မူနွဲ့ချစ်သော မမကြီး Part 3
မမကြီး နဲ့ မူနွဲ့ဟာ နီးနေရက်နဲ့ဝေးနေကြသည်
မူနွဲ့ မမကြီးကြည့်လျှင် မမကြီးက မူနွဲ့ကိုမကြည့်ပါ
မမကြီး မူနွဲ့ကိုကြည့်လျှင် မူနွဲ့ မမကြီးကိုမကြည့်ပါ
ကိုမြတ်သာဒင်သည် ကျွန်မကိုပွဲထုတ်မရတော့
ပွဲကို အိမ်ထုတ်လာသည် ညတွင်ပြုလုပ်မည့်dinnerအတွက် ကိုမြတ်သာဒင်တစ်ယောက် လက်ညိုးတစ်ထိုးထိုး ခိုင်းနေသည်ကို ကြည့်နေမိသည်
အထူးသဖြင့် မူနွဲ့ကိုအငြိုးနဲ့ ဆက်တိုက်ခိုင်းနေတာကိုပင် စိတ်ထဲမှာဘာကို အစိုင်အခဲဖစ်နေမိသည်မသိ
သူမဝင်ပြောလျှင် ကိုမြတ်သာဒင်သည် ပိုလို့တောင် တိုးလုပ်မည်
သူမ မကြည့်နိုင်တော့.........
.....................................
ခွန်အားထက်သာတဲ့ပန်းအိုးကို မပြီးနောက် မမကြီးကိုကြည့်လိုက်သည်
မမကြီးဟာဖြင့် ထွက်သွားလေပီ ချစ်သောသူရဲ့ ဥပေက္ခာပါလေ
"ဟ မူနွဲ့ ငါပြောတာအဲ့နားမဟုတ်ဘူး ဟိုနားကွ ပြန်ရွေ့စမ်း"
"ဟုတ်ကဲ့ အရေးပိုင်မင်း"
.................................
"အယ် ညီမကလှတာကွယ်"
"ဟုတ်သားနော် အသားလေးကညိုစစနဲ့ ပြင်ပြင်ဆင်ဆင်ရှိလိုက်တော့ တင့်တယ်တာဘဲ"
အရေးပိုင်မင်းအမိန့်အရ အစေခံအားလုံးကြည့်ပျော်ရှုပျော်ပြင်ရမည်ဆို၍ ပြင်ရခြင်းဖစ်သည်
မူနွဲ့ဖြင့် ကိုယ်လုံးနဲ့တိုင်းကပ်ချုပ်ထားသည့် မြန်မာဝတ်စုံကိုသဘောမကျ ခါးတိုရင်ဖုံးဖစ်တာမို့ အသားပေါ်ရင်နေရခက်သည်
မမကြီးကတော့ ဒီလိုဟာမျိုးတွေအထည်လဲဝတ်သည် မမကြီး အဲ့လိုဝတ်စားထားတာလေးကိုက သိပ်ကိုလှသည် သွယ်နေတဲ့ခါးလေး ခပ်လုံးလုံးပုခုံးလေး
ဘယ်နည်းနဲ့မဆိုလှနေတာပါလေ
မူနွဲ့ဖြင့် လွမ်းရပီ အနားမှာရှိနေရက် နွမ်းလေခြင်း လွမ်းလေခြင်း
............................................
