friEND(COMPLETED)

By Kattamkaung

385K 41.9K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-30

7.9K 964 67
By Kattamkaung

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၁

မှောင်မိုက်နေသော အခန်းငယ်အတွင်းတွင်ဖြစ်သည်။ ဖုန်းစခရင်မှ ထွက်ပေါ်နေသည့် ခပ်စူးစူးအလင်းရောင်တို့မှတစ်ပါး အခြား အလင်းရောင်ဟူ၍ လုံးဝမရှိ။ လုံနေအောင်ပိတ်ထားသော ပြတင်းတံခါးအပြင်မှာလည်း ညဉ့်နက်နက်က မဟူရာရောင် ကတ္တီပါစောင်ကိုခြုံကာ အိပ်မောကျနေချိန်တစ်ခုပင်။

"ဟင်း...."

အတွေးများထဲ နစ်မြုပ်နေရာမှ ခွန်းနစ် သက်ပြင်းချလိုက်မိသည်။ရှူထုတ်လိုက်သည့် လေပူ‌နွေးနွေးတွေထဲ ဝေခွဲရခက်နေသည့် အတွေးပါသွားလျှင် ကောင်းမည်ဟု မျှော်လင့်ထားခဲ့ပေမဲ့ လက်တွေ့မှာတော့ ခဏတာ နေလို့ကောင်းသွားရုံမှလွဲ၍ အခြား ရလာဒ်ရမလာခဲ့ပါ။ တစ်နေ့လုံး ခေါင်းထဲမှာ ကြီးစိုးနေခဲ့သော ဆန္ဒက အချိန်ကြာလာတာနှင့်အမျှ ပိုတိုး၍ပင် နှိပ်စက်လာလေသလားမှတ်ရသည်။

စခရင်တွင် ပေါ်နေသည့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းမှာတော့ နေချိုမောင်က ထိပ်ဆုံးမှာနေရာယူထားပြီး သူ့အောက်မှာ အလုပ်က ဖုန်းနံပါတ်တချို့က ရှိနေသည်။ တစ်နေ့တစ်နေ့ လူပေါင်းများစွာနှင့် ပြောဆိုနေရပေမဲ့  တကူးတက ဖြန့်ကျက်ဆက်သွယ်စရာ နေရာရယ်လို့ ခွန်းနစ်မှာ မယ်မယ်ရရမရှိပါ။ ဒီတော့ သူ့ဖုန်းမှတ်တမ်းထဲမှ နံပါတ်တော်တော်များများကို အလွတ်ရနေတတ်တာများသည်။

တုံးတိနေအောင် ညှပ်ကာ သန့်ရှင်းထားသည့် လက်မက အမှတ်မထင်ပဲ ဖုန်းနံပါတ်ရိုက်နှိပ်ရန် နေရာဆီရောက်သွားကာ နံပါတ်တချို့ကို ဆက်တိုက်ဆိုသလို နှိပ်မိသွားသည်။ တန်းစီပေါ်လာသည့် နံပါတ်တွေက မှတ်ရလွယ်တာမျိုး မဟုတ်ပေမဲ့ အသားကျနေသည့်နှယ်။ နံပါအားလုံး ပြည့်စုံသွားတော့ ရပ်တန့်သွားသည့် လက်တွေ။ အမည်မှတ်ထားခြင်း မရှိသည့်တိုင်း ရင်းနှီးနေသော ထိုနံပါတ်အား ခေါ်ဆိုရမည့်အစား ကြည့်ရုံသာကြည့်နေမိသည့် အခြေနေမျိုးက ခွန်းနစ်အတွက်စိမ်းတော့သည်မဟုတ်။ မကြာခဏဆိုသလို တမ်းတမ်းတတ ဆက်သွယ်ချင်လာတိုင်း ယခုလို ထိုင်ကြည့်နေတတ်စမြဲသာ။

"နေကောင်းရဲ့လား ဆိုတာကိုတောင် မမေးနိုင်ဘူး"

စခရင်ကို ပိတ်ချကာ ကုတင်ပေါ်သို့ ပစ်ချလိုက်ပစ်လိုက်သည်။ ပြီးတာနှင့် ဖုန်းရှိရာကို ကျောပေးလျက် ခန္ဓာကိုယ်ကိုစောင်းကာ ပါးအောက်သို့ လက်နှစ်ဖက်ထိုးထည့်ပြီး လှဲအိပ်ချလိုက်၏။ ကွေးကွေးလေးဖြစ်နေသော ခန္ဓာကိုယ်ကြောင့် နေရတာ သက်သာသွားသလိုဖြစ်လာပေမဲ့ မအီမသာဖြစ်နေသော မျက်နှာကတော့ အမှောင်ထုထဲတွင် တိမ်မြုပ်လျက်ရှိနေပေလေမည်။

မျက်ဝန်းတွေ မှိတ်စရာမလိုပဲနှင့် မှောင်နေသော အခန်း။ မီးဖွင့်ရင် မအိပ်တတ်တဲ့ တကယ့်အကြောင်းရင်းက ညဘက်စောစောမအိပ်ပျော်ရင် အတွေးပေါင်းစုံနှင့် ပင်ပန်းလွန်း၍ဆိုတာကို ကိုယ်တိုင်သာ နားလည်သည်။ ဒီရက်ပိုင်း သတိရနေမိသည့် လူတွေကတော့ ကိုယ့်ကို ဘဝထဲကထုတ်ပြီး အဆင်ပြေမှ ပြေကြရဲ့လားမသိ။ တစ်ခါတစ်လေတော့ မာနကြီးကြီးနှင့် တင်းခံနေသည့် ကိုယ့်ဆီကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ဆက်သွယ်လာဖို့ မျှော်လင့်လိုက်ချင်သည်။ ခွန်းနစ်က သတ္တိမရှိတာမို့ ၊ အရင်လို တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့သူ ဖြစ်နေဆဲမို့ အဲ့ဒီလို မျှော်နေရုံမှလွဲပြီးလည်း အခြားမတတ်နိုင်။

ဒေါက်... ဒေါက်

"နေချို အိပ်နေပြီလား"

မနေနိုင်သည့်အဆုံး အိပ်ရာမှထကာ အခန်းတံခါးကို ဆွဲဖွင့်ပြီးနောက် ခြေလှမ်းတွေရဲ့ ဦးတည်ရာက အနီးနားမှ အခန်းတစ်ခုဆီဖြစ်သွားသည်။ မှုန်ပြပြ မီးထွန်းထားသည့် အိမ်ငယ်လေးက နွေဦးညရဲ့ အနွေးဓာတ်အောက်မှာ အိုက်စပ်စပ်နှင့်။ ဒုတိယအကြိမ် အခန်းတံခါးခေါက်ပြီးချိန်မှာ မျက်လွှာကိုချကာ ကြမ်းပြင်ထက်မှာ ခြေချောင်းတွေဆီ ငုံ့ကြည့်လိုက်မိသည်။

သူလည်း အိပ်နေရောပေါ့။ ‌ကိုယ်နေလို့ ထိုင်လို့မကောင်းတာနှင့် သူများကိုပါ ဒုက္ခပေးလို့ ဘယ်ဖြစ်ပါ့မလည်း။ ဘယ်လိုပင် ချစ်သူရည်းစား ဖြစ်ပါစေအုန်း ခွန်းနစ်ရဲ့ ပြဿနာမှန်သမျှကို ပေးသိပြီးစိတ်ဆင်းရဲစေရင် မတရားရာ ကျလိမ့်မည်။ ဒီလိုစိတ်နဲ့ အချိန်အတော်ကြာ တစ်ယောက်ထဲ ဖြေသိမ့်ခဲ့တာ ဘယ်လောက်ရှိခဲ့ပြီလဲ။ အခုမှလာပြီး တစ်မူထူးချင်နေတာတွေးမိတော့ ခွန်းနစ် ခြေလှမ်းတွေကို နောက်ဆုတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် အဆုံးမှာ သူက တစ်ယောက်ထဲပဲ သည်းခံပြီး အဆင်ပြေအောင် နေရဦးမှာမဟုတ်လား။

ကလစ်...

