ဦးဂျွန် ( Kookjin )
By YoneYone_2054
51.6K 7.6K 1.4K
ဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23 More
🤎intro 🤎
🤎1 🤎
🤎2🤎
🤎3🤎
🤎4🤎
🤎5🤎
🤎 6🤎
🤎7🤎
🤎8🤎
🤎9🤎
🤎10🤎
🤎11🤎
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎
🤎16🤎
🤎17🤎
🤎18🤎
🤎19🤎
🤎20🤎
🤎21🤎
🤎22🤎
🤎24🤎
🤎25🤎
🤎26🤎
🤎27🤎
🤎28🤎
🤎29🤎
🤎30🤎
🤎31🤎
🤎32🤎
🤎33 🤎
🤎 ending 🤎
🤎 အပိုင်းပို 🤎
🤎23🤎
1K 197 27
By YoneYone_2054
အချစ်ဟာ တစ်ခါတစ်လေ
စွန်ကလေးနဲ့တူပြီး တစ်ခါတစ်လေ ငှက်ကလေးနဲ့တူပါတယ်။
ကြိုးလေးပြတ်သွားတာနဲ့
ဟိုးအဝေးထွက်သွားမှာကို သိသလို
အတောင်စုံတာနဲ့ ဒီရင်ကို
ကန်ထွက်သွားမှာကိုလည်း
သိနေသလိုမျိုးပေါ့။
ချစ်မိကြရင် အရှုံးပဲတဲ့။
သူများအပိုင်ကို ချစ်မိရင်ရော
ဘယ်လောက်အထိများ
အရှုံးသမားဖြစ်နေအုံးမလဲ။
လက်ဖမိုးပေးရင် လက်ဖဝါးလို့ပဲ
မြင်နေကြတဲ့ ဆက်ဆံရေးတွေ။
သံသယတွေအပေါ် သံသယတွေပဲ
ထပ်နေတဲ့ ဒီအက်ကြောင်းတွေ။
ထက်ပြီးလွဲပြီးရင်း လွဲခဲ့တဲ့ ဘူတာရုံလေးတွေ။မျိုသိပ်ခြင်းတွေမှာ ဖွင့်ဟပြတတ်တဲ့
ဝါသနာတွေ မပါခဲ့ကြဘူး။
လွဲပြီးရင် လွဲနေတဲ့ ဇာတ်လမ်းတွေရဲ့
အဆုံးမှာ ဘာတွေဖြစ်သွားမလဲလို့....
လူတွေကမေးကြတယ် ဦးဂျွန်။
အဖြေတွေ မရှိသည့်တိုင်အောင် ကျွန်တော်တို့ဟာတစ်ယောက်အကြောင်း တစ်ယောက်မသိသေးလို့ ဘယ်အရာမှ
ပခုံးချင်း မညှိနိုင်ပါဘူး။
မေတ္တာပေးရင် မေတ္တာပြန်ရသလို
နာကျင်စရာတွေ မျှဝေရင်လည်း
နှစ်သိမ့်နားလည်ပေးကြရမယ့်
ခံစားချက်တွေပါ။
သံသယတွေကြား မလွတ်လပ်သေးသ၍
ကျွန်တော်တို့က ဝေးနေအုံးမှာပါပဲ......။
####
တစ်လတောင်ကျော်ခဲ့ပြီ။ ဦးဂျွန်ဆီက ထွက်လာခဲ့တာ တစ်လများတောင် ကျော်ခဲ့ပြီတဲ့။ မယုံနိုင်သေးသလို အဖြစ်အပျက်တိုင်းဟာ မနေ့ကလို။ပြက္ခဒိန်တွေလှန်လိုက်တိုင်း မရောက်ချင်တဲ့နေ့စွဲတွေကသူတို့ချစ်သူဖြစ်တာ ၆လပြည့်တဲ့ရက်ကလေးကိုညွှန်ပြနေသည်။ ရက်စွဲများအရတော့ သန်ဘက်ခါ
ဟာ ခြောက်လပြည့်။ သံယောဇဉ်များနဲ့တိုင်းတာရင်တော့ ‌အရာခပ်သိမ်းဟာ ထာ၀ရ နှစ်ပတ်လည်။
