friEND(COMPLETED)

By Kattamkaung

385K 41.9K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter - 31

8K 964 179
By Kattamkaung

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၂

"စောင့်ရတာ ကြာသွားသလားခင်ဗျ။ ကျွန်တော် အလုပ်လေး မပြတ်လို့ပါ"

"ရပါတယ် မောင်ရင်။ အလုပ်ချိန်မှာ ခေါ်လိုက်မိတာကို အန်ကယ်နားလည်ပါတယ်။ ရောက်လာပြီဆိုတော့ ဒီမှာ ခဏထိုင်ပါဦး"

ခပ်ရွံ့ရွံ့ဖြစ်နေသော စိတ်ကို အပြင်းထန်ငြင်းဆန်ထုတ်ကာ အနီးနားက ခုံမှာ ဝင်ထိုင်လိုက်သည်။ Conference Hallအတွင်းမှာတော့ ဦးသောတမောင် တစ်ဦးသာရှိကာ တံခါးပေါက်နှင့် မနီးမဝေးခုံတွင် ထိုင်နေတာဖြစ်၏။ ပုံမှန် VVIPလူနာများအတွက် နား‌ေနခန်း သပ်သပ်ရှိပေမဲ့ ဘာကြောင့် ခွန်းနစ်ကို ဒီနေရာမှာ ‌တွေ့ဖို့ခေါ်သည်ရယ်မသိပါ။ ဖြစ်နိုင်တာကတော့ Share Holderနှင့် ဝန်ထမ်းရဲ့ ဆက်ဆံရေးကို သူများ‌တွေအား ပေး မသိလိုခြင်းဟု ခွန်းနစ်ထင်သည်။ နေချို့ အဖေဟာလည်း သူလိုကိုယ်လို ဖခင်တစ်ယောက်ပင်ဖြစ်မည်။ အနည်းဆုံးတော့ အရှေ့တိုင်းက မိဘတိုင်းလိုလို သူတို့သားသမီး လိင်တူ စိတ်ဝင်စားသည့်ဆိုသည့် ကိစ္စကို ဂုဏ်ယူစရာဟု သတ်မှတ်လာကြမည် မဟုတ်ပေ။

"နေချိုမောင်က အန်ကယ့်အကြောင်း မပြောဘူးထင်တယ်"

သားဖြစ်သူ နာမည်ကို စိမ်းစိမ်းကားကားခေါ်ပုံအရ သူတို့သားအဖကြားမှာ နွေးထွေးမှုမရှိတာ သိသာလွန်းသည်။ ခွန်းနစ် သိပ်တော့ မအံ့‌ဩမိပါ။ နေချို့ဆီကနေဖြစ်စေ ဝေဖြိုးနိုင်မှတဆင့်ဖြစ်စေ သိရတဲ့ အကြောင်းတွေတိုင်းမှာ ဦးသောတမောင်ဆိုတာ နေချို့ကို ပစ်ထားသည့် ဖခင်တစ်ဦးအနေနှင့်သာ ပါသည်။ အဆုံးစွန်ဆိုရသော် လက်ရှိဇနီးဖြစ်သည့် ဒေါ်ဟန်နီလင်းသူပင် ထိုသားအဖ၏ ဆက်ဆံရေးကို ဖွယ်ဖွယ်ရာရာ ပြောဆိုခြင်းမရှိခဲ့ပါ။ ဒီလို ပုဂ္ဂိုလ်က ‌ခွန်းနစ်တို့ကိစ္စကို ဝမ်းမြောက်စွာ လာတွေ့ခြင်း မဟုတ်တာ သချာသည်မို့ စိတ်ကိုထိန်းကာ ခေါင်းငြိမ့်လျက် "ဟုတ်ပါတယ်" ဟု အမှန်တိုင်း ဖြေလိုက်၏။

"သူ့အမေဆုံးပြီးတော့ နည်းနည်းဖြစ်ဖြစ် အသိဝင်မယ်ထင်ထားတာ။ သူက အရင်လို ပြင်လို့ မရမဲ့လူ ဖြစ်နေတုန်းပဲ"

စားပွဲခုံအောက်က ခွန်းနစ် လက်တွေ တင်းနေအောင် ဆုပ်မိသွားသည်။ မဲ့ချင်လာသော မျက်နှာကို ပြုံးယောင်သမ်းသာ ထိန်းနေပေမဲ့ အတွင်းစိတ်မှာတော့ ဟာသတစ်ခုလို တဟားဟား အော်ရယ်ချင်လာ၏။

ဘာမှ မပေးထားဘူးတဲ့ လူဆီကနေ ဘာကိုများ မျှော်လင့်နေပါလိမ့်။ မျက်စိထဲမှာ နေချို ဆင်းဆင်းရဲရဲ နေခဲ့တဲ့ ညစ်ပတ်သည့် အဆောင် အပေါ်ထပ်ကို မြင်ယောင်လာသည်။ အနာဖေးပင် မကွာချင်သေးသည့် နေချို့ ခြေထောက်က ခြင်ကိုက်ရာတွေ၊ ဖြစ်သလိုနေလွန်း၍ အဖုထစ်တွေဖြစ်ခဲ့တဲ့ နေချို့မျက်နှာပါ ပေါင်းလိုက်တော့ တကယ် အသိဝင်ဖို့လိုတာ ဘယ်သူများလဲ ဟုပင် ရွတ်တွတ်တွတ် မေးပစ်ချင်လာ၏။

"မောင်ရင်က သူ့အကြောင်းရော သိရဲ့လား။ ဘာကို မက်မောစရာရှိလို့ ပက်သက်နေသလဲ မသိပေမဲ့ မိဘဖြစ်တဲ့လူ‌တောင် သူ့လုပ်ရပ်တွေကို နားလည်ပေးလို့မရဘူး။အဲ့ဒီလို ဆိုတော့ ဘေးက ဒဏ်တွေမပါပဲနဲ့တောင် မောင်ရင်တို့ ရေရှည်မြဲမယ်ထင်လား"

ရှေ့နေပီပီ သိမ်းသွင်းပြောဆိုနေသော ဦးသောတမောင်ရဲ့စကားတွေက မသိသူသာဆို သူ့ရဲ့ ဂုဏ်သိက္ခာတွေ ဂုဏ်ပုဒ်တွေကို အခြေပြုပြီး စိတ်ပင်ယိုင်သွားချင်လောက်၏။ ခွန်းနစ်က တလှုပ်လှုပ်ဖြစ်နေသည့် ထိုပုဂ္ဂိုလ်၏ လည်ဇလုပ်ကိုကြည့်ကာ စိတ်တိုင်းကျ ပြောဖို့ အရင်ခွင့်ပြုထားလိုက်သည်။ ခုလိုဖြစ်လာတော့ ပိုတောင် သေချာသွားသေး၏။ နေချို့ကို အထင်မြင်သေးနေသည့် ဖခင်ဆီမှာ ဒီအတိုင်းမထားနိုင်ဘူးဆိုသော အတွေးက ချက်ချင်းဆိုသလို ခိုင်မာလာသည်။

"ငယ်ငယ် ကတည်းက သိခဲ့ဖူးကြတယ်လို့ ပြောတယ်"

"ဟုတ်ကဲ့"

"မောင်ရင်တို့ ကိစ္စတွေကို ထားလိုက်တော့။ အန်ကယ်က အန်ကယ်နဲ့ ဆိုင်တာကိုပဲ ပြောချင်တယ်။ နေချိုမောင့်ကို အန်ကယ့်ဆီပြန်ဖို့ ပြောလိုက်ပါ။ ဆက်တွဲတာတွေ မတွဲတာတွေ  အန်ကယ့်ဖက်က ဘာမှမပြောချင်ဘူး။ သူက လောကမှာ လုပ်စားလို့ရအောင်ထိ ဘာမှမတတ်သေးသ၍ စဉ်းစားဉာဏ် နည်းတဲ့သူ ဖြစ်နေဦးမှာပဲ"

သူ့သဘောက နေချိုက ခေါင်းမသုံးနိုင်လို့ ခုလို ခွန်းနစ်နဲ့ အပျော်တွဲပြီး အချိန်ဖြုန်းနေသည်ပေါ့။ သူ့အနေနှင့် ခွန်းနစ်တို့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ဖိအားပေးမှာ မဟုတ်သလို နေချို့ကိုသာ ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင်လုပ်ပြီး ဆုံးဖြတ်ဖို့ တိုက်တွန်းမည့်ပုံ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး တွက်ကြည့်တော့ သူပြောချင်တာ တစ်ခုထဲသာ။

နေချိုက ခေါင်း မသုံးနိုင်သေးလို့ ခွန်းနစ်ကိုတွဲနေတာ။ သူသာ သိပ်တော်ပြီး ထူးချွန်တဲ့သူ ဖြစ်သွားရင် ‌ခွန်းနစ်လို ယောက်ျားတစ်ယောက် လက်ကိုတွဲပြီး အချိန်ဖြုန်းပါဦးမလားပေါ့။ ဦးသောတမောင်က သူ့အပြစ်လွတ်အောင်ပြောပြီး ခွန်းနစ်ကို တစ်ဖက်သတ်နှိမ်သွားခြင်းပင်။ ကြည့်ရတာ သူ့သားက သိပ်တော်သွားရင် ခွန်းနစ်လိုလူကို သေချာပေါက်ထားခဲ့ပြီး အထက်ကို ထိုးတက်သွားမည်လို့ ယုံကြည်နေသည့်ပုံပင်။

အဲ့ဒါဆို ရူးနေလို့ အဲ့လိုလူကို လွှတ်လိုက်ရမှာလား။ သူ့သား မတော်ခင်ကတည်းက ခွန်းနစ်က အများကြီးတော်ပြီး ဒီလို နေရာကို ရောက်လာခဲ့ပြီးသားလေ။ နေချိုတစ်လှမ်းဆို ခွန်းနစ်က သုံးလှမ်းလောက်တောင် ကြိုမြင်နေမှာ။ ဘဝတစ်လျှောက်လုံး ကိုကိုကြီးထက် သာချင်တဲ့စိတ်နဲ့ လျှောက်ခဲ့ဖူးသည့် ခွန်းနစ်က ဒီလို ခြိမ်းခြောက်မှုမျိုးလောက်ကို ကြောက်ဖို့ ဝေလာဝေးသေးသည်။

စိတ်အချဉ်ပေါက်နေတုန်း ထပ်ကြားလိုက်ရသည့် စကားကြောင့် ခွန်းနစ် မျက်လုံးတွေပင်မှေးသွားက ပါးစပ်က ဖွင့်ဟသွားသည်။ မျက်နှာထက်မှာ သရော်ရိပ်တွေက ပြည့်နှက်လာကာ ဟားဟား ဆိုသည့် ရယ်သံက မခိုးမခန့်စွာ ထွက်လာသည့်အတွက် ပါးစပ်ကို လက်ဝါးဖြင့်အုပ်လျက် "ဆောရီးဗျ" ဟု ပြောလိုက်ရ၏။

"အကယ်၍ မောင်ရင့်မှာလည်း ရှေ့ဆက်ဖို့ ပညာသင်ချင်တာရှိရင် မောင်ရင် အရည်ချင်းမှီတဲ့ တက္ကသိုလ်ကို လျှောက်လိုက်ပါ။ အန်ကယ်က ပညာရေးကို ပံ့ပိုးပါတယ်။ မဟုတ်ည်း နှစ်စဉ် ထောက်ပံ့နေကျရှိတာမို့ မောင်ရင့်အတွက် အပန်းမကြီးပါဘူး" တဲ့လေ။ ‌ဘယ်လောက်တောင် မိုက်လဲသလည်း။ ခွန်းနစ် ပါးစပ်ကိုအုပ်ကာ သူ့အားစူးရဲစွာကြည့်နေသည့် ဦးသောတမောင်ထံ ပြန်လည်ကြည့်ရင်း ချောင်းဟန့်လိုက်သည်။

"အဟမ်း အန်ကယ့် စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလေ ပညာမရှာချင်တော့ဘူးဗျ။ ပိုက်ဆံပဲ ရှာချင်တော့တာ"

တစ်ချိန်လုံး တည်တင်းနေခဲ့သော ဂုဏ်သရေရှိလူကြီးမင်း၏ မျက်နှာက ကွက်ခနဲ။ ခွန်းနစ်ချက်ချင်းပဲ လက်ကို ခါယမ်းကာ အထင်လွဲမှာကြောက်သလို ပုံစံဖမ်းလျက် " ပိုက်ဆံတောင်းနေတာ မဟုတ်ဘူးနော် အန်ကယ်။ အထင်မလွဲပါနဲ့ဦး" ဟု ဆိုလိုက်ရပြန်သည်။ လူကြီးတွေက ခက်၏။ နေရင်းထိုင်ရင်းပင် နှိမ်ချင်နေရသည့်အထဲ ခွန်းနစ်ကို ငွေချူစားသည့် ကောင်ဟု ထင်သွားမှ ဟုတ်နေရော့မည်။

"ပြီးတော့ နေချို... အန်ကယ့်သားကို တစ်ခုခုလုပ်ပေးချင်တာရှိရင် ဘာလို့များ ကျွန်တော့ဆီလာနေဦးမှာလဲ။ ကျွန်တော် ဆွဲထားတာမျိုး တစ်ခါမှ မလုပ်ဖူးဘူးဗျ။ ကျွန်တော်က သူ့ကို သူနေနေတဲ့ တွင်းထဲကနေ ခေါ်ထုတ်ပြီး  ကောင်းကောင်းမွန်မွန်ထားချင်တဲ့ စိတ်နဲ့ပဲ အနားမှာထားတာ"

တင်းသည်ထက် တင်းမာလာသော မျက်နှာကို ဂရုမစိုက်တော့။ တချိန်လုံး ပစ်ထားခဲ့ပြီးမှ တာဝန်ကျေချင်နေသူကို နေချို့အစား ပိုပိုသာသာလေး ပြောပစ်လိုက်မည်။ ဖွင့်ပြီး မတောင်းဆိုတာနဲ့၊ ငြိမ်နေတာနဲ့ ပစ်ထားလို့ရတယ်လို့ ဘယ်သူကပြောလို့။ စိတ်တိုင်းမကျတဲ့ မိန်းမနှင့်ရတဲ့ကလေးမို့ မုန်းသည်ဆိုလည်း စိတ်လိုလက်ရ ပစ်ထားလိုက်ပါတော့လား။ ခုလိုမျိုး အားလုံးကို မှတ်မှတ်ရရဖြစ်နေပြီး အများကြီး ပင်ပန်းခဲ့မည့်လူကိုမှ အသုံးမကျသူသယောင်ယောင် အပြစ်တင်ချင်နေသည့် နေချို့ဖခင်ကို မလေးစားနိုင်တော့။ သူ ဘယ်တော့မှ မစွက်ဖက်ဖို့ မျက်နှာလွှဲထားသည့်ဘဝကို သူ့စိတ်တိုင်းကျ ဝေဖန်ခွင့်မျိုး ခွန်းနစ် နည်းနည်းမှ မပေးနိုင်ပါ။

"အန်ကယ် ဆန္ဒရှိရင် နေချိုနဲ့ တိုက်ရိုက်ပြောလိုက်ပါ။ သူ ပိုပြီး တိုးတက်လာမဲ့ ကိစ္စကို ကျွန်တော်က နည်းနည်းလေးတောင်မှ တားဖို့ အစီစဉ် မရှိလို့ပဲ။ ကျွန်တော်က အများကြီးတောင် ဝမ်းသာရမယ်လေ"

"..."

