𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

By AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 26

3K 473 28
By AureumV

Unicode~

သူ​တော်​တော်နဲ့ အိပ်မ​ပျော်။ မဟုတ်​သေး.. နည်းနည်းမှကို အိပ်မ​ပျော်တာ။
မ​တွေးမိဖို့ သတိ​ပေး​လေ​ ပို​တွေးမိ​လေဖြစ်​နေ​သော အ​တွေးအပိုင်းအစအချို့ရယ်။ ဝင်​လေထွက်​လေ​ကို ပုံမှန်ဖြစ်​နေ​အောင် ထိန်းညှိပြီး အိပ်လို့ရ​အောင်​တော့ ကြိုးစားကြည့်​နေတာပါပဲ။

သူအ​​မှောင်ထဲမှာ စိတ်ချလက်ချအိပ်စက်နိုင်ဖို့ရာ လိုအပ်ချက်က.. ​ကျောပြင်​ပေါ်က ​နွေး​နွေး​​​ထွေး​ထွေးအထိအ​တွေ့တစ်ခု၊ ခါးသွယ်သွယ်ကို ရစ်ပတ်ကျီစယ်​နေ​သော လက်တစ်ဖက်၊ လည်တိုင်​ပေါ်ကို တဖွဖွအနမ်းဖြန့်ကျဲ​​ပေးလျက်ရှိ​သော နှုတ်ခမ်းတစ်စုံ။

"မ​တွေး​တော့ရင်​ကောင်းမယ် Kim Taehyung. သူက မင်းအတွက် မဟုတ်ဘူး"

သူ့ကိုယ်သူ ​ရေရွတ်လိုက်ပြီးမှ သက်ပြင်းရှည်ကြီး ချမိသည်။ ​လေးလံ​နေ​သော ရင်ဘတ်ထဲမှာ ​ကျောက်စရစ်ခဲကို ပိဿာချိန်လိုက် ထည့်ထားသည့်နှယ်။

မ​တွေးဖို့ကြိုးစားရင် ရုပ်လုံး​ပေါ်လာတဲ့ Jeon JungKookနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်အစိတ်အပိုင်းများ။ သူ့အ​တွေးထဲ ထိုလူ့ကို မ​တွေးဖူးတာမဟုတ်။ ​တွေးခဲ့သမျှက အဆိုးဘက်ရှု​ထောင့်က ဖြစ်​နေခဲ့ရုံ။ ယခု​တော့ ထူးထူးခြားခြား မှတ်ဉာဏ်​တွေက ချို​နေ​သည်။
Jeon JungKookနဲ့ သူနဲ့အကြားမှာ ချိုမြိန်တဲ့ အမှတ်တရ​တွေလည်း ရှိခဲ့ဖူးတာပဲလား။ ယုံ​တောင်မယုံချင်။ အခုမှ အ​တွေး​ပေါက်တဲ့ သူ့ကိုယ်သူ မယုံနိုင်ဖြစ်​နေတာ။

တိတ်ဆိတ်ငြိမ်သက်လွန်း၍ ​​ချောက်ချားဖွယ်​ကောင်း​သော ညချမ်း​လေးဆီ ဆူဆူညံညံအသံ​​​တွေဝင်လာသည်။ ကြားကြားချင်း​တော့ တွန့်ခနဲဖြစ်ပြီး လန့်သွားတာ။
အသံ​တွေက တ​ဖြေး​ဖြေးပိုကျယ်လာပြီး ပါဝင်သူဦး​ရေကလည်း များပုံရသည်။ စပ်စပ်စုစုထကြည့်ချင်လိုက်​ပေမဲ့ ​ကျောက်ချထားသလို အိပ်ရာထဲက ခွာလို့မရ။
ဘာမှမမြင်ရတဲ့အချိန် ထရမှာကို ​ကြောက်​နေသည်။

'​ဒေါက် ​ဒေါက်!'

"Taehyung​ရေ.. အိပ်​နေပြီလား။ ထပါဦး"

Abbyအ​မေရဲ့အသံကြားမှ သူနည်းနည်းစိတ်သက်သာရာရသွားသည်။ ချက်ချင်းလက်ငင်း ​ငေါက်ခနဲ ထသွားပြီး တံခါးဖွင့်​ပေး​တော့ မီးအိမ်​လေးကိုင်၍ ညှိုးငယ်စွာရပ်​နေ​သော Abbyအ​မေ။ မျက်လုံးက အရည်များလဲ့​နေလျက်။
​ဘေးက Abbyက သူ့အ​မေကို ပြူး​​ကြောင်​ကြောင်ကြည့်​နေ၏။
ဘာ​တွေများ ဖြစ်လာကြတာပါလိမ့်။

"ဘာဖြစ်လာကြတာလဲ အစ်မ"

"အစ်မ​ယောကျ်ားတို့စက်ရုံ မီး​လောင်လို့တဲ့​။ အခုမှ ရွာသား​တွေ မီးငြိမ်းဖို့လိုက်သွားကြတုန်း။ ညကြီးသားအမိနှစ်​ယောက်တည်းလိုက်မသွားရဲလို့ အစ်မတို့ကို လိုက်ကူ​ပေးပါလားဟင်"

"ရပါတယ် အစ်မ။ ကျွန်​တော်လိုက်ခဲ့ပါမယ်"

ဒါဆို ခုနက ဆူညံ​​နေတဲ့ အသံ​တွေက မီးသတ်ဖို့သွားကြတဲ့ ရွာသား​တွေအသံ​ပေါ့။ ​တော်​တော်​လေးဆူပုံ​ထောက်ရင် လူအင်အားများများစု​ဝေးကြပုံရသည်။ မီးကလည်း များသည်ထင်ပါရဲ့။
စက်ရုံ​လောင်တာဆို​​တော့ ပိုဆိုးလိမ့်မည်။ သည်ရွာမှာ မီးသတ်ကားမရှိဘူးလား။

Abby​တို့သားအမိကလည်း သူ့​ကျေးဇူးရှင်ဖြစ်​နေ​တော့ ဒါ​လေး လိုက်ကူ​ပေးသွားဟာ သူ့အတွက် ဘာမှ အပန်းမကြီးသွား။ သူ​နဲ့ Abbyတို့သားအမိဟာ ရွာပြင်စက်မှုဇုန်ကို ခပ်သုတ်သုတ်​လေး လိုက်လာခဲ့​တော့သည်။

"ရွာမှာမီးသတ်ကားမရှိဘူးလား အစ်မ"

"​ရေ​လှောင်လှည်း​တွေ​တော့ လိုက်သွားကြတယ် Taehyung. အစ်မက​တော့ စိတ်ပူတာပဲသိ​တော့တယ် ငါ့​မောင်ရယ်။ စက်ရုံမှာ အလုပ်ဝင်ခိုင်းတာ​တောင် မှားသွားပြီလားမသိဘူး"

အစ်မက ညည်းညည်းညူညူဆိုလာသည်။ တကယ်လည်း ပူ​ဆွေး​နေပုံ။ အင်း​ပေါ့​လေ.. ကိုယ့်အကြင်ခင်ပွန်းတစ်​ယောက်လုံး မီး​​ဘေးသင့်​နေသည့်အဖြစ်ကို ဘယ်သူက မပူ​ဆွေးဘဲ ​နေနိုင်လိမ့်မလဲ။

​နေရင်းထိုင်ရင်း လူ့ဘဝမှာ ကိုယ့်ခံစားချက်​တွေအတွက် အ​ကြောင်းပြချက်ဖြစ်​ပေမည့်လူတစ်​ယောက်ရှိဖို့လည်း လိုအပ်သည်ဟု ထင်မိပါသည်။ ​ပျော်တာဖြစ်ဖြစ်၊ ပူ​ဆွေး​သောက​ရောက်ရတာပဲဖြစ်ဖြစ် သည်လူ​ကြောင့် ခံစားရတယ်လို့ လက်ညှိုးထိုးစရာရှိတာမျိုး။
ဒါဟာ လူ့ဘဝရဲ့ ရသတစ်မျိုးဖြစ်​ကောင်းဖြစ်လိမ့်မည်။

"ဟိုမှာ ဟိုမှာ.. ဟယ်.. မီး​တွေက မနည်းဘူးပဲ။ Mason Mason!"

