My Five Element Lack You (MMt...

By Pee_Thu

12.3K 782 35

Notice -- Just Translation Genre - rebirth, interesting, horror, comedy, supernatural, yaoi Completed ✅ ( 106... More

Notice!!!
-1/One-
-1/Two-
-1/Three-
-1/Four-
-1/Five -
-2/One-
Sorry 🥺
-2/Three-
😁

-2/Two-

204 31 0
By Pee_Thu

တကယ်တော့ ဒီခန္ဓာကိုယ်ကို သူ‌ကူးပြောင်းပြီးနောက် ပျောက်ဆုံးမှုအနည်းငယ် ရှိတယ် ။ ယနေ့အချိန်ထိ ဒီကမ္ဘာက သူသေဆုံးခဲ့တဲ့နေရာနဲ့ တူညီလားဆိုတာတော့ အတည်မပြုနိုင်ပေ ။ သူရင်းနှီးတဲ့ ရန်ဇစ်ရုံးရဲ့နံမည်ကို လင်းကျူရွှေဆီက ကြားလိုက်တဲ့အချိန်မှသာ အမှန်တကယ် အသက်ပြန်ရှင်လာတာမှန်း သဘောပေါက် လက်ခံနိုင်ခဲ့တယ် ။ ကျိုးကျားယွီ အတွေးများစွာနဲ့ ဆိုဖာပေါ်မှာ ထိုင်နေမိတယ် ။

သူ့‌ခေါင်းအတွင်းက ကျီပါးကပြောတယ် ။

" မင်းဘာတွေ တွေးနေတာလဲ ။ "

" ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က သေသွားပြီလား သိချင်လို့ပါ ။ "

" သေသွားပြီလေ ၊ အဲ့ဒါအမှန်ပဲ ။ မဟုတ်ရင် မင်းဝိညာဉ် ကို ငါဘယ်လိုလုပ် ခေါ်နိုင်မှာလဲ။ "

ကျိုးကျားယွီက ခါးခါးသီးသီးရယ်ပစ်လိုက်ပြီး သက်ပြင်းချကာ -

" အမှန်ပဲကို...... "

ကံကောင်းလို့ ၊ နဂိုတည်းက သူ့ဘေးမှာ လူနည်းနည်းပဲ ရှိလို့သာပေါ့ ။ သူ့မိဘတွေက သူငယ်ငယ်တည်းက ဆုံးပါးသွားခဲ့ပြီး အဲ့ကတည်းက ညွှန်ကြားရေးမှူးနဲ့အတူ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပဲ ညွှန်ကြားရေးမှုးက နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားတယ် ။ ကျန်ရှိနေတဲ့တွယ်တာမှုတစ်ခုပါ ပြတ်တောက်သွားပြီပဲ လို့ တွေးပြီးယူဆလိုက်တယ် ။ သူ လုံးလုံး တစ်ယောက်တည်းဖြစ်သွားတယ် ။ အဆိုးဆုံး အပိုင်းက သူကား accident မှာ သေဆုံးသွားတော့ ဈာပနပွဲကို ကူညီစီစဉ်ပေးဖို့ သူတောင်မသိတဲ့ တစ်စုံတစ်ယောက်ကို အလုပ်ပိုစေခဲ့သေးတယ် ။

" ကြိုးစားပါ။ လင်းကျုရွှေ အသက်အန္တရာယ် ကင်းတာနဲ့ မင်းလုပ်ချင်တာလုပ်ဖို့ ဘယ်သူမှမတားတော့ဘူး ။ "

ကျိုးကျားယွီက သူဒါပဲလုပ်နိုင်ပုံရတယ်လို့ တွေးမိတယ် ။

ဘာကြောင့်ဆို ဒီနေ့အတွင်းမှာပဲ ရှန်ရိချောင်နဲ့ရှန်အာ့ပိုင်တို့က တုန်လှုပ်မှု ပြင်းပြင်းထန်ထန်ခံစားလိုက်ရတာကြောင့် နှစ်ယောက်လုံး စိတ်ပင်ပန်းနွမ်းနယ်နေကြတယ် ။

ကျီပါးရဲ့ ရွှေလက်ချောင်းကြောင့် သူတို့စိတ်ထိခိုက်ရတဲ့အတွက် ကျိုးကျားယွီ အပြစ်ရှိသလိုနောင်တရမိတယ် ။ ဒါကြောင့် ဒီနေ့ သူတို့ကိုစားသောက်ပွဲ လုပ်ပေးလိုက်တယ်။

ရှန်ရိချောင်က မွှေးကြိုင်နေတဲ့ သိုးသားတုံးကြော်တွေကို စိတ်မသက်မသာနဲ့စားပြီး ချီးကျူးတယ် ။

" သိုးသား အသားများများ ထည့်ဖို့သူတို့ကိုမေးတာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ ။ မင်းကောင်းကောင်းချက်နိုင်မယ်ဆိုတာ ငါသိသားပဲ ။ "

