February 18.....။
" Happy birthday ဟိုဆော့
နမ်ဂျွန်းနဲ့ ပိုပိုချစ်နိုင်ပါစေ"
" မွေးနေ့မှာ ပျော်ရွှင်ပါစေ
ကိုယ့်ဂဏန်းသေးသေးလေးရေ"
မွေးနေ့ဆုတောင်းတွေကြား မွေးနေ့ရှင်လေးသည်ဘယ်လိုနေရမှန်းတောင်မသိ။ အညိုရောင်ကိတ်မုန့်လေးကို ကိုင်ကာ အပြုံးတွေသည် တဆုံးလှပကာနမ်ဂျွန်းရဲ့အကြည့်တွေသည် မွေးနေ့ရှင်အပေါ်အဆုံးမဲ့....။
"ကျွန်တော် မွေးနေ့ကို မေ့နေခဲ့တာ.....နမ်ဂျွန်းနဲ့ဆရာ၀န်ကြီးကြောင့်သာ မဟုတ်ရင် မွေးနေ့ကိုဘာမှန်းမသိ ကျော်သွားလိုက်ရမှာဗျ။
ကျေးဇူးပါပဲနော် နှစ်ယောက်လုံး"
"ဟိုဆော့ရဲ့ ရည်းစားကိုသာ ကျေးဇူးတင်ရမှာပါဗျာ။သူက မနက်အစောကြီး ကျွန်တော့်ကိုလာနိူးပြီးမြို့ပေါ်ခေါ်သွားတာလေ။ အိပ်ချင်မူးတူးနဲ့လိုက်သွားတာပဲရှိတယ် ကိတ်မုန့်ဆိုင်ရောက်မှ ဟိုဆော့မွေးနေ့
မှန်း ကျွန်တော်လည်းသိတာ..."
မွေးနေ့ရှင်လေးသည် မျက်နှာအောက်ချကာနူတ်ခမ်းတွေဖိကိုက်နေသူထံကြည့်တော့ ပါးချိုင့်တွေပေါ်အောင်ပြန်လည်ပြုံးပြလာသည်။ကိတ်မုန့်လေးကိုစားပွဲပေါ်ပြန်ချကာ နမ်ဂျွန်းထံ ဖြည်းဖြည်းချင်းလျှောက်သွားတော့ နမ်ဂျွန်းကမော်ကြည့်လာ၏။
"ကျေးဇူးပဲနော် ဂျွန်း
ငါမင်းကို ကျေးဇူးအများကြီးတင်တယ်"
"မလိုပါဘူး ကိုယ့်အတွက်။
ကိုယ့်အတွက် အရေးကြီးဆုံးက မင်းပဲလေ
ဟိုဆော့ရဲ့....ငါကမင်းနဲ့ပတ်သက်လာရင်
မှတ်ညဏ်ကောင်းပြီးသားပါ"
ဘ၀တစ်လျှောက်လုံး ငွေရှာဖို့နဲ့ ကင်နမ်ဂျွန်းကိုချစ်ဖို့ကလွဲပြီး အမှတ်သည်းခြေတွေ မကောင်းခဲ့တော့ အဲ့လိုပဲ။ အမှတ်တရနေ့တွေရောက်တိုင်းမေ့တတ်တဲ့ ဦးနှောက်လေးကို ကင်နမ်ဂျွန်းကပြန်ပြန်ဆွဲခေါ်ပေးရတယ်။
"အကြည်စိုက်တာလေးတွေ break မယ်
ကိတ်မုန့်ခွဲရအောင် ကျွန်တော် ဆာနေပြီ"
"ဟင်"
"ဗိုက်ဆာနေပြီပြောတာပါ ဟဲဟဲ"
သုံးယောက်သား ကိတ်မုန့်ကို ပတ်ပတ်လည်ဝိုင်းပြီးတဲ့နောက် ဆရာ၀န်ကြီးကဖယောင်းတိုင်လေးတွေစိုက်ပေးသည်။
နမ်ဂျွန်းက ကိတ်ခွဲဖို့ဓားကိုအသင့်
ကိုင်ထားပေးသည်။ ခဏကြာတော့ အဆောင်မီးကိုပိတ်လိုက်ကာ မွေးနေ့ရှင်ကို စတင်ဂုဏ်ပြုလေတော့သည်။
" Happy birthday to you.
Happy birthday to you.
Happy birthday dear hoseok.
Happy birthday to you...."
"မွေးနေ့မှာပျော်ရွှင်ပါစေ ဟိုဆော့ရေ!"
"ဝိုးးး မွေးနေ့ပွဲအတွက်ဂုဏ်ပြုပါတယ်
ကိုယ့်ဂဏန်းသေးသေးလေးရေ!!"
