[Unicode]
အပိုင်း ၄၁၅ ချစ်ရာကောင်းတဲ့ ဖန်းဟောက်လင်းထိုအချိန်တွင် ကြမ်းပြင်ပေါ်မှာ ချထားခံရသည့် ဖန်းဟောက်လင်းလေးက သခင်မဖန်းဆီသို့ လျှောက်မသွားမီ ယွီရှောင်ချောင်းကို တိတ်တဆိတ် တစ်ချက်လှည့်ကြည့်သည်။ ထို့နောက် သူ့ရဲ့ကြာမြစ်တွေလို ဝတုတ်တုတ် လက်မောင်းလေးတွေကို ဆန့်ထုတ်လိုက်ကာ "မေမေ အသီးစား!" ဟူ၍ ချစ်စဖွယ်ဆိုလာ၏။
သခင်မဖန်းက သူ့သားကို ကောက်ချီလိုက်ပြီး သူမပေါင်ပေါ် တင်ထားလိုက်သည်။ သူမက ခေါင်းယမ်းပြီး ပြောသည်။
"သားအစ်မက သားကို ပေးတာလေ... သားလေး စားပေါ့!"
လင်းလင်းလေးက မက်မွန်သီးကို သူမပါးစပ်ထဲသို့ ဇွတ်ထိုးထည့်လာပြီး
"မေမေစားပြီးမှ လင်းလင်းစားမယ်!"
"မွေးစားအမေ, လင်းလင်းလေးက အရမ်းသိတတ်တာပဲ... အမေ တစ်ကိုက်လောက်ဖြစ်ဖြစ် စားပေးလိုက်ပါ"
ယွီရှောင်ချောင်းက နှစ်နှစ်သားမျှသာ ရှိသေးပေးမယ့် ကောင်းတဲ့အရာတွေကို အရင်ဆုံး အမေဖြစ်သူကို ဦးချရမှန်းသိနေသည့် ကလေးလေးကို ကြည့်ပြီး ချိုမြိန်စွာပြုံးမိသည်။ ဒီကလေးလေးက နည်းနည်း ရှက်တတ်တဲ့သူလေး ဖြစ်နေပေမယ့် သူ့မိဘတွေက သူ့ကို ကောင်းကောင်း သင်ကြားထားတာပင်။
သခင်မဖန်းက မက်မွန်သီးထိပ်လေးကို အနည်းငယ် ကိုက်ဟန်ဆောင်ပြီး နောက်တွင်မှ လင်းလင်းလေးက မက်မွန်သီးကို ပျော်ရွှင်စွာ စားတော့သည်။ မက်မွန်သီးမှာ အရည်ရွှမ်းနေပြီး အလွန်ချို လှသည်။ အခွံလေးကို ကိုက်ကာ ခပ်ပါးပါးလေး စုပ်လိုက်ရုံနဲ့ ချိုမြိန်ပြီး အရည်ရွှမ်းတဲ့ မက်မွန်သီး အပိုင်းအစလေးတွေက ကလေးငယ်ရဲ့ ပါးစပ်ထဲကို ဝင်ရောက်သွားသည်။
'အရမ်း အရသာရှိတာပဲ! အရင်တစ်ခါ မေမေဝယ်ပေးဖူးတဲ့ ချယ်ရီသီးတွေထက်တောင် ပိုကောင်းတယ်... အမ်း... မမတို့ ထန်ကူမြို့ကနေ ပို့လိုက်တဲ့ ဖရဲသီးတွေလောက် စားကောင်းတယ်!'
လင်းလင်းလေးက အသားဖြူဖြူနဲ့ ချစ်စရာမျက်ဝန်းတို့ရှိသည့် အစ်မဖြစ်သူကို တိတ်တဆိတ် မဝံ့မရဲလေး ကြည့်လိုက်သည်။