်းအိပ်မက်] Type - Own Creation, Myanmar BL ထူးခြားတ... More

Prologue
Chapter 1
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Final 🦋
Extra (1)
Extra (2)

Chapter 2

2.3K 117 2
By Ennia_Yawn

ညဦးပိုင်းမို့ စားသောက်ဆိုင်ထဲ၌ ညစာထွက်စားကြသူများနဲ့ လူကျနေကာ ခုံဝိုင်းအားလုံးနီးနီး၌ လူအပြည့်ရှိနေသည်။

ဆိုင်ဝင်ပေါက်၏ ညာဖက်ခြမ်းရှိ ခုံဝိုင်းတစ်ခု၌ လက်မှာ ပတ်တီးအဖွေးသား ဖြစ်နေသော ရေးခေတ္တရာကို ကြည့်ပြီး တခွီးခွီးနဲ့ သဘောကျနေသော ကောင်လေးတစ်ယောက်ရှိတာမို့ ရေး၏ အကြည့်စူးစူးများက ထိုတစ်ယောက်အပေါ် ပြာကျမတတ် ဖြစ်နေပြီ။

ထိုအခါမှသာ သူ့အား ထိုင်ရယ်နေသော သျှိုင်းစက်မာန် မျက်နှာပိုးသတ်သွားတော့၏။

"မင်း ငါ ခံလာရတာကို အဲ့လောက်တောင် ပျော်နေတာလား"

"ဟော၊ ငါ့သူငယ်ချင်း လက်မကျိုးရုံတမယ် ဖြစ်သွားတာကို ငါက ဘယ်လိုစိတ်နဲ့ ပျော်နိုင်ပါ့မလဲ. . .ခွီး"

"ဟက်၊ ပျော်နေတာ ဟန်တောင်မဆောင်နိုင်ဘူး၊ ငါ သေသွားရင် ပိုတောင်ပျော်နေဦးမယ့်ပုံ"

သျှိုင်းစက်မာန် ‌ထပ်မစတော့ဘဲ ငြိမ်လိုက်ရတော့သည်။ တော်ကြာ အဲ့ကောင် စိတ်ဖောက်လာရင် နေရင်းထိုင်ရင်း ဆိုင်ထဲမှာ အရှက်ကွဲရဦးမယ်။

မာန် သူနဲ့ မျက်နှာချင်းဆိုင် ထိုင်နေသော ရေး၏ လက်မှဒဏ်ရာကို တစ်ချက်ကြည့်လိုက်သည်။ သူ ခုန ရေးကို တိုက်ခန်းရှေ့က အမြန်လာခေါ်ရပြီး ဆေးခန်းဝင်ပြပေးခဲ့ရသည်။ ‌

တွေ့လိုက်တုန်းက ဘာမေးမေး စကားတောင် ပြန်မပြောနိုင်တဲ့အထိ အလွန်အမင်း နာကျင်နေပုံရတဲ့ ရေးကြောင့် လက်အရိုးများ ကျိုးသွားတာလား စိတ်ပူခဲ့ရပေမယ့် မကျိုးသွားဘဲ ခုနစ်ရက်လောက် မလှုပ်ရှားဘဲ ငြိမ်နေပေးပါဆိုလို့ တော်သေးတယ်ဆိုရပေမည်။

"မင်း ဘယ်လိုဖြစ်ပြီး အဲ့လောက်ထိ ခံလာရတာလဲ။ ခွန်းက လက်ညှိုးလေးနဲ့ တွန်းလိုက်ရင်တောင် ပစ်လဲသွားမယ့်ပုံကို။ မဟုတ်မှလွဲရော သူ မင်းကို ကြောက်လို့ ကိုယ်ခံပညာတွေဘာတွေ သင်လာခဲ့တာများလား"

ရေးခေတ္တရာ သူ အခုလို ဆက်ခွန်းသစ်ရှေ့မှာ ရုပ်ပျက်ဆင်းပျက် ခံလာရတာက ရှက်ဖို့ကောင်းလွန်းလို့ မာန့်ကို ပြန်တောင်မပြောပြချင်။ ထို့အတွက် မာန့်အ‌မေးကို မသိချင်ယောင်ဆောင်နေလိုက်ကာ သူ့ဘေးမှ မှန်ချပ်တွေကတဆင့် ဆိုင်အပြင်ဖက်က ကားလမ်းမကြီးကိုသာ ကြည့်နေလိုက်တော့သည်။

သျှိုင်းစက်မာန် သူ့အမေးကို ရေး မသိချင်ယောင်ဆောင်သွားမှန်း သိလိုက်တာကြောင့် မှာထားတာတွေ လာချပေးမှာကိုသာ စောင့်နေရင်း အလုပ်တွေကို ပစ်ပြီး ထွက်လာခဲ့ရတာမို့ mail တွေ ပြန်စစ်ရန် ဖုန်းထုတ်လိုက်သည်။

မာန့်၏ ပင်ကိုယ်စရိုက်က အကောင်းမြင်တတ်ကာ သူ့၏ ပုံပန်းသွင်ပြင်ကမူ ချောမောပြီး ကြည့်‌ကောင်းသည့် အမျိုးသားဟု ဆိုနိုင်ပေသည်။ လူတစ်ဖက်သားအပေါ် အတော်လေး ဂရုစိုက်တတ်ပြီး အလိုက်သိတတ်တဲ့အကျင့်က လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင် ဖော်ရွေတဲ့ သူ့ပုံစံကြောင့် လူချစ်လူခင်များလေသည်။

သူ့ရှေ့မှာ မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်နေသော ရေးခေတ္တရာနဲ့ အမူအကျင့်တွေ ဆန့်ကျင်ဖက် ဖြစ်နေသော်ငြား သူတို့နှစ်ယောက်က အခုလို အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်နေကြသည်။

သျှိုင်းစက်မာန် ရေးရဲ့ ထောင့်မကျိုးတဲ့အပြင် တစ်ချက်တစ်ချက် စိတ်မှန်ပုံမရသော အကျင့်တော်တော်များများကို သည်းခံနိုင်ပေမယ့် တစ်ခုကိုတော့ သည်းမခံတတ်။ ထိုအရာကား ဆက်ခွန်းသစ်အား ထိခိုက်အောင် သွားသွားလုပ်ခြင်းကိုပင်။

အခုလည်း ရေးက ခွန်းဆီကို ထွက်သွားတာဆိုလို့ သူ အပြေးလိုက်လာခဲ့ရစဥ် မထင်မှတ်ထားဘဲ ဒဏ်ရာရထားသူက ရေး ဖြစ်နေခဲ့သည်။

ထို့အတွက်ကြောင့်လည်း ရေးတစ်ယောက် ဆက်ခွန်းသစ်ကို ဂုတ်ချိုးပြီး သတ်ပစ်ချင်နေလောက်အောင်ထိ မုန်းတီးနေသော်ငြား သူ့ ဒီသူငယ်ချင်းပါ အဲ့ကောင် သေသွားရင် အသည်းကွဲပြီး လိုက်‌ဂန့်သွားမှာစိုးလို့ လက်မလွန်သွားအောင် သတိထားနေရခြင်းဖြစ်သည်။

ရေး အပြင်ဖက်ကို ကြည့်နေရင်းနဲ့ပင်-

"ဒီနေ့ သူ ဆုံးသွားတာ ခြောက်လပြည့်ပြီ"

မာန် ခေါင်းညိတ်ပြလိုက်ကာ ဖုန်းကို ဘေးပြန်ချလိုက်ပြီး-

"အဲ့ဒါကြောင့် မင်း ခွန်းကို စိတ်ညစ်အောင် သွားမလုပ်သင့်ဘူး။ သူ ဒီအချိန်မှာ စိတ်ပင်ပန်းနေမှာကို. . .ငါ ပြောချင်တာက ငါ မင်း ခံစားချက်ကိုတော့ လျစ်လျူရှုထားတာမျိုး မဟုတ်ဘူးနော်။ ဒါပေမဲ့ သလွန်းလွင်ပြင်အပေါ် မင်း အဲ့လောက်ထိ စိတ်နှစ်မထားသင့်တော့ဘူး၊ သေတဲ့သူက သေသွားပြီလေကွာ"

"တော်တော့၊ မင်းသာ အဲ့ကောင်ကို အဲ့လောက်ဖြစ်နေရင်လည်း မြန်မြန်လှုပ်ရှားလေ"

ညနေက သူ့လက်ကို မကျိုးရုံတမယ် လုပ်ခဲ့တဲ့လူက အဲ့ကောင်ရဲ့ ရည်းစားအသစ်များလား။ မာန်က လက်နှေးနေပုံနဲ့တော့ ဒီတစ်ခါလည်း သူ့သူငယ်ချင်း ကျန်ရစ်ဖြစ်ရမှာကို ရေး မြင်‌ယောင်နေမိပြီ။

"ငါ့ကိစ္စကို ငါ ရှင်းမှာပါ။ ငါ အကောင်းပြောနေတာ၊ သူငယ်ချင်း အချင်းချင်းကို မရှက်ပါနဲ့။ ရေး မင်း စိတ်ရောမှန်သေးရဲ့လား"

"ဘာ"

ဘေးခုံက သူတို့ဝိုင်းကို လှမ်းရှိုးလာပြီမို့ သျှိုင်းစက်မာန် ရေးအား တိုးတိုးပြောဆိုသည့် အမူအရာလုပ်ပြလိုက်ရကာ မတ်မတ်ထိုင်နေရာမှ ရေးပဲ ကြားရုံလောက်သာ ပြောဖို့အတွက် ကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး-