ဆုတောင်းတွေကြား လက်နှစ်ဖက်ကို ပူးကပ်ကာဆုတောင်းလိုက်သည်။ ဆုတောင်းနေသည့်အချိန်လူပ်ရွနေသည့်နူတ်ခမ်းပါးလေးတွေကိုကြည့်ပြီးနမ်ဂျွန်းသည် လောကကြီးကိုခပ်မေ့မေ့။
ဆရာ၀န်ကြီး တံတောင်နဲ့တွက်မှ သတိပြန်ကပ်ကာအရှက်ပြေဂုတ်ကိုပွတ်ရတော့သည်။
"ကိတ်ခွဲမယ်နော်...."
"မြန်မြန်ခွဲ ကျွန်တော် ဆာလှပြီ"
ဆရာ၀န်ကြီးစကားကြောင့် ဟိုဆော့လည်းခပ်မြန်မြန်လေးခွဲလိုက်သည်။ တစ်ပန်းကန်စီထည့်ပေးပြီးတဲ့နောက် ဇွန်းလေးနဲ့ဖဲ့ကာ နမ်ဂျွန်းတစ်လှည့်၊ ဆရာ၀န်ကြီးတစ်လှည့်ခွံ့ကျွေးလိုက်သည်။
"ဆာနေလို့ထင်တယ် ကောင်းလိုက်တာ။
ဟိုဆော့ပြန်ရင် ကျွန်တော့်အတွက်
နည်းနည်းထားခဲ့ပေးပါအုံးနော်"
"ထားခဲ့မှာပေါ့ "
"ဟီးဟီး ကျေးဇူးတင်ပါတယ်"
ဆရာ၀န်ကြီးသည် ထိုအတွဲနားမနေတော့ဘဲ
ကိတ်မုန့်ပန်းကန်ကိုယူကာ ကြိမ်ကုလားထိုင်ရှိရာသို့လျှောက်လာခဲ့သည်။ ခုံပေါ်၌ ဆောင့်ကြောင့်ထိုင်၍ကိတ်မုန့်ကိုဇွန်းဖြင့်ဖဲ့စားနေသည်မှာ အားရပါးရ။ဘာပဲစားစား အရသာရှိရင် ရှုံ့မဲ့သွားသောမျက်နှာလေးသည် ဆရာ၀န်ကြီးရဲ့ချွင်းချက်ကလေးပင်။
"နမ်ဂျွန်း...ကျွန်တော့်ကို ထည့်ပေးပါအုံး"
ခဏလေးနဲ့ပြောင်သွားတဲ့ ပန်းကန်ကို
နမ်ဂျွန်းအားထောင်ပြလိုက်တော့ နမ်ဂျွန်းက ကိတ်မုန့်ကိုထက်ခွဲကာ အနားကိုလာထည့်ပေးသွားသည်။ ထို့နောက်ကိတ်မုန့်ကို ဇွန်းဖြင့်ဖဲ့ရတာ အားမရတော့။ လက်ဖြင့်ဖဲ့ကာ စားလေ၏။
"ဆရာ၀န်ကြီး ဖြေးဖြေး"
"ဗိုက်ဆာနေလို့ပါဗျာ "
ခရင်မ်အချို့ပေကပ်နေတဲ့ နူတ်ခမ်းပါးကိုလည်းမသုတ်နိုင်။ ဆရာ၀န်ကြီးသည် ရုပ်ပျက်ဆင်းပျက်ကြိမ်ကုလားထိုင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာစားနေသည်။ အရသာရှိလွန်းလို့ ရှုံ့မဲ့သွားတဲ့မျက်နှာလေးသည် ဒီနေ့အဖို့ အသက်ကလေးပင်။
ခဏကြာတော့ ဟိုဆော့က ကိတ်မုန့်ကိုသေချာသိမ်းဆည်းပေးကာ ဒုတိယအစီအစဉ်ဖြစ်တဲ့ ဘီယာဘူးကိုဖွင့်ဖို့ပြင်လေသည်။ ဆရာ၀န်ကြီးကတော့အခုထိ
ကိတ်မုန့်တောထဲကမထွက်နိုင်။
"ငါ အရက်မသောက်ဖူးဘူးနော် နမ်ဂျွန်း
ငါကြောက်တယ်"
"မကြောက်နဲ့ ကိုယ်ရှိတယ်"
"မူးသွားရင် ဘယ်လိုလုပ်မလဲ"
"ကိုယ်ရှိတာပဲ မူးချင်သလောက် မူး"
ဘီယာဘူးတွေကို အထာကျကျဖောက်နေသည့်နမ်ဂျွန်းထံမှစကားတွေကြားပြီး ဟိုဆော့သည်ဘာလုပ်ရမှန်းမသိ။ ဘီယာသောက်မယ်ဆိုတဲ့အစီအစဉ်ကို သေချာမသိခဲ့တာပင်။ တစ်ခါမှလည်းမသောက်ဖူးသလို ၊ လူကြီးတွေသောက်တဲ့ဆန်အရက်ကိုတောင် သေချာမသောက်ဘူးပါ။ တစ်ချိန်
ထဲမှာတင် မေမေ့ကိုသတိရသွားတော့ ကြက်သီးမွှေးများဖြန်းခနဲ။
"မေမေဆူမှာကြောက်တယ် နမ်ဂျွန်း"
