ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 368K 14.7K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

93

12.2K 1.9K 90
By Rozu_roro

Unicode


လော့လင်းရှန်း နိုးလာသည့်အခါမှာတော့ သူ့နံဘေးရှိ အကြီးလေးနှင့် အသေးလေးမှာ အိပ်ပျော်နေဆဲပင်။

ရှီယွင်နန်က သူ့အား ကျောခိုင်းအိပ်နေပြီး ရွှေငါးလေးက ရှီယွင်နန်လက်မောင်းကို ခေါင်းအုံးအဖြစ် အသုံးပြုရင်း အိပ်ပျော်နေသည်။

"အမ်......"

ရွှေငါးလေး ပုံမှန်ထနေကျအချိန်မို့ ဖြစ်ကောင်းဖြစ်နိုင်၏။ သူဟာ ကယောင်ကမ်း မြည်ပြီးနောက် မျက်လုံးလေးကို ပွတ်သပ်ရင်း နိုးလာတော့သည်။

"ဂွတ်မောနင်း ရှုရှု"

သူက သမ်းနေပြီး၊ သူ့ပုံစံလေးမှာ အိပ်ရေးမဝသေးတာကြောင့် အိပ်ငိုက်နေသေးပုံပင်။

"ထပ်အိပ်ချင်သေးလား?" လော့လင်းရှန်းက သူ့လင်ချောင်းလေးဖြင့် သူ့တူလေးရဲ့ ရှုပ်ပွနေသောဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်သည်။

"ဒီနေ့ စောစောထစရာမလိုဘူး။ အိပ်လို့ရတယ်"

ထိုစကားကိုကြားသည့်အခါ၊ ရွှေငါးလေးက ချက်ချင်းပင် သူ့စောင်လေးအား ခေါက်လိုက်ပြီး သူ့ဗိုက်ပေါ် ပြန်တင်ထားလိုက်သည်။

သူက ဆက်မအိပ်တော့ဘဲ ရှီယွင်နန်ကိုပဲ စူးစူးစိုက်စိုက်ကြည့်ရင်း တဖြည်းဖြည်းအိပ်ချင်စိတ်​ပြေသွားလေသည်။ "ရှောင်ရှုရှုကို ဘယ်တော့ နှိုးမှာလဲ?"

လော့လင်းရှန်းက ရှီယွင်နန်ရဲ့ နားရွက်လေးကို အသာအယာ ဖုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"သူကြာကြာအိပ်ပါစေ"

"အိုး"

ရွှေငါးလေးမှာ ချက်ချင်းပင် စကားမပြောတော့ဘဲ ရှီယွင်နန် အနားလေးကိုသာ ထပ်တိုးကပ်နေလိုက်၏။

တူဝရီးနှစ်ယောက် တိတ်တိတ်လေး စောင့်ဆိုင်းနေပေးပြီးနောက်မှာတော့ ရှီယွင်နန် နိုးလာတော့လေသည်။

သူ အိပ်ချင်မူးတူးညည်းတွားလိုက်ပြီး နောက်သို့လှည့်လိုက်သည့်အခါမှာတော့ တရင်းတနှီးရှိသည့် ရင်ခွင်ထဲ ကျရောက်လို့သွားသည်။ "... ဘယ်အချိန်ရှိပြီလဲ?"

လော့လင်းရှန်းက သူ့နားလေး အနား ကပ်ပြောလိုက်၏။ "ကိုးနာရီထိုးတော့မယ်။ အိပ်ရေးဝရဲ့လား?"

ရွှေငါးလေးကတော့ သူစောစောထတုန်းက ရှီယွင်နန် ပုံစံလေးကို ပြန်တွေးမိသွားပြီး ရယ်နေတော့သည်။ "ရှောင်ရှုရှုက အိပ်တာကို အရမ်းကြိုက်တာပဲနော်"

ချွဲတိချွဲတဲ ကလေးအသံလေးကြောင့် ရှီယွင်နန် အိပ်ချင်ပြေသွား၏။ သူက မျက်လုံးလေးဖွင့်ကာ ခန္ဓာကိုယ် အနေအထားပြောင်းလိုက်ပြီး ကလေးလေးရဲ့ ပါးလေးတွေကို ဖျစ်ညစ်လိုက်တော့သည်။

"အဲ့တော့ ဘာဖြစ်လဲ ဟမ်? အိပ်ပုတ်လေး"

ရွှေငါးလေးက အပြုံးလေးဖြင့် နှုတ်ဆက်လာသည်။ "ဂွတ်မောနင်း ရှောင်ရှုရှု"

"ဂွတ်မောနင်းပါ ပေါင်ပေ့" ရှီယွင်နန် လေသံမှာတော့ အိပ်ချင်မူးတူးဖြစ်နေဆဲပင်။

သူက ပိတ်ထားတဲ့ လိုက်ကာတွေကိုကြည့်ကာ—

"လိုက်ကာတွေဖွင့်လိုက်ပါလား ဒီနေ့ နေသာလား ကြည့်ကြည့်ရအောင်"

လော့လင်းရှန်းက သူ့စကားအတိုင်း စားပွဲခုံဘေးက ခလုတ်လေးကို နှိပ်လိုက်၏။

အလိုအလျောက် လိုက်ကာတွေမှာ ပွင့်သွားပြီး အခန်းရဲ့ မှိန်ပြပြအလင်းရောင်နှင့်မတူသော တောက်ပသည့် နေရောင်က ထိုးဖောက်ဝင်ရောက်လာသည်။

လော့လင်းရှန်းက ချက်ချင်းပင် နေရောင်ကြောင့် မျက်လုံးမစူးအောင် လက်တစ်ဖက်ဖြင့် သူ့ချစ်သူ မျက်လုံးလေးကို အုပ်ပေးလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့တူလေး၏ မျက်လုံးလေးတွေကို အုပ်ထားပေးလိုက်သည်။

မိနစ်အကြာမှာတော့ သူက ဖြည်းဖြည်းချင်း ဖွင့်ပေးလိုက်၏။

အပြာရောင် ကောင်းကင်ကြီးနှင့် အဖြူရောင် တိမ်တိုက်များကို တွေ့သည့်အခါမှာတော့ ရွှေငါးလေးတစ်ယောက် စိတ်အခြေအနေ ပိုကောင်းသွားကာ ချစ်ဖို့ကောင်းစွာ ပြောလာ​တော့သည်။ "ရှုရှု! ရှောင်ရှုရှု! ဒီနေ့လည်း နှစ်ယောက်လုံးကို အရမ်းချစ်တယ်နော်!"

ဒီလို အသက်အရွယ်ကလေးလေးတွေဟာ သူ့တို့ရဲ့ ရင်တွင်းဖြစ် ဆန္ဒတွေကို ထုတ်ပြဖို့ ဘယ်တုန်းကမှ မတွန့်ကြပေ။

ရှီယွင်နန်မှာ သူ့တူလေးကြောင့် အလွန်နွေးထွေးသွားသလို ခံစားလိုက်ရပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ "ဟုတ်ပါပြီကွာ ဒီနေ့လည်း မင်းတို့နှစ်ယောက်ကို အရမ်းချစ်တယ်"

"ဟီးဟီး~"

အဖြေကို ကြားလိုက်ရတဲ့ ရွှေငါးလေးမှာ ကျေနပ်စွာ ပြုံးနေပြီး လော့လင်းရှန်းအား မျှော်လင့်တကြီး ကြည့်လိုက်၏။

ရှီယွင်နန်လည်း သူ့တူလေးအတွေးတွေကို သဘောပေါက်ကာ တဖက်သား၏ အဖြေစကားကို ကြားရရန် စိတ်ဝင်တစား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

လော့လင်းရှန်းမှာ သူ့ ချစ်ခြင်းမေတ္တာတွေကို နှုတ်ဖြင့်ထုတ်ပြောရတာမကြိုက်သူဖြစ်၏။

ရှီယွင်နန်ကို ဖြစ်ဖြစ် ရွှေငါးလေးကို ဖြစ်ဖြစ် သူဟာ သူ့လုပ်ရပ်ဖြင့်သာ ထုတ်ဖော်ပြလေ့ရှိသည်။

အခုတော့ နှစ်ယောက်သား၏ မျှော်လင့်စောင့်စားနေသော အကြည့်က သူ့အား အနိုင်ယူသွားတော့သည်။

"........ ငါလည်း မင်းတို့ကို ချစ်ပါတယ်"

ရွှေငါးလေးအတွက်တော့ သူ့ဦးလေး ချစ်တယ်လို့ ပြောတာကို ပထမဆုံး ကြားဖူးခြင်းပင်။ သူ့မျက်ဝန်းလေးမှာ ချက်ချင်းပင် လင်းလက်တောက်ပလာပြီး အက ကပြပြီးတော့တောင်  အားတက်သရော ဆိုနေတော့လေသည်။

"ရှုရှုတို့ကို အရမ်းချစ်တယ်! သမုဒ္ဒရာထဲက ပင်လယ်ရေတွေလိုပဲ ဘယ်တော့မှ မခန်းခြောက်နိုင်!"

သူဟာ ထိုကဲ့သို့ ဥပမာလေးနဲ့ပါ မြူးမြူကြွကြွ ကပြနေတော့၏။

ဒါကိုမြင်တော့ ရှီယွင်နန်နှင့် လော့လင်းရှန်းမှာ တပြိုင်နက်တည်း စိတ်သက်သာရာ ရသွားတော့သည်။

ရွှေငါးလေး၏ ချစ်စဖွယ် အပြုအမူလေးကြောင့် ပြန်ပေးဆွဲခံရခြင်းက သူ့အပေါ် အနည်းသာ သက်ရောက်မှန်း သဘောပေါက်သွားကြလေသည်။

လော့လင်းရှန်းက ပြောလိုက်သည်။ "ဟုတ်ပါပြီ သွား ကိုယ့်ဘာသာ မျက်နှာသွားသစ်တော့။ ခဏနေကြရင် မနက်စာ စားကြမယ်"

"ဟုတ်!"

ရွှေငါးလေးက သူ့စောင်လေးကို ခေါက်ဖို့လည်း မမေ့။ ထို့နောက် သူက လိမ်လိမ်မာမာလေး အိပ်ယာပေါ်မှ ဆင်းပြီး ရေချိုးခန်းထဲ ပြေးသွားတော့သည်။

ရှီယွင်နန်လည်း ထဖို့ ပြင်လိုက်သည်နှင့် လော့လင်းရှန်းက သူ့ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်သည်။  "ခဏလောက် လှဲနေ ကျင်းယွီက နောက်ထပ် ငါးမိနစ် ခြောက်မိနစ်လောက် ကြာအုံးမှာ"

ရှီယွင်နန်က သူ့ချစ်သူ လည်စလုတ်လေးကို ကိုက်လိုက်ပြီး ဒီရင်းနှီးကျွမ်းဝင်သည့် အခိုက်အတန့်လေးကို ငြိမ်ငြိမ်သက်သက်နေရင်း ခံစားနေလေသည်။

လော့လင်းရှန်း နှလုံးသားမှာ သူ့အပြုအမူလေးကြောင့် ယားယံသွားပြီး၊ သူကခေါင်းလေးကိုစောင်းကာ သူ့ချစ်သူ၏ နားရွက်လေးကို အဆက်မပြတ် နမ်းရှိုက်လိုက်သည်။ သူချစ်သူ၏ နားရွက်လေးနီရဲသွားမှသာ သူက စကားတစ်ခွန်းဆိုလိုက်၏...

"မင်းကို အချစ်ဆုံးပဲ "

တိုးညှင်းသောလေသံထဲတွင် တုနှိုင်းမရသည့်
ရမ္မက်အရိပ်အယောင်များ ဖုံးကွယ်လို့နေသည်။

ထိုစကားကိုကြားလိုက်ရသည့် အခါမှာတော့ ရှီယွင်နန် နှလုံးသားလေး ပူလောင်လာသလို ခံစားလိုက်ရ၏။ ထို့အပြင် ဒီစကားလေးဟာ "နှစ်ဦးနှစ်ဖက်ခံစားချက်အတွက်" လော့လင်းရှန်း၏ အဖြေဖြစ်မှန်း ရှီယွင်နန် သိလိုက်သည်။

သူတို့ရွှေငါးလေးအပေါ် ချစ်တဲ့အချစ်က မိသားစု ချစ်ခြင်းမေတ္တာ(၅၂၈ ချစ်ခြင်းမေတ္တာ)ဖြစ်ပြီး၊ သူတိို့နှစ်ယောက် တစ်ယောက်ပေါ် တစ်ယောက် ချစ်တဲ့ အချစ်မှာတော့ တစ်ဘဝလုံးစာ (၁၅၀၀အချစ်) ဖြစ်လေသည်။

ရှီယွင်နန်မှာ အပြုံးလေးဖြင့် မော့ကြည့်လိုက်ပြီး သူ့ချစ်သူ၏ နှာဖျားလေးကို ပွတ်သီးပွတ်သပ်မလုပ်ဘဲ မနေနိုင်တော့။ သူဟာ အရင်ကလို စနောက်မယ့်အစား လေးလေးနက်နက်ပြန်ပြောလိုက်သည်။

"ကျွန်တော်လည်း ခင်ဗျားကို အချစ်ဆုံးပဲ"

နောက်တစ်စက္ကန့်မှာတော့ ရေချိုးခန်းထဲမှ ရွှေငါးလေးရဲ့ တောင်းဆိုသံကို ကြားလိုက်ကြရသည်။ "ရှုရှု မျက်နှာသုတ်ပဝါက လှမ်းယူဖို့ မြင့်နေတယ်"

လော့လင်းရှန်းမှာ ကူကယ်ရာမဲ့စွာ ပြုံးမိသွား၏။

"ထတော့"

"အမ်း"

...

သုံးယောက်သား မနက်စာကို ရိုးရိုးရှင်းရှင်း စားလိုက်ကြ၏။ ရဲစခန်းတွင် ထွေထွေထူးထူး ကိစ္စမရှိတော့ကြောင်း အတည်ပြုပြီးနောက်မှာတော့ နေ့လည်ပိုင်းတွင် အင်ပါယာမြို့တော်သို့ ပြန်လာလိုက်ကြသည်။

နှစ်ရက်လောက် စိတ်ပူနေခဲ့ရသည့် အိမ်တော်ထိန်းချင်မှာ တံခါးဝတွင် ရပ်စောင့်နေရှာ၏။ ရွှေငါးလေးကို တွေ့သည့် အခါမှာတော့ သူ့မျက်လုံးများ နီရဲလာတော့သည်။

"သခင်လေး၊ သခင်လေး ပြန်လာတာကို စောင့်နေတာ။"

"ဘိုးဘိုးချင်"

ရွှေငါးလေးက သူ့ရင်ခွင်ထဲ ပြေးဝင်လိုက်၏။

အိမ်တော်ထိန်းချင်တစ်ယောက် ရွှေငါးလေးလည်ပင်းပေါ်ရှိ ခြစ်ရာလေးကို တွေ့သည့်အခါမှာတော့ သူ့နှလုံးသားလေး နာကျင်သွားတော့သည်။ "အဲ့ကောင်ကို ဓားအချက်ပေါင်း တစ်သောင်းမက ထိုးပစ်ရမှာ! ငရဲသွားသင့်တဲ့အကောင်! အဲ့ကောင်..."

တစ်ဝက်တစ်ပျက် ကျိန်ဆဲပြီးသည့်အခါမှာတော့ ရွှေငါးလေး သူ့ဆီကနေ မကောင်းတဲ့ အကျင့်တွေတတ်မှာစိုးကာ သူချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့သည်။

လော့လင်းရှန်းက အရင်ညွှန်ကြားလာလေသည်။ "အန်ကယ်ချင် ရွှေငါးလေးကို အိမ်ထဲအရင်ခေါ်သွားလိုက်ပါ။ အားပြန်ပြည့်လာအောင် ဒီတစ်ပတ် အိမ်မှာပဲ အနားယူခိုင်းလိုက်ပါ။"

ဦးလေးချင်က ခေါင်းညိတ်ပြပြီး ရွှေငါးလေးကို ကောက်ချီကာ မေးလိုက်သည်။  "ခေါင်းဆောင် အပြင်သွားအုံးမလို့လား?"