"မင်းကိုကြည့်ရတာ ယဉ်ယဉ်လေး ရူးနေသလိုပဲ။ အဲ့အဆင့်ဆို ဆေးသောက်လိုက်ရုံနဲ့ ထိန်းလို့ရလောက်တယ်။ တော်ကြာ သွက်သွက်ခါ ဖြစ်သွားရင် စိတ်ကျန်းမာရေးဆေးရုံထဲမှာ သွားနေရမှာနော်"

"ချီး. . .ငါ မင်းနဲ့ တကယ် ပြောစရာကို မရှိတော့ဘူး"

အခုလို သောင်းကျန်းမိတာနဲ့ အရူးထောင် အချိန်မီ ပို့ပေးဖို့ အမြဲ ရယ်ဒီဖြစ်နေသော သူငယ်ချင်းတစ်ယောက်ကို ရေး ပိုင်ဆိုင်ထားရခြင်းပင်။

"ရူးနေတာမဟုတ်ရင်လည်း စိတ်ကို မှန်မှန်ထားလေကွာ။ တစ်နေ့တစ်နေ့ ဘားမှာလည်း customer တွေနဲ့ ညတိုင်း ချိန်းပွဲဖြစ်နေတာ လူကြားလို့တောင် မကောင်းတော့ဘူး။ မင်း အဲ့ဘားကို ပိတ်ပစ်ရအောင်များ လုပ်နေတာလား။ ဘယ်လိုဖြစ်ပြီး ဘားပိုင်ရှင်က customer တွေနဲ့ ညတိုင်းပွဲဖြစ်နေတုန်း"

"အဲ့‌ကောင်တွေ သောက်ချိုးမပြေလို့လေ"

"ဟ၊ စီးပွားရေးလုပ်နေတာကို သည်းခံသင့်တာ သည်းခံဦးလေ၊ အဲ့လောက်ထိ ရမ်းကားနေလို့ဖြစ်မလားကွ။ အိုးမိုင်ဂေါ့ မင်းရဲ့ဘားမှာထည့်ထားတဲ့ ငါ့ရှယ်ယာတွေကို ဒေဝါလီမခံရခင် အမြန်ပြန်ထုတ်ထားလိုက်ရင် ကောင်းပြီထင်တယ်"

ရေး ထိုကောင့်ကို ကောင်းတဲ့ဖက်က လက်ခလယ်ပဲ ထောင်ပြလိုက်မိတော့သည်။

သျှိုင်းစက်မာန် ထိုဘားပိုင်ရှင် လူမိုက်ခေါင်းဆောင်နဲ့ စကားပြိုင်မပြောချင်တော့တာကြောင့် ထိုင်ခုံနောက်ကျောကို ပြန်မှီလိုက်ပြီး လာချပေးသွားတဲ့ အစားအသောက်များကို စစားဖို့ ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားတာမို့-

"ငါ မင်းကို ပြောဖို့ မေ့နေတာ၊ မနက်က ငါ့ဆိုင်ကို ဆရာဝန်တစ်ယောက် ဖုန်းဆက်တယ်"

"အဲ့တော့"

"သူက ငါတို့ဆိုင်ဘေးက အခန်းကို ဆေးခန်းဖွင့်ဖို့ ငှားချင်လို့တဲ့"

ရေး မျက်မှောင်ကြုတ်လိုက်မိသွားသည်။ သူ ထိုနေရာကို ဘယ်သူ့ကိုမှ ငှားဖို့အစီအစဉ်မရှိပါပေ။

"ငါ ငြင်းလိုက်ပါသေးတယ်။ ဒါပေမဲ့ အဲ့တစ်ယောက်က သူ အဲ့နေရာကို အရမ်းသဘောကျတာမို့ တစ်ခါလောက် ပိုင်ရှင်နဲ့ ညှိနှိုင်းပါရစေဆိုလို့။ ပြီးတော့ ပိုင်ရှင်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်လို့တဲ့။ အဲ့ဒါမို့ မငှားချင်ဘူးဆိုရင်တောင် သူ ပိုင်ရှင်နဲ့ တစ်ခါလောက် တွေ့ချင်တယ်ဆိုလို့။ ငါ ဘယ်လိုငြင်းငြင်း မရဘူး"

"သူက ငါ့ကို ဘာလို့ ကျေးဇူးတင်မှာလဲ"

"အဲ့ဒါတော့ ငါလည်း မသိဘူးလေ။ ငါ သူ့ကို မင်းနဲ့ အသိတွေမို့လို့လားတောင် မေးလိုက်သေးတယ်။ သူ မင်းကို တစ်ခါမှတော့ မတွေ့ဖူးဘူးတဲ့။ ဒါပေမဲ့ သေချာပေါက် ပြောချင်တဲ့စကားရှိလို့တဲ့လေ။ ဖုန်းထဲက အသံအရဆိုရင်တော့ အဲ့ဆရာဝန်က ငယ်‌သေးတဲ့ပုံပဲ"

"ဒီကောင်ကလည်း ဇွတ်ပဲ"

"သေချာတယ်၊ ငါလည်း ငြင်းရတာ အားနာလာလို့ သန်ဘက်ခါ ဆယ်နာရီကျရင် ငါ့ဆိုင်ကို လာခဲ့ဖို့ ချိန်းလိုက်တယ်။ မင်း မငှားချင်သေးဘူးဆိုရင် တိုက်ရိုက်ပဲ ပြောလိုက်တော့။ ‌ဒါနဲ့ မင်း ချစ်တီးသေလို့ ဝင်စားတာလား။ ငါ့ဆိုင်ခန်းခကို ဘာလို့ တိုးတိုးပြီး တောင်းနေပြန်တာလဲ။ ငါ အမြတ်တွေအကုန် မင်းကို ဆိုင်ခန်းခ ပေးလိုက်ရတာနဲ့တင် ဘာမှမကျန်တော့ဘူး"

"ဟက်၊ သူငယ်ချင်းတွေမို့လေ။ မဟုတ်ရင် မင်းကိုပါ ငါ နှင်ထုတ်ပစ်တာ ကြာပြီ။ အဲ့ပန်းဆိုင်က ရောင်းလည်း မရောင်းရဘဲနဲ့ ပိတ်ပစ်လိုက်စမ်းပါ"

"လခွမ်း. . .ဒီပန်းဆိုင်လေးတော့ ချမ်းသာပေးပါ။ ငါ့စီးပွားရေးကို တုတ်နဲ့လိုက်မထိုးပါနဲ့"

သျှိုင်းစက်မာန်က ဆက်ခွန်းသစ်နဲ့ တွဲပြီး wedding တွေ၊ အခမ်းအနားကြီးတွေရဲ့ floral service ကို အဓိက တွဲလုပ်ခဲ့ကြဖူးသည်။ ဆက်ခွန်းသစ် နိုင်ငံခြားထွက်သွားမှသာ မာန် ဒီအလုပ်အပြင် တခြားစီးပွားရေးမျိုးစုံကိုပါ လုပ်နေခဲ့သည်။

ရေး၏ ပိုင်ဆိုင်မှုထဲ၌ အနောက်တိုင်းဆန်ဆန် တည်ဆောက်ထားသော အဆောက်အဦးတစ်ခု ရှိသည်။ ပင်မလမ်းမကြီးနဲ့ သိပ်မဝေးတဲ့ ထိုနှစ်ထပ်အဆောက်အဦး၏ အပေါ်တစ်ထပ်လုံးက ရေး နေထိုင်ခြင်းဖြစ်ပြီး အောက်ထပ်ကို ဆိုင်ခန်းနှစ်ခန်းခွဲထားကာ ငှားရမ်းထားခြင်းပင်။

အခုချိန်မှာတော့ တစ်ခန်းက လွတ်နေဆဲဖြစ်ပြီး နောက်တစ်ခန်းကိုတော့ သျှိုင်းစက်မာန် ပန်းဆိုင်ဖွင့်ထားတာမို့ ပန်းမကြိုက်‌သော နူးညံ့မှုမရှိတဲ့ ဆိုင်ခန်းပိုင်ရှင်၏ လစဉ်လတိုင်း အခန်းဖယ်ခိုင်းခြင်းကို ခံနေရသည်။ သျှိုင်းစက်မာန် ပေကပ်ပြီး မဖယ်တဲ့ အကျိုးဆက်အတွက် အကျင့်မကောင်းတဲ့ ချစ်တီးလို ပိုင်ရှင်ရဲ့ အခန်းခ တိုးတိုးတောင်းခြင်းကို ခံနေရပြန်သည်။

"အေးကုန်ပြီ၊ စားတော့။ လက်က သက်သာရဲ့လား"

"အင်း"

အဓိက အသုံးပြုရသည့် ညာလက်ကို အနင်းမခံလိုက်ရလို့သာ ကျေးဇူးတင်ရမလို။ တကယ်ဆို ဒဏ်ရာက အခုမှ ပိုတောင် နာလာသလိုပင်။ သို့သော်ငြား ရေးက အမြဲလိုလို ဒဏ်ရာရနေကျပဲမို့ နာကျင်မှုကို လျစ်လျူရှုထားလိုက်ပြီး ဇွန်းကိုင်လိုက်စဉ်-

"ကျေးဇူးပြုပြီး မင်း နောက်တစ်ခါ ခွန်းကို ပြဿနာ သွားမရှာပါနဲ့။ သူ ထပ်ပြီး ပြန်ထွက်သွားရင် ငါ မင်းနဲ့ သူငယ်ချင်းအဖြစ်က ရပ်စဲပစ်တော့မှာ ရေး။ ငါ့အတွက် အရေးကြီးတဲ့သူတွေကို ငါ့ဘဝထဲက မင်း ဆွဲဆွဲမထုတ်ပါနဲ့တော့"

ရေး သူ့ရှေ့၌ ဖုန်းကိုအာရုံစိုက်ရင်းနဲ့ စားရင်း လှမ်းပြောလာတဲ့ မာန့်ကို စိုက်ကြည့်ရင်း ကိုင်ထားသည့် ဇွန်းကိုသာ ဖြစ်ညှစ်ဆုပ်ကိုင်ထားလိုက်မိတော့သည်။

