Be You, For Me [completed]
By TH_Taehyung
119K 8.7K 496
JJK & KTH More
彡 Intro 彡
chapter-1
chapter-2
chapter-3
chapter-4
chapter-5
chapter-6
chapter-7
chapter-8
chapter-9
chapter-10
chapter-11
chapter-13
chapter-14
chapter-15
chapter-16
chapter-17
chapter-18
chapter-19
chapter-20
chapter-21
chapter-22
chapter-23
final chapter
chapter-12
3.8K 326 12
By TH_Taehyung
"မင်းတို့ကမစောလွန်းဘူးလား ကျောင်းဖြင့်မပြီးကျသေးဘဲနဲ့ကို။"
"ဟုတ် ကျွန်တော်တို့နှစ်ယောက်ဆုံးဖြတ်ပြီးသွားပါပြီ။"
"ဘာ!..."
"ယောင်းဝင်မပြောနဲ့ ကိုယ်ပဲသေချာပြောပြလိုက်မယ်။"
ထယ်ယောင်း တစ်ကယ်ပင်ပြောစရာမရှိတော့အောင်ပင်ဖြစ်ရသည်။ဘယ့်နှယ် နှစ်ယောက်ဆုံးဖြတ်တာတုန်း။တစ်ကယ်ဆို သူတစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူးလား။
ဟား...တတ်လည်းတတ်နိုင်တဲ့ အယုတ်တမာလေးပဲ။
"အဲ့တော့ နောက်အပတ်ထဲငါတို့လူကြီးတွေက မင်းတို့မင်္ဂလာပွဲကိုကျင်းပပေးရမယ်ပေါ့။"
"ဟုတ်ပါတယ်။ကျွန်တော်တို့ လက်ထပ်ပြီးသွားရင်လည်း အဖေတို့ပိုင်တဲ့တိုက်ခန်းမှာသွားနေမယ်လို့စိတ်ကူးထားပါတယ်။"
"ဟုတ်ပြီလေ မင်းမိဘတွေကိုညကျရင် ဦးလေးပြောလိုက်မယ်။မင်းတို့က ကိုယ့်ကျောင်းစာကိုယ်သာအာရုံစိုက်ကြ။အဲ့တော့လည်း နောက်အပတ် ပိတ်ရက်ကျရင်မင်္ဂလာပွဲဖြစ်အောင် လုပ်ပေးတာပေါ့။တစ်ယောက်နဲ့တစ်ယောက်ကလည်း စိတ်ဆိုးစိတ်ကောက်ပြီး မလုပ်သင့်တာတွေမလုပ်ကြနဲ့ပေါ့။အခုအဖြစ်အပျက်တွေကို သင်ခန်းစာယူကြ ကြားကြလား။"
"ဒယ်ဒီ..."
"ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့နှစ်ယောက်အနားယူပါတော့မယ်။လာ...ယောင်း ကိုယ်တို့နားကျမယ်။"
"ဒယ်ဒီ...မဟုတ်!ဟ့ မင်းဘယ်လိုဖြစ်လို့လက်ကိုအတင်းဆွဲနေတာလဲ..."
ဂျောင်ဂု လူကြီးတွေနဲ့ထယ်ယောင်းကိုမဆုံစေချင်တာအဲ့ဒါတွေကြောင့်ပါသည်။အားနေ မဟုတ်ဘူး ဆိုပြီးငြင်းနေတာကြောင့် စကားကိုဖြတ်ဖြတ်ပြောရတာလဲ ခဏခဏပင်။ကင်မ်ထယ်ယောင်းက တစ်ကယ်ဆိုးလိုက်တာ...
"လူယုတ်မာကောင် မင်းဘယ်လိုဖြစ်လို့ ငါ့ကိုအမြဲဆွဲလားရမ်းလားလုပ်နေတာလဲ!!"
"ကျစ်! ငါ့ကိုခဏခဏ လူယုတ်မာလို့မခေါ်စမ်းနဲ့ထယ်ယောင်းရာ~ မင်းအဲ့လိုခေါ်တိုင်းမင်းကိုလုပ်..."