ဖျတ်ခနဲ ပွင့်လာသော တံခါးနှင့်အတူ ရင်းနှီးသည့် အသီးနံ့က နှာဖျားဆီဝင်ရောက်လာသည်မို့ မော့ကြည့်မိတော့ ညဝတ်ဝမ်းဆက် နက်ပြာရောင်ဖြင့် နေချိုမောင်က  အပေါက်ဝမှာ ကိုယ်တစ်ပိုင်းဖော်ကာ ရပ်နေသည်။ အပြင်ဖက် မီးအလင်းကြောင့် သူ့ကိုယ်တစ်ပိုင်းဟာ လင်းနေပြီး အခန်းတွင်းက အပိုင်းမှာတော့ အမှောင်ရိပ်ကျလျက်ရှိ၏။ သူက အနည်းငယ် အက်ရှကာ လေးပင်သော အသံဖြင့် " အိပ်မပျော်ဘူးလား" ဟု မေးလာသည်ဆိုလျှင်ပဲ စောစောက တစ်ယောက်ထဲ အဆင်ပြေအောင်နေဖို့ ဆုံးဖြတ်ထားသည့် ခွန်းနစ်ကုဋေဟာ နှုတ်ခမ်းကိုတင်းနေအောင် စေ့ကာ "အင်း" ဟု ဖြေလိုက်တော့သည်။

အားနာပေမဲ့ ၊ တကယ်ကို အားနာပြီး မနှောက်ယှက်သင့်ဘူးဆိုတာ သိပေမဲ့ အခုချိန်မှာ နေချိုမောင့် မျက်နှာကို မြင်ရတာနှင့်တောင် ခံစားနေရသမျှကို လွှတ်ချချင်လာသည်။ ဖောင်းအစ်အစ် ဖြစ်နေသော မျက်ဝန်းတွေဖြင့် ဘာဖြစ်နေသလဲဆိုတာကို အကဲခတ်နေဟန်တူကာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ နေချိုမောင်ဟာ မှောင်နေသော ‌အခန်းတွင်းမှ အပြင်ဘက် အလင်းရောင်ထဲသို့ ထွက်ချလာသည်။ ညိုသော သူ့အသားအရည်က မီးအလင်းရောင်အောက်မှာ ညက်ညောကာ သူ့လက်ချောင်းတွေက ခွန်းနစ်ပုခုံးထက်သို့ ဖျစ်ညှစ်လာခဲ့၏။

"တစ်ခုခု စားမလား။ ဒါမှ မဟုတ် အပြင်မှာ လမ်းလျှောက်ချင်လား"

ဘာဖြစ်နေသလဲဆိုတာကို မမေး။ အတော်လေးမြင့်ချင်နေသည့် သူ့ခေါင်းကို ခွန်းနစ်မျက်နှာအနားထိငုံ့ချကာ ခပ်တိုးတိုးဆိုလာသည်။

"ငါ...ငါ သိပ်နေလို့ မကောင်းလို့။ အသက်ရှူကြပ်ပြီး မွန်းနေသလိုပဲ"

"အပြင် ခဏလောက်ထွက်ရအောင်လေ။ ပြီးမှ မင်းဖြစ်ချင်တာကို ပြော"

ပုခုံးကနေဖက်လျက် သူက ခွန်းနစ်ကို အိမ်တံခါးဆီ ဆွဲခေါ်သွားသည်။ သော့တွေကို သူဖွင့်နေချိန်မှာ ကိုယ်က ငေါင်တောင်တောင်နှင့်။ ခပ်ကိုင်းကိုင်းဖြစ်နေသော ကျောပြင်ကို စိုက်ကြည့်ရင်း သူလုပ်သမျှကိုသာ စောင့်ကြည့်နေခဲ့၏။

"လာ"

လင်းထိန်နေသည့် လမ်းမီးရောင်တွေအောက်မှာ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်က ခွေးတစ်ကောင် ကြောင်တစ်မြီးပင်မရှိ။ မနက်နှစ်နာရီခန့်ရှိပြီမို့ ရှင်းလင်းနေသော လမ်းမကိုကြည့်ရင်း ခွန်းနစ် အသက်ဝဝရှူလိုက်သည်။ လတ်ဆတ်ကာ ရနံ့ကင်းနေသည့် လေပြေတို့က မျက်နှာထက်ကို ကျီစားသွားကာ နောက်ကျိနေသည့် အာရုံဟာလည်း တခဏအတွင်းမှာပဲ ကြည်လင်ကာ ငြိမ်သက်လို့သွား၏။

"နှစ်နှစ်ခြိုက်ခြိုက် အိပ်နေမှာကို ငါက နှိုးလိုက်မိတာ"

ပြုံးယောင်သမ်းလာနိုင်ပြီဖြစ်သော နှုတ်ခမ်းတို့ဖြင့် သူ့ကို ပြောတော့ နေချိုက ဝှား တစ်ချက်သန်းရင်း ခေါင်းကို ယမ်းသည်။ပြီးနောက် ခွန်းနစ်ခြေလှမ်းတွေနှင့်အတူ လမ်းမထက် လျှောက်နေရင်း "ဘာမှ မဖြစ်ဘူး" ဟု နှစ်သိမ့်၏။

"အမှန်တော့ ငါ အိမ်ကို သတိရလို့"

ခြေစွပ်ဖိနပ်ထိပ်ကလေးဖြင့် ကျောက်လမ်းမကိုထိုးရင်း ခွန်းနစ်ပြောတော့ သူက ဘာမှမဆို။ အလိုက်တသိငြိမ်သက်ပေးနေသလိုမျိုး သူ့အကြည့်တွေက ခွန်းနစ်ထံစုပြုံကျလာသည်။ အကြောင်းအရင်းမရှိ နှုတ်ခမ်းအတွင်းသားတို့ကို ကိုက်ခဲမိသူ ခွန်းနစ်မှာတော့ ဒီတောအတွင်း အတွေးများကာ ပင်ပန်းရလွန်း၍ ယခုလို ထုတ်ပြောခွင့်ရသည့်အပေါ် ဝမ်းနည်းဝမ်းသာကြီးပင် ဖြစ်လာ၏။

"မင်းအမေ့ကို လွမ်းနေတာလား"

တစ်လျှောက်လုံး ဆိတ်ဆိတ်နေခဲ့သူဆီမှ အသံထွက်လို့လာသည်။ မဟုတ်ပါဘူးဟု ငြင်းချင်ပေမဲ့ နှလုံးသားရဲ့ လှုံ့ဆော်မှုက နေချို့အငွေ့အသက်အောက်မှာ ခွန်းနစ်ရဲ့ မာနတရားကို ခြေမွလိုက်ပုံရသည်။

"အင်း ။ နေရော ကောင်းရဲ့လားလို့ မေးချင်ပေမဲ့ ငါမလုပ်ရဲဘူး"

"..."

"မေမေရော ဖေဖေရောက ငါ့ကို စိတ်နာနေကြမှာ"

လက်ခံထားပြီးသား ကိစ္စတစ်ခုကို ပြောနေရပြီမို့ ခွန်းနစ် မချိပြုံးသာ ပြုံးလိုက်ရသည်။ ဒီအကြောင်းတွေက သူ ဘယ်သူ့ဆီမှ ရင်မဖွင့်ခဲ့ပေမဲ့ တကယ်တော့ သူများမိသားစုတွေ စည်းလုံး ပျော်ရွှင်နေတာမြင်တိုင်း ခွန်းနစ်သာ ကိုယ့်လမ်းကို မလျှောက်ပဲ မေမေတို့ ဆန္ဒအတိုင်းနေခဲ့လျှင် အားလုံးပိုကောင်းသွားခဲ့လေမလားဟု မတွေးပဲ မနေနိုင်။

"ဆောရီး...ဆောရီး နေချို။ မင်းလည်း မင်းပြဿနာနဲ့မင်းကို။ ငါက မလိုတာတွေ ပြောနေတာ"

မျက်နှာကို လက်နှင့်ပွတ်ကာ ရှက်ရွံ့မှုကို ဖြေလျော့ချလိုက်သည်။ တကယ်ဆို မိခင်ဆုံးထားတာ လပိုင်းသာရှိသေးသည့် နေချို့ဆီမှာ ဒီလိုစကားတွေပြောမနေသင့်။ ခွန်းနစ်က ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်လွန်းတာကြောင့် နေချို့အပေါ် မတရားသဖြင့် လုပ်မိသွားတာဖြစ်သည်။ ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ။ နေချိုက အများကြီးခံစားနေရမှာကို။ သူ့မှာ လွမ်းစရာ အမေတောင် မရှိတော့တဲ့ဟာကို ခွန်းနစ်က ကိုယ်ချင်းစာစိတ်မရှိ ရင်ဖွင့်ချင်နေသေးသည်။

"တကယ် ဆောရီး။ ငါ ငါ အလုပ်များတော့ ပင်ပန်းပြီး လျှောက်ပြောမိနေတာ"

ကျောပေးကာ လမ်းလျှောက်မိတော့ တပ်ကြပ်မကွာ လိုက်ပါလာသည့် ခြေသံတွေ။ တိတ်ဆိတ်သော ညဉ့်မှာ ခွန်းနစ်က တစ်ယောက်ထဲ ကယောက်ခြောက်ခြားဖြစ်ကာ စကားတွေကလည်း တောင်စဉ်ရေမရဖြစ်နေသည်။

"နေချို မင်းအိပ်ချင်ရင် ဝင်ကြစို့နော်။ မနက်ကျလည်း အလုပ်သွားရအုန်းမှာ"

ပြောပြောဆိုဆို ခြံဝန်းထဲ ဝင်မည်လုပ်တော့ နောက်ကနေ သိုင်းဖက်လာသည့် ရင်ခွင်။ ခွန်းနစ် လက်မောင်းတွေကနေ ချုပ်တွယ်ကာ လည်ပင်းဆီခိုဝင်လာသော အသက်ရှူသံတွေကြောင့် ရှေ့ဆက်မလှမ်းနိုင်တော့။ တင်းထားသမျှ ဝမ်းနည်းမှုတွေဟာ ရေတံခါးကို ဖွင့်ချလိုက်သည့် ဆည်တစ်ခုနှယ် မျက်ရည်တို့ကျလာသာ့်အခါ ခေါင်းကို ငိုက်စိုက်ချလို့ ရှိုက်သံတို့ကို ထွက်ခွင့်ပြုလိုက်ရသည်။