"အတူတူ ဆက်ရှိတာ မရှိတာကတော့ အန်ကယ်ပြောသလို ကျွန်တော်နဲ့ နေချို့ကြားက ကိစ္စပေါ့။ အများကြီးတော်လာတဲ့ နေချိုက ကျွန်တော့ကို မလိုချင်တော့ဘူးဆိုပြီး ပြောလာ မလာဆိုတာလေ။ ရေစက်ဆိုတာ ပြောလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဆယ်စုနှစ် တစ်ခုလောက်ကြာမှ ကျွန်တော်တို့ ပြန်တွေ့ခဲ့တာ အန်ကယ်ရဲ့"

စကားအဆုံးမှာ ခွန်းနစ်ပြုံးလိုက်သည်။အရင်လို ထစ်ခနဲရှိ လောကကြီးကို မကျေမနပ်ဖြစ်ပြီး မတရားဘူးထင်တတ်သည့် လူငယ်လေး မှမဟုတ်တော့တာ။ ခွန်းနစ်မှာ နည်းလမ်းတွေရှိသည်။ ကိုယ့်ကို အနင်းမခံပဲ ဘယ်လိုတုန့်ပြန်ရမည်ဆိုတာမျိုး ခွန်းနစ်မိဘတွေကလည်း သင်ပေးခဲ့ဖူး၏။အနိုင်ယူစရာမလိုပဲ ယုံကြည်ချက်ရှိရှိ တန်ပြန်နိုင်ဖို့ဆိုတာကတော့ ဖြတ်သန်းလာခဲ့သည့် လူငယ်ဘဝ၏ သင်ခန်းစာတွေပင်။

"နေချို့ကို အမိန့်တွေ ပေးနေမဲ့အစား ညှိနှိုင်းကြည့်လိုက်ပါ အန်ကယ်။ ခေါင်းမာပြီး ဆိုးရွားနေတဲ့ ကလေးမဟုတ်ပဲနဲ့ အလေးစားခံဖို့နဲ့ ယုံကြည်မှုကို လိုနေတဲ့ ကလေးပါ။ စော်ကားလိုတဲ့စိတ်နဲ့ မဟုတ်ပဲ အကြံပြုတဲ့စကားမို့ ကျွန်တော့ကို ဗွေမယူဖို့ မျှော်လင့်ပါတယ်ဗျ"

နှုတ်ဆက်လိုက်မိလား မသိတော့။ ခွန်းနစ် သတိကပ်ချိန်မှာ ဆေးရုံကော်ရစ်တာမှ လူနာများကိုင်လျှောက်ရန် တပ်ဆင်ထားသည့် တန်းကို ကိုင်ကာ ရပ်လျက်သားဖြစ်နေခဲ့သည်။ လက်တွေဟာ တုန်လျက် အသက်ရှူမဝဖြစ်ကာ မောပန်းနေ၏။ ဦးသောတမောင်တစ်ယောက် ဟန်မပျက်ထွက်သွားပေမဲ့ ခွန်းနစ်အပေါ် ကောင်းသည့်အမြင်တွေချည်း သယ်ယူမသွားမှာတော့ သေချာသည်။ ဖအေထက် ပိုသိသယောင်ပင် စော်စော်ကားကား ပြောလိုက်သမျှ စကားတွေထဲမှာ နေချို့အတွက် မျှော်လင့်ချက် ကလေးတွေ ပါတာကိုတော့ မညာလိုပါ။

"ကုဋေ..."

ရင်းနှီးသည့် ခေါ်သံနှင့်အတူ အနားရောက်လာသော ခြေထောက်တစ်စုံ။ ခွန်းနစ်မော့ကြည့်တော့ အစ်ကို ဟိန်းသူရက sethoကို လည်ပင်မှာချိတ်လျက် အဆင်ပြေရဲ့လားဆိုသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။ နံဘေးမှ ရပ်စောင့်နေသည့် MOတချို့ပါတာကြောင့် ခွန်းနစ် ခါးကိုမတ်ကာ ‌နှုတ်ဆက်လိုက်၏။

"ဆရာသူရ..."

"အိုကေ .. ကိုယ့်လူနာလဲ ကုန်ပြီဆိုတော့ Round တာကို ဒီမှာပဲ ရပ်လိုက်တော့မယ်။ ဆရာတို့ ဆရာမတို့ wardထဲကို ပြန်သွားလို့ရပါပြီ။ ကိုယ်က ဒီက မိတ်ဆွေနဲ့ ပြောစရာလေးရှိလို့"

"ဒါဆို သွားလိုက်ပါဦးမယ် ဆရာ"

"ခွင့်ပြုပါအုန်း ဆရာသူရ"

အသီးသီးနှုတ်ဆက်သွားကြသည့် Mefical Officersတွေရဲ့ ခြေသံတွေ ဝေးသွားမှ ခွန်းနစ် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ အဟက် ခနဲ ရယ်သံသော့သော့တို့က အစ်ကိုဟိန်းသူရထံမှ ထွက်လာ၏။

"အလုပ်ချိန်ကြီးကို ဒီဘက်ထဲ ဘယ်လိုရောက်လာတာလဲ။ လူကြည့်ရတာလဲ အမောတကောနဲ့"

လူရင်းနှင့်တွေ့သလို ပွင့်လင်းစွာမေးသည့် အစ်ကိုဟိန်းသူရနှင့် ဆက်ဆံရေးက အများကြီး ပြေပြစ်နေပြီ မဟုတ်သည့်တိုင် အရင်ကလောက် တင်းမာနေသည်မျိုးတော့ မရှိတော့ပေ။ ခွန်းနစ်က နေချိုမောင်နှင့်တွဲပြီးနောက်မှာ ဆရာဟိန်းသူရအပါဝင် သူနှင့် ဇယားရှိသမျှလူတိုင်းအပေါ် မိတ်ရင်းဆွေရင်းများလို စိတ်ရှင်းရှင်း ဆက်ဆံနိုင်လာပြီဖြစ်သည်။

"ဆိုစမ်းပါဦး။ အခြေနေ မကောင်းရင် အစ်ကိုနဲ့ တစ်ရက်လောက် appointment ယူကြည့်လေ။ ဒီ‌နေ့ ညနေပိုင်းဆိုရင်ရော။ အစ်ကိုက ဝန်ထမ်းဆို FOC (အခမဲ့ ကြည့်ရှုမှု) ပေးမှာပါ"

"ကျွန်တော် နေကောင်းပါတယ်"

"အင်း ကြည့်ရတာ တစ်ခုခုတော့ ဖြစ်ပုံပါပဲ"

ပြုံးစိစိနှင့် စိတ်ရှည်လက်ရှည်မေးနေပြီမို့ ခွန်းနစ် မညာနိုင်တော့။ ကိုယ်ကို မတ်ကာ ဂျုတီကုတ်ကို ဆွဲ့ဆန်ပြီးနောက် " ခဏလောက် အစ်ကို အချိန်ရလား" ဟု မေးလိုက်သည်။

"ဒါပေါ့။ ညနေ ၅နာရီမှ လူနာကြည့်ရတော့မှာလေ။ ဒီနေ့ တခြားမှာ သွားထိုင်ဖို့လည်း မရှိဘူး"

"‌ဒါဆို ကျွန်တော့ကို ကော်ဖီ ဝယ်တိုက်မလား"

အစ်ကို ဟိန်းသူရက မျက်ခုံးပင့်သွားသည်။ သူတို့ကြားက ကတောက်ကဆကြောင့် ခွန်းနစ်ကုဋေတို့ ခုလို ရင်းရင်းနှီးနှီး မပြောတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ သူ့ အထင် ၆နှစ် ၇နှစ်လောက်ပင် ရှိတော့မည်။

"သေချာတာပေါ့ ဘယ်ဆိုင်ကိုသွားချင်လည်း ပြောလိုက်"

"ဂျူတီချိန်ကြီးမို့ အဝေးကြီးသွားလို့မရဘူး။ အစ်မကို ပြောပြီးရင် ကျွန်တော် ဆေးရုံရှေ့ကဆိုင်ကို လာခဲ့မယ်"

"အိုကေ အစ်ကို မှာထားလိုက်မယ်လေ"

"ကျွန်တော်ကြိုက်တာ သိလို့လား"

"အရင်လို့ပဲ မဟုတ်ဘူးလား"

ခွန်းနစ်က ရယ်ရင်း ခေါင်းကိုခါလိုက်သည်။ အစ်ကို ဟိန်းသူရက ဖော်ရွေတတ်သူမို့ တစ်ဖက်သူ၏ သဘောကို အလေးထားကာ ကိုယ့်ကိုယ်ကိုယ် အရေးပါသလိုမျိုး အမြဲခံစားရစေသည်။ ဒါကြောင့် ဒီလူအပေါ် ခွန်းနစ်က အားကိုးအားထားသလို ကြီးကြီးမားမားကို သဘောကျခဲ့၏။ အခုတော့ သူ ဒီလူအကြောင်းကို ကောင်းကောင်းနားလည်သွားပြီ။ သဘောကောင်းသည်ဆိုသော မှတ်ချက် နောက်မှာ သူ့ကိုယ်သူ ဖုံးကွယ်နေတတ်‌သူဟုသာ မြင်လာ၏။ အရင်က ဒီလို အယုအယတွေကို ကျေနပ်ကာ ထူးခြားသလို ခံစားရပေမဲ့ အရွယ်ရောက်လာသည့် ခွန်းနစ်အတွက်တော့ ဒါဟာ တန်းတူညီမျှ လူတိုင်းရနိုင်သည့် ခံစားခွင့်တွေအဖြစ် သေချာနားလည်ခဲ့ပြီ။ထို့အတွက် သေးသေးလေးမျှပင် ဝမ်းပန်းတသာမဖြစ်တော့ပဲ အေးဆေးစွာ အလိုက်သတင့် ရယ်လိုက်၏။

"မတူတော့ဘူး။ အရင်က ဘယ်ဟာ ကောင်းမလည်း မသိလို့ စမ်းတဝါးဝါးဖြစ်နေခဲ့တာ။ အခုက တကယ်ကြိုက်တာ ဘာလည်း သေချာသိသွားပြီ။ အစ်ကို မှာနှင့်ပါ။ ပြီးမှ ကျွန်တော် ကြိုက်တာကို သေချာမှာပါ့မယ်"

အစ်ကို့မျက်ဝန်းတွေက မှိုင်းခနဲ။ သူက ခွန်းနစ်ကို လေးပင်စွာကြည့်ရင်း အပြုံးတို့ဟာ အင်အားနည်းသွားသည်။ နောက်မှ သူ့ကိုယ်သူ သတိထားမိသည်ထင်။ အပြုံးကို ပြန်လည် ပေါ်လွင်စေကာ "‌ဒါဆို စောင့်နေမယ်" ဟု ဆိုလျက် ရှေ့မှ အရင် ထွက်ခွာသွားတော့၏။

အစ်မ၏ "အဆင်ပြေလား" ဆိုသော အမေးအပြင် ယုတို့ရဲ့ " ဘယ်သူလဲ ဘယ်ဝါလဲ" ဆိုသော မေးခွန်းတွေအတွက် မိနစ်အနည်းငယ်လောက် အချိန်ပေးပြီးနောက်မှာ ခွန်းနစ် ကော်ဖီဆိုင်သို့ထွက်လာခဲ့သည်။ ‌ရောက်သွားတော့ အစ်ကိုဟိန်းသူရက ကော်ဖီပင် တစ်ဝက်ကျိုးလို့။ မုန့်ပါမှာရန်ပြော‌သည့်အခါ  ချိစ်ကိတ်တစ်ပိုင်းမှာကာ အပြန် နေချို့အတွက် မုန့်တစ်မျိုးမျိုးဝယ်ဖို့ပါ စိတ်ကူးပေါက်သွားသည်။ ကျေးဇူးရှင်က ခွန်းနစ်လို အစုံမစားပေမဲ့ ကိတ်မုန့်ကျွေးရင်တော့ စိတ်လိုလက်ရ ကောင်းကောင်းစား၏။

"ကိုယ့်ဟာကိုယ် စားရင်တောင် သူ့သတိရနေတယ်။ ဒုက္ခပဲ ငါတော့"

"ဟမ်... ဘာပြောလိုက်တာလဲ"

"အယ် ဘာမှ မဟုတ်ပါဘူး။ ကိတ်က ကောင်းတယ်ပြောတာ"

"ဒါဆို အိမ်မှာစားဖို့ပါ ထပ်ယူသွားလေ။ အစ်ကို ဝယ်ကျွေးမှာပေါ့"

"နေပါဗျာ။ အိမ်ယူသွားရင် ကျွန်တော့ထက် သူက စားမှာ။ သူ့အတွက်ကို ကျွန်တော်ကပဲ ဝယ်သွားချင်တယ်"

"အဟား..." အစ်ကိုရယ်တော့ ခွန်းနစ် ရှက်သွား၏။ အမှုမဲ့ အမှတ်မဲ့ ပက်ခနဲ ပြောလိုက်မိသည့် စကားက အတော်လေး အိုဗာဖြစ်သွားလိမ့်မည်။

"ကုဋေက တော်တော် နစ်မြုပ်နေတာဖြစ်မယ်။ ကိစ္စမရှိပါဘူး။ အစ်ကို့ညီရဲ့ ကောင်လေးကလည်း အစ်ကို့ညီပေါ့"

ခေါင်းကို ငြိမ့်လျက် ခွန်းနစ် ရယ်သည်။ နေချိုကတော့ ဖြစ်ချင်မည် မထင်ပါ။ သူက အစ်ကို ဟိန်းသူရကို မကြည်ဘူးဟု ခွန်းနစ်ထင်သည်။ ခွန်းနစ်ရဲ့ အီစီကလီ ဇာတ်လမ်းဟောင်းတွေအကြောင်းပြောတိုင်း မေးထောက်ကာ နားထောင်ပေမဲ့ အစ်ကိုဟိန်းသူရပါလာလျှင်တော့ မျက်မှောင်ကြုတ်ကာ "မသိချင်ဘူး" ဟု တည့်တိုးပြောတတ်၏။