"မင်း!! ထပ်ပြောရင်ငါပစ္စည်းတွေနဲ့ကောက်ပေါက်မှာနော်။"
"ဟက်...အိမ်ထောင်သည်တွေပဲဖြစ်နေကြပြီ အခုထိအဲ့စကားတွေကိုရှက်နေတာတော့ မင်းကမဟုတ်သေးပါဘူး။အမှန်ဆို ယောက်ျားကိုအဲ့ကိစ္စက အလိုလိုက်ပေးရမှာဆိုတာ မသိတာလား။မင်းတော့ လိုသေးတယ်...နှစ်ယောက်တည်းအတူနေရရင် မင်းကိုအဲ့ဒါတွေသင်ပေးမယ်စိတ်ချ။"
"အရှက်မရှိကောင်။"
"အော...အရှက်ရှိပါတယ်ကွာ။အခုဟာက မင်းကငါ့ကိုအလိုမလိုက်လို့ပြောနေရတာ~"
Oh god သူ့ကိုအလိုလိုက်ရမယ်တဲ့။ဒင်းကို သူမှကြည့်မရတာ။ကြည့်မရတဲ့အပြင် အမြင်ကတ်ပုဒ်မပါထပ်တိုးနေတာကို အလိုလိုက်ရမယ်တဲ့။ဟာသတွေပြောနေတာတော့ မဟုတ်ပါဘူးနော်။
"ဆုတောင်းနေလိုက် ဂျွန်ဂျောင်ဂု။မင်းကိုငါ အိမ်ထောင်ဘက်လို့တောင်မသတ်မှတ်ထားတာဘာကိစ္စမျှော်လင့်နေရတာလဲ။​"
"ငါ့ကိုအဲ့လောက်တောင် ကြည့်မရဖြစ်နေတာလား။"
"မင်းထင်ချင်သလိုထင်နိုင်တယ်..."
"ဟုတ်လား ထင်ချင်သလိုထင်လို့ရတယ်ပေါ့~"
ကျောင်းအင်္ကျီကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်ပြစ်ပြီး ဘောင်းဘီခါးပတ်တွေပါဆွဲဖြုတ်နေသည်မို့ သူဘယ်ခြေလှမ်း လှမ်းနေမှန်းထယ်ယောင်းသိတာကြောင့် ရေချိုးခန်းထဲကိုအတင်းပြေးဝင်တော့ ထင်တဲ့အတိုင်းအနောက်တပ်ကြပ်မကွာပြေးလိုက်လာသည့် အယုတ်တမာလေး...
"မင်း! ထွက်သွားနော်!!"
ထယ်ယောင်းအနောက်ကိုတဖြည်းဖြည်းဆုတ်ရင်းပြောတော့ ထိုအယုတ်တမာလေးကတစ်လှမ်းခြင်းတိုးလာသည်။တံခါးကလည်း lock ချပြီးသားဖြစ်နေခဲ့ပြီ။
"အဟွန်း...shower s-- တို့ဘာတို့စမ်းကြည့်ကြတာပေါ့။"
"အနားကိုမလာနဲ့လို့!!!"
ထယ်ယောင်းရေချိုးဆပ်ပြာဘူးတွေနဲ့ကောက်ပေါက်တာကိုတောင် ဒင်းကမဖြုံတဲ့အပြင် သူ့အနားကိုရောက်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရပြန်သည်။သေချာတာကတော့ ထိုအယုတ်တမာလေးကသူ့ကို ထပ်ယုတ်မာခဲ့တာပါပဲ။
~~~~~
ဂျီမင်း မနေ့ကအထိုးခံထားရတာမို့ မနက်ကျတော့မျက်နှာကဖူးယောင်နေပြီဖြစ်သည်။ကျောင်းသွားဖို့ပြင်ဆင်ရင်း mask တပ်မှရတော့မည်ဖြစ်သည်။မဟုတ်ရင် အဖေကမေးမြန်းနေရင် ကြားထဲကမဆိုင်တဲ့ထယ်ကအပြစ်ပြောခံရဦးမည်ဆိုးသောကြောင့်သာ။
တစ်ကယ်တော့ မနေ့ကသူကိုယ်တိုင် ဂျွန်ဂျောင်ဂုကိုမကျေနပ်ခြင်းကြောင့် ပြဿနာကိုသူ့ဘက်ကစရှာခဲ့တာဖြစ်သည်။
"မင်းကိုငါထယ်နဲ့ မိတ်မဆက်ပေးခဲ့သင့်တာဂျောင်ဂု။ငါ့ကို မင်းတို့နှစ်ယောက်ပေါင်းပြီးအခုလိုလုပ်လိမ့်မယ်လို့မထင်ထားခဲ့တာ။သိပ်ချစ်ခဲ့တယ် ထယ်...။အခုတော့ စိတ်နာနိုင်မယ်မထင်သေးဘူး...ဟက်!"
