Perfect destiny (ၿပီးျပည့္စံု...

By xiaolongnu11p

218K 26.3K 1.3K

အစမွာ ရယ္ရၿပီး ေနာက္က်ငိုရတဲ့ဇာတ္လမ္းမ်ိဳးပါ ukeျဖစ္တဲ့ 'လီကို' ဟာ အင္မတန္ရြပါတယ္ seme ေတြကလဲ တစ္ေယာက္မွ လူ႔က... More

အခန္း-၁​​​​
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း -၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
Notice
အခန္း -၂၁
အခန္း -၂၂
အခန်း-၂၃
အခန်း-၂၄
အခန်း-၂၅
အခန်း-၂၆
အခန်း-၂၇
အခန်း ၂၈
အခန်း-၂၉
အခန်း-၃၀
Arc-3
အခန်း-၃၂
အခန်း-၃၃
အခန်း-၃၄
အပိုင်း-၃၅
အခန်း-၃၆
အခန်း-၃၈
အခန်း-၃၉

အခန်း-၃၇

1.7K 228 10
By xiaolongnu11p


မနက်နိုးလာပြီး မျက်လုံးနှစ်လုံးဖွင့်လိုက်ချိန်မှာ လုယွင်ချီရဲ့ အိပ်စက်နေတဲ့ မျက်နှာက သူ့မြင်ကွင်းရှေ့ ပေါ်လာသည်.. ဒီလိုငြိမ်သက်ပြီး အေးချမ်းတဲ့ အချိန်မျိုးကို သူ နေသားမကျပါ.. သူ့အတွက် အသစ်အဆန်းလို ဖြစ်နေပြီး  လုယွင်ချီရဲ့ အေးချမ်းစွာ အိပ်ပျော်နေပုံက စွဲမက်ဖွယ်ကောင်းလှသည်.. သူက သူ့ရဲ့ အနည်းငယ်နီမြန်းပြီး ဖူးနေသည့် နှုတ်ခမ်းလေးကို စိတ်မထိန်းနိုင်ဘဲ နမ်းလိုက်သည်..

အိပ်ပျော်နေတဲ့ လုယွင်ချီက ရွံ့သလို မကြိုက်သလိုမျိုးရုန်းလိုက်တာမျိုး မရှိတဲ့ အပြင်.. အင်းဟုပင် အသာညည်းပြီး နေသားကျနေသည့် ပုံကြောင့် ချင်ပုယွဲ့  အံ့အားသင့်သွားသည်..

သူပျော်လည်းပျော်သွားတယ်.. လူတစ်ယောက်က သူ့စိတ်ကို ဒီလောက်ထိ လွှမ်းမိုးနိုင်လိမ့်မယ်လို့ သူလုံး၀မထင်ထားခဲ့ဖူးပါ.. လွန်ခဲ့တဲ့ ၆လလုံး ချင်ပုယွဲ့ စိတ်ထဲမှာ ကြာရင်တော့ စွဲလန်းစိတ်က လျော့သွားလိမ့်မှာပဲလို့ထင်ခဲ့တယ်.. ဒါပေမယ့် အထင်နဲ့ အမြင်က တလွဲပါပဲ.. လုယွင်ချီကို လွမ်းတဲ့ စိတ်က အချိန်ကြာလေ လျော့လေ မဟုတ်ဘဲ ပိုပို ပြင်းထန်လာခဲ့သည်.. ဘလိုမှ ဆက် မနေနိုင်တော့တဲ့အထိပဲ..

ဒီလို ခံစားချက်မဲ့ကာ သွေးအေးပြီး အကြောတင်းတဲ့ ချင်ပုယွဲ့လိုလူကို ခြေမကိုင်မိလက်မကိုင်မိဖြစ် စေသည်..ဘယ်အချိန်က စပြီး သူ ဒီ အရုပ်ကို ဒီလောက် သဘောကျခဲ့တာလဲ.. ဘယ်အချိန်ကစပြီး လုယွင်ချီနဲ့ ပတ်သတ်လာရင် အိမ်မက်တွေကအစ ချိုမြိန်နေခဲ့တာလဲ..

လီကိုက ချင်ပုယွဲ့ အိပ်ယာထပြီး အတော်ကြာမှ နိုးလာသည်.. သူ ထချိန်မှာ ချင်ပုယွဲ့ကမရှိ..

"မင်္ဂလာနံနက်ခင်းပါ" ဘောင်းဘီသာ ဝတ်ထားတဲ့ ချင်ပုယွဲ့က ရေချိုးပြီး လို့ ရေချိုးခန်းထဲမှ ထွက်လာသည်.. သူက လီကို နိုးနေတာကို မြင်တော့ တက်တက်ကြွကြွနဲ့ နှုတ်ဆက်၏..

လီကိုက မပီမသပြန်နှုတ်ဆက်ပြီးနောက် အိပ်ယာမှထသည်..

အင်္ကျီကို ဖြည်းဖြည်းချင်းသူ့ရှေ့မှာ ဝတ်နေတဲ့ လီကိုကို ချင်ပုယွဲ့က ကျေနပ်တဲ့ အပြုံးကြီးဖြင့် ကြည့်နေ၏. မနေ့က အတူအားကစားလုပ်ထားကြတဲ့အမှတ်အသားများက သူ့ခန္ဓာကိုယ်အနှံ့ မြင်သာ နေပြီး.. တော်ရုံလူ ကြည့်လိုက်တာနဲ့ သူတို့ ဘယ်လောက်ဆိုးခဲ့ကြလဲ ခန့်မှန်းနိုင်လောက်သည်..

လီကိုက မျက်နှာသစ်သွားတိုက်ပြီး မီးဖိုချောင်ကို ဝင်လာချိန်မှာတော့ မနက်စာက အသင့်ပဲ.. ဒါအပြင် အပြင်က မှာထားတာမျိုးမဟုတ်ဘဲ ချင်ပုယွဲ့ ကိုယ်တိုင်လုပ်ထားတာဖြစ်သည်..

ချင်ပုယွဲ့က အေးဆေးထိုင်ကာ ပေါင်မုန့်တစ်ချပ် ကိုစားနေသည်.. စိတ်ရူးပေါက်နေတဲ့အချိန်မျိုးမဟုတ် ရင် ချင်ပုယွဲ့က အတော် ကြည့်လို့ကောင်းသည် ပြောရမည်.. ဆေးရေးပန်းချီကားတစ်ချပ်လိုပဲ.. သူက အမြဲတမ်း ချောတာပါ.. ဒါပေမယ့် အခုလိုမျက်ဝန်းတွေက ညင်သာတဲ့ အပြုံးရိပ်သန်းနေတော့ သူ့ကိုကြည့်ရတာ လီကို့ ဘ၀တခုခုမှာ လက်ထပ်ခဲ့ဖူးတဲ့ ကြင်စဦးဇနီးသည်လေးတစ်ယောက်လိုပဲ..

ဇနီးလေးက "စား.. ကိုယ်လုပ်ထားတာ"

လီကိုက ထိုင်လိုက်ပြီးစားသည်...

ဇနီးလေးက မေးသည်.. "ဒီခြောက်လ မှာ မင်း အဆင်ပြေလား"

လီကိုက တွေးလိုက်ပြီး "အင်း မဆိုးပါဘူး"

ဇနီးလေးက ဒါကိုကြားတော့ ပြုံးသည်.. "ရွမ်ဖေးဖေးကို မလွမ်းဘူးလား"

လီကို ကပြန်မပြော စိတ်ထဲမှာတော့  'မင်းကိုပိုလွမ်းတာ'

ဇနီးလေးက ထပ်ပြောသည်.. "ဒါဆို ကိုယ့်ကိုကော လွမ်းလား?"

ပြုံးရွှင်နေသည့် ချင်ပုယွဲ့ကို လီကိုက မျက်လုံးလှန်ပြီး ကြည့်လိုက်သည်.. အချိန်အတော်ကြာတဲ့အထိ သူ ဘာမှပြန်မပြောပါ.. ဒီကမ္ဘာက ပြီးခါနီးနေပြီ.. ခုချိန်မှာ ဒီကနေ ဆွဲထုတ်သွားခံရမယ့် စကား မျိုး မပြောတာ အကောင်းဆုံးပဲလို့သူတွေးတယ်..

မှန်းထားတဲ့ အတိုင်းတဖက်ကပြန်မဖြေဘဲ တိတ်ဆိတ်နေတော့ ချင်ပုယွဲ့ရဲ့ အပြုံးက ပိုအားမရှိ ဖြစ်သွားတယ်.. သူက "ဒီတခါ မင်းကို လာရှာတာ မင်းကတိကို တည်အောင် လုပ်ခိုင်းမလို့"

လီကိုက မဆိုင်းမတွဘဲ ပြန်ဖြေသည် "အိုကေ"

သူဖြစ်စေချင်တာက သူ့ဘက်က ဖိအားပေးပြီး တဖက်လူကျိုးနွံတာမျိုးကိုလေ.. ဒီလို ပျင်းရိရိနဲ့ လွယ်လွယ် အလျော့ပေးတဲ့ အဖြေမျိုးမဟုတ်ဘူး.. သူဘာကတိပေးခဲ့တယ်ဆိုတာကို သူမေ့နေတာလား နားမလည်တာလား..

စိတ်တိုသွားတဲ့ ချင်ပုယွဲ့က ဆက်မစားချင်တော့..

ချင်ပုယွဲ့ စိတ်အခြေအနေကို လီကိုက သတိမထားမိပါ.. သူ့မနက်စာသူစားပြီး နို့ တစ်ခွက်လုံး သောက်သည်.. ပြီးတော့မှ စကားပြော၏."အချိန်တော့ နည်းနည်းပေး ငါ အလုပ်ထွက်စာတင်ရဦးမယ်"

ချင်ပုယွဲ့ ပျောက်သွားတဲ့ကာလ အတွင်းသူက နဂိုရာထူးကို ပြန်ရနေပြီးပြီဖြစ်သည်.. အခု သူက ပြန်လာပြီဆိုတော့ သူ့အတွက် ဒီအလုပ်ကို ဆက်လုပ်နေဖို့ မသင့်တော်တော့ဘူးလေ..

ချင်ပုယွဲ့က မကြည်မလင်နဲ့ သဘောတူသည်..

ဒီတခေါက် သူ့ရဲ့ မကြည်တဲ့ လေသံကို သတိမထားမိရင်တော့ လီကို တုံးလွန်းလို့ပဲဖြစ်မည်.. ဒါပေမယ့် သူသတိထားမိပေမယ့်လည်း သူဘာကို မကျေမနပ် ဖြစ်နေမှန်းလီကို တွေးမရပါ.. အော်..ယောကျာ်းတွေရဲ့ စိတ်ဆိုတာကလည်း သမုဒ္ဒရာကြမ်းပြင်အောက်က အပ်လို နက်နဲလွန်းပါကလား...

စားသောက်ပြီးချိန်မှာ လီကိုက တုံ့နှေးနှေးဖြင့် မေးလိုက်သည်.. "ဖေးဖေးကို ဆက်သွယ်လို့ရမယ့် အချက်အလက်တခုခု ပေးလို့ရမလား"

ချင်ပုယွဲ့ မျက်နှာက ၈ခေါက်ချိုးမကဘဲ ၁၀ ခေါက်ချိုးလောက်ဖြစ်နေပြီ "ဘာအတွက် အဆက်အသွယ်က လုပ်ချင်တာလဲ"

လီကို "ငါ စိတ်ပူလို့"

'၀ုန်း' စားပွဲကို ချင်ပုယွဲ့က အားဖြင့်ရိုက်ချလိုက်ရာ အက်ကြောင်းကြီးတစ်ခု ချက်ချင်းပေါ်လာသည်.. "လုယွင်ချီ.. သူ့ကို စိတ်ပူနေမယ့်အစား မင်းကိုယ်မင်း အရင်စိတ်ပူသင့်တယ်"

လီကိုက စားပွဲကို ကြည့်ကာ စကားမပြောနိုင်"....." ငါ မှတ်မိသလောက်ဆို ဒီစားပွဲက အရမ်းစျေးကြီးတာလေ.. နှလုံးသားတွေကွဲပါပြီ...

ချင်ပုယွဲ့က "ဘာလဲ အရမ်းခံစားသွားလား"

လီကို "....." ဟုတ်တယ် ခံစားသွားပြီ..

မြင်ရခဲတဲ့ ဆို့နင့်နေသည့် လီကို့ မျက်နှာကို ကြည့်ကာ သူ့ရင်ထဲမှာလဲ မွန်းကြပ်သွားပြီး လေသံက ပိုမာသွားသည်.. "ဒီလောက ထဲမှာ ရွမ်ဖေးဖေးဆိုတဲ့ လူက မရှိတော့ဘူး.. မင်းဘ၀ထဲကလဲ အပြီးသတ်ထွက်သွားပြီ မင်းသူ့ကို နောက်တစ်ခါ တွေ့စရာ အကြောင်းလုံး၀မရှိဘူး"

လီကို "...." အင်.. မဖြစ်ဘူးလေ ၁၀၀ ပြည့်အောင် ဆက်လုပ်ရဦးမှာလေ..

လီကိုရဲ့ ကျောက်ရုပ်လို ငြိမ်သက်နေသည့် ပုံစံကြောင့် ချင်ပုယွဲ့ တစ်ယောက် ပိုလို့ပင် စိတ်တိုလာကာ ဘာမှ ပြောမနေတော့ဘဲ အခန်းထဲမှ ၀ုန်းဒိုင်း ကြဲက ထွက်သွား၏

ချင်ပုယွဲ့ ထွက်သွားပြီးနောက် တုန်ယင်နေတဲ့ လက်ချောင်းများဖြင့် စားပွဲပေါ်က အက်ကြောင်းလေးကို သူ အသာထိကြည့်သည်.. မျက်ရည်ပင် ကျချင်သွားသည်.. "ထုန်ထုန်.. ငါ့စားပွဲခုံကို သူဖျက်ဆီးသွားတယ်"

System "....."

လီကိုက မျက်ရည်ဝဲလည်ဝဲလည်နှင့် "ဖျက်ဆီးပြီးတော့ သူကတောင် စိတ်တိုပြီးထွက်သွားရသေးတယ်"

System "......"

လီကို  " ဒီခုံက ငါ့လခ  သုံးလစာလောက်ရှိတာကွ"... "သုံးလ!!!!"

System က စိတ်မဝင်စားသည့်လေသံဖြင့် "မင်းမှာ စုထားတဲ့ ပိုက်ဆံတွေရှိသေးတာပဲဟာ"

အဲ့အကြောင်း  ပြောတောင်မပြောချင်တော့ပါဘူး... လီကိုက ပိုကြေကွဲသွားဟန်ဖြင့် စားပွဲပေါ်မှောက်ကာ ငိုသည်.. "စုထားတာကိုသုံးချင်ပေမယ့်... password မသိလို့... ဗြဲ...ဟဲဟဲဟဲ...!!!!!"

System "...."

တွေးလေ လီကို ပိုကြေကွဲလေပဲ.. ပုခုံးတွေပါတုန်ပြီး သူ ငိုပြလိုက်သည်...

တံခါး ဆောင့်ဖွင့် သောင်းကျန်းပြီးထွက်သွားတဲ့ ချင်ပုယွဲ့က သူ့ရဲ့ ဆက်သွယ်ရေးစက်  ကျန်ခဲ့တာကို အခုမှ သတိရသွားသည်.. ဒါပေမယ့် သူပြန်လာချိန်မှာ မြင်လိုက်ရတာကတော့ စားပွဲပေါ် မှောက်ကာ ငိုကြွေးနေသည့် လုယွင်ချီကို ဖြစ်သည်..

သူနှိပ်စက်ခဲ့စဉ်တုန်းကတောင် မျက်ရည်တစ်စက်မကျခဲ့တဲ့ လူက အခုတော့ စားပွဲခုံပေါ်မှောက် ကာ ပုခုံးများပင်တုန်ယင်နေသည်အထိ ရှိုက်ကြီးတငင်ငိုကြွေးနေတယ်တဲ့လား...

ချင်ပုယွဲ့ လုံး၀ ငြိမ်ကျသွားသည်.. သူ့ရင်ထဲမှာ နင့်နေသလိုခံစားနေရပြီး စိတ်မကောင်းခြင်းနဲ့ နောင်တက ပြည့်နှက်သွား၏.. "ယွင်ချီ".. ချင်ပုယွဲ့က ခပ်ဖွဖွခေါ်လိုက်သည်..

လီကို့ တကိုယ်လုံး တောင့်တင်းသွားသည်..

ချင်ပုယွဲ့က သူ့ဆီကို တလှမ်းချင်းလျှောက်လာ၏ .. ခေါင်းမော့ဖို့တော့ မပြောပါ.. သူက လီကို့ ပုခုံးကို အသာ အုပ်မိုးကာ ဖက်လိုက်ပြီး ပြောသည်..."အားလုံး အဆင်ပြေသွားမှာပါ.. ဟုတ်ပြီလား... အဆင်ပြေသွားမှာပါ.."

System ရှေ့မှာ သောက်ပိုလုပ်ပြီး ဟန်လုပ်ငိုပြနေတာမို့လို့ မျက်ရည်တစ်စက်မှ မရှိသည့်

လီကို be like  "......"