ရေး ဘာမှစားချင်စိတ် မရှိတော့ပါပေ။

ထို့ကြောင့် မှန်ချပ်တွေရဲ့အပြင်ကိုသာ ပြန်ကြည့်လိုက်ရင်း သူလည်း ဒီနေ့တစ်နေ့လုံး စိတ်ပင်ပန်းနေရပါတယ်ဆိုတဲ့အကြောင်း အော်ပြောလိုက်ချင်မိလာသည်။

ထိုစဉ် သူ လှမ်းကြည့်နေတဲ့ ကားလမ်းမ၏ တစ်ဖက်ခြမ်း၌ လမ်းကူးဖို့ ပြင်နေသည့် သူနဲ့ ဘားမှာ အကြိမ်ကြိမ်ပြဿနာတက်ခဲ့ဖူးသော လူတစ်ယောက်ကို လှမ်းမြင်လိုက်မိသည်။

အခုချိန်၌ ဆက်ခွန်းသစ်ကို မုန်းတီးမှု၊ သူ့လက်ကို ဗလိုင်းကြီး တက်နင်းခဲ့တဲ့ ကပြားကောင်ကို မုန်းတီးမှု၊ အခု သျှိုင်းစက်မာန် အပေါ်ကိုပါ ပေါက်ကွဲလိုက်ချင်နေတဲ့ စိတ်ရိုင်းတွေက သတိနဲ့ ထိန်းထားသည့်ကြားကနေ ဖျတ်ခနဲ လွတ်ထွက်သွားပြီ။

ထို့အတွက် သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာပင် မျက်လုံးတွေက သွေးဆာနေသူလို အရောင်ပြောင်းသွားခဲ့သည်။

ရေး ဆိုင်ထဲမှ လူတွေကိုရော အပြင်ဖက်က လူတွေကိုပါ မမြင်တော့ဘဲ ထိုလမ်းကူးလာသည့် တစ်ယောက်ထဲသော သူ့ရန်သူကိုသာ မြင်တော့သည်။ သူ့ပြောင်းလဲသွားမှုကို မာန်ပင် သတိမထားမိပေ။

ရေး ထိုလူ့ကို စိုက်ကြည့်ရင်း တစ်ကိုယ်တည်း ကြားရုံလောက်သာ နှုတ်ခမ်းလှုပ်လာခဲ့သည်။

"သေစမ်း၊ သေစမ်း၊ ကားတိုက်သေစမ်း၊ ကားတိုက်သေစမ်း၊ အခုချက်ချင်း"

အား. . .လုပ်ကြပါဦး။ ဒီမှာ လူတစ်ယောက် ကားတိုက်ခံလိုက်ရပြီ !!!

ထိုလမ်းဖြတ်ကူးနေသူအား မီးပွိုင့်နီခါနီးမို့ ထင်ပါရဲ့၊ အရှိန်ဖြင့်မောင်းနှင်လာသော ကားတစ်စီးက ဖြတ်တိုက်မိသွားခဲ့တာမို့ လမ်းမကြီးထက်၌ ယာဉ်တိုက်မှု‌ကြောင့် ဆူညံသွားလေသည်။

ခွမ်း!

ရေး ဆုပ်ကိုင်ထားသော ဇွန်း အောက်သို့ လွတ်ကျသွားခဲ့ကာ သူပါ အလွန်အမင်း လန့်ဖျပ်သွားခဲ့သည်။

"မဟုတ်ဘူး၊ ငါ လုပ်တာ မဟုတ်ဘူး"

ဖုန်းထဲက mail တွေထဲ အာရုံရောက်နေသော သျှိုင်းစက်မာန် ‌ဇွန်းပြုတ်ကျသွားသံကြောင့် ရေးကို အာရုံစိုက်မိလိုက်သော်လည်း သူ့ဆီ ဖုန်းဝင်လာတာကြောင့်-

"ဘာဖြစ်တာလဲ၊ လက်ကနာနေလို့လား"

ဘာမှပြန်မဖြေတာမို့ ရေး လှမ်းကြည့်နေရာကို လိုက်ကြည့်လိုက်တော့မှ အပြင်ဖက် လမ်းမကြီးထက်၌ ယာဉ်တိုက်မှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြတာကို တွေ့လိုက်ရသည်။

"ရေး ငါ ဖုန်း ခဏထွက်ပြောလိုက်ဦးမယ်၊ အလုပ်ကိစ္စမို့"

မာန် ထွက်သွားတာနဲ့ ထိတ်လန့်မှုများ‌ကို ထိန်းချုပ်နိုင်ဖို့ ရေး မျက်လုံးစုံမှိတ်လိုက်ကာ စားပွဲပေါ်ရှိ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာကို အုပ်ထားလိုက်မိသည်။

Flashback. . .

"မင်း မသေချင်ရင် ခွန်းကို လာမထိနဲ့။ ငါ့လူကို မျက်လုံးနဲ့ဝောာင် ဘယ်ဝောာ့မှ လှန်မကြည့်မိစေနဲ့ ရေး"

"တောက်. . .မင်းသာ အရင် သွားသေလိုက်တော့"

.
.
.

"ရေး အခု သလွန်းလွင်ပြင် ကား accident ဖြစ်တာ on the spot ပဲ၊ သူ ဆုံးပြီ"

ရေးကို လည်ပတ်နေသည့် ကမ္ဘာကြီး ရပ်တန့်သွားတာလား၊ ရေးက ရပ်တန့်သွားတာလား ထိုအချိန်က မသိနိုင်တော့ပေ။

.
.
.

"ငါ့မှာ အဲ့လိုအစွမ်းမရှိဘူး။ ရှိခဲ့ရင်တောင် ငါ သလွန်းလွင်ပြင်အပေါ် ဘယ်တော့မှ မသုံးဘူး"

"လူစားကောင်၊ မင်းက မကောင်းဆိုးဝါးကောင်"

Flashback end. . .

ရေးကို ငယ််််ငယ်ကထဲက လူ အလွန်စားတတ်သည်ဟု သတ်မှတ်ကြသည်။ အခုလိုမျိုး သူများလိပ်ပြာကို လိုက်နှုတ်တတ်တဲ့ ကြောက်စရာအစွမ်းတစ်ခု ရှိနေသလို ဖြစ်နေတာကြောင့် တော်တော်များများက ရေးကို အလွန်အမင်း ကြောက်လန့်ကြသည်။ အခု ထိုအချက်ကို သိတဲ့သူတော့ သိပ်မရှိကြတော့ပါပေ။

"ငါ့‌ကြောင့် မဟုတ်ဘူး၊ ငါ အဲ့လိုမျိုး အစွမ်းရှိတဲ့သူ မဟုတ်ဘူး"

အခုချိန်၌ ရေး၏ စိတ်တွေ ကယောက်ကယက်ဖြစ်လာကာ အပြင်က တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားသော ယာဉ်တိုက်မှုကြောင့် ကယောင်ချောက်ချား ဖြစ်လာသည်။ သူ ခုနကလိုမျိုး စိတ်လွတ်မထွက်သွားတာ ကြာပြီ။ ဒီနေ့တစ်နေ့ပဲ အခုလို အပြုအမူမျိုး ထပ်လုပ်ဖြစ်ခဲ့ခြင်းပင်။

သွေးဆာနေသည့် မျက်လုံးများနဲဲ့ ဖြူဖျော့သွားသော မျက်နှာကို တခြားသူ မမြင်ရအောင် အုပ်ထားရစဉ် သူ့နှာခေါင်းထဲသို့ လာဗင်ဒါနံ့ တိုးဝင်လာခဲ့သည်။

ရိုင်းလ်စေတန် ဆိုင်၏ ညာဖက်ထဲသို့ အရင်ဝင်လာခဲ့ပြီး မရည်ရွယ်လိုက်ဘဲ ရေး၏ ထိုင်ခုံနား၌ ကျောပေးရပ်တန့်လိုက်ကာ ဆက်ခွန်းသစ်က ကား parking ထိုးပြီးမှ လိုက်ဝင်လာမှာမို့ ရေး ထိုင်နေသည့် ခုံကို ကျောပေးထားရင်း ဆိုင်ထဲ၌ ထိုင်စောင့်ဖို့ နေရာရှာနေခြင်းဖြစ်သည်။

ရေး သူ့ဘေးမှာ လူတစ်ယောက် ရှိနေမှန်း ထိုလူ့ဆီမှ လာဗင်ဒါနံ့ကြောင့် ခံစားမိလိုက်သော်ငြား မျက်လုံးစုံမှိတ်ထားဆဲဖြစ်ကာ ထိုအနံ့ပိုင်ရှင် သူ့ဘေးက မထွက်သွားခင် ထိုအနံ့ကို ရှူရှိုက်ရင်း စိတ်တည်ငြိမ်သွားအောင် ကြိုးစားနေရသည်။

ရေးအတွက် အခုလိုအချိန်မျိုးတွေ၌ လာဗင်ဒါနံ့က သူ စိတ်ငြိမ်ဖို့အတွက် အများကြီး အထောက်အကူပြုသည်။

ရိုင်းလ် ထိုနေရာ၌ ခဏပဲ ရပ်နေခဲ့ခြင်းဖြစ်ပြီး ဆိုင်၏ ဘယ်ဖက်အခြမ်း၌သာ စားပွဲဝိုင်း အလွတ်ကို တွေ့လိုက်ရတာကြောင့် ထိုနေရာသို့ ထွက်လာစဉ် ဆက်ခွန်းသစ်လည်း ဆိုင်ထဲ ဝင်လာခဲ့သည်။