သိုးသားရဲ့အပြင်ပိုင်းက ကျက်ပြီး အတွင်းထဲမှာ နူးညံ့နေတယ်။ အပူပေးထားပုံက မှန်ကန်တယ် ။ ကိုက်လိုက်တဲ့အချိန်မှာအသားရဲ့ ထူးကဲတဲ့အနှစ်တွေက ပါးစပ်ထဲမှာ ပြည့်လျှံလာတယ် ။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ စီစဉ်ထားပြီးနောက် သိုးသားရဲ့ မူပိုင်အနံ့မရှိဘဲ အမွှေးအကြိုင်ကဲမှုသာ ကျန်ရစ်တယ် ။

ကျိုးကျားယွီက စူးစမ်းချင်စိတ်ပြင်းပြင်းပြပြနဲ့ မေးလိုက်တယ်။

" ကျွန်တော်မလာခင်က ခင်ဗျားတို့ ခေါက်ဆွဲကို နေ့တိုင်း စားကြတာလား ။ "

ရှန်ရိချောင်ရဲ့ မျက်နှာက ကြည့်ရပြန်ဆိုးသွားပြီး

" ဟုတ်တယ် ။ ပြီးတော့ ထမင်းကြော်ရောပဲ ။ "
" အပြင်ကနေ မှာမစားဘူးလား ။ "

" မရဘူး ။ ငါတို့ကို ရှန်ရှန်းက အပြင်စာမှာစားတာ ရှောင်ခိုင်းထားတယ် ။ "

" ဪ... "

ချက်ပြုတ်လာရတဲ့အပေါ် ခါးသီးတဲ့မျက်နှာထားနဲ့ ဘာလို့ဒီလောက် မကျေမချမ်းနိုင်ဖြစ်ရလဲဆိုတာ နားလည်ပါတယ်။

ရှန်အာ့ပိုင်က ရှန်ရိချောင်လောက် မဖော်ရွှေဘူး ။ လင်းကျုရွှေနဲ့ ဒီနေ့မှာ ဖြစ်ပျက်ခဲ့တာတွေကြောင့် သူ့မျက်နှာကမှုန်မှိုင်းနေခဲ့တယ် ။ ခုလက်ရှိသူ့အခြေအနေနဲ့ မေးခွန်းမေးဖို့မသင့်လျော်ဘူးဆိုတာ ကျိုးကျားယွီသိပါတယ်။ ဒါပေမယ့် မထိန်းထားနိုင်တာမို့ သတိကြီးကြီးထားပြီး မေးလိုက်တယ် ။

" မစ္စတာ လင်း ပြောသွားတဲ့ နောက်လရဲ့ပွဲတော်ဆိုတာက ဘာများလဲ ။ "

ရှန်ရိချောင်က သိုးသားကြော်စားနေရင်း မပီမသ ပြောလာတယ် ။

" ဖုန်းရွှေအဖွဲ့အစည်းရဲ့ ကြီးမားတဲ့ပွဲပဲ ။ "

" အရေးကြီးတဲ့ ပွဲပေါ့ ။ "

ရှန်ရိချောင်က မျက်ခုံးတွန့်ချိုးသွားကာ တုန့်ဆိုင်းသွားပုံက ကျိုးကျားယွီကို အဲ့ဒီအကြောင်းတွေ ရှင်းပြချင်ပုံမရဘူး ။ ရှန်အာ့ပိုင်ကလည်း သဘောထားတူညီစွာ သရော်လာတယ်။

" ဒါက ဖုန်းရွှေပြိုင်ပွဲလေ ၊ ဒီအကြောင်းကို မင်းဘာလို့လာမေးနေတာလဲ ။ ပြန်သွားပြီး အမျိုးသမီးတချို့ကို လှည့်စားဖို့ ပြိုင်ပွဲဝင်ပြိုင်ဖို့ စီစဉ်နေတယ်လို့တော့ငါ့ကို မပြောနဲ့နော်။ "

ကျိုးကျားယွီအကူအညီမဲ့သလို ခံစားလိုက်ရတယ် ။ အချိန်တိုအတွင်းနဲ့ သူ့ရဲ့ လူလိမ်ပုံရိပ်ကို အရေခွံချွတ်သလိုလုပ်လို့မရတဲ့ ပုံပဲ ။ ဒါပေမယ့် ဒါက ဖုန်းရွှေပြိုင်ပွဲတစ်ခုပဲ မဟုတ်လား။ အင်မတန် အထင်ကြီးစရာကောင်းသလိုတောင် ထင်ရတယ် ။

ရှန်ရိချောင်က အရိုးကိုအပြင်ဘက်ယူထုတ်လိုက်ကာ လက်ကအနှစ်တွေကို စုပ်ယူပြီး သက်ပြင်းချလိုက်သည် ။

" မင်းနဲ့မဆိုင်တာတွေ မပြောသင့်ဘူး ။ များများသိတိုင်း ‌ကောင်းတာမဟုတ်ဘူး ။ "

