သက်တန့်ရောင် မိန်းမပျို Book 3

By CharmZoey

111K 10.5K 171

Chapter 401- More

အပိုင်း ၄၀၁
အပိုင်း ၄၀၂
အပိုင်း ၄၀၃
အပိုင်း ၄၀၄
အပိုင်း ၄၀၅
အပိုင်း ၄၀၆
အပိုင်း ၄၀၇
အပိုင်း ၄၀၈ ရွှေရောင်လွှမ်းသည့် နွေရာသီရိတ်သိမ်းချိန်
အပိုင်း ၄၀၉ ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုအခြေခံ
အပိုင်း ၄၁၀ အကြွင်းမဲ့သစ္စာရှိခြင်း
အပိုင်း ၄၁၁+၄၁၂
အပိုင်း ၄၁၅+၄၁၆
အပိုင်း ၄၁၇+၄၁၈
အပိုင်း ၄၁၉+၄၂၀
အပိုင်း ၄၂၁+၄၂၂
အပိုင်း ၄၂၃+၄၂၄
အပိုင်း ၄၂၅+၄၂၆
အပိုင်း ၄၂၇
အပိုင်း ၄၂၈
အပိုင်း ၄၂၉
အပိုင်း ၄၃၀
အပိုင်း ၄၃၁
အပိုင်း ၄၃၂
အခန်း ၄၃၃ - ပုန်းကွယ်နေတဲ့ အဖျက်သမားများ
အပိုင်း ၄၃၄ - အသီးအရွက်များအတွက် ဖန်လုံအိမ်များ
စာစဉ် ၃၂ (Unicode)
စာစဥ် 32 (Zawgyi)
အပိုင်း ၄၄၉-၄၅၁
အပိုင်း ၄၅၂-၄၅၄
အပိုင်း ၄၅၅-၄၅၇
အပိုင်း ၄၅၈-၄၆၀
အပိုင်း ၄၆၁-၄၆၂
အပိုင်း ၄၆၃-၄၆၄
အပိုင်း ၄၆၅-၄၆၆
အပိုင်း ၄၆၇-၄၆၈
အပိုင်း ၄၆၉-၄၇၀
အပိုင်း ၄၇၁-၄၇၂
အပိုင်း ၄၇၃-၄၇၄
Please Advice!
အပိုင်း ၄၇၅-၄၇၆
အပိုင်း ၄၇၇-၄၇၈
အပိုင်း ၄၇၉-၄၈၀
အပိုင်း ၄၈၁-၄၈၂
အပိုင်း ၄၈၃-၄၈၄
အပိုင်း ၄၈၅-၄၈၆
အပိုင်း ၄၈၇-၄၈၈
အပိုင်း ၄၈၉-၄၉၀
အပိုင်း 491-492
အပိုင်း 493-494
အပိုင်း 495-496
အပိုင်း 497-498
အပိုင်း 499-500
အပိုင်း ၅၀၁-၅၀၄
အပိုင်း ၅၀၅-၅၀၈
အပိုင်း ၅၀၉-၅၁၂
အပိုင်း ၅၁၃-၅၁၆
အပိုင်း ၅၁၇-၅၁၈
ယွီရှောင်ချောင်း စ/ဆုံး free
Merry Christmas & Happy New Year
Happy New Year 💝
Suprise! ! !
Black Pearl Team
အပိုင်း ၅၁၉-၅၂၀
အပိုင်း ၅၂၁-၅၂၂
အပိုင်း ၅၂၃-၅၂၄
အပိုင်း ၅၂၅-၅၂၆
အပိုင်း ၅၂၇-၅၂၈
အပိုင်း ၅၂၉-၅၃၀
Promotion ❗❗
အပိုင်း ၅၃၁-၅၃၃
အပိုင်း ၅၃၄-၅၃၆
အပိုင်း ၅၃၇-၅၃၉
အပိုင်း ၅၄၀-၅၄၂
အပိုင်း ၅၄၃-၅၄၅
အပိုင်း ၅၄၆-၅၄၈
အပိုင်း ၅၄၉-၅၅၁
အပိုင်း ၅၅၂-၅၅၄
အပိုင်း ၅၅၅-၅၅၇
အပိုင်း ၅၅၈-၅၆၀
🔅Spring Dagu Promotion🔅
နောက်ဆုံးရက်

အပိုင်း ၄၁၃+၄၁၄

2K 223 10
By CharmZoey

[Unicode]
အပိုင်း ၄၁၃ အလွန်နူးညံ့သိမ်မွေ့ပါသော

"ဘုရင့်အမိန့်တော်အရ ယွီဟိုင်နဲ့ရှောင်ချောင်းတို့သားအဖက မြို့တော်ကိုဝင်ပြီး ဘုရင်မင်းမြတ်နဲ့ တွေ့ဆုံခွင့်ရတယ်!"

စူးရန်က ခြေကိုမြဲမြဲရပ်ကာ အလွန်အားမာန်ပါပြီး ရွှင်ပျနေတဲ့ ပုံသဏ္ဍာန် ရှိလို့နေသည်။ သူ့ပုံစံက သာမန်လူတွေအထက်မှာရှိတဲ့ ပြည်နှင်ဒဏ်ဘေးခံရတဲ့ မသေမျိုးတစ်ယောက်လို ဖြစ်နေသည်။

"သာမန်အရပ်သူဖြစ်တဲ့ ကျွန်တော်မျိုးမ ဒီအမိန့်ကိုလက်ခံပါတယ်... ဘုရင်မင်းမြတ်က ကျေးဇူးကြီးလှပါတယ်!"

ယွီဟိုင်က တော်ဝင်အမိန့်ကို အခုမှ ပထမဆုံးလက်ခံရရှိဖူးတာမို့ အလွန်စိတ်လှုပ်ရှားပြီး မတ်တပ်တောင် မရပ်နိုင်ဘဲ မြေပေါ်ကို ခွေလဲကျလုမတတ်ပင်။ ရှောင်ချောင်းက သူ့ကို ကူတွဲပေးလိုက်တော့မှ ဘုရင့်အမိန့်ပြန်တမ်းကို တုန်တုန်ယင်ယင်နဲ့ ကိုင်နိုင်တော့သည်။

စူးရန်ဘေးမှာ ပြုံးပြီးရပ်နေတဲ့ ကျူးကျွင်းယန်ကို ရှောင်ချောင်းက ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင်ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေ ရှိကြသည်။ ရုပ်ရည်အရ ပြောရမယ်ဆို တစ်ယောက်က အလွန်အမင်းကိုဆွဲဆောင်မှုရှိပြီး တစ်ယောက်က အလွန်အပြစ်ကင်းစင်ကြယ်တဲ့ ရုပ်ရည်မျိုးရှိသည်။ ကျန်တစ်ယောက်က နွေးထွေးတဲ့ ပုံသဏ္ဍာန်ရှိနေချိန် တခြားတစ်ယောက်က အေးစက်တဲ့ အယောင်အဝါတွေကို ထုတ်လွှတ်နေသည်။ ဒါပေမဲ့ နှစ်ယောက်လုံးကတော့ မျက်စိအေးစေမယ့် အလွန့်အလွန်ကို ချောမောလှပတဲ့အမျိူးသားတွေပင်။

ရှောင်ချောင်းရဲ့အကြည့်ကို သတိထားမိတော့ ကျူးကျွင်းယန်ရဲ့ အေးစက်စက်မျက်နှာပေါ်မှာ နှစ်သိမ့်မှုပေးတဲ့ အပြုံးလေးတစ်ခု ပေါ်ပေါက်လာသည်။ ပြီးနောက် သူက သူမကို ဒါက ကောင်းမွန်တဲ့ကိစ္စပါ ဆိုတဲ့သဘောနဲ့ ခေါင်းညိတ်ပြလိုက်သည်။ သူပြုံးလိုက်တဲ့အချိန်မှာတော့ နွေဦးလေပြေကလေး ငါးကီလိုမီတာလောက် တိုက်ခတ်သွားသလို သူ့ရဲ့ဆွဲ ဆောင်မှုအောက်မှာ တောင့်မခံမနိုင်ဘဲ ရှောင်ချောင်းက မျက်တောင်မခတ်တမ်း ဖြစ်နေရသည်။

'ဒီလိုအခြေအနေတွေတောင်ရောက်လာပြီကို သူမက ကောင်ချောလေးတွေကို ချီးမွမ်းခန်းဖွင့်ဖို့ စိတ်ဆန္ဒရှိနေတုန်းပဲပေါ့?'

အချိန်ကြာနေပြီဖြစ်တာတောင် သူ့ရဲ့အငယ်ဆုံးသမီးက ဘာတုံ့ပြန်ချက်မှ မပေးတော့ ယွီဟိုင်က လျန်ငါးရာနဲ့ညီမျှတဲ့ ငွေစက္ကူကို သူ့အင်္ကျီလက်ထဲကနေ ထုတ်လိုက်ပြီး အထိန်းတော်ခေါင်းဆောင်စူးကို ခပ်ရွံ့ရွံ့လေး လက်ဆောင်ပေးလိုက်ကာ အထစ်ထစ်အငေါ့ငေါ့ပြောသည်။

"အ...အထိန်းတော်စူး ဒါကျွန်တော့ရဲ့ ကျေးဇူးပြုမှုသေးသေးလေးပါ..."

စူးရန်က ဆောက်လက်စ ယွီမိသားစုအိမ်ဆောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ယွီဟိုင်လက်ထဲက ငွေစက္ကူကို မယူဘဲ သူတို့ကို နွေဦးလေပြေလေး ဖြန်းပက်ပေးလိုက်သလို နွေးထွေးစွာပြုံးပြရင်း

"သခင်ယွီ အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူးဗျာ..."

ယွီဟိုင်က သူ့ငွေစက္ကူကို ပြန်ပဲယူထားလိုက်ရမလား မယူထားလိုက်ရမလား ဆိုတာ ဇဝေဇဝါ ဖြစ်နေမိသည်။

'အထိန်းတော်ခေါင်းဆောင်အတွက် ငါထည့်ထားတဲ့ ငွေပမာဏက နည်းများ နည်းနေလို့လား? သူက ဘုရင်မင်းမြတ်ရဲ့ အားအထားရဆုံး အထိန်းတော်ဆိုတော့ အဲ့ဒါဖြစ်နိုင်တယ်... လူ့အသိုင်းအဝိုင်းရဲ့ ဘယ်လို ကဏ္ဍတွေကိုများ သူ မမြင်ဖူးတာ ရှိမှာလဲ? အိမ်တော်ထိန်းလိုလူက ဘယ်လိုလုပ် တို့မိသားစုဆီက ငွေလျန်ငါးရာလောက်ကို ဂရုစိုက်နေမှာလဲ? အိမ်း... ငါ ငွေစက္ကူနှစ်ရွက်လောက် ထုတ်ပေးလိုက်သင့်တာ'

ယွီဟိုင်က အလွန်ကို နောင်တရနေလေသည်။

အဲ့ဒီအချိန်မှာပဲ ရှောင်ချောင်းက သူ့အဖေလက်ထဲက ငွေစက္ကူကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး စူးရန်ရဲ့ နူးညံ့ညက်ညောတဲ့ လက်ထဲကို ထိုးထည့်ပေးလိုက်သည်။ သူမက သူ့ကို အတင့်ရဲစွာ ပြုံးပြလိုက်ပြီး

"အိမ်တော်ထိန်းစူး, ရှင်က ကျွန်မတို့အတွက်နဲ့ မြို့တော်ကနေတောင် တကူးတက လာခဲ့ရတာ... ဒါကြောင့် ဒီပိုက်ဆံကို ရှောင်ချောင်းက လက်ဖက်ရည်တိုက်တယ်လို့ သဘောထားပြီး လက်ခံလိုက်ပါ!"

စူးရန်က ငွေစက္ကူကို အသာလေးပြန်တွန်းလိုက်သည်။ အားမပါသော်ငြား ရှောင်ချောင်းရဲ့ လက်ရဲဇက်ရဲ လက်ကလေးတွေကိုတော့ အလွယ်တကူ တွန်းဖယ်လိုက်နိုင်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီးနောက် နွေးထွေးညင်သာသော လေသံနဲ့

"မိန်းကလေးရှောင်ချောင်း, မင်းကျွန်တော့်ကို တကယ်လက်ဖက်ရည်တိုက်ချင်ရင် ကိုယ်တိုင်နှပ်ထားတဲ့ လက်ဖက်ရည်ပဲ တိုက်ပါ... ပြီးခဲ့တဲ့တစ်ခေါက်က 'မင်းသားကျင်းရဲ့အမွေဆက်ခံသူ' အတွက်နှပ်ပေးတဲ့ တောလက်ဖက်ရည်က တော်တော်လေးကို ကောင်းမွန်တယ်... အချိုပွဲလေးနဲ့သာဆို ပိုတောင် ကောင်းဦးမယ်!"

ငွေစက္ကူအား အတွင်တွင်ငြင်းနေသော အထိန်းတော်ကိုကြည့်ပြီး ရှောင်ချောင်းက အတင်းအကျပ်တွေ ဆက်ပေးနေရင် မသင့်တော်ဘူးလို့ ထင်မိသည်။ ဒါကြောင့် သူမက ရေလိုက်ငါးလိုက်နေပြီး ငွေစက္ကူကို ပြန်သိမ်းထားလိုက်သည်။ သူမရဲ့ သားရေအိတ်ထဲ ငွေစက္ကူကို ထိုးထည့်လိုက်ပြီးနောက် သူမက အထိန်းတော်ခေါင်းဆောင်စူးကို ပြောသည်။

"အထိန်းတော်စူး, ကျွန်မအိမ်က အခုမှ ပြန်ပြင်နေတုန်းဆိုတော့ ပုံမှန်ထက် နည်းနည်း ဗြုတ်စဗျင်းတောင်း ဖြစ်နေတယ်... ဒါကြောင့် ကျေးဇူးပြုပြီး..."

"စံအိမ်မှာပဲ တည်းလိုက်ပါ... အထိန်းတော်ခေါင်းဆောင်စူး..."

ကျူးကျွင်းယန်က ရှောင်ချောင်းကို ဖျတ်ခနဲ ပြုံးပြလိုက်ပြီး သူမ ပြောလက်စ စကားကို ချောမွေ့စွာ ဆက်ပြောပေးလိုက်သည်။

စူးရန်က ခပ်ဖျော့ဖျော့လေး မပြုံးခင် သူ့ရဲ့အကြည့်တွေကို ရှောင်ချောင်းနဲ့ ကျူးကျွင်းယန်ကြား တလှည့်စီ ရွှေ့လိုက်သည်။

"ကျွန်တော်လည်း တုန်ရှန်းရွာကို ရောက်နေပြီဆိုတော့ ကြင်ယာတော်မင်းသမီးကြီးဆီ သွားနှုတ်ဆက်ဂါရဝပြုဖို့ တွေးထားပြီးသားပါ..."

လမ်းပျောက်နေတဲ့ ယွီအိမ်တော်က ကျန်တဲ့လူတွေကို ရှောင်ချောင်းက ပြောလိုက်သည်။

"အဖေ, မြို့တော်သွားဖို့အတွက် အဖေအထုပ်တွေပြင်ထားသင့်တယ်... အမေ, အမေကကျတော့ သမီးမွေးစားအမေကို လက်ဆောင်ပေးဖို့ အထူးလက်ဆောင် ပစ္စည်းလေးတွေ ရှိမရှိ ရှာထားပေးပါလား? မွေးစားအမေက သမီးတို့လုပ်တဲ့ ဝက်ပေါင်ခြောက်နဲ့ ငါးခြောက်ကို ကြိုက်တယ်..."

သူ့သမီးစကားတွေ ကြားတော့မှ လင်မယားနှစ်ယောက်က အခုမှ အိပ်မက်က နိုးထလာခဲ့ရသလိုမျိုး သတိပြန်ဝင်ကာ လုပ်စရာရှိတာ လုပ်ကြတော့သည်။ ဘုရင်မင်းမြတ်ကို တွေ့ဖို့ မြို့တော်ကို ဝင်ခွင့်ရတယ်ဆိုတဲ့ အမိန့်တော်ကို ကြားပြီးတည်းက ယွီဟိုင်က နေမထိထိုင်မသာဖြစ်ကာ လမ်းတောင် မနည်းလျှောက်ရသည်။ သူ့လက်တွေ၊ ခြေထောက်တွေက သူ့အမိန့်ကို မနာခံချင်ကြတော့ဘူး။ နောက်ပြီး သူ့ဦးနှောက်တွေကလည်း အလုပ်မလုပ်တော့လုနီးပါပင်! ဒီဘဝမှာ ဘုရင်မင်းမြတ်ကို ဒီလို တွေ့ဆုံခွင့် ရလိမ့်မယ်လို့ သူတွေးကို မတွေးမိခဲ့ဖူးဘူး။ သူတွေ့ရမှာ ဇာတ်ထဲက ဘုရင်မဟုတ်ဘဲ တကယ် သက်ရှိထင်ရှားရှိနေတဲ့ ဘုရင်မင်းမြတ်အစစ်တဲ့! သူသေမယ်ဆိုတောင် သေပျော်ပြီ!

အမျိုးသမီးလျိုက အနည်းငယ် မဝံ့မရဲလေးဖြစ်နေသည်။ ဒါကြောင့်သူမက အထိန်းတော်ခေါင်းဆောင်စူးရယ်၊ တော်ဝင်မင်းသားယန်ရယ်နဲ့ သူမသမီးပုံရိပ်တို့ သစ်ပင်တွေ ဖုံးအုပ်ထားတဲ့ ကျောက်လမ်းလေးကနေ ပျောက်သွားကြတဲ့အချိန်မှာ သူမအမျိုးသားဘက်လှည့်လိုက်ပြီး

"ရှောင်ချောင်းတို့အဖေ, ဘုရင်မင်းမြတ်က ကျွန်မတို့ကို ဘာလို့တွေ့ချင်ရတယ်လို့ ရှင်ထင်တုန်းတော့်? အဲ့တာကောင်းတဲ့အရာလား ဆိုးတဲ့အရာလား?"

ယွီဟိုင်ကလည်း အနည်းငယ်လမ်းပျောက်ကာ မသေမချာပြန်ဖြေသည်။

"ကိုယ်လည်း သေချာမသိဘူး... ချောင်းအာက အထိန်းတော်ခေါင်းဆောင်စူးနောက် လိုက်သွားပြီ... သူ ရှိရင်တော့ မင်းသိချင်တဲ့ အဖြေကို တိတိကျကျ ခန့်မှန်းပေးနိုင်လောက်မှာ"

ယွီမိသားစုနဲ့အတူလိုက်ပါပြီး နန်းတွင်းအမိန့်တော်ပြန်ထမ်းစာရခဲ့တဲ့ ရွာသူကြီးကလည်း အမိန့်တော်စာကို တုန်ရီနေတဲ့ လက်တွေထဲမှာကိုင်ကာ ကြည့်နေသည်။ ရွာသူကြီးတစ်ယောက်အနေနဲ့ ဘုရင်မင်းမြတ်ဆီက အမိန့်တော်ပြန်တမ်းစာ နှစ်ခါတောင်ရဖို့ သူတကယ်ကြီးကံကောင်းခဲ့တာပေါ့! ဘုရင်မင်းမြတ်ရဲ့ ပြန်တမ်းစာက သူနဲ့တိုက်ရိုက်မပတ်သက်နေတာတောင် သူ့စိတ်ထဲမှာအလွန်ကို ပီတိဖြစ်နေရသည်။ ပထမတစ်ခါ သူ အမိန့်တော်ပြန်တမ်းစာရတုန်းက မုဆိုးကျောက်တို့မိသားစု မြို့တော်ကို သွားရပြီး မုဆိုးကျောက်က စစ်သူကြီးတောင်ဖြစ်သွားခဲ့တာ။ ဒီတစ်ကြိမ် ယွီမိသားစုကလည်း ဒီအမိန့်တော်ပြန်တမ်းကြောင့် ကောင်းစားကြပေဦးတော့မှာပေါ့!