လီကိုရဲ့ တောင့်တင်းနေတဲ့ ကိုယ်နေဟန်ထားကို ကြည့်တာနဲ့ သူဒီလို ပြိုလဲနေတဲ့ ပုံစံကို ဘယ်သူ့ကိုမှ မမြင်စေချင်တာကို ချင်ပုယွဲ့ နားလည်သည်.သူက လီကို့ရဲ့ နားရွက်ကို အသာလေးနမ်းလိုက်ပြီး ခပ်ဖွဖွ ပြောသည်.. "အင်းပါ... ကိုယ် မင်းဆန္ဒမပါဘဲ မင်းကို မထိတော့ပါဘူး"

လီကို.. "..." ဗြဲ!!!!!!!!!!

ချင်ပုယွဲ့က သက်ပြင်းချသည်.. "မင်းလိုချင်ရင် ကိုယ် ရွမ်ဖေးဖေး လိပ်စာကို ပေးမယ်နော်"

လီကို "....." အမယ်.. ဒါတော့ မဆိုးဘူး

ချင်ပုယွဲ့က ဆက်ပြောသည်.. "ဝမ်းမနည်းနဲ့တော့နော်.. လိမ်မာတယ်"

ချင်ပုယွဲ့ရဲ့ ဒီလို နှစ်သိမ့်ချော့မော့တာ ကိုခံရတာတော့ လီကိုတစ်ယောက် စားပွဲခုံကျိုးရတာ တန်သားပဲဟုထင်သည်..

လီကို က တုပ်တုပ်မလှုပ်ဘဲ အဲ့တိုင်းမှောက်နေတာကို ချင်ပုယွဲ့က လဲ အနေရခက်အောင် ဖိအားမပေးပါ.. သူကထွေးပွေ့ထားပြီး သူသိသည့် နှစ်သိမ့်စကားများအား ပြောတတ်သလောက် အကုန်ပြောကာ ချော့သည်..

လီကို က သူ့မျက်လုံးများ မရဲ ရဲအောင် ဖျစ်ညှစ် မျက်ရည်ထုတ်ပြီးနောက် အသံ ရှရှဖြင့် (ငိုထားပြီး သည့် လူလို) ပြောသည်.."ငါ ဘာမှမဖြစ်တော့ဘူး.. မင်း သွားလို့ရပြီ"

ချင်ပုယွဲ့က သက်ပြင်းချသည်.. "အိုကေ.. ကိုယ်သွားမယ်.. နေ့လည်စာ ဘာစားချင်လဲ.. ကိုယ်မင်းအတွက် ပြင်ပေးမယ်လေ.. ဟုတ်ပြီလား?"

လီကိုက ခေါင်းပြန် ထောင်လာပေမယ့်လို့ စကားတော့ပြန်မပြောပါ..

မျက်ဝန်းထောင့်များနီနေသည့်လီကို့ ကို ကြည့်ပြီး ချင်ပုယွဲ့ နှလုံးသားက ပို၍ မခံစားနိုင် ဖြစ်ရသည်.. သူက "ဘာစားချင်တာရှိရှိ ကိုယ့်ကို လှမ်းမှာလိုက်နော်.."

လီကိုက မျက်လုံးကို တချက်ပင့်ကာ ချင်ပုယွဲ့ ရိုက်ခွဲထားသော စားပွဲခုံကို ကြည့်လိုက်သည်..

ချင်ပုယွဲ့က လီကို့ အကြည့်အတိုင်းလိုက်ကြည့်ပြီးနောက် စားပွဲခုံပေါ်က အက်ကြောင်းကို တွေ့သွားသည်. "အိုကေ ဒါကိုယ့်အမှားပါ.. ကိုယ်အသစ်တစ်လုံးပြန်ဝယ်ပေးမယ်နော်"

လီကို.. "...." ၀ူးဟူး.. အလုပ်ဖြစ်တယ်ဟ..

စိတ်ခိုင်ဖို့ကြိုးစားနေတဲ့သူ့ချစ်သူရဲ့ ပုံစံလေးကို ကြည့်ကာ ချင်ပုယွဲ့ ရဲ့ မာကျောတဲ့ နှလုံးသားက စမ်းရေ အေးလို ပျော့ဆင်းသွားသည်.. သူက လီကို့ကို နမ်းသည်.. လီကို့နားရွက်တွေနီလာတော့မှသာ ရပ်သည်..

​ဒါနဲ့ပဲ စိတ်ကြည်လင်နေတဲ့ ချင်ပုယွဲ့က စားစရာများ ကိုယ်တိုင်သွားဝယ်ကာ ကိုယ်တိုင်ချက်သည်..

လီကိုက တော့ ဧည့်ခန်းထဲမှာ တီဗီကြည့်နေပြီး ချင်ပုယွဲ့ ရှိတာကြောင့် သူကြည့်ချင်တဲ့ ဇာတ်လမ်းတွဲကို ကြည့် လို့မရချေ..ထို့ကြောင့် သတင်းကြည့်ချင်ယောင်ဆောင်ကာ system နှင့်စကားပြော နေလိုက်သည်..

လီကိုက "ငါ့ရဲ့ ဒီ နည်းလမ်းက အသိညီမလေးတစ်ယောက်ဆီက သင်ထားတာ.. သူမက အမြဲ တခုခု အမှားလုပ်ထားပြီဆိုရင် မျက်ရည် လည်ရွှဲလေးနဲ့ ဆူချင်တာတောင် မဆူရက်အောင် လုပ်ပြတတ်တယ်"

System "......" ဟုတ်ပါပြီ .. အကိုကြီး ရယ်

လီကိုက ဆက်ပြောသည်.. "အိုက်ယား သတိတောင်ရသွားပြီ"

System က သူ့စကားကြောင့် နည်းနည်း သနားမလိုဖြစ်သွားချိန်မှာပဲ လီကိုက "ဟိုရှေ့ ဘ၀က ဇာတ်လမ်းတွဲလဲ ကြည့်လို့ မပြီးသေးဘူး.."

System "....."

လီကိုက "ခုခေတ်မှာ အဲ့လိုဇာတ်ကားကောင်းမျိုးက သိပ်မရှိတော့ဘူး"

System "...."

လီကို " ထုန်ထုန်.. ဘာလို့ စကားမပြောတော့တာလဲ"

System က အမြင်ကတ်ကတ်ဖြင့် 'အေးပါ.. နောက်ကို ကမ္ဘာမကူးခင် မင်းကြည့်နေတဲ့ ကိုးရီးယားဇာတ်လမ်းတွဲ ပြီးအောင် စောင့်ပေးပါ့မယ် ကျေးဇူးရှင်'  ဟု ပြောလိုက်ဖို့ ပြင်စဉ်မှာပဲ ချင်ပုယွဲ့က ချက်လို့ပြုတ်လို့ ပြီးသွားသည်..

စားပွဲခုံအပြည့် စားကောင်းသောက်ဖွယ်များ ဖြင့် အနံ့ တလူလူ မွှေးကြိုင်နေသည်ကို မြင်လိုက်ရတဲ့ လီကိုက သူ့ ဇနီးလေးကို ချစ်စိတ်များပိုလို့ ပင်တိုးသွားသည်..

ချင်ပုယွဲ့ က "စားကြစို့"

လီကိုက လဲ ပဲများမနေပါ ထိုင်ပြီးသည်နှင့် အပီကြိတ်သည်..

နှစ်ယောက်စားနေကြတုန်း.. ချင်ပုယွဲ့ က သူလွန်ခဲ့တဲ့ ၆လ မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ပြောပြသည်.. ဖေးဖေးကို အယ်လ်ဖာပြောင်းပေးဖို့ ကတိပြုပြီးချိန်မှာပဲ မမျှော်လင့် တဲ့ ပြဿနာတစ်ခု အလုပ်မှာဖြစ်လို့ သူက ချက်ချင်းပြန်သွားရပြီး နှုတ်တောင် မဆက်သွားနိုင်ခြင်းဖြစ်သည်..

အဲ့ဒါပြီးတော့ တိုက်ပွဲတချို့ သူတို့ ကြယ်တာရာ ဓားပြတွေ ဆီမှာ ဖြစ်ကြပြီး ချင်ပုယွဲ့ က ခပ်ပေါ့ပေါ့ လေးပြောပြ ပေမယ့်လို့ လီကိုကတော့ ကြားတာနဲ့ တော်တော် ပွဲကြမ်းခဲ့မယ်ဆိုတာကို ရိပ်မိသည်..

ချင်ပုယွဲ့က "ရွမ်ဖေးဖေးက အခု သိပ္ပံနဲ့ နည်းပညာ ဌာနမှာလုပ်နေတယ်"

လီကိုက ဒါကိုကြားတော့ အနည်းငယ်အံ့အားသင့်သွားတယ်.. ဒီစကြာ၀ဠာ မှာက သိပ္ပံနဲ့ နည်းပညာ ဌာနဆိုတာ လုံး၀ ထိပ်တန်းတော်တဲ့ သူတွေပဲသွားခွင့်ရတဲ့ နေရာမျိုး ... ဌာနခွဲတွေလည်း အများကြီးရှိပြီးတော့ အယ်လ်ဖာ မဟုတ်ရင် လုံး၀ လက်မခံတဲ့ နေရာ..

ချင်ပုယွဲ့က "သူ့ကို အခု လုယွမ်ယွမ် လို့ နာမည်ပြောင်းထားတယ်"

လီကို "......" ဖေးဖေးက သူ့မျိုးရိုးနာမည်ကို ယူထားတာပဲ.. ချစ်ဖို့ကောင်းလိုက်တာ...

ချင်ပုယွဲ့က " ဘာလဲ.. မင်းရဲ့ မျိုးရိုးနာမည်ကို ယူထားလို့ ပျော်သွားတာလား?"

လီကိုက ချင်ပုယွဲ့ကို တချက်မော့ကြည့်သည်.. သူ့အကြည့်က ဘာ အဓိပ္ပာယ်မှမပါဘဲ တည်ငြိမ်၏..

ချင်ပုယွဲ့လဲ သူ့ကိုယ်သူ တခါတလေ တော်တော် စိတ်နုတဲ့ကောင်လို့ တွေးမိသည်... ခုပဲကြည့် အဲ့လို မထုံတတေး ပုံကြောင့် သူ စိတ်ကတိုသွားပြီ။ သူ့အရှေ့မှာ ထိုင်နေတဲ့ ဒီလူက ခုနက အထိ တော့ သူ့အတွက် ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးလူပဲ ... ဒါပေမယ့် ခုတော့ သူ့ကို မနာလိုစိတ်နဲ့ ဒေါသတွေ ထုံမွှန်အောင် လုပ်လိုက်တဲ့ လူ ဖြစ်သွားပြီ..

လီကို က အေးအေးလူလူ စားနေရာကနေ ချင်ပုယွဲ့ ဒေါသ ထွက်နေတာကို မြင်လိုက်ရလို့ကြောင်သွားသည်..

လီကို့မျက်နှာက အူတူတူ လေး..

ချင်ပုယွဲ့က လေသံမာမာဖြင့် "မင်းကတိမမေ့နဲ့ အလုပ်ကို မြန်မြန်ထွက်တာလိုချင်တယ်"

လီကိုက ခေါင်းပြန်ငုံ့ကာ စားလိုက်ပြီး ပေါ့ပေ့ါပါးပါးပဲ ဖြေလိုက်သည်.."အင်းပါ"

ချင်ပုယွဲ့ သူ့လက်ထဲက ပန်းကန်ကို ပစ်ခွဲလိုက်ချင်သွားသည်.. အဲ့လို လီကို က ကလန်ကဆန်မလုပ်ဘဲ လိမ်မာပြန်ရင်လည်း သူမကြိုက်ဘူး.. ဟိုမိန်းမအတွက် ဒီလောက်သည်းခံနိုင်နေတာလား..

ဟိုတစ်ယောက်က သူ့ဘ၀နဲ့သူ အပျော်ကြီးပျော်နေပြီ... မင်းက ကော... မင်းဘ၀က ရစရာမရှိတော့ဘူးလေ..

ချင်ပုယွဲ့က ပြောသည်.."မင်းငါ့ကို ဘာမှ ပြောစရာမရှိတော့ဘူးလား"

လီကိုက သက်ပြင်းချလိုက်ကာ "မရှိဘူး"

ရလဒ်အနေနဲ့ တော့ ချင်ပုယွဲ့ရဲ့ ဒေါသမိုင်းဗုံးက ပေါက်ကွဲထွက်သွားသည်.. သူက ကောက်ကျစ်တဲ့ အကြံဉာဏ် ချက်ချင်းရလာ၏...ရွမ်ဖေးဖေးသာ သူ့အတွက် လီကိုဘာပေးဆပ်လဲ ဆိုတာသိသွားရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ...

သူက စိတ်ဓာတ်ပြင်းထန်တဲ့ လူတစ်ယောက်ဖြစ်တဲ့ အလျောက် လုပ်ပြီဆိုချက်ချင်းလုပ်တတ်သူဖြစ်သည်..

တဖက်တွင်...

ဌာန မှာ အလုပ်လုပ်နေချိန် ရွမ်ဖေးဖေးဆီ အမည်မသိ စာတစ်စောင် ဝင်လာသည်.. "မင်းလက်ရှိဘ၀ကို ရဖို့ သူက ဘာ ပေးဆပ်ခဲ့လဲသိလား"

ရွမ်ဖေးဖေး ရင်ထဲမှာ ပူတက်သွားသည်.. သူမလက်ထဲက စက်က ပြုတ်ကျမလိုပင်ဖြစ်သွား၏.. "နင်ဘယ်သူလဲ.. ဘာကိုပြောချင်တာလဲ"

ချင်ပုယွဲ့ ကစာပြန်သည်.. "မင်းသိချင်လား"

ရွမ်ဖေးဖေး သူ့ စိတ်ထဲမှာ အဖြေကို သိသလိုလို ဖြစ်လာသည်.. ဒါပေမယ့် စိတ်ကို တင်းကာ ပြန်ဖြေလိုက်သည်. "သိချင်တယ်"

ချင်ပုယွဲ့က စာပြန်သည်.. "သူအခု အိုမီဂါဖြစ်သွားပြီ"

ထိုစာကြောင်းကိုကြည့်ကာ ရွမ်ဖေးဖေး တကိုယ်လုံးကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်သွားသည်.. ငိုချင်ပေမယ့် ငိုလို့မရဘူး.. လုယွင်ချီရဲ့ ခပ်တည်တည် နဲ့ အေးအေးပဲ နေတတ်တဲ့ မျက်နှာ က သူ့မျက်စိထဲပေါ်လာသည်..

သူမက စာပြန်ပို့သည်.. "နင်လိမ်တာ"

ဒီစာလုံးတွေကို မြင်တော့ ချင်ပုယွဲ့မှာ ရယ်ချင်လိုက်တာပြောမနေနဲ့ သူက ခပ်တိုးတိုးရယ်ရင်း စာပြန်သည်.. "မင်းကိုလိမ်တော့ ငါက ဘာရမှာမို့လို့လဲ"

အယ်လ်ဖာ ဖြစ်ပြီးနောက်ပိုင်း ရွမ်ဖေးဖေးဟာ မငိုတော့ပါ.. ဒါပေမယ့် သူမရင်ထဲက ကြေကွဲ ဝမ်းနည်းမှုက ပြောပြလို့ မရလောက်အောင် ကြီးမားလှသည်.. မျက်ရည်မကျဘဲ သူရှိုက်နေမိသည်..

အယ်လ်ဖာ တစ်ယောက်က အိုမီဂါဖြစ်သွားတဲ့ ခံစားချက်က ဘယ်လိုလဲ ဆိုတာ သူမ မသိပါ.. သူမ သိတာက အခုလို သူမဘ၀ကနေသာ အိုမီဂါဘ၀ကို ရောက်သွားမယ်ဆိုရင် သူမ သေသွားလိမ့်မှာ သေချာသည်.. အဲ့ဒီ စိတ် ဆင်းရဲမှုမျိုးကို ခံမယ့် အစား သေလိုက်မည်..

ဒါဆိုရင်.. လုယွင်ချီက ကော ဘယ်လောက်တောင် ခံစားခဲ့ရမလဲ.. ရွမ်ဖေးဖေး အများကြီးတွေးတယ်.. သူတို့ မထင်မှတ်ဘဲ ဆုံခဲ့ကြတာတွေ.. ပြီးတော့ မမျှော်လင့်ဘဲ တစ်အိမ်တည်းနေခဲ့ကြတာတွေ... တခြားအယ်လ်ဖာဆီက သူမကို လုယွင်ချီကယ်တင်ခဲ့တာတွေ.. အယ်လ်ဖာ အဖြစ်ပြောင်းမလားလို့ မေးခဲ့တာတွေ.. အများကြီးပါပဲ..သူမအတွေးတွေက..

ဒါပေါ့ ဘယ်အရာက အလကားရမှာလဲ.. ဘာမှမပေးဘဲ ဘာပြန်ရမလဲ...စောစောထဲက သူမ ဘာလို့ အဲ့သလောက်တုံးအခဲ့ရသလဲ...

သူမ ရှိုက်လိုက်သည်.. မျက်ရည်ကတော့ ဘယ်လိုမှ မကျလာပါ..

လီကိုကတော့ ခုနက သတ်မလို ဖျက်မလို မျက်နှာနဲ့ ချင်ပုယွဲ့ အခုတော့.. ခပ်တိုးတိုးရယ်နေသည်ကို နားမလည်နိုင်ဘဲ လှမ်းကြည့်နေ၏..