ကျိုးကျားယွီအတွက်တော့ ခေါင်းညိတ်ပြီး ပြောတာကိုလက်ခံတာပဲ လုပ်နိုင်တယ် ။

ကျိုးကျားယွီက တူညီတဲ့ကမ္ဘာမှာ မွေးဖွားခဲ့ပေမယ့်လည်း သူနေထိုင်ခဲ့တဲ့ ကမ္ဘာနဲ့ သူပြန်ရှင်သန်လာတဲ့ ကမ္ဘာက ရှင်းရှင်းပြောရရင် ကွာခြားတဲ့ dimensions (နေရာ) နှစ်ခုပဲ ။ သူက ရှန်ရိချောင်နဲ့ ရှန်အာ့ပိုင်ရဲ့ စကားကို တစ်ဝက်ပဲ နားလည်တယ်။ ကျိုးကျားယွီက လူသစ်တစ်ယောက်ဖြစ်တဲ့အတွက် ဖုန်းရွှေအပေါ် သူ့ထင်မြင်ပုံက စိမ်းသက်ပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတာ ပုံမှန်ပါပဲ ။

နောက်နေ့ရက်တွေမှာလဲ ရှန်ရိချောင်နဲ့ ရှန်အာ့ပိုင်က လင်းကျုရွှေနဲ့အမှတ်မထင်ဖြစ်ပျက်ခဲ့တာတွေကြောင့် စိတ်ခံစားချက်ကောင်းလာမယ့်ပုံမပေါ်ဘူး ။ ကျိုးကျားယွီတောင်မှ ရှန်ရိချောင် ရိုးရှင်းတဲ့ သံလိုက်အိမ်မြှောင်ကို သွားလေရာ ယူဆောင်ပြီးဧည့်ခန်းထဲမှာ တစ်ယောက်တည်း အကြိမ်ကြိမ် ရေရွတ်နေတာ သတိထားမိတယ် ။ ကျိုးကျားယွီသာ ပြန်ရှင်သန်လာတာမဟုတ်ရင် ရှန်ရိချောင်က လွတ် နေတယ်လို့ ထင်နိုင်တယ် ။ ဒီလိုပတ်ဝန်းကျင်ဖိအားက ၄၊၅ ရက်လောက် ဆက်ဖြစ်နေတယ် ။ နေ့ခင်း နေရောင်တောက်ချိန်မှာ လင်းကျုရွှေထပ်ပေါ်လာတယ် ။

ဒီနေ့က အရမ်းပူပေမယ့် သူ့ခန္ဓာကိုယ်မှာ ချွေးတစ်စက်တောင် မထွက်ဘူး ။ သူ့ရဲ့မျက်လုံးတွေမှိတ်ထားပြီး တိတ်ဆိတ်နေပုံက အလွန်အေးစက်တဲ့ ကျောက်ဆစ်ရုပ်တစ်ရုပ်နဲ့ တူလွန်းတယ် ။

ရှနိရိချောင်နဲ့ရှန်အာ့ပိုင်က ဆိုဖာပေါ်မှာ တန်းစီပြီး သေသေသပ်သပ်‌ထိုင်နေကြတယ်။ သူတို့ဆရာကို ‌တွေ့လိုက်ရတဲ့ မူကြိုကျောင်းသားတွေအတိုင်းပဲ ။ ကျိုးကျားယွီ လှေကားပေါ်က ဆင်းလာပြီး ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန် ဝေးဝေးမှာနေဖို့ရည်ရွယ်ပြီး ခိုးကြောင်ခိုးဝှက်လှည့်ထွက်လိုက်တယ် ။

ဘယ်သူသိမှာလဲ ခြေတစ်လှမ်းမလှမ်းနိုင်ခင်မှာ ခပ်ပြတ်ပြတ် အသံက သူ့နားဆီရောက်လာတယ် ။

" ဒီကို လာခဲ့ ။ "

ကျိုးကျားယွီရဲ့ တစ်ကိုယ်လုံး အေးခဲသွားပြီး ဖြေးညှင်းစွာလှည့်လိုက်ကာ သူ့ကိုယ်သူညွှန်ပြပြီး ထိတ်လန့်နေဟန်ဖြင့်-

" ကျွန်တော်လား.... "

လင်းကျုရွှေက အမူအရာမဲ့တဲ့မျက်နှာနဲ့ ခေါင်းညိတ်ပြတယ် ။

ကျိုးကျားယွီရဲ့ ခန္ဓာကိုယ်တောင့်တင်းသွားပြီး ခက်ခက်ခဲခဲပြန်လှည့်ကာ လှေကားပေါ်က ဆင်းလာပုံက အကြောသေနေလို့ လမ်းမလျှောက်နိုင်တဲ့ ရောဂါသည် တစ်ယောက်အတိုင်းပဲ။ အဲ့ဒါထက် လှေကားထစ်အောက်ဆုံးကိုရောက်တဲ့အချိန်မှာ သူ့ကိုယ်သူ ခလုတ်တိုက်မိပြီး ခြေလှမ်းကျော်သွားတယ်။

ရှန်ရိချောင်က ခေါင်းငုတ်လိုက်ပြီး ပါးစပ်ပေါ်လက်အုပ်ကာ ခိုးရယ်တယ်။ သံသယ ဖြစ်စရာမရှိဘူး၊ လင်းကျုရွှေသာ ဒီမှာမရှိရင် သူအကျယ်ကြီး အော်ရယ်နေနိုင်တယ် ။

ကျိုးကျားယွီက လင်းကျုရွှေ‌ဆီကို စိတ်မချမ်းမမြေ့နဲ့ လျှောက်သွားပြီး ညင်သာစွာ လှမ်းခေါ်လိုက်တယ် ။

" Mr.Lin ... "

