𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

By AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 32
Part 33
Part 34 (Final)

Part 31

3.4K 475 27
By AureumV

Unicode~

"ဘယ်လိုဆက်လုပ်ရမလဲ သူ​ဌေးမင်း။ အ​ရေးကြီးတဲ့ လက်နက်​တွေမ​ဟုတ်လား"

"ဟိုဘက်က အဲ့တာကို ထုတ်လုပ်​တော့မှာတဲ့လား"

"ဟုတ်ကဲ့.. သူတို့ဘက်က​တော့ အဲ့တာကို အ​လောတကြီးထုတ်ဖို့ စီစဥ်​နေကြပါတယ်"

"​အေး​ပေါ့.. သူခိုးကျင့်သူခိုးကြံနဲ့ ရထားတဲ့ပုံကြမ်းတွေဆို​တော့လည်း မြန်မြန်အ​ကောင်အထည်​ဖော်ချင်မှာ​ပေါ့"

JungKookက ခပ်ရွဲ့ရွဲ့ရယ်ရင်း​ပြောသည်။ စိတ်ထဲမှာ​တော့ မတရား​ဒေါသထွက်​နေတာ။ သူ​နေ့မနားညမအား ကြိုးစားခဲ့တာ​တွေက ဘာမဟုတ်တဲ့​​ကောင်​ကြောင့် ပြိုင်ဘက်တိုင်းပြည်ကို​ရောက်သွားသည့်အတွက် ဘယ်သူ့ကို အပြစ်တင်လို့တင်ရမှန်း မသိ။ သူ့ကိုယ်သူပဲ ​​ပေါ့​လျော့မှုအတွက် ​ဒေါသထွက်ရမလား၊ ​အောက်တန်းစား​​ကောင်Antonကိုပဲ စိတ်တိုပြီး ဆိုဗီယက်အထိ လူသွားသတ်ရမလား။

"သူ​ဌေးမင်း.. အ​ရေး​ပေါ်ပါ"

အပြင်က​နေ ဝရုန်းသုန်းကား​ပြေးဝင်လာတဲ့ လုံခြုံ​ရေးဝန်ထမ်း​​လေး​ကြောင့် JungKook အာရုံပျက်သွားသည်။ မိုး​​တောင်ချုပ်လုလုဖြစ်​နေကာမှ ဘာအ​ရေး​ပေါ်လဲ။

"ဘာဖြစ်ပြန်ပြီလဲ"

"ကျွန်​တော်တို့စက်ရုံ တိုက်ခိုက်မှုခံ​နေရပါတယ်"

"တိုက်ခိုက်မှု ဟုတ်လား။ ဘယ်က​လဲသိလား"

"ကျွန်​တော်တို့ပ​ရောဂျက်ခိုးယူတဲ့အဖွဲ့ကလို့ ထင်ရ​ပေမဲ့ ဆိုဗီယက်က မဟုတ်ဘူးဖြစ်​နေတယ်"

JungKook စိတ်ရှုပ်သွားပြီး အနည်းငယ်စဥ်းစားဟန်ပြုသည်။ တရားဝင်လက်နက်ထုတ်လုပ်​ရေးမှာ ခြုံခိုတိုက်ခိုက်သည်က သိပ်ကို​အောက်တန်းကျတဲ့ လုပ်ရပ်။ တရားမ​ဝင်​မြေ​အောက်အဖွဲ့အစည်းမှာ ဒါမျိုးက မဆန်း​ပေမဲ့ တရားဝင်လုပ်ငန်းမှာ သည်လိုကိစ္စက မရှိသ​လောက်။
သို့​သော် သူဒါ​တွေကို စဥ်းစားချိန်လုံလုံ​လောက်​လောက်မရလိုက်။ ​အပြင်ဘက်မှ ​သေနတ်သံ​တွေ ဆက်တိုက်ကြားရ​တော့ သူ့​ဘေးနားက သက်​တော်​စောင့်​တွေပါ ရုတ်ရုတ်သဲသဲဖြစ်ကုန်၏။

"ဆိုဗီယက်ကိုမဟုတ်ဘဲ ပြိုင်ဘက်ကုမ္ပဏီကို​ရောင်းလိုက်တာထင်တယ်"

"ဒီ​​ေ-ွးသားက​တော့! ဒီ​သောက်ကိစ္စ​တွေပြီးမှ ငါကိုယ်တိုင်သွားသတ်ဦးမှာ"

သူ့လက်ထဲက ​ခြောက်လုံးပြူး​သေနတ်ကို ​မောင်းတင်လိုက်ပြီး ထွက်လာ​တော့ တိုက်ခိုက်မှု​တွေက စတင်ပြင်းထန်စပြုလာသည်။ အမျိုးမျိုး​သော ​သေနတ်​တွေက အပြန်အလှန် ပစ်ခတ်လျက်။ ​ပြောင်းဝထက်မှာ တလက်လက်​တောက်လာ​သော ယမ်းမီးစ​တွေ။
ထိုစက်ရုံမှာ ယမ်းနံ့​တွေ တ​​ထောင်​ထောင်ဖြစ်သွားသည်။

"သူ​ဌေးမင်း​ အထဲဝင်​နေပါ။ ကျွန်​တော်တို့ ကြည့်ရှင်းလိုက်မယ်"

"​နေစမ်းပါ.. ဒီ​ကောင်​တွေကို ငါကိုယ်တိုင် သတ်ရမှ ဖြစ်မှာ ​တောက်!"

Audieတား​​သော်လည်း JungKookက ​သေနတ်တစ်လက်ကိုင်ကာ ​ရှေ့ထွက်တိုက်သည်။ ပြိုင်ဘက်အမည်ခံ ဘယ်​အောက်တန်းစားကများ သူ့ကို လာတိုက်​နေရတာလဲ စိတ်မဝင်စား။
သူတို့လက်နက်ရုံကို မ​ကျေနပ်မနာလိုတဲ့ တခြားလက်နက်ရုံ​တွေများလွန်းလို့ သူ့​ခေါင်းထဲ ထည့်ထားနိုင်တာမဟုတ်။ ဘာပဲဖြစ်ဖြစ် ​​လောဘတက်ပြီး သည်လိုလာတိုက်ခိုက်ကတည်းက သူ့အတွက် ပြိုင်ဘက်​ကောင်း မဖြစ်နိုင်​တော့။

"သူ​ဌေးမင်း သတိထားပါ"

"မင်းက ငါ့ကို အထင်​​သေး​နေတာလား Audie"

"မဟုတ်ပါဘူး သူ​ဌေးမင်း။ ကျွန်​တော်က မလိုအပ်ဘဲ အထိအခိုက်မခံ​စေချင်လို့ပါ"

"​တော်စမ်းပါ!"

တ​ဖြေး​ဖြေး စိပ်လာသည့် ​ကျည်ဆန်အပစ်အခတ်​​တွေကြား မ​ကြောက်မလန့် ဝင်သွားသည့် သူ​ဌေးမင်းJeon. ဒါက သိပ်ပြီး နိမိတ်မ​ကောင်းလှ။
သူတို့ဘက်က အင်အားမနည်းလှ​​သော်လည်း ဟိုဘက်က အင်အားကပိုများ​နေသည်။ သည်စက်ရုံက သူတို့စက်ရုံထဲက အကြီးဆုံးတစ်ခုမ​ဟုတ်။ တိတ်တိတ်ဆိတ်ဆိတ်စမ်းသပ်ထုတ်လုပ်ချင်တဲ့လက်နက်ဖြစ်တာ​ကြောင့် သည်စက်ရုံကို ​ရွေးထားခဲ့တာက ရန်သူအတွက် အခွင့်အ​ရေး​ပေးသလို ဖြစ်သွားခဲ့သည်။

ထိုအချိန် တစ်ဖက်အဖွဲ့မှ ကားတစ်စီးက သူ​ဌေးမင်း​ရှေ့မှ ဖြတ်ပြီး ​သေနတ်ကိုင်ထား​သော လက်တစ်ဖက်က ကားပြတင်းထဲမှ ထွက်လာသည်။

"သူ​ဌေးမင်း!"

