friEND(COMPLETED)

Por Kattamkaung

385K 41.9K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... Mais

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-34

6.6K 866 58
Por Kattamkaung

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၆

"ရတယ် မနွယ်နီ ဘာမှပြင်မနေနဲ့တော့။ ကျွန်တော် ရုံးမသွားခင် ခဏပဲဝင်လာတာ"

"ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ကျွန်မတို့လည်း မနက်စာအတွက် တို့ဟူးခြောက်ကြော်မှာနဲ့ အတော်ပဲရယ်"

"ဒါနဲ့ ဝေဖြိုးနိုင်ရော "

"လာမှာ .. မနက်ပိုင်း ကြက်သွန်ပွဲရုံဘက် ငွေရှင်းသွားတာရယ်။ သိပ်မကြာပါဘူး ခဏဆိုရောက်တော့မှာ"

"အော်"

"ဘာလဲ သူငယ်ချင်းတွေ မတွေ့တာကြာလို့ ကျွန်မတောင် တလောကပြောနေသေး။ ကိုဝေဖြိုးနိုင်ကတော့ သူတို့က မအားကြလို့ပါကွာဆိုတာချည်း။ ဒီနေ့ ကိုခွန်းနစ်ကုဋေ ရောက်တာတော့တောင် ကျွန်မမယ် အံ့တွေဩလို့"

"နေချိုလည်း သင်တန်းပြန်တက်နေတာရယ် ကျွန်တော်ကလည်း အလုပ်ပြောင်းလိုက်တော့ တော်တော်နဲ့ အသားမကျနိုင်ဘူး"

"ဟယ် ဆေးရုံမှာ မလုပ်တော့တာလား"

"ဟုတ်တယ် ပြောင်းလိုက်တာ လပိုင်းတော့ ရှိပြီ"

"ခုက ဘယ်မှာလုပ်နေတာတုန်း"

"ဆေးကုမ္ပဏီမှာ ဝင်လုပ်နေတာ"

"နေချိုမောင် သင်တန်းပြန်တက်နေတာရော မသိဘူးရှင်။ ဟိုလူကလည်း ဘာမှမပြောဘူး သိလား။သူလည်း ဘာဖြစ်နေမှန်းကို မသိတာ။ ကျွန်မလည်း ကလေးက ငယ်ငယ်နဲ့ စကားတွေမများချင်လို့ မေးမနေတော့ဘူး"

ရေနွေးခွက်တွေပြင်ဆင်ရင်း အဆက်မပြောပြောနေသည့် မနွယ်နီက အိမ်နေရင်း ချည်ဝမ်းဆက်ပွပွကြီးဖြင့် သူမရဲ့ ရှည်လျားကာအုံထူသော ဆံပင်နက်တို့ကို ‌ညှပ်ကလစ်ဖြင့် ခပ်လျော့လျော့ ထုံးတွယ်လို့ထားသည်။ မီးဖိုချောင်ထဲမှ သူမ အမေဖြစ်သူကတော့ ခွန်းနစ်တို့စားဖို့ တို့ဟူးခြောက်ကြော်များ အကြော်များကို လာချပေးပြီးကတည်းက မြေးဖြစ်သူကိုချီပွေ့ကာ အိမ်ရှေ့ထွက်လို့သွား၏။

အိမ်ရှင်ဖြစ်သူက အလုပ်ရှုပ်နေသေးတာကြောင့် စကားတွေဆက်တိုက် မပြောတော့ပဲ အိမ်အတွင်းကိုသာ အရင်အကဲခတ်လိုက်သည်။ ပြောင်းခါစထက်စာလျှင် အတော်လေး အိမ်ထောင်မှု ပစ္စည်းစုံလင်လာသည့် ဧည့်ခန်းနံရံမှာ ကလေးဓာတ်ပုံများနှင့် စတူဒီယိုမှာ သေချာရိုက်ထားပုံရသည့် မိသားစုသုံးယောက်၏ ဓာတ်ပုံများက ပြည့်နှက်နေကာ ခွန်းနစ်အား ဧည့်ခံနေသည့် စားပွဲခုံထက်မှာပင် စားပွဲတင်ဓာတ်ပုံတချို့က ရှိလို့နေသေး၏။ ပုံတိုင်းတွင် ဝေဖြိုးနိုင်က အပြုံးတွေဝေလျက် ကင်မရာကို သေချာစိုက်ကြည့်ကာ မနွယ်နီကလည်း ထိုနည်းလည်းကောင်းသာ။

တကယ်တော့ ဒီမနက် ကုမ္ပဏီသွားဖို့ မရှိပေမဲ့  အိမ်မှာ နားဖို့မလုပ်ပဲ နေချို့ကို မနက်စောစော သင်တန်းလွှတ်ပြီးတာနှင့် ဝေဖြိုးနိုင်ဆီထွက်လာခဲ့ခြင်းပင်။ ဒီကြား‌ထဲ နှစ်ယောက်စလုံး အချိန်ကြပ်လွန်း၍ အရင်လို လည်ဖို့ပတ်ဖို့ပင် မလုပ်နိုင်ခဲ့သလို ဝေဖြိုးနိုင်နှင့် အဆက်ပြတ်နေတာလည်း တော်တော်ကြာသွား၏။ ဝေဖြိုးနိုင်ဘက်က ခြေဦးပင်လှည့်မလာတာ ထူးဆန်းလွန်းပေမဲ့ စိတ်ထဲ မရှင်းမလင်းဖြစ်နေရုံသာ တတ်နိုင်ခဲ့ကာ ဆက်သွယ်ရန် အခွင့်ရေးမသာခဲ့ချေ။ ဒါကြောင့် ဒီနေ့တော့ အချိန်ရတုန်းလေး အပြေးလာကာ သံသယဖြစ်နေတာကို ရှင်းဖို့ ရောက်လာရခြင်းဖြစ်ပါသည်။

ဘာကြောင့် ရုတ်တရက်ကြီး အဆက်သွယ်ဖြတ်သွားရသလဲ။ ဘာကြောင့် ရုတ်တရက်ကြီး ရှောင်နေရသလဲ ဆိုသည့် မေးခွန်းတွေကို မေးဖို့ဆိုတာ ခွန်းနစ်ရဲ့ စရိုက်နဲ့ နည်းနည်းမှ မကိုက်ပေမဲ့ တစ်ဖက်လူက နေချို့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဆိုသည့် အသိနောက်မှာ မနေနိုင်။ နေချို ထွက်သွားတာနှင့် နီးစပ်ရာ စူပါမားကတ်ကို ပြေးကာ ကလေးပစ္စည်းနှင့် အိမ်တွင်းသုံး ပစ္စည်းတချို့ဝယ်ပြီးနောက် မရောက်တာ ကြာလို့ဆိုသော အကြောင်းပြချက်ဖြင့် ခွန်းနစ် ဒီကို ရောက်လာခဲ့သည်။

ဘာကြောင့်ရယ်မသိ လူကနေရခက်ကာ ရင်ထဲမှာ မအီမသာဖြစ်နေ၏။ ငယ်ငယ်က ဝေဖြိုးနိုင်က အမြင်ကတ်စရာကောင်းပြီး ပြန်တွေ့ချိန်ထိတိုင် ပေါကြောင်ကြောင်ဖြစ်နေဆဲပေမဲ့ ဒီကနေ့တော့ သူနဲ့တွေ့ဖို့ကို ကြောက်ရွံ့သလို ဖြစ်လို့နေသည်။

"စကားဆက်မိလို့ ပြောရဦးမယ်။ ဟိုတနေ့က  ရှင်တို့ သူငယ်ချင်း ညဘက်ကြီ ငုတ်တုပ်ထထိုင်နေလို့ ကျွန်မမယ် လန့်သွားတာပဲ။ ဘာလုပ်နေလဲဆိုတော့ ကလေးကို ထကြည့်နေတာတဲ့။ ပုခက်ဘေးမှာ ပုံ့ပုံ့ကြီးကို ထိုင်နေတာ"

"..."

"လူတွေ ဘာတွေများ ပြုစားထားတာလားလို့ပေါ့ရှင့်။ ခဏနေကျတော့ မိန်းမရေ ကလေးက ငါတို့လက်မခံနိုင်လောက်တဲ့ စိတ်မျိုးရှိနေရင် ဘယ်လိုလုပ်မလဲတဲ့။ အရက်ကြောင် ကြောင်တယ်ပြောရအောင်လည်း ကျွန်မနဲ့ ယူပြီးကတည်းက လှူလိုက်တာရယ်"

"..."

"ခုရက်ပိုင်းတော့ ဂုဏ်တော်ကိုးပါး ပုတီးစိတ်ခိုင်းထားရတယ်"

မနွယ်နီအသံက တိုးလိုက်ကျယ်လိုက်နှင့်။ ခွန်းနစ်ဟာ မျက်စိရှေ့က ဓာတ်ပုံကို ငေးရင်း ခေါင်းတငြိမ့်ငြိမ့်နှင့်သာ နားထောင်နေနိုင်သည်။

"ဟော လာပါပြီ လာပြီ"

လူမမြင်ရသေး၊ ကားသံကြားရုံနှင့် မှတ်မိပုံရသော မနွယ်နီက အိမ်ပေါက်ဝကို မေးငေါ့လျက်ဆိုသည်။ ကားစက်သံ ရပ်သွားသည့်နောက်  "အမလေး ဖေ့ ကလေးက စောစောစီးစီး မြူးနေပါရော့လား " ဆိုသော ကလေးချော့မြူသံများ မနွယ်နီအမေရဲ့ "ဧည့်သည် ရောက်နေတယ်"ဆိုသော စကားသံများ ဆက်တိုက်ထွက်လာသည်။ သိပ်မကြာလိုက် ခြေသံတချို့နှင့်အတူ ဝေဖြိုးနိုင်က အိမ်ထဲသို့ ဝင်လာ၏။ သူ့လက်ထဲတွင် အုန်းနို့ခေါက်ဆွဲထုတ်ကလေးများကိုင်ထားကာ ခွန်းနစ်ကို မြင်တော့ အံ့ဩသွားသည့်နှယ် မျက်ဝန်းများ ပြူးကျယ်သွားကြသည်။

သူ့ပုံစံက ထင်မထားတာကို တွေ့ရ၍ မယုံကြည်နိုင်ခြင်းများအပြင် နေရခက်ခြင်းများပါ ရောယှက်နေသည်ဟု ခွန်းနစ်ထင်၏။ မသေချာပေမဲ့ ထိုသို့ ခွန်းနစ်ခံစားရသည်။

"လက်ဖက်ရည်ဆိုင်ပါ ဝင်လာတာလား။ အဲ့ဒါကြောင့် ကြာနေပါတယ်မှတ်တာ"

