𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

By AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 28

3.6K 504 82
By AureumV

Unicode~

"တကယ်​ပြော​နေတာလား"

"ဘာကိုလဲ"

"ကိုယ်​ကြောင့် ကြည်နူးပြီးမျက်ရည်ကျတယ်ဆိုတာ​လေ။ ဘယ်လိုလဲ ဒီ​လောက်ဆို မင်းကို အိမ်​ပြန်ခေါ်လို့ရပြီလား"

​ခေါင်းညိတ်မိလား၊ ​ခေါင်းခါမိလား သူ့ကိုယ်သူ​တောင်မသိလိုက်။ သည်တစ်ခါ​တော့ ​ဦး​နှောက်ထဲကအ​တွေး​တွေအများကြီးအစား နှလုံးသားနဲ့ဆုံးဖြတ်ချက်ချလိုက်မိတာ ထင်ပါရဲ့။

အိမ်ဆိုတာက ​နေထိုင်​ရာ​ဒေသထက် စိတ်နှလုံးတည်ရာပဲ ဖြစ်ပါလိမ့်မည်။

"အဟမ်း! အဟမ်း! လူနာသတိရရင်လည်း ဆရာ၀န်ကို အသိ​ပေးဦးမှ​ပေါ့"

အခန်းကန့်လန့်ကာကို တွန်းဖယ်ပြီး​ပြောလာ​​သော ဆရာ၀န်​လေး​ကြောင့် Taehyungရှက်ရှက်နဲ့ပင် Jeon JungKookရင်ခွင်ထဲက ထွက်​လိုက်​တော့သည်။
ပါးနှစ်ဖက်က ပန်း​ရောင်သမ်း​နေလိမ့်မည်။ လက်နှစ်ဖက်က ​အေးသလို​နွေးသလိုနဲ့။ ဒါကို ရှက်​သွေးဖြာတယ်လို့ ​ခေါ်တာလား။

"ဟုတ် အားနာလိုက်တာ ​ဒေါက်တာ"

"ရပါတယ်။ ဘယ်လို​နေ​သေးလဲ။ ​ခေါင်းမူးတာ​တွေဘာ​တွေရှိလား"

"ကျွန်​တော်အဆင်​ပြေပါတယ် ​ဒေါက်တာ။ အနာ​တွေက စပ်ဖျဥ်းဖျဥ်း​တော့ ဖြစ်​နေတယ်"

"ဖြစ်တတ်ပါတယ်။ အ​ပေါ်ယံအ​ရေပြားပဲရှပ်ထိသွားလို့ ​တော်​သေးတာ​ပေါ့။ လိမ်း​ဆေး​ပေးလိုက်မယ်​နော်။ အရှင်း​ပျောက်တဲ့အထိ တစ်ရက်နှစ်ကြိမ်​လောက်လိမ်း​ပေး"

​ခြေသလုံးရယ် လက်ဖျံရယ်မှာ မီး​လောင်ရာ အနည်းငယ်။ မြင်ရတာက စိတ်ချမ်းသာစရာမ​ကောင်း။ ဆရာ၀န်က ပုံမှန်ကိစ္စလို ​ပြော​နေ​ပေမဲ့ သူနဲ့​နေစဥ်က Taehyung ဘယ်တုန်းကများ အနာတရဖြစ်ဖူးလို့လဲ။ ဓါးဒဏ်ရာ​သေး​သေး​လေးရှတာကအစ သူ့မှာ အကဲပိုစွာ ဂရုစိုက်လာရတာ။

"အမာရွတ်​တွေ ကျန်နိုင်လား"

JungKook ဝင်​မေးသည်။

"မကျန်နိုင်ပါဘူး။ အ​ပေါ်ယံ​လေးပဲဖြစ်တာဆို​တော့ ​ဆေးသာအချိန်ယူလိမ်း​ပေးရင် ​ပျောက်သွားမှာပါ။
ဒီ​ဆေးပုလင်းကုန်ရင် ​အိမ်ပြန်လို့ရပြီ​နော်"

ဆရာ၀န်က ​​ဆေးစာ​ရေး​ပေးပြီး လိမ်း​ဆေး​ပေးသွားသည်။ ပုလင်းကြီးတန်းလန်းက ရှိ​နေဆဲ။ ​နောက်ထပ်တစ်နာရီ​လောက် ​စောင့်ရဦးမည်။

"အခုဘယ်မှာ​နေလဲ။ ရွာလူကြီးက စီစဥ်​ပေးတာလား"

"အဲ့စက်ရုံက အလုပ်သမားတစ်​ယောက်အိမ်လို့​ပြောတယ်။ ​လော​လောဆယ်​တော့ သူ့မိန်းမနဲ့က​လေးပဲရှိတယ်"

"​စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားပြီးရင်လည်း ဇိမ်ကျကျ​နေ​နေ​ရော​ပေါ့။ အပင်ပန်းအ​ဆင်းရဲခံ​နေရတယ်လို့.. ကိုယ်စိတ်မ​ကောင်းဖြစ်​​အောင်"

Taehyungက ခပ်မှိန်မှိန်က​လေး ပြုံးပြသည်။ ဟုတ်ပါရဲ့.. ဆင်းရဲမှုက ပင်ပန်းလိုက်တာ။ တစ်​ယောက်တည်းဖြစ်​နေ​တော့ အထီးကျန်မှု​တွေပါ ကပ်ပါလာပြီး ပိုပင်ပန်းသည်။

ဖြတ်သန်းလာတဲ့ နှစ်များစွာမှာ အထီးကျန်ခြင်းမကျန်ခြင်း​အ​ကြောင်းက ​မေ့​မေ့​ပျောက်​​ပျောက်။ အ​ဖေ့အ​ကြောင်း​တွေးမိလိုက် Jeon JungKookကို ကျိန်ဆဲလိုက်၊ စိတ်ပျက်စရာ​ကောင်း​အောင် ဆိုးပြလိုက်နှင့် ဖြတ်သန်းခဲ့သည်။
မုန်းရတယ်ဆိုတာကလည်း အထီးမကျန်​အောင် နှစ်သိမ့်​ပေးနိုင်တဲ့ နည်းလမ်းတစ်မျိုးလား။
အနည်းဆုံး​တော့ Jeon JungKookရှိ​နေလို့ပဲ အထီးကျန်ဖို့အ​ရေးကို သူ​မေ့​​လျော့​နေခဲ့တာဖြစ်သည်။

"ကျွန်​တော်အထီးကျန်​နေခဲ့တာ။ Abbyတို့မိသားစုက ကျွန်​တော့်အ​​ပေါ်​ကောင်းပါတယ်။ ဒါ​ပေမဲ့ ကျွန်​တော်တစ်​ယောက်တည်းလို့ ခံစား​နေမိတာ"

"အခုမင်းမှာ ကိုယ်ရှိ​နေပြီ​လေ။ မဟုတ်​သေးပါဘူး.. ကိုယ်က မင်းအတွက် အမြဲရှိခဲ့တာပဲ။ မင်းသတိမထားမိလို့​နေမှာ"

"အင်း.. ဘာလို့ပါလိမ့်။ ခင်ဗျားကိုမုန်း​ပေမဲ့ လိုအပ်​နေတာမျိုးက ထူးဆန်းတယ်"

"​နောက်ဆို ကိုယ့်အနား​နေပြီး​တော့ပဲ မုန်း​ပေးပါကွာ"

​ကောင်းကင်ဘုံနဲ့ တူ​သော အိမ်၊ ​ကောင်းကင်ဘုံကဲ့သို့​သော လူတစ်​ယောက်။
သူ့အ​ပေါ် အနွံတာအခံနိုင်ဆုံးလူ။ လွန်ခဲ့တဲ့နှစ်ပိုင်း​တွေမှာ သူအခါးသီးဆုံး ဆက်ဆံခဲ့​သောလူ။ သည်လူကို မမြင်နိုင်ခဲ့တာ သူသိပ်ညံ့သည်။

သူ့ကိုယ်သူ ​ကောင်းကင်ဘုံမှာ ​နေ​ခဲ့ရသည်အား သတိမထားမိခဲ့။
သူ ​​​ငေး​မောကြည့်မိတဲ့ ​ကောင်းကင်ကြီးက ကြယ်စုံ​လို့များလား။ လက်​တွေ့ဘဝရဲ့​ကောင်းကင်ဘုံမှာ​တော့ တစ်​ယောက်တည်း​သောလူရှိ​နေသည်။

Jeon JungKook ​တစ်​နေရာရာမှာ ပြောဖူးသည်။ ​ကောင်းကင်ဘုံကို လက်ခံသလို သူ့ကိုလည်း လက်ခံ​ပေးပါတဲ့​လေ။
တစ်​နေ့​​နေ့​တော့ ​ပြောရဦးမည်။ သူ့စိတ်သူ လိပ်ပြာသန့်သန့် လက်ခံနိုင်တဲ့တစ်​နေ့၊ ​နောက်ဆံမတင်းဘဲ ပုံအပ်နိုင်တဲ့တစ်​နေ့။

Jeon JungKookကိုယ်တိုင်က ​ကောင်းကင်ဘုံဖြစ်​နေ​ကြောင်းကို​ပေါ့။
____

"ကျွန်​တော့်ပစ္စည်း​တွေသွားယူရင်း Abbyတို့မိသားစုကိုလည်း ​တွေ့သွားချင်​သေးတယ်"

"မင်းဆန္ဒရှိရင် ​တွေ့ရမှာ​ပေါ့"

အ​ဝေး​ပြေးလမ်းမကြီးကို ဦးတည်​နေတဲ့ကား​လေးဟာ ရွာထဲသို့ ပြန်​ကွေ့လာသည်။
သူ့အတွက် Taehyungပစ္စည်း​ကျန်တာမကျန်တာ​တွေထက် Taehyungစိတ်ချမ်းသာသွားဖို့က ဦးစား​ပေးဖြစ်​နေသည်။ ပစ္စည်းဆိုသည်က​တော့ ပြန်၀ယ်လို့ရသည့် အ​နေအထားမဟုတ်လား။

"ဘယ်လမ်းမှာလဲ အသည်း​ရေ.."

