Unicode
ရွှေငါးလေးတစ်ယောက် ညနေခင်းထိ အိပ်မောကျနေခဲ့ပြီး သူ့ဗိုက်ထဲမှ တဂွီဂွီမြည်သံကြောင့် နိုးလာသည်။
သူက ခုတင်ပေါ်တွင် အိပ်ချင်မူးတူးထထိုင်လိုက်ပြီး မျက်လုံးလေးကို ပွတ်သပ်ရင်း အသံတိုးတိုးလေးဖြင့်ခေါ်လာ၏။
"ရှုရှု? ရှောင်ရှုရှု?"
ချက်ချင်းပင် ခြေသံတွေကို ကြားလိုက်ရလေသည်။
ရှီယွင်နန်က အိပ်ခန်းအပြင်ဘက်ရှိ ဧည့်ခန်းထဲမှ ချင်ချင်းလှမ်းလာပြီး လက်ထဲတွင် ရင်းနှီးကျွမ်းဝင်သည့် အိတ်သေးသေးလေးကိုပါ ကိုင်ဆောင်ထားသည်။ "ငါတို့ ရွှေငါးလေး နိုးလာပြီလား?"
"ဟုတ်!"
အိပ်ချင်မူးတူးဖြစ်နေတဲ့ ရွှေငါးလေးဟာ ရှီယွင်နန်ကို မြင်တာနဲ့ ချက်ချင်းပြုံးသွားတော့သည်။
ရှီယွင်နန်က အိတ်ကို ခုတင်ဘေးမှာ ချထားလိုက်ပြီး သူ့တူလေးကို မေးလိုက်သည်။ "ဗိုက်ဆာနေပြီလား?"
ရွှေငါးလေးက သူ့ဗိုက်လေးကို ပွတ်နေရင်း ချွဲတဲတဲလေးပြန်ဖြေသည်။ "ဆာနေပြီ! ရှောင်ရှုရှု သားလေ ကြက်ဥပေါင်းနဲ့ steakစားချင်တယ်။"
"ဟုတ်ပါပြီ၊ ဟိုတယ်စားဖိုဆောင်ကလူတွေကို ချက်ခိုင်းလိုက်မယ်နော်။ ခဏနေကြရင် တူတူစားကြမလား?"
"ဟုတ်!"
"ကြောက်နေသေးလား?" ရှီယွင်နန်က သူ့ခေါင်းလေးကို ပွတ်သပ်ရင်း ဂရုတစိုက်မေးလိုက်၏။
ရွှေငါးလေးက ခဏလောက်စဉ်းစားနေပြီးနောက် လေးလေးနက်နက် ပြန်ဖြေလာသည်။ "အစတုန်းကတော့ သားကြောက်နေတာ။ ဒါမယ့် ဖုန်းထဲကနေ ရှောင်ရှုရှုအသံကို ကြားလိုက်တာနဲ့ သားသတ္တိရှိသွားကော။ ဒီမနက် ရှုရှုတို့နှစ်ယောက်ကိုတွေ့တာနဲ့ မကြောက်တော့ဘူး"
"အရမ်းတော်တာပဲ"
ရှီယွင်နန်က ရွှေငါးလေး၏ ပါးကို ပွတ်သပ်ရင်း လေးလေးနက်နက် ကတိပေးလိုက်သည်။
"ဒီလိုမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ ဖြစ်မလာစေရဘူးလို့ ရှောင်ရှုရှုက ကတိပေးတယ်နော်။ ပြီးတော့ ရွှေငါးလေးဘယ်တော့မှ ဘယ်တော့မှ မကြောင်လန့်စေရဘူး။"
ရွှေငါးလေးက ခေါင်းကို ခါယမ်းကာ—
"ရပါတယ် ရှောင်ရှုရှု။ ဇာတ်လမ်းထဲက ဇာတ်လိုက်တွေဆိုလည်း သူတို့ ပိုသန်မာပြီး သတ္တိမရှိလာခင် စွန်စားခန်းတွေ ကြောက်စရာကောင်းတာတွေကို ကျော်ဖြတ်ရတာပဲလေ။"
"ရှောင်ရှုရှု သား လူကြီးဖြစ်လာပြီမလား?"
ရှီယွင်နန် ချီးကျူးစကားများ တဝကြီး ပြောပေးလိုက်တော့သည်။ "ဟုတ်တာပေါ့ ငါတို့ရွှေငါးလေး လူကြီးဖြစ်လာပြီ"
ရွှေငါးလေး ကျေနပ်စွာ ပြုံးလိုက်ပြီး လွယ်အိတ်သေးသေးလေးကိုကောက်ယူကာ ရှီယွင်နန်အတွက် ဘေးသို့ နေရာနည်းနည်းရွှေ့ပေးလိုက်သည်။
"ရှောင်ရှုရှု ဒီမှာထိုင်။"
"အိုကေ"
ရွှေငါးလေး အိတ်ကို ဖွင့်လိုက်၏။ အထဲတွင် ပကတိအကောင်းတိုင်း ရှိနေသေးသည့် သကြားရုပ်လေးသုံးရုပ်ကို ထုတ်လိုက်ပြီးနောက် ဝမ်းသာရအားရ အံ့ဩတကြီး ပြောလာတော့သည်။ "ဝိုးးး မကြေသွားဘူးပဲ!"
ရှီယွင်နန်က အလိုက်သင့်လေး ထုတ်မေးလိုက်သည်။ "ဖုန်းထဲမှာ ဒို့တွေအတွက် ဝယ်လာတဲ့ သကြားရုပ်ဆိုတာ ဒါလေးတွေလား?"
"အမှန်ပဲ!" ရွှေငါးလေးက ထုတ်လိုက်ပြီး ဝမ်းသာအားရ လက်ဟန်ခြေဟန်ဖြင့် မိတ်ဆက်ပေးနေတော့သည်။
"အရပ်အရှည်ဆုံးက ရှုရှု၊ ဆံပင်နည်းနည်းရှည်တာက ရှောင်ရှုရှု ပြီးတော့ ဒီသေးသေးလေးက..."
သူရုတ်တရက် စကားပြောရင်း ရပ်သွားတော့ ရှီယွင်နန်က ချက်ချင်းပင် သူ့အစား ဝင်ပြောပေးလိုက်သည်။ "ဒါက ငါတို့ရဲ့ ချစ်စရာအကောင်းဆုံး ရွှေငါးလေးမလား? ဒို့တွေ အိမ်ပြန်ရောက်တဲ့အထိ ခဏ သိမ်းထားကြမလား?"
ရွှေငါးလေးက ဝမ်းသာအားရ ခေါင်းညိတ်ပြလာ၏။ ပြန်ပေးဆွဲခံခဲ့ရလို့ ကြောက်နေသည့် သူ့စိတ်မှာ လုံးဝလွင့်စင်သွားပြီး ရှီယွင်နန်နှင့် သူ့ပစ္စည်းလေးတွေကို ဘယ်မှာထားမယ်ဆိုသည့် အကြောင်းကိုသာ စိတ်ဝင်တစား ဆွေးနွေးနေသည်။
ထိုအချိန် တံခါးခေါက်သံမြည်လာပြီး တိုးညှင်းသည့် အသံကို ကြားလိုက်ရသည်။ "နိဟောင်၊ အခန်းဝန်ဆောင်မှု ပါရှင့်။"
ဒါကိုကြားတော့ ရွှေငါးလေးဗိုက်မှာ တဂွီဂွီ ပိုမြည်လာကာ သူရှက်သွားတော့သည်။
ရှီယွင်နန် အပြုံးလေးနဲ့ သူ့လက်လေးကို ကိုင်ကာ ပြောလိုက်သည်။ "လာ၊ ဧည့်ခန်းထဲမှာ သွားစားကြစို့!"
"အွန်း! သားအများကြီးစားချင်တယ်!"
....
ည ရှစ်နာရီအချိန်တွင်—
ရှီယွင်နန်က ရွေငါးလေး ထိတ်လန့်နေသေးမှာကို စိုးရိမ်တာကြောင့် ကုတင်ပေါ်တွင် သူနှင့်အတူ လှဲလျောင်းရင်း ချော့သိပ်ပေးနေ၏။
ရွှေငါးလေးမှာ အိပ်မပျော်နိုင်သေးတာကြောင့် မျက်လုံးလေး နှစ်လုံး ပြူးနေလျက်။
"ရှုရှု ပြန်လာနေပြီလား?"