မနွယ်နီက ပြောပြောဆိုဆိုပဲ ထိုင်ရာမှထကာ သူမယောက်ျားထံမှ မုန့်ထုပ်များကို ယူ၏။ ခွန်းနစ်မှာသာ ထိုင်ရမလို ထရမလိုနှင့် ဝေဖြိုးနိုင်နည်းတူ နေရခက်ကာ အူလည်လည်ဖြစ်လာသည်။

"ဟိုဟာ ကိုယ် ကိုယ် သူနဲ့ လက်ဖက်ရည်ဆိုင်သွားလိုက်မယ်လေ။ အမေနဲ့ စားလိုက်ကြတော့"

"ဟင် ရှင်က မစားခဲ့ဘူးလား။အဲ့ဒါဆိုလည်း ဒါစားသွားကြလေ။ကျွန်မတို့က ထမင်းတွေရော အကြောတွေရော ရှိတာကို"

"စားပါ။ ကိုယ်တို့က လက်ဖက်ရည်ဆိုင် မသွားရတာလည်း ကြာတော့"

"ဟုတ်တယ် မနွယ်နီ။ ကျွန်တော်လည်း ဗိုက်သိပ်မဆာလို့ လက်ဖက်ဆိုင်ကျမှ တစ်ခုခုသောက်တော့မယ်"

"အင်းပါ ဒါဆိုလည်း သဘောပဲ။ ကိုခွန်းနစ်ကုဋေကို သေချာ ကျွေးလိုက်ဦးနော်"

"အေးပါ အေးပါ။ သွားပြီ ကလေးကို ရေချိုးဖို့ ရေနွေးလေးတည်ထားပေး။ အပြန် ကိုယ်လာမှ ချိုးပေးမယ်"

"ဟုတ်ပြီ ဟုတ်ပြီ"

"သွားပြီနော် မနွယ်နီ"

"ဟုတ်ကဲ့ ဖြေးဖြေးသွားကြဦးနော်"

နှုတ်ဆက်ပြီးတာနှင့် ခွန်းနစ်က အိမ်အပြင်ရောက်နေပြီဖြစ်သော ဝေဖြိုးနိုင်နောက်သို့ အမှီလိုက်ရသည်။ သကောင့်သားက သိပ်မြန်လွန်းသည်မို့ ခွန်းနစ်အပြင်ရောက်ချိန်မှာ ကားစက်ပင် နှိုးနေခဲ့ပြီ။

"တက်ပြီနော်"

လော့ခ်မချထားသည့် ခွေးဘီလူးကားလေး၏ ရှေ့ခန်းကို ခပ်တည်တည် ဝင်ထိုင်လိုက်တော့ သကောင့်သားက တစ်ခုခုပြောတော့မလိုလိုနှင့်။ သို့သော် လက်တွေ့မှာ တစ်ခွန်းမှမပြောပဲ ခေါင်းကိုသာ ငြိမ့်ကာ ကားကိုစတင်မောင်းထွက်စေသည်။ နှစ်ယောက်သား ဘာစကားမှ မပြောမိ။ သူ့ဘက်က တိတ်ဆိတ်နေသလို ခွန်းနစ်ကလည်း စကားစရှာမရသည့်လူလို တစ်ခွန်းမှ မဟဖြစ်ချေ။

လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့မှ ခွန်းနစ်တို့ အိမ်နားက ဆိုင်ဆိုတာ သတိထားမိသွားသည်။ ဒီဆိုင်က ကီးမားက စားလို့ကောင်းတာမို့ ပိတ်ရက်ကြုံတိုင်း နေချိုနဲ့အတူတူ မကြာမကြာလာစားဖြစ်ကြ၏။ အစားရွေးသည့် နေချိုက ဒီဆိုင်က ကီးမားကိုတော့ နှစ်ပွဲကုန်အောင် စားနိုင်သည်မို့ သူကောင်းကောင်းစားတာကို မြင်တိုင်း ခွန်းနစ်မှာ ပျော်ရစမြဲ။

"မင်းကြိုက်တာမှာလေ"

ဆိုင်အတွင်းကို ဝင်မည့်အစား ဆိုင်အပြင်ဘက်ရှိ မယ်ဇယ်ပင်ကြီးအောက်မှာ ခုံဝိုင်းတစ်ခုကို ရွေးလိုက်ကြပြီးနောက် ဝေဖြိုးနိူင်က စကားစလာ၏။

"ကီးမား " လွှတ်ခနဲပြောပြီးကာမှ  သူ့မျက်နှာကို ခွန်းနစ်ကြည့်မိသွား၏။ အလင်းတစ်ခု ဖြတ်ပြေးသွားသလို ဝေဖြိုးနိုင် မျက်ဝန်းတွေ လက်သွားပေမဲ့ ဘာမှတော့ ပြောမလာ။ သူသောက်ဖို့ စီလုံတီးတစ်ခွက်ကို မှာပြီးနောက် အလုပ်မရှိအလုပ်ရှာကာ ပြောင်နေပြီးသား စားပွဲကို တစ်ရှူးနှင့် လိုက်သုတ်နေသည်။ ဒါတင်မကသေး အကြမ်းပန်းကန်များကို ရေနွေးနှင့်ကျင်းကာ ဆေးကြောပြန်၏။

"မင်း ခုတလော တော်တော် အလုပ်ရှုပ်နေတာ ထင်တယ်"

"ဟင်... အင်း ကုန် ကုန်လှောင်ဖို့ လုပ်နေတာနဲ့"

"အော်"

စကားစက ပြတ်တောက်သွားပြန်၏။ ဆိုင်အတွင်းဖက်မှာ ဆူညံနေပေမဲ့ တသီးတသန့်ဖြစ်နေသည့် ခွန်းနစ်တို့နေရာကတော့ စကားကောင်းကောင်း ပြောနိုင်သည့်အခြေနေ။ ဒါက‌ပင် သူတို့ကြားက လေထုကို ခက်ခဲစေလေသလား။ အေးစက်မှုတွေ ပိုများ လာမှာကြိုမြင်သည့်အခါ  ခွန်းနစ်ကပဲ ချောင်းဟန့်ကာ စကားစဖို့ ပြင်လိုက်၏။

"အဟမ်း နေ နေချိုကတောင် ပြောနေတာ။ မင်းကို မတွေ့တာကြာလို့"

"..."

"ငါတို့လည်း အလုပ်တွေပြောင်းနေတော့ မင်းဆီမလာဖြစ်ဘူး"

"...."

"နေချို ပိတ်ရက်ကျမှ မင်းဆီလွှတ်လိုက်ဦးမယ်"

"သူလာချင်မှ လာပါစေ"

"ဟင်"

"သူ သူလာချင်တဲ့စိတ်ရှိမှ လာပါစေလို့"

"မဟုတ်တာ သူ တကယ် အလုပ်များနေလို့ပါ။ သင်တန်းပြန်တက်နေတော့ သွားတာပြန်တာနဲ့  သူအချိန်မရှိနေတာ။ သူ မင်းကို သတိရပါတယ်"

"မင်းက သူ့ထက်တောင် သူ့အကြောင်းကို ပိုသိနေပြီ"

ဝေဖြိုးနိုင်က သူဆေးပြီးသွား၍ ပြောင်လက်နေပြီဖြစ်သော ဖန်ပန်းကန်လုံးလေးများထဲသို့ ရေနွေးများငှဲ့ချရင်း ဆိုလာသည်။ ခွန်းနစ်မှာ ဘာပြောလို့ ပြောရမှန်းပင် မသိတော့။ ပြုံးနေပေမဲ့ ပျော်နေပုံမရသည့် ဝေဖြိုးနိုင်မျက်နှာကြီးကိုကြည့်ရင်း တံတွေးတွေသာ မြိုချမိတော့သည်။

"မဟုတ်ပါဘူး သူက နှုတ်နည်းတော့ "

"ငါ အတည်ပြောတာ။ ငါ သူနဲ့ အကြာကြီးရှိလာပေမဲ့ မင်းသိသလောက် သူ့ကို မသိဘူး"

"..."

"သူက မင်းကို ပေးသိသလောက် ငါတို့ကို ပေးမသိဘူး ခွန်းနစ်ကုဋေ"

"မင်းရော ငါရော သူ့သူငယ်ချင်းပါပဲကွာ"

"မင်းကတော့ မဟုတ်လောက်ဘူး"

"...."

"နေချိုနဲ့ မင်းနဲ့ကြားမှာ သူငယ်ချင်းဆိုတာမျိုး မရှိတော့ဘူးမို့လား"

"..."

"ငါ တစ်သက်လုံး သိလာတဲ့နေချိုမောင့်ဘက်က ဖောက်ပြန်နေခဲ့တာ မဟုတ်မှန်းတော့ သေချာတယ်။ နှစ်တွေ အကြာကြီးနေပြီးမှ မင်းက အဲ့ဒီလိုပြောင်းလဲနေမယ်လို့ ငါမထင်ခဲ့ဘူး။ ခုတော့..."

"...."

"ခုတော့ ငါ့ သူငယ်ချင်းလည်း ပြောင်းလဲသွားပြီ"

ပန်းကန်သံ ခွက်သံများ၊ ငြင်းခုန်ပြောဆိုနေကြသံများ၊ လမ်းမထက်များ မောင်းဖြတ်သွားသည့် ‌ဆိုင်ကယ်နှင့် ကားသံများ... ဒီလောက်ထိ ဆူညံကာ ရောထွေးနေပါလျက်နှင့် ဝေဖြိုးနိုင်စကားတွေက ခွန်းနစ်နားထဲကို ပြွတ်သပ်စွာ တိုးတိုက်ဝင်ရောက်လာသည်။ သူ့ စကားလုံးများက အပ်ချောင်းများအဖြစ် ပြောင်းသွားသလား ထင်ရလောက်အောင် ခန္ဓာကိုယ်အနှံ့ စူးအောင့်သော ခံစားချက်တွေဖြစ်ပေါ်လာကာ ခေါင်းကို ငုံ့မချမိအောင် စိတ်ကိုထိန်းထားရလွန်း၍ ဘောင်းဘီစကို ဆုပ်ကိုင်ထားသည့် လက်ချောင်းများမှာ တင်းသည်ထက် တင်းလို့လာတော့၏။