"တည့်တည့်သွားပြီး ​နောက်ဆုံးလမ်းသွယ်​လေး​တွေ့ရင် ရပ်လိုက်။ အဲ့လမ်းက ကားဝင်လို့မရဘူး"

တကယ်လည်း ကားဝင်လို့မရ​အောင် လမ်းသွယ်​လေးက ကျဥ်းလွန်းသည်။ သစ်ပင်ဝါးပင်​တွေကလည်း အုပ်ဆိုင်းလို့ ဘယ်သူမှ ခုတ်ကြရှင်းကြပုံမ​ပေါ်။

"ဟိုထိပ်က အိမ်​လေး​လေ။ အစ်ကိုMason​ရော အိမ်ပြန်​ရောက်​နေပြီလားမသိဘူး။ သူလည်း ဒဏ်ရာအ​တော်ပြင်းတယ်"

ခြံတံခါး​လေးကို အသာတွန်းပြီးဝင်​တော့ အိမ်ထဲက​နေ Abbyတို့သားအမိထွက်လာတာကို တွေ့သည်။ ချိုင့်ကြီးချိုင့်ငယ်အဆင့်ဆင့်နဲ့ ဘယ်သွားကြမလို့ပါလိမ့်။

"ဟယ် Taehyung! ဘယ်​တွေ​ပျောက်သွားတာလဲလို့ ရှာလိုက်ရတာကွယ်။ Masonကို ကယ်​ပေးလို့ အစ်မက ​ကျေးဇူးတင်​နေတာ။ Masonသတိရပြီး Taehyungကို လိုက်ရှာ​တော့ မ​တွေ့​တော့ဘူး"

"ဟုတ်တယ်။ ကျွန်​တော်​ဆေး​ပေးခန်း​ရောက်သွားတာ။ အစ်မအမျိုးသား​ရော ဘယ်လို​နေ​သေးလဲဟင်"

"သတိ​တော့ ပြန်လည်လာပါပြီကွယ်။ မီး​လောင်ဒဏ်ရာက များလွန်း​တော့ တိုက်နယ်​ဆေးရုံကို ပို့လိုက်ရတယ်"

"အဲ့​လောက်​တောင်ဖြစ်သွားတာလား"

အဲ့လိုကြား​တော့လည်း Taehyungစိတ်မ​ကောင်းပြန်။ ရွာ​လေးက ​ဆေးရုံကြီးလည်းမရှိ​တော့ အနီးဆုံးတိုက်နယ်​ဆေးရုံကို ပို့ရသည်။
နဂိုကမှ Abbyတို့သားအမိမှာ ​ပြေလည်တာမဟုတ်။ စက်ရုံမှာအလုပ်ဆင်းတဲ့ လင်​ယောကျ်ားကျန်းမာ​ရေးမ​ကောင်း​တော့ Abbyအ​မေလည်း ယာထဲဆင်းနိုင်မှာမဟုတ်။ ကရိကထ များရ​လေခြင်း။

"​ဆေးကုသမှုစရိတ်ကို ကျုပ်တို့ဘက်က နစ်နာသူအားလုံးအတွက် တာ၀န်ယူ​ပေးမှာပါ။ ဒီက Mrs.တို့က Taehyungကို ​စောင့်​ရှောက်ထားတာလည်းဖြစ်​နေ​တော့ တခြားစရိတ်စကအတွက်ပါ မပူရ​အောင် တာ၀န်ယူ​ပေးပါမယ်"

"Jeon JungKook.."

မထင်မှတ်ထား​သော​ကြောင့် အံ့ဩတသဖြင့် ​ရေရွတ်လိုက်မိတာ။ တာဝန်ယူ​​ပေးမှာကို သိ​ပေမဲ့ အခု​​လောက်ထိ လုပ်​ပေးလိမ့်မယ်လို့​တော့ မ​မျှော်လင့်ထား။
ကိုယ်ကအစအဆုံးကူညီ​ပေးချင်ရင်​တောင် Jeon JungKookဆီက အခွင့်အ​ရေးယူသလို ဖြစ်မှာစိုး​နေမိလို့..။

"သူက ဘယ်သူလဲ Taehyung"

"သူက​လေ.."

Taehyung ဘယ်လိုမိတ်ဆက်​ပေးရမှန်းမသိ ဖြစ်​နေသည်။ စက်မှုဇုန်ပိုင်ရှင်ဆိုပြီး မိတ်ဆက်​ပေးလိုက်ရင်လည်း အဆင်​ပြေ​​သော်ငြား Jeon JungKookက သူပိုင်ရှင်ဆိုတာ သိ​စေချင်လား မသိ​စေချင်လား သူလည်းမ​ပြောတတ်။

"သူက ဟို​လေ.."

"စက်ရုံက တာ၀န်ရှိသူပါ"

သူအ​နေရခက်​နေတာသိ၍ Jeob JungKookက ဝင်​ဖြေလိုက်တာဖြစ်မည်။ အားလည်းနာသွားသည်။
သူ့​ကြောင့် Jeon JungKookက ရာထူးကို​ တစ်ဆင့်​လျှောပြီး ​ဖြေလိုက်ရတာ။

"ဪ..စက်ရုံကတာ၀န်ရှိသူက Taehyungနဲ့ ဘယ်လိုသိတာလဲ။ နဂိုတည်းက ရင်းနှီးကြတာလား"

"မိတ်​ဆွေ​တွေပါ ကျုပ်တို့က"

Taehyungက သူ့ကို လှည့်ကြည့်လာသည်။ သူတို့ဆက်ဆံ​ရေးက မိတ်ဆက်​​ပေးလို့မှ မ​ကောင်းတာကိုး။ ​စေ့စပ်ဖူးတယ်လို့ မိတ်ဆက်ရမှာလား၊ မင်္ဂလာပွဲအထိ ပျက်ဖူးတယ်ဆိုပြီးလား။ ဘယ်ဟာကမှ နားဝင်ချိုမှာမဟုတ်သလို သိပ်လည်း ကိုယ်​ရေးကိုယ်တာဆန်လွန်းပါသည်။
သူအလိုက်သတိနဲ့ပဲ မိတ်​ဆွေလို့​ပြောလိုက်စဥ် Taehyungက သူခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိ​သော အကြည့်ဖြင့် ပြန်ကြည့်လာ​လေ၏။

"အဲ့လိုဆို​တော့လည်း အစ်မက ​ကျေးဇူးတင်ရတာ​ပေါ့ကွယ်။ အိမ်မှာက ​ပြေလည်တာမဟုတ်ဘူး။ အခုလို​တွေဖြစ်​တော့ Masonက ​နောက်ဆို အလုပ်ကြမ်း​တောင် လုပ်နိုင်ပါ့မလား မ​သေချာဘူး"

"အဆင်​ပြေသွားမှာပါ။ အကုန်​ပျောက်တဲ့အထိ ​ဆေးဖိုးဝါးခအတွက် စိတ်ပူစရာမလိုပါဘူး။
ပြီး​တော့ Taehyungကိုလည်း ကျုပ်ပဲ ပြန်​ခေါ်သွားပါမယ်"

"ဟင်.. Taehyungကို ဒီမှာအကြာကြီး​နေဦးမယ်ထင်​နေတာ။ အလုပ်​တွေပါရှာ​နေ​တော့​လေ"

သည်​ကောင်​လေးက အလုပ်​တောင် လုပ်ဦးမယ်တဲ့​လေ။ တစ်သက်လုံး ​ခြေ​မွေးမီးမ​လောင် လက်​မွေးမီးမ​လောင်​နေလာပြီး သူ့ဆီက ထွက်​ပြေးဖို့​လောက် အာရုံထဲရှိတဲ့ အသည်းက​လေ။
သည်ရွာမှာ ကိုယ့်အသည်းနဲ့ကိုက်ညီတဲ့ ဘာအလုပ်များ ရှိလို့လဲ။

"ဟုတ်လား ဘာအလုပ်​တွေလဲ"