"အင်း"

လွန်ခဲ့သည့် နှစ်ရက်က ရုတ်တရက် အဖြစ်အပျက်ကြောင့် ကုမ္ပဏီ၏ သုံးလတစ်ကြိမ်အစည်းအဝေးကို ယာယီရွှေ့ဆိုင်းထားရလေသည်။ ထို့ကြောင့် လော့လင်းရှန်း ဒီနေ့ ထိုအစည်းအဝေးကို တက်ရမည်ဖြစ်သည်။

ရွှေငါးလေးကလည်း ရှီယွင်နန်ကို ကြည့်ကာ ရိုရိုကျိုးကျိုးလေး မေးလာ၏။ "ရှောင်ရှုရှုလည်း အလုပ်သွားမှာလား?"

ရှီယွင်နန် မျက်ဝန်းထဲတွင် ခဏတာ ဖျတ်ခနဲ အမှောင်အရိပ်အယောင်လာပြီး ချက်ချင်းပင် ပျောက်သွားသည်။ သူ့ကချိုသာသော အပြုံးလေးဖြင့် ရှေ့သို့လှမ်းလာပြီး သူ့တူလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"ရှောင်ရှုရှုက သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မှာ။ အိမ်မှာ လိမ်လိမ်မာမာနေနော်။ ဘိုးဘိုးချင်တို့က ကာကွယ်ပေးလိမ့်မယ်။ လူဆိုးတွေ မရှိတော့ဘူး။"

ရွှေငါးလေး နှုတ်ခမ်းလေးကို စေ့ထားပြီးနောက် မမေးဘဲ မနေနိုင်တော့။  "ဒါဆို ရှုရှုနဲ့ ရှောင်ရှုရှုက ဘယ်ချိန်ပြန်လာမှာလဲ?"

ပြန်ပေးဆွဲမှု ဖြစ်ရပ်အပြီးမှာတော့ သူဟာ သူ့ရှုရှုနှစ်ယောက်အပေါ် ပိုမှီခိုးအားထားလာတတ်လေသည်။

လော့လင်းရှန်းက အရင် ပြန်ဖြေလာပေးသည်။ "မင်းနဲ့အတူ ညစာစားဖို့ ပြန်လာခဲ့မယ်။"

ရှီယွင်နန်လည်း ခေါင်းညိတ်ကာ-

"ညကျရင် ဖက်ထားပြီး ချော့သိပ်ပေးမယ်လေ နော်?"

"ဟုတ်"

နှစ်ယောက်စလုံးဆီက ကတိရရှိလိုက်တော့ ရွှေငါးလေး စိတ်သက်သာရာ ရသွားပြီး ဦးလေးချင်အား အထဲ ခေါ်သွားခွင့် ပေးလိုက်၏။

လှည့်ဝင်သွားတဲ့ နောက်ကျောကိုကြည့်ရင်း လော့လင်းရှန်းက မျက်မှောင်ကြုတ်ကာ ပြောလာသည်။  "ချင်ကျန်း မနက်ဖြန်ကျရင်  ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံဆရာဝန်ကို ဖိတ်လိုက်။ ဒီကိစ္စကို နှောင့်နှေးနေလို့ မဖြစ်ဘူး"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

ရှီယွင်နန် အချိန်ကို တချက်ကြည့်ကာ—

"ကျွန်တော့် ကိစ္စက ခင်ဗျားထက် စောပြီးလောက်တယ်။ အဲ့တော့ ကုမ္ပဏီကို လိုက်မလာတော့ဘူးနော်။ သူ့ကို အဖော်လုပ်ပေးဖို့ စောစောပြန်လာလိုက်မယ်"

လော့လင်းရှန်းက ခေါင်းညိတ်ပြပြီး စိုးရိမ်ပူပန်စွာ မေးလာသည်။ "တစ်ယောက်တည်း အဆင်ပြေရဲ့လား? ယွမ်မုန်လိုက်ဖို့ကော လိုသေးလား?"

"မလိုပါဘူး"

ရှီယွင်နန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။  သူ့ နောက်ကွယ်တွင် လော့ယန်ချွမ်းကို ကူညီပေးတဲ့ လူကိုတွေးမိရင်း သူ့အကြည့်မှာ ပိုအေးစက်လာတော့သည်။

"အဲ့လူက ငြိမ်ငြိမ်မနေဘဲ မကောင်းတာလုပ်ဖို့ လော့ယန်ချွမ်းကို ကူညီပေးမှတော့၊ ကျွန်တော့ဆီက ထွက်ပြေးနိုင်မယ်လို့ စဉ်းတောင် မစဉ်းစားနဲ့"

"ဟုတ်ပါပြီ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်နော်"

သူ့ချစ်သူ ဖြေရှင်းနိုင်မယ်မှန်း လော့လင်းရှန်း ယုံကြည်တာကြောင့် ယွမ်မုန်ဘက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။ "ရွှေငါးလေးတို့ ဘေးကင်းအောင် မင်းအိမ်မှာပဲ နေခဲ့။ တစ်ခုခုဖြစ်သွားရင် ချက်ချင်းအကြောင်းကြားလိုက်။"

အချိန်တိုလေးအတွင်းမှာ မတော်တဆ နှစ်ကြိမ် မဖြစ်နိုင်သော်လည်း ရွှေငါးလေးကို မထိခိုက်စေရန် သတိထားဖို့ လိုအပ်နေသေးလေသည်။

ယွမ်မုန်က မျက်နှာတည်တည်ဖြင့် ပြန်ဖြေလာသည်။  "ခေါင်းဆောင် ၊ စိတ်မပူပါနဲ့၊ ခေါင်းဆောင် ပြန်မလာမချင်း သခင်လေးအနားမှာ ရှိနေပေးပါ့မယ်"

သူက ပြောပြီးနောက် အိမ်တော်ထဲ အမြန်ဝင်သွားတော့သည်။

လော့လင်းရှန်းနှင့် ရှီယွင်နန်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ကိုယ်စီ ကိစ္စတွေကို အမြန်ကိုင်တွယ်လိုက်ကြ၏။

...

အင်ပါယာမြို့တော်၏ အလတ်တန်းစား ရှင်းချန် ဗီလာအိမ်ရာတွင်—

ဝမ်ဝမ်ယိုတစ်ယောက် သေသေသပ်သပ် အလှဆင်ထားသည့် အခန်းထဲတွင် ထိုင်နေ၏။ ဖုန်းကို ယူကြည့်လိုက်သည့် အခါမှာတော့ သူမမျက်နှာမှာ ထိတ်လန့်လို့သွားသည်။

သူမဖုန်း၏ စခရင်တွင် မှိန်ဖျဖျ အလင်းရောင် ဟပ်နေပြီး လွန်ခဲ့သည့် ဆယ်မိနစ် ရဲဌာနမှထုတ်ထားသည့် သတင်းကို ပြသထားသည်။ ထိုသတင်းတွင် အကြောင်းအရာကို အကျဉ်းချုပ် လိုရင်းတိုရှင်း ဖော်ပြထားလေသည်။

[အင်ပါယာမြို့တော်တွင် ကားတိုက်ပြေးသွားသည့် ဝရမ်းပြေး လော့[x]ချွမ်းကို မနေ့က ရဲများဖမ်းစီးနိုင်ခဲ့ပြီး လက်ရှိတွင် ဥပဒေအရ ရာဇ၀တ်မှုဖြင့် ထိန်းသိမ်းထားကြောင်း သိရှိရပါတယ်။ တစ်ချိန်တည်းမှာပင် လော့ [x]ချွမ်းက ထွက်ပြေးနေစဉ်အချိန်အတွင်း အရွယ်မရောက်သေးသည့် ကလေးငယ်အား တရားမဝင် ပြန်ပေးဆွဲမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးနေလျက် ရှိပါတယ်။]

...

နောက်ဆုံးတော့ စခရင်မှာ မှောင်ကျသွားပြီး ဝမ်ဝမ်ယိုအား ထိန်းမရသိမ်းမရ အထိတ်တလန့်ဖြစ်သွားစေလေသည်။

သူမက ဖုန်းကို ဘေးသို့ပစ်ချလိုက်ပြီး အဝတ်အစားအနည်းငယ်ကို ထုတ်ပိုးရန် အဝတ်အစားအခန်းထဲသို့ ပြေးဝင်သွား၏။

သူမက မုန်တိုင်းကို ခဏတာရှောင်ရှားရန် အင်ပါယာမြို့တော်ကနေ ထွက်သွားဖို့ စဉ်းစားလိုက်လေသည်။

ထိုအကြံပေါ်လာသည်နှင့် အိမ်မှ မထွက်ရသေးသော ဝမ်ဝမ်ယ်ိုတစ်ယောက် တံခါးဖွင့်လိုက်သည့်အခါ မှတော့ တံခါးဝတွင် ရှီယွင်နန်နှင့် ထိပ်တိုက်ဆုံတော့သည်။

တစ်ယောက်က အေးစက်သည့် အရှိန်အဝါ၊ နောက်တစ်ယောက်က ထိတ်လန့်သည့် မျက်နှာ အမူအယာဖြင့် မျက်နှာချင်းဆိုင်နေကြလေသည်။

"..."

ဝမ်ဝမ်ယို မှင်သက်သွားပြီး သူမမျက်နှာမှာ ဖြူဖျော့သွားတော့သည်။

ရှီယွင်နန် သူမလက်ထဲက ခရီးဆောင်အိတ်ကို တွေ့တော့ မျက်ခုံးပင့်ကာ မေးလိုက်သည်။  "ဘာလဲ? မကောင်းတာ တစ်ခုခုလုပ်ထားလို့ ထွက်ပြေးမလို့လား?"

ဝမ်ဝမ်ယို စိတ်တည်ငြိမ်ရန် အတတ်နိုင်ဆုံး ကြိုစားလိုက်၏။ သို့သော်လည်း သူမရင်ထဲ ဝုန်းဒိုင်းကယက်ထနေခြင်းမှာ မရပ်တန့်သွားပေ။ "ဝမ်းကွဲအစ်ကို ကျွန်မဒီမှာ ရှိမှန်း ဘယ်လိုသိတာလဲ? ကျွန်မ အခု အလျင်လိုနေလို့"

နောက်တစက္ကန့်မှာပင် မျက်နှာထားတည်နေခဲ့သည့် ရှီယွင်နန်က ဆက်ခနဲဝင်လာ၏။

သူက ဝမ်ဝမ်ယိုရဲ့ ခရီးဆောင်အိတ်ကို ပွင့်ထွက်သွားစေတဲ့အထိ ကန်ချလိုက်ပြီး နုနုနယ်နယ် လက်ကောက်ဝတ်အား ဆွဲကာ ဧည့်ခန်းထဲသို့ ဆွဲခေါ်သွားသည်။

"ရှီယွင်နန်၊ ငါ့ကိုလွှတ်...အာ့!"

ဝမ်ဝမ်ယိုတစ်ယောက် နာနာကျင်ကျင် အော်ဟစ်ရုန်းကန်နေသော်လည်း ရှီယွင်နန်က အကြင်နာကင်းမဲ့စွာ သူမအား ဆိုဖာပေါ်သို့ တွန်းချလိုက်သည်။

-ဘန်း!

ရှီယွင်နန်က စားပွဲပေါ်ရှိ ဝိုင်နီပုလင်းကို ကောက်ယူပြီး အကြမ်းပတမ်းရိုက်ခွဲချလိုက်၏။ ဝိုင်များ နေရာအနှံ့ပြန့်ကျဲ သွားတာကြောင့် ဝမ်ဝမ်ယိုတစ်ယောက် ထိတ်လန့် တုန်လှုပ်နေတော့သည်။

သူမ ဘာမှ မပြောနိုင်သေးမှာပဲ ရှီယွင်နန်က ပုလင်းအကွဲဖြင့်  သူ့မဘက်သို့ ထိုးပြရင်း မေးလိုက်သည်။ "ဝမ်ဝမ်ယို ငါ သတိပေးခဲ့တာကို မေ့သွားတာလား?"

ဝမ်ဝမ်ယိုမှာ သူ့လက်ထဲရှိ ပုလင်းအကွဲကို ကြည့်ရင်း  သူမတစ်ကိုယ်လုံး ကြက်သေသေသွားပြီး မလှုပ်ရှားနိုင်တော့။ ပူဆွေးသောကမျက်ရည်များက ချက်ချင်းပင် ကျဆင်းလာတော့သည်။

"ကျွန်မ..ကျွန်မဝမ်းကွဲအစ်ကိုအပေါ် ဘာအမှားမှ မလုပ်ထားပါဘူး... "

ရှီယွင်နန်ကတော့ သူမရဲ့ အတုအယောင်မျက်ရည်တွေကို မယုံကြည်ပါ။ "ကောင်းပြီလေ။ မင်းက ငါ့နောက်ကွယ်မှာတော့ လော့လင်းရှန်းကို လာမရှာရဲပါဘူး။ ဒါပေမယ့် ငါအခုပြောနေတဲ့ ကိစ္စက တခြားကိစ္စဆိုတာ မင်းကောင်းကောင်း သိမှာပါ။"

စုန့်ကျစ်ချိုးနှင့် ဝမ်ချန်းလန် ထောင်ကျပြီးကတည်းက ဝမ်မိသားစုဟာ ပြိုကွဲလုနီးပါးပင်။

လူအိုကြီးဝမ်ကို ဝမ်ရိပေက ပြုစုစောင့်ရှောက်နေပြီး၊ သူ့ဦးလေး ဝမ်ယန်ဖုန်းကိုတောင် သူတို့နဲ့ လာနေဖို့ ဖြောင်းဖြခဲ့လေသည်။

ဗီလာဟောင်းကို ရောင်းချပြီးသည့်အခါမှာတော့ ဝမ်မိသားစု၏ မြေးဖြစ်သူ ဝမ်ဝမ်ယိုဟာ မိသားစုပိုင်ဆိုင်မှုများကို မျှမျှတတ ရရှိခဲ့သည်။

ဝမ်မိသားစု အကြီးအကဲနှစ်ယောက်၏ ထိုသဘောထားကို ရှီယွင်နန် မကန့်ကွက်ခဲ့ပါ။ ဝမ်ဝမ်ယိုသာ သူ့ဘဝကို လာမထိခိုက်သရွေ့ သူမက သူနှင့် လုံးဝမသက်ဆိုင်သူသာဖြစ်သည်။

သို့သော်လည်း တဖက်လူက မကောင်းတဲ့ လုပ်ရပ်ကို ရပ်တန်ဖို့ ဆန္ဒမရှိခဲ့ပါချေ။

"ဝမ်ဝမ်ယို မင်း ဘာမကျေနပ်တာရှိသေးလို့လဲ? ဘယ်လိုတောင် ကျင်းယွီကို ကြံစည်ရဲရတာလဲ?"

ပုလင်းကွဲကို ကိုင်ထားသည့် ရှီယွင်နန်လက်က ပိုနီးကပ်လာပြီး သူက တစ်လုံးချင်းမေးလာသည်။ "မင်းငါ့ကို အမှန်အတိုင်း ပြောတာပိုကောင်းမယ်။ လော့ယန်ချွမ်းနဲ့ ဘယ်လို ပေါင်းကြံစည်ရဲတာလဲ!"

ဝမ်ဝမ်ယိုမှာ နှလုံးခုန်သံမြန်ပြီး တုန်ယင်လို့နေ၏။  သူမ ချုပ်တည်းရန် ကြိုးစားသော်လည်း ကြောက်လန့်မှုမှ မလွှတ်မြောက်နိုင်။ "ကျွန်မ မဟုတ်ဘူး၊ ကျွန်မလည်း အတင်းအကြပ်ဖိအားပေးခံရတာပါ!"