လင်းကျုရွှေရဲ့ အမူအယာက မပြောင်းလဲပါဘူး ။ သူ့ရဲ့နှုတ်ခမ်းက အနည်းငယ် ပွင့်ဟလာပြီး လူတိုင်း အံ့အားသင့်မယ့် စကားကို ပြောလာတယ်။

" နောက်လပွဲကို မင်းသွားရလိမ့်မယ်။ "

ရှန်ရိချောင်နဲ့ ရှန်အာ့ပိုင်တို့ နှစ်ယောက်လုံး မိုးကြိုးပစ်ခံလိုက်ရသလိုပဲ။

ကျိုးကျားယွီရဲ့ နဂိုလုံးဝန်းတဲ့မက်မွန်ပွင့်သဏ္ဍန် မျက်ဝန်းများက ကျယ်လာပြီး မယုံနိုင်စွာနဲ့ပဲ -

":ကျွန်တော်လား! "

လင်းကျုရွှေ : " အင်း "

မျက်စိတစ်မှိတ်အတွင်းမှာပဲ မျက်ဝန်းနှစ်စုံက မဆုတ်မနစ် စိုက်ကြည့်နေကြတယ် ။ တကယ်လို့ ဒီနေ့ကရှန်ရိချောင်နဲ့ ရှန်အာ့ပိုင်ရဲ့ နောက်ဆုံးအချိန်ဖြစ်ခဲ့ရင် သူ့ကိုခွဲထုတ်ပြီး ရိုက်နှက်ပစ်ချင်တယ်။  နှစ်ယောက်စလုံးက တူညီစွာ တွေးနေကြတယ် ။

ကျိုးကျားယွီ ငိုချင်လာပြီး အသည်းအသန်ပြောလိုက်တယ် ။

" ဒါ ဒါပေမယ့် ကျွန်တော်မသိဘူးလေ ၊ ကျွန်တော် ဘာမှမသိဘူး .... "

ကျိုးကျားယွီက ပြတ်သားစွာပဲ -

" မင်းသိထားစရာ မလိုဘူး ။ "

ဖုန်းရွှေဆိုတာ ပါရမီပြည့်ဝရုံနဲ့ ဆယ်စုနှစ်များစွာလေ့ကျင့်လာတဲ့ ဝါရင့်ဆရာသမားတွေကို မယှဉ်ပြိုင်နိုင်တဲ့ နေရာဖြစ်တယ် ။

လောကမှာ ဘယ်အရာမှ တရားမျှတမှုမရှိဘူး။ အဲ့ဒီအရာက ဖုန်းရွှေမှာ အထူးထင်ရှားပေါ်လွင်တယ် ။

ကျိုးကျားယွီက ကန့်ကွက်ချင်ပေမယ့် လင်းကျုရွှေရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အချိန် ပါးစပ်က စကားလုံးတွေထွက်ဖို့တောင် အားမရှိတော့ဘူး ။

" ရိချောင် ၊ မနက်ဖြန် သူ့ကို ငါ့အိမ်ခေါ်လာခဲ့ ။ "

ရှန်ရိချောင်လည်းပဲ ကျွဲတစ်ကောင်က အနီရောင်ပစ်မှတ်ကို တွေ့နေရသလိုမျိုး နှာမှုတ်ကာ ဒေါသတွေထွက်နေတယ် ။ သူလင်းကျုရွှေရဲ့ အမိနိ့ကိုကြားပြီးတာနဲ့ ကန့်ကွက်တဲ့အကြောင်းမပြောရဲတာမို့ ဟုတ်ကဲ့ လို့သာ ကျိုးကျိုးနွံနွံ တုန့်ပြန်နိုင်တယ် ။

လင်းကျုရွှေ လှည့်ထွက်သွားကအခါ တိတ်ဆိတ်နေတဲ့ အိမ်တစ်လုံး ကျန်ခဲ့ပါတယ် ။

🍀24/02/2023🍀

တကယ္ေတာ့ ဒီခႏၶာကိုယ္ကို သူ‌ကူးေျပာင္းၿပီးေနာက္ ေပ်ာက္ဆုံးမႈအနည္းငယ္ ရွိတယ္ ။ ယေန႕အခ်ိန္ထိ ဒီကမာၻက သူေသဆုံးခဲ့တဲ့ေနရာနဲ႕ တူညီလားဆိုတာေတာ့ အတည္မျပဳနိုင္ေပ ။ သူရင္းႏွီးတဲ့ ရန္ဇစ္႐ုံးရဲ႕နံမည္ကို လင္းက်ဴေ႐ႊဆီက ၾကားလိုက္တဲ့အခ်ိန္မွသာ အမွန္တကယ္ အသက္ျပန္ရွင္လာတာမွန္း သေဘာေပါက္ လက္ခံနိုင္ခဲ့တယ္ ။ က်ိဳးက်ားယြီ အေတြးမ်ားစြာနဲ႕ ဆိုဖာေပၚမွာ ထိုင္ေနမိတယ္ ။

သူ႕‌ေခါင္းအတြင္းက က်ီပါးကေျပာတယ္ ။

" မင္းဘာေတြ ေတြးေနတာလဲ ။ "