ရေး မျက်လုံးပြန်ဖွင့်လိုက်ပြီး ဇွန်းအသစ်ယူလိုက်ကာ တစ်ဇွန်းနှစ်ဇွန်းစားရင်း မာန် ပြန်ဝင်လာမှာကို စောင့်နေစဉ် ဆိုင်၏ တစ်ဖက်ခြမ်းက ခုံဝိုင်းကို အကြည့်ရောက်သွားခဲ့သည်။

"ဟိုကောင်ပဲ"

အမုန်းဆုံးလူနှစ်ယောက်ကို မြင်လိုက်ရတဲ့အပြင် ဆက်ခွန်းသစ်က သူ့ကို ကျောပေးထိုင်နေတာမို့ ကပြားကောင်ရဲ့ မျက်နှာကိုသာ ရေး သေချာမြင်နေရတာကြောင့် လက်က ပိုတောင် နာလာသလို။

ထိုကပြားကောင်ကတော့ မှိုရတဲ့မျက်နှာလိုမျိုး ပြုံးရယ်နေလျက်။

ရေး ဇွန်းကို ချလိုက်ပြီး ခက်ရင်း ပြောင်းကိုင်လိုက်ကာ ပန်းကန်ထဲမှ အသားတုံးကို ထိုကပြားကောင် အမှတ်ဖြင့် ထိုးစိုက်နေရင်း ထိုဝိုင်းကို စူးရဲစွာ စိုက်ကြည့်နေမိသည်။

နှစ်ဆယ့်တစ်ရာစု ခေတ်မှာ နေနေတာမို့ ရေးမှာ မဖြစ်နိုင်တဲ့အစွမ်း ရှိတယ်ဆိုတာမျိုး သူ့ကိုယ်သူတောင် မယုံကြည်။ တကယ်လို့များ ရှိနေခဲ့ရင်တောင် သူ မကျေနပ်တဲ့သူတွေကို ထောင်ကျစရာမလိုဘဲ သတ်ပစ်လိုက်လို့ရတာမို့ ပိုတောင်ကောင်းသေး။

သို့သော်ငြား ပါးစပ်က လွှတ်ခနဲ ခုလို ကျိန်ဆဲလိုက်မိတာနဲ့တင် သူ ချစ်ရတဲ့သူတွေပါ သူ့ကြောင့် သေဆုံးသွားရမှာမျိုးကိုသာ ကြောက်လန့်နေခဲ့ရခြင်းဖြစ်သည်။ ထို့အတွက် သူ ဆက်ခွန်းသစ်ကို ပြောမပြတတ်အောင် မုန်းနေရင်တောင်မှ မာန့်ကြောင့် ခွန်းအပေါ် ထိုအပြုအမူမျိုး မလုပ်မိသွားဖို့ ထိန်းချုပ်ထားခဲ့ရသည်။

ဒါပေမဲ့ အခုတော့ သူ့အစွမ်းတွေကို သေချာပေါက် သုံးရမယ့်သူ တွေ့ပြီ။

ရေး အသားတုံးကို ခက်ရင်းနဲ့ ဆယ်ချက်လောက် ထိုးစိုက်လိုက်ပြီးမှ လက်က ဒဏ်ရာကို ငုံ့ကြည့်လိုက်ရင်း-

"မင်း နောက်တစ်ကြိမ် အခုလို စည်းထပ်ကျော်လာရင်တော့ ဒီတစ်ခါ မင်းအလှည့်ပဲ"

လူစားကောင်ဟု သတ်မှတ်ခံထားရသော ရေးအတွက် အခု သူ တကယ် စားပစ်ချင်တဲ့သူကို ရှာတွေ့ခဲ့ပြီ။

သေချာတယ်၊ ဒီတစ်ယောက်ကိုတော့ စိတ်လွတ်သွားလို့ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ကို ရေး တကယ် စားတော့မှာ။

ရိုင်းလ်စေတန် မီနူးရွေးနေသော ခွန်းနောက်ကို ဘာရယ်မဟုတ် ကျော်ကြည့်လိုက်မိစဉ် သူ့အား စိုက်ကြည့်နေသော ခုနကောင်ကို တွေ့လိုက်ရပြန်တာကြောင့် မျက်မှောင်ကြုတ်ပြီး ပြန်စိုက်ကြည့်နေလိုက်မိသည်။

ရိုင်းလ် အဲ့တစ်ယောက်ကို တကယ် ကြည့်လို့မရတာ။

ရိုင်းလ်၏ အကျင့်က လှပသော ကောင်လေးများကို တွေ့ရင် ချစ်ချစ်မချစ်ချစ် ပစ္စည်းအလှလေးတွေကို သဘောကျမိသလိုမျိုး သဘောကျတတ်သည်။ အခု ဒီတစ်ယောက်ကတော့ ခြွင်းချက်ပင်။

အဲ့တစ်ယောက်က သေချာပေါက် ရိုင်းလ်ထက် ငယ်မယ့်ပုံပေါ်တဲ့အပြင် သူ့ရုပ်ရည်က ထူးကဲလှပလွန်း၏။ သူ့မှာ ရိုင်းလ် အရမ်းသဘောကျရတဲ့ နှင်းတွေလိုမျိုး နှင်းလိုဖြူဆွတ်သည့် အသားအရေ ရှိတာကို ညနေကထဲက သတိထားလိုက်မိသည်။

‌အေးစက်အကြင်နာမဲ့ပြီး ခန့်မှန်းရခက်မည့် လူစားမျိုး ဖြစ်ပုံရသလို ရိုင်းလ် တွေ့ခဲ့ဖူးသည့် အလှလေးတွေ အားလုံးထက်ပင် လှပသော်ငြား တပြိုင်တည်းမှာလည်း ယောက်ျားပီသသော ပုံစံလည်း ရှိနေတာမို့ ရိုင်းလ် မြင်ဖူးနေကျ နူးညံ့တဲ့အလှလေးတွေနဲ့ ကွဲပြားပေသည်။

သို့သော်ငြား ဘာကြောင့်မှန်းမသိကို စတွေ့ကထဲက ခွန်းအပေါ် ကြောက်စရာကောင်းလောက်အောင် ရန်လိုနေပုံရတဲ့ ထိုကောင့်ကို ရိုင်းလ် ကြည့်မရပါပေ။

ထို့အတွက် ရိုင်းလ်အဖို့မှာမူကား အဲ့တစ်ယောက်ကိုတော့ လှပါပေသည်ဟု ဆိုရုံမှတစ်ပါး သိပ်ပြီး အထူးအဆန်းတော့ မဟုတ်။ ထို့အပြင် အဲ့ကောင်မျက်နှာကို ခုလိုမြင်နေရရင် မျိုမကျတော့မှာစိုးလို့ ရိုင်းလ်တစ်ယောက် ခွန်း၏ ဘေးခုံမှာသာ သွားပြောင်းထိုင်လိုက်ရင်း ကျောခိုင်းထားလိုက်တော့သည်။

ထိုစဉ် သူ့နောက်က ရေးကတော့ ပန်းကန်ထဲက အသားတုံးတွေကို ကပြားကောင်အမှတ်နဲ့ တဝုန်းဝုန်း ထိုးစိုက်ရင်း စားသောက်နေပြီဖြစ်သည်။

___________________________________________

[Zawgyi]

ညဦးပိုင္းမို႔ စားေသာက္ဆိုင္ထဲ၌ ညစာထြက္စားၾကသူမ်ားနဲ႕ လူက်ေနကာ ခုံဝိုင္းအားလုံးနီးနီး၌ လူအျပည့္ရွိေနသည္။

ဆိုင္ဝင္ေပါက္၏ ညာဖက္ျခမ္းရွိ ခုံဝိုင္းတစ္ခု၌ လက္မွာ ပတ္တီးအေဖြးသား ျဖစ္ေနေသာ ေရးေခတၱရာကို ၾကည့္ၿပီး တခြီးခြီးနဲ႕ သေဘာက်ေနေသာ ေကာင္ေလးတစ္ေယာက္ရွိတာမို႔ ေရး၏ အၾကည့္စူးစူးမ်ားက ထိုတစ္ေယာက္အေပၚ ျပာက်မတတ္ ျဖစ္ေနၿပီ။

ထိုအခါမွသာ သူ႕အား ထိုင္ရယ္ေနေသာ သွ်ိုင္းစက္မာန္ မ်က္ႏွာပိုးသတ္သြားေတာ့၏။

"မင္း ငါ ခံလာရတာကို အဲ့ေလာက္ေတာင္ ေပ်ာ္ေနတာလား"

"ေဟာ၊ ငါ့သူငယ္ခ်င္း လက္မက်ိဳး႐ုံတမယ္ ျဖစ္သြားတာကို ငါက ဘယ္လိုစိတ္နဲ႕ ေပ်ာ္နိုင္ပါ့မလဲ. . .ခြီး"

"ဟက္၊ ေပ်ာ္ေနတာ ဟန္ေတာင္မေဆာင္နိုင္ဘူး၊ ငါ ေသသြားရင္ ပိုေတာင္ေပ်ာ္ေနဦးမယ့္ပုံ"

သွ်ိုင္းစက္မာန္ ‌ထပ္မစေတာ့ဘဲ ၿငိမ္လိုက္ရေတာ့သည္။ ေတာ္ၾကာ အဲ့ေကာင္ စိတ္ေဖာက္လာရင္ ေနရင္းထိုင္ရင္း ဆိုင္ထဲမွာ အရွက္ကြဲရဦးမယ္။

မာန္ သူနဲ႕ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနေသာ ေရး၏ လက္မွဒဏ္ရာကို တစ္ခ်က္ၾကည့္လိုက္သည္။ သူ ခုန ေရးကို တိုက္ခန္းေရွ႕က အျမန္လာေခၚရၿပီး ေဆးခန္းဝင္ျပေပးခဲ့ရသည္။ ‌