"အလုပ်ကရော အဆင်ပြေရဲ့လား။ အစ်ကို့ အထင် ကုဋေက ဆေးရုံထဲမှာပဲ မြုပ်နေရင် နှမြောဖို့ ကောင်းတယ်နော်။ ဝါသနာ ပါရင်တော့ မပြောလိုဘူးပေါ့။ ငယ်တုန်း စွန့်စားချင်စိတ်များရင်တော့ အစ်ကို အကြံပေးဖို့ အသင့်ရှိတယ်နော်"

စိတ်ရင်းကို နားလည်စွာ ခွန်းနစ် လက်ခံလိုက်သည်။ ကိုယ်တိုင်လည်း အလုပ်အပြောင်းလဲကို တွေးကြည့်တတ်သည့်တိုင် ဒီနေရာရော ဒီနေရာက လူတွကိုပါ သံယောဇဉ်ရှိနေသည်မို့ ကြာကြာ မတွေးကြည့်ဖြစ်ပါ။ဒီနေ့လို အခြေနေမှာတော့ တစ်ခုခုက လှုံ့ဆော်လာသလိုမျိုး ပြောင်းလဲ ကြည့်ဖို့စိတ်ကူးဝင်လာသည်။ ဒီထက်ပိုပြီး ကျယ်ပြန့်ထဲလောကထဲ ဝင်လိုက်ရင် ခွန်းနစ်ရဲ့ အရှိန်က မြင့်မားလာဖို့ သေချာသလောက်ပင်။ ဒီလိုသာဆို နေချို့အတွက် ခွန်းနစ်က ထိုက်တန်ပြီး သင့်တော်သည့်လူ ဖြစ်သွားလေမလား။ မာနတရားက ဦးသောတမောင်ရှေ့မှာ နေချိုရွေးချယ်ထားသည့် ကိုယ်က ပေါက်မြောက်နေတာကို ချပြချင်လာသည်။

"ကျွန်တော်လည်း စဉ်းစားကြည့်နေပါတယ်"

"အဆက်သွယ်လိုရင် နံပါတ်တစ်က အစ်ကို့ကိုရွေးလိုက်။ အစ်ကို့ညီကို ကူညီဖို့ ရယ်ဒီပဲ"

"ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်ဗျာ။ ကိုကိုကြီး မျက်နှာနဲ့ ကျွန်တော့ကို ကောင်းစားစေချင်နေတာလို့တော့ မပြောနဲ့နော်။ ဒါတော့ မာနထိတယ်ဗျ"

ခွန်းနစ်က နောက်လိုက်ခြင်းသာဖြစ်ကာ တစ်ဖက်လူကတော့ ဆွေးဆွေးမြေ့မြေ့ဖြစ်လို့သွားရှာသည်။ မရည်ရွယ်ထားသော စကားမှာ ခွန်းနစ်က သူ့အတိတ်ကို တူးဆွမိပုံပင်။

"ဆောရီး.. ကျွန်တော်က"

"အေးဆေးပါ။ အစ်ကို့ စေတနာက မင်းအပေါ်မှာပဲဖြစ်ဖြစ် ထား‌နိုင်တာပဲ ကျေးဇူးတင်နေပါပြီ"

ခွန်းနစ်ကြောင့် ပျက်တောက်သွားရသည့် ကိုကိုကြီးတို့ ဆက်ဆံရေးအတွက် စိတ်မကောင်းပေမဲ့ ညီဖြစ်သည့် ကိုယ့်ကိုပင် လက်မခံနိုင်ခဲ့သည့် ကိုကိုကြီးအတွက် ဘာမှမတတ်နိုင်။ တရားချပေးရန်ကလည်း ညီအစ်ကိုဆက်ဆံရေးက ရေခဲရေထက်ပင် အေးစက်လွန်းနေခဲ့သည်။ ကိုကိုကြီးက စာအုပ်ကြီးတစ်အုပ်လို သတ်မှတ်ထားပြီးသား အရာတွေကသာ အမှန်ဟုထင်ပြီး ခွန်းနစ်ကတော့ ကိုယ့်ယုံကြည်မှုကသာ အမှန်ဟုထင်သည့်လူ။

"တကယ်လို့များ ကိုကိုကြီးနဲ့ အစ်ကို အဆင်ပြေတယ်ထားပါတော့။ အိမ်က လုံးဝလက်မခံဘူးဆိုရင် အစ်ကိုတို့ လမ်းခွဲမှာလား"

"မဖြစ်နိုင်တာ။ နိုင်ဝေကသာ အစ်ကို့လက်ကိုဆွဲရင် ကျန်တာ ဘာမှ ထည့်မတွက်တော့ဘူး။ သူ မဆွဲတဲ့လက်မို့သာ အစ်ကိုက ကျန်နေတာ"

"ဘယ်လို ဖိအားမျိုး လာလာပေါ့"

"အင်း... အဲ့ဒါတော့ သေချာတယ်။ လူနှစ်ယောက် လမ်းခွဲဖို့အတွက် သူတို့နှစ်ယောက်ပေါ်မှာပဲ မူတည်တာလို့ အစ်ကိုကတွက်တယ်။ ပတ်ဝန်းကျင် ဖိအားဆိုတာ ဆင်ခြေသပ်သပ်ပဲ။ဘာပဲဖြစ်ဖြစ် အတူရှိမယ်ဆိုတဲ့ သူက ရှိကို ရှိနေပေးလိမ့်မယ်"

စကားဆုံးတော့ ခွန်းနစ် ခေါင်းငုံ့ကာ ပြုံးမိသည်။ သူမှာထားသည့် ကော်ဖီအေးက ရေခဲတွေပင် သိပ်မကျန်ချင်တော့။ နေချိုမောင့်ကျေးဇူးနဲ့ လပိုင်းအတွင် ကော်ဖီအေးစွဲသွားတာကလည်း အံ့ဩဖို့ကောင်းသည်။ ဘယ်လိုတောင်မှ ခွန်းနစ် ဘဝကို ဗရမ်းဗတာဖြစ်အောင် မွှေနှောက်လိုက်တာပါလိမ့်။

"ကျေးဇူး အစ်ကို။ ကော်ဖီအတွက်ရော အချိန်ပေးတာအတွက်ရော"

"No Problemပဲ။ မုန့်လည်း အစ်ကိုဝယ်ပေးလိုက်မယ်။ ကောင်လေးနဲ့ မျှစားလိုက်ပေါ့"

မျက်စိတစ်ဖက် မှိတ်ပြသူကို ကြည့်ရင်း ခွန်းနစ် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ မတင်မကျဖြစ်နေသော စိတ်တွေက ယခုတော့ ပြန်လည်တည်ငြိမ်နေပြီဖြစ်ကာ ဦးနှောက်က ဖြစ်သင့်တာတွေကို ကောင်းကောင်းတွေးနိုင်သည့် အနေထားသို့ ပြန်လည် ရောက်ရှိလာပြီပင်...။

...............................................

"ငါက မင်းစားဖို့ ညစာချက်ထားတာ"

ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်း ပြောသူက ဆေးရုံကို လာကြိုကတည်းက ခွန်းနစ်လက်ထဲမှ ကိတ်ဘူးကို ကြည့်နေကာ အိမ်ပြန်ရောက်တာနှင့် ချက်ချင်းပြောတော့သည်။ သူက ပိတ်ရက်မို့ ခွန်းနစ်ကို လိုက်ပို့ပြီးကတည်းက ဈေးဝယ်ခြမ်းက ချက်ပြုတ်ထားတာကြောင့် ညစာအတွက် သူချက်ထားတာတွေကိုသာ စားစေချင်နေ၏။

"အာ ဒါက အစ်ကိုဟိန်းသူရ ထည့်ပေးလိုက်တာ။ မင်းနဲ့အတူ စားဖို့တဲ့"

နဂို တင်းနေ‌သော မျက်နှာထားမှာ ပို၍ပင် တင်းမာလျက်။ ပေါက်ထွက်တော့မလို ဆူပုတ်လာတာကို မြင်တော့ ခွန်းနစ် အသည်းယားစွာဖြင့် ပါးကိုလှမ်းဖဲ့ပစ်လိုက်သည်။

"ဆိုင်ကယ်ပေါ်က ဆင်းပါဦးကွာ။ အိမ်ထဲ အရင်ဝင်ရအောင်ပါ"

အိမ်ထဲရောက်တော့ စားပွဲပေါ်တင်ထားသည့် ကိတ်မုန့်ဘူးကို မကျေနပ်သလို တကြည့်ကြည့်နှင့်။ ကောက်များ လွှင့်ပစ်တော့မလား တွေးလိုက်ပေမဲ့ ခွန်းနစ် အဝတ်စားလဲပြီးသည်အထိ အရာမယွင်းခဲ့ပေ။ အခန်းထဲမှ ထွက်လာချိန်တွင် နေချိုက ညစာစားဖို့ ခူးခပ်ပြီး ပန်ကာကိုလည်း အသင့်ဖွင့်ပေးထားသည်။

"ရေခဲသေတ္တာထဲထည့်ထားပြီး မနက်ကျတော့ ဆွမ်းတန်းကို လောင်းလိုက်မယ်လေ"

ပြောပြောဆိုဆို ကိတ်ဘူးကို ယူကာ ရေခဲသေတ္တာထဲ ထည့်သည့်အခါ မျက်တောင်မခတ် ကပ်ပါလာသည့် အကြည့်တွေ။ ထမင်းဝိုင်းမှာထိုင်တော့ "မင်းစားချင်ရင် စားပါ" ဟု ‌ပြောလာသည်။

"တော်ပါ... နောက်မှ မင်းနဲ့အတူ ဝယ်စားမယ်"

"အင်း..." တစ်ညနေလုံး ပျောက်နေသော အပြုံးက အခုမှပဲ ညိုညက်ညက် မျက်နှာထက်တွင် နေရာယူသွားသည့်အအခါ သူ့ပုံစံကြောင့် ခွန်းနစ်ပါ အလိုလိုနေရင်း ကြည်နူးလို့လာ၏။

"နေချို..."

"ဟင်"

"ဒီည ငါတို့ အတူနေကြည့်မလား"

"...."

ဇွန်းကို တန်းလန်းကိုင်လျက် မျက်လုံး‌တွေ ဝိုင်းစက်လာပုံက အသည်းယားချင်စရာ။ မယုံနိုင်စွာ ငေးငိုင်နေသူကြောင့် ကိုယ်ပါရှက်လာတာမို့ ခွန်းနစ် ခေါင်းငုံ့ကာ ထမင်းပန်းကန်ကို ဇွန်းဖြင့် ထိုးဆွပစ်လိုက်သည်။

"ကိစ္စမရှိဘူး... မင်း အဆင်သင့် မဖြစ်ရင်လည်း..."

ဂလွမ်...

ဇွန်းပြုတ်ကျသံကြောင့် လန့်သွားရသည့် ခွန်းနစ်။ နေချိုမောင်တစ်ယောက် ရုတ်တရက်ကြီး ထရပ်သည့်အခါ မှီရာ ဘောင်းဘီစကို လှမ်းဆွဲကာ ထားလိုက်ရသည်။

"နေ နေပါဦး။ မင်း မကြိုက်ရင် မလုပ်ခိုင်းပါဘူး။ ထ ထမင်းတော့စားလေ"

Appointment တွေယူကာ ဆွေးနွေးမှုတွေ လုပ်နေပေမဲ့ သူ မဖြစ်ချင်တာကို ခွန်းနစ် အတင်းမတိုက်တွန်းချင်။ စိတ်ရူးပေါက်ကာ ပြောချမိတာကိုပင် နောင်တရပြီမို့ နေချို စိတ်ပျက်သွားမည်ကို စိုးရိမ်ကာ ရင်ဘတ်က ‌ဗလောင်ဆူတက်လာသည်။

"ငါ ငါ ရေသွားချိုးမလို့။ မင်းက ညစ်ပတ်ရင် မကြိုက်ပဲနဲ့"

"ဟင်"

လှစ်ခနဲ လွတ်ထွက်သွားသာ ဘောင်းဘီစ။ ရေချိုးခန်းသို့ တန်းနေအောင်ပြေးသွားသည့် ကျောပြင်ကျယ်ကို ကြည့်ကာ ကျန်ခဲ့သူ ခွန်းနစ်ကတော့ ဆွံ့အလို။

ခဏကြာတော့ မျက်နှာကို လက်နှင့်အုပ်ကာ တအွန်းအွန်း ညည်းညူလိုက်မိသည်။

ဘယ်လိုလုပ်ပြီး ထမင်းစားဝင်ပါတော့မလည်း။ ဒီည နေချိုမောင့်ကို စားရမယ်ဆိုတာနှင့်ပင် ခွန်းနစ် တော်တော်လေး ရင်ပြည့်လာသည်။

......................................................

(အသိပေးချက် : အသက်မပြည့်သေးသူများအတွက် မသင့်တော်သော စကားလုံးများ၊ ဇာတ်ကွက်များဖြစ်ပါသဖြင့် ချင့်ချိန်ဖတ်ရှုကြရန် တိုက်တွန်းလိုပါသည်။)

မွတ်သိပ်စွာ ကျရောက်လာသော အနမ်းတွေက လည်ချောင်းတစ်ခုလုံးကို ကျိုးကြေစေတော့မည့်အလား။တင်းနေအာင် ဆုပ်ကိုင်မိထားသော သူ့ခါးက အရည်ပြားကလည်း ပူလောင်လွန်းကာ သူဖိကပ်ထားသည့် တံခါးချပ်မှာ ခွန်းနစ်က ပြားကပ်လို့နေသည်။

အဆင်မှ ပြေပါ့မလားဟုသောစိုးရိမ်စိတ်တွေက ကျွမ်းကျင်စွာ ချယ်လှယ်နေပြီဖြစ်သော သူ့လျှာဖျားတွေ၏ အတိုးအဝှေ့မှာပင် အစနမကျန်အောင် ပျောက်ဆုံးသွားပြီဖြစ်ကာ ပူးကပ်နေခြင်းကြောင့် သိသာလွန်းသော သူ့ရင်ခုန်သံဟာလည်း တိုက်ပွဲခေါ်သံအလား မြည်ဟိန်းလို့နေ၏။

"အွန်း... အွန့်..."