" ငါ့ရဲ႕ ခႏၶာကိုယ္အစစ္က ေသသြားၿပီလား သိခ်င္လို႔ပါ ။ "

" ေသသြားၿပီေလ ၊ အဲ့ဒါအမွန္ပဲ ။ မဟုတ္ရင္ မင္းဝိညာဥ္ ကို ငါဘယ္လိုလုပ္ ေခၚနိုင္မွာလဲ။ "

က်ိဳးက်ားယြီက ခါးခါးသီးသီးရယ္ပစ္လိုက္ၿပီး သက္ျပင္းခ်ကာ -

" အမွန္ပဲကို...... "

ကံေကာင္းလို႔ ၊ နဂိုတည္းက သူ႕ေဘးမွာ လူနည္းနည္းပဲ ရွိလို႔သာေပါ့ ။ သူ႕မိဘေတြက သူငယ္ငယ္တည္းက ဆုံးပါးသြားခဲ့ၿပီး အဲ့ကတည္းက ၫႊန္ၾကားေရးမႉးနဲ႕အတူ မိဘမဲ့ေဂဟာမွာ ႀကီးျပင္းလာခဲ့တာ ။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ကပဲ ၫႊန္ၾကားေရးမႈးက ေနမေကာင္းျဖစ္ၿပီး ကြယ္လြန္သြားတယ္ ။ က်န္ရွိေနတဲ့တြယ္တာမႈတစ္ခုပါ ျပတ္ေတာက္သြားၿပီပဲ လို႔ ေတြးၿပီးယူဆလိုက္တယ္ ။ သူ လုံးလုံး တစ္ေယာက္တည္းျဖစ္သြားတယ္ ။ အဆိုးဆုံး အပိုင္းက သူကား accident မွာ ေသဆုံးသြားေတာ့ ဈာပနပြဲကို ကူညီစီစဥ္ေပးဖို႔ သူေတာင္မသိတဲ့ တစ္စုံတစ္ေယာက္ကို အလုပ္ပိုေစခဲ့ေသးတယ္ ။

" ႀကိဳးစားပါ။ လင္းက်ဳေ႐ႊ အသက္အႏၲရာယ္ ကင္းတာနဲ႕ မင္းလုပ္ခ်င္တာလုပ္ဖို႔ ဘယ္သူမွမတားေတာ့ဘူး ။ "

က်ိဳးက်ားယြီက သူဒါပဲလုပ္နိုင္ပုံရတယ္လို႔ ေတြးမိတယ္ ။

ဘာေၾကာင့္ဆို ဒီေန႕အတြင္းမွာပဲ ရွန္ရိေခ်ာင္နဲ႕ရွန္အာ့ပိုင္တို႔က တုန္လႈပ္မႈ ျပင္းျပင္းထန္ထန္ခံစားလိုက္ရတာေၾကာင့္ ႏွစ္ေယာက္လုံး စိတ္ပင္ပန္းႏြမ္းနယ္ေနၾကတယ္ ။

က်ီပါးရဲ႕ ေ႐ႊလက္ေခ်ာင္းေၾကာင့္ သူတို႔စိတ္ထိခိုက္ရတဲ့အတြက္ က်ိဳးက်ားယြီ အျပစ္ရွိသလိုေနာင္တရမိတယ္ ။ ဒါေၾကာင့္ ဒီေန႕ သူတို႔ကိုစားေသာက္ပြဲ လုပ္ေပးလိုက္တယ္။

ရွန္ရိေခ်ာင္က ေမႊးႀကိဳင္ေနတဲ့ သိုးသားတုံးေၾကာ္ေတြကို စိတ္မသက္မသာနဲ႕စားၿပီး ခ်ီးက်ဴးတယ္ ။

" သိုးသား အသားမ်ားမ်ား ထည့္ဖို႔သူတို႔ကိုေမးတာ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈပဲ ။ မင္းေကာင္းေကာင္းခ်က္နိုင္မယ္ဆိုတာ ငါသိသားပဲ ။ "

သိုးသားရဲ႕အျပင္ပိုင္းက က်က္ၿပီး အတြင္းထဲမွာ ႏူးညံ့ေနတယ္။ အပူေပးထားပုံက မွန္ကန္တယ္ ။ ကိုက္လိုက္တဲ့အခ်ိန္မွာအသားရဲ႕ ထူးကဲတဲ့အႏွစ္ေတြက ပါးစပ္ထဲမွာ ျပည့္လွ်ံလာတယ္ ။ ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႕ စီစဥ္ထားၿပီးေနာက္ သိုးသားရဲ႕ မူပိုင္အနံ႕မရွိဘဲ အေမႊးအႀကိဳင္ကဲမႈသာ က်န္ရစ္တယ္ ။

က်ိဳးက်ားယြီက စူးစမ္းခ်င္စိတ္ျပင္းျပင္းျပျပနဲ႕ ေမးလိုက္တယ္။

" ကြၽန္ေတာ္မလာခင္က ခင္ဗ်ားတို႔ ေခါက္ဆြဲကို ေန႕တိုင္း စားၾကတာလား ။ "

ရွန္ရိေခ်ာင္ရဲ႕ မ်က္ႏွာက ၾကည့္ရျပန္ဆိုးသြားၿပီး

" ဟုတ္တယ္ ။ ၿပီးေတာ့ ထမင္းေၾကာ္ေရာပဲ ။ "
" အျပင္ကေန မွာမစားဘူးလား ။ "