"မမကြီး မမကြီး မူနွဲ့သိပ်လှနေတယ်မလား ကြည့်ပါဦး"
အရေးပိုင်မင်းကို ကပ်မြှောက်လိုက် မမကြီးကိုကပ်မြှောက်လိုက် လုပ်နေသော ဒေါ်လုံးက မမကြီး မူနွဲ့ကိုအလေးပေးမှန်းသိ၍ ဝင်ပြောသည်
မမကြီးက နှင်းဆီတွေကို ရိုးတံချွေနေသည်
အဝါနုရောင်လေးဆင်ထားသောကြောင့် အသားလေးက ဝင်းနေသည် အို မမကြီးနဲ့ သူမဟာ အရောင်ဆင်တူနေပါ့လား
မူနွဲ့မမကြီးမျက်နှာအားကြည့်လိုက်မိသည်
မျက်ဝန်းတွေထဲရှာမိသည် ဘာကိုရှာနေမိလဲ မူနွဲ့မသိ
မမကြီးဟာ အမူအရာမပြောင်းလဲ ခဏ မူနွဲ့ကိုကြည့်ပီးမှ မျက်နှာလွှဲသွားသည်
"ဘယ်နားများလဲ မမကြီးဖြင့် မတွေ့မိဘူး"
တိတ်တခိုး လှုပ်ရှားမိသွားတဲ့ မူနွဲ့စိတ်တွေကို လှောင်ရယ်မိသွားသည်
မူနွဲ့ဘာများတတ်နိုင်မလဲ မမကြီးမှ မူနွဲ့ကို မေတ္တာမပိုချင်ဘဲ.......
........................................
ဖစ်ရလေ ဖစ်ရလေ ဘယ့်နဲ့ကြောင့်များ ဒီလိုတွေဖစ်နေရသလဲ
မမကြီးဟာ သူမလက်ထဲမှ ထက်ဝက်ကျိုးသွားသော နှင်းဆီပန်းကိုကြည့်မိသည်
ကွဲအက်ကာ ညှိုးနွမ်းသွားရသည့် နှလုံးအိမ်ဟာ အခုတော့ အလုပ်ကောင်းကောင်းပြန်လုပ်နေလေပီထင်
မူနွဲ့ကြောင့်ပါလေ စိတ်ကို အစိုးမရစေဘူး
ကြည့်လေ ယဉ်လေ ရုန်းလေ နစ်လေ အလှတရားပါပေလား
မူနွဲ့ လှသလားတဲ့..........
လှပါတယ် လှပါတယ်ကွယ် မူနွဲ့ရယ်...
လှနေလွန်းလို့ လက်တွေတောင် တင်းကျပ်သွားမိတယ် လက်ထဲက နှင်းဆီဟာ သက်သေပါလေ.........
.....'...................................
"ကိုမြတ်သာဒင်"
မြတ်သာဒင်တစ်ယောက် လေသံခပ်သာသာနဲ့ သူမခေါ်လာသည်မို့အထူးတဆန်း ဖစ်ခါငေးရသည်
"ဟင်"
"ဟိုးနားမယ် မူနွဲ့နဲ့စကားပြောနေတဲ့ သူငယ်က ဘယ်သူလဲ"
မြတ်သာဒင်လည်း သူမမေးငေါ့ရာ မျှော်ကြည့်ရသည်
"အော် မောင်မောင်တင် စာရေးလေးလေ သူကနယ်ဘက်ကနေ ရာထူးတိုးလာတာ ဒါလင်ရဲ့ ဒီမှာနေဖစ်တော့မှာ"
"ဒါနဲ့များ မူနွဲ့နဲ့ဘာဆိုင်သလဲ"
"ဒါလင်ရယ် ပြောပါစေပေါ့ကွာ သူတို့လူတန်းစားအချင်းချင်း ညားတော့လေ ညားစေပေါ့"
"အို..."
ကိုမြတ်သာဒင်စကားကြောင့် ရင်ထဲ ပြိုကျသလို ကြွေကျသလို ယိုင်နဲ့မလို ဘယ်နှဲ့ခံစားချက်တွေတုန်း
မြတ်သာဒင်လည်း မိတ်ဆွေများနဲ့စကားပြောရင်း
ဒါလင်တွဲထားတဲ့ လက်မောင်းက တင်းကျပ်လာပီး လက်သည်းများပါ နစ်ဝင်လာသည်မို့ မျက်နှာခပ်ရဲရဲနဲ့ပင်မသိသာအောင် ဖယ်ချရသည်
........................................