သူက ဘုရင်မင်းမြတ်ဆီက အမိန့်တော်ပြန်တမ်းကို ယွီမိသားစုဆီ ရိုသေသမှုနဲ့ ပြန်ပေးလိုက်ပြီး ယွီဟိုင်တို့ လင်မယားကို နှစ်သိမ့်တဲ့အနေနဲ့ ပြုံးပြလိုက်သည်။

"မစိုးရိမ်ကြပါနဲ့... ဘုရင့်အမိန့်တော်ပြန်တမ်းကို ဖတ်ဖို့လာခဲ့တဲ့လူက အထိန်းတော်ခေါင်းဆောင်ဆိုတာ မင်းတို့မြင်သားနဲ့... သူ့ပုံစံကလည်း အေးအေးဆေးဆေးနဲ့ မင်းတို့မိသားစုကိုလည်း နွေးနွေးထွေးထွေး ဆက်ဆံနေတာ... တော်ဝင်မင်းသားယန်တောင် ပြုံးနေတယ်-- ဆိုတော့ ဒါသေချာပေါက် သတင်းဆိုးမဟုတ်ဘူး! အကြီးဆုံးတူလေး, မင်းတို့ဆီကို ကောင်းမွန်တဲ့ အရာတွေလာနေပြီကွ! မင်းတို့ကောင်းစားချိန်ကျရင် တို့တုန်ရှန်းရွာကိုလည်း စောင့်ရှောက်ပေးဖို့ မမေ့နဲ့ဦးနော့!"

"သူကြီးကတော့ ချဲ့ကားပြောနေပြန်ပါပြီ... ကျွန်တော်က သာမန်လယ်သမားတစ်ယောက်ပါ... ဘယ်လိုလုပ် ရွာကိုစောင့်ရှောက်နိုင်မှာလဲ?"

ယွီဟိုင်က သူကြီးစကားတွေကြားပြီး အခုမှစိတ်သက်သာရာရတော့သည်။

သူကြီးက အခုပိုလို့ နွေးနွေးထွေးထွေးဖြစ်တဲ့ အမူအရာနဲ့ ပြုံးလိုက်သည်။

"ငါ့အထင် အရင်တစ်ခေါက် ငါတို့ဝိုခုန်းဓားပြတွေနဲ့တိုက်ခိုက်တုန်းက မင်းတို့မိသားစုအနေနဲ့ အတော်လေး ကောင်းကောင်းမွန်မွန် ကိုင်တွယ်ခဲ့ကြလို့ ထင်တယ်... ရှောင်ချောင်းကြောင့်သာမဟုတ်ရင် တို့ရွာလည်း ဟိုဘက်ရွာလို ပျက်စီးဆုံးရှုံးတဲ့ ဒုက္ခတွေကြုံရမှာ... နောက်ပြီး မင်းရဲ့ ရှောင်ရှ မြို့စောင့်တပ်ဆီ အသက်နဲ့ရင်းပြီး သတင်းသွားမပါးခဲ့ရင် သူတို့လည်း အချိန်မီရောက်မလာနိုင်ဘဲ ဆိပ်ကမ်းတစ်ခုလုံးလည်း ကုန်သည်တွေနဲ့ သွေးစွန်းကုန်ကြရမှာ... ပြီးတော့ သူတို့ကုန်ပစ္စည်းတွေ လုခံယက်ခံရနဲ့ အများကြီး ဆုံးရှုံးရမှာလေ! မင်းတို့မိသားစုရဲ့ အကူအညီတွေကြောင့် မင်းတို့ မြို့တော်ရောက်တဲ့အခါ ဘုရင်မင်းမြတ်က ဆုတော်လာဘ်တော်တွေ ဒါမှမဟုတ် နန်းတွင်းဘွဲ့တစ်ခုခုတောင် နှင်းအပ်နိုင်တယ်... "

"သူကြီးရဲ့ အတိတ်ကောင်းနမိတ်ကောင်းစကားတွေကို ကျွန်တော် မြို့တော်ထိသယ်သွားပါ့မယ်! "

ယွီဟိုင်က သူ မြို့တော်သွားရင်ယူဖို့ အထုပ်အပိုးတွေ သယ်ရအောင် ကျောက်မိသားစုအိမ်ကို မပြန်ခင် သူ့ကို ဝိုင်းအုံကာ ကျေးဇူးတင်ပြီး မနာလိုဖြစ်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတဲ့ ရွာသားတွေကို လက်နှစ်ဖက် သွယ်ယှက်ကာ လေးလေးနက်နက် အရိုအသေပြုလိုက်သည်။ အမျိုးသမီးလျိုကလည်း ယွီဟိုင်နောက်ကနေ တောင်ပေါ်ကို လိုက်သွားသည်။ ဝိုခုန်းဓားပြတွေက အသားခြောက်တွေနဲ့ အအေးခန်းထဲ ထည့်သိမ်းထားတဲ့ ဘဲသားနဲ့ ကြက်သားတွေကို မွှေမသွားကြဘူးဆိုတော့ သူမအနေနဲ့ အဲ့ထဲက တချို့ကို ရှောင်ချောင်းမွေးစားအမေအတွက် ထည့်ပေးလိုက်လို့ရသေးသည်။

ရှောင်ချောင်းမွေးစားအမေကလည်း ဝိုခုန်းဓားပြတွေ ကျူးကျော်ခံရတယ်ဆိုတဲ့ သတင်းကြားတုန်းက မြို့တော်ကနေ လိုအပ်မယ့် ပစ္စည်းပစ္စယတွေကို လှည်းတစ်စီးနဲ့ ပို့လိုက်သေးသည်။ အဲ့ဒီပစ္စည်းတွေထဲမှာ အစားအသောက်၊ အဝတ်အထည်နဲ့ သူတို့ နေ့စဉ်လိုအပ်မယ့် ပစ္စည်းတွေအားလုံးပါသည်။ ဓားပြတွေက လုံးဝကို ကျူးကျော်နေထိုင်သွားခဲ့ကြတာဆိုတော့ ယွီမိသားစု ပိုက်ဆံ ပြတ်လပ်မှာစိုးပြီး သူမက ငွေလျန်တစ်ထောင်ကိုလည်း ထည့်ပေးလိုက်သေးသည်။ ဒီလို စစ်မှန်တဲ့ မွေးစားအမေမျိုးရတာ သူမသမီးတော့ တကယ် ကံကောင်းသည်။ သူတို့အနေနဲ့ကတော့ သခင်မဖန်းကို အရမ်းတန်ဖိုးကြီးတာ တစ်ခုခု ပြန်မပေးနိုင်သလို သခင်မအနေနဲ့ကလည်း မြို့တော်မှာ ဘာမှ လိုအပ်နေတာမျိုး မရှိဘူး။ ဒါကြောင့် အမျိုးသမီးလျိုက ရှောင်ချောင်းမွေးစားအမေကို သဘောကျစေမယ့် ဒေသထွက် ပစ္စည်းတွေကိုသာပေးဖို့ ပြင်ဆင်လိုက်သည်။

စူးရန်၊ ကျူးကျွင်းယန်နဲ့ ရှောင်ချောင်းတို့က တောထဲက လူသွားလမ်းလေးထဲမှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေကြသည်။ နွေရာသီအစပိုင်းမို့ ကောင်းကင်မှာ နေမင်းကြီးက ပူပြင်းစွာ တောက်ပနေပေမယ့် အေးမြပြီး အနည်းငယ် စိုထိုင်းစပါတဲ့ လေပြည်လေးက သူတို့ကို သက်တောင့်သက်သာ ဖြစ်စေသည်။ အမြင်အာရုံထဲမှာ စိမ်းစိမ်းစိုစို မြင်ကွင်းတွေနဲ့ပြည့်နေပြီး သူတို့ လှည့်ပတ်ကြည့်ကြည့်လိုက်ရင် ပင်လယ်ပြင်ရဲ့ အပြာရောင်မျက်နှာပြင်က အလွန်အမင်း အရောင်တင်ထားတဲ့ မှန်တစ်ချပ်နဲ့တူနေသည်။ ကောင်းကင်နဲ့ပင်လယ်တို့ရဲ့ အပြာရောင်မျက်နှာပြင်တွေက ဆုံမှတ်ကို ဘယ်မှာတွေ့မလဲ ဆိုတာမပြောနိုင်ဘဲ အဆုံးအစမရှိ ရောနှောနေကြသည်။

"ဒီနေရာက အနားယူအပန်းဖြေဖို့နေရာကောင်းပဲ!"

စူးရန်ရဲ့ သန့်ရှင်းသန့်ပြန်နေတဲ့ ဝတ်ရုံထောင့်စွန်းတွေက လေပြည်တစ်ချက် သုတ်လိုက်တိုင်း သူ့ပုံစံကို အချိန်မရွေး လေနဲ့အတူ ပျံသန်းသွားတော့မယ့်ဟန်မျိုး ဖြစ်နေစေသည်။ ရှောင်ချောင်းလည်း မနေနိုင်စွာနဲ့ ထိုမြင်ကွင်းကို ငေးကြည့်နေမိပြီ!

ကျူးကျွင်းယန်က ဒါကိုမြင်ပြီး သူ့စိတ်ထဲမှာ ချဉ်တင်တင်ကြီး ဖြစ်သွားသည်။ သူ့အမျိုးသမီးလေးက အရင်ကဆို သူ့ကိုပဲကြည့်နေတတ်တာ အခုတော့သူမက သူ့ရှေ့မှာတင် သူ့ကို သစ္စာဖောက်နေပြီပေါ့လေ? တော်တော် တရားလွန်တယ်! အခြားယောက်ျားတစ်ယောက်ကို ဣန္ဒြေမထိန်းနိုင်အောင် ငေးနေတဲ့ သူ့မိန်းကလေးကို သတိပြန်ကပ်သွားအောင် ကျူးကျွင်းယန်က လုပ်ချောင်းကြီး ပြင်းပြင်းထန်ထန် ဆိုးပြလိုက်သည်။

ဒါပေမယ့် သူ့ချောင်းဆိုးသံက ကောင်မလေးရဲ့အကြည့်တွေကို ရပ်တန့်သွားစေမယ့်အစား ရှုခင်းကြည့်နေတဲ့ စူးရန်ရဲ့ အာရုံကို ဆွဲဆောင်သွားသည်။ စူးရန်က သဝန်တိုစွာကြည့်နေတဲ့ တော်ဝင်မင်းသားယန်ရဲ့ အကြည့်တစ်လျှောက်ကို လိုက်ကြည့်လိုက်တော့ ရှောင်ချောင်းက သူ့(စူးရန်)ကို ကြည့်ပြီး အကြည့်ထဲမှာ နစ်မြောနေတာကို တွေ့လိုက်ရသည်။ စူးရန်က သူ့ရဲ့ စန္ဒယားဆရာတစ်ယောက်ရဲ့လက်လို လှပတဲ့ ရှည်ရှည်သွယ်သွယ် လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ပြီး ရှောင်ချောင်းမျက်နှာရှေ့မှာ ခါယမ်းကာ ပြုံးရင်း

"မိန်းကလေးရှောင်ချောင်း, ဘာတွေများ တွေးတောနေတာလဲ?"

"ဆရာစူးက သာမန်လူတွေနဲ့မတူတဲ့ မိုးကျရွှေကိုယ်လေးလိုပါပဲလား..."

ရှောင်ချောင်းက အိပ်မွေ့ချခံထားရသလို နစ်မြောနေမိပြီး သူမအတွေးကို လွှတ်ခနဲ တိုးတိုးလေး ပြောမိသွားသည်။ ပြီးမှ ကိုယ်ပြောတာကိုယ် သတိထားမိသွားပြီး မျက်နှာလေးက ရဲတက်သွားရတော့သည်။ သူမက ငုံးလေးတစ်ကောင်လို ဇက်ကလေးကို ပုလိုက်သည်။

ရှောင်ချောင်းစကားကြောင့် စူးရန်ဆီကနေ ရွှင်မြူးတဲ့ရယ်သံလေး ထွက်လာသည်။ သူ ငယ်စဉ်ထဲက သူ့ရဲ့ လှပတဲ့ပုံသဏ္ဍာန်က အောက်တန်းကျ၊ လောဘကြီးပြီး တဏှာစိတ်ပါတဲ့ စိတ်ဆန္ဒတွေကိုသာ ဖမ်းစားခဲ့တာ။ သူ ဘုရင်မင်းမြတ်ရဲ့ အယုံကြည်ရဆုံးသော အထိန်းတော်ခေါင်းဆောင် ဖြစ်လာပြီးနောက် ပထမတန်းစားအရာရှိတွေတောင် သူ့ကိုယဉ်ကျေးစွာ ဆက်ဆံကြရပေမယ့် ကွယ်ရာမှာတော့ သူ့ရဲ့ လှပတဲ့ရုပ်ရည်ကြောင့် မနာလိုအထင်သေးကြည့်တွေနဲ့ ကြည့်ခံရသည်။ ဒါကြောင့် ရုပ်ရည်နဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ချီးကျူးစကား ကြားဖူးတာ ဒါပထမဆုံးပင်။ ဒါကြောင့် သူကရင်ထဲမှာ အလွန်ထိသွားပြီး စိတ်ထဲမှာလည်း မချိတင်ကဲလေး ဖြစ်သွားရသည်။

ရှောင်ချောင်းက သတိမထားမိပေမယ့် ကျူးကျွင်းယန်ကတော့ အထိန်းတော်ခေါင်းဆောင်ရဲ့ အကြီးမားဆုံး နားမခံနိုင်တဲ့စကားက သူ့ရုပ်ရည်နဲ့ပတ်သက်ပြီး ချီးမွမ်းတဲ့စကားတွေဆိုတာ သိသည်။ စူးရန်ရဲ့ လှပတဲ့အသွင်အပြင်ကြောင့် သူတို့ရဲ့ရာထူးကိုတောင်မေ့လျော့ပြီး စူးရန်ကို အမျိုးသားကိုယ်လုပ်တော်အဖြစ် ထားချင်ကြတဲ့ ရာထူးမြင့်အရာရှိကြီးတွေ တော်တော်များများက မရှူမလှတဲ့ သေခြင်းနဲ့ အဆုံးသတ်ခဲ့ရတာ။ ဒီကလေးမလေးက ပေါ်တင်ကြီး ချီးမွမ်းစကားဆိုလိုက်တာ သူ့ကို "လှလိုက်တာ" ဆိုပြီးပြောမိဖို့ လက်တစ်ကမ်းအလိုပဲ။ သူသာဝင်မတားလိုက်ရင် ဒီကောင်မလေး ပါးစပ်ကနေ ဘယ်လိုတုန်လှုပ်ဖွယ်စကားတွေများ ထပ်ထွက်လာမယ်မသိဘူး။

ကျူးကျွင်းယန်က ရှေ့တစ်လှမ်းတိုးကာ စူးရန်ရှေ့ကနေ ပိတ်ရပ်လိုက်သည်။ ကျူးကျွင်းယန်က သူ့မိန်းကလေးငယ်လေးအတွက် ရှေ့က တစ်ခုခု ကာပြောပေးလိုက်ချင်ပေမယ့် စူးရန်က အပြုံးတစ်ပွင့်နဲ့ အရင်စကားဆိုလာသည်။

"မိန်းကလေးရှောင်ချောင်းရဲ့ ဟင်းချက်စွမ်းရည်က အတော်ထူးကဲလို့ ဘုရင်မင်းမြတ်တောင်မှ အတော်လေးကို အထင်ကြီးလေးစားနေတာ... စူးရန်သာ ဟင်းတွေဘာတွေ မစားလို့ရှိရင် အဲ့တာ မိန်းကလေးရှောင်ချောင်းရဲ့ လက်ရာကို မမြည်းစမ်းနိုင်တော့ဘူးဆိုတဲ့သဘောပဲပေါ့... ကျွန်တော့်အနေနဲ့ အခွင့်အရေးကို လက်လွှတ်လိုက်သလိုများ ဖြစ်နေမလား?"

'ဟမ်? ဟမ်? အထိန်းတော်ခေါင်းဆောင်စူးရန်က ဒေါသဖြစ်ပြီး ပြုံးနေတာတော့ မဟုတ်ဘူးမလား? သူက စနောက်ပြီးတောင် နေနေတာဆိုတော့ ရှောင်ချောင်းကို စိတ်မတိုသွားဘူးပေါ့?'

ကျူးကျွင်းယန်က ရှောင်ချောင်းပြန်မပြောခင် မြန်မြန်ကြား ကဝင်ပြောလိုက်သည်။

"ဒီနေ့လယ်ကျရင် အိမ်တော်ထိန်းစူးအတွက် ရှောင်ချောင်းကို တောင်းပန်တဲ့အနေနဲ့ အထင်ကရ ဟင်းပွဲတချို့ ပြင်ခိုင်းလိုက်လေ..."

"တောင်းပန်ဖို့? တော်ဝင်မင်းသားယန်က တစ်စိတ်ကိုတစ်အိတ်လုပ်နေပါပြီဗျာ!"

စူးရန်ရဲ့အကြည့်က တော်ဝင်မင်းသားယန်ပေါ် အသာလေးဖြတ်ပြေးသွားသည်။ ထိုအကြည့်က ယခင်က အကြည့်များထက် အေးစက်မှုတို့ အနည်းငယ်မျှ စွက်နေသည်။ ပြီးနောက် သူက ကိုယ်ကိုလှည့်လိုက်ကာ အလွန်ကျယ်ပြောတဲ့ ပင်လယ်ကြီးကိုကြည့်ပြီး ကောင်းကင်နဲ့ပင်လယ်ကြီး ဘယ်နေရာမှာ ဆုံကြမလဲဆိုတာကို အတွေးနယ်ချဲ့နေတော့သည်။

ရှောင်ချောင်းက ရှုပ်ထွေးစွာနဲ့ ကျန်ခဲ့ရသည်။ သူမက ကျူးကျွင်းယန်ကို ကြည့်လိုက်ကာ နှာခေါင်းကိုတွန့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။

"ကျွန်မက ဘာလို့ဆရာစူးကို တောင်းပန်ရမှာလဲ? ကျွန်မ ဘာအမှားမှ မလုပ်ထားတာ! ကျွန်မတို့ စကားဝိုင်းကို ဘလိုင်းကြီး လာမဖြတ်ပါနဲ့... ရှင်ဝင်မပြောခင်တုန်းက ဆရာစူးရဲ့ စိတ်အခြေအနေ တော်တော်လေး ကောင်းနေတာ အခု ရှင်ဝင်ပြောလိုက်မှ စိတ်မသက်မသာဖြစ်သွားတာ ရှင်မမြင်ဘူးလား?"

