ဤသို့ဖြင့် ရက်ကနေ လအထိ အချိန်များကုန်လွန်ခဲ့သည်။ကျွန်မနှင့်မြနန္ဒာတို့သားအမိ သိပ်မတွေ့ဖြစ်ခဲ့ကြ။ကျွန်မကို အမှတ်တမဲ့ရင်ဖွင့်မိပြီး မျက်ရည်ကျခဲ့သော ထိုညကိုတော့ တခါတခါသတိရမိသေး၏။PG တတိယနှစ်မို့ ကျွန်မမအားပါ။နောက်ဆုံးနှစ် စာမေးပွဲဖြေရမည့်ရက်နီးလာခြင်းကြောင့် စာအုပ်ပုံများကြားတွင် ခေါင်းနစ်လိုက်၊လူနာများနှင့်အလုပ်ရှုပ်လိုက်ဖြင့် မအားနိုင်အောင်ရှိရသည်။အခန်းထဲတွင်လည်းမနေဖြစ်တာများလာသည်။တခါတရံ ယူစရာတစ်ခုခုရှိ၍ အခန်းပြန်လာလျှင်တော့ အခန်းရှေ့တွေဆုံတတ်သည်။ပိုင်ပိုင်က သူ့ပုံစံအတိုင်း ရင်းနှီးနွေးထွေးစွာနှုတ်ဆက်လျှက် မမကိုသိပ်မတွေ့မိဘူးဟု ပြောတတ်ပြီး မြနန္ဒာကမူ ပြုံးပြဖော်ရလာသည်။
"minor လားကေသီ"
ကျွန်မ OT note ရေးနေတုန်း မမဝေ ရောက်လာပြီးမေးသည်။
"ဟုတ်တယ်မမ၊minor ပဲ၊အခုမှပြီးတာ"
ဆရာဂျေမီသည် minor case များကို ကျွန်မကိုခွဲစေပြီး major case အများစုကိုတော့ သူဦးဆောင်ခွဲကာ ကျွန်မကို assistant လုပ်ခိုင်းလေ့ရှိသည်။အသက်အန္တရာယ်သိပ်မများသော case များကိုမူ ကျွန်မကို ဦးဆောင်ခွဲစေပြီး သူက ခွဲခန်းထဲတွင် ထိုင်ခုံဖြင့် စောင့်နေတတ်သည်။ခွဲစိတ်ဝါသနာပါလွန်းပြီး ပညာလိုလားသော ကျွန်မကိုဆရာက သိပ်အရေးပေးပါသည်။ဆရာ့ကျေးဇူးကြောင့် green crossတွင်အတွေ့အကြုံများရခဲ့၏။ထိုအတွေ့အကြုံများကြောင့်ပင် PG မပြီးခင်မှာပင် ခွဲစိတ်မှုတော်တော်များများ လုပ်နိုင်ခဲ့ပြီဖြစ်၏။
"ကေသီ ညနေအားလား"
"အားတယ်လေမမရဲ့၊မနက်ဖြန်မှ ကေသီ night ဝင်ရမှာ၊ဘာဖြစ်လို့လဲ"
"ဒီည HS(house surgeon) လေးတွေ farewell ရှိတယ်လေ၊ကေသီလာမယ်မလား"
"ဟုတ်သား မမရယ်၊ကေသီမေ့နေတာ၊ဘယ်မှာလုပ်မှာတဲ့လဲ"
"9လမ်းက စာသောက်ဆိုင်တစ်ခုမှာအခန်းယူထားတယ်ပြောတယ်၊ gp ထဲမှာလိပ်စာပို့ပေးထားတယ်"
"gp ထဲတောင်ဝင်မကြည့်မိပါဘူး၊စာမေးပွဲနီးလာတော့ စာတွေကများ Pressureကများနဲ့၊ အလုပ်ကိုရှုပ်နေတာပဲ၊ညနေကျရင် မမကိုဝင်ခေါ်မယ်လေ ၊အတူတူသွားရအောင်"
မမဝေက ရယ်ရင်း ခေါင်းငြိမ့်သည်။