မူနွဲ့ စကားလာပြောနေတဲ့ လူယဉ်ကျေး မောင်မောင်တင်ကို စကားဧည့်ခံပြောနေရသည်
မျက်ဝန်းထောင့်မှ မြင်ရသော မမကြီးဆီလည်း ခိုးကြည့်နေမိသည်
အရေးပိုင်မင်းရဲ့ လက်မောင်းကို တွဲထားတဲ့ မမကြီးရဲ့ လက်သွယ်သွယ်များကို ကြည့်မိကာ စိတ်ထဲတွင် အလိုရယ်မကျနိုင်
တစ်ဖန်ကြည့်ပြန်တော့ မမကြီးမရှိတော့
"မူနွဲ့ မူနွဲ့ ကျွန်တော် ပြောတာ ကြားပါရဲ့နော်"
"ဟုတ် ဟုတ်ကဲ့ စာရေးလေး"
ကြည်အေး ယဉ်သာသော အပြုံးနုနဲ့ အမျိုးသားအား သူမပြောမိသည် အရေးပိုင်မင်းရဲ့ဧည့်သည်တွေကိုး
.....................................
"မူနွဲ့"
မူနွဲ့ သစ်သီးများခွဲရန် သိုလှောင်ရုံဘက် သစ်သီးလာယူနေခြင်းဖြစ်သည်
"အို မမကြီး"
သိုလှောင်ရုံရဲ့ခပ်မှောင်မှောင်နေရာမှ မမကြီးထွက်လာသည်
"မမကြီး ဘာများလိုလို့ပါလဲ မူနွဲ့လုပ်ပေးပါ့မယ် အထဲဝင်နေပါရှင်"
မမကြီးမျက်နှာအား တည့်တည့်မကြည့်ဘဲသာ ပြောမိသည်
"တို့ကိုကြည့် မူနွဲ့"
"ဟင့်အင်း မူနွဲ့ မကြည့်ပါရစေနဲ့"
မူနွဲ့ခံစားချက်အမှားတွေမြင်ယောင်ပီး မျှော်လင့်ချက်တွေရယ် တမ်းတခြင်းတွေရယ် ထပ်မဖစ်ချင်
"တို့ကိုတော့ တည့်တည့်မကြည့်ဘဲ စာရေးလေးကိုတော့ တည့်တည့်ကြည့်သားနော်"
"မမကြီး စာရေးလေးက ဧည့်သည်တော်ပါ မူနွဲ့ အနေနဲ့ ဘာများပြောနိုင်မလဲ"
"တို့ကတော့ မူနွဲ့များ ဒီညအလှနဲ့ စာရေးလေးကိုယစ်မူးစေတော့မယ် တွေးထင်မိသား"
မူနွဲ့လက်တွေတဆက်ဆက်တုန်သွားသည်
ပြောရက်လိုက်တာ ပြောရက်ခဲ့တယ် ပြောထွက်ခဲ့တယ် မမကြီးရယ်
ချစ်နေသူနှလုံးသားကို သိနေရဲ့နဲ့များ ယိုးစွပ်ရက်တယ်
မျက်ဝန်းတွေဟာ မျက်ရည်ဝဲတယ် ဒေါသမျက်ရည်မဟုတ်ရပါ ဝမ်းနည်းမျက်ရည်ပါလေ
မူနွဲ့ဘာမှမပြောမိပါ ပြန်ပြောဖို့ရယ်လည်း မထွက်ပါ
လာယူတဲ့ အသီးကိုသာယူပီး လှည့်ထွက်မိသည်
"စာရေးလေးကိုယစ်မူးစေဖို့ မူနွဲ့ မတတ်နိုင်ပါဘူး မမကြီး။
မမကြီးဘဲ ပြောခဲ့ရဲ့မလား မူနွဲ့မလှပါလေ"
တံခါးအဟမှာ ထိုနေရာတွင်ရပ်နေသော မမကြီးကိုပြောခဲ့သည်
........................................