ဂျီမင်းအောက်ထပ်ကိုဆင်းလာတော့ အမေကဘာကိစ္စ mask တပ်တာလဲဘာလဲမေးနေတာကြောင့် ညာပြောရသေးသည်။ဂျွန်ဂျောင်ဂုနဲ့ရန်ဖြစ်တယ်လို့သာပြောကြည့်ပါလား သူ့ကိုပဲဆူဦးမှာမလွဲ။အမေက သူတို့နဲ့ထပ်မပတ်သက်ဖို့ပြောထားပေမယ့် သူကိုယ်တိုင်က ဂျောင်ဂုကိုမြင်တိုင်း ဒေါသတလိပ်လိပ်တက်လာခြင်းကြောင့် အစဆွဲထုတ်နေခြင်းဖြစ်သည်။
.
.
.
.
.
ဂျီမင်းကျောင်းရောက်တော့လည်း အကျင့်ပါနေသောခြေထောက်တို့က ထိုအတန်းရှေ့ကိုသာရောက်သွားသည်။အရင်တုန်းကဆို အခန်းထဲမှာမြင်နေကြ ဆူပုတ်ပုတ်မျက်နှာလေးနဲ့ဖုန်းထိုင်သုံးနေတတ်တဲ့ကောင်လေးကို အခုဆိုသိပ်မတွေ့ဖြစ်တာတောင်ကြာရောပေါ့။အတန်းရှေ့ကနေ သူ့အရိပ်အယောင်ကိုတွေ့တာနဲ့အပြုံးလှလှလေးပြုံးပြပြီး သူ့ဆီကိုပြေးလာတတ်တဲ့ကောင်လေးက အခုဆိုသူ့ကိုတွေ့တာနဲ့ ရှောင်ထွက်သွားနေတတ်ပြီလေ။
"ဂျီမင်း ဒီကိုဘယ်လိုရောက်နေတာလဲ။"
အနောက်ကစကားသံကြောင့် လှည့်ကြည့်လိုက်တော့ သူ့ရန်သူတော်ကြီး ဂျွန်ဂျောင်ဂုရဲ့သူငယ်ချင်း ဂျောင်ဟိုဆော့ဖြစ်နေသည်။
"ဟိုဆော့ဟျောင်းရော ဒီကိုဘာလာလုပ်တာလဲ။အတန်းချိန်မရှိဘူးလား။"
"ဟျောင်းလား အတန်းရှိတယ်။အခုဟာက ဂျွန်ဂျောင်ဂုကိုလိုက်ရှာနေတာ။မနက်ကတည်းက ဟျောင်းဖုန်းခေါ်နေတာ ဆက်ပိတ်ထားတယ်ဆိုတာချည်းပဲဖြစ်နေလို့။"
"ဟုတ်ဟျောင်း~ကျွန်တော်သွားလိုက်ပါဦးမယ်။"
ဟိုဆော့ သူ့ရှေ့ကမျက်နှာလေးညိုးငယ်စွာလှည့်ထွက်သွားသော ဂျီမင်းကိုကြည့်ကားစိတ်မကောင်းဖြစ်မိသည်။ဂျီမင်းနဲ့ထယ်ယောင်း ကချစ်သူတွေဆိုတာ လူတော်တော်များများသိတဲ့ကိစ္စမဟုတ်လား။အခုတော့ ဂျောင်ဂုကလက်ဦးသွားတာကိုဂျီမင်းစိတ်ထိခိုက်နေမှန်းသူသိတာပေါ့။ထို့ကြောင့်....