"အဲလောက်လည်း Pressure မများပါနဲ့ကွာ၊ကေသီ အောင်မှာ မမသိတယ်၊မမဖြေတုန်းက ကြည့်တဲ့စာအုပ်တွေရှိတယ်၊ကေသီလိုရင် လာယူလှည့်"
"ကျေးဇူးပဲမမရယ်"
ကျွန်မ လှိုက်လှဲစွာ ပြောမိသည်။တစ်ခါတစ်ခါကျတော့ အခုလိုအားပေးစကားလေးတွေကြားချင်နေတဲ့အချိန်လည်း ရှိတတ်တာပဲနော်။ကျွန်မ စိတ်ထဲကပြောမိသည်။
ညနေ၆ နာရီလောက်တွင်တော့ ၉လမ်းက ဆိုင်တစ်ခုတွင် ကျွန်မတို့ရောက်ရှိနေပြီ။ကျွန်မတို့ ခွဲစိတ်ဆောင်တွင် တာဝန်ကျသော အလုပ်သင်ဆရာဝန်ကလေးများပြောင်းရွှေ့ရတော့မည်ဖြစ်၍ နှုတ်ဆက်ပွဲလုပ်ပေးခြင်းပါ။မိန်းကလေး နှစ်ယောက်၊ယောကျ်ားလေးသုံးယောက်၊အားလုံးငါးယောက်ဖြစ်သည်။ပညာလည်းလိုချင်ကြပြီး အလုပ်ကြိုးစားကြကာ အကြီးတွေနှင့်လည်း အဆင်ပြေကြသောကြောင့် ပြောင်းရတော့မည်ဆိုတော့ စိတ်မကောင်းကြ။ဒါပေမယ့် ဒါ မျိုးက ဖြစ်နေကျ၊၊နောက်အသစ်ရောက်လာလျှင်လည်း သုံးလပြည့်လျှင် ထပ်ပြောင်းရဦးမည်ပင်။အခုချိန်တွင်တော့ ရာထူးတွေကြီးငယ်တွေဘေးချိတ်၊ဝဒ်ထဲမှာရခဲ့တဲ့အတွေ့အကြုံတွေ တစ်ယောက်တလှည့်ပြောကြ၊သီချင်းအတူတူဆိုကြ၊ပျော်ကြ၊စနောက်ကြသည်။
ထိုအချိန်တွင် ကျွန်မအိပ်ကပ်ထဲမှ ဖုန်းမြည်လာသည်။ vibrate လုပ်ထား၍ တော်ပါသေးသည်။အခန်းအပြင်သို့မသိမသာ ထွက်လာခဲ့၏။ဖုန်းဆက်လာသူက ပိုင်ပိုင်။အချိန်က ကိုးနာရီ။
"ပိုင်ပိုင်၊ဘာဖြစ်လို့လဲ"
"မမရယ်၊မေမေ တစ်ခုခုဖြစ်နေပြီလားမသိဘူး"
ပိုင်ပိုင့်အသံက ငိုချင်ချင်။
" မမကိုရှင်းအောင်ပြောပြဦးလေပိုင်ပိုင်၊မငိုနဲ့"
"ရှစ်နာရီလောက်က မေမေဖုန်းဆက်တယ်၊ 19 လမ်းစျေးမှာရောက်နေတုန်း ဘာဝယ်လာခဲ့ရမလဲတဲ့၊ပိုင်ပိုင် ဂဏန်းကော်ကြော် မှာလိုက်တယ်၊ဝယ်ခဲ့မယ်ပြောပြီး ရှစ်နာရီခွဲကျော်ကျော်လောက်က ဖုန်းထပ်ဆက်လာလို့ ကိုင်လိုက်တော့ ဘာမှမပြောဘဲကျသွားတယ် ၊ပိုင်ပိုင်ထပ်ဆက်တော့ စက်ပိတ်သွားတာအခုထိပဲ၊ပြန်လည်းမရောက်ဘူးမမရယ်"
"ဟယ်"
ကျွန်မ ဘာလုပ်ရမလဲ အပြင်းအထန်စဥ်းစားရသည်။မမဝေ ။မမဝေကတော့ ကျွန်မကို ကူညီနိုင်မည်ထင်သည်။
"ပိုင်ပိုင်အခု အခန်းမှာလား ၊အဲဒါဆို အဲ့ဒီကပဲ စောင့်နေ၊မမရအောင်ခေါ်လာခဲ့မယ်၊ဖုန်းကိုဆက်တိုက်ခေါ်နေနော်၊စက်ပွင့်လာရင်မမကို လှမ်းပြော"