အနိုင်ပိုင်းလိုက်ပြီဟူ​သော အပြုံးဖြင့် ထိုလူက ပြုံးလိုက်ပြီး သူ့လူ​တွေနဲ့ လှည့်ပြန်ရန်လုပ်သည်။ သို့သော် Audieက လျင်မြန်စွာပင် ပစ္စတိုကိုချိန်လိုက်ပြီး ထိုကားကို တရစပ်ပစ်တော့သည်။
တစ်ဖွဲ့လုံးက အဓိက​နေရာကို ပစ်မှတ်ထားကြ​တော့ ထိုကားမှာ ရစရာမရှိ​အောင် ဖွတ်ဖွတ်ညက်ညက်​ကြေလို့။

သူ​ဌေးမင်းသာသတိရရင် အားမလိုအားမရဖြစ်​နေမလား။ တစ်ဖက်​က​ခေါင်း​ဆောင်ကိုမမိနိုင်ဘဲ ကျန်တဲ့​နောက်လိုက်​​နောက်ပါခပ်များများကိုသာ အရှင်ဖမ်းလိုက်နိုင်သည့်အတွက် ​သူ​​ဌေးမင်းသိရင် ​ဒေါသထွက်​နေ​ဦးမှာ။

"အဲ့​ကောင်​​တွေကို ​မြေ​အောက်ခန်းထဲ ပိတ်ထားလိုက်။ ငါသူ​ဌေးမင်းကို ပို့ပြီးမှ လာရှင်းမယ်"

ဒဏ်ရာပြင်းချက်က သူ​ဌေးမင်းJeonလို အား​ကောင်း​မောင်းသန် ​​​ယောကျ်ားတစ်​​ယောက်​တောင် သတိမရ​တော့သည်အထိ။ သခင်​လေးသာ သိရင် စိတ်​ကောင်းမှာမဟုတ်။ အမှန်ဆို စံအိမ်အထိ​ခေါ်သွားဖို့ကို​တောင် Audie အားနာမိ​နေသည်။

"​သွေးထွက်​​နေတုန်းလား"

ကား​နောက်ခံမှာ သူ​ဌေးမင်းခန္ဓါကိုယ်ကို ​ထိန်းထား​ပေး​သော တပည့်​လေးအား လှမ်း​​မေးလိုက်သည်။ 

"ထွက်​နေတုန်းပဲ ​ခေါင်း​ဆောင်။ ​​သွေးထွက်လွန်မှာ စိုးရိမ်ရတယ်။ ဘယ်လိုလုပ်မလဲ.. ​ဆေးရုံပဲပို့မလား"

"မရဘူး။ အခုလိုတိုက်ခိုက်မှု​တွေရှိလာတာက မသမာသူ​တွေရှိ​နေလို့ပဲ။ သူ​ဌေးမင်းJeon ဒဏ်ရာရတယ်ဆိုတာ လူသိလို့မဖြစ်ဘူး။ ငါမိသားစုဆရာဝန်ကို ဆက်သွယ်ထားတယ်။ ငါတို့စံအိမ်​ရောက်တာနဲ့သူ​ရောက်တာနဲ့ ကွက်တိ​လောက်ဖြစ်​နေမှာပဲ"

ညနက်ထဲ ကား​မောင်းရတာရယ်၊ ကား​နောက်ခန်းမှာ သူ​ဌေးမင်းက အသက်လုရှူ​နေရသည်ရယ်​ပေါင်းပြီး Audieမှာ ဖိအားများလှသည်။ စတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ထားသည့် လက်မှာလည်း ​ချွေးစီးတပြန်ပြန်။
သူ​ဌေးမင်းဘယ်​လောက်​ခေါင်းမာမာ သူရ​အောင် တားလိုက်သင့်တာ။
____

"​ဒေါက်တာက ညကြီးမင်းကြီးဘာကိစ္စရှိလို့လဲ။ သူ​ဌေးမင်းJeonက အခုထိပြန်မ​ရောက်​သေးဘူး ​ဒေါက်တာရဲ့"

သန်း​​ခေါင်ယံအချိန်နီးမှ ဆရာ၀န်​ရောက်လာသည်ဆို​​သော​ကြောင့် Taehyungမှာ ထဧည့်ခံရ​​​​တော့သည်။ Jeon JungKookကလည်း သည်ညပြန်​လာမည့်ဟန်မ​ပေါ်။ မ​စောင့်​နေဖို့​တောင် အ​​သေအချာမှာသွားခဲ့သည်။

"ကျွန်​တော်သိတယ် Kim Taehyung. သူ့သက်​တော်​စောင့်က ဖုန်းဆက်အ​ကြောင်းကြားလို့ ​ရောက်လာတာပါ"

"ဘယ်သက်​တော်​စောင့်လဲ။ Audieကလား"

Taehyungက မျက်ခုံးများကို တွန့်ချိုးလျက် ပြန်​မေး​လေ၏။

"နာမည်​တော့ ကျွန်​တော်မသိဘူး။ ကျွန်​တော့်ကိုလည်း လမ်း​ဘေးကြိုးဖုန်းနဲ့ ဆက်ခဲ့တာဆို​တော့.."

ဘုရား​ရေ.. တစ်ခုခုဖြစ်​နေတာ​တော့ မဟုတ်ဘူးမလား။ ညကြီးသန်း​ခေါင်ဆရာ၀န်ကို အ​ကြောင်းကြားရတဲ့အထိဆို​တော့ ဘာ​တွေများဖြစ်ကြလို့လဲ။
အခုလိုအချိန်မှာ သူစိတ်မပူဘဲ မ​နေနိုင်။ မီးဖိုးခန်းထဲဝင်ပြီး ​ရေ​အေး​အေးသုံးခွက်​လောက်ဆက်တိုက်​သောက်လိုက်တာ​တောင် စိတ်က တည်ငြိမ်မ​နေ။

"ဘာကိစ္စလို့​ပြောလဲ ​ဒေါက်တာ.. တစ်ခုခု​တော့ ​ပြောလိုက်တယ်မလား"

"အ​ရေး​ပေါ်လို့​ပြောတယ်။ သူလည်း ​အလျင်လို​နေပုံပဲ။ ချက်ချင်းလာခဲ့မှာလို့လည်း​ပြော​သေးတယ်"

Audie သည်ကို လာလျှင် Jeon JungKookသတင်းလည်း ပါလာလိမ့်မည်။ သူသိချင်လှပါပြီ။ စိတ်ချရပြီး အန္တရာယ်ကင်းကင်းရှိ​နေတယ်လို့ မြန်မြန်အတည်ပြုပါရ​စေ​တော့။

သူ့မျက်ဆန်​တွေဟာလည်း ဂနာမငြိမ်။ လက်​ချောင်းများက စားပွဲမျက်နှာပြင်​ကို တ​တောက်​တောက်​ခေါက်လျက်ရှိပြီး နှုတ်ခမ်းပါးများက ​ခြောက်​သွေ့လျက်။

"ကားသံကြားတယ်။ ​ရောက်ပြီထင်တယ်"

Taehyung ဝုန်းခနဲ ထရပ်လိုက်သည်။ တုံ့ပြန်စကား တစ်ခွန်းမှမ​ပြောဘဲ Audie​မောင်းလာတဲ့ကားအနား သွားသည်။ ဒါက Jeon JungKook စက်ရုံမှာ သုံး​နေကျ ကားများထဲမှ တစ်စီး။ ဇိမ်ခံကားမဟုတ်ဘဲ အကြမ်းခံကားဆို​တော့ ​တောက်​တောက်​ပြောင်​ပြောင် မဟုတ်။

"Audie! Jeon JungKook​ရော.."

သူအလန့်တကြား​မေး​နေစဥ် ကားအ​​နောက်ခန်းထဲမှ ​ကောင်​လေးတစ်​ယောက် Jeon JungKookကို တွဲဆင်းလာသည်။

သတိ​မေ့ပြီး ရင်ဘတ်ထဲက ​သွေးတစိမ့်စိမ့်ယိုကျ​နေလျက်။ သူ့ရင်ကို ​လောင်စာဖြည့်ပြီး ​လောင်ကျွမ်း​စေ​သော အပူမီးမျိုး။ ဘာ​တွေဖြစ်ကြတာလဲဟု အခါခါ​မေး​နေ​သော်လည်း ပါးစပ်ဖျားက ထွက်မလာ။
အံ​သေ​​နေ​သော ​မေးရိုး​တွေ​ကြောင့် လှုပ်ရှားမရ။

"သူ​​ဌေးမင်း ​သေနတ်ဒဏ်ရာရလာတယ် သခင်​လေး။ အခန်း​လေးပြင်​ပေးပါဦး.. အခုထိ ကျည်မထုတ်ရ​သေးလို့"

"ဘယ်လိုဖြစ်ကြတာလဲ။ ဘယ်လိုဖြစ်လို့ အခု​လောက်ထိ ဖြစ်သွားတာလဲ။ သူ့..သူ့ကို ဘယ်သူက.."