ချင်ပုယွဲ့ ရဲ့ အပြုံးက တမျိုးကြီးမို့ သူ့မှာ ကြောက်စိတ်ကြောင့် ကြက်သီးများပင်ထသွားရသည်.. သူက "system ရေ.. သူ့အပြုံးကြီးက ဘာလို့ အဲ့လောက်တောင် ကျောချမ်းစရာကောင်းရတာလဲ"

Systemက မတုန်မလှုပ်ဖြင့် "ငါက ဘယ်လိုသိမှာလဲ"

လီကိုက ရင်ထဲမှာလေးလံသွားပေမယ့်လို့ ..သူကတွေးတယ် ... အမြှောက်ကိုတောင် မီးရှို့ပြီးပြီပဲ.. ခုမှတော့ ဘာလာလာ ပြေးတွေ့ရမှာပဲ.. ကြောက်နေလို့မရတော့ဘူး

တဖက်မှာ ချင်ပုယွဲ့က တွေးလေလေ ပျော်လေလေ ဖြစ်သည်.. သူ့ရဲ့ ခုနက မကောင်းတဲ့ စိတ်အခြေအနေက ချက်ချင်းပြောင်းလဲသွားသည်.. သူက လက်တစ်ဖက်ဖြင့် မေးထောက်ကာ လီကို့ကို ပြုံးပြီးကြည့်သည်.. "ယွင်ချီ"

လီကိုက သူ့ခေါ်သံကြောင့် ရင်တုန်သွားသည်.. "ဟင်?"

ချင်ပုယွဲ့က "ဘာမှ မဟုတ်ဘူး... ခေါ်ကြည့်တာ"

တကယ်ပဲ ရိုးရိုးတန်းခေါ်တာလား ယုံရမှာလား.. လီကို ပြန်လည်းထပ်မမေးရဲပါ.. သူစိတ်က ပိုရှုပ်သွားပေမယ့်လို့ အရဲစွန့်ပြီး မမေးတာ ကောင်းမယ်ဟုထင်သည်..

ဒါပေမယ့် ချင်ပုယွဲ့ ဘာ မွှေလိုက်လဲ ဆိုတာကို မကြာခင်မှာပဲ လီကို သိလိုက်ရသည်..

အဲ့ဒိ ညနေမှာပဲ လီကို့ရဲ့ စက်သွယ်ရေးဆက်ကို နံပတ်စိမ်းတခု ဝင်လာသည်..

ချင်ပုယွဲ့က လီကို့ဘေးမှာ ထိုင်ပြီး တီဗီကြည့်နေချိန်ဖြစ်သည်.. "ကိုင်လိုက်လေ.. ဘာလို့မကိုင်တာလဲ"

လီကိုက အနည်းငယ်ချီတုံချတုံ ဖြစ်နေပြီးနောက် ခလုတ်ကိုနှိပ်လိုက်သည်..

"ဟလို" တဖက်က အသံက သိပ်မရင်းနှီး တဲ့ အသံပေမယ့် လီကိုက ချက်ချင်းဘယ်သူမှန်းသိလိုက်သည်."ဖေးဖေးလား"

ဖေးဖေးက "ဗိုလ်ချုပ်ကြီးလု"

လီကိုက သက်ပြင်းချကာ "ဗိုလ်ချုပ်ကြီးလို့ မခေါ်ပါနဲ့တော့.. လုယွင်ချီလို့ပဲခေါ်ပါ"

တဖက်က အသံတိတ်သွားသည်.. အတော်ကြာမှ ဖေးဖေးကမေးသည်.."အဆင်ပြေရဲ့လား"

လီကိုက "ပြေပါတယ်"

ဖေးဖေးက ဘာမှမပြောတော့..

လီကိုက မေးလိုက်သည်.."မင်းရော.. အဆင်ပြေလား"

ဖေးဖေးက ခပ်တိုးတိုးပြန်ပြောသည်.. "အရမ်းအဆင်ပြေပါတယ်"

လီကိုက "အင်း.. ကောင်းတာပေါ့"

သူတို့ ဒီစကားတွေ အပြန်အလှန်ပြောပြီးနောက် ဘာဆက်ပြောရမလဲ မသိ ဖြစ်နေကြသည်.. အစကတော့ လီကိုက ဖေးဖေးသူ့ကို ရုတ်တရက်ကြီး ဘာလို့ ဖုန်းဆက်ပါလိမ့်ဆိုတာ စဉ်းစားမရ ဖြစ်နေတာ.. နောက်တော့မှ ချင်ပုယွဲ့ ရဲ့ ထမင်းစားခန်းတုန်းက အပြုံးကြီးကိုလည်း ပြန်တွေးမိကာ တခုခုတော့ ဖြစ်နေပြီဆိုတာ သတိထားမိသည်..

ထင်သည့် အတိုင်းပင် တဖက်က ဖေးဖေးက အနည်းငယ် တုန်ုယင်နေသည့်အသံဖြင့် ပြောလာသည်.. "ဘာလို့ ကျွန်မကို လိမ်ရတာလဲ"

လီကိုက "အရမ်းတွေးမနေပါနဲ့.. ကိုယ်တိုင်က ဆန္ဒရှိလို့ပါ"

"ထိုက်တန်လို့လား?" ဖေးဖေးက ဆက်ပြောသည်.. "သူစိမ်းတစ်ယောက်ကို ဒီလောက် လုပ်ပေးဖို့ ထိုက်တန်လို့လား"

လီကိုက "မင်းက သူစိမ်းမဟုတ်ပါဘူး"

ချင်ပုယွဲ့က တလျောက်လုံးဘေးမှာ သူတို့ပြောတာကို နားထောင်နေတာဖြစ်သည်.. လီကို့ဘက်က ရွမ်ဖေးဖေးကို မင်းကသူစိမ်းမဟုတ်ပါဘူး လို့ ပြောလိုက်ချိန်မှာတော့.. သူ့မျက်နှာက တင်းမာသွားသည်..

ထို့ကြောင့်သူက လီကို့ဆီက စက်ကို ဖြတ်ခနဲ ဆွဲယူလိုက်သည်..

ချင်ပုယွဲ့က "ရွမ်ဖေးဖေး"

သူမက ချင်ပုယွဲ့ အသံကိုကြားလိုက်တော့ ကြောင်သွားသည်.. ပြီးမှ အံကိုကြိတ်ကာ "ချင်ပုယွဲ့"

ချင်ပုယွဲ့က ပြန်ပြောသည်.."မတွေ့တာတောင်ကြာပြီ"

ရွမ်ဖေးဖေးက တင်းမာသည့်လေသံဖြင့် "ကျွန်မကို စာပို့တာ ရှင် မှတ်လား..ရှင် ဘာလိုချင်တာလဲ.. လုယွင်ချီကို လက်ဖျားနဲ့တောင် ထိဖို့မစဉ်းစားနဲ့.. ကျွန်မ အယ်လ်ဖာ မလုပ်တော့ဘူး.. "

ချင်ပုယွဲ့က ပျင်းရိသံဖြင့်ပြန်ပြောသည်.."ဒါကတော့ မရဘူးလေ. မင်း လုပ်ချင်တိုင်းလုပ်ပြီး မလုပ်ချင်တိုင်း မလုပ်တော့လို့ရမလား.. "သူက ပြောပြီးသည်နှင့် ပါးစပ်ကိုဟကာ လီကို့ လက်ပင်းကို ကိုက်ချလိုက်သည်..

ရုတ်တရက်မို့ လီကိုလဲ အငိုက်မိသွားပြီး... နာကျင်မှုကြောင့် ညည်းသံ တချက်ထွက်သွားသည်..

တဖက်က ဒီအသံကိုကြားလိုက်တဲ့ ဖေးဖေးက အလျင်အမြန်ပင် "ရှင် သူ့ကို ဘာလုပ်လိုက်တာလဲ"

ချင်ပုယွဲ့က အေးစက်စက်ဖြင့် "ငါ့ဘာသာ ဘာလုပ်လုပ် မင်းစောက်ပူမပါဘူး"

အရမ်းနာသွားတဲ့ လီကိုက အသံကို ဖေးဖေး မကြားအောင် တိုးကာ တား သည်"တော်သင့်ပြီ"

ချင်ပုယွဲ့က  "တော်ရမယ်.. ဟုတ်လား.. ဒီလောက်နဲ့ ဘာလို့တော်ရမှာလဲ.. ငါမင်းကိုပြောလိုက်မယ် လုယွင်ချီ.. မင်းဒီတသက် ရွမ်ဖေးဖေးနဲ့ ဇာတ်ပေါင်းထုပ်ရမယ် မထင်နဲ့.. မင်းက ငါ့အပိုင်ပဲ.. ထာ၀ရ ငါ့အပိုင်ပဲ"

သူက တမင်တကာ ဖုန်းကို မချပစ်ဘဲ တဖက်လူကြားအောင် ပြောသည်..

"ချင်ပုယွဲ့"လီကိုက အရမ်းဒေါသထွက်နေပေမယ့် စိတ်ကို ကြိုးစားလျှော့ကာ ပြောသည်.. "မင်းသိပ် တရားမလွန်နဲ့ "

ချင်ပုယွဲ့က သူ့စကားကို အဖတ်မလုပ်ပါ လီကို့ နှုတ်ခမ်းကို နမ်းလိုက်သည်.. လီကိုက အပြင်းအထန်ရုန်းကန်ပြီး သူ့လက်က အမြန်လွတ် ထွက်ချိန်မှာ ဖုန်းထဲက ရွမ်ဖေးဖေးရဲ့ ဒေါသနဲ့ အော်သံကိုကြားလိုက်သည်.. "ချင်ပုယွဲ့.....!!!! ငါနင့်ကို သတ်ပစ်မယ်!!!"

လီကိုက ရုန်းရင်း "မင်းစက်ကို ပိတ်လိုက်တော့"

ချင်ပုယွဲ့က ဘယ်နားထောင်ပမလဲ.. သူက ရွမ်ဖေးဖေးကို ရန်စလို့မပြီးသေးပါ.. "ငါ့ကိုသတ်မယ်?လာလေ.. ငါ့ကိုသတ်ချင်နေတဲ့ လူတွေအများကြီးရှိတယ်.. မင်းအောင်မြင်မလား ကြည့်ကြသေးတာပေါ့"

"တော်တော့" လီကို သည်းမခံနိုင်တော့ဘူး.. သူက ဆက်သွယ်ရေးစက်ကို ဆွဲလုကာ ပိတ်လိုက်သည်..

ချင်ပုယွဲ့က အရယ်အပြုံးမရှိတဲ့ မျက်နှာနဲ့ မေးသည်.."ဘာလဲ ဒေါသထွက်တာလား"

"မင်းဘာလို့ သူ့ကို သွားပြောတာလဲ.."လီကိုက ဆက်ပြောသည်.. "မင်းဖြစ်ချင်တာ အကုန် ငါ ကတိပေးပေးပြီးပြီပဲ.. မင်း ဘာလိုချင်သေးတာလဲ"

ချင်ပုယွဲ့ အတွေးထဲမှာတော့.. 'ဘာလိုချင်သေးလဲ ဟုတ်လား မင်းငါ့ကိုပဲမြင်တာ ကြည့်တာကိုလိုချင်တာ.. ငါမှငါဖြစ်နေတာကို လိုချင်တာ... တခြား ဘယ်သူ့ကိုမှ မတွေးတာကိုလိုချင်တာ'

လီကို မတ်တပ်ရပ်လိုက်သည်.. ဒါပေမယ့် သူ့ကို ထွက်သွားခွင့်မပေးဘဲ ချင်ပုယွဲ့က လက်မှ ဆောင့်ဆွဲကာ ဆိုဖာ ပေါ် ဖိချလိုက်သည်..

လီကို "မင်းဘာလုပ်မလို့လဲ"

ချင်ပုယွဲ့က ပြန်ပြောသည်.. "မင်းကို..လုပ်မလို့"

လီကို "...."

အဲ့သလို များများစား စား လေရှည်မနေဘဲ အပေါ် တန်းတက်တာမျိုးကို သူ အလွန်သဘောကျသည်..

ဒါနဲ့ပဲ သူတို့ ၂ဦး စိတ်ရှိတဲ့အတိုင်း ထင်တိုင်းကျဲကြသည်ပေါ့...

ချင်ပုယွဲ့က သူ့ကို ဘယ်လို ဆေးတွေကျွေးထားသလဲ တော့သူမသိပါ.. ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲ့ဒီဆေးတွေ စသုံးလိုက်ပြီဆိုတာနဲ့ စိတ်ကော ကိုယ်ကော အရမ်းနေလို့ကောင်းတယ်.. အရမ်း တက်ကြွလာတယ်.. ဒါကောင်းတာလား ဆိုးတာလား. သူလဲ မပြောတတ်ဘူး..

ဒီတစ်ခေါက်ကိစ္စမှာ လီကို့ကိုကော ရွမ်ဖေးဖေးကိုကော ချင်ပုယွဲ့က တော်တော် ဒေါသထွက်သွားတာမို့ သူက ကမှူးရှုးထိုးကို ကြုံးသည်..

ပြန်တောင် ပြောပြလို့ မရလောက်တဲ့ ကိစ္စတွေ လုပ်ပြီးချိန်မှာတော့ လီကို့ရဲ့ ဝိညာဉ်နဲ့ ခန္ဓာက တထပ်တည်းကျသွားသလို.. ကျေနပ်မှုမျိုးရသွားသည်..

တဖက်မှာတော့ လီကိုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသူက ဖေးဖေးဖြစ်သည်.. သူမက ကြေကွဲ ဝမ်းနည်းမှုများနှင့် ပြိုလဲတော့ ဖို့ နည်းနည်းသာလိုတော့သည်... သူမ အယ်လ်ဖာ ဖြစ်ဖို့ သူ့ရဲ့ ပေးဆပ်မှုက ကြောက်ခမန်းလိလိ များပြားလွန်းတယ်..

ဖေးဖေးရဲ့ အမြင်မှာ အိုမီဂါဆိုတာ အလကား ငပျော့ပဲ... ဘယ်လောက်သန်မာချင်ပါစေ.. ဘယ်လိုကြိုးစားကြိုးစား အယ်လ်ဖာ တစ်ယောက်အသာလေး လုပ်နိုင်တဲ့ အရာတစ်ခုကို သူတို့လုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်အောင်ကို ခန္ဓာ ဖွဲ့စည်းပုံက နူးညံ့လွန်းတယ်..

ပိုဆိုးတာက ဘယ်လောက်ပဲ တားမြစ်တဲ့ ဆေးကောင်းတွေ သုံးသုံး သူတို့ရဲ့ estrus ကာလ ရောက်ပြီဆိုရင် ရမ္မက်ကျေးကျွန်ဘ၀ကို ရောက်ချင်းမလှ ရောက်ရတာပဲ..

ဒါတွေကို တွေးမိတော့ တချိန်က မာနနဲ့ သိက္ခာ အပြည့် ဖြင့် ရပ်တည်လာခဲ့တဲ့ လုယွင်ချီ.. သူ ဘယ်လိုများ ဒီကိစ္စတွေကို ဖြတ်သန်းခဲ့လဲ... သူမစဉ်းစားလိုက်တာနဲ့ ချင်ပုယွဲ့ကို အမှုန့်ကြိတ်ပစ်ချင်လာသည်.. အစောတည်းကသာ ဖြစ်စဉ်အမှန်ကိုသိမယ်ဆိုရင်.. သူမ လုံး၀အယ်လ်ဖာ လုပ်မှာ မဟုတ်ပါ..

ဒါပေမယ့် အခုတော့ အရမ်းနောက်ကျသွားပြီ.. သူမရဲ့ ဆက်သွယ်ရေးစက်ကို မြှောက်ကြည့်လိုက်တော့ အချိန်က 10:39 .. လေယဉ်ပေါ်တက်ဖို့ မိနစ်၂၀ သာလိုတော့သည်..

'ယွင်ချီ... ကျွန်မ လာတာကိုစောင့်ပေးပါ' ဖေးဖေးကတွေးသည်.. 'ကျွန်မရှင့်ကို ကာကွယ်မယ်'

...

တံခါးခေါက်သံကြောင့် လီကို အိပ်မှုန်စော်မွှားဖြင့် မျက်လုံးပွင့်လာသည်.. ချင်ပုယွဲ့က အခန်းပြင်ထွက်ဖို့ပြင်နေတာ သူ တွေ့လိုက်၏..

ချင်ပုယွဲ့က လီကို နိုးလာတာကိုတွေ့တော့ ပြန်လာနမ်းလိုက်ပြီး"ဆက်အိပ်.. ကိုယ်သွားဖွင့်လိုက်မယ်"

လီကို မျက်လုံးပြန်မှိတ်လိုက်သည်..

သူပြန်မှိတ်လိုက်ပြီး မကြာချင်မှာပင် ဧည့်ခန်းထဲမှ ၀ုန်းဆိုသည့် အသံကြီးတစ်ခုကြားလိုက်ရသည်.. လူနှစ်ယောက် နပန်းလုံးနေသော အသံမျိုးလဲဆက်ကြားရသည်..

လီကို ဆတ်ခနဲ ထထိုင်လိုက်သည်.. သူ ချင်ပုယွဲ့ကို စိတ်ပူလို့ မဟုတ်ပါ.သူ့အိမ်က ပစ္စည်းတွေ ပျက်ဆီးမှာ စိုး၍ ဖြစ်သည်.... ဘောင်းဘီ အမြန်ကောက်စွတ်ကာ အကျိတောင် မဝတ်နိုင်ဘဲ သူ အမြန် ဧည့်ခန်းသို့ ပြေးသည်..