အလို မှောင်မိုက်ခြင်းတွေပါလား အလင်းရောင်လေးထွက်သွားချိန်မှာ မှောင်မိုက်ခြင်းတွေရလာပါလား
ရပ်နေမိသောနေရာတွင်သာ သူမထိုင်ချမိသည်
အေးစက်ခြင်းတွေပါ ရောလာတဲ့မှောင်မိုက်ခြင်းတွေကို မတားဆီးနိုင်တော့
လက်နှစ်ဘက်ကိုသာ ပိုက်၍ ကိုယ်တိုင် ထွေးပွေ့ထားမိသည်
သဝန်ကြောင်စိတ်တဲ့လား ဝန်မခံချင်ပါလေ
မူနွဲ့ဟာ သူမအတွက် မိတ်ဆွေလို ညီမလို အမေလို ဖစ်တည်မှုသာ ဖစ်ပါစေ...........
........................
"တောက်"
ဘဝမှာ ပထမဆုံး ကြီးစွာသော အမျက်ကို ခံစားရခြင်း
ဘဝတစ်ခုလုံး ဆုံးရှုံးခဲ့ရချိန်မှာတောင် ရခဲ့တဲ့အမျက်ဟာ ဤမျှလောက်မကြီးနိုင်
ငှက်နာတစ်ကောင်မို့ ထင်သည် ဒဏ်ရာတွေပေါ် ထပ်လူးတဲ့ဒဏ်ရာတွေဟာ ပိုနက်မည်ပေါ့
မူနွဲ့ဟာ စာရေးသူငယ်နဲ့ ခြံရှေ့နားစကားပြောနေသည်
မူနွဲ့အပြုံးဟာ ယခုတော့ သူမအတွက်မဟုတ်
အမျက်ဟာ ဘယ်သူ့ကိုထွက်နေမိမှန်းမသိပါ
.........................................
"စာရေးလေးနဲ့ ညနေစောင်းနေဝင်လုအချိန်မှာတောင် တယုတယ ဘာတွေပြောနေသလဲ"
မမကြီးရဲ့ ခပ်မာမာ အသံကြောင့် တည့်အောင်ပြင်နေသည့် မှန်ဘောင်ပင်စောင်းသွားရသည်
"မမကြီး စာရေးလေးနဲ့ မူနွဲ့ ဘာမှမဟုတ်ပါဘူး"
"ဘာမှမဟုတ်ရင် မူနွဲ့ ဘာလို့ပြုံးနေလဲ"
မူနွဲ့စိတ်ထဲ မမကြီးအား ပိုင်စိုးပိုင်နင်းဆန်လာသည်လို့တွေးမိသည်
မူနွဲ့ပြုံးသည်မှာလည်း အားနာပြုံးဖစ်သည်
မြို့ကိုအခုမှရောက်လာသည်မို့ ဘုရားဖူးချင်၍ နားရက် မူနွဲ့လိုက်ပို့နိုင်မလားလို့ ယဉ်ယဉ်ကျေးကျေးမေးလာတဲ့ စာရေးလေးကြောင့်ပါလေ
"စာရေးလေးက မူနွဲ့ကို ဘုရားဖူးချင်လို့ လိုက်ပို့နိုင်ရဲ့လား မေးတာပါ"
မူနွဲ့စကားဆုံးတော့ ဖြူနုနု မမကြီးမျက်နှာဟာ ရဲတက်လာသည်ကြောင့် မူနွဲ့အံ့ဩရသည်
အဘယ်ကြောင့် ဒေါသထွက်ရသနည်း
"မူနွဲ့ လက်ခံလိုက်ရောပေါ့လေ"
"ယဉ်ယဉ်ကျေးကျေး မေးလာတဲ့ စာရေးလေးကို မူနွဲ့ ဘာများပြောနိုင်မလဲ မမကြီး"
"အို မူနွဲ့မသွားရဘူး"
"မူနွဲ့ သွားမည် မသွားမည်က မူနွဲ့ ကိစ္စပါ"
