chapter-18

3.9K 313 7
                                    

Local အတွင်းမို့ Train နဲ့သွားတာကြောင့် အချိန်အကြာကြီးမစီးရပါ။သူ့ဘေးနားက အယုတ်တမာလေးကတော့ hoodie အင်္ကျီကြီးဝတ်ထားသည်။ဝတ်ထားရမှာပေါ့ ဒင်းမျက်နှာမှာ အညိုအမည်းတွေနဲ့ဖူးယောင်နေပြီး နေမှမကောင်းတာ။

"မျက်နှာအရမ်းနာနေတယ် ယောင်းရာ။လည်ချောင်းတွေလည်းနာတယ်..."

"ကလေးလည်းမဟုတ်ဘဲ ငြီးတွားမနေနဲ့။ဖွားတို့အိမ်ရောက်ရင် ဆေးတိုက်မယ်ဟုတ်ပြီလား။မျက်နှာလည်းဆေးထည့်ရမယ်။လည်ချောင်းနာတာက ဖျားနေလို့...စကားမများဘဲတိတ်တိတ်လေးနေရင် မနာဘူး။"

တစ်လမ်းလုံး ဘေးနားကနေ သူ့ကိုဆေးမတိုက်လို့ဖျားတာ၊သူ့ကို နည်းနည်းလေးတောင်ဂရုစိုက်လို့ဖျားတာ၊သူ့ကိုမသနားဘူးလား စသဖြင့်ကို ပြောလာတာမနားတမ်း။လက်ကိုလည်း ချိတ်ထားတာလွှတ်ဖို့အစီအစဥ်မရှိဘူးထင်တယ်။

"ပြီးတော့...အားမရှိသလိုပဲ။ဒူးတွေလည်းညောင်းနေတယ်။"

အမေကို ဂျီကျသလို တစ်ခုပြီးတစ်ခုပြောလို့မပြီးနိုင်တဲ့ ဒင်းကြောင့် ထယ်ယောင်းစိတ်ကလုံးဝမရှည်ချင်တော့ပါ။ဒူးညောင်းတာကို ပြောစရာလား။ခံရတဲ့သူကိုမှအားမနာ။

"အေး...ညောင်းနေရင်လည်း ဖွားတို့အိမ်ရောက်မှခုတ်ဖြတ်ပေးမယ်။တစ်ကယ်ပါပဲ စိတ်မရှည်တော့ဘူး။"

"အဲ့လိုမပြောပါနဲ့ကွာ~ ကိုယ့်မှာနေမကောင်းရတဲ့ကြားထဲ စိတ်မကောင်းဖြစ်အောင်လို့..."

ရထားက နှစ်ယောက်တစ်ခုံမျက်နှာချင်းဆိုင်ထိုင်ရတာဆိုတော့ သူတို့အရှေ့မှာထိုင်နေကြတာက မိန်းမကြီးနှစ်ယောက်။သူတို့ကိုကြည့်လိုက် မျက်စောင်းထိုးလိုက်လုပ်နေသည်။မျက်စောင်းထိုးလည်းထိုးချင်စရာ အဲ့အယုတ်တမာလေးက သူ့ပုခုံးပေါ်ခေါင်းမှီထားပြီး ပါးကိုခပ်ဖွဖွလာပွတ်လိုက်၊လည်ပင်းကိုမော့နမ်းလိုက်နဲ့လုပ်နေတာကိုး။ပတ်ဝန်းကျင်ရှိနေလို့ ထယ်ယောင်းသည်းခံနေခဲ့တာပါ။

ရောက်သွားတော့လည်း သူ့ Laggage တောင်သူမဆွဲချင်ဘူး။Taxi ငှားနေလည်းဘေးကနေ တဂျီဂျီလုပ်နေတာကြောင့်...

"မင်း! တိတ်တိတ်လေးမနေဘူးလား!!ဟား...စိတ်ပျက်လာပြီ..."

ထယ်ယောင်းစိတ်မရှည်စွာအော်လိုက်တော့ Taxi သမားဦးလေးကြီးတောင်သူတို့ကိုလန့်သွားသည်။အဲ့လိုအော်လိုက်တော့မှ မျက်နှာငယ်လေးလုပ်ကာ ချိတ်ထားတဲ့လက်ကိုဖြုတ်ပေးပြီး...
နေပါ့မယ်...ထပ်မပြောတော့ပါဘူးဟုဆိုလာသည်။အဲ့လိုမှမအော်ရင်ဒင်းက တိတ်တိတ်နေဖို့အစီအစဥ်မှမရှိတာ။
အဲ့တော့မှ ဖွားတို့အိမ်ရောက်သည်အထိ ဒင်းကတစ်ခွန်းမှကိုထပ်ထွက်မလာတော့ပါ။ဖွားက သူ့မျက်နှာကိုတွေ့တော့ စိုးရိမ်တကြီးအိမ်ထဲကိုအတင်းဝင်ခိုင်းပြီး အိမ်အကူကောင်မလေးကိုရေနွေးပြင်ခိုင်းသည်။သြော်...အိမ်ကလူတွေက အဲ့အယုတ်တမာလေးကိုတော်တော်ချစ်ကြတာပဲ။

Be You, For Me [completed]Where stories live. Discover now