သူထင်တဲ့ အတိုင်းပဲ ချနေကြသည်.. အယ်လ်ဖာနှစ်ယောက်ရဲ့ ရန်ပွဲကြောင့် လီကို့ ဧည့်ခန်းတစ်ခုလုံးကို စုတ်ပြတ် ပွ လန်သွားသည်..စားပွဲခုံအကျိုးရယ်.. ကော်ဇော တွေ ရွဲ့ပဲ့ကုန်တာရယ်.. ဆိုဖာတွေ ဇောက်ထိုးဖြစ်ကုန်တာရယ်.. ပြီးတော့ ကြမ်းပေါ်ကို ကျကွဲနေတဲ့ တီဗီရယ်.. သူ့ ဒေါသတွေ မိုးထိ မွှန်ထွက်သွားသည်.. "ခုချက်ချင်းရပ်"

သူအော်လိုက်တဲ့အချိန်မှာ ရွမ်ဖေးဖေးကို ချင်ပုယွဲ့က အုပ်မိုးကာ လက်သီးဖြင့် ထိုးနေချိန်ဖြစ်သည်.. ဒါပေမယ့် သူမက လက်လျှော့မည့် ရုပ်မျိုးတော့ မဟုတ်ပါ.. သူမက အံကိုကြိတ်ကာ ချင်ပုယွဲ့ကို ဆောင့်တွန်းလိုက်သည်..

"အခုချက်ချင်းရပ်ကြတော့!!!" လီကိုက ထပ်အော်သည်.. "ရန်ဖြစ်ချင်ရင် အပြင်ထွက်ကြ.!!. ချင်ပုယွဲ့ !! ရွမ်ဖေးဖေး!!"

လီကို့ အော်သံကြောင့် နှစ်ယောက်လုံးနည်းနည်းတော့ ကြောင်သွားပြီး ချနေတာနည်းနည်း နှေးသွားသည်..

သူတို့က ရန်ဖြစ်တာကို ရပ်မည့်ပုံမပေါ်သည့်အတွက် လီကိုက တံခါးကိုဆွဲဖွင့်ကာ ပြောသည်.. "အခုချက်ချင်း..ထွက်သွားကြ!!"

ချင်ပုယွဲ့က သူ့ကိုယ်သူ မတရားခံရသလို ခံစားရပြီး ပြောသည်.."ယွင်ချီ.. သူအရင်စတာ"

ထိုစကားကိုကြားတော့ ဖေးဖေး သူ့ကို ပြေး ကိုက်ချင်သွားသည်.. သူမက သွားဖြဲကာ မာန်ဖီသည်.. "စောက်နှာဗူးကောင်"

ချင်ပုယွဲ့က လည်း ပြန်မာန်သည်.. "မင်းထပ်ပြောလိုက်စမ်း"

ရွမ်ဖေးဖေးက ပြန်ပြောမည်ပြင်လိုက်ပြီးမှ လီကို့ရဲ့ အဓိပ္ပာယ်ပါသည့်အကြည့်ကြောင့် ပြန်ငြိမ်သွားပြီး "ယွင်ချီ.. မကြောက်နဲ့.. ကျွန်မရှိတယ်.. သူရှင့်ကို ထပ်အနိုင်မကျင့် စေရဘူး"

အခန်းရဲ့ စုတ်ပြတ်သွားတဲ့ အခြေအနေကိုကြည့်ကာ လီကို ခေါင်းပင်ကိုက်လာသည်."မင်း...တို့..."

ဖေးဖေးက အမြန်ပြောသည်.."ယွင်ချီ.. ကျွန်မကို စိတ်မပူနဲ့ .. သူကျွန်မကို ဘာမှ မလုပ်နိုင်ဘူး"

ချင်ပုယွဲ့ က ခနဲ့သလို ရယ်သည်...

လီကိုက သူ့ဘာသာ တွေးသည်.. 'မင်းတို့ကို လည်း ငါမစိုးရိမ်ပါဘူး.. ငါ့အိမ် တခုလုံး ရစရာ မရှိဖြစ်မှာကိုပဲစိုးရိမ်တာ' သူက အသက်ကိုပြင်းပြင်းရှုလိုက်ကာ ဒေါသကို အတင်းလျှော့ချလိုက်ပြီး... ခပ် ဖြည်းဖြည်းမေးသည်.. "မင်းဘာလို့ ပြန်လာတာလဲ"

ခုနက ချင်ပုယွဲ့နှင့်နပန်းသတ်နေရသဖြင့် လုယွင်ချီကို ဖေးဖေး သေချာ မကြည့်မိလိုက်.. အခုသေချာ ကြည့်လိုက်မိတော့မှ သူ့ ရဲ့ ကိုယ်အပေါ်ပိုင်း အကျီမဝတ်ထားသည့် နေရာမှာ လိင် ဆက်ဆံမှုကြောင့် ကျန်ရစ်ခဲ့တဲ့ အမှတ်အသားများစွာတွေ့ရသည်.. လည်ပင်းမှာဆိုကိုက်ရာများပင်တွေ့ရသေး၏.. သူမ ကလေးမဟုတ်တော့ပါ.. ဒါတွေက ဘာအဓိပ္ပာယ်လဲဆိုတာ မသိဘဲ နေပမလား.. "ယွင်ချီ.. ဟိုခွေးမသား နင့်ကို ဘာတွေလုပ်ထားတာလဲ"

ချင်ပုယွဲ့က လီကို့ နားကို လျှောက်သွားပြီး ခါးကို ဆွဲဖက်လိုက်သည်.. သူက မဲ့ပြုံးဖြင့်.. "လုပ်သင့်တာ အကုန်လုပ်ပြီးပြီ.. မင်းဘာတတ်နိုင်လဲ"

ချင်ပုယွဲ့ကို စားမလိုဝါးမလို ရွမ်ဖေးဖေးကြည့်လိုက်သည်..

အယ်လ်ဖာဖြစ်ပြီးနောက်မှာ တချို့အရာတွေက သူမအတွက်တော်တော်ပြောင်းလဲသွားတယ်.. အသိသာဆုံးကတော့ အရင်တုန်းက သူမမှာ မရှိခဲ့ဖူးတဲ့ ဟိတ်ဟန်ပဲ.. .သူမပုံစံက သားကောင်ကနေ မုဆိုးဖြစ်သွားပြီ..

လီကိုက သက်ပြင်းချသည်.. "ပြဿနာရှာ မနေနဲ့.. ကိုယ် ဘာမှ မဖြစ်ဘူး"

ဒီစကားကို သူမက ဘယ်လိုလုပ်ယုံပမလဲ.. သူမက "သူ ရှင့်ကို ခြိမ်းခြောက်ထားလား.. ယွင်ချီ... တခွန်းပဲပြောလိုက်.. သူရှင့်ရဲ့ ဆံစ ကိုတောင် မထိစေရဘူး"

ချင်ပုယွဲ့က ဝင်ပြောသည်.. "မင်းကို အားကိုးစရာလား.. ဟားဟား ရွမ်ဖေးဖေး .. မင်းကို ဒီဘ၀ကို ရောက်အောင် ငါလုပ်ပေးနိုင်သလို ...ပြန်ဆွဲချတာလည်း ငါလုပ်နိုင်တယ်.. မင်းယုံလားတော့မသိဘူး"

သူတို့နှစ်ယောက်က အချေအတင် ဆက်ဖြစ်နေမယ့်ပုံရှိတာကိုသိတဲ့လီကိုက .. ခေါင်းကိုက်လာသဖြင့်.. "မင်းတို့၂ယောက် အခန်းကိုပြန်ရှင်းထား.. ငါ ထပ်အိပ်ဦးမယ်"

ရွမ်ဖေးဖေးက တခုခုပြောဖို့ပြင်လိုက်သည်..

လီကိုကဖြတ်ပြောလိုက်သည်.."မင်းပြောချင်တာရှိရင် ကိုယ်နိုးလာမှ ပြော"... မနေ့က သူတို့ နှစ်ယောက် မနက်၅နာရီအထိ ပွဲကြမ်းခဲ့ကြတာမို့.. လောလောဆယ်မှာ သူ့ ဦးနှောက်က ပေါက်စီ ထဲက အစာလို့ မွကြေပြီး အလုပ်မလုပ်နိုင်..

ချင်ပုယွဲ့က သူ့ကို ဖက်လိုက်ပြီး "ယွင်ချီ.. ကိုယ်မင်းကိုအဖော်ပြုပေးမယ်"

လီကိုက သူ့လက်ကို ဆွဲဖြုတ်လိုက်ကာ ဧည့်ခန်းကို လက်ညှိုးညွှန်ပြလိုက်ပြီး.. "ဖွတဲ့သူ ပြန်ရှင်း.. ငါနိုးလာတဲ့အချိန်မှာ အားလုံးသေချာသပ်ရပ်နေတာပဲမြင်ချင်တယ်"

လက်အဖြုတ်ခံလိုက်ရတဲ့ ချင်ပုယွဲ့က မှုန်တေတေ ဖြစ်သွားသည်..

လီကိုက အိပ်ခန်းဘက်ကို လှည့်ပြန်မသွားခင် နောက်တစ်ခွန်းထပ်ပြောလိုက်သည်.. "မင်းတို့ စကားများလို့ရတယ်... ဒါပေမယ့် ထချမယ်ဆိုရင်တော့ ငါ့အိမ်ထဲက ထွက်သွားလိုက်" သူပြောနေတဲ့အချိန်မှာ သူ့မျက်နှာက တင်းမာနေသဖြင့် ရွမ်ဖေးဖေးရော ချင်ပုယွဲ့ရော ဘာမှ စောဒကပြန်မတက်ရဲပေ..

လီကိုက အခန်းတံခါးကို ၀ုန်းခနဲ ဆောင့်ပိတ်ကာ ပြန်အိပ်သည်..

သူအိပ်ပျော်သွားတာ နေ့ခင်းကျမှ ပြန်နိုး၏..

သူနိုးလာတော့ မအိပ်ခင်က ဘာတွေဖြစ်သွားခဲ့တာပါလိမ့်ဆိုပြီးပြန်စဉ်းစားလိုက်ကာ "ထုန်ထုန်.. ငါတကယ်ပဲ ဒီမနက် သူတို့ ၂ယောက်ကို အော်ဟစ်ခဲ့တာလား"

Ststem "မင်း မှတ်မိသေးတယ်ပေါ့"

လီကို ".....ဘယ်လိုလုပ်မလဲ... ငါကြောက်တယ်ဟ"

System "သေလဲ ဘာထူးဆန်းတာမှတ်လို့"

လီကို "...."

System "မင်းသေနှင့်ချင်လဲ သေလို့ရတယ် ပြောပြတာပါ"

ဖေးဖေးရဲ့  bar တန်းက ပြည့်ဖို့ နည်းနည်းပဲလိုတော့တာကို သူက သေစရာလား.. အိပ်ယာမှာ ခဏလှဲအချိန်ယူပြီးနောက်.. သူ ရှောင်ပြေးလို့မရနိုင်မှန်းတွေးကာ မထချင်ထချင်ဖြင့် အိပ်ယာမှ ထလိုက်သည်..

အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ဧည့်ခန်းအသစ်တစ်ခုကို သူတွေ့လိုက်ရသည်... ထို့အပြင် အစက နင်သေရင်သေ မဟုတ်ရင်ငါသေ ဆိုပြီး နပန်းသတ်နေသည့် နှစ်ယောက်က ခုတော့ ဆိုဖာ ပေါ်မှာ 'ဒီတိရိစ္ဆာန်နဲ့ အတူထိုင်နေရတာ ငါသိက္ခာကျတယ်' ဆိုသည့် မျက်နှာထားများဖြင့် ထိုင်နေကြသည်..

လီကို နိုးလာတာကိုမြင်တဲ့ ရွမ်ဖေးဖေးက အမြန်သူ့ဆီသွားကာ "ယွင်ချီ..နိုးလာပြီလား"

လီကို "...အင်း"

ချင်ပုယွဲ့က "မင်းစားဖို့ကိုယ်ပြင်ထားပေးတယ်. ယွင်ချီ.. အရင်စားလိုက်မလား"

ရွမ်ဖေးဖေးကလည်း "ရေလေးအရင်ချိုးလိုက်ပါလား.. ရေပူ ပြင်ထားပေးတယ်"

ချင်ပုယွဲ့က ထပ်ပြောသည်.. "စားစရာက အေးသွားရင် စားလို့မကောင်းတော့ဘူး"

ရွမ်ဖေးဖေးကလည်း "ရေချိုးပြီးမှ လူက နေလို့ကောင်းမှာပေါ့"

လီကို "....." အမေရေ.. လုပ်ကြပါဦး..

သူ့ရှေ့က နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မျက်တောင်မခတ်ဘဲ စောင်ကြည့်နေကြသည်..

ကြားထဲက လီကိုက ကြောက်ကြောက်ဖြင့်.. "လုပ်စရာရှိလို့ အပြင်ခဏသွားလိုက်ဦးမယ်"

"လိုက်မယ်" နှစ်ယောက်က တပြိုင်တည်းပြောသည်..

လီကိုက"ဟင့်အင်း.. ကိုယ့်ဘာသာ ပဲသွားမယ်"

ရွမ်ဖေးဖေးရော ချင်ပုယွဲ့ရော မပျော်ပါ..

လီကို က "မင်းတို့ ၂ယောက်...."

ဖေးဖေးက "အိမ်မှာစောင့်နေမယ်"

ချင်ပုယွဲ့ "အိပ်ယာထဲမှာ စောင့်နေမယ်"

ဖေးဖေး "..." သေနာ..

လီကို "....အိုကေ.. လုပ်ချင်တာလုပ်"  သူတို့ထ မသတ်ကြရင်ပြီးတာပဲ..

ဒါနဲ့ပဲ သူလဲအပြင်ထွက်လာခဲ့သည်.. အမှန်တော့ သူအပြင်မှာ ဘာမှ လုပ်စရာမရှိပါ... အိမ်မှာ မနေချင်တာပဲရှိသည်..

ထွက်လာပြီးတော့မှ လီကို တွေးပူမိတာရှိသည်.. "ဖေးဖေး က ငါ့ကို ကြိုက်နေရင် ဘယ်လိုလုပ်မလဲ"

System ကပြန်ဖြေသည်.. "ယူလိုက်ပေါ့"

လီကို ..."..... မင်းငါ့ကို တကယ်ကို အရွဲ့ တိုက်နေတာပဲ"

System "ဟိဟိ.... မကျေနပ်ရင် လာကိုက်လေ"

လီကို "... ဗြဲ... ချစ်ဖို့ကောင်းတဲ့ ထုန်ထုန့်ကို ပြန်ပေး"

Notes

ဒီတခါ ၂လတောင်ကြာသွားတယ်... ဟီးဟီး

ဒါနဲ့.. စကားမစပ်..အခုတလော အရမ်းကြွေနေတာ li hongyi... XD

ZAWGYI

အခန္း (၃၇)

မနက္ႏိုးလာၿပီး မ်က္လုံးႏွစ္လုံးဖြင့္လိုက္ခ်ိန္မွာ လုယြင္ခ်ီရဲ႕ အိပ္စက္ေနတဲ့ မ်က္ႏွာက သူ႔ျမင္ကြင္းေရွ႕ ေပၚလာသည္.. ဒီလိုၿငိမ္သက္ၿပီး ေအးခ်မ္းတဲ့ အခ်ိန္မ်ိဳးကို သူ ေနသားမက်ပါ.. သူ႔အတြက္ အသစ္အဆန္းလို ျဖစ္ေနၿပီး  လုယြင္ခ်ီရဲ႕ ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနပုံက စြဲမက္ဖြယ္ေကာင္းလွသည္.. သူက သူ႔ရဲ႕ အနည္းငယ္နီျမန္းၿပီး ဖူးေနသည့္ ႏႈတ္ခမ္းေလးကို စိတ္မထိန္းႏိုင္ဘဲ နမ္းလိုက္သည္..

အိပ္ေပ်ာ္ေနတဲ့ လုယြင္ခ်ီက ႐ြံ႕သလို မႀကိဳက္သလိုမ်ိဳး႐ုန္းလိုက္တာမ်ိဳး မရွိတဲ့ အျပင္.. အင္းဟုပင္ အသာညည္းၿပီး ေနသားက်ေနသည့္ ပုံေၾကာင့္ ခ်င္ပုယြဲ႕  အံ့အားသင့္သြားသည္..

သူေပ်ာ္လည္းေပ်ာ္သြားတယ္.. လူတစ္ေယာက္က သူ႔စိတ္ကို ဒီေလာက္ထိ လႊမ္းမိုးႏိုင္လိမ့္မယ္လို႔ သူလုံး၀မထင္ထားခဲ့ဖူးပါ.. လြန္ခဲ့တဲ့ ၆လလုံး ခ်င္ပုယြဲ႕ စိတ္ထဲမွာ ၾကာရင္ေတာ့ စြဲလန္းစိတ္က ေလ်ာ့သြားလိမ့္မွာပဲလို႔ထင္ခဲ့တယ္.. ဒါေပမယ့္ အထင္နဲ႔ အျမင္က တလြဲပါပဲ.. လုယြင္ခ်ီကို လြမ္းတဲ့ စိတ္က အခ်ိန္ၾကာေလ ေလ်ာ့ေလ မဟုတ္ဘဲ ပိုပို ျပင္းထန္လာခဲ့သည္.. ဘလိုမွ ဆက္ မေနႏိုင္ေတာ့တဲ့အထိပဲ..

ဒီလို ခံစားခ်က္မဲ့ကာ ေသြးေအးၿပီး အေၾကာတင္းတဲ့ ခ်င္ပုယြဲ႕လိုလူကို ေျခမကိုင္မိလက္မကိုင္မိျဖစ္ ေစသည္..ဘယ္အခ်ိန္က စၿပီး သူ ဒီ အ႐ုပ္ကို ဒီေလာက္ သေဘာက်ခဲ့တာလဲ.. ဘယ္အခ်ိန္ကစၿပီး လုယြင္ခ်ီနဲ႔ ပတ္သတ္လာရင္ အိမ္မက္ေတြကအစ ခ်ိဳၿမိန္ေနခဲ့တာလဲ..