အခန်းထဲပြန်ဝင်ပြီး မမဝေကို အကျိုုးအကြောင်းပြောလိုက်သည်။မမဝေလည်း အပြင်ထွက်လာသည်။
"ယောကျ်ားလေးတွေတော့ မခေါ်တော့ဘူးကေသီ၊သူတို့ပျော်ပါစေ၊တို့နှစ်ယောက်ပဲသွားရအောင်"
" 19 လမ်းပဲအရင်သွားမယ်နော်မမ"
ကျွန်မ ကားမောင်းထွက်ခဲ့သည်။19 လမ်းရှေ့တွင် လူများ အနည်းငယ်ရှိသေးသည်။၇ နာရီကျော် ၈နာရီလောက်တွင် လူအစည်ဆုံးဖြစ်သည်။မြန္ဒာ၏ ကားကို ကားပေါ်မှ လိုက်ရှာကြည့်သည်။မတွေ့။ကားတွေအများကြီးဘယ်လိုရှာရပါ့မလဲ။ဖုန်းဆက်ကြည့်သော် ဖုန်းကစက်ပိတ်ထားဆဲပင်။ ကားခနရပ်ပြီး နှစ်ယောက်သားလမ်းထဲဝင်ခဲ့ကြသည်။လမ်းတစ်လျှောက်သည် ဘားများဖြင့် ပြည့်နှက်နေပြီး ဆိုင်ရှေ့လမ်းထက်ရှိ စားပွဲဝိုင်းတို့တွင် လူများဖြင့်ပြည့်နေသည်။ကျွန်မတို့နှစ်ယောက်မှာ တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ရင်း မြနန္ဒာကိုတွေ့လိုတွေ့ငြား ကိုယ့်ဖက်ခြမ်းရှိဝိုင်းကို မဝံ့မရဲကြည့်ရင်း ရှာလာခဲ့ကြသည်။ဝိုင်းတိုင်းရှိ လူအများ၏ အကြည့်မှာ ကျွန်မတို့နှစ်ယောက်ထံတွင် ရှိသည်ကိုသိသော်လည်း ကြောက်လျှက်ကပင် ရှေ့ဆက်ရသည်။
"လှတယ်ကွာ"
"ဒီဖက်ကိုလာလေ"
ကျွန်မတို့ဘေးနှစ်ဖက်ဆီမှ ကြားနေရသည့် အသံများကိုလည်း လျစ်လျူရှုရသည်။ကျွန်မကို ဒီလိုနေရာမှာ အခုပုံနဲ့ သူငယ်ချင်းတွေသာမြင်လျှင်တော့ သူတို့ဝိုင်းအံ့သြကြလိမ့်မည်။
လမ်းဆုံးမရောက်ခင် စားပွဲဝိုင်းအရောက်တွင် မြနန္ဒာကို မြင်လိုက်ရသည်။
"မမဝေ"
"အေ ကေသီ၊တွေ့ပြီလား"
"ဟိုမှာ မြနန္ဒာ"
သူတစ်ယောက်တည်း မဟုတ်ပါ။ဘေးတွင်ယောကျာ်းတစ်ယောက်။ဟင်...မျိုးဆွေ။ပါတီမှာတုန်းက တွေ့ခဲ့တဲ့တစ်ယောက်။မြန္ဒာသည် မျိုးဆွေ၏ ပုခုံးပေါ်ခေါင်းမှီထားသည်။မဟုတ်ဘူး မှီထားတာမဟုတ်ဘူး ။မူးနေတာ ၊မြန္ဒာ မူးနေတာ။မြန္ဒာ စကားလည်းပြောနေသည်ထင်၏။သို့သော် မကြားရ။ရုန်းနေသော်လည်း မူးနေ၍ အရာမထင်။သမီးရည်းစားစုံတွဲနှင့်တူနေသည်။