ရှီယွင်နန်က သူ့အမေ သူ့အား ချော့သိပ်ပေးခဲ့သည့်အတိုင်း ရွှေငါးလေးဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း ပြန်ဖြေလိုက်သည်။ "ကိစ္စတချို့ ဖြေရှင်းပြီးရင် ပြန်လာတော့မှာပါ"
ရွှေငါးလေးမှာ သူပွတ်သပ်ပေးနေတာကို အလွန်သဘောကျတာကြောင့် သူခြုံလေ့ရှိသော စောင်လေးကို ဖယ်လိုက်ပြီး ရှီယွင်နန် ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ "ရှောင်ရှုရှု။"
"ဟမ်?" ရှီယွင်နန် သူ့ကို ပြန်ဖက်ထားပေးလိုက်၏။
ရွှေငါးလေးက သေချာဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ရင်ထဲက စကားတွေကို ထုတ်ပြောလိုက်တော့သည်။
"ရှောင်ရှုရှု၊ သားလေ ရှုရှုနဲ့ ရှောင်ရှုရှု သားကို မလိုချင်တော့မှာ ကြောက်နေခဲ့တာ။ အဲ့ဒါကြောင့် သားတော်ပြီး လိမ်လိမ်မာမာနေရမယ်လို့ ထင်နေခဲ့တာ"
"....."
ရှီယွင်နန် မှင်သက်သွား၏။ ရွှေငါးလေးမှာ ထိုကဲ့သို့အတွေးများ ရှိနေလိမ့်မည်ဟု လုံးဝ မထင်ခဲ့ချေ။
"ရှုရှုတို့က ဘာလို့ သားကို မလိုချင်ရမှာလဲ?"
"ဘာလို့ဆို သားက တခြားကလေးတွေနဲ့ မတူလို့လေ။ သားမှာ မိဘတွေလည်းမရှိတော့ဘူး... မူကြိုကသူငယ်ချင်းတွေက ပြောတယ်။ အရွယ်ရောက်တဲ့ လူကြီးတိုင်းက အိမ်ထောင်ကျပြီးရင် ကလေးလေးတွေ ရှိလာမှာတဲ့။ ပြီးရင် သူတို့ကလေးလေးတွေကိုပဲ အရမ်း ချစ်ကြမှာတဲ့"
မထင်မှတ်ထားသည့် ရွှေငါးလေးရဲ့ စကားများကို ကြားသည့်အခါမှာတော့ ရှီယွင်နန် မျက်လုံးများ နီရဲလာတော့သည်။ သူ ငိုချင်စိတ်ကို ထိန်းကာ—
"အဲဒါက သူတို့ သေချာမသိလို့ပါ။ ရှုရှုနဲ့ ရှောင်ရှုရှုကလေ ငါတို့ရဲ့ ရွှေငါးလေးကိုအချစ်ဆုံးပဲ "
ရွှေငါးလေးက ငိုတော့မည့်ပုံစံလေးဖြင့် နှုတ်ခမ်းလေးစူကာ ထပ်မေးလာသည်။ "သား လိမ်မာမာ မလိမ်မာမာ ချစ်မှာလား? ဒီနေ့လို သား အန္တရာယ်ကြုံရရင်ကော ကာကွယ်ပေးမှာလား?"
"သေချာပေါက် ကာကွယ်ပေးမှာပေါ့"
ရှီယွင်နန်လည်း ဒီလိုတူညီတဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရလို့ ဖြစ်ကောင်းဖြစ်နိုင်၏။ သူ ရွှေငါးလေးရဲ့ အတွေးတွေကို အပြည့်အဝနားလည်သည်။
သူတစ်ခုခုကို ကောင်းကောင်း မလုပ်မိရင် လူကြီးတွေ စိတ်ပျက်မှာကို ကြောက်မိတဲ့အတွက် ကိစ္စအားလုံးကို သတိထားဂရုစိုက်ပြီး လိမ္မာအောင် တော်အောင် ကြိုးစားခဲ့ရလေသည်။
"ရွှေငါးလေး လိမ်မာမာ မမာမာ၊ ပါးနပ်တဲ့ ကလေးလေးပဲ ဖြစ်ဖြစ် ငတုံးလေးပဲ ဖြစ်ဖြစ် သားရှုရှုနဲ့ ရှောင်ရှုရှုက သားကို အမြဲတမ်းချစ်မှာ"
"ရှောင်ရှုရှုတို့မှာ တခြားကလေးတွေ မရှိနိုင်တော့ဘူး၊ ဘာလို့ဆို ရွှေငါးလေး ရှိနေပြီလေ"
လက်ရှိဥပဒေအရ၊ လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုထားပြီး မိဘမဲ့ကလေးများကို မွေးစားခွင့်ပေးထားသော်လည်း လော့လင်းရှန်းနှင့် ရှီယွင်နန်တွင် နဂိုကတည်းက ထိုသို့ အစီအစဉ် မရှိခဲ့ချေ။
ရွှေငါးလေးက ရှီယွင်နန် လက်လေးကို သူ့နှာခေါင်းလေးဖြင့် ပွတ်သီးပွတ်သပ်လုပ်ရင်း ထပ်ခါထပ်ခါ မေးလာသည်။ "ဒါဆို သားကြီးလာတဲ့အထိ သားနဲ့တူတူရှိနေပေးမှာလား? တခြားကလေးတွေရဲ့ မိဘတွေလိုလေ"
"ဟုတ်တာပေါ့။ မူကြိုကနေ အလယ်တန်း အထက်တန်းအထိ၊ ရွှေငါးလေး တက္ကသိုလ်တက် ဘွဲ့ရအလုပ်တဲ့အထိရှိနေပေးမှာ၊ ပြီးရင် ရွှေငါးလေး သဘောကျတဲ့ သူကို တွေ့တဲ့အထိ..."
"သား သဘောကျမယ့်သူ?"
ရွှေငါးလေးက ထိုမေးခွန်းကို ပြန်မေးလာမယ်လို့ မထင်ထားတာကြောင့် ရှီယွင်နန် ရယ်မိသွားတော့သည်။
"ဟုတ်တာပေါ့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ရွှေငါးလေးအတွက် အမြဲတမ်း တစ်ယောက်ယောက်က ရှိနေပေးမှာပါ"
"အဲ့လူကို မတွေ့ရင်ကော ဘယ်လိုလုပ်မလဲ?"
"သူတို့နဲ့ မဆုံဖြစ်ရင်တောင် ရွှေငါးလေးဘဝကို ပျော်ရွင်စရာကောင်းအောင် နေလို့ရတာပဲလေ"
ရွှေငါးလေးက နားလည်ပုံရသွားကာ ခေါင်းညိတ်ပြလာသည်။ "ရှောင်ရှုရှု တခြားကလေးက သူတို့အဖေအမေတွေကို ချစ်သလိုမျိုး သားလည်း ရှောင်ရှုရှုကို အရမ်းချစ်တယ်"
အရင်တုန်းကတော့ လော့လင်းရှန်းနဲ့ ရှီယွင်နန် သူ့ကိုစွန့်ပစ်မှာကို စိုးရိမ်နေခဲ့ပေမယ့် ခုတော့ လုံးဝမပူပန်တော့ပါ။
သူ့ရှုရှုနှစ်ယောက်က သူ့ကို အတတ်နိုင်ဆုံးကာကွယ်ပေးမှာ၊ တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး။
ပြီးတော့ သူ လျှို့ဝှက်ချက်လေးတစ်ခု ရှာတွေ့ထားတယ်။ သကြားရုပ်ရဲ့ ဖိနပ်လေးတွေက အရင်တုန်းက အဖြူရောင်လေ။ အခုတော့ အနက်ရောင်ဖြစ်နေတယ်။ သူဝမ်းနည်းသွားမှာ စိုးလို့ ရှောင်ရှုရှု ထပ်ဝယ်ပေးထားတာပဲ ဖြစ်ရမယ်။
အခြားမိဘတွေလိုပဲ ဒီလို ရှုရှုနဲ့ ရှောင်ရှုရှု ရှိနေတာလည်း မဆိုးပါဘူး။
ရှီယွင်နန် သူ့နှာခေါင်းလေးကို ညှစ်လိုက်ပြီး သူ့စကားအတိုင်း ပြန်တုံ့ပြန်လိုက်သည်။
"ရှုရှုတို့ကလည်း ရွှေငါးလေးကို အရမ်းချစ်တယ်။"
လိုချင်တဲ့ အဖြေရသွားတော့ ရွှေငါးလေး ကျေနပ်သွားပြီး သူမျက်လုံးလေးတွေကို မှိတ်ထားလျက် ချစ်ဖို့ကောင်းစွာ ဆိုလာသည်။
"ဂွတ်နိုက်ပါ ရှောင်ရှုရှု"
"ဂွတ်နိုက်ပါ ရွှေငါးလေး"
ရှီယွင်နန် မီးအလင်းရောင်ကို အနည်းငယ်မှိန်ပြသွားအောင် လျှော့လိုက်၏။
အကြီးလေးနှင့် အသေးလေးမှာ အိပ်နေရင်း တစ်ယောက်ကို တစ်ယောက် နွေးထွေးစွာ ဖက်ထားကြလေသည်။ ရှီယွင်နန်မှာ အမြဲအတွေးတစ်ခုရှိနေခဲ့၏— ရွှေငါးလေးက သူ့(Syn)ရဲ့ မပြည့်မစုံ ကြီးပြင်းခဲ့ရပြီး အမြဲပူပန်စွာနေထိုင်ခဲ့ရသည့် ကလေးဘဝကို ပြန်ပြင်ဆင်ပေးနိုင်လောက်လေမည်။
...