"သားငယ် "
ပြက္ခဒိန်စာရွတ်ကို အမြန်ဖြဲကာ ထိုင်ခုံ၌ ဘာမှမဖြစ်သလိုထိုင်လိုက်သည်။ မေမေတို့ ဒီအကြောင်းကိုမသိသေးသလို သိလို့လည်းမဖြစ်။ နှစ်ဖက်အိမ်လုံးမျက်နှာပူရတဲ့အခါ ဒီဇာတ်လမ်းမှာ ဘယ်သူ့ကိုမှဗီလိန်မဖြစ်စေချင်ဘူး။ ၀တ္ထုစာအုပ်တစ်အုပ်ကိုလှန်
ကာ စာဖတ်နေဟန်သာ ဆောင်လိုက်သည်။
"မေမေ ၀င်လာမယ်နော်"
စကားနှင့်အတူ မေမေက အခန်းထဲ၀င်လာသည်။စာဖတ်နေတဲ့ သူ့အနားကိုဖြည်းဖြည်းချင်းလျှောက်လာနေသည်။ စာအုပ်ထဲအာရုံရောက်နေဟန်ပေါ်တဲ့သူ့ကိုမြင်တော့ ပခုံးကိုဖွဖွလေးဆုပ်ကိုင်လာသည်။
"နေမကောင်းဘူးလား သားငယ်
ကြည့်ရတာ ဖြူဖတ်ဖြူလျော်နဲ့
အခန်းထဲကလည်း မထွက်ဘူး။
ဦးဂျွန်ဆီက ပြန်လာထဲကပဲ...."
မေမေသည် သူ့မှာရောဂါရှိမှန်းမသိသေးပါ။သူနဲ့မမဟန်သာ သိကြတာဖြစ်ပြီး ဆေးရုံသွားသည့်အခေါက်တိုင်းလည်း မမဟန်သာ တူတူလိုက်ပေးတာဖြစ်သည်။ ပြောချင်ပေမယ့် ပြောမထွက်တော့သူလည်း ဦးဂျွန်နဲ့ထပ်တူ ။
"ကျွန်တော် စာပိုဖတ်ချင်လို့မေမေ
ဖတ်စရာ စာအုပ်တွေကုန်သွားရင် စာမေးပွဲတစ်ခု၀င်ဖြေချင်တယ် မေမေ ပြီးရင်...."
"ပြီးရင် ဘာဖြစ်လဲ "
"ပြီးရင်....ပြီးရင် ကျွန်တော် နိုင်ငံခြားထွက်ချင်တယ်"
"ဘယ်လို"
မေမေ့အသံတွေအဖျားခတ်ကာ သူ့ပခုံးကိုဆုပ်ကိုင်ထားသော လက်တွေပိုမိုတင်းကြပ်သွားသည်။‌လှည့်မကြည့်ရဲဘဲ မျက်လုံးမှိတ်ကာ ပြောစရာများကို အားတင်း၍ပြောချလိုက်သည်။
"ကျွန်တော်....နိုင်ငံခြားထွက်ပြီး ကျောင်းတက်ချင်တယ် မေမေ ။ သားကိုခွင့်ပြုပေးပါ"
"......."
"မေမေ ကျွန်တော်-"
"သားဆိုလိုတာ မေမေ သဘောပေါက်ပြီ
စာသေချာလုပ်နော်။ မေမေ ဖေဖေ့ကို ပြောပြထားပေးမယ် "
မထင်ထားခဲ့သော စကားတွေ။ မေမေဟာဘယ်တုန်းက ဒီလိုမျိုးလွယ်လွယ်နဲ့ခွင့်ပြုတတ်သွားတာလဲ။နားလည်ရခက်လိုက်တာ လူတွေက။ ဒါပေမယ့်သူလိုချင်တာကို မေမေကခွင့်ပြုပေးလို့ စိတ်ထဲနည်းနည်းတော့ အပူငြိမ်းသွားရသည်။ မေမေ့ဘက်ကိုလှည့်ကာ ခါးကိုပွေ့ဖက်လိုက်တော့ မေမေက
အလိုက်သင့်ပြန်ဖက်ရင်း.....