"ငါ မနေနိုင်တော့လို့။ ပျော်အောင် ကြိုးစားနေနေတာကို မလုပ်ချင်တော့ဘူး"

"အင်း"

သူ့ဝင်သက်ထွက်သက်တွေက ခွန်းနစ်ကို ဝါးမြိုတော့မတတ်။ နူးညံ့သော သူ့ရဲ့ အင်း တစ်လုံးက တဖွဖွ နှစ်သိမ့်နေသော အယုအယစကားတွေထက်ပင် အဆပေါင်းများစွာသာသည်။ ထိုစကားတစ်ခွန်းဟာ ခွန်းနစ်ရဲ့ အရာရာကို နားလည်ပေးဖို့ ကမ်းလင့်နေပါသလို စိတ်လိုလက်ရ လျှော့ချလိုက်မိသော ကိုယ်ဟာ အလိုလိုပဲ သူ့ရဲ့ တင်းကြပ်သည့် ပွေ့ဖက်မှုတွေကြားမှာ နစ်ဝင်သည်ထက် နစ်ဝင်သွားခဲ့သည်။

"စိတ်ညစ်နေတာကို မညစ်ချင်ယောင်ဆောင်ပြီး စကားတွေ ပြောနေရတာကိုလည်း မလုပ်ချင်တော့ဘူး။ ငါက ပင်ပန်းနေတဲ့ဟာကို ရင့်ကျက်တဲ့လူတစ်ယောက်လိုပဲ နေနေရတယ်။ နေချို... ငါ ငါက အရမ်းဆိုးရွားပြီး ပျက်စီးနေပြီမို့လား"

"အင်း..."

ရှိုက်သံတစ်ချက်က ကျယ်လောင်သွားသည်။
နေချို လက်ဖဝါးပြင်က ခွန်းနစ်ကျောပြင်ထက် အထက်အောက် စုန်ဆန်ခတ်လျက်။ကလေးချော့သလို နူးညံ့စွာ ပွတ်သပ်နေသူ၏ ရင်ခွင်ထဲ မျက်နှာလှည့်အပ်မိတာ ဘယ်အချိန်ကမှန်းပင် မသိလိုက်ပေ။

"လူတိုင်းက ပျက်စီးချင်နေကြတာ။ မင်းလို ပျက်စီးခွင့်မရလို့ သူတို့ကသာ ကံမကောင်းတာ" နှစ်သိမ့်စကားက ဘာကို ရည်ရွယ်နေသလဲ ခွန်းနစ် အဓိပ္ပာယ် မဖော်နိုင်။ နေချိုက အရင်လိုပဲ နားလည်ရခက်သည့် စကားတွေကိုသာ ပြောတတ်ပြီး အံ့ဩစရာကောင်းစွာပဲ ခွန်းနစ်ဟာ ထိုစကားတွေအောက်မှာ စိတ်၏ကြည်လင်ခြင်းကို ခံစားရသည်။

"မရင့်ကျက်ချင်ရင် မရင့်ကျက်နဲ့"

"အဲ့ဒါဆို ဘယ်လိုလုပ် အလုပ်လုပ်မှာလဲ။ ကိုယ့်ထမင်းကိုယ်စားပြီး ငါ ဆိုးတာကို ခံရအောင် လူ လူတွေက အရူးမှမဟုတ်တာကို..."

ငိုချင်နေသည့်ကြားမှ ရန်စကားပြောနိုင်သေးသည့် ခွန်းနစ်။ ဒီလိုပဲ  မကျေနပ်ချက်တွေကို အလွယ်တကူပြောလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ထိန်းနေရတာဖြစ်သည်။ မိသားစုဆိုသည့် အနီးဆုံးသူတွေကတောင် ပစ်ပယ်နိုင်တာ သူစိမ်းတွေက ဘယ်ကမေတ္တာနဲ့ ခွန်းနစ်ကို သည်းခံဖို့ တာဝန်ရှိမှာလဲ။

"အဟင်း... ငါကတော့ အရူးထင်တယ်"

"..."

"ခွန်းခွန်း... မင်း ဆိုးချင်ရင် ငါ့ဆီမှာဆိုး။ တခြားသူတွေဆီမှာ မင်းရဲ့ ကောင်းတာတွေချည်းပြပြီး အချီးကျူးခံပြီးရင် သူတို့ကို ပြလို့မရတဲ့ အရာမှန်သမျှ ငါ့ကိုပြ။ မင်း မပျော်တဲ့နေ့တွေ၊ မင်း ဆဲချင်တဲ့ စကားတွေ၊ မကျေနပ်တာ‌တွေ အကုန်ပဲ'

"ကြာလာရင် မင်းလဲ ငါ့ကို စိတ်ကုန်မှာပဲ"

"မကုန်ပါဘူး"

"..."

"လူတွေက သူတို့ စိတ်ထဲမှာ ကိုးကွယ်တဲ့သူကိုပဲ အရာရာပြတာတဲ့။ ငါက မင်းကိုအရင် ငါ့ရဲ့ ညစ်စုတ်နေတဲ့ အပိုင်းတွေကို ပြခဲ့တာ။ ငါနဲ့ယှဉ်ရင် မင်းက အများကြီး ကောင်းတဲ့သူလေ"

"စကားတွေ ဘယ်လို တတ်လာလဲ မသိဘူး။ မင်း အလုပ်မှာ မဟုတ်တာတွေပါ သင်နေတာလား"

ပြန်လည် ကြည်သာလာသည့် ခွန်းနစ်တစ်ယောက် နဂို ဘောက်ဆတ်ဆတ် ကောင်လေးအဖြစ် ပြန်လည်ရောက်ရှိလာပုံရသည်။ ဒီရက်တွေထဲ တစ်ယောက်ထဲ နေထိုင်ရခက်ကာ စိတ်ညစ်ညူးနေခဲ့သူက အခုတော့ စကားနည်းလွန်းသည့် နေချိုမောင်က ဘယ်လိုများ ဒီစကားတွေ တတ်လာသလဲဆိုသည့် အကြောင်းကို ခေါင်းထဲမထည့်ပဲ မနေနိုင်။ရင်ခွင်ထဲမှ ရုန်းထွက်ကာ မျက်နှာချင်းဆိုင်တော့ အပြုံးတို့ဖြင့် ငုံ့မိုးကြည့်နေသူနှင့် တိုက်ရိုက်ဆုံသည်။ ကြည့်စမ်း ဒီလို နူးညံ့ပြီး ကြင်နာတတ်တဲ့ မျက်နှာပေးမျိုး ဘယ်တုန်းက သူ့ဆီမှာ ရှိလို့လဲ။ နေရင်းထိုင်ရင်း ခံတွင်းချဉ်လာတော့ သူ့ပုခုံးကို ခွန်းနစ် တွန်းပစ်လိုက်၏။

"လမ်းပေါ်မှာ မဖွယ်မရာနဲ့ ငါ့ကို ဖက်နေတာ တော်တော့။ အိမ်ထဲ ဝင်တော့မယ် ဟင်း"

နှာကစ်ကာ ဆတ်တောက်ဆတ်တောက်လျှောက်သွားသူကြောင့် အရယ်အပြုံးနည်းသည့် နေချိုမောင်ပင် အသံထွက်အောင် ရယ်မိသွားသည်။ အတူလိုက်ဝင်တော့ ခြံပေါက်ဝမှာ စောင့်နေသူက နေချို့ ကျောကို မနာအောင် တဘုန်းဘုန်း ရိုက်လျက် "ဖတ် ဖတ် ဖတ်" ဟုအော်ကာ မြေကြီးကို ‌ဖနောင့်နှင့်ပေါက်လိုက်သေး၏။

"ငါနဲ့ အတူအိပ်လေ။ သူများတွေကို မပြချင်တဲ့ဟာတွေ ငါ့ကိုပြလို့ ရတာပဲ"

အစပိုင်း ကြောင်သွားပြီး ခဏကြာမှ ခွန်းနစ်ကုဋေတို့ ရပ်ကွက်ကိုပင် အားမနာနိုင်ပဲ "အရူး!! သွားစမ်းပါ" ဟု အကျယ်ကြီးအော်ကာ သူ့အခန်းတံခါးကို ဝုန်းခနဲပိတ်လို့သွား၏။

အပြင်မှာ ကျန်ခဲ့သည့် နေချိုကတော့ ပြုံးစိစိနှင့်။ သူ့လက်ဖဝါးကို ဘယ်ဘက် ရင်အုံထက်သို့တင်ကာ ပိတ်သွားပြီဖြစ်သော တံခါးဆီမှ မျက်နှာမလွှဲနိုင်အောင် ဖြစ်ကျန်နေခဲ့သည်။

သူငယ်ငယ်က ဘကြီးအောင် ပြောဖူးတာရှိသည်။ လူတွေ ဘုရားကန်တော့တဲ့အခါ ကျူးလွန်မိသမျှ အပြစ်တွေကို ဝန်ချတောင်းပန်ပြီး အပြစ်ဖြေလေ့ရှိသည်တဲ့။ အဲ့ဒီလို ကိုယ့်ရဲ့ မကောင်းမှုတွေကို ခွင့်လွှတ်ဖို့ တောင်းဆိုလိုက်သည့်အခါ ဂရုဏာတော်ကြီးမားသည့် မြတ်စွာဘုရားရှင်က အပြစ်တွေကို ကျေအေးပြီး နောက်ထပ်မကျူးလွန်အောင် အသိတရားဝင်စေသည်ဟု ဆိုသည်။