အစကတော့ ရှီယွင်နန်တစ်ယောက် ရွှေငါးလေး အိပ်ပျော်သွားတဲ့အထိသာ လှဲလျောင်းနေဖို့စဉ်းစားထားပေမယ့်လည်း ထိုတိတ်ဆိတ်သည့် အခန်းထဲတွင် သူပါ အိပ်ပျော်သွားတော့သည်။
သူ ပြန်နိုးလာသည့် အခါမှာတော့ ရေချိုးခန်းထဲတွင် ရေချိုးနေသည့် အသံကို ကြားလိုက်ရ၏။ ရှီယွင်နန် မျက်လုံးလေးကို ဖွင့်ထားပြီး ခုတင်ပေါ်တွင် ဆက်လှဲနေလိုက်သည်။
ခဏကြာသည့် အခါမှာတော့ ရေချိုးပြီးသွားတဲ့ လော့လင်းရှန်းက ခြေသံဖွဖွလေးနင်းကာ ပြန်ထွက်လာသည်။
မှိန်ပြပြအလင်းရောင်အောက်တွင် နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြ၏။
လော့လင်းရှန်းက သူ့အနားသို့ ဖွဖွလေး လျှောက်လာကာ-
"ကိုယ်ကြောင့် နှိုးသွားလား?"
"ဟင့်အင်း၊ ကျွန်တော်အဲ့လောက်ကြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မနေလို့ပါ"
ရှီယွင်နန် အတွင်းပိုင်းသို့ နည်းနည်းတိုးပေးလိုက်ပြီး သူ့ချစ်သူ ခြေထောက်တွေကို တွေးမိသွားကာ မေးလိုက်သည်။ "ခင်ဗျား ခြေထောက်တွေ အဆင်ပြေရဲ့လား?"
"အဆင်ပြေပါတယ်။ အရေးကြီးအခြေအနေဆိုတော့ လော့ယန်ချွမ်းကို ရင်ဆိုင်ဖို့ အားအများကြီး သုံးလိုက်မိတယ်။ အဆစ် နည်းနည်း လွဲသွားပုံပဲ။ ကိုယ်အခုကစပြီး သတိထားမှာပါ"
"ကိစ္စတွေလည်း ပြေလည်သွားပြီဆိုတော့ ပြန်စစ်ဆေးဖို့ ဒေါက်တာဘန့်စ်ဆီ သွားလိုက်ပါလား? ကျွန်တော် စိတ်ပူတယ်။" ရှီယွင်နန်မှာ စိတ်ပူနေတုန်းပင်။
လော့ယန်ချွမ်းကြောင့် သူ့ချစ်သူခြေထောက် တစ်ခုခုဖြစ်သွားရင် သူ ဓားတစ်ချောင်း ကိုင်ပြီး ထောင်ထဲ တန်းတန်းမတ်မတ် ဝင်သွားမိမှာပင်။
"ဟုတ်ပါပြီ။" လော့လင်းရှန်း သူ့ချစ်သူစကားကို နာခံလိုက်သည်။
နှစ်ယောက်သား အနမ်းချင်း ဖလှယ်လို့ရသည်အထိတိုးကပ်လိုက်ကြ၏။
လော့လင်းရှန်းက နီနီရဲရဲမျက်နှာလေးဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူ့တူလေးကို တစ်ချက်ကြည့်ကာ—
"ကိုယ် ချင်ကျန်းကို စိတ်ရောဂါကုဆရာဝန်နဲ့ ချိန်းခိုင်းထားတယ်။ နောက်နှစ်ရက်နေရင် အင်ပါယာမြို့တော်ကို ပြန်ကြမယ်။ ပြီးရင် ဆရာဝန်ကို စာသင်တဲ့ဆရာဟန်ဆောင်ပြီး ကျင်းယွီကို ကုပေးဖို့ ပြောလိုက်မယ်"
ရှီယွင်နန်လည်း လော့လင်းရှန်း၏ သဘောထားကို နားလည်သည်။ "အင်း ခင်ဗျား စီစဉ်လိုက်လေ"
ရွှေငါးလေးမှာ ကလေးလေးသာ ဖြစ်၏။ ပြန်ပေးဆွဲခံရသည့် အဖြစ်အပျက်ကြောင့် ကျန်နေခဲ့သော အရိပ်မှာ ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ တိုးတိုးတိတ်တိတ်တိုင်ပင်ရန် စိတ်ရောဂါကုဆရာဝန်တစ်ယောက်တော့ လိုအပ်လေသည်။
ရှီယွင်နန် ထပ်မေးလိုက်သည်။ "လော့ယန်ချွမ်း အခြေအနေကော?"
"ကိုယ်သူ့ကို ကားနဲ့ ပြင်းပြင်းထန်ထန် တိုက်လိုက်တော့ ရဲတွေပြောစကားအရ သူလမ်းမလျှောက်နိုင်ဘူးတဲ့"
အစကတော့ သူဟာ ဖုန်းထဲတွင် ရွှေငါးလေး ခြေထောက်တွေကို ခြိမ်းခြောက်ခဲ့၏။ အခုတော့ အခြေအနေတွေဟာ ပြန်ပြောင်းသွားပြီး ဝဋ်က သူ့ဆီ ပြန်လည်လာလေပြီ။
ရှီယွင်နန်ကား၏ ဘလက်ဘောက်ဗီဒီယိုက လော့ယန်ချွမ်းကသာ သူတို့ကို အရင် အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တယ်ဆိုသည့် သက်သေပြဖို့ လုံလောက်နေလေပြီ။ လော့လင်းရှန်း၏ လုပ်ရပ်ဟာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဟု သတ်မှတ်လို့ရသည်။ သူဟာ လုပ်ထုံးလုပ်နည်းတွေကို ပူးပေါင်းလိုက်နာသရွေ့ ထိုကိစ္စမှာ ချောချောမွေ့မွေ့ပြီးဆုံးသွားမည်ဖြစ်သည်။
လော့ယန်ချွမ်းသာ ဒီလိုဒဏ်ရာရထားပါက လူသားချင်း စာနာထောက်ထားကာ ဥပဒေက ပြန်လည် ကုသခွင့်ပေးနိုင်သည်။ သို့သော်လည်း သန်ဘက်ခါတွင်တော့ အမှုကို ကြားနာစစ်ဆေးခံရတော့လေမည်။
ကားတိုက်ပြေးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဤစွဲချက်နှစ်ခုက လော့ယန်ချွမ်းအား ထောင်ချရန် လုံလောက်နေလေပြီ။
ထို့အပြင် လော့ယန်ချွမ်းမှာ ခြေထောက်ဒဏ်ရာရထားတာကြောင့် ရှေ့လျှောက် ထောင်ထဲတွင် ဒုက္ခများ ပိုတွေ့ကြုံခံစားရတော့မှာပင်။
ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့လို့ သေတာထက်ဆိုးသည့် ဒီလို ထောင်သားဘဝကို ရောက်ရှိခဲ့ရလေပြီ။
ရှီယွင်နန် လေးလေးပင်ပင် သက်ပြင်းချလိုက်မိတော့သည်။
"အင်း ပြေလည်သွားပြီဆိုတော့ ကောင်းတာပေါ့"
သူပြောပြီးသည်နှင့် ရုတ်တရက် ရုတ်တရက် ရွှေငါးလေးက သူ့စောင်လေးကို ဖက်ထားလျက် လှည့်လာပြီး ပါးစပ်လေးဟလျက် တဖန် ပြန်အိပ်ပျော်သွားပြန်သည်။