ကိုယ်ကလည်း ကိုယ့်ပုံစံအတိုင်း ကိုယ်နေပြီး နေချိုကလည်း သူ့ယုံကြည်ချက်နဲ့သူ  ကိုယ့်ဆီကို ဝင်ရောက်လာပေမဲ့ ဒီလိုစကားမျိုးကြားရတာက  လွန်ခဲ့သည့်နှစ်ပိုင်းက ခွန်းနစ်ကုဋေကို ပြန်လည် ဆွဲခေါ်လိုက်ပါသလို။ ငါ မှားသွားတာဆိုသည့် တွေဝေမှုတို့ ဝင်ရောက်လာသည့်အခါ ခွန်းနစ် လက်ချောင်းတို့ဟာ ထိန်းနိုင်စွမ်းမရှိခင်မှာပဲ စတင်တုန်ယင်လို့လာတော့၏။ ဦးသောတမောင်ကို တွေ့တုန်းကတောင် မှားတယ်လို့ နည်းနည်းမှ မခံစားရပေမဲ့ ဝေဖြိုးနိုင်ဆီက ကြားရချိန်မှာ ခွန်းနစ်ကြောက်သည်။

နေချို့ဘက်မှာ ရှိတဲ့လူဆိုတာ လက်ချိုးရေလို့ ဆယ်ချောင်းပင် မရှိ။ ဝေဖြိုးနိုင်ဆိုတာကလည်း ရှားရှားပါးပါး ရေလို့မှ တစ်ယောက်တစ်လေကျန်သည့် သူ့သူငယ်ချင်းဖြစ်သည်။  နေချို့အပေါ် သူတို့မိသားစု ဂရုစိုက်ပေးခဲ့သည်ဆိုတာနှင့်ပင် ခွန်းနစ်မှာ ကျေးဇူးတင်လို့မဆုံးခဲ့။ အတူမရှိခဲ့သော နှစ်တွေမှာ နေချိုအထီးမကျန်ခဲ့တာ ဝေဖြိုးနိုင်ကြောင့်ဆိုတာကို နေချိုမပြောပြလည်း နားလည်ပါသည်။

ချစ်သူနှင့် သူငယ်ချင်းဆိုတာ တူသည်မဟုတ်။ ခွန်းနစ်နှင့် စိတ်ဆိုးလို့မှ နေချိုပြေးတွေ့စရာ လူမရှိတော့မှာကို စိုးရိမ်သည်။ကိုယ်ကိုယ်တိုင် ဘယ်သူမှ ဂရုမစိုက်လည်း နေပေါ့ဆိုသည့် စိတ်နှင့် ကျိတ်မှိတ်နေခဲ့ပေမဲ့ တကယ်တမ်း ပင်ပန်းလွန်းလာတော့ နားထောင်ပေးမည့် နားတစ်စုံကို အကြိမ်ကြိမ်တောင့်တခဲ့သည်။ မတတ်သာသည့်အဆုံး လမ်းဘေးက ငွေတောင်းနေသူတွေကိုပါ ပိုက်ဆံပေးပြီး နားထောင်ခိုင်းဖြစ်သည်အထိ ခွန်းနစ် အထီးကျန်ခဲ့ဖူး၏။

"မင်း ဘယ်လိုပဲဖြစ်နေပါစေ ငါ့မှာ အပြစ်တင်ခွင့်မရှိတာကို သိတယ်။ မင်းရော နေချိုရော ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ"

"..."

"ငါ လက်မခံနိုင်တာကိုလည်း မင်းတို့နားလည်ပေးဖို့ မျှော်လင့်တယ်။ ငါလည်း ငါ့ခံစားချက်နဲ့ ငါမို့"

တုန့်ပြန်နိုင်ခြင်း မရှိ။ နားထောင်ရုံသာ ခွန်းနစ်တတ်နိုင်သည်။ လူတစ်ယောက်က တစ်ယောက်ကို လက်ခံနိုင်တာ ရှိသလို လက်မခံနိုင်တာလည်းရှိမည်။ ဒါက လောကရဲ့ သဘောတရားဖြစ်ပြီး ဘာကြောင့်လဲဆိုသည့် ‌ဆင်ခြေတွေကို တောင်းနေရင် နှစ်ဆပိုပြီး စိတ်ထိခိုက်ရတာသာ ရှိလာမည်ကိုလည်း ခွန်းနစ် နားလည်ပါသည်။ ထို့ကြောင့် နှုတ်ဆိတ်သွားသည့် ဝေဖြိုးနိုင်ထံမှ အကြောင်းပြချက် မတောင်းသလို တုန့်ပြန်ချက်တွေလည်း ဆက်မပြုမိတော့ချေ။

"အိမ်က ဒီနားတင်ဆိုတော့ လိုက်မပို့တော့ဘူး။ ငါ ပိုက်ဆံရှင်းခဲ့မှာမို့ ပြီးမှ အေးဆေး ဂရုစိုက်ပြန်။ ငါ သွားပြီ"

စီလုံတီးပင် တဝက်မကျိုးသေး ဝေဖြိုးနိုင်က ထိုင်ရာမှထကာ ထထွက်သွားဖို့လုပ်နေခဲ့ပြီ။

"ဟို..."

"..."

"မင်း ငါ့ကို အပက်သက် အဆက်ဆံမလုပ်ချင်တာ ရပါတယ်"

"..."

"နေချို့ကိုတော့ အဆက်သွယ် မဖြတ်လိုက်နဲ့"

"...."

"ငါက သူငယ်ချင်း မဟုတ်တော့ဘူးမို့"

"..."

"သူ့မှာ မင်းတို့ပဲ ရှိတာ"

"..."

"ပြေးစရာ မရှိရင်။ သူ သူထပ်ပြီး လမ်းဘေးရောက်သွားလိမ့်မယ်"

သက်ပြင်းသံတချို့ကြားရသည်။ ခွန်းနစ် မော့မကြည့်ရဲ။ ခပ်နွမ်းနွမ်းဖြစ်နေသည့် ဝေဖြိုးနိုင်၏ ပုဆိုးကိုစကိုသာ မျက်နှာသေနှင့် စိုက်ကြည့်နေဖြစ်သည်။ အညိုစိတ်စိတ်အကွက်များက ရင့်လိုက်နုလိုက်နှင့်။ ခွန်းနစ်ရဲ့ စိတ်အခြေနေလိုပဲ ရှုပ်ထွေးကာ အကန့်တွေများလွန်းနေသည်။

အထီးကျန်ပြီး နာကျင်လွန်းလို့မှ စိတ်တိုင်းကျပြေးစရာ နေရာမရှိတာ ဘယ်လောက်ခက်ခဲလိုက်သလဲ။ တစ်ဘဝလုံး အများကြီး ပင်ပန်းလာခဲ့တဲ့ နေချို့ဆီက ဘာဆိုဘာမှ ထပ်မလုချင်တော့။

အဲ့ဒီလူကို ချစ်လိုက်ဖို့ ဆုံးဖြတ်ချက်ချပြီးကတည်းက ပေးပြီးရင်းသာ ပေးချင်ခဲ့သည်မို့     လျစ်လျူရှုခြင်းတွေ ရှုံ့ချကဲ့ရဲ့ခြင်းတွေကိုလည်း အသားကျနေပြီးသား ခွန်းနစ်ကသာ နှစ်ဆခံလိုက်ချင်ပါသည်....။

...............................................

'ရောက်ပြီ'

ငါးကြိမ်မြောက် ကြည့်မိသည့် ဖုန်းစခရင်ထက်က စာတိုလေးကိုကြည့်ရင်း တရွေ့ရွေ့ဆင်းနေသည့် ဓာတ်လှေကားကိုတောင် စိတ်မရှည်ဖြစ်လာသည်။ ဒီနေ့မှပဲ ပိုနှေးလေသလားမှတ်ရလောက်အောင် နှေးနေသည့် ဓာတ်လှေကားကပဲ ပြဿနာတက်နေသလား ၊ တက်ကြွလွန်းနေသည့် ခွန်းနစ်ကပဲ အကဲပိုနေလေသလား။

"ဗယ်လ်လင်တိုင်းမ်ကို စောပြန်တယ်ဆိုတော့ ကုဋေက တစ်ခုခုပဲ" ဟု နောက်သည့် ကိုနိုင်မင်းဆွေကြောင့် ဌာနထဲကလူတွေကပါ လိုက်စနေကြပေမဲ့ ခွန်းနစ် ကြာကြာ မရှက်နိုင်ခဲ့ပါ။ မျက်နှာပြောင်ပြောင်ပဲ လပ်တော့အိတ်ကိုလွယ်ကာ နှုတ်ဆက်ပြီး ပြေးထွက်ခဲ့တာ ဖြစ်သည်။

"ညနေ လာကြိုမှာမို့ လုံးဝ ဘယ်သူနဲ့မှ မလိုက်နဲ့" ဆိုသော စကားမှာ အမိန့်သံတွေ တစ်သိန်းလောက်ပါနေရင်တောင် ခွန်းနစ်ကိုယ်တိုင်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြီးကို နားထောင်ချင်ခဲ့၏။ အရင်တုန်းက ငါနဲ့တွဲလို့ ငါ့ကို လေသံမာရင်တောင် သည်းမခံဘူး တွေးခဲ့ပေမဲ့ ခုများတော့ နေချိုက လေသံမာရင်လည်း စကားနားထောင်ချင်သလို လေပြေလေးနှင့် ချော့ပြန်တော့လည်း မလိုက်နာပဲကို မနေနိုင်သည့်အဖြစ်။

"THANK YOU"

Finger Print မှာ လက်ဗွေရာကို နှိပ်ပြီးသည့်နောက် ကုမ္ပဏီ အပြင်ကို ဦးတည်နေသည့် ခွန်းနစ်ခြေလှမ်းတွေက ‌ဒုံးကျည်တပ်လိုက်သလိုပင်။ အိတ်ကို တင်းတင်းလွယ်လို့ မျက်နှာထက်က အပျော်တွေကိုလည်း မဖုံးကွယ်နိုင်။ နေချိုနဲ့ အတူ မပြန်ရတာ ဘယ်လောက်တောင် ကြာပြီလဲ။ အတော်ကြာမှ ဒီလိုအခွင့်ရတာမို့ ဒီညနေတော့ ဆိုင်ကောင်းကောင်းမှာထိုင်ပြီး နေချို့ကို သေချာလေး ကျွေးမွေးပစ်ရမည်။ သူ့ခင်မျာ ဖြစ်သလို စားနေခဲ့ရတာ တော်တော်ကြာခဲ့ပြီမို့လား။

ဟော တွေ့ပါပြီ ခွန်းနစ်ရဲ့ ရည်းစားလေး။ အဖြူနက် တွဲစပ်ထားသာ သူ့ယူနီဖောင်းကြောင့် သန့်ပြန်လွန်းနေကာ ခွန်းနစ်ကိုယ်တိုင် ရွေးပေးထားသည့် ကျောပိုးအိတ်ကို လွယ်ထားပုံကိုမြင်ရတာ အခုမှ ကျောင်းသားပေါက်စလေးပုံ ပေါက်နေသည်။ လူကိုမြင်တာနှင့် သူ့ဆိုင်ကယ်ကြီးပေါ်က ဆင်းလာသည့် နေချိုမောင်က လက်တစ်ဖက်ကို နောက်မှာဝှက်လို့။ အပြုံးတို့ ဖြစ်တည်နေသော သူ့မျက်နှာဟာလည်း ညနေဆည်းဆာအောက်မှာ နုပျိုကာ ချက်ချင်း သိမ်းဝှက်ထားချင်စရာ ကောင်းလွန်းနေခဲ့သည်။

"စောင့်ရတာ ကြာသွားလား။ ငါ ချက်ချင်းပြေးဆင်းလာတာကို"

"မကြာပါဘူး။ ကြာလည်း ရတယ်"

တိုတိတိပေမဲ့ သူ့စေတနာတွေကြောင့် ခွန်းနစ် အမောပြေရသည်။ ကြည်နူးစိတ်ကြောင့် မော့ကြည့်နေသည့် ကိုယ့်ခေါင်းပေါ် ဆိုင်ကယ်ဦးထုပ်ရောက်လာမှ ပြေးလာ၍ ဖရိုဖရဲဖြစ်နေသည့် အိတ်ကို ပြင်လွယ်ကာ ဦးထုပ် မေးသိုင်းကြိုးကို သေချာတပ်လိုက်၏။

"မင်းအတွက်"

"အယ်..."