ေတြ႕လိုက္တုန္းက ဘာေမးေမး စကားေတာင္ ျပန္မေျပာနိုင္တဲ့အထိ အလြန္အမင္း နာက်င္ေနပုံရတဲ့ ေရးေၾကာင့္ လက္အရိုးမ်ား က်ိဳးသြားတာလား စိတ္ပူခဲ့ရေပမယ့္ မက်ိဳးသြားဘဲ ခုနစ္ရက္ေလာက္ မလႈပ္ရွားဘဲ ၿငိမ္ေနေပးပါဆိုလို႔ ေတာ္ေသးတယ္ဆိုရေပမည္။

"မင္း ဘယ္လိုျဖစ္ၿပီး အဲ့ေလာက္ထိ ခံလာရတာလဲ။ ခြန္းက လက္ညွိုးေလးနဲ႕ တြန္းလိုက္ရင္ေတာင္ ပစ္လဲသြားမယ့္ပုံကို။ မဟုတ္မွလြဲေရာ သူ မင္းကို ေၾကာက္လို႔ ကိုယ္ခံပညာေတြဘာေတြ သင္လာခဲ့တာမ်ားလား"

ေရးေခတၱရာ သူ အခုလို ဆက္ခြန္းသစ္ေရွ႕မွာ ႐ုပ္ပ်က္ဆင္းပ်က္ ခံလာရတာက ရွက္ဖို႔ေကာင္းလြန္းလို႔ မာန့္ကို ျပန္ေတာင္မေျပာျပခ်င္။ ထို႔အတြက္ မာန့္အ‌ေမးကို မသိခ်င္ေယာင္ေဆာင္ေနလိုက္ကာ သူ႕ေဘးမွ မွန္ခ်ပ္ေတြကတဆင့္ ဆိုင္အျပင္ဖက္က ကားလမ္းမႀကီးကိုသာ ၾကည့္ေနလိုက္ေတာ့သည္။

သွ်ိုင္းစက္မာန္ သူ႕အေမးကို ေရး မသိခ်င္ေယာင္ေဆာင္သြားမွန္း သိလိုက္တာေၾကာင့္ မွာထားတာေတြ လာခ်ေပးမွာကိုသာ ေစာင့္ေနရင္း အလုပ္ေတြကို ပစ္ၿပီး ထြက္လာခဲ့ရတာမို႔ mail ေတြ ျပန္စစ္ရန္ ဖုန္းထုတ္လိုက္သည္။

မာန႔္၏ ပင္ကိုယ္စရိုက္က အေကာင္းျမင္တတ္ကာ သူ႕၏ ပုံပန္းသြင္ျပင္ကမူ ေခ်ာေမာၿပီး ၾကည့္‌ေကာင္းသည့္ အမ်ိဳးသားဟု ဆိုနိုင္ေပသည္။ လူတစ္ဖက္သားအေပၚ အေတာ္ေလး ဂ႐ုစိုက္တတ္ၿပီး အလိုက္သိတတ္တဲ့အက်င့္က လူအမ်ားႏွင့္ေပါင္းသင္းဆက္ဆံရာတြင္ ေဖာ္ေ႐ြတဲ့ သူ႕ပုံစံေၾကာင့္ လူခ်စ္လူခင္မ်ားေလသည္။

သူ႕ေရွ႕မွာ မ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႕ ထိုင္ေနေသာ ေရးေခတၱရာနဲ႕ အမူအက်င့္ေတြ ဆန႔္က်င္ဖက္ ျဖစ္ေနေသာ္ျငား သူတို႔ႏွစ္ေယာက္က အခုလို အရင္းႏွီးဆုံး သူငယ္ခ်င္းေတြ ျဖစ္ေနၾကသည္။

သွ်ိုင္းစက္မာန္ ေရးရဲ႕ ေထာင့္မက်ိဳးတဲ့အျပင္ တစ္ခ်က္တစ္ခ်က္ စိတ္မွန္ပုံမရေသာ အက်င့္ေတာ္ေတာ္မ်ားမ်ားကို သည္းခံနိုင္ေပမယ့္ တစ္ခုကိုေတာ့ သည္းမခံတတ္။ ထိုအရာကား ဆက္ခြန္းသစ္အား ထိခိုက္ေအာင္ သြားသြားလုပ္ျခင္းကိုပင္။

အခုလည္း ေရးက ခြန္းဆီကို ထြက္သြားတာဆိုလို႔ သူ အေျပးလိုက္လာခဲ့ရစဥ္ မထင္မွတ္ထားဘဲ ဒဏ္ရာရထားသူက ေရး ျဖစ္ေနခဲ့သည္။

ထို႔အတြက္ေၾကာင့္လည္း ေရးတစ္ေယာက္ ဆက္ခြန္းသစ္ကို ဂုတ္ခ်ိဳးၿပီး သတ္ပစ္ခ်င္ေနေလာက္ေအာင္ထိ မုန္းတီးေနေသာ္ျငား သူ႕ ဒီသူငယ္ခ်င္းပါ အဲ့ေကာင္ ေသသြားရင္ အသည္းကြဲၿပီး လိုက္‌ဂန့္သြားမွာစိုးလို႔ လက္မလြန္သြားေအာင္ သတိထားေနရျခင္းျဖစ္သည္။

ေရး အျပင္ဖက္ကို ၾကည့္ေနရင္းနဲ႕ပင္-

"ဒီေန႕ သူ ဆုံးသြားတာ ေျခာက္လျပည့္ၿပီ"

မာန္ ေခါင္းညိတ္ျပလိုက္ကာ ဖုန္းကို ေဘးျပန္ခ်လိဳက္ၿပီး-

"အဲ့ဒါေၾကာင့္ မင္း ခြန္းကို စိတ္ညစ္ေအာင္ သြားမလုပ္သင့္ဘူး။ သူ ဒီအခ်ိန္မွာ စိတ္ပင္ပန္းေနမွာကို. . .ငါ ေျပာခ်င္တာက ငါ မင္း ခံစားခ်က္ကိုေတာ့ လ်စ္လ်ဴရႈထားတာမ်ိဳး မဟုတ္ဘူးေနာ္။ ဒါေပမဲ့ သလြန္းလြင္ျပင္အေပၚ မင္း အဲ့ေလာက္ထိ စိတ္ႏွစ္မထားသင့္ေတာ့ဘူး၊ ေသတဲ့သူက ေသသြားၿပီေလကြာ"

"ေတာ္ေတာ့၊ မင္းသာ အဲ့ေကာင္ကို အဲ့ေလာက္ျဖစ္ေနရင္လည္း ျမန္ျမန္လႈပ္ရွားေလ"

ညေနက သူ႕လက္ကို မက်ိဳး႐ုံတမယ္ လုပ္ခဲ့တဲ့လူက အဲ့ေကာင္ရဲ႕ ရည္းစားအသစ္မ်ားလား။ မာန္က လက္ေႏွးေနပုံနဲ႕ေတာ့ ဒီတစ္ခါလည္း သူ႕သူငယ္ခ်င္း က်န္ရစ္ျဖစ္ရမွာကို ေရး ျမင္‌ေယာင္ေနမိၿပီ။

"ငါ့ကိစၥကို ငါ ရွင္းမွာပါ။ ငါ အေကာင္းေျပာေနတာ၊ သူငယ္ခ်င္း အခ်င္းခ်င္းကို မရွက္ပါနဲ႕။ ေရး မင္း စိတ္ေရာမွန္ေသးရဲ႕လား"

"ဘာ"

ေဘးခုံက သူတို႔ဝိုင္းကို လွမ္းရွိုးလာၿပီမို႔ သွ်ိုင္းစက္မာန္ ေရးအား တိုးတိုးေျပာဆိုသည့္ အမူအရာလုပ္ျပလိုက္ရကာ မတ္မတ္ထိုင္ေနရာမွ ေရးပဲ ၾကား႐ုံေလာက္သာ ေျပာဖို႔အတြက္ ကိုယ္ကို အေရွ႕သို႔ အနည္းငယ္ ကိုင္းလိုက္ၿပီး-

"မင္းကိုၾကည့္ရတာ ယဥ္ယဥ္ေလး ႐ူးေနသလိုပဲ။ အဲ့အဆင့္ဆို ေဆးေသာက္လိုက္႐ုံနဲ႕ ထိန္းလို႔ရေလာက္တယ္။ ေတာ္ၾကာ သြက္သြက္ခါ ျဖစ္သြားရင္ စိတ္က်န္းမာေရးေဆး႐ုံထဲမွာ သြားေနရမွာေနာ္"

"ခ်ီး. . .ငါ မင္းနဲ႕ တကယ္ ေျပာစရာကို မရွိေတာ့ဘူး"

အခုလို ေသာင္းက်န္းမိတာနဲ႕ အ႐ူးေထာင္ အခ်ိန္မီ ပို႔ေပးဖို႔ အၿမဲ ရယ္ဒီျဖစ္ေနေသာ သူငယ္ခ်င္းတစ္ေယာက္ကို ေရး ပိုင္ဆိုင္ထားရျခင္းပင္။

"႐ူးေနတာမဟုတ္ရင္လည္း စိတ္ကို မွန္မွန္ထားေလကြာ။ တစ္ေန႕တစ္ေန႕ ဘားမွာလည္း customer ေတြနဲ႕ ညတိုင္း ခ်ိန္းပြဲျဖစ္ေနတာ လူၾကားလို႔ေတာင္ မေကာင္းေတာ့ဘူး။ မင္း အဲ့ဘားကို ပိတ္ပစ္ရေအာင္မ်ား လုပ္ေနတာလား။ ဘယ္လိုျဖစ္ၿပီး ဘားပိုင္ရွင္က customer ေတြနဲ႕ ညတိုင္းပြဲျဖစ္ေနတုန္း"