"သားဖြစ်ချင်တာကို မေမေက ဖြည့်ဆည်းပေးမှာမို့လိမ်လိမ်မာမာလေး နေပေးနော် မေမေ ဒါလေးပဲတောင်းဆိုချင်တယ် ကလေးရယ်"
မေမေ့ကို ခေါင်းတဆက်ဆက်ငြိမ့်ကာ ကတိတွေအတန်တန်ပေးမိသည်။ ငိုချင်ပေမယ့် မငိုရက်ခဲ့ပါ။ငိုလွယ်သူဟာ အရှူံးပဲမို့ ဖြစ်နိုင်ရင် ဘယ်လောက်ပဲခက်ခဲနေပါစေ ရအောင် ရှင်သန်နေရမှာပဲ။
တကယ်တော့ ကလေးငယ်မှာ အခြားအတွေးတွေမရှိခဲ့ပါဘူး။ ဆရာ၀န်ကြီးမရှိတဲ့ အရပ်ဒေသကိုကူးပြောင်းတဲ့အခါ အဆင်ပြေမလားပဲ သိချင်တဲ့စိတ်ကလေးပဲ ရှိခဲ့တယ်။ ဆရာ၀န်ကြီးပြောသလိုဦးနှောက်သေးသေးလေးနဲ့ တွေးလိုက်တဲ့အရာတွေ
တိုင်း ကျွန်တော်တို့ နားမလည်နိုင်ခဲ့.....။
####
"စာအုပ်သွား၀ယ်မယ် မမဟန်"
"စာအုပ်ချည်းပဲဖတ်နေတယ် ရုပ်ရှင်လေးဘာလေးကြည့် ခရီးထွက်ချင်လား မမလိုက်ပို့ပေးမယ် ဘာစားချင်လဲ "
မမစကားကြောင့် သူ့မျက်ခုံးတွေ တွန့်ချိုးသွားရသည်။ အခန်းထဲအမြဲနေပြီး စာဖတ်နေရတာသူ့ဝါသနာမဟုတ်ပေမယ့် အခုနောက်ပိုင်း အခန်းထဲနေတာများတော့ လူကြီးတွေက စိတ်ပူနေခြင်း။
"စာအုပ်ပဲလိုက်၀ယ်ပေးပါဆို ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်လေးက second edition ထွက်ပြီတဲ့။အဲ့တာလေး ၀ယ်ချင်လို့"
"စာအုပ်ဆိုင်ကလွဲပြီး အခြားနေရာတွေ သွားပါလားငယ်လေးရာ....ငါစာအုပ်ဆိုင်ထဲရောက်ရင် သူ့ကိုသွားသွားသတိရလွန်းလို့ပါ"
မမဟန်သည် ငိုသံကြီးတွေနဲ့ မျက်နှာကိုလက်နဲ့အုပ်ကာပြောလိုက်ခြင်း။ အရင်အပတ်က စာအုပ်ဆိုင်ကိုသူတို့နှစ်ယောက်သွားတော့ မမဟန်ကြိုက်နေတဲ့ကောင်မလေးက ကောင်လေးတစ်ယောက်နဲ့ဒိတ်နေကြတာကို မြင်လိုက်ရတယ်လေ။ အဲ့ရက်တွေထဲက
စပြီး မမဟန်လည်း ကြေကွဲလူငယ်။
"ကြေကွဲလူငယ်"
"အေးအေး စထား စထား နင်လည်း ဘာထူးလို့လဲ"
"ကျွန်တော်က အနေသာကြီး"
"ညတိုင်းခိုးခိုးပြီး ငိုတာ ငါမသိဘူးထင်နေလားနင့်အစ်မ၀မ်းကွဲပါဟာ အကုန်သိတယ်"
ဟန့်စကားအဆုံး ငယ်လေးက ငြိမ်ကျသွားသည်။ကုတင်ထက်ခြေလွှဲထိုင်နေရင်း လူပ်ရမ်းနေသည့်ခြေထောက်လေးများ ရပ်တန့်သွားသည်။ ကြည့်လိုက်တော့ လက်မနှစ်ဖက်ထိပ်ကို ဖိချေကာ နူတ်ခမ်းလေး စူလာသည့် ကလေးလေး။
"ကလေးလား ပြောတာနဲ့ ငြိမ်ကျသွားရအောင်ပြောတော့ နေနိုင်တယ်ဆို မချစ်တော့ဘူးဆို"
"မချစ်တော့ဘူးလို့ မပြောမိပါဘူးနော်"
"ဝါး နင်ပဲပြောတာလေ အခုမှလာပြီး ကြောင်ပျောက်သလိုလို ရွှေခွက်ပျောက်သလိုလို မလုပ်နဲ့!"