ရဲရဲနီနေသော နှင်းဆီပွင့်ငယ်ဟာ နက်ပြာရောင် ပန်းစည်းထဲတွင် တစ်ပွင့်ထဲ ငွားငွားစွင့်လျက်။ ဝိုင်းစက်လာသော မျက်လုံးများက ပန်းပွင့်ပေါ်မှာ မိနစ်အတော်ကြာရှိနေခဲ့ပြီးမှ ဖျတ်ခနဲမော့ကြည့်မိတော့ ပြုံးပြုံးကြီး ကြည့်နေခဲ့သူနှင့် အကြည့်ဆုံသွားသည်။ နက်ပြာရောင် ကြယ်ပွင့်ကလေး နေရာယူထားသော သူ့နားရွက်ကလေးတွေက ဒီနေ့မှပဲ ပိုထောင်နေသလိုလို။

"ပန်းပေးတာ...ငါ့ကိုလား"

"ဟက်ပီး ဗယ်လ်လင်တိုင်းမ်း ခွန်းခွန်း"

"ခွီး...အဟားဟား...အား.."

"..."

"ငါ တကယ်မထင်ထားဘူး။ ခုလို ပေးမှာကို"

"ဘာလို့လဲ ငါ ချောကလက်တောင် ဝယ်လာသေးတယ် ဒီမှာ"

မကျေနပ်သလို ဖြစ်သွားသော မျက်နှာကြီးက ရယ်စရာကောင်းပေမဲ့ ချက်ချင်းမရယ်ရဲ။ ဇွက်ခနဲ ပန်းကို လက်ထဲထိုးထည့်ကာ သူ့ကျောပိုးအိတ်ထဲ နှိုက်နေသူကို စောင့်ရပြန်သည်။ ခဏကြာတော့ အသည်းပုံဘူးဖြင့် ထုပ်ပိုးထားသော ချောကလက်ဘူးက မျက်စိရှေ့ရောက်လာ၏။

"ချစ်သူများနေ့မို့ ဒါတွေပေးတာလေ။ မင်းက ဘာလို့ မထင်ထားရတာလဲ"

"ဒီလိုကွာ မင်း ငါ့ကို ကြိုက်တာ ချစ်တာ ငါသိတယ်။ ဒါပေမဲ့ ခုလို လုပ်မယ်မထင်ထားတာ ဟီးဟီး"

"ဘာလို့လဲ"

"ဟင်"

"ဘာလို့ မင်းက မထင်တာလဲ"

"မင်း စတိုင်မှ မဟုတ်တာ။ နေချိုမောင်က တစ်ယောက်ယောက်ကို ပန်းပေးပြီး ချောကလက်တွေပါ ပေးတာက အမလေး...ကြက်သီးထလာပြီကွာ"

နေချိုတစ်ယောက် သူ့ရှေ့က ကောင်လေးကြောင့် ကြက်သေသေကာ ဘာမှပင်မပြောနိုင်တော့။ လက်မောင်းနှစ်ဖက်ကို လက်နှင့်ပွတ်လို့ တကယ်ပဲ ကြက်သီးထသလို လုပ်နေပုံကလေးက သူ့ကို ရူးသွားစေရန် ရည်ရွယ်နေပါသလိုလို။ နှာခေါင်းထိပ်က မှဲ့နက်ကလေးကို သွားနှင့် ဖိကိုက်ချင်လွန်း၍ သွားများပင်ယားလာ၏။ ခွန်းခွန်းက ဘယ်လောက်တောင် ဆိုးလိုက်သလဲ။ သူ့မှာတော့ ညနေအစောကြီးပြန်ခွင့်ရအောင် တင်းမ်လီဒါကို ပြောပြီးတော့တောင် ဒါတွေကို ပြင်ဆင်ထားခဲ့ရတာကို။

"မင်းက ငါ့ကို တအားကြိုက်နေတာပါလားကွာ"

"..."

"ငါ ချောတာသိပေမဲ့ မင်းကို အဲ့လောက်ကြီး အလဲဖြိုနိုင်မယ်လို့ မသိခဲ့ဘူး"

"..."

"ဟက်ပီး ဗယ်လ်လင်တိုင်းမ် ချိုချို။ ကိုကြီးက ဒီည အဝကျွေးမှာမို့ သွားကြစို့"

ပြောရင်း ပါးကိုလှမ်းဆွဲဖဲ့ပြန်သည့် ခွန်းနစ်။ နေချို့ကို စနေပေမဲ့ စိတ်ထဲမှာတော့ ပျော်လွန်းလို့ ထပင်ခုန်တော့မည်။ ရည်းစားဖြစ်ပြီး ပထမဆုံး ဖြတ်သန်းရသည့် ဖေဖော်ဝါရီ ၁၄က ဒီလောက်ထိ ရင်ခုန်စရာကောင်းမည်လို့ အိပ်မက်ပင်မမက်ခဲ့။ နေချို့ပုံစံအရဆို သူ့ဟာသူ အေးဆေးလေးပဲနေပြီး ဘာမှမပေးတောင် ခွန်းနစ်က ထူးထွေစိတ်ဆိုးမည် မဟုတ်ပါ။ ကိုယ့်ဖက်က ပေးဖို့တောင် ချောကလက်ကြိုဝယ်ထားပြီး ဘောက်ဆက်ဆက် ရည်းစားကလေးကို ပျော်အောင်လုပ်ဖို့ ကြံရွယ်ထားခဲ့သည်။

ကြည့်ရတာ နေချို့မှာလည်း အချစ်ရဲ့ သင်္ကေတတွေကို ဖော်ပြချင်တဲ့ စိတ်ကလေး ပေါက်ဖွားလာခဲ့ပုံပါပဲ။ ဘယ်လိုပဲ ဘာမှမသိတဲ့သူ ဖြစ်ခဲ့ပါစေ သူ့မှာ ခွန်းနစ်ကို ကမ္ဘာပေါ်က တခြားသူတွေလို ကြည်နူးစေချင်တဲ့ စိတ်ကလေး ရှိနေသည်ဆိုတာနှင့်တင် ဘယ်လောက်တောင် ကျေနပ်ဖို့ ကောင်းလိုက်သလဲ။

ငါ့မှာ မင်းကို ပိုတိုးပြီး ချစ်လာလိုက်ရတာ နေချိုမောင်ရယ်....။

..................................................................

စာရေးသူ၏ အမှာစာ:

ရည်းစားရှိရှိ မရှိရှိ ချစ်တတ်တဲ့ နှလုံးသားရှိတာကိုက လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို အလှဆုံးဖြစ်စေတာမို့ ပျော်ရွှင်စရာ ဗယ်လ်လင်တိုင်းမ် ဖြစ်ပါစေရှင်

မနက်ဖြန် ထပ်တွေ့ကြပါ့မယ်~

Zawgyi

တိမ္ညိုေလး၏ သ႐ုပ္မွန္ ၆

"ရတယ္ မႏြယ္နီ ဘာမွျပင္မေနနဲ႕ေတာ့။ ကြၽန္ေတာ္ ႐ုံးမသြားခင္ ခဏပဲဝင္လာတာ"

"ႀကီးႀကီးက်ယ္က်ယ္ မဟုတ္ပါဘူး။ကြၽန္မတို႔လည္း မနက္စာအတြက္ တို႔ဟူးေျခာက္ေၾကာ္မွာနဲ႕ အေတာ္ပဲရယ္"

"ဒါနဲ႕ ေဝၿဖိဳးနိုင္ေရာ "

"လာမွာ .. မနက္ပိုင္း ၾကက္သြန္ပြဲ႐ုံဘက္ ေငြရွင္းသြားတာရယ္။ သိပ္မၾကာပါဘူး ခဏဆိုေရာက္ေတာ့မွာ"

"ေအာ္"

"ဘာလဲ သူငယ္ခ်င္းေတြ မေတြ႕တာၾကာလို႔ ကြၽန္မေတာင္ တေလာကေျပာေနေသး။ ကိုေဝၿဖိဳးနိုင္ကေတာ့ သူတို႔က မအားၾကလို႔ပါကြာဆိုတာခ်ည္း။ ဒီေန႕ ကိုခြန္းနစ္ကုေဋ ေရာက္တာေတာ့ေတာင္ ကြၽန္မမယ္ အံ့ေတြဩလို႔"

"ေနခ်ိဳလည္း သင္တန္းျပန္တက္ေနတာရယ္ ကြၽန္ေတာ္ကလည္း အလုပ္ေျပာင္းလိုက္ေတာ့ ေတာ္ေတာ္နဲ႕ အသားမက်နိဳင္ဘူး"

"ဟယ္ ေဆး႐ုံမွာ မလုပ္ေတာ့တာလား"

"ဟုတ္တယ္ ေျပာင္းလိုက္တာ လပိုင္းေတာ့ ရွိၿပီ"

"ခုက ဘယ္မွာလုပ္ေနတာတုန္း"

"ေဆးကုမၸဏီမွာ ဝင္လုပ္ေနတာ"

"ေနခ်ိဳေမာင္ သင္တန္းျပန္တက္ေနတာေရာ မသိဘူးရွင္။ ဟိုလူကလည္း ဘာမွမေျပာဘူး သိလား။သူလည္း ဘာျဖစ္ေနမွန္းကို မသိတာ။ ကြၽန္မလည္း ကေလးက ငယ္ငယ္နဲ႕ စကားေတြမမ်ားခ်င္လို႔ ေမးမေနေတာ့ဘူး"