Abbyအ​မေက သူ့​ယောကျ်ားနာမည်ကို တ​ကြော်​ကြော်​အော်ရင်း အ​ရှေ့က ​ပြေးသွားသည်။ သူနဲ့ Abbyက​တော့ အ​နောက်က​နေ ​ဖြေး​ဖြေးနှင့်မှန်မှန်လိုက်သည်။

မီးပမာဏက နည်းတာမဟုတ်။ ကပ်လျက်ရှိ​နေ​သော စက်ရုံနှစ်ခု ​လောင်​​နေတာဖြစ်သည်။ ဘာစက်ရုံလဲ​တော့ မဆိုတတ်။
ဘာပဲဖြစ်ဖြစ် စက်မှုဇုန်က ရွာပြင်မှာ သီးသန့်ရှိ​နေ၍ ​တော်ပါ​သေးသည်။ မဟုတ်ရင် ရွာထဲက လူ​နေအိမ်​တွေအတွက်ပါ စိတ်ပူ​နေရ​တော့မှာ။

"အစ်ကို.. ကျွန်​တော့်အ​ဖေက အဲ့ထဲမှာလား"

"ထွက်လာတာလည်း ဖြစ်နိုင်ပါတယ် Abbyရဲ့။ သိပ်လည်း စိတ်မပူပါနဲ့။ Abbyအ​ဖေက အန္တရာယ်ကင်းမှာပါ"

သူကလည်း ရှာကြံသာ နှစ်သိမ့်​နေရတာ၊ သိပ်ပြီးအာမ,ခံနိုင်တာမဟုတ်။ မီး​လောင်တာ​တွေဘာ​တွေနဲ့ ပတ်သက်ပြီးလည်း အ​တွေ့အကြုံရှိတာမဟုတ်။ သို့​သော် ကိုယ့်အ​ဖေက ကိုယ့်အ​ရှေ့မှာ ​သေလု​မြောပါးဖြစ်​နေလျှင် ဘယ်လိုခံစားရတယ်ဆိုတာကို​တော့ ကိုယ်ချင်းစာ​ပေးနိုင်သည်။

"Mason! Mason အဲ့အထဲမှာ ရှိ​နေ​တုန်းတဲ့ Taehyung​ရေ.. ကယ်ပါဦး! အစ်မ..အစ်မဘာလုပ်ရမလဲဟင်"

Abbyအ​မေက ရှိုက်ကြီးတငင်ငို​နေ​တော့ သူ့မှာ ဘာလုပ်လို့လုပ်​ပေးရမှန်းမသိ။ ​ကျောကို အသာပုတ်​ပေးရုံကလွဲ အပိုဆာလာစကားများလည်း ထွက်မလာ။

"သူထွက်လာမှာပါ.. ​စောင့်ကြည့်ပါဦး"

"သူတစ်ခုခုဆို အစ်မ​သေမှာ။ သူမရှိလို့မဖြစ်ဘူး အစ်မအတွက်​ရော Abbyအတွက်​ရော.."

"အစ်မရယ်..နိမိတ်မရှိတာ​တွေ​ပြောမ​နေပါနဲ့။ အစ်ကိုက အစ်မတို့ဆီ ​သေချာ​ပေါက်ပြန်လာမှာပါ"

သူတစ်ခုခုများ ကူညီနိုင်မလားလို့ ​ဘေးဘီဝဲယာကို ကြည့်လိုက်​​တော့ ​ရေတစ်ပုံပြီးတစ်ပုံသယ်​နေတဲ့ ကာလသား​တွေကို ​တွေ့သည်။ သူလည်း သယ်​ပေးနိုင်သားပဲ။ ကာယလုပ်သားလုပ်​နေကျလူ​တွေလို သူ့ခန္ဓါကိုယ်က ​တောင့်​တောင့်တင်းတင်းရယ်​တော့ မဟုတ်​ပေမဲ့ နိုင်သ​လောက်​ပေါ့။

"ကျွန်​တော် မီးသတ်တဲ့အဖွဲ့ဆီ သွားလိုက်ဦးမယ်။ အစ်မအမျိုးသားအ​ခြေအ​နေလည်း ကြည့်ရင်း"

"Taehyung! Taehyung!"

စက်ရုံအကြီးကြီးနှစ်ရုံ​လောင်​နေတာဆို​တော့ ရွာသားအင်အားရယ်၊ ရှိသမျှကိရိယာအင်အားရယ်က မ​လောက်င။
သို့​သော် ရွာသား​တွေက ဇွဲမ​လျှော့ဘဲ နိုင်သ​လောက် လုပ်​ပေးကြသည်။ ရွာသူ​တွေကလည်း အအားမ​နေ။ မီးချိတ်မီးကပ်​တွေ လုပ်​ပေးသူက လုပ်​ပေးလို့။

Taehyungက မီး​လောင်သည့်အ​ဆောက်အအုံနား​နေ၍ လက်ဆင့်ကမ်းသယ်လာ​သော ​ရေပုံ​တွေနှင့် ​ရေပက်​ပေးသည်။ တစ်ခါတစ်ခါ အပူမီးက လူ့လက်ဖျံနှင့် ​ကျောပြင်ကို လာလာဟပ်သည်။
မည်မျှပူသည်ကို စာဖွဲ့၍ပင် မစွမ်း။

"စက်ရုံပိုင်ရှင်​တွေက မလာဘူးလား။ တာဝန်မယူ​ပေးဘူးလားဗျ"

Taehyung စိတ်​ပေါက်​ပေါက်နဲ့ မ​နေနိုင်မထိုင်နိုင် ​မေးမိ​တော့သည်။ အမှန်ဆို ဒါ​တွေက စီးပွား​ရေးသမား​တွေရဲ့ အစီအစဥ်နဲ့ ​ဆောက်ထားတဲ့ စက်ရုံ​တွေ။ ရွာအပြင်မှာ သည်လိုစက်မှုဇုန်လုပ်ချင်ရင် ရွာအတွက် အာမခံချက်တစ်ခုခု​ပေးသင့်တာ မဟုတ်လား။
ဘယ့်နှယ် အခု​တော့ မီး​လောင်တာ​တောင် ရွာသူရွာသား​တွေက တာဝန်ယူ​ပေး​နေရတယ်လို့။

"သူတို့ကို တယ်လီဖုန်း​ဆက်ထားပြီ။ လူဝီဗီးလ်က​နေ မီးသတ်ကားလွတ်လိုက်မယ်​ပြောတယ်။
ပြီး​တော့ ဒါကို ငါတို့က အလကားလုပ်​ပေးရတာ မဟုတ်ဘူး​လေ။ ဒီစက်မှုဇုန်ရဲ့ဦး​ဆောင်သူက ရွာအတွက်နှစ်စဥ်​ထောက်ပံ့​​ကြေး ​ပေးတယ်"

ဪ..လက်စသတ်​ဆော့ သည်လို​တွေရှိတာကိုး။ ဘာပဲဖြစ်ဖြစ် သူကြားဖူးတဲ့ စီးပွား​​ရေးသမား​တွေထက်စာရင် အမြင်မဆိုးလှသူဟု ​တွေးရ​ပေမည်။
အကျိုးအမြတ်အတွက် ကြိုက်ရာလူကို ​ခေါင်းပုံဖြတ်မည့် လုပ်ငန်းရှင်​တွေထက် ​တော်​သေးတာပဲ​ပေါ့။

"အဲ့တာ​ကြောင့် အခု​လောက် အားသွန်ခွန်စိုက်လုပ်​နေကြတာလား"

ထိုရွာသားက သူ့ဆီကို ​ရေပုံတစ်ပုံ ကမ်း​ပေးလိုက်ရင်း..

"မဟုတ်တာ.. ငါတို့က ငါတို့ရွာအပိုင်​မြေဆို အပြည့်အဝတာ၀န်ယူချင်တာကွ။ ဒီစက်မှုဇုန်ပိုင်ရှင်အ​ဟောင်းတုန်းက စက်ရုံ​တွေကလည်း စုတ်ပြတ်၊ အလုပ်သမား​တွေကိုလည်း ​ခွေးလိုခိုင်းနဲ့ အ​တော်အဆင်မ​ပြေဖြစ်ခဲ့တာ။
အခုလို ရွာအတွက်​ကောင်း​ပေးတဲ့ပိုင်ရှင်အသစ်ကို ဒီ​​လောက်​တော့ လုပ်​ပေးသင့်တယ်မထင်ဘူးလား"

"အင်း..အဲ့လိုလည်း ဟုတ်ပါတယ်​လေ"

လက်​မောင်းပြုတ်မတတ် အားသွန်ခွန်စိုက် ​ရေပက်​ပေးရင်း ​နောက်ဆုံး​တော့ စက်ရုံအ​ရှေ့ဘက်ခြမ်း​လေးက မီး​သေသ​လောက်ဖြစ်သွားပြီး အထဲဝင်လို့ ရသွားသည်။
အ​နောက်ကမီး​တွေ ပြန်မစွဲလာခင် အထဲကလူ​တွေကို ဝင်ကယ်သူကကယ်၊ ​မီးငြိမ်းရင်း ကျန်သူက ကျန်ခဲ့လျက်။

ထိုအချိန် Abbyအ​ဖေကို ​တွေးမိသွားသည်။ တစ်ခုခုလွဲမှားသွားလို့ မဖြစ်။ အသက်ရှင်မှဖြစ်မည်။
တစ်ခုခုသာဆို Abby​လေးက မမြင်သင့်တာ​တွေ မြင်လိုက်ရမှာ။
သူ့တုန်းက​တောင် နှစ်နှစ်အရွယ်​လေးနဲ့ မြင်ခဲ့ရတာကို တစ်သက်လုံးစိတ်ဒဏ်ရာရ​​စေနိုင်တဲ့အထိ အမြင်အာရုံထဲ စွဲခဲ့တာ။ Abbyက လူလား​မြောက်တဲ့အရွယ်။ ပိုခံစားနိုင်ပြီး ပိုလို့စိတ်စွဲလိမ့်မည်။

ထိုအ​တွေးနှင့် စက်ရုံထဲ တိုးဝင်သွား​သော Taehyung.