ရှီယွင်နန်မှာ ထိုတရင်းတနှီးရှိသည့် စောင်လေးကို ကြည့်ကာ မေးလိုက်မိ၏။ "ရွှေငါးလေး ဒီစောင်လေးကို သုံးတာ ဘယ်လောက်ကြာပြီလဲ? သူဒီစောင်ကို အရမ်းတွယ်တာနေသလိုပဲ"
လော့လင်းရှန်းမျက်နှာဟာ မသိမသာ ညှိုးသွားလျက်—
"ကိုယ့် အစ်မ ကိုယ်ဝန်ရှိကတည်းက ကိုယ့် ယောက်ဖက ပစ္စည်းတွေအားလုံးကို ဝယ်တော့တာလေ။ ဒီစောင်လေးကိုတော့ သူကိုယ်တိုင် ချုပ်ထားတာ"
မထင်မှတ်ဘဲ ဆုံးပါးသွားခဲ့ရပေမယ့် သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ အသက်ရှိစဉ်အမျှ ဒီကလေးလေးကို အရမ်းချစ်ခဲ့ကြလေသည်။
"ကျင်းယွီ ဒီစောင်လေးကို အရမ်းတွယ်တာမှန်း ကိုယ်သိတော့ နောက်ပိုင်း ကလေးဆရာဝန်ကို မေးကြည့်ဖူးတယ်။ သူပြောတာတော့ ကလေးတော်တော် များများမှာ ရှိသင့်တဲ့ အကျင့်တစ်ခုပါပဲတဲ့။"
ကလေးများ ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေရှိစေရန်၊ စိတ်လုံခြုံမှုရှိစေရန် ထိုသို့သော ပစ္စည်းပေါ် အရောင်ပေါ် တွယ်တာခြင်းဟာ တကယ့်ကို လိုအပ်သည်။
သို့သော်လည်း ဒါကို စိတ်ရောဂါလို့ မယူဆနိုင်။ မိဘတွေသာ လုံလုံလောက်လောက် ပံ့ပိုး ချစ်ပေးသရွေ့ သူတို့ ကြီးပြင်းလာသည်နှင့် ထိုအကျင့်ကို ကျိန်းသေပေါက် ဖယ်ရှားပစ်နိုင်ကြလေသည်။
ရှီယွင်နန်က အိပ်ယာမဝင်ခင်တုန်းက ပြောခဲ့တဲ့ စကားတွေအားလုံးကို တိုးတိုးလေး ပြန်ပြောလိုက်သည်။
"... အရင်တုန်းကတော့ ကျွန်တော့ကိုယ်ကျွန်တော် ကလေးမထိန်းနိုင်လောက်ဘူးလို့ ထင်နေခဲ့တာ။ အခုတော့ သူ့ကို သားအရင်းလေးလို ပြုစုပျိုးထောင်ပေးဖို့ မစောင့်နိုင်တော့ဘူး"
လော့လင်းရှန်းက ရှီယွင်နန်ကို ပွေ့ဖက်ထားရင်း ပြောလိုက်သည်။
"ကိုယ်တို့ သုံးယောက် မိသားစု ဖြစ်လာတာ ကောင်းတယ်။"
"အရမ်းကောင်းတယ်"
ရှီယွင်နန် ရုတ်တရက် သူတို့သုံးယောက်တွေ့ဆုံသည့် ပထမဆုံးနေ့ကို သတိရသွား၏။ ထိုနေ့တွင် သူစိမ်းပဲဖြစ်သေးသည့် ရွှေငါးလေးက ကားပေါ်တွင် လော့လင်းရှန်းကို မေးခဲ့ဖူးလေသည်။
—ရှုရှု သူက ရှုရှု သူငယ်ချင်းလား?
—သူက ငါတို့ မိသားစုပဲ။ ရှေ့လျှောက် ငါတို့နဲ့ အတူတူနေလိမ့်မယ်။
အစကတော့ ရွှေငါးလေးလို ကလေးအတွက် ဝတ်ကျေတမ်းကျေ ဖြေလိုက်တဲ့ စကားလေးတစ်ခွန်းလို့ ရှီယွင်နန် ထင်နေခဲ့ပေမယ့် တကယ်ဖြစ်လာမယ်လို့ မထင်ထားခဲ့ပါချေ။
ဟုတ်တယ်!
သူတိို့ သုံးယောက်ပဲရှိတဲ့ မိသားစုက သာယာတဲ့မိသားစုပဲ။
ရှီယွင်နန် အပြုံးလေးနဲ့ လော့လင်းရှန်းအနား ကပ်လိုက်သည်။
"လော့လင်းရှန်း"
"ဟမ်?"
"ကျွန်တော် ဒီနေ့ ရွှေငါးလေးဆီကနေ စကားအသစ်သင်ထားတယ်။" ရွှေငါးလေးက အမြဲ ချစ်တယ် ဆိုတဲ့ စကားကို ပြောမှန်း ရှီယွင်နန် အမှတ်ရသွားသည်။
"ဘာများလဲ?" လော့လင်းရှန်း သူ့နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်၏။
ရှီယွင်နန်မှာ သူ့ရှေ့က လူအတွက် ခုန်နေသော သူ့နှလုံးသားကို မထိန်းချုပ်ထားတော့။ လော့လင်းရှန်းကသာ သူ့ဘဝတလျှောက်လုံးအတွက် တစ်ဦးတည်းသော လူဖြစ်ကြောင်း သူအခိုင်အမာ ယုံကြည်လို့ထားသည်။
"ကျွန်တော် ခင်ဗျားကို ချစ်တယ်"
"....."
လော့လင်းရှန်း မှင်သက်သွား၏။ အမြဲတင်းမာနေခဲ့သည့် သူမျက်ဝန်းများထဲတွင် အပြုံးရိပ်များ ပြည့်လျှံလို့နေတော့သည်။
"ကိုယ်လည်း မင်းကိုချစ်တယ်။ အမြဲတမ်း မင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာပါ။"
Zawgyi
ေ႐ႊငါးေလးတစ္ေယာက္ ညေနခင္းထိ အိပ္ေမာက်ေနခဲ့ၿပီး သူ႔ဗိုက္ထဲမွ တဂြီဂြီျမည္သံေၾကာင့္ ႏိုးလာသည္။
သူက ခုတင္ေပၚတြင္ အိပ္ခ်င္မူးတူးထထိုင္လိုက္ၿပီး မ်က္လုံးေလးကို ပြတ္သပ္ရင္း အသံတိုးတိုးေလးျဖင့္ေခၚလာ၏။
"ရႈရႈ? ေရွာင္ရႈရႈ?"
ခ်က္ခ်င္းပင္ ေျခသံေတြကို ၾကားလိုက္ရေလသည္။
ရွီယြင္နန္က အိပ္ခန္းအျပင္ဘက္ရွိ ဧည့္ခန္းထဲမွ ခ်င္ခ်င္းလွမ္းလာၿပီး လက္ထဲတြင္ ရင္းႏွီးကြၽမ္းဝင္သည့္ အိတ္ေသးေသးေလးကိုပါ ကိုင္ေဆာင္ထားသည္။ "ငါတို႔ ေ႐ႊငါးေလး ႏိုးလာၿပီလား?"
"ဟုတ္!"
အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ ေ႐ႊငါးေလးဟာ ရွီယြင္နန္ကို ျမင္တာနဲ႔ ခ်က္ခ်င္းၿပဳံးသြားေတာ့သည္။
ရွီယြင္နန္က အိတ္ကို ခုတင္ေဘးမွာ ခ်ထားလိုက္ၿပီး သူ႔တူေလးကို ေမးလိုက္သည္။ "ဗိုက္ဆာေနၿပီလား?"
ေ႐ႊငါးေလးက သူ႔ဗိုက္ေလးကို ပြတ္ေနရင္း ခြၽဲတဲတဲေလးျပန္ေျဖသည္။ "ဆာေနၿပီ! ေရွာင္ရႈရႈ သားေလ ၾကက္ဥေပါင္းနဲ႔ steakစားခ်င္တယ္။"
"ဟုတ္ပါၿပီ၊ ဟိုတယ္စားဖိုေဆာင္ကလူေတြကို ခ်က္ခိုင္းလိုက္မယ္ေနာ္။ ခဏေနၾကရင္ တူတူစားၾကမလား?"
"ဟုတ္!"