"အိုကွယ်.. Taehyungစုံစမ်း​နေတာ​တော့ အစုံပါပဲ။ ယာလုပ်ဖို့​ရော၊ သူရင်းငှားလုပ်တာ၊ လက်သမားလုပ်တာ အားလုံးလိုက်ရှာ​နေတာပဲ။ အခုကျ ရုတ်တရက်ကြီးလိုက်သွားမယ်ဆို​တော့ အစ်မဖြင့် အံ့ဩ​နေတာ"

မကြားဝံ့မနာသာရှိလိုက်တာ။ ​ယောကျ်ားရင့်မာကြီး​တွေ​တောင် မပင်ပန်းဘဲမ​နေနိုင်တဲ့အလုပ်​တွေကို Taehyungက လုပ်ဦးမလို့ အစီအစဥ်ရှိခဲ့တာတဲ့​လေ။ တကယ်သာ လုပ်လိုက်လို့က​တော့ Jeon JungKookတို့ ​သွေးနားထင်အထိ ​ဆောင့်တက်ရချည်ရဲ့။

"ဟုတ်လား Taehyung. တကယ်ပဲ အဲ့လိုအလုပ်ကြမ်း​တွေ လုပ်နိုင်တယ်​ပေါ့"

"အဲ့တာ​တွေ ထားလိုက်ပါ​တော့။ အစ်မလည်း ​ဆေးရုံသွားမှာမလား။ ကျွန်​တော်လည်း အဝတ်အစား​တွေ ထည့်ပြီး သွား​တော့မယ်​လေ။ ​နောက်မှ အစ်မအမျိုးသားကို ​ဆေးရုံမှာ လာ​တွေ့ပါဦးမယ်။
​နောက်မှ​တွေ့မယ်​နော် Abby​ရော"

Taehyung ကြားထဲက​နေ စကားအမြန်ဖြတ်​တော့သည်။ မဖြတ်လို့လည်းမရ။ အဲ့အစ်မလုပ်တာနဲ့ ဟိုလူက အပိုဆာလာ​တွေ လုပ်​တော့မည်။ နဂိုတည်းကဖြင့် ပိုပိုကဲကဲရှိလှသည်မဟုတ်လား။

"အေးကွယ်.. အစ်မသွားပြီ​နော်"

"ဟုတ်ကဲ့ အစ်မ"

Abbyတို့သားအမိထွက်သွား​တော့မှ သူလည်း သူ​တည်းခိုတဲ့ အခန်းကျဥ်း​လေးထဲကို ဝင်လာသည်။ ပစ္စည်းဆိုလို့ သူ့အဝတ်အစား​တွေ​လောက်သာရှိသည်။ ဖြစ်သလို အ​လောတကြီး ထွက်လာခဲ့တာဆို​တော့ တစ်ကိုယ်​ရေတစ်ကာယပစ္စည်း​တွေ​တောင် များများစားစားမရှိလှ။

သူ့အစီအစဥ်အရ​တော့ အလုပ်​လေးရရင် Abbyတို့အိမ်မှာပဲ အခန်း​လေးငှားပြီး လိုတာ​လေး​တွေ၀ယ်ရင်း၊ အခန်းကျယ်ကျယ်ဝန်းဝန်းငှားဖို့စုရင်း တစ်​ယောက်တည်း​နေသွား​တော့မည်ပေါ့။
တကယ်တမ်းကျ သည်လူ၏စက်ကွင်းထဲက မလွတ်​မြောက်နိုင်ခဲ့ပြန်။ ကိုယ်​ပြေး​နေတာဟာလည်း စက်ဝိုင်းတစ်ခု၏ စက်ဝန်း​ပေါ် ပတ်​ပြေး​နေသည့်အလား။ လူသာပန်း၍ အရာမထင်၊ မလွတ်​မြောက်နိုင်။
အဲ့သည်​လောက်ထိ ​ရေစက်က ဆုံကိုဆုံနိုင်လွန်းသည်။

အပြီးတိုင်း​ကျောခိုင်းပါ​တော့မယ်ဆိုမှ Jeonစံအိမ်ကို ​နောက်ထပ်တစ်ခါ ပြန်ရ​တော့မယ်တဲ့​လေ။ ထူးခြားသည်မှာ သည်တစ်ခါ​တော့ သူ့ဆန္ဒအရ ပြန်ခြင်းဖြစ်ပါသည်။
Jeonစံအိမ်က မယုံနိုင်စရာ​​ကောင်း​အောင် သူ့အတွက် အိမ်ဖြစ်​နေခဲ့သည်။ အမှတ်တရဆိုး​တွေ ရှိ​နေရင်​တောင် သူ့ကိုလိုလိုလားလား ကြိုဆို​နေတဲ့အိမ်။

Jeon JungKookအပိုင်အိမ်..။ Jeon JungKookထိုင်​လေ့ရှိ​သော ဧည့်ခန်းက မ​ဟော်ဂနီသားကုလားထိုင်ကြီးကပင် သူ့ကို ကြိုဆို​နေသည်ဟု ထင်ရသည်။ အဲ့သည်အိမ်ကို သူပြန်ဖို့ရာ တစ်ရက်တည်းနဲ့ ဆုံးဖြတ်လိုက်ခြင်း။

"ဒီအခန်းလား ​နေရတာက"

"အမ​လေး! လန့်လိုက်တာ။ ဘာလို့ ရုတ်တရက်ကြီး ဝင်လာတာလဲ"

"မင်းက ကိုယ့်ကို ဧည့်ခန်းထဲမှာ ပစ်သွားတာကိုး။ ဧည့်ခန်းဟုတ်လားမဟုတ်လား​တော့ ကိုယ်လည်း မသိဘူး"

"ဧည့်ခန်းပါ။ ကျဥ်း​ပေမဲ့​လည်း ဧည့်ခန်းပါပဲ"

Taehyung​နေရတဲ့အခန်း​လေးကို သူခြုံကြည့်လိုက်သည်။ ကျဥ်းတာမှ အ​တော့်ကို ကျဥ်းတာ။ ကုတင်ရယ်လို့မရှိဘဲ ​လေးလက်မ​လောက်မြင့်တဲ့ သစ်သားကွပ်ပျစ်​လေး​ပေါ် အိပ်ရာသုံး​လေးထပ်​​လောက် ခင်းထားသည်။ ဒါကို ကြည့်ရုံနှင့် မည်မျှကြပ်တည်းသည်က သိသာသည်။
ကိုယ့်ဟာကိုယ်​တောင် မ​ချောင်လည်ရတဲ့မိသားစုက Taehyungကို အလကားအိမ်​ပေါ်​ခေါ်တင်ထားသည်ဆို​တော့ ​တော်ရုံသ​ဘော​ကောင်းတာမဟုတ်။

ထိုအခန်းကျဥ်း​လေးထဲ မီးလုံးမရှိတာကို သတိထားမိသည်။ Taehyungက မီးအလင်းမရှိဘဲ အိပ်မှမအိပ်တတ်တာ။

"မီးလုံးလည်းမရှိဘူး။ မင်းအိပ်လို့​ရော ​ပျော်ရဲ့လား"

"အစ်မက ညဆို မီးအိမ်​လေး ငှား​ပေးပါတယ်။ မီးစာမကုန်ခင်​တော့ အိပ်​ပျော်​​အောင် အိပ်ရတာ​ပေါ့"

"အိပ်မ​ပျော်ရင်​ရော"

"အဲ့တာဆို ကျွန်​တော် တစ်ညလုံး ​ကြောက်​နေ​တော့မှာ"

မီး​လောင်တဲ့ ညကလို​ပေါ့။ သူအ​တွေးလွန်ပြီး အိပ်မရနိုင်ဖြစ်​နေခဲ့တာ။ အိပ်​ဆေးတစ်မျိုး လိုအပ်​နေသည့်အလား။
ဘာကိုမှမမြင်ရတဲ့ ​မှောင်မိုက်မိုက် အခန်းကျဥ်း​လေးထဲ သူ ဘယ်​လောက်​တောင် ထိတ်လန့်​နေခဲ့သလဲ။
သူ့​နောက်​ကျောကို ဖက်တွယ်ထား​ပေးမည့် တစ်စုံတစ်​ယောက်ကို ဘယ်​လောက်​တောင် လိုအပ်​နေခဲ့သလဲ။

"အဲ့တာ​တွေ​​ကြောင့် မင်းကိုယ့်ဆီက ထွက်သွားလို့မဖြစ်တာ။ မင်းဒုက္ခခံ​​နေရမှာကို ​တွေး​ကြောက်လွန်းလို့"

"အင်း.. ​​နောက်တစ်ခါ ထွက်​ပြေးရ​အောင် မလုပ်နဲ့​ပေါ့"

"ကိုယ်ဘာမှမလုပ်လည်း မင်းက ထွက်​ပြေးတတ်တယ်​လေ"

"​နောက်ဆို ဘာမှမလုပ်ရင် ဘယ်ကိုမှ ထွက်မ​ပြေး​တော့ဘူး"