မီးခိုး​ငွေ့က တလူလူ မွှန်ထူလို့​နေသည်။ တဟွတ်ဟွတ်​ချောင်းဆိုးရင်း ​အသက်ထွက်မလားလို့​တောင် ခံစားလိုက်ရသည်။ မရှူရှိုက်သင့်​သော ဓါတ်​ငွေ့များက သူ့အသက်ရှူ​လမ်း​​ကြောင်းထဲ အလိုလိုစိမ့်ဝင်လာသည်။

"အဟွတ် အဟွတ်! အစ်ကို Mason.. Mason!"

Masonဆိုသည့်လူကို သူ​သေချာလည်း မသိပါဘဲ စမ်းတဝါးဝါးလိုက်​​ခေါ်​နေမိသည်။
စက်ရုံထဲကျန်ခဲ့တဲ့ အလုပ်သမား​တွေက သိပ်များဟန်မတူ။ သူရှာကြည့်သ​လောက် မ​တွေ့ရ​သေး။
အပြင်ဘက်ကို မြင်သ​လောက်​လေး လှမ်းကြည့်​တော့ တချို့အလုပ်သမား​တွေကို ကယ်ထုတ်သွားကြတာ ​တွေ့သည်။ ထိုအထဲ အစ်ကို Masonများ ပါ​လေမလား။

"အင်း.. ကယ်ပါ..ကယ်ပါ"

ကြားလိုက်ရတဲ့ ညည်းသံတိုးတိုး​လေး။ တိုးလွန်းလို့ အာရုံမစိုက်ရင် ကြားရမှာမဟုတ်။
ထိုအသံကြားရာဆီ တိုးသွား​​တော့ စက်ရုံအခန်းတစ်ခန်း၏ နံရံ​ပေါ်မှီလျက် လဲကျ​နေ​သော ​ယောကျ်ားတစ်​ယောက်။
Masonကိုသာ ကယ်ဖို့လာတာဆို​ပေမဲ့ အခုလို​တွေ့​တော့ ဘယ်သူဖြစ်ဖြစ် ကယ်​ပေးလိုက်ချင်​တော့သည်။

သူကိုယ်တိုင်လည်း အင်မတန်​မောဟိုက်​နေပြီး ​လေပြတ်လုလု။ ဒါ​ပေမဲ့ ထိုလူသန်ကြီးကို ရ​အောင်ကယ်​ဖို့ သွားလိုက်သည်။

"Mason.. အစ်ကိုက Masonပါ"

"ကျွန်​တော် အစ်ကို့ကိုရှာ​နေတာ။ အပြင်မှာ အစ်ကို့ဇနီးနဲ့ Abby​စောင့်​နေတယ်"

ထိုအခန်းထဲက ထွက်ဖို့ပြင်စဥ်မှာပဲ မီးစွဲ​နေ​သောတံခါး​ဘောင်က ဝုန်းခနဲ ကျလာသည်။ မနိုင်မနင်းနဲ့ လူတစ်​ယောက်ကို တွဲထားရသည့်အပြင် ဖရိုဖရဲဖြစ်သွား​သော အ​ခြေအ​နေ​ကြောင့် သူလည်း အ​တော်ပြာယာခတ်သွားသည်။

မီးခိုးနံ့ကလည်း ပိုပိုပြင်းလာသည်။ စက်ရုံသုံးပစ္စည်း​တွေ ​လောင်ကျွမ်း​နေ​လို့များလား။
​ခေါင်းထဲမှာ မူး​နောက်ရီ​​ဝေပြီး လက်ရှိ​နေရာမှာတင် ပစ်လဲလိုက်ချင်​တော့တာ။

အစ်ကိုMasonကလည်း လမ်း​မလျှောက်နိုင်။ မီး​လောင်ဒဏ်ရာက ​ခြေ​​ထောက်​အောက်ပိုင်းတစ်ခုလုံးကို တိုက်စား​နေသည်။ အသက်ရှူကလည်း ​နှေး​နေသည်။ သူ့ကိုယ်သူပြန်ကြည့်​တော့လည်း ကြီးကြီးမားမားဒဏ်ရာမရှိသည်ကလွဲရင် ထူထူ​ထောင်​ထောင်မဟုတ်လှပါ။
​တစ်သက်လုံး ဖူးဖူးအမှုတ်ခံ​နေလာရသူဖြစ်တာ​ကြောင့် အပင်ပန်းမခံနိုင်တာ ထူး​ဆန်းမ​နေ​တော့။

မီးပြင်းစွာ​လောင်းကျွမ်း​နေ​သော တံခါး​ဘောင်ကို အားတင်း​ကျော်လိုက်ပြီး အစ်ကိုMasonကိုပါ ဆွဲထုတ်သည်။ အစ်ကိုက သတိလစ်လုလု။ အသိစိတ်ပင်မကပ်​တော့။

အစ်ကိုMasonကို တရွတ်တိုက်နီးပါး ဆွဲလာပြီး​နောက် စက်ရုံအပြင်သို့ ထွက်လာနိုင်စဥ် ​အနည်းငယ်သန့်စင်​သော ​လေကို ရှူရှိုက်မိလိုက်သည်။

ထို့​နောက် သူ​ခေါက်ခနဲ လဲကျသွား၏။
____

"အာ့ခ်ဗီးလ်က စက်မှုဇုန်မှာ မီး​လောင်လို့တဲ့ သူ​ဌေးမင်း"

သူညတွင်းချင်း ​ခေါင်းမီး​တောက်သွားသည်။ ဘယ်က​နေဘယ်လို စဖြစ်တာပါလိမ့်။ သူ့အပိုင်စက်ရုံ​တွေမှာ သည်လိုဖြစ်တာက ရှားသည်။

အာ့ခ်ဗီးလ်ရွာ​​လေးအပြင်က စက်မှုဇုန်ကို သူ၀ယ်လိုက်ပြီး​ ထိုစက်မှုဇုန်ထဲ သူ့အပိုင်စက်ရုံ​တွေအပြင် အခြားလူပိုင်စက်ရုံ​တွေလည်းရှိသည်။ သူ့ဘက်က ​မြေငှားထား​ပေးပြီး စက်ရုံပိုင်ရှင်​တွေက သူတို့စက်ရုံသူတို့စီမံတာ​ကြောင့် သူ့ကို​တော့ အမှုပတ်မှာမဟုတ်။

"ဘယ်စက်ရုံ​တွေပါသွားလဲ"

"သူ​ဌေးမင်းပိုင်တဲ့ ​လောင်စာစက်ရုံရယ်၊ တခြားအထည်စက်ရုံရယ်လို့ကြားတယ်။ အခုရွာသား​တွေ​တော့ သွား​နေကြပြီတဲ့"

"ဒီကစက်ရုံမှာ မီးသတ်ကား​တွေရှိတယ်မလား။ အဲ့တာ​တွေအမြန်ဆုံးသွားခိုင်းလိုက်..မင်းလည်း လိုက်သွား။ ငါမနက်ကျ လိုက်လာမယ်"

ဖြစ်နိုင်လျှင် ညတွင်းချင်း သူလိုက်သွားဖို့​ကောင်းသည်။ ဖြစ်ချင်​တော့ သူ့စားပွဲ​ပေါ်မှာ တစ်ညတည်းအပြီးသတ်ရမည့် စာရင်းဇယားများ​တောင်လိုပုံ​နေသည်။ သည်ပုံစံနဲ့​တော့ အခုချက်ချင်း ထသွားလို့မဖြစ်။
စိတ်အချရဆုံး သက်​တော်​စောင့်ဖြစ်သည့် Audieကို အရင်လွှတ်ဖို့သာ စိတ်ကူးမိ​တော့သည်။

"ဟုတ်ကဲ့ပါ သူ​ဌေးမင်း။ ကျွန်​တော် တစ်ခုခုထူးတာနဲ့ အ​ကြောင်းကြားလိုက်ပါမယ်"

Audieထွက်သွားပြီး​နောက် ​ခေါင်းမ​ဖော်စတမ်း အလုပ်ပြန်လုပ်ရပြန်သည်။ အနားယူချိန်​​တောင်မရှိ။ သည်အလုပ်​တွေသာ အရုဏ်တက်မှပြီးရင် သူမအိပ်ရဘဲ အာ့ခ်ဗီးလ်ကို သွားရလိမ့်မည်။
​တွေးကြည့်​တော့လည်း မထူးမဆန်း။ သူဘယ်တုန်းကများ ဝဝလင်လင် အိပ်စက်ခဲ့တာကျ​နေ​ရော။

အခုတ​လော အလုပ်များ​နေတာ တစ်မျိုး​ကောင်းသည်။ သူ့မှာအာရုံလွဲစရာ​ ရှိ​နေသည်။ အလုပ်ပါးချိန်သာဆို အခုလိုအချိန်​တွေကို သူဘယ်လို ​ကျော်ဖြတ်ရပါ့မလဲ။ Taehyungကို ရှာရမယ်ဆိုတာလွဲလို့ သူမစဥ်းစားတတ်​တော့ဘူး ဖြစ်​နေမှာ။
အခုကျ သူ့စိတ်ကို ထိန်း​ပေးမည့် အလုပ်​တွေက အပုံလိုက် အထပ်လိုက်။

မင်းကို သတိရတိုင်း အလုပ်လုပ်ရလွန်း​တော့ ကိုယ့်နားထင်​ပေါ်က ဆံပင်​တွေက ဖြူချင်လာပြီ ကိုယ့်အသည်းရယ်။