"ေၾကာက္ေနေသးလား?" ရွီယြင္နန္က သူ႔ေခါင္းေလးကို ပြတ္သပ္ရင္း ဂ႐ုတစိုက္ေမးလိုက္၏။
ေ႐ႊငါးေလးက ခဏေလာက္စဥ္းစားေနၿပီးေနာက္ ေလးေလးနက္နက္ ျပန္ေျဖလာသည္။ "အစတုန္းကေတာ့ သားေၾကာက္ေနတာ။ ဒါမယ့္ ဖုန္းထဲကေန ေရွာင္ရႈရႈအသံကို ၾကားလိုက္တာနဲ႔ သားသတၱိရွိသြားေကာ။ ဒီမနက္ ရႈရႈတို႔ႏွစ္ေယာက္ကိုေတြ႕တာနဲ႔ မေၾကာက္ေတာ့ဘူး"
"အရမ္းေတာ္တာပဲ"
ရွီယြင္နန္က ေ႐ႊငါးေလး၏ ပါးကို ပြတ္သပ္ရင္း ေလးေလးနက္နက္ ကတိေပးလိုက္သည္။
"ဒီလိုမ်ိဳး ေနာက္တစ္ႀကိမ္ ဘယ္ေတာ့မွ ျဖစ္မလာေစရဘူးလို႔ ေရွာင္ရႈရႈက ကတိေပးတယ္ေနာ္။ ၿပီးေတာ့ ေ႐ႊငါးေလးဘယ္ေတာ့မွ ဘယ္ေတာ့မွ မေၾကာင္လန္႔ေစရဘူး။"
ေ႐ႊငါးေလးက ေခါင္းကို ခါယမ္းကာ—
"ရပါတယ္ ေရွာင္ရႈရႈ။ ဇာတ္လမ္းထဲက ဇာတ္လိုက္ေတြဆိုလည္း သူတို႔ ပိုသန္မာၿပီး သတၱိမရွိလာခင္ စြန္စားခန္းေတြ ေၾကာက္စရာေကာင္းတာေတြကို ေက်ာ္ျဖတ္ရတာပဲေလ။"
"ေရွာင္ရႈရႈ သား လူႀကီးျဖစ္လာၿပီမလား?"
ရွီယြင္နန္ ခ်ီးက်ဴးစကားမ်ား တဝႀကီး ေျပာေပးလိုက္ေတာ့သည္။ "ဟုတ္တာေပါ့ ငါတို႔ေ႐ႊငါးေလး လူႀကီးျဖစ္လာၿပီ"
ေ႐ႊငါးေလး ေက်နပ္စြာ ၿပဳံးလိုက္ၿပီး လြယ္အိတ္ေသးေသးေလးကိုေကာက္ယူကာ ရွီယြင္နန္အတြက္ ေဘးသို႔ ေနရာနည္းနည္းေ႐ႊ႕ေပးလိုက္သည္။
"ေရွာင္ရႈရႈ ဒီမွာထိုင္။"
"အိုေက"
ေ႐ႊငါးေလး အိတ္ကို ဖြင့္လိုက္၏။ အထဲတြင္ ပကတိအေကာင္းတိုင္း ရွိေနေသးသည့္ သၾကား႐ုပ္ေလးသုံး႐ုပ္ကို ထုတ္လိုက္ၿပီးေနာက္ ဝမ္းသာရအားရ အံ့ဩတႀကီး ေျပာလာေတာ့သည္။ "ဝိုးးး မေၾကသြားဘူးပဲ!"
ရွီယြင္နန္က အလိုက္သင့္ေလး ထုတ္ေမးလိုက္သည္။ "ဖုန္းထဲမွာ ဒို႔ေတြအတြက္ ဝယ္လာတဲ့ သၾကား႐ုပ္ဆိုတာ ဒါေလးေတြလား?"
"အမွန္ပဲ!" ေ႐ႊငါးေလးက ထုတ္လိုက္ၿပီး ဝမ္းသာအားရ လက္ဟန္ေျခဟန္ျဖင့္ မိတ္ဆက္ေပးေနေတာ့သည္။
"အရပ္အရွည္ဆုံးက ရႈရႈ၊ ဆံပင္နည္းနည္းရွည္တာက ေရွာင္ရႈရႈ ၿပီးေတာ့ ဒီေသးေသးေလးက..."
သူ႐ုတ္တရက္ စကားေျပာရင္း ရပ္သြားေတာ့ ရွီယြင္နန္က ခ်က္ခ်င္းပင္ သူ႔အစား ဝင္ေျပာေပးလိုက္သည္။ "ဒါက ငါတို႔ရဲ႕ ခ်စ္စရာအေကာင္းဆုံး ေ႐ႊငါးေလးမလား? ဒို႔ေတြ အိမ္ျပန္ေရာက္တဲ့အထိ ခဏ သိမ္းထားၾကမလား?"
ေ႐ႊငါးေလးက ဝမ္းသာအားရ ေခါင္းညိတ္ျပလာ၏။ ျပန္ေပးဆြဲခံခဲ့ရလို႔ ေၾကာက္ေနသည့္ သူ႔စိတ္မွာ လုံးဝလြင့္စင္သြားၿပီး ရွီယြင္နန္ႏွင့္ သူ႔ပစၥည္းေလးေတြကို ဘယ္မွာထားမယ္ဆိုသည့္ အေၾကာင္းကိုသာ စိတ္ဝင္တစား ေဆြးေႏြးေနသည္။
ထိုအခ်ိန္ တံခါးေခါက္သံျမည္လာၿပီး တိုးညႇင္းသည့္ အသံကို ၾကားလိုက္ရသည္။ "နိေဟာင္၊ အခန္းဝန္ေဆာင္မႈ ပါရွင့္။"
ဒါကိုၾကားေတာ့ ေ႐ႊငါးေလးဗိုက္မွာ တဂြီဂြီ ပိုျမည္လာကာ သူရွက္သြားေတာ့သည္။
ရွီယြင္နန္ အၿပဳံးေလးနဲ႔ သူ႔လက္ေလးကို ကိုင္ကာ ေျပာလိုက္သည္။ "လာ၊ ဧည့္ခန္းထဲမွာ သြားစားၾကစို႔!"
"အြန္း! သားအမ်ားႀကီးစားခ်င္တယ္!"
....
ည ရွစ္နာရီအခ်ိန္တြင္—
ရွီယြင္နန္က ေ႐ြငါးေလး ထိတ္လန္႔ေနေသးမွာကို စိုးရိမ္တာေၾကာင့္ ကုတင္ေပၚတြင္ သူႏွင့္အတူ လွဲေလ်ာင္းရင္း ေခ်ာ့သိပ္ေပးေန၏။
ေ႐ႊငါးေလးမွာ အိပ္မေပ်ာ္ႏိုင္ေသးတာေၾကာင့္ မ်က္လုံးေလး ႏွစ္လုံး ျပဴးေနလ်က္။
"ရႈရႈ ျပန္လာေနၿပီလား?"
ရွီယြင္နန္က သူ႔အေမ သူ႔အား ေခ်ာ့သိပ္ေပးခဲ့သည့္အတိုင္း ေ႐ႊငါးေလးဆံပင္ေလးေတြကို ပြတ္သပ္ေပးရင္း ျပန္ေျဖလိုက္သည္။ "ကိစၥတခ်ိဳ႕ ေျဖရွင္းၿပီးရင္ ျပန္လာေတာ့မွာပါ"
ေ႐ႊငါးေလးမွာ သူပြတ္သပ္ေပးေနတာကို အလြန္သေဘာက်တာေၾကာင့္ သူၿခဳံေလ့ရွိေသာ ေစာင္ေလးကို ဖယ္လိုက္ၿပီး ရွီယြင္နန္ ရင္ခြင္ထဲ တိုးဝင္လိုက္သည္။ "ေရွာင္ရႈရႈ။"
"ဟမ္?" ရွီယြင္နန္ သူ႔ကို ျပန္ဖက္ထားေပးလိုက္၏။
ေ႐ႊငါးေလးက ေသခ်ာဆုံးျဖတ္ခ်က္ခ်လိုက္ၿပီး သူ႔ရင္ထဲက စကားေတြကို ထုတ္ေျပာလိုက္ေတာ့သည္။
"ေရွာင္ရႈရႈ၊ သားေလ ရႈရႈနဲ႔ ေရွာင္ရႈရႈ သားကို မလိုခ်င္ေတာ့မွာ ေၾကာက္ေနခဲ့တာ။ အဲ့ဒါေၾကာင့္ သားေတာ္ၿပီး လိမ္လိမ္မာမာေနရမယ္လို႔ ထင္ေနခဲ့တာ"
"....."