လီကိုက ခ်င္ပုယြဲ႕ အိပ္ယာထၿပီး အေတာ္ၾကာမွ ႏိုးလာသည္.. သူ ထခ်ိန္မွာ ခ်င္ပုယြဲ႕ကမရွိ..

"မဂၤလာနံနက္ခင္းပါ" ေဘာင္းဘီသာ ဝတ္ထားတဲ့ ခ်င္ပုယြဲ႕က ေရခ်ိဳးၿပီး လို႔ ေရခ်ိဳးခန္းထဲမွ ထြက္လာသည္.. သူက လီကို ႏိုးေနတာကို ျမင္ေတာ့ တက္တက္ႂကြႂကြနဲ႔ ႏႈတ္ဆက္၏..

လီကိုက မပီမသျပန္ႏႈတ္ဆက္ၿပီးေနာက္ အိပ္ယာမွထသည္..

အက်ႌကို ျဖည္းျဖည္းခ်င္းသူ႔ေရွ႕မွာ ဝတ္ေနတဲ့ လီကိုကို ခ်င္ပုယြဲ႕က ေက်နပ္တဲ့ အၿပဳံးႀကီးျဖင့္ ၾကည့္ေန၏. မေန႔က အတူအားကစားလုပ္ထားၾကတဲ့အမွတ္အသားမ်ားက သူ႔ခႏၶာကိုယ္အႏွံ႔ ျမင္သာ ေနၿပီး.. ေတာ္႐ုံလူ ၾကည့္လိုက္တာနဲ႔ သူတို႔ ဘယ္ေလာက္ဆိုးခဲ့ၾကလဲ ခန႔္မွန္းႏိုင္ေလာက္သည္..

လီကိုက မ်က္ႏွာသစ္သြားတိုက္ၿပီး မီးဖိုေခ်ာင္ကို ဝင္လာခ်ိန္မွာေတာ့ မနက္စာက အသင့္ပဲ.. ဒါအျပင္ အျပင္က မွာထားတာမ်ိဳးမဟုတ္ဘဲ ခ်င္ပုယြဲ႕ ကိုယ္တိုင္လုပ္ထားတာျဖစ္သည္..

ခ်င္ပုယြဲ႕က ေအးေဆးထိုင္ကာ ေပါင္မုန႔္တစ္ခ်ပ္ ကိုစားေနသည္.. စိတ္႐ူးေပါက္ေနတဲ့အခ်ိန္မ်ိဳးမဟုတ္ ရင္ ခ်င္ပုယြဲ႕က အေတာ္ ၾကည့္လို႔ေကာင္းသည္ ေျပာရမည္.. ေဆးေရးပန္းခ်ီကားတစ္ခ်ပ္လိုပဲ.. သူက အၿမဲတမ္း ေခ်ာတာပါ.. ဒါေပမယ့္ အခုလိုမ်က္ဝန္းေတြက ညင္သာတဲ့ အၿပဳံးရိပ္သန္းေနေတာ့ သူ႔ကိုၾကည့္ရတာ လီကို႔ ဘ၀တခုခုမွာ လက္ထပ္ခဲ့ဖူးတဲ့ ၾကင္စဦးဇနီးသည္ေလးတစ္ေယာက္လိုပဲ..

ဇနီးေလးက "စား.. ကိုယ္လုပ္ထားတာ"

လီကိုက ထိုင္လိုက္ၿပီးစားသည္...

ဇနီးေလးက ေမးသည္.. "ဒီေျခာက္လ မွာ မင္း အဆင္ေျပလား"

လီကိုက ေတြးလိုက္ၿပီး "အင္း မဆိုးပါဘူး"

ဇနီးေလးက ဒါကိုၾကားေတာ့ ၿပဳံးသည္.. "႐ြမ္ေဖးေဖးကို မလြမ္းဘူးလား"

လီကို ကျပန္မေျပာ စိတ္ထဲမွာေတာ့  'မင္းကိုပိုလြမ္းတာ'

ဇနီးေလးက ထပ္ေျပာသည္.. "ဒါဆို ကိုယ့္ကိုေကာ လြမ္းလား?"

ၿပဳံး႐ႊင္ေနသည့္ ခ်င္ပုယြဲ႕ကို လီကိုက မ်က္လုံးလွန္ၿပီး ၾကည့္လိုက္သည္.. အခ်ိန္အေတာ္ၾကာတဲ့အထိ သူ ဘာမွျပန္မေျပာပါ.. ဒီကမာၻက ၿပီးခါနီးေနၿပီ.. ခုခ်ိန္မွာ ဒီကေန ဆြဲထုတ္သြားခံရမယ့္ စကား မ်ိဳး မေျပာတာ အေကာင္းဆုံးပဲလို႔သူေတြးတယ္..

မွန္းထားတဲ့ အတိုင္းတဖက္ကျပန္မေျဖဘဲ တိတ္ဆိတ္ေနေတာ့ ခ်င္ပုယြဲ႕ရဲ႕ အၿပဳံးက ပိုအားမရွိ ျဖစ္သြားတယ္.. သူက "ဒီတခါ မင္းကို လာရွာတာ မင္းကတိကို တည္ေအာင္ လုပ္ခိုင္းမလို႔"

လီကိုက မဆိုင္းမတြဘဲ ျပန္ေျဖသည္ "အိုေက"

သူျဖစ္ေစခ်င္တာက သူ႔ဘက္က ဖိအားေပးၿပီး တဖက္လူက်ိဳးႏြံတာမ်ိဳးကိုေလ.. ဒီလို ပ်င္းရိရိနဲ႔ လြယ္လြယ္ အေလ်ာ့ေပးတဲ့ အေျဖမ်ိဳးမဟုတ္ဘူး.. သူဘာကတိေပးခဲ့တယ္ဆိုတာကို သူေမ့ေနတာလား နားမလည္တာလား..

စိတ္တိုသြားတဲ့ ခ်င္ပုယြဲ႕က ဆက္မစားခ်င္ေတာ့..

ခ်င္ပုယြဲ႕ စိတ္အေျခအေနကို လီကိုက သတိမထားမိပါ.. သူ႔မနက္စာသူစားၿပီး ႏို႔ တစ္ခြက္လုံး ေသာက္သည္.. ၿပီးေတာ့မွ စကားေျပာ၏."အခ်ိန္ေတာ့ နည္းနည္းေပး ငါ အလုပ္ထြက္စာတင္ရဦးမယ္"

ခ်င္ပုယြဲ႕ ေပ်ာက္သြားတဲ့ကာလ အတြင္းသူက နဂိုရာထူးကို ျပန္ရေနၿပီးၿပီျဖစ္သည္.. အခု သူက ျပန္လာၿပီဆိုေတာ့ သူ႔အတြက္ ဒီအလုပ္ကို ဆက္လုပ္ေနဖို႔ မသင့္ေတာ္ေတာ့ဘူးေလ..

ခ်င္ပုယြဲ႕က မၾကည္မလင္နဲ႔ သေဘာတူသည္..

ဒီတေခါက္ သူ႔ရဲ႕ မၾကည္တဲ့ ေလသံကို သတိမထားမိရင္ေတာ့ လီကို တုံးလြန္းလို႔ပဲျဖစ္မည္.. ဒါေပမယ့္ သူသတိထားမိေပမယ့္လည္း သူဘာကို မေက်မနပ္ ျဖစ္ေနမွန္းလီကို ေတြးမရပါ.. ေအာ္..ေယာက်ာ္းေတြရဲ႕ စိတ္ဆိုတာကလည္း သမုဒၵရာၾကမ္းျပင္ေအာက္က အပ္လို နက္နဲလြန္းပါကလား...

စားေသာက္ၿပီးခ်ိန္မွာ လီကိုက တုံ႔ေႏွးေႏွးျဖင့္ ေမးလိုက္သည္.. "ေဖးေဖးကို ဆက္သြယ္လို႔ရမယ့္ အခ်က္အလက္တခုခု ေပးလို႔ရမလား"

ခ်င္ပုယြဲ႕ မ်က္ႏွာက ၈ေခါက္ခ်ိဳးမကဘဲ ၁၀ ေခါက္ခ်ိဳးေလာက္ျဖစ္ေနၿပီ "ဘာအတြက္ အဆက္အသြယ္က လုပ္ခ်င္တာလဲ"

လီကို "ငါ စိတ္ပူလို႔"

'၀ုန္း' စားပြဲကို ခ်င္ပုယြဲ႕က အားျဖင့္႐ိုက္ခ်လိုက္ရာ အက္ေၾကာင္းႀကီးတစ္ခု ခ်က္ခ်င္းေပၚလာသည္.. "လုယြင္ခ်ီ.. သူ႔ကို စိတ္ပူေနမယ့္အစား မင္းကိုယ္မင္း အရင္စိတ္ပူသင့္တယ္"

လီကိုက စားပြဲကို ၾကည့္ကာ စကားမေျပာႏိုင္"....." ငါ မွတ္မိသေလာက္ဆို ဒီစားပြဲက အရမ္းေစ်းႀကီးတာေလ.. ႏွလုံးသားေတြကြဲပါၿပီ...

ခ်င္ပုယြဲ႕က "ဘာလဲ အရမ္းခံစားသြားလား"

လီကို "....." ဟုတ္တယ္ ခံစားသြားၿပီ..

ျမင္ရခဲတဲ့ ဆို႔နင့္ေနသည့္ လီကို႔ မ်က္ႏွာကို ၾကည့္ကာ သူ႔ရင္ထဲမွာလဲ မြန္းၾကပ္သြားၿပီး ေလသံက ပိုမာသြားသည္.. "ဒီေလာက ထဲမွာ ႐ြမ္ေဖးေဖးဆိုတဲ့ လူက မရွိေတာ့ဘူး.. မင္းဘ၀ထဲကလဲ အၿပီးသတ္ထြက္သြားၿပီ မင္းသူ႔ကို ေနာက္တစ္ခါ ေတြ႕စရာ အေၾကာင္းလုံး၀မရွိဘူး"

လီကို "...." အင္.. မျဖစ္ဘူးေလ ၁၀၀ ျပည့္ေအာင္ ဆက္လုပ္ရဦးမွာေလ..

လီကိုရဲ႕ ေက်ာက္႐ုပ္လို ၿငိမ္သက္ေနသည့္ ပုံစံေၾကာင့္ ခ်င္ပုယြဲ႕ တစ္ေယာက္ ပိုလို႔ပင္ စိတ္တိုလာကာ ဘာမွ ေျပာမေနေတာ့ဘဲ အခန္းထဲမွ ၀ုန္းဒိုင္း ႀကဲက ထြက္သြား၏

ခ်င္ပုယြဲ႕ ထြက္သြားၿပီးေနာက္ တုန္ယင္ေနတဲ့ လက္ေခ်ာင္းမ်ားျဖင့္ စားပြဲေပၚက အက္ေၾကာင္းေလးကို သူ အသာထိၾကည့္သည္.. မ်က္ရည္ပင္ က်ခ်င္သြားသည္.. "ထုန္ထုန္.. ငါ့စားပြဲခုံကို သူဖ်က္ဆီးသြားတယ္"

System "....."

လီကိုက မ်က္ရည္ဝဲလည္ဝဲလည္ႏွင့္ "ဖ်က္ဆီးၿပီးေတာ့ သူကေတာင္ စိတ္တိုၿပီးထြက္သြားရေသးတယ္"

System "......"

လီကို  " ဒီခုံက ငါ့လခ  သုံးလစာေလာက္ရွိတာကြ"... "သုံးလ!!!!"

System က စိတ္မဝင္စားသည့္ေလသံျဖင့္ "မင္းမွာ စုထားတဲ့ ပိုက္ဆံေတြရွိေသးတာပဲဟာ"

အဲ့အေၾကာင္း ေျပာေတာင္မေျပာခ်င္ေတာ့ပါဘူး... လီကိုက ပိုေၾကကြဲသြားဟန္ျဖင့္ စားပြဲေပၚေမွာက္ကာ ငိုသည္.. "စုထားတာကိုသုံးခ်င္ေပမယ့္... password မသိလို႔... ၿဗဲ...ဟဲဟဲဟဲ...!!!!!"

System "...."

ေတြးေလ လီကို ပိုေၾကကြဲေလပဲ.. ပုခုံးေတြပါတုန္ၿပီး သူ ငိုျပလိုက္သည္...

တံခါး ေဆာင့္ဖြင့္ ေသာင္းက်န္းၿပီးထြက္သြားတဲ့ ခ်င္ပုယြဲ႕က သူ႔ရဲ႕ ဆက္သြယ္ေရးစက္  က်န္ခဲ့တာကို အခုမွ သတိရသြားသည္.. ဒါေပမယ့္ သူျပန္လာခ်ိန္မွာ ျမင္လိုက္ရတာကေတာ့ စားပြဲေပၚ ေမွာက္ကာ ငိုေႂကြးေနသည့္ လုယြင္ခ်ီကို ျဖစ္သည္..

သူႏွိပ္စက္ခဲ့စဥ္တုန္းကေတာင္ မ်က္ရည္တစ္စက္မက်ခဲ့တဲ့ လူက အခုေတာ့ စားပြဲခုံေပၚေမွာက္ ကာ ပုခုံးမ်ားပင္တုန္ယင္ေနသည္အထိ ရႈိက္ႀကီးတငင္ငိုေႂကြးေနတယ္တဲ့လား...

ခ်င္ပုယြဲ႕ လုံး၀ ၿငိမ္က်သြားသည္.. သူ႔ရင္ထဲမွာ နင့္ေနသလိုခံစားေနရၿပီး စိတ္မေကာင္းျခင္းနဲ႔ ေနာင္တက ျပည့္ႏွက္သြား၏.. "ယြင္ခ်ီ".. ခ်င္ပုယြဲ႕က ခပ္ဖြဖြေခၚလိုက္သည္..

လီကို႔ တကိုယ္လုံး ေတာင့္တင္းသြားသည္..

ခ်င္ပုယြဲ႕က သူ႔ဆီကို တလွမ္းခ်င္းေလွ်ာက္လာ၏ .. ေခါင္းေမာ့ဖို႔ေတာ့ မေျပာပါ.. သူက လီကို႔ ပုခုံးကို အသာ အုပ္မိုးကာ ဖက္လိုက္ၿပီး ေျပာသည္..."အားလုံး အဆင္ေျပသြားမွာပါ.. ဟုတ္ၿပီလား... အဆင္ေျပသြားမွာပါ.."

System ေရွ႕မွာ ေသာက္ပိုလုပ္ၿပီး ဟန္လုပ္ငိုျပေနတာမို႔လို႔ မ်က္ရည္တစ္စက္မွ မရွိသည့္

လီကို be like  "......"

လီကိုရဲ႕ ေတာင့္တင္းေနတဲ့ ကိုယ္ေနဟန္ထားကို ၾကည့္တာနဲ႔ သူဒီလို ၿပိဳလဲေနတဲ့ ပုံစံကို ဘယ္သူ႔ကိုမွ မျမင္ေစခ်င္တာကို ခ်င္ပုယြဲ႕ နားလည္သည္.သူက လီကို႔ရဲ႕ နား႐ြက္ကို အသာေလးနမ္းလိုက္ၿပီး ခပ္ဖြဖြ ေျပာသည္.. "အင္းပါ... ကိုယ္ မင္းဆႏၵမပါဘဲ မင္းကို မထိေတာ့ပါဘူး"

လီကို.. "..." ၿဗဲ!!!!!!!!!!

ခ်င္ပုယြဲ႕က သက္ျပင္းခ်သည္.. "မင္းလိုခ်င္ရင္ ကိုယ္ ႐ြမ္ေဖးေဖး လိပ္စာကို ေပးမယ္ေနာ္"

လီကို "....." အမယ္.. ဒါေတာ့ မဆိုးဘူး

ခ်င္ပုယြဲ႕က ဆက္ေျပာသည္.. "ဝမ္းမနည္းနဲ႔ေတာ့ေနာ္.. လိမ္မာတယ္"

ခ်င္ပုယြဲ႕ရဲ႕ ဒီလို ႏွစ္သိမ့္ေခ်ာ့ေမာ့တာ ကိုခံရတာေတာ့ လီကိုတစ္ေယာက္ စားပြဲခုံက်ိဳးရတာ တန္သားပဲဟုထင္သည္..

လီကို က တုပ္တုပ္မလႈပ္ဘဲ အဲ့တိုင္းေမွာက္ေနတာကို ခ်င္ပုယြဲ႕က လဲ အေနရခက္ေအာင္ ဖိအားမေပးပါ.. သူကေထြးေပြ႕ထားၿပီး သူသိသည့္ ႏွစ္သိမ့္စကားမ်ားအား ေျပာတတ္သေလာက္ အကုန္ေျပာကာ ေခ်ာ့သည္..

လီကို က သူ႔မ်က္လုံးမ်ား မရဲ ရဲေအာင္ ဖ်စ္ညႇစ္ မ်က္ရည္ထုတ္ၿပီးေနာက္ အသံ ရွရွျဖင့္ (ငိုထားၿပီး သည့္ လူလို) ေျပာသည္.."ငါ ဘာမွမျဖစ္ေတာ့ဘူး.. မင္း သြားလို႔ရၿပီ"

ခ်င္ပုယြဲ႕က သက္ျပင္းခ်သည္.. "အိုေက.. ကိုယ္သြားမယ္.. ေန႔လည္စာ ဘာစားခ်င္လဲ.. ကိုယ္မင္းအတြက္ ျပင္ေပးမယ္ေလ.. ဟုတ္ၿပီလား?"