ကိုယ့်တိုးတက်မှုက​တော့ ကိုယ်ဟာ အလုပ်လုပ်ရင်း မင်းကို တစ်ပြိုင်တည်း လွမ်းနိုင်တာပါပဲ။ စာရွက်​​ပေါ်မှာ ဂဏန်း​တွေကို တွက်ချက်​နေရင်း မင်းပုံရိပ်​တွေကိုလည်း ကိုယ်က ပုံ​ဖော်နိုင်သည်။
လက်နှိပ်စက်​ပေါ်မှာ လက်​ချောင်း​တွေ​နေရာချလိုက်တိုင်း မင်းအပြုအမူ​​လေး​တွေကိုလည်း ​တွေး​ကောင်း​တွေးမိ​နေလိမ့်မည်။
ကိုယ့်ရဲ့ တစ်​နေတာ သံသရာဟာ မင်းကို လွမ်းရင်းဖြင့် ရိုးရှင်စွာ လည်ပတ်​နေတတ်ပါသည်။

မနက်ခင်း​ကော်ဖီ​သောက်တိုင်း၊ စိတ်ရှုပ်ရှုပ်နဲ့ စီးကရက်ကို ဖွာမိတိုင်း ​ကော်ဖီ​ငွေ့​တွေမှာ စီးကရက်အခိုး​တွေကြားမှာ မင်းရဲ့အပြုံး​တွေ ပါသွားတတ်သည်။
​လေတဖြူးဖြူးတိုက်သံ​​ကြားရင်လည်း မင်း​ပြော​နေကျ ဂျစ်ကန်ကန်စကား​​လေး​တွေအ​ကြောင်း ​တွေးမိ​နေပြန်​​ရော။

ကိုယ်ရှင်သန်​နေတဲ့ကမ္ဘာ​လေးကို Kim Taehyungဆိုတဲ့ ​ကောင်းကင်ဘုံ​လေးက ဖန်ဆင်း​ပေးထားပါသည်။ ထိုကမ္ဘာ​လေးထဲ ကိုယ်ရယ် ကိုယ့်အသည်းရယ် သီးသန့်ရှိ​နေသည်။
တစ်​ယောက်လစ်လပ်သွားတာ​တောင် ကိုယ့်မှာ အစားထိုး​ဖြေသိမ့်ဖို့ ဆန္ဒရယ်လို့ မရှိပါ။

ကိုယ်​ပြောသမျှစကားလုံးတိုင်းကို ​လှောင်​ပြောင်တတ်တာက ကိုယ့်အသည်းရဲ့ဆွဲ​ဆောင်မှုတစ်မျိုးပင်။
ကိုယ့်ဆီက ထွက်​ပြေးတတ်တာကလည်း ကိုယ့်ကို လိုက်ဖမ်းချင်စိတ် မဖြစ်ဖြစ်​အောင် နှိုးဆွ​​နေသလား မှတ်ရသည်။

ကိုယ်မင်းကို သိပ်ချစ်တာ​ပေါ့ ကိုယ့်အသည်းရယ်။

မင်းယုံ​အောင် မပြနိုင်ခဲ့ရင်လည်း ဒါက ကိုယ့်လိုအပ်ချက်ပါပဲ။ ကိုယ့်မှာ စွမ်း​ဆောင်ရည်လို​နေ​သေးလို့ပဲ ဖြစ်လိမ့်မည်။

မင်းကို အမြဲလိုက်ဖမ်း​နေရင်း တစ်​နေ့​နေ့​တော့ ကိုယ့်ကို မြင်လာမယ်၊ နားလည်လာလိမ့်မယ်ဟု ​​ကြောင်​တောင်​တောင်​မျှော်လင့်ချက်ရှိခဲ့ဖူးသည်။
ကိုယ့်နည်းဗျူဟာက တစ်ခုခုလို​နေတာများလား။ နှစ်​ပေါင်းနှစ်ဆယ်​ကျော်အတွင်း မင်းယုံ​အောင် မပြနိုင်ခဲ့ဘူးဆို​တော့ ကိုယ်လိုအပ်ချက်ရှိ​နေတာ ​သေချာပါပြီ။

နည်းလမ်း​ပြောင်းရမယ်ထင်ပြီး မင်းကို လိုက်မရှာစတမ်း လွတ်ထား​ပေးလိုက်သည်။ ပြန်လာမယ်အထင်နဲ့ ​မျှော်ရင်း​မျှော်ရင်း တကယ်ကြီး​ဝေးသွားကြမှာကိုလည်း ကိုယ်စိုးထိတ်မိပါရဲ့။

ထိုအချိန် တွက်ချက်စရာ စာရင်းများထဲမှ တစ်ဝက်​လောက်ပြီးသွားခဲ့ပြီဖြစ်သည်။
Taehyung​အ​ကြောင်းကိုလည်း အများကြီး​တွေးလိုက်ရသည်။

ကိုယ်ဘယ်​လောက်​တောင် အမြတ်ထွက်လိုက်သလဲ ကိုယ့်အသည်း​ရေ။ အ​တွေးလည်း အမြတ်ထွက်သလို အလုပ်လည်း အမြတ်ထွက်ရပါသည်။

သူ့နှုတ်ခမ်းနှစ်လွှာကြားမှာ စီးကရက်က ​နေရာယူ​နေဆဲ။ သူ့အတွက် တစ်ခုတည်း​သော ​ဖြေ​ဆေးဖြစ်​နေ​သည်။ Taehyungမရှိ​တော့ ပို​သောက်ဖြစ်သည်။
စိတ်​တွေ မတည်ငြိမ်လွန်းလို့ ​ဆေးကူတဲ့အ​နေနဲ့ပါ ကိုယ့်အသည်း​​လေးရယ်။

သည်တစ်သက် Taehyungအချစ်ကို ပြန်ရရင်​တော့ ဘယ်​ဆေးဘယ်ဝါးမှ ကူစရာလို​တော့မှာမဟုတ်။
​ဈေးကြီး​ပေး၀ယ်ထားတဲ့ စီးကရက်​တွေရယ်၊ ​ရွှေကွတ်ထားတဲ့ မီးခြစ်ရယ်ကို ​မြေမြှုပ်ပစ်မယ်လို့ ကိုယ်စိန်​ခေါ်ရဲသည်။

ထိုအချိန်မှာ​တော့ လက်နှိပ်စက်​ပေါ်မှာ ​နောက်ဆုံးစာလုံးကို ရိုက်နှိပ်နိုင်လိုက်ပြီဖြစ်သည်။
အရုဏ်တက်ချိန်လည်း နီး​ရော​ပေါ့။

ထို့​နောက် ကလင်ကလင်မြည်လာတဲ့ စားပွဲ​ပေါ်က ကြိုးဖုန်းကြီး..။
Audie တစ်ခုခုထူးလို့ဆက်တာဖြစ်ရမည်။

"Audieလား။ ဘာထူးလို့လဲ"

ကြိုးဖုန်းလက်ကိုင်က ကြမ်းပြင်​ပေါ် ပြုတ်ကျသွားပြီး သူ့နှလုံးခုန်သံက အတိုင်းအဆမရှိ မူမမှန်​တော့။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

သူ​ေတာ္​ေတာ္နဲ႔ အိပ္မ​ေပ်ာ္။ မဟုတ္​ေသး.. နည္းနည္းမွကို အိပ္မ​ေပ်ာ္တာ။
မ​ေတြးမိဖို႔ သတိ​ေပး​ေလ​ ပို​ေတြးမိ​ေလျဖစ္​ေန​ေသာ အ​ေတြးအပိုင္းအစအခ်ိဳ႕ရယ္။ ဝင္​ေလထြက္​ေလ​ကို ပုံမွန္ျဖစ္​ေန​ေအာင္ ထိန္းညႇိၿပီး အိပ္လို႔ရ​ေအာင္​ေတာ့ ႀကိဳးစားၾကည့္​ေနတာပါပဲ။

သူအ​​ေမွာင္ထဲမွာ စိတ္ခ်လက္ခ်အိပ္စက္ႏိုင္ဖို႔ရာ လိုအပ္ခ်က္က.. ​ေက်ာျပင္​ေပၚက ​ေႏြး​ေႏြး​​​ေထြး​ေထြးအထိအ​ေတြ႕တစ္ခု၊ ခါးသြယ္သြယ္ကို ရစ္ပတ္က်ီစယ္​ေန​ေသာ လက္တစ္ဖက္၊ လည္တိုင္​ေပၚကို တဖြဖြအနမ္းျဖန္႔က်ဲ​​ေပးလ်က္ရွိ​ေသာ ႏႈတ္ခမ္းတစ္စုံ။

"မ​ေတြး​ေတာ့ရင္​ေကာင္းမယ္ Kim Taehyung. သူက မင္းအတြက္ မဟုတ္ဘူး"

သူ႔ကိုယ္သူ ​ေရ႐ြတ္လိုက္ၿပီးမွ သက္ျပင္းရွည္ႀကီး ခ်မိသည္။ ​ေလးလံ​ေန​ေသာ ရင္ဘတ္ထဲမွာ ​ေက်ာက္စရစ္ခဲကို ပိႆာခ်ိန္လိုက္ ထည့္ထားသည့္ႏွယ္။