"အတန်းတက်ချင်စိတ်မရှိရင် ဟျောင်းနဲ့တစ်နေရာသွားရအောင်လေ။ဟျောင်းအတန်းတက်ချင်စိတ်မရှိလို့။လိုက်ခဲ့ချင်လား။"
ဂျီမင်း သူ့ကျောပိုးအိတ်ကိုလှမ်းဆွဲပြီးပြောနေသော ဟိုဆော့ဟျောင်းကြောင့် ပြန်လှည့်ကြည့်တော့ သူ့ကိုပြုံးပြကာ
"ဂျီမင်းကိုကြည့်ရတာ ဟျောင်းကအတန်းတက်ချင်စိတ်မရှိဘူးထင်လို့ပါ။အဆင်မပြေလည်း အတန်းသွားတက်ပေါ့~ အခုချိန်ဟျောင်းက ဂျောင်ဂုနဲ့သူငယ်ချင်းဖြစ်နေတာကြောင့် ဂျီမင်းစကားပြောဖို့အဆင်မပြေဘူးဆိုတာ ဟျောင်းသိပါတယ်။"
ဟိုဆော့ဟျောင်းရဲ့စကားကြောင့် ဂျီမင်းလက်ကလေးခါကာဖြင့်...
"မဟုတ်တာဟျောင်းရာ ကျွန်တော့မှာအဲ့လိုစိတ်မရှိပါဘူး။ဒါဆို ကျွန်တော်တို့တစ်နေရာရာကိုသွားကြရအောင်လေဟျောင်း..."
ဂျီမင်းရဲ့အပြောကို ဟိုဆော့သဘောကျသွားရသည်။ပက်ခ်ဂျီမင်းကတစ်ကယ်ကိုစိတ်သဘောထားပြည့်ဝတဲ့ကောင်လေးတစ်ယောက်ဆိုတာ သူမြင်ကတည်းကသိသည်။
"OK လေဒါဆို ဟျောင်းတို့ ကျောင်းရှေ့က cafe ကိုသွားကြရအောင် အဲ့မှာဆော့ဂျင်ဟျောင်းနဲ့နမ်ဂျွန်းဟျောင်းလည်းရှိတယ်။"
ထို့နောက်မှာတော့ သူလည်းဟိုဆော့ဟျောင်းနဲ့ ကျောင်းရှေ့က cafe ကိုလိုက်လာခဲ့လိုက်သည်။ဟိုရောက်တော့ ဆော့ဂျင်ဟျောင်းနဲ့စာကြည့်တိုက်တာဝန်ခံ နမ်ဂျွန်းဟျောင်းတို့ကိုတွေ့လိုက်ရသည်။
သူတို့လည်းရောက်ရော ဆော့ဂျင်ဟျောင်းကသူ့ကို အဆင်ပြေလားဘာညာမေးတော့ သူပြုံးရုံသာပြုံးပြလိုက်သည်။ထို့နောက် သူတို့စကားဝိုင်းလေးက စာတွေအကြောင်းပြောလိုက် Game တွေအကြောင်းပြောလိုက်ဖြင့်သာအချိန်တွေကုန်သွားရသည်။
သူ့ဒဏ်ရာတွေကိုဆေးထည့်ဖို့၊ဂရုစိုက်ဖို့မှာပြီး ဂျောင်ဂုအစားပါဝိုင်းတောင်းပန်ကြတော့ သူအဆင်ပြေကြောင်းပြောရသေးသည်။
~~~~~
ထယ်ယောင်းတို့ညက ညဥ့်နက်မှအိပ်ယာဝင်ရတာကတစ်ကြောင်း၊ပြီးတော့ ရေချိုးခန်းထဲကတစ်ကြောင်း ကြောင့်လူကဖျားချင်သလိုဖြစ်နေသည်။သူနဲ့ဂျီမင်းရည်းစားဘဝတုန်းကတောင် သူ့နှုတ်ခမ်းနမ်းခံရဖို့မပြောနဲ့ ခါးတောင်မဖက်မခံခဲ့ရပါ။
ဒင်းနဲ့ကြမှ သူ့တစ်ကိုယ်လုံးဖွတ်ဖွတ်ညှပ်ညှပ်ကြေနေပြီဖြစ်သည်။မခံနိုင်လို့တော်ပါတော့လို့ပြောလေ ပိုကြမ်းလေမို့ သူခမျာအသံတောင်မထွက်နိုင်သည်အထိ။အိမ်ကိုရောက်တဲ့တစ်ရက်ပဲ ခုံပေါ်မှာအိပ်ပြီး အခုနောက်ပိုင်းတော့သူ့ကုတင်ပေါ်မှာချည်းသာ။
ထိုအယုတ်တမာလေးက အခုလည်းသူ့ကိုဖက်အိပ်နေတာနည်းနည်းလေးတောင်မလျော့ပေး။
"လူယုတ်မာကောင် မင်းနိုးနေတာငါသိတယ်နော်!"