ရွီယြင္နန္ မွင္သက္သြား၏။ ေ႐ႊငါးေလးမွာ ထိုကဲ့သို႔အေတြးမ်ား ရွိေနလိမ့္မည္ဟု လုံးဝ မထင္ခဲ့ေခ်။
"ရႈရႈတို႔က ဘာလို႔ သားကို မလိုခ်င္ရမွာလဲ?"
"ဘာလို႔ဆို သားက တျခားကေလးေတြနဲ႔ မတူလို႔ေလ။ သားမွာ မိဘေတြလည္းမရွိေတာ့ဘူး... မူႀကိဳကသူငယ္ခ်င္းေတြက ေျပာတယ္။ အ႐ြယ္ေရာက္တဲ့ လူႀကီးတိုင္းက အိမ္ေထာင္က်ၿပီးရင္ ကေလးေလးေတြ ရွိလာမွာတဲ့။ ၿပီးရင္ သူတို႔ကေလးေလးေတြကိုပဲ အရမ္း ခ်စ္ၾကမွာတဲ့"
မထင္မွတ္ထားသည့္ ေ႐ႊငါးေလးရဲ႕ စကားမ်ားကို ၾကားသည့္အခါမွာေတာ့ ရွီယြင္နန္ မ်က္လုံးမ်ား နီရဲလာေတာ့သည္။ သူ ငိုခ်င္စိတ္ကို ထိန္းကာ—
"အဲဒါက သူတို႔ ေသခ်ာမသိလို႔ပါ။ ရႈရႈနဲ႔ ေရွာင္ရႈရႈကေလ ငါတို႔ရဲ႕ ေ႐ႊငါးေလးကိုအခ်စ္ဆုံးပဲ "
ေ႐ႊငါးေလးက ငိုေတာ့မည့္ပုံစံေလးျဖင့္ ႏႈတ္ခမ္းေလးစူကာ ထပ္ေမးလာသည္။ "သား လိမ္မာမာ မလိမ္မာမာ ခ်စ္မွာလား? ဒီေန႔လို သား အႏၲရာယ္ႀကဳံရရင္ေကာ ကာကြယ္ေပးမွာလား?"
"ေသခ်ာေပါက္ ကာကြယ္ေပးမွာေပါ့"
ရွီယြင္နန္လည္း ဒီလိုတူညီတဲ့ ကေလးဘဝကို ျဖတ္သန္းခဲ့ရလို႔ ျဖစ္ေကာင္းျဖစ္ႏိုင္၏။ သူ ေ႐ႊငါးေလးရဲ႕ အေတြးေတြကို အျပည့္အဝနားလည္သည္။
သူတစ္ခုခုကို ေကာင္းေကာင္း မလုပ္မိရင္ လူႀကီးေတြ စိတ္ပ်က္မွာကို ေၾကာက္မိတဲ့အတြက္ ကိစၥအားလုံးကို သတိထားဂ႐ုစိုက္ၿပီး လိမၼာေအာင္ ေတာ္ေအာင္ ႀကိဳးစားခဲ့ရေလသည္။
"ေ႐ႊငါးေလး လိမ္မာမာ မမာမာ၊ ပါးနပ္တဲ့ ကေလးေလးပဲ ျဖစ္ျဖစ္ ငတုံးေလးပဲ ျဖစ္ျဖစ္ သားရႈရႈနဲ႔ ေရွာင္ရႈရႈက သားကို အၿမဲတမ္းခ်စ္မွာ"
"ေရွာင္ရႈရႈတို႔မွာ တျခားကေလးေတြ မရွိႏိုင္ေတာ့ဘူး၊ ဘာလို႔ဆို ေ႐ႊငါးေလး ရွိေနၿပီေလ"
လက္ရွိဥပေဒအရ၊ လိင္တူလက္ထပ္ျခင္းကို ခြင့္ျပဳထားၿပီး မိဘမဲ့ကေလးမ်ားကို ေမြးစားခြင့္ေပးထားေသာ္လည္း ေလာ့လင္းရွန္းႏွင့္ ရွီယြင္နန္တြင္ နဂိုကတည္းက ထိုသို႔ အစီအစဥ္ မရွိခဲ့ေခ်။
ေ႐ႊငါးေလးက ရွီယြင္နန္ လက္ေလးကို သူ႔ႏွာေခါင္းေလးျဖင့္ ပြတ္သီးပြတ္သပ္လုပ္ရင္း ထပ္ခါထပ္ခါ ေမးလာသည္။ "ဒါဆို သားႀကီးလာတဲ့အထိ သားနဲ႔တူတူရွိေနေပးမွာလား? တျခားကေလးေတြရဲ႕ မိဘေတြလိုေလ"
"ဟုတ္တာေပါ့။ မူႀကိဳကေန အလယ္တန္း အထက္တန္းအထိ၊ ေ႐ႊငါးေလး တကၠသိုလ္တက္ ဘြဲ႕ရအလုပ္တဲ့အထိရွိေနေပးမွာ၊ ၿပီးရင္ ေ႐ႊငါးေလး သေဘာက်တဲ့ သူကို ေတြ႕တဲ့အထိ..."
"သား သေဘာက်မယ့္သူ?"
ေ႐ႊငါးေလးက ထိုေမးခြန္းကို ျပန္ေမးလာမယ္လို႔ မထင္ထားတာေၾကာင့္ ရွီယြင္နန္ ရယ္မိသြားေတာ့သည္။
"ဟုတ္တာေပါ့ ေယာက္်ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ ေ႐ႊငါးေလးအတြက္ အၿမဲတမ္း တစ္ေယာက္ေယာက္က ရွိေနေပးမွာပါ"
"အဲ့လူကို မေတြ႕ရင္ေကာ ဘယ္လိုလုပ္မလဲ?"
"သူတို႔နဲ႔ မဆုံျဖစ္ရင္ေတာင္ ေ႐ႊငါးေလးဘဝကို ေပ်ာ္႐ြင္စရာေကာင္းေအာင္ ေနလို႔ရတာပဲေလ"
ေ႐ႊငါးေလးက နားလည္ပုံရသြားကာ ေခါင္းညိတ္ျပလာသည္။ "ေရွာင္ရႈရႈ တျခားကေလးက သူတို႔အေဖအေမေတြကို ခ်စ္သလိုမ်ိဳး သားလည္း ေရွာင္ရႈရႈကို အရမ္းခ်စ္တယ္"
အရင္တုန္းကေတာ့ ေလာ့လင္းရွန္းနဲ႔ ရွီယြင္နန္ သူ႔ကိုစြန္႔ပစ္မွာကို စိုးရိမ္ေနခဲ့ေပမယ့္ ခုေတာ့ လုံးဝမပူပန္ေတာ့ပါ။
သူ႔ရႈရႈႏွစ္ေယာက္က သူ႔ကို အတတ္ႏိုင္ဆုံးကာကြယ္ေပးမွာ၊ တစ္ေယာက္တည္း ထားခဲ့မွာ မဟုတ္ဘူး။
ၿပီးေတာ့ သူ လွ်ိဳ႕ဝွက္ခ်က္ေလးတစ္ခု ရွာေတြ႕ထားတယ္။ သၾကား႐ုပ္ရဲ႕ ဖိနပ္ေလးေတြက အရင္တုန္းက အျဖဴေရာင္ေလ။ အခုေတာ့ အနက္ေရာင္ျဖစ္ေနတယ္။ သူဝမ္းနည္းသြားမွာ စိုးလို႔ ေရွာင္ရႈရႈ ထပ္ဝယ္ေပးထားတာပဲ ျဖစ္ရမယ္။
အျခားမိဘေတြလိုပဲ ဒီလို ရႈရႈနဲ႔ ေရွာင္ရႈရႈ ရွိေနတာလည္း မဆိုးပါဘူး။
ရွီယြင္နန္ သူ႔ႏွာေခါင္းေလးကို ညႇစ္လိုက္ၿပီး သူ႔စကားအတိုင္း ျပန္တုံ႔ျပန္လိုက္သည္။
"ရႈရႈတို႔ကလည္း ေ႐ႊငါးေလးကို အရမ္းခ်စ္တယ္။"
လိုခ်င္တဲ့ အေျဖရသြားေတာ့ ေ႐ႊငါးေလး ေက်နပ္သြားၿပီး သူမ်က္လုံးေလးေတြကို မွိတ္ထားလ်က္ ခ်စ္ဖို႔ေကာင္းစြာ ဆိုလာသည္။
"ဂြတ္ႏိုက္ပါ ေရွာင္ရႈရႈ"
"ဂြတ္ႏိုက္ပါ ေ႐ႊငါးေလး"
ရွီယြင္နန္ မီးအလင္းေရာင္ကို အနည္းငယ္မွိန္ျပသြားေအာင္ ေလွ်ာ့လိုက္၏။
အႀကီးေလးႏွင့္ အေသးေလးမွာ အိပ္ေနရင္း တစ္ေယာက္ကို တစ္ေယာက္ ေႏြးေထြးစြာ ဖက္ထားၾကေလသည္။ ရွီယြင္နန္မွာ အၿမဲအေတြးတစ္ခုရွိေနခဲ့၏— ေ႐ႊငါးေလးက သူ႔(Syn)ရဲ႕ မျပည့္မစုံ ႀကီးျပင္းခဲ့ရၿပီး အၿမဲပူပန္စြာေနထိုင္ခဲ့ရသည့္ ကေလးဘဝကို ျပန္ျပင္ဆင္ေပးႏိုင္ေလာက္ေလမည္။
...