"ဝမ်းကွဲ..ဝမ်းကွဲအစ်ကို...ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါနော်"

"ကျွန်မ ရွေငါးလေးကို မထိခိုက်စေချင်ခဲ့ပါဘူး! အတင်းအကြပ် ဖိအားပေးခံရတာပါ!"

ရှီယွင်နန်ကတော့ တုတ်တုတ်မျှ မလုပ်ဘဲ သူမအား အေးတိအေးစက်သာ စိုက်ကြည့်နေလိုက်သည်။

ဝမ်ဝမ်ယိုမှာ ပြစ်ဒဏ်လျော့ရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း ဒီကပ်ဆိုးမှ လုံးဝမလွှတ်မြှောက်နိုင်မှန်း သိလိုက်ရသည့်အခါ အော်ဟစ်ငိုကျွေးတော့သည်။

"အစတုန်းက အမေနဲ့ အစ်ကို တစ်ယောက်ပြီးတစ်ယောက် ထောင်ကျသွားတော့ ဒီသတင်းသာ ပြန့်သွားရင် ကျွန်မဘဝကိုပါ ထိခိုက်လာမှာကို စိုးရိမ်နေခဲ့မိတာပါ..."

နောက်ပိုင်းတွင် သူမ သူငယ်ချင်း မော့ရွှမ်ချီနှင့် လော့ယန်ချွမ်းတို့ စေ့စပ်ပွဲအကြောင်း သူမကြားသိခဲ့ရ၏။ ထိုလူက စေ့စပ်ပွဲအတွက် သန်းသုံးဆယ် အကုန်ကျခံခဲ့ကြောင်း သိခဲ့ရသည့်အခါ သူမ အလွန်အမင်း စိတ်ဆင်းရဲပြီး မနာလိုဖြစ်ခဲ့ရသည်။

သူမနှင့် မော့ရွှမ်ချီမှာ သေချာပေါက်အချစ်ဆုံးသူငယ်ချင်းဖြစ်ကြပေမယ့် သူမအချစ်ရေး ယိုယွင်းပျက်စီးပြီး သူမ ဘဝဆိုးရွားနေတဲ့အချိန်မှာ ဘာလို့ မော့ရွှမ်ချီက အချစ်ခံနေရတာလဲ?

စေ့စပ်ပွဲနေ့ရောက်လာဖို့ကို ရေတွက်နေရင်း ထိုအတွေးတွေမှာ ပိုပို ပြင်းထန်လာခဲ့၏။

"စေ့စပ်ပွဲ မစခင် မင်္ဂလာဝတ်စုံအတူတူသွားရွေးဖို့ လော့ယန်ချွမ်း ဖုန်းဆက်ပေမယ့် မော့ရွှမ်ချီက သူ ရာသီလာနေလို့ အဆင်မပြေဘူးဆိုပြီး ဝုန်းဒိုင်းကြဲစိတ်ဆိုးခဲ့တယ်"

ထိုအချိန်တွင် စေ့စပ်ပွဲ၏ အရှုပ်အရှင်းတွေအား ဝမ်ဝမ်ယို ဘာတစ်ခုမျှ မသိ။ မော့ရွှမ်ချီတစ်ယောက် ကောင်းချီးများ ခံစားနေရတယ်လို့သာ သူမထင်နေခဲ့သည်။

သူမ ဘာလို့ စိတ်လိုက်မာန်ပါ ဒေါသထွက်နေမှန်း မသိတာကြောင့် မော့ရွှမ်ချီက သူမအစား ဝတ်စုံသွားရွေးပေးခဲ့လေသည်။ ထို့နောက် သူမ လော့ယန်ချွမ်းနှင့် နှစ်ယောက်တည်း တွေ့ဆုံနိုင်ခဲ့သည်။

"ကျွန်..ကျွန်မ အဲ့တုန်းက နတ်ဆိုးဝင်ပူးခံထားရလို့ဖြစ်မှာပါ။ မော့ရွှမ်ချီ ကျွန်မထက် ပိုကောင်းစားတာ မမြင်ချင်လို့၊ အဲ့ဒါကြောင့် ကျွန်မ..."

ဝမ်ဝမ်ယို တစ်ခုခုပြောချင်ပေမယ့်လည်း မျက်ရည်များက အဆက်မပြတ်ကျနေ၏။

လော့ယန်ချွမ်းရဲ့ စရိုက်ကို စဉ်းစားမိရင် သူတို့နှစ်ယောက်တွင် ဆက်ဆံရေးတစ်ခုရှိလောက်မည်ဟု ရှီယွင်နန် မှန်းဆမိလိုက်သည်။

ဝမ်ဝမ်ယိုမှာ စေ့စပ်ပွဲ၌ ထိုကဲ့သို့ အရှုပ်တော်များ ပေါ်လာမည်ဟု မထင်ထားခဲ့။ ထိုဗွီဒီယိုထဲက ကာယကံရှင်မှာ သူမဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။

ထိုကိစ္စဟာ သူမနှလုံးသားကို ဖျစ်ညစ်ဆုပ်ကိုင်ထားသည့်အတိုင်း သောကရောက်နေစေခဲ့သည်။

သို့သော်လည်း သူမရင်ဆိုင်ရမည့်အရာများက ထိုကိစ္စထက် အများကြီး ပိုလေသည်။

"ဝမ်မိသားစုက အမွေတွေအများကြီးပေးခဲ့ပေမယ့် ကျွန်မအစ်ကိုမှာ လောင်းကစားအကြွေးတွေ အများကြီး တင်နေတယ်။ အဲ့ကောင် ပိုက်ဆံချေးတုန်းက ကျွန်မ ဖုန်းနံပါတ် အဆက်အသွယ်တွေကို ပေးထားခဲ့တယ်လေ!"

"အကြွေးတောင်းတဲ့သူတွေ ကျွန်မကိုရှာတွေ့သွားတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ကတ်ထဲက ပိုက်ဆံအားလုံးကို သုံးလိုက်ရတယ်"

ဒီဗီလာအသေးလေးကတော့ ဝမ်ယန်ဖုန်းက သူမသမီးအား နှစ်သိမ့်ရန် ပြန်ဝယ်ပေးခဲ့တာပင်။

"လူဆိုရင် ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့ သင်ယူရမယ်လို့ အဖေက ပြောတယ်။ အခု သူ ကျွန်မကို ထောက်ပံ့ဖို့ ပိုက်ဆံရှိရင်တောင် တစ်နေ့ သူအသက်ကြီးလာမှာပဲတဲ့..."

ဖြစ်ရပ်များစွာကို တွေ့ကြုံခံစားခဲ့ရသည့် ဝမ်ဝမ်ယိုမှာ နောက်ဆုံးတော့ အဖေ့စကားကို နားထောင်ခဲ့လေသည်။

ဝမ်ယန်ဖုန်းက အဆက်အသွယ်တွေ သုံးပြီး သူ့သမီးလေးအား မူကြိုတွင် အကဆရာမအဖြစ် အလုပ်ပေးခဲ့သည်။ ဝမ်ဝမ်ယိုမှာ အစကနေ ပြန်စရန် နာမည်ကိုပင် ပြောင်းခဲ့၏။

လူချမ်းသာများတက်သည့် ကျောင်းဖြစ်တာကြောင့် အကဆရာမ၏လစာမှာ အလွန်များပြီး အချို့မိဘများဆို သူ့မအား ပိတ်ရက်တွင် လာသင်ပေးရန် ဂိုက်ငှါးခဲ့ကြသည်။

အချိန်အတော်ကြာပြီးနောက်မှာတော့ သူမဘဝတည်ငြိမ်သွားပြီး အဆင်ပြေနေလောက်ပြီဟု ဝမ်ဝမ်ယို ခံစားမိခဲ့သည်။

"ကျွန်မ စေ့စပ်ပွဲတုန်းက ကိစ္စတွေကိုတောင် မေ့သွားပါပြီ၊ ဒါမယ့် လော့ယန်ချွမ်း အိမ်ရှေ့ထိ ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး..."

ရှီယွင်နန် သတိပေးစကားကို ပြန်ကြားယောင်ပြီး ဝမ်ဝမ်ယိုတစ်ယောက် နောင်တ အကြီးအကျယ်ရနေတော့သည်။

" ဝမ်ကွဲအစ်ကို ပြောတာမှန်တယ်"

"ကျွန်မ ပစ္စည်းမဟုတ်ရင် ဘယ်တော့မှ ကျွန်မအပိုင်ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်မ အဲ့လို ရွံစရာကောင်းတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့သင့်ဘူး"

ကိုယ်ပြုတဲ့ ကံက ကိုယ့်ထံပြန်လာမည်ဆိုသည့် စကားအတိုင်း တစ်ခါပြုလိုက်သည်နှင့် မလွှဲဧကန် ကိုယ့်ထံ အချိန်မှန် ပြန်ရောက်လာတတ်သည်။

ထို့နေကသာ ရူးရူးမိုက်မိုက် မမြူဆွယ်ခဲ့ရင် သွားစရာမရှိတဲ့ လော့ယန်ချွမ်းက ဘယ်လိုလုပ် ဝမ်ဝမ်ယိုကို ခြိမ်းခြောက်နိုင်ခဲ့ပါ့မလဲ?

လော့ယန်ချွမ်းကို ဖမ်းဖို့ သူမတိတ်တိတ်လေး ရဲခေါ်မယ့်အကြောင်း စဉ်းစားလိုက်ပေမယ့် အဲ့ဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီဖြန့်မှာဖြစ်ပြီး သူမအလုပ်ကို နာနာခံခံဆောင်ရွက်မှသာ ထိုကိစ္စကို ဖြေရှင်းနိုင်လေမည်။

"ကျွန်မမှာ ရွေးချယ်စရာမရှိလို့ပါ။ ကျွန်မမှာ ရွေးချယ်စရာ မရှိခဲ့တာ အမှန်ပါ။ လော့ယန်ချွမ်း ခြိမ်းခြောက်တာကိုပဲ တသွေမတိမ်း နားထောင်ခဲ့ရတယ်။ ဒီနိုင်ငံက ထွက်သွားလို့ရအောင် ကူညီပေးရမယ်လို့ပဲ ထင်နေခဲ့တာပါ"

"ဒါပေမယ့် ကျွန်မက ရွှေငါးလေးရဲ့ ဆရာမမှန်း သူသိသွားတော့ ဒီလိုလုပ်ရပ်တွေကို လုပ်ခိုင်းခဲ့တာပါ.."

Camp၏ အစီအစဉ်များကို ဝမ်ဝမ်ယိုက လော့ယန်ချွမ်းအား ပေးပို့ခဲ့ပြီး၊ ဟိုတယ်စောင့်ကြည့်ကင်မရာ လုံခြုံရေးတွေကို စစ်ဆေးရန် ခွင့်တောင်ကြိုယူခဲ့လေသည်။

"ဝမ်းကွဲအစ်ကို ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွတ်ပါ။ ကျွန်မ တောင်းပန်ပါတယ်၊ ဒီတစ်ခေါက်တကယ် စိတ်လိုက်မာန်ပါ လုပ်ခဲ့တာ မဟုတ်ပါဘူး! ကျွန်မမှားမှန်းသိပါပြီ...ကျွန်မမှားမှန်း တကယ်သိပါပြီ!"

ဝမ်ဝမ်ယိုမှာ နောင်တများဖြင့် ငိုယိုဟစ်ကျွေးလို့နေ၏။

သူမ မနေ့ညကတည်းက လော့ယန်ချွမ်းကို အဆက်အသွယ်မရတာကြောင့်၊ ရဲတွေဘက်က သတင်းကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။ အခုသတင်းကို တွေ့လိုက်ရသည့်အခါမှာတော့ ဒီရက်ပိုင်း သူမစိုးရိမ်နေခဲ့သည့် အရာတွေမှာ တကယ်ဖြစ်လာလေပြီ။

"ငါ့ရှေ့မှာ ဒီလိုသနားစရာကောင်းတဲ့ပုံနဲ့ ငိုနေစရာမလိုဘူး။ အခုဒီလိုတွေဖြစ်တာ မင်းကိုယ်တိုင်စိုက်တဲ့ ခါးသီးတဲ့ အသီးတွေကြောင့်ပဲလေ"

ရှီယွင်နန် တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်လိုက်၏။ သူက ပုလင်းကွဲကို ကော်ဇောပေါ် ပစ်ချလိုက်ပြီး အသံသွင်းထားသည့် ဘောပင်အား ထုတ်လိုက်သည်။

"လော့ယန်ချွမ်း သတိမေ့နေတုန်းမို့ ဝန်မခံနိုင်သေးဘူး။ မင်းပြောထားတဲ့ ဒီအသံဖိုင်ကို ငါရဲတွေဆီ လွှဲပေးလိုက်မယ်။ ကျန်ကိစ္စတွေကိုတော့ သူတို့ဆီပဲ လွှဲထားလိုက်ပြီ"

"ဝမ်ဝမ်ယို ငါမင်းကို ဘယ်တော့မှ လက်စားချေမှာမဟုတ်ဘူး။ မင်းကိုယ်တိုင်ပဲ လုပ်တာ"

တကယ့်အမှန်ကို သိလိုက်ရပြီဖြစ်တဲ့ ရှီယွင်နန်ကတော့ လှည့်ထွက်သွားလိုက်၏။

တံခါးကို ဆောင့်ပိတ်သံက ဟိန်းထွက်သွားလေသည်။

ဝမ်ဝမ်ယိုမှာ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားပြီး နောင်တများဖြင့် အော်ဟစ် ငိုကျွေးတော့သည်။

ခုမှပဲ သူမအသိတရားဝင်တော့တယ်...

သူမကို တကယ်ထိခိုက်စေခဲ့တဲ့သူက ရှီယွင်နန်မဟုတ်ဘူး၊ လူကြီးလူကောင်း အရေခွံခြုံထားတဲ့ လော့ယန်ချွမ်းနဲ့ အမြဲ လမ်းမှားကိုသာ လျှောက်လှမ်းနေခဲ့တဲ့ သူမကိုယ်တိုင်ပဲ!

...

ရက်နှစ်ဆယ်အကြာတွင်—

ကိစ္စအားလုံးမှာ ပြေလည်သွားလေပြီ။

ရှီယွင်နန် ဒီဇိုင်းဆွဲပြီးနောက်မှာတော့ အဝတ်အစားလဲပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

ခဏအကြာတွင် လော့ခ်ချထားသည့် ရေချိုးခန်းတံခါးကို တစ်ယောက်ယောက်က အလွယ်တကူဖွင့်လာ၏။ ရှီယွင်နန် လှည့်ကြည့်လိုက်သည်နှင့် ရင်းနှီးသည့် ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရသည်။

"အလုပ်ပြီးသွားပြီလား?"

"အမ်း"

ရှီယွင်နန်မှာ အလွယ်တကူပဲ ဘေစင်သို့ ပွေ့ခေါ်သွားခံရပြီး လော့လင်းရှန်းဆီမှ အကြမ်းပတမ်းအနမ်းခံနေရသည်။

"ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ကျင်းယွီကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခဲ့သေးတယ်မလား? ဒီနေ အဖြေသိရပြီ။"

ရှီယွင်နန် စိုးရိမ်တကြီး မေးလိုက်သည်။ "ဘာတဲ့လဲ?"