နှုတ်ဖျားက​နေ အလိုအ​လျောက်ထွက်ကျလာသည့်စကားများက မ​မျှော်လင့်ထားစွာဖြင့် ချိုသာလို့​နေသည်။ သူ့ကိုယ်သူ​တောင် မယုံနိုင်သည်အထိ။ Jeon JungKookဆိုတာနဲ့ အမြဲဂျစ်တိုက်​နေတတ်တဲ့ သူက ဘယ်လိုစကား​တွေ ​ပြောမိ​နေတာပါလိမ့်။ Kim Taehyungတို့ စိတ်မမှန်​တော့တာများလား။

"မင်းကိုယ့်ကို ​ကောင်း​ကောင်းမွန်မွန်​ပြော​နေ​တော့ ကိုယ့်အတွက် အိပ်မက်မက်​နေရသလိုပဲ"

ဘယ်​လောက်​တောင် ကိုယ်သူ့အ​ပေါ် ခါးသီးခဲ့တာပါလိမ့်။ သည်လိုကျ Jeon JungKookက သနားဖို့​​ကောင်းသည်။ သူမြင်​နေရတဲ့ ပစ္စုပ္ပန်က Jeon JungKookက တကယ်ကို ကရုဏာသက်စရာ.. သို့မဟုတ် ​မေတ္တာ​တွေတနင့်တပိုး ​ပေးလိုက်ချင်စရာ။

အတိတ်ကို​တွေး​တွေးကြည့်​နေမည့်အစား မြင်​နေရတာကို ကြည့်ပြီး ခံစားရသလို တုံ့ပြန်မယ်ဆိုရင်​ရော.. သူတာ၀န်မဲ့လွန်းရာကျ​နေမလား။
သားမိုက်တစ်​ယောက် ဖြစ်​နေမလား။

"ခင်ဗျားက အ​ကောင်းမြင်ချင်စရာဖြစ်​နေတယ်။ ဘယ်လိုလုပ်ပြီး ကျွန်​တော့်အမြင်ကို ​ပြောင်းလဲနိုင်ရတာလဲ"

"မ​ပြောတတ်ဘူး​လေ။ ကိုယ့်အချစ်​တွေစစ်လို့ ထိုက်တန်တဲ့ တုံ့ပြန်မှုရတာများလား"

သူနဲ့ကိုယ် အကြာကြီး မျက်လုံးချင်းဆုံ​နေကြသည်။ မျက်လုံးချင်းစကား​ပြော​နေတယ်ဆိုတာ ဤကဲ့သို့​လေလား။
ခါးသီးခြင်း​တွေ လွယ်လွယ်ကူကူကုန်လွန်ခဲ့တာဟာလည်း Jeon JungKookကို လွမ်း​နေကြောင်း ကိုယ်တိုင်လက်သင့်ခံနိုင်လို့ ဖြစ်ရမည်။

"ကိုယ်မင်းကို နမ်းချင်လိုက်တာ။ ခွင့်ပြုပါလား"

"ဟင့်အင်း.. ကျွန်​တော့်ဘက်က စနမ်းမယ်"

အမှန်အကန် သူ့ဘက်က စနမ်းလိုက်မိတာ။ နှုတ်ခမ်းသားနှစ်ခုဟာ မီးပွင့်မတတ် ပွတ်တိုက်​နေပြီး ချိုအီအီအရသာဟာလည်း ဟိုဘက်သည်ဘက် ကူးလူးယှက်နွယ်လျက်။
ကျယ်ပြန့်​သော ပုခုံးသားနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်မိလျက် အနမ်းတစ်ခုအတွက် အားစိုက်မိ​နေသည်။

သူ့ခါးကို ရစ်ပတ်ထား​သော အားတစ်ခုကိုလည်း သူခံစားမိသည်။ တစ်ပြိုင်နက်တည်းမှာပင် သူတို့နှစ်​ယောက်ဟာ အခန်းတံခါး​ဘောင်ကို ​ကျော်လာပြီး တစ်ဖက်က မီးဖို​ချောင်အခန်းနံရံအထိ ​ရောက်လာသည်။

ထိကပ်ရုံမျှအ​ပေါ်ယံအနမ်းမဟုတ်ဘဲ သူ့အ​သွေးထဲအသားထဲထိ စုပ်ယူနမ်းရှိုက်ခြင်း။ ချိုမြိန်ခြင်းနှင့်တကွ ပူ​နွေးစွတ်စိုစွာ ယစ်​မူးဖွယ်​ကောင်းသည်။
တစ်ကိုယ်လုံးက အားအင်တွေကို ရှိုက်ယူပစ်လိုက်သလို သူ့​ခြေ​​​ထောက်နှစ်ဖက်ဟာလည်း ​ပျော့​ခွေကျသွားသည်။

​လေ​ပေါ်​မြောက်တက်သွားသလို၊ အမည်မသိတစ်​နေရာကို ​ရောက်​နေသည့်အလား။ ပတ်၀န်းကျင်တစ်ခုလုံးဟာလည်း သူတို့နှစ်​ယောက်အနားမှ ​ပျောက်ကွယ်သွားသည်။
နှစ်​ယောက်တည်းရှိပြီး နှစ်​ယောက်တည်းရှင်သန်နိုင်တဲ့ ကမ္ဘာအပြင်ဘက်တစ်​နေရာမှာ ​ခြေချလိုက်ရသလိုပါပဲ။

သူ​သောက်​နေကျစီးကရက်နံ့၊ ဆွတ်​နေကျ ​ရေ​မွှေးနံ့၊ ဖီးလိမ်း​ထား​သော ​ခေါင်းလိမ်းဆီနံ့.. ဒါ​တွေအားလုံးက သူအားကိုးလို့ရတဲ့ ​ယောကျ်ားတစ်​ယောက်၏ ကိုယ်ပိုင်ရနံ့။

"​နောက်တစ်ခါအခွင့်အ​ရေးရမရမ​သေချာ​တော့ အကြာကြီးနမ်းထားမှ ဖြစ်မယ်ထင်တယ်"

"အိမ်မပြန်​တော့ဘူးလား။ တစ်​ယောက်​ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ"

"မတတ်နိုင်ဘူး​လေ။ ရုပ်ရှင်ကြည့်​နေရတယ်လို့ပဲ မှတ်လိုက်ပါ​စေ​ပေါ့"

"ဘယ်ရုပ်ရှင်က အခုလို ရိုက်လို့လဲ"

"​နောက် ၅မိနစ်​​လောက်ပဲ အချိန်ယူရ​အောင်ပါ အသည်းရယ်"

သူမငြင်းနိုင်ဘူးထင်ပါရဲ့။
မြင်လွှာများကို ပိတ်ချလိုက်ပြီး သူဟာ ​နောက်ထပ်တစ်ကြိမ် လွှင့်​​မျောရပြန်ပါသည်။
____

ထိုအချိန် ချိုင့်တစ်ချိုင့်ကျန်ခဲ့၍ အိမ်ထဲဝင်ယူမည်ကြံကာ ပြန်လှည့်လာခဲ့​သော Abbyအ​​မေမှာ​တော့ ပါးစပ်အ​ဟောင်းသားနဲ့ ဘယ်သူမှမရိုက်တဲ့ ရုပ်ရှင်တစ်ပုဒ်ကို ကြည့်လိုက်ရပါ​တော့သည်။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"တကယ္​ေျပာ​ေနတာလား"

"ဘာကိုလဲ"

"ကိုယ္​ေၾကာင့္ ၾကည္ႏူးၿပီးမ်က္ရည္က်တယ္ဆိုတာ​ေလ။ ဘယ္လိုလဲ ဒီ​ေလာက္ဆို မင္းကို အိမ္​ျပန္ေခၚလို႔ရၿပီလား"

​ေခါင္းညိတ္မိလား၊ ​ေခါင္းခါမိလား သူ႔ကိုယ္သူ​ေတာင္မသိလိုက္။ သည္တစ္ခါ​ေတာ့ ​ဦး​ေႏွာက္ထဲကအ​ေတြး​ေတြအမ်ားႀကီးအစား ႏွလုံးသားနဲ႔ဆုံးျဖတ္ခ်က္ခ်လိုက္မိတာ ထင္ပါရဲ႕။

အိမ္ဆိုတာက ​ေနထိုင္​ရာ​ေဒသထက္ စိတ္ႏွလုံးတည္ရာပဲ ျဖစ္ပါလိမ့္မည္။

"အဟမ္း! အဟမ္း! လူနာသတိရရင္လည္း ဆရာ၀န္ကို အသိ​ေပးဦးမွ​ေပါ့"

အခန္းကန္႔လန္႔ကာကို တြန္းဖယ္ၿပီး​ေျပာလာ​​ေသာ ဆရာ၀န္​ေလး​ေၾကာင့္ Taehyungရွက္ရွက္နဲ႔ပင္ Jeon JungKookရင္ခြင္ထဲက ထြက္​လိုက္​ေတာ့သည္။
ပါးႏွစ္ဖက္က ပန္း​ေရာင္သမ္း​ေနလိမ့္မည္။ လက္ႏွစ္ဖက္က ​ေအးသလို​ေႏြးသလိုနဲ႔။ ဒါကို ရွက္​ေသြးျဖာတယ္လို႔ ​ေခၚတာလား။

"ဟုတ္ အားနာလိုက္တာ ​ေဒါက္တာ"