"အဲ့‌ေကာင္ေတြ ေသာက္ခ်ိဳးမေျပလို႔ေလ"

"ဟ၊ စီးပြားေရးလုပ္ေနတာကို သည္းခံသင့္တာ သည္းခံဦးေလ၊ အဲ့ေလာက္ထိ ရမ္းကားေနလို႔ျဖစ္မလားကြ။ အိုးမိုင္ေဂါ့ မင္းရဲ႕ဘားမွာထည့္ထားတဲ့ ငါ့ရွယ္ယာေတြကို ေဒဝါလီမခံရခင္ အျမန္ျပန္ထုတ္ထားလိုက္ရင္ ေကာင္းၿပီထင္တယ္"

ေရး ထိုေကာင့္ကို ေကာင္းတဲ့ဖက္က လက္ခလယ္ပဲ ေထာင္ျပလိုက္မိေတာ့သည္။

သွ်ိုင္းစက္မာန္ ထိုဘားပိုင္ရွင္ လူမိုက္ေခါင္းေဆာင္နဲ႕ စကားၿပိဳင္မေျပာခ်င္ေတာ့တာေၾကာင့္ ထိုင္ခုံေနာက္ေက်ာကို ျပန္မွီလိုက္ၿပီး လာခ်ေပးသြားတဲ့ အစားအေသာက္မ်ားကို စစားဖို႔ ျပင္လိုက္စဥ္ တစ္စုံတစ္ခုကို သတိရသြားတာမို႔-

"ငါ မင္းကို ေျပာဖို႔ ေမ့ေနတာ၊ မနက္က ငါ့ဆိုင္ကို ဆရာဝန္တစ္ေယာက္ ဖုန္းဆက္တယ္"

"အဲ့ေတာ့"

"သူက ငါတို႔ဆိုင္ေဘးက အခန္းကို ေဆးခန္းဖြင့္ဖို႔ ငွားခ်င္လို႔တဲ့"

ေရး မ်က္ေမွာင္ၾကဳတ္လိုက္မိသြားသည္။ သူ ထိုေနရာကို ဘယ္သူ႕ကိုမွ ငွားဖို႔အစီအစဥ္မရွိပါေပ။

"ငါ ျငင္းလိုက္ပါေသးတယ္။ ဒါေပမဲ့ အဲ့တစ္ေယာက္က သူ အဲ့ေနရာကို အရမ္းသေဘာက်တာမို႔ တစ္ခါေလာက္ ပိုင္ရွင္နဲ႕ ညွိႏွိုင္းပါရေစဆိုလို႔။ ၿပီးေတာ့ ပိုင္ရွင္ကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာခ်င္လို႔တဲ့။ အဲ့ဒါမို႔ မငွားခ်င္ဘူးဆိုရင္ေတာင္ သူ ပိုင္ရွင္နဲ႕ တစ္ခါေလာက္ ေတြ႕ခ်င္တယ္ဆိုလို႔။ ငါ ဘယ္လိုျငင္းျငင္း မရဘူး"

"သူက ငါ့ကို ဘာလို႔ ေက်းဇူးတင္မွာလဲ"

"အဲ့ဒါေတာ့ ငါလည္း မသိဘူးေလ။ ငါ သူ႕ကို မင္းနဲ႕ အသိေတြမို႔လို႔လားေတာင္ ေမးလိုက္ေသးတယ္။ သူ မင္းကို တစ္ခါမွေတာ့ မေတြ႕ဖူးဘူးတဲ့။ ဒါေပမဲ့ ေသခ်ာေပါက္ ေျပာခ်င္တဲ့စကားရွိလို႔တဲ့ေလ။ ဖုန္းထဲက အသံအရဆိုရင္ေတာ့ အဲ့ဆရာဝန္က ငယ္‌ေသးတဲ့ပုံပဲ"

"ဒီေကာင္ကလည္း ဇြတ္ပဲ"

"ေသခ်ာတယ္၊ ငါလည္း ျငင္းရတာ အားနာလာလို႔ သန္ဘက္ခါ ဆယ္နာရီက်ရင္ ငါ့ဆိုင္ကို လာခဲ့ဖို႔ ခ်ိန္းလိုက္တယ္။ မင္း မငွားခ်င္ေသးဘူးဆိုရင္ တိုက္ရိုက္ပဲ ေျပာလိုက္ေတာ့။ ‌ဒါနဲ႕ မင္း ခ်စ္တီးေသလို႔ ဝင္စားတာလား။ ငါ့ဆိုင္ခန္းခကို ဘာလို႔ တိုးတိုးၿပီး ေတာင္းေနျပန္တာလဲ။ ငါ အျမတ္ေတြအကုန္ မင္းကို ဆိုင္ခန္းခ ေပးလိုက္ရတာနဲ႕တင္ ဘာမွမက်န္ေတာ့ဘူး"

"ဟက္၊ သူငယ္ခ်င္းေတြမို႔ေလ။ မဟုတ္ရင္ မင္းကိုပါ ငါ ႏွင္ထုတ္ပစ္တာ ၾကာၿပီ။ အဲ့ပန္းဆိုင္က ေရာင္းလည္း မေရာင္းရဘဲနဲ႕ ပိတ္ပစ္လိုက္စမ္းပါ"

"လခြမ္း. . .ဒီပန္းဆိုင္ေလးေတာ့ ခ်မ္းသာေပးပါ။ ငါ့စီးပြားေရးကို တုတ္နဲ႕လိုက္မထိုးပါနဲ႕"

သွ်ိုင္းစက္မာန္က ဆက္ခြန္းသစ္နဲ႕ တြဲၿပီး wedding ေတြ၊ အခမ္းအနားႀကီးေတြရဲ႕ floral service ကို အဓိက တြဲလုပ္ခဲ့ၾကဖူးသည္။ ဆက္ခြန္းသစ္ နိုင္ငံျခားထြက္သြားမွသာ မာန္ ဒီအလုပ္အျပင္ တျခားစီးပြားေရးမ်ိဳးစုံကိုပါ လုပ္ေနခဲ့သည္။

ေရး၏ ပိုင္ဆိုင္မႈထဲ၌ အေနာက္တိုင္းဆန္ဆန္ တည္ေဆာက္ထားေသာ အေဆာက္အဦးတစ္ခု ရွိသည္။ ပင္မလမ္းမႀကီးနဲ႕ သိပ္မေဝးတဲ့ ထိုႏွစ္ထပ္အေဆာက္အဦး၏ အေပၚတစ္ထပ္လုံးက ေရး ေနထိုင္ျခင္းျဖစ္ၿပီး ေအာက္ထပ္ကို ဆိုင္ခန္းႏွစ္ခန္းခြဲထားကာ ငွားရမ္းထားျခင္းပင္။

အခုခ်ိန္မွာေတာ့ တစ္ခန္းက လြတ္ေနဆဲျဖစ္ၿပီး ေနာက္တစ္ခန္းကိုေတာ့ သွ်ိုင္းစက္မာန္ ပန္းဆိုင္ဖြင့္ထားတာမို႔ ပန္းမႀကိဳက္‌ေသာ ႏူးညံ့မႈမရွိတဲ့ ဆိုင္ခန္းပိုင္ရွင္၏ လစဥ္လတိုင္း အခန္းဖယ္ခိုင္းျခင္းကို ခံေနရသည္။ သွ်ိုင္းစက္မာန္ ေပကပ္ၿပီး မဖယ္တဲ့ အက်ိဳးဆက္အတြက္ အက်င့္မေကာင္းတဲ့ ခ်စ္တီးလို ပိုင္ရွင္ရဲ႕ အခန္းခ တိုးတိုးေတာင္းျခင္းကို ခံေနရျပန္သည္။

"ေအးကုန္ၿပီ၊ စားေတာ့။ လက္က သက္သာရဲ႕လား"

"အင္း"

အဓိက အသုံးျပဳရသည့္ ညာလက္ကို အနင္းမခံလိုက္ရလို႔သာ ေက်းဇူးတင္ရမလို။ တကယ္ဆို ဒဏ္ရာက အခုမွ ပိုေတာင္ နာလာသလိုပင္။ သို႔ေသာ္ျငား ေရးက အၿမဲလိုလို ဒဏ္ရာရေနက်ပဲမို႔ နာက်င္မႈကို လ်စ္လ်ဴရႈထားလိုက္ၿပီး ဇြန္းကိုင္လိုက္စဥ္-

"ေက်းဇူးျပဳၿပီး မင္း ေနာက္တစ္ခါ ခြန္းကို ျပႆနာ သြားမရွာပါနဲ႕။ သူ ထပ္ၿပီး ျပန္ထြက္သြားရင္ ငါ မင္းနဲ႕ သူငယ္ခ်င္းအျဖစ္က ရပ္စဲပစ္ေတာ့မွာ ေရး။ ငါ့အတြက္ အေရးႀကီးတဲ့သူေတြကို ငါ့ဘဝထဲက မင္း ဆြဲဆြဲမထုတ္ပါနဲ႕ေတာ့"

ေရး သူ႕ေရွ႕၌ ဖုန္းကိုအာ႐ုံစိုက္ရင္းနဲ႕ စားရင္း လွမ္းေျပာလာတဲ့ မာန႔္ကို စိုက္ၾကည့္ရင္း ကိုင္ထားသည့္ ဇြန္းကိုသာ ျဖစ္ညွစ္ဆုပ္ကိုင္ထားလိုက္မိေတာ့သည္။