အရက်တွေကိုအချိုးကျကျရောစပ်နေတဲ့နမ်ဂျွန်းကသူ့စကားကိုကြားတော့ ငြိမ်ကျသွားကာ လှည့်ကြည့်လာသည်။ သောက်ရှူးကြယ်လို မျက်၀န်းကျဉ်းကျဉ်းလေးတွေ။ ဂျောင်ဟိုဆော့ရဲ့ ဘ၀တစ်လျှောက်လုံးတွယ်ကပ်ချင်တဲ့ မျက်တောင်စိပ်ကလေးတွေ။
"အအေးလေးပဲသောက် ဒါဆို"
"အဲ့တာကြောင့် ငါမင်းကိုချစ်တာ...ခဏလေးနော်ဆရာ၀န်ကြီးကို ခေါ်လိုက်အုံးမယ်"
ဆောင့်ကြောင့်ထိုင်နေသူထံ လှစ်ခနဲပြေးထွက်သွားတဲ့သေးသေးလေး။ စီစဉ်ထားခဲ့သမျှ ပျက်သွားပေမယ့် ကျေနပ်ပါသည်။ သူ့သေးသေးလေးသာပျော်နေမယ်ဆိုရင် ဘယ်လောက်အထိ အစီအစဉ်တွေ
ဖျက်ရဖျက်ရ သူကျေနပ်နိုင်ပါသည်။
"ဆရာ၀န်ကြီး သောက်ကြမယ်တဲ့ နမ်ဂျွန်းက"
"ကျွန်တော် လက်ဆေးရအုံးမယ်"
"လက်တင်မဟုတ်ဘူး နူတ်ခမ်းတွေပါဆေးရမှာပေကျံနေတာပဲ ကလေးလေးကျလို့"
"သန့်ရှင်းလိုက်အုံးမယ် စားနှင့် ဟိုဆော့"
ပန်းကန်ကိုစားပွဲပေါ်တင်ကာ အဆောင်အပြင်သို့ထွက်လာခဲ့သည်။ ပတ်၀န်းကျင်ဟာ မှောင်မိုက်နေပေမယ့် မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတွေ
အပြင် လမင်းရဲ့အလင်းရောင်ပါရှိနေသည်။မကြာခင်ကမှ တပ်ထားသော မီးသီးတွေကြောင့် အရင်လိုသိပ်မမှောင်တော့။
ရေကန်အနားသွားကာ သန့်ရှင်းဖို့ပြင်လိုက်သည်။ပထမဦးစွာ နူတ်ခမ်းတစ်ဝိုက် လက်ဖြင့်သပ်လိုက်တော့ ခရင်မ်အနည်းငယ်ပါလာသည်။ ထိုခရင်မ်များကိုကြည့်နေရင်း......။
"ဘာစားစား ပေကျံနေတာပဲ
နည်းနည်းပါးပါး ထိန်းပါအုံးလား"
"ကလေးလေးသုတ်ပေးရင် ဖြစ်တာပဲဟာ
ဘာခက်လို့လဲ"
"ဦးဂျွန်နော် ဆရာ၀န်ဖြစ်ပြီး
ပျင်းလိုက်တာလဲ လွန်ရော"
မျက်လုံးထဲ မြင်ယောင်သွားတဲ့ အမှတ်တရလေးတွေ။ တစ်ချိန်တုန်းက ထမင်းစားရင်း သူ့နူတ်ခမ်းတွေပေကျံနေလို့ ကလေးလေးဆူခဲ့ဖူးတာတွေ။ရုတ်တရက်ဆိုသလို ဖြတ်ခနဲ အမှတ်တရတွေထဲနှစ်မြုပ်သွားခဲ့သည်။
"လွမ်းလိုက်တာ...."
ခပ်တိုးတိုးလေးပြောပြီး ဖွဖွလေး သူပြုံးလိုက်မိသည်။ ချစ်နေရတာလည်းမလွယ်၊ လွမ်းနေရတာလည်းမလွယ်။ ဝေးကွာနေတဲ့ အကွာအဝေးတွေကိုဆွဲချုံ့ပြီး လက်ဖဝါးလေးထဲ ထည့်သိမ်းထားချင်လိုက်တာ။ ကလေးလေးရယ် သိပ်လွမ်းတာပဲ။
နေကောင်းရဲ့လား။
ဆေးတွေရော မှန်မှန်သောက်ရဲ့လား။ အစားအသောက်ရော ဆင်ခြင်ရဲ့လား။
သူနဲ့ရှိတုန်းကလိုမျိုး ဂရုစိုက်နေရဲ့လား။ အရာအားလုံးကိုသူက စိတ်ပူနေပေမယ့် သူ့ကလေးလေးကရော ဒါတွေကို
သတိရနေပါရဲ့လား......။
မတွေ့ရတဲ့အချိန်အတွင်း မေးခွန်းတွေသိပ်များနေတယ်ကလေးရယ်။ လွမ်းတယ် လွမ်းတယ်လို့ပြောတိုင်း မပြီးသွားမယ့်ကိစ္စတွေရှိတော့ သည်းခံနေရတယ်။ စဉ်းစားထားသလို ခဏလေးပဲ ဆိုပေမယ့်လက်တွေ့ကျ မလွယ်ကူလှဘူး ကလေးလေးရဲ့။
လွမ်းခြင်းတွေ ထပ်လာတဲ့အခါ
ရင်ခွင်မှာလည်း အက်ကြောင်းအပြည့်ပါ။
ကြက်ခြေခတ်ညတွေမှာ ကလေးလေးကိုလွမ်းလို့ခိုးငိုခဲ့ရတာတွေ.....