"မမဟန်ကလဲ.....ကျွန်တော်က မချစ်တော့ဘူးလို့ပြောတာမဟုတ်ပါဘူး။ မချစ်ချင်တော့ဘူးလို့ပဲပြောမိတာ သေချာမှနားမထောင်ဘဲနဲ့"
"မလွယ်ဘူးနော် လူငယ်တွေ"
"အင်းပေါ့ အိုနေတဲ့လူတွေက ဘယ်နားလည်နိုင်မလဲ"
"ရားးး ကင်ဆော့ဂျင်!!!"
"ဘာလဲ ဘာလဲ ပြော ပြော!!"
"အကြီးကို မလေးမစားနဲ့ သေချင်နေပြီလား နင်"
"အိုကြီးအိုမကို ရိုရိုသေသေလည်းပြောပေးရသေးတယ် အိုလို့အို‌တယ်ပြောတာ ဘာဖြစ်လဲ!!"
"နင်လည်း ၂၆နှစ်ကို မရောက်လာနိုင်ဘူးလို့
ထင်နေတာလား ဟမ်!"
"ဒါပေမယ့် အခုမှ ကျွန်တော်က ၂၂လေ
၂၆ရောက်ဖို့ဆိုတာ အဝေးကြီး
ဘာတွေလာပြော"
"ရား ရား တကယ်ပဲ ဝါး နင့်ကို ဟိုတစ်ယောက်ဘယ်လိုသည်းခံလဲမသိဘူး ငါတော့ လုံး၀ပဲ"
"စကားပြောနေရင်း ဘာလို့သူအကြောင်းက
ပါတာလဲ!!"
"ရားး မအော်နဲ့ ငါ့ကို!!"
"အဲ့တာဆို သူ့အကြောင်းမဟနဲ့လေ!!"
"နင်တော့!!"
"ဟဲ့!! ဘာဖြစ်နေကြတာလဲ စောစောစီးစီး
ကိုက်နေကြပြန်ပြီ!!"
ထသတ်တော့မယ့်ရန်ပွဲတွေကို မေမေ့အသံကြီးကကယ်တင်လိုက်ခြင်း။ မေမေက ဟင်းချက်နေသည်ထင်။ ယောင်းမကြီးကိုင်ကာ အခန်းထဲကို၀င်လာသည်။ သူတို့နှစ်ယောက်ကို တစ်ယောက်တစ်လှည့်စီကြည့်ရင်း......။
"ပတ်၀န်းကျင်ရှိတာလည်း သတိရအုံး
ဟန်....ညည်းကလဲ ကိုယ့်မောင်ကို သည်းခံလေ"
"ဟာ အန်တီ"
"ပြီးတော့ သား.....နင်ကလည်း ကိုယ့်အစ်မကိုယ်မအော်နဲ့လေ !"