လီကိုက ေခါင္းျပန္ ေထာင္လာေပမယ့္လို႔ စကားေတာ့ျပန္မေျပာပါ..

မ်က္ဝန္းေထာင့္မ်ားနီေနသည့္လီကို႔ ကို ၾကည့္ၿပီး ခ်င္ပုယြဲ႕ ႏွလုံးသားက ပို၍ မခံစားႏိုင္ ျဖစ္ရသည္.. သူက "ဘာစားခ်င္တာရွိရွိ ကိုယ့္ကို လွမ္းမွာလိုက္ေနာ္.."

လီကိုက မ်က္လုံးကို တခ်က္ပင့္ကာ ခ်င္ပုယြဲ႕ ႐ိုက္ခြဲထားေသာ စားပြဲခုံကို ၾကည့္လိုက္သည္..

ခ်င္ပုယြဲ႕က လီကို႔ အၾကည့္အတိုင္းလိုက္ၾကည့္ၿပီးေနာက္ စားပြဲခုံေပၚက အက္ေၾကာင္းကို ေတြ႕သြားသည္. "အိုေက ဒါကိုယ့္အမွားပါ.. ကိုယ္အသစ္တစ္လုံးျပန္ဝယ္ေပးမယ္ေနာ္"

လီကို.. "...." ၀ူးဟူး.. အလုပ္ျဖစ္တယ္ဟ..

စိတ္ခိုင္ဖို႔ႀကိဳးစားေနတဲ့သူ႔ခ်စ္သူရဲ႕ ပုံစံေလးကို ၾကည့္ကာ ခ်င္ပုယြဲ႕ ရဲ႕ မာေက်ာတဲ့ ႏွလုံးသားက စမ္းေရ ေအးလို ေပ်ာ့ဆင္းသြားသည္.. သူက လီကို႔ကို နမ္းသည္.. လီကို႔နား႐ြက္ေတြနီလာေတာ့မွသာ ရပ္သည္..

​ဒါနဲ႔ပဲ စိတ္ၾကည္လင္ေနတဲ့ ခ်င္ပုယြဲ႕က စားစရာမ်ား ကိုယ္တိုင္သြားဝယ္ကာ ကိုယ္တိုင္ခ်က္သည္..

လီကိုက ေတာ့ ဧည့္ခန္းထဲမွာ တီဗီၾကည့္ေနၿပီး ခ်င္ပုယြဲ႕ ရွိတာေၾကာင့္ သူၾကည့္ခ်င္တဲ့ ဇာတ္လမ္းတြဲကို ၾကည့္ လို႔မရေခ်..ထို႔ေၾကာင့္ သတင္းၾကည့္ခ်င္ေယာင္ေဆာင္ကာ system ႏွင့္စကားေျပာ ေနလိုက္သည္..

လီကိုက "ငါ့ရဲ႕ ဒီ နည္းလမ္းက အသိညီမေလးတစ္ေယာက္ဆီက သင္ထားတာ.. သူမက အၿမဲ တခုခု အမွားလုပ္ထားၿပီဆိုရင္ မ်က္ရည္ လည္႐ႊဲေလးနဲ႔ ဆူခ်င္တာေတာင္ မဆူရက္ေအာင္ လုပ္ျပတတ္တယ္"

System "......" ဟုတ္ပါၿပီ .. အကိုႀကီး ရယ္

လီကိုက ဆက္ေျပာသည္.. "အိုက္ယား သတိေတာင္ရသြားၿပီ"

System က သူ႔စကားေၾကာင့္ နည္းနည္း သနားမလိုျဖစ္သြားခ်ိန္မွာပဲ လီကိုက "ဟိုေရွ႕ ဘ၀က ဇာတ္လမ္းတြဲလဲ ၾကည့္လို႔ မၿပီးေသးဘူး.."

System "....."

လီကိုက "ခုေခတ္မွာ အဲ့လိုဇာတ္ကားေကာင္းမ်ိဳးက သိပ္မရွိေတာ့ဘူး"

System "...."

လီကို " ထုန္ထုန္.. ဘာလို႔ စကားမေျပာေတာ့တာလဲ"

System က အျမင္ကတ္ကတ္ျဖင့္ 'ေအးပါ.. ေနာက္ကို ကမာၻမကူးခင္ မင္းၾကည့္ေနတဲ့ ကိုးရီးယားဇာတ္လမ္းတြဲ ၿပီးေအာင္ ေစာင့္ေပးပါ့မယ္ ေက်းဇူးရွင္'  ဟု ေျပာလိုက္ဖို႔ ျပင္စဥ္မွာပဲ ခ်င္ပုယြဲ႕က ခ်က္လို႔ျပဳတ္လို႔ ၿပီးသြားသည္..

စားပြဲခုံအျပည့္ စားေကာင္းေသာက္ဖြယ္မ်ား ျဖင့္ အနံ႔ တလူလူ ေမႊးႀကိဳင္ေနသည္ကို ျမင္လိုက္ရတဲ့ လီကိုက သူ႔ ဇနီးေလးကို ခ်စ္စိတ္မ်ားပိုလို႔ ပင္တိုးသြားသည္..

ခ်င္ပုယြဲ႕ က "စားၾကစို႔"

လီကိုက လဲ ပဲမ်ားမေနပါ ထိုင္ၿပီးသည္ႏွင့္ အပီႀကိတ္သည္..

ႏွစ္ေယာက္စားေနၾကတုန္း.. ခ်င္ပုယြဲ႕ က သူလြန္ခဲ့တဲ့ ၆လ မွာ ဘာေတြျဖစ္ပ်က္ခဲ့တယ္ဆိုတာကို ေျပာျပသည္.. ေဖးေဖးကို အယ္လ္ဖာေျပာင္းေပးဖို႔ ကတိျပဳၿပီးခ်ိန္မွာပဲ မေမွ်ာ္လင့္ တဲ့ ျပႆနာတစ္ခု အလုပ္မွာျဖစ္လို႔ သူက ခ်က္ခ်င္းျပန္သြားရၿပီး ႏႈတ္ေတာင္ မဆက္သြားႏိုင္ျခင္းျဖစ္သည္..

အဲ့ဒါၿပီးေတာ့ တိုက္ပြဲတခ်ိဳ႕ သူတို႔ ၾကယ္တာရာ ဓားျပေတြ ဆီမွာ ျဖစ္ၾကၿပီး ခ်င္ပုယြဲ႕ က ခပ္ေပါ့ေပါ့ ေလးေျပာျပ ေပမယ့္လို႔ လီကိုကေတာ့ ၾကားတာနဲ႔ ေတာ္ေတာ္ ပြဲၾကမ္းခဲ့မယ္ဆိုတာကို ရိပ္မိသည္..

ခ်င္ပုယြဲ႕က "႐ြမ္ေဖးေဖးက အခု သိပၸံနဲ႔ နည္းပညာ ဌာနမွာလုပ္ေနတယ္"

လီကိုက ဒါကိုၾကားေတာ့ အနည္းငယ္အံ့အားသင့္သြားတယ္.. ဒီစၾကာ၀ဠာ မွာက သိပၸံနဲ႔ နည္းပညာ ဌာနဆိုတာ လုံး၀ ထိပ္တန္းေတာ္တဲ့ သူေတြပဲသြားခြင့္ရတဲ့ ေနရာမ်ိဳး ... ဌာနခြဲေတြလည္း အမ်ားႀကီးရွိၿပီးေတာ့ အယ္လ္ဖာ မဟုတ္ရင္ လုံး၀ လက္မခံတဲ့ ေနရာ..

ခ်င္ပုယြဲ႕က "သူ႔ကို အခု လုယြမ္ယြမ္ လို႔ နာမည္ေျပာင္းထားတယ္"

လီကို "......" ေဖးေဖးက သူ႔မ်ိဳး႐ိုးနာမည္ကို ယူထားတာပဲ.. ခ်စ္ဖို႔ေကာင္းလိုက္တာ...

ခ်င္ပုယြဲ႕က " ဘာလဲ.. မင္းရဲ႕ မ်ိဳး႐ိုးနာမည္ကို ယူထားလို႔ ေပ်ာ္သြားတာလား?"

လီကိုက ခ်င္ပုယြဲ႕ကို တခ်က္ေမာ့ၾကည့္သည္.. သူ႔အၾကည့္က ဘာ အဓိပၸာယ္မွမပါဘဲ တည္ၿငိမ္၏..

ခ်င္ပုယြဲ႕လဲ သူ႔ကိုယ္သူ တခါတေလ ေတာ္ေတာ္ စိတ္ႏုတဲ့ေကာင္လို႔ ေတြးမိသည္... ခုပဲၾကည့္ အဲ့လို မထုံတေတး ပုံေၾကာင့္ သူ စိတ္ကတိုသြားၿပီ။ သူ႔အေရွ႕မွာ ထိုင္ေနတဲ့ ဒီလူက ခုနက အထိ ေတာ့ သူ႔အတြက္ ကမာၻေပၚမွာ ခ်စ္စရာအေကာင္းဆုံးလူပဲ ... ဒါေပမယ့္ ခုေတာ့ သူ႔ကို မနာလိုစိတ္နဲ႔ ေဒါသေတြ ထုံမႊန္ေအာင္ လုပ္လိုက္တဲ့ လူ ျဖစ္သြားၿပီ..

လီကို က ေအးေအးလူလူ စားေနရာကေန ခ်င္ပုယြဲ႕ ေဒါသ ထြက္ေနတာကို ျမင္လိုက္ရလို႔ေၾကာင္သြားသည္..

လီကို႔မ်က္ႏွာက အူတူတူ ေလး..

ခ်င္ပုယြဲ႕က ေလသံမာမာျဖင့္ "မင္းကတိမေမ့နဲ႔ အလုပ္ကို ျမန္ျမန္ထြက္တာလိုခ်င္တယ္"

လီကိုက ေခါင္းျပန္ငုံ႔ကာ စားလိုက္ၿပီး ေပါ့ေပ့ါပါးပါးပဲ ေျဖလိုက္သည္.."အင္းပါ"

ခ်င္ပုယြဲ႕ သူ႔လက္ထဲက ပန္းကန္ကို ပစ္ခြဲလိုက္ခ်င္သြားသည္.. အဲ့လို လီကို က ကလန္ကဆန္မလုပ္ဘဲ လိမ္မာျပန္ရင္လည္း သူမႀကိဳက္ဘူး.. ဟိုမိန္းမအတြက္ ဒီေလာက္သည္းခံႏိုင္ေနတာလား..

ဟိုတစ္ေယာက္က သူ႔ဘ၀နဲ႔သူ အေပ်ာ္ႀကီးေပ်ာ္ေနၿပီ... မင္းက ေကာ... မင္းဘ၀က ရစရာမရွိေတာ့ဘူးေလ..

ခ်င္ပုယြဲ႕က ေျပာသည္.."မင္းငါ့ကို ဘာမွ ေျပာစရာမရွိေတာ့ဘူးလား"

လီကိုက သက္ျပင္းခ်လိုက္ကာ "မရွိဘူး"

ရလဒ္အေနနဲ႔ ေတာ့ ခ်င္ပုယြဲ႕ရဲ႕ ေဒါသမိုင္းဗုံးက ေပါက္ကြဲထြက္သြားသည္.. သူက ေကာက္က်စ္တဲ့ အႀကံဉာဏ္ ခ်က္ခ်င္းရလာ၏...႐ြမ္ေဖးေဖးသာ သူ႔အတြက္ လီကိုဘာေပးဆပ္လဲ ဆိုတာသိသြားရင္ ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းလိုက္မလဲ...

သူက စိတ္ဓာတ္ျပင္းထန္တဲ့ လူတစ္ေယာက္ျဖစ္တဲ့ အေလ်ာက္ လုပ္ၿပီဆိုခ်က္ခ်င္းလုပ္တတ္သူျဖစ္သည္..

တဖက္တြင္...

ဌာန မွာ အလုပ္လုပ္ေနခ်ိန္ ႐ြမ္ေဖးေဖးဆီ အမည္မသိ စာတစ္ေစာင္ ဝင္လာသည္.. "မင္းလက္ရွိဘ၀ကို ရဖို႔ သူက ဘာ ေပးဆပ္ခဲ့လဲသိလား"

႐ြမ္ေဖးေဖး ရင္ထဲမွာ ပူတက္သြားသည္.. သူမလက္ထဲက စက္က ျပဳတ္က်မလိုပင္ျဖစ္သြား၏.. "နင္ဘယ္သူလဲ.. ဘာကိုေျပာခ်င္တာလဲ"

ခ်င္ပုယြဲ႕ ကစာျပန္သည္.. "မင္းသိခ်င္လား"

႐ြမ္ေဖးေဖး သူ႔ စိတ္ထဲမွာ အေျဖကို သိသလိုလို ျဖစ္လာသည္.. ဒါေပမယ့္ စိတ္ကို တင္းကာ ျပန္ေျဖလိုက္သည္. "သိခ်င္တယ္"

ခ်င္ပုယြဲ႕က စာျပန္သည္.. "သူအခု အိုမီဂါျဖစ္သြားၿပီ"

ထိုစာေၾကာင္းကိုၾကည့္ကာ ႐ြမ္ေဖးေဖး တကိုယ္လုံးေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္သြားသည္.. ငိုခ်င္ေပမယ့္ ငိုလို႔မရဘူး.. လုယြင္ခ်ီရဲ႕ ခပ္တည္တည္ နဲ႔ ေအးေအးပဲ ေနတတ္တဲ့ မ်က္ႏွာ က သူ႔မ်က္စိထဲေပၚလာသည္..

သူမက စာျပန္ပို႔သည္.. "နင္လိမ္တာ"

ဒီစာလုံးေတြကို ျမင္ေတာ့ ခ်င္ပုယြဲ႕မွာ ရယ္ခ်င္လိုက္တာေျပာမေနနဲ႔ သူက ခပ္တိုးတိုးရယ္ရင္း စာျပန္သည္.. "မင္းကိုလိမ္ေတာ့ ငါက ဘာရမွာမို႔လို႔လဲ"

အယ္လ္ဖာ ျဖစ္ၿပီးေနာက္ပိုင္း ႐ြမ္ေဖးေဖးဟာ မငိုေတာ့ပါ.. ဒါေပမယ့္ သူမရင္ထဲက ေၾကကြဲ ဝမ္းနည္းမႈက ေျပာျပလို႔ မရေလာက္ေအာင္ ႀကီးမားလွသည္.. မ်က္ရည္မက်ဘဲ သူရႈိက္ေနမိသည္..

အယ္လ္ဖာ တစ္ေယာက္က အိုမီဂါျဖစ္သြားတဲ့ ခံစားခ်က္က ဘယ္လိုလဲ ဆိုတာ သူမ မသိပါ.. သူမ သိတာက အခုလို သူမဘ၀ကေနသာ အိုမီဂါဘ၀ကို ေရာက္သြားမယ္ဆိုရင္ သူမ ေသသြားလိမ့္မွာ ေသခ်ာသည္.. အဲ့ဒီ စိတ္ ဆင္းရဲမႈမ်ိဳးကို ခံမယ့္ အစား ေသလိုက္မည္..

ဒါဆိုရင္.. လုယြင္ခ်ီက ေကာ ဘယ္ေလာက္ေတာင္ ခံစားခဲ့ရမလဲ.. ႐ြမ္ေဖးေဖး အမ်ားႀကီးေတြးတယ္.. သူတို႔ မထင္မွတ္ဘဲ ဆုံခဲ့ၾကတာေတြ.. ၿပီးေတာ့ မေမွ်ာ္လင့္ဘဲ တစ္အိမ္တည္းေနခဲ့ၾကတာေတြ... တျခားအယ္လ္ဖာဆီက သူမကို လုယြင္ခ်ီကယ္တင္ခဲ့တာေတြ.. အယ္လ္ဖာ အျဖစ္ေျပာင္းမလားလို႔ ေမးခဲ့တာေတြ.. အမ်ားႀကီးပါပဲ..သူမအေတြးေတြက..

ဒါေပါ့ ဘယ္အရာက အလကားရမွာလဲ.. ဘာမွမေပးဘဲ ဘာျပန္ရမလဲ...ေစာေစာထဲက သူမ ဘာလို႔ အဲ့သေလာက္တုံးအခဲ့ရသလဲ...

သူမ ရႈိက္လိုက္သည္.. မ်က္ရည္ကေတာ့ ဘယ္လိုမွ မက်လာပါ..

လီကိုကေတာ့ ခုနက သတ္မလို ဖ်က္မလို မ်က္ႏွာနဲ႔ ခ်င္ပုယြဲ႕ အခုေတာ့.. ခပ္တိုးတိုးရယ္ေနသည္ကို နားမလည္ႏိုင္ဘဲ လွမ္းၾကည့္ေန၏..

