မူနွဲ့ ချစ်သော မမကြီး Part 4
ဘိလပ်က လာတဲ့ ရေမွှေးတဖြန်းဖြန်း နဲ့ သီချင်းတညီးညီး
ကိုမြတ်သာဒင်ကိုကြည့်ပီး မျက်ခုံးတွန့်မိတယ်
တကယ်ကို မြင်ပြင်းကပ်စရာလူပါပေ"ဒါလင် ဒီနေ့ကိုယ်နောက်ကျမယ်ကွယ်"
အုန်းဆီတွေရွှဲနေအောင်လိမ်းပီး ဖိထားတဲ့ဆံပင်ကိုသပ်ကာပြောတယ်စိတ်ကုန်လွန်း၍ ဘာမှတောင်မပြောချင်တော့
"ဒါလင် ကိုနဲ့တကယ် ပွဲစျေးမလျှောက်ချင်ဘူးလားကွယ် ဘိလပ်က လာဖွင့်တဲ့ စားသောက်ဆိုင် အသစ်မယ် ကိုကျွေးပါ့မယ်"
"အို ရှုပ်ရှုပ်ရှက်ရှက် ရှင့်ရဲ့ တယုတယတွေနဲ့သာသွား"
"ကျွန်မအခန်းထဲကထွက်တော့"
"ငါလည်း မင်းလင်သားမို့သာ တော်ပေရော့တယ် အခန်းလည်း တူတူမနေရ"
"ရှင်ကိုယ်တိုင် လက်ခံနိုင်ပါတယ် ပြောယူခဲ့ရဲ့လေ မကြည်ဖြူရင် ကိုယ့်လမ်းကိုယ်လျှောက်ပါတော် ကျွန်မကတော့ တဲစုတ်ဘဲနေရနေရ"
ယခုထိတိုင် မာနကြီးနေသေးသော ဒါလင်ကို ကြည့်ကာ စိတ်လျော့မိသည်
အပြစ်မကင်းစိတ်များကြောင့်လည်းဖစ်မည်....................................
မူနွဲ့အခန်းထဲဝင်လာခဲ့တော့ အဖြူရောင်ပြတင်းပေါက်နားဝယ် မမကြီးထိုင်နေသည်ပျင်းရိဖွယ်ထိုင်နေခြင်းမဟုတ်ပေ
ခါးကိုမတ်၍ ခေါင်းကိုစောင်းကာ ချည်ထိုးနေခြင်းဖစ်သည်လက်ထဲမှာ အညိုရောင် ချည်စတွေ ဆံပင်ကိုတစ်ဖက်ကိုသိမ်းယူထားလို့ ပေါ်လွင်နေတဲ့ လည်တိုင်ကျော့ကျော့လေး
ကိုယ်တိုင်းလည်စိရင်ဖုံးလေးကြောင့် ပေါ်လွင်နေတဲ့ သဘာဝကောက်ကြောင်းတွေ
မတ်မတ်ကလေးဖစ်နေတာကြောင့်သက်သောင့်သက်သာမရှိဘူးထင်ရပေမဲ့ ဒါဟာ မမကြီးရဲ့ ကိုယ်ပိုင်နေဟန်ပါလေ
သဘာဝက ဖော်ကျူးထားတဲ့ ပန်းချီကား တစ်ချပ်အလားပါကွယ် မူနွဲ့ဖြင့်ငေးရပြန်ပါကော ရင်ထဲ တသိမ့်သိမ့်ကြည်နူးတယ်ဆိုတာ ဒီလိုပါပေ
![](https://img.wattpad.com/cover/334086145-288-k934587.jpg)