မ​ေတြးဖို႔ႀကိဳးစားရင္ ႐ုပ္လုံး​ေပၚလာတဲ့ Jeon JungKookနဲ႔ ပတ္သက္တဲ့ မွတ္ဉာဏ္အစိတ္အပိုင္းမ်ား။ သူ႔အ​ေတြးထဲ ထိုလူ႔ကို မ​ေတြးဖူးတာမဟုတ္။ ​ေတြးခဲ့သမွ်က အဆိုးဘက္ရႈ​ေထာင့္က ျဖစ္​ေနခဲ့႐ုံ။ ယခု​ေတာ့ ထူးထူးျခားျခား မွတ္ဉာဏ္​ေတြက ခ်ိဳ​ေန​သည္။
Jeon JungKookနဲ႔ သူနဲ႔အၾကားမွာ ခ်ိဳၿမိန္တဲ့ အမွတ္တရ​ေတြလည္း ရွိခဲ့ဖူးတာပဲလား။ ယုံ​ေတာင္မယုံခ်င္။ အခုမွ အ​ေတြး​ေပါက္တဲ့ သူ႔ကိုယ္သူ မယုံႏိုင္ျဖစ္​ေနတာ။

တိတ္ဆိတ္ၿငိမ္သက္လြန္း၍ ​​ေခ်ာက္ခ်ားဖြယ္​ေကာင္း​ေသာ ညခ်မ္း​ေလးဆီ ဆူဆူညံညံအသံ​​​ေတြဝင္လာသည္။ ၾကားၾကားခ်င္း​ေတာ့ တြန္႔ခနဲျဖစ္ၿပီး လန္႔သြားတာ။
အသံ​ေတြက တ​ေျဖး​ေျဖးပိုက်ယ္လာၿပီး ပါဝင္သူဦး​ေရကလည္း မ်ားပုံရသည္။ စပ္စပ္စုစုထၾကည့္ခ်င္လိုက္​ေပမဲ့ ​ေက်ာက္ခ်ထားသလို အိပ္ရာထဲက ခြာလို႔မရ။
ဘာမွမျမင္ရတဲ့အခ်ိန္ ထရမွာကို ​ေၾကာက္​ေနသည္။

'​ေဒါက္ ​ေဒါက္!'

"Taehyung​ေရ.. အိပ္​ေနၿပီလား။ ထပါဦး"

Abbyအ​ေမရဲ႕အသံၾကားမွ သူနည္းနည္းစိတ္သက္သာရာရသြားသည္။ ခ်က္ခ်င္းလက္ငင္း ​ေငါက္ခနဲ ထသြားၿပီး တံခါးဖြင့္​ေပး​ေတာ့ မီးအိမ္​ေလးကိုင္၍ ညႇိဳးငယ္စြာရပ္​ေန​ေသာ Abbyအ​ေမ။ မ်က္လုံးက အရည္မ်ားလဲ့​ေနလ်က္။
​ေဘးက Abbyက သူ႔အ​ေမကို ျပဴး​​ေၾကာင္​ေၾကာင္ၾကည့္​ေန၏။
ဘာ​ေတြမ်ား ျဖစ္လာၾကတာပါလိမ့္။

"ဘာျဖစ္လာၾကတာလဲ အစ္မ"

"အစ္မ​ေယာက်္ားတို႔စက္႐ုံ မီး​ေလာင္လို႔တဲ့​။ အခုမွ ႐ြာသား​ေတြ မီးၿငိမ္းဖို႔လိုက္သြားၾကတုန္း။ ညႀကီးသားအမိႏွစ္​ေယာက္တည္းလိုက္မသြားရဲလို႔ အစ္မတို႔ကို လိုက္ကူ​ေပးပါလားဟင္"

"ရပါတယ္ အစ္မ။ ကြၽန္​ေတာ္လိုက္ခဲ့ပါမယ္"

ဒါဆို ခုနက ဆူညံ​​ေနတဲ့ အသံ​ေတြက မီးသတ္ဖို႔သြားၾကတဲ့ ႐ြာသား​ေတြအသံ​ေပါ့။ ​ေတာ္​ေတာ္​ေလးဆူပုံ​ေထာက္ရင္ လူအင္အားမ်ားမ်ားစု​ေဝးၾကပုံရသည္။ မီးကလည္း မ်ားသည္ထင္ပါရဲ႕။
စက္႐ုံ​ေလာင္တာဆို​​ေတာ့ ပိုဆိုးလိမ့္မည္။ သည္႐ြာမွာ မီးသတ္ကားမရွိဘူးလား။

Abby​တို႔သားအမိကလည္း သူ႔​ေက်းဇူးရွင္ျဖစ္​ေန​ေတာ့ ဒါ​ေလး လိုက္ကူ​ေပးသြားဟာ သူ႔အတြက္ ဘာမွ အပန္းမႀကီးသြား။ သူ​နဲ႔ Abbyတို႔သားအမိဟာ ႐ြာျပင္စက္မႈဇုန္ကို ခပ္သုတ္သုတ္​ေလး လိုက္လာခဲ့​ေတာ့သည္။

"႐ြာမွာမီးသတ္ကားမရွိဘူးလား အစ္မ"

"​ေရ​ေလွာင္လွည္း​ေတြ​ေတာ့ လိုက္သြားၾကတယ္ Taehyung. အစ္မက​ေတာ့ စိတ္ပူတာပဲသိ​ေတာ့တယ္ ငါ့​ေမာင္ရယ္။ စက္႐ုံမွာ အလုပ္ဝင္ခိုင္းတာ​ေတာင္ မွားသြားၿပီလားမသိဘူး"

အစ္မက ညည္းညည္းညဴညဴဆိုလာသည္။ တကယ္လည္း ပူ​ေဆြး​ေနပုံ။ အင္း​ေပါ့​ေလ.. ကိုယ့္အၾကင္ခင္ပြန္းတစ္​ေယာက္လုံး မီး​​ေဘးသင့္​ေနသည့္အျဖစ္ကို ဘယ္သူက မပူ​ေဆြးဘဲ ​ေနႏိုင္လိမ့္မလဲ။

​ေနရင္းထိုင္ရင္း လူ႔ဘဝမွာ ကိုယ့္ခံစားခ်က္​ေတြအတြက္ အ​ေၾကာင္းျပခ်က္ျဖစ္​ေပမည့္လူတစ္​ေယာက္ရွိဖို႔လည္း လိုအပ္သည္ဟု ထင္မိပါသည္။ ​ေပ်ာ္တာျဖစ္ျဖစ္၊ ပူ​ေဆြး​ေသာက​ေရာက္ရတာပဲျဖစ္ျဖစ္ သည္လူ​ေၾကာင့္ ခံစားရတယ္လို႔ လက္ညႇိဳးထိုးစရာရွိတာမ်ိဳး။
ဒါဟာ လူ႔ဘဝရဲ႕ ရသတစ္မ်ိဳးျဖစ္​ေကာင္းျဖစ္လိမ့္မည္။

"ဟိုမွာ ဟိုမွာ.. ဟယ္.. မီး​ေတြက မနည္းဘူးပဲ။ Mason Mason!"

Abbyအ​ေမက သူ႔​ေယာက်္ားနာမည္ကို တ​ေၾကာ္​ေၾကာ္​ေအာ္ရင္း အ​ေရွ႕က ​ေျပးသြားသည္။ သူနဲ႔ Abbyက​ေတာ့ အ​ေနာက္က​ေန ​ေျဖး​ေျဖးႏွင့္မွန္မွန္လိုက္သည္။

မီးပမာဏက နည္းတာမဟုတ္။ ကပ္လ်က္ရွိ​ေန​ေသာ စက္႐ုံႏွစ္ခု ​ေလာင္​​ေနတာျဖစ္သည္။ ဘာစက္႐ုံလဲ​ေတာ့ မဆိုတတ္။
ဘာပဲျဖစ္ျဖစ္ စက္မႈဇုန္က ႐ြာျပင္မွာ သီးသန္႔ရွိ​ေန၍ ​ေတာ္ပါ​ေသးသည္။ မဟုတ္ရင္ ႐ြာထဲက လူ​ေနအိမ္​ေတြအတြက္ပါ စိတ္ပူ​ေနရ​ေတာ့မွာ။

"အစ္ကို.. ကြၽန္​ေတာ့္အ​ေဖက အဲ့ထဲမွာလား"

"ထြက္လာတာလည္း ျဖစ္ႏိုင္ပါတယ္ Abbyရဲ႕။ သိပ္လည္း စိတ္မပူပါနဲ႔။ Abbyအ​ေဖက အႏၲရာယ္ကင္းမွာပါ"

သူကလည္း ရွာႀကံသာ ႏွစ္သိမ့္​ေနရတာ၊ သိပ္ၿပီးအာမ,ခံႏိုင္တာမဟုတ္။ မီး​ေလာင္တာ​ေတြဘာ​ေတြနဲ႔ ပတ္သက္ၿပီးလည္း အ​ေတြ႕အႀကဳံရွိတာမဟုတ္။ သို႔​ေသာ္ ကိုယ့္အ​ေဖက ကိုယ့္အ​ေရွ႕မွာ ​ေသလု​ေျမာပါးျဖစ္​ေနလွ်င္ ဘယ္လိုခံစားရတယ္ဆိုတာကို​ေတာ့ ကိုယ္ခ်င္းစာ​ေပးႏိုင္သည္။

"Mason! Mason အဲ့အထဲမွာ ရွိ​ေန​တုန္းတဲ့ Taehyung​ေရ.. ကယ္ပါဦး! အစ္မ..အစ္မဘာလုပ္ရမလဲဟင္"

Abbyအ​ေမက ရႈိက္ႀကီးတငင္ငို​ေန​ေတာ့ သူ႔မွာ ဘာလုပ္လို႔လုပ္​ေပးရမွန္းမသိ။ ​ေက်ာကို အသာပုတ္​ေပး႐ုံကလြဲ အပိုဆာလာစကားမ်ားလည္း ထြက္မလာ။

"သူထြက္လာမွာပါ.. ​ေစာင့္ၾကည့္ပါဦး"

"သူတစ္ခုခုဆို အစ္မ​ေသမွာ။ သူမရွိလို႔မျဖစ္ဘူး အစ္မအတြက္​ေရာ Abbyအတြက္​ေရာ.."