"ကျွန်​တော်ပြီးရင် အ​သေးစိတ်ရှင်းပြပါမယ်။ အခု​​တော့ ကူညီပါဦး"

ဧည့်သည်တည်းခိုရန် ထားထား​သော အခန်းလွတ်ဆီ Taehyung ​ခေါ်သွားလိုက်သည်။ အ​ပေါ်ထပ်ထိ တက်ဖို့ရာ အဆင်​ပြေတဲ့ ဒဏ်ရာမျိုးမဟုတ်သဖြင့် ​အောက်ထပ်က ရှိတဲ့အခန်း​လေးမှာသာ ပြင်ဆင်​ပေးလိုက်၏။

"ဒဏ်ရာ​တော်​တော်နက်တာပဲ။ အခုချိန်ထိ အသက်ရှူ​နေပုံ​​ထောက်ရင် နှလုံးကို မထိသွားလို့ ​တော်​သေးတာ​ပေါ့"

"သူအန္တရာယ်ကင်းတယ်မလားဟင်"

"ကျွန်​တော်အစွမ်းကုန် ကုသ​ပေးမှာပါ။ Kim Taehyung မကြည့်ရဲရင် အပြင်ထွက်​နေလို့ရတယ်​နော်"

တကယ်လည်း သူမကြည့်ရဲ။ Jeon JungKookရင်ဘတ်​ပေါ်က ​သေနတ်ဒဏ်ရာက သူ့အ​ဖေ၏ ​သေနတ်ဒဏ်ရာကို ပြန်အမှတ်ရ​စေသည်။ အတိတ်ကို တမင်သက်သက် လာတူးဆွ​နေသည့်အတိုင်း သူ့ကို နာကျင်​စေလျက်။ သူမျက်နှာပျက်​နေပုံက သိသိသာသာ။

Jeon JungKookသာ အ​ဖေ့လို ထပ်ဖြစ်သွားမယ်ဆို သူခံနိုင်ရည်ရှိမှာမဟုတ်​တော့။
စိတ်ဒဏ်ရာမ​ပေးချင်ဆို အခုပဲ သတိရလာပါ​တော့လား Jeon JungKookရယ်။

"အပြင်ထွက်ရ​အောင် သခင်​လေး"

Audieကို ကိုယ့်ကို အပြင်ဘက်ထိ တွဲ​ခေါ်လာပြီး သူက​တော့ အခန်းထဲ ပြန်ဝင်သွားသည်။
Jeon JungKookဒဏ်ရာရသည်ကို သူတို့အတွက် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုလို သ​​ဘောထားကာ လှုပ်ရှား​​နေကြတာ ဖြစ်သည်။

Jeon JungKookက လက်နက်လုပ်ငန်းကို ​မှောင်ခိုလုပ်ကိုင်​နေတာမဟုတ်။ ဒါ​တောင် အသက်အန္တရာယ်ရှိနိုင်သည်တဲ့လား။ တရားမဝင်​မှောင်ခိုလုပ်ငန်းသာဆို ​တွေး​တောင်မ​တွေးရဲ။
ခက်လိုက်တာ Jeon JungKookရယ်.. ဘယ်လိုသတ္တိနဲ့များ သည်လိုအလုပ်ကို လုပ်​နေတာပါလိမ့်။
သူဂရုတစိုက်မရှိခဲ့တဲ့အချိန်​တွေမှာ​ရော အခုလို အန္တရာယ်​တွေရှိခဲ့​သေးလား။ အ​တွေးကပင် သူ့ကို ရင်​လေးသွား​စေသည်။

"အသက်အန္တရာယ်မရှိ​​တော့ဘူးလို့ ​ပြောပါတယ်။ မနက်ကျ ​ဒေါက်တာ ထပ်လာပါလိမ့်မယ်"

​ဆရာဝန်ပြန်သွားသည့်တိုင် သူ့မှာ ​မောဟိုက်စွာ ​ခြေပစ်လက်ပစ်ထိုင်​နေမိဆဲ။ Jeon JungKookရင်ဘတ်ထဲက ​သွေးတပွက်ပွက်လျှံကျ​နေတာကိုလည်း မျက်လုံးထဲက မထွက်​သေး။ အသံက မှိုင်​တွေ​နေ​သော်လည်း ​မေးစရာရှိ​တာကို​တော့ အားတင်း​မေးလိုက်သည်။

"ဘယ်လိုဖြစ်ကြတာလဲ။ ငါ့ကို အ​သေးစိတ်​ပြောပြ"

"Anton​ဆိုတဲ့ အယုတ်တမာ​ကြောင့်ပါ။ သခင်​လေးကို အပြစ်မတင်သင့်​ပေမဲ့ Antonကိစ္စမှာ​တော့ ​တောက်​လျှောက်က သခင်​လေးအပြစ်မကင်းဘူးလို့ပဲ ​ပြောပါရ​စေ"

"ဘာ.. ငါနဲ့ ဘာဆိုင်လို့လဲ"

Antonနဲ့ ပတ်သက်ပြီး သူ့ဘက်က အစအဆုံး မှား​နေခဲ့တယ်ဆိုတာ ဝန်ခံ​ပေမဲ့ အခုလို တစ်ဖက်သတ်ကြီး အပြစ်လာတင်​နေစရာလိုလို့လား။
သက်​တော်​စောင့်ထဲမှာမှ သည်Audieဆိုတဲ့​ကောင်​​လေးက အ​ကြောက်အလန့်ကိုမရှိဘဲ သူ့ကို ​ဝေဖန်နိုင်လွန်သည်။

"Antonက သူ​ဌေးမင်းည​တောင်မအိပ်ဘဲလုပ်ထားတဲ့ စာရွက်စာတမ်း​တွေကို ခိုးသွားပြီး ​ရောင်းစားလိုက်တာ။ အစတည်းက သခင်​​လေးသာ သူ့ကို မ​ခေါ်လာရင် ဒီကိစ္စ​တွေဖြစ်မလာဘူး။ သခင်​လေးက စတဲ့လူဆို​ပေမဲ့ သူ​ဌေးမင်းက ပိပိရိရိအဆုံးသတ်​​ပေးချင်တဲ့လူ.."

"​နေပါဦး။ အခု Antonက ထွက်​ပြေးသွားတယ်လို့ ဆိုလိုတာလား။ အဲ့တာကလည်း စာရွက်စာတမ်း​တွေ ခိုးပြီး"

"ဟုတ်တယ်။ ပြီး​တော့ ပြိုင်ဘက်စက်ရုံဆီ​ရောင်းလိုက်တယ်နဲ့တူတယ်။ အဲ့စက်ရုံပဲ ကျွန်​တော်တို့စက်ရုံကို လာတိုက်ခိုက်ရင်း သူ​​ဌေးမင်းကို ထိသွားတာ"

စ​တွေ့တည်းက Antonကို အ​ကောင်းမြင်​ပေးခဲ့မိတာ မှားလိုက်​လေခြင်း။ သည်တစ်ခါ​တော့ သူလူအကဲခတ်မှားတာကို ဝန်ခံရ​ပေမည်။ ဘယ့်နှယ်​ကြောင့်များ ​ရှေ့မကြည့်​နောက်မကြည့်နဲ့ သည်လို​ကောင်ကို အိမ်​ပေါ်​ခေါ်တင်ခဲ့ရတာလဲ။
သူသိခဲ့ရမှာ.. သူ့ထက် Jeon JungKookကမှ မျက်စိကျစရာ ​​​ယောကျ်ားတစ်​​​ယောက်ဆိုတာကို။ အခု​တော့ Antonက မစားရတဲ့အမဲ သဲနဲ့ပက်လိုက်​လေခြင်း။ Jeon JungKookကိုမရနိုင်တာ​သေချာ​တော့ Jeon JungKookကို ဖျက်ဆီးတယ်​ပေါ့​​လေ။

"ငါက အရူးလိုပဲ။ ငါအသုံးမကျလို့ သူအခုလိုဖြစ်ရတာ။ ငါ့အပြစ်​တွေချည်းပဲ။ သူသတိရလာရင် ငါ့ကိုအပြစ်တင်​နေမှာ။ ငါ့ကိုလည်း စိတ်ပျက်​နေ​လောက်ပြီ"

"သူ​ဌေးမင်းက ဘယ်​တော့မှ သခင်​လေးကို အပြစ်တင်မှာ မဟုတ်​ပါဘူး။ သူ​ဌေးမင်းလိုလူကရှားတယ်။ သခင်​လေး တန်ဖိုးထားဖို့ပဲလိုတာ"

Taehyungရုတ်တရက်ငြိမ်ကျသွားရသည်။
သူဘာ​တွေကို တန်ဖိုးထားခဲ့သလဲ။ ဘာ​တွေကို ထည့်စဥ်းစားခဲ့သလဲ။ အသုံးမဝင်တဲ့ မာနနဲ့ ​​ဒေါသ​တွေရယ်၊ ဘာအကျိုးသက်​ရောက်မှုမှမရှိတဲ့ ရန်ငြိုးရန်စ​တွေရယ်။
Audie​ပြောသလိုဆို သူဟာ တန်ဖိုးထားသင့်တဲ့အရာကို တန်ဖိုးမထားတတ်ခဲ့ဘူး​ပေါ့​နော်။

"ငါညံ့လိုက်တာ..။ သူငါ့ကို စိတ်ပျက်သွားပြီဆို ငါဘယ်လိုလုပ်ရပါ့မလဲ"

"အဲ့လိုကိစ္စမျိုးရှိလာမှာမဟုတ်လို့ သူ​ဌေးမင်းအနားမှာပဲ သွား​နေ​ပေးလိုက်ပါ"

ယိုင်နဲ့နဲ့ ​ခြေလှမ်းများဖြင့် သူအခန်းထဲဝင်လာသည်။ ပတ်တီးအ​ဖွေးသားနှင့် Jeon JungKookက ငြိမ်သက်စွာ လဲ​လျောင်းလျက်ရှိ​နေလျှင် သူအနီးဆုံးအထိ တိုးကပ်သွားလိုက်သည်။

သူနဲ့ကိုယ်အကြား နှုတ်ခမ်းချင်းအကွာအ​ဝေးက စင်တီမီတာတစ်ခုထက်​တော့ မပိုနိုင်။ ခပ်တိမ်တိမ်သာ ရှူရှိုက်လျက်ရှိ​သော Jeon JungKook၏ အသက်ရှူသံ​ဖျော့​ဖျော့​လေးက တိုးလွန်း​​​တော့လည်း သူစိတ်မ​ကောင်း။
ပါးတစ်ဖက်ကို အုပ်ကိုင်ကြည့်​တော့ ​နွေး​တေး​​တေး။ အဖျားမတက်ပါ​စေနဲ့ဟု တိတ်တခိုးဆု​တောင်းလိုက်​သေးသည်။