"အင်းး...မိန်းမကလည်းကွာ ကိုယ်ညကပင်ပန်းထားတယ်လေ။"
ဒါဘယ်လိုတောင် စိတ်တိုစရာစကားလဲ။
သူကပဲလုပ်ပြီး သူကပဲပင်ပန်းရတယ်ရှိသေး။
"လဲသေလိုက် ဂျွန်ဂျောင်ဂု! မင်းလဲသေလိုက်တော့!"
"ဟော...ဘယ်လိုမိန်းမလဲ ကိုယ့်ယောက်ျားကိုယ်လဲသေခိုင်းနေရတယ်လို့။မနေ့ကတည်းကပြောပြီးသားနော် ဒီကိစ္စလုပ်တာကိုသုံးရက်တစ်ခါအလိုလိုက်ရမယ်လို့။ဒီနေ့ကနေစမှတ်ထား သုံးရက်ပြည့်တာနဲ့ အခုလိုပဲထပ်လုပ်ကြမယ်။"
"ဒီကောင်!!"
#ပြွတ်စ်
"သိပ်အသည်းယားဖို့မကောင်းစမ်းနဲ့ ကင်မ်ထယ်ယောင်းရာ မင်းကိုတွေ့တိုင်းစိတ်တွေမနည်းထိန်းနေရတာကိုသိရဲ့သားနဲ့။ပြောစမ်း မနေ့ညက ကိုယ်လုပ်ပေးတာကောင်းမှကောင်းရဲ့လား..."
"အယုတ်တမာကောင်! မင်းအိပ်ယာကအရင်ထမလား ငါအရင်ထရမလား!"
"အွန်း...အတူတူထကြတာပေါ့။ဒီနေ့ကျောင်းသွားလို့မရဘူးနော် မင်္ဂဝတ်စုံနဲ့စေ့စပ်လက်စွပ်သွားကြည့်ရမယ်။အိုးဟိုး...ငါမေ့သွားတာကွာ ဒီနေ့အပြင်သွားဖို့ရှိတာကို ညကအချစ်ကြမ်းမိလိုက်တယ်။Sorry နော် Baby ဒီကယောကျ်ားကို ခွင့်လွှတ်ပါ။"
"မင်းမျက်နှာကြီးကို ငါလက်သည်းနဲ့ကုတ်ပြစ်ရမလား မင်းအိပ်ယာအရင်ထမလားဆိုတာ တစ်ခုရွေးလိုက်!!"
ထိုအခါမှ သူ့ကိုဖက်ထားတာလွှတ်ပေးပြီး သူ့ညာဘက်နားရွှက်လေးကို ရွှတ်ခနဲတစ်ချက်နမ်းပြီး တစ်ဟားဟားရယ်ကာရေချိုးခန်းထဲဝင်သွားသည်။
တစ်ကယ် အဲ့အယုတ်တမာလေးကို ထယ်ယောင်းကြည့်မရပါ။သူ့အသွေးအသားတွေကိုယူတာလည်းခဏခဏ။လူကြားထဲလည်းမရှောင် ဖက်တာကလည်း ပြောမရဆိုမရ။ပြောသေးတာက လူကြီးတွေရှေ့အနမ်းမခံချင်ရင် သူဘာလုပ်လုပ်ငြိမ်ငြိမ်လေးနေတဲ့။တစ်ကယ့်ကို သူစိတ်ထိန်းနေလို့သာ။ဂျီမင်းနဲ့တုန်းက သူကဆိုးခဲ့သမျှ၊ချွဲခဲ့သမျှက ဒင်းနဲ့ဖြစ်ပြီးတော့မှ ဒင်းကချည်းလုပ်နေတာ။
"ကျစ် လူယုတ်မာကောင် မုန်းတယ်!"