"ဟာ မေမေ"
"ငါဘာအသံမှ ထက်မကြားချင်ဘူးနော်
တိတ်တိတ်နေကြ ခဏနေ ဆော့ဂျင်အဖေ ပြန်ရောက်လာလို့ သိရင် ဟန့်ကို အိမ်ပြန်ပို့လိမ့်မယ်ကြားလား....သား နင်လည်း အဆူခံရမယ်"
မေမေက ဆုံးမစကားတွေပြောပြီးတာနဲ့ အခန်းထဲမှထွက်သွားသည်။ ‌မေမေ တံခါးပိတ်သွားသည်အထိမောင်နှမနှစ်ယောက် အကြည့်ချင်းစစ်တိုက်နေဆဲ။မမဟန်သည်လည်းတစ်မျိုး။ သူလည်းတစ်မျိုး။
ဘာတွေအထိမခံကြခဲ့တာလဲ မသိပေမယ့် သေချာတာကတော့ ချစ်တဲ့သူတွေကြောင့်။
မမဟန်က သူကြိုက်နေတဲ့သူကို တခြားတစိမ်းနဲ့မြင်လိုက်ရလို့ ကြေကွဲပြီး အထိမခံဖြစ်တယ်။သူကတော့ သူချစ်တဲ့သူအကြောင်းကို စကားထဲဆွဲထည့်လို့ မနေနိုင် မထိုင်နိုင်ဖြစ်တယ်။အကြောင်းပြချက်က ရှင်းရှင်းလေးဆိုပေမယ့်စစ်တိုက်နေတဲ့ အကြည့်တွေကတော့ မရှင်းနိုင်။
"အ၀တ်အစားသွားလဲအုံးမယ် ပြီးရင် စာအုပ်ဆိုင်သွားမယ်မလား ပြင်ဆင်ပြီးစောင့်နေ "
"စာအုပ်ဆိုင်လည်း မသွားတော့ဘူး
ဘယ်မှမသွားတော့ဘူး"
ဟန်သည် သက်ပြင်းအရှည်ကြီးကို လေးနက်စွာချလိုက်ပြီးသည့်နောက် ခါးထောက်ကာ ဆော့ဂျင်ဘက်ကိုလှည့်ကြည့်လိုက်မိသည်။ ဆော့ဂျင်ကတော့သူမဟုတ်သလို။ ကုတင်ထက်မှ ခြေထောက်တွေလူပ်ရမ်းကာ ဆော့နေလိုက်သေးသည်။
"ကင်ဆော့ဂျင်"
လှည့်မကြည့်လာသလို ထူးလည်းမထူးပါ။
မျက်နှာကို အောက်ချကာ ခြေထောက်တွေကိုလူပ်ရမ်းဆော့ကစားနေ၏။
"ဆော့ဂျင်"
"........"
"ငယ်လေးရေ"
"‌ဗျာ မမ"
ချုပ်ကွက်တွေသည် အဲ့သည်လို။ ကင်ဆော့ဂျင်ကဘာလို့ဝိုင်းအုံချစ်လေးဖြစ်နေလဲလို့ မမေးလိုက်နဲ့။အဖြေတွေက အဲ့တာတွေပဲ။ ငြိမ်ငြိမ်လေးနေရင်လည်း ချစ်ကြရသလို၊ သွက်လက်ဖျတ်လက်နေရင်လည်း အသည်းခိုက်အောင်ချစ်ကြရတယ်။
‌ဥပဒေကြမ်းတွေ အများကြီး ဟန်ဖတ်ဖူးပေမယ့်ဟန့်အတွက်တော့ ဆော့ဂျင်နဲ့ပတ်သက်လာရင်ဥပဒေအသစ်တွေ ဖွဲ့စည်းတည်ဆောက်ထားရတယ်။ဥပမာ....သူ့အပေါ်ကို ကင်ဆော့ဂျင် စိတ်လိုလက်ရ စိတ်ဆိုးနိုင်တဲ့ ဥပဒေတွေပေါ့။
စိတ်တွေသည် ကြာကြာမဆိုးနိုင်။ ဟန့်ကိုမော်ကြည့်နေတဲ့ မျက်လုံးကြည်ကြည်တွေ။ နူတ်ခမ်းကလေးမဲ့ထားပုံက စိတ်တွေခွေကျသွားပုံများ။ ကင်ဆော့ဂျင်စိတ်ဆိုးရင် အန္တရာယ်သိပ်များတာပဲ။
"မမက သားကို စိတ်ဆိုးသွားတာလားဟင်"
"မဆိုးပါဘူး မမ မင်းကို စိတ်မဆိုးပါဘူး"
"သေချာလို့လား"
"သေချာတယ် သေချာတယ် ၁၀၀ရာခိုင်နူန်းပဲမမမှာ ငယ်လေးတစ်ယောက်ပဲ ရှိတာ
စိတ်ဆိုးစရာလား မမငယ်လေး ဘာပဲလုပ်လုပ်မမက ဗွေမယူပါဘူးကွာ..."