နေချိုကတော့ ဘာသာရေးကို သက်ဝင်ယုံကြည်မှု အားနည်းကာ လက်တွေ့ကိုသာ အရှိတိုင်းမြင်တတ်သူမို့ သေချာကြီးနားမလည်သည့်တိုင် ထိုသို့ မကောင်းသည့် အပိုင်းကို ချပြလိုက်ရတာ ကာယကံရှင်အတွက် သိပ်ကိုပေါ့ပါးသွားရသည်ကိုတော့ လက်ခံပါသည်။

တစ်စုံတစ်ယောက်က နာကျင်မှုကို ချပြဖို့ ၊ ဆိုးရွားသည့် အပိုင်းတွေကိုလည်း ချပြဖို့၊ သူ့ရဲ့ အတ္တတွေ၊ တစ်ကိုယ်ကောင်းမာနတွေ၊ အခြားသူတွေကို ပြရမှာ ကိုယ်ကိုယ့်ကိုယ်ရှက်မိတဲ့ အနာတရတွေကို ဝန်ခံဖို့အထိ ဆိုတာ တစ်ဖက်သူဟာ သိပ်ကို နားလည်နိုင်စွမ်းမြင့်ပြီး ခမ်းနားတဲ့ မေတ္တာတရားရှိမှသာ ဖြစ်လိမ့်မည်။ အတုမရှိသည့် မြတ်စွာဘုရားရှင်ကသာ သတ္တဝါတိုင်းအပေါ် ထိုသို့ မေတ္တာမျိုး ထားနိုင်သည့်အတွက်လည်း လူတွေက ဆည်းကပ်ယံုကြည် ကြတာဖြစ်နိုင်သည်။

ဘာသာ‌ရေးအရ ဆိုလျှင် နေချိုတို့လို ပုထုဇဉ်များကတော့ ဒီကမ္ဘာကြီးမှာ သဲတစ်ပေါက်မျှသာဖြစ်သည့် ရှင်သန်မှုပင်။ အဲ့ဒီလို ဖြစ်တည်မှုအတွက် ခွန်းခွန်းက သူကိုးကွယ်ချင်စရာ မေတ္တာတို့ဖြင့် ပြည့်နှက်နေသည်။ အစပိုင်းမှာ ပေးသိရမှာ ကြောက်ခဲ့သည့် အတိတ်က အပိုင်းအစတွေကို တယုတယပွေ့ဖက် ပေးတဲ့ ခွန်းခွန်းလက်တွေက နေချို့တစ်ချိန်လုံး ခံစားခဲ့ရသည့် "ငါက ကံကောင်းတဲ့သူ မဟုတ်ဘူး" ဆိုသည့် အတွေးကို ပျောက်ကွယ်သွားစေ၏။ တစ်နည်းဆိုရသော် ခွန်းခွန်းကို သူယုံကြည်လို့ရသည့်လူ၊ သူ့ရဲ့ အရာရာကို ခွင့်လွှတ်နိုင်သူဟု မြင်လာသည်။ ဒါက ဘဝမှာ ပထမဆုံးအဖြစ် အားထားရာတစ်ခု ရှာတွေ့လိုက်သလိုပင်။

ထို့အတွက် ခွန်းခွန်း ဖက်ကလည်း သူ့ကို ထိုကဲ့သို့ ထပ်တူခံစားစေချင်သည်။ သူဟာ ခွန်းခွန်းပြိုကျလာတာနှင့် ပွေ့ဖက်ထားမည့်အကြောင်း သိစေချင်ပြီး ဘယ်သူ့ကိုမှ မပြချင်တဲ့ အဆိုးတွေကို သူ့ဆီမှာဖွင့်ချပြီး သက်တောင့်သက်သာ ရှင်သန်စေချင်သည်။

အသက်ရှူ ကြပ်တတ်သည့် ခွန်းနစ်ကုဋေ အသေးလေးကို အသက်ရှူဝစေခဲ့ချင်သလိုမျိုး လူငယ်တစ်ယောက်အနေနဲ့ ဟန်ဆောင်နေရသည့် ခွန်းခွန်းရဲ့ အတ္တနှင့်လေးပင်မှုတွေကို ပေါ့ပါးစေချင်သည်။

ခွန်းခွန်းရဲ့ အကြီးမားဆုံး ကိုးကွယ်ရာက ဗုဒ္ဓသာဆိုလျှင် ဘုရားရှင်က ခွန်းခွန်းရဲ့ ဆန္ဒဟူသမျှကို ဖြည့်ဆည်းပေးဖို့ သူ့ဆုတောင်းတွေ အားလုံးကိုပါ ပေးချင်ခဲ့တာ ငယ်စဉ်ကတည်းပင်ဖြစ်သည်။

သူ့ကို တွေ့ရလို့ ကံကောင်းတယ်လို့ မခံစားရလျှင်တောင် အနည်းဆုံးတော့ "နေချို မင်းနဲ့တွေ့ရတာ မရှုံးပါဘူး" ဆိုသည့် ဂုဏ်ပုဒ်ကလေးရသည်ဆိုလျှင်ပဲ သူက ကျေနပ်နိုင်ပါသည်။

တစ်ဖက်မှာတော့ ခွန်းနစ်ကုဋေဟာ တံခါးကိုကျောပြင်နှင့်ကပ်လျက် မှောင်မှိက်နေသော အခန်းကို ပြုံးတုံ့တုံ့ကြီး စိုက်ကြည့်နေမိသည်။ သိသိသာသာ မြန်ဆန်နေသော ရင်ခုန်သံတွေနှင့်အတူ ပျော်ရွှင်ကျေနပ်ခြင်းတွေက သွေးပြန်ကြောမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးဆီ ပျံ့နှံ့နေသလားမှတ်ရ၏။ အချစ်နှင့်တွေ့လျှင် ထွက်ပေါ်လာတတ်သည်ဆိုသော ဟော်မုန်းတစ်မျိုးက ဦးနှောက်တစ်ခုလုံးထဲမှာများ ယိုစိမ့်သွားလေသလား။  ရက်ပေါင်းများစွာ မကျေနပ်ခြင်းတွေစုပုံနေခဲ့ခြင်းက နေချိုနှင့်အတူရှိခဲ့သည့် နာရီပိုင်းအတွင်းမှာပဲ အတိတ်တစ်ခု ဖြစ်လို့သွားသည်။

"မင်းရှိလာလို့ တကယ်တော်ပါသေးတယ်"

မထိန်းနိုင်အောင်ဖြစ်နေသော ပါးစပ်ကို လက်ဝါးနှင့်အုပ်ထားရသည်။မီးပိတ်ထားသည့် အခန်းငယ်အတွင်းမှာ နေချိုစိတ်နှင့် ကြည်လင်လာသည့် အတွေးတွေက ကြယ်တွေစုံသည့် ညသဖွယ်။

နေချိုမောင်...သို့မဟုတ် ခွန်းနစ်ရဲ့ အသက်ရှူပေါက်ကလေး....

"ဟီးဟီး..."

ရယ်သံတိုးတိုးဟာ မနက်ခင်းရဲ့ လင်းအာရုဏ်နှင့်အတူ လတ်ဆတ်လို့....။

......................................................

"အစ်ကို အစ်ကို... ရှေ့မှာ အစ်မတို့ကလည်း မရှိဘူး။ ဒီစာအုပ်လေးကို ဆေးOn ပေးပါ့လား။ VVIP ဆိုတော့ နည်းနည်းလန့်လို့"

ဆေး အဝင်အထွက်စာရင်းတွေကို စစ်နေတုန်း ဂျူတီကုတ်တကားကားနှင့် ပြေးလာသည့် ဂျူနီယာလေးကြောင့် ခွန်းနစ် မျက်လုံး‌တွေ ဝိုင်းစက်သွားသည်။စီနီယာတချို့က ခရီးသွားဖို့ ခွင့်ယူထားကြသည့်အပြင် စောစောကပဲ အစ်မရော ယုပါ ထမင်းသွားစားကြပြီမို့ ဌာနထဲ အကြီးဆို၍ ခွန်းနစ်သာကျန်နေခြင်း ဖြစ်သည်။

"နေ့လည်ဆိုတော့ လူနာသိပ်မကျလောက်တော့ဘူး။ အငယ်လေးတွေ မနိုင်မှ နင်ထွက်ကူလိုက်တော့ဟာ" ဟုမှာသွားသည့် ယုစကားအပြင် ပြင်ပလူနာ ဌာနမှာ ကျန်နေသည့် Pharmacist တွေအငယ်တွေက VVIPကို ဆေးပေးဖို့ မဝံ့မရဲဖြစ်နေတာကြောင့်နောက်ဆုံးဝောာ့ ခွန်းနစ်ထိုင်ရာမှ ထလိုက်ရတော့၏။

"အစ်ကို လာခဲ့မယ်။ ဆေးတွေ အသင့်ထုတ်ထားဖို့ ပြောထားလိုက်"

"ဟုတ် အစ်ကို"