နှုတ်ခမ်းကို ငုံခဲကာ လက်တစ်ဖက်က ခါးကိုပွတ်သပ်လာချိန်မှာ သူ့ဆံပင်တိုတိုတွေကို လက်နှင့် အားမလို အားမရစွာ ထိုးဆွမိသည်။ လိုအင်ကြောင့် တလိပ်လိပ်တက်လာသည့် မတင်းတိမ်မှုတွေအောက်တွင် သူ့ခြေထောက်တွေဆီ ပွတ်သပ်နေမိသည့် ခွန်းနစ်ရဲ့ ခြေချောင်းတွေ။ ထိတွေ့နေရသည့် အရည်ပြားထူထူထဲကို နစ်ဝင်ချင်သည်အထိ ရတက်မအေးဖြစ်လို့လာသည်။

"အဟင်း... ဟင်း"

အသက်ရှူသံပြင်းပြင်းက မေးရိုးတစ်လျှောက်ရိုက်ခတ်သွားသည်မှ မကြာလိုက် ဆတ်ခနဲနေရောင် ဆွဲတင်ခံလိုက်ရသည့် ခွန်းနစ်ရဲ့ ညဝတ်အင်္ကျီစလေး။

"မ မလုပ်နဲ့... နေ နေချိုမောင်"

အပြောနှင့် ဆန့်ကျင်စွာ ခန္ဓာကိုယ်ကတော့ သူ့နှုတ်ခမ်းဆီ ပိုမို နစ်ဝင်ဖို့ ကြိုးစားနေကာ ရင်ဘတ်ထက် ခြယ်လှယ်နေသည့် သူ့ခေါင်းကိုပင် အရှက်မဲ့စွာ ဖိမိထားသည့် ခွန်းနစ်ရဲ့လက်တွေ။

မူးရူးစွာ နှီးနှောခဲ့ကြသော ပြီးခဲ့သည့်အချိန်မှာ ဒီလို လွတ်မထွက်ချင်စရာ အရသာတွေအကြောင်း မသိခဲ့ရတာ နှမြောစရာပင်။ ကျိတ်ပြီးတော့များ လေ့လာထားသလားမှတ်ရအောင် လူဖြောင့်လူအေးလေးရဲ့ အကြင်နာတွေက နည်းလမ်းစုံနဲ့ ခွန်းနစ်ရဲ့ ရမ္မက်ကို မီးမြှိုက်နေတာဖြစ်သည်။

"အဲ့လို လုပ်နေတာကို တော် တော်တော့"

ဒူးတစ်ဖက်ကို ပင့်ကိုင်ကာ သူ့ဝင်သက်ထွက်သက်ကို ခွန်းနစ်လည်တိုင်မှာ အပ်လျက် ပွတ်သပ်နေသူကြောင့် ခန္ဓာကိုယ်ဟာ အားအင် ယုတ်သည်ထက် ယုတ်လျော့လာကာ မကြာခင်ပဲ မတ်တပ်ရပ်ထားရသော ခြေထောက်တွေဟာ ကြမ်းပြင်ထက်သို့ ပြိုလဲ ကျသွားတော့မည်။

"ဟင်း...ခွန်း.. ခွန်းခွန်း... "

"အ...တအား အင့်"

အလောတကြီး ပါးစပ်ကို ဖိအုပ်ကာ အသံကို ထိန်းလိုက်ရသည်။ ခွန်းနစ်အခန်းက နံရံနှင့်နီးလွန်းတာကြောင့် အသံကျယ်လွန်းလျှင် ဘေးဘီက အိမ်တွေ သတိမထားမိဘူးမပြောနိုင်။ ပွတ်တိုက်ကျီစယ်မှုတွေ များသည်ထက်များလာသည့်အခါ နောက်ဆုံးလက်ကျန် အသိစိတ်ကိုသုံးလို့ အဝတ်မကပ်တော့သည့် နေချို့ပုခုံးကို ဆက်တိုက် တွန်းထုလိုက်ရသည်။

"မင်းအခန်း... မင်း အခန်းမှာလုပ်"

ရေချိုခန်းကြီးတစ်ခုလုံး ခံသည့်အပြင် ဝန်းထရံနှင့်ပါ လှမ်းလှသည့် သူ့အခန်းကို သွားရန်တိုက်တွန်းတာတောင် လုပ်ငန်းစဉ်ကို တော်တော်နှင့် မရပ်သည့် နေချိုမောင်။ သူ့ စိတ်အားထက်သန်မှုက ခွန်းနစ်တွေးထားတာထက်ပင် များပြားက စိတ်လှုပ်ရှားဖို့ ကောင်းလွန်းလှသည်။

"ခ ခဏလေး... ဟို ပစ္စည်းတွေက အင်း... ငါ့ ငါ့ ဘီရိုထဲမှာ"

"မလိုဘူး... ငါ့အခန်းမှာ ရှိတယ်"

ဘယ်အချိန်မှာ ပြင်ထားလိုက်တာလည်း ခွေးသားလေးရဲ့။ ငါက မင်းကို လုံးဝ ဖြူစင်ယဉ်ကျေး အလိမ္မာလေးလို့ တစ်ထစ်ချယုံကြည်ထားတာလေ။ အတွေးပင် မဆုံးလိုက် မြန်ဆန်လှသူက ဘယ်လိုနှုန်းနှင့်မှန်း မခန်းမှန်းနိုင်ချိန်မှာ သူ့ကုတင်ထက်တွင် ခွန်းနစ်အား ဖိချပြီးဖြစ်သည်။

သူတို့ လေ့လာထားခဲ့ကြသလို ဘေးကင်းစေမည့် အနေအထားရောက်အောင် စိတ်ရှည်လက်ရှည်နှိုးဆွပြီးချိန်မှာ နေချို့နားထင်က သွေးကြောတွေက ကြောက်စရာကောင်းလောက်အောင်ပင် ထောင်လျက်သား။ ခွန်းနစ် ခြေထောက်တွေကို ဖိသည်ထက်ဖိကာ ဝင်ရောက်လာသည့်အခါ ခေါင်းကိုမော့လျက် စူးစူးဝါးဝါး အော်ညည်းလိုက်မိသည်။ အသိစိတ်ကပ်လျက်သား ဆက်ဆံရသည်က ထင်သလောက် မလွယ်ကူ။ စိုးရိမ်စိတ်ဖြင့် တအိအိသာ လှုပ်ရှားတော့သည့် နေချို့ကို ကြည့်ရင်း တုန်လှုပ်လာသလို ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကလည်း တိုးသည်ထက် တိုးများလာခဲ့သည်။

အလိုလို ကော့တက်လာသည့် ကျောပြင်၊ ပြောင်းလဲလာသော ညည်းညူသံတို့နှင့် တချို့သော အသံတို့တွေ ရောယှက်သွားကာ ခံစားချက်တို့၏ အရှိန်ကလည်း တဖြေးဖြေးနှင့် ‌ထိုးတက်လာ၏။

"နေ နေချို... အင့်..."

အသက်ရှူသံပြင်းပြင်းမှလွဲ အခြားမထွက်သည့် သူကတော့ ဆက်နွယ်မှု အပေါ်မှာသာ အာရုံစိုက်နေသည့်အလား။ပေါင်တံတွေကို တင်းကြပ်ကြပ် ဆုပ်ကိုင်ရာမှ ခွန်းနစ်ကို ပိုမိုဖိကပ်ကာ ပါးပြင်တစ်ဝိုက် အနမ်းတွေ တရစပ်ခြွေလို့လာသည်။ တစ်လျှောက်လုံး လူးလွန့်နေခဲ့သည့် ခွန်းနစ်ကုဋေမှာ ထိုအနမ်းတို့ ရောက်လာသည်ဆိုလျှင်ပဲ ရင်ဘတ်တစ်ခုလုံး ပူကာ နှာဖျားထိမွှန်တက်လာပြီး အဆုံးမှာ တအိအိနှင့် မျက်ရည်များကျလာတော့သည်။ ဝမ်းနည်းလှိုက်ဖိုမှုကို ဘယ်လို ပြောပြရမည်ဆိုတာကိုပင် မသိ။ ထိုအခိုက်တန့်မှာ သူ့အထက်က ဒီလူရဲ့ အယုအယတွေကို ရသည်ထက် ရချင်ပြီး ရှိသမျှ မာနတွေကိုပင် ခွေးကျွေးပစ်ချင်လာသည်။

နေချိုပဲ ရှိတာ၊ နေချို့ကိုပဲ လိုချင်တာ၊ ဘယ်သူဘာပြောပြော နေချိုက ခွန်းနစ်ကို ရွေးမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ လက်မထောင်နေချင်တာ။

"အင့်...."

"အ... နေ နေချို..."

"ဟင်း... ဟင်း...ဟင်း"

စိတ်လိုလက်ရ လှုပ်ရှားမှုတွေအပြီးမှာ နေချိုက မှောက်လျက်သား ငြိမ်ကျလို့သွားသည်။ နှစ်ဦးသားရဲ့ အသားရေတွေက စိုစိုရွှဲလျက်။ လေးလှသော်လည်း နေချိုနှင့် နီးကပ်ထပ်ကာ ပူးကပ်နေရသည်ကိုပင် မခွာချင်တော့သည့် ခွန်းနစ်။

"ခွန်းခွန်း"

သူ့ ဆီက အသံထွက်လာသည်။အက်ရှကာ မောဟိုက်ခြင်းကြောင့် နောက်ဆက်တွဲစကားကို အရှိန်ယူနေပုံရ၏။ သူ့ နှလုံးသားကလည်း ပေါက်ထွက်လာတော့မတတ် ခွန်းနစ်ရင်ဘတ်ကိုပါ လာရောက်ရိုက်ခတ်နေတာဖြစ်သည်။

"မောင့်ကိုပဲ ချစ်တော့နော်..."

ဟိုက်ခနဲ ခွန်းနစ် ပြိုကျသွားသည်။ ဒီထက်ပိုပြီး စုန်းစုန်းမြုပ်စရာ မရှိတော့သလိုမျိုး ဗလာနတ္ထိဖြစ်သွား၏။ နေချိုက သူ့ စကြဝဠာထဲကို ခွန်းနစ်အား အပိုင်ကြီးကို ဆွဲချသွားခြင်းပင်။

"အင်း"

ဒီတစ်ခါ တစ်ခွန်းထဲ အဖြေပြန်ပေးမိသူက ခွန်းနစ်သာ။

ပင်ပန်းလွန်းလို့ မျက်ခွံတွေက ဖွင့်မရအောင် လေးလံနေပြီဆိုပေမဲ့ အသိစိတ်ကလေးလွတ်မသွားခင်မှာ ဒီတစ်ခွန်းကိုတော့ နေချိုသိအောင် ဖြေခဲ့ချင်ပါသည်....။

..............................................................

စာရေးသူ၏ အမှာစာ:

Big Surprise ပေါ့
Kattamက ဒီလို scenes တွေကို မလိုပဲ မထည့်ပါဘူး။ ဒီတော့ မျက်နှာပူပေမဲ့ ဇာတ်လမ်းလိုအပ်ချက်အရ ထည့်ထားကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်။

‌တိမ်ညိုလေးရဲ့ သရုပ်မှန်ကတော့ နှစ်ပိုင်းနဲ့တောင် ပါးစပ်အဟောင်းသား ဖြစ်နေရပြီမို့လား ဝူး ဟားဟား

(Screenshot တွေရိုက်ပြီး မဖြန့်စေချင်တဲ့အကြောင်းတော့ မေတ္တာရပ်ခံချင်ပါတယ်။ Entertainment Purpose Onlyပါနော်)

Zawgyi

တိမ္ညိုေလး၏ သ႐ုပ္မွန္ ၂

"ေစာင့္ရတာ ၾကာသြားသလားခင္ဗ်။ ကြၽန္ေတာ္ အလုပ္ေလး မျပတ္လို႔ပါ"

"ရပါတယ္ ေမာင္ရင္။ အလုပ္ခ်ိန္မွာ ေခၚလိုက္မိတာကို အန္ကယ္နားလည္ပါတယ္။ ေရာက္လာၿပီဆိုေတာ့ ဒီမွာ ခဏထိုင္ပါဦး"

ခပ္႐ြံ႕႐ြံ႕ျဖစ္ေနေသာ စိတ္ကို အျပင္းထန္ျငင္းဆန္ထုတ္ကာ အနီးနားက ခုံမွာ ဝင္ထိုင္လိုက္သည္။ Conference Hallအတြင္းမွာေတာ့ ဦးေသာတေမာင္ တစ္ဦးသာရွိကာ တံခါးေပါက္ႏွင့္ မနီးမေဝးခုံတြင္ ထိုင္ေနတာျဖစ္၏။ ပုံမွန္ VVIPလူနာမ်ားအတြက္ နား‌ေနခန္း သပ္သပ္ရွိေပမဲ့ ဘာေၾကာင့္ ခြန္းနစ္ကို ဒီေနရာမွာ ‌ေတြ႕ဖို႔ေခၚသည္ရယ္မသိပါ။ ျဖစ္နိုင္တာကေတာ့ Share Holderႏွင့္ ဝန္ထမ္းရဲ႕ ဆက္ဆံေရးကို သူမ်ား‌ေတြအား ေပး မသိလိုျခင္းဟု ခြန္းနစ္ထင္သည္။ ေနခ်ိဳ႕ အေဖဟာလည္း သူလိုကိုယ္လို ဖခင္တစ္ေယာက္ပင္ျဖစ္မည္။ အနည္းဆုံးေတာ့ အေရွ႕တိုင္းက မိဘတိုင္းလိုလို သူတို႔သားသမီး လိင္တူ စိတ္ဝင္စားသည့္ဆိုသည့္ ကိစၥကို ဂုဏ္ယူစရာဟု သတ္မွတ္လာၾကမည္ မဟုတ္ေပ။

"ေနခ်ိဳေမာင္က အန္ကယ့္အေၾကာင္း မေျပာဘူးထင္တယ္"

သားျဖစ္သူ နာမည္ကို စိမ္းစိမ္းကားကားေခၚပုံအရ သူတို႔သားအဖၾကားမွာ ေႏြးေထြးမႈမရွိတာ သိသာလြန္းသည္။ ခြန္းနစ္ သိပ္ေတာ့ မအံ့‌ဩမိပါ။ ေနခ်ိဳ႕ဆီကေနျဖစ္ေစ ေဝၿဖိဳးနိုင္မွတဆင့္ျဖစ္ေစ သိရတဲ့ အေၾကာင္းေတြတိုင္းမွာ ဦးေသာတေမာင္ဆိုတာ ေနခ်ိဳ႕ကို ပစ္ထားသည့္ ဖခင္တစ္ဦးအေနႏွင့္သာ ပါသည္။ အဆုံးစြန္ဆိုရေသာ္ လက္ရွိဇနီးျဖစ္သည့္ ေဒၚဟန္နီလင္းသူပင္ ထိုသားအဖ၏ ဆက္ဆံေရးကို ဖြယ္ဖြယ္ရာရာ ေျပာဆိုျခင္းမရွိခဲ့ပါ။ ဒီလို ပုဂၢိဳလ္က ‌ခြန္းနစ္တို႔ကိစၥကို ဝမ္းေျမာက္စြာ လာေတြ႕ျခင္း မဟုတ္တာ သခ်ာသည္မို႔ စိတ္ကိုထိန္းကာ ေခါင္းၿငိမ့္လ်က္ "ဟုတ္ပါတယ္" ဟု အမွန္တိုင္း ေျဖလိုက္၏။

