မူနွဲ့ ချစ်သော မမကြီး End
မူနွဲ့နဲ့ မမကြီးတို့နေ့ရက်များဟာ ကန္တာရရဲ့ ကင်းလွတ်ရာနေရာတစ်ခုလိုပါဘဲ အေးမြစိမ်းလန်းနေသည်
သူတို့ဟာ တစ်စုံတစ်ရာကိုမေ့ထားနေမိကြသည်
နှစ်ယောက်တည်းဖန်တီးထားတဲ့လောကအလယ်မှာ ကဗျာတွေသီရင်း တစ်ယောက်ကိုတစ်ယောက်မှီတွယ်နေခဲ့ကြသည်....................................
"ဘာ မဖစ်နိုင်တာ ဒေါ်လုံး ခဗျား ဘာစကားပြောတာလဲ ဘယ်နှဲ့ ဒါလင်ဟာ မိန်းမချင်း မဖစ်နိုင်ဘူး""ဒေါ်လုံးလည်း မပြောတတ်ပါဘူး အရေးပိုင်မင်း"
ဒေါလုံး နဖူးဟာ ချွေးစို့နေသည် မြှောက်ရင်းကပ်ရင်း မူနွဲ့တို့ရဲ့ မူမမှန်မှုများပါရောပါသွားသည်မြတ်သာဒင်ဟာ လုံးဝမယုံနိုင် တကယ်ကို မဖစ်နိုင်သည်မို့လေ
မာနခပ်ကြီးကြီး မိန်းမတစ်ယောက်မယ် ဒီလို ဒီလိုဆိုတာ............
.........................................
မြတ်သာဒင်တစ်ယောက် ဝီစကီလေး တမြမြနဲ့ နေ့လည်က ဒေါ်လုံးပြောသမျှအား မဖစ်နိုင်ပါလို့ ငြင်းဆိုရင်း လှေကားပေါ်တက်လာခဲ့သည်ဒါလင့်အခန်းဘက်ကိုကြည့်မိတော့ တံခါးဟာ အနည်းငယ် ဟနေခဲ့သည်
သူ့ခြေလှမ်းများက ထိုရှေ့သို့ရောက်သွားခဲ့သည်
.............................................
"မူနွဲ့ တို့တွေလေ တစ်နေရာကို ထွက်ပြေးကြရအောင်"မမကြီးစကားကြောင့် သနပ်ခါးသွေးပေးနေတဲ့မူနွဲ့လက်တွေရပ်တန့်သွားရတယ်
"ဒါပေမဲ့ မမကြီးရယ် အရေးပိုင်မင်း..."
"အို မူနွဲ့ အဲ့သည့်လူအကြောင်း မပြောစမ်းနဲ့ကွယ် အော့နှလုံးနာမိတယ်"
မူနွဲ့ရင်ထဲ စိတ်မကောင်းဖစ်ရသည်
မမကြီး ဖစ်ချင်နေသည်များကို သူမသိသည်မမကြီးက ထွက်ပြေးချင်နေတာ လွတ်ချချင်နေတာ အရာအားလုံးကိုလေ........
တွန့်ကာညိုးနေတဲ့ မမကြီးရဲ့ မျက်ခုံးတန်းလေးများကို ခပ်ဖွဖွနမ်းမိတယ်
တိုးဖက်လာတဲ့ မမကြီးရဲ့လက်တွေမှာ ခိုလှုံချင်မှုတွေကိုခံစားမိနေတယ်