ေရေႏြးခြက္ေတြျပင္ဆင္ရင္း အဆက္မေျပာေျပာေနသည့္ မႏြယ္နီက အိမ္ေနရင္း ခ်ည္ဝမ္းဆက္ပြပြႀကီးျဖင့္ သူမရဲ႕ ရွည္လ်ားကာအုံထူေသာ ဆံပင္နက္တို႔ကို ‌ညွပ္ကလစ္ျဖင့္ ခပ္ေလ်ာ့ေလ်ာ့ ထုံးတြယ္လို႔ထားသည္။ မီးဖိုေခ်ာင္ထဲမွ သူမ အေမျဖစ္သူကေတာ့ ခြန္းနစ္တို႔စားဖို႔ တို႔ဟူးေျခာက္ေၾကာ္မ်ား အေၾကာ္မ်ားကို လာခ်ေပးၿပီးကတည္းက ေျမးျဖစ္သူကိုခ်ီေပြ႕ကာ အိမ္ေရွ႕ထြက္လို႔သြား၏။

အိမ္ရွင္ျဖစ္သူက အလုပ္ရႈပ္ေနေသးတာေၾကာင့္ စကားေတြဆက္တိုက္ မေျပာေတာ့ပဲ အိမ္အတြင္းကိုသာ အရင္အကဲခတ္လိုက္သည္။ ေျပာင္းခါစထက္စာလွ်င္ အေတာ္ေလး အိမ္ေထာင္မႈ ပစၥည္းစုံလင္လာသည့္ ဧည့္ခန္းနံရံမွာ ကေလးဓာတ္ပုံမ်ားႏွင့္ စတူဒီယိုမွာ ေသခ်ာရိုက္ထားပုံရသည့္ မိသားစုသုံးေယာက္၏ ဓာတ္ပုံမ်ားက ျပည့္ႏွက္ေနကာ ခြန္းနစ္အား ဧည့္ခံေနသည့္ စားပြဲခုံထက္မွာပင္ စားပြဲတင္ဓာတ္ပုံတခ်ိဳ႕က ရွိလို႔ေနေသး၏။ ပုံတိုင္းတြင္ ေဝၿဖိဳးနိုင္က အၿပဳံးေတြေဝလ်က္ ကင္မရာကို ေသခ်ာစိုက္ၾကည့္ကာ မႏြယ္နီကလည္း ထိုနည္းလည္းေကာင္းသာ။

တကယ္ေတာ့ ဒီမနက္ ကုမၸဏီသြားဖို႔ မရွိေပမဲ့  အိမ္မွာ နားဖို႔မလုပ္ပဲ ေနခ်ိဳ႕ကို မနက္ေစာေစာ သင္တန္းလႊတ္ၿပီးတာႏွင့္ ေဝၿဖိဳးနိုင္ဆီထြက္လာခဲ့ျခင္းပင္။ ဒီၾကား‌ထဲ ႏွစ္ေယာက္စလုံး အခ်ိန္ၾကပ္လြန္း၍ အရင္လို လည္ဖို႔ပတ္ဖို႔ပင္ မလုပ္နိုင္ခဲ့သလို ေဝၿဖိဳးနိုင္ႏွင့္ အဆက္ျပတ္ေနတာလည္း ေတာ္ေတာ္ၾကာသြား၏။ ေဝၿဖိဳးနိုင္ဘက္က ေျခဦးပင္လွည့္မလာတာ ထူးဆန္းလြန္းေပမဲ့ စိတ္ထဲ မရွင္းမလင္းျဖစ္ေန႐ုံသာ တတ္နိုင္ခဲ့ကာ ဆက္သြယ္ရန္ အခြင့္ေရးမသာခဲ့ေခ်။ ဒါေၾကာင့္ ဒီေန႕ေတာ့ အခ်ိန္ရတုန္းေလး အေျပးလာကာ သံသယျဖစ္ေနတာကို ရွင္းဖို႔ ေရာက္လာရျခင္းျဖစ္ပါသည္။

ဘာေၾကာင့္ ႐ုတ္တရက္ႀကီး အဆက္သြယ္ျဖတ္သြားရသလဲ။ ဘာေၾကာင့္ ႐ုတ္တရက္ႀကီး ေရွာင္ေနရသလဲ ဆိုသည့္ ေမးခြန္းေတြကို ေမးဖို႔ဆိုတာ ခြန္းနစ္ရဲ႕ စရိုက္နဲ႕ နည္းနည္းမွ မကိုက္ေပမဲ့ တစ္ဖက္လူက ေနခ်ိဳ႕ရဲ႕ တစ္ဦးတည္းေသာ သူငယ္ခ်င္းဆိုသည့္ အသိေနာက္မွာ မေနနိုင္။ ေနခ်ိဳ ထြက္သြားတာႏွင့္ နီးစပ္ရာ စူပါမားကတ္ကို ေျပးကာ ကေလးပစၥည္းႏွင့္ အိမ္တြင္းသုံး ပစၥည္းတခ်ိဳ႕ဝယ္ၿပီးေနာက္ မေရာက္တာ ၾကာလို႔ဆိုေသာ အေၾကာင္းျပခ်က္ျဖင့္ ခြန္းနစ္ ဒီကို ေရာက္လာခဲ့သည္။

ဘာေၾကာင့္ရယ္မသိ လူကေနရခက္ကာ ရင္ထဲမွာ မအီမသာျဖစ္ေန၏။ ငယ္ငယ္က ေဝၿဖိဳးနိုင္က အျမင္ကတ္စရာေကာင္းၿပီး ျပန္ေတြ႕ခ်ိန္ထိတိုင္ ေပါေၾကာင္ေၾကာင္ျဖစ္ေနဆဲေပမဲ့ ဒီကေန႕ေတာ့ သူနဲ႕ေတြ႕ဖို႔ကို ေၾကာက္႐ြံ႕သလို ျဖစ္လို႔ေနသည္။

"စကားဆက္မိလို႔ ေျပာရဦးမယ္။ ဟိုတေန႕က  ရွင္တို႔ သူငယ္ခ်င္း ညဘက္ႀကီ ငုတ္တုပ္ထထိုင္ေနလို႔ ကြၽန္မမယ္ လန႔္သြားတာပဲ။ ဘာလုပ္ေနလဲဆိုေတာ့ ကေလးကို ထၾကည့္ေနတာတဲ့။ ပုခက္ေဘးမွာ ပုံ႕ပုံ႕ႀကီးကို ထိုင္ေနတာ"

"..."

"လူေတြ ဘာေတြမ်ား ျပဳစားထားတာလားလို႔ေပါ့ရွင့္။ ခဏေနက်ေတာ့ မိန္းမေရ ကေလးက ငါတို႔လက္မခံနိုင္ေလာက္တဲ့ စိတ္မ်ိဳးရွိေနရင္ ဘယ္လိုလုပ္မလဲတဲ့။ အရက္ေၾကာင္ ေၾကာင္တယ္ေျပာရေအာင္လည္း ကြၽန္မနဲ႕ ယူၿပီးကတည္းက လႉလိုက္တာရယ္"

"..."

"ခုရက္ပိုင္းေတာ့ ဂုဏ္ေတာ္ကိုးပါး ပုတီးစိတ္ခိုင္းထားရတယ္"

မႏြယ္နီအသံက တိုးလိုက္က်ယ္လိုက္ႏွင့္။ ခြန္းနစ္ဟာ မ်က္စိေရွ႕က ဓာတ္ပုံကို ေငးရင္း ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္သာ နားေထာင္ေနနိုင္သည္။

"ေဟာ လာပါၿပီ လာၿပီ"

လူမျမင္ရေသး၊ ကားသံၾကား႐ုံႏွင့္ မွတ္မိပုံရေသာ မႏြယ္နီက အိမ္ေပါက္ဝကို ေမးေငါ့လ်က္ဆိုသည္။ ကားစက္သံ ရပ္သြားသည့္ေနာက္  "အမေလး ေဖ့ ကေလးက ေစာေစာစီးစီး ျမဴးေနပါေရာ့လား " ဆိုေသာ ကေလးေခ်ာ့ျမဴသံမ်ား မႏြယ္နီအေမရဲ႕ "ဧည့္သည္ ေရာက္ေနတယ္"ဆိုေသာ စကားသံမ်ား ဆက္တိုက္ထြက္လာသည္။ သိပ္မၾကာလိုက္ ေျခသံတခ်ိဳ႕ႏွင့္အတူ ေဝၿဖိဳးနိုင္က အိမ္ထဲသို႔ ဝင္လာ၏။ သူ႕လက္ထဲတြင္ အုန္းနို႔ေခါက္ဆြဲထုတ္ကေလးမ်ားကိုင္ထားကာ ခြန္းနစ္ကို ျမင္ေတာ့ အံ့ဩသြားသည့္ႏွယ္ မ်က္ဝန္းမ်ား ျပဴးက်ယ္သြားၾကသည္။

သူ႕ပုံစံက ထင္မထားတာကို ေတြ႕ရ၍ မယုံၾကည္နိုင္ျခင္းမ်ားအျပင္ ေနရခက္ျခင္းမ်ားပါ ေရာယွက္ေနသည္ဟု ခြန္းနစ္ထင္၏။ မေသခ်ာေပမဲ့ ထိုသို႔ ခြန္းနစ္ခံစားရသည္။

"လက္ဖက္ရည္ဆိုင္ပါ ဝင္လာတာလား။ အဲ့ဒါေၾကာင့္ ၾကာေနပါတယ္မွတ္တာ"

မႏြယ္နီက ေျပာေျပာဆိုဆိုပဲ ထိုင္ရာမွထကာ သူမေယာက္်ားထံမွ မုန႔္ထုပ္မ်ားကို ယူ၏။ ခြန္းနစ္မွာသာ ထိုင္ရမလို ထရမလိုႏွင့္ ေဝၿဖိဳးနိုင္နည္းတူ ေနရခက္ကာ အူလည္လည္ျဖစ္လာသည္။

"ဟိုဟာ ကိုယ္ ကိုယ္ သူနဲ႕ လက္ဖက္ရည္ဆိုင္သြားလိုက္မယ္ေလ။ အေမနဲ႕ စားလိုက္ၾကေတာ့"

"ဟင္ ရွင္က မစားခဲ့ဘူးလား။အဲ့ဒါဆိုလည္း ဒါစားသြားၾကေလ။ကြၽန္မတို႔က ထမင္းေတြေရာ အေၾကာေတြေရာ ရွိတာကို"

"စားပါ။ ကိုယ္တို႔က လက္ဖက္ရည္ဆိုင္ မသြားရတာလည္း ၾကာေတာ့"

"ဟုတ္တယ္ မႏြယ္နီ။ ကြၽန္ေတာ္လည္း ဗိုက္သိပ္မဆာလို႔ လက္ဖက္ဆိုင္က်မွ တစ္ခုခုေသာက္ေတာ့မယ္"