ကျူးကျွင်းယန်လည်း စူးရန်ရဲ့ပုံစံက အစောကလောက် ရွှင်ရွှင်ပျပျမဖြစ်နေတာကို ခံစားမိသည်။ သူ စူးရန်ရဲ့စိတ်ကို ဖတ်ကြည့်လိုက်ဖို့ ကြိုးစားလိုက်ပေမယ့် ရုတ်တရက် သဘောပေါက်သွားသည်။ မိန်းမစိုးတွေက အမြဲသာမန်လူတွေထက် နှိမ့်ချဆက်ဆံခံရသည်။ စူးရန်က အယုံကြည်အရဆုံးနဲ့ ဘုရင့်အလေးပေးခံရဆုံး မိန်းမစိုးဖြစ်နေတာတောင် လူတွေက သူ့ကိုအထင်အမြင်သေးပြီး နောက်ကွယ်မှာ သပုတ်လေလွင့် ပြောနေကြသေးတာ။ သူ့ရှေ့မှာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြကြတာကတော့ တစ်ပိုင်းပေါ့။ အထိန်းတော်ခေါင်းဆောင်စူးက ဒါတွေကို အတွေ့အကြုံရှိပြီးသားဆိုတော့ သူ့စိတ်ထဲမှာ ဒီရှုပ်ထွေးဆိုးဝါးတဲ့ အရာတွေအပေါ် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိနေတာ သဘာဝပင်။

***

အပိုင်း ၄၁၄ သူ့အကြားအာရုံထဲက လှပသည့်တမ်းချင်း

ဒီမိန်းမငယ်လေးက စိတ်နှလုံးဖြူစင်လှတယ်။ သူမ၏မျက်လုံးထဲတွင် အထိန်းတော်ခေါင်းဆောင်စူးသည် အခြားသူများကဲ့သို့ပင်ဖြစ်ကာ သူမသည် သူ၏အသွင်အပြင်ကို ရိုးရိုးသားသား သဘောကျပြီး သူ၏ အရှိန်အဝါကြောင့်သူနှင့် ရင်နှီးလာတာ ဖြစ်သည်။ အထိန်းတော်ခေါင်းဆောင်စူးအပေါ် သူမ၏ တုံ့ပြန်မှုတိုင်းသည် အဆင့်အတန်းတွေကြောင့်မဟုတ်ဘဲ ရိုးသားဖြူစင်သည်။ ချီးမွမ်းခြင်းနှင့် ငေးကြည့်ခြင်းတိုင်းတွင် သူမကိုယ်သူမ ရိုးသားသည်။ ထို့ကြောင့် အထိန်းတော်စူးသည်လည်း သူမအား တမူထူးစွာပင် ဆက်ဆံသည်။

"ဆရာစူး ဒီနေရာက ပင်လယ်ဘက်ကို မျက်နှာမူပြီး တောင်တွေကို ကျောခိုင်းထားတော့ ပတ်ဝန်းကျင်ကလည်း လှပတယ်... ဖုန်းရွှေ(လေ၊ရေ)လည်း ထူးခြားလှတယ်... အနားယူတဲ့အချိန်ကျရင် ဆရာစူးရဲ့ကျန်တဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့ ဒီနေရာကို လာနိုင်ပါတယ်... "

စူးရန်က ဒီပင်လယ်ရှုခင်းအား သဘောကျနေသည်ကို မြင်လိုက်ရသဖြင့် ယွီရှောင်ချောင်း၏ မျက်လုံးများသည် လင်းလက်လာပြီး ပြုံးစိစိလုပ်ကာ

"ဆရာစူး ကျွန်မ ရှင့်ကို ကဗျာတစ်ပုဒ် ရွတ်ပြလို့ရမလား.."

စူးရန်က မျက်နှာပေါ်မှာ နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့ လှည့်လာကာ သူမကိုကြည့်ရင်း

"အိုး ကဗျာ ဘယ်လိုရွတ်ရမလဲကို သိတယ်လား..."

"ကျွန်မကို လျှော့မတွက်ပါနဲ့... အနည်းဆုံးတော့ ခရိုင်အရာရှိမောင်လေးနဲ့ နှစ်နှစ်လောက် လေ့လာထားပြီးသားပါ.. "

ယွီရှောင်ချောင်းသည် မျက်လုံးများကို လှိမ့်ကာ လှိမ့်ကာ လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး

"မနက်ဖြန်မှ စ၍ ချမ်းသာသုခပြည့်စုံသည့်သူ ဖြစ်ပြီး..

မြင်းများကို အစာကျွေးလို့၊ ထင်းခုတ်ကာ ကမ္ဘာကြီးကို ကျော်ဖြတ်မယ်...

မနက်ဖြန်မှစ၍ ကောက်နှံနဲ့ ဟင်းသီးဟင်းရွက်များကို ပြုစုစောင့်ရှောက်မယ်...

အကျွန်ုပ်မှာ နွေဦးပေါက်ပန်းတွေနဲ့ ပင်လယ်ကို မျက်နှာမူထားတဲ့ အိမ်လေးတစ်လုံးရှိလေတယ်..."__

အကွေ့အကောက်ရှိတဲ့ မြစ်တိုင်းနဲ့ တောင်တွေတိုင်းကို ချစ်ဖွယ်အမည်ပေးလိုက်မယ်...

သူစိမ်းသူရေ၊ ငါလည်း မင်းကို ပျော်ရွှင်စေဖို့ ဆန္ဒရှိတယ်...

တောက်ပတဲ့ ရှေ့လမ်းခရီးကို လျှောက်လှမ်းစေချင်တယ်..

ချစ်သူနဲ့တွေ့ပြီး အိမ်လေးဆောက်ချင်တယ်..

ဒီကမ္ဘာကြီးမှာ ပျော်ရွှင်မှုတွေ ရစေချင်တယ်..

အကျွန်ုပ်မှာတော့ နွေဦးပေါက်ပန်းတွေနဲ့ ပင်လယ်ပြင်ကိုသာ မျက်နှာမူ နေချင်တယ်..."

ကျူးကျွင်းယန်သည် ရယ်ချင်စိတ်ကို တွန်းလှန်ရင်း အသက်အောင့်ထားရသည်။ ခံစားချက်မဲ့သည့် မျက်နှာထားကို ထိန်းသိမ်းဖို့ သူ အစွမ်းကုန် ကြိုးစားထားပေမဲ့ သူ့နှုတ်ခမ်းစွန်းက အနည်းငယ် စောင်းကာ

"ရှောင်ချောင်း ဒါက ကဗျာဆိုတာ သေချာလို့လား..."

"ရှင်က အရမ်း မယဉ်ကျေးလွန်းတာပဲ... ကဗျာတွေရဲ့ အနုပညာသဘောတရားကို ဘယ်လိုအသိအမှတ်ပြုရမှန်းတောင် သိရဲ့လား"

ယွီရှောင်ချောင်းက သူ့ကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ ယခင်ဘဝတွင် ခေတ်သစ်ကဗျာဆရာ ဟိုင်ဇီ ရေးသားထားသည့် ဒီကဗျာစာသားသည် လူများကြားတွင် အချိန်အတော်ကြာ ပျံ့နှံ့ခဲ့ပြီး သူ၏ အဖော်မဲ့အထီးကျန်မှုမှာ ပျော်ရွှင်မှုနဲ့ ကဗျာဆရာ၏တမ်းခြင်းကို ဖော်ပြခဲ့သည်။ စူးရန်ရဲ့ လက်ရှိ စိတ်အခြေအနေနဲ့ ကိုက်ညီသေးသည်။

(ဟိုင်ဇီ - ယဉ်ကျေးမှုတော်လှန်ရေးအပြီး တရုတ်ပြည်မကြီးတွင် ကျော်ကြားဆုံးကဗျာဆရာတစ်ဦး)

စူးရန်က ခေါင်းငြိမ့်ပြရင်း

"မိန်းကလေးရှောင်ချောင်းရဲ့ ကဗျာက တမ်းချင်းလို့ ထင်ရပေမယ့် နှိုင်းယှဉ်လိုက်ရင် သူက ပိုလွတ်လပ်တယ်... ကဗျာရဲ့ ရသက ရှင်းလင်းပေမယ့် နက်နဲတယ်၊ ထင်ရှားနေပေမယ့်လည်း သွယ်ဝိုက်နေသေးတယ်... ပေါ့ပါးပြီး နှစ်သက်ဖွယ်ကောင်းပေမဲ့လည်း ဂုဏ်သိက္ခာရှိပြီး ထူးကဲတယ်... တကယ့်ကို ရှားပါးကောင်းမွန်တဲ့ ကဗျာတစ်ပုဒ်ပဲ..."

'ပန်းတွေပွင့်နေချိန် နွေဦးရဲ့နွေးထွေးမှုနဲ့ပင်လယ်ကို မျက်နှာမူလိုက်ပါ ..'

အရမ်းလှတဲ့ တမ်းတမှုတစ်ခုပဲ။ သူ့နှလုံးသားထဲမှာ သူလိုချင်တောင့်တနေပေမဲ့ ဘယ်တော့မှမရနိုင်တဲ့ သာမန်နွေးထွေးမှုလေးတွေ ဖြစ်နိုင်ပါရဲ့။ နောက်ပြန်လှည့်မကြည့်မီ ငြိမ်သက်နေတဲ့ ပင်လယ်သမုဒ္ဒရာရေပြင်ကို စူးရန် နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး ကျောက်လှေကားများပေါ်မှ တည်ငြိမ်စွာ ဆက်တက်သွားလိုက်သည်။

သမိုင်းမှာ မျက်နှာသာပေးခံရပြီး မှတ်တမ်းတင်ခံရတဲ့ မိန်းမစိုးတွေထဲမှာ အမှန်တကယ် ဘယ်နှစ်ယောက်ကများ ချောချောမွေ့မွေ့ အနားယူနိုင်ခဲ့ကြလို့လဲ။ အများစုမှာ ဧကရာဇ်မင်းအတွက် မတရားအပြစ်တင်ခြင်းခံရသည်။ ဧကရာဇ်မင်းအား သူတို့ရဲ့အမှားတွေထဲ ဆွဲထည့်သည့် လူတွေဖြစ်လာကြပြီး သေဆုံးလျှင်ပင် ငြိမ်းချမ်းစွာ အနားယူဖို့ နေရာမရှိခဲ့ကြပေ။ ယခုအချိန်တွင်တော့ ဧကရာဇ်မင်းက ငယ်သေးသည်။ သူသည် ပညာရှိပြီး သူ့လူမျိုးကို ချစ်သော်ငြား အနာဂတ်မှာရော... လူ့စိတ်က အလွယ်တကူ ပြောင်းလဲတတ်သည်မို့ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ 'ပန်းတွေပွင့်နေချိန် နွေဦးရဲ့နွေးထွေးမှုနဲ့ပင်လယ်ကို မျက်နှာမူလိုက်ပါ' .. ဒါက သူ့နှလုံးသားထဲတွင် တစ်ခုတည်းသော တမ်းတမှုဖြစ်ကောင်းဖြစ်နိုင်သည်။

"ဆရာစူး ရှင်က သူတော်စင်နဲ့ ပိုသင့်တော်မယ် ထင်တယ်... ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ တောင်တန်းတွေမှာ နေထိုင်ပြီး တံခါးအပြင်ဘက်မှာ မက်မွန်ပွင့်သစ်ပင်၊ သစ်ပင်တစ်ပင်အောက်မှာ ဗျပ်စောင်းလေးတစ်ခု..."

ယွီရှောင်ချောင်းက သူမဆွဲတွေးထားသည့် မြင်ကွင်းကြောင့် ခံစားချက်တို့ ပြောင်းသွားသည်။ အာ! ပြည်နှင်ခံရတဲ့ အမတမျိုးကျင့်ကြံသူတစ်ဦးနဲ့ တူတယ်။ မက်မွန်ပွင့်တွေအောက်မှာထိုင်ရင်း ဗျပ်စောင်းကို တီးခတ်နေမယ်... သူ့အဝတ်စွန်းလေးက မက်မွန်ပန်းပွင့်ချပ်တွေနဲ့အတူ ကခုန်နေပြီး ရှည်လျားတဲ့ဆံပင်တွေကို လေညင်းလေးကကြင်နာစွာ ပွတ်သပ်သွားတယ်... အံ့အားသင့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ!...

စူးရန်သည် လှေကားကို ငြိမ်သက်ဖြည်းညင်းစွာ တက်နေပေမယ့် သူမဖန်တီးထားသော အေးချမ်းသာယာသည့်ဘဝဆီကို သူ့နှလုံးသားထဲတွင် လှပသော တမ်းတမှုနဲ့ ချဉ်းကပ်နိုင်လိမ့်မည် ထင်သည်။ သူ့နှုတ်ခမ်းများ အပေါ်မှဖြည်းဖြည်းချင်း ကွေးညွှတ်သွားကာ ဧကရာဇ်မင်း၏ လျှို့ဝှက်တပ်သားများကို အမိန့်ပေးသူ မဟုတ်တော့ သလိုပင်။ သူသည် စက္ကန့်ပိုင်းအတွင်း တရားရုံးကို သွေးများစီးကျနိုင်သည့် အထိန်းတော်ခေါင်းဆောင် မဟုတ်တော့ဘဲထိုအစား မက်မွန်ပန်း တောအုပ်ထဲမှာ ဝိုင်ပုလင်းကို လက်ထဲကိုင်ဆောင်ထားကာ မူးပြီး လဲလျောင်းနေသည့်သူတော်စင်တစ်ပါး ဖြစ်နေသလို....

.

မင်းသားကျင်း၏ အနောက်တောင်တန်း စံအိမ်ကြီးတွင် စူးရန်သည် ရှောင်ချောင်း ကိုယ်တိုင် နှပ်ထားသည့် လက်ဖက်ရည်ကို သောက်ကာ ကြင်ယာတော်မင်းသမီးကျင်းကို နှုတ်ဆက်ပြီးနောက် ထွက်ခွာလာခဲ့သည်။ အချိန်ပိုကြာကြာနေလျှင် ထွက်ခွာဖို့ ဝန်လေးလာမည်ကို သူ စိုးရိမ်မိသည်... ကြည့်ရတာ ရာထူး လက်လွဲအပ်ခံရသူကို ရှာတွေ့သွားပြီမလို့ ထင်ပါရဲ့

တုန်ရှန်းရွာမှ မထွက်ခွာမီတွင် သူသည် စစ်မြင်းဖြူ ရှေ့တွင်ရပ်ကာ ကျောက်စိမ်းဆွဲသီးကို ဖြတ်၍ ယွီရှောင်ချောင်းထံသို့ ပြုံးလျက်ဆိုလိုက်၏။

"မင်း မြို့တော်ကို ရောက်တဲ့အခါ မင်းမဖြေရှင်းနိုင်တဲ့ အခြေအနေနဲ့ ကြုံလာခဲ့ရင် ဒီကျောက်စိမ်းဆွဲသီးကို အရှေ့ဘက်သေရည်ချက် လူနေအိမ်ဆီ ယူသွား... ငါ စွမ်းဆောင်နိုင်တဲ့ အခြေအနေမှာရှိနေသရွေ့ ငါ မင်းကိုသေချာပေါက် ကူညီပေးမှာပါ!"

ယွီရှောင်ချောင်းသည် သူမလက်ထဲသို့ ကျောက်စိမ်းဆွဲသီးကို ရွှင်မြူးစွာ ယူလိုက်သည်။ သာမန်ငါးနှစ်ကောင်ကျောက်စိမ်းဆွဲသီးနှင့် တူသော်လည်း 'စူး' ဆိုသည့်စာလုံးကို နောက်ကျောတွင် ထွင်းထား၏။ ဒါ ဆရာစူးရဲ့ ကိုယ်ပိုင်တံဆိပ်လား။ ဆရာစူးသည် ဧကရာဇ်မင်းမြတ်၏ ယုံကြည်ရသော အထိန်းတော်ခေါင်းဆောင်ဖြစ်သည်။ သူ့ကျောထောက်နောက်ခံဖြင့် သူမသည် ကြောက်ရွံ့ခြင်းမရှိ မြို့တော်ကို ချီတက်နိုင်သည်!

"ဆရာစူးကို ကျေးဇူးအများကြီးတင်ပါတယ်.. ဒါကတော့ ကျွန်မတို့ကိုယ်တိုင်လုပ်ထားတဲ့ မက်မွန်ပွင့်ဝိုင်နဲ့ ကျွန်မကိုယ်တိုင်ဖန်တီးထားတဲ့ မက်မွန်ပွင့်လက်ဖက်ခြောက်ပါ.. ဒီလက်ဆောင်တွေကို ရှင် အထင်မသေးဘူးဆိုရင် ပြန်ယူသွားပြီး မြည်းစမ်းကြည့်လိုက်ပါ..."

တစ်စုံတစ်ခု လက်ဆောင်ပေးခံရပြီး တန်ပြန်လက်ဆောင် ပေးစရာလည်း မရှိလျှင် မယဉ်ကျေးပေ။ သူမ လက်ထဲမှာလည်း တခြားဘာမှ မရှိ။ ဒီအိမ်လုပ်ဝိုင်နှင့် လက်လုပ် လက်ဖက်ခြောက်သည် စားသုံးသူများ၏ ကျန်းမာရေးကောင်းနဲ့ နုပျိုသောအသွင်အပြင်ကို ထိန်းသိမ်းဖို့ ကူညီပေးနိုင်ပြီး အရသာလည်း အတော်ကောင်းမွန်သည်။ ဒါ့အပြင် ဒါက ဈေးပေးရသည်မဟုတ်ဘဲ စိတ်ရင်းနဲ့ပေးတဲ့ လက်ဆောင်ပဲမဟုတ်လား...

အမှန်ပဲပေါ့!.. စူးရန်သည် လက်ဆောင်ကို အထင်အမြင်သေးမည် မဟုတ်ပေ။ သူက ပြုံးပြီး ပြန်ပြောလာသည်။

"စစ်သူကြီးရဲ့ နေအိမ်မှာ မက်မွန်ပွင့်လက်ဖက်ခြောက်ရည်က မွှေးပျံ၊ သောက်ရတာ အရသာရှိပြီး ငယ်ရွယ်နုပျိုတဲ့အသွင်အပြင်ကို ကူညီထိန်းသိမ်းပေးတဲ့အပြင် တင်းတိပ်တွေကို ဖယ်ရှားပေးတယ်ဆိုတာ မြို့တော်မှာ မသိတဲ့သူ မရှိဘူး။ ဒီလက်ဖက်ရည် သောက်တာကြောင့် သခင်မဖန်းဟာ သူမရဲ့ကိုယ်ဝန်ကနေ တင်းတိပ်တွေ လုံးဝပျောက်ကွယ်သွားခဲ့တာလို့ ကောလဟာလတွေ ထွက်နေတယ်.. ဒါတင်မကသေးဘဲ သူမက နှစ်အနည်းငယ်တောင် ပိုငယ်သွားပုံရသေးတယ်.. သူမရဲ့ အသားအရေကလည်း အရင်ကထက် ပိုကောင်းလာတယ်.. ဒါကြောင့် ရယူဖို့အရမ်းခက်ခဲတဲ့ ဒီမက်မွန်ပွင့်လက်ဖက်ခြောက်က တကယ်ကို မိန်းကလေးရှောင်ချောင်းရဲ့ ကျွမ်းကျင်တဲ့ ဖန်းတီးမှုပဲပေါ့!.."