"ရပါတယ္။ ဘယ္လို​ေန​ေသးလဲ။ ​ေခါင္းမူးတာ​ေတြဘာ​ေတြရွိလား"

"ကြၽန္​ေတာ္အဆင္​ေျပပါတယ္ ​ေဒါက္တာ။ အနာ​ေတြက စပ္ဖ်ဥ္းဖ်ဥ္း​ေတာ့ ျဖစ္​ေနတယ္"

"ျဖစ္တတ္ပါတယ္။ အ​ေပၚယံအ​ေရျပားပဲရွပ္ထိသြားလို႔ ​ေတာ္​ေသးတာ​ေပါ့။ လိမ္း​ေဆး​ေပးလိုက္မယ္​ေနာ္။ အရွင္း​ေပ်ာက္တဲ့အထိ တစ္ရက္ႏွစ္ႀကိမ္​ေလာက္လိမ္း​ေပး"

​ေျခသလုံးရယ္ လက္ဖ်ံရယ္မွာ မီး​ေလာင္ရာ အနည္းငယ္။ ျမင္ရတာက စိတ္ခ်မ္းသာစရာမ​ေကာင္း။ ဆရာ၀န္က ပုံမွန္ကိစၥလို ​ေျပာ​ေန​ေပမဲ့ သူနဲ႔​ေနစဥ္က Taehyung ဘယ္တုန္းကမ်ား အနာတရျဖစ္ဖူးလို႔လဲ။ ဓါးဒဏ္ရာ​ေသး​ေသး​ေလးရွတာကအစ သူ႔မွာ အကဲပိုစြာ ဂ႐ုစိုက္လာရတာ။

"အမာ႐ြတ္​ေတြ က်န္ႏိုင္လား"

JungKook ဝင္​ေမးသည္။

"မက်န္ႏိုင္ပါဘူး။ အ​ေပၚယံ​ေလးပဲျဖစ္တာဆို​ေတာ့ ​ေဆးသာအခ်ိန္ယူလိမ္း​ေပးရင္ ​ေပ်ာက္သြားမွာပါ။
ဒီ​ေဆးပုလင္းကုန္ရင္ ​အိမ္ျပန္လို႔ရၿပီ​ေနာ္"

ဆရာ၀န္က ​​ေဆးစာ​ေရး​ေပးၿပီး လိမ္း​ေဆး​ေပးသြားသည္။ ပုလင္းႀကီးတန္းလန္းက ရွိ​ေနဆဲ။ ​ေနာက္ထပ္တစ္နာရီ​ေလာက္ ​ေစာင့္ရဦးမည္။

"အခုဘယ္မွာ​ေနလဲ။ ႐ြာလူႀကီးက စီစဥ္​ေပးတာလား"

"အဲ့စက္႐ုံက အလုပ္သမားတစ္​ေယာက္အိမ္လို႔​ေျပာတယ္။ ​ေလာ​ေလာဆယ္​ေတာ့ သူ႔မိန္းမနဲ႔က​ေလးပဲရွိတယ္"

"​စိတ္ဆိုးမာန္ဆိုးနဲ႔ ထြက္သြားၿပီးရင္လည္း ဇိမ္က်က်​ေန​ေန​ေရာ​ေပါ့။ အပင္ပန္းအ​ဆင္းရဲခံ​ေနရတယ္လို႔.. ကိုယ္စိတ္မ​ေကာင္းျဖစ္​​ေအာင္"

Taehyungက ခပ္မွိန္မွိန္က​ေလး ၿပဳံးျပသည္။ ဟုတ္ပါရဲ႕.. ဆင္းရဲမႈက ပင္ပန္းလိုက္တာ။ တစ္​ေယာက္တည္းျဖစ္​ေန​ေတာ့ အထီးက်န္မႈ​ေတြပါ ကပ္ပါလာၿပီး ပိုပင္ပန္းသည္။

ျဖတ္သန္းလာတဲ့ ႏွစ္မ်ားစြာမွာ အထီးက်န္ျခင္းမက်န္ျခင္း​အ​ေၾကာင္းက ​ေမ့​ေမ့​ေပ်ာက္​​ေပ်ာက္။ အ​ေဖ့အ​ေၾကာင္း​ေတြးမိလိုက္ Jeon JungKookကို က်ိန္ဆဲလိုက္၊ စိတ္ပ်က္စရာ​ေကာင္း​ေအာင္ ဆိုးျပလိုက္ႏွင့္ ျဖတ္သန္းခဲ့သည္။
မုန္းရတယ္ဆိုတာကလည္း အထီးမက်န္​ေအာင္ ႏွစ္သိမ့္​ေပးႏိုင္တဲ့ နည္းလမ္းတစ္မ်ိဳးလား။
အနည္းဆုံး​ေတာ့ Jeon JungKookရွိ​ေနလို႔ပဲ အထီးက်န္ဖို႔အ​ေရးကို သူ​ေမ့​​ေလ်ာ့​ေနခဲ့တာျဖစ္သည္။

"ကြၽန္​ေတာ္အထီးက်န္​ေနခဲ့တာ။ Abbyတို႔မိသားစုက ကြၽန္​ေတာ့္အ​​ေပၚ​ေကာင္းပါတယ္။ ဒါ​ေပမဲ့ ကြၽန္​ေတာ္တစ္​ေယာက္တည္းလို႔ ခံစား​ေနမိတာ"

"အခုမင္းမွာ ကိုယ္ရွိ​ေနၿပီ​ေလ။ မဟုတ္​ေသးပါဘူး.. ကိုယ္က မင္းအတြက္ အၿမဲရွိခဲ့တာပဲ။ မင္းသတိမထားမိလို႔​ေနမွာ"

"အင္း.. ဘာလို႔ပါလိမ့္။ ခင္ဗ်ားကိုမုန္း​ေပမဲ့ လိုအပ္​ေနတာမ်ိဳးက ထူးဆန္းတယ္"

"​ေနာက္ဆို ကိုယ့္အနား​ေနၿပီး​ေတာ့ပဲ မုန္း​ေပးပါကြာ"

​ေကာင္းကင္ဘုံနဲ႔ တူ​ေသာ အိမ္၊ ​ေကာင္းကင္ဘုံကဲ့သို႔​ေသာ လူတစ္​ေယာက္။
သူ႔အ​ေပၚ အႏြံတာအခံႏိုင္ဆုံးလူ။ လြန္ခဲ့တဲ့ႏွစ္ပိုင္း​ေတြမွာ သူအခါးသီးဆုံး ဆက္ဆံခဲ့​ေသာလူ။ သည္လူကို မျမင္ႏိုင္ခဲ့တာ သူသိပ္ညံ့သည္။

သူ႔ကိုယ္သူ ​ေကာင္းကင္ဘုံမွာ ​ေန​ခဲ့ရသည္အား သတိမထားမိခဲ့။
သူ ​​​ေငး​ေမာၾကည့္မိတဲ့ ​ေကာင္းကင္ႀကီးက ၾကယ္စုံ​လို႔မ်ားလား။ လက္​ေတြ႕ဘဝရဲ႕​ေကာင္းကင္ဘုံမွာ​ေတာ့ တစ္​ေယာက္တည္း​ေသာလူရွိ​ေနသည္။

Jeon JungKook ​တစ္​ေနရာရာမွာ ေျပာဖူးသည္။ ​ေကာင္းကင္ဘုံကို လက္ခံသလို သူ႔ကိုလည္း လက္ခံ​ေပးပါတဲ့​ေလ။
တစ္​ေန႔​​ေန႔​ေတာ့ ​ေျပာရဦးမည္။ သူ႔စိတ္သူ လိပ္ျပာသန္႔သန္႔ လက္ခံႏိုင္တဲ့တစ္​ေန႔၊ ​ေနာက္ဆံမတင္းဘဲ ပုံအပ္ႏိုင္တဲ့တစ္​ေန႔။

Jeon JungKookကိုယ္တိုင္က ​ေကာင္းကင္ဘုံျဖစ္​ေန​ေၾကာင္းကို​ေပါ့။
____

"ကြၽန္​ေတာ့္ပစၥည္း​ေတြသြားယူရင္း Abbyတို႔မိသားစုကိုလည္း ​ေတြ႕သြားခ်င္​ေသးတယ္"

"မင္းဆႏၵရွိရင္ ​ေတြ႕ရမွာ​ေပါ့"

အ​ေဝး​ေျပးလမ္းမႀကီးကို ဦးတည္​ေနတဲ့ကား​ေလးဟာ ႐ြာထဲသို႔ ျပန္​ေကြ႕လာသည္။
သူ႔အတြက္ Taehyungပစၥည္း​က်န္တာမက်န္တာ​ေတြထက္ Taehyungစိတ္ခ်မ္းသာသြားဖို႔က ဦးစား​ေပးျဖစ္​ေနသည္။ ပစၥည္းဆိုသည္က​ေတာ့ ျပန္၀ယ္လို႔ရသည့္ အ​ေနအထားမဟုတ္လား။

"ဘယ္လမ္းမွာလဲ အသည္း​ေရ.."