ခ်င္ပုယြဲ႕ ရဲ႕ အၿပဳံးက တမ်ိဳးႀကီးမို႔ သူ႔မွာ ေၾကာက္စိတ္ေၾကာင့္ ၾကက္သီးမ်ားပင္ထသြားရသည္.. သူက "system ေရ.. သူ႔အၿပဳံးႀကီးက ဘာလို႔ အဲ့ေလာက္ေတာင္ ေက်ာခ်မ္းစရာေကာင္းရတာလဲ"

Systemက မတုန္မလႈပ္ျဖင့္ "ငါက ဘယ္လိုသိမွာလဲ"

လီကိုက ရင္ထဲမွာေလးလံသြားေပမယ့္လို႔ ..သူကေတြးတယ္ ... အေျမႇာက္ကိုေတာင္ မီးရႈိ႕ၿပီးၿပီပဲ.. ခုမွေတာ့ ဘာလာလာ ေျပးေတြ႕ရမွာပဲ.. ေၾကာက္ေနလို႔မရေတာ့ဘူး

တဖက္မွာ ခ်င္ပုယြဲ႕က ေတြးေလေလ ေပ်ာ္ေလေလ ျဖစ္သည္.. သူ႔ရဲ႕ ခုနက မေကာင္းတဲ့ စိတ္အေျခအေနက ခ်က္ခ်င္းေျပာင္းလဲသြားသည္.. သူက လက္တစ္ဖက္ျဖင့္ ေမးေထာက္ကာ လီကို႔ကို ၿပဳံးၿပီးၾကည့္သည္.. "ယြင္ခ်ီ"

လီကိုက သူ႔ေခၚသံေၾကာင့္ ရင္တုန္သြားသည္.. "ဟင္?"

ခ်င္ပုယြဲ႕က "ဘာမွ မဟုတ္ဘူး... ေခၚၾကည့္တာ"

တကယ္ပဲ ႐ိုး႐ိုးတန္းေခၚတာလား ယုံရမွာလား.. လီကို ျပန္လည္းထပ္မေမးရဲပါ.. သူစိတ္က ပိုရႈပ္သြားေပမယ့္လို႔ အရဲစြန႔္ၿပီး မေမးတာ ေကာင္းမယ္ဟုထင္သည္..

ဒါေပမယ့္ ခ်င္ပုယြဲ႕ ဘာ ေမႊလိုက္လဲ ဆိုတာကို မၾကာခင္မွာပဲ လီကို သိလိုက္ရသည္..

အဲ့ဒိ ညေနမွာပဲ လီကို႔ရဲ႕ စက္သြယ္ေရးဆက္ကို နံပတ္စိမ္းတခု ဝင္လာသည္..

ခ်င္ပုယြဲ႕က လီကို႔ေဘးမွာ ထိုင္ၿပီး တီဗီၾကည့္ေနခ်ိန္ျဖစ္သည္.. "ကိုင္လိုက္ေလ.. ဘာလို႔မကိုင္တာလဲ"

လီကိုက အနည္းငယ္ခ်ီတုံခ်တုံ ျဖစ္ေနၿပီးေနာက္ ခလုတ္ကိုႏွိပ္လိုက္သည္..

"ဟလို" တဖက္က အသံက သိပ္မရင္းႏွီး တဲ့ အသံေပမယ့္ လီကိုက ခ်က္ခ်င္းဘယ္သူမွန္းသိလိုက္သည္."ေဖးေဖးလား"

ေဖးေဖးက "ဗိုလ္ခ်ဳပ္ႀကီးလု"

လီကိုက သက္ျပင္းခ်ကာ "ဗိုလ္ခ်ဳပ္ႀကီးလို႔ မေခၚပါနဲ႔ေတာ့.. လုယြင္ခ်ီလို႔ပဲေခၚပါ"

တဖက္က အသံတိတ္သြားသည္.. အေတာ္ၾကာမွ ေဖးေဖးကေမးသည္.."အဆင္ေျပရဲ႕လား"

လီကိုက "ေျပပါတယ္"

ေဖးေဖးက ဘာမွမေျပာေတာ့..

လီကိုက ေမးလိုက္သည္.."မင္းေရာ.. အဆင္ေျပလား"

ေဖးေဖးက ခပ္တိုးတိုးျပန္ေျပာသည္.. "အရမ္းအဆင္ေျပပါတယ္"

လီကိုက "အင္း.. ေကာင္းတာေပါ့"

သူတို႔ ဒီစကားေတြ အျပန္အလွန္ေျပာၿပီးေနာက္ ဘာဆက္ေျပာရမလဲ မသိ ျဖစ္ေနၾကသည္.. အစကေတာ့ လီကိုက ေဖးေဖးသူ႔ကို ႐ုတ္တရက္ႀကီး ဘာလို႔ ဖုန္းဆက္ပါလိမ့္ဆိုတာ စဥ္းစားမရ ျဖစ္ေနတာ.. ေနာက္ေတာ့မွ ခ်င္ပုယြဲ႕ ရဲ႕ ထမင္းစားခန္းတုန္းက အၿပဳံးႀကီးကိုလည္း ျပန္ေတြးမိကာ တခုခုေတာ့ ျဖစ္ေနၿပီဆိုတာ သတိထားမိသည္..

ထင္သည့္ အတိုင္းပင္ တဖက္က ေဖးေဖးက အနည္းငယ္ တုႏ္ုယင္ေနသည့္အသံျဖင့္ ေျပာလာသည္.. "ဘာလို႔ ကြၽန္မကို လိမ္ရတာလဲ"

လီကိုက "အရမ္းေတြးမေနပါနဲ႔.. ကိုယ္တိုင္က ဆႏၵရွိလို႔ပါ"

"ထိုက္တန္လို႔လား?" ေဖးေဖးက ဆက္ေျပာသည္.. "သူစိမ္းတစ္ေယာက္ကို ဒီေလာက္ လုပ္ေပးဖို႔ ထိုက္တန္လို႔လား"

လီကိုက "မင္းက သူစိမ္းမဟုတ္ပါဘူး"

ခ်င္ပုယြဲ႕က တေလ်ာက္လုံးေဘးမွာ သူတို႔ေျပာတာကို နားေထာင္ေနတာျဖစ္သည္.. လီကို႔ဘက္က ႐ြမ္ေဖးေဖးကို မင္းကသူစိမ္းမဟုတ္ပါဘူး လို႔ ေျပာလိုက္ခ်ိန္မွာေတာ့.. သူ႔မ်က္ႏွာက တင္းမာသြားသည္..

ထို႔ေၾကာင့္သူက လီကို႔ဆီက စက္ကို ျဖတ္ခနဲ ဆြဲယူလိုက္သည္..

ခ်င္ပုယြဲ႕က "႐ြမ္ေဖးေဖး"

သူမက ခ်င္ပုယြဲ႕ အသံကိုၾကားလိုက္ေတာ့ ေၾကာင္သြားသည္.. ၿပီးမွ အံကိုႀကိတ္ကာ "ခ်င္ပုယြဲ႕"

ခ်င္ပုယြဲ႕က ျပန္ေျပာသည္.."မေတြ႕တာေတာင္ၾကာၿပီ"

႐ြမ္ေဖးေဖးက တင္းမာသည့္ေလသံျဖင့္ "ကြၽန္မကို စာပို႔တာ ရွင္ မွတ္လား..ရွင္ ဘာလိုခ်င္တာလဲ.. လုယြင္ခ်ီကို လက္ဖ်ားနဲ႔ေတာင္ ထိဖို႔မစဥ္းစားနဲ႔.. ကြၽန္မ အယ္လ္ဖာ မလုပ္ေတာ့ဘူး.. "

ခ်င္ပုယြဲ႕က ပ်င္းရိသံျဖင့္ျပန္ေျပာသည္.."ဒါကေတာ့ မရဘူးေလ. မင္း လုပ္ခ်င္တိုင္းလုပ္ၿပီး မလုပ္ခ်င္တိုင္း မလုပ္ေတာ့လို႔ရမလား.. "သူက ေျပာၿပီးသည္ႏွင့္ ပါးစပ္ကိုဟကာ လီကို႔ လက္ပင္းကို ကိုက္ခ်လိုက္သည္..

႐ုတ္တရက္မို႔ လီကိုလဲ အငိုက္မိသြားၿပီး... နာက်င္မႈေၾကာင့္ ညည္းသံ တခ်က္ထြက္သြားသည္..

တဖက္က ဒီအသံကိုၾကားလိုက္တဲ့ ေဖးေဖးက အလ်င္အျမန္ပင္ "ရွင္ သူ႔ကို ဘာလုပ္လိုက္တာလဲ"

ခ်င္ပုယြဲ႕က ေအးစက္စက္ျဖင့္ "ငါ့ဘာသာ ဘာလုပ္လုပ္ မင္းေစာက္ပူမပါဘူး"

အရမ္းနာသြားတဲ့ လီကိုက အသံကို ေဖးေဖး မၾကားေအာင္ တိုးကာ တား သည္"ေတာ္သင့္ၿပီ"

ခ်င္ပုယြဲ႕က  "ေတာ္ရမယ္.. ဟုတ္လား.. ဒီေလာက္နဲ႔ ဘာလို႔ေတာ္ရမွာလဲ.. ငါမင္းကိုေျပာလိုက္မယ္ လုယြင္ခ်ီ.. မင္းဒီတသက္ ႐ြမ္ေဖးေဖးနဲ႔ ဇာတ္ေပါင္းထုပ္ရမယ္ မထင္နဲ႔.. မင္းက ငါ့အပိုင္ပဲ.. ထာ၀ရ ငါ့အပိုင္ပဲ"

သူက တမင္တကာ ဖုန္းကို မခ်ပစ္ဘဲ တဖက္လူၾကားေအာင္ ေျပာသည္..

"ခ်င္ပုယြဲ႕"လီကိုက အရမ္းေဒါသထြက္ေနေပမယ့္ စိတ္ကို ႀကိဳးစားေလွ်ာ့ကာ ေျပာသည္.. "မင္းသိပ္ တရားမလြန္နဲ႔ "

ခ်င္ပုယြဲ႕က သူ႔စကားကို အဖတ္မလုပ္ပါ လီကို႔ ႏႈတ္ခမ္းကို နမ္းလိုက္သည္.. လီကိုက အျပင္းအထန္႐ုန္းကန္ၿပီး သူ႔လက္က အျမန္လြတ္ ထြက္ခ်ိန္မွာ ဖုန္းထဲက ႐ြမ္ေဖးေဖးရဲ႕ ေဒါသနဲ႔ ေအာ္သံကိုၾကားလိုက္သည္.. "ခ်င္ပုယြဲ႕.....!!!! ငါနင့္ကို သတ္ပစ္မယ္!!!"

လီကိုက ႐ုန္းရင္း "မင္းစက္ကို ပိတ္လိုက္ေတာ့"

ခ်င္ပုယြဲ႕က ဘယ္နားေထာင္ပမလဲ.. သူက ႐ြမ္ေဖးေဖးကို ရန္စလို႔မၿပီးေသးပါ.. "ငါ့ကိုသတ္မယ္?လာေလ.. ငါ့ကိုသတ္ခ်င္ေနတဲ့ လူေတြအမ်ားႀကီးရွိတယ္.. မင္းေအာင္ျမင္မလား ၾကည့္ၾကေသးတာေပါ့"

"ေတာ္ေတာ့" လီကို သည္းမခံႏိုင္ေတာ့ဘူး.. သူက ဆက္သြယ္ေရးစက္ကို ဆြဲလုကာ ပိတ္လိုက္သည္..

ခ်င္ပုယြဲ႕က အရယ္အၿပဳံးမရွိတဲ့ မ်က္ႏွာနဲ႔ ေမးသည္.."ဘာလဲ ေဒါသထြက္တာလား"

"မင္းဘာလို႔ သူ႔ကို သြားေျပာတာလဲ.."လီကိုက ဆက္ေျပာသည္.. "မင္းျဖစ္ခ်င္တာ အကုန္ ငါ ကတိေပးေပးၿပီးၿပီပဲ.. မင္း ဘာလိုခ်င္ေသးတာလဲ"

ခ်င္ပုယြဲ႕ အေတြးထဲမွာေတာ့.. 'ဘာလိုခ်င္ေသးလဲ ဟုတ္လား မင္းငါ့ကိုပဲျမင္တာ ၾကည့္တာကိုလိုခ်င္တာ.. ငါမွငါျဖစ္ေနတာကို လိုခ်င္တာ... တျခား ဘယ္သူ႔ကိုမွ မေတြးတာကိုလိုခ်င္တာ'

လီကို မတ္တပ္ရပ္လိုက္သည္.. ဒါေပမယ့္ သူ႔ကို ထြက္သြားခြင့္မေပးဘဲ ခ်င္ပုယြဲ႕က လက္မွ ေဆာင့္ဆြဲကာ ဆိုဖာ ေပၚ ဖိခ်လိုက္သည္..

လီကို "မင္းဘာလုပ္မလို႔လဲ"

ခ်င္ပုယြဲ႕က ျပန္ေျပာသည္.. "မင္းကို..လုပ္မလို႔"

လီကို "...."

အဲ့သလို မ်ားမ်ားစား စား ေလရွည္မေနဘဲ အေပၚ တန္းတက္တာမ်ိဳးကို သူ အလြန္သေဘာက်သည္..

ဒါနဲ႔ပဲ သူတို႔ ၂ဦး စိတ္ရွိတဲ့အတိုင္း ထင္တိုင္းက်ဲၾကသည္ေပါ့...

ခ်င္ပုယြဲ႕က သူ႔ကို ဘယ္လို ေဆးေတြေကြၽးထားသလဲ ေတာ့သူမသိပါ.. ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ အဲ့ဒီေဆးေတြ စသုံးလိုက္ၿပီဆိုတာနဲ႔ စိတ္ေကာ ကိုယ္ေကာ အရမ္းေနလို႔ေကာင္းတယ္.. အရမ္း တက္ႂကြလာတယ္.. ဒါေကာင္းတာလား ဆိုးတာလား. သူလဲ မေျပာတတ္ဘူး..

ဒီတစ္ေခါက္ကိစၥမွာ လီကို႔ကိုေကာ ႐ြမ္ေဖးေဖးကိုေကာ ခ်င္ပုယြဲ႕က ေတာ္ေတာ္ ေဒါသထြက္သြားတာမို႔ သူက ကမႉးရႈးထိုးကို ႀကဳံးသည္..

ျပန္ေတာင္ ေျပာျပလို႔ မရေလာက္တဲ့ ကိစၥေတြ လုပ္ၿပီးခ်ိန္မွာေတာ့ လီကို႔ရဲ႕ ဝိညာဥ္နဲ႔ ခႏၶာက တထပ္တည္းက်သြားသလို.. ေက်နပ္မႈမ်ိဳးရသြားသည္..

တဖက္မွာေတာ့ လီကိုနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနသူက ေဖးေဖးျဖစ္သည္.. သူမက ေၾကကြဲ ဝမ္းနည္းမႈမ်ားႏွင့္ ၿပိဳလဲေတာ့ ဖို႔ နည္းနည္းသာလိုေတာ့သည္... သူမ အယ္လ္ဖာ ျဖစ္ဖို႔ သူ႔ရဲ႕ ေပးဆပ္မႈက ေၾကာက္ခမန္းလိလိ မ်ားျပားလြန္းတယ္..

ေဖးေဖးရဲ႕ အျမင္မွာ အိုမီဂါဆိုတာ အလကား ငေပ်ာ့ပဲ... ဘယ္ေလာက္သန္မာခ်င္ပါေစ.. ဘယ္လိုႀကိဳးစားႀကိဳးစား အယ္လ္ဖာ တစ္ေယာက္အသာေလး လုပ္ႏိုင္တဲ့ အရာတစ္ခုကို သူတို႔လုပ္ႏိုင္ဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ေအာင္ကို ခႏၶာ ဖြဲ႕စည္းပုံက ႏူးညံ့လြန္းတယ္..

ပိုဆိုးတာက ဘယ္ေလာက္ပဲ တားျမစ္တဲ့ ေဆးေကာင္းေတြ သုံးသုံး သူတို႔ရဲ႕ estrus ကာလ ေရာက္ၿပီဆိုရင္ ရမၼက္ေက်းကြၽန္ဘ၀ကို ေရာက္ခ်င္းမလွ ေရာက္ရတာပဲ..

ဒါေတြကို ေတြးမိေတာ့ တခ်ိန္က မာနနဲ႔ သိကၡာ အျပည့္ ျဖင့္ ရပ္တည္လာခဲ့တဲ့ လုယြင္ခ်ီ.. သူ ဘယ္လိုမ်ား ဒီကိစၥေတြကို ျဖတ္သန္းခဲ့လဲ... သူမစဥ္းစားလိုက္တာနဲ႔ ခ်င္ပုယြဲ႕ကို အမႈန႔္ႀကိတ္ပစ္ခ်င္လာသည္.. အေစာတည္းကသာ ျဖစ္စဥ္အမွန္ကိုသိမယ္ဆိုရင္.. သူမ လုံး၀အယ္လ္ဖာ လုပ္မွာ မဟုတ္ပါ..

ဒါေပမယ့္ အခုေတာ့ အရမ္းေနာက္က်သြားၿပီ.. သူမရဲ႕ ဆက္သြယ္ေရးစက္ကို ေျမႇာက္ၾကည့္လိုက္ေတာ့ အခ်ိန္က 10:39 .. ေလယဥ္ေပၚတက္ဖို႔ မိနစ္၂၀ သာလိုေတာ့သည္..

'ယြင္ခ်ီ... ကြၽန္မ လာတာကိုေစာင့္ေပးပါ' ေဖးေဖးကေတြးသည္.. 'ကြၽန္မရွင့္ကို ကာကြယ္မယ္'

...

တံခါးေခါက္သံေၾကာင့္ လီကို အိပ္မႈန္ေစာ္မႊားျဖင့္ မ်က္လုံးပြင့္လာသည္.. ခ်င္ပုယြဲ႕က အခန္းျပင္ထြက္ဖို႔ျပင္ေနတာ သူ ေတြ႕လိုက္၏..

ခ်င္ပုယြဲ႕က လီကို ႏိုးလာတာကိုေတြ႕ေတာ့ ျပန္လာနမ္းလိုက္ၿပီး"ဆက္အိပ္.. ကိုယ္သြားဖြင့္လိုက္မယ္"

လီကို မ်က္လုံးျပန္မွိတ္လိုက္သည္..