ကျွန်မတို့နှစ်ယောက်ဘာဆက်လုပ်ရမှန်းမသိဖြစ်နေစဥ်မှာပင် မျိုးဆွေသည် မြနန္ဒာကို သွားရန်ခေါ်နေသည်။မြနန္ဒာမှာ ငြင်းနေသော်လည်း ဆေးမိထားသူကဲ့သို့ပင် အလိုက်သင့်ထလိုက်လာသည်။သူတို့နှင့်မလှမ်းမကမ်းတွင်တော့ မြနန္ဒာ၏ကားကိုတွေ့ရသည်။
"လာ ကေသီ"
မမဝေ က ကျွန်မ၏လက်ကို ဆွဲခေါ်၍ သူတို့နောက်လိုက်ခဲ့သည်။
"မြနန္ဒာ"
ကားနားမရောက်ခင်တွင် မမဝေက လှမ်းခေါ်လိုက်သည်။ကိုမျိုးဆွေသည် သွားနေရမှာ ရပ်ကာလှည့်ကြည့်သည်။မြနန္ဒာလက်ထဲတွင် ပိုင်ပိုင်မှာသည့် ဂဏန်းကော်ကြော်ထုပ်ကိုတွေ့ရသည်။
ကိုမျိုးဆွေသည် ကျွန်မကိုအတော်အကြာမှ မှတ်မိသွားဟန်တူပြီး မမဝေကိုတော့ သိပုံမရ။
"ဘာကိစ္စလဲမသိဘူး၊ကျွန်တော် မြနန္ဒာကို အိမ်လိုက်ပို့မလို့"
ကိုမျိုးဆွေ၏ မျက်နှာသည် တင်းမာနေ၏။သူနှင့် မြနန္ဒာပဲ တစ်ခုခုပတ်သက်သလိုမျိုးမျက်နှာထားနှင့်ဖြစ်သည်။
"ကျွန်မတို့ မြနန္ဒာကိုလာကြိုတာ၊သူသောက်ထားတယ် ကားမမောင်းနိုင်ဘူးဆိုလို့၊ပိုင်ပိုင်လည်း သူ့အမေကိုစိတ်ပူနေတယ်"
မမဝေသည် ပြောရင်းကပင် မြနန္ဒာကို ထိုလူလက်ထဲမှ ဝင်တွဲလိုက်ပြီး ကျွန်မကိုလည်း လှမ်းပြောသည်။
"ကေသီ ၊ကားပေါ်တက်ပြီး ကားစက်နှိုးလိုက်တော့"
ကျွန်မလည်း မမဝေပြောသည့်အတိုင်းပင် ကားပေါ်မြန်မြန်တက်ကာ ကားစက်နှိုးသည်။မမဝေက မြနန္ဒာကို တွဲတင်သည်။ ကိုမျိုးဆွေ၏ တောက်ခေါက်သံသည် ကာစက်သံကြားတွင် ပျောက်ဆုံးကျန်ခဲ့သည်။ ကျွန်မတို့ လမ်းကို ပြန်ပတ်၍ ကျွန်မကားကို မမဝေက မောင်းယူခဲ့သည်။
အခန်းရောက်ပြီးနောက် မမဝေကိုပြန်ပို့မည်လုပ်တော့ မမဝေက မပို့နဲ့ဟုပြောကာ နီးနီးလေးမို့ သူ့ယောကျ်ားကိုလာခေါ်ခိုင်းပြီး ပြန်သွားသည်။
မြနန္ဒာကို အိပ်ယာပေါ်တွင် လှဲခိုင်းရသည်။သူကားပေါ်တွင် တလမ်းလုံးခေါ်လာတာ ကိုအောင်တဲ့။သူဘယ်ရောက်လို့ရောက်မှန်းတောင် သိရဲ့လားမသိ။
"ပိုင်ပိုင်၊သံပုရာရည်တစ်ခွက်လောက်ဖျော်ခဲ့ပါလား"
"ဟုတ်ကဲ့မမ"
မျက်ရည်အဝိုင်းသားနှင့် ပိုင်ပိုင်ခေါင်းငြိမ့်တော့ ကျွန်မရင်ထဲတွင် နင့်သွားသည်။သားအမိနှစ်ယောက်သာ ရှိသောဘဝကလေး။သူ့အမေတစ်ခုခုဖြစ်မှာစိုးလို့ ကြံရာမရဖြစ်နေရှာမှာပဲ။
မြနန္ဒာရယ် ရှင်လိမ္မာပါတော့လား။ကျွန်မ စိတ်ထဲမှပြောမိသည်။