"အစ္မရယ္..နိမိတ္မရွိတာ​ေတြ​ေျပာမ​ေနပါနဲ႔။ အစ္ကိုက အစ္မတို႔ဆီ ​ေသခ်ာ​ေပါက္ျပန္လာမွာပါ"

သူတစ္ခုခုမ်ား ကူညီႏိုင္မလားလို႔ ​ေဘးဘီဝဲယာကို ၾကည့္လိုက္​​ေတာ့ ​ေရတစ္ပုံၿပီးတစ္ပုံသယ္​ေနတဲ့ ကာလသား​ေတြကို ​ေတြ႕သည္။ သူလည္း သယ္​ေပးႏိုင္သားပဲ။ ကာယလုပ္သားလုပ္​ေနက်လူ​ေတြလို သူ႔ခႏၶါကိုယ္က ​ေတာင့္​ေတာင့္တင္းတင္းရယ္​ေတာ့ မဟုတ္​ေပမဲ့ ႏိုင္သ​ေလာက္​ေပါ့။

"ကြၽန္​ေတာ္ မီးသတ္တဲ့အဖြဲ႕ဆီ သြားလိုက္ဦးမယ္။ အစ္မအမ်ိဳးသားအ​ေျခအ​ေနလည္း ၾကည့္ရင္း"

"Taehyung! Taehyung!"

စက္႐ုံအႀကီးႀကီးႏွစ္႐ုံ​ေလာင္​ေနတာဆို​ေတာ့ ႐ြာသားအင္အားရယ္၊ ရွိသမွ်ကိရိယာအင္အားရယ္က မ​ေလာက္င။
သို႔​ေသာ္ ႐ြာသား​ေတြက ဇြဲမ​ေလွ်ာ့ဘဲ ႏိုင္သ​ေလာက္ လုပ္​ေပးၾကသည္။ ႐ြာသူ​ေတြကလည္း အအားမ​ေန။ မီးခ်ိတ္မီးကပ္​ေတြ လုပ္​ေပးသူက လုပ္​ေပးလို႔။

Taehyungက မီး​ေလာင္သည့္အ​ေဆာက္အအုံနား​ေန၍ လက္ဆင့္ကမ္းသယ္လာ​ေသာ ​ေရပုံ​ေတြႏွင့္ ​ေရပက္​ေပးသည္။ တစ္ခါတစ္ခါ အပူမီးက လူ႔လက္ဖ်ံႏွင့္ ​ေက်ာျပင္ကို လာလာဟပ္သည္။
မည္မွ်ပူသည္ကို စာဖြဲ႕၍ပင္ မစြမ္း။

"စက္႐ုံပိုင္ရွင္​ေတြက မလာဘူးလား။ တာဝန္မယူ​ေပးဘူးလားဗ်"

Taehyung စိတ္​ေပါက္​ေပါက္နဲ႔ မ​ေနႏိုင္မထိုင္ႏိုင္ ​ေမးမိ​ေတာ့သည္။ အမွန္ဆို ဒါ​ေတြက စီးပြား​ေရးသမား​ေတြရဲ႕ အစီအစဥ္နဲ႔ ​ေဆာက္ထားတဲ့ စက္႐ုံ​ေတြ။ ႐ြာအျပင္မွာ သည္လိုစက္မႈဇုန္လုပ္ခ်င္ရင္ ႐ြာအတြက္ အာမခံခ်က္တစ္ခုခု​ေပးသင့္တာ မဟုတ္လား။
ဘယ့္ႏွယ္ အခု​ေတာ့ မီး​ေလာင္တာ​ေတာင္ ႐ြာသူ႐ြာသား​ေတြက တာဝန္ယူ​ေပး​ေနရတယ္လို႔။

"သူတို႔ကို တယ္လီဖုန္း​ဆက္ထားၿပီ။ လူဝီဗီးလ္က​ေန မီးသတ္ကားလြတ္လိုက္မယ္​ေျပာတယ္။
ၿပီး​ေတာ့ ဒါကို ငါတို႔က အလကားလုပ္​ေပးရတာ မဟုတ္ဘူး​ေလ။ ဒီစက္မႈဇုန္ရဲ႕ဦး​ေဆာင္သူက ႐ြာအတြက္ႏွစ္စဥ္​ေထာက္ပံ့​​ေၾကး ​ေပးတယ္"

ဪ..လက္စသတ္​ေဆာ့ သည္လို​ေတြရွိတာကိုး။ ဘာပဲျဖစ္ျဖစ္ သူၾကားဖူးတဲ့ စီးပြား​​ေရးသမား​ေတြထက္စာရင္ အျမင္မဆိုးလွသူဟု ​ေတြးရ​ေပမည္။
အက်ိဳးအျမတ္အတြက္ ႀကိဳက္ရာလူကို ​ေခါင္းပုံျဖတ္မည့္ လုပ္ငန္းရွင္​ေတြထက္ ​ေတာ္​ေသးတာပဲ​ေပါ့။

"အဲ့တာ​ေၾကာင့္ အခု​ေလာက္ အားသြန္ခြန္စိုက္လုပ္​ေနၾကတာလား"

ထို႐ြာသားက သူ႔ဆီကို ​ေရပုံတစ္ပုံ ကမ္း​ေပးလိုက္ရင္း..

"မဟုတ္တာ.. ငါတို႔က ငါတို႔႐ြာအပိုင္​ေျမဆို အျပည့္အဝတာ၀န္ယူခ်င္တာကြ။ ဒီစက္မႈဇုန္ပိုင္ရွင္အ​ေဟာင္းတုန္းက စက္႐ုံ​ေတြကလည္း စုတ္ျပတ္၊ အလုပ္သမား​ေတြကိုလည္း ​ေခြးလိုခိုင္းနဲ႔ အ​ေတာ္အဆင္မ​ေျပျဖစ္ခဲ့တာ။
အခုလို ႐ြာအတြက္​ေကာင္း​ေပးတဲ့ပိုင္ရွင္အသစ္ကို ဒီ​​ေလာက္​ေတာ့ လုပ္​ေပးသင့္တယ္မထင္ဘူးလား"

"အင္း..အဲ့လိုလည္း ဟုတ္ပါတယ္​ေလ"

လက္​ေမာင္းျပဳတ္မတတ္ အားသြန္ခြန္စိုက္ ​ေရပက္​ေပးရင္း ​ေနာက္ဆုံး​ေတာ့ စက္႐ုံအ​ေရွ႕ဘက္ျခမ္း​ေလးက မီး​ေသသ​ေလာက္ျဖစ္သြားၿပီး အထဲဝင္လို႔ ရသြားသည္။
အ​ေနာက္ကမီး​ေတြ ျပန္မစြဲလာခင္ အထဲကလူ​ေတြကို ဝင္ကယ္သူကကယ္၊ ​မီးၿငိမ္းရင္း က်န္သူက က်န္ခဲ့လ်က္။

ထိုအခ်ိန္ Abbyအ​ေဖကို ​ေတြးမိသြားသည္။ တစ္ခုခုလြဲမွားသြားလို႔ မျဖစ္။ အသက္ရွင္မွျဖစ္မည္။
တစ္ခုခုသာဆို Abby​ေလးက မျမင္သင့္တာ​ေတြ ျမင္လိုက္ရမွာ။
သူ႔တုန္းက​ေတာင္ ႏွစ္ႏွစ္အ႐ြယ္​ေလးနဲ႔ ျမင္ခဲ့ရတာကို တစ္သက္လုံးစိတ္ဒဏ္ရာရ​​ေစႏိုင္တဲ့အထိ အျမင္အာ႐ုံထဲ စြဲခဲ့တာ။ Abbyက လူလား​ေျမာက္တဲ့အ႐ြယ္။ ပိုခံစားႏိုင္ၿပီး ပိုလို႔စိတ္စြဲလိမ့္မည္။

ထိုအ​ေတြးႏွင့္ စက္႐ုံထဲ တိုးဝင္သြား​ေသာ Taehyung.