"ဟီးး မမဟန်အာလ်ဆူး အကောင်းဆုံး!"
ပြေးဖက်လာတဲ့ ဝိုင်းအုံချစ်လေး ။ ဆရာ၀န်ကြီးသာဒီပုံရိပ်လေးကိုမြင်ရင် အလုပ်တွေပစ်ပြီး အိမ်ကိုလိုက်လာမလားမသိပါ။ ဟန်ကတော့ ခဏနေရင်ဆော့ဂျင်အကြောင်းတွေ ပြောပြဖို့အတွက် ဆရာ၀န်ကြီးကို ဖုန်းဆက်ရပါအုံးမည်။ ဒါက ဆရာ၀န်ကြီးသူ့ကိုပေးထားတဲ့ အလုပ်သစ်တစ်ခုပဲလေ။
####
လိုအပ်တဲ့စာအုပ်တွေ၀ယ်ပြီးသည့်နောက် ဆော့ဂျင်ကိုဆေးရုံပြရန်အတွက် ဒေါက်တာထယ်ယောင်းဆီ၀င်လာခဲ့ကြသည်။ ပုံမှန်ဆို လူနာတွေကို ရက်ချိန်းပေးကာ ဆေးစစ်ရတာဆိုပေမယ့် ဆော့ဂျင်ကိုတော့ထိုကဲ့သို့မဟုတ်။ တစ်ပတ်မှာ လေးခါလောက်စစ်
ဆေးပေးကာ ဆေးရုံကို ကြိုက်တဲ့အချိန်၀င်လာနိုင်သည်အထိ ဆရာ၀န်ကြီးက ကလေးငယ်မသိအောင်အာဏာတွေ လွှဲထားခဲ့သည်။
"မမဟန်....ဒီနေ့ရော ဆေးထိုးရအုံးမှာလား"
"မမလည်းသေချာမပြောတတ်ဘူး။ ဒေါက်တာထယ်ယောင်းဆီ ငယ်လေး အရင်သွားနှင့်မလား။မမ ဒီနားက ဆိုင်တစ်ဆိုင်မှာ အမှုသည်တစ်ယောက်နဲ့ချိန်းထားတာ ရှိလို့..."