မက်မွန်ပွင့်လက်ဖက်ရည်ကို မိန်းမဖြစ်သူဆီ သူမမွေးစားအဖေကို ယူသွားပေးဖို့ တောင်းဆိုလိုက်တဲ့ မက်မွန်ပွင့်ခြောက်လက်ဖက်ရည်က မြို့တော်မှာ ဒီလောက်ထိ လှုပ်ခတ်သွားတာ ယွီရှောင်ချောင်း မသိခဲ့ပါချေ။ သူမသည်ပျော်ရွှင်နေပြီး ကံကောင်းစွာပဲ သူမ မွေးစားအမေက မက်မွန်ပွင့်လက်ဖက်ရည်၏ ဇစ်မြစ်ကို မည်သူ့ကိုမျှ မပြောပြခဲ့ဘူး။ ဒီလိုမှမဟုတ်ရင် သူမ သူမဘ၀ကို ဒီနေရာမှာ ငြိမ်းချမ်းစွာနေထိုင်နိုင်မှာ မဟုတ်တော့ဘူး။

သူမ ခေါင်းမော့ကြည့်လိုက်တော့ ရယ်မောမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဆရာစူးရဲ့ အကြည့်တွေကို မြင်လိုက်ရပြီး သူမလည်ချောင်းရှင်းလိုက်ကာ

"ဒီမက်မွန်ပွင့်လက်ဖက်ရည်က လူတစ်ယောက်ရဲ့ နုပျိုတဲ့အသွင်အပြင်ကို ထိန်းထားနိုင်ရုံတင်မဟုတ်ဘူး မီရီဒီယမ်တွေကို ဖယ်ထုတ်ပေးပြီး ချီစွမ်းအင်နဲ့ သွေးတွေကို ပြန်လည်ဖြည့်တင်းဖို့လည်း ကူညီပေးသေးတယ်... ပြီးတော့ မက်မွန်ပွင့်ဝိုင်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် နေ့တိုင်း တစ်ခွက်စာကို နှစ်ကြိမ်သောက်ပေးရင် ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးတယ်... "

"ကောင်းပြီ၊ မိန်းကလေးရှောင်ချောင်းရဲ့ စစ်မှန်တဲ့ သဘောထားကို ကျွန်တော် ကျေးဇူးတင်ပါတယ်.. နောင်မှာ မိန်းကလေးရှောင်ချောင်းရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပြီး မနက်တိုင်း ညတိုင်း ခွက်သေးသေးလေးစီ သေသေချာချာ သောက်သွားမှာပါ .. "

စူးရန်သည် ဒီမိန်းကလေး ညွှန်းကြားပြောထားသည့် ဝိုင်၏ အကျိုးထိရောက်မှုနှင့် ပတ်သက်၍ သံသယရှိနေဆဲ ဖြစ်သော်လည်း မက်မွန်ပွင့်ဝိုင်သောက်ခြင်းမှ ရရှိမည့်အကျိုးများသာရှိကြောင်း သူ အလိုလိုခံစားမိသည်။

စူးရန် ထွက်သွားသည်နှင့် ရှောင်ချောင်းသည် မြို့တော်သို့ ခရီးထွက်ရန် သူမ၏ ပစ္စည်းများကို ထုပ်ပိုးဖို့အတွက် အမြန်ပြန်လာခဲ့သည်။ ထုံးစံအတိုင်း ကျူးကျွင်းယန်သည် သူမကို တစ်ယောက်တည်း သွားခွင့်မပြုဘဲ ထိုမိန်းမငယ်လေး စိုးရိမ်ကြောက်ရွံ့‌နေမှာမို့ သူမနှင့်အတူ အဖော်လိုက်သွားသည်။

သူမမှာ သတ္တိနည်းနည်းသာရှိသော်လည်း မင်းသားငယ်ထံမှ ယခုအကြိမ် မြို့တော်သို့ သူတို့၏ ဆင့်ခေါ်ချက်သည် ကောင်းမွန်တယ်ဆိုတာ သိလိုက်ရပြီးနောက် ရှောင်ချောင်းသည် သူမ၏ဖခင်ဖြစ်သူထက်ပင် ပိုတည်ငြိမ်နေသည်။ နောက်ပြီး ယခင်က သူမသည် ဧကရာဇ်နန်းတော်သို့ ဝင်ရောက်ခဲ့ဖူးပြီး ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့နှင့် တွေ့ဆုံခဲ့ဖူးသေးသည်။ အို ဟုတ်သား.. ပြန်လည်ရှင်သန်လာတဲ့ ချစ်စရာကောင်းတဲ့အဖိုး ဧကရာဇ်ဟောင်းရောပဲ။ သူမစကားမှာ အမှားအနည်းငယ်လုပ်မိရင်တောင် ဧကရာဇ်နဲ့ ဧကရီက အဲဒါကို စိတ်ထဲ ထားမှာမဟုတ်ဘူးလို့ သူမယုံကြည်တယ်။ ယခင်ကလည်း သူမက အိမ်ရှေ့စံမင်းသားငယ်ကို ကူညီခဲ့ဖူးတယ်လေ!...

သူမသည် စစ်သူကြီး၏နေအိမ်ရှေ့၌ မြင်းပေါ်မှ ဆင်းလိုက်သည်။ သတင်းပို့သူက ရှောင်ချောင်း၏ပုံသဏ္ဍာန်ကိုမြင်တော့ သခင်မကြီးကို အစီရင်ခံဖို့ အထဲသို့ ပြေးဝင်သွားသည်။ ခဏတာ ပရမ်းပတာဖြစ်ပြီးနောက် သူမနောက်တွင် ကျန်းကျူး၊ လင်းလုံနှင့်အတူ သခင်မဖန်း ပေါ်လာကာ အိမ်တော်အစေခံများ လူအုပ်ပါ အတူပါလာသည်။

ယွီရှောင်ချောင်းသည် သူမအား နှုတ်ဆက်ရန် သွားလိုက်သော်ငြား သခင်မဖန်း၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သခင်မဖန်းက သူမနောက်ကျောကို နှစ်ကြိမ်လောက် ပုတ်လိုက်ပြီး

"အကြင်နာမဲ့လိုက်တဲ့ ကောင်မလေး! မင်းကို မြို့တော်ကို လာဖို့ ပြောတာ နှိပ်စက်ဖို့ခေါ်တာကျနေတာပဲ.. အချိန်တိုင်း မင်းက ငါ့ဆီကို ပစ္စည်းတွေပဲ ပို့တယ်... ဒါပေမယ့် ပစ္စည်းတွေ ဘယ်လောက်ပဲ ပို့လိုက် ပို့လိုက် မင်းဒီကိုကိုယ်တိုင် လာလည်တာကိုမမီဘူး ဆိုတာ သဘောမပေါက်ဘူးမလား... အမေ မင်းကို အရမ်းသတိရနေတာ!.."

ရှောင်ချောင်း၏ မျက်ဝန်းတို့ နွေးထွေးသွားရသည်။ သူမမွေးစားအမေဖြစ်သူ၏ မျက်လုံးများ နီရဲလာသည်ကို မြင်လိုက်ရတော့ သခင်မဖန်း၏နောက်တွင် ရပ်နေသော နို့ကလေးထိန်းရင်ခွင်ထဲမှ ပိန်ပိန်ပိန်ပါးပါး ကလေးလေးဆီသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး

"အို ဒါ သမီးတို့ရဲ့ လင်းလင်းလေးလား.. အရမ်းကြီးလာနေပြီ! သူက တော်တော်ချောတာပဲ... ကံကောင်းတာကသူက မွေးစားအဖေနဲ့ မတူဘူး..."

ကောင်ငယ်လေး ဖန်းဟောက်လင်းသည် သူ့မိခင်၏ရင်ခွင်ထဲက မိန်းမငယ်လေးကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သူမရဲ့ တိုက်ရိုက်ကြည့်လာတာကို မြင်တော့ ကောင်ကလေးက ရှက်ရွံ့စွာ ခေါင်းကို လှည့်လိုက်သည်။

"မင်းပြောရဲတယ်! မင်းရဲ့မောင်ငယ်လေးကို မင်းနောက်ဆုံးတွေ့ခဲ့တာက သူ့ရဲ့ပထမဆုံးမွေးနေ့မှာလေ... အခုမှ အသက်နှစ်နှစ်နီးပါးရှိမှပဲ သူ့အစ်မနဲ့ တွေ့ခွင့်ရတယ်... ကြည့်ဦး၊ လင်းလင်းက မင်းကိုတောင် မမှတ်မိတော့ဘူး.. "

သခင်မဖန်းသည် သူမ၏ မွေးစားသမီးလေးကို ခပ်စူးစူး စိုက်ကြည့်လိုက်ရင်း ဝမ်းနည်းမှုများနှင့် ပြည့်နှက်လာသည်။ ဒီကောင်မလေးကို တွေ့ရတာ ရှားလှသည်။ တခါတရံ သူမပို့လိုက်တဲ့ အစားအစာတွေသာ မရှိရင် ဒီကောင်မလေးက သူ့မွေးစားအမေကို မေ့နေပြီလို့ သူမ တွေးမိလိမ့်မည်။

"ဟီး ဟီး! သမီးအမှားပါ ဟုတ်ပြီလား.. ဒီတစ်ခါတော့ မက်မွန်ပွင့်ဝိုင်တစ်ချို့နဲ့ မက်မွန်ပွင့်လက်ဖက်ခြောက် ကျင်းအနည်းငယ် ယူလာတယ်... အမေ မကုန်နိုင်ရင် အမေနဲ့ ပိုရင်းနီးတဲ့ တခြားသခင်မတွေကို ပေးလို့ရတယ်... မနှစ်တုန်းက စိုက်ခဲ့တဲ့ မက်မွန်သီးတွေ မပြောနဲ့တော့ ဒီနှစ်မှာ အသီးအမြောက်အများ သီးပေမယ့် သယ်ရမလွယ်လို့ တောင်းတစ်လုံးပဲ ယူလာခဲ့တယ်.. မြို့တော်ကို ခရီးတလျှောက်လုံး သူတို့ကို ကျောပိုး သယ်လာခဲ့တာ.. သူများတွေ သတိမထားမိဘဲ ဖိကြိတ်ခံရမှာ စိုးရိမ်လို့... တခြားမက်မွန်သီးတွေကို စည်သွပ်ဘူးတွေလုပ်ခဲ့ပြီး အမေ တစ်နှစ်ပတ်လုံး စားသုံးဖို့ လုံလောက်တယ်!.."

ကျေနပ်သောလေသံဖြင့် ယွီရှောင်ချောင်းက အဖိုးတန်ရတနာတွေ လက်ဆောင်ပေးသလို သခင်မဖန်းအား မက်မွန်သီးများကို ပေးလိုက်သည်။

ယွီအိမ်ဝင်းရဲ့ နောက်ဖေး ခြံဝင်းထဲက မက်မွန်ပင်ဟာ တကယ်တော့ တောင်ပေါ်ကနေ တူးယူထားတဲ့ မက်မွန်ရိုင်းပင် ဖြစ်ပေမဲ့ သူမ နေ့တိုင်း ရေလောင်းပေးတဲ့ အံ့ဖွယ်ကျောက်ရေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ၎င်း၏ပန်းပွင့်များသည် လှပစွာပွင့်နေရုံသာမက မက်မွန်သီးများလည်း ကြီးမားလှသည်။ ပန်းရောင်မက်မွန်သီးများသည်အရွယ်ရောက်ပြီးနောက် လက်သီးဆုပ်လောက် ကြီးမားပြီး စွဲမက်ဖွယ်ကောင်းသော ရနံ့ကို ထုတ်လွှတ်သည်။ မက်မွန်သီးများတွင် လူ့ခန္ဓာကိုယ်ကို အကျိုးပြုသည့် စိတ်ဝိညာဉ်စွမ်းအင်အချို့ကိုလည်း စိမ့်ဝင်နေသေးသည်။

ကလေးလေး ဖန်းဟောက်လင်း ငယ်ငယ်ကတည်းက ရှောင်ချောင်းမှ အံ့ဖွယ်ကျောက်ရေတွေကို ကျွေးခဲ့ရပေမဲ့ ဒီလိုဝိညာဉ်စွမ်းအင်မျိုးတွေမှာ သူက ပို၍ ခံစားလွယ်နေတာ ဖြစ်နိုင်သည်။ သူ့ခေါင်းက ချက်ချင်း ပြန်လှည့်လာပြီး ရှောင်ချောင်းရဲ့ လက်ထဲက မက်မွန်သီးတွေကို မမှိတ်မသုတ် စိုက်ကြည့်နေသည်။ ယွီရှောင်ချောင်းက မက်မွန်သီးတစ်လုံးကို ဆေးဖို့ သူမရေအိတ်ထဲမှ အံ့ဖွယ်ကျောက်ရေကို သုံးပြီးနောက် ကောင်းငယ်လေးရှေ့တွင် ဆုပ်ကိုင်ထားလိုက်သည်။

ဖန်းဟောက်လင်းသည် အတော်လေး အကျွမ်းတဝင်ရှိသော်လည်း မရင်းနှီးသေးသည့် သူ့ရှေ့က အစ်မဖြစ်သူကိုကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာတွင် ရှက်ပြုံးလေးတစ်ခု ပွင့်လာသည်။ လိုချင်တယ် မလိုချင်တယ် မပြောဘဲ မက်မွန်သီးကိုသာ သူ စူးစူးစိုက်စိုက် ကြည့်နေသည်။

ထို့နောက် မက်မွန်၏ရနံ့ကြောင့် သူ သွေးဆောင်ခံရသကဲ့သို့ သူ၏ 'လက်ဖဝါး' လေးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လာသည်။ လက်တစ်ဖက်တည်းနဲ့ ကိုင်လို့ မရတော့ တခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်နှစ်ဘက်စလုံးဖြင့် မက်မွန်သီးကို သူ့ရင်ဘတ်မှာ ကိုင်ထားလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးလေးမှာ ပို၍ပင် ချိုမြိန်လာသည်။

ထိုနောက်မှသာ သခင်မဖန်းသည် တော်ဝင်မင်းသားယန်က ယွီရှောင်ချောင်းကို အဖော်လိုက်ပါလာသည်အား သတိပြုမိသွားပြီး သူ့ကို နှုတ်ဆက်ရန် အမြန်သွားလိုက်သည်။ ကျူးကျွင်းယန်က သူမကို ပြုံးကာ တားလိုက်ပြီး

"သခင်မဖန်း ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး!... ရှောင်ချောင်းက မနက်ဖြန်ကျရင် ဧကရာဇ်ကိုတွေ့ဆုံဖို့ တော်ဝင်နန်းတော်ဆီ ဝင်ရောက်မှာ ဖြစ်လို့ ဒီနေ့ စောစောအနားယူသင့်တယ်... ကျွန်တော် မနက်ဖြန်မနက်မှ လာကြိုမှာပါ!"

သူတို့က တော်ဝင်မင်းသားယန်ကို တံခါးအပြင်သို့ လိုက်ပါပို့ဆောင်ပြီးနောက် သခင်မဖန်းသည် ယွီဟိုင်ကိုအပြင်ပိုင်းခြံဝင်းဘက်တွင် နေထိုင်ဖို့ စီစဉ်ပေးလိုက်သည်။ ဖန်းဇီကျန်းသည် ယမန်နေ့ကမှ မြို့တော်ကို ပြန်ရောက်လာတာဖြစ်ပြီး ယခုအချိန်တွင် သူ့ကို ဧကရာဇ်မင်းမြတ်က မေးမြန်းစုံစမ်းဖို့အတွက် တော်ဝင်နန်းတော်သို့ဆင့်ခေါ်ခံ ထားရတာ ဖြစ်သည်။ ခဏကြာလို့ သူ ပြန်လာရောက်လာရင် သူတို့နှစ်ယောက် အတူတူ သောက်ကြလိမ့်မည်။

ရှောင်ချောင်းနှင့် သခင်မဖန်းတို့ အတွင်းခြံဝင်းအတွင်းသို့ ဝင်လာလိုက်ကြသည်။ ကောင်ငယ်လေး ဖန်းဟောက်လင်းက မက်မွန်သီးကြီးတစ်လုံးကို ဆုပ်ကိုင်ထားပြီး နှာခေါင်းဖြင့် အနံ့ခံနေပေမယ့် ၎င်းကို မကိုက်စားပေ။ သူတို့ ခြံဝင်းအတွင်း ရောက်တာနဲ့ အစေခံတွေက ယွီရှောင်ချောင်းကို နှုတ်ဆက်လိုက်ကြပြီး ဝူထုန်နဲ့ ဖီဖာ နှစ်ယောက်သာ သူမကို အမှုထမ်းဖို့ ကျန်နေရစ်သည်။

***

[Zawgyi]
အပိုင္း ၄၁၃ အလြန္ႏူးညံ့သိမ္ေမြ႕ပါေသာ

"ဘုရင့္အမိန႔္ေတာ္အရ ယြီဟိုင္နဲ႔ေရွာင္ေခ်ာင္းတို႔သားအဖက ၿမိဳ႕ေတာ္ကိုဝင္ၿပီး ဘုရင္မင္းျမတ္နဲ႔ ေတြ႕ဆုံခြင့္ရတယ္!"

စူးရန္က ေျခကိုၿမဲၿမဲရပ္ကာ အလြန္အားမာန္ပါၿပီး ႐ႊင္ပ်ေနတဲ့ ပုံသ႑ာန္ ရွိလို႔ေနသည္။ သူ႔ပုံစံက သာမန္လူေတြအထက္မွာရွိတဲ့ ျပည္ႏွင္ဒဏ္ေဘးခံရတဲ့ မေသမ်ိဳးတစ္ေယာက္လို ျဖစ္ေနသည္။

"သာမန္အရပ္သူျဖစ္တဲ့ ကြၽန္ေတာ္မ်ိဳးမ ဒီအမိန႔္ကိုလက္ခံပါတယ္... ဘုရင္မင္းျမတ္က ေက်းဇူးႀကီးလွပါတယ္!"

ယြီဟိုင္က ေတာ္ဝင္အမိန႔္ကို အခုမွ ပထမဆုံးလက္ခံရရွိဖူးတာမို႔ အလြန္စိတ္လႈပ္ရွားၿပီး မတ္တပ္ေတာင္ မရပ္ႏိုင္ဘဲ ေျမေပၚကို ေခြလဲက်လုမတတ္ပင္။ ေရွာင္ေခ်ာင္းက သူ႔ကို ကူတြဲေပးလိုက္ေတာ့မွ ဘုရင့္အမိန႔္ျပန္တမ္းကို တုန္တုန္ယင္ယင္နဲ႔ ကိုင္ႏိုင္ေတာ့သည္။

စူးရန္ေဘးမွာ ၿပဳံးၿပီးရပ္ေနတဲ့ က်ဴးကြၽင္းယန္ကို ေရွာင္ေခ်ာင္းက ၾကည့္လိုက္သည္။ သူတို႔ႏွစ္ေယာက္လုံးမွာ ကိုယ္ပိုင္ထူးျခားတဲ့ သြင္ျပင္လကၡဏာေတြ ရွိၾကသည္။ ႐ုပ္ရည္အရ ေျပာရမယ္ဆို တစ္ေယာက္က အလြန္အမင္းကိုဆြဲေဆာင္မႈရွိၿပီး တစ္ေယာက္က အလြန္အျပစ္ကင္းစင္ၾကယ္တဲ့ ႐ုပ္ရည္မ်ိဳးရွိသည္။ က်န္တစ္ေယာက္က ေႏြးေထြးတဲ့ ပုံသ႑ာန္ရွိေနခ်ိန္ တျခားတစ္ေယာက္က ေအးစက္တဲ့ အေယာင္အဝါေတြကို ထုတ္လႊတ္ေနသည္။ ဒါေပမဲ့ ႏွစ္ေယာက္လုံးကေတာ့ မ်က္စိေအးေစမယ့္ အလြန႔္အလြန္ကို ေခ်ာေမာလွပတဲ့အမ်ိဴးသားေတြပင္။

ေရွာင္ေခ်ာင္းရဲ႕အၾကည့္ကို သတိထားမိေတာ့ က်ဴးကြၽင္းယန္ရဲ႕ ေအးစက္စက္မ်က္ႏွာေပၚမွာ ႏွစ္သိမ့္မႈေပးတဲ့ အၿပဳံးေလးတစ္ခု ေပၚေပါက္လာသည္။ ၿပီးေနာက္ သူက သူမကို ဒါက ေကာင္းမြန္တဲ့ကိစၥပါ ဆိုတဲ့သေဘာနဲ႔ ေခါင္းညိတ္ျပလိုက္သည္။ သူၿပဳံးလိုက္တဲ့အခ်ိန္မွာေတာ့ ေႏြဦးေလေျပကေလး ငါးကီလိုမီတာေလာက္ တိုက္ခတ္သြားသလို သူ႔ရဲ႕ဆြဲ ေဆာင္မႈေအာက္မွာ ေတာင့္မခံမႏိုင္ဘဲ ေရွာင္ေခ်ာင္းက မ်က္ေတာင္မခတ္တမ္း ျဖစ္ေနရသည္။

'ဒီလိုအေျခအေနေတြေတာင္ေရာက္လာၿပီကို သူမက ေကာင္ေခ်ာေလးေတြကို ခ်ီးမြမ္းခန္းဖြင့္ဖို႔ စိတ္ဆႏၵရွိေနတုန္းပဲေပါ့?'

