ထိုနေ့မှစခဲ့သည့်နီးစပ်ခြင်းများသည် မူနွဲ့နဲ့မမကြီးကိုယခုလိုပူးပူးကပ်ကပ် ထိုင်နေစေသည်
ခြံထဲက ခရေပင်ကြီးပါဘဲ လေအဝှေ့မှာ ရနံ့တွေထုတ်လွှတ်နေတာ
ခရေတွေကိုစိတ်ဝင်တစားသီနေတဲ့မမကြီးမျက်နှာဟာ အခုတော့ ခပ်မာမာအမူအရာတွေပျောက်လို့နေသည်
မမကြီးကို မူနွဲ့ဖြင့်ငေးရတာပါဘဲ
"ခရေတွေက မြတ်နိုးဖွယ်ဘဲ သိလား မူနွဲ့"
မမကြီးက သီလို့ပီးဆုံးသွားတဲ့ ခရေကုံးကို ခွေကာ မျက်လွှာများချရင်းနမ်းရှိုက်သည်
မူနွဲ့ရင်ထဲ မောကိုသွားရပါသည်
မမကြီးနဲ့ စတွေ့ကတည်းက ဖစ်လာတဲ့ စိတ်ခံစားမှုတွေကို မူနွဲ့နားမလည်နိုင်သေး နားလည်လာသလိုရှိလာသည်များကိုလည်း မူနွဲ့မေ့ထားချင်သည်မမကြီးဟာ ဟိုးအမြင့်က ပန်းတစ်ပွင့်ကိုး မူနွဲ့ ဘယ်မှီပါ့မလဲ
......................................
"မူနွဲ့က တတ်လွယ်တယ် လက်ရေးလေ့ကျင့်ဖို့ဘဲလိုတော့တယ်"ကြမ်းရှရှဖစ်နေတဲ့ မူနွဲ့လက်တွေကို မမကြီးရဲ့ လက်လှလှတွေက ထပ်ကာမူနွဲ့ကို စာသင်ပေးနေခြင်းဖစ်သည်
မွှေးရနံ့သင်းပျံ့ပျံ့က မူနွဲ့အနားက ခွါသွားမှ အသက်ပြင်းပြင်းရှူမိသည်
တစ်စထက် တစ်စရစ်ပတ်လာတဲ့ကြိုးတွေကို မူနွဲ့ခံစားမိနေသည်
ကိုယ့်သခင်ကို ထားမိတဲ့ အဲ့စိတ်ကိုလည်းရှက်ရွံ့မိသည်သို့ပေမဲ့ ဘယ်တတ်နိုင်မတုန်းလေ မမကြီးက ချစ်ချင်စရာကိုး
..........................................
"မှီတော့မှာ မူနွဲ့ နည်းနည်းဘဲ"မမကြီးရဲ့ပုဝါက လေအဝှေ့မှာ ခရေပင်ကိုသွားငြိသည်ဘဲ
မူနွဲ့မှ အောက်ကနေ မမကြီးခါးကို ဖက်ထားပေးရခြင်းဖစ်သည်"အို ရပီရပီ"
"အမလေး"
ပြန်အဆင်းမှာမမကြီး ခြေချော်ကာ လဲမလိုဖစ်၍ မူနွဲ့ လှမ်းဖမ်းလိုက်ရသည်မမကြီးနှုတ်ခမ်းဟာ ပန်းနုရောင်စိုဟဟ သေးသွယ်သွယ်ကိုယ်လေးဟာ ခပ်တောင့်တောင့်အရပ်ရှည်ရှည် မူနွဲ့ရင်ခွင်ထဲတွင် မြှပ်လို့နေသည်