" မရဘူး ။ ငါတို႔ကို ရွန္ရွန္းက အျပင္စာမွာစားတာ ေရွာင္ခိုင္းထားတယ္ ။ "

" ဪ... "

ခ်က္ျပဳတ္လာရတဲ့အေပၚ ခါးသီးတဲ့မ်က္ႏွာထားနဲ႕ ဘာလို႔ဒီေလာက္ မေက်မခ်မ္းနိုင္ျဖစ္ရလဲဆိုတာ နားလည္ပါတယ္။

ရွန္အာ့ပိုင္က ရွန္ရိေခ်ာင္ေလာက္ မေဖာ္ေ႐ႊဘူး ။ လင္းက်ဳေ႐ႊနဲ႕ ဒီေန႕မွာ ျဖစ္ပ်က္ခဲ့တာေတြေၾကာင့္ သူ႕မ်က္ႏွာကမႈန္မွိုင္းေနခဲ့တယ္ ။ ခုလက္ရွိသူ႕အေျခအေနနဲ႕ ေမးခြန္းေမးဖို႔မသင့္ေလ်ာ္ဘူးဆိုတာ က်ိဳးက်ားယြီသိပါတယ္။ ဒါေပမယ့္ မထိန္းထားနိုင္တာမို႔ သတိႀကီးႀကီးထားၿပီး ေမးလိုက္တယ္ ။

" မစၥတာ လင္း ေျပာသြားတဲ့ ေနာက္လရဲ႕ပြဲေတာ္ဆိုတာက ဘာမ်ားလဲ ။ "

ရွန္ရိေခ်ာင္က သိုးသားေၾကာ္စားေနရင္း မပီမသ ေျပာလာတယ္ ။

" ဖုန္းေ႐ႊအဖြဲ႕အစည္းရဲ႕ ႀကီးမားတဲ့ပြဲပဲ ။ "

" အေရးႀကီးတဲ့ ပြဲေပါ့ ။ "

ရွန္ရိေခ်ာင္က မ်က္ခုံးတြန႔္ခ်ိဳးသြားကာ တုန႔္ဆိုင္းသြားပုံက က်ိဳးက်ားယြီကို အဲ့ဒီအေၾကာင္းေတြ ရွင္းျပခ်င္ပုံမရဘူး ။ ရွန္အာ့ပိုင္ကလည္း သေဘာထားတူညီစြာ သေရာ္လာတယ္။

" ဒါက ဖုန္းေ႐ႊၿပိဳင္ပြဲေလ ၊ ဒီအေၾကာင္းကို မင္းဘာလို႔လာေမးေနတာလဲ ။ ျပန္သြားၿပီး အမ်ိဳးသမီးတခ်ိဳ႕ကို လွည့္စားဖို႔ ၿပိဳင္ပြဲဝင္ၿပိဳင္ဖို႔ စီစဥ္ေနတယ္လို႔ေတာ့ငါ့ကို မေျပာနဲ႕ေနာ္။ "

က်ိဳးက်ားယြီအကူအညီမဲ့သလို ခံစားလိုက္ရတယ္ ။ အခ်ိန္တိုအတြင္းနဲ႕ သူ႕ရဲ႕ လူလိမ္ပုံရိပ္ကို အေရခြံခြၽတ္သလိုလုပ္လို႔မရတဲ့ ပုံပဲ ။ ဒါေပမယ့္ ဒါက ဖုန္းေ႐ႊၿပိဳင္ပြဲတစ္ခုပဲ မဟုတ္လား။ အင္မတန္ အထင္ႀကီးစရာေကာင္းသလိုေတာင္ ထင္ရတယ္ ။

ရွန္ရိေခ်ာင္က အရိုးကိုအျပင္ဘက္ယူထုတ္လိုက္ကာ လက္ကအႏွစ္ေတြကို စုပ္ယူၿပီး သက္ျပင္းခ်လိဳက္သည္ ။

" မင္းနဲ႕မဆိုင္တာေတြ မေျပာသင့္ဘူး ။ မ်ားမ်ားသိတိုင္း ‌ေကာင္းတာမဟုတ္ဘူး ။ "

က်ိဳးက်ားယြီအတြက္ေတာ့ ေခါင္းညိတ္ၿပီး ေျပာတာကိုလက္ခံတာပဲ လုပ္နိုင္တယ္ ။

က်ိဳးက်ားယြီက တူညီတဲ့ကမာၻမွာ ေမြးဖြားခဲ့ေပမယ့္လည္း သူေနထိုင္ခဲ့တဲ့ ကမာၻနဲ႕ သူျပန္ရွင္သန္လာတဲ့ ကမာၻက ရွင္းရွင္းေျပာရရင္ ကြာျခားတဲ့ dimensions (ေနရာ) ႏွစ္ခုပဲ ။ သူက ရွန္ရိေခ်ာင္နဲ႕ ရွန္အာ့ပိုင္ရဲ႕ စကားကို တစ္ဝက္ပဲ နားလည္တယ္။ က်ိဳးက်ားယြီက လူသစ္တစ္ေယာက္ျဖစ္တဲ့အတြက္ ဖုန္းေ႐ႊအေပၚ သူ႕ထင္ျမင္ပုံက စိမ္းသက္ၿပီး လွ်ို႔ဝွက္ခ်က္ေတြနဲ႕ ျပည့္ႏွက္ေနတာ ပုံမွန္ပါပဲ ။