မီးခိုး​ေငြ႕က တလူလူ မႊန္ထူလို႔​ေနသည္။ တဟြတ္ဟြတ္​ေခ်ာင္းဆိုးရင္း ​အသက္ထြက္မလားလို႔​ေတာင္ ခံစားလိုက္ရသည္။ မရႉရႈိက္သင့္​ေသာ ဓါတ္​ေငြ႕မ်ားက သူ႔အသက္ရႉ​လမ္း​​ေၾကာင္းထဲ အလိုလိုစိမ့္ဝင္လာသည္။

"အဟြတ္ အဟြတ္! အစ္ကို Mason.. Mason!"

Masonဆိုသည့္လူကို သူ​ေသခ်ာလည္း မသိပါဘဲ စမ္းတဝါးဝါးလိုက္​​ေခၚ​ေနမိသည္။
စက္႐ုံထဲက်န္ခဲ့တဲ့ အလုပ္သမား​ေတြက သိပ္မ်ားဟန္မတူ။ သူရွာၾကည့္သ​ေလာက္ မ​ေတြ႕ရ​ေသး။
အျပင္ဘက္ကို ျမင္သ​ေလာက္​ေလး လွမ္းၾကည့္​ေတာ့ တခ်ိဳ႕အလုပ္သမား​ေတြကို ကယ္ထုတ္သြားၾကတာ ​ေတြ႕သည္။ ထိုအထဲ အစ္ကို Masonမ်ား ပါ​ေလမလား။

"အင္း.. ကယ္ပါ..ကယ္ပါ"

ၾကားလိုက္ရတဲ့ ညည္းသံတိုးတိုး​ေလး။ တိုးလြန္းလို႔ အာ႐ုံမစိုက္ရင္ ၾကားရမွာမဟုတ္။
ထိုအသံၾကားရာဆီ တိုးသြား​​ေတာ့ စက္႐ုံအခန္းတစ္ခန္း၏ နံရံ​ေပၚမွီလ်က္ လဲက်​ေန​ေသာ ​ေယာက်္ားတစ္​ေယာက္။
Masonကိုသာ ကယ္ဖို႔လာတာဆို​ေပမဲ့ အခုလို​ေတြ႕​ေတာ့ ဘယ္သူျဖစ္ျဖစ္ ကယ္​ေပးလိုက္ခ်င္​ေတာ့သည္။

သူကိုယ္တိုင္လည္း အင္မတန္​ေမာဟိုက္​ေနၿပီး ​ေလျပတ္လုလု။ ဒါ​ေပမဲ့ ထိုလူသန္ႀကီးကို ရ​ေအာင္ကယ္​ဖို႔ သြားလိုက္သည္။

"Mason.. အစ္ကိုက Masonပါ"

"ကြၽန္​ေတာ္ အစ္ကို႔ကိုရွာ​ေနတာ။ အျပင္မွာ အစ္ကို႔ဇနီးနဲ႔ Abby​ေစာင့္​ေနတယ္"

ထိုအခန္းထဲက ထြက္ဖို႔ျပင္စဥ္မွာပဲ မီးစြဲ​ေန​ေသာတံခါး​ေဘာင္က ဝုန္းခနဲ က်လာသည္။ မႏိုင္မနင္းနဲ႔ လူတစ္​ေယာက္ကို တြဲထားရသည့္အျပင္ ဖ႐ိုဖရဲျဖစ္သြား​ေသာ အ​ေျခအ​ေန​ေၾကာင့္ သူလည္း အ​ေတာ္ျပာယာခတ္သြားသည္။

မီးခိုးနံ႔ကလည္း ပိုပိုျပင္းလာသည္။ စက္႐ုံသုံးပစၥည္း​ေတြ ​ေလာင္ကြၽမ္း​ေန​လို႔မ်ားလား။
​ေခါင္းထဲမွာ မူး​ေနာက္ရီ​​ေဝၿပီး လက္ရွိ​ေနရာမွာတင္ ပစ္လဲလိုက္ခ်င္​ေတာ့တာ။

အစ္ကိုMasonကလည္း လမ္း​မေလွ်ာက္ႏိုင္။ မီး​ေလာင္ဒဏ္ရာက ​ေျခ​​ေထာက္​ေအာက္ပိုင္းတစ္ခုလုံးကို တိုက္စား​ေနသည္။ အသက္ရႉကလည္း ​ေႏွး​ေနသည္။ သူ႔ကိုယ္သူျပန္ၾကည့္​ေတာ့လည္း ႀကီးႀကီးမားမားဒဏ္ရာမရွိသည္ကလြဲရင္ ထူထူ​ေထာင္​ေထာင္မဟုတ္လွပါ။
​တစ္သက္လုံး ဖူးဖူးအမႈတ္ခံ​ေနလာရသူျဖစ္တာ​ေၾကာင့္ အပင္ပန္းမခံႏိုင္တာ ထူး​ဆန္းမ​ေန​ေတာ့။

မီးျပင္းစြာ​ေလာင္းကြၽမ္း​ေန​ေသာ တံခါး​ေဘာင္ကို အားတင္း​ေက်ာ္လိုက္ၿပီး အစ္ကိုMasonကိုပါ ဆြဲထုတ္သည္။ အစ္ကိုက သတိလစ္လုလု။ အသိစိတ္ပင္မကပ္​ေတာ့။

အစ္ကိုMasonကို တ႐ြတ္တိုက္နီးပါး ဆြဲလာၿပီး​ေနာက္ စက္႐ုံအျပင္သို႔ ထြက္လာႏိုင္စဥ္ ​အနည္းငယ္သန္႔စင္​ေသာ ​ေလကို ရႉရႈိက္မိလိုက္သည္။

ထို႔​ေနာက္ သူ​ေခါက္ခနဲ လဲက်သြား၏။
____

"အာ့ခ္ဗီးလ္က စက္မႈဇုန္မွာ မီး​ေလာင္လို႔တဲ့ သူ​ေဌးမင္း"

သူညတြင္းခ်င္း ​ေခါင္းမီး​ေတာက္သြားသည္။ ဘယ္က​ေနဘယ္လို စျဖစ္တာပါလိမ့္။ သူ႔အပိုင္စက္႐ုံ​ေတြမွာ သည္လိုျဖစ္တာက ရွားသည္။

အာ့ခ္ဗီးလ္႐ြာ​​ေလးအျပင္က စက္မႈဇုန္ကို သူ၀ယ္လိုက္ၿပီး​ ထိုစက္မႈဇုန္ထဲ သူ႔အပိုင္စက္႐ုံ​ေတြအျပင္ အျခားလူပိုင္စက္႐ုံ​ေတြလည္းရွိသည္။ သူ႔ဘက္က ​ေျမငွားထား​ေပးၿပီး စက္႐ုံပိုင္ရွင္​ေတြက သူတို႔စက္႐ုံသူတို႔စီမံတာ​ေၾကာင့္ သူ႔ကို​ေတာ့ အမႈပတ္မွာမဟုတ္။

"ဘယ္စက္႐ုံ​ေတြပါသြားလဲ"

"သူ​ေဌးမင္းပိုင္တဲ့ ​ေလာင္စာစက္႐ုံရယ္၊ တျခားအထည္စက္႐ုံရယ္လို႔ၾကားတယ္။ အခု႐ြာသား​ေတြ​ေတာ့ သြား​ေနၾကၿပီတဲ့"

"ဒီကစက္႐ုံမွာ မီးသတ္ကား​ေတြရွိတယ္မလား။ အဲ့တာ​ေတြအျမန္ဆုံးသြားခိုင္းလိုက္..မင္းလည္း လိုက္သြား။ ငါမနက္က် လိုက္လာမယ္"

ျဖစ္ႏိုင္လွ်င္ ညတြင္းခ်င္း သူလိုက္သြားဖို႔​ေကာင္းသည္။ ျဖစ္ခ်င္​ေတာ့ သူ႔စားပြဲ​ေပၚမွာ တစ္ညတည္းအၿပီးသတ္ရမည့္ စာရင္းဇယားမ်ား​ေတာင္လိုပုံ​ေနသည္။ သည္ပုံစံနဲ႔​ေတာ့ အခုခ်က္ခ်င္း ထသြားလို႔မျဖစ္။
စိတ္အခ်ရဆုံး သက္​ေတာ္​ေစာင့္ျဖစ္သည့္ Audieကို အရင္လႊတ္ဖို႔သာ စိတ္ကူးမိ​ေတာ့သည္။

"ဟုတ္ကဲ့ပါ သူ​ေဌးမင္း။ ကြၽန္​ေတာ္ တစ္ခုခုထူးတာနဲ႔ အ​ေၾကာင္းၾကားလိုက္ပါမယ္"

Audieထြက္သြားၿပီး​ေနာက္ ​ေခါင္းမ​ေဖာ္စတမ္း အလုပ္ျပန္လုပ္ရျပန္သည္။ အနားယူခ်ိန္​​ေတာင္မရွိ။ သည္အလုပ္​ေတြသာ အ႐ုဏ္တက္မွၿပီးရင္ သူမအိပ္ရဘဲ အာ့ခ္ဗီးလ္ကို သြားရလိမ့္မည္။
​ေတြးၾကည့္​ေတာ့လည္း မထူးမဆန္း။ သူဘယ္တုန္းကမ်ား ဝဝလင္လင္ အိပ္စက္ခဲ့တာက်​ေန​ေရာ။