"အင္းပါ ဒါဆိုလည္း သေဘာပဲ။ ကိုခြန္းနစ္ကုေဋကို ေသခ်ာ ေကြၽးလိုက္ဦးေနာ္"

"ေအးပါ ေအးပါ။ သြားၿပီ ကေလးကို ေရခ်ိဳးဖို႔ ေရေႏြးေလးတည္ထားေပး။ အျပန္ ကိုယ္လာမွ ခ်ိဳးေပးမယ္"

"ဟုတ္ၿပီ ဟုတ္ၿပီ"

"သြားၿပီေနာ္ မႏြယ္နီ"

"ဟုတ္ကဲ့ ေျဖးေျဖးသြားၾကဦးေနာ္"

ႏႈတ္ဆက္ၿပီးတာႏွင့္ ခြန္းနစ္က အိမ္အျပင္ေရာက္ေနၿပီျဖစ္ေသာ ေဝၿဖိဳးနိုင္ေနာက္သို႔ အမွီလိုက္ရသည္။ သေကာင့္သားက သိပ္ျမန္လြန္းသည္မို႔ ခြန္းနစ္အျပင္ေရာက္ခ်ိန္မွာ ကားစက္ပင္ ႏွိုးေနခဲ့ၿပီ။

"တက္ၿပီေနာ္"

ေလာ့ခ္မခ်ထားသည့္ ေခြးဘီလူးကားေလး၏ ေရွ႕ခန္းကို ခပ္တည္တည္ ဝင္ထိုင္လိုက္ေတာ့ သေကာင့္သားက တစ္ခုခုေျပာေတာ့မလိုလိုႏွင့္။ သို႔ေသာ္ လက္ေတြ႕မွာ တစ္ခြန္းမွမေျပာပဲ ေခါင္းကိုသာ ၿငိမ့္ကာ ကားကိုစတင္ေမာင္းထြက္ေစသည္။ ႏွစ္ေယာက္သား ဘာစကားမွ မေျပာမိ။ သူ႕ဘက္က တိတ္ဆိတ္ေနသလို ခြန္းနစ္ကလည္း စကားစရွာမရသည့္လူလို တစ္ခြန္းမွ မဟျဖစ္ေခ်။

လက္ဖက္ရည္ဆိုင္ေရွ႕ေရာက္ေတာ့မွ ခြန္းနစ္တို႔ အိမ္နားက ဆိုင္ဆိုတာ သတိထားမိသြားသည္။ ဒီဆိုင္က ကီးမားက စားလို႔ေကာင္းတာမို႔ ပိတ္ရက္ႀကဳံတိုင္း ေနခ်ိဳနဲ႕အတူတူ မၾကာမၾကာလာစားျဖစ္ၾက၏။ အစားေ႐ြးသည့္ ေနခ်ိဳက ဒီဆိုင္က ကီးမားကိုေတာ့ ႏွစ္ပြဲကုန္ေအာင္ စားနိုင္သည္မို႔ သူေကာင္းေကာင္းစားတာကို ျမင္တိုင္း ခြန္းနစ္မွာ ေပ်ာ္ရစၿမဲ။

"မင္းႀကိဳက္တာမွာေလ"

ဆိုင္အတြင္းကို ဝင္မည့္အစား ဆိုင္အျပင္ဘက္ရွိ မယ္ဇယ္ပင္ႀကီးေအာက္မွာ ခုံဝိုင္းတစ္ခုကို ေ႐ြးလိုက္ၾကၿပီးေနာက္ ေဝၿဖိဳးနိူင္က စကားစလာ၏။

"ကီးမား " လႊတ္ခနဲေျပာၿပီးကာမွ  သူ႕မ်က္ႏွာကို ခြန္းနစ္ၾကည့္မိသြား၏။ အလင္းတစ္ခု ျဖတ္ေျပးသြားသလို ေဝၿဖိဳးနိုင္ မ်က္ဝန္းေတြ လက္သြားေပမဲ့ ဘာမွေတာ့ ေျပာမလာ။ သူေသာက္ဖို႔ စီလုံတီးတစ္ခြက္ကို မွာၿပီးေနာက္ အလုပ္မရွိအလုပ္ရွာကာ ေျပာင္ေနၿပီးသား စားပြဲကို တစ္ရႉးႏွင့္ လိုက္သုတ္ေနသည္။ ဒါတင္မကေသး အၾကမ္းပန္းကန္မ်ားကို ေရေႏြးႏွင့္က်င္းကာ ေဆးေၾကာျပန္၏။

"မင္း ခုတေလာ ေတာ္ေတာ္ အလုပ္ရႈပ္ေနတာ ထင္တယ္"

"ဟင္... အင္း ကုန္ ကုန္ေလွာင္ဖို႔ လုပ္ေနတာနဲ႕"

"ေအာ္"

စကားစက ျပတ္ေတာက္သြားျပန္၏။ ဆိုင္အတြင္းဖက္မွာ ဆူညံေနေပမဲ့ တသီးတသန႔္ျဖစ္ေနသည့္ ခြန္းနစ္တို႔ေနရာကေတာ့ စကားေကာင္းေကာင္း ေျပာနိုင္သည့္အေျခေန။ ဒါက‌ပင္ သူတို႔ၾကားက ေလထုကို ခက္ခဲေစေလသလား။ ေအးစက္မႈေတြ ပိုမ်ား လာမွာႀကိဳျမင္သည့္အခါ  ခြန္းနစ္ကပဲ ေခ်ာင္းဟန႔္ကာ စကားစဖို႔ ျပင္လိုက္၏။

"အဟမ္း ေန ေနခ်ိဳကေတာင္ ေျပာေနတာ။ မင္းကို မေတြ႕တာၾကာလို႔"

"..."

"ငါတို႔လည္း အလုပ္ေတြေျပာင္းေနေတာ့ မင္းဆီမလာျဖစ္ဘူး"

"...."

"ေနခ်ိဳ ပိတ္ရက္က်မွ မင္းဆီလႊတ္လိုက္ဦးမယ္"

"သူလာခ်င္မွ လာပါေစ"

"ဟင္"

"သူ သူလာခ်င္တဲ့စိတ္ရွိမွ လာပါေစလို႔"

"မဟုတ္တာ သူ တကယ္ အလုပ္မ်ားေနလို႔ပါ။ သင္တန္းျပန္တက္ေနေတာ့ သြားတာျပန္တာနဲ႕  သူအခ်ိန္မရွိေနတာ။ သူ မင္းကို သတိရပါတယ္"

"မင္းက သူ႕ထက္ေတာင္ သူ႕အေၾကာင္းကို ပိုသိေနၿပီ"

ေဝၿဖိဳးနိုင္က သူေဆးၿပီးသြား၍ ေျပာင္လက္ေနၿပီျဖစ္ေသာ ဖန္ပန္းကန္လုံးေလးမ်ားထဲသို႔ ေရေႏြးမ်ားငွဲ႕ခ်ရင္း ဆိုလာသည္။ ခြန္းနစ္မွာ ဘာေျပာလို႔ ေျပာရမွန္းပင္ မသိေတာ့။ ၿပဳံးေနေပမဲ့ ေပ်ာ္ေနပုံမရသည့္ ေဝၿဖိဳးနိုင္မ်က္ႏွာႀကီးကိုၾကည့္ရင္း တံေတြးေတြသာ ၿမိဳခ်မိေတာ့သည္။

"မဟုတ္ပါဘူး သူက ႏႈတ္နည္းေတာ့ "

"ငါ အတည္ေျပာတာ။ ငါ သူနဲ႕ အၾကာႀကီးရွိလာေပမဲ့ မင္းသိသေလာက္ သူ႕ကို မသိဘူး"

"..."

"သူက မင္းကို ေပးသိသေလာက္ ငါတို႔ကို ေပးမသိဘူး ခြန္းနစ္ကုေဋ"

"မင္းေရာ ငါေရာ သူ႕သူငယ္ခ်င္းပါပဲကြာ"

"မင္းကေတာ့ မဟုတ္ေလာက္ဘူး"

"...."

"ေနခ်ိဳနဲ႕ မင္းနဲ႕ၾကားမွာ သူငယ္ခ်င္းဆိုတာမ်ိဳး မရွိေတာ့ဘူးမို႔လား"

"..."

"ငါ တစ္သက္လုံး သိလာတဲ့ေနခ်ိဳေမာင့္ဘက္က ေဖာက္ျပန္ေနခဲ့တာ မဟုတ္မွန္းေတာ့ ေသခ်ာတယ္။ ႏွစ္ေတြ အၾကာႀကီးေနၿပီးမွ မင္းက အဲ့ဒီလိုေျပာင္းလဲေနမယ္လို႔ ငါမထင္ခဲ့ဘူး။ ခုေတာ့..."

"...."

"ခုေတာ့ ငါ့ သူငယ္ခ်င္းလည္း ေျပာင္းလဲသြားၿပီ"

ပန္းကန္သံ ခြက္သံမ်ား၊ ျငင္းခုန္ေျပာဆိုေနၾကသံမ်ား၊ လမ္းမထက္မ်ား ေမာင္းျဖတ္သြားသည့္ ‌ဆိုင္ကယ္ႏွင့္ ကားသံမ်ား... ဒီေလာက္ထိ ဆူညံကာ ေရာေထြးေနပါလ်က္ႏွင့္ ေဝၿဖိဳးနိုင္စကားေတြက ခြန္းနစ္နားထဲကို ႁပြတ္သပ္စြာ တိုးတိုက္ဝင္ေရာက္လာသည္။ သူ႕ စကားလုံးမ်ားက အပ္ေခ်ာင္းမ်ားအျဖစ္ ေျပာင္းသြားသလား ထင္ရေလာက္ေအာင္ ခႏၶာကိုယ္အႏွံ႕ စူးေအာင့္ေသာ ခံစားခ်က္ေတြျဖစ္ေပၚလာကာ ေခါင္းကို ငုံ႕မခ်မိေအာင္ စိတ္ကိုထိန္းထားရလြန္း၍ ေဘာင္းဘီစကို ဆုပ္ကိုင္ထားသည့္ လက္ေခ်ာင္းမ်ားမွာ တင္းသည္ထက္ တင္းလို႔လာေတာ့၏။