အစကေတာ့ ရွီယြင္နန္တစ္ေယာက္ ေ႐ႊငါးေလး အိပ္ေပ်ာ္သြားတဲ့အထိသာ လွဲေလ်ာင္းေနဖို႔စဥ္းစားထားေပမယ့္လည္း ထိုတိတ္ဆိတ္သည့္ အခန္းထဲတြင္ သူပါ အိပ္ေပ်ာ္သြားေတာ့သည္။
သူ ျပန္ႏိုးလာသည့္ အခါမွာေတာ့ ေရခ်ိဳးခန္းထဲတြင္ ေရခ်ိဳးေနသည့္ အသံကို ၾကားလိုက္ရ၏။ ရွီယြင္နန္ မ်က္လုံးေလးကို ဖြင့္ထားၿပီး ခုတင္ေပၚတြင္ ဆက္လွဲေနလိုက္သည္။
ခဏၾကာသည့္ အခါမွာေတာ့ ေရခ်ိဳးၿပီးသြားတဲ့ ေလာ့လင္းရွန္းက ေျခသံဖြဖြေလးနင္းကာ ျပန္ထြက္လာသည္။
မွိန္ျပျပအလင္းေရာင္ေအာက္တြင္ ႏွစ္ေယာက္သား အၾကည့္ခ်င္း ဆုံသြားၾက၏။
ေလာ့လင္းရွန္းက သူ႔အနားသို႔ ဖြဖြေလး ေလွ်ာက္လာကာ-
"ကိုယ္ေၾကာင့္ ႏႈိးသြားလား?"
"ဟင့္အင္း၊ ကြၽန္ေတာ္အဲ့ေလာက္ႀကီးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္မေနလို႔ပါ"
ရွီယြင္နန္ အတြင္းပိုင္းသို႔ နည္းနည္းတိုးေပးလိုက္ၿပီး သူ႔ခ်စ္သူ ေျခေထာက္ေတြကို ေတြးမိသြားကာ ေမးလိုက္သည္။ "ခင္ဗ်ား ေျခေထာက္ေတြ အဆင္ေျပရဲ႕လား?"
"အဆင္ေျပပါတယ္။ အေရးႀကီးအေျခအေနဆိုေတာ့ ေလာ့ယန္ခြၽမ္းကို ရင္ဆိုင္ဖို႔ အားအမ်ားႀကီး သုံးလိုက္မိတယ္။ အဆစ္ နည္းနည္း လြဲသြားပုံပဲ။ ကိုယ္အခုကစၿပီး သတိထားမွာပါ"
"ကိစၥေတြလည္း ေျပလည္သြားၿပီဆိုေတာ့ ျပန္စစ္ေဆးဖို႔ ေဒါက္တာဘန္႔စ္ဆီ သြားလိုက္ပါလား? ကြၽန္ေတာ္ စိတ္ပူတယ္။" ရွီယြင္နန္မွာ စိတ္ပူေနတုန္းပင္။
ေလာ့ယန္ခြၽမ္းေၾကာင့္ သူ႔ခ်စ္သူေျခေထာက္ တစ္ခုခုျဖစ္သြားရင္ သူ ဓားတစ္ေခ်ာင္း ကိုင္ၿပီး ေထာင္ထဲ တန္းတန္းမတ္မတ္ ဝင္သြားမိမွာပင္။
"ဟုတ္ပါၿပီ။" ေလာ့လင္းရွန္း သူ႔ခ်စ္သူစကားကို နာခံလိုက္သည္။
ႏွစ္ေယာက္သား အနမ္းခ်င္း ဖလွယ္လို႔ရသည္အထိတိုးကပ္လိုက္ၾက၏။
ေလာ့လင္းရွန္းက နီနီရဲရဲမ်က္ႏွာေလးျဖင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ သူ႔တူေလးကို တစ္ခ်က္ၾကည့္ကာ—
"ကိုယ္ ခ်င္က်န္းကို စိတ္ေရာဂါကုဆရာဝန္နဲ႔ ခ်ိန္းခိုင္းထားတယ္။ ေနာက္ႏွစ္ရက္ေနရင္ အင္ပါယာၿမိဳ႕ေတာ္ကို ျပန္ၾကမယ္။ ၿပီးရင္ ဆရာဝန္ကို စာသင္တဲ့ဆရာဟန္ေဆာင္ၿပီး က်င္းယြီကို ကုေပးဖို႔ ေျပာလိုက္မယ္"
ရွီယြင္နန္လည္း ေလာ့လင္းရွန္း၏ သေဘာထားကို နားလည္သည္။ "အင္း ခင္ဗ်ား စီစဥ္လိုက္ေလ"
ေ႐ႊငါးေလးမွာ ကေလးေလးသာ ျဖစ္၏။ ျပန္ေပးဆြဲခံရသည့္ အျဖစ္အပ်က္ေၾကာင့္ က်န္ေနခဲ့ေသာ အရိပ္မွာ ႀကီးသည္ျဖစ္ေစ ေသးသည္ျဖစ္ေစ တိုးတိုးတိတ္တိတ္တိုင္ပင္ရန္ စိတ္ေရာဂါကုဆရာဝန္တစ္ေယာက္ေတာ့ လိုအပ္ေလသည္။
ရွီယြင္နန္ ထပ္ေမးလိုက္သည္။ "ေလာ့ယန္ခြၽမ္း အေျခအေနေကာ?"