"မနက်ဖြန်​..မဟုတ်​သေးဘူး.. မိုးမလင်းခင်ပဲ နိုးလာ​တော့မယ်မဟုတ်လား Jeon JungKook. မြန်မြန်သတိရလာပြီး ကျွန်​တော့်ကိုစိတ်ဆိုးတာဖြစ်ဖြစ် ​ဒေါသထွက်တာဖြစ်ဖြစ် တစ်ခုခုလုပ်မှ​ပေါ့။
ခင်ဗျားရဲ့စီရင်ချက်ကို​စောင့်​နေရ​တော့ ကျွန်​တော့်အချိန်​တွေကို လာဖြုန်းသလို ဖြစ်မ​နေဘူးလား"

​လေတိုးသံကဲ့သို့ တိုးတိုးညှင်းညှင်း​လေး​ပြောသည်။ Jeon JungKookကြားနိုင်လျှင် သိပ်​ကောင်းမှာပဲဟု ထင်လိုက်​သေးတာ။
ကိုယ့်ရူးပုံရူးနည်းက အဆန်း။ ကာယကံရှင်တုတ်တုတ်မလှုပ်နိုင်မှ တ,တတ ဖြစ်​နေတာ​လေ။

ကုတင်​ပေါ်မှာ ​ဘေးတ​စောင်းဝင်ထိုင်ရင်း Jeon JungKookလက်ကို ဆုပ်ကိုင်ထားမိသည်။
ခင်​ဗျားမနိုးလာမချင်း ကျွန်​တော်က မလွတ်နိုင်ဘူး​နော်။

သူ့ဘဝမှာ မအိပ်ဖြစ်တဲ့ ညဆိုတာသာ ရှိခဲ့လျှင် အခုညသာ ဖြစ်လိမ့်မည်။ သည်အတိုင်း​လေး Jeon JungKookမျက်နှာကို ကြည့်ရင်း အချိန်ကုန်​နေရတာကိုပဲ သူ့မှာ သ​ဘောကျ​နေမိ​တော့တာ။ စိုးရိမ်​ကြောင့်ကြပြီး အိပ်လိုက်ရမှာထက်စာရင် သည်လို​လေး ​စောင့်​နေရတာက ပို​ကောင်းတယ် မဟုတ်ပါလား။

"သခင်​လေး အိပ်ချင်အိပ်လို့ရတယ်​နော်။ ကျွန်​တော်​စောင့်​ပေးမယ်"

"ရတယ်..မအိပ်ချင်ဘူး။ အိပ်လို့လည်း ရမှာ မဟုတ်ဘူး"

"ကျွန်​​တော် အပြင်မှာ ရှိ​နေ​ပေးမယ်"

မီးပန်း၏ အလင်း​ရောင်အပြင် အပြင်ဘက်က လ​ရောင်အနည်းငယ်က အခန်းပြတင်းအ​ကျော်အထိ ဖြာကျလျက်ရှိသည်။ ကြယ်​ရောင်အနည်းငယ်လည်း ​ရောယှက်​​ကောင်းရောယှက်​နေလိမ့်မည်။
တိမ်ကင်းစင်သဖြင့် ည​လေးက သိပ်လှ​နေသည်။ သည်လိုည​လေးကို ခင်ဗျားမြန်မြန်ထကြည့်ဖို့​ကောင်းသည်။ မျက်လုံး​တွေက မှိတ်ကျ​နေ​တော့ နှ​မြောဖို့​ကောင်းတာ​ပေါ့။

"ကျွန်​တော်အိပ်မ​ပျော်တာ မကြိုက်ရင် မြန်မြန်နိုးလာ​တော့​နော်.. ကျွန်​တော့်စကားနား​ထောင်မယ်မလား"
____

"သခင်​လေး.. သခင်​လေး။ မိုးလင်း​နေပြီ​လေ.. ​နေ​တောင်ထွက်​​တော့မယ်"

မနက်ခင်းကို အ​ဒေါ်ကြီးအသံနဲ့ စလိုက်ရ​သော ​နေ့တစ်​နေ့ဖြစ်သည်။ ပြတင်းအပြင်ဘက်မှာ ငှက်​အော်သံနှင့်အတူ တခြားမနက်ခင်း၏ အသံ​တွေကိုပါ တွဲလျက်ကြား​နေရသည်။ သူမထချင်လို့ မရ​တော့။

"ဟင်..အင်း..ထပြီ ထပြီ"

Jeon JungKook ​ဘေးမှာ ထိုင်ကြည့်​နေရင်း ဘယ်ချိန်များ ပုံလျက်သား အိပ်​ပျော်သွားမှန်းမသိ။ သူ​နောက်ဆုံးသိလိုက်သည့်အချိန်က မနက်​လေးနာရီခွဲဖြစ်ပြီး အခုနိုး​တော့ မနက်၇နာရီ။ တကယ်​တော့ သူနည်းနည်း​လေးပဲ အိပ်ရ​သေးတာပါ။
အိပ်​ရေးမဝ​တော့ ​ခေါင်းက​နောက်ချင်ချင်။ လက်​​ချောင်းများက မျက်လုံးကို ပွတ်သပ်မိလျက်သား။

"အိပ်​ရေးမဝရင် အခန်းထဲ သွားအိပ်​လေ သခင်​လေးရဲ့။ ဒီလိုကြီးအိပ်​နေရင် ခါးနာလိမ့်မယ်"

"ရတယ်။ ကျွန်​တော်မျက်နှာသစ်ပြီး ပြန်လာခဲ့မယ်။ သူ့ကို ​စောင့်ကြည့်​ပေးပါဦး​နော်"

သည်လူဒဏ်ရာရ​တာ​လောက်ကို မျက်စိ​အောက်က အ​ပျောက်မခံနိုင်ဖြစ်​နေတာ။
သူ့အပြစ်မကင်းသလိုပါ ခံစား​မိ​​နေ​တော့တာ။ Jeon JungKookနိုးများနိုးလာလျှင် သူငိုပြီး ​တောင်းပန်မိ​လောက်သည်။ သူရှုပ်ခဲ့တဲ့ဇာတ်​ကို ရှင်း​ပေး​နေရလို့သာ Jeon JungKookက ခု​လောက်ထိ ဖြစ်သွားရတာ။ ခွင့်လွှတ်လို့ရတဲ့ အပြစ်​ရောဟုတ်ရဲ့လား မ​သေချာ​တော့ပါ။

Antonဆိုတဲ့ မ​ကောင်းတဲ့​ကောင်အ​ကြောင်း​တွေးမိတိုင်း အသည်းနာလှသည်။ သူလူကဲခတ်ညံ့တာကိုပါ ဝန်ခံရ​ပေမည်။
ဘယ်​လောက်ထိ ညံ့သလဲဆို Jeon JungKookကို အသက်အန္တရာယ်ဖြစ်​စေ​လောက်​အောင် အခက်​တွေ့​စေသည်အထိ..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"ဘယ္လိုဆက္လုပ္ရမလဲ သူ​ေဌးမင္း။ အ​ေရးႀကီးတဲ့ လက္နက္​ေတြမ​ဟုတ္လား"

"ဟိုဘက္က အဲ့တာကို ထုတ္လုပ္​ေတာ့မွာတဲ့လား"

"ဟုတ္ကဲ့.. သူတို႔ဘက္က​ေတာ့ အဲ့တာကို အ​ေလာတႀကီးထုတ္ဖို႔ စီစဥ္​ေနၾကပါတယ္"

"​ေအး​ေပါ့.. သူခိုးက်င့္သူခိုးႀကံနဲ႔ ရထားတဲ့ပုံၾကမ္းေတြဆို​ေတာ့လည္း ျမန္ျမန္အ​ေကာင္အထည္​ေဖာ္ခ်င္မွာ​ေပါ့"

JungKookက ခပ္႐ြဲ႕႐ြဲ႕ရယ္ရင္း​ေျပာသည္။ စိတ္ထဲမွာ​ေတာ့ မတရား​ေဒါသထြက္​ေနတာ။ သူ​ေန႔မနားညမအား ႀကိဳးစားခဲ့တာ​ေတြက ဘာမဟုတ္တဲ့​​ေကာင္​ေၾကာင့္ ၿပိဳင္ဘက္တိုင္းျပည္ကို​ေရာက္သြားသည့္အတြက္ ဘယ္သူ႔ကို အျပစ္တင္လို႔တင္ရမွန္း မသိ။ သူ႔ကိုယ္သူပဲ ​​ေပါ့​ေလ်ာ့မႈအတြက္ ​ေဒါသထြက္ရမလား၊ ​ေအာက္တန္းစား​​ေကာင္Antonကိုပဲ စိတ္တိုၿပီး ဆိုဗီယက္အထိ လူသြားသတ္ရမလား။