"သူ႕အေမဆုံးၿပီးေတာ့ နည္းနည္းျဖစ္ျဖစ္ အသိဝင္မယ္ထင္ထားတာ။ သူက အရင္လို ျပင္လို႔ မရမဲ့လူ ျဖစ္ေနတုန္းပဲ"

စားပြဲခုံေအာက္က ခြန္းနစ္ လက္ေတြ တင္းေနေအာင္ ဆုပ္မိသြားသည္။ မဲ့ခ်င္လာေသာ မ်က္ႏွာကို ၿပဳံးေယာင္သမ္းသာ ထိန္းေနေပမဲ့ အတြင္းစိတ္မွာေတာ့ ဟာသတစ္ခုလို တဟားဟား ေအာ္ရယ္ခ်င္လာ၏။

ဘာမွ မေပးထားဘူးတဲ့ လူဆီကေန ဘာကိုမ်ား ေမွ်ာ္လင့္ေနပါလိမ့္။ မ်က္စိထဲမွာ ေနခ်ိဳ ဆင္းဆင္းရဲရဲ ေနခဲ့တဲ့ ညစ္ပတ္သည့္ အေဆာင္ အေပၚထပ္ကို ျမင္ေယာင္လာသည္။ အနာေဖးပင္ မကြာခ်င္ေသးသည့္ ေနခ်ိဳ႕ ေျခေထာက္က ျခင္ကိုက္ရာေတြ၊ ျဖစ္သလိုေနလြန္း၍ အဖုထစ္ေတြျဖစ္ခဲ့တဲ့ ေနခ်ိဳ႕မ်က္ႏွာပါ ေပါင္းလိုက္ေတာ့ တကယ္ အသိဝင္ဖို႔လိုတာ ဘယ္သူမ်ားလဲ ဟုပင္ ႐ြတ္တြတ္တြတ္ ေမးပစ္ခ်င္လာ၏။

"ေမာင္ရင္က သူ႕အေၾကာင္းေရာ သိရဲ႕လား။ ဘာကို မက္ေမာစရာရွိလို႔ ပက္သက္ေနသလဲ မသိေပမဲ့ မိဘျဖစ္တဲ့လူ‌ေတာင္ သူ႕လုပ္ရပ္ေတြကို နားလည္ေပးလို႔မရဘူး။အဲ့ဒီလို ဆိုေတာ့ ေဘးက ဒဏ္ေတြမပါပဲနဲ႕ေတာင္ ေမာင္ရင္တို႔ ေရရွည္ၿမဲမယ္ထင္လား"

ေရွ႕ေနပီပီ သိမ္းသြင္းေျပာဆိုေနေသာ ဦးေသာတေမာင္ရဲ႕စကားေတြက မသိသူသာဆို သူ႕ရဲ႕ ဂုဏ္သိကၡာေတြ ဂုဏ္ပုဒ္ေတြကို အေျချပဳၿပီး စိတ္ပင္ယိုင္သြားခ်င္ေလာက္၏။ ခြန္းနစ္က တလႈပ္လႈပ္ျဖစ္ေနသည့္ ထိုပုဂၢိဳလ္၏ လည္ဇလုပ္ကိုၾကည့္ကာ စိတ္တိုင္းက် ေျပာဖို႔ အရင္ခြင့္ျပဳထားလိုက္သည္။ ခုလိုျဖစ္လာေတာ့ ပိုေတာင္ ေသခ်ာသြားေသး၏။ ေနခ်ိဳ႕ကို အထင္ျမင္ေသးေနသည့္ ဖခင္ဆီမွာ ဒီအတိုင္းမထားနိုင္ဘူးဆိုေသာ အေတြးက ခ်က္ခ်င္းဆိုသလို ခိုင္မာလာသည္။

"ငယ္ငယ္ ကတည္းက သိခဲ့ဖူးၾကတယ္လို႔ ေျပာတယ္"

"ဟုတ္ကဲ့"

"ေမာင္ရင္တို႔ ကိစၥေတြကို ထားလိုက္ေတာ့။ အန္ကယ္က အန္ကယ္နဲ႕ ဆိုင္တာကိုပဲ ေျပာခ်င္တယ္။ ေနခ်ိဳေမာင့္ကို အန္ကယ့္ဆီျပန္ဖို႔ ေျပာလိုက္ပါ။ ဆက္တြဲတာေတြ မတြဲတာေတြ  အန္ကယ့္ဖက္က ဘာမွမေျပာခ်င္ဘူး။ သူက ေလာကမွာ လုပ္စားလို႔ရေအာင္ထိ ဘာမွမတတ္ေသးသ၍ စဥ္းစားဉာဏ္ နည္းတဲ့သူ ျဖစ္ေနဦးမွာပဲ"

သူ႕သေဘာက ေနခ်ိဳက ေခါင္းမသုံးနိုင္လို႔ ခုလို ခြန္းနစ္နဲ႕ အေပ်ာ္တြဲၿပီး အခ်ိန္ျဖဳန္းေနသည္ေပါ့။ သူ႕အေနႏွင့္ ခြန္းနစ္တို႔ ဆက္ဆံေရးကို ျဖတ္ေတာက္ဖို႔ ဖိအားေပးမွာ မဟုတ္သလို ေနခ်ိဳ႕ကိုသာ ထြန္းထြန္းေပါက္ေပါက္ ျဖစ္ေအာင္လုပ္ၿပီး ဆုံးျဖတ္ဖို႔ တိုက္တြန္းမည့္ပုံ။ ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ဆုံး တြက္ၾကည့္ေတာ့ သူေျပာခ်င္တာ တစ္ခုထဲသာ။

ေနခ်ိဳက ေခါင္း မသုံးနိုင္ေသးလို႔ ခြန္းနစ္ကိုတြဲေနတာ။ သူသာ သိပ္ေတာ္ၿပီး ထူးခြၽန္တဲ့သူ ျဖစ္သြားရင္ ‌ခြန္းနစ္လို ေယာက္်ားတစ္ေယာက္ လက္ကိုတြဲၿပီး အခ်ိန္ျဖဳန္းပါဦးမလားေပါ့။ ဦးေသာတေမာင္က သူ႕အျပစ္လြတ္ေအာင္ေျပာၿပီး ခြန္းနစ္ကို တစ္ဖက္သတ္ႏွိမ္သြားျခင္းပင္။ ၾကည့္ရတာ သူ႕သားက သိပ္ေတာ္သြားရင္ ခြန္းနစ္လိုလူကို ေသခ်ာေပါက္ထားခဲ့ၿပီး အထက္ကို ထိုးတက္သြားမည္လို႔ ယုံၾကည္ေနသည့္ပုံပင္။

အဲ့ဒါဆို ႐ူးေနလို႔ အဲ့လိုလူကို လႊတ္လိုက္ရမွာလား။ သူ႕သား မေတာ္ခင္ကတည္းက ခြန္းနစ္က အမ်ားႀကီးေတာ္ၿပီး ဒီလို ေနရာကို ေရာက္လာခဲ့ၿပီးသားေလ။ ေနခ်ိဳတစ္လွမ္းဆို ခြန္းနစ္က သုံးလွမ္းေလာက္ေတာင္ ႀကိဳျမင္ေနမွာ။ ဘဝတစ္ေလွ်ာက္လုံး ကိုကိုႀကီးထက္ သာခ်င္တဲ့စိတ္နဲ႕ ေလွ်ာက္ခဲ့ဖူးသည့္ ခြန္းနစ္က ဒီလို ၿခိမ္းေျခာက္မႈမ်ိဳးေလာက္ကို ေၾကာက္ဖို႔ ေဝလာေဝးေသးသည္။

စိတ္အခ်ဥ္ေပါက္ေနတုန္း ထပ္ၾကားလိုက္ရသည့္ စကားေၾကာင့္ ခြန္းနစ္ မ်က္လုံးေတြပင္ေမွးသြားက ပါးစပ္က ဖြင့္ဟသြားသည္။ မ်က္ႏွာထက္မွာ သေရာ္ရိပ္ေတြက ျပည့္ႏွက္လာကာ ဟားဟား ဆိုသည့္ ရယ္သံက မခိုးမခန႔္စြာ ထြက္လာသည့္အတြက္ ပါးစပ္ကို လက္ဝါးျဖင့္အုပ္လ်က္ "ေဆာရီးဗ်" ဟု ေျပာလိုက္ရ၏။

"အကယ္၍ ေမာင္ရင့္မွာလည္း ေရွ႕ဆက္ဖို႔ ပညာသင္ခ်င္တာရွိရင္ ေမာင္ရင္ အရည္ခ်င္းမွီတဲ့ တကၠသိုလ္ကို ေလွ်ာက္လိုက္ပါ။ အန္ကယ္က ပညာေရးကို ပံ့ပိုးပါတယ္။ မဟုတ္ည္း ႏွစ္စဥ္ ေထာက္ပံ့ေနက်ရွိတာမို႔ ေမာင္ရင့္အတြက္ အပန္းမႀကီးပါဘူး" တဲ့ေလ။ ‌ဘယ္ေလာက္ေတာင္ မိုက္လဲသလည္း။ ခြန္းနစ္ ပါးစပ္ကိုအုပ္ကာ သူ႕အားစူးရဲစြာၾကည့္ေနသည့္ ဦးေသာတေမာင္ထံ ျပန္လည္ၾကည့္ရင္း ေခ်ာင္းဟန႔္လိုက္သည္။

"အဟမ္း အန္ကယ့္ ေစတနာကို ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကေလ ပညာမရွာခ်င္ေတာ့ဘူးဗ်။ ပိုက္ဆံပဲ ရွာခ်င္ေတာ့တာ"

တစ္ခ်ိန္လုံး တည္တင္းေနခဲ့ေသာ ဂုဏ္သေရရွိလူႀကီးမင္း၏ မ်က္ႏွာက ကြက္ခနဲ။ ခြန္းနစ္ခ်က္ခ်င္းပဲ လက္ကို ခါယမ္းကာ အထင္လြဲမွာေၾကာက္သလို ပုံစံဖမ္းလ်က္ " ပိုက္ဆံေတာင္းေနတာ မဟုတ္ဘူးေနာ္ အန္ကယ္။ အထင္မလြဲပါနဲ႕ဦး" ဟု ဆိုလိုက္ရျပန္သည္။ လူႀကီးေတြက ခက္၏။ ေနရင္းထိုင္ရင္းပင္ ႏွိမ္ခ်င္ေနရသည့္အထဲ ခြန္းနစ္ကို ေငြခ်ဴစားသည့္ ေကာင္ဟု ထင္သြားမွ ဟုတ္ေနေရာ့မည္။

"ၿပီးေတာ့ ေနခ်ိဳ... အန္ကယ့္သားကို တစ္ခုခုလုပ္ေပးခ်င္တာရွိရင္ ဘာလို႔မ်ား ကြၽန္ေတာ့ဆီလာေနဦးမွာလဲ။ ကြၽန္ေတာ္ ဆြဲထားတာမ်ိဳး တစ္ခါမွ မလုပ္ဖူးဘူးဗ်။ ကြၽန္ေတာ္က သူ႕ကို သူေနေနတဲ့ တြင္းထဲကေန ေခၚထုတ္ၿပီး  ေကာင္းေကာင္းမြန္မြန္ထားခ်င္တဲ့ စိတ္နဲ႕ပဲ အနားမွာထားတာ"

တင္းသည္ထက္ တင္းမာလာေသာ မ်က္ႏွာကို ဂ႐ုမစိုက္ေတာ့။ တခ်ိန္လုံး ပစ္ထားခဲ့ၿပီးမွ တာဝန္ေက်ခ်င္ေနသူကို ေနခ်ိဳ႕အစား ပိုပိုသာသာေလး ေျပာပစ္လိုက္မည္။ ဖြင့္ၿပီး မေတာင္းဆိုတာနဲ႕၊ ၿငိမ္ေနတာနဲ႕ ပစ္ထားလို႔ရတယ္လို႔ ဘယ္သူကေျပာလို႔။ စိတ္တိုင္းမက်တဲ့ မိန္းမႏွင့္ရတဲ့ကေလးမို႔ မုန္းသည္ဆိုလည္း စိတ္လိုလက္ရ ပစ္ထားလိုက္ပါေတာ့လား။ ခုလိုမ်ိဳး အားလုံးကို မွတ္မွတ္ရရျဖစ္ေနၿပီး အမ်ားႀကီး ပင္ပန္းခဲ့မည့္လူကိုမွ အသုံးမက်သဴသေယာင္ေယာင္ အျပစ္တင္ခ်င္ေနသည့္ ေနခ်ိဳ႕ဖခင္ကို မေလးစားနိုင္ေတာ့။ သူ ဘယ္ေတာ့မွ မစြက္ဖက္ဖို႔ မ်က္ႏွာလႊဲထားသည့္ဘဝကို သူ႕စိတ္တိုင္းက် ေဝဖန္ခြင့္မ်ိဳး ခြန္းနစ္ နည္းနည္းမွ မေပးနိုင္ပါ။

"အန္ကယ္ ဆႏၵရွိရင္ ေနခ်ိဳနဲ႕ တိုက္ရိုက္ေျပာလိုက္ပါ။ သူ ပိုၿပီး တိုးတက္လာမဲ့ ကိစၥကို ကြၽန္ေတာ္က နည္းနည္းေလးေတာင္မွ တားဖို႔ အစီစဥ္ မရွိလို႔ပဲ။ ကြၽန္ေတာ္က အမ်ားႀကီးေတာင္ ဝမ္းသာရမယ္ေလ"

"..."