ကူကယ်ရာရသလို မြှောက်တကြွကြွ ပြေးထွက်သွားသည့် ညီမလေးကတော့ "ကိုကုဋေ လာမယ်တဲ့ဟေ့" ဟု သူ့သူငယ်ချင်းတွေကိုပင် အော်နေပြီ။ လုပ်လက်စ ဖိုင်ကို save ပြီးတာနှင့် သက်တောင့်သက်တာဖြစ်ရန် ချွတ်ထားခဲ့သော ဂျူတီကုတ်အား scrub swit ပေါ်သို့ ထပ်ဝတ်လိုက်သည်။ ပြီးတာနှင့် ဝန်ထမ်းကဒ်ကိုပါ သေချာနေရာချကာ ပြင်ပလူနာ ဌာနသို့ ထွက်လာခဲ့လိုက်၏။

ခွန်းနစ် ကောင်တာကိုရောက်တော့ ဆေးပေးနေသူ ညီမလေးနှစ်ယောက်က အလုပ်များနေသည်။ ကောင်တာရှေ့မှာ ဆေးစောင့်နေသူ လူနာတစ်ချို့ရှိသော်ငြား ညနေစောင်းအချိန်တွေလောက်တော့ များမနေ။ ခွန်းနစ်က ဆေးပေးရမည့်လူနာ၏ စာအုပ်ကိုယူကာ မှတ်တမ်းများနှင့် ဆရာဝန်၏ Prescription တို့ကို သေချာစွာ ဖတ်လိုက်သည်။ ထို့နောက် နဂိုပေးထားသည့် ဆေးများရှိလျှင် Brand တူမတူ၊ ဆေး၏ ပမာဏတိုးမတိုးအပြင် ဆေးများထပ်ခြင်းမရှိစေရန် ကွန်ပျူတာအတွင်းတွင် ထည့်သွင်းထားသည့် လူနာမှတ်တမ်းနှင့်တိုက်ကာ တဖန်ပြန်စစ်ဆေးလိုက်၏။ ပြီးမှ ငွေရှင်းဘောက်ချာနှင့်အတူ ပေးရမည့် ဆေးများမှန်မမှန်၊ ပမာဏပြည့် မပြည့်ကို တွက်ချက်ကာ ဆေးပေးဖို့ အသင့်ဖြစ်စေလိုက်သည်။

လူနာက လူကြီးဖြစ်သည့်အပြင် ဆေးအရည်ပေးရန်မလိုတာကြောင့် အချိန်သိပ်မယူလိုက်ရ။ ကလေးလူနာများဆိုလျှင် တိုက်လိုသော ဆေး၏ပမာဏကိုလိုက်၍ ဆေးအရည်ဘယ်လောက်အတွက် မီလီဂရမ် ဘယ်လောက်ပါရန်ဆိုကာ ပြန်လည်တွက်ချက်ရသည်မို့ အချိန်ပိုယူရတတ်သည်။

"Share Holderလို့ ပြောတယ်။ ဦးလေးကြီးက ရုပ်ကြီးက တည်တည်ကြီးနဲ့ တစ်မျိုးပဲ။ ‌ခံ့တာတော့  ခံ့ခံ့ကြီး"

အစောက လာခေါ်ခဲ့သည့် ညီမလေးက ဆေးပေး၍ ပြီးသွားပုံပင်။ ဆေးသောက်နည်းများ ရေးပေးနေသော ခွန်းနစ်အနားလာကာ လူနာအကြောင်းဖောက်သည်လာချသည်။ သူမပြောသည့်နေရာကို ကြည့်တော့ ခွန်းနစ်နှင့်သိပ်မဝေး။ ကောင်တာရှေ့မှ ရေတွက်သော် တတိယတန်းက ခုံမှာ ထိုင်နေသည့် အသက် ၅၀အရွယ်ခန့် လူတစ်ဦးက ခွန်းနစ်တို့ကို ထိုင်ကြည့်နေသည်။ လည်ကတုံး ကုတ်အင်္ကျီ ခပ်ပါးပါးနှင့် လက်တွင် တုတ်ကောက်ကိုင်ထားသည့်လူကြီးတစ်ဦးပင်။ ခွန်းနစ်က ထိုလူ၏ မျက်မှန်အောက်မှ စူးရှသော အကြည့်တွေကြောင့် ကျောပင်ချမ်းချင်သွားသည်။ဘာကြောင့်ရယ်မသိ ထိုပုဂ္ဂိုလ်ကို ကြည့်ရတာ ရင်းနှီးသလိုဖြစ်နေ၏။

"တွေ့လဲ မတွေ့ဖူးပါဘူး"

တစ်ယောက်ထဲ ကြားရုံရေရွတ်ပြီးနောက်မှာတော့ ခွန်းနစ်က ဆုံလည်ကုလားထိုင်မှထကာ  လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး လူနာ၏ အမည်အားခေါ်လိုက်သည်။

"ဦးသောတမောင် ရှိပါသလား ခင်ဗျ"

နေပါဦး။ ဒီနာမည်ကို ကြားဖူးသလိုလိုပဲ။ ခွန်းနစ် မျက်ခုံးလေးတွေ စုကျုံ့သွားကာ စာအုပ်အဖုံးမှ အမည်ကို ခပ်တွေတွေလေး ငေးစိုက်ကြည့်နေမိသည်။

"ဒီမှာ "

အတွေးကို ဖြတ်တောက်လိုက်သည့် ပုဂ္ဂိုလ် အနားရောက်လာမှ လူနာကို ခွန်းနစ် သေချာကြည့်ရသည်။ စောစောက ထိုင်နေတာကြောင့် သေချာသတိမထားမိပေမဲ့ ထိုပုဂ္ဂိုလ်က ဝါကျင့်ကျင့် ပုဆိုးကို ဝတ်ထားကာ လက်ထဲမှာလဲ တုတ်ကောက်တစ်ချောင်းကို ကိုင်ထားသည်။ ရုပ်ရည်မှာ အနီးကပ်မြင်ရမှ ပိုပင်ခံ့ညားကာ ကြည့်လေ ကြည့်လေ ရင်းနှီးသလိုလို ဖြစ်လို့လာသည် ။

"ဆေးယူရမှာလား"

"အာ ဟုတ် ဟုတ်ကဲ့ ခင်ဗျ"

တွေတွေကြီး ငေးနေပြီးမှ သတိဝင်ကာ ဆေးပေးဖို့ကိုပဲ အာရုံစိုက်လိုက်သည်။

"လေးလေးရဲ့ အသက်နဲ့ နာမည်လေး တစ်ချက် ပြန်ပြောပေးပါဦး ခင်ဗျ။ လူနာမှားပြီး ဆေးပေမိမှာစိုးလို့ပါ"

လူနာရှင်းပေမဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းမေးတော့ ထိုလူက အသံ ခပ်ပြတ်ပြတ်ဖြင့် "ဦးသောတမောင်၊ အသက် ၅၂နှစ်" ဟု ဖြေလာသည်။ အသံက တိကျပြတ်သားက အားအင်တစ်ခုခု ရှိနေသလိုပင်။

"ဟုတ်ကဲ့ ကျွန်တော် ဆေးလေးတွေ ရှင်းပြပေးမယ်နော်။ ဒါလေးက လေးလေးသောက်နေကျ ဆီးချိုဆေးလေးပါပဲ။အရင်အတိုင်း ဆက်သောက်ပေးရင် ရပါပြီ။ သွေးကျဆေးကတော့ အရင်ကထက် မီလီဂရမ်လေး ပိုတိုးသွားတာကြောင့် 10mgဆေးလေး ပေးထားတယ်ဗျ။သောက်လက်စ 5 mgဆေးနဲ့ Brandတူတာကိုပဲ ထည့်ပေးထားပါတယ်"

လူနာက ခွန်းနစ် အပြောကို ခေါင်းတငြိမ့်ငြိမ့်နှင့်။ သောက်နေကျ ဖြစ်တာကြောင့်ပဲလား အခြားလူနာများလို ဟိုဟာ ဒီဟာ မမေး။ ဆေးအိတ်ထက်မှ အညွှန်းစာများကိုပါ ဂရုတစိုက် အာရုံစိုက်နေတာကြောင့် ခွန်းနစ်ပင် ကျေနပ်သွားသည်။

"နှလုံးဆေးနဲ့ သွေးတွင်း အဆီကျဆေးကလည်း အရင်အတိုင်းပဲ။ တိုးလာတာကတော့ Vitamin Dအတွက် ပေးတဲ့ဆေးပါ။ သူက အရိုးအတွက်အားကောင်းစေပြီး တစ်ပါတ်မှာ တစ်ကြိမ်ပဲ သောက်ပေးရပါမယ်‌ဗျ။ တကယ်လို့ လေးလေးက ဒီနေ့ စနေနေ့မှာ စသောက်ရင် နောက်တစ်လုံးကိုလည်း နောက်အပါတ် စနေမှာပဲ သောက်လို့ရပါတယ်"

"တစ်ထုပ်ပဲနော်"

"ဟုတ်ကဲ့ တစ်ထုပ်ပါပဲဗျ"

"ဟုတ်ပြီ"

အားလုံးပြီးဆုံးသွားတော့ ဆေးတွေနှင့်အတူ ဆေးစာအုပ်ကို အိတ်ထဲထည့်ကာ ကမ်းပေးလိုက်၏။

"ကျေးဇူးတင်ပါတယ်။ နားမလည်တာများ ရှိသေးလားဗျ"

"မရှိဘူး တစ်ခုပဲ.."