"အရမ်းကောင်းတယ်။" လော့လင်းရှန်း အဖြေမှာ ရိုးရှင်းပြီး မကျေမနပ်အရိပ်အယောင်တချို့ ရှိနေသည်။ "ကိုယ်ထင်တာတော့... သူ့အခန်းထဲမှာ ပြန်အိပ်ဖို့ အချိန်တန်ပြီလားလို့"

ပြန်ပေးဆွဲခံရသည့် ဖြစ်ရပ်နောက်ပိုင်း၊ အစမှာတော့ ရွှေငါးလေးတွင် ဆိုးဆိုးရွားရွားရွား တုံ့ပြန်မှုများရှိနေခဲ့သည်။ မိဘများအနေဖြင့် သူတို့နှစ်ဦးက စိတ်ပိုင်းဆိုင်ရာ အကြံပေးပညာရှင်များ၏ အကြံဉာဏ်ကိုလိုက်နာကာ ညတိုင်း သူနှင့် အတူတူအိပ်ပေးခဲ့လေသည်။

မျက်စိတမှိတ်အတွင်းမှာပဲ တစ်လတောင် ပြည့်တော့မည်။

ကလေးလေးရဲ့ အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုကောင်းလာ၏။ သူဟာ ညတိုင်း စောင်လေးကို ပိုက်ကာ အိပ်ယာပေါ်တက်တက်လာပြီး ဂွတ်နိုက်ပြောပြီးသည်နှင့် တန်းအိပ်ပျော်သွားတတ်သည်။ စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီးမှာ လုံးဝပျောက်ကွယ်သွားလေပြီ။

"နည်းနည်းကြာကြာလောက် ပိုအိပ်ပေးလိုက်ပါ။ သူတစ်ယောက်တည်းအိပ်တာကို ကျွန်တော် စိတ်ပူနေတုန်းပဲ"

ရှီယွင်နန်မှာ ရွှေငါးလေးကို အရမ်းချစ်တာကြောင့် ထပ်နာကျင် မခံစားစေချင်ပေ။

"ကိုယ့်တူလေးကို မချစ်တာတော့ မဟုတ်ပါဘူး။ ဒါမယ့် သူက အဲ့လောက် မပျော့ညံ့ပါဘူး"

လော့လင်းရှန်းက ရှီယွင်နန် ကျောပြင်လေးကို တယုတယ ပွတ်သပ်ပေးနေရင်း ကူကယ်ရာမဲ့နေသည့် မျက်နှာထားလေးဖြင့်ပြောလာသည်။ "သူကတော့ ညတိုင်း ကောင်းကောင်းအိပ်ပျော်နေတာပဲ၊ ကိုယ်ကကော?"

အရင်တုန်းက သူ့ခြေထောက်တွေ အဆင်မပြေရင်တောင် ရသင့်တဲ့ ညအခါသမယလေးတော့ ရခဲ့သေးသည်။ အခုတော့ သူတူလေးနှင့် နေ့တိုင်း တူတူအိပ်နေရလေသည်။

ရှီယွင်နန်ရယ်ကာ လော့လင်းရှန်း၏ နှုတ်ခမ်းလေးကို နမ်းလိုက်၏။

"...ခဏလေးပဲစောင့်ပါ"

သူတို့နှစ်ယောက်၏ အသက်ရှူသံတွေ ရောစပ်သွားတဲ့ အခါမှာတော့ အချိန်အတော်ကြာ မျိုသိပ်ထားခဲ့ရသည့် အချစ်ရမ္မက်တွေဟာ တဖန် ပေါက်ဖွားလာလေသည်။

"ဘယ်လောက်ထိလဲ?"

"ကျွန်တော်......"

ရှီယွင်နန် စကားလုံးတစ်လုံးပဲ ပြန်ဖြေရသေးချိန် လော့လင်းရှန်းက သူ့ခေါင်းလေးကို လက်ဖြင့်ဖိကာ အကြမ်းပတမ်းနမ်းချလိုက်၏။

"အမ်း~"

ရှီယွင်နန်ဆီကနေ ညည်းညူသံထွက်လာ၏။ ချောင်ချောင်ချိချိဝတ်ထားသည့် ရေချိုးဝတ်ရုံလေးမှာ ချွတ်ခံထားရလေပြီ။

သူတို့ စိတ်တွေ လွတ်ပြီး နစ်မြောတော့မည့်အချိန်မှာပဲ တံခါးနားကနေ အသံလေးကြားလိုက်ရသည်။  "ရှောင်ရှုရှု! သားကိုယ့်ဘာသာကိုယ် ရေချိုးပြီးပြီနော်!"

"..."

"..."

ရုတ်တရက် လော့လင်းရှန်းကော ရှီယွင်နန်ကော နမ်းတာ ရပ်လိုက်မိကြသည်။

"ဒီလိုသာ ဆက်ဖြစ်နေရင် စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီး ရတော့မယ့်သူက ကိုယ်ဖြစ်တော့မယ်ထင်တယ်"

"ဟုတ်ပါပြီ လျှောက်မလုပ်နဲ့တော့"

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ငြိမ်ငြိမ်သက်သက် စိုက်ကြည့်နေလိုက်ကြ၏။ တစ်ယောက်မှာ အခက်တွေ့တဲ့ မျက်နှာထားဖြစ်နေပြီး နောက်တစ်ယောက်မှာ ရယ်မောလို့နေသည်။

ရှီယွင်နန်က လော့လင်းရှန်း ဖက်ထားတာကို အသာအယာတွန်းလိုက်ပြီး ဘေစင်ပေါ်မှဆင်းကာ တံခါးကို တွန်းဖွင့်လိုက်သည်။

ရေချိုးခန်းတံခါးဝတွင်ရပ်နေသည့် ရွှေငါးလေးမှာတော့ အထဲတွင် လော့လင်းရှန်း ရှိနေမယ်လို့ မထင်ထားကာ ကြောင်တောင်တောင်ပုံစံလေးဖြင့် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။

"ရှောင်ရှုရှု၊ ရေတူတူချိုးနေကြတာလား?"

"..."

ရှီယွင်နန် ချောင်းတချက် ဟန့်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။ "ဒီနေ့ ငါတို့ ရွှေငါးလေး ဘယ်လိုပုံပြင်နားထောင်ချင်လဲ?"

ဒါကိုကြားတော့ ရွှေငါးလေးတစ်ယောက် အိပ်ခန်းထဲရှိ ခုတင်ပေါ်သို့ ပြေးတက်သွားတော့လေသည်။

သူ့ရှုရှူ ဘာလို့ မကျေမနပ်တဲ့မျက်နှာဖြစ်နေမှန်း သူမသိပေမယ့် ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ရပါတယ်! ရှောင်ရှုရှု ပြောပြတဲ့ ပုံပြင်မှန်သမျှကို ကြိုက်တယ်!"

"ဟုတ်ပါပြီ၊ ဒါဆို လိမ်လိမ်မာမာလေး လှဲတော့နော်"

"ဟုတ်!"

...

ညအချိန် ရောက်လာသည်နှင့်အမျှ ကောင်းကင်ကြီးမှာလည်း မှောင်မိုက်လို့နေ၏။

ရှီယွင်နန် ဘေးတစ်ဖက်ရှိ လှုပ်ရှားသံတွေကို ကြားလိုက်ရချိန်မှာတော့ သူ့ငိုက်မျဉ်းနေဆဲပင်။ သူ မနည်း မျက်လုံးဖွင့်ကြည့်ဖို့ ပြင်လိုက်ချိန် ပွေ့ချီခံလိုက်ရလေသည်။

ရုတ်တရက် လေထဲသို့မြှောက်တက်သွားတာကြောင့် အိပ်ချင်ပြေသွားတော့သည်။

"ခင်ဗျား..."

"ရှူး တိုးတိုး ကျင်းယွီအိပ်နေတုန်းပဲ"

လော့လင်းရှန်းက စကားတစ်ခွန်းပြောပြီး ရှီယွင်နန်ကို အခန်းထဲကနေ ပွေ့ချီ သယ်သွားသည်။

အိပ်ခန်းထဲက ထွက်လာတော့ ရှီယွင်နန် သိလျက်နဲ့ မေးလိုက်၏။ "ခင်ဗျား ညသန်းခေါင်အချိန်ကြီးမှာ ဘာလုပ်ချင်လို့လဲ?"

"ကိုယ်ဘာလုပ်ချင်နေတယ်လို့ ထင်လဲ?"

လော့လင်းရှန်း ပြောပြီးနောက် ရှီယွင်နန်အား နောက်အိပ်ခန်းတစ်ခန်းသို့ ခေါ်သွားလိုက်လေသည်။

ထိုအခန်းမှာ ရှီယွင်နန် အလုပ်အခန်းအဖြစ် အသုံးပြုသော နေရာဖြစ်ပြီး ခုတင်တစ်ခုကလည်း ရှိနေသည်။

လော့လင်းရှန်းက တံခါးကို လော့ခ်ချလိုက်၏။ ရှီယွင်နန်ကို ခုတင်ပေါ်ချပေးလိုက်ပြီးနောက် သူက မြန်မြန်ဆန်ဆန်ပဲ နမ်းချလိုက်သည်။ "မင်းကလေးလေးကို ချော့သိပ်ပြီးပြီလေ။ အခု ကိုယ့်ကို ချော့သိပ်ပေးသင့်တယ်မလား?"

ရှီယွင်နန် သူ့ပုခုံးလေးကို သိုင်းဖက်ထားလျက် ပြန်မေးလိုက်သည်။

"ဒါဆို ခင်ဗျားက ကလေးကြီးလား?"

"ကိုယ့်ကို ချော့သိပ်ပေး။" လော့လင်းရှန်းက သူ့စကားအတိုင်း ပြန်လည်ကျီစယ်လိုက်၏။ ရှီယွင်နန်မှာ အသက်ရှူသံလေးလံလာပြီး ပူလောင်လာတော့သည်။

"ဘယ်လိုချော့သိပ်စေချင်တာလဲ? ကျွန်တော် အမ်..."

ကျန်တဲ့စကားတွေကိုတော့ အနမ်းက ဝါးမြိုလိုက်ပြီး အရာအားလုံးဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတော့သည်။

အမှောင်ထဲတွင် အလိုရမ္မက်တိုင်းက အဆုံးမရှိ အဆမတန် ကြီးထွားလို့နေ၏။

ရှီယွင်နန်မှာ ရမ္မက်ပင်လယ်ထဲတွင် နစ်မြှုပ်နေသလို ခံစားနေရပြီး လော့လင်းရှန်းကသာ သူလှမ်းပြီး ပွေ့ဖက်ထားနိုင်တဲ့ သစ်တုံးတစ်တုံးလိုပင်။

သူတို့နှစ်ယောက် ချစ်တယ်ဆိုတဲ့စကားကို ကြိမ်ဖန်များစွာ ဝန်ခံနေကြပြီးနောက်၊ တကယ့်ကို ချစ်ခြင်းများဖြင့် လေးနက်သည့် စကားလေးတစ်ခွန်းကို ရှီယွင်နန် ကြားလိုက်ရသည်။

"ယွင်နန် ကိုယ်တို့ မင်္ဂလာပွဲ ကျင်းပကြမလား?"

"ကောင်းပြီလေ။"




Zawgyi



ေလာ့လင္းရွန္း ႏိုးလာသည့္အခါမွာေတာ့ သူ႔နံေဘးရွိ အႀကီးေလးႏွင့္ အေသးေလးမွာ အိပ္ေပ်ာ္ေနဆဲပင္။

ရွီယြင္နန္က သူ႔အား ေက်ာခိုင္းအိပ္ေနၿပီး ေ႐ႊငါးေလးက ရွီယြင္နန္လက္ေမာင္းကို ေခါင္းအုံးအျဖစ္ အသုံးျပဳရင္း အိပ္ေပ်ာ္ေနသည္။

"အမ္......"

ေ႐ႊငါးေလး ပုံမွန္ထေနက်အခ်ိန္မို႔ ျဖစ္ေကာင္းျဖစ္ႏိုင္၏။ သူဟာ ကေယာင္ကမ္း ျမည္ၿပီးေနာက္ မ်က္လုံးေလးကို ပြတ္သပ္ရင္း ႏိုးလာေတာ့သည္။

"ဂြတ္ေမာနင္း ရႈရႈ"

သူက သမ္းေနၿပီး၊ သူ႔ပုံစံေလးမွာ အိပ္ေရးမဝေသးတာေၾကာင့္ အိပ္ငိုက္ေနေသးပုံပင္။

"ထပ္အိပ္ခ်င္ေသးလား?" ေလာ့လင္းရွန္းက သူ႔လင္ေခ်ာင္းေလးျဖင့္ သူ႔တူေလးရဲ႕ ရႈပ္ပြေနေသာဆံပင္ေလးေတြကို ပြတ္သပ္ေပးလိုက္သည္။

"ဒီေန႔ ေစာေစာထစရာမလိုဘူး။ အိပ္လို႔ရတယ္"

ထိုစကားကိုၾကားသည့္အခါ၊ ေ႐ႊငါးေလးက ခ်က္ခ်င္းပင္ သူ႔ေစာင္ေလးအား ေခါက္လိုက္ၿပီး သူ႔ဗိုက္ေပၚ ျပန္တင္ထားလိုက္သည္။

သူက ဆက္မအိပ္ေတာ့ဘဲ ရွီယြင္နန္ကိုပဲ စူးစူးစိုက္စိုက္ၾကည့္ရင္း တျဖည္းျဖည္းအိပ္ခ်င္စိတ္​ေျပသြားေလသည္။ "ေရွာင္ရႈရႈကို ဘယ္ေတာ့ ႏႈိးမွာလဲ?"

ေလာ့လင္းရွန္းက ရွီယြင္နန္ရဲ႕ နား႐ြက္ေလးကို အသာအယာ ဖုံးလိုက္ၿပီး ျပန္ေျဖလိုက္သည္။

"သူၾကာၾကာအိပ္ပါေစ"

"အိုး"

ေ႐ႊငါးေလးမွာ ခ်က္ခ်င္းပင္ စကားမေျပာေတာ့ဘဲ ရွီယြင္နန္ အနားေလးကိုသာ ထပ္တိုးကပ္ေနလိုက္၏။

တူဝရီးႏွစ္ေယာက္ တိတ္တိတ္ေလး ေစာင့္ဆိုင္းေနေပးၿပီးေနာက္မွာေတာ့ ရွီယြင္နန္ ႏိုးလာေတာ့ေလသည္။

သူ အိပ္ခ်င္မူးတူးညည္းတြားလိုက္ၿပီး ေနာက္သို႔လွည့္လိုက္သည့္အခါမွာေတာ့ တရင္းတႏွီးရွိသည့္ ရင္ခြင္ထဲ က်ေရာက္လို႔သြားသည္။ "... ဘယ္အခ်ိန္ရွိၿပီလဲ?"

ေလာ့လင္းရွန္းက သူ႔နားေလး အနား ကပ္ေျပာလိုက္၏။ "ကိုးနာရီထိုးေတာ့မယ္။ အိပ္ေရးဝရဲ႕လား?"