Zawgyi
ဤသို႔ျဖင့္ ရက္ကေန လအထိ အခ်ိန္မ်ားကုန္လြန္ခဲ့သည္။ကြၽန္မႏွင့္ျမနႏၵာတို႔သားအမိ သိပ္မေတြ႕ျဖစ္ခဲ့ၾက။ကြၽန္မကို အမွတ္တမဲ့ရင္ဖြင့္မိၿပီး မ်က္ရည္က်ခဲ့ေသာ ထိုညကိုေတာ့ တခါတခါသတိရမိေသး၏။PG တတိယႏွစ္မို႔ ကြၽန္မမအားပါ။ေနာက္ဆုံးႏွစ္ စာေမးပြဲေျဖရမည့္ရက္နီးလာျခင္းေၾကာင့္ စာအုပ္ပုံမ်ားၾကားတြင္ ေခါင္းနစ္လိုက္၊လူနာမ်ားႏွင့္အလုပ္ရႈပ္လိုက္ျဖင့္ မအားနိုင္ေအာင္ရွိရသည္။အခန္းထဲတြင္လည္းမေနျဖစ္တာမ်ားလာသည္။တခါတရံ ယူစရာတစ္ခုခုရွိ၍ အခန္းျပန္လာလွ်င္ေတာ့ အခန္းေရွ႕ေတြဆုံတတ္သည္။ပိုင္ပိုင္က သူ႕ပုံစံအတိုင္း ရင္းႏွီးႏြေးေထြးစြာႏႈတ္ဆက္လွ်က္ မမကိုသိပ္မေတြ႕မိဘူးဟု ေျပာတတ္ၿပီး ျမနႏၵာကမူ ၿပဳံးျပေဖာ္ရလာသည္။
"minor လားေကသီ"
ကြၽန္မ OT note ေရးေနတုန္း မမေဝ ေရာက္လာၿပီးေမးသည္။
"ဟုတ္တယ္မမ၊minor ပဲ၊အခုမွၿပီးတာ"
ဆရာေဂ်မီသည္ minor case မ်ားကို ကြၽန္မကိုခြဲေစၿပီး major case အမ်ားစုကိုေတာ့ သူဦးေဆာင္ခြဲကာ ကြၽန္မကို assistant လုပ္ခိုင္းေလ့ရွိသည္။အသက္အႏၱရာယ္သိပ္မမ်ားေသာ case မ်ားကိုမူ ကြၽန္မကို ဦးေဆာင္ခြဲေစၿပီး သူက ခြဲခန္းထဲတြင္ ထိုင္ခုံျဖင့္ ေစာင့္ေနတတ္သည္။ခြဲစိတ္ဝါသနာပါလြန္းၿပီး ပညာလိုလားေသာ ကြၽန္မကိုဆရာက သိပ္အေရးေပးပါသည္။ဆရာ့ေက်းဇူးေၾကာင့္ green crossတြင္အေတြ႕အႀကဳံမ်ားရခဲ့၏။ထိုအေတြ႕အႀကဳံမ်ားေၾကာင့္ပင္ PG မၿပီးခင္မွာပင္ ခြဲစိတ္မႈေတာ္ေတာ္မ်ားမ်ား လုပ္နိုင္ခဲ့ၿပီျဖစ္၏။
"ေကသီ ညေနအားလား"
"အားတယ္ေလမမရဲ႕၊မနက္ျဖန္မွ ေကသီ night ဝင္ရမွာ၊ဘာျဖစ္လို႔လဲ"
"ဒီည HS(house surgeon) ေလးေတြ farewell ရွိတယ္ေလ၊ေကသီလာမယ္မလား"
"ဟုတ္သား မမရယ္၊ေကသီေမ့ေနတာ၊ဘယ္မွာလုပ္မွာတဲ့လဲ"
"9လမ္းက စာေသာက္ဆိုင္တစ္ခုမွာအခန္းယူထားတယ္ေျပာတယ္၊ gp ထဲမွာလိပ္စာပို႔ေပးထားတယ္"
"gp ထဲေတာင္ဝင္မၾကည့္မိပါဘူး၊စာေမးပြဲနီးလာေတာ့ စာေတြကမ်ား Pressureကမ်ားနဲ႕၊ အလုပ္ကိုရႈပ္ေနတာပဲ၊ညေနက်ရင္ မမကိုဝင္ေခၚမယ္ေလ ၊အတူတူသြားရေအာင္"
မမေဝက ရယ္ရင္း ေခါင္းၿငိမ့္သည္။