ခွန်းနစ်ကိုယ်က ဆန့်ခနဲ။ အစောကတည်းက ဝန်းထမ်းကဒ်စီ စူးစိုက်ကြည့်နေသူက မျက်နှာထိပါ ရောက်လာတာကြောင့် တံတွေးပင် မြိုချတော့ မတတ်ဖြစ်သွားသည်။ လူမကြောက်တတ်တာတောင် ဒီပုဂ္ဂိုလ်ကို ကြည့်ရတာရှိန်ပြီး နောက်ကျောမလုံပေ။VVIPဖြစ်နေလို့များလား...။

"ဘာ ဘာလဲ မသိဘူးဗျ"

တုန်ယင်ချင်နေသော အသံကိုထိန်းကာ ခွန်းနစ်မေးလိုက်ရသည်။ တစ်ဖက်က ကာစတန်မာမို့ မသိချင်ယောင် ဆောင်လို့မရ။ ဆေးနှင့်ပက်သက်တာတွေကို ရှင်းပြရမှာတာဝန်မို့ အသင့်ပြင်ရန်သာ ရှိ၏။

"မောင်ရင် အချိန်ရရင် အန်ကယ်နဲ့ ခဏလောက်စကားပြောနိုင်မလား"

"ခင်ဗျာ"

"အန်ကယ်က နေချိုမောင်ရဲ့ အဖေ။ ပြီးတော့ မင်းတို့ အကြောင်းကိုလည်း သိထားတယ်"

စောက်ကျိုးတော့ နည်းပြီ။ ဂလုခနဲ ထွက်သွားသည့် တံတွေးမြိုချသံကိုပင် သတိမထားနိုင်တော့။ ရှေ့က ပုဂ္ဂိုလ်ရဲ့ အမိန့်မမည်သော တွန်းအားတစ်ခုအောက်မှာ ခွန်းနစ် ခြေချောင်းကလေးတွေပင် ကုပ်လို့သွားသည်။ ဆေးအိတ်ကို ကိုင်ထားသည့် လက်တွေပါတုန်ချင်လာတော့ စိတ်ကိုထိန်းကာ ခေါင်းကို ငုံ့လိုက်၏။

"ခဏလောက် စောင့်ပေးနိုင်မလား အန်ကယ်။ ထမင်းစားသွားတဲ့သူတွေ ဂျုတီပြန်ဝင်ရင် ကျွန်တော် အချိန်ရပါတယ်"

"ကောင်းပြီ။ Conference Hallဘက်ကို မောင်ရင်လာလိုက်ပါ။ အန်ကယ် အဲ့ဒီမှာ စောင့်နေမယ်"

ဟုတ်ကဲ့ ဟု ပြန်ပြောမိလိုက်လား မသိတော့။ ဖြေးဖြေးချင်းထွက်ခွာသွားသူရဲ့ ကျောပြင်ကျယ်ကို ကြည့်ရင်း ခွန်းနစ် သွေးကြောတွေက ပေါက်ထွက်ချင်လာသည်။ ထို့နောက် ဂျူတီကုတ် အိတ်ထောင်ထဲမှ ဖုန်းကိုထုတ်ကာ တစ်နေရာကို ဆက်ဖို့ပြင်လိုက်၏။

မဟုတ်သေးဘူး... ဝင်လုဆဲဆဲ ဖုန်းကိုချကာ အိတ်ထောင်ထဲသို့ ပြန်ထည့်လိုက်သည်။

"ရ‌ရဲ့လား အစ်ကို"

"အေ... အေး ရပါတယ်"

"အဲ့လူကြီးက ဘာလဲ။ Service ပေးတာကို သဘောမကျလို့ ပြောချင်တာမျိုးလား။ Share Holder ဆိုတာနဲ့ ရတယ်ပေါ့"

တစ်ယောက် တစ်ပေါက်ပြောနေကြသည့် စကားသံတွေကြားမှ ခွန်းနစ်က အသက်ရှူပင် မမှန်တော့။ ရှယ်ယာ အဖွဲ့ဝင် ၊နေချို့အဖေ၊ ဦးသောတမောင် ... စတဲ့ စကားလုံးတွေက ခွန်းနစ်ရဲ့ ဦးနှောက် သေးသေးလေးနဲ့မဆန့်အောင် ပျံ့လွင့်နေသည်။

"စိုးစိုး "

"ရှင်"

"အစ်ကို Toilet ခဏသွားမလို့။ တစ်ခုခုဆို အစ်မဆီ ဖုန်းဆက်လိုက်နော်"

"ဟုတ် ဟုတ်ကဲ့"

ဘယ်သူ့ကိုမှ မကြည့်ပဲ ခွန်းနစ် ကောင်တာထဲမှ ထွက်လာလိုက်သည်။ နေချို့ကို ဖုန်းဆက်ဖို့ အစီစဉ်ကို မလုပ်မိတော့။ သန့်စင်ခန်းဝင်ပြီး ခဏလောက် စိတ်ကို ထိန်းဖို့လိုနေသည်။

"ဘာမှမဖြစ်ဘူး အဆင်ပြေပါတယ်"

တီးတိုး အားပေးသံက အခြားသူထံမှမဟုတ်။ ခွန်းနစ်ကိုယ်တိုင် ပြောနေခြင်းသာ။ အခုချိန်ထိ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရသည့် အခြေနေတွေဆိုတာ နည်းလှသည်မဟုတ်။ထိုအားလုံးကို ခွန်းနစ်က ကောင်းကောင်း ဖြတ်ကျော်ပြီး ဒီအထိ ရောက်လာခဲ့ပြီးပြီ။ နေချို့ အဖေဆိုတာလဲ ထို အခြေနေတွေလိုသာ ဖြစ်လိမ့်မည်။

"ဘယ်သူ ဘာပြောပြော ကိုယ့်ခံယူချက်ကို မယိမ်းမယိုင်အောင်ထားရမယ်။ တောင့်ခံပြီးသွားရင် ငါ နိုင်ပြီ"

တုန်လှုပ်လာတိုင်း ရေရွတ်နေကျ စကားကိုဆိုမိတော့ ရင်းနှီးပြီးသား အင်အားတစ်ခုက ကိုယ်ထဲသို့ တိုးဝင်လာ၏။ ကိစ္စမရှိ... ဒါကို ခွန်းနစ် ကောင်းကောင်းဖြတ်ကျော်နိုင်သည်။ ‌အဆုံးမှာ နေချိုက ခွန်းနစ်အနားမှာပဲ ရှိနေပါလိမ့်မည်။

.............................................................

စာရေးသူ၏ အမှာစာ:

ဟယ်လို ဟယ်လို
ကတမ်လေး တအားကို လိမ္မာနေပါပြီနော်
ကဲ  နောက်တစ်ပိုင်း မြန်မြန်လာအောင် များများ အားပေးလိုက်ပါတော့!!

Zawgyi

တိမ္ညိုေလး၏ သ႐ုပ္မွန္ ၁

ေမွာင္မိုက္ေနေသာ အခန္းငယ္အတြင္းတြင္ျဖစ္သည္။ ဖုန္းစခရင္မွ ထြက္ေပၚေနသည့္ ခပ္စူးစူးအလင္းေရာင္တို႔မွတစ္ပါး အျခား အလင္းေရာင္ဟူ၍ လုံးဝမရွိ။ လုံေနေအာင္ပိတ္ထားေသာ ျပတင္းတံခါးအျပင္မွာလည္း ညဉ့္နက္နက္က မဟူရာေရာင္ ကတၱီပါေစာင္ကိုၿခဳံကာ အိပ္ေမာက်ေနခ်ိန္တစ္ခုပင္။

"ဟင္း...."

အေတြးမ်ားထဲ နစ္ျမဳပ္ေနရာမွ ခြန္းနစ္ သက္ျပင္းခ်လိဳက္မိသည္။ရႉထုတ္လိုက္သည့္ ေလပူ‌ေႏြးေႏြးေတြထဲ ေဝခြဲရခက္ေနသည့္ အေတြးပါသြားလွ်င္ ေကာင္းမည္ဟု ေမွ်ာ္လင့္ထားခဲ့ေပမဲ့ လက္ေတြ႕မွာေတာ့ ခဏတာ ေနလို႔ေကာင္းသြား႐ုံမွလြဲ၍ အျခား ရလာဒ္ရမလာခဲ့ပါ။ တစ္ေန႕လုံး ေခါင္းထဲမွာ ႀကီးစိုးေနခဲ့ေသာ ဆႏၵက အခ်ိန္ၾကာလာတာႏွင့္အမွ် ပိုတိုး၍ပင္ ႏွိပ္စက္လာေလသလားမွတ္ရသည္။

စခရင္တြင္ ေပၚေနသည့္ ဖုန္းေခၚဆိုမႈမွတ္တမ္းမွာေတာ့ ေနခ်ိဳေမာင္က ထိပ္ဆုံးမွာေနရာယူထားၿပီး သူ႕ေအာက္မွာ အလုပ္က ဖုန္းနံပါတ္တခ်ိဳ႕က ရွိေနသည္။ တစ္ေန႕တစ္ေန႕ လူေပါင္းမ်ားစြာႏွင့္ ေျပာဆိုေနရေပမဲ့  တကူးတက ျဖန႔္က်က္ဆက္သြယ္စရာ ေနရာရယ္လို႔ ခြန္းနစ္မွာ မယ္မယ္ရရမရွိပါ။ ဒီေတာ့ သူ႕ဖုန္းမွတ္တမ္းထဲမွ နံပါတ္ေတာ္ေတာ္မ်ားမ်ားကို အလြတ္ရေနတတ္တာမ်ားသည္။