တစ်လောကလုံးမှ မသိဘဲ။
"ဟင်းး.."
နောက်ထပ်တစ်ကြိမ် သက်ပြင်းအရှည်ကြီးချကာအဆောင်ထဲသို့ပြန်၀င်လာခဲ့သည်။ အထဲရောက်တော့ နမ်ဂျွန်းက အတော်လေးသောက်ပြီးနေပြီ။ဟိုဆော့ကတော့ ထိကိုမထိ။ ကိုလာဘူးကိုလက်ထဲထည့်ကာ လှည့်နေသည်။
"မသောက်ဘူးလား ဟိုဆော့"
"ကျွန်တော် မသောက်တတ်လို့"
"အအေးနဲ့ရောသောက်လေ ကျွန်တော် စပ်ပေးမယ်မသောက်ဘဲတော့ မနေပါနဲ့။ ဒီလို အချိန်မျိုးကရတာရှားတယ် "
ဆရာ၀န်ကြီးသည် မွေးနေ့ရှင်ဆီမှ ခွင့်ပြုချက်ကိုမစောင့်ဘဲ ကိုလာတစ်ဘူးဖောက်ကာ အရက်အချို့နှင့်ရောစပ်လိုက်သည်။ လိုအပ်သလောက် ပမာဏ
ထည့်ရောပြီးတဲ့နောက် မွေးနေ့ရှင်ထံပေးတော့ချက်ချင်းမယူ။ လက်သည်းကိုက်ကာ ချီတုံချတုံဖြစ်နေသော မွေးနေ့ရှင်ဟာ သူ့ကိုကြည့်လိုက်၊ မှောက်နေတဲ့ နမ်ဂျွန်းကိုကြည့်လိုက်နှင့် အလုပ်ရူပ်နေသည်။
"သောက်ပါဗျာ မမူးပါဘူး"
"ခါးတယ်ဆို ဟုတ်လားဟင်"
"နည်းနည်းပါ အအေးနဲ့ရောထားလို့
သိပ်မသိသာဘူး ရော့!"
ဖန်ခွက်ထဲ ရောစပ်ထားတဲ့ အရက်တွေကိုကြည့်ပြီးမွေးနေ့ရှင်သည် မဆုံးဖြတ်နိုင်သေး။ မူး၍အိပ်နေသူကိုကြည့်ပြီး မျက်လုံးမှိတ်ကာ ယူချလိုက်သည်။ဂျွန်းတောင်သောက်နိုင်သေးတာပဲ။ သူလည်းသောက်နိုင်
ရမှာပေါ့။
"ဟာ ! ဖြည်းဖြည်းချင်း ဇိမ်ခံသောက်ရတယ်လေ!"
"မသိဘူးလေ အအေးလိုပဲသောက်လိုက်တာ!"
အရက်အကြောင်းနားမလည်သူဟာ တစ်ခွက်ထဲကိုအပြိုင်မော့ချလိုက်တော့ အာရုံတွေဟာ ရီဝေဝေ။ခွက်ကို စားပွဲပေါ်ပြန်ချပြီး ကိုယ့်ကိုယ်ကို အာရုံစိုက်တော့ လည်ချောင်းထဲပူဆင်းသွားတဲ့အရသာ။သွေးကြောတွေ ပူထူသွားတဲ့ ခံစားချက်။အစာအိမ်ထဲအထိရောက်သည့်တိုင် တစ်ကိုယ်လုံး အုံအုံနွေး
နွေး။
"အဆင်ပြေတယ်မလား"
"အင်း နည်းနည်းတော့ခါးတယ်"
သူ့စကားကို ဆရာ၀န်ကြီးက ခပ်ပြုံးပြုံးပဲတုန့်ပြန်သည်။ ဒုတိယခွက်ကို ရောစပ်နေတုန်း နမ်ဂျွန်းသောက်လက်စ ခွက်ကိုယူကာသောက်လိုက်သည်။
"ကြိုက်သွားပြီလား ဟိုဆော့"
"ခါးပေမယ့် ကောင်းတယ်နော်
နည်းနည်းလောက် ထက်ပေးပါအုံး ဟီးဟီး"
ပွဲသည်တဖြည်းဖြည်းဖြင့် ကောင်းလာသည်။
နမ်ဂျွန်းလည်း မူးနေရာမှ ခေါင်းထောင်လာကာသူ့ချစ်သူလေးဖြင့် စကားကောင်းနေ၏။ သူကတော့တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း အတွေးတွေထဲကလေးလေးဖြင့် အဆင်ပြေနေ၏။
"အိမ်ပြန်လိုက်ပို့ ဂျွန်းဂျွန်း~~~"
"မူးနေပြီလား အိမ်မပြန်နဲ့ကိုယ့်အိမ်လိုက်ခဲ့ မေမေတို့အိပ်နေလောက်ပြီ"
"မရဘူး ဂျွန်းဂျွန်း~~ ငါ့မေမေက ငါပြန်မလာရင်စိတ်ပူလိမ့်မယ်"
"ကိုယ့်ဂဏန်းလေးကလဲ....မေမေကိုကြောက်တတ်လိုက်တာ"
"ကြောက်တယ် ဒါနဲ့လေ...အိမ်ပြန်ရောက်ရင် အေ့!မေမေ့ကိုပြောရမယ် အစ်! အရက်က ခါးပေမယ့်သောက်လို့ရမ်းကောင်းတယ်လို့ အဟီး! အေ့!"