ေ႐ႊငါးေလးကေတာ့ သူေစာေစာထတုန္းက ရွီယြင္နန္ ပုံစံေလးကို ျပန္ေတြးမိသြားၿပီး ရယ္ေနေတာ့သည္။ "ေရွာင္ရႈရႈက အိပ္တာကို အရမ္းႀကိဳက္တာပဲေနာ္"

ခြၽဲတိခြၽဲတဲ ကေလးအသံေလးေၾကာင့္ ရွီယြင္နန္ အိပ္ခ်င္ေျပသြား၏။ သူက မ်က္လုံးေလးဖြင့္ကာ ခႏၶာကိုယ္ အေနအထားေျပာင္းလိုက္ၿပီး ကေလးေလးရဲ႕ ပါးေလးေတြကို ဖ်စ္ညစ္လိုက္ေတာ့သည္။

"အဲ့ေတာ့ ဘာျဖစ္လဲ ဟမ္? အိပ္ပုတ္ေလး"

ေ႐ႊငါးေလးက အၿပဳံးေလးျဖင့္ ႏႈတ္ဆက္လာသည္။ "ဂြတ္ေမာနင္း ေရွာင္ရႈရႈ"

"ဂြတ္ေမာနင္းပါ ေပါင္ေပ့" ရွီယြင္နန္ ေလသံမွာေတာ့ အိပ္ခ်င္မူးတူးျဖစ္ေနဆဲပင္။

သူက ပိတ္ထားတဲ့ လိုက္ကာေတြကိုၾကည့္ကာ—

"လိုက္ကာေတြဖြင့္လိုက္ပါလား ဒီေန႔ ေနသာလား ၾကည့္ၾကည့္ရေအာင္"

ေလာ့လင္းရွန္းက သူ႔စကားအတိုင္း စားပြဲခုံေဘးက ခလုတ္ေလးကို ႏွိပ္လိုက္၏။

အလိုအေလ်ာက္ လိုက္ကာေတြမွာ ပြင့္သြားၿပီး အခန္းရဲ႕ မွိန္ျပျပအလင္းေရာင္ႏွင့္မတူေသာ ေတာက္ပသည့္ ေနေရာင္က ထိုးေဖာက္ဝင္ေရာက္လာသည္။

ေလာ့လင္းရွန္းက ခ်က္ခ်င္းပင္ ေနေရာင္ေၾကာင့္ မ်က္လုံးမစူးေအာင္ လက္တစ္ဖက္ျဖင့္ သူ႔ခ်စ္သူ မ်က္လုံးေလးကို အုပ္ေပးလိုက္ၿပီး က်န္လက္တစ္ဖက္ျဖင့္ သူ႔တူေလး၏ မ်က္လုံးေလးေတြကို အုပ္ထားေပးလိုက္သည္။

မိနစ္အၾကာမွာေတာ့ သူက ျဖည္းျဖည္းခ်င္း ဖြင့္ေပးလိုက္၏။

အျပာေရာင္ ေကာင္းကင္ႀကီးႏွင့္ အျဖဴေရာင္ တိမ္တိုက္မ်ားကို ေတြ႕သည့္အခါမွာေတာ့ ေ႐ႊငါးေလးတစ္ေယာက္ စိတ္အေျခအေန ပိုေကာင္းသြားကာ ခ်စ္ဖို႔ေကာင္းစြာ ေျပာလာ​ေတာ့သည္။ "ရႈရႈ! ေရွာင္ရႈရႈ! ဒီေန႔လည္း ႏွစ္ေယာက္လုံးကို အရမ္းခ်စ္တယ္ေနာ္!"

ဒီလို အသက္အ႐ြယ္ကေလးေလးေတြဟာ သူ႔တို႔ရဲ႕ ရင္တြင္းျဖစ္ ဆႏၵေတြကို ထုတ္ျပဖို႔ ဘယ္တုန္းကမွ မတြန္႔ၾကေပ။

ရွီယြင္နန္မွာ သူ႔တူေလးေၾကာင့္ အလြန္ေႏြးေထြးသြားသလို ခံစားလိုက္ရၿပီး အၿပဳံးေလးျဖင့္ ျပန္ေျပာလိုက္သည္။ "ဟုတ္ပါၿပီကြာ ဒီေန႔လည္း မင္းတို႔ႏွစ္ေယာက္ကို အရမ္းခ်စ္တယ္"

"ဟီးဟီး~"

အေျဖကို ၾကားလိုက္ရတဲ့ ေ႐ႊငါးေလးမွာ ေက်နပ္စြာ ၿပဳံးေနၿပီး ေလာ့လင္းရွန္းအား ေမွ်ာ္လင့္တႀကီး ၾကည့္လိုက္၏။

ရွီယြင္နန္လည္း သူ႔တူေလးအေတြးေတြကို သေဘာေပါက္ကာ တဖက္သား၏ အေျဖစကားကို ၾကားရရန္ စိတ္ဝင္တစား စူးစူးစိုက္စိုက္ၾကည့္လိုက္သည္။

ေလာ့လင္းရွန္းမွာ သူ႔ ခ်စ္ျခင္းေမတၱာေတြကို ႏႈတ္ျဖင့္ထုတ္ေျပာရတာမႀကိဳက္သူျဖစ္၏။

ရွီယြင္နန္ကို ျဖစ္ျဖစ္ ေ႐ႊငါးေလးကို ျဖစ္ျဖစ္ သူဟာ သူ႔လုပ္ရပ္ျဖင့္သာ ထုတ္ေဖာ္ျပေလ့ရွိသည္။

အခုေတာ့ ႏွစ္ေယာက္သား၏ ေမွ်ာ္လင့္ေစာင့္စားေနေသာ အၾကည့္က သူ႔အား အႏိုင္ယူသြားေတာ့သည္။

"........ ငါလည္း မင္းတို႔ကို ခ်စ္ပါတယ္"

ေ႐ႊငါးေလးအတြက္ေတာ့ သူ႔ဦးေလး ခ်စ္တယ္လို႔ ေျပာတာကို ပထမဆုံး ၾကားဖူးျခင္းပင္။ သူ႔မ်က္ဝန္းေလးမွာ ခ်က္ခ်င္းပင္ လင္းလက္ေတာက္ပလာၿပီး အက ကျပၿပီးေတာ့ေတာင္  အားတက္သေရာ ဆိုေနေတာ့ေလသည္။

"ရႈရႈတို႔ကို အရမ္းခ်စ္တယ္! သမုဒၵရာထဲက ပင္လယ္ေရေတြလိုပဲ ဘယ္ေတာ့မွ မခန္းေျခာက္ႏိုင္!"

သူဟာ ထိုကဲ့သို႔ ဥပမာေလးနဲ႔ပါ ျမဴးျမဴႂကြႂကြ ကျပေနေတာ့၏။

ဒါကိုျမင္ေတာ့ ရွီယြင္နန္ႏွင့္ ေလာ့လင္းရွန္းမွာ တၿပိဳင္နက္တည္း စိတ္သက္သာရာ ရသြားေတာ့သည္။

ေ႐ႊငါးေလး၏ ခ်စ္စဖြယ္ အျပဳအမူေလးေၾကာင့္ ျပန္ေပးဆြဲခံရျခင္းက သူ႔အေပၚ အနည္းသာ သက္ေရာက္မွန္း သေဘာေပါက္သြားၾကေလသည္။

ေလာ့လင္းရွန္းက ေျပာလိုက္သည္။ "ဟုတ္ပါၿပီ သြား ကိုယ့္ဘာသာ မ်က္ႏွာသြားသစ္ေတာ့။ ခဏေနၾကရင္ မနက္စာ စားၾကမယ္"

"ဟုတ္!"

ေ႐ႊငါးေလးက သူ႔ေစာင္ေလးကို ေခါက္ဖို႔လည္း မေမ့။ ထို႔ေနာက္ သူက လိမ္လိမ္မာမာေလး အိပ္ယာေပၚမွ ဆင္းၿပီး ေရခ်ိဳးခန္းထဲ ေျပးသြားေတာ့သည္။

ရွီယြင္နန္လည္း ထဖို႔ ျပင္လိုက္သည္ႏွင့္ ေလာ့လင္းရွန္းက သူ႔ရင္ခြင္ထဲ ျပန္ဆြဲသြင္းလိုက္သည္။  "ခဏေလာက္ လွဲေန က်င္းယြီက ေနာက္ထပ္ ငါးမိနစ္ ေျခာက္မိနစ္ေလာက္ ၾကာအုံးမွာ"

ရွီယြင္နန္က သူ႔ခ်စ္သူ လည္စလုတ္ေလးကို ကိုက္လိုက္ၿပီး ဒီရင္းႏွီးကြၽမ္းဝင္သည့္ အခိုက္အတန္႔ေလးကို ၿငိမ္ၿငိမ္သက္သက္ေနရင္း ခံစားေနေလသည္။

ေလာ့လင္းရွန္း ႏွလုံးသားမွာ သူ႔အျပဳအမူေလးေၾကာင့္ ယားယံသြားၿပီး၊ သူကေခါင္းေလးကိုေစာင္းကာ သူ႔ခ်စ္သူ၏ နား႐ြက္ေလးကို အဆက္မျပတ္ နမ္းရႈိက္လိုက္သည္။ သူခ်စ္သူ၏ နား႐ြက္ေလးနီရဲသြားမွသာ သူက စကားတစ္ခြန္းဆိုလိုက္၏...

"မင္းကို အခ်စ္ဆုံးပဲ "

တိုးညႇင္းေသာေလသံထဲတြင္ တုႏႈိင္းမရသည့္
ရမၼက္အရိပ္အေယာင္မ်ား ဖုံးကြယ္လို႔ေနသည္။

ထိုစကားကိုၾကားလိုက္ရသည့္ အခါမွာေတာ့ ရွီယြင္နန္ ႏွလုံးသားေလး ပူေလာင္လာသလို ခံစားလိုက္ရ၏။ ထို႔အျပင္ ဒီစကားေလးဟာ "ႏွစ္ဦးႏွစ္ဖက္ခံစားခ်က္အတြက္" ေလာ့လင္းရွန္း၏ အေျဖျဖစ္မွန္း ရွီယြင္နန္ သိလိုက္သည္။

သူတို႔ေ႐ႊငါးေလးအေပၚ ခ်စ္တဲ့အခ်စ္က မိသားစု ခ်စ္ျခင္းေမတၱာ(၅၂၈ ခ်စ္ျခင္းေမတၱာ)ျဖစ္ၿပီး၊ သူတိို႔ႏွစ္ေယာက္ တစ္ေယာက္ေပၚ တစ္ေယာက္ ခ်စ္တဲ့ အခ်စ္မွာေတာ့ တစ္ဘဝလုံးစာ (၁၅၀၀အခ်စ္) ျဖစ္ေလသည္။

ရွီယြင္နန္မွာ အၿပဳံးေလးျဖင့္ ေမာ့ၾကည့္လိုက္ၿပီး သူ႔ခ်စ္သူ၏ ႏွာဖ်ားေလးကို ပြတ္သီးပြတ္သပ္မလုပ္ဘဲ မေနႏိုင္ေတာ့။ သူဟာ အရင္ကလို စေနာက္မယ့္အစား ေလးေလးနက္နက္ျပန္ေျပာလိုက္သည္။

"ကြၽန္ေတာ္လည္း ခင္ဗ်ားကို အခ်စ္ဆုံးပဲ"

ေနာက္တစ္စကၠန႔္မွာေတာ့ ေရခ်ိဳးခန္းထဲမွ ေ႐ႊငါးေလးရဲ႕ ေတာင္းဆိုသံကို ၾကားလိုက္ၾကရသည္။ "ရႈရႈ မ်က္ႏွာသုတ္ပဝါက လွမ္းယူဖို႔ ျမင့္ေနတယ္"

ေလာ့လင္းရွန္းမွာ ကူကယ္ရာမဲ့စြာ ၿပဳံးမိသြား၏။

"ထေတာ့"

"အမ္း"

...

သုံးေယာက္သား မနက္စာကို ႐ိုး႐ိုးရွင္းရွင္း စားလိုက္ၾက၏။ ရဲစခန္းတြင္ ေထြေထြထူးထူး ကိစၥမရွိေတာ့ေၾကာင္း အတည္ျပဳၿပီးေနာက္မွာေတာ့ ေန႔လည္ပိုင္းတြင္ အင္ပါယာၿမိဳ႕ေတာ္သို႔ ျပန္လာလိုက္ၾကသည္။

ႏွစ္ရက္ေလာက္ စိတ္ပူေနခဲ့ရသည့္ အိမ္ေတာ္ထိန္းခ်င္မွာ တံခါးဝတြင္ ရပ္ေစာင့္ေနရွာ၏။ ေ႐ႊငါးေလးကို ေတြ႕သည့္ အခါမွာေတာ့ သူ႔မ်က္လုံးမ်ား နီရဲလာေတာ့သည္။

"သခင္ေလး၊ သခင္ေလး ျပန္လာတာကို ေစာင့္ေနတာ။"

"ဘိုးဘိုးခ်င္"

ေ႐ႊငါးေလးက သူ႔ရင္ခြင္ထဲ ေျပးဝင္လိုက္၏။

အိမ္ေတာ္ထိန္းခ်င္တစ္ေယာက္ ေ႐ႊငါးေလးလည္ပင္းေပၚရွိ ျခစ္ရာေလးကို ေတြ႕သည့္အခါမွာေတာ့ သူ႔ႏွလုံးသားေလး နာက်င္သြားေတာ့သည္။ "အဲ့ေကာင္ကို ဓားအခ်က္ေပါင္း တစ္ေသာင္းမက ထိုးပစ္ရမွာ! ငရဲသြားသင့္တဲ့အေကာင္! အဲ့ေကာင္..."

တစ္ဝက္တစ္ပ်က္ က်ိန္ဆဲၿပီးသည့္အခါမွာေတာ့ ေ႐ႊငါးေလး သူ႔ဆီကေန မေကာင္းတဲ့ အက်င့္ေတြတတ္မွာစိုးကာ သူခ်က္ခ်င္းပင္ ပါးစပ္ပိတ္လိုက္ေတာ့သည္။

ေလာ့လင္းရွန္းက အရင္ၫႊန္ၾကားလာေလသည္။ "အန္ကယ္ခ်င္ ေ႐ႊငါးေလးကို အိမ္ထဲအရင္ေခၚသြားလိုက္ပါ။ အားျပန္ျပည့္လာေအာင္ ဒီတစ္ပတ္ အိမ္မွာပဲ အနားယူခိုင္းလိုက္ပါ။"

ဦးေလးခ်င္က ေခါင္းညိတ္ျပၿပီး ေ႐ႊငါးေလးကို ေကာက္ခ်ီကာ ေမးလိုက္သည္။  "ေခါင္းေဆာင္ အျပင္သြားအုံးမလို႔လား?"

"အင္း"

လြန္ခဲ့သည့္ ႏွစ္ရက္က ႐ုတ္တရက္ အျဖစ္အပ်က္ေၾကာင့္ ကုမၸဏီ၏ သုံးလတစ္ႀကိမ္အစည္းအေဝးကို ယာယီေ႐ႊ႕ဆိုင္းထားရေလသည္။ ထို႔ေၾကာင့္ ေလာ့လင္းရွန္း ဒီေန႔ ထိုအစည္းအေဝးကို တက္ရမည္ျဖစ္သည္။

ေ႐ႊငါးေလးကလည္း ရွီယြင္နန္ကို ၾကည့္ကာ ႐ို႐ိုက်ိဳးက်ိဳးေလး ေမးလာ၏။ "ေရွာင္ရႈရႈလည္း အလုပ္သြားမွာလား?"

ရွီယြင္နန္ မ်က္ဝန္းထဲတြင္ ခဏတာ ဖ်တ္ခနဲ အေမွာင္အရိပ္အေယာင္လာၿပီး ခ်က္ခ်င္းပင္ ေပ်ာက္သြားသည္။ သူ႔ကခ်ိဳသာေသာ အၿပဳံးေလးျဖင့္ ေရွ႕သို႔လွမ္းလာၿပီး သူ႔တူေလးရဲ႕ ေခါင္းေလးကို ပြတ္သပ္ေပးလိုက္သည္။

"ေရွာင္ရႈရႈက သူငယ္ခ်င္းတစ္ေယာက္နဲ႔ သြားေတြ႕မွာ။ အိမ္မွာ လိမ္လိမ္မာမာေနေနာ္။ ဘိုးဘိုးခ်င္တို႔က ကာကြယ္ေပးလိမ့္မယ္။ လူဆိုးေတြ မရွိေတာ့ဘူး။"

ေ႐ႊငါးေလး ႏႈတ္ခမ္းေလးကို ေစ့ထားၿပီးေနာက္ မေမးဘဲ မေနႏိုင္ေတာ့။  "ဒါဆို ရႈရႈနဲ႔ ေရွာင္ရႈရႈက ဘယ္ခ်ိန္ျပန္လာမွာလဲ?"