အခ်ိန္ၾကာေနၿပီျဖစ္တာေတာင္ သူ႔ရဲ႕အငယ္ဆုံးသမီးက ဘာတုံ႔ျပန္ခ်က္မွ မေပးေတာ့ ယြီဟိုင္က လ်န္ငါးရာနဲ႔ညီမွ်တဲ့ ေငြစကၠဴကို သူ႔အက်ႌလက္ထဲကေန ထုတ္လိုက္ၿပီး အထိန္းေတာ္ေခါင္းေဆာင္စူးကို ခပ္႐ြံ႕႐ြံ႕ေလး လက္ေဆာင္ေပးလိုက္ကာ အထစ္ထစ္အေငါ့ေငါ့ေျပာသည္။

"အ...အထိန္းေတာ္စူး ဒါကြၽန္ေတာ့ရဲ႕ ေက်းဇူးျပဳမႈေသးေသးေလးပါ..."

စူးရန္က ေဆာက္လက္စ ယြီမိသားစုအိမ္ေဆာင္ကို တစ္ခ်က္ၾကည့္လိုက္သည္။ သူက ယြီဟိုင္လက္ထဲက ေငြစကၠဴကို မယူဘဲ သူတို႔ကို ေႏြဦးေလေျပေလး ျဖန္းပက္ေပးလိုက္သလို ေႏြးေထြးစြာၿပဳံးျပရင္း

"သခင္ယြီ အရမ္းယဥ္ေက်းေနဖို႔ မလိုပါဘူးဗ်ာ..."

ယြီဟိုင္က သူ႔ေငြစကၠဴကို ျပန္ပဲယူထားလိုက္ရမလား မယူထားလိုက္ရမလား ဆိုတာ ဇေဝဇဝါ ျဖစ္ေနမိသည္။

'အထိန္းေတာ္ေခါင္းေဆာင္အတြက္ ငါထည့္ထားတဲ့ ေငြပမာဏက နည္းမ်ား နည္းေနလို႔လား? သူက ဘုရင္မင္းျမတ္ရဲ႕ အားအထားရဆုံး အထိန္းေတာ္ဆိုေတာ့ အဲ့ဒါျဖစ္ႏိုင္တယ္... လူ႔အသိုင္းအဝိုင္းရဲ႕ ဘယ္လို က႑ေတြကိုမ်ား သူ မျမင္ဖူးတာ ရွိမွာလဲ? အိမ္ေတာ္ထိန္းလိုလူက ဘယ္လိုလုပ္ တို႔မိသားစုဆီက ေငြလ်န္ငါးရာေလာက္ကို ဂ႐ုစိုက္ေနမွာလဲ? အိမ္း... ငါ ေငြစကၠဴႏွစ္႐ြက္ေလာက္ ထုတ္ေပးလိုက္သင့္တာ'

ယြီဟိုင္က အလြန္ကို ေနာင္တရေနေလသည္။

အဲ့ဒီအခ်ိန္မွာပဲ ေရွာင္ေခ်ာင္းက သူ႔အေဖလက္ထဲက ေငြစကၠဴကို ဆတ္ခနဲ ဆြဲယူလိုက္ၿပီး စူးရန္ရဲ႕ ႏူးညံ့ညက္ေညာတဲ့ လက္ထဲကို ထိုးထည့္ေပးလိုက္သည္။ သူမက သူ႔ကို အတင့္ရဲစြာ ၿပဳံးျပလိုက္ၿပီး

"အိမ္ေတာ္ထိန္းစူး, ရွင္က ကြၽန္မတို႔အတြက္နဲ႔ ၿမိဳ႕ေတာ္ကေနေတာင္ တကူးတက လာခဲ့ရတာ... ဒါေၾကာင့္ ဒီပိုက္ဆံကို ေရွာင္ေခ်ာင္းက လက္ဖက္ရည္တိုက္တယ္လို႔ သေဘာထားၿပီး လက္ခံလိုက္ပါ!"

စူးရန္က ေငြစကၠဴကို အသာေလးျပန္တြန္းလိုက္သည္။ အားမပါေသာ္ျငား ေရွာင္ေခ်ာင္းရဲ႕ လက္ရဲဇက္ရဲ လက္ကေလးေတြကိုေတာ့ အလြယ္တကူ တြန္းဖယ္လိုက္ႏိုင္သည္။ သူက ခပ္ေရးေရး ၿပဳံးလိုက္ၿပီးေနာက္ ေႏြးေထြးညင္သာေသာ ေလသံနဲ႔

"မိန္းကေလးေရွာင္ေခ်ာင္း, မင္းကြၽန္ေတာ့္ကို တကယ္လက္ဖက္ရည္တိုက္ခ်င္ရင္ ကိုယ္တိုင္ႏွပ္ထားတဲ့ လက္ဖက္ရည္ပဲ တိုက္ပါ... ၿပီးခဲ့တဲ့တစ္ေခါက္က 'မင္းသားက်င္းရဲ႕အေမြဆက္ခံသူ' အတြက္ႏွပ္ေပးတဲ့ ေတာလက္ဖက္ရည္က ေတာ္ေတာ္ေလးကို ေကာင္းမြန္တယ္... အခ်ိဳပြဲေလးနဲ႔သာဆို ပိုေတာင္ ေကာင္းဦးမယ္!"

ေငြစကၠဴအား အတြင္တြင္ျငင္းေနေသာ အထိန္းေတာ္ကိုၾကည့္ၿပီး ေရွာင္ေခ်ာင္းက အတင္းအက်ပ္ေတြ ဆက္ေပးေနရင္ မသင့္ေတာ္ဘူးလို႔ ထင္မိသည္။ ဒါေၾကာင့္ သူမက ေရလိုက္ငါးလိုက္ေနၿပီး ေငြစကၠဴကို ျပန္သိမ္းထားလိုက္သည္။ သူမရဲ႕ သားေရအိတ္ထဲ ေငြစကၠဴကို ထိုးထည့္လိုက္ၿပီးေနာက္ သူမက အထိန္းေတာ္ေခါင္းေဆာင္စူးကို ေျပာသည္။

"အထိန္းေတာ္စူး, ကြၽန္မအိမ္က အခုမွ ျပန္ျပင္ေနတုန္းဆိုေတာ့ ပုံမွန္ထက္ နည္းနည္း ျဗဳတ္စဗ်င္းေတာင္း ျဖစ္ေနတယ္... ဒါေၾကာင့္ ေက်းဇူးျပဳၿပီး..."

"စံအိမ္မွာပဲ တည္းလိုက္ပါ... အထိန္းေတာ္ေခါင္းေဆာင္စူး..."

က်ဴးကြၽင္းယန္က ေရွာင္ေခ်ာင္းကို ဖ်တ္ခနဲ ၿပဳံးျပလိုက္ၿပီး သူမ ေျပာလက္စ စကားကို ေခ်ာေမြ႕စြာ ဆက္ေျပာေပးလိုက္သည္။

စူးရန္က ခပ္ေဖ်ာ့ေဖ်ာ့ေလး မၿပဳံးခင္ သူ႔ရဲ႕အၾကည့္ေတြကို ေရွာင္ေခ်ာင္းနဲ႔ က်ဴးကြၽင္းယန္ၾကား တလွည့္စီ ေ႐ႊ႕လိုက္သည္။

"ကြၽန္ေတာ္လည္း တုန္ရွန္း႐ြာကို ေရာက္ေနၿပီဆိုေတာ့ ၾကင္ယာေတာ္မင္းသမီးႀကီးဆီ သြားႏႈတ္ဆက္ဂါရဝျပဳဖို႔ ေတြးထားၿပီးသားပါ..."

လမ္းေပ်ာက္ေနတဲ့ ယြီအိမ္ေတာ္က က်န္တဲ့လူေတြကို ေရွာင္ေခ်ာင္းက ေျပာလိုက္သည္။

"အေဖ, ၿမိဳ႕ေတာ္သြားဖို႔အတြက္ အေဖအထုပ္ေတြျပင္ထားသင့္တယ္... အေမ, အေမကက်ေတာ့ သမီးေမြးစားအေမကို လက္ေဆာင္ေပးဖို႔ အထူးလက္ေဆာင္ ပစၥည္းေလးေတြ ရွိမရွိ ရွာထားေပးပါလား? ေမြးစားအေမက သမီးတို႔လုပ္တဲ့ ဝက္ေပါင္ေျခာက္နဲ႔ ငါးေျခာက္ကို ႀကိဳက္တယ္..."

သူ႔သမီးစကားေတြ ၾကားေတာ့မွ လင္မယားႏွစ္ေယာက္က အခုမွ အိပ္မက္က ႏိုးထလာခဲ့ရသလိုမ်ိဳး သတိျပန္ဝင္ကာ လုပ္စရာရွိတာ လုပ္ၾကေတာ့သည္။ ဘုရင္မင္းျမတ္ကို ေတြ႕ဖို႔ ၿမိဳ႕ေတာ္ကို ဝင္ခြင့္ရတယ္ဆိုတဲ့ အမိန႔္ေတာ္ကို ၾကားၿပီးတည္းက ယြီဟိုင္က ေနမထိထိုင္မသာျဖစ္ကာ လမ္းေတာင္ မနည္းေလွ်ာက္ရသည္။ သူ႔လက္ေတြ၊ ေျခေထာက္ေတြက သူ႔အမိန႔္ကို မနာခံခ်င္ၾကေတာ့ဘူး။ ေနာက္ၿပီး သူ႔ဦးေႏွာက္ေတြကလည္း အလုပ္မလုပ္ေတာ့လုနီးပါပင္! ဒီဘဝမွာ ဘုရင္မင္းျမတ္ကို ဒီလို ေတြ႕ဆုံခြင့္ ရလိမ့္မယ္လို႔ သူေတြးကို မေတြးမိခဲ့ဖူးဘူး။ သူေတြ႕ရမွာ ဇာတ္ထဲက ဘုရင္မဟုတ္ဘဲ တကယ္ သက္ရွိထင္ရွားရွိေနတဲ့ ဘုရင္မင္းျမတ္အစစ္တဲ့! သူေသမယ္ဆိုေတာင္ ေသေပ်ာ္ၿပီ!

အမ်ိဳးသမီးလ်ိဳက အနည္းငယ္ မဝံ့မရဲေလးျဖစ္ေနသည္။ ဒါေၾကာင့္သူမက အထိန္းေတာ္ေခါင္းေဆာင္စူးရယ္၊ ေတာ္ဝင္မင္းသားယန္ရယ္နဲ႔ သူမသမီးပုံရိပ္တို႔ သစ္ပင္ေတြ ဖုံးအုပ္ထားတဲ့ ေက်ာက္လမ္းေလးကေန ေပ်ာက္သြားၾကတဲ့အခ်ိန္မွာ သူမအမ်ိဳးသားဘက္လွည့္လိုက္ၿပီး

"ေရွာင္ေခ်ာင္းတို႔အေဖ, ဘုရင္မင္းျမတ္က ကြၽန္မတို႔ကို ဘာလို႔ေတြ႕ခ်င္ရတယ္လို႔ ရွင္ထင္တုန္းေတာ့္? အဲ့တာေကာင္းတဲ့အရာလား ဆိုးတဲ့အရာလား?"

ယြီဟိုင္ကလည္း အနည္းငယ္လမ္းေပ်ာက္ကာ မေသမခ်ာျပန္ေျဖသည္။

"ကိုယ္လည္း ေသခ်ာမသိဘူး... ေခ်ာင္းအာက အထိန္းေတာ္ေခါင္းေဆာင္စူးေနာက္ လိုက္သြားၿပီ... သူ ရွိရင္ေတာ့ မင္းသိခ်င္တဲ့ အေျဖကို တိတိက်က် ခန႔္မွန္းေပးႏိုင္ေလာက္မွာ"

ယြီမိသားစုနဲ႔အတူလိုက္ပါၿပီး နန္းတြင္းအမိန႔္ေတာ္ျပန္ထမ္းစာရခဲ့တဲ့ ႐ြာသူႀကီးကလည္း အမိန႔္ေတာ္စာကို တုန္ရီေနတဲ့ လက္ေတြထဲမွာကိုင္ကာ ၾကည့္ေနသည္။ ႐ြာသူႀကီးတစ္ေယာက္အေနနဲ႔ ဘုရင္မင္းျမတ္ဆီက အမိန႔္ေတာ္ျပန္တမ္းစာ ႏွစ္ခါေတာင္ရဖို႔ သူတကယ္ႀကီးကံေကာင္းခဲ့တာေပါ့! ဘုရင္မင္းျမတ္ရဲ႕ ျပန္တမ္းစာက သူနဲ႔တိုက္႐ိုက္မပတ္သက္ေနတာေတာင္ သူ႔စိတ္ထဲမွာအလြန္ကို ပီတိျဖစ္ေနရသည္။ ပထမတစ္ခါ သူ အမိန႔္ေတာ္ျပန္တမ္းစာရတုန္းက မုဆိုးေက်ာက္တို႔မိသားစု ၿမိဳ႕ေတာ္ကို သြားရၿပီး မုဆိုးေက်ာက္က စစ္သူႀကီးေတာင္ျဖစ္သြားခဲ့တာ။ ဒီတစ္ႀကိမ္ ယြီမိသားစုကလည္း ဒီအမိန႔္ေတာ္ျပန္တမ္းေၾကာင့္ ေကာင္းစားၾကေပဦးေတာ့မွာေပါ့!

သူက ဘုရင္မင္းျမတ္ဆီက အမိန႔္ေတာ္ျပန္တမ္းကို ယြီမိသားစုဆီ ႐ိုေသသမႈနဲ႔ ျပန္ေပးလိုက္ၿပီး ယြီဟိုင္တို႔ လင္မယားကို ႏွစ္သိမ့္တဲ့အေနနဲ႔ ၿပဳံးျပလိုက္သည္။

"မစိုးရိမ္ၾကပါနဲ႔... ဘုရင့္အမိန႔္ေတာ္ျပန္တမ္းကို ဖတ္ဖို႔လာခဲ့တဲ့လူက အထိန္းေတာ္ေခါင္းေဆာင္ဆိုတာ မင္းတို႔ျမင္သားနဲ႔... သူ႔ပုံစံကလည္း ေအးေအးေဆးေဆးနဲ႔ မင္းတို႔မိသားစုကိုလည္း ေႏြးေႏြးေထြးေထြး ဆက္ဆံေနတာ... ေတာ္ဝင္မင္းသားယန္ေတာင္ ၿပဳံးေနတယ္-- ဆိုေတာ့ ဒါေသခ်ာေပါက္ သတင္းဆိုးမဟုတ္ဘူး! အႀကီးဆုံးတူေလး, မင္းတို႔ဆီကို ေကာင္းမြန္တဲ့ အရာေတြလာေနၿပီကြ! မင္းတို႔ေကာင္းစားခ်ိန္က်ရင္ တို႔တုန္ရွန္း႐ြာကိုလည္း ေစာင့္ေရွာက္ေပးဖို႔ မေမ့နဲ႔ဦးေနာ့!"

"သူႀကီးကေတာ့ ခ်ဲ႕ကားေျပာေနျပန္ပါၿပီ... ကြၽန္ေတာ္က သာမန္လယ္သမားတစ္ေယာက္ပါ... ဘယ္လိုလုပ္ ႐ြာကိုေစာင့္ေရွာက္ႏိုင္မွာလဲ?"

ယြီဟိုင္က သူႀကီးစကားေတြၾကားၿပီး အခုမွစိတ္သက္သာရာရေတာ့သည္။

သူႀကီးက အခုပိုလို႔ ေႏြးေႏြးေထြးေထြးျဖစ္တဲ့ အမူအရာနဲ႔ ၿပဳံးလိုက္သည္။

"ငါ့အထင္ အရင္တစ္ေခါက္ ငါတို႔ဝိုခုန္းဓားျပေတြနဲ႔တိုက္ခိုက္တုန္းက မင္းတို႔မိသားစုအေနနဲ႔ အေတာ္ေလး ေကာင္းေကာင္းမြန္မြန္ ကိုင္တြယ္ခဲ့ၾကလို႔ ထင္တယ္... ေရွာင္ေခ်ာင္းေၾကာင့္သာမဟုတ္ရင္ တို႔႐ြာလည္း ဟိုဘက္႐ြာလို ပ်က္စီးဆုံးရႈံးတဲ့ ဒုကၡေတြႀကဳံရမွာ... ေနာက္ၿပီး မင္းရဲ႕ ေရွာင္ရွ ၿမိဳ႕ေစာင့္တပ္ဆီ အသက္နဲ႔ရင္းၿပီး သတင္းသြားမပါးခဲ့ရင္ သူတို႔လည္း အခ်ိန္မီေရာက္မလာႏိုင္ဘဲ ဆိပ္ကမ္းတစ္ခုလုံးလည္း ကုန္သည္ေတြနဲ႔ ေသြးစြန္းကုန္ၾကရမွာ... ၿပီးေတာ့ သူတို႔ကုန္ပစၥည္းေတြ လုခံယက္ခံရနဲ႔ အမ်ားႀကီး ဆုံးရႈံးရမွာေလ! မင္းတို႔မိသားစုရဲ႕ အကူအညီေတြေၾကာင့္ မင္းတို႔ ၿမိဳ႕ေတာ္ေရာက္တဲ့အခါ ဘုရင္မင္းျမတ္က ဆုေတာ္လာဘ္ေတာ္ေတြ ဒါမွမဟုတ္ နန္းတြင္းဘြဲ႕တစ္ခုခုေတာင္ ႏွင္းအပ္ႏိုင္တယ္... "

"သူႀကီးရဲ႕ အတိတ္ေကာင္းနမိတ္ေကာင္းစကားေတြကို ကြၽန္ေတာ္ ၿမိဳ႕ေတာ္ထိသယ္သြားပါ့မယ္! "