"သူ​ေဌးမင္း.. အ​ေရး​ေပၚပါ"

အျပင္က​ေန ဝ႐ုန္းသုန္းကား​ေျပးဝင္လာတဲ့ လုံၿခဳံ​ေရးဝန္ထမ္း​​ေလး​ေၾကာင့္ JungKook အာ႐ုံပ်က္သြားသည္။ မိုး​​ေတာင္ခ်ဳပ္လုလုျဖစ္​ေနကာမွ ဘာအ​ေရး​ေပၚလဲ။

"ဘာျဖစ္ျပန္ၿပီလဲ"

"ကြၽန္​ေတာ္တို႔စက္႐ုံ တိုက္ခိုက္မႈခံ​ေနရပါတယ္"

"တိုက္ခိုက္မႈ ဟုတ္လား။ ဘယ္က​လဲသိလား"

"ကြၽန္​ေတာ္တို႔ပ​ေရာဂ်က္ခိုးယူတဲ့အဖြဲ႕ကလို႔ ထင္ရ​ေပမဲ့ ဆိုဗီယက္က မဟုတ္ဘူးျဖစ္​ေနတယ္"

JungKook စိတ္ရႈပ္သြားၿပီး အနည္းငယ္စဥ္းစားဟန္ျပဳသည္။ တရားဝင္လက္နက္ထုတ္လုပ္​ေရးမွာ ၿခဳံခိုတိုက္ခိုက္သည္က သိပ္ကို​ေအာက္တန္းက်တဲ့ လုပ္ရပ္။ တရားမ​ဝင္​ေျမ​ေအာက္အဖြဲ႕အစည္းမွာ ဒါမ်ိဳးက မဆန္း​ေပမဲ့ တရားဝင္လုပ္ငန္းမွာ သည္လိုကိစၥက မရွိသ​ေလာက္။
သို႔​ေသာ္ သူဒါ​ေတြကို စဥ္းစားခ်ိန္လုံလုံ​ေလာက္​ေလာက္မရလိုက္။ ​အျပင္ဘက္မွ ​ေသနတ္သံ​ေတြ ဆက္တိုက္ၾကားရ​ေတာ့ သူ႔​ေဘးနားက သက္​ေတာ္​ေစာင့္​ေတြပါ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္၏။

"ဆိုဗီယက္ကိုမဟုတ္ဘဲ ၿပိဳင္ဘက္ကုမၸဏီကို​ေရာင္းလိုက္တာထင္တယ္"

"ဒီ​​ေ-ြးသားက​ေတာ့! ဒီ​ေသာက္ကိစၥ​ေတြၿပီးမွ ငါကိုယ္တိုင္သြားသတ္ဦးမွာ"

သူ႔လက္ထဲက ​ေျခာက္လုံးျပဴး​ေသနတ္ကို ​ေမာင္းတင္လိုက္ၿပီး ထြက္လာ​ေတာ့ တိုက္ခိုက္မႈ​ေတြက စတင္ျပင္းထန္စျပဳလာသည္။ အမ်ိဳးမ်ိဳး​ေသာ ​ေသနတ္​ေတြက အျပန္အလွန္ ပစ္ခတ္လ်က္။ ​ေျပာင္းဝထက္မွာ တလက္လက္​ေတာက္လာ​ေသာ ယမ္းမီးစ​ေတြ။
ထိုစက္႐ုံမွာ ယမ္းနံ႔​ေတြ တ​​ေထာင္​ေထာင္ျဖစ္သြားသည္။

"သူ​ေဌးမင္း​ အထဲဝင္​ေနပါ။ ကြၽန္​ေတာ္တို႔ ၾကည့္ရွင္းလိုက္မယ္"

"​ေနစမ္းပါ.. ဒီ​ေကာင္​ေတြကို ငါကိုယ္တိုင္ သတ္ရမွ ျဖစ္မွာ ​ေတာက္!"

Audieတား​​ေသာ္လည္း JungKookက ​ေသနတ္တစ္လက္ကိုင္ကာ ​ေရွ႕ထြက္တိုက္သည္။ ၿပိဳင္ဘက္အမည္ခံ ဘယ္​ေအာက္တန္းစားကမ်ား သူ႔ကို လာတိုက္​ေနရတာလဲ စိတ္မဝင္စား။
သူတို႔လက္နက္႐ုံကို မ​ေက်နပ္မနာလိုတဲ့ တျခားလက္နက္႐ုံ​ေတြမ်ားလြန္းလို႔ သူ႔​ေခါင္းထဲ ထည့္ထားႏိုင္တာမဟုတ္။ ဘာပဲျဖစ္ျဖစ္ ​​ေလာဘတက္ၿပီး သည္လိုလာတိုက္ခိုက္ကတည္းက သူ႔အတြက္ ၿပိဳင္ဘက္​ေကာင္း မျဖစ္ႏိုင္​ေတာ့။

"သူ​ေဌးမင္း သတိထားပါ"

"မင္းက ငါ့ကို အထင္​​ေသး​ေနတာလား Audie"

"မဟုတ္ပါဘူး သူ​ေဌးမင္း။ ကြၽန္​ေတာ္က မလိုအပ္ဘဲ အထိအခိုက္မခံ​ေစခ်င္လို႔ပါ"

"​ေတာ္စမ္းပါ!"

တ​ေျဖး​ေျဖး စိပ္လာသည့္ ​က်ည္ဆန္အပစ္အခတ္​​ေတြၾကား မ​ေၾကာက္မလန္႔ ဝင္သြားသည့္ သူ​ေဌးမင္းJeon. ဒါက သိပ္ၿပီး နိမိတ္မ​ေကာင္းလွ။
သူတို႔ဘက္က အင္အားမနည္းလွ​​ေသာ္လည္း ဟိုဘက္က အင္အားကပိုမ်ား​ေနသည္။ သည္စက္႐ုံက သူတို႔စက္႐ုံထဲက အႀကီးဆုံးတစ္ခုမ​ဟုတ္။ တိတ္တိတ္ဆိတ္ဆိတ္စမ္းသပ္ထုတ္လုပ္ခ်င္တဲ့လက္နက္ျဖစ္တာ​ေၾကာင့္ သည္စက္႐ုံကို ​ေ႐ြးထားခဲ့တာက ရန္သူအတြက္ အခြင့္အ​ေရး​ေပးသလို ျဖစ္သြားခဲ့သည္။

ထိုအခ်ိန္ တစ္ဖက္အဖြဲ႕မွ ကားတစ္စီးက သူ​ေဌးမင္း​ေရွ႕မွ ျဖတ္ၿပီး ​ေသနတ္ကိုင္ထား​ေသာ လက္တစ္ဖက္က ကားျပတင္းထဲမွ ထြက္လာသည္။

"သူ​ေဌးမင္း!"

အႏိုင္ပိုင္းလိုက္ၿပီဟူ​ေသာ အၿပဳံးျဖင့္ ထိုလူက ၿပဳံးလိုက္ၿပီး သူ႔လူ​ေတြနဲ႔ လွည့္ျပန္ရန္လုပ္သည္။ သို႔ေသာ္ Audieက လ်င္ျမန္စြာပင္ ပစၥတိုကိုခ်ိန္လိုက္ၿပီး ထိုကားကို တရစပ္ပစ္ေတာ့သည္။
တစ္ဖြဲ႕လုံးက အဓိက​ေနရာကို ပစ္မွတ္ထားၾက​ေတာ့ ထိုကားမွာ ရစရာမရွိ​ေအာင္ ဖြတ္ဖြတ္ညက္ညက္​ေၾကလို႔။

သူ​ေဌးမင္းသာသတိရရင္ အားမလိုအားမရျဖစ္​ေနမလား။ တစ္ဖက္​က​ေခါင္း​ေဆာင္ကိုမမိႏိုင္ဘဲ က်န္တဲ့​ေနာက္လိုက္​​ေနာက္ပါခပ္မ်ားမ်ားကိုသာ အရွင္ဖမ္းလိုက္ႏိုင္သည့္အတြက္ ​သူ​​ေဌးမင္းသိရင္ ​ေဒါသထြက္​ေန​ဦးမွာ။

"အဲ့​ေကာင္​​ေတြကို ​ေျမ​ေအာက္ခန္းထဲ ပိတ္ထားလိုက္။ ငါသူ​ေဌးမင္းကို ပို႔ၿပီးမွ လာရွင္းမယ္"

ဒဏ္ရာျပင္းခ်က္က သူ​ေဌးမင္းJeonလို အား​ေကာင္း​ေမာင္းသန္ ​​​ေယာက်္ားတစ္​​ေယာက္​ေတာင္ သတိမရ​ေတာ့သည္အထိ။ သခင္​ေလးသာ သိရင္ စိတ္​ေကာင္းမွာမဟုတ္။ အမွန္ဆို စံအိမ္အထိ​ေခၚသြားဖို႔ကို​ေတာင္ Audie အားနာမိ​ေနသည္။

"​ေသြးထြက္​​ေနတုန္းလား"

ကား​ေနာက္ခံမွာ သူ​ေဌးမင္းခႏၶါကိုယ္ကို ​ထိန္းထား​ေပး​ေသာ တပည့္​ေလးအား လွမ္း​​ေမးလိုက္သည္။ 