ညကတော်တော်နဲ့မပြီးနိုင်မစီးနိုင်အလုပ်ခံခဲ့ရတာမို့ သူ့မှာလမ်းလျှောက်တိုင်း ဗိုက်အောင့်နေသလို၊မနက်စာစားတော့လည်း အီလည်လည်ကြီးဖြင့်သာ။မနက်စာစားနေရင်းမာမီက...
"ဒီနေ့ ဝတ်စုံနဲ့လက်စွပ်သွားကြည့်ကြမှာမလား။နှစ်ယောက်သား တည့်တည့်မတ်မတ်သွားကြဦး။လူတွေကြည့်တော့ မနက်ဖြန်၊သန်ဘက်ခါဆိုပဲ လက်ထပ်ကြလို့ အတူနေရတော့မယ် အခုထိစိတ်ဆိုးစိတ်ကောက်လုပ်နေကြတုန်းလား။"
မာမီက ဘာမှမသိဘဲဝင်ပြောသည်မို့ ထယ်ယောင်းအော်ပြီးသာပြောလိုက်ချင်သည်။သို့ပေမယ့်လည်း သူထုတ်မပြောတော့ဘဲ မြိုသိပ်ပြီးသာ မနက်စာစားလိုက်သည်။
"ယောင်းက သားကိုဆိုအရမ်းနိုင်တာ မာမီ"
#အဟွတ်!
ထယ်ယောင်းမှာ ဂျောင်ဂုစကားကြောင့် စားနေသောပေါင်မုန့်တောင်နင်မလိုဖြစ်သွားရသည်။ပိုင်စိုးပိုင်နင်း မာမီတွေ၊သားတွေ အခေါ်အဝေါ်တွေပြောင်းခေါ်နေတာမို့ လှည့်ကြည့်တော့ သူ့ပါးကိုလာဆွဲကာ ပြုံးပြပြီး...
"သားက ချစ်လို့သူသာဘာလုပ်လုပ်သည်းခံပေးတာ။အဲ့ဒါကို မာမီ့ထယ်ယောင်းက သားကိုပစ္စည်းတွေနဲ့ခဏခဏကောက်ပေါက်တယ်။သားကို ခဏခဏလည်းအော်တယ်"
"အာရီဂူး~ ဟုတ်ပါပြီ ဟုတ်ပါပြီ။ထယ်ယောင်းရယ် သူများသားသမီးကအလျော့ပေးတိုင်းရောင့်တက်တာမကောင်းဘူးနော်။မာမီမကြိုက်ဘူး!"
ထယ်ယောင်း အကြီးကြီးစိတ်လေသွားရသည်။
ပြောချင်စိတ်ရော၊စားချင်စိတ်ရောမရှိတော့တာမို့ ထိုစားပွဲဝိုင်းကသာ ထထွက်လာခဲ့လိုက်သည်။မာမီကသူ့ကိုခေါ်ပေမယ့် သူလှည့်မကြည့်ဘဲ ဧည့်ခန်းထဲမှာသာထိုင်နေလိုက်သည်။
.......
အားလုံးပဲ အစစအရာရာဂရုစိုက်ကြပါ💗
"ဘာ!..."
"ဒယ်ဒီ..."
"အရှက်မရှိကောင်။"
"မင်း! ထွက်သွားနော်!!"
"အနားကိုမလာနဲ့လို့!!!"
~~~~~
.
.
.
.
.
~~~~~
"ဒီကောင်!!"
#ပြွတ်စ်
#အဟွတ်!
.......
Continue Reading
You'll Also Like
74.4K 5.8K 20
သူငယ်ချင်း....ဒါပေမဲ့ ပြိုင်ဖက်... Taekook(Unicode+Zawgi) Start date-26.6.2021 End date-12.10.2021
377K 28.6K 21
Taekook Zawgyi + Unicode Notice 👉 Not English That's Myanmar ❤️
103K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
3.1K 224 4
Reference & Base on " The Black Cat " By JOHN MILNE " ကင်မ် ဆိုးတာက ကိုယ်တောက်ချရင် တောက်ကနဲ ကျသွားမှာပါ " " မင်းထပ်အထိုးခံချင်ရင်ပြောလိုက်လေ " " စွ...