မျက်စိအရှေ့၌ သဲကဲနေသော အတွဲကိုကြည့်ပြီးဆရာ၀န်ကြီးသည် ပြုံးနေရုံမှလွဲ၍ ဘာမှမတတ်နိုင်။ဟိုဆော့သည်လည်း အရက်အရှိန်ကြောင့် မျက်နှာတစ်ခုလုံးနီရဲနေပြီ။ နမ်ဂျွန်းလည်း အခုမှအရှိန်ရလာကာ ဟိုဆော့ကို ချစ်၍မပြီးနိုင်။
"အိပ်ချင်တယ် ဂျွန်းဂျွန်း~~~"
"ဟုတ်ပြီ ဟုတ်ပြီ လာ လာ ကိုယ်တို့အိပ်ကြမယ်"
မူးပြီးယိုင်ထိုးနေတဲ့ ဟိုဆော့ကို တွဲထူနေတုန်းနမ်ဂျွန်းက သူ့အားကြည့်လာသည်။ လက်မနဲ့လက်ညိုးကိုဝိုင်းကာ အိုကေဟုလုပ်နေတုန်း......။
"ဝုန်း!!!!!"
ရုတ်တရက် ပွင့်သွားတဲ့ အဆောင်တံခါး။မူးနေတဲ့သုံးယောက်လုံး မျက်လုံးများဝိုင်းစက်သွားကာတံခါး၀ကိုလှည့်ကြည့်တော့......။
"ကလေးလေး!"
"ဆော့ဂျင်"
မယုံနိုင်ဖြစ်နေတဲ့ မျက်၀န်းတွေကို ပွတ်သပ်ကာဒုတိယအကြိမ်ကြည့်တော့ တကယ်ပင် ကလေးလေးဖြစ်လို့နေသည်။ အဖြူရောင် အနွေးထည်လေးကို ၀တ်ထားသည့်ကလေးလေး။ လေနှင်ရာလွင့်မြောနေတဲ့ ဆံပင်ကောက်ကောက်လေးတွေနဲ့ကလေးလေး။ သူ့အား စိုးရိမ်စွာ ကြည့်နေတဲ့မျက်၀န်းတွေသည် အရင်တိုင်း မပြောင်းလဲ။
"ကလေးလေး ဘယ်လိုဖြစ်ပြီး-"
"အင့်!"
အရှိန်နဲ့ပြေးလာတဲ့ ကလေးလေးက သူ့အားပြေးဖက်လာကာ မျက်နှာတစ်ခုလုံးကို ရင်ခွင်ဖြင့်အပ်ကာထားသည်။ စက္ကန့်ပိုင်းတင်မဟုတ် ။ မိနစ်ပိုင်းအထိတိုင်အောင် ဖက်ထားနိုင်သည့်ကလေးလေး။
ဘာတွေများဖြစ်လာသလဲ မသိ။
"ကလေးလေး ဘယ်လိုဖြစ်ပြီးရောက်လာတာလဲပြောပြအုံးလေ တစ်ယောက်ထဲလား"
"စကားမများနဲ့ တိတ်တိတ်နေ"
ဆရာ၀န်ကြီး ငြိမ်ကျသွားပုံများ။ မူးနေသည့်အတွဲတောင် နှစ်ခါပြန်မေးရသည်အထိ။
အဆောင်အလယ်၌ ဖက်ထားတဲ့နှစ်ယောက်ကိုကြည့်ပြီး ဟိုဆော့နဲ့နမ်ဂျွန်းက တွဲလျက်သားထွက်သွားကာ တံခါးကိုသေချာပိတ်ပေးခဲ့သည်။ဟိုဆော့တို့ထွက်သွားတော့မှ တဖြည်းဖြည်းခွာလာတဲ့ကလေးလေး။ အောက်ငုံ့ထားတဲ့မျက်နှာလေးကို
အသာလေးဆွဲယူကာ မော်ကြည့်တော့ မျက်ရည်တွေအပြည့်။
"ဘာလို့ငိုနေတာလဲ ဦးဂျွန်ကိုပြောစမ်း!
ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ
ဘာတွေဖြစ်ခဲ့တာလဲ! "
"ဦးဂျွန်..."
"ဟင် "
"ဦးဂျွန်ကိုတောင်းပန်ပါတယ် ကျွန်တော့်အနားကနေ ထွက်မသွားပါနဲ့!! တောင်းပန်ပါတယ်ကျွန်တော်က.....ဦးဂျွန်ကို ချစ်လွန်းလို့ သ၀န်တိုမိတာပါ! နောက်မလုပ်တော့ပါဘူး တောင်းပန်ပါတယ်ကျွန်တော့်ကို ထားမသွားပါနဲ့!!"
ရှုံးပွဲချငိုချလိုက်တဲ့ ကလေးလေးကြောင့်
ဦးဂျွန်စိတ်တွေသည် ဆောက်တည်ရာမရ။
ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားပေမယ့်
မျက်၀န်းတွေသည် ပြာယာခတ်ကာ
ဦးဂျွန်တစ်ယောက် လမ်းတွေပျောက်နေသည်။
"ကျွန်တော်....အခုကစပြီး ဦးဂျွန်ကို စိတ်မဆိုးတော့ပါဘူး အဲ့တာကြောင့် အဲ့တာကြောင့်!ကျွန်တော့်ကို မထားခဲ့ပါနဲ့!! နော်"
"ကလေးလေး ...ဘာတွေပြောနေတာလဲ
ဦးဂျွန်က ဘာလို့ထားခဲ့ရမှာလဲ"
"ဦးဂျွန်မှာ ငှက်ဖျားဖြစ်နေတယ်ဆိုလို့...
နောက်ဆုံးအဆင့်ဆို !!! မထားခဲ့ပါနဲ့လို့!!"
မျက်ရည်တွေ တရစပ်ကျဆင်းနေတဲ့ပါးပြင်ကိုသုတ်လိုက် ငိုချကာ ပြောလိုက်။ ကလေးလေးကရွာအထိ တကူးတက ရှုံးပွဲချကိုငိုနေခဲ့တာ။
"နေပါအုံး ဘယ်သူက အဲ့လိုပြောတာလဲ"
"ဒေါက်တာထယ်ယောင်းက....."
ဦးဂျွန် မရယ်ဘဲ မနေနိုင်။ ဒေါက်တာထယ်ယောင်းပြောတဲ့ မြှားနတ်မောင် အစီအစဉ်ဆိုတာ ဒါပဲဖြစ်လိမ့်မည်။ လွန်ခဲ့တဲ့အပတ် ဖုန်းပြောတုန်းကထယ်ယောင်းပြောတဲ့ "မကြာခင် ခင်ဗျားဆီ surprise အကြီးစားလာလိ့မ်ယ်"ဆိုတာ ဒီကလေးလေးဖြစ်နေမှန်းမသိပါ။ တွေးရင်းနဲ့ပင် ရယ်ချင်သွားသည်မို့
မနေနိုင်စွာ ရယ်သံတွေထွက်ကျသွားသည်။
"ခွိ"
"ဟင်! ဘာရယ်တာလဲ....ဦးဂျွန်က ကျွန်တော်နဲ့ခွဲရမှာကို ပျော်နေတာလား ဟုတ်လား
ဦးဂျွန်မကောင်းဘူးဦးဂျွန် လုံး၀မကောင်းဘူး ဦးဂျွန် မကောင်းဘူး!!"
ရင်ဘတ်တွေ တဘုန်းဘုန်းထု။ ငိုနေသူဟာ
ပိုပိုငိုခဲ့သလို အလွမ်းတွေသည်လက်သီးဆုပ်လေးအောက် ပြာကျအတိမီးငြိမ်းခဲ့ရသည်။ နောက်ဆုံးတော့ ဒီကလေးလေး သူ့ရင်ခွင်ထဲပြန်ရောက်ခဲ့ပြီ။
"ဦးဂျွန်က မင်းနဲ့ခွဲရမှာကို ပျော်စရာလား။
ဒီမှာကြည့်....ဦးဂျွန်ပြောပြမယ်"
"......"
လက်သီးဆုပ်လေးကို ဖမ်းကာ ရင်ဘတ်နဲ့ကပ်ထားပြီးပြောတော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်ငြိမ်သက်စွာ နားထောင်လာသည်။
"ဦးဂျွန်မှာ တကယ်တော့ ဘာငှက်ဖျားမှ မရှိဘူး။ကလေးလေးကို ဒေါက်တာထယ်ယောင်းကအလကား နောက်လိုက်တာ"
"ဟင်! ဘာပြောတယ်!"