"တည့္တည့္သြားၿပီး ​ေနာက္ဆုံးလမ္းသြယ္​ေလး​ေတြ႕ရင္ ရပ္လိုက္။ အဲ့လမ္းက ကားဝင္လို႔မရဘူး"

တကယ္လည္း ကားဝင္လို႔မရ​ေအာင္ လမ္းသြယ္​ေလးက က်ဥ္းလြန္းသည္။ သစ္ပင္ဝါးပင္​ေတြကလည္း အုပ္ဆိုင္းလို႔ ဘယ္သူမွ ခုတ္ၾကရွင္းၾကပုံမ​ေပၚ။

"ဟိုထိပ္က အိမ္​ေလး​ေလ။ အစ္ကိုMason​ေရာ အိမ္ျပန္​ေရာက္​ေနၿပီလားမသိဘူး။ သူလည္း ဒဏ္ရာအ​ေတာ္ျပင္းတယ္"

ၿခံတံခါး​ေလးကို အသာတြန္းၿပီးဝင္​ေတာ့ အိမ္ထဲက​ေန Abbyတို႔သားအမိထြက္လာတာကို ေတြ႕သည္။ ခ်ိဳင့္ႀကီးခ်ိဳင့္ငယ္အဆင့္ဆင့္နဲ႔ ဘယ္သြားၾကမလို႔ပါလိမ့္။

"ဟယ္ Taehyung! ဘယ္​ေတြ​ေပ်ာက္သြားတာလဲလို႔ ရွာလိုက္ရတာကြယ္။ Masonကို ကယ္​ေပးလို႔ အစ္မက ​ေက်းဇူးတင္​ေနတာ။ Masonသတိရၿပီး Taehyungကို လိုက္ရွာ​ေတာ့ မ​ေတြ႕​ေတာ့ဘူး"

"ဟုတ္တယ္။ ကြၽန္​ေတာ္​ေဆး​ေပးခန္း​ေရာက္သြားတာ။ အစ္မအမ်ိဳးသား​ေရာ ဘယ္လို​ေန​ေသးလဲဟင္"

"သတိ​ေတာ့ ျပန္လည္လာပါၿပီကြယ္။ မီး​ေလာင္ဒဏ္ရာက မ်ားလြန္း​ေတာ့ တိုက္နယ္​ေဆး႐ုံကို ပို႔လိုက္ရတယ္"

"အဲ့​ေလာက္​ေတာင္ျဖစ္သြားတာလား"

အဲ့လိုၾကား​ေတာ့လည္း Taehyungစိတ္မ​ေကာင္းျပန္။ ႐ြာ​ေလးက ​ေဆး႐ုံႀကီးလည္းမရွိ​ေတာ့ အနီးဆုံးတိုက္နယ္​ေဆး႐ုံကို ပို႔ရသည္။
နဂိုကမွ Abbyတို႔သားအမိမွာ ​ေျပလည္တာမဟုတ္။ စက္႐ုံမွာအလုပ္ဆင္းတဲ့ လင္​ေယာက်္ားက်န္းမာ​ေရးမ​ေကာင္း​ေတာ့ Abbyအ​ေမလည္း ယာထဲဆင္းႏိုင္မွာမဟုတ္။ ကရိကထ မ်ားရ​ေလျခင္း။

"​ေဆးကုသမႈစရိတ္ကို က်ဳပ္တို႔ဘက္က နစ္နာသူအားလုံးအတြက္ တာ၀န္ယူ​ေပးမွာပါ။ ဒီက Mrs.တို႔က Taehyungကို ​ေစာင့္​ေရွာက္ထားတာလည္းျဖစ္​ေန​ေတာ့ တျခားစရိတ္စကအတြက္ပါ မပူရ​ေအာင္ တာ၀န္ယူ​ေပးပါမယ္"

"Jeon JungKook.."

မထင္မွတ္ထား​ေသာ​ေၾကာင့္ အံ့ဩတသျဖင့္ ​ေရ႐ြတ္လိုက္မိတာ။ တာဝန္ယူ​​ေပးမွာကို သိ​ေပမဲ့ အခု​​ေလာက္ထိ လုပ္​ေပးလိမ့္မယ္လို႔​ေတာ့ မ​ေမွ်ာ္လင့္ထား။
ကိုယ္ကအစအဆုံးကူညီ​ေပးခ်င္ရင္​ေတာင္ Jeon JungKookဆီက အခြင့္အ​ေရးယူသလို ျဖစ္မွာစိုး​ေနမိလို႔..။

"သူက ဘယ္သူလဲ Taehyung"

"သူက​ေလ.."

Taehyung ဘယ္လိုမိတ္ဆက္​ေပးရမွန္းမသိ ျဖစ္​ေနသည္။ စက္မႈဇုန္ပိုင္ရွင္ဆိုၿပီး မိတ္ဆက္​ေပးလိုက္ရင္လည္း အဆင္​ေျပ​​ေသာ္ျငား Jeon JungKookက သူပိုင္ရွင္ဆိုတာ သိ​ေစခ်င္လား မသိ​ေစခ်င္လား သူလည္းမ​ေျပာတတ္။

"သူက ဟို​ေလ.."

"စက္႐ုံက တာ၀န္ရွိသူပါ"

သူအ​ေနရခက္​ေနတာသိ၍ Jeob JungKookက ဝင္​ေျဖလိုက္တာျဖစ္မည္။ အားလည္းနာသြားသည္။
သူ႔​ေၾကာင့္ Jeon JungKookက ရာထူးကို​ တစ္ဆင့္​ေလွ်ာၿပီး ​ေျဖလိုက္ရတာ။

"ဪ..စက္႐ုံကတာ၀န္ရွိသူက Taehyungနဲ႔ ဘယ္လိုသိတာလဲ။ နဂိုတည္းက ရင္းႏွီးၾကတာလား"

"မိတ္​ေဆြ​ေတြပါ က်ဳပ္တို႔က"

Taehyungက သူ႔ကို လွည့္ၾကည့္လာသည္။ သူတို႔ဆက္ဆံ​ေရးက မိတ္ဆက္​​ေပးလို႔မွ မ​ေကာင္းတာကိုး။ ​ေစ့စပ္ဖူးတယ္လို႔ မိတ္ဆက္ရမွာလား၊ မဂၤလာပြဲအထိ ပ်က္ဖူးတယ္ဆိုၿပီးလား။ ဘယ္ဟာကမွ နားဝင္ခ်ိဳမွာမဟုတ္သလို သိပ္လည္း ကိုယ္​ေရးကိုယ္တာဆန္လြန္းပါသည္။
သူအလိုက္သတိနဲ႔ပဲ မိတ္​ေဆြလို႔​ေျပာလိုက္စဥ္ Taehyungက သူခြဲျခမ္းစိတ္ျဖာႏိုင္စြမ္းမရွိ​ေသာ အၾကည့္ျဖင့္ ျပန္ၾကည့္လာ​ေလ၏။

"အဲ့လိုဆို​ေတာ့လည္း အစ္မက ​ေက်းဇူးတင္ရတာ​ေပါ့ကြယ္။ အိမ္မွာက ​ေျပလည္တာမဟုတ္ဘူး။ အခုလို​ေတြျဖစ္​ေတာ့ Masonက ​ေနာက္ဆို အလုပ္ၾကမ္း​ေတာင္ လုပ္ႏိုင္ပါ့မလား မ​ေသခ်ာဘူး"

"အဆင္​ေျပသြားမွာပါ။ အကုန္​ေပ်ာက္တဲ့အထိ ​ေဆးဖိုးဝါးခအတြက္ စိတ္ပူစရာမလိုပါဘူး။
ၿပီး​ေတာ့ Taehyungကိုလည္း က်ဳပ္ပဲ ျပန္​ေခၚသြားပါမယ္"

"ဟင္.. Taehyungကို ဒီမွာအၾကာႀကီး​ေနဦးမယ္ထင္​ေနတာ။ အလုပ္​ေတြပါရွာ​ေန​ေတာ့​ေလ"

သည္​ေကာင္​ေလးက အလုပ္​ေတာင္ လုပ္ဦးမယ္တဲ့​ေလ။ တစ္သက္လုံး ​ေျခ​ေမြးမီးမ​ေလာင္ လက္​ေမြးမီးမ​ေလာင္​ေနလာၿပီး သူ႔ဆီက ထြက္​ေျပးဖို႔​ေလာက္ အာ႐ုံထဲရွိတဲ့ အသည္းက​ေလ။
သည္႐ြာမွာ ကိုယ့္အသည္းနဲ႔ကိုက္ညီတဲ့ ဘာအလုပ္မ်ား ရွိလို႔လဲ။

"ဟုတ္လား ဘာအလုပ္​ေတြလဲ"

"အိုကြယ္.. Taehyungစုံစမ္း​ေနတာ​ေတာ့ အစုံပါပဲ။ ယာလုပ္ဖို႔​ေရာ၊ သူရင္းငွားလုပ္တာ၊ လက္သမားလုပ္တာ အားလုံးလိုက္ရွာ​ေနတာပဲ။ အခုက် ႐ုတ္တရက္ႀကီးလိုက္သြားမယ္ဆို​ေတာ့ အစ္မျဖင့္ အံ့ဩ​ေနတာ"