"အတူတူ ဆက္ရွိတာ မရွိတာကေတာ့ အန္ကယ္ေျပာသလို ကြၽန္ေတာ္နဲ႕ ေနခ်ိဳ႕ၾကားက ကိစၥေပါ့။ အမ်ားႀကီးေတာ္လာတဲ့ ေနခ်ိဳက ကြၽန္ေတာ့ကို မလိုခ်င္ေတာ့ဘူးဆိုၿပီး ေျပာလာ မလာဆိုတာေလ။ ေရစက္ဆိုတာ ေျပာလို႔ရတဲ့ ကိစၥမဟုတ္ဘူး။ ဆယ္စုႏွစ္ တစ္ခုေလာက္ၾကာမွ ကြၽန္ေတာ္တို႔ ျပန္ေတြ႕ခဲ့တာ အန္ကယ္ရဲ႕"

စကားအဆုံးမွာ ခြန္းနစ္ၿပဳံးလိုက္သည္။အရင္လို ထစ္ခနဲရွိ ေလာကႀကီးကို မေက်မနပ္ျဖစ္ၿပီး မတရားဘူးထင္တတ္သည့္ လူငယ္ေလး မွမဟုတ္ေတာ့တာ။ ခြန္းနစ္မွာ နည္းလမ္းေတြရွိသည္။ ကိုယ့္ကို အနင္းမခံပဲ ဘယ္လိုတုန႔္ျပန္ရမည္ဆိုတာမ်ိဳး ခြန္းနစ္မိဘေတြကလည္း သင္ေပးခဲ့ဖူး၏။အနိုင္ယူစရာမလိုပဲ ယုံၾကည္ခ်က္ရွိရွိ တန္ျပန္နိုင္ဖို႔ဆိုတာကေတာ့ ျဖတ္သန္းလာခဲ့သည့္ လူငယ္ဘဝ၏ သင္ခန္းစာေတြပင္။

"ေနခ်ိဳ႕ကို အမိန႔္ေတြ ေပးေနမဲ့အစား ညွိႏွိုင္းၾကည့္လိုက္ပါ အန္ကယ္။ ေခါင္းမာၿပီး ဆိုး႐ြားေနတဲ့ ကေလးမဟုတ္ပဲနဲ႕ အေလးစားခံဖို႔နဲ႕ ယုံၾကည္မႈကို လိုေနတဲ့ ကေလးပါ။ ေစာ္ကားလိုတဲ့စိတ္နဲ႕ မဟုတ္ပဲ အႀကံျပဳတဲ့စကားမို႔ ကြၽန္ေတာ့ကို ေဗြမယူဖို႔ ေမွ်ာ္လင့္ပါတယ္ဗ်"

ႏႈတ္ဆက္လိုက္မိလား မသိေတာ့။ ခြန္းနစ္ သတိကပ္ခ်ိန္မွာ ေဆး႐ုံေကာ္ရစ္တာမွ လူနာမ်ားကိုင္ေလွ်ာက္ရန္ တပ္ဆင္ထားသည့္ တန္းကို ကိုင္ကာ ရပ္လ်က္သားျဖစ္ေနခဲ့သည္။ လက္ေတြဟာ တုန္လ်က္ အသက္ရႉမဝျဖစ္ကာ ေမာပန္းေန၏။ ဦးေသာတေမာင္တစ္ေယာက္ ဟန္မပ်က္ထြက္သြားေပမဲ့ ခြန္းနစ္အေပၚ ေကာင္းသည့္အျမင္ေတြခ်ည္း သယ္ယူမသြားမွာေတာ့ ေသခ်ာသည္။ ဖေအထက္ ပိုသိသေယာင္ပင္ ေစာ္ေစာ္ကားကား ေျပာလိုက္သမွ် စကားေတြထဲမွာ ေနခ်ိဳ႕အတြက္ ေမွ်ာ္လင့္ခ်က္ ကေလးေတြ ပါတာကိုေတာ့ မညာလိုပါ။

"ကုေဋ..."

ရင္းႏွီးသည့္ ေခၚသံႏွင့္အတူ အနားေရာက္လာေသာ ေျခေထာက္တစ္စုံ။ ခြန္းနစ္ေမာ့ၾကည့္ေတာ့ အစ္ကို ဟိန္းသူရက sethoကို လည္ပင္မွာခ်ိတ္လ်က္ အဆင္ေျပရဲ႕လားဆိုေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနခဲ့သည္။ နံေဘးမွ ရပ္ေစာင့္ေနသည့္ MOတခ်ိဳ႕ပါတာေၾကာင့္ ခြန္းနစ္ ခါးကိုမတ္ကာ ‌ႏႈတ္ဆက္လိုက္၏။

"ဆရာသူရ..."

"အိုေက .. ကိုယ့္လူနာလဲ ကုန္ၿပီဆိုေတာ့ Round တာကို ဒီမွာပဲ ရပ္လိုက္ေတာ့မယ္။ ဆရာတို႔ ဆရာမတို႔ wardထဲကို ျပန္သြားလို႔ရပါၿပီ။ ကိုယ္က ဒီက မိတ္ေဆြနဲ႕ ေျပာစရာေလးရွိလို႔"

"ဒါဆို သြားလိုက္ပါဦးမယ္ ဆရာ"

"ခြင့္ျပဳပါအုန္း ဆရာသူရ"

အသီးသီးႏႈတ္ဆက္သြားၾကသည့္ Mefical Officersေတြရဲ႕ ေျခသံေတြ ေဝးသြားမွ ခြန္းနစ္ ေလပူတစ္ခ်က္ မႈတ္ထုတ္လိုက္မိသည္။ အဟက္ ခနဲ ရယ္သံေသာ့ေသာ့တို႔က အစ္ကိုဟိန္းသူရထံမွ ထြက္လာ၏။

"အလုပ္ခ်ိန္ႀကီးကို ဒီဘက္ထဲ ဘယ္လိုေရာက္လာတာလဲ။ လူၾကည့္ရတာလဲ အေမာတေကာနဲ႕"

လူရင္းႏွင့္ေတြ႕သလို ပြင့္လင္းစြာေမးသည့္ အစ္ကိုဟိန္းသူရႏွင့္ ဆက္ဆံေရးက အမ်ားႀကီး ေျပျပစ္ေနၿပီ မဟုတ္သည့္တိုင္ အရင္ကေလာက္ တင္းမာေနသည္မ်ိဳးေတာ့ မရွိေတာ့ေပ။ ခြန္းနစ္က ေနခ်ိဳေမာင္ႏွင့္တြဲၿပီးေနာက္မွာ ဆရာဟိန္းသူရအပါဝင္ သူႏွင့္ ဇယားရွိသမွ်လူတိုင္းအေပၚ မိတ္ရင္းေဆြရင္းမ်ားလို စိတ္ရွင္းရွင္း ဆက္ဆံနိုင္လာၿပီျဖစ္သည္။

"ဆိုစမ္းပါဦး။ အေျခေန မေကာင္းရင္ အစ္ကိုနဲ႕ တစ္ရက္ေလာက္ appointment ယူၾကည့္ေလ။ ဒီ‌ေန႕ ညေနပိုင္းဆိုရင္ေရာ။ အစ္ကိုက ဝန္ထမ္းဆို FOC (အခမဲ့ ၾကည့္ရႈမႈ) ေပးမွာပါ"

"ကြၽန္ေတာ္ ေနေကာင္းပါတယ္"

"အင္း ၾကည့္ရတာ တစ္ခုခုေတာ့ ျဖစ္ပုံပါပဲ"

ၿပဳံးစိစိႏွင့္ စိတ္ရွည္လက္ရွည္ေမးေနၿပီမို႔ ခြန္းနစ္ မညာနိုင္ေတာ့။ ကိုယ္ကို မတ္ကာ ဂ်ဳတီကုတ္ကို ဆြဲ႕ဆန္ၿပီးေနာက္ " ခဏေလာက္ အစ္ကို အခ်ိန္ရလား" ဟု ေမးလိုက္သည္။

"ဒါေပါ့။ ညေန ၅နာရီမွ လူနာၾကည့္ရေတာ့မွာေလ။ ဒီေန႕ တျခားမွာ သြားထိုင္ဖို႔လည္း မရွိဘူး"

"‌ဒါဆို ကြၽန္ေတာ့ကို ေကာ္ဖီ ဝယ္တိုက္မလား"

အစ္ကို ဟိန္းသူရက မ်က္ခုံးပင့္သြားသည္။ သူတို႔ၾကားက ကေတာက္ကဆေၾကာင့္ ခြန္းနစ္ကုေဋတို႔ ခုလို ရင္းရင္းႏွီးႏွီး မေျပာတာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ။ သူ႕ အထင္ ၆ႏွစ္ ၇ႏွစ္ေလာက္ပင္ ရွိေတာ့မည္။

"ေသခ်ာတာေပါ့ ဘယ္ဆိုင္ကိုသြားခ်င္လည္း ေျပာလိုက္"

"ဂ်ဴတီခ်ိန္ႀကီးမို႔ အေဝးႀကီးသြားလို႔မရဘူး။ အစ္မကို ေျပာၿပီးရင္ ကြၽန္ေတာ္ ေဆး႐ုံေရွ႕ကဆိုင္ကို လာခဲ့မယ္"

"အိုေက အစ္ကို မွာထားလိုက္မယ္ေလ"

"ကြၽန္ေတာ္ႀကိဳက္တာ သိလို႔လား"

"အရင္လို႔ပဲ မဟုတ္ဘူးလား"

ခြန္းနစ္က ရယ္ရင္း ေခါင္းကိုခါလိုက္သည္။ အစ္ကို ဟိန္းသူရက ေဖာ္ေ႐ြတတ္သူမို႔ တစ္ဖက္သူ၏ သေဘာကို အေလးထားကာ ကိုယ့္ကိုယ္ကိုယ္ အေရးပါသလိုမ်ိဳး အၿမဲခံစားရေစသည္။ ဒါေၾကာင့္ ဒီလူအေပၚ ခြန္းနစ္က အားကိုးအားထားသလို ႀကီးႀကီးမားမားကို သေဘာက်ခဲ့၏။ အခုေတာ့ သူ ဒီလူအေၾကာင္းကို ေကာင္းေကာင္းနားလည္သြားၿပီ။ သေဘာေကာင္းသည္ဆိုေသာ မွတ္ခ်က္ ေနာက္မွာ သူ႕ကိုယ္သူ ဖုံးကြယ္ေနတတ္‌သူဟုသာ ျမင္လာ၏။ အရင္က ဒီလို အယုအယေတြကို ေက်နပ္ကာ ထူးျခားသလို ခံစားရေပမဲ့ အ႐ြယ္ေရာက္လာသည့္ ခြန္းနစ္အတြက္ေတာ့ ဒါဟာ တန္းတူညီမွ် လူတိုင္းရနိုင္သည့္ ခံစားခြင့္ေတြအျဖစ္ ေသခ်ာနားလည္ခဲ့ၿပီ။ထို႔အတြက္ ေသးေသးေလးမွ်ပင္ ဝမ္းပန္းတသာမျဖစ္ေတာ့ပဲ ေအးေဆးစြာ အလိုက္သတင့္ ရယ္လိုက္၏။

"မတူေတာ့ဘူး။ အရင္က ဘယ္ဟာ ေကာင္းမလည္း မသိလို႔ စမ္းတဝါးဝါးျဖစ္ေနခဲ့တာ။ အခုက တကယ္ႀကိဳက္တာ ဘာလည္း ေသခ်ာသိသြားၿပီ။ အစ္ကို မွာႏွင့္ပါ။ ၿပီးမွ ကြၽန္ေတာ္ ႀကိဳက္တာကို ေသခ်ာမွာပါ့မယ္"

အစ္ကို႔မ်က္ဝန္းေတြက မွိုင္းခနဲ။ သူက ခြန္းနစ္ကို ေလးပင္စြာၾကည့္ရင္း အၿပဳံးတို႔ဟာ အင္အားနည္းသြားသည္။ ေနာက္မွ သူ႕ကိုယ္သူ သတိထားမိသည္ထင္။ အၿပဳံးကို ျပန္လည္ ေပၚလြင္ေစကာ "‌ဒါဆို ေစာင့္ေနမယ္" ဟု ဆိုလ်က္ ေရွ႕မွ အရင္ ထြက္ခြာသြားေတာ့၏။

အစ္မ၏ "အဆင္ေျပလား" ဆိုေသာ အေမးအျပင္ ယုတို႔ရဲ႕ " ဘယ္သူလဲ ဘယ္ဝါလဲ" ဆိုေသာ ေမးခြန္းေတြအတြက္ မိနစ္အနည္းငယ္ေလာက္ အခ်ိန္ေပးၿပီးေနာက္မွာ ခြန္းနစ္ ေကာ္ဖီဆိုင္သို႔ထြက္လာခဲ့သည္။ ‌ေရာက္သြားေတာ့ အစ္ကိုဟိန္းသူရက ေကာ္ဖီပင္ တစ္ဝက္က်ိဳးလို႔။ မုန႔္ပါမွာရန္ေျပာ‌သည့္အခါ  ခ်ိစ္ကိတ္တစ္ပိုင္းမွာကာ အျပန္ ေနခ်ိဳ႕အတြက္ မုန႔္တစ္မ်ိဳးမ်ိဳးဝယ္ဖို႔ပါ စိတ္ကူးေပါက္သြားသည္။ ေက်းဇူးရွင္က ခြန္းနစ္လို အစုံမစားေပမဲ့ ကိတ္မုန႔္ေကြၽးရင္ေတာ့ စိတ္လိုလက္ရ ေကာင္းေကာင္းစား၏။

"ကိုယ့္ဟာကိုယ္ စားရင္ေတာင္ သူ႕သတိရေနတယ္။ ဒုကၡပဲ ငါေတာ့"

"ဟမ္... ဘာေျပာလိုက္တာလဲ"

"အယ္ ဘာမွ မဟုတ္ပါဘူး။ ကိတ္က ေကာင္းတယ္ေျပာတာ"

"ဒါဆို အိမ္မွာစားဖို႔ပါ ထပ္ယူသြားေလ။ အစ္ကို ဝယ္ေကြၽးမွာေပါ့"

"ေနပါဗ်ာ။ အိမ္ယူသြားရင္ ကြၽန္ေတာ့ထက္ သူက စားမွာ။ သူ႕အတြက္ကို ကြၽန္ေတာ္ကပဲ ဝယ္သြားခ်င္တယ္"

"အဟား..." အစ္ကိုရယ္ေတာ့ ခြန္းနစ္ ရွက္သြား၏။ အမႈမဲ့ အမွတ္မဲ့ ပက္ခနဲ ေျပာလိုက္မိသည့္ စကားက အေတာ္ေလး အိုဗာျဖစ္သြားလိမ့္မည္။

"ကုေဋက ေတာ္ေတာ္ နစ္ျမဳပ္ေနတာျဖစ္မယ္။ ကိစၥမရွိပါဘူး။ အစ္ကို႔ညီရဲ႕ ေကာင္ေလးကလည္း အစ္ကို႔ညီေပါ့"

ေခါင္းကို ၿငိမ့္လ်က္ ခြန္းနစ္ ရယ္သည္။ ေနခ်ိဳကေတာ့ ျဖစ္ခ်င္မည္ မထင္ပါ။ သူက အစ္ကို ဟိန္းသူရကို မၾကည္ဘူးဟု ခြန္းနစ္ထင္သည္။ ခြန္းနစ္ရဲ႕ အီစီကလီ ဇာတ္လမ္းေဟာင္းေတြအေၾကာင္းေျပာတိုင္း ေမးေထာက္ကာ နားေထာင္ေပမဲ့ အစ္ကိုဟိန္းသူရပါလာလွ်င္ေတာ့ မ်က္ေမွာင္ၾကဳတ္ကာ "မသိခ်င္ဘူး" ဟု တည့္တိုးေျပာတတ္၏။