"အဲေလာက္လည္း Pressure မမ်ားပါနဲ႕ကြာ၊ေကသီ ေအာင္မွာ မမသိတယ္၊မမေျဖတုန္းက ၾကည့္တဲ့စာအုပ္ေတြရွိတယ္၊ေကသီလိုရင္ လာယူလွည့္"
"ေက်းဇူးပဲမမရယ္"
ကြၽန္မ လွိုက္လွဲစြာ ေျပာမိသည္။တစ္ခါတစ္ခါက်ေတာ့ အခုလိုအားေပးစကားေလးေတြၾကားခ်င္ေနတဲ့အခ်ိန္လည္း ရွိတတ္တာပဲေနာ္။ကြၽန္မ စိတ္ထဲကေျပာမိသည္။
ညေန၆ နာရီေလာက္တြင္ေတာ့ ၉လမ္းက ဆိုင္တစ္ခုတြင္ ကြၽန္မတို႔ေရာက္ရွိေနၿပီ။ကြၽန္မတို႔ ခြဲစိတ္ေဆာင္တြင္ တာဝန္က်ေသာ အလုပ္သင္ဆရာဝန္ကေလးမ်ားေျပာင္းေ႐ႊ႕ရေတာ့မည္ျဖစ္၍ ႏႈတ္ဆက္ပြဲလုပ္ေပးျခင္းပါ။မိန္းကေလး ႏွစ္ေယာက္၊ေယာက်္ားေလးသုံးေယာက္၊အားလုံးငါးေယာက္ျဖစ္သည္။ပညာလည္းလိုခ်င္ၾကၿပီး အလုပ္ႀကိဳးစားၾကကာ အႀကီးေတြႏွင့္လည္း အဆင္ေျပၾကေသာေၾကာင့္ ေျပာင္းရေတာ့မည္ဆိုေတာ့ စိတ္မေကာင္းၾက။ဒါေပမယ့္ ဒါ မ်ိဳးက ျဖစ္ေနက်၊၊ေနာက္အသစ္ေရာက္လာလွ်င္လည္း သုံးလျပည့္လွ်င္ ထပ္ေျပာင္းရဦးမည္ပင္။အခုခ်ိန္တြင္ေတာ့ ရာထူးေတြႀကီးငယ္ေတြေဘးခ်ိတ္၊ဝဒ္ထဲမွာရခဲ့တဲ့အေတြ႕အႀကဳံေတြ တစ္ေယာက္တလွည့္ေျပာၾက၊သီခ်င္းအတူတူဆိုၾက၊ေပ်ာ္ၾက၊စေနာက္ၾကသည္။
ထိုအခ်ိန္တြင္ ကြၽန္မအိပ္ကပ္ထဲမွ ဖုန္းျမည္လာသည္။ vibrate လုပ္ထား၍ ေတာ္ပါေသးသည္။အခန္းအျပင္သို႔မသိမသာ ထြက္လာခဲ့၏။ဖုန္းဆက္လာသူက ပိုင္ပိုင္။အခ်ိန္က ကိုးနာရီ။
"ပိုင္ပိုင္၊ဘာျဖစ္လို႔လဲ"
"မမရယ္၊ေမေမ တစ္ခုခုျဖစ္ေနၿပီလားမသိဘူး"
ပိုင္ပိုင့္အသံက ငိုခ်င္ခ်င္။
" မမကိုရွင္းေအာင္ေျပာျပဦးေလပိုင္ပိုင္၊မငိုနဲ႕"
"ရွစ္နာရီေလာက္က ေမေမဖုန္းဆက္တယ္၊ 19 လမ္းေစ်းမွာေရာက္ေနတုန္း ဘာဝယ္လာခဲ့ရမလဲတဲ့၊ပိုင္ပိုင္ ဂဏန္းေကာ္ေၾကာ္ မွာလိုက္တယ္၊ဝယ္ခဲ့မယ္ေျပာၿပီး ရွစ္နာရီခြဲေက်ာ္ေက်ာ္ေလာက္က ဖုန္းထပ္ဆက္လာလို႔ ကိုင္လိုက္ေတာ့ ဘာမွမေျပာဘဲက်သြားတယ္ ၊ပိုင္ပိုင္ထပ္ဆက္ေတာ့ စက္ပိတ္သြားတာအခုထိပဲ၊ျပန္လည္းမေရာက္ဘူးမမရယ္"
"ဟယ္"
ကြၽန္မ ဘာလုပ္ရမလဲ အျပင္းအထန္စဥ္းစားရသည္။မမေဝ ။မမေဝကေတာ့ ကြၽန္မကို ကူညီနိုင္မည္ထင္သည္။