မၾကားဝံ့မနာသာရွိလိုက္တာ။ ​ေယာက်္ားရင့္မာႀကီး​ေတြ​ေတာင္ မပင္ပန္းဘဲမ​ေနႏိုင္တဲ့အလုပ္​ေတြကို Taehyungက လုပ္ဦးမလို႔ အစီအစဥ္ရွိခဲ့တာတဲ့​ေလ။ တကယ္သာ လုပ္လိုက္လို႔က​ေတာ့ Jeon JungKookတို႔ ​ေသြးနားထင္အထိ ​ေဆာင့္တက္ရခ်ည္ရဲ႕။

"ဟုတ္လား Taehyung. တကယ္ပဲ အဲ့လိုအလုပ္ၾကမ္း​ေတြ လုပ္ႏိုင္တယ္​ေပါ့"

"အဲ့တာ​ေတြ ထားလိုက္ပါ​ေတာ့။ အစ္မလည္း ​ေဆး႐ုံသြားမွာမလား။ ကြၽန္​ေတာ္လည္း အဝတ္အစား​ေတြ ထည့္ၿပီး သြား​ေတာ့မယ္​ေလ။ ​ေနာက္မွ အစ္မအမ်ိဳးသားကို ​ေဆး႐ုံမွာ လာ​ေတြ႕ပါဦးမယ္။
​ေနာက္မွ​ေတြ႕မယ္​ေနာ္ Abby​ေရာ"

Taehyung ၾကားထဲက​ေန စကားအျမန္ျဖတ္​ေတာ့သည္။ မျဖတ္လို႔လည္းမရ။ အဲ့အစ္မလုပ္တာနဲ႔ ဟိုလူက အပိုဆာလာ​ေတြ လုပ္​ေတာ့မည္။ နဂိုတည္းကျဖင့္ ပိုပိုကဲကဲရွိလွသည္မဟုတ္လား။

"ေအးကြယ္.. အစ္မသြားၿပီ​ေနာ္"

"ဟုတ္ကဲ့ အစ္မ"

Abbyတို႔သားအမိထြက္သြား​ေတာ့မွ သူလည္း သူ​တည္းခိုတဲ့ အခန္းက်ဥ္း​ေလးထဲကို ဝင္လာသည္။ ပစၥည္းဆိုလို႔ သူ႔အဝတ္အစား​ေတြ​ေလာက္သာရွိသည္။ ျဖစ္သလို အ​ေလာတႀကီး ထြက္လာခဲ့တာဆို​ေတာ့ တစ္ကိုယ္​ေရတစ္ကာယပစၥည္း​ေတြ​ေတာင္ မ်ားမ်ားစားစားမရွိလွ။

သူ႔အစီအစဥ္အရ​ေတာ့ အလုပ္​ေလးရရင္ Abbyတို႔အိမ္မွာပဲ အခန္း​ေလးငွားၿပီး လိုတာ​ေလး​ေတြ၀ယ္ရင္း၊ အခန္းက်ယ္က်ယ္ဝန္းဝန္းငွားဖို႔စုရင္း တစ္​ေယာက္တည္း​ေနသြား​ေတာ့မည္ေပါ့။
တကယ္တမ္းက် သည္လူ၏စက္ကြင္းထဲက မလြတ္​ေျမာက္ႏိုင္ခဲ့ျပန္။ ကိုယ္​ေျပး​ေနတာဟာလည္း စက္ဝိုင္းတစ္ခု၏ စက္ဝန္း​ေပၚ ပတ္​ေျပး​ေနသည့္အလား။ လူသာပန္း၍ အရာမထင္၊ မလြတ္​ေျမာက္ႏိုင္။
အဲ့သည္​ေလာက္ထိ ​ေရစက္က ဆုံကိုဆုံႏိုင္လြန္းသည္။

အၿပီးတိုင္း​ေက်ာခိုင္းပါ​ေတာ့မယ္ဆိုမွ Jeonစံအိမ္ကို ​ေနာက္ထပ္တစ္ခါ ျပန္ရ​ေတာ့မယ္တဲ့​ေလ။ ထူးျခားသည္မွာ သည္တစ္ခါ​ေတာ့ သူ႔ဆႏၵအရ ျပန္ျခင္းျဖစ္ပါသည္။
Jeonစံအိမ္က မယုံႏိုင္စရာ​​ေကာင္း​ေအာင္ သူ႔အတြက္ အိမ္ျဖစ္​ေနခဲ့သည္။ အမွတ္တရဆိုး​ေတြ ရွိ​ေနရင္​ေတာင္ သူ႔ကိုလိုလိုလားလား ႀကိဳဆို​ေနတဲ့အိမ္။

Jeon JungKookအပိုင္အိမ္..။ Jeon JungKookထိုင္​ေလ့ရွိ​ေသာ ဧည့္ခန္းက မ​ေဟာ္ဂနီသားကုလားထိုင္ႀကီးကပင္ သူ႔ကို ႀကိဳဆို​ေနသည္ဟု ထင္ရသည္။ အဲ့သည္အိမ္ကို သူျပန္ဖို႔ရာ တစ္ရက္တည္းနဲ႔ ဆုံးျဖတ္လိုက္ျခင္း။

"ဒီအခန္းလား ​ေနရတာက"

"အမ​ေလး! လန္႔လိုက္တာ။ ဘာလို႔ ႐ုတ္တရက္ႀကီး ဝင္လာတာလဲ"

"မင္းက ကိုယ့္ကို ဧည့္ခန္းထဲမွာ ပစ္သြားတာကိုး။ ဧည့္ခန္းဟုတ္လားမဟုတ္လား​ေတာ့ ကိုယ္လည္း မသိဘူး"

"ဧည့္ခန္းပါ။ က်ဥ္း​ေပမဲ့​လည္း ဧည့္ခန္းပါပဲ"

Taehyung​ေနရတဲ့အခန္း​ေလးကို သူၿခဳံၾကည့္လိုက္သည္။ က်ဥ္းတာမွ အ​ေတာ့္ကို က်ဥ္းတာ။ ကုတင္ရယ္လို႔မရွိဘဲ ​ေလးလက္မ​ေလာက္ျမင့္တဲ့ သစ္သားကြပ္ပ်စ္​ေလး​ေပၚ အိပ္ရာသုံး​ေလးထပ္​​ေလာက္ ခင္းထားသည္။ ဒါကို ၾကည့္႐ုံႏွင့္ မည္မွ်ၾကပ္တည္းသည္က သိသာသည္။
ကိုယ့္ဟာကိုယ္​ေတာင္ မ​ေခ်ာင္လည္ရတဲ့မိသားစုက Taehyungကို အလကားအိမ္​ေပၚ​ေခၚတင္ထားသည္ဆို​ေတာ့ ​ေတာ္႐ုံသ​ေဘာ​ေကာင္းတာမဟုတ္။

ထိုအခန္းက်ဥ္း​ေလးထဲ မီးလုံးမရွိတာကို သတိထားမိသည္။ Taehyungက မီးအလင္းမရွိဘဲ အိပ္မွမအိပ္တတ္တာ။

"မီးလုံးလည္းမရွိဘူး။ မင္းအိပ္လို႔​ေရာ ​ေပ်ာ္ရဲ႕လား"

"အစ္မက ညဆို မီးအိမ္​ေလး ငွား​ေပးပါတယ္။ မီးစာမကုန္ခင္​ေတာ့ အိပ္​ေပ်ာ္​​ေအာင္ အိပ္ရတာ​ေပါ့"

"အိပ္မ​ေပ်ာ္ရင္​ေရာ"

"အဲ့တာဆို ကြၽန္​ေတာ္ တစ္ညလုံး ​ေၾကာက္​ေန​ေတာ့မွာ"

မီး​ေလာင္တဲ့ ညကလို​ေပါ့။ သူအ​ေတြးလြန္ၿပီး အိပ္မရႏိုင္ျဖစ္​ေနခဲ့တာ။ အိပ္​ေဆးတစ္မ်ိဳး လိုအပ္​ေနသည့္အလား။
ဘာကိုမွမျမင္ရတဲ့ ​ေမွာင္မိုက္မိုက္ အခန္းက်ဥ္း​ေလးထဲ သူ ဘယ္​ေလာက္​ေတာင္ ထိတ္လန္႔​ေနခဲ့သလဲ။
သူ႔​ေနာက္​ေက်ာကို ဖက္တြယ္ထား​ေပးမည့္ တစ္စုံတစ္​ေယာက္ကို ဘယ္​ေလာက္​ေတာင္ လိုအပ္​ေနခဲ့သလဲ။

"အဲ့တာ​ေတြ​​ေၾကာင့္ မင္းကိုယ့္ဆီက ထြက္သြားလို႔မျဖစ္တာ။ မင္းဒုကၡခံ​​ေနရမွာကို ​ေတြး​ေၾကာက္လြန္းလို႔"

"အင္း.. ​​ေနာက္တစ္ခါ ထြက္​ေျပးရ​ေအာင္ မလုပ္နဲ႔​ေပါ့"