"ဟင့်အင်း မသွားရဘူး"
မမကြီးဟာ မူနွဲ့လက်ကို တင်းကျပ်စွာ လာဆွဲတယ်
ဖြူနုနုလက်လေးတွေပါလေ ခုများတော့ ဖြူလျော်နေပီ
"ဘာလို့ ပိုင်စိုးပိုင်နင်း ဆန်နေရတာလဲ မမကြီး"
အမှန်မှာစာရေးလေးကို မူနွဲ့ငြင်းခဲ့ပီးဖစ်သည် ဟိုနေ့ညမယ် မမကြီးစကားတွေကြောင့် အသည်းနင့်အောင်နာခဲ့သည်မို့ပါလေ
သို့သော် မူနွဲ့ အမှန်မပြောချင်တော့ ပိုင်စိုးပိုင်နင်းဆန်သည့် မမကြီးကို အရွဲ့တိုက်မိတော့သည်
"အို မသိဘူး"
"မမကြီးကို မူနွဲ့ ချစ်တယ်"
"အို"
ခပ်ဟဟနှုတ်ခမ်းပါးလေးများပါဘဲ ခရေပင်အောက်မှာ နီးကပ်ခဲ့တဲ့ နှုတ်ခမ်းပါးလေးများ ခုတော့ တုန်ရီကာနေသည်
"မမကြီးကို မူနွဲ့ ချစ်တယ်"
မမကြီးရဲ့ လက်ကို ဖမ်းဆုပ်ကာရယ် ချစ်စကားကို ထပ်ဆိုမိတယ်
"အို မပြောနဲ့ မပြောနဲ့"
"ဟင့်အင်း ပိုလာတဲ့ မေတ္တာတွေအကြောင်းကိုမူနွဲ့ ပြောမယ် ပြောကိုပြောမှဖစ်မယ် မမကြီးရယ်
မမကြီးလည်း မူနွဲ့ အပေါ်မေတ္တာတွေ ပိုနေမိပီမလား"
"မပိုဘူး မပိုဘူး"
"ဒါဆို ဘာကြောင့်များ သဝန်တွေကြောင်နေလဲ မမကြီးရဲ့"
မူနွဲ့ ခပ်မာမာပြောလိုက်မှ မျက်နှာလွှဲကာ ရုန်းနေတဲ့
ကိုယ်လေး ငြိမ်ကျသွားတယ်
မမကြီးမျက်နှာက မျက်ရည်တွေ အပြည့်ပါလေ သိပ်လှနေတယ်
"မူနွဲ့ရယ်"
မမကြီးအသံဟာ မောလျလျ.........
"ကြမ်းရှရှလက်တစ်စုံကို အားကိုးရာကြောင့်ပါလို့ ထင်မှတ်မိတယ်
မိတ်ဆွေလို ညီမလို အမေလို ခင်တွယ်မှုမျိုးပါလို့ ထင်မှတ်ခဲ့တယ်
မမကြီး မတွေးမိခဲ့တာ ချစ်ခြင်းမေတ္တာပါလေ
ခုများတော့ ချစ်ခြင်းတွေဖစ်နေပါရောလား"
မမကြီးဟာ တသိမ့်သိမ့်ငိုတယ်
ချစ်ရသူကို ရင်ထဲထွေးကာပွေ့မိတယ် မမကြီးဆံနွယ်တွေဟာ ခရေပန်းနံ့တွေသင်းနေတယ်
"မူနွဲ့ စာရေးသူငယ်နဲ့ ဘုရားဖူးမသွားတော့ဘူးမလား"
"မသွားပါဘူး မမကြီးရယ် မူနွဲ့ အစတည်းကမှလက်မခံခဲ့ဘဲ"
"အို မူနွဲ့"
မမကြီးဟာ ရင်ခွင်ထဲမှ ထဟန်ပြုတယ်
မူနွဲ့မမကြီးကို ထခွင့်မပေးပါလေ ရင်ထဲနွေးနေတဲ့ အနွေးဓာတ်လေးကို မူနွဲ့ သိမ်းထားပါရစေ............