chapter-9

4K 350 21
                                    

ဧည့်ခန်းထဲမှာထိုင်နေကြသောလူသုံးယောက်။
ထယ်ယောင်းထိုကောင်လေးနဲ့ ခပ်ခွာခွာထိုင်ချင်ပေမယ့် သူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားတာကြောင့် မရုန်းသာ။

"မိဘတွေကိုစိတ်ပူရအောင် ဘာလို့လုပ်ကြတာတုန်းသားတို့ရယ်။"

"မဟုတ်ဘူး မာမီ~"

"အဟမ်း! ဒီလိုပါအန်တီ ကျွန်တော်နဲ့ထယ်ယောင်းကဟိုးအရင်ကတည်းကကြိုက်နေကြတာပါ။နှစ်ယောက်သားစိတ်ကောက်ပြီး ထယ်ယောင်းနဲ့ခဏလမ်းခွဲထားကြတာကို သူကအခုလိုတွေလျှောက်လုပ်လို့ အခြေအနေတွေရှုပ်ကုန်တာ အန်တီ။"

ဂျောင်ဂု စကားကိုအမြန်ဖြတ်ပြောလိုက်ရသည်။မဟုတ်ရင် ထယ်ယောင်းကအကုန်ပြောချတော့မှာ။ချစ်လို့ အပိုင်လိုချင်လို့ သူများဆီကအတင်းအဓမ္မဖြတ်လုထားရတာကို ဒင်းလေးကမသိဘူး။

"ဘာဖြစ်ဖြစ်လေ အခုအားလုံးကမျက်နှာပျက်စရာတွေဖြစ်ကုန်ပြီလေ သားတို့ရယ်။တစ်ဖက်ကလူတွေကို ဘယ်လောက်တောင်အားနာဖို့ကောင်းလိုက်သလဲ။ပြီးတော့ ထယ်ယောင်း မင်းဒယ်ဒီကအရမ်းဒေါသထွက်နေတယ်သိလား။သားဂျောင်ဂု သားရဲ့မိဘတွေလည်းရောက်နေတယ်။"

"ဟုတ် သားတို့မှားသွားပါတယ်။ဒါပေမယ့် သားတို့ချစ်ခြင်းကိုမခွဲပါနဲ့။"

ထယ်ယောင်းတော်တော်ကို ဒေါသထွက်နေပြီဖြစ်သည်။အရှက်မရှိ မျက်နှာပြောင်တိုက်နေသောထိုကောင်လေးကို မျက်နှာကိုကုတ်ဆွဲပြစ်လိုက်ချင်သည်။

"မင်း!!"

"ယောင်းကလည်းကွာ ကိုယ့်ကိုစိတ်မဆိုးပါနဲ့တော့နော်။"

"ကဲ ကဲ နှစ်ယောက်စလုံးတော်ကြပါတော့။အန်တီ ဂျောင်ဂုရဲ့မိဘတွေကိုအခုပဲဖုန်းဆက်ပြီး လှမ်းခေါ်လိုက်မယ်။နှစ်ယောက်သား နားကြတော့။"

ဂျောင်ဂုရဲ့လက်တွေကလွတ်အောင်ရုန်းနေပေမယ့် အချည်းနှီးသာ။ထယ်ယောင်းရဲ့ လက်တွေပင် နာလာရသည်။ဂျောင်ဂုရဲ့ coat အင်္ကျီနဲ့ကွယ်နေလို့သာ မာမီမတွေ့တာ။ကပ်ထိုင်နေတာကလည်း ခန္ဓာကိုယ်နှစ်ခုကပူးကပ်လွန်းနေပြီး မာမီ့ကိုပင်အားနာရသည်။
မာမီထသွားတော့ ထယ်ယောင်းထိုအယုတ်တမာလေးရဲ့လက်ကိုကုန်းကိုက်လိုက်သည်။

Be You, For Me [completed]Where stories live. Discover now