"ဟုတ်တယ်။ ထယ်ယောင်းက ကလေးလေးကိုဦးဂျွန်နဲ့ အဆင်ပြေအောင် ကူညီပေးလိုက်တာ။အဲ့တာကြောင့် သူ့ကိုစိတ်မဆိုးရဘူးနော်
ဟုတ်ပြီလား"
"လူတွေအားလုံးပေါင်းပြီး ဝိုင်းလိမ်ကြတယ်
မကောင်းဘူး တစ်ယောက်မှ မကောင်းဘူး!!!"
"ဟောဗျာ ကလေးလေးရယ်....."
ထက်ပြီးငိုချလိုက်တဲ့ ကလေးလေးကို ရင်ခွင်ထဲထည့်တော့ အလိုက်သင့်ပါလာသည်။ စိတ်မထင်ရင်မထင်သလို ရင်ဘတ်ကိုထုနိုင်သည်မို့ လက်သီးဆုပ်လေးတွေကို ဆုပ်ကိုင်ကာ ကြိုတင်ကာကွယ်ထားရ
သည်။ ခဏကြာတော့ နှာတရှုံ့ရှုံ့နဲ့ သူ့ရင်ခွင်ထဲကခေါင်းလေးပြန်ထွက်လာသည်။
"အိမ်ပြန်တော့မယ် "
"ဟင် "
"နေမကောင်းဘူးဆိုလို့ လာကြည့်တာ
ပြန်တော့မယ် !"
"ဟ နေပါအုံး!"
"ဟင့်အင်း ဟင့်အင်း ပြန်မှာ ပြန်မှာ
လိမ်ပြောတဲ့လူတွေနဲ့ အပေါင်းအသင်းမလုပ်ဘူး!"
ပြန်မယ်ဆိုပြီးလှည့်ထွက်တော့မယ့် ကလေးလေးရဲ့ကျောပြင်ကို အနောက်မှလှမ်းဖက်လိုက်တော့ငြိမ်ကျသွားသည်။ ခါးသိမ်သိမ်လေးထက် လက်နှစ်ဖက်ကို တင်းနေအောင် ဖက်ထားကာ မေးစေ့လေးကို ပခုံးထက်ဖွဖွလေး တင်ထားလိုက်သည်။
"မပြန်ပါနဲ့ သည်းရယ်”
"လွှတ်နော် လွှတ်ဆို!"
"လွမ်းနေတာ....သည်းလေးရဲ့”
၀င်သက်ထွက်သက်တွေ အတိုင်းသား ခံစားနေသည့်ကြားမှ "လွမ်းနေတာ"ဆိုတဲ့အသံလေးသည် နူးညံ့စွာနားထဲပျော်၀င်သွားပုံများ။ သွေးကြောတွေသည်ထိုခေတ္တခဏ အလုပ်မလုပ်တော့ဘဲ နှလုံးခုန်သံတစ်
ခုထဲကိုသာ ကြားနေရသည်။
"ကလေးလေးကရော မလွမ်းဘူးလား...ဟင်"
"မနက်တွေရောက်ရင် တူတူစားခဲ့တဲ့ မနက်စာကိုလွမ်းတယ်။ ဆေးခန်းမသွားခင် ပေးနေကျအနမ်းတွေကိုလွမ်းတယ်။ ဆေးခန်းရောက်ရင်နားကြပ်ကိုင်ပြီး ဝိုင်းကူပေးတဲ့ သူနာပြုလေးကိုလွမ်းတယ်။ လူနာတွေက မေးကြတယ်။ ဆရာ၀န်ကြီးကောင်လေးရောတဲ့.....ကိုယ် မဖြေတတ်လို့မသိချင်ယောင် ဆောင်နေရတယ်ကလေးရယ်"
"ကိုယ့်ဆီပြန်လာခဲ့ပါနော် ကိုယ် အားလုံးကို
အဆုံးသတ်ပြီးပြီ အဲ့တာကြောင့် ကိုယ့်ဆီ
ပြန်လာပေးပါနော်...."
"ဦးဂျွန် "
ခေါ်သံလေးနဲ့အတူ လှည့်ကြည့်လာတဲ့ မျက်နှာလေး။ မျက်ရည်တွေ မခြောက်သေးလို့ မျက်တောင်လေးတွေစိုစွတ်နေသည်။ သူ့အား စိုက်ကြည့်နေတဲ့မျက်၀န်းကြည်ကြည်လင်လင်လေးတွေ။ မြတ်နိုးလိုက်ရတာများ။
"အခုကစပြီး ဦးဂျွန်ကို လက်မလွှတ်တော့ဘူး..."
"ကလေးလေး"
"ဘယ်တော့မှ ကျွန်တော် လက်မလွှတ်တော့မှာမို့အခုကစပြီး ကျွန်တော့်အနားမှာပဲ နေမကောင်းမဖြစ်ဘဲ နေဖို့စဉ်းစားထားပါ!"
"ငါ့ကလေးလေး!"