ျပန္ေပးဆြဲမႈ ျဖစ္ရပ္အၿပီးမွာေတာ့ သူဟာ သူ႔ရႈရႈႏွစ္ေယာက္အေပၚ ပိုမွီခိုးအားထားလာတတ္ေလသည္။

ေလာ့လင္းရွန္းက အရင္ ျပန္ေျဖလာေပးသည္။ "မင္းနဲ႔အတူ ညစာစားဖို႔ ျပန္လာခဲ့မယ္။"

ရွီယြင္နန္လည္း ေခါင္းညိတ္ကာ-

"ညက်ရင္ ဖက္ထားၿပီး ေခ်ာ့သိပ္ေပးမယ္ေလ ေနာ္?"

"ဟုတ္"

ႏွစ္ေယာက္စလုံးဆီက ကတိရရွိလိုက္ေတာ့ ေ႐ႊငါးေလး စိတ္သက္သာရာ ရသြားၿပီး ဦးေလးခ်င္အား အထဲ ေခၚသြားခြင့္ ေပးလိုက္၏။

လွည့္ဝင္သြားတဲ့ ေနာက္ေက်ာကိုၾကည့္ရင္း ေလာ့လင္းရွန္းက မ်က္ေမွာင္ၾကဳတ္ကာ ေျပာလာသည္။  "ခ်င္က်န္း မနက္ျဖန္က်ရင္  ကေလးအတြက္ စိတ္ပိုင္းဆိုင္ရာ အတိုင္ပင္ခံဆရာဝန္ကို ဖိတ္လိုက္။ ဒီကိစၥကို ေႏွာင့္ေႏွးေနလို႔ မျဖစ္ဘူး"

"ဟုတ္ကဲ့ပါ ေခါင္းေဆာင္"

ရွီယြင္နန္ အခ်ိန္ကို တခ်က္ၾကည့္ကာ—

"ကြၽန္ေတာ့္ ကိစၥက ခင္ဗ်ားထက္ ေစာၿပီးေလာက္တယ္။ အဲ့ေတာ့ ကုမၸဏီကို လိုက္မလာေတာ့ဘူးေနာ္။ သူ႔ကို အေဖာ္လုပ္ေပးဖို႔ ေစာေစာျပန္လာလိုက္မယ္"

ေလာ့လင္းရွန္းက ေခါင္းညိတ္ျပၿပီး စိုးရိမ္ပူပန္စြာ ေမးလာသည္။ "တစ္ေယာက္တည္း အဆင္ေျပရဲ႕လား? ယြမ္မုန္လိုက္ဖို႔ေကာ လိုေသးလား?"

"မလိုပါဘူး"

ရွီယြင္နန္က ျပတ္ျပတ္သားသား ျငင္းဆိုလိုက္၏။  သူ႔ ေနာက္ကြယ္တြင္ ေလာ့ယန္ခြၽမ္းကို ကူညီေပးတဲ့ လူကိုေတြးမိရင္း သူ႔အၾကည့္မွာ ပိုေအးစက္လာေတာ့သည္။

"အဲ့လူက ၿငိမ္ၿငိမ္မေနဘဲ မေကာင္းတာလုပ္ဖို႔ ေလာ့ယန္ခြၽမ္းကို ကူညီေပးမွေတာ့၊ ကြၽန္ေတာ့ဆီက ထြက္ေျပးႏိုင္မယ္လို႔ စဥ္းေတာင္ မစဥ္းစားနဲ႔"

"ဟုတ္ပါၿပီ၊ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္"

သူ႔ခ်စ္သူ ေျဖရွင္းႏိုင္မယ္မွန္း ေလာ့လင္းရွန္း ယုံၾကည္တာေၾကာင့္ ယြမ္မုန္ဘက္သို႔လွည့္ကာ အမိန္႔ေပးလိုက္သည္။ "ေ႐ႊငါးေလးတို႔ ေဘးကင္းေအာင္ မင္းအိမ္မွာပဲ ေနခဲ့။ တစ္ခုခုျဖစ္သြားရင္ ခ်က္ခ်င္းအေၾကာင္းၾကားလိုက္။"

အခ်ိန္တိုေလးအတြင္းမွာ မေတာ္တဆ ႏွစ္ႀကိမ္ မျဖစ္ႏိုင္ေသာ္လည္း ေ႐ႊငါးေလးကို မထိခိုက္ေစရန္ သတိထားဖို႔ လိုအပ္ေနေသးေလသည္။

ယြမ္မုန္က မ်က္ႏွာတည္တည္ျဖင့္ ျပန္ေျဖလာသည္။  "ေခါင္းေဆာင္ ၊ စိတ္မပူပါနဲ႔၊ ေခါင္းေဆာင္ ျပန္မလာမခ်င္း သခင္ေလးအနားမွာ ရွိေနေပးပါ့မယ္"

သူက ေျပာၿပီးေနာက္ အိမ္ေတာ္ထဲ အျမန္ဝင္သြားေတာ့သည္။

ေလာ့လင္းရွန္းႏွင့္ ရွီယြင္နန္လည္း တစ္ေယာက္ကို တစ္ေယာက္ၾကည့္လိုက္ၿပီး ကိုယ္စီ ကိစၥေတြကို အျမန္ကိုင္တြယ္လိုက္ၾက၏။

...

အင္ပါယာၿမိဳ႕ေတာ္၏ အလတ္တန္းစား ရွင္းခ်န္ ဗီလာအိမ္ရာတြင္—

ဝမ္ဝမ္ယိုတစ္ေယာက္ ေသေသသပ္သပ္ အလွဆင္ထားသည့္ အခန္းထဲတြင္ ထိုင္ေန၏။ ဖုန္းကို ယူၾကည့္လိုက္သည့္ အခါမွာေတာ့ သူမမ်က္ႏွာမွာ ထိတ္လန္႔လို႔သြားသည္။

သူမဖုန္း၏ စခရင္တြင္ မွိန္ဖ်ဖ် အလင္းေရာင္ ဟပ္ေနၿပီး လြန္ခဲ့သည့္ ဆယ္မိနစ္ ရဲဌာနမွထုတ္ထားသည့္ သတင္းကို ျပသထားသည္။ ထိုသတင္းတြင္ အေၾကာင္းအရာကို အက်ဥ္းခ်ဳပ္ လိုရင္းတိုရွင္း ေဖာ္ျပထားေလသည္။

[အင္ပါယာၿမိဳ႕ေတာ္တြင္ ကားတိုက္ေျပးသြားသည့္ ဝရမ္းေျပး ေလာ့[x]ခြၽမ္းကို မေန႔က ရဲမ်ားဖမ္းစီးႏိုင္ခဲ့ၿပီး လက္ရွိတြင္ ဥပေဒအရ ရာဇ၀တ္မႈျဖင့္ ထိန္းသိမ္းထားေၾကာင္း သိရွိရပါတယ္။ တစ္ခ်ိန္တည္းမွာပင္ ေလာ့ [x]ခြၽမ္းက ထြက္ေျပးေနစဥ္အခ်ိန္အတြင္း အ႐ြယ္မေရာက္ေသးသည့္ ကေလးငယ္အား တရားမဝင္ ျပန္ေပးဆြဲမႈတြင္ ပါဝင္ပတ္သက္ခဲ့ၿပီး အမႈကို ဆက္လက္စစ္ေဆးေနလ်က္ ရွိပါတယ္။]

...

ေနာက္ဆုံးေတာ့ စခရင္မွာ ေမွာင္က်သြားၿပီး ဝမ္ဝမ္ယိုအား ထိန္းမရသိမ္းမရ အထိတ္တလန္႔ျဖစ္သြားေစေလသည္။

သူမက ဖုန္းကို ေဘးသို႔ပစ္ခ်လိုက္ၿပီး အဝတ္အစားအနည္းငယ္ကို ထုတ္ပိုးရန္ အဝတ္အစားအခန္းထဲသို႔ ေျပးဝင္သြား၏။

သူမက မုန္တိုင္းကို ခဏတာေရွာင္ရွားရန္ အင္ပါယာၿမိဳ႕ေတာ္ကေန ထြက္သြားဖို႔ စဥ္းစားလိုက္ေလသည္။

ထိုအႀကံေပၚလာသည္ႏွင့္ အိမ္မွ မထြက္ရေသးေသာ ဝမ္ဝမ္ယ္ိုတစ္ေယာက္ တံခါးဖြင့္လိုက္သည့္အခါ မွေတာ့ တံခါးဝတြင္ ရွီယြင္နန္ႏွင့္ ထိပ္တိုက္ဆုံေတာ့သည္။

တစ္ေယာက္က ေအးစက္သည့္ အရွိန္အဝါ၊ ေနာက္တစ္ေယာက္က ထိတ္လန္႔သည့္ မ်က္ႏွာ အမူအယာျဖင့္ မ်က္ႏွာခ်င္းဆိုင္ေနၾကေလသည္။

"..."

ဝမ္ဝမ္ယို မွင္သက္သြားၿပီး သူမမ်က္ႏွာမွာ ျဖဴေဖ်ာ့သြားေတာ့သည္။

ရွီယြင္နန္ သူမလက္ထဲက ခရီးေဆာင္အိတ္ကို ေတြ႕ေတာ့ မ်က္ခုံးပင့္ကာ ေမးလိုက္သည္။  "ဘာလဲ? မေကာင္းတာ တစ္ခုခုလုပ္ထားလို႔ ထြက္ေျပးမလို႔လား?"

ဝမ္ဝမ္ယို စိတ္တည္ၿငိမ္ရန္ အတတ္ႏိုင္ဆုံး ႀကိဳစားလိုက္၏။ သို႔ေသာ္လည္း သူမရင္ထဲ ဝုန္းဒိုင္းကယက္ထေနျခင္းမွာ မရပ္တန္႔သြားေပ။ "ဝမ္းကြဲအစ္ကို ကြၽန္မဒီမွာ ရွိမွန္း ဘယ္လိုသိတာလဲ? ကြၽန္မ အခု အလ်င္လိုေနလို႔"

ေနာက္တစကၠန႔္မွာပင္ မ်က္ႏွာထားတည္ေနခဲ့သည့္ ရွီယြင္နန္က ဆက္ခနဲဝင္လာ၏။

သူက ဝမ္ဝမ္ယိုရဲ႕ ခရီးေဆာင္အိတ္ကို ပြင့္ထြက္သြားေစတဲ့အထိ ကန္ခ်လိုက္ၿပီး ႏုႏုနယ္နယ္ လက္ေကာက္ဝတ္အား ဆြဲကာ ဧည့္ခန္းထဲသို႔ ဆြဲေခၚသြားသည္။

"ရွီယြင္နန္၊ ငါ့ကိုလႊတ္...အာ့!"

ဝမ္ဝမ္ယိုတစ္ေယာက္ နာနာက်င္က်င္ ေအာ္ဟစ္႐ုန္းကန္ေနေသာ္လည္း ရွီယြင္နန္က အၾကင္နာကင္းမဲ့စြာ သူမအား ဆိုဖာေပၚသို႔ တြန္းခ်လိုက္သည္။

-ဘန္း!

ရွီယြင္နန္က စားပြဲေပၚရွိ ဝိုင္နီပုလင္းကို ေကာက္ယူၿပီး အၾကမ္းပတမ္း႐ိုက္ခြဲခ်လိုက္၏။ ဝိုင္မ်ား ေနရာအႏွံ႔ျပန္႔က်ဲ သြားတာေၾကာင့္ ဝမ္ဝမ္ယိုတစ္ေယာက္ ထိတ္လန္႔ တုန္လႈပ္ေနေတာ့သည္။

သူမ ဘာမွ မေျပာႏိုင္ေသးမွာပဲ ရွီယြင္နန္က ပုလင္းအကြဲျဖင့္  သူ႔မဘက္သို႔ ထိုးျပရင္း ေမးလိုက္သည္။ "ဝမ္ဝမ္ယို ငါ သတိေပးခဲ့တာကို ေမ့သြားတာလား?"

ဝမ္ဝမ္ယိုမွာ သူ႔လက္ထဲရွိ ပုလင္းအကြဲကို ၾကည့္ရင္း  သူမတစ္ကိုယ္လုံး ၾကက္ေသေသသြားၿပီး မလႈပ္ရွားႏိုင္ေတာ့။ ပူေဆြးေသာကမ်က္ရည္မ်ားက ခ်က္ခ်င္းပင္ က်ဆင္းလာေတာ့သည္။

"ကြၽန္မ..ကြၽန္မဝမ္းကြဲအစ္ကိုအေပၚ ဘာအမွားမွ မလုပ္ထားပါဘူး... "

ရွီယြင္နန္ကေတာ့ သူမရဲ႕ အတုအေယာင္မ်က္ရည္ေတြကို မယုံၾကည္ပါ။ "ေကာင္းၿပီေလ။ မင္းက ငါ့ေနာက္ကြယ္မွာေတာ့ ေလာ့လင္းရွန္းကို လာမရွာရဲပါဘူး။ ဒါေပမယ့္ ငါအခုေျပာေနတဲ့ ကိစၥက တျခားကိစၥဆိုတာ မင္းေကာင္းေကာင္း သိမွာပါ။"

စုန္႔က်စ္ခ်ိဳးႏွင့္ ဝမ္ခ်န္းလန္ ေထာင္က်ၿပီးကတည္းက ဝမ္မိသားစုဟာ ၿပိဳကြဲလုနီးပါးပင္။

လူအိုႀကီးဝမ္ကို ဝမ္ရိေပက ျပဳစုေစာင့္ေရွာက္ေနၿပီး၊ သူ႔ဦးေလး ဝမ္ယန္ဖုန္းကိုေတာင္ သူတို႔နဲ႔ လာေနဖို႔ ေျဖာင္းျဖခဲ့ေလသည္။

ဗီလာေဟာင္းကို ေရာင္းခ်ၿပီးသည့္အခါမွာေတာ့ ဝမ္မိသားစု၏ ေျမးျဖစ္သူ ဝမ္ဝမ္ယိုဟာ မိသားစုပိုင္ဆိုင္မႈမ်ားကို မွ်မွ်တတ ရရွိခဲ့သည္။

ဝမ္မိသားစု အႀကီးအကဲႏွစ္ေယာက္၏ ထိုသေဘာထားကို ရွီယြင္နန္ မကန္႔ကြက္ခဲ့ပါ။ ဝမ္ဝမ္ယိုသာ သူ႔ဘဝကို လာမထိခိုက္သေ႐ြ႕ သူမက သူႏွင့္ လုံးဝမသက္ဆိုင္သူသာျဖစ္သည္။

သို႔ေသာ္လည္း တဖက္လူက မေကာင္းတဲ့ လုပ္ရပ္ကို ရပ္တန္ဖို႔ ဆႏၵမရွိခဲ့ပါေခ်။

"ဝမ္ဝမ္ယို မင္း ဘာမေက်နပ္တာရွိေသးလို႔လဲ? ဘယ္လိုေတာင္ က်င္းယြီကို ႀကံစည္ရဲရတာလဲ?"

ပုလင္းကြဲကို ကိုင္ထားသည့္ ရွီယြင္နန္လက္က ပိုနီးကပ္လာၿပီး သူက တစ္လုံးခ်င္းေမးလာသည္။ "မင္းငါ့ကို အမွန္အတိုင္း ေျပာတာပိုေကာင္းမယ္။ ေလာ့ယန္ခြၽမ္းနဲ႔ ဘယ္လို ေပါင္းႀကံစည္ရဲတာလဲ!"

ဝမ္ဝမ္ယိုမွာ ႏွလုံးခုန္သံျမန္ၿပီး တုန္ယင္လို႔ေန၏။  သူမ ခ်ဳပ္တည္းရန္ ႀကိဳးစားေသာ္လည္း ေၾကာက္လန္႔မႈမွ မလႊတ္ေျမာက္ႏိုင္။ "ကြၽန္မ မဟုတ္ဘူး၊ ကြၽန္မလည္း အတင္းအၾကပ္ဖိအားေပးခံရတာပါ!"

"ဝမ္းကြဲ..ဝမ္းကြဲအစ္ကို...ဒီတစ္ခါပဲ ခြင့္လႊတ္ေပးပါေနာ္"

"ကြၽန္မ ေ႐ြငါးေလးကို မထိခိုက္ေစခ်င္ခဲ့ပါဘူး! အတင္းအၾကပ္ ဖိအားေပးခံရတာပါ!"