"အလုပ္ကေရာ အဆင္ေျပရဲ႕လား။ အစ္ကို႔ အထင္ ကုေဋက ေဆး႐ုံထဲမွာပဲ ျမဳပ္ေနရင္ ႏွေျမာဖို႔ ေကာင္းတယ္ေနာ္။ ဝါသနာ ပါရင္ေတာ့ မေျပာလိုဘူးေပါ့။ ငယ္တုန္း စြန႔္စားခ်င္စိတ္မ်ားရင္ေတာ့ အစ္ကို အႀကံေပးဖို႔ အသင့္ရွိတယ္ေနာ္"

စိတ္ရင္းကို နားလည္စြာ ခြန္းနစ္ လက္ခံလိုက္သည္။ ကိုယ္တိုင္လည္း အလုပ္အေျပာင္းလဲကို ေတြးၾကည့္တတ္သည့္တိုင္ ဒီေနရာေရာ ဒီေနရာက လူတြကိုပါ သံေယာဇဥ္ရွိေနသည္မို႔ ၾကာၾကာ မေတြးၾကည့္ျဖစ္ပါ။ဒီေန႕လို အေျခေနမွာေတာ့ တစ္ခုခုက လႈံ႕ေဆာ္လာသလိုမ်ိဳး ေျပာင္းလဲ ၾကည့္ဖို႔စိတ္ကူးဝင္လာသည္။ ဒီထက္ပိုၿပီး က်ယ္ျပန႔္ထဲေလာကထဲ ဝင္လိုက္ရင္ ခြန္းနစ္ရဲ႕ အရွိန္က ျမင့္မားလာဖို႔ ေသခ်ာသေလာက္ပင္။ ဒီလိုသာဆို ေနခ်ိဳ႕အတြက္ ခြန္းနစ္က ထိုက္တန္ၿပီး သင့္ေတာ္သည့္လူ ျဖစ္သြားေလမလား။ မာနတရားက ဦးေသာတေမာင္ေရွ႕မွာ ေနခ်ိဳေ႐ြးခ်ယ္ထားသည့္ ကိုယ္က ေပါက္ေျမာက္ေနတာကို ခ်ျပခ်င္လာသည္။

"ကြၽန္ေတာ္လည္း စဥ္းစားၾကည့္ေနပါတယ္"

"အဆက္သြယ္လိုရင္ နံပါတ္တစ္က အစ္ကို႔ကိုေ႐ြးလိုက္။ အစ္ကို႔ညီကို ကူညီဖို႔ ရယ္ဒီပဲ"

"ဟုတ္ပါၿပီ ေက်းဇူးတင္ပါတယ္ဗ်ာ။ ကိုကိုႀကီး မ်က္ႏွာနဲ႕ ကြၽန္ေတာ့ကို ေကာင္းစားေစခ်င္ေနတာလို႔ေတာ့ မေျပာနဲ႕ေနာ္။ ဒါေတာ့ မာနထိတယ္ဗ်"

ခြန္းနစ္က ေနာက္လိုက္ျခင္းသာျဖစ္ကာ တစ္ဖက္လူကေတာ့ ေဆြးေဆြးေျမ့ေျမ့ျဖစ္လို႔သြားရွာသည္။ မရည္႐ြယ္ထားေသာ စကားမွာ ခြန္းနစ္က သူ႕အတိတ္ကို တူးဆြမိပုံပင္။

"ေဆာရီး.. ကြၽန္ေတာ္က"

"ေအးေဆးပါ။ အစ္ကို႔ ေစတနာက မင္းအေပၚမွာပဲျဖစ္ျဖစ္ ထား‌နိုင္တာပဲ ေက်းဇူးတင္ေနပါၿပီ"

ခြန္းနစ္ေၾကာင့္ ပ်က္ေတာက္သြားရသည့္ ကိုကိုႀကီးတို႔ ဆက္ဆံေရးအတြက္ စိတ္မေကာင္းေပမဲ့ ညီျဖစ္သည့္ ကိုယ့္ကိုပင္ လက္မခံနိုင္ခဲ့သည့္ ကိုကိုႀကီးအတြက္ ဘာမွမတတ္နိုင္။ တရားခ်ေပးရန္ကလည္း ညီအစ္ကိုဆက္ဆံေရးက ေရခဲေရထက္ပင္ ေအးစက္လြန္းေနခဲ့သည္။ ကိုကိုႀကီးက စာအုပ္ႀကီးတစ္အုပ္လို သတ္မွတ္ထားၿပီးသား အရာေတြကသာ အမွန္ဟုထင္ၿပီး ခြန္းနစ္ကေတာ့ ကိုယ့္ယုံၾကည္မႈကသာ အမွန္ဟုထင္သည့္လူ။

"တကယ္လို႔မ်ား ကိုကိုႀကီးနဲ႕ အစ္ကို အဆင္ေျပတယ္ထားပါေတာ့။ အိမ္က လုံးဝလက္မခံဘူးဆိုရင္ အစ္ကိုတို႔ လမ္းခြဲမွာလား"

"မျဖစ္နိုင္တာ။ နိုင္ေဝကသာ အစ္ကို႔လက္ကိုဆြဲရင္ က်န္တာ ဘာမွ ထည့္မတြက္ေတာ့ဘူး။ သူ မဆြဲတဲ့လက္မို႔သာ အစ္ကိုက က်န္ေနတာ"

"ဘယ္လို ဖိအားမ်ိဳး လာလာေပါ့"

"အင္း... အဲ့ဒါေတာ့ ေသခ်ာတယ္။ လူႏွစ္ေယာက္ လမ္းခြဲဖို႔အတြက္ သူတို႔ႏွစ္ေယာက္ေပၚမွာပဲ မူတည္တာလို႔ အစ္ကိုကတြက္တယ္။ ပတ္ဝန္းက်င္ ဖိအားဆိုတာ ဆင္ေျခသပ္သပ္ပဲ။ဘာပဲျဖစ္ျဖစ္ အတူရွိမယ္ဆိုတဲ့ သူက ရွိကို ရွိေနေပးလိမ့္မယ္"

စကားဆုံးေတာ့ ခြန္းနစ္ ေခါင္းငုံ႕ကာ ၿပဳံးမိသည္။ သူမွာထားသည့္ ေကာ္ဖီေအးက ေရခဲေတြပင္ သိပ္မက်န္ခ်င္ေတာ့။ ေနခ်ိဳေမာင့္ေက်းဇူးနဲ႕ လပိုင္းအတြင္ ေကာ္ဖီေအးစြဲသြားတာကလည္း အံ့ဩဖို႔ေကာင္းသည္။ ဘယ္လိုေတာင္မွ ခြန္းနစ္ ဘဝကို ဗရမ္းဗတာျဖစ္ေအာင္ ေမႊေႏွာက္လိုက္တာပါလိမ့္။

"ေက်းဇူး အစ္ကို။ ေကာ္ဖီအတြက္ေရာ အခ်ိန္ေပးတာအတြက္ေရာ"

"No Problemပဲ။ မုန႔္လည္း အစ္ကိုဝယ္ေပးလိုက္မယ္။ ေကာင္ေလးနဲ႕ မွ်စားလိုက္ေပါ့"

မ်က္စိတစ္ဖက္ မွိတ္ျပသူကို ၾကည့္ရင္း ခြန္းနစ္ ဟက္ဟက္ပက္ပက္ရယ္လိုက္သည္။ မတင္မက်ျဖစ္ေနေသာ စိတ္ေတြက ယခုေတာ့ ျပန္လည္တည္ၿငိမ္ေနၿပီျဖစ္ကာ ဦးေႏွာက္က ျဖစ္သင့္တာေတြကို ေကာင္းေကာင္းေတြးနိုင္သည့္ အေနထားသို႔ ျပန္လည္ ေရာက္ရွိလာၿပီပင္...။

...............................................

"ငါက မင္းစားဖို႔ ညစာခ်က္ထားတာ"

ဆိုင္ကယ္ေပၚက ဆင္းဆင္းခ်င္း ေျပာသူက ေဆး႐ုံကို လာႀကိဳကတည္းက ခြန္းနစ္လက္ထဲမွ ကိတ္ဘူးကို ၾကည့္ေနကာ အိမ္ျပန္ေရာက္တာႏွင့္ ခ်က္ခ်င္းေျပာေတာ့သည္။ သူက ပိတ္ရက္မို႔ ခြန္းနစ္ကို လိုက္ပို႔ၿပီးကတည္းက ေဈးဝယ္ျခမ္းက ခ်က္ျပဳတ္ထားတာေၾကာင့္ ညစာအတြက္ သူခ်က္ထားတာေတြကိုသာ စားေစခ်င္ေန၏။

"အာ ဒါက အစ္ကိုဟိန္းသူရ ထည့္ေပးလိုက္တာ။ မင္းနဲ႕အတူ စားဖို႔တဲ့"

နဂို တင္းေန‌ေသာ မ်က္ႏွာထားမွာ ပို၍ပင္ တင္းမာလ်က္။ ေပါက္ထြက္ေတာ့မလို ဆူပုတ္လာတာကို ျမင္ေတာ့ ခြန္းနစ္ အသည္းယားစြာျဖင့္ ပါးကိုလွမ္းဖဲ့ပစ္လိုက္သည္။

"ဆိုင္ကယ္ေပၚက ဆင္းပါဦးကြာ။ အိမ္ထဲ အရင္ဝင္ရေအာင္ပါ"

အိမ္ထဲေရာက္ေတာ့ စားပြဲေပၚတင္ထားသည့္ ကိတ္မုန႔္ဘူးကို မေက်နပ္သလို တၾကည့္ၾကည့္ႏွင့္။ ေကာက္မ်ား လႊင့္ပစ္ေတာ့မလား ေတြးလိုက္ေပမဲ့ ခြန္းနစ္ အဝတ္စားလဲၿပီးသည္အထိ အရာမယြင္းခဲ့ေပ။ အခန္းထဲမွ ထြက္လာခ်ိန္တြင္ ေနခ်ိဳက ညစာစားဖို႔ ခူးခပ္ၿပီး ပန္ကာကိုလည္း အသင့္ဖြင့္ေပးထားသည္။

"ေရခဲေသတၱာထဲထည့္ထားၿပီး မနက္က်ေတာ့ ဆြမ္းတန္းကို ေလာင္းလိုက္မယ္ေလ"

ေျပာေျပာဆိုဆို ကိတ္ဘူးကို ယူကာ ေရခဲေသတၱာထဲ ထည့္သည့္အခါ မ်က္ေတာင္မခတ္ ကပ္ပါလာသည့္ အၾကည့္ေတြ။ ထမင္းဝိုင္းမွာထိုင္ေတာ့ "မင္းစားခ်င္ရင္ စားပါ" ဟု ‌ေျပာလာသည္။

"ေတာ္ပါ... ေနာက္မွ မင္းနဲ႕အတူ ဝယ္စားမယ္"

"အင္း..." တစ္ညေနလုံး ေပ်ာက္ေနေသာ အၿပဳံးက အခုမွပဲ ညိုညက္ညက္ မ်က္ႏွာထက္တြင္ ေနရာယူသြားသည့္အအခါ သူ႕ပုံစံေၾကာင့္ ခြန္းနစ္ပါ အလိုလိုေနရင္း ၾကည္ႏူးလို႔လာ၏။

"ေနခ်ိဳ..."

"ဟင္"

"ဒီည ငါတို႔ အတူေနၾကည့္မလား"

"...."

ဇြန္းကို တန္းလန္းကိုင္လ်က္ မ်က္လုံး‌ေတြ ဝိုင္းစက္လာပုံက အသည္းယားခ်င္စရာ။ မယုံနိုင္စြာ ေငးငိုင္ေနသူေၾကာင့္ ကိုယ္ပါရွက္လာတာမို႔ ခြန္းနစ္ ေခါင္းငုံ႕ကာ ထမင္းပန္းကန္ကို ဇြန္းျဖင့္ ထိုးဆြပစ္လိုက္သည္။

"ကိစၥမရွိဘူး... မင္း အဆင္သင့္ မျဖစ္ရင္လည္း..."

ဂလြမ္...

ဇြန္းျပဳတ္က်သံေၾကာင့္ လန႔္သြားရသည့္ ခြန္းနစ္။ ေနခ်ိဳေမာင္တစ္ေယာက္ ႐ုတ္တရက္ႀကီး ထရပ္သည့္အခါ မွီရာ ေဘာင္းဘီစကို လွမ္းဆြဲကာ ထားလိုက္ရသည္။

"ေန ေနပါဦး။ မင္း မႀကိဳက္ရင္ မလုပ္ခိုင္းပါဘူး။ ထ ထမင္းေတာ့စားေလ"

Appointment ေတြယူကာ ေဆြးေႏြးမႈေတြ လုပ္ေနေပမဲ့ သူ မျဖစ္ခ်င္တာကို ခြန္းနစ္ အတင္းမတိုက္တြန္းခ်င္။ စိတ္႐ူးေပါက္ကာ ေျပာခ်မိတာကိုပင္ ေနာင္တရၿပီမို႔ ေနခ်ိဳ စိတ္ပ်က္သြားမည္ကို စိုးရိမ္ကာ ရင္ဘတ္က ‌ဗေလာင္ဆူတက္လာသည္။

"ငါ ငါ ေရသြားခ်ိဳးမလို႔။ မင္းက ညစ္ပတ္ရင္ မႀကိဳက္ပဲနဲ႕"

"ဟင္"

လွစ္ခနဲ လြတ္ထြက္သြားသာ ေဘာင္းဘီစ။ ေရခ်ိဳးခန္းသို႔ တန္းေနေအာင္ေျပးသြားသည့္ ေက်ာျပင္က်ယ္ကို ၾကည့္ကာ က်န္ခဲ့သူ ခြန္းနစ္ကေတာ့ ဆြံ႕အလို။

ခဏၾကာေတာ့ မ်က္ႏွာကို လက္ႏွင့္အုပ္ကာ တအြန္းအြန္း ညည္းၫူလိုက္မိသည္။

ဘယ္လိုလုပ္ၿပီး ထမင္းစားဝင္ပါေတာ့မလည္း။ ဒီည ေနခ်ိဳေမာင့္ကို စားရမယ္ဆိုတာႏွင့္ပင္ ခြန္းနစ္ ေတာ္ေတာ္ေလး ရင္ျပည့္လာသည္။

......................................................