"ထြက္​ေနတုန္းပဲ ​ေခါင္း​ေဆာင္။ ​​ေသြးထြက္လြန္မွာ စိုးရိမ္ရတယ္။ ဘယ္လိုလုပ္မလဲ.. ​ေဆး႐ုံပဲပို႔မလား"

"မရဘူး။ အခုလိုတိုက္ခိုက္မႈ​ေတြရွိလာတာက မသမာသူ​ေတြရွိ​ေနလို႔ပဲ။ သူ​ေဌးမင္းJeon ဒဏ္ရာရတယ္ဆိုတာ လူသိလို႔မျဖစ္ဘူး။ ငါမိသားစုဆရာဝန္ကို ဆက္သြယ္ထားတယ္။ ငါတို႔စံအိမ္​ေရာက္တာနဲ႔သူ​ေရာက္တာနဲ႔ ကြက္တိ​ေလာက္ျဖစ္​ေနမွာပဲ"

ညနက္ထဲ ကား​ေမာင္းရတာရယ္၊ ကား​ေနာက္ခန္းမွာ သူ​ေဌးမင္းက အသက္လုရႉ​ေနရသည္ရယ္​ေပါင္းၿပီး Audieမွာ ဖိအားမ်ားလွသည္။ စတီယာတိုင္ကို တင္းတင္းဆုပ္ကိုင္ထားသည့္ လက္မွာလည္း ​ေခြၽးစီးတျပန္ျပန္။
သူ​ေဌးမင္းဘယ္​ေလာက္​ေခါင္းမာမာ သူရ​ေအာင္ တားလိုက္သင့္တာ။
____

"​ေဒါက္တာက ညႀကီးမင္းႀကီးဘာကိစၥရွိလို႔လဲ။ သူ​ေဌးမင္းJeonက အခုထိျပန္မ​ေရာက္​ေသးဘူး ​ေဒါက္တာရဲ႕"

သန္း​​ေခါင္ယံအခ်ိန္နီးမွ ဆရာ၀န္​ေရာက္လာသည္ဆို​​ေသာ​ေၾကာင့္ Taehyungမွာ ထဧည့္ခံရ​​​​ေတာ့သည္။ Jeon JungKookကလည္း သည္ညျပန္​လာမည့္ဟန္မ​ေပၚ။ မ​ေစာင့္​ေနဖို႔​ေတာင္ အ​​ေသအခ်ာမွာသြားခဲ့သည္။

"ကြၽန္​ေတာ္သိတယ္ Kim Taehyung. သူ႔သက္​ေတာ္​ေစာင့္က ဖုန္းဆက္အ​ေၾကာင္းၾကားလို႔ ​ေရာက္လာတာပါ"

"ဘယ္သက္​ေတာ္​ေစာင့္လဲ။ Audieကလား"

Taehyungက မ်က္ခုံးမ်ားကို တြန္႔ခ်ိဳးလ်က္ ျပန္​ေမး​ေလ၏။

"နာမည္​ေတာ့ ကြၽန္​ေတာ္မသိဘူး။ ကြၽန္​ေတာ့္ကိုလည္း လမ္း​ေဘးႀကိဳးဖုန္းနဲ႔ ဆက္ခဲ့တာဆို​ေတာ့.."

ဘုရား​ေရ.. တစ္ခုခုျဖစ္​ေနတာ​ေတာ့ မဟုတ္ဘူးမလား။ ညႀကီးသန္း​ေခါင္ဆရာ၀န္ကို အ​ေၾကာင္းၾကားရတဲ့အထိဆို​ေတာ့ ဘာ​ေတြမ်ားျဖစ္ၾကလို႔လဲ။
အခုလိုအခ်ိန္မွာ သူစိတ္မပူဘဲ မ​ေနႏိုင္။ မီးဖိုးခန္းထဲဝင္ၿပီး ​ေရ​ေအး​ေအးသုံးခြက္​ေလာက္ဆက္တိုက္​ေသာက္လိုက္တာ​ေတာင္ စိတ္က တည္ၿငိမ္မ​ေန။

"ဘာကိစၥလို႔​ေျပာလဲ ​ေဒါက္တာ.. တစ္ခုခု​ေတာ့ ​ေျပာလိုက္တယ္မလား"

"အ​ေရး​ေပၚလို႔​ေျပာတယ္။ သူလည္း ​အလ်င္လို​ေနပုံပဲ။ ခ်က္ခ်င္းလာခဲ့မွာလို႔လည္း​ေျပာ​ေသးတယ္"

Audie သည္ကို လာလွ်င္ Jeon JungKookသတင္းလည္း ပါလာလိမ့္မည္။ သူသိခ်င္လွပါၿပီ။ စိတ္ခ်ရၿပီး အႏၲရာယ္ကင္းကင္းရွိ​ေနတယ္လို႔ ျမန္ျမန္အတည္ျပဳပါရ​ေစ​ေတာ့။

သူ႔မ်က္ဆန္​ေတြဟာလည္း ဂနာမၿငိမ္။ လက္​ေခ်ာင္းမ်ားက စားပြဲမ်က္ႏွာျပင္​ကို တ​ေတာက္​ေတာက္​ေခါက္လ်က္ရွိၿပီး ႏႈတ္ခမ္းပါးမ်ားက ​ေျခာက္​ေသြ႕လ်က္။

"ကားသံၾကားတယ္။ ​ေရာက္ၿပီထင္တယ္"

Taehyung ဝုန္းခနဲ ထရပ္လိုက္သည္။ တုံ႔ျပန္စကား တစ္ခြန္းမွမ​ေျပာဘဲ Audie​ေမာင္းလာတဲ့ကားအနား သြားသည္။ ဒါက Jeon JungKook စက္႐ုံမွာ သုံး​ေနက် ကားမ်ားထဲမွ တစ္စီး။ ဇိမ္ခံကားမဟုတ္ဘဲ အၾကမ္းခံကားဆို​ေတာ့ ​ေတာက္​ေတာက္​ေျပာင္​ေျပာင္ မဟုတ္။

"Audie! Jeon JungKook​ေရာ.."

သူအလန္႔တၾကား​ေမး​ေနစဥ္ ကားအ​​ေနာက္ခန္းထဲမွ ​ေကာင္​ေလးတစ္​ေယာက္ Jeon JungKookကို တြဲဆင္းလာသည္။

သတိ​ေမ့ၿပီး ရင္ဘတ္ထဲက ​ေသြးတစိမ့္စိမ့္ယိုက်​ေနလ်က္။ သူ႔ရင္ကို ​ေလာင္စာျဖည့္ၿပီး ​ေလာင္ကြၽမ္း​ေစ​ေသာ အပူမီးမ်ိဳး။ ဘာ​ေတြျဖစ္ၾကတာလဲဟု အခါခါ​ေမး​ေန​ေသာ္လည္း ပါးစပ္ဖ်ားက ထြက္မလာ။
အံ​ေသ​​ေန​ေသာ ​ေမး႐ိုး​ေတြ​ေၾကာင့္ လႈပ္ရွားမရ။

"သူ​​ေဌးမင္း ​ေသနတ္ဒဏ္ရာရလာတယ္ သခင္​ေလး။ အခန္း​ေလးျပင္​ေပးပါဦး.. အခုထိ က်ည္မထုတ္ရ​ေသးလို႔"

"ဘယ္လိုျဖစ္ၾကတာလဲ။ ဘယ္လိုျဖစ္လို႔ အခု​ေလာက္ထိ ျဖစ္သြားတာလဲ။ သူ႔..သူ႔ကို ဘယ္သူက.."

"ကြၽန္​ေတာ္ၿပီးရင္ အ​ေသးစိတ္ရွင္းျပပါမယ္။ အခု​​ေတာ့ ကူညီပါဦး"

ဧည့္သည္တည္းခိုရန္ ထားထား​ေသာ အခန္းလြတ္ဆီ Taehyung ​ေခၚသြားလိုက္သည္။ အ​ေပၚထပ္ထိ တက္ဖို႔ရာ အဆင္​ေျပတဲ့ ဒဏ္ရာမ်ိဳးမဟုတ္သျဖင့္ ​ေအာက္ထပ္က ရွိတဲ့အခန္း​ေလးမွာသာ ျပင္ဆင္​ေပးလိုက္၏။

"ဒဏ္ရာ​ေတာ္​ေတာ္နက္တာပဲ။ အခုခ်ိန္ထိ အသက္ရႉ​ေနပုံ​​ေထာက္ရင္ ႏွလုံးကို မထိသြားလို႔ ​ေတာ္​ေသးတာ​ေပါ့"

"သူအႏၲရာယ္ကင္းတယ္မလားဟင္"

"ကြၽန္​ေတာ္အစြမ္းကုန္ ကုသ​ေပးမွာပါ။ Kim Taehyung မၾကည့္ရဲရင္ အျပင္ထြက္​ေနလို႔ရတယ္​ေနာ္"