တုံးတိေနေအာင္ ညွပ္ကာ သန႔္ရွင္းထားသည့္ လက္မက အမွတ္မထင္ပဲ ဖုန္းနံပါတ္ရိုက္ႏွိပ္ရန္ ေနရာဆီေရာက္သြားကာ နံပါတ္တခ်ိဳ႕ကို ဆက္တိုက္ဆိုသလို ႏွိပ္မိသြားသည္။ တန္းစီေပၚလာသည့္ နံပါတ္ေတြက မွတ္ရလြယ္တာမ်ိဳး မဟုတ္ေပမဲ့ အသားက်ေနသည့္ႏွယ္။ နံပါအားလုံး ျပည့္စုံသြားေတာ့ ရပ္တန႔္သြားသည့္ လက္ေတြ။ အမည္မွတ္ထားျခင္း မရွိသည့္တိုင္း ရင္းႏွီးေနေသာ ထိုနံပါတ္အား ေခၚဆိုရမည့္အစား ၾကည့္႐ုံသာၾကည့္ေနမိသည့္ အေျခေနမ်ိဳးက ခြန္းနစ္အတြက္စိမ္းေတာ့သည္မဟုတ္။ မၾကာခဏဆိုသလို တမ္းတမ္းတတ ဆက္သြယ္ခ်င္လာတိုင္း ယခုလို ထိုင္ၾကည့္ေနတတ္စၿမဲသာ။

"ေနေကာင္းရဲ႕လား ဆိုတာကိုေတာင္ မေမးနိုင္ဘူး"

စခရင္ကို ပိတ္ခ်ကာ ကုတင္ေပၚသို႔ ပစ္ခ်လိဳက္ပစ္လိုက္သည္။ ၿပီးတာႏွင့္ ဖုန္းရွိရာကို ေက်ာေပးလ်က္ ခႏၶာကိုယ္ကိုေစာင္းကာ ပါးေအာက္သို႔ လက္ႏွစ္ဖက္ထိုးထည့္ၿပီး လွဲအိပ္ခ်လိဳက္၏။ ေကြးေကြးေလးျဖစ္ေနေသာ ခႏၶာကိုယ္ေၾကာင့္ ေနရတာ သက္သာသြားသလိုျဖစ္လာေပမဲ့ မအီမသာျဖစ္ေနေသာ မ်က္ႏွာကေတာ့ အေမွာင္ထုထဲတြင္ တိမ္ျမဳပ္လ်က္ရွိေနေပေလမည္။

မ်က္ဝန္းေတြ မွိတ္စရာမလိုပဲႏွင့္ ေမွာင္ေနေသာ အခန္း။ မီးဖြင့္ရင္ မအိပ္တတ္တဲ့ တကယ့္အေၾကာင္းရင္းက ညဘက္ေစာေစာမအိပ္ေပ်ာ္ရင္ အေတြးေပါင္းစုံႏွင့္ ပင္ပန္းလြန္း၍ဆိုတာကို ကိုယ္တိုင္သာ နားလည္သည္။ ဒီရက္ပိုင္း သတိရေနမိသည့္ လူေတြကေတာ့ ကိုယ့္ကို ဘဝထဲကထုတ္ၿပီး အဆင္ေျပမွ ေျပၾကရဲ႕လားမသိ။ တစ္ခါတစ္ေလေတာ့ မာနႀကီးႀကီးႏွင့္ တင္းခံေနသည့္ ကိုယ့္ဆီကို တစ္ႀကိမ္ေလာက္ပဲျဖစ္ျဖစ္ ဆက္သြယ္လာဖို႔ ေမွ်ာ္လင့္လိုက္ခ်င္သည္။ ခြန္းနစ္က သတၱိမရွိတာမို႔ ၊ အရင္လို တစ္ကိုယ္ေကာင္းဆန္ၿပီး အတၱႀကီးတဲ့သူ ျဖစ္ေနဆဲမို႔ အဲ့ဒီလို ေမွ်ာ္ေန႐ုံမွလြဲၿပီးလည္း အျခားမတတ္နိုင္။

ေဒါက္... ေဒါက္

"ေနခ်ိဳ အိပ္ေနၿပီလား"

မေနနိုင္သည့္အဆုံး အိပ္ရာမွထကာ အခန္းတံခါးကို ဆြဲဖြင့္ၿပီးေနာက္ ေျခလွမ္းေတြရဲ႕ ဦးတည္ရာက အနီးနားမွ အခန္းတစ္ခုဆီျဖစ္သြားသည္။ မႈန္ျပျပ မီးထြန္းထားသည့္ အိမ္ငယ္ေလးက ေႏြဦးညရဲ႕ အေႏြးဓာတ္ေအာက္မွာ အိုက္စပ္စပ္ႏွင့္။ ဒုတိယအႀကိမ္ အခန္းတံခါးေခါက္ၿပီးခ်ိန္မွာ မ်က္လႊာကိုခ်ကာ ၾကမ္းျပင္ထက္မွာ ေျခေခ်ာင္းေတြဆီ ငုံ႕ၾကည့္လိုက္မိသည္။

သူလည္း အိပ္ေနေရာေပါ့။ ‌ကိုယ္ေနလို႔ ထိုင္လို႔မေကာင္းတာႏွင့္ သူမ်ားကိုပါ ဒုကၡေပးလို႔ ဘယ္ျဖစ္ပါ့မလည္း။ ဘယ္လိုပင္ ခ်စ္သူရည္းစား ျဖစ္ပါေစအုန္း ခြန္းနစ္ရဲ႕ ျပႆနာမွန္သမွ်ကို ေပးသိၿပီးစိတ္ဆင္းရဲေစရင္ မတရားရာ က်လိမ့္မည္။ ဒီလိုစိတ္နဲ႕ အခ်ိန္အေတာ္ၾကာ တစ္ေယာက္ထဲ ေျဖသိမ့္ခဲ့တာ ဘယ္ေလာက္ရွိခဲ့ၿပီလဲ။ အခုမွလာၿပီး တစ္မူထူးခ်င္ေနတာေတြးမိေတာ့ ခြန္းနစ္ ေျခလွမ္းေတြကို ေနာက္ဆုတ္လိုက္သည္။

ဘာပဲျဖစ္ျဖစ္ အဆုံးမွာ သူက တစ္ေယာက္ထဲပဲ သည္းခံၿပီး အဆင္ေျပေအာင္ ေနရဦးမွာမဟုတ္လား။

ကလစ္...

ဖ်တ္ခနဲ ပြင့္လာေသာ တံခါးႏွင့္အတူ ရင္းႏွီးသည့္ အသီးနံ႕က ႏွာဖ်ားဆီဝင္ေရာက္လာသည္မို႔ ေမာ့ၾကည့္မိေတာ့ ညဝတ္ဝမ္းဆက္ နက္ျပာေရာင္ျဖင့္ ေနခ်ိဳေမာင္က  အေပါက္ဝမွာ ကိုယ္တစ္ပိုင္းေဖာ္ကာ ရပ္ေနသည္။ အျပင္ဖက္ မီးအလင္းေၾကာင့္ သူ႕ကိုယ္တစ္ပိုင္းဟာ လင္းေနၿပီး အခန္းတြင္းက အပိုင္းမွာေတာ့ အေမွာင္ရိပ္က်လ်က္ရွိ၏။ သူက အနည္းငယ္ အက္ရွကာ ေလးပင္ေသာ အသံျဖင့္ " အိပ္မေပ်ာ္ဘူးလား" ဟု ေမးလာသည္ဆိုလွ်င္ပဲ ေစာေစာက တစ္ေယာက္ထဲ အဆင္ေျပေအာင္ေနဖို႔ ဆုံးျဖတ္ထားသည့္ ခြန္းနစ္ကုေဋဟာ ႏႈတ္ခမ္းကိုတင္းေနေအာင္ ေစ့ကာ "အင္း" ဟု ေျဖလိုက္ေတာ့သည္။

အားနာေပမဲ့ ၊ တကယ္ကို အားနာၿပီး မေႏွာက္ယွက္သင့္ဘူးဆိုတာ သိေပမဲ့ အခုခ်ိန္မွာ ေနခ်ိဳေမာင့္ မ်က္ႏွာကို ျမင္ရတာႏွင့္ေတာင္ ခံစားေနရသမွ်ကို လႊတ္ခ်ခ်င္လာသည္။ ေဖာင္းအစ္အစ္ ျဖစ္ေနေသာ မ်က္ဝန္းေတြျဖင့္ ဘာျဖစ္ေနသလဲဆိုတာကို အကဲခတ္ေနဟန္တူကာ စကၠန႔္အနည္းငယ္အတြင္းမွာပဲ ေနခ်ိဳေမာင္ဟာ ေမွာင္ေနေသာ ‌အခန္းတြင္းမွ အျပင္ဘက္ အလင္းေရာင္ထဲသို႔ ထြက္ခ်လာသည္။ ညိုေသာ သူ႕အသားအရည္က မီးအလင္းေရာင္ေအာက္မွာ ညက္ေညာကာ သူ႕လက္ေခ်ာင္းေတြက ခြန္းနစ္ပုခုံးထက္သို႔ ဖ်စ္ညွစ္လာခဲ့၏။