"ကိုယ္ဘာမွမလုပ္လည္း မင္းက ထြက္​ေျပးတတ္တယ္​ေလ"

"​ေနာက္ဆို ဘာမွမလုပ္ရင္ ဘယ္ကိုမွ ထြက္မ​ေျပး​ေတာ့ဘူး"

ႏႈတ္ဖ်ားက​ေန အလိုအ​ေလ်ာက္ထြက္က်လာသည့္စကားမ်ားက မ​ေမွ်ာ္လင့္ထားစြာျဖင့္ ခ်ိဳသာလို႔​ေနသည္။ သူ႔ကိုယ္သူ​ေတာင္ မယုံႏိုင္သည္အထိ။ Jeon JungKookဆိုတာနဲ႔ အၿမဲဂ်စ္တိုက္​ေနတတ္တဲ့ သူက ဘယ္လိုစကား​ေတြ ​ေျပာမိ​ေနတာပါလိမ့္။ Kim Taehyungတို႔ စိတ္မမွန္​ေတာ့တာမ်ားလား။

"မင္းကိုယ့္ကို ​ေကာင္း​ေကာင္းမြန္မြန္​ေျပာ​ေန​ေတာ့ ကိုယ့္အတြက္ အိပ္မက္မက္​ေနရသလိုပဲ"

ဘယ္​ေလာက္​ေတာင္ ကိုယ္သူ႔အ​ေပၚ ခါးသီးခဲ့တာပါလိမ့္။ သည္လိုက် Jeon JungKookက သနားဖို႔​​ေကာင္းသည္။ သူျမင္​ေနရတဲ့ ပစၥဳပၸန္က Jeon JungKookက တကယ္ကို က႐ုဏာသက္စရာ.. သို႔မဟုတ္ ​ေမတၱာ​ေတြတနင့္တပိုး ​ေပးလိုက္ခ်င္စရာ။

အတိတ္ကို​ေတြး​ေတြးၾကည့္​ေနမည့္အစား ျမင္​ေနရတာကို ၾကည့္ၿပီး ခံစားရသလို တုံ႔ျပန္မယ္ဆိုရင္​ေရာ.. သူတာ၀န္မဲ့လြန္းရာက်​ေနမလား။
သားမိုက္တစ္​ေယာက္ ျဖစ္​ေနမလား။

"ခင္ဗ်ားက အ​ေကာင္းျမင္ခ်င္စရာျဖစ္​ေနတယ္။ ဘယ္လိုလုပ္ၿပီး ကြၽန္​ေတာ့္အျမင္ကို ​ေျပာင္းလဲႏိုင္ရတာလဲ"

"မ​ေျပာတတ္ဘူး​ေလ။ ကိုယ့္အခ်စ္​ေတြစစ္လို႔ ထိုက္တန္တဲ့ တုံ႔ျပန္မႈရတာမ်ားလား"

သူနဲ႔ကိုယ္ အၾကာႀကီး မ်က္လုံးခ်င္းဆုံ​ေနၾကသည္။ မ်က္လုံးခ်င္းစကား​ေျပာ​ေနတယ္ဆိုတာ ဤကဲ့သို႔​ေလလား။
ခါးသီးျခင္း​ေတြ လြယ္လြယ္ကူကူကုန္လြန္ခဲ့တာဟာလည္း Jeon JungKookကို လြမ္း​ေနေၾကာင္း ကိုယ္တိုင္လက္သင့္ခံႏိုင္လို႔ ျဖစ္ရမည္။

"ကိုယ္မင္းကို နမ္းခ်င္လိုက္တာ။ ခြင့္ျပဳပါလား"

"ဟင့္အင္း.. ကြၽန္​ေတာ့္ဘက္က စနမ္းမယ္"

အမွန္အကန္ သူ႔ဘက္က စနမ္းလိုက္မိတာ။ ႏႈတ္ခမ္းသားႏွစ္ခုဟာ မီးပြင့္မတတ္ ပြတ္တိုက္​ေနၿပီး ခ်ိဳအီအီအရသာဟာလည္း ဟိုဘက္သည္ဘက္ ကူးလူးယွက္ႏြယ္လ်က္။
က်ယ္ျပန္႔​ေသာ ပုခုံးသားႏွစ္ဖက္ကို တင္းတင္းဆုပ္ကိုင္မိလ်က္ အနမ္းတစ္ခုအတြက္ အားစိုက္မိ​ေနသည္။

သူ႔ခါးကို ရစ္ပတ္ထား​ေသာ အားတစ္ခုကိုလည္း သူခံစားမိသည္။ တစ္ၿပိဳင္နက္တည္းမွာပင္ သူတို႔ႏွစ္​ေယာက္ဟာ အခန္းတံခါး​ေဘာင္ကို ​ေက်ာ္လာၿပီး တစ္ဖက္က မီးဖို​ေခ်ာင္အခန္းနံရံအထိ ​ေရာက္လာသည္။

ထိကပ္႐ုံမွ်အ​ေပၚယံအနမ္းမဟုတ္ဘဲ သူ႔အ​ေသြးထဲအသားထဲထိ စုပ္ယူနမ္းရႈိက္ျခင္း။ ခ်ိဳၿမိန္ျခင္းႏွင့္တကြ ပူ​ေႏြးစြတ္စိုစြာ ယစ္​မူးဖြယ္​ေကာင္းသည္။
တစ္ကိုယ္လုံးက အားအင္ေတြကို ရႈိက္ယူပစ္လိုက္သလို သူ႔​ေျခ​​​ေထာက္ႏွစ္ဖက္ဟာလည္း ​ေပ်ာ့​ေခြက်သြားသည္။

​ေလ​ေပၚ​ေျမာက္တက္သြားသလို၊ အမည္မသိတစ္​ေနရာကို ​ေရာက္​ေနသည့္အလား။ ပတ္၀န္းက်င္တစ္ခုလုံးဟာလည္း သူတို႔ႏွစ္​ေယာက္အနားမွ ​ေပ်ာက္ကြယ္သြားသည္။
ႏွစ္​ေယာက္တည္းရွိၿပီး ႏွစ္​ေယာက္တည္းရွင္သန္ႏိုင္တဲ့ ကမာၻအျပင္ဘက္တစ္​ေနရာမွာ ​ေျခခ်လိုက္ရသလိုပါပဲ။

သူ​ေသာက္​ေနက်စီးကရက္နံ႔၊ ဆြတ္​ေနက် ​ေရ​ေမႊးနံ႔၊ ဖီးလိမ္း​ထား​ေသာ ​ေခါင္းလိမ္းဆီနံ႔.. ဒါ​ေတြအားလုံးက သူအားကိုးလို႔ရတဲ့ ​ေယာက်္ားတစ္​ေယာက္၏ ကိုယ္ပိုင္ရနံ႔။

"​ေနာက္တစ္ခါအခြင့္အ​ေရးရမရမ​ေသခ်ာ​ေတာ့ အၾကာႀကီးနမ္းထားမွ ျဖစ္မယ္ထင္တယ္"

"အိမ္မျပန္​ေတာ့ဘူးလား။ တစ္​ေယာက္​ေယာက္ျမင္သြားရင္ ဘယ္လိုလုပ္မလဲ"

"မတတ္ႏိုင္ဘူး​ေလ။ ႐ုပ္ရွင္ၾကည့္​ေနရတယ္လို႔ပဲ မွတ္လိုက္ပါ​ေစ​ေပါ့"

"ဘယ္႐ုပ္ရွင္က အခုလို ႐ိုက္လို႔လဲ"

"​ေနာက္ ၅မိနစ္​​ေလာက္ပဲ အခ်ိန္ယူရ​ေအာင္ပါ အသည္းရယ္"

သူမျငင္းႏိုင္ဘူးထင္ပါရဲ႕။
ျမင္လႊာမ်ားကို ပိတ္ခ်လိုက္ၿပီး သူဟာ ​ေနာက္ထပ္တစ္ႀကိမ္ လႊင့္​​ေမ်ာရျပန္ပါသည္။
____

ထိုအခ်ိန္ ခ်ိဳင့္တစ္ခ်ိဳင့္က်န္ခဲ့၍ အိမ္ထဲဝင္ယူမည္ႀကံကာ ျပန္လွည့္လာခဲ့​ေသာ Abbyအ​​ေမမွာ​ေတာ့ ပါးစပ္အ​ေဟာင္းသားနဲ႔ ဘယ္သူမွမ႐ိုက္တဲ့ ႐ုပ္ရွင္တစ္ပုဒ္ကို ၾကည့္လိုက္ရပါ​ေတာ့သည္။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

2.3M 117K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
2.7K 134 30
In the dazzling world of cinema, where dreams are woven into the fabric of reality, Eden Grace Hydari emerges as a luminary whose journey is as encha...
773 80 3
WHEN AXE-HAND MORGAN'S STEP DAUGHTER DECIDES SHE'S HAD ENOUGH, SHE FINDS HERSELF IN A PIRATE CREW ⎯⎯ THE ONE THING SHE DESPISES MOST. [ OPLA FANFIC...
891K 41.1K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...