(အသိေပးခ်က္ : အသက္မျပည့္ေသးသူမ်ားအတြက္ မသင့္ေတာ္ေသာ စကားလုံးမ်ား၊ ဇာတ္ကြက္မ်ားျဖစ္ပါသျဖင့္ ခ်င့္ခ်ိန္ဖတ္ရႈၾကရန္ တိုက္တြန္းလိုပါသည္။)

မြတ္သိပ္စြာ က်ေရာက္လာေသာ အနမ္းေတြက လည္ေခ်ာင္းတစ္ခုလုံးကို က်ိဳးေၾကေစေတာ့မည့္အလား။တင္းေနအာင္ ဆုပ္ကိုင္မိထားေသာ သူ႕ခါးက အရည္ျပားကလည္း ပူေလာင္လြန္းကာ သူဖိကပ္ထားသည့္ တံခါးခ်ပ္မွာ ခြန္းနစ္က ျပားကပ္လို႔ေနသည္။

အဆင္မွ ေျပပါ့မလားဟုေသာစိုးရိမ္စိတ္ေတြက ကြၽမ္းက်င္စြာ ခ်ယ္လွယ္ေနၿပီျဖစ္ေသာ သူ႕လွ်ာဖ်ားေတြ၏ အတိုးအေဝွ႕မွာပင္ အစနမက်န္ေအာင္ ေပ်ာက္ဆုံးသြားၿပီျဖစ္ကာ ပူးကပ္ေနျခင္းေၾကာင့္ သိသာလြန္းေသာ သူ႕ရင္ခုန္သံဟာလည္း တိုက္ပြဲေခၚသံအလား ျမည္ဟိန္းလို႔ေန၏။

"အြန္း... အြန႔္..."

ႏႈတ္ခမ္းကို ငုံခဲကာ လက္တစ္ဖက္က ခါးကိုပြတ္သပ္လာခ်ိန္မွာ သူ႕ဆံပင္တိုတိုေတြကို လက္ႏွင့္ အားမလို အားမရစြာ ထိုးဆြမိသည္။ လိုအင္ေၾကာင့္ တလိပ္လိပ္တက္လာသည့္ မတင္းတိမ္မႈေတြေအာက္တြင္ သူ႕ေျခေထာက္ေတြဆီ ပြတ္သပ္ေနမိသည့္ ခြန္းနစ္ရဲ႕ ေျခေခ်ာင္းေတြ။ ထိေတြ႕ေနရသည့္ အရည္ျပားထူထူထဲကို နစ္ဝင္ခ်င္သည္အထိ ရတက္မေအးျဖစ္လို႔လာသည္။

"အဟင္း... ဟင္း"

အသက္ရႉသံျပင္းျပင္းက ေမးရိုးတစ္ေလွ်ာက္ရိုက္ခတ္သြားသည္မွ မၾကာလိုက္ ဆတ္ခနဲေနေရာင္ ဆြဲတင္ခံလိုက္ရသည့္ ခြန္းနစ္ရဲ႕ ညဝတ္အကၤ်ီစေလး။

"မ မလုပ္နဲ႕... ေန ေနခ်ိဳေမာင္"

အေျပာႏွင့္ ဆန႔္က်င္စြာ ခႏၶာကိုယ္ကေတာ့ သူ႕ႏႈတ္ခမ္းဆီ ပိုမို နစ္ဝင္ဖို႔ ႀကိဳးစားေနကာ ရင္ဘတ္ထက္ ျခယ္လွယ္ေနသည့္ သူ႕ေခါင္းကိုပင္ အရွက္မဲ့စြာ ဖိမိထားသည့္ ခြန္းနစ္ရဲ႕လက္ေတြ။

မူး႐ူးစြာ ႏွီးေႏွာခဲ့ၾကေသာ ၿပီးခဲ့သည့္အခ်ိန္မွာ ဒီလို လြတ္မထြက္ခ်င္စရာ အရသာေတြအေၾကာင္း မသိခဲ့ရတာ ႏွေျမာစရာပင္။ က်ိတ္ၿပီးေတာ့မ်ား ေလ့လာထားသလားမွတ္ရေအာင္ လူေျဖာင့္လူေအးေလးရဲ႕ အၾကင္နာေတြက နည္းလမ္းစုံနဲ႕ ခြန္းနစ္ရဲ႕ ရမၼက္ကို မီးျမႇိုက္ေနတာျဖစ္သည္။

"အဲ့လို လုပ္ေနတာကို ေတာ္ ေတာ္ေတာ့"

ဒူးတစ္ဖက္ကို ပင့္ကိုင္ကာ သူ႕ဝင္သက္ထြက္သက္ကို ခြန္းနစ္လည္တိုင္မွာ အပ္လ်က္ ပြတ္သပ္ေနသူေၾကာင့္ ခႏၶာကိုယ္ဟာ အားအင္ ယုတ္သည္ထက္ ယုတ္ေလ်ာ့လာကာ မၾကာခင္ပဲ မတ္တပ္ရပ္ထားရေသာ ေျခေထာက္ေတြဟာ ၾကမ္းျပင္ထက္သို႔ ၿပိဳလဲ က်သြားေတာ့မည္။

"ဟင္း...ခြန္း.. ခြန္းခြန္း... "

"အ...တအား အင့္"

အေလာတႀကီး ပါးစပ္ကို ဖိအုပ္ကာ အသံကို ထိန္းလိုက္ရသည္။ ခြန္းနစ္အခန္းက နံရံႏွင့္နီးလြန္းတာေၾကာင့္ အသံက်ယ္လြန္းလွ်င္ ေဘးဘီက အိမ္ေတြ သတိမထားမိဘူးမေျပာနိုင္။ ပြတ္တိုက္က်ီစယ္မႈေတြ မ်ားသည္ထက္မ်ားလာသည့္အခါ ေနာက္ဆုံးလက္က်န္ အသိစိတ္ကိုသုံးလို႔ အဝတ္မကပ္ေတာ့သည့္ ေနခ်ိဳ႕ပုခုံးကို ဆက္တိုက္ တြန္းထုလိုက္ရသည္။

"မင္းအခန္း... မင္း အခန္းမွာလုပ္"

ေရခ်ိဳခန္းႀကီးတစ္ခုလုံး ခံသည့္အျပင္ ဝန္းထရံႏွင့္ပါ လွမ္းလွသည့္ သူ႕အခန္းကို သြားရန္တိုက္တြန္းတာေတာင္ လုပ္ငန္းစဥ္ကို ေတာ္ေတာ္ႏွင့္ မရပ္သည့္ ေနခ်ိဳေမာင္။ သူ႕ စိတ္အားထက္သန္မႈက ခြန္းနစ္ေတြးထားတာထက္ပင္ မ်ားျပားက စိတ္လႈပ္ရွားဖို႔ ေကာင္းလြန္းလွသည္။

"ခ ခဏေလး... ဟို ပစၥည္းေတြက အင္း... ငါ့ ငါ့ ဘီရိုထဲမွာ"

"မလိုဘူး... ငါ့အခန္းမွာ ရွိတယ္"

ဘယ္အခ်ိန္မွာ ျပင္ထားလိုက္တာလည္း ေခြးသားေလးရဲ႕။ ငါက မင္းကို လုံးဝ ျဖဴစင္ယဥ္ေက်း အလိမၼာေလးလို႔ တစ္ထစ္ခ်ယဳံၾကည္ထားတာေလ။ အေတြးပင္ မဆုံးလိုက္ ျမန္ဆန္လွသူက ဘယ္လိုႏႈန္းႏွင့္မွန္း မခန္းမွန္းနိုင္ခ်ိန္မွာ သူ႕ကုတင္ထက္တြင္ ခြန္းနစ္အား ဖိခ်ၿပီးျဖစ္သည္။

သူတို႔ ေလ့လာထားခဲ့ၾကသလို ေဘးကင္းေစမည့္ အေနအထားေရာက္ေအာင္ စိတ္ရွည္လက္ရွည္ႏွိုးဆြၿပီးခ်ိန္မွာ ေနခ်ိဳ႕နားထင္က ေသြးေၾကာေတြက ေၾကာက္စရာေကာင္းေလာက္ေအာင္ပင္ ေထာင္လ်က္သား။ ခြန္းနစ္ ေျခေထာက္ေတြကို ဖိသည္ထက္ဖိကာ ဝင္ေရာက္လာသည့္အခါ ေခါင္းကိုေမာ့လ်က္ စူးစူးဝါးဝါး ေအာ္ညည္းလိုက္မိသည္။ အသိစိတ္ကပ္လ်က္သား ဆက္ဆံရသည္က ထင္သေလာက္ မလြယ္ကူ။ စိုးရိမ္စိတ္ျဖင့္ တအိအိသာ လႈပ္ရွားေတာ့သည့္ ေနခ်ိဳ႕ကို ၾကည့္ရင္း တုန္လႈပ္လာသလို ခႏၶာကိုယ္ရဲ႕ တုန႔္ျပန္မႈကလည္း တိုးသည္ထက္ တိုးမ်ားလာခဲ့သည္။

အလိုလို ေကာ့တက္လာသည့္ ေက်ာျပင္၊ ေျပာင္းလဲလာေသာ ညည္းၫူသံတို႔ႏွင့္ တခ်ိဳ႕ေသာ အသံတို႔ေတြ ေရာယွက္သြားကာ ခံစားခ်က္တို႔၏ အရွိန္ကလည္း တေျဖးေျဖးႏွင့္ ‌ထိုးတက္လာ၏။

"ေန ေနခ်ိဳ... အင့္..."

အသက္ရႉသံျပင္းျပင္းမွလြဲ အျခားမထြက္သည့္ သူကေတာ့ ဆက္ႏြယ္မႈ အေပၚမွာသာ အာ႐ုံစိုက္ေနသည့္အလား။ေပါင္တံေတြကို တင္းၾကပ္ၾကပ္ ဆုပ္ကိုင္ရာမွ ခြန္းနစ္ကို ပိုမိုဖိကပ္ကာ ပါးျပင္တစ္ဝိုက္ အနမ္းေတြ တရစပ္ေႁခြလို႔လာသည္။ တစ္ေလွ်ာက္လုံး လူးလြန့္ေနခဲ့သည့္ ခြန္းနစ္ကုေဋမွာ ထိုအနမ္းတို႔ ေရာက္လာသည္ဆိုလွ်င္ပဲ ရင္ဘတ္တစ္ခုလုံး ပူကာ ႏွာဖ်ားထိမႊန္တက္လာၿပီး အဆုံးမွာ တအိအိႏွင့္ မ်က္ရည္မ်ားက်လာေတာ့သည္။ ဝမ္းနည္းလွိုက္ဖိုမႈကို ဘယ္လို ေျပာျပရမည္ဆိုတာကိုပင္ မသိ။ ထိုအခိုက္တန႔္မွာ သူ႕အထက္က ဒီလူရဲ႕ အယုအယေတြကို ရသည္ထက္ ရခ်င္ၿပီး ရွိသမွ် မာနေတြကိုပင္ ေခြးေကြၽးပစ္ခ်င္လာသည္။

ေနခ်ိဳပဲ ရွိတာ၊ ေနခ်ိဳ႕ကိုပဲ လိုခ်င္တာ၊ ဘယ္သူဘာေျပာေျပာ ေနခ်ိဳက ခြန္းနစ္ကို ေ႐ြးမယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳးနဲ႕ လက္မေထာင္ေနခ်င္တာ။

"အင့္...."

"အ... ေန ေနခ်ိဳ..."

"ဟင္း... ဟင္း...ဟင္း"

စိတ္လိုလက္ရ လႈပ္ရွားမႈေတြအၿပီးမွာ ေနခ်ိဳက ေမွာက္လ်က္သား ၿငိမ္က်လိဳ႕သြားသည္။ ႏွစ္ဦးသားရဲ႕ အသားေရေတြက စိုစို႐ႊဲလ်က္။ ေလးလွေသာ္လည္း ေနခ်ိဳႏွင့္ နီးကပ္ထပ္ကာ ပူးကပ္ေနရသည္ကိုပင္ မခြာခ်င္ေတာ့သည့္ ခြန္းနစ္။

"ခြန္းခြန္း"

သူ႕ ဆီက အသံထြက္လာသည္။အက္ရွကာ ေမာဟိုက္ျခင္းေၾကာင့္ ေနာက္ဆက္တြဲစကားကို အရွိန္ယူေနပုံရ၏။ သူ႕ ႏွလုံးသားကလည္း ေပါက္ထြက္လာေတာ့မတတ္ ခြန္းနစ္ရင္ဘတ္ကိုပါ လာေရာက္ရိုက္ခတ္ေနတာျဖစ္သည္။

"ေမာင့္ကိုပဲ ခ်စ္ေတာ့ေနာ္..."

ဟိုက္ခနဲ ခြန္းနစ္ ၿပိဳက်သြားသည္။ ဒီထက္ပိုၿပီး စုန္းစုန္းျမဳပ္စရာ မရွိေတာ့သလိုမ်ိဳး ဗလာနတၳိျဖစ္သြား၏။ ေနခ်ိဳက သူ႕ စၾကဝဠာထဲကို ခြန္းနစ္အား အပိုင္ႀကီးကို ဆြဲခ်သြားျခင္းပင္။

"အင္း"

ဒီတစ္ခါ တစ္ခြန္းထဲ အေျဖျပန္ေပးမိသူက ခြန္းနစ္သာ။

ပင္ပန္းလြန္းလို႔ မ်က္ခြံေတြက ဖြင့္မရေအာင္ ေလးလံေနၿပီဆိုေပမဲ့ အသိစိတ္ကေလးလြတ္မသြားခင္မွာ ဒီတစ္ခြန္းကိုေတာ့ ေနခ်ိဳသိေအာင္ ေျဖခဲ့ခ်င္ပါသည္....။

..............................................................

စာေရးသူ၏ အမွာစာ:

Big Surprise ေပါ့
Kattamက ဒီလို scenes ေတြကို မလိုပဲ မထည့္ပါဘူး။ ဒီေတာ့ မ်က္ႏွာပူေပမဲ့ ဇာတ္လမ္းလိုအပ္ခ်က္အရ ထည့္ထားကို နားလည္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္။

‌တိမ္ညိုေလးရဲ႕ သ႐ုပ္မွန္ကေတာ့ ႏွစ္ပိုင္းနဲ႕ေတာင္ ပါးစပ္အေဟာင္းသား ျဖစ္ေနရၿပီမို႔လား ဝူး ဟားဟား

(Screenshot ေတြရိုက္ၿပီး မျဖန႔္ေစခ်င္တဲ့အေၾကာင္းေတာ့ ေမတၱာရပ္ခံခ်င္ပါတယ္။ Entertainment Purpose Onlyပါေနာ္)

Continue Reading

You'll Also Like

1.6M 143K 45
Straight စစ္​စစ္​လို႔ခံယူထားရာက​ေန သူငယ္​ခ်င္​း​ေကာင္​းမႈ​ေၾကာင္​့ Fundanshi ျဖစ္​ရာက ~ ​ေကာင္​​ေလး တစ္​​ေယာက္​ကို ျမင္​ျမင္​ခ်င္​း သ​ေဘာက်မိသြား​ေသာ...
60.7K 3.8K 31
" ပန်း နှင့် လိပ်ပြာ ကျူးပိုက်ဖြားလို့ ပြန့်ပြူးချုပ်ထိုင်း လျှပ်ပန်းစုံကို စက်အရှင်နှယ် ပျံသန်းလေရော ပျံသန်းလေရော " Author - shut paann Start date...
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
41.8K 5.3K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း