ေနာက္ေန႕ရက္ေတြမွာလဲ ရွန္ရိေခ်ာင္နဲ႕ ရွန္အာ့ပိုင္က လင္းက်ဳေ႐ႊနဲ႕အမွတ္မထင္ျဖစ္ပ်က္ခဲ့တာေတြေၾကာင့္ စိတ္ခံစားခ်က္ေကာင္းလာမယ့္ပုံမေပၚဘူး ။ က်ိဳးက်ားယြီေတာင္မွ ရွန္ရိေခ်ာင္ ရိုးရွင္းတဲ့ သံလိုက္အိမ္ျမႇောင္ကို သြားေလရာ ယူေဆာင္ၿပီးဧည့္ခန္းထဲမွာ တစ္ေယာက္တည္း အႀကိမ္ႀကိမ္ ေရ႐ြတ္ေနတာ သတိထားမိတယ္ ။ က်ိဳးက်ားယြီသာ ျပန္ရွင္သန္လာတာမဟုတ္ရင္ ရွန္ရိေခ်ာင္က လြတ္ ေနတယ္လို႔ ထင္နိုင္တယ္ ။ ဒီလိုပတ္ဝန္းက်င္ဖိအားက ၄၊၅ ရက္ေလာက္ ဆက္ျဖစ္ေနတယ္ ။ ေန႕ခင္း ေနေရာင္ေတာက္ခ်ိန္မွာ လင္းက်ဳေ႐ႊထပ္ေပၚလာတယ္ ။

ဒီေန႕က အရမ္းပူေပမယ့္ သူ႕ခႏၶာကိုယ္မွာ ေခြၽးတစ္စက္ေတာင္ မထြက္ဘူး ။ သူ႕ရဲ႕မ်က္လုံးေတြမွိတ္ထားၿပီး တိတ္ဆိတ္ေနပုံက အလြန္ေအးစက္တဲ့ ေက်ာက္ဆစ္႐ုပ္တစ္႐ုပ္နဲ႕ တူလြန္းတယ္ ။

ရွနိရိေခ်ာင္နဲ႕ရွန္အာ့ပိုင္က ဆိုဖာေပၚမွာ တန္းစီၿပီး ေသေသသပ္သပ္‌ထိုင္ေနၾကတယ္။ သူတို႔ဆရာကို ‌ေတြ႕လိုက္ရတဲ့ မူႀကိဳေက်ာင္းသားေတြအတိုင္းပဲ ။ က်ိဳးက်ားယြီ ေလွကားေပၚက ဆင္းလာၿပီး ဒီျမင္ကြင္းကို ျမင္လိုက္ရတဲ့အခ်ိန္ ေဝးေဝးမွာေနဖို႔ရည္႐ြယ္ၿပီး ခိုးေၾကာင္ခိုးဝွက္လွည့္ထြက္လိုက္တယ္ ။

ဘယ္သူသိမွာလဲ ေျခတစ္လွမ္းမလွမ္းနိုင္ခင္မွာ ခပ္ျပတ္ျပတ္ အသံက သူ႕နားဆီေရာက္လာတယ္ ။

" ဒီကို လာခဲ့ ။ "

က်ိဳးက်ားယြီရဲ႕ တစ္ကိုယ္လုံး ေအးခဲသြားၿပီး ေျဖးညွင္းစြာလွည့္လိုက္ကာ သူ႕ကိုယ္သူၫႊန္ျပၿပီး ထိတ္လန႔္ေနဟန္ျဖင့္-

" ကြၽန္ေတာ္လား.... "

လင္းက်ဳေ႐ႊက အမူအရာမဲ့တဲ့မ်က္ႏွာနဲ႕ ေခါင္းညိတ္ျပတယ္ ။

က်ိဳးက်ားယြီရဲ႕ ခႏၶာကိုယ္ေတာင့္တင္းသြားၿပီး ခက္ခက္ခဲခဲျပန္လွည့္ကာ ေလွကားေပၚက ဆင္းလာပုံက အေၾကာေသေနလို႔ လမ္းမေလွ်ာက္နိုင္တဲ့ ေရာဂါသည္ တစ္ေယာက္အတိုင္းပဲ။ အဲ့ဒါထက္ ေလွကားထစ္ေအာက္ဆုံးကိုေရာက္တဲ့အခ်ိန္မွာ သူ႕ကိုယ္သူ ခလုတ္တိုက္မိၿပီး ေျခလွမ္းေက်ာ္သြားတယ္။

ရွန္ရိေခ်ာင္က ေခါင္းငုတ္လိုက္ၿပီး ပါးစပ္ေပၚလက္အုပ္ကာ ခိုးရယ္တယ္။ သံသယ ျဖစ္စရာမရွိဘူး၊ လင္းက်ဳေ႐ႊသာ ဒီမွာမရွိရင္ သူအက်ယ္ႀကီး ေအာ္ရယ္ေနနိုင္တယ္ ။