"ကိုယ္သူ႔ကို ကားနဲ႔ ျပင္းျပင္းထန္ထန္ တိုက္လိုက္ေတာ့ ရဲေတြေျပာစကားအရ သူလမ္းမေလွ်ာက္ႏိုင္ဘူးတဲ့"
အစကေတာ့ သူဟာ ဖုန္းထဲတြင္ ေ႐ႊငါးေလး ေျခေထာက္ေတြကို ၿခိမ္းေျခာက္ခဲ့၏။ အခုေတာ့ အေျခအေနေတြဟာ ျပန္ေျပာင္းသြားၿပီး ဝဋ္က သူ႔ဆီ ျပန္လည္လာေလၿပီ။
ရွီယြင္နန္ကား၏ ဘလက္ေဘာက္ဗီဒီယိုက ေလာ့ယန္ခြၽမ္းကသာ သူတို႔ကို အရင္ အႏၲရာယ္ျပဳဖို႔ ႀကိဳးစားခဲ့တယ္ဆိုသည့္ သက္ေသျပဖို႔ လုံေလာက္ေနေလၿပီ။ ေလာ့လင္းရွန္း၏ လုပ္ရပ္ဟာ မိမိကိုယ္ကို ခုခံကာကြယ္ျခင္းဟု သတ္မွတ္လို႔ရသည္။ သူဟာ လုပ္ထုံးလုပ္နည္းေတြကို ပူးေပါင္းလိုက္နာသေ႐ြ႕ ထိုကိစၥမွာ ေခ်ာေခ်ာေမြ႕ေမြ႕ၿပီးဆုံးသြားမည္ျဖစ္သည္။
ေလာ့ယန္ခြၽမ္းသာ ဒီလိုဒဏ္ရာရထားပါက လူသားခ်င္း စာနာေထာက္ထားကာ ဥပေဒက ျပန္လည္ ကုသခြင့္ေပးႏိုင္သည္။ သို႔ေသာ္လည္း သန္ဘက္ခါတြင္ေတာ့ အမႈကို ၾကားနာစစ္ေဆးခံရေတာ့ေလမည္။
ကားတိုက္ေျပးျခင္း၊ ျပန္ေပးဆြဲျခင္း၊ ဤစြဲခ်က္ႏွစ္ခုက ေလာ့ယန္ခြၽမ္းအား ေထာင္ခ်ရန္ လုံေလာက္ေနေလၿပီ။
ထို႔အျပင္ ေလာ့ယန္ခြၽမ္းမွာ ေျခေထာက္ဒဏ္ရာရထားတာေၾကာင့္ ေရွ႕ေလွ်ာက္ ေထာင္ထဲတြင္ ဒုကၡမ်ား ပိုေတြ႕ႀကဳံခံစားရေတာ့မွာပင္။
ကိုယ့္ကိုကိုယ္ အထင္ႀကီးခဲ့လို႔ ေသတာထက္ဆိုးသည့္ ဒီလို ေထာင္သားဘဝကို ေရာက္ရွိခဲ့ရေလၿပီ။
ရွီယြင္နန္ ေလးေလးပင္ပင္ သက္ျပင္းခ်လိုက္မိေတာ့သည္။
"အင္း ေျပလည္သြားၿပီဆိုေတာ့ ေကာင္းတာေပါ့"
သူေျပာၿပီးသည္ႏွင့္ ႐ုတ္တရက္ ႐ုတ္တရက္ ေ႐ႊငါးေလးက သူ႔ေစာင္ေလးကို ဖက္ထားလ်က္ လွည့္လာၿပီး ပါးစပ္ေလးဟလ်က္ တဖန္ ျပန္အိပ္ေပ်ာ္သြားျပန္သည္။
ရွီယြင္နန္မွာ ထိုတရင္းတႏွီးရွိသည့္ ေစာင္ေလးကို ၾကည့္ကာ ေမးလိုက္မိ၏။ "ေ႐ႊငါးေလး ဒီေစာင္ေလးကို သုံးတာ ဘယ္ေလာက္ၾကာၿပီလဲ? သူဒီေစာင္ကို အရမ္းတြယ္တာေနသလိုပဲ"
ေလာ့လင္းရွန္းမ်က္ႏွာဟာ မသိမသာ ညႇိဳးသြားလ်က္—
"ကိုယ့္ အစ္မ ကိုယ္ဝန္ရွိကတည္းက ကိုယ့္ ေယာက္ဖက ပစၥည္းေတြအားလုံးကို ဝယ္ေတာ့တာေလ။ ဒီေစာင္ေလးကိုေတာ့ သူကိုယ္တိုင္ ခ်ဳပ္ထားတာ"
မထင္မွတ္ဘဲ ဆုံးပါးသြားခဲ့ရေပမယ့္ သူတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ အသက္ရွိစဥ္အမွ် ဒီကေလးေလးကို အရမ္းခ်စ္ခဲ့ၾကေလသည္။
"က်င္းယြီ ဒီေစာင္ေလးကို အရမ္းတြယ္တာမွန္း ကိုယ္သိေတာ့ ေနာက္ပိုင္း ကေလးဆရာဝန္ကို ေမးၾကည့္ဖူးတယ္။ သူေျပာတာေတာ့ ကေလးေတာ္ေတာ္ မ်ားမ်ားမွာ ရွိသင့္တဲ့ အက်င့္တစ္ခုပါပဲတဲ့။"
ကေလးမ်ား ပတ္ဝန္းက်င္အသစ္ႏွင့္ လိုက္ေလ်ာညီေထြရွိေစရန္၊ စိတ္လုံၿခဳံမႈရွိေစရန္ ထိုသို႔ေသာ ပစၥည္းေပၚ အေရာင္ေပၚ တြယ္တာျခင္းဟာ တကယ့္ကို လိုအပ္သည္။
သို႔ေသာ္လည္း ဒါကို စိတ္ေရာဂါလို႔ မယူဆႏိုင္။ မိဘေတြသာ လုံလုံေလာက္ေလာက္ ပံ့ပိုး ခ်စ္ေပးသေ႐ြ႕ သူတို႔ ႀကီးျပင္းလာသည္ႏွင့္ ထိုအက်င့္ကို က်ိန္းေသေပါက္ ဖယ္ရွားပစ္ႏိုင္ၾကေလသည္။
ရွီယြင္နန္က အိပ္ယာမဝင္ခင္တုန္းက ေျပာခဲ့တဲ့ စကားေတြအားလုံးကို တိုးတိုးေလး ျပန္ေျပာလိုက္သည္။
"... အရင္တုန္းကေတာ့ ကြၽန္ေတာ့ကိုယ္ကြၽန္ေတာ္ ကေလးမထိန္းႏိုင္ေလာက္ဘူးလို႔ ထင္ေနခဲ့တာ။ အခုေတာ့ သူ႔ကို သားအရင္းေလးလို ျပဳစုပ်ိဳးေထာင္ေပးဖို႔ မေစာင့္ႏိုင္ေတာ့ဘူး"
ေလာ့လင္းရွန္းက ရွီယြင္နန္ကို ေပြ႕ဖက္ထားရင္း ေျပာလိုက္သည္။
"ကိုယ္တို႔ သုံးေယာက္ မိသားစု ျဖစ္လာတာ ေကာင္းတယ္။"
"အရမ္းေကာင္းတယ္"
ရွီယြင္နန္ ႐ုတ္တရက္ သူတို႔သုံးေယာက္ေတြ႕ဆုံသည့္ ပထမဆုံးေန႔ကို သတိရသြား၏။ ထိုေန႔တြင္ သူစိမ္းပဲျဖစ္ေသးသည့္ ေ႐ႊငါးေလးက ကားေပၚတြင္ ေလာ့လင္းရွန္းကို ေမးခဲ့ဖူးေလသည္။
—ရႈရႈ သူက ရႈရႈ သူငယ္ခ်င္းလား?
—သူက ငါတို႔ မိသားစုပဲ။ ေရွ႕ေလွ်ာက္ ငါတို႔နဲ႔ အတူတူေနလိမ့္မယ္။
အစကေတာ့ ေ႐ႊငါးေလးလို ကေလးအတြက္ ဝတ္ေက်တမ္းေက် ေျဖလိုက္တဲ့ စကားေလးတစ္ခြန္းလို႔ ရွီယြင္နန္ ထင္ေနခဲ့ေပမယ့္ တကယ္ျဖစ္လာမယ္လို႔ မထင္ထားခဲ့ပါေခ်။
ဟုတ္တယ္!
သူတိို႔ သုံးေယာက္ပဲရွိတဲ့ မိသားစုက သာယာတဲ့မိသားစုပဲ။
ရွီယြင္နန္ အၿပဳံးေလးနဲ႔ ေလာ့လင္းရွန္းအနား ကပ္လိုက္သည္။
"ေလာ့လင္းရွန္း"
"ဟမ္?"
"ကြၽန္ေတာ္ ဒီေန႔ ေ႐ႊငါးေလးဆီကေန စကားအသစ္သင္ထားတယ္။" ေ႐ႊငါးေလးက အၿမဲ ခ်စ္တယ္ ဆိုတဲ့ စကားကို ေျပာမွန္း ရွီယြင္နန္ အမွတ္ရသြားသည္။
"ဘာမ်ားလဲ?" ေလာ့လင္းရွန္း သူ႔ႏႈတ္ခမ္းေထာင့္ေလးကို နမ္းလိုက္၏။
ရွီယြင္နန္မွာ သူ႔ေရွ႕က လူအတြက္ ခုန္ေနေသာ သူ႔ႏွလုံးသားကို မထိန္းခ်ဳပ္ထားေတာ့။ ေလာ့လင္းရွန္းကသာ သူ႔ဘဝတေလွ်ာက္လုံးအတြက္ တစ္ဦးတည္းေသာ လူျဖစ္ေၾကာင္း သူအခိုင္အမာ ယုံၾကည္လို႔ထားသည္။
"ကြၽန္ေတာ္ ခင္ဗ်ားကို ခ်စ္တယ္"
"....."
ေလာ့လင္းရွန္း မွင္သက္သြား၏။ အၿမဲတင္းမာေနခဲ့သည့္ သူမ်က္ဝန္းမ်ားထဲတြင္ အၿပဳံးရိပ္မ်ား ျပည့္လွ်ံလို႔ေနေတာ့သည္။
"ကိုယ္လည္း မင္းကိုခ်စ္တယ္။ အၿမဲတမ္း မင္းတစ္ေယာက္တည္းကိုပဲ ခ်စ္ခဲ့တာပါ။"