ကိုယ္ကလည္း ကိုယ့္ပုံစံအတိုင္း ကိုယ္ေနၿပီး ေနခ်ိဳကလည္း သူ႕ယုံၾကည္ခ်က္နဲ႕သူ  ကိုယ့္ဆီကို ဝင္ေရာက္လာေပမဲ့ ဒီလိုစကားမ်ိဳးၾကားရတာက  လြန္ခဲ့သည့္ႏွစ္ပိုင္းက ခြန္းနစ္ကုေဋကို ျပန္လည္ ဆြဲေခၚလိုက္ပါသလို။ ငါ မွားသြားတာဆိုသည့္ ေတြေဝမႈတို႔ ဝင္ေရာက္လာသည့္အခါ ခြန္းနစ္ လက္ေခ်ာင္းတို႔ဟာ ထိန္းနိုင္စြမ္းမရွိခင္မွာပဲ စတင္တုန္ယင္လို႔လာေတာ့၏။ ဦးေသာတေမာင္ကို ေတြ႕တုန္းကေတာင္ မွားတယ္လို႔ နည္းနည္းမွ မခံစားရေပမဲ့ ေဝၿဖိဳးနိုင္ဆီက ၾကားရခ်ိန္မွာ ခြန္းနစ္ေၾကာက္သည္။

ေနခ်ိဳ႕ဘက္မွာ ရွိတဲ့လူဆိုတာ လက္ခ်ိဳးေရလို႔ ဆယ္ေခ်ာင္းပင္ မရွိ။ ေဝၿဖိဳးနိုင္ဆိုတာကလည္း ရွားရွားပါးပါး ေရလို႔မွ တစ္ေယာက္တစ္ေလက်န္သည့္ သူ႕သူငယ္ခ်င္းျဖစ္သည္။  ေနခ်ိဳ႕အေပၚ သူတို႔မိသားစု ဂ႐ုစိုက္ေပးခဲ့သည္ဆိုတာႏွင့္ပင္ ခြန္းနစ္မွာ ေက်းဇူးတင္လို႔မဆုံးခဲ့။ အတူမရွိခဲ့ေသာ ႏွစ္ေတြမွာ ေနခ်ိဳအထီးမက်န္ခဲ့တာ ေဝၿဖိဳးနိုင္ေၾကာင့္ဆိုတာကို ေနခ်ိဳမေျပာျပလည္း နားလည္ပါသည္။

ခ်စ္သူႏွင့္ သူငယ္ခ်င္းဆိုတာ တူသည္မဟုတ္။ ခြန္းနစ္ႏွင့္ စိတ္ဆိုးလို႔မွ ေနခ်ိဳေျပးေတြ႕စရာ လူမရွိေတာ့မွာကို စိုးရိမ္သည္။ကိုယ္ကိုယ္တိုင္ ဘယ္သူမွ ဂ႐ုမစိုက္လည္း ေနေပါ့ဆိုသည့္ စိတ္ႏွင့္ က်ိတ္မွိတ္ေနခဲ့ေပမဲ့ တကယ္တမ္း ပင္ပန္းလြန္းလာေတာ့ နားေထာင္ေပးမည့္ နားတစ္စုံကို အႀကိမ္ႀကိမ္ေတာင့္တခဲ့သည္။ မတတ္သာသည့္အဆုံး လမ္းေဘးက ေငြေတာင္းေနသူေတြကိုပါ ပိုက္ဆံေပးၿပီး နားေထာင္ခိုင္းျဖစ္သည္အထိ ခြန္းနစ္ အထီးက်န္ခဲ့ဖူး၏။

"မင္း ဘယ္လိုပဲျဖစ္ေနပါေစ ငါ့မွာ အျပစ္တင္ခြင့္မရွိတာကို သိတယ္။ မင္းေရာ ေနခ်ိဳေရာ ကိုယ့္ေ႐ြးခ်ယ္မႈနဲ႕ကိုယ္ပဲ"

"..."

"ငါ လက္မခံနိုင္တာကိုလည္း မင္းတို႔နားလည္ေပးဖို႔ ေမွ်ာ္လင့္တယ္။ ငါလည္း ငါ့ခံစားခ်က္နဲ႕ ငါမို႔"

တုန႔္ျပန္နိုင္ျခင္း မရွိ။ နားေထာင္႐ုံသာ ခြန္းနစ္တတ္နိုင္သည္။ လူတစ္ေယာက္က တစ္ေယာက္ကို လက္ခံနိုင္တာ ရွိသလို လက္မခံနိုင္တာလည္းရွိမည္။ ဒါက ေလာကရဲ႕ သေဘာတရားျဖစ္ၿပီး ဘာေၾကာင့္လဲဆိုသည့္ ‌ဆင္ေျခေတြကို ေတာင္းေနရင္ ႏွစ္ဆပိုၿပီး စိတ္ထိခိုက္ရတာသာ ရွိလာမည္ကိုလည္း ခြန္းနစ္ နားလည္ပါသည္။ ထို႔ေၾကာင့္ ႏႈတ္ဆိတ္သြားသည့္ ေဝၿဖိဳးနိုင္ထံမွ အေၾကာင္းျပခ်က္ မေတာင္းသလို တုန႔္ျပန္ခ်က္ေတြလည္း ဆက္မျပဳမိေတာ့ေခ်။

"အိမ္က ဒီနားတင္ဆိုေတာ့ လိုက္မပို႔ေတာ့ဘူး။ ငါ ပိုက္ဆံရွင္းခဲ့မွာမို႔ ၿပီးမွ ေအးေဆး ဂ႐ုစိုက္ျပန္။ ငါ သြားၿပီ"

စီလုံတီးပင္ တဝက္မက်ိဳးေသး ေဝၿဖိဳးနိုင္က ထိုင္ရာမွထကာ ထထြက္သြားဖို႔လုပ္ေနခဲ့ၿပီ။

"ဟို..."

"..."

"မင္း ငါ့ကို အပက္သက္ အဆက္ဆံမလုပ္ခ်င္တာ ရပါတယ္"

"..."

"ေနခ်ိဳ႕ကိုေတာ့ အဆက္သြယ္ မျဖတ္လိုက္နဲ႕"

"...."

"ငါက သူငယ္ခ်င္း မဟုတ္ေတာ့ဘူးမို႔"

"..."

"သူ႕မွာ မင္းတို႔ပဲ ရွိတာ"

"..."

"ေျပးစရာ မရွိရင္။ သူ သူထပ္ၿပီး လမ္းေဘးေရာက္သြားလိမ့္မယ္"

သက္ျပင္းသံတခ်ိဳ႕ၾကားရသည္။ ခြန္းနစ္ ေမာ့မၾကည့္ရဲ။ ခပ္ႏြမ္းႏြမ္းျဖစ္ေနသည့္ ေဝၿဖိဳးနိုင္၏ ပုဆိုးကိုစကိုသာ မ်က္ႏွာေသႏွင့္ စိုက္ၾကည့္ေနျဖစ္သည္။ အညိုစိတ္စိတ္အကြက္မ်ားက ရင့္လိုက္ႏုလိုက္ႏွင့္။ ခြန္းနစ္ရဲ႕ စိတ္အေျခေနလိုပဲ ရႈပ္ေထြးကာ အကန႔္ေတြမ်ားလြန္းေနသည္။

အထီးက်န္ၿပီး နာက်င္လြန္းလို႔မွ စိတ္တိုင္းက်ေျပးစရာ ေနရာမရွိတာ ဘယ္ေလာက္ခက္ခဲလိုက္သလဲ။ တစ္ဘဝလုံး အမ်ားႀကီး ပင္ပန္းလာခဲ့တဲ့ ေနခ်ိဳ႕ဆီက ဘာဆိုဘာမွ ထပ္မလုခ်င္ေတာ့။

အဲ့ဒီလူကို ခ်စ္လိုက္ဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးကတည္းက ေပးၿပီးရင္းသာ ေပးခ်င္ခဲ့သည္မို႔     လ်စ္လ်ဴရႈျခင္းေတြ ရႈံ႕ခ်ကဲ့ရဲ႕ျခင္းေတြကိုလည္း အသားက်ေနၿပီးသား ခြန္းနစ္ကသာ ႏွစ္ဆခံလိုက္ခ်င္ပါသည္....။

...............................................

'ေရာက္ၿပီ'

ငါးႀကိမ္ေျမာက္ ၾကည့္မိသည့္ ဖုန္းစခရင္ထက္က စာတိုေလးကိုၾကည့္ရင္း တေ႐ြ႕ေ႐ြ႕ဆင္းေနသည့္ ဓာတ္ေလွကားကိုေတာင္ စိတ္မရွည္ျဖစ္လာသည္။ ဒီေန႕မွပဲ ပိုေႏွးေလသလားမွတ္ရေလာက္ေအာင္ ေႏွးေနသည့္ ဓာတ္ေလွကားကပဲ ျပႆနာတက္ေနသလား ၊ တက္ႂကြလြန္းေနသည့္ ခြန္းနစ္ကပဲ အကဲပိုေနေလသလား။

"ဗယ္လ္လင္တိုင္းမ္ကို ေစာျပန္တယ္ဆိုေတာ့ ကုေဋက တစ္ခုခုပဲ" ဟု ေနာက္သည့္ ကိုနိုင္မင္းေဆြေၾကာင့္ ဌာနထဲကလူေတြကပါ လိုက္စေနၾကေပမဲ့ ခြန္းနစ္ ၾကာၾကာ မရွက္နိုင္ခဲ့ပါ။ မ်က္ႏွာေျပာင္ေျပာင္ပဲ လပ္ေတာ့အိတ္ကိုလြယ္ကာ ႏႈတ္ဆက္ၿပီး ေျပးထြက္ခဲ့တာ ျဖစ္သည္။

"ညေန လာႀကိဳမွာမို႔ လုံးဝ ဘယ္သူနဲ႕မွ မလိုက္နဲ႕" ဆိုေသာ စကားမွာ အမိန႔္သံေတြ တစ္သိန္းေလာက္ပါေနရင္ေတာင္ ခြန္းနစ္ကိုယ္တိုင္က ေခါင္းတဆတ္ဆတ္ၿငိမ့္ၿပီးကို နားေထာင္ခ်င္ခဲ့၏။ အရင္တုန္းက ငါနဲ႕တြဲလို႔ ငါ့ကို ေလသံမာရင္ေတာင္ သည္းမခံဘူး ေတြးခဲ့ေပမဲ့ ခုမ်ားေတာ့ ေနခ်ိဳက ေလသံမာရင္လည္း စကားနားေထာင္ခ်င္သလို ေလေျပေလးႏွင့္ ေခ်ာ့ျပန္ေတာ့လည္း မလိုက္နာပဲကို မေနနိုင္သည့္အျဖစ္။

"THANK YOU"