ယြီဟိုင္က သူ ၿမိဳ႕ေတာ္သြားရင္ယူဖို႔ အထုပ္အပိုးေတြ သယ္ရေအာင္ ေက်ာက္မိသားစုအိမ္ကို မျပန္ခင္ သူ႔ကို ဝိုင္းအုံကာ ေက်းဇူးတင္ၿပီး မနာလိုျဖစ္တဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေနၾကတဲ့ ႐ြာသားေတြကို လက္ႏွစ္ဖက္ သြယ္ယွက္ကာ ေလးေလးနက္နက္ အ႐ိုအေသျပဳလိုက္သည္။ အမ်ိဳးသမီးလ်ိဳကလည္း ယြီဟိုင္ေနာက္ကေန ေတာင္ေပၚကို လိုက္သြားသည္။ ဝိုခုန္းဓားျပေတြက အသားေျခာက္ေတြနဲ႔ အေအးခန္းထဲ ထည့္သိမ္းထားတဲ့ ဘဲသားနဲ႔ ၾကက္သားေတြကို ေမႊမသြားၾကဘူးဆိုေတာ့ သူမအေနနဲ႔ အဲ့ထဲက တခ်ိဳ႕ကို ေရွာင္ေခ်ာင္းေမြးစားအေမအတြက္ ထည့္ေပးလိုက္လို႔ရေသးသည္။

ေရွာင္ေခ်ာင္းေမြးစားအေမကလည္း ဝိုခုန္းဓားျပေတြ က်ဴးေက်ာ္ခံရတယ္ဆိုတဲ့ သတင္းၾကားတုန္းက ၿမိဳ႕ေတာ္ကေန လိုအပ္မယ့္ ပစၥည္းပစၥယေတြကို လွည္းတစ္စီးနဲ႔ ပို႔လိုက္ေသးသည္။ အဲ့ဒီပစၥည္းေတြထဲမွာ အစားအေသာက္၊ အဝတ္အထည္နဲ႔ သူတို႔ ေန႔စဥ္လိုအပ္မယ့္ ပစၥည္းေတြအားလုံးပါသည္။ ဓားျပေတြက လုံးဝကို က်ဴးေက်ာ္ေနထိုင္သြားခဲ့ၾကတာဆိုေတာ့ ယြီမိသားစု ပိုက္ဆံ ျပတ္လပ္မွာစိုးၿပီး သူမက ေငြလ်န္တစ္ေထာင္ကိုလည္း ထည့္ေပးလိုက္ေသးသည္။ ဒီလို စစ္မွန္တဲ့ ေမြးစားအေမမ်ိဳးရတာ သူမသမီးေတာ့ တကယ္ ကံေကာင္းသည္။ သူတို႔အေနနဲ႔ကေတာ့ သခင္မဖန္းကို အရမ္းတန္ဖိုးႀကီးတာ တစ္ခုခု ျပန္မေပးႏိုင္သလို သခင္မအေနနဲ႔ကလည္း ၿမိဳ႕ေတာ္မွာ ဘာမွ လိုအပ္ေနတာမ်ိဳး မရွိဘူး။ ဒါေၾကာင့္ အမ်ိဳးသမီးလ်ိဳက ေရွာင္ေခ်ာင္းေမြးစားအေမကို သေဘာက်ေစမယ့္ ေဒသထြက္ ပစၥည္းေတြကိုသာေပးဖို႔ ျပင္ဆင္လိုက္သည္။

စူးရန္၊ က်ဴးကြၽင္းယန္နဲ႔ ေရွာင္ေခ်ာင္းတို႔က ေတာထဲက လူသြားလမ္းေလးထဲမွာ ေပါ့ေပါ့ပါးပါး လမ္းေလွ်ာက္ေနၾကသည္။ ေႏြရာသီအစပိုင္းမို႔ ေကာင္းကင္မွာ ေနမင္းႀကီးက ပူျပင္းစြာ ေတာက္ပေနေပမယ့္ ေအးျမၿပီး အနည္းငယ္ စိုထိုင္းစပါတဲ့ ေလျပည္ေလးက သူတို႔ကို သက္ေတာင့္သက္သာ ျဖစ္ေစသည္။ အျမင္အာ႐ုံထဲမွာ စိမ္းစိမ္းစိုစို ျမင္ကြင္းေတြနဲ႔ျပည့္ေနၿပီး သူတို႔ လွည့္ပတ္ၾကည့္ၾကည့္လိုက္ရင္ ပင္လယ္ျပင္ရဲ႕ အျပာေရာင္မ်က္ႏွာျပင္က အလြန္အမင္း အေရာင္တင္ထားတဲ့ မွန္တစ္ခ်ပ္နဲ႔တူေနသည္။ ေကာင္းကင္နဲ႔ပင္လယ္တို႔ရဲ႕ အျပာေရာင္မ်က္ႏွာျပင္ေတြက ဆုံမွတ္ကို ဘယ္မွာေတြ႕မလဲ ဆိုတာမေျပာႏိုင္ဘဲ အဆုံးအစမရွိ ေရာေႏွာေနၾကသည္။

"ဒီေနရာက အနားယူအပန္းေျဖဖို႔ေနရာေကာင္းပဲ!"

စူးရန္ရဲ႕ သန႔္ရွင္းသန႔္ျပန္ေနတဲ့ ဝတ္႐ုံေထာင့္စြန္းေတြက ေလျပည္တစ္ခ်က္ သုတ္လိုက္တိုင္း သူ႔ပုံစံကို အခ်ိန္မေ႐ြး ေလနဲ႔အတူ ပ်ံသန္းသြားေတာ့မယ့္ဟန္မ်ိဳး ျဖစ္ေနေစသည္။ ေရွာင္ေခ်ာင္းလည္း မေနႏိုင္စြာနဲ႔ ထိုျမင္ကြင္းကို ေငးၾကည့္ေနမိၿပီ!

က်ဴးကြၽင္းယန္က ဒါကိုျမင္ၿပီး သူ႔စိတ္ထဲမွာ ခ်ဥ္တင္တင္ႀကီး ျဖစ္သြားသည္။ သူ႔အမ်ိဳးသမီးေလးက အရင္ကဆို သူ႔ကိုပဲၾကည့္ေနတတ္တာ အခုေတာ့သူမက သူ႔ေရွ႕မွာတင္ သူ႔ကို သစၥာေဖာက္ေနၿပီေပါ့ေလ? ေတာ္ေတာ္ တရားလြန္တယ္! အျခားေယာက္်ားတစ္ေယာက္ကို ဣေျႏၵမထိန္းႏိုင္ေအာင္ ေငးေနတဲ့ သူ႔မိန္းကေလးကို သတိျပန္ကပ္သြားေအာင္ က်ဴးကြၽင္းယန္က လုပ္ေခ်ာင္းႀကီး ျပင္းျပင္းထန္ထန္ ဆိုးျပလိုက္သည္။

ဒါေပမယ့္ သူ႔ေခ်ာင္းဆိုးသံက ေကာင္မေလးရဲ႕အၾကည့္ေတြကို ရပ္တန႔္သြားေစမယ့္အစား ရႈခင္းၾကည့္ေနတဲ့ စူးရန္ရဲ႕ အာ႐ုံကို ဆြဲေဆာင္သြားသည္။ စူးရန္က သဝန္တိုစြာၾကည့္ေနတဲ့ ေတာ္ဝင္မင္းသားယန္ရဲ႕ အၾကည့္တစ္ေလွ်ာက္ကို လိုက္ၾကည့္လိုက္ေတာ့ ေရွာင္ေခ်ာင္းက သူ႔(စူးရန္)ကို ၾကည့္ၿပီး အၾကည့္ထဲမွာ နစ္ေျမာေနတာကို ေတြ႕လိုက္ရသည္။ စူးရန္က သူ႔ရဲ႕ စႏၵယားဆရာတစ္ေယာက္ရဲ႕လက္လို လွပတဲ့ ရွည္ရွည္သြယ္သြယ္ လက္ေခ်ာင္းေတြကို ဆန႔္ထုတ္လိုက္ၿပီး ေရွာင္ေခ်ာင္းမ်က္ႏွာေရွ႕မွာ ခါယမ္းကာ ၿပဳံးရင္း

"မိန္းကေလးေရွာင္ေခ်ာင္း, ဘာေတြမ်ား ေတြးေတာေနတာလဲ?"

"ဆရာစူးက သာမန္လူေတြနဲ႔မတူတဲ့ မိုးက်ေ႐ႊကိုယ္ေလးလိုပါပဲလား..."

ေရွာင္ေခ်ာင္းက အိပ္ေမြ႕ခ်ခံထားရသလို နစ္ေျမာေနမိၿပီး သူမအေတြးကို လႊတ္ခနဲ တိုးတိုးေလး ေျပာမိသြားသည္။ ၿပီးမွ ကိုယ္ေျပာတာကိုယ္ သတိထားမိသြားၿပီး မ်က္ႏွာေလးက ရဲတက္သြားရေတာ့သည္။ သူမက ငုံးေလးတစ္ေကာင္လို ဇက္ကေလးကို ပုလိုက္သည္။

ေရွာင္ေခ်ာင္းစကားေၾကာင့္ စူးရန္ဆီကေန ႐ႊင္ျမဴးတဲ့ရယ္သံေလး ထြက္လာသည္။ သူ ငယ္စဥ္ထဲက သူ႔ရဲ႕ လွပတဲ့ပုံသ႑ာန္က ေအာက္တန္းက်၊ ေလာဘႀကီးၿပီး တဏွာစိတ္ပါတဲ့ စိတ္ဆႏၵေတြကိုသာ ဖမ္းစားခဲ့တာ။ သူ ဘုရင္မင္းျမတ္ရဲ႕ အယုံၾကည္ရဆုံးေသာ အထိန္းေတာ္ေခါင္းေဆာင္ ျဖစ္လာၿပီးေနာက္ ပထမတန္းစားအရာရွိေတြေတာင္ သူ႔ကိုယဥ္ေက်းစြာ ဆက္ဆံၾကရေပမယ့္ ကြယ္ရာမွာေတာ့ သူ႔ရဲ႕ လွပတဲ့႐ုပ္ရည္ေၾကာင့္ မနာလိုအထင္ေသးၾကည့္ေတြနဲ႔ ၾကည့္ခံရသည္။ ဒါေၾကာင့္ ႐ုပ္ရည္နဲ႔ ပတ္သက္ၿပီး စစ္မွန္တဲ့ ခ်ီးက်ဴးစကား ၾကားဖူးတာ ဒါပထမဆုံးပင္။ ဒါေၾကာင့္ သူကရင္ထဲမွာ အလြန္ထိသြားၿပီး စိတ္ထဲမွာလည္း မခ်ိတင္ကဲေလး ျဖစ္သြားရသည္။

ေရွာင္ေခ်ာင္းက သတိမထားမိေပမယ့္ က်ဴးကြၽင္းယန္ကေတာ့ အထိန္းေတာ္ေခါင္းေဆာင္ရဲ႕ အႀကီးမားဆုံး နားမခံႏိုင္တဲ့စကားက သူ႔႐ုပ္ရည္နဲ႔ပတ္သက္ၿပီး ခ်ီးမြမ္းတဲ့စကားေတြဆိုတာ သိသည္။ စူးရန္ရဲ႕ လွပတဲ့အသြင္အျပင္ေၾကာင့္ သူတို႔ရဲ႕ရာထူးကိုေတာင္ေမ့ေလ်ာ့ၿပီး စူးရန္ကို အမ်ိဳးသားကိုယ္လုပ္ေတာ္အျဖစ္ ထားခ်င္ၾကတဲ့ ရာထူးျမင့္အရာရွိႀကီးေတြ ေတာ္ေတာ္မ်ားမ်ားက မရႉမလွတဲ့ ေသျခင္းနဲ႔ အဆုံးသတ္ခဲ့ရတာ။ ဒီကေလးမေလးက ေပၚတင္ႀကီး ခ်ီးမြမ္းစကားဆိုလိုက္တာ သူ႔ကို "လွလိုက္တာ" ဆိုၿပီးေျပာမိဖို႔ လက္တစ္ကမ္းအလိုပဲ။ သူသာဝင္မတားလိုက္ရင္ ဒီေကာင္မေလး ပါးစပ္ကေန ဘယ္လိုတုန္လႈပ္ဖြယ္စကားေတြမ်ား ထပ္ထြက္လာမယ္မသိဘူး။

က်ဴးကြၽင္းယန္က ေရွ႕တစ္လွမ္းတိုးကာ စူးရန္ေရွ႕ကေန ပိတ္ရပ္လိုက္သည္။ က်ဴးကြၽင္းယန္က သူ႔မိန္းကေလးငယ္ေလးအတြက္ ေရွ႕က တစ္ခုခု ကာေျပာေပးလိုက္ခ်င္ေပမယ့္ စူးရန္က အၿပဳံးတစ္ပြင့္နဲ႔ အရင္စကားဆိုလာသည္။

"မိန္းကေလးေရွာင္ေခ်ာင္းရဲ႕ ဟင္းခ်က္စြမ္းရည္က အေတာ္ထူးကဲလို႔ ဘုရင္မင္းျမတ္ေတာင္မွ အေတာ္ေလးကို အထင္ႀကီးေလးစားေနတာ... စူးရန္သာ ဟင္းေတြဘာေတြ မစားလို႔ရွိရင္ အဲ့တာ မိန္းကေလးေရွာင္ေခ်ာင္းရဲ႕ လက္ရာကို မျမည္းစမ္းႏိုင္ေတာ့ဘူးဆိုတဲ့သေဘာပဲေပါ့... ကြၽန္ေတာ့္အေနနဲ႔ အခြင့္အေရးကို လက္လႊတ္လိုက္သလိုမ်ား ျဖစ္ေနမလား?"

'ဟမ္? ဟမ္? အထိန္းေတာ္ေခါင္းေဆာင္စူးရန္က ေဒါသျဖစ္ၿပီး ၿပဳံးေနတာေတာ့ မဟုတ္ဘူးမလား? သူက စေနာက္ၿပီးေတာင္ ေနေနတာဆိုေတာ့ ေရွာင္ေခ်ာင္းကို စိတ္မတိုသြားဘူးေပါ့?'

က်ဴးကြၽင္းယန္က ေရွာင္ေခ်ာင္းျပန္မေျပာခင္ ျမန္ျမန္ၾကား ကဝင္ေျပာလိုက္သည္။

"ဒီေန႔လယ္က်ရင္ အိမ္ေတာ္ထိန္းစူးအတြက္ ေရွာင္ေခ်ာင္းကို ေတာင္းပန္တဲ့အေနနဲ႔ အထင္ကရ ဟင္းပြဲတခ်ိဳ႕ ျပင္ခိုင္းလိုက္ေလ..."

"ေတာင္းပန္ဖို႔? ေတာ္ဝင္မင္းသားယန္က တစ္စိတ္ကိုတစ္အိတ္လုပ္ေနပါၿပီဗ်ာ!"

စူးရန္ရဲ႕အၾကည့္က ေတာ္ဝင္မင္းသားယန္ေပၚ အသာေလးျဖတ္ေျပးသြားသည္။ ထိုအၾကည့္က ယခင္က အၾကည့္မ်ားထက္ ေအးစက္မႈတို႔ အနည္းငယ္မွ် စြက္ေနသည္။ ၿပီးေနာက္ သူက ကိုယ္ကိုလွည့္လိုက္ကာ အလြန္က်ယ္ေျပာတဲ့ ပင္လယ္ႀကီးကိုၾကည့္ၿပီး ေကာင္းကင္နဲ႔ပင္လယ္ႀကီး ဘယ္ေနရာမွာ ဆုံၾကမလဲဆိုတာကို အေတြးနယ္ခ်ဲ႕ေနေတာ့သည္။

ေရွာင္ေခ်ာင္းက ရႈပ္ေထြးစြာနဲ႔ က်န္ခဲ့ရသည္။ သူမက က်ဴးကြၽင္းယန္ကို ၾကည့္လိုက္ကာ ႏွာေခါင္းကိုတြန႔္ရင္း ခပ္တိုးတိုးေျပာလိုက္သည္။

"ကြၽန္မက ဘာလို႔ဆရာစူးကို ေတာင္းပန္ရမွာလဲ? ကြၽန္မ ဘာအမွားမွ မလုပ္ထားတာ! ကြၽန္မတို႔ စကားဝိုင္းကို ဘလိုင္းႀကီး လာမျဖတ္ပါနဲ႔... ရွင္ဝင္မေျပာခင္တုန္းက ဆရာစူးရဲ႕ စိတ္အေျခအေန ေတာ္ေတာ္ေလး ေကာင္းေနတာ အခု ရွင္ဝင္ေျပာလိုက္မွ စိတ္မသက္မသာျဖစ္သြားတာ ရွင္မျမင္ဘူးလား?"

က်ဴးကြၽင္းယန္လည္း စူးရန္ရဲ႕ပုံစံက အေစာကေလာက္ ႐ႊင္႐ႊင္ပ်ပ်မျဖစ္ေနတာကို ခံစားမိသည္။ သူ စူးရန္ရဲ႕စိတ္ကို ဖတ္ၾကည့္လိုက္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ ႐ုတ္တရက္ သေဘာေပါက္သြားသည္။ မိန္းမစိုးေတြက အၿမဲသာမန္လူေတြထက္ ႏွိမ့္ခ်ဆက္ဆံခံရသည္။ စူးရန္က အယုံၾကည္အရဆုံးနဲ႔ ဘုရင့္အေလးေပးခံရဆုံး မိန္းမစိုးျဖစ္ေနတာေတာင္ လူေတြက သူ႔ကိုအထင္အျမင္ေသးၿပီး ေနာက္ကြယ္မွာ သပုတ္ေလလြင့္ ေျပာေနၾကေသးတာ။ သူ႔ေရွ႕မွာ ယဥ္ယဥ္ေက်းေက်း ဆက္ဆံျပၾကတာကေတာ့ တစ္ပိုင္းေပါ့။ အထိန္းေတာ္ေခါင္းေဆာင္စူးက ဒါေတြကို အေတြ႕အႀကဳံရွိၿပီးသားဆိုေတာ့ သူ႔စိတ္ထဲမွာ ဒီရႈပ္ေထြးဆိုးဝါးတဲ့ အရာေတြအေပၚ ခြဲျခမ္းစိတ္ျဖာႏိုင္စြမ္းရွိေနတာ သဘာဝပင္။

***

အပိုင္း ၄၁၄ သူ႔အၾကားအာ႐ုံထဲက လွပသည့္တမ္းခ်င္း

ဒီမိန္းမငယ္ေလးက စိတ္ႏွလုံးျဖဴစင္လွတယ္။ သူမ၏မ်က္လုံးထဲတြင္ အထိန္းေတာ္ေခါင္းေဆာင္စူးသည္ အျခားသူမ်ားကဲ့သို႔ပင္ျဖစ္ကာ သူမသည္ သူ၏အသြင္အျပင္ကို ႐ိုး႐ိုးသားသား သေဘာက်ၿပီး သူ၏ အရွိန္အဝါေၾကာင့္သူႏွင့္ ရင္ႏွီးလာတာ ျဖစ္သည္။ အထိန္းေတာ္ေခါင္းေဆာင္စူးအေပၚ သူမ၏ တုံ႔ျပန္မႈတိုင္းသည္ အဆင့္အတန္းေတြေၾကာင့္မဟုတ္ဘဲ ႐ိုးသားျဖဴစင္သည္။ ခ်ီးမြမ္းျခင္းႏွင့္ ေငးၾကည့္ျခင္းတိုင္းတြင္ သူမကိုယ္သူမ ႐ိုးသားသည္။ ထို႔ေၾကာင့္ အထိန္းေတာ္စူးသည္လည္း သူမအား တမူထူးစြာပင္ ဆက္ဆံသည္။

"ဆရာစူး ဒီေနရာက ပင္လယ္ဘက္ကို မ်က္ႏွာမူၿပီး ေတာင္ေတြကို ေက်ာခိုင္းထားေတာ့ ပတ္ဝန္းက်င္ကလည္း လွပတယ္... ဖုန္းေ႐ႊ(ေလ၊ေရ)လည္း ထူးျခားလွတယ္... အနားယူတဲ့အခ်ိန္က်ရင္ ဆရာစူးရဲ႕က်န္တဲ့ ေန႔ရက္ေတြကို ျဖတ္သန္းဖို႔ ဒီေနရာကို လာႏိုင္ပါတယ္... "

စူးရန္က ဒီပင္လယ္ရႈခင္းအား သေဘာက်ေနသည္ကို ျမင္လိုက္ရသျဖင့္ ယြီေရွာင္ေခ်ာင္း၏ မ်က္လုံးမ်ားသည္ လင္းလက္လာၿပီး ၿပဳံးစိစိလုပ္ကာ

"ဆရာစူး ကြၽန္မ ရွင့္ကို ကဗ်ာတစ္ပုဒ္ ႐ြတ္ျပလို႔ရမလား.."