ပွေ့ဖက်မှုတွေသည် တခမ်းတနား။ ဝေးကွာခဲ့ရတဲ့ရက်ပေါင်းများစွာအတွက် အတိုးချဖက်ထားရင်းရင်းနှီးနေတဲ့ ကိုယ်သင်းရနံ့လေးတွေ။ အနွေးဓာတ်တွေ ဖလှယ်ကြလေသည်။ခဏကြာတော့ ဖက်ထားရင်းမှ ကလေးငယ်သည် ဖယ်ကာ အိတ်ကပ်ထဲမှ
တစ်ခုခုကို နိူက်နေသည်။
"ရော့ !"
"ဘာကြီးလဲ "
"ချောကလက်လေ.... valentine's day တုန်းကမပေးလိုက်ရလို့"
"ချစ်လိုက်တာကွာ..."
ချောကလက်အပြားလေးသည် လက်ဖဝါးကြီးထဲမြုပ်မတတ်။ ထို့နောက် ဆက်ခနဲ လည်တိုင်ကိုချိတ်ဆွဲလိုက်တဲ့ ကလေးလေးရဲ့လက်တွေ။
"ရဲတင်းလိုက်တာ...."
"ချစ်တာပဲ ခေါင်းထဲထည့်ထားတယ်
အများကြီး မတွေးပူတော့ဘူး ဦးဂျွန်"
သူ့လည်တိုင်ကိုချိတ်ဆွဲကာ ကလေးလေးက
ရီဝေဝေဖြင့်ပြောသည်။ ထိုအကြည့်များကိုကောင်းစွာနားလည်သဘောပေါက်ပါသည်။ နားထင်လေးကိုဖွဖွလေးဖိနမ်းကာ လက်ဆောင်ရထားတဲ့ချောက လက်လေးကို စားပွဲပေါ်တင်လိုက်သည်။
"လွမ်းနေတာတွေအတွက် အတိုးချ"
ဦးဂျွန်ဘက်မှစတင်ခဲ့သော အနမ်းတွေ.....။
နူတ်ခမ်းသားအိအိလေးကို ဖြည်းညှင်းစွာချဉ်းကပ်လာရင်း လက်နှစ်ဖက်သည် ခါးသိမ်သိမ်လေးထက်ရစ်ဝဲလာပုံ။ အမျိုးမျိုး ခြယ်လှယ်ခဲ့သည့်နူတ်ခမ်းသားတွေကို ပုံဖော်ဖို့ရာခက်ခဲ၏။
"ဘုတ်!"
အားမရသည့်အခါ ခါးထက်မှပွေ့ချီ၍ စားပွဲပေါ်တင်လိုက်တော့ ဘီယာဘူးခွံတွေပြုတ်ကျသွားသည်။ ထိုအရာကို ကလေးငယ်က
ခပ်ဖွဖွလေးရယ်ကာ သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်မိုးလာသည်။
"ကလေးလေး....မင်းသိပ်ရဲတင်းတာပဲ"
"တစ်လကျော်တောင်ခွဲနေကြတာလေ
ဒီလောက်တော့ ရသင့်တယ်ထင်တာပဲ"
"အဟင်း"
ရယ်သံသဲ့သဲ့တွေကြား ပြန်လည်စတင်ခဲ့သောအနမ်းတွေ......။ နူတ်ခမ်းသားတွေမှတဆင့် ပခုံးဖွေးဖွေးလေးထံ နယ်ကျော်တော့ အထိမခံတဲ့အသံလေးတွေက အဆောင်ထဲညံလာသည်။
"ဦးဂျွန်....."
ညှပ်ရိုးလေးထံ သွားဖြင့်ဖိကိုက်တော့ ကလေးလေးက ခြေဖျားတွေကုပ်ကာ သူ့ကျောပြင်ကိုဆုပ်ခဲ့လာသည်။ ဖြတ်ခနဲဆိုသလို မော်ကြည့်တော့ အထိ အတွေ့တွေကြား ပျော်ရွှင်နေတဲ့ကလေးလေးကမျက်၀န်းတွေမှိတ်ကာ သဘောကျနေဟန်။
"ရပ်လိုက်ကြရအောင်...."
ချက်ချင်းဆိုသလို ရပ်တန့်လိုက်တဲ့ ဦးဂျွန်ကြောင့်ကလေးလေး မျက်လုံးတွေဝိုင်းစက်သွားသည်။အနည်းငယ်ပုံပျက်နေတဲ့ အင်္ကျီကို ဦးဂျွန်ကသေချာ၀တ်ပေးရင်း......။
"ဘာလို့လဲ"
ဦးဂျွန်လက်တွေကိုဖမ်းဆုပ်ကာ မေးလိုက်တဲ့
ကလေးလေး။
"ကင်ဆော့ဂျင်ဆိုတဲ့ နာမည်ကို
ဂျွန်ဆော့ဂျင်လို့ မပြောင်းမချင်း
ကိုယ်မင်းကို မယူချင်ဘူး ကလေးငယ်....."
TBC ........
February 18.....။
" Happy birthday ဟိုဆော့
" Happy birthday to you.
Happy birthday to you.
Happy birthday dear hoseok.
Happy birthday to you...."
"......"
TBC ........