Finger Print မွာ လက္ေဗြရာကို ႏွိပ္ၿပီးသည့္ေနာက္ ကုမၸဏီ အျပင္ကို ဦးတည္ေနသည့္ ခြန္းနစ္ေျခလွမ္းေတြက ‌ဒုံးက်ည္တပ္လိုက္သလိုပင္။ အိတ္ကို တင္းတင္းလြယ္လို႔ မ်က္ႏွာထက္က အေပ်ာ္ေတြကိုလည္း မဖုံးကြယ္နိုင္။ ေနခ်ိဳနဲ႕ အတူ မျပန္ရတာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲ။ အေတာ္ၾကာမွ ဒီလိုအခြင့္ရတာမို႔ ဒီညေနေတာ့ ဆိုင္ေကာင္းေကာင္းမွာထိုင္ၿပီး ေနခ်ိဳ႕ကို ေသခ်ာေလး ေကြၽးေမြးပစ္ရမည္။ သူ႕ခင္မ်ာ ျဖစ္သလို စားေနခဲ့ရတာ ေတာ္ေတာ္ၾကာခဲ့ၿပီမို႔လား။

ေဟာ ေတြ႕ပါၿပီ ခြန္းနစ္ရဲ႕ ရည္းစားေလး။ အျဖဴနက္ တြဲစပ္ထားသာ သူ႕ယူနီေဖာင္းေၾကာင့္ သန႔္ျပန္လြန္းေနကာ ခြန္းနစ္ကိုယ္တိုင္ ေ႐ြးေပးထားသည့္ ေက်ာပိုးအိတ္ကို လြယ္ထားပုံကိုျမင္ရတာ အခုမွ ေက်ာင္းသားေပါက္စေလးပုံ ေပါက္ေနသည္။ လူကိုျမင္တာႏွင့္ သူ႕ဆိုင္ကယ္ႀကီးေပၚက ဆင္းလာသည့္ ေနခ်ိဳေမာင္က လက္တစ္ဖက္ကို ေနာက္မွာဝွက္လို႔။ အၿပဳံးတို႔ ျဖစ္တည္ေနေသာ သူ႕မ်က္ႏွာဟာလည္း ညေနဆည္းဆာေအာက္မွာ ႏုပ်ိဳကာ ခ်က္ခ်င္း သိမ္းဝွက္ထားခ်င္စရာ ေကာင္းလြန္းေနခဲ့သည္။

"ေစာင့္ရတာ ၾကာသြားလား။ ငါ ခ်က္ခ်င္းေျပးဆင္းလာတာကို"

"မၾကာပါဘူး။ ၾကာလည္း ရတယ္"

တိုတိတိေပမဲ့ သူ႕ေစတနာေတြေၾကာင့္ ခြန္းနစ္ အေမာေျပရသည္။ ၾကည္ႏူးစိတ္ေၾကာင့္ ေမာ့ၾကည့္ေနသည့္ ကိုယ့္ေခါင္းေပၚ ဆိုင္ကယ္ဦးထုပ္ေရာက္လာမွ ေျပးလာ၍ ဖရိုဖရဲျဖစ္ေနသည့္ အိတ္ကို ျပင္လြယ္ကာ ဦးထုပ္ ေမးသိုင္းႀကိဳးကို ေသခ်ာတပ္လိုက္၏။

"မင္းအတြက္"

"အယ္..."

ရဲရဲနီေနေသာ ႏွင္းဆီပြင့္ငယ္ဟာ နက္ျပာေရာင္ ပန္းစည္းထဲတြင္ တစ္ပြင့္ထဲ ငြားငြားစြင့္လ်က္။ ဝိုင္းစက္လာေသာ မ်က္လုံးမ်ားက ပန္းပြင့္ေပၚမွာ မိနစ္အေတာ္ၾကာရွိေနခဲ့ၿပီးမွ ဖ်တ္ခနဲေမာ့ၾကည့္မိေတာ့ ၿပဳံးၿပဳံးႀကီး ၾကည့္ေနခဲ့သူႏွင့္ အၾကည့္ဆုံသြားသည္။ နက္ျပာေရာင္ ၾကယ္ပြင့္ကေလး ေနရာယူထားေသာ သူ႕နား႐ြက္ကေလးေတြက ဒီေန႕မွပဲ ပိုေထာင္ေနသလိုလို။

"ပန္းေပးတာ...ငါ့ကိုလား"

"ဟက္ပီး ဗယ္လ္လင္တိုင္းမ္း ခြန္းခြန္း"

"ခြီး...အဟားဟား...အား.."

"..."

"ငါ တကယ္မထင္ထားဘူး။ ခုလို ေပးမွာကို"

"ဘာလို႔လဲ ငါ ေခ်ာကလက္ေတာင္ ဝယ္လာေသးတယ္ ဒီမွာ"

မေက်နပ္သလို ျဖစ္သြားေသာ မ်က္ႏွာႀကီးက ရယ္စရာေကာင္းေပမဲ့ ခ်က္ခ်င္းမရယ္ရဲ။ ဇြက္ခနဲ ပန္းကို လက္ထဲထိုးထည့္ကာ သူ႕ေက်ာပိုးအိတ္ထဲ ႏွိုက္ေနသူကို ေစာင့္ရျပန္သည္။ ခဏၾကာေတာ့ အသည္းပုံဘူးျဖင့္ ထုပ္ပိုးထားေသာ ေခ်ာကလက္ဘူးက မ်က္စိေရွ႕ေရာက္လာ၏။

"ခ်စ္သူမ်ားေန႕မို႔ ဒါေတြေပးတာေလ။ မင္းက ဘာလို႔ မထင္ထားရတာလဲ"

"ဒီလိုကြာ မင္း ငါ့ကို ႀကိဳက္တာ ခ်စ္တာ ငါသိတယ္။ ဒါေပမဲ့ ခုလို လုပ္မယ္မထင္ထားတာ ဟီးဟီး"

"ဘာလို႔လဲ"

"ဟင္"

"ဘာလို႔ မင္းက မထင္တာလဲ"

"မင္း စတိုင္မွ မဟုတ္တာ။ ေနခ်ိဳေမာင္က တစ္ေယာက္ေယာက္ကို ပန္းေပးၿပီး ေခ်ာကလက္ေတြပါ ေပးတာက အမေလး...ၾကက္သီးထလာၿပီကြာ"

ေနခ်ိဳတစ္ေယာက္ သူ႕ေရွ႕က ေကာင္ေလးေၾကာင့္ ၾကက္ေသေသကာ ဘာမွပင္မေျပာနိုင္ေတာ့။ လက္ေမာင္းႏွစ္ဖက္ကို လက္ႏွင့္ပြတ္လို႔ တကယ္ပဲ ၾကက္သီးထသလို လုပ္ေနပုံကေလးက သူ႕ကို ႐ူးသြားေစရန္ ရည္႐ြယ္ေနပါသလိုလို။ ႏွာေခါင္းထိပ္က မွဲ႕နက္ကေလးကို သြားႏွင့္ ဖိကိုက္ခ်င္လြန္း၍ သြားမ်ားပင္ယားလာ၏။ ခြန္းခြန္းက ဘယ္ေလာက္ေတာင္ ဆိုးလိုက္သလဲ။ သူ႕မွာေတာ့ ညေနအေစာႀကီးျပန္ခြင့္ရေအာင္ တင္းမ္လီဒါကို ေျပာၿပီးေတာ့ေတာင္ ဒါေတြကို ျပင္ဆင္ထားခဲ့ရတာကို။

"မင္းက ငါ့ကို တအားႀကိဳက္ေနတာပါလားကြာ"

"..."

"ငါ ေခ်ာတာသိေပမဲ့ မင္းကို အဲ့ေလာက္ႀကီး အလဲၿဖိဳနိုင္မယ္လို႔ မသိခဲ့ဘူး"

"..."

"ဟက္ပီး ဗယ္လ္လင္တိုင္းမ္ ခ်ိဳခ်ိဳ။ ကိုႀကီးက ဒီည အဝေကြၽးမွာမို႔ သြားၾကစို႔"

ေျပာရင္း ပါးကိုလွမ္းဆြဲဖဲ့ျပန္သည့္ ခြန္းနစ္။ ေနခ်ိဳ႕ကို စေနေပမဲ့ စိတ္ထဲမွာေတာ့ ေပ်ာ္လြန္းလို႔ ထပင္ခုန္ေတာ့မည္။ ရည္းစားျဖစ္ၿပီး ပထမဆုံး ျဖတ္သန္းရသည့္ ေဖေဖာ္ဝါရီ ၁၄က ဒီေလာက္ထိ ရင္ခုန္စရာေကာင္းမည္လို႔ အိပ္မက္ပင္မမက္ခဲ့။ ေနခ်ိဳ႕ပုံစံအရဆို သူ႕ဟာသူ ေအးေဆးေလးပဲေနၿပီး ဘာမွမေပးေတာင္ ခြန္းနစ္က ထူးေထြစိတ္ဆိုးမည္ မဟုတ္ပါ။ ကိုယ့္ဖက္က ေပးဖို႔ေတာင္ ေခ်ာကလက္ႀကိဳဝယ္ထားၿပီး ေဘာက္ဆက္ဆက္ ရည္းစားကေလးကို ေပ်ာ္ေအာင္လုပ္ဖို႔ ႀကံ႐ြယ္ထားခဲ့သည္။

ၾကည့္ရတာ ေနခ်ိဳ႕မွာလည္း အခ်စ္ရဲ႕ သေကၤတေတြကို ေဖာ္ျပခ်င္တဲ့ စိတ္ကေလး ေပါက္ဖြားလာခဲ့ပုံပါပဲ။ ဘယ္လိုပဲ ဘာမွမသိတဲ့သူ ျဖစ္ခဲ့ပါေစ သူ႕မွာ ခြန္းနစ္ကို ကမာၻေပၚက တျခားသူေတြလို ၾကည္ႏူးေစခ်င္တဲ့ စိတ္ကေလး ရွိေနသည္ဆိုတာႏွင့္တင္ ဘယ္ေလာက္ေတာင္ ေက်နပ္ဖို႔ ေကာင္းလိုက္သလဲ။

ငါ့မွာ မင္းကို ပိုတိုးၿပီး ခ်စ္လာလိုက္ရတာ ေနခ်ိဳေမာင္ရယ္....။

..................................................................

စာေရးသူ၏ အမွာစာ:

ရည္းစားရွိရွိ မရွိရွိ ခ်စ္တတ္တဲ့ ႏွလုံးသားရွိတာကိုက လူတစ္ေယာက္ရဲ႕ ျဖစ္တည္မႈကို အလွဆုံးျဖစ္ေစတာမို႔ ေပ်ာ္႐ႊင္စရာ ဗယ္လ္လင္တိုင္းမ္ ျဖစ္ပါေစရွင္

မနက္ျဖန္ ထပ္ေတြ႕ၾကပါ့မယ္~

Continuar a ler

Também vai Gostar

270K 27.1K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
66K 5.3K 25
အချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အ‌ကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို...
962K 182K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
80.3K 6.5K 77
ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြောင်းလဲခြင်းလေပြည် တွေ တိုက်ခတ်လို့ မျှော်...