ေရး ဘာမွစားခ်င္စိတ္ မရွိေတာ့ပါေပ။

ထို႔ေၾကာင့္ မွန္ခ်ပ္ေတြရဲ႕အျပင္ကိုသာ ျပန္ၾကည့္လိုက္ရင္း သူလည္း ဒီေန႕တစ္ေန႕လုံး စိတ္ပင္ပန္းေနရပါတယ္ဆိုတဲ့အေၾကာင္း ေအာ္ေျပာလိုက္ခ်င္မိလာသည္။

ထိုစဥ္ သူ လွမ္းၾကည့္ေနတဲ့ ကားလမ္းမ၏ တစ္ဖက္ျခမ္း၌ လမ္းကူးဖို႔ ျပင္ေနသည့္ သူနဲ႕ ဘားမွာ အႀကိမ္ႀကိမ္ျပႆနာတက္ခဲ့ဖူးေသာ လူတစ္ေယာက္ကို လွမ္းျမင္လိုက္မိသည္။

အခုခ်ိန္၌ ဆက္ခြန္းသစ္ကို မုန္းတီးမႈ၊ သူ႕လက္ကို ဗလိုင္းႀကီး တက္နင္းခဲ့တဲ့ ကျပားေကာင္ကို မုန္းတီးမႈ၊ အခု သွ်ိုင္းစက္မာန္ အေပၚကိုပါ ေပါက္ကြဲလိုက္ခ်င္ေနတဲ့ စိတ္ရိုင္းေတြက သတိနဲ႕ ထိန္းထားသည့္ၾကားကေန ဖ်တ္ခနဲ လြတ္ထြက္သြားၿပီ။

ထို႔အတြက္ သူ႕ကိုယ္သူေတာင္ မသိလိုက္ခင္မွာပင္ မ်က္လုံးေတြက ေသြးဆာေနသူလို အေရာင္ေျပာင္းသြားခဲ့သည္။

ေရး ဆိုင္ထဲမွ လူေတြကိုေရာ အျပင္ဖက္က လူေတြကိုပါ မျမင္ေတာ့ဘဲ ထိုလမ္းကူးလာသည့္ တစ္ေယာက္ထဲေသာ သူ႕ရန္သူကိုသာ ျမင္ေတာ့သည္။ သူ႕ေျပာင္းလဲသြားမႈကို မာန္ပင္ သတိမထားမိေပ။

ေရး ထိုလူ႕ကို စိုက္ၾကည့္ရင္း တစ္ကိုယ္တည္း ၾကား႐ုံေလာက္သာ ႏႈတ္ခမ္းလႈပ္လာခဲ့သည္။

"ေသစမ္း၊ ေသစမ္း၊ ကားတိုက္ေသစမ္း၊ ကားတိုက္ေသစမ္း၊ အခုခ်က္ခ်င္း"

အား. . .လုပ္ၾကပါဦး။ ဒီမွာ လူတစ္ေယာက္ ကားတိုက္ခံလိုက္ရၿပီ !!!

ထိုလမ္းျဖတ္ကူးေနသူအား မီးပြိုင့္နီခါနီးမို႔ ထင္ပါရဲ႕၊ အရွိန္ျဖင့္ေမာင္းႏွင္လာေသာ ကားတစ္စီးက ျဖတ္တိုက္မိသြားခဲ့တာမို႔ လမ္းမႀကီးထက္၌ ယာဥ္တိုက္မႈ‌ေၾကာင့္ ဆူညံသြားေလသည္။

ခြမ္း!

ေရး ဆုပ္ကိုင္ထားေသာ ဇြန္း ေအာက္သို႔ လြတ္က်သြားခဲ့ကာ သူပါ အလြန္အမင္း လန႔္ဖ်ပ္သြားခဲ့သည္။

"မဟုတ္ဘူး၊ ငါ လုပ္တာ မဟုတ္ဘူး"

ဖုန္းထဲက mail ေတြထဲ အာ႐ုံေရာက္ေနေသာ သွ်ိုင္းစက္မာန္ ‌ဇြန္းျပဳတ္က်သြားသံေၾကာင့္ ေရးကို အာ႐ုံစိုက္မိလိုက္ေသာ္လည္း သူ႕ဆီ ဖုန္းဝင္လာတာေၾကာင့္-

"ဘာျဖစ္တာလဲ၊ လက္ကနာေနလို႔လား"

ဘာမွျပန္မေျဖတာမို႔ ေရး လွမ္းၾကည့္ေနရာကို လိုက္ၾကည့္လိုက္ေတာ့မွ အျပင္ဖက္ လမ္းမႀကီးထက္၌ ယာဥ္တိုက္မႈေၾကာင့္ လႈပ္လႈပ္ရွားရွား ျဖစ္ေနၾကတာကို ေတြ႕လိုက္ရသည္။

"ေရး ငါ ဖုန္း ခဏထြက္ေျပာလိုက္ဦးမယ္၊ အလုပ္ကိစၥမို႔"

မာန္ ထြက္သြားတာနဲ႕ ထိတ္လန႔္မႈမ်ား‌ကို ထိန္းခ်ဳပ္နိုင္ဖို႔ ေရး မ်က္လုံးစုံမွိတ္လိုက္ကာ စားပြဲေပၚရွိ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႕မ်က္ႏွာကို အုပ္ထားလိုက္မိသည္။

Flashback. . .

"မင္း မေသခ်င္ရင္ ခြန္းကို လာမထိနဲ႕။ ငါ့လူကို မ်က္လုံးနဲ႕ေဝာာင္ ဘယ္ေဝာာ့မွ လွန္မၾကည့္မိေစနဲ႕ ေရး"

"ေတာက္. . .မင္းသာ အရင္ သြားေသလိုက္ေတာ့"

.
.
.

"ေရး အခု သလြန္းလြင္ျပင္ ကား accident ျဖစ္တာ on the spot ပဲ၊ သူ ဆုံးၿပီ"

ေရးကို လည္ပတ္ေနသည့္ ကမာၻႀကီး ရပ္တန႔္သြားတာလား၊ ေရးက ရပ္တန႔္သြားတာလား ထိုအခ်ိန္က မသိနိုင္ေတာ့ေပ။

.
.
.

"ငါ့မွာ အဲ့လိုအစြမ္းမရွိဘူး။ ရွိခဲ့ရင္ေတာင္ ငါ သလြန္းလြင္ျပင္အေပၚ ဘယ္ေတာ့မွ မသုံးဘူး"

"လူစားေကာင္၊ မင္းက မေကာင္းဆိုးဝါးေကာင္"

Flashback end. . .

ေရးကို ငယ္္္္ငယ္ကထဲက လူ အလြန္စားတတ္သည္ဟု သတ္မွတ္ၾကသည္။ အခုလိုမ်ိဳး သူမ်ားလိပ္ျပာကို လိုက္ႏႈတ္တတ္တဲ့ ေၾကာက္စရာအစြမ္းတစ္ခု ရွိေနသလို ျဖစ္ေနတာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားက ေရးကို အလြန္အမင္း ေၾကာက္လန႔္ၾကသည္။ အခု ထိုအခ်က္ကို သိတဲ့သူေတာ့ သိပ္မရွိၾကေတာ့ပါေပ။

"ငါ့‌ေၾကာင့္ မဟုတ္ဘူး၊ ငါ အဲ့လိုမ်ိဳး အစြမ္းရွိတဲ့သူ မဟုတ္ဘူး"

အခုခ်ိန္၌ ေရး၏ စိတ္ေတြ ကေယာက္ကယက္ျဖစ္လာကာ အျပင္က တိုက္တိုက္ဆိုင္ဆိုင္ ျဖစ္သြားေသာ ယာဥ္တိုက္မႈေၾကာင့္ ကေယာင္ေခ်ာက္ခ်ား ျဖစ္လာသည္။ သူ ခုနကလိုမ်ိဳး စိတ္လြတ္မထြက္သြားတာ ၾကာၿပီ။ ဒီေန႕တစ္ေန႕ပဲ အခုလို အျပဳအမူမ်ိဳး ထပ္လုပ္ျဖစ္ခဲ့ျခင္းပင္။

ေသြးဆာေနသည့္ မ်က္လုံးမ်ားနဲဲ့ ျဖဴေဖ်ာ့သြားေသာ မ်က္ႏွာကို တျခားသူ မျမင္ရေအာင္ အုပ္ထားရစဥ္ သူ႕ႏွာေခါင္းထဲသို႔ လာဗင္ဒါနံ႕ တိုးဝင္လာခဲ့သည္။

ရိုင္းလ္ေစတန္ ဆိုင္၏ ညာဖက္ထဲသို႔ အရင္ဝင္လာခဲ့ၿပီး မရည္႐ြယ္လိုက္ဘဲ ေရး၏ ထိုင္ခုံနား၌ ေက်ာေပးရပ္တန႔္လိုက္ကာ ဆက္ခြန္းသစ္က ကား parking ထိုးၿပီးမွ လိုက္ဝင္လာမွာမို႔ ေရး ထိုင္ေနသည့္ ခုံကို ေက်ာေပးထားရင္း ဆိုင္ထဲ၌ ထိုင္ေစာင့္ဖို႔ ေနရာရွာေနျခင္းျဖစ္သည္။

ေရး သူ႕ေဘးမွာ လူတစ္ေယာက္ ရွိေနမွန္း ထိုလူ႕ဆီမွ လာဗင္ဒါနံ႕ေၾကာင့္ ခံစားမိလိုက္ေသာ္ျငား မ်က္လုံးစုံမွိတ္ထားဆဲျဖစ္ကာ ထိုအနံ႕ပိုင္ရွင္ သူ႕ေဘးက မထြက္သြားခင္ ထိုအနံ႕ကို ရႉရွိုက္ရင္း စိတ္တည္ၿငိမ္သြားေအာင္ ႀကိဳးစားေနရသည္။