စူးရန္က မ်က္ႏွာေပၚမွာ ေႏြးေထြးတဲ့ အၿပဳံးတစ္ခုနဲ႔ လွည့္လာကာ သူမကိုၾကည့္ရင္း

"အိုး ကဗ်ာ ဘယ္လို႐ြတ္ရမလဲကို သိတယ္လား..."

"ကြၽန္မကို ေလွ်ာ့မတြက္ပါနဲ႔... အနည္းဆုံးေတာ့ ခ႐ိုင္အရာရွိေမာင္ေလးနဲ႔ ႏွစ္ႏွစ္ေလာက္ ေလ့လာထားၿပီးသားပါ.. "

ယြီေရွာင္ေခ်ာင္းသည္ မ်က္လုံးမ်ားကို လွိမ့္ကာ လွိမ့္ကာ လည္ေခ်ာင္းကို ရွင္းထုတ္လိုက္ၿပီး

"မနက္ျဖန္မွ စ၍ ခ်မ္းသာသုချပည့္စုံသည့္သူ ျဖစ္ၿပီး..

ျမင္းမ်ားကို အစာေကြၽးလို႔၊ ထင္းခုတ္ကာ ကမာၻႀကီးကို ေက်ာ္ျဖတ္မယ္...

မနက္ျဖန္မွစ၍ ေကာက္ႏွံနဲ႔ ဟင္းသီးဟင္း႐ြက္မ်ားကို ျပဳစုေစာင့္ေရွာက္မယ္...

အကြၽႏ္ုပ္မွာ ေႏြဦးေပါက္ပန္းေတြနဲ႔ ပင္လယ္ကို မ်က္ႏွာမူထားတဲ့ အိမ္ေလးတစ္လုံးရွိေလတယ္..."__

အေကြ႕အေကာက္ရွိတဲ့ ျမစ္တိုင္းနဲ႔ ေတာင္ေတြတိုင္းကို ခ်စ္ဖြယ္အမည္ေပးလိုက္မယ္...

သူစိမ္းသူေရ၊ ငါလည္း မင္းကို ေပ်ာ္႐ႊင္ေစဖို႔ ဆႏၵရွိတယ္...

ေတာက္ပတဲ့ ေရွ႕လမ္းခရီးကို ေလွ်ာက္လွမ္းေစခ်င္တယ္..

ခ်စ္သူနဲ႔ေတြ႕ၿပီး အိမ္ေလးေဆာက္ခ်င္တယ္..

ဒီကမာၻႀကီးမွာ ေပ်ာ္႐ႊင္မႈေတြ ရေစခ်င္တယ္..

အကြၽႏ္ုပ္မွာေတာ့ ေႏြဦးေပါက္ပန္းေတြနဲ႔ ပင္လယ္ျပင္ကိုသာ မ်က္ႏွာမူ ေနခ်င္တယ္..."

က်ဴးကြၽင္းယန္သည္ ရယ္ခ်င္စိတ္ကို တြန္းလွန္ရင္း အသက္ေအာင့္ထားရသည္။ ခံစားခ်က္မဲ့သည့္ မ်က္ႏွာထားကို ထိန္းသိမ္းဖို႔ သူ အစြမ္းကုန္ ႀကိဳးစားထားေပမဲ့ သူ႔ႏႈတ္ခမ္းစြန္းက အနည္းငယ္ ေစာင္းကာ

"ေရွာင္ေခ်ာင္း ဒါက ကဗ်ာဆိုတာ ေသခ်ာလို႔လား..."

"ရွင္က အရမ္း မယဥ္ေက်းလြန္းတာပဲ... ကဗ်ာေတြရဲ႕ အႏုပညာသေဘာတရားကို ဘယ္လိုအသိအမွတ္ျပဳရမွန္းေတာင္ သိရဲ႕လား"

ယြီေရွာင္ေခ်ာင္းက သူ႔ကို မထီမဲ့ျမင္အၾကည့္ျဖင့္ ၾကည့္လိုက္သည္။ သူမ၏ ယခင္ဘဝတြင္ ေခတ္သစ္ကဗ်ာဆရာ ဟိုင္ဇီ ေရးသားထားသည့္ ဒီကဗ်ာစာသားသည္ လူမ်ားၾကားတြင္ အခ်ိန္အေတာ္ၾကာ ပ်ံ႕ႏွံ႔ခဲ့ၿပီး သူ၏ အေဖာ္မဲ့အထီးက်န္မႈမွာ ေပ်ာ္႐ႊင္မႈနဲ႔ ကဗ်ာဆရာ၏တမ္းျခင္းကို ေဖာ္ျပခဲ့သည္။ စူးရန္ရဲ႕ လက္ရွိ စိတ္အေျခအေနနဲ႔ ကိုက္ညီေသးသည္။

(ဟိုင္ဇီ - ယဥ္ေက်းမႈေတာ္လွန္ေရးအၿပီး တ႐ုတ္ျပည္မႀကီးတြင္ ေက်ာ္ၾကားဆုံးကဗ်ာဆရာတစ္ဦး)

စူးရန္က ေခါင္းၿငိမ့္ျပရင္း

"မိန္းကေလးေရွာင္ေခ်ာင္းရဲ႕ ကဗ်ာက တမ္းခ်င္းလို႔ ထင္ရေပမယ့္ ႏႈိင္းယွဥ္လိုက္ရင္ သူက ပိုလြတ္လပ္တယ္... ကဗ်ာရဲ႕ ရသက ရွင္းလင္းေပမယ့္ နက္နဲတယ္၊ ထင္ရွားေနေပမယ့္လည္း သြယ္ဝိုက္ေနေသးတယ္... ေပါ့ပါးၿပီး ႏွစ္သက္ဖြယ္ေကာင္းေပမဲ့လည္း ဂုဏ္သိကၡာရွိၿပီး ထူးကဲတယ္... တကယ့္ကို ရွားပါးေကာင္းမြန္တဲ့ ကဗ်ာတစ္ပုဒ္ပဲ..."

'ပန္းေတြပြင့္ေနခ်ိန္ ေႏြဦးရဲ႕ေႏြးေထြးမႈနဲ႔ပင္လယ္ကို မ်က္ႏွာမူလိုက္ပါ ..'

အရမ္းလွတဲ့ တမ္းတမႈတစ္ခုပဲ။ သူ႔ႏွလုံးသားထဲမွာ သူလိုခ်င္ေတာင့္တေနေပမဲ့ ဘယ္ေတာ့မွမရႏိုင္တဲ့ သာမန္ေႏြးေထြးမႈေလးေတြ ျဖစ္ႏိုင္ပါရဲ႕။ ေနာက္ျပန္လွည့္မၾကည့္မီ ၿငိမ္သက္ေနတဲ့ ပင္လယ္သမုဒၵရာေရျပင္ကို စူးရန္ ေနာက္ဆုံးတစ္ခ်က္ၾကည့္လိုက္ၿပီး ေက်ာက္ေလွကားမ်ားေပၚမွ တည္ၿငိမ္စြာ ဆက္တက္သြားလိုက္သည္။

သမိုင္းမွာ မ်က္ႏွာသာေပးခံရၿပီး မွတ္တမ္းတင္ခံရတဲ့ မိန္းမစိုးေတြထဲမွာ အမွန္တကယ္ ဘယ္ႏွစ္ေယာက္ကမ်ား ေခ်ာေခ်ာေမြ႕ေမြ႕ အနားယူႏိုင္ခဲ့ၾကလို႔လဲ။ အမ်ားစုမွာ ဧကရာဇ္မင္းအတြက္ မတရားအျပစ္တင္ျခင္းခံရသည္။ ဧကရာဇ္မင္းအား သူတို႔ရဲ႕အမွားေတြထဲ ဆြဲထည့္သည့္ လူေတြျဖစ္လာၾကၿပီး ေသဆုံးလွ်င္ပင္ ၿငိမ္းခ်မ္းစြာ အနားယူဖို႔ ေနရာမရွိခဲ့ၾကေပ။ ယခုအခ်ိန္တြင္ေတာ့ ဧကရာဇ္မင္းက ငယ္ေသးသည္။ သူသည္ ပညာရွိၿပီး သူ႔လူမ်ိဳးကို ခ်စ္ေသာ္ျငား အနာဂတ္မွာေရာ... လူ႔စိတ္က အလြယ္တကူ ေျပာင္းလဲတတ္သည္မို႔ အနာဂတ္မွာ ဘာျဖစ္မယ္ဆိုတာ ဘယ္သူသိမွာလဲ။ 'ပန္းေတြပြင့္ေနခ်ိန္ ေႏြဦးရဲ႕ေႏြးေထြးမႈနဲ႔ပင္လယ္ကို မ်က္ႏွာမူလိုက္ပါ' .. ဒါက သူ႔ႏွလုံးသားထဲတြင္ တစ္ခုတည္းေသာ တမ္းတမႈျဖစ္ေကာင္းျဖစ္ႏိုင္သည္။

"ဆရာစူး ရွင္က သူေတာ္စင္နဲ႔ ပိုသင့္ေတာ္မယ္ ထင္တယ္... ပင္လယ္ဘက္ကို မ်က္ႏွာမူထားတဲ့ ေတာင္တန္းေတြမွာ ေနထိုင္ၿပီး တံခါးအျပင္ဘက္မွာ မက္မြန္ပြင့္သစ္ပင္၊ သစ္ပင္တစ္ပင္ေအာက္မွာ ဗ်ပ္ေစာင္းေလးတစ္ခု..."

ယြီေရွာင္ေခ်ာင္းက သူမဆြဲေတြးထားသည့္ ျမင္ကြင္းေၾကာင့္ ခံစားခ်က္တို႔ ေျပာင္းသြားသည္။ အာ! ျပည္ႏွင္ခံရတဲ့ အမတမ်ိဳးက်င့္ႀကံသူတစ္ဦးနဲ႔ တူတယ္။ မက္မြန္ပြင့္ေတြေအာက္မွာထိုင္ရင္း ဗ်ပ္ေစာင္းကို တီးခတ္ေနမယ္... သူ႔အဝတ္စြန္းေလးက မက္မြန္ပန္းပြင့္ခ်ပ္ေတြနဲ႔အတူ ကခုန္ေနၿပီး ရွည္လ်ားတဲ့ဆံပင္ေတြကို ေလညင္းေလးကၾကင္နာစြာ ပြတ္သပ္သြားတယ္... အံ့အားသင့္စရာေကာင္းတဲ့ ျမင္ကြင္းတစ္ခုပဲ!...

စူးရန္သည္ ေလွကားကို ၿငိမ္သက္ျဖည္းညင္းစြာ တက္ေနေပမယ့္ သူမဖန္တီးထားေသာ ေအးခ်မ္းသာယာသည့္ဘဝဆီကို သူ႔ႏွလုံးသားထဲတြင္ လွပေသာ တမ္းတမႈနဲ႔ ခ်ဥ္းကပ္ႏိုင္လိမ့္မည္ ထင္သည္။ သူ႔ႏႈတ္ခမ္းမ်ား အေပၚမွျဖည္းျဖည္းခ်င္း ေကြးၫႊတ္သြားကာ ဧကရာဇ္မင္း၏ လွ်ိဳ႕ဝွက္တပ္သားမ်ားကို အမိန႔္ေပးသူ မဟုတ္ေတာ့ သလိုပင္။ သူသည္ စကၠန႔္ပိုင္းအတြင္း တရား႐ုံးကို ေသြးမ်ားစီးက်ႏိုင္သည့္ အထိန္းေတာ္ေခါင္းေဆာင္ မဟုတ္ေတာ့ဘဲထိုအစား မက္မြန္ပန္း ေတာအုပ္ထဲမွာ ဝိုင္ပုလင္းကို လက္ထဲကိုင္ေဆာင္ထားကာ မူးၿပီး လဲေလ်ာင္းေနသည့္သူေတာ္စင္တစ္ပါး ျဖစ္ေနသလို....

.

မင္းသားက်င္း၏ အေနာက္ေတာင္တန္း စံအိမ္ႀကီးတြင္ စူးရန္သည္ ေရွာင္ေခ်ာင္း ကိုယ္တိုင္ ႏွပ္ထားသည့္ လက္ဖက္ရည္ကို ေသာက္ကာ ၾကင္ယာေတာ္မင္းသမီးက်င္းကို ႏႈတ္ဆက္ၿပီးေနာက္ ထြက္ခြာလာခဲ့သည္။ အခ်ိန္ပိုၾကာၾကာေနလွ်င္ ထြက္ခြာဖို႔ ဝန္ေလးလာမည္ကို သူ စိုးရိမ္မိသည္... ၾကည့္ရတာ ရာထူး လက္လြဲအပ္ခံရသူကို ရွာေတြ႕သြားၿပီမလို႔ ထင္ပါရဲ႕

တုန္ရွန္း႐ြာမွ မထြက္ခြာမီတြင္ သူသည္ စစ္ျမင္းျဖဴ ေရွ႕တြင္ရပ္ကာ ေက်ာက္စိမ္းဆြဲသီးကို ျဖတ္၍ ယြီေရွာင္ေခ်ာင္းထံသို႔ ၿပဳံးလ်က္ဆိုလိုက္၏။

"မင္း ၿမိဳ႕ေတာ္ကို ေရာက္တဲ့အခါ မင္းမေျဖရွင္းႏိုင္တဲ့ အေျခအေနနဲ႔ ႀကဳံလာခဲ့ရင္ ဒီေက်ာက္စိမ္းဆြဲသီးကို အေရွ႕ဘက္ေသရည္ခ်က္ လူေနအိမ္ဆီ ယူသြား... ငါ စြမ္းေဆာင္ႏိုင္တဲ့ အေျခအေနမွာရွိေနသေ႐ြ႕ ငါ မင္းကိုေသခ်ာေပါက္ ကူညီေပးမွာပါ!"

ယြီေရွာင္ေခ်ာင္းသည္ သူမလက္ထဲသို႔ ေက်ာက္စိမ္းဆြဲသီးကို ႐ႊင္ျမဴးစြာ ယူလိုက္သည္။ သာမန္ငါးႏွစ္ေကာင္ေက်ာက္စိမ္းဆြဲသီးႏွင့္ တူေသာ္လည္း 'စူး' ဆိုသည့္စာလုံးကို ေနာက္ေက်ာတြင္ ထြင္းထား၏။ ဒါ ဆရာစူးရဲ႕ ကိုယ္ပိုင္တံဆိပ္လား။ ဆရာစူးသည္ ဧကရာဇ္မင္းျမတ္၏ ယုံၾကည္ရေသာ အထိန္းေတာ္ေခါင္းေဆာင္ျဖစ္သည္။ သူ႔ေက်ာေထာက္ေနာက္ခံျဖင့္ သူမသည္ ေၾကာက္႐ြံ႕ျခင္းမရွိ ၿမိဳ႕ေတာ္ကို ခ်ီတက္ႏိုင္သည္!

"ဆရာစူးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္.. ဒါကေတာ့ ကြၽန္မတို႔ကိုယ္တိုင္လုပ္ထားတဲ့ မက္မြန္ပြင့္ဝိုင္နဲ႔ ကြၽန္မကိုယ္တိုင္ဖန္တီးထားတဲ့ မက္မြန္ပြင့္လက္ဖက္ေျခာက္ပါ.. ဒီလက္ေဆာင္ေတြကို ရွင္ အထင္မေသးဘူးဆိုရင္ ျပန္ယူသြားၿပီး ျမည္းစမ္းၾကည့္လိုက္ပါ..."

တစ္စုံတစ္ခု လက္ေဆာင္ေပးခံရၿပီး တန္ျပန္လက္ေဆာင္ ေပးစရာလည္း မရွိလွ်င္ မယဥ္ေက်းေပ။ သူမ လက္ထဲမွာလည္း တျခားဘာမွ မရွိ။ ဒီအိမ္လုပ္ဝိုင္ႏွင့္ လက္လုပ္ လက္ဖက္ေျခာက္သည္ စားသုံးသူမ်ား၏ က်န္းမာေရးေကာင္းနဲ႔ ႏုပ်ိဳေသာအသြင္အျပင္ကို ထိန္းသိမ္းဖို႔ ကူညီေပးႏိုင္ၿပီး အရသာလည္း အေတာ္ေကာင္းမြန္သည္။ ဒါ့အျပင္ ဒါက ေဈးေပးရသည္မဟုတ္ဘဲ စိတ္ရင္းနဲ႔ေပးတဲ့ လက္ေဆာင္ပဲမဟုတ္လား...

အမွန္ပဲေပါ့!.. စူးရန္သည္ လက္ေဆာင္ကို အထင္အျမင္ေသးမည္ မဟုတ္ေပ။ သူက ၿပဳံးၿပီး ျပန္ေျပာလာသည္။

"စစ္သူႀကီးရဲ႕ ေနအိမ္မွာ မက္မြန္ပြင့္လက္ဖက္ေျခာက္ရည္က ေမႊးပ်ံ၊ ေသာက္ရတာ အရသာရွိၿပီး ငယ္႐ြယ္ႏုပ်ိဳတဲ့အသြင္အျပင္ကို ကူညီထိန္းသိမ္းေပးတဲ့အျပင္ တင္းတိပ္ေတြကို ဖယ္ရွားေပးတယ္ဆိုတာ ၿမိဳ႕ေတာ္မွာ မသိတဲ့သူ မရွိဘူး။ ဒီလက္ဖက္ရည္ ေသာက္တာေၾကာင့္ သခင္မဖန္းဟာ သူမရဲ႕ကိုယ္ဝန္ကေန တင္းတိပ္ေတြ လုံးဝေပ်ာက္ကြယ္သြားခဲ့တာလို႔ ေကာလဟာလေတြ ထြက္ေနတယ္.. ဒါတင္မကေသးဘဲ သူမက ႏွစ္အနည္းငယ္ေတာင္ ပိုငယ္သြားပုံရေသးတယ္.. သူမရဲ႕ အသားအေရကလည္း အရင္ကထက္ ပိုေကာင္းလာတယ္.. ဒါေၾကာင့္ ရယူဖို႔အရမ္းခက္ခဲတဲ့ ဒီမက္မြန္ပြင့္လက္ဖက္ေျခာက္က တကယ္ကို မိန္းကေလးေရွာင္ေခ်ာင္းရဲ႕ ကြၽမ္းက်င္တဲ့ ဖန္းတီးမႈပဲေပါ့!.."

