chapter-4

3.9K 339 32
                                    

ဂျီမင်းနဲ့ထယ်ယောင်းက စကားတစ်ပြောပြောနဲ့လျှောက်နေပေမယ့် သူကတော့ မဆိုင်သူလို။တစ်ကယ်လဲ မဆိုင်တဲ့သူပါ။သူများရည်းစားကို တစ်ဖက်သတ်သဘောကျနေတာကိုး။

"ကိုယ်တော့ ထယ့်မာမီနဲ့တွေ့ရမှာ နည်းနည်းရင်တုန်နေသလိုပဲ။"

"ထယ့်မာမီက သဘောကောင်းပါတယ်။ပြီးတော့ ဂျီမင်းနီး ကြိုက်တဲ့ဟင်းတွေအများကြီး ချက်ထားတယ်သိလား။"

ထယ်ယောင်း တမင်တကာ ဂျောင်ဂုကြားအောင်ပြောခြင်းဖြစ်သည်။သူ့ကို မထိတထိလုပ်တတ်တဲ့ အယုတ်တမာလေးကို ဘာရယ်ကြောင့်မကျေနပ်မှန်းမသိ။အနမ်းခံလိုက်ရပေမယ့် ဘာမှမဖြစ်သလိုနေတော့ ဒင်းကပိုဆိုးလာသည်။

"အိမ်က ဝေးလိုက်တာ။ကားလေး ဘာလေးနဲ့လာခေါ်တာမဟုတ်ဘူး။"

ဂျောင်ဂုပြောလိုက်တော့ ဂျီမင်းက အားနာသလိုထယ်ယောင်းကိုကြည့်ကာ...

"ရပါတယ် ဂျီမင်းနီးရဲ့ အိမ်မှာကားက ဒယ်ဒီပဲစီးတာ။ထယ်တို့သားအမိက သိပ်ပြီးအပြင်မထွက်တော့ အပိုငွေမကုန်အောင်လို့လေ။"

တစ်ခဏနောက်ကြာတော့ နှစ်ထပ်အိမ်လေးကိုရောက်လာသည်။အရမ်းကြီး ကျိကျိတက်ချမ်းသာတာမျိုးမဟုတ်ဘဲ နေနိုင်စားနိုင်တဲ့လူချမ်းသာအနေအထားကြောင့် ဂျောင်ဂုသဘောကျမိသည်။အိမ်ထဲထယ်ယောင်းကအရင်ဝင်ရင်းဖိနပ်ချွတ်ကာ သူ့အမေကိုအော်ခေါ်လိုက်သည်။ဂျီမင်းက ထယ်ယောင်းရဲ့အနောက်မှာရပ်နေပြီး သူကထယ်ယောင်းနဲ့ဘေးချင်းကပ်ရပ်နေပြီး ဖိနပ်ချွတ်နေလိုက်သည်။

#အာ့!

​နေ့တိုင်းလျှောက်နေကြအိမ်ပေါက်ဝဆိုပေမယ့် ရုတ်တရတ်ခြေထောက်ကယိုင်သွားကာ ဘေးကိုလဲသွားတော့ သူ့ခါးကနေထိန်းပေးထားတဲ့လက်ဖဝါးခပ်ကြီးကြီးတစ်စုံ။ဂျီမင်းအထင်နဲ့လှည့်ကြည့်လိုက်ပေမယ့် မထင်ထားတဲ့သူဖြစ်နေသည်။သူ့ကျောပြင်နဲ့ ထိုကောင်လေးရဲ့ကျယ်ပြန့်တဲ့ရင်အုပ်ထွားထွားတွေ နီးကပ်နေသောအနေအထားကလည်း ရင်တုန်စရာကောင်းနေပြန်သည်။

"အို...ဘယ်လိုဖြစ်နေကြတာတုန်း အိမ်ပေါက်ဝကြီးမှာ။အနောက်မှာ သူငယ်ချင်းလည်းပါလာတာကိုကွယ်~။နှစ်ယောက်သား ဖက်မနေကြနဲ့။အိမ်ထဲ အရင်ဝင်ကြပါဦးလား။"

Be You, For Me [completed]Where stories live. Discover now