ရွီယြင္နန္ကေတာ့ တုတ္တုတ္မွ် မလုပ္ဘဲ သူမအား ေအးတိေအးစက္သာ စိုက္ၾကည့္ေနလိုက္သည္။

ဝမ္ဝမ္ယိုမွာ ျပစ္ဒဏ္ေလ်ာ့ရန္ အတတ္ႏိုင္ဆုံး ႀကိဳးစားေသာ္လည္း ဒီကပ္ဆိုးမွ လုံးဝမလႊတ္ေျမႇာက္ႏိုင္မွန္း သိလိုက္ရသည့္အခါ ေအာ္ဟစ္ငိုေကြၽးေတာ့သည္။

"အစတုန္းက အေမနဲ႔ အစ္ကို တစ္ေယာက္ၿပီးတစ္ေယာက္ ေထာင္က်သြားေတာ့ ဒီသတင္းသာ ျပန႔္သြားရင္ ကြၽန္မဘဝကိုပါ ထိခိုက္လာမွာကို စိုးရိမ္ေနခဲ့မိတာပါ..."

ေနာက္ပိုင္းတြင္ သူမ သူငယ္ခ်င္း ေမာ့႐ႊမ္ခ်ီႏွင့္ ေလာ့ယန္ခြၽမ္းတို႔ ေစ့စပ္ပြဲအေၾကာင္း သူမၾကားသိခဲ့ရ၏။ ထိုလူက ေစ့စပ္ပြဲအတြက္ သန္းသုံးဆယ္ အကုန္က်ခံခဲ့ေၾကာင္း သိခဲ့ရသည့္အခါ သူမ အလြန္အမင္း စိတ္ဆင္းရဲၿပီး မနာလိုျဖစ္ခဲ့ရသည္။

သူမႏွင့္ ေမာ့႐ႊမ္ခ်ီမွာ ေသခ်ာေပါက္အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ၾကေပမယ့္ သူမအခ်စ္ေရး ယိုယြင္းပ်က္စီးၿပီး သူမ ဘဝဆိုး႐ြားေနတဲ့အခ်ိန္မွာ ဘာလို႔ ေမာ့႐ႊမ္ခ်ီက အခ်စ္ခံေနရတာလဲ?

ေစ့စပ္ပြဲေန႔ေရာက္လာဖို႔ကို ေရတြက္ေနရင္း ထိုအေတြးေတြမွာ ပိုပို ျပင္းထန္လာခဲ့၏။

"ေစ့စပ္ပြဲ မစခင္ မဂၤလာဝတ္စုံအတူတူသြားေ႐ြးဖို႔ ေလာ့ယန္ခြၽမ္း ဖုန္းဆက္ေပမယ့္ ေမာ့႐ႊမ္ခ်ီက သူ ရာသီလာေနလို႔ အဆင္မေျပဘူးဆိုၿပီး ဝုန္းဒိုင္းႀကဲစိတ္ဆိုးခဲ့တယ္"

ထိုအခ်ိန္တြင္ ေစ့စပ္ပြဲ၏ အရႈပ္အရွင္းေတြအား ဝမ္ဝမ္ယို ဘာတစ္ခုမွ် မသိ။ ေမာ့႐ႊမ္ခ်ီတစ္ေယာက္ ေကာင္းခ်ီးမ်ား ခံစားေနရတယ္လို႔သာ သူမထင္ေနခဲ့သည္။

သူမ ဘာလို႔ စိတ္လိုက္မာန္ပါ ေဒါသထြက္ေနမွန္း မသိတာေၾကာင့္ ေမာ့႐ႊမ္ခ်ီက သူမအစား ဝတ္စုံသြားေ႐ြးေပးခဲ့ေလသည္။ ထို႔ေနာက္ သူမ ေလာ့ယန္ခြၽမ္းႏွင့္ ႏွစ္ေယာက္တည္း ေတြ႕ဆုံႏိုင္ခဲ့သည္။

"ကြၽန္..ကြၽန္မ အဲ့တုန္းက နတ္ဆိုးဝင္ပူးခံထားရလို႔ျဖစ္မွာပါ။ ေမာ့႐ႊမ္ခ်ီ ကြၽန္မထက္ ပိုေကာင္းစားတာ မျမင္ခ်င္လို႔၊ အဲ့ဒါေၾကာင့္ ကြၽန္မ..."

ဝမ္ဝမ္ယို တစ္ခုခုေျပာခ်င္ေပမယ့္လည္း မ်က္ရည္မ်ားက အဆက္မျပတ္က်ေန၏။

ေလာ့ယန္ခြၽမ္းရဲ႕ စ႐ိုက္ကို စဥ္းစားမိရင္ သူတို႔ႏွစ္ေယာက္တြင္ ဆက္ဆံေရးတစ္ခုရွိေလာက္မည္ဟု ရွီယြင္နန္ မွန္းဆမိလိုက္သည္။

ဝမ္ဝမ္ယိုမွာ ေစ့စပ္ပြဲ၌ ထိုကဲ့သို႔ အရႈပ္ေတာ္မ်ား ေပၚလာမည္ဟု မထင္ထားခဲ့။ ထိုဗြီဒီယိုထဲက ကာယကံရွင္မွာ သူမျဖစ္ေနမည္ကို စိုးရိမ္ေနခဲ့သည္။

ထိုကိစၥဟာ သူမႏွလုံးသားကို ဖ်စ္ညစ္ဆုပ္ကိုင္ထားသည့္အတိုင္း ေသာကေရာက္ေနေစခဲ့သည္။

သို႔ေသာ္လည္း သူမရင္ဆိုင္ရမည့္အရာမ်ားက ထိုကိစၥထက္ အမ်ားႀကီး ပိုေလသည္။

"ဝမ္မိသားစုက အေမြေတြအမ်ားႀကီးေပးခဲ့ေပမယ့္ ကြၽန္မအစ္ကိုမွာ ေလာင္းကစားအေႂကြးေတြ အမ်ားႀကီး တင္ေနတယ္။ အဲ့ေကာင္ ပိုက္ဆံေခ်းတုန္းက ကြၽန္မ ဖုန္းနံပါတ္ အဆက္အသြယ္ေတြကို ေပးထားခဲ့တယ္ေလ!"

"အေႂကြးေတာင္းတဲ့သူေတြ ကြၽန္မကိုရွာေတြ႕သြားေတာ့ ကိုယ့္ကိုကိုယ္ ကာကြယ္ဖို႔ ကတ္ထဲက ပိုက္ဆံအားလုံးကို သုံးလိုက္ရတယ္"

ဒီဗီလာအေသးေလးကေတာ့ ဝမ္ယန္ဖုန္းက သူမသမီးအား ႏွစ္သိမ့္ရန္ ျပန္ဝယ္ေပးခဲ့တာပင္။

"လူဆိုရင္ ကိုယ့္ကိုယ္ကို အားကိုးတတ္ဖို႔ သင္ယူရမယ္လို႔ အေဖက ေျပာတယ္။ အခု သူ ကြၽန္မကို ေထာက္ပံ့ဖို႔ ပိုက္ဆံရွိရင္ေတာင္ တစ္ေန႔ သူအသက္ႀကီးလာမွာပဲတဲ့..."

ျဖစ္ရပ္မ်ားစြာကို ေတြ႕ႀကဳံခံစားခဲ့ရသည့္ ဝမ္ဝမ္ယိုမွာ ေနာက္ဆုံးေတာ့ အေဖ့စကားကို နားေထာင္ခဲ့ေလသည္။

ဝမ္ယန္ဖုန္းက အဆက္အသြယ္ေတြ သုံးၿပီး သူ႔သမီးေလးအား မူႀကိဳတြင္ အကဆရာမအျဖစ္ အလုပ္ေပးခဲ့သည္။ ဝမ္ဝမ္ယိုမွာ အစကေန ျပန္စရန္ နာမည္ကိုပင္ ေျပာင္းခဲ့၏။

လူခ်မ္းသာမ်ားတက္သည့္ ေက်ာင္းျဖစ္တာေၾကာင့္ အကဆရာမ၏လစာမွာ အလြန္မ်ားၿပီး အခ်ိဳ႕မိဘမ်ားဆို သူ႔မအား ပိတ္ရက္တြင္ လာသင္ေပးရန္ ဂိုက္ငွါးခဲ့ၾကသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္မွာေတာ့ သူမဘဝတည္ၿငိမ္သြားၿပီး အဆင္ေျပေနေလာက္ၿပီဟု ဝမ္ဝမ္ယို ခံစားမိခဲ့သည္။

"ကြၽန္မ ေစ့စပ္ပြဲတုန္းက ကိစၥေတြကိုေတာင္ ေမ့သြားပါၿပီ၊ ဒါမယ့္ ေလာ့ယန္ခြၽမ္း အိမ္ေရွ႕ထိ ေရာက္လာမယ္လို႔ မထင္ထားခဲ့ဘူး..."

ရွီယြင္နန္ သတိေပးစကားကို ျပန္ၾကားေယာင္ၿပီး ဝမ္ဝမ္ယိုတစ္ေယာက္ ေနာင္တ အႀကီးအက်ယ္ရေနေတာ့သည္။

" ဝမ္ကြဲအစ္ကို ေျပာတာမွန္တယ္"

"ကြၽန္မ ပစၥည္းမဟုတ္ရင္ ဘယ္ေတာ့မွ ကြၽန္မအပိုင္ျဖစ္လာမွာ မဟုတ္ဘူး။ ကြၽန္မ အဲ့လို ႐ြံစရာေကာင္းတဲ့ လုပ္ရပ္ေတြ မလုပ္ခဲ့သင့္ဘူး"

ကိုယ္ျပဳတဲ့ ကံက ကိုယ့္ထံျပန္လာမည္ဆိုသည့္ စကားအတိုင္း တစ္ခါျပဳလိုက္သည္ႏွင့္ မလႊဲဧကန္ ကိုယ့္ထံ အခ်ိန္မွန္ ျပန္ေရာက္လာတတ္သည္။

ထို႔ေနကသာ ႐ူး႐ူးမိုက္မိုက္ မျမဴဆြယ္ခဲ့ရင္ သြားစရာမရွိတဲ့ ေလာ့ယန္ခြၽမ္းက ဘယ္လိုလုပ္ ဝမ္ဝမ္ယိုကို ၿခိမ္းေျခာက္ႏိုင္ခဲ့ပါ့မလဲ?

ေလာ့ယန္ခြၽမ္းကို ဖမ္းဖို႔ သူမတိတ္တိတ္ေလး ရဲေခၚမယ့္အေၾကာင္း စဥ္းစားလိုက္ေပမယ့္ အဲ့ဓာတ္ပုံေတြကို အခ်ိန္နဲ႔ တေျပးညီျဖန္႔မွာျဖစ္ၿပီး သူမအလုပ္ကို နာနာခံခံေဆာင္႐ြက္မွသာ ထိုကိစၥကို ေျဖရွင္းႏိုင္ေလမည္။

"ကြၽန္မမွာ ေ႐ြးခ်ယ္စရာမရွိလို႔ပါ။ ကြၽန္မမွာ ေ႐ြးခ်ယ္စရာ မရွိခဲ့တာ အမွန္ပါ။ ေလာ့ယန္ခြၽမ္း ၿခိမ္းေျခာက္တာကိုပဲ တေသြမတိမ္း နားေထာင္ခဲ့ရတယ္။ ဒီႏိုင္ငံက ထြက္သြားလို႔ရေအာင္ ကူညီေပးရမယ္လို႔ပဲ ထင္ေနခဲ့တာပါ"

"ဒါေပမယ့္ ကြၽန္မက ေ႐ႊငါးေလးရဲ႕ ဆရာမမွန္း သူသိသြားေတာ့ ဒီလိုလုပ္ရပ္ေတြကို လုပ္ခိုင္းခဲ့တာပါ.."

Camp၏ အစီအစဥ္မ်ားကို ဝမ္ဝမ္ယိုက ေလာ့ယန္ခြၽမ္းအား ေပးပို႔ခဲ့ၿပီး၊ ဟိုတယ္ေစာင့္ၾကည့္ကင္မရာ လုံၿခဳံေရးေတြကို စစ္ေဆးရန္ ခြင့္ေတာင္ႀကိဳယူခဲ့ေလသည္။

"ဝမ္းကြဲအစ္ကို ေက်းဇူးျပဳၿပီး ကြၽန္မကို ခြင့္လြတ္ပါ။ ကြၽန္မ ေတာင္းပန္ပါတယ္၊ ဒီတစ္ေခါက္တကယ္ စိတ္လိုက္မာန္ပါ လုပ္ခဲ့တာ မဟုတ္ပါဘူး! ကြၽန္မမွားမွန္းသိပါၿပီ...ကြၽန္မမွားမွန္း တကယ္သိပါၿပီ!"

ဝမ္ဝမ္ယိုမွာ ေနာင္တမ်ားျဖင့္ ငိုယိုဟစ္ေကြၽးလို႔ေန၏။

သူမ မေန႔ညကတည္းက ေလာ့ယန္ခြၽမ္းကို အဆက္အသြယ္မရတာေၾကာင့္၊ ရဲေတြဘက္က သတင္းကို စိုးရိမ္တႀကီး ေစာင့္ဆိုင္းေနခဲ့သည္။ အခုသတင္းကို ေတြ႕လိုက္ရသည့္အခါမွာေတာ့ ဒီရက္ပိုင္း သူမစိုးရိမ္ေနခဲ့သည့္ အရာေတြမွာ တကယ္ျဖစ္လာေလၿပီ။

"ငါ့ေရွ႕မွာ ဒီလိုသနားစရာေကာင္းတဲ့ပုံနဲ႔ ငိုေနစရာမလိုဘူး။ အခုဒီလိုေတြျဖစ္တာ မင္းကိုယ္တိုင္စိုက္တဲ့ ခါးသီးတဲ့ အသီးေတြေၾကာင့္ပဲေလ"

ရွီယြင္နန္ တည္တည္ၿငိမ္ၿငိမ္ပဲ တုံ႔ျပန္လိုက္၏။ သူက ပုလင္းကြဲကို ေကာ္ေဇာေပၚ ပစ္ခ်လိုက္ၿပီး အသံသြင္းထားသည့္ ေဘာပင္အား ထုတ္လိုက္သည္။

"ေလာ့ယန္ခြၽမ္း သတိေမ့ေနတုန္းမို႔ ဝန္မခံႏိုင္ေသးဘူး။ မင္းေျပာထားတဲ့ ဒီအသံဖိုင္ကို ငါရဲေတြဆီ လႊဲေပးလိုက္မယ္။ က်န္ကိစၥေတြကိုေတာ့ သူတို႔ဆီပဲ လႊဲထားလိုက္ၿပီ"

"ဝမ္ဝမ္ယို ငါမင္းကို ဘယ္ေတာ့မွ လက္စားေခ်မွာမဟုတ္ဘူး။ မင္းကိုယ္တိုင္ပဲ လုပ္တာ"

တကယ့္အမွန္ကို သိလိုက္ရၿပီျဖစ္တဲ့ ရွီယြင္နန္ကေတာ့ လွည့္ထြက္သြားလိုက္၏။

တံခါးကို ေဆာင့္ပိတ္သံက ဟိန္းထြက္သြားေလသည္။

ဝမ္ဝမ္ယိုမွာ ၾကမ္းျပင္ေပၚတြင္ ပုံလ်က္သား လဲက်သြားၿပီး ေနာင္တမ်ားျဖင့္ ေအာ္ဟစ္ ငိုေကြၽးေတာ့သည္။

ခုမွပဲ သူမအသိတရားဝင္ေတာ့တယ္...