"အမှုသည်ဟုတ်လို့လား မမနော်"
မျက်စောင်းကလေး ပေးလိုက်တော့ မမဟန်က"အမှုသည်"ဆိုပြီး နဖူးလေးကို လက်ညိုးနဲ့လာတွန်းသည်။
"မမသွားတော့မယ် ဒေါက်တာထယ်ယောင်းကိုလည်းဖုန်းဆက်ပြီးပြီ။ ၀င်သွားလိုက်နော် "
"ပြီးရော ပြီးရော ဂရုစိုက်သွား"
"ငယ်လေးရော....ပြီးတာနဲ့လာခဲ့မယ်နော်
စောင့်နေ"
မမဟန်က သူ့ကိုနူတ်ဆက်ပြီးတာနဲ့ တစ်ဖက်ကားလမ်းကိုလှစ်ခနဲနေအောင် ပြေးသွားသည်။ မမကိုကြည့်တိုင်း အမြဲသွက်လက်ပေါ့ပါးနေတာပဲ။ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးနဲ့မမက ဘာပဲ၀တ်၀တ်လှတယ်။ လိမ္မော်ရောင်ဆံပင်တွေကို ချထားရင်
ပိုတောင်လှသေးတယ်။ သူ့အတွက် မမလိုလူမျိုးကိုအစ်မတော်ထားရခြင်းသည် တွေးလိုက်တိုင်းကမ္ဘာအပျော်ဆုံး ဖြစ်ရပ်လေးသကဲ့သို့။
အတွေးစများကိုရပ်တန့်လိုက်ကာ ဆေးရုံထဲသို့၀င်လာခဲ့သည်။ ၀န်ထမ်းအချို့ကတော့ သူ့ကိုမှတ်မိနေပြီဖြစ်ကာ မြင်တိုင်းပြုံးပြနူတ်ဆက်ကြသည်။သူလည်း ပြုံးပြနူတ်ဆက်ရင်း ဒေါက်တာထယ်ယောင်းရှိသည့် အထပ်ကို ဓာတ်လှေကားဖြင့်တက်လာခဲ့၏။
‌နှလုံးအထူးကု ဆိုတဲ့ဆိုင်းဘုတ်နှင့်အထပ်ကိုရောက်တော့ ဒေါက်တာထယ်ယောင်းအခန်းက ထိပ်ဆုံးမှာ။နှလုံးဌာနတစ်ခုလုံးမှာ ဒေါက်တာထယ်ယောင်းကအကြီးဆုံးစီနီယာဖြစ်သလို မကြာခင် ပါရဂူဘွဲ့တောင်ရတော့မယ်ဆိုတဲ့ သတင်းသံခပ်သဲ့သဲ့။ဟိုလူကတော့ အခုထိ တောထဲဆေးကုလို့ကောင်းတုန်း။သူများတွေများ ပါရဂူတောင် ဖြစ်တော့မယ်။
"ဟာ...တွေးမိပြန်ပြီ!"
နူတ်ခမ်းတစ်ချက်စုပ်သတ်ကာ အတွေးစများကိုခေါင်းခါ၍ ထုတ်ပစ်လိုက်သည်။ သိပ်မကြာခင်မှာပဲဒေါက်တာထယ်ယောင်းရုံးခန်းကို တွေ့တော့တံခါးခေါက်လိုက်သည်။
"ဒေါက် ဒေါက် "
"၀င်လာခဲ့ပါ"
သူ၀င်သွားတော့ စတော်ဘယ်ရီရနံ့လေး နှာခေါင်းထဲတိုး၀င်လာပုံများ။ မွှေးပျံ့သွားတဲ့ တစ်ခဏ သူဟာမျက်လုံးမှိတ်လျက်သားလေး ။
"အော် ဆော့ဂျင်ပါလား။ လာလေ ဟဲဟဲ
အခန်းသန့်ရှင်းရေးလုပ်ရင်းနဲ့ ကိုကို၀ယ်ပေးထားတဲ့ရေမွှေးလေးဖြန်းထားတာ မွှေးတယ်မလား"
"အင်း အရမ်းမွှေးတာပဲ..."