က်ိဳးက်ားယြီက လင္းက်ဳေ႐ႊ‌ဆီကို စိတ္မခ်မ္းမေျမ့နဲ႕ ေလွ်ာက္သြားၿပီး ညင္သာစြာ လွမ္းေခၚလိုက္တယ္ ။

" Mr.Lin ... "

လင္းက်ဳေ႐ႊရဲ႕ အမူအယာက မေျပာင္းလဲပါဘူး ။ သူ႕ရဲ႕ႏႈတ္ခမ္းက အနည္းငယ္ ပြင့္ဟလာၿပီး လူတိုင္း အံ့အားသင့္မယ့္ စကားကို ေျပာလာတယ္။

" ေနာက္လပြဲကို မင္းသြားရလိမ့္မယ္။ "

ရွန္ရိေခ်ာင္နဲ႕ ရွန္အာ့ပိုင္တို႔ ႏွစ္ေယာက္လုံး မိုးႀကိဳးပစ္ခံလိုက္ရသလိုပဲ။

က်ိဳးက်ားယြီရဲ႕ နဂိုလုံးဝန္းတဲ့မက္မြန္ပြင့္သ႑န္ မ်က္ဝန္းမ်ားက က်ယ္လာၿပီး မယုံနိုင္စြာနဲ႕ပဲ -

":ကြၽန္ေတာ္လား! "

လင္းက်ဳေ႐ႊ : " အင္း "

မ်က္စိတစ္မွိတ္အတြင္းမွာပဲ မ်က္ဝန္းႏွစ္စုံက မဆုတ္မနစ္ စိုက္ၾကည့္ေနၾကတယ္ ။ တကယ္လို႔ ဒီေန႕ကရွန္ရိေခ်ာင္နဲ႕ ရွန္အာ့ပိုင္ရဲ႕ ေနာက္ဆုံးအခ်ိန္ျဖစ္ခဲ့ရင္ သူ႕ကိုခြဲထုတ္ၿပီး ရိုက္ႏွက္ပစ္ခ်င္တယ္။  ႏွစ္ေယာက္စလုံးက တူညီစြာ ေတြးေနၾကတယ္ ။

က်ိဳးက်ားယြီ ငိုခ်င္လာၿပီး အသည္းအသန္ေျပာလိုက္တယ္ ။

" ဒါ ဒါေပမယ့္ ကြၽန္ေတာ္မသိဘူးေလ ၊ ကြၽန္ေတာ္ ဘာမွမသိဘူး .... "

က်ိဳးက်ားယြီက ျပတ္သားစြာပဲ -

" မင္းသိထားစရာ မလိုဘူး ။ "

ဖုန္းေ႐ႊဆိုတာ ပါရမီျပည့္ဝ႐ုံနဲ႕ ဆယ္စုႏွစ္မ်ားစြာေလ့က်င့္လာတဲ့ ဝါရင့္ဆရာသမားေတြကို မယွဥ္ၿပိဳင္နိုင္တဲ့ ေနရာျဖစ္တယ္ ။

ေလာကမွာ ဘယ္အရာမွ တရားမွ်တမႈမရွိဘူး။ အဲ့ဒီအရာက ဖုန္းေ႐ႊမွာ အထူးထင္ရွားေပၚလြင္တယ္ ။

က်ိဳးက်ားယြီက ကန႔္ကြက္ခ်င္ေပမယ့္ လင္းက်ဳေ႐ႊရဲ႕ မ်က္ႏွာကို ျမင္လိုက္ရတဲ့အခ်ိန္ ပါးစပ္က စကားလုံးေတြထြက္ဖို႔ေတာင္ အားမရွိေတာ့ဘူး ။

" ရိေခ်ာင္ ၊ မနက္ျဖန္ သူ႕ကို ငါ့အိမ္ေခၚလာခဲ့ ။ "

ရွန္ရိေခ်ာင္လည္းပဲ ကြၽဲတစ္ေကာင္က အနီေရာင္ပစ္မွတ္ကို ေတြ႕ေနရသလိုမ်ိဳး ႏွာမႈတ္ကာ ေဒါသေတြထြက္ေနတယ္ ။ သူလင္းက်ဳေ႐ႊရဲ႕ အမိနိ႕ကိုၾကားၿပီးတာနဲ႕ ကန႔္ကြက္တဲ့အေၾကာင္းမေျပာရဲတာမို႔ ဟုတ္ကဲ့ လို႔သာ က်ိဳးက်ိဳးႏြံႏြံ တုန႔္ျပန္နိုင္တယ္ ။

လင္းက်ဳေ႐ႊ လွည့္ထြက္သြားကအခါ တိတ္ဆိတ္ေနတဲ့ အိမ္တစ္လုံး က်န္ခဲ့ပါတယ္ ။

🍀24/02/2023🍀

Continue Reading

You'll Also Like

40.1K 4.6K 15
တို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ
3.5K 114 14
မြူဇ္ဇူမောင်+လရိပ်ရောင်
266K 35K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
2.9K 121 14
ရိုင်းစိုင်းကြမ်းတမ်းသော အသုံးအနှုန်းတွေအများကြီးပါတာမို့ သေချာစဥ်းစားပြီးမှ ဖတ်ပေးပါ⚠