သူျပန္မွိတ္လိုက္ၿပီး မၾကာခ်င္မွာပင္ ဧည့္ခန္းထဲမွ ၀ုန္းဆိုသည့္ အသံႀကီးတစ္ခုၾကားလိုက္ရသည္.. လူႏွစ္ေယာက္ နပန္းလုံးေနေသာ အသံမ်ိဳးလဲဆက္ၾကားရသည္..

လီကို ဆတ္ခနဲ ထထိုင္လိုက္သည္.. သူ ခ်င္ပုယြဲ႕ကို စိတ္ပူလို႔ မဟုတ္ပါ.သူ႔အိမ္က ပစၥည္းေတြ ပ်က္ဆီးမွာ စိုး၍ ျဖစ္သည္.... ေဘာင္းဘီ အျမန္ေကာက္စြတ္ကာ အက်ိေတာင္ မဝတ္ႏိုင္ဘဲ သူ အျမန္ ဧည့္ခန္းသို႔ ေျပးသည္..

သူထင္တဲ့ အတိုင္းပဲ ခ်ေနၾကသည္.. အယ္လ္ဖာႏွစ္ေယာက္ရဲ႕ ရန္ပြဲေၾကာင့္ လီကို႔ ဧည့္ခန္းတစ္ခုလုံးကို စုတ္ျပတ္ ပြ လန္သြားသည္..စားပြဲခုံအက်ိဳးရယ္.. ေကာ္ေဇာ ေတြ ႐ြဲ႕ပဲ့ကုန္တာရယ္.. ဆိုဖာေတြ ေဇာက္ထိုးျဖစ္ကုန္တာရယ္.. ၿပီးေတာ့ ၾကမ္းေပၚကို က်ကြဲေနတဲ့ တီဗီရယ္.. သူ႔ ေဒါသေတြ မိုးထိ မႊန္ထြက္သြားသည္.. "ခုခ်က္ခ်င္းရပ္"

သူေအာ္လိုက္တဲ့အခ်ိန္မွာ ႐ြမ္ေဖးေဖးကို ခ်င္ပုယြဲ႕က အုပ္မိုးကာ လက္သီးျဖင့္ ထိုးေနခ်ိန္ျဖစ္သည္.. ဒါေပမယ့္ သူမက လက္ေလွ်ာ့မည့္ ႐ုပ္မ်ိဳးေတာ့ မဟုတ္ပါ.. သူမက အံကိုႀကိတ္ကာ ခ်င္ပုယြဲ႕ကို ေဆာင့္တြန္းလိုက္သည္..

"အခုခ်က္ခ်င္းရပ္ၾကေတာ့!!!" လီကိုက ထပ္ေအာ္သည္.. "ရန္ျဖစ္ခ်င္ရင္ အျပင္ထြက္ၾက.!!. ခ်င္ပုယြဲ႕ !! ႐ြမ္ေဖးေဖး!!"

လီကို႔ ေအာ္သံေၾကာင့္ ႏွစ္ေယာက္လုံးနည္းနည္းေတာ့ ေၾကာင္သြားၿပီး ခ်ေနတာနည္းနည္း ေႏွးသြားသည္..

သူတို႔က ရန္ျဖစ္တာကို ရပ္မည့္ပုံမေပၚသည့္အတြက္ လီကိုက တံခါးကိုဆြဲဖြင့္ကာ ေျပာသည္.. "အခုခ်က္ခ်င္း..ထြက္သြားၾက!!"

ခ်င္ပုယြဲ႕က သူ႔ကိုယ္သူ မတရားခံရသလို ခံစားရၿပီး ေျပာသည္.."ယြင္ခ်ီ.. သူအရင္စတာ"

ထိုစကားကိုၾကားေတာ့ ေဖးေဖး သူ႔ကို ေျပး ကိုက္ခ်င္သြားသည္.. သူမက သြားၿဖဲကာ မာန္ဖီသည္.. "ေစာက္ႏွာဗူးေကာင္"

ခ်င္ပုယြဲ႕က လည္း ျပန္မာန္သည္.. "မင္းထပ္ေျပာလိုက္စမ္း"

႐ြမ္ေဖးေဖးက ျပန္ေျပာမည္ျပင္လိုက္ၿပီးမွ လီကို႔ရဲ႕ အဓိပၸာယ္ပါသည့္အၾကည့္ေၾကာင့္ ျပန္ၿငိမ္သြားၿပီး "ယြင္ခ်ီ.. မေၾကာက္နဲ႔.. ကြၽန္မရွိတယ္.. သူရွင့္ကို ထပ္အႏိုင္မက်င့္ ေစရဘူး"

အခန္းရဲ႕ စုတ္ျပတ္သြားတဲ့ အေျခအေနကိုၾကည့္ကာ လီကို ေခါင္းပင္ကိုက္လာသည္."မင္း...တို႔..."

ေဖးေဖးက အျမန္ေျပာသည္.."ယြင္ခ်ီ.. ကြၽန္မကို စိတ္မပူနဲ႔ .. သူကြၽန္မကို ဘာမွ မလုပ္ႏိုင္ဘူး"

ခ်င္ပုယြဲ႕ က ခနဲ႔သလို ရယ္သည္...

လီကိုက သူ႔ဘာသာ ေတြးသည္.. 'မင္းတို႔ကို လည္း ငါမစိုးရိမ္ပါဘူး.. ငါ့အိမ္ တခုလုံး ရစရာ မရွိျဖစ္မွာကိုပဲစိုးရိမ္တာ' သူက အသက္ကိုျပင္းျပင္းရႈလိုက္ကာ ေဒါသကို အတင္းေလွ်ာ့ခ်လိုက္ၿပီး... ခပ္ ျဖည္းျဖည္းေမးသည္.. "မင္းဘာလို႔ ျပန္လာတာလဲ"

ခုနက ခ်င္ပုယြဲ႕ႏွင့္နပန္းသတ္ေနရသျဖင့္ လုယြင္ခ်ီကို ေဖးေဖး ေသခ်ာ မၾကည့္မိလိုက္.. အခုေသခ်ာ ၾကည့္လိုက္မိေတာ့မွ သူ႔ ရဲ႕ ကိုယ္အေပၚပိုင္း အက်ီမဝတ္ထားသည့္ ေနရာမွာ လိင္ ဆက္ဆံမႈေၾကာင့္ က်န္ရစ္ခဲ့တဲ့ အမွတ္အသားမ်ားစြာေတြ႕ရသည္.. လည္ပင္းမွာဆိုကိုက္ရာမ်ားပင္ေတြ႕ရေသး၏.. သူမ ကေလးမဟုတ္ေတာ့ပါ.. ဒါေတြက ဘာအဓိပၸာယ္လဲဆိုတာ မသိဘဲ ေနပမလား.. "ယြင္ခ်ီ.. ဟိုေခြးမသား နင့္ကို ဘာေတြလုပ္ထားတာလဲ"

ခ်င္ပုယြဲ႕က လီကို႔ နားကို ေလွ်ာက္သြားၿပီး ခါးကို ဆြဲဖက္လိုက္သည္.. သူက မဲ့ၿပဳံးျဖင့္.. "လုပ္သင့္တာ အကုန္လုပ္ၿပီးၿပီ.. မင္းဘာတတ္ႏိုင္လဲ"

ခ်င္ပုယြဲ႕ကို စားမလိုဝါးမလို ႐ြမ္ေဖးေဖးၾကည့္လိုက္သည္..

အယ္လ္ဖာျဖစ္ၿပီးေနာက္မွာ တခ်ိဳ႕အရာေတြက သူမအတြက္ေတာ္ေတာ္ေျပာင္းလဲသြားတယ္.. အသိသာဆုံးကေတာ့ အရင္တုန္းက သူမမွာ မရွိခဲ့ဖူးတဲ့ ဟိတ္ဟန္ပဲ.. .သူမပုံစံက သားေကာင္ကေန မုဆိုးျဖစ္သြားၿပီ..

လီကိုက သက္ျပင္းခ်သည္.. "ျပႆနာရွာ မေနနဲ႔.. ကိုယ္ ဘာမွ မျဖစ္ဘူး"

ဒီစကားကို သူမက ဘယ္လိုလုပ္ယုံပမလဲ.. သူမက "သူ ရွင့္ကို ၿခိမ္းေျခာက္ထားလား.. ယြင္ခ်ီ... တခြန္းပဲေျပာလိုက္.. သူရွင့္ရဲ႕ ဆံစ ကိုေတာင္ မထိေစရဘူး"

ခ်င္ပုယြဲ႕က ဝင္ေျပာသည္.. "မင္းကို အားကိုးစရာလား.. ဟားဟား ႐ြမ္ေဖးေဖး .. မင္းကို ဒီဘ၀ကို ေရာက္ေအာင္ ငါလုပ္ေပးႏိုင္သလို ...ျပန္ဆြဲခ်တာလည္း ငါလုပ္ႏိုင္တယ္.. မင္းယုံလားေတာ့မသိဘူး"

သူတို႔ႏွစ္ေယာက္က အေခ်အတင္ ဆက္ျဖစ္ေနမယ့္ပုံရွိတာကိုသိတဲ့လီကိုက .. ေခါင္းကိုက္လာသျဖင့္.. "မင္းတို႔၂ေယာက္ အခန္းကိုျပန္ရွင္းထား.. ငါ ထပ္အိပ္ဦးမယ္"

႐ြမ္ေဖးေဖးက တခုခုေျပာဖို႔ျပင္လိုက္သည္..

လီကိုကျဖတ္ေျပာလိုက္သည္.."မင္းေျပာခ်င္တာရွိရင္ ကိုယ္ႏိုးလာမွ ေျပာ"... မေန႔က သူတို႔ ႏွစ္ေယာက္ မနက္၅နာရီအထိ ပြဲၾကမ္းခဲ့ၾကတာမို႔.. ေလာေလာဆယ္မွာ သူ႔ ဦးေႏွာက္က ေပါက္စီ ထဲက အစာလို႔ မြေၾကၿပီး အလုပ္မလုပ္ႏိုင္..

ခ်င္ပုယြဲ႕က သူ႔ကို ဖက္လိုက္ၿပီး "ယြင္ခ်ီ.. ကိုယ္မင္းကိုအေဖာ္ျပဳေပးမယ္"

လီကိုက သူ႔လက္ကို ဆြဲျဖဳတ္လိုက္ကာ ဧည့္ခန္းကို လက္ညႇိဳးၫႊန္ျပလိုက္ၿပီး.. "ဖြတဲ့သူ ျပန္ရွင္း.. ငါႏိုးလာတဲ့အခ်ိန္မွာ အားလုံးေသခ်ာသပ္ရပ္ေနတာပဲျမင္ခ်င္တယ္"

လက္အျဖဳတ္ခံလိုက္ရတဲ့ ခ်င္ပုယြဲ႕က မႈန္ေတေတ ျဖစ္သြားသည္..

လီကိုက အိပ္ခန္းဘက္ကို လွည့္ျပန္မသြားခင္ ေနာက္တစ္ခြန္းထပ္ေျပာလိုက္သည္.. "မင္းတို႔ စကားမ်ားလို႔ရတယ္... ဒါေပမယ့္ ထခ်မယ္ဆိုရင္ေတာ့ ငါ့အိမ္ထဲက ထြက္သြားလိုက္" သူေျပာေနတဲ့အခ်ိန္မွာ သူ႔မ်က္ႏွာက တင္းမာေနသျဖင့္ ႐ြမ္ေဖးေဖးေရာ ခ်င္ပုယြဲ႕ေရာ ဘာမွ ေစာဒကျပန္မတက္ရဲေပ..

လီကိုက အခန္းတံခါးကို ၀ုန္းခနဲ ေဆာင့္ပိတ္ကာ ျပန္အိပ္သည္..

သူအိပ္ေပ်ာ္သြားတာ ေန႔ခင္းက်မွ ျပန္ႏိုး၏..

သူႏိုးလာေတာ့ မအိပ္ခင္က ဘာေတြျဖစ္သြားခဲ့တာပါလိမ့္ဆိုၿပီးျပန္စဥ္းစားလိုက္ကာ "ထုန္ထုန္.. ငါတကယ္ပဲ ဒီမနက္ သူတို႔ ၂ေယာက္ကို ေအာ္ဟစ္ခဲ့တာလား"

Ststem "မင္း မွတ္မိေသးတယ္ေပါ့"

လီကို ".....ဘယ္လိုလုပ္မလဲ... ငါေၾကာက္တယ္ဟ"

System "ေသလဲ ဘာထူးဆန္းတာမွတ္လို႔"

လီကို "...."

System "မင္းေသႏွင့္ခ်င္လဲ ေသလို႔ရတယ္ ေျပာျပတာပါ"

ေဖးေဖးရဲ႕  bar တန္းက ျပည့္ဖို႔ နည္းနည္းပဲလိုေတာ့တာကို သူက ေသစရာလား.. အိပ္ယာမွာ ခဏလွဲအခ်ိန္ယူၿပီးေနာက္.. သူ ေရွာင္ေျပးလို႔မရႏိုင္မွန္းေတြးကာ မထခ်င္ထခ်င္ျဖင့္ အိပ္ယာမွ ထလိုက္သည္..

အိပ္ခန္းတံခါးကို ဖြင့္လိုက္သည္ႏွင့္ ဧည့္ခန္းအသစ္တစ္ခုကို သူေတြ႕လိုက္ရသည္... ထို႔အျပင္ အစက နင္ေသရင္ေသ မဟုတ္ရင္ငါေသ ဆိုၿပီး နပန္းသတ္ေနသည့္ ႏွစ္ေယာက္က ခုေတာ့ ဆိုဖာ ေပၚမွာ 'ဒီတိရိစာၦန္နဲ႔ အတူထိုင္ေနရတာ ငါသိကၡာက်တယ္' ဆိုသည့္ မ်က္ႏွာထားမ်ားျဖင့္ ထိုင္ေနၾကသည္..

လီကို ႏိုးလာတာကိုျမင္တဲ့ ႐ြမ္ေဖးေဖးက အျမန္သူ႔ဆီသြားကာ "ယြင္ခ်ီ..ႏိုးလာၿပီလား"

လီကို "...အင္း"

ခ်င္ပုယြဲ႕က "မင္းစားဖို႔ကိုယ္ျပင္ထားေပးတယ္. ယြင္ခ်ီ.. အရင္စားလိုက္မလား"

႐ြမ္ေဖးေဖးကလည္း "ေရေလးအရင္ခ်ိဳးလိုက္ပါလား.. ေရပူ ျပင္ထားေပးတယ္"

ခ်င္ပုယြဲ႕က ထပ္ေျပာသည္.. "စားစရာက ေအးသြားရင္ စားလို႔မေကာင္းေတာ့ဘူး"

႐ြမ္ေဖးေဖးကလည္း "ေရခ်ိဳးၿပီးမွ လူက ေနလို႔ေကာင္းမွာေပါ့"

လီကို "....." အေမေရ.. လုပ္ၾကပါဦး..

သူ႔ေရွ႕က ႏွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္ မ်က္ေတာင္မခတ္ဘဲ ေစာင္ၾကည့္ေနၾကသည္..

ၾကားထဲက လီကိုက ေၾကာက္ေၾကာက္ျဖင့္.. "လုပ္စရာရွိလို႔ အျပင္ခဏသြားလိုက္ဦးမယ္"

"လိုက္မယ္" ႏွစ္ေယာက္က တၿပိဳင္တည္းေျပာသည္..

လီကိုက"ဟင့္အင္း.. ကိုယ့္ဘာသာ ပဲသြားမယ္"

႐ြမ္ေဖးေဖးေရာ ခ်င္ပုယြဲ႕ေရာ မေပ်ာ္ပါ..

လီကို က "မင္းတို႔ ၂ေယာက္...."

ေဖးေဖးက "အိမ္မွာေစာင့္ေနမယ္"

ခ်င္ပုယြဲ႕ "အိပ္ယာထဲမွာ ေစာင့္ေနမယ္"

ေဖးေဖး "..." ေသနာ..

လီကို "....အိုေက.. လုပ္ခ်င္တာလုပ္"  သူတို႔ထ မသတ္ၾကရင္ၿပီးတာပဲ..

ဒါနဲ႔ပဲ သူလဲအျပင္ထြက္လာခဲ့သည္.. အမွန္ေတာ့ သူအျပင္မွာ ဘာမွ လုပ္စရာမရွိပါ... အိမ္မွာ မေနခ်င္တာပဲရွိသည္..

ထြက္လာၿပီးေတာ့မွ လီကို ေတြးပူမိတာရွိသည္.. "ေဖးေဖး က ငါ့ကို ႀကိဳက္ေနရင္ ဘယ္လိုလုပ္မလဲ"

System ကျပန္ေျဖသည္.. "ယူလိုက္ေပါ့"

လီကို ..."..... မင္းငါ့ကို တကယ္ကို အ႐ြဲ႕ တိုက္ေနတာပဲ"

System "ဟိဟိ.... မေက်နပ္ရင္ လာကိုက္ေလ"

လီကို "... ၿဗဲ... ခ်စ္ဖို႔ေကာင္းတဲ့ ထုန္ထုန႔္ကို ျပန္ေပး"

Notes

ဒီတခါ ၂လေတာင္ၾကာသြားတယ္... ဟီးဟီး

ဒါနဲ႔.. စကားမစပ္..အခုတေလာ အရမ္းေႂကြေနတာ li hongyi... XD

Continue Reading

You'll Also Like

87.7K 10.2K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
398K 50.4K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
54.7K 4.1K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...