ထို့နောက် တံခါးပြန်ပိတ်ကာ ဒေါက်တာထယ်ယောင်း‌အရှေ့က ခုံ၌၀င်ထိုင်လိုက်သည်။ ‌ထိုမှသာဒေါက်တာက သူ့ဆေးမှတ်တမ်းတွေရေးထားတဲ့ဖိုင်တစ်ခုကိုယူကာ သူ့နားကိုလျှောက်လာသည်။
"အရင်တစ်ပတ် resultကတော့ မဆိုးဘူး။
သွေးကြောလေးတွေ အရင်ကထက် ပိုအလုပ်လုပ်လာတယ် မောတာလည်း လျော့လာတယ်မလား"
"ဟုတ် လျော့လာတယ်"
"အသက်ရှူလိုက်တိုင်း အောင့်တဲ့အဆင့်ကိုသေချာကျော်ခဲ့ပြီးပြီ။ ဆေးပတ်လည်အောင်လည်းသောက်တဲ့အပြင် ဆေးသွင်းတာလည်း မှန်တော့ အခြေ အနေက အရင်ကထက် အများကြီးပိုကောင်းလာပါပြီ။ အစားအသောက်နဲ့ အနေအထိုင်သာ ဂရုစိုက်ပေးရင် ပျောက်သွားမှာပါ"
"ဟုတ် ကျွန်တော် သေချာဂရုစိုက်ပြီးစားသောက်ပါ့မယ် ဒေါက်တာ"
"အင်းအင်း ဆော့ဂျင်က ဒေါက်တာဂျွန်ပြောသလိုတကယ်လိမ်မာတာပဲ အခုမှယုံတော့တယ်"
"ဗျာ"
‌ဒေါက်တာထယ်ယောင်းက ဆေးမှတ်တမ်းကိုလှန်လှောနေရင်း သူ့ကိုမော်ကြည့်ကာ ခပ်ယဲ့ယဲ့လေးပြုံးသည်။ ထို့နောက် ဆေးမှတ်တမ်းကိုလှန်ရင်း....။
"ဒေါက်တာဂျွန်က ကျွန်တော် ပြန်မလာခင်နေ့ကပြောပြတာ။ သူ့ကလေးလေးက သူ့အပေါ်သာဆိုးပေမယ့် အရမ်းလိမ်မာပါတယ်တဲ့။ ဆေးကိုလည်းသေချာသောက်ပြီး ဆေးထိုးရင်လည်း မကြောက်တတ်ပါဘူးတဲ့....သေချာကုပေးဖို့တောင်းဆိုရင်းနဲ့
သေချာကို ပြောပြသွားတာ။ အစကမယုံဘူး။အခုမှယုံတယ်"
"သူက....သူက အဲ့လိုပဲ....ပြောတာလား"
"တကယ်ဗျ။ နောက်ပြီးတော့ ထက်ရှိသေးတယ်။ဆေးရုံကိုဘယ်အချိန်ပဲဖြစ်ဖြစ် ၀င်လာတာနဲ့အကန့်အသတ်မရှိ ၀င်လို့ရအောင် အာဏာတွေလည်း လွှဲပေးခဲ့သေးတယ်။ သိတယ်မလား ဒေါက်တာဂျွန်က ဒီဆေးရုံမှာ ရှယ်ယာ ၅၆ရာခိုင်နူန်းအထိပိုင်တယ်လေ..."
ဆော့ဂျင် ခေါင်းဖွဖွလေး ခါလိုက်မိသည်။ ရင်ထဲဘယ်လိုတောင်ဖြစ်သွားသလဲမသိ။ ကိုယ်ကတော့မေ့ချင်လွန်းလို့ ဦးနှောက်ထဲပေါ်လာတိုင်း၊ မျက်လုံးထဲမြင်ယောင်မိတိုင်း အသည်းနာမတတ်ဖြစ်နေတာ။
သူကတော့....သူကတော့လေ။
"ဆော့ဂျင်ကြည့်ရတာ မသိတဲ့ပုံပဲ"
"ကျွန်တော် တကယ်မသိဘူး "
"ဒါဆို ဟိုကိစ္စလည်း မသိလောက်သေးဘူး
ထင်တယ်"
"ဘယ်ဟာလဲဟင်"
ဆော့ဂျင် လက်ဖျားတွေအေးစက်လာသည်။ ခုံအောက်၌ တင်ထားသည့် လက်တွေက အလိုလိုဘောင်းဘီကိုတောင် ဆုပ်ကိုင်လိုက်မိသည်ထင်။နူတ်ခမ်းဖျားလေးတွေ တဆက်ဆက်တုန်ကာ ဒေါက်တာထယ်ယောင်း ပြောမည့်စကားကိုစောင့်နေမိသည်။
"ဒေါက်တာဂျွန် နေမကောင်းဘူး
ငှက်ဖျားလို့ပြောတယ်"
"ဗျာ ! "
TBC.....
အခစြျဟာ တဈခါတဈလေ
မတေ်တာပေးရငျ မတေ်တာပွနျရသလို
####
"......."
####