"ပိုင္ပိုင္အခု အခန္းမွာလား ၊အဲဒါဆို အဲ့ဒီကပဲ ေစာင့္ေန၊မမရေအာင္ေခၚလာခဲ့မယ္၊ဖုန္းကိုဆက္တိုက္ေခၚေနေနာ္၊စက္ပြင့္လာရင္မမကို လွမ္းေျပာ"
အခန္းထဲျပန္ဝင္ၿပီး မမေဝကို အကျိုုးအကြောင်းပြောလိုက်သည်။မမဝေလည်း အျပင္ထြက္လာသည္။
"ေယာက်္ားေလးေတြေတာ့ မေခၚေတာ့ဘူးေကသီ၊သူတို႔ေပ်ာ္ပါေစ၊တို႔ႏွစ္ေယာက္ပဲသြားရေအာင္"
" 19 လမ္းပဲအရင္သြားမယ္ေနာ္မမ"
ကြၽန္မ ကားေမာင္းထြက္ခဲ့သည္။19 လမ္းေရွ႕တြင္ လူမ်ား အနည္းငယ္ရွိေသးသည္။၇ နာရီေက်ာ္ ၈နာရီေလာက္တြင္ လူအစည္ဆုံးျဖစ္သည္။ျမႏၵာ၏ ကားကို ကားေပၚမွ လိုက္ရွာၾကည့္သည္။မေတြ႕။ကားေတြအမ်ားႀကီးဘယ္လိုရွာရပါ့မလဲ။ဖုန္းဆက္ၾကည့္ေသာ္ ဖုန္းကစက္ပိတ္ထားဆဲပင္။ ကားခနရပ္ၿပီး ႏွစ္ေယာက္သားလမ္းထဲဝင္ခဲ့ၾကသည္။လမ္းတစ္ေလွ်ာက္သည္ ဘားမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး ဆိုင္ေရွ႕လမ္းထက္ရွိ စားပြဲဝိုင္းတို႔တြင္ လူမ်ားျဖင့္ျပည့္ေနသည္။ကြၽန္မတို႔ႏွစ္ေယာက္မွာ တစ္ေယာက္လက္တစ္ေယာက္ ဆုပ္ကိုင္ရင္း ျမနႏၵာကိုေတြ႕လိုေတြ႕ျငား ကိုယ့္ဖက္ျခမ္းရွိဝိုင္းကို မဝံ့မရဲၾကည့္ရင္း ရွာလာခဲ့ၾကသည္။ဝိုင္းတိုင္းရွိ လူအမ်ား၏ အၾကည့္မွာ ကြၽန္မတို႔ႏွစ္ေယာက္ထံတြင္ ရွိသည္ကိုသိေသာ္လည္း ေၾကာက္လွ်က္ကပင္ ေရွ႕ဆက္ရသည္။
"လွတယ္ကြာ"
"ဒီဖက္ကိုလာေလ"
ကြၽန္မတို႔ေဘးႏွစ္ဖက္ဆီမွ ၾကားေနရသည့္ အသံမ်ားကိုလည္း လ်စ္လ်ဴရႈရသည္။ကြၽန္မကို ဒီလိုေနရာမွာ အခုပုံနဲ႕ သူငယ္ခ်င္းေတြသာျမင္လွ်င္ေတာ့ သူတို႔ဝိုင္းအံ့ၾသၾကလိမ့္မည္။
လမ္းဆုံးမေရာက္ခင္ စားပြဲဝိုင္းအေရာက္တြင္ ျမနႏၵာကို ျမင္လိုက္ရသည္။
"မမေဝ"
"ေအ ေကသီ၊ေတြ႕ၿပီလား"
"ဟိုမွာ ျမနႏၵာ"
သူတစ္ေယာက္တည္း မဟုတ္ပါ။ေဘးတြင္ေယာက်ာ္းတစ္ေယာက္။ဟင္...မ်ိဳးေဆြ။ပါတီမွာတုန္းက ေတြ႕ခဲ့တဲ့တစ္ေယာက္။ျမႏၵာသည္ မ်ိဳးေဆြ၏ ပုခုံးေပၚေခါင္းမွီထားသည္။မဟုတ္ဘူး မွီထားတာမဟုတ္ဘူး ။မူးေနတာ ၊ျမႏၵာ မူးေနတာ။ျမႏၵာ စကားလည္းေျပာေနသည္ထင္၏။သို႔ေသာ္ မၾကားရ။႐ုန္းေနေသာ္လည္း မူးေန၍ အရာမထင္။သမီးရည္းစားစုံတြဲႏွင့္တူေနသည္။