အခုတ​ေလာ အလုပ္မ်ား​ေနတာ တစ္မ်ိဳး​ေကာင္းသည္။ သူ႔မွာအာ႐ုံလြဲစရာ​ ရွိ​ေနသည္။ အလုပ္ပါးခ်ိန္သာဆို အခုလိုအခ်ိန္​ေတြကို သူဘယ္လို ​ေက်ာ္ျဖတ္ရပါ့မလဲ။ Taehyungကို ရွာရမယ္ဆိုတာလြဲလို႔ သူမစဥ္းစားတတ္​ေတာ့ဘူး ျဖစ္​ေနမွာ။
အခုက် သူ႔စိတ္ကို ထိန္း​ေပးမည့္ အလုပ္​ေတြက အပုံလိုက္ အထပ္လိုက္။

မင္းကို သတိရတိုင္း အလုပ္လုပ္ရလြန္း​ေတာ့ ကိုယ့္နားထင္​ေပၚက ဆံပင္​ေတြက ျဖဴခ်င္လာၿပီ ကိုယ့္အသည္းရယ္။

ကိုယ့္တိုးတက္မႈက​ေတာ့ ကိုယ္ဟာ အလုပ္လုပ္ရင္း မင္းကို တစ္ၿပိဳင္တည္း လြမ္းႏိုင္တာပါပဲ။ စာ႐ြက္​​ေပၚမွာ ဂဏန္း​ေတြကို တြက္ခ်က္​ေနရင္း မင္းပုံရိပ္​ေတြကိုလည္း ကိုယ္က ပုံ​ေဖာ္ႏိုင္သည္။
လက္ႏွိပ္စက္​ေပၚမွာ လက္​ေခ်ာင္း​ေတြ​ေနရာခ်လိုက္တိုင္း မင္းအျပဳအမူ​​ေလး​ေတြကိုလည္း ​ေတြး​ေကာင္း​ေတြးမိ​ေနလိမ့္မည္။
ကိုယ့္ရဲ႕ တစ္​ေနတာ သံသရာဟာ မင္းကို လြမ္းရင္းျဖင့္ ႐ိုးရွင္စြာ လည္ပတ္​ေနတတ္ပါသည္။

မနက္ခင္း​ေကာ္ဖီ​ေသာက္တိုင္း၊ စိတ္ရႈပ္ရႈပ္နဲ႔ စီးကရက္ကို ဖြာမိတိုင္း ​ေကာ္ဖီ​ေငြ႕​ေတြမွာ စီးကရက္အခိုး​ေတြၾကားမွာ မင္းရဲ႕အၿပဳံး​ေတြ ပါသြားတတ္သည္။
​ေလတျဖဴးျဖဴးတိုက္သံ​​ၾကားရင္လည္း မင္း​ေျပာ​ေနက် ဂ်စ္ကန္ကန္စကား​​ေလး​ေတြအ​ေၾကာင္း ​ေတြးမိ​ေနျပန္​​ေရာ။

ကိုယ္ရွင္သန္​ေနတဲ့ကမာၻ​ေလးကို Kim Taehyungဆိုတဲ့ ​ေကာင္းကင္ဘုံ​ေလးက ဖန္ဆင္း​ေပးထားပါသည္။ ထိုကမာၻ​ေလးထဲ ကိုယ္ရယ္ ကိုယ့္အသည္းရယ္ သီးသန္႔ရွိ​ေနသည္။
တစ္​ေယာက္လစ္လပ္သြားတာ​ေတာင္ ကိုယ့္မွာ အစားထိုး​ေျဖသိမ့္ဖို႔ ဆႏၵရယ္လို႔ မရွိပါ။

ကိုယ္​ေျပာသမွ်စကားလုံးတိုင္းကို ​ေလွာင္​ေျပာင္တတ္တာက ကိုယ့္အသည္းရဲ႕ဆြဲ​ေဆာင္မႈတစ္မ်ိဳးပင္။
ကိုယ့္ဆီက ထြက္​ေျပးတတ္တာကလည္း ကိုယ့္ကို လိုက္ဖမ္းခ်င္စိတ္ မျဖစ္ျဖစ္​ေအာင္ ႏႈိးဆြ​​ေနသလား မွတ္ရသည္။

ကိုယ္မင္းကို သိပ္ခ်စ္တာ​ေပါ့ ကိုယ့္အသည္းရယ္။

မင္းယုံ​ေအာင္ မျပႏိုင္ခဲ့ရင္လည္း ဒါက ကိုယ့္လိုအပ္ခ်က္ပါပဲ။ ကိုယ့္မွာ စြမ္း​ေဆာင္ရည္လို​ေန​ေသးလို႔ပဲ ျဖစ္လိမ့္မည္။

မင္းကို အၿမဲလိုက္ဖမ္း​ေနရင္း တစ္​ေန႔​ေန႔​ေတာ့ ကိုယ့္ကို ျမင္လာမယ္၊ နားလည္လာလိမ့္မယ္ဟု ​​ေၾကာင္​ေတာင္​ေတာင္​ေမွ်ာ္လင့္ခ်က္ရွိခဲ့ဖူးသည္။
ကိုယ့္နည္းဗ်ဴဟာက တစ္ခုခုလို​ေနတာမ်ားလား။ ႏွစ္​ေပါင္းႏွစ္ဆယ္​ေက်ာ္အတြင္း မင္းယုံ​ေအာင္ မျပႏိုင္ခဲ့ဘူးဆို​ေတာ့ ကိုယ္လိုအပ္ခ်က္ရွိ​ေနတာ ​ေသခ်ာပါၿပီ။

နည္းလမ္း​ေျပာင္းရမယ္ထင္ၿပီး မင္းကို လိုက္မရွာစတမ္း လြတ္ထား​ေပးလိုက္သည္။ ျပန္လာမယ္အထင္နဲ႔ ​ေမွ်ာ္ရင္း​ေမွ်ာ္ရင္း တကယ္ႀကီး​ေဝးသြားၾကမွာကိုလည္း ကိုယ္စိုးထိတ္မိပါရဲ႕။

ထိုအခ်ိန္ တြက္ခ်က္စရာ စာရင္းမ်ားထဲမွ တစ္ဝက္​ေလာက္ၿပီးသြားခဲ့ၿပီျဖစ္သည္။
Taehyung​အ​ေၾကာင္းကိုလည္း အမ်ားႀကီး​ေတြးလိုက္ရသည္။

ကိုယ္ဘယ္​ေလာက္​ေတာင္ အျမတ္ထြက္လိုက္သလဲ ကိုယ့္အသည္း​ေရ။ အ​ေတြးလည္း အျမတ္ထြက္သလို အလုပ္လည္း အျမတ္ထြက္ရပါသည္။

သူ႔ႏႈတ္ခမ္းႏွစ္လႊာၾကားမွာ စီးကရက္က ​ေနရာယူ​ေနဆဲ။ သူ႔အတြက္ တစ္ခုတည္း​ေသာ ​ေျဖ​ေဆးျဖစ္​ေန​သည္။ Taehyungမရွိ​ေတာ့ ပို​ေသာက္ျဖစ္သည္။
စိတ္​ေတြ မတည္ၿငိမ္လြန္းလို႔ ​ေဆးကူတဲ့အ​ေနနဲ႔ပါ ကိုယ့္အသည္း​​ေလးရယ္။

သည္တစ္သက္ Taehyungအခ်စ္ကို ျပန္ရရင္​ေတာ့ ဘယ္​ေဆးဘယ္ဝါးမွ ကူစရာလို​ေတာ့မွာမဟုတ္။
​ေဈးႀကီး​ေပး၀ယ္ထားတဲ့ စီးကရက္​ေတြရယ္၊ ​ေ႐ႊကြတ္ထားတဲ့ မီးျခစ္ရယ္ကို ​ေျမျမႇဳပ္ပစ္မယ္လို႔ ကိုယ္စိန္​ေခၚရဲသည္။

ထိုအခ်ိန္မွာ​ေတာ့ လက္ႏွိပ္စက္​ေပၚမွာ ​ေနာက္ဆုံးစာလုံးကို ႐ိုက္ႏွိပ္ႏိုင္လိုက္ၿပီျဖစ္သည္။
အ႐ုဏ္တက္ခ်ိန္လည္း နီး​ေရာ​ေပါ့။

ထို႔​ေနာက္ ကလင္ကလင္ျမည္လာတဲ့ စားပြဲ​ေပၚက ႀကိဳးဖုန္းႀကီး..။
Audie တစ္ခုခုထူးလို႔ဆက္တာျဖစ္ရမည္။

"Audieလား။ ဘာထူးလို႔လဲ"

ႀကိဳးဖုန္းလက္ကိုင္က ၾကမ္းျပင္​ေပၚ ျပဳတ္က်သြားၿပီး သူ႔ႏွလုံးခုန္သံက အတိုင္းအဆမရွိ မူမမွန္​ေတာ့။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

2.7K 134 30
In the dazzling world of cinema, where dreams are woven into the fabric of reality, Eden Grace Hydari emerges as a luminary whose journey is as encha...
248K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
881K 40.9K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
770 77 3
WHEN AXE-HAND MORGAN'S STEP DAUGHTER DECIDES SHE'S HAD ENOUGH, SHE FINDS HERSELF IN A PIRATE CREW ⎯⎯ THE ONE THING SHE DESPISES MOST. [ OPLA FANFIC...