တကယ္လည္း သူမၾကည့္ရဲ။ Jeon JungKookရင္ဘတ္​ေပၚက ​ေသနတ္ဒဏ္ရာက သူ႔အ​ေဖ၏ ​ေသနတ္ဒဏ္ရာကို ျပန္အမွတ္ရ​ေစသည္။ အတိတ္ကို တမင္သက္သက္ လာတူးဆြ​ေနသည့္အတိုင္း သူ႔ကို နာက်င္​ေစလ်က္။ သူမ်က္ႏွာပ်က္​ေနပုံက သိသိသာသာ။

Jeon JungKookသာ အ​ေဖ့လို ထပ္ျဖစ္သြားမယ္ဆို သူခံႏိုင္ရည္ရွိမွာမဟုတ္​ေတာ့။
စိတ္ဒဏ္ရာမ​ေပးခ်င္ဆို အခုပဲ သတိရလာပါ​ေတာ့လား Jeon JungKookရယ္။

"အျပင္ထြက္ရ​ေအာင္ သခင္​ေလး"

Audieကို ကိုယ့္ကို အျပင္ဘက္ထိ တြဲ​ေခၚလာၿပီး သူက​ေတာ့ အခန္းထဲ ျပန္ဝင္သြားသည္။
Jeon JungKookဒဏ္ရာရသည္ကို သူတို႔အတြက္ ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္တစ္ခုလို သ​​ေဘာထားကာ လႈပ္ရွား​​ေနၾကတာ ျဖစ္သည္။

Jeon JungKookက လက္နက္လုပ္ငန္းကို ​ေမွာင္ခိုလုပ္ကိုင္​ေနတာမဟုတ္။ ဒါ​ေတာင္ အသက္အႏၲရာယ္ရွိႏိုင္သည္တဲ့လား။ တရားမဝင္​ေမွာင္ခိုလုပ္ငန္းသာဆို ​ေတြး​ေတာင္မ​ေတြးရဲ။
ခက္လိုက္တာ Jeon JungKookရယ္.. ဘယ္လိုသတၱိနဲ႔မ်ား သည္လိုအလုပ္ကို လုပ္​ေနတာပါလိမ့္။
သူဂ႐ုတစိုက္မရွိခဲ့တဲ့အခ်ိန္​ေတြမွာ​ေရာ အခုလို အႏၲရာယ္​ေတြရွိခဲ့​ေသးလား။ အ​ေတြးကပင္ သူ႔ကို ရင္​ေလးသြား​ေစသည္။

"အသက္အႏၲရာယ္မရွိ​​ေတာ့ဘူးလို႔ ​ေျပာပါတယ္။ မနက္က် ​ေဒါက္တာ ထပ္လာပါလိမ့္မယ္"

​ဆရာဝန္ျပန္သြားသည့္တိုင္ သူ႔မွာ ​ေမာဟိုက္စြာ ​ေျခပစ္လက္ပစ္ထိုင္​ေနမိဆဲ။ Jeon JungKookရင္ဘတ္ထဲက ​ေသြးတပြက္ပြက္လွ်ံက်​ေနတာကိုလည္း မ်က္လုံးထဲက မထြက္​ေသး။ အသံက မႈိင္​ေတြ​ေန​ေသာ္လည္း ​ေမးစရာရွိ​တာကို​ေတာ့ အားတင္း​ေမးလိုက္သည္။

"ဘယ္လိုျဖစ္ၾကတာလဲ။ ငါ့ကို အ​ေသးစိတ္​ေျပာျပ"

"Anton​ဆိုတဲ့ အယုတ္တမာ​ေၾကာင့္ပါ။ သခင္​ေလးကို အျပစ္မတင္သင့္​ေပမဲ့ Antonကိစၥမွာ​ေတာ့ ​ေတာက္​ေလွ်ာက္က သခင္​ေလးအျပစ္မကင္းဘူးလို႔ပဲ ​ေျပာပါရ​ေစ"

"ဘာ.. ငါနဲ႔ ဘာဆိုင္လို႔လဲ"

Antonနဲ႔ ပတ္သက္ၿပီး သူ႔ဘက္က အစအဆုံး မွား​ေနခဲ့တယ္ဆိုတာ ဝန္ခံ​ေပမဲ့ အခုလို တစ္ဖက္သတ္ႀကီး အျပစ္လာတင္​ေနစရာလိုလို႔လား။
သက္​ေတာ္​ေစာင့္ထဲမွာမွ သည္Audieဆိုတဲ့​ေကာင္​​ေလးက အ​ေၾကာက္အလန္႔ကိုမရွိဘဲ သူ႔ကို ​ေဝဖန္ႏိုင္လြန္သည္။

"Antonက သူ​ေဌးမင္းည​ေတာင္မအိပ္ဘဲလုပ္ထားတဲ့ စာ႐ြက္စာတမ္း​ေတြကို ခိုးသြားၿပီး ​ေရာင္းစားလိုက္တာ။ အစတည္းက သခင္​​ေလးသာ သူ႔ကို မ​ေခၚလာရင္ ဒီကိစၥ​ေတြျဖစ္မလာဘူး။ သခင္​ေလးက စတဲ့လူဆို​ေပမဲ့ သူ​ေဌးမင္းက ပိပိရိရိအဆုံးသတ္​​ေပးခ်င္တဲ့လူ.."

"​ေနပါဦး။ အခု Antonက ထြက္​ေျပးသြားတယ္လို႔ ဆိုလိုတာလား။ အဲ့တာကလည္း စာ႐ြက္စာတမ္း​ေတြ ခိုးၿပီး"

"ဟုတ္တယ္။ ၿပီး​ေတာ့ ၿပိဳင္ဘက္စက္႐ုံဆီ​ေရာင္းလိုက္တယ္နဲ႔တူတယ္။ အဲ့စက္႐ုံပဲ ကြၽန္​ေတာ္တို႔စက္႐ုံကို လာတိုက္ခိုက္ရင္း သူ​​ေဌးမင္းကို ထိသြားတာ"

စ​ေတြ႕တည္းက Antonကို အ​ေကာင္းျမင္​ေပးခဲ့မိတာ မွားလိုက္​ေလျခင္း။ သည္တစ္ခါ​ေတာ့ သူလူအကဲခတ္မွားတာကို ဝန္ခံရ​ေပမည္။ ဘယ့္ႏွယ္​ေၾကာင့္မ်ား ​ေရွ႕မၾကည့္​ေနာက္မၾကည့္နဲ႔ သည္လို​ေကာင္ကို အိမ္​ေပၚ​ေခၚတင္ခဲ့ရတာလဲ။
သူသိခဲ့ရမွာ.. သူ႔ထက္ Jeon JungKookကမွ မ်က္စိက်စရာ ​​​ေယာက်္ားတစ္​​​ေယာက္ဆိုတာကို။ အခု​ေတာ့ Antonက မစားရတဲ့အမဲ သဲနဲ႔ပက္လိုက္​ေလျခင္း။ Jeon JungKookကိုမရႏိုင္တာ​ေသခ်ာ​ေတာ့ Jeon JungKookကို ဖ်က္ဆီးတယ္​ေပါ့​​ေလ။

"ငါက အ႐ူးလိုပဲ။ ငါအသုံးမက်လို႔ သူအခုလိုျဖစ္ရတာ။ ငါ့အျပစ္​ေတြခ်ည္းပဲ။ သူသတိရလာရင္ ငါ့ကိုအျပစ္တင္​ေနမွာ။ ငါ့ကိုလည္း စိတ္ပ်က္​ေန​ေလာက္ၿပီ"

"သူ​ေဌးမင္းက ဘယ္​ေတာ့မွ သခင္​ေလးကို အျပစ္တင္မွာ မဟုတ္​ပါဘူး။ သူ​ေဌးမင္းလိုလူကရွားတယ္။ သခင္​ေလး တန္ဖိုးထားဖို႔ပဲလိုတာ"

Taehyung႐ုတ္တရက္ၿငိမ္က်သြားရသည္။
သူဘာ​ေတြကို တန္ဖိုးထားခဲ့သလဲ။ ဘာ​ေတြကို ထည့္စဥ္းစားခဲ့သလဲ။ အသုံးမဝင္တဲ့ မာနနဲ႔ ​​ေဒါသ​ေတြရယ္၊ ဘာအက်ိဳးသက္​ေရာက္မႈမွမရွိတဲ့ ရန္ၿငိဳးရန္စ​ေတြရယ္။
Audie​ေျပာသလိုဆို သူဟာ တန္ဖိုးထားသင့္တဲ့အရာကို တန္ဖိုးမထားတတ္ခဲ့ဘူး​ေပါ့​ေနာ္။

"ငါညံ့လိုက္တာ..။ သူငါ့ကို စိတ္ပ်က္သြားၿပီဆို ငါဘယ္လိုလုပ္ရပါ့မလဲ"

"အဲ့လိုကိစၥမ်ိဳးရွိလာမွာမဟုတ္လို႔ သူ​ေဌးမင္းအနားမွာပဲ သြား​ေန​ေပးလိုက္ပါ"

ယိုင္နဲ႔နဲ႔ ​ေျခလွမ္းမ်ားျဖင့္ သူအခန္းထဲဝင္လာသည္။ ပတ္တီးအ​ေဖြးသားႏွင့္ Jeon JungKookက ၿငိမ္သက္စြာ လဲ​ေလ်ာင္းလ်က္ရွိ​ေနလွ်င္ သူအနီးဆုံးအထိ တိုးကပ္သြားလိုက္သည္။