မက္မြန္ပြင့္လက္ဖက္ရည္ကို မိန္းမျဖစ္သူဆီ သူမေမြးစားအေဖကို ယူသြားေပးဖို႔ ေတာင္းဆိုလိုက္တဲ့ မက္မြန္ပြင့္ေျခာက္လက္ဖက္ရည္က ၿမိဳ႕ေတာ္မွာ ဒီေလာက္ထိ လႈပ္ခတ္သြားတာ ယြီေရွာင္ေခ်ာင္း မသိခဲ့ပါေခ်။ သူမသည္ေပ်ာ္႐ႊင္ေနၿပီး ကံေကာင္းစြာပဲ သူမ ေမြးစားအေမက မက္မြန္ပြင့္လက္ဖက္ရည္၏ ဇစ္ျမစ္ကို မည္သူ႔ကိုမွ် မေျပာျပခဲ့ဘူး။ ဒီလိုမွမဟုတ္ရင္ သူမ သူမဘ၀ကို ဒီေနရာမွာ ၿငိမ္းခ်မ္းစြာေနထိုင္ႏိုင္မွာ မဟုတ္ေတာ့ဘူး။

သူမ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ရယ္ေမာမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဆရာစူးရဲ႕ အၾကည့္ေတြကို ျမင္လိုက္ရၿပီး သူမလည္ေခ်ာင္းရွင္းလိုက္ကာ

"ဒီမက္မြန္ပြင့္လက္ဖက္ရည္က လူတစ္ေယာက္ရဲ႕ ႏုပ်ိဳတဲ့အသြင္အျပင္ကို ထိန္းထားႏိုင္႐ုံတင္မဟုတ္ဘူး မီရီဒီယမ္ေတြကို ဖယ္ထုတ္ေပးၿပီး ခ်ီစြမ္းအင္နဲ႔ ေသြးေတြကို ျပန္လည္ျဖည့္တင္းဖို႔လည္း ကူညီေပးေသးတယ္... ၿပီးေတာ့ မက္မြန္ပြင့္ဝိုင္ကို မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ေန႔တိုင္း တစ္ခြက္စာကို ႏွစ္ႀကိမ္ေသာက္ေပးရင္ ေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ေပးတယ္... "

"ေကာင္းၿပီ၊ မိန္းကေလးေရွာင္ေခ်ာင္းရဲ႕ စစ္မွန္တဲ့ သေဘာထားကို ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္.. ေနာင္မွာ မိန္းကေလးေရွာင္ေခ်ာင္းရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာၿပီး မနက္တိုင္း ညတိုင္း ခြက္ေသးေသးေလးစီ ေသေသခ်ာခ်ာ ေသာက္သြားမွာပါ .. "

စူးရန္သည္ ဒီမိန္းကေလး ၫႊန္းၾကားေျပာထားသည့္ ဝိုင္၏ အက်ိဳးထိေရာက္မႈႏွင့္ ပတ္သက္၍ သံသယရွိေနဆဲ ျဖစ္ေသာ္လည္း မက္မြန္ပြင့္ဝိုင္ေသာက္ျခင္းမွ ရရွိမည့္အက်ိဳးမ်ားသာရွိေၾကာင္း သူ အလိုလိုခံစားမိသည္။

စူးရန္ ထြက္သြားသည္ႏွင့္ ေရွာင္ေခ်ာင္းသည္ ၿမိဳ႕ေတာ္သို႔ ခရီးထြက္ရန္ သူမ၏ ပစၥည္းမ်ားကို ထုပ္ပိုးဖို႔အတြက္ အျမန္ျပန္လာခဲ့သည္။ ထုံးစံအတိုင္း က်ဴးကြၽင္းယန္သည္ သူမကို တစ္ေယာက္တည္း သြားခြင့္မျပဳဘဲ ထိုမိန္းမငယ္ေလး စိုးရိမ္ေၾကာက္႐ြံ႕‌ေနမွာမို႔ သူမႏွင့္အတူ အေဖာ္လိုက္သြားသည္။

သူမမွာ သတၱိနည္းနည္းသာရွိေသာ္လည္း မင္းသားငယ္ထံမွ ယခုအႀကိမ္ ၿမိဳ႕ေတာ္သို႔ သူတို႔၏ ဆင့္ေခၚခ်က္သည္ ေကာင္းမြန္တယ္ဆိုတာ သိလိုက္ရၿပီးေနာက္ ေရွာင္ေခ်ာင္းသည္ သူမ၏ဖခင္ျဖစ္သူထက္ပင္ ပိုတည္ၿငိမ္ေနသည္။ ေနာက္ၿပီး ယခင္က သူမသည္ ဧကရာဇ္နန္းေတာ္သို႔ ဝင္ေရာက္ခဲ့ဖူးၿပီး ဧကရာဇ္မင္းျမတ္ႏွင့္ ဧကရီတို႔ႏွင့္ ေတြ႕ဆုံခဲ့ဖူးေသးသည္။ အို ဟုတ္သား.. ျပန္လည္ရွင္သန္လာတဲ့ ခ်စ္စရာေကာင္းတဲ့အဖိုး ဧကရာဇ္ေဟာင္းေရာပဲ။ သူမစကားမွာ အမွားအနည္းငယ္လုပ္မိရင္ေတာင္ ဧကရာဇ္နဲ႔ ဧကရီက အဲဒါကို စိတ္ထဲ ထားမွာမဟုတ္ဘူးလို႔ သူမယုံၾကည္တယ္။ ယခင္ကလည္း သူမက အိမ္ေရွ႕စံမင္းသားငယ္ကို ကူညီခဲ့ဖူးတယ္ေလ!...

သူမသည္ စစ္သူႀကီး၏ေနအိမ္ေရွ႕၌ ျမင္းေပၚမွ ဆင္းလိုက္သည္။ သတင္းပို႔သူက ေရွာင္ေခ်ာင္း၏ပုံသ႑ာန္ကိုျမင္ေတာ့ သခင္မႀကီးကို အစီရင္ခံဖို႔ အထဲသို႔ ေျပးဝင္သြားသည္။ ခဏတာ ပရမ္းပတာျဖစ္ၿပီးေနာက္ သူမေနာက္တြင္ က်န္းက်ဴး၊ လင္းလုံႏွင့္အတူ သခင္မဖန္း ေပၚလာကာ အိမ္ေတာ္အေစခံမ်ား လူအုပ္ပါ အတူပါလာသည္။

ယြီေရွာင္ေခ်ာင္းသည္ သူမအား ႏႈတ္ဆက္ရန္ သြားလိုက္ေသာ္ျငား သခင္မဖန္း၏ ရင္ခြင္ထဲသို႔ ဆြဲသြင္းခံလိုက္ရသည္။ သခင္မဖန္းက သူမေနာက္ေက်ာကို ႏွစ္ႀကိမ္ေလာက္ ပုတ္လိုက္ၿပီး

"အၾကင္နာမဲ့လိုက္တဲ့ ေကာင္မေလး! မင္းကို ၿမိဳ႕ေတာ္ကို လာဖို႔ ေျပာတာ ႏွိပ္စက္ဖို႔ေခၚတာက်ေနတာပဲ.. အခ်ိန္တိုင္း မင္းက ငါ့ဆီကို ပစၥည္းေတြပဲ ပို႔တယ္... ဒါေပမယ့္ ပစၥည္းေတြ ဘယ္ေလာက္ပဲ ပို႔လိုက္ ပို႔လိုက္ မင္းဒီကိုကိုယ္တိုင္ လာလည္တာကိုမမီဘူး ဆိုတာ သေဘာမေပါက္ဘူးမလား... အေမ မင္းကို အရမ္းသတိရေနတာ!.."

ေရွာင္ေခ်ာင္း၏ မ်က္ဝန္းတို႔ ေႏြးေထြးသြားရသည္။ သူမေမြးစားအေမျဖစ္သူ၏ မ်က္လုံးမ်ား နီရဲလာသည္ကို ျမင္လိုက္ရေတာ့ သခင္မဖန္း၏ေနာက္တြင္ ရပ္ေနေသာ ႏို႔ကေလးထိန္းရင္ခြင္ထဲမွ ပိန္ပိန္ပိန္ပါးပါး ကေလးေလးဆီသို႔ လ်င္ျမန္စြာ လွည့္ၾကည့္လိုက္ၿပီး

"အို ဒါ သမီးတို႔ရဲ႕ လင္းလင္းေလးလား.. အရမ္းႀကီးလာေနၿပီ! သူက ေတာ္ေတာ္ေခ်ာတာပဲ... ကံေကာင္းတာကသူက ေမြးစားအေဖနဲ႔ မတူဘူး..."

ေကာင္ငယ္ေလး ဖန္းေဟာက္လင္းသည္ သူ႔မိခင္၏ရင္ခြင္ထဲက မိန္းမငယ္ေလးကို စူးစူးစိုက္စိုက္ ၾကည့္ေနသည္။ သူမရဲ႕ တိုက္႐ိုက္ၾကည့္လာတာကို ျမင္ေတာ့ ေကာင္ကေလးက ရွက္႐ြံ႕စြာ ေခါင္းကို လွည့္လိုက္သည္။

"မင္းေျပာရဲတယ္! မင္းရဲ႕ေမာင္ငယ္ေလးကို မင္းေနာက္ဆုံးေတြ႕ခဲ့တာက သူ႔ရဲ႕ပထမဆုံးေမြးေန႔မွာေလ... အခုမွ အသက္ႏွစ္ႏွစ္နီးပါးရွိမွပဲ သူ႔အစ္မနဲ႔ ေတြ႕ခြင့္ရတယ္... ၾကည့္ဦး၊ လင္းလင္းက မင္းကိုေတာင္ မမွတ္မိေတာ့ဘူး.. "

သခင္မဖန္းသည္ သူမ၏ ေမြးစားသမီးေလးကို ခပ္စူးစူး စိုက္ၾကည့္လိုက္ရင္း ဝမ္းနည္းမႈမ်ားႏွင့္ ျပည့္ႏွက္လာသည္။ ဒီေကာင္မေလးကို ေတြ႕ရတာ ရွားလွသည္။ တခါတရံ သူမပို႔လိုက္တဲ့ အစားအစာေတြသာ မရွိရင္ ဒီေကာင္မေလးက သူ႔ေမြးစားအေမကို ေမ့ေနၿပီလို႔ သူမ ေတြးမိလိမ့္မည္။

"ဟီး ဟီး! သမီးအမွားပါ ဟုတ္ၿပီလား.. ဒီတစ္ခါေတာ့ မက္မြန္ပြင့္ဝိုင္တစ္ခ်ိဳ႕နဲ႔ မက္မြန္ပြင့္လက္ဖက္ေျခာက္ က်င္းအနည္းငယ္ ယူလာတယ္... အေမ မကုန္ႏိုင္ရင္ အေမနဲ႔ ပိုရင္းနီးတဲ့ တျခားသခင္မေတြကို ေပးလို႔ရတယ္... မႏွစ္တုန္းက စိုက္ခဲ့တဲ့ မက္မြန္သီးေတြ မေျပာနဲ႔ေတာ့ ဒီႏွစ္မွာ အသီးအေျမာက္အမ်ား သီးေပမယ့္ သယ္ရမလြယ္လို႔ ေတာင္းတစ္လုံးပဲ ယူလာခဲ့တယ္.. ၿမိဳ႕ေတာ္ကို ခရီးတေလွ်ာက္လုံး သူတို႔ကို ေက်ာပိုး သယ္လာခဲ့တာ.. သူမ်ားေတြ သတိမထားမိဘဲ ဖိႀကိတ္ခံရမွာ စိုးရိမ္လို႔... တျခားမက္မြန္သီးေတြကို စည္သြပ္ဘူးေတြလုပ္ခဲ့ၿပီး အေမ တစ္ႏွစ္ပတ္လုံး စားသုံးဖို႔ လုံေလာက္တယ္!.."

ေက်နပ္ေသာေလသံျဖင့္ ယြီေရွာင္ေခ်ာင္းက အဖိုးတန္ရတနာေတြ လက္ေဆာင္ေပးသလို သခင္မဖန္းအား မက္မြန္သီးမ်ားကို ေပးလိုက္သည္။

ယြီအိမ္ဝင္းရဲ႕ ေနာက္ေဖး ၿခံဝင္းထဲက မက္မြန္ပင္ဟာ တကယ္ေတာ့ ေတာင္ေပၚကေန တူးယူထားတဲ့ မက္မြန္႐ိုင္းပင္ ျဖစ္ေပမဲ့ သူမ ေန႔တိုင္း ေရေလာင္းေပးတဲ့ အံ့ဖြယ္ေက်ာက္ေရကို ခံႏိုင္ရည္ရွိမွာ မဟုတ္ဘူး။ ၎၏ပန္းပြင့္မ်ားသည္ လွပစြာပြင့္ေန႐ုံသာမက မက္မြန္သီးမ်ားလည္း ႀကီးမားလွသည္။ ပန္းေရာင္မက္မြန္သီးမ်ားသည္အ႐ြယ္ေရာက္ၿပီးေနာက္ လက္သီးဆုပ္ေလာက္ ႀကီးမားၿပီး စြဲမက္ဖြယ္ေကာင္းေသာ ရနံ႔ကို ထုတ္လႊတ္သည္။ မက္မြန္သီးမ်ားတြင္ လူ႔ခႏၶာကိုယ္ကို အက်ိဳးျပဳသည့္ စိတ္ဝိညာဥ္စြမ္းအင္အခ်ိဳ႕ကိုလည္း စိမ့္ဝင္ေနေသးသည္။

ကေလးေလး ဖန္းေဟာက္လင္း ငယ္ငယ္ကတည္းက ေရွာင္ေခ်ာင္းမွ အံ့ဖြယ္ေက်ာက္ေရေတြကို ေကြၽးခဲ့ရေပမဲ့ ဒီလိုဝိညာဥ္စြမ္းအင္မ်ိဳးေတြမွာ သူက ပို၍ ခံစားလြယ္ေနတာ ျဖစ္ႏိုင္သည္။ သူ႔ေခါင္းက ခ်က္ခ်င္း ျပန္လွည့္လာၿပီး ေရွာင္ေခ်ာင္းရဲ႕ လက္ထဲက မက္မြန္သီးေတြကို မမွိတ္မသုတ္ စိုက္ၾကည့္ေနသည္။ ယြီေရွာင္ေခ်ာင္းက မက္မြန္သီးတစ္လုံးကို ေဆးဖို႔ သူမေရအိတ္ထဲမွ အံ့ဖြယ္ေက်ာက္ေရကို သုံးၿပီးေနာက္ ေကာင္းငယ္ေလးေရွ႕တြင္ ဆုပ္ကိုင္ထားလိုက္သည္။

ဖန္းေဟာက္လင္းသည္ အေတာ္ေလး အကြၽမ္းတဝင္ရွိေသာ္လည္း မရင္းႏွီးေသးသည့္ သူ႔ေရွ႕က အစ္မျဖစ္သူကိုၾကည့္ကာ ရွက္ကိုးရွက္ကန္းျဖင့္ မ်က္ႏွာတြင္ ရွက္ၿပဳံးေလးတစ္ခု ပြင့္လာသည္။ လိုခ်င္တယ္ မလိုခ်င္တယ္ မေျပာဘဲ မက္မြန္သီးကိုသာ သူ စူးစူးစိုက္စိုက္ ၾကည့္ေနသည္။

ထို႔ေနာက္ မက္မြန္၏ရနံ႔ေၾကာင့္ သူ ေသြးေဆာင္ခံရသကဲ့သို႔ သူ၏ 'လက္ဖဝါး' ေလးကို ျဖည္းညႇင္းစြာ ဆန႔္ထုတ္လာသည္။ လက္တစ္ဖက္တည္းနဲ႔ ကိုင္လို႔ မရေတာ့ တျခားလက္တစ္ဖက္ကို ဆန႔္ထုတ္လိုက္ၿပီး လက္ႏွစ္ဘက္စလုံးျဖင့္ မက္မြန္သီးကို သူ႔ရင္ဘတ္မွာ ကိုင္ထားလိုက္သည္။ သူ႔မ်က္ႏွာေပၚရွိ အၿပဳံးေလးမွာ ပို၍ပင္ ခ်ိဳၿမိန္လာသည္။

ထိုေနာက္မွသာ သခင္မဖန္းသည္ ေတာ္ဝင္မင္းသားယန္က ယြီေရွာင္ေခ်ာင္းကို အေဖာ္လိုက္ပါလာသည္အား သတိျပဳမိသြားၿပီး သူ႔ကို ႏႈတ္ဆက္ရန္ အျမန္သြားလိုက္သည္။ က်ဴးကြၽင္းယန္က သူမကို ၿပဳံးကာ တားလိုက္ၿပီး

"သခင္မဖန္း ဒီေလာက္ ယဥ္ေက်းေနဖို႔ မလိုပါဘူး!... ေရွာင္ေခ်ာင္းက မနက္ျဖန္က်ရင္ ဧကရာဇ္ကိုေတြ႕ဆုံဖို႔ ေတာ္ဝင္နန္းေတာ္ဆီ ဝင္ေရာက္မွာ ျဖစ္လို႔ ဒီေန႔ ေစာေစာအနားယူသင့္တယ္... ကြၽန္ေတာ္ မနက္ျဖန္မနက္မွ လာႀကိဳမွာပါ!"

သူတို႔က ေတာ္ဝင္မင္းသားယန္ကို တံခါးအျပင္သို႔ လိုက္ပါပို႔ေဆာင္ၿပီးေနာက္ သခင္မဖန္းသည္ ယြီဟိုင္ကိုအျပင္ပိုင္းၿခံဝင္းဘက္တြင္ ေနထိုင္ဖို႔ စီစဥ္ေပးလိုက္သည္။ ဖန္းဇီက်န္းသည္ ယမန္ေန႔ကမွ ၿမိဳ႕ေတာ္ကို ျပန္ေရာက္လာတာျဖစ္ၿပီး ယခုအခ်ိန္တြင္ သူ႔ကို ဧကရာဇ္မင္းျမတ္က ေမးျမန္းစုံစမ္းဖို႔အတြက္ ေတာ္ဝင္နန္းေတာ္သို႔ဆင့္ေခၚခံ ထားရတာ ျဖစ္သည္။ ခဏၾကာလို႔ သူ ျပန္လာေရာက္လာရင္ သူတို႔ႏွစ္ေယာက္ အတူတူ ေသာက္ၾကလိမ့္မည္။

ေရွာင္ေခ်ာင္းႏွင့္ သခင္မဖန္းတို႔ အတြင္းၿခံဝင္းအတြင္းသို႔ ဝင္လာလိုက္ၾကသည္။ ေကာင္ငယ္ေလး ဖန္းေဟာက္လင္းက မက္မြန္သီးႀကီးတစ္လုံးကို ဆုပ္ကိုင္ထားၿပီး ႏွာေခါင္းျဖင့္ အနံ႔ခံေနေပမယ့္ ၎ကို မကိုက္စားေပ။ သူတို႔ ၿခံဝင္းအတြင္း ေရာက္တာနဲ႔ အေစခံေတြက ယြီေရွာင္ေခ်ာင္းကို ႏႈတ္ဆက္လိုက္ၾကၿပီး ဝူထုန္နဲ႔ ဖီဖာ ႏွစ္ေယာက္သာ သူမကို အမႈထမ္းဖို႔ က်န္ေနရစ္သည္။

***

Continue Reading

You'll Also Like

205K 17.7K 154
ဒီကနေ ၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည် ကိုအပိုင်း၁၅၇ကနေစဖတ်ပေးကြပါနော် အရင်ကficတစ်ပုဒ်ကိုအပိုင်း၂၀၀ထိတင်လို့ရတယ်အခုနောက်ပိုင်းတစ်ချို့ficတွေက၁...
235K 38.5K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
145K 10.2K 199
LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ် Description ကျန်းရှောင်မန်တစ်ယောက် သူမအသက်သုံးနှစ်အရွယ်တွင် စနစ် တစ်ခုဖြင့်...