ကြၽန္မတို႔ႏွစ္ေယာက္ဘာဆက္လုပ္ရမွန္းမသိျဖစ္ေနစဥ္မွာပင္ မ်ိဳးေဆြသည္ ျမနႏၵာကို သြားရန္ေခၚေနသည္။ျမနႏၵာမွာ ျငင္းေနေသာ္လည္း ေဆးမိထားသူကဲ့သို႔ပင္ အလိုက္သင့္ထလိုက္လာသည္။သူတို႔ႏွင့္မလွမ္းမကမ္းတြင္ေတာ့ ျမနႏၵာ၏ကားကိုေတြ႕ရသည္။
"လာ ေကသီ"
မမေဝ က ကြၽန္မ၏လက္ကို ဆြဲေခၚ၍ သူတို႔ေနာက္လိုက္ခဲ့သည္။
"ျမနႏၵာ"
ကားနားမေရာက္ခင္တြင္ မမေဝက လွမ္းေခၚလိုက္သည္။ကိုမ်ိဳးေဆြသည္ သြားေနရမွာ ရပ္ကာလွည့္ၾကည့္သည္။ျမနႏၵာလက္ထဲတြင္ ပိုင္ပိုင္မွာသည့္ ဂဏန္းေကာ္ေၾကာ္ထုပ္ကိုေတြ႕ရသည္။
ကိုမ်ိဳးေဆြသည္ ကြၽန္မကိုအေတာ္အၾကာမွ မွတ္မိသြားဟန္တူၿပီး မမေဝကိုေတာ့ သိပုံမရ။
"ဘာကိစၥလဲမသိဘူး၊ကြၽန္ေတာ္ ျမနႏၵာကို အိမ္လိုက္ပို႔မလို႔"
ကိုမ်ိဳးေဆြ၏ မ်က္ႏွာသည္ တင္းမာေန၏။သူႏွင့္ ျမနႏၵာပဲ တစ္ခုခုပတ္သက္သလိုမ်ိဳးမ်က္ႏွာထားႏွင့္ျဖစ္သည္။
"ကြၽန္မတို႔ ျမနႏၵာကိုလာႀကိဳတာ၊သူေသာက္ထားတယ္ ကားမေမာင္းနိုင္ဘူးဆိုလို႔၊ပိုင္ပိုင္လည္း သူ႕အေမကိုစိတ္ပူေနတယ္"
မမေဝသည္ ေျပာရင္းကပင္ ျမနႏၵာကို ထိုလူလက္ထဲမွ ဝင္တြဲလိုက္ၿပီး ကြၽန္မကိုလည္း လွမ္းေျပာသည္။
"ေကသီ ၊ကားေပၚတက္ၿပီး ကားစက္ႏွိုးလိုက္ေတာ့"
ကြၽန္မလည္း မမေဝေျပာသည့္အတိုင္းပင္ ကားေပၚျမန္ျမန္တက္ကာ ကားစက္ႏွိုးသည္။မမေဝက ျမနႏၵာကို တြဲတင္သည္။ ကိုမ်ိဳးေဆြ၏ ေတာက္ေခါက္သံသည္ ကာစက္သံၾကားတြင္ ေပ်ာက္ဆုံးက်န္ခဲ့သည္။ ကြၽန္မတို႔ လမ္းကို ျပန္ပတ္၍ ကြၽန္မကားကို မမေဝက ေမာင္းယူခဲ့သည္။
အခန္းေရာက္ၿပီးေနာက္ မမေဝကိုျပန္ပို႔မည္လုပ္ေတာ့ မမေဝက မပို႔နဲ႕ဟုေျပာကာ နီးနီးေလးမို႔ သူ႕ေယာက်္ားကိုလာေခၚခိုင္းၿပီး ျပန္သြားသည္။
ျမနႏၵာကို အိပ္ယာေပၚတြင္ လွဲခိုင္းရသည္။သူကားေပၚတြင္ တလမ္းလုံးေခၚလာတာ ကိုေအာင္တဲ့။သူဘယ္ေရာက္လို႔ေရာက္မွန္းေတာင္ သိရဲ႕လားမသိ။
"ပိုင္ပိုင္၊သံပုရာရည္တစ္ခြက္ေလာက္ေဖ်ာ္ခဲ့ပါလား"
"ဟုတ္ကဲ့မမ"
မ်က္ရည္အဝိုင္းသားႏွင့္ ပိုင္ပိုင္ေခါင္းၿငိမ့္ေတာ့ ကြၽန္မရင္ထဲတြင္ နင့္သြားသည္။သားအမိႏွစ္ေယာက္သာ ရွိေသာဘဝကေလး။သူ႕အေမတစ္ခုခုျဖစ္မွာစိုးလို႔ ႀကံရာမရျဖစ္ေနရွာမွာပဲ။
ျမနႏၵာရယ္ ရွင္လိမၼာပါေတာ့လား။ကြၽန္မ စိတ္ထဲမွေျပာမိသည္။