သူနဲ႔ကိုယ္အၾကား ႏႈတ္ခမ္းခ်င္းအကြာအ​ေဝးက စင္တီမီတာတစ္ခုထက္​ေတာ့ မပိုႏိုင္။ ခပ္တိမ္တိမ္သာ ရႉရႈိက္လ်က္ရွိ​ေသာ Jeon JungKook၏ အသက္ရႉသံ​ေဖ်ာ့​ေဖ်ာ့​ေလးက တိုးလြန္း​​​ေတာ့လည္း သူစိတ္မ​ေကာင္း။
ပါးတစ္ဖက္ကို အုပ္ကိုင္ၾကည့္​ေတာ့ ​ေႏြး​ေတး​​ေတး။ အဖ်ားမတက္ပါ​ေစနဲ႔ဟု တိတ္တခိုးဆု​ေတာင္းလိုက္​ေသးသည္။

"မနက္ျဖန္​..မဟုတ္​ေသးဘူး.. မိုးမလင္းခင္ပဲ ႏိုးလာ​ေတာ့မယ္မဟုတ္လား Jeon JungKook. ျမန္ျမန္သတိရလာၿပီး ကြၽန္​ေတာ့္ကိုစိတ္ဆိုးတာျဖစ္ျဖစ္ ​ေဒါသထြက္တာျဖစ္ျဖစ္ တစ္ခုခုလုပ္မွ​ေပါ့။
ခင္ဗ်ားရဲ႕စီရင္ခ်က္ကို​ေစာင့္​ေနရ​ေတာ့ ကြၽန္​ေတာ့္အခ်ိန္​ေတြကို လာျဖဳန္းသလို ျဖစ္မ​ေနဘူးလား"

​ေလတိုးသံကဲ့သို႔ တိုးတိုးညႇင္းညႇင္း​ေလး​ေျပာသည္။ Jeon JungKookၾကားႏိုင္လွ်င္ သိပ္​ေကာင္းမွာပဲဟု ထင္လိုက္​ေသးတာ။
ကိုယ့္႐ူးပုံ႐ူးနည္းက အဆန္း။ ကာယကံရွင္တုတ္တုတ္မလႈပ္ႏိုင္မွ တ,တတ ျဖစ္​ေနတာ​ေလ။

ကုတင္​ေပၚမွာ ​ေဘးတ​ေစာင္းဝင္ထိုင္ရင္း Jeon JungKookလက္ကို ဆုပ္ကိုင္ထားမိသည္။
ခင္​ဗ်ားမႏိုးလာမခ်င္း ကြၽန္​ေတာ္က မလြတ္ႏိုင္ဘူး​ေနာ္။

သူ႔ဘဝမွာ မအိပ္ျဖစ္တဲ့ ညဆိုတာသာ ရွိခဲ့လွ်င္ အခုညသာ ျဖစ္လိမ့္မည္။ သည္အတိုင္း​ေလး Jeon JungKookမ်က္ႏွာကို ၾကည့္ရင္း အခ်ိန္ကုန္​ေနရတာကိုပဲ သူ႔မွာ သ​ေဘာက်​ေနမိ​ေတာ့တာ။ စိုးရိမ္​ေၾကာင့္ၾကၿပီး အိပ္လိုက္ရမွာထက္စာရင္ သည္လို​ေလး ​ေစာင့္​ေနရတာက ပို​ေကာင္းတယ္ မဟုတ္ပါလား။

"သခင္​ေလး အိပ္ခ်င္အိပ္လို႔ရတယ္​ေနာ္။ ကြၽန္​ေတာ္​ေစာင့္​ေပးမယ္"

"ရတယ္..မအိပ္ခ်င္ဘူး။ အိပ္လို႔လည္း ရမွာ မဟုတ္ဘူး"

"ကြၽန္​​ေတာ္ အျပင္မွာ ရွိ​ေန​ေပးမယ္"

မီးပန္း၏ အလင္း​ေရာင္အျပင္ အျပင္ဘက္က လ​ေရာင္အနည္းငယ္က အခန္းျပတင္းအ​ေက်ာ္အထိ ျဖာက်လ်က္ရွိသည္။ ၾကယ္​ေရာင္အနည္းငယ္လည္း ​ေရာယွက္​​ေကာင္းေရာယွက္​ေနလိမ့္မည္။
တိမ္ကင္းစင္သျဖင့္ ည​ေလးက သိပ္လွ​ေနသည္။ သည္လိုည​ေလးကို ခင္ဗ်ားျမန္ျမန္ထၾကည့္ဖို႔​ေကာင္းသည္။ မ်က္လုံး​ေတြက မွိတ္က်​ေန​ေတာ့ ႏွ​ေျမာဖို႔​ေကာင္းတာ​ေပါ့။

"ကြၽန္​ေတာ္အိပ္မ​ေပ်ာ္တာ မႀကိဳက္ရင္ ျမန္ျမန္ႏိုးလာ​ေတာ့​ေနာ္.. ကြၽန္​ေတာ့္စကားနား​ေထာင္မယ္မလား"
____

"သခင္​ေလး.. သခင္​ေလး။ မိုးလင္း​ေနၿပီ​ေလ.. ​ေန​ေတာင္ထြက္​​ေတာ့မယ္"

မနက္ခင္းကို အ​ေဒၚႀကီးအသံနဲ႔ စလိုက္ရ​ေသာ ​ေန႔တစ္​ေန႔ျဖစ္သည္။ ျပတင္းအျပင္ဘက္မွာ ငွက္​ေအာ္သံႏွင့္အတူ တျခားမနက္ခင္း၏ အသံ​ေတြကိုပါ တြဲလ်က္ၾကား​ေနရသည္။ သူမထခ်င္လို႔ မရ​ေတာ့။

"ဟင္..အင္း..ထၿပီ ထၿပီ"

Jeon JungKook ​ေဘးမွာ ထိုင္ၾကည့္​ေနရင္း ဘယ္ခ်ိန္မ်ား ပုံလ်က္သား အိပ္​ေပ်ာ္သြားမွန္းမသိ။ သူ​ေနာက္ဆုံးသိလိုက္သည့္အခ်ိန္က မနက္​ေလးနာရီခြဲျဖစ္ၿပီး အခုႏိုး​ေတာ့ မနက္၇နာရီ။ တကယ္​ေတာ့ သူနည္းနည္း​ေလးပဲ အိပ္ရ​ေသးတာပါ။
အိပ္​ေရးမဝ​ေတာ့ ​ေခါင္းက​ေနာက္ခ်င္ခ်င္။ လက္​​ေခ်ာင္းမ်ားက မ်က္လုံးကို ပြတ္သပ္မိလ်က္သား။

"အိပ္​ေရးမဝရင္ အခန္းထဲ သြားအိပ္​ေလ သခင္​ေလးရဲ႕။ ဒီလိုႀကီးအိပ္​ေနရင္ ခါးနာလိမ့္မယ္"

"ရတယ္။ ကြၽန္​ေတာ္မ်က္ႏွာသစ္ၿပီး ျပန္လာခဲ့မယ္။ သူ႔ကို ​ေစာင့္ၾကည့္​ေပးပါဦး​ေနာ္"

သည္လူဒဏ္ရာရ​တာ​ေလာက္ကို မ်က္စိ​ေအာက္က အ​ေပ်ာက္မခံႏိုင္ျဖစ္​ေနတာ။
သူ႔အျပစ္မကင္းသလိုပါ ခံစား​မိ​​ေန​ေတာ့တာ။ Jeon JungKookႏိုးမ်ားႏိုးလာလွ်င္ သူငိုၿပီး ​ေတာင္းပန္မိ​ေလာက္သည္။ သူရႈပ္ခဲ့တဲ့ဇာတ္​ကို ရွင္း​ေပး​ေနရလို႔သာ Jeon JungKookက ခု​ေလာက္ထိ ျဖစ္သြားရတာ။ ခြင့္လႊတ္လို႔ရတဲ့ အျပစ္​ေရာဟုတ္ရဲ႕လား မ​ေသခ်ာ​ေတာ့ပါ။

Antonဆိုတဲ့ မ​ေကာင္းတဲ့​ေကာင္အ​ေၾကာင္း​ေတြးမိတိုင္း အသည္းနာလွသည္။ သူလူကဲခတ္ညံ့တာကိုပါ ဝန္ခံရ​ေပမည္။
ဘယ္​ေလာက္ထိ ညံ့သလဲဆို Jeon JungKookကို အသက္အႏၲရာယ္ျဖစ္​ေစ​ေလာက္​ေအာင္ အခက္​ေတြ႕​ေစသည္အထိ..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

659K 40.3K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
770 77 3
WHEN AXE-HAND MORGAN'S STEP DAUGHTER DECIDES SHE'S HAD ENOUGH, SHE FINDS HERSELF IN A PIRATE CREW ⎯⎯ THE ONE THING SHE DESPISES MOST. [ OPLA FANFIC...
883K 40.9K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
144K 16.6K 23
Your are the owner of my 'LUBB - DUP'. Recommended song - 'I don't know why' by NOTD, Astrid S Kookv JJK x KTH