သူမကို တကယ္ထိခိုက္ေစခဲ့တဲ့သူက ရွီယြင္နန္မဟုတ္ဘူး၊ လူႀကီးလူေကာင္း အေရခြံၿခဳံထားတဲ့ ေလာ့ယန္ခြၽမ္းနဲ႔ အၿမဲ လမ္းမွားကိုသာ ေလွ်ာက္လွမ္းေနခဲ့တဲ့ သူမကိုယ္တိုင္ပဲ!

...

ရက္ႏွစ္ဆယ္အၾကာတြင္—

ကိစၥအားလုံးမွာ ေျပလည္သြားေလၿပီ။

ရွီယြင္နန္ ဒီဇိုင္းဆြဲၿပီးေနာက္မွာေတာ့ အဝတ္အစားလဲၿပီး ေရခ်ိဳးခန္းထဲသို႔ ဝင္သြားလိုက္သည္။

ခဏအၾကာတြင္ ေလာ့ခ္ခ်ထားသည့္ ေရခ်ိဳးခန္းတံခါးကို တစ္ေယာက္ေယာက္က အလြယ္တကူဖြင့္လာ၏။ ရွီယြင္နန္ လွည့္ၾကည့္လိုက္သည္ႏွင့္ ရင္းႏွီးသည့္ ရင္ခြင္ထဲ ဆြဲသြင္းခံလိုက္ရသည္။

"အလုပ္ၿပီးသြားၿပီလား?"

"အမ္း"

ရွီယြင္နန္မွာ အလြယ္တကူပဲ ေဘစင္သို႔ ေပြ႕ေခၚသြားခံရၿပီး ေလာ့လင္းရွန္းဆီမွ အၾကမ္းပတမ္းအနမ္းခံေနရသည္။

"ၿပီးခဲ့တဲ့ ႏွစ္ရက္တုန္းက က်င္းယြီကို စိတ္ပိုင္းဆိုင္ရာ စစ္ေဆးခဲ့ေသးတယ္မလား? ဒီေန အေျဖသိရၿပီ။"

ရွီယြင္နန္ စိုးရိမ္တႀကီး ေမးလိုက္သည္။ "ဘာတဲ့လဲ?"

"အရမ္းေကာင္းတယ္။" ေလာ့လင္းရွန္း အေျဖမွာ ႐ိုးရွင္းၿပီး မေက်မနပ္အရိပ္အေယာင္တခ်ိဳ႕ ရွိေနသည္။ "ကိုယ္ထင္တာေတာ့... သူ႔အခန္းထဲမွာ ျပန္အိပ္ဖို႔ အခ်ိန္တန္ၿပီလားလို႔"

ျပန္ေပးဆြဲခံရသည့္ ျဖစ္ရပ္ေနာက္ပိုင္း၊ အစမွာေတာ့ ေ႐ႊငါးေလးတြင္ ဆိုးဆိုး႐ြား႐ြား႐ြား တုံ႔ျပန္မႈမ်ားရွိေနခဲ့သည္။ မိဘမ်ားအေနျဖင့္ သူတို႔ႏွစ္ဦးက စိတ္ပိုင္းဆိုင္ရာ အႀကံေပးပညာရွင္မ်ား၏ အႀကံဉာဏ္ကိုလိုက္နာကာ ညတိုင္း သူႏွင့္ အတူတူအိပ္ေပးခဲ့ေလသည္။

မ်က္စိတမွိတ္အတြင္းမွာပဲ တစ္လေတာင္ ျပည့္ေတာ့မည္။

ကေလးေလးရဲ႕ အေျခအေနမွာ တစ္ေန႔ထက္တစ္ေန႔ ပိုပိုေကာင္းလာ၏။ သူဟာ ညတိုင္း ေစာင္ေလးကို ပိုက္ကာ အိပ္ယာေပၚတက္တက္လာၿပီး ဂြတ္ႏိုက္ေျပာၿပီးသည္ႏွင့္ တန္းအိပ္ေပ်ာ္သြားတတ္သည္။ စိတ္ပိုင္းဆိုင္ရာ အရိပ္မဲႀကီးမွာ လုံးဝေပ်ာက္ကြယ္သြားေလၿပီ။

"နည္းနည္းၾကာၾကာေလာက္ ပိုအိပ္ေပးလိုက္ပါ။ သူတစ္ေယာက္တည္းအိပ္တာကို ကြၽန္ေတာ္ စိတ္ပူေနတုန္းပဲ"

ရွီယြင္နန္မွာ ေ႐ႊငါးေလးကို အရမ္းခ်စ္တာေၾကာင့္ ထပ္နာက်င္ မခံစားေစခ်င္ေပ။

"ကိုယ့္တူေလးကို မခ်စ္တာေတာ့ မဟုတ္ပါဘူး။ ဒါမယ့္ သူက အဲ့ေလာက္ မေပ်ာ့ညံ့ပါဘူး"

ေလာ့လင္းရွန္းက ရွီယြင္နန္ ေက်ာျပင္ေလးကို တယုတယ ပြတ္သပ္ေပးေနရင္း ကူကယ္ရာမဲ့ေနသည့္ မ်က္ႏွာထားေလးျဖင့္ေျပာလာသည္။ "သူကေတာ့ ညတိုင္း ေကာင္းေကာင္းအိပ္ေပ်ာ္ေနတာပဲ၊ ကိုယ္ကေကာ?"

အရင္တုန္းက သူ႔ေျခေထာက္ေတြ အဆင္မေျပရင္ေတာင္ ရသင့္တဲ့ ညအခါသမယေလးေတာ့ ရခဲ့ေသးသည္။ အခုေတာ့ သူတူေလးႏွင့္ ေန႔တိုင္း တူတူအိပ္ေနရေလသည္။

ရွီယြင္နန္ရယ္ကာ ေလာ့လင္းရွန္း၏ ႏႈတ္ခမ္းေလးကို နမ္းလိုက္၏။

"...ခဏေလးပဲေစာင့္ပါ"

သူတို႔ႏွစ္ေယာက္၏ အသက္ရွဴသံေတြ ေရာစပ္သြားတဲ့ အခါမွာေတာ့ အခ်ိန္အေတာ္ၾကာ မ်ိဳသိပ္ထားခဲ့ရသည့္ အခ်စ္ရမၼက္ေတြဟာ တဖန္ ေပါက္ဖြားလာေလသည္။

"ဘယ္ေလာက္ထိလဲ?"

"ကြၽန္ေတာ္......"

ရွီယြင္နန္ စကားလုံးတစ္လုံးပဲ ျပန္ေျဖရေသးခ်ိန္ ေလာ့လင္းရွန္းက သူ႔ေခါင္းေလးကို လက္ျဖင့္ဖိကာ အၾကမ္းပတမ္းနမ္းခ်လိုက္၏။

"အမ္း~"

ရွီယြင္နန္ဆီကေန ညည္းညဴသံထြက္လာ၏။ ေခ်ာင္ေခ်ာင္ခ်ိခ်ိဝတ္ထားသည့္ ေရခ်ိဳးဝတ္႐ုံေလးမွာ ခြၽတ္ခံထားရေလၿပီ။

သူတို႔ စိတ္ေတြ လြတ္ၿပီး နစ္ေျမာေတာ့မည့္အခ်ိန္မွာပဲ တံခါးနားကေန အသံေလးၾကားလိုက္ရသည္။  "ေရွာင္ရႈရႈ! သားကိုယ့္ဘာသာကိုယ္ ေရခ်ိဳးၿပီးၿပီေနာ္!"

"..."

"..."

႐ုတ္တရက္ ေလာ့လင္းရွန္းေကာ ရွီယြင္နန္ေကာ နမ္းတာ ရပ္လိုက္မိၾကသည္။

"ဒီလိုသာ ဆက္ျဖစ္ေနရင္ စိတ္ပိုင္းဆိုင္ရာ အရိပ္မဲႀကီး ရေတာ့မယ့္သူက ကိုယ္ျဖစ္ေတာ့မယ္ထင္တယ္"

"ဟုတ္ပါၿပီ ေလွ်ာက္မလုပ္နဲ႔ေတာ့"

ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ ၿငိမ္ၿငိမ္သက္သက္ စိုက္ၾကည့္ေနလိုက္ၾက၏။ တစ္ေယာက္မွာ အခက္ေတြ႕တဲ့ မ်က္ႏွာထားျဖစ္ေနၿပီး ေနာက္တစ္ေယာက္မွာ ရယ္ေမာလို႔ေနသည္။

ရွီယြင္နန္က ေလာ့လင္းရွန္း ဖက္ထားတာကို အသာအယာတြန္းလိုက္ၿပီး ေဘစင္ေပၚမွဆင္းကာ တံခါးကို တြန္းဖြင့္လိုက္သည္။

ေရခ်ိဳးခန္းတံခါးဝတြင္ရပ္ေနသည့္ ေ႐ႊငါးေလးမွာေတာ့ အထဲတြင္ ေလာ့လင္းရွန္း ရွိေနမယ္လို႔ မထင္ထားကာ ေၾကာင္ေတာင္ေတာင္ပုံစံေလးျဖင့္ မ်က္လုံးေလး ပုတ္ခတ္ပုတ္ခတ္လုပ္ေနသည္။

"ေရွာင္ရႈရႈ၊ ေရတူတူခ်ိဳးေနၾကတာလား?"

"..."

ရွီယြင္နန္ ေခ်ာင္းတခ်က္ ဟန္႔ကာ စကားလမ္းေၾကာင္းလႊဲလိုက္သည္။ "ဒီေန႔ ငါတို႔ ေ႐ႊငါးေလး ဘယ္လိုပုံျပင္နားေထာင္ခ်င္လဲ?"

ဒါကိုၾကားေတာ့ ေ႐ႊငါးေလးတစ္ေယာက္ အိပ္ခန္းထဲရွိ ခုတင္ေပၚသို႔ ေျပးတက္သြားေတာ့ေလသည္။

သူ႔ရႈရွဴ ဘာလို႔ မေက်မနပ္တဲ့မ်က္ႏွာျဖစ္ေနမွန္း သူမသိေပမယ့္ ဝမ္းသာအားရ ျပန္ေျဖလိုက္သည္။

"ဘာပဲျဖစ္ျဖစ္ရပါတယ္! ေရွာင္ရႈရႈ ေျပာျပတဲ့ ပုံျပင္မွန္သမွ်ကို ႀကိဳက္တယ္!"

"ဟုတ္ပါၿပီ၊ ဒါဆို လိမ္လိမ္မာမာေလး လွဲေတာ့ေနာ္"

"ဟုတ္!"

...

ညအခ်ိန္ ေရာက္လာသည္ႏွင့္အမွ် ေကာင္းကင္ႀကီးမွာလည္း ေမွာင္မိုက္လို႔ေန၏။

ရွီယြင္နန္ ေဘးတစ္ဖက္ရွိ လႈပ္ရွားသံေတြကို ၾကားလိုက္ရခ်ိန္မွာေတာ့ သူ႔ငိုက္မ်ဥ္းေနဆဲပင္။ သူ မနည္း မ်က္လုံးဖြင့္ၾကည့္ဖို႔ ျပင္လိုက္ခ်ိန္ ေပြ႕ခ်ီခံလိုက္ရေလသည္။

႐ုတ္တရက္ ေလထဲသို႔ေျမႇာက္တက္သြားတာေၾကာင့္ အိပ္ခ်င္ေျပသြားေတာ့သည္။

"ခင္ဗ်ား..."

"ရွဴး တိုးတိုး က်င္းယြီအိပ္ေနတုန္းပဲ"

ေလာ့လင္းရွန္းက စကားတစ္ခြန္းေျပာၿပီး ရွီယြင္နန္ကို အခန္းထဲကေန ေပြ႕ခ်ီ သယ္သြားသည္။

အိပ္ခန္းထဲက ထြက္လာေတာ့ ရွီယြင္နန္ သိလ်က္နဲ႔ ေမးလိုက္၏။ "ခင္ဗ်ား ညသန္းေခါင္အခ်ိန္ႀကီးမွာ ဘာလုပ္ခ်င္လို႔လဲ?"

"ကိုယ္ဘာလုပ္ခ်င္ေနတယ္လို႔ ထင္လဲ?"

ေလာ့လင္းရွန္း ေျပာၿပီးေနာက္ ရွီယြင္နန္အား ေနာက္အိပ္ခန္းတစ္ခန္းသို႔ ေခၚသြားလိုက္ေလသည္။

ထိုအခန္းမွာ ရွီယြင္နန္ အလုပ္အခန္းအျဖစ္ အသုံးျပဳေသာ ေနရာျဖစ္ၿပီး ခုတင္တစ္ခုကလည္း ရွိေနသည္။

ေလာ့လင္းရွန္းက တံခါးကို ေလာ့ခ္ခ်လိုက္၏။ ရွီယြင္နန္ကို ခုတင္ေပၚခ်ေပးလိုက္ၿပီးေနာက္ သူက ျမန္ျမန္ဆန္ဆန္ပဲ နမ္းခ်လိုက္သည္။ "မင္းကေလးေလးကို ေခ်ာ့သိပ္ၿပီးၿပီေလ။ အခု ကိုယ့္ကို ေခ်ာ့သိပ္ေပးသင့္တယ္မလား?"

ရွီယြင္နန္ သူ႔ပုခုံးေလးကို သိုင္းဖက္ထားလ်က္ ျပန္ေမးလိုက္သည္။

"ဒါဆို ခင္ဗ်ားက ကေလးႀကီးလား?"

"ကိုယ့္ကို ေခ်ာ့သိပ္ေပး။" ေလာ့လင္းရွန္းက သူ႔စကားအတိုင္း ျပန္လည္က်ီစယ္လိုက္၏။ ရွီယြင္နန္မွာ အသက္ရွဴသံေလးလံလာၿပီး ပူေလာင္လာေတာ့သည္။

"ဘယ္လိုေခ်ာ့သိပ္ေစခ်င္တာလဲ? ကြၽန္ေတာ္ အမ္..."

က်န္တဲ့စကားေတြကိုေတာ့ အနမ္းက ဝါးၿမိဳလိုက္ၿပီး အရာအားလုံးဟာ ထိန္းမႏိုင္သိမ္းမရ ျဖစ္ေနေတာ့သည္။

အေမွာင္ထဲတြင္ အလိုရမၼက္တိုင္းက အဆုံးမရွိ အဆမတန္ ႀကီးထြားလို႔ေန၏။

ရွီယြင္နန္မွာ ရမၼက္ပင္လယ္ထဲတြင္ နစ္ျမႇဳပ္ေနသလို ခံစားေနရၿပီး ေလာ့လင္းရွန္းကသာ သူလွမ္းၿပီး ေပြ႕ဖက္ထားႏိုင္တဲ့ သစ္တုံးတစ္တုံးလိုပင္။

သူတို႔ႏွစ္ေယာက္ ခ်စ္တယ္ဆိုတဲ့စကားကို ႀကိမ္ဖန္မ်ားစြာ ဝန္ခံေနၾကၿပီးေနာက္၊ တကယ့္ကို ခ်စ္ျခင္းမ်ားျဖင့္ ေလးနက္သည့္ စကားေလးတစ္ခြန္းကို ရွီယြင္နန္ ၾကားလိုက္ရသည္။

"ယြင္နန္ ကိုယ္တို႔ မဂၤလာပြဲ က်င္းပၾကမလား?"

"ေကာင္းၿပီေလ။"

Continue Reading

You'll Also Like

6.6M 433K 94
Hanary Victor + Loon Tar Nay San
31K 3.9K 27
{Own Creation} ဆံုခ်က္​မဲ့ခ်စ္​ျခင္​းဆိုတာ ဘယ္​လိုမ်ိဳးလဲ။ တကယ္​ပဲ ဆံုစည္​းဖို႔မျဖစ္​ႏုိင္​တာ ​ေသခ်ာၿပီလား? ဆုံချက်​မဲ့ချစ်​ခြင်းဆိုတာ ဘယ်​လိုမျိုးလဲ...
805K 51.6K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
1.5M 245K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...