ေရးအတြက္ အခုလိုအခ်ိန္မ်ိဳးေတြ၌ လာဗင္ဒါနံ႕က သူ စိတ္ၿငိမ္ဖို႔အတြက္ အမ်ားႀကီး အေထာက္အကူျပဳသည္။

ရိုင္းလ္ ထိုေနရာ၌ ခဏပဲ ရပ္ေနခဲ့ျခင္းျဖစ္ၿပီး ဆိုင္၏ ဘယ္ဖက္အျခမ္း၌သာ စားပြဲဝိုင္း အလြတ္ကို ေတြ႕လိုက္ရတာေၾကာင့္ ထိုေနရာသို႔ ထြက္လာစဥ္ ဆက္ခြန္းသစ္လည္း ဆိုင္ထဲ ဝင္လာခဲ့သည္။

ေရး မ်က္လုံးျပန္ဖြင့္လိုက္ၿပီး ဇြန္းအသစ္ယူလိုက္ကာ တစ္ဇြန္းႏွစ္ဇြန္းစားရင္း မာန္ ျပန္ဝင္လာမွာကို ေစာင့္ေနစဥ္ ဆိုင္၏ တစ္ဖက္ျခမ္းက ခုံဝိုင္းကို အၾကည့္ေရာက္သြားခဲ့သည္။

"ဟိုေကာင္ပဲ"

အမုန္းဆုံးလူႏွစ္ေယာက္ကို ျမင္လိုက္ရတဲ့အျပင္ ဆက္ခြန္းသစ္က သူ႕ကို ေက်ာေပးထိုင္ေနတာမို႔ ကျပားေကာင္ရဲ႕ မ်က္ႏွာကိုသာ ေရး ေသခ်ာျမင္ေနရတာေၾကာင့္ လက္က ပိုေတာင္ နာလာသလို။

ထိုကျပားေကာင္ကေတာ့ မွိုရတဲ့မ်က္ႏွာလိုမ်ိဳး ၿပဳံးရယ္ေနလ်က္။

ေရး ဇြန္းကို ခ်လိဳက္ၿပီး ခက္ရင္း ေျပာင္းကိုင္လိုက္ကာ ပန္းကန္ထဲမွ အသားတုံးကို ထိုကျပားေကာင္ အမွတ္ျဖင့္ ထိုးစိုက္ေနရင္း ထိုဝိုင္းကို စူးရဲစြာ စိုက္ၾကည့္ေနမိသည္။

ႏွစ္ဆယ့္တစ္ရာစု ေခတ္မွာ ေနေနတာမို႔ ေရးမွာ မျဖစ္နိုင္တဲ့အစြမ္း ရွိတယ္ဆိုတာမ်ိဳး သူ႕ကိုယ္သူေတာင္ မယုံၾကည္။ တကယ္လို႔မ်ား ရွိေနခဲ့ရင္ေတာင္ သူ မေက်နပ္တဲ့သူေတြကို ေထာင္က်စရာမလိုဘဲ သတ္ပစ္လိုက္လို႔ရတာမို႔ ပိုေတာင္ေကာင္းေသး။

သို႔ေသာ္ျငား ပါးစပ္က လႊတ္ခနဲ ခုလို က်ိန္ဆဲလိုက္မိတာနဲ႕တင္ သူ ခ်စ္ရတဲ့သူေတြပါ သူ႕ေၾကာင့္ ေသဆုံးသြားရမွာမ်ိဳးကိုသာ ေၾကာက္လန႔္ေနခဲ့ရျခင္းျဖစ္သည္။ ထို႔အတြက္ သူ ဆက္ခြန္းသစ္ကို ေျပာမျပတတ္ေအာင္ မုန္းေနရင္ေတာင္မွ မာန႔္ေၾကာင့္ ခြန္းအေပၚ ထိုအျပဳအမူမ်ိဳး မလုပ္မိသြားဖို႔ ထိန္းခ်ဳပ္ထားခဲ့ရသည္။

ဒါေပမဲ့ အခုေတာ့ သူ႕အစြမ္းေတြကို ေသခ်ာေပါက္ သုံးရမယ့္သူ ေတြ႕ၿပီ။

ေရး အသားတုံးကို ခက္ရင္းနဲ႕ ဆယ္ခ်က္ေလာက္ ထိုးစိုက္လိုက္ၿပီးမွ လက္က ဒဏ္ရာကို ငုံ႕ၾကည့္လိုက္ရင္း-

"မင္း ေနာက္တစ္ႀကိမ္ အခုလို စည္းထပ္ေက်ာ္လာရင္ေတာ့ ဒီတစ္ခါ မင္းအလွည့္ပဲ"

လူစားေကာင္ဟု သတ္မွတ္ခံထားရေသာ ေရးအတြက္ အခု သူ တကယ္ စားပစ္ခ်င္တဲ့သူကို ရွာေတြ႕ခဲ့ၿပီ။

ေသခ်ာတယ္၊ ဒီတစ္ေယာက္ကိုေတာ့ စိတ္လြတ္သြားလို႔ မဟုတ္ဘဲ ရည္႐ြယ္ခ်က္ရွိရွိနဲ႕ကို ေရး တကယ္ စားေတာ့မွာ။

ရိုင္းလ္ေစတန္ မီႏူးေ႐ြးေနေသာ ခြန္းေနာက္ကို ဘာရယ္မဟုတ္ ေက်ာ္ၾကည့္လိုက္မိစဥ္ သူ႕အား စိုက္ၾကည့္ေနေသာ ခုနေကာင္ကို ေတြ႕လိုက္ရျပန္တာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ၿပီး ျပန္စိုက္ၾကည့္ေနလိုက္မိသည္။

ရိုင္းလ္ အဲ့တစ္ေယာက္ကို တကယ္ ၾကည့္လို႔မရတာ။

ရိုင္းလ္၏ အက်င့္က လွပေသာ ေကာင္ေလးမ်ားကို ေတြ႕ရင္ ခ်စ္ခ်စ္မခ်စ္ခ်စ္ ပစၥည္းအလွေလးေတြကို သေဘာက်မိသလိုမ်ိဳး သေဘာက်တတ္သည္။ အခု ဒီတစ္ေယာက္ကေတာ့ ႁခြင္းခ်က္ပင္။

အဲ့တစ္ေယာက္က ေသခ်ာေပါက္ ရိုင္းလ္ထက္ ငယ္မယ့္ပုံေပၚတဲ့အျပင္ သူ႕႐ုပ္ရည္က ထူးကဲလွပလြန္း၏။ သူ႕မွာ ရိုင္းလ္ အရမ္းသေဘာက်ရတဲ့ ႏွင္းေတြလိုမ်ိဳး ႏွင္းလိုျဖဴဆြတ္သည့္ အသားအေရ ရွိတာကို ညေနကထဲက သတိထားလိုက္မိသည္။

‌ေအးစက္အၾကင္နာမဲ့ၿပီး ခန႔္မွန္းရခက္မည့္ လူစားမ်ိဳး ျဖစ္ပုံရသလို ရိုင္းလ္ ေတြ႕ခဲ့ဖူးသည့္ အလွေလးေတြ အားလုံးထက္ပင္ လွပေသာ္ျငား တၿပိဳင္တည္းမွာလည္း ေယာက္်ားပီသေသာ ပုံစံလည္း ရွိေနတာမို႔ ရိုင္းလ္ ျမင္ဖူးေနက် ႏူးညံ့တဲ့အလွေလးေတြနဲ႕ ကြဲျပားေပသည္။

သို႔ေသာ္ျငား ဘာေၾကာင့္မွန္းမသိကို စေတြ႕ကထဲက ခြန္းအေပၚ ေၾကာက္စရာေကာင္းေလာက္ေအာင္ ရန္လိုေနပုံရတဲ့ ထိုေကာင့္ကို ရိုင္းလ္ ၾကည့္မရပါေပ။

ထို႔အတြက္ ရိုင္းလ္အဖို႔မွာမူကား အဲ့တစ္ေယာက္ကိုေတာ့ လွပါေပသည္ဟု ဆို႐ုံမွတစ္ပါး သိပ္ၿပီး အထူးအဆန္းေတာ့ မဟုတ္။ ထို႔အျပင္ အဲ့ေကာင္မ်က္ႏွာကို ခုလိုျမင္ေနရရင္ မ်ိဳမက်ေတာ့မွာစိုးလို႔ ရိုင္းလ္တစ္ေယာက္ ခြန္း၏ ေဘးခုံမွာသာ သြားေျပာင္းထိုင္လိုက္ရင္း ေက်ာခိုင္းထားလိုက္ေတာ့သည္။

ထိုစဥ္ သူ႕ေနာက္က ေရးကေတာ့ ပန္းကန္ထဲက အသားတုံးေတြကို ကျပားေကာင္အမွတ္နဲ႕ တဝုန္းဝုန္း ထိုးစိုက္ရင္း စားေသာက္ေနၿပီျဖစ္သည္။

___________________________________________

Continue Reading

You'll Also Like

277K 27.8K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
660 89 52
။ကိုယ်ချစ်ရတဲ့သူဆီက "မင်းကိုချစ်တယ်"လို့ ပြောသံကြားခဲ့ရင် ဒီကမ္ဘာမှာ အသက်ရှိလျက် နိဗ္ဗာန်ကို ဦးစွာရောက်တဲ့သူဟာ ငါပဲဖြစ်လေတော့မယ်။ S2 မျှော်
1.7M 207K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
35.4K 2.3K 41
[ Zawgyi ] ---------------- ခ်စ္ျခင္းေမတၱာကို ရိုးရိုးေလးလို႔ထင္ထားခဲ့တာ အခုေတာ့ သီအိုရီရွာမေတြ႕တဲ့ပုစာၦတစ္ပုဒ္လိုပဲ သူ႕ရဲ႕အေျဖဟာ ဗလာနတၳိ [ Unicode ]...