"တစ္ခုခု စားမလား။ ဒါမွ မဟုတ္ အျပင္မွာ လမ္းေလွ်ာက္ခ်င္လား"

ဘာျဖစ္ေနသလဲဆိုတာကို မေမး။ အေတာ္ေလးျမင့္ခ်င္ေနသည့္ သူ႕ေခါင္းကို ခြန္းနစ္မ်က္ႏွာအနားထိငုံ႕ခ်ကာ ခပ္တိုးတိုးဆိုလာသည္။

"ငါ...ငါ သိပ္ေနလို႔ မေကာင္းလို႔။ အသက္ရႉၾကပ္ၿပီး မြန္းေနသလိုပဲ"

"အျပင္ ခဏေလာက္ထြက္ရေအာင္ေလ။ ၿပီးမွ မင္းျဖစ္ခ်င္တာကို ေျပာ"

ပုခုံးကေနဖက္လ်က္ သူက ခြန္းနစ္ကို အိမ္တံခါးဆီ ဆြဲေခၚသြားသည္။ ေသာ့ေတြကို သူဖြင့္ေနခ်ိန္မွာ ကိုယ္က ေငါင္ေတာင္ေတာင္ႏွင့္။ ခပ္ကိုင္းကိုင္းျဖစ္ေနေသာ ေက်ာျပင္ကို စိုက္ၾကည့္ရင္း သူလုပ္သမွ်ကိုသာ ေစာင့္ၾကည့္ေနခဲ့၏။

"လာ"

လင္းထိန္ေနသည့္ လမ္းမီးေရာင္ေတြေအာက္မွာ တိတ္ဆိတ္ေနသည့္ ပတ္ဝန္းက်င္က ေခြးတစ္ေကာင္ ေၾကာင္တစ္ၿမီးပင္မရွိ။ မနက္ႏွစ္နာရီခန႔္ရွိၿပီမို႔ ရွင္းလင္းေနေသာ လမ္းမကိုၾကည့္ရင္း ခြန္းနစ္ အသက္ဝဝရႉလိုက္သည္။ လတ္ဆတ္ကာ ရနံ႕ကင္းေနသည့္ ေလေျပတို႔က မ်က္ႏွာထက္ကို က်ီစားသြားကာ ေနာက္က်ိေနသည့္ အာ႐ုံဟာလည္း တခဏအတြင္းမွာပဲ ၾကည္လင္ကာ ၿငိမ္သက္လို႔သြား၏။

"ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနမွာကို ငါက ႏွိုးလိုက္မိတာ"

ၿပဳံးေယာင္သမ္းလာနိုင္ၿပီျဖစ္ေသာ ႏႈတ္ခမ္းတို႔ျဖင့္ သူ႕ကို ေျပာေတာ့ ေနခ်ိဳက ဝွား တစ္ခ်က္သန္းရင္း ေခါင္းကို ယမ္းသည္။ၿပီးေနာက္ ခြန္းနစ္ေျခလွမ္းေတြႏွင့္အတူ လမ္းမထက္ ေလွ်ာက္ေနရင္း "ဘာမွ မျဖစ္ဘူး" ဟု ႏွစ္သိမ့္၏။

"အမွန္ေတာ့ ငါ အိမ္ကို သတိရလို႔"

ေျခစြပ္ဖိနပ္ထိပ္ကေလးျဖင့္ ေက်ာက္လမ္းမကိုထိုးရင္း ခြန္းနစ္ေျပာေတာ့ သူက ဘာမွမဆို။ အလိုက္တသိၿငိမ္သက္ေပးေနသလိုမ်ိဳး သူ႕အၾကည့္ေတြက ခြန္းနစ္ထံစုၿပဳံက်လာသည္။ အေၾကာင္းအရင္းမရွိ ႏႈတ္ခမ္းအတြင္းသားတို႔ကို ကိုက္ခဲမိသူ ခြန္းနစ္မွာေတာ့ ဒီေတာအတြင္း အေတြးမ်ားကာ ပင္ပန္းရလြန္း၍ ယခုလို ထုတ္ေျပာခြင့္ရသည့္အေပၚ ဝမ္းနည္းဝမ္းသာႀကီးပင္ ျဖစ္လာ၏။

"မင္းအေမ့ကို လြမ္းေနတာလား"

တစ္ေလွ်ာက္လုံး ဆိတ္ဆိတ္ေနခဲ့သူဆီမွ အသံထြက္လို႔လာသည္။ မဟုတ္ပါဘူးဟု ျငင္းခ်င္ေပမဲ့ ႏွလုံးသားရဲ႕ လႈံ႕ေဆာ္မႈက ေနခ်ိဳ႕အေငြ႕အသက္ေအာက္မွာ ခြန္းနစ္ရဲ႕ မာနတရားကို ေျခမြလိုက္ပုံရသည္။

"အင္း ။ ေနေရာ ေကာင္းရဲ႕လားလို႔ ေမးခ်င္ေပမဲ့ ငါမလုပ္ရဲဘူး"

"..."

"ေမေမေရာ ေဖေဖေရာက ငါ့ကို စိတ္နာေနၾကမွာ"

လက္ခံထားၿပီးသား ကိစၥတစ္ခုကို ေျပာေနရၿပီမို႔ ခြန္းနစ္ မခ်ိၿပဳံးသာ ၿပဳံးလိုက္ရသည္။ ဒီအေၾကာင္းေတြက သူ ဘယ္သူ႕ဆီမွ ရင္မဖြင့္ခဲ့ေပမဲ့ တကယ္ေတာ့ သူမ်ားမိသားစုေတြ စည္းလုံး ေပ်ာ္႐ႊင္ေနတာျမင္တိုင္း ခြန္းနစ္သာ ကိုယ့္လမ္းကို မေလွ်ာက္ပဲ ေမေမတို႔ ဆႏၵအတိုင္းေနခဲ့လွ်င္ အားလုံးပိုေကာင္းသြားခဲ့ေလမလားဟု မေတြးပဲ မေနနိုင္။

"ေဆာရီး...ေဆာရီး ေနခ်ိဳ။ မင္းလည္း မင္းျပႆနာနဲ႕မင္းကို။ ငါက မလိုတာေတြ ေျပာေနတာ"

မ်က္ႏွာကို လက္ႏွင့္ပြတ္ကာ ရွက္႐ြံ႕မႈကို ေျဖေလ်ာ့ခ်လိဳက္သည္။ တကယ္ဆို မိခင္ဆုံးထတာ လပိုင္းသာရွိေသးသည့္ ေနခ်ိဳ႕ဆီမွာ ဒီလိုစကားေတြေျပာမေနသင့္။ ခြန္းနစ္က ကိုယ့္ကိစၥကိုယ္ပဲ အာ႐ုံစိုက္လြန္းတာေၾကာင့္ ေနခ်ိဳ႕အေပၚ မတရားသျဖင့္ လုပ္မိသြားတာျဖစ္သည္။ ဘယ္ေလာက္ေတာင္ အသုံးမက်လိဳက္သလဲ။ ေနခ်ိဳက အမ်ားႀကီးခံစားေနရမွာကို။ သူ႕မွာ လြမ္းစရာ အေမေတာင္ မရွိေတာ့တဲ့ဟာကို ခြန္းနစ္က ကိုယ္ခ်င္းစာစိတ္မရွိ ရင္ဖြင့္ခ်င္ေနေသးသည္။

"တကယ္ ေဆာရီး။ ငါ ငါ အလုပ္မ်ားေတာ့ ပင္ပန္းၿပီး ေလွ်ာက္ေျပာမိေနတာ"

ေက်ာေပးကာ လမ္းေလွ်ာက္မိေတာ့ တပ္ၾကပ္မကြာ လိုက္ပါလာသည့္ ေျခသံေတြ။ တိတ္ဆိတ္ေသာ ညဉ့္မွာ ခြန္းနစ္က တစ္ေယာက္ထဲ ကေယာက္ေျခာက္ျခားျဖစ္ကာ စကားေတြကလည္း ေတာင္စဥ္ေရမရျဖစ္ေနသည္။

"ေနခ်ိဳ မင္းအိပ္ခ်င္ရင္ ဝင္ၾကစို႔ေနာ္။ မနက္က်လည္း အလုပ္သြားရအုန္းမွာ"

ေျပာေျပာဆိုဆို ၿခံဝန္းထဲ ဝင္မည္လုပ္ေတာ့ ေနာက္ကေန သိုင္းဖက္လာသည့္ ရင္ခြင္။ ခြန္းနစ္ လက္ေမာင္းေတြကေန ခ်ဳပ္တြယ္ကာ လည္ပင္းဆီခိုဝင္လာေသာ အသက္ရႉသံေတြေၾကာင့္ ေရွ႕ဆက္မလွမ္းနိုင္ေတာ့။ တင္းထားသမွ် ဝမ္းနည္းမႈေတြဟာ ေရတံခါးကို ဖြင့္ခ်လိဳက္သည့္ ဆည္တစ္ခုႏွယ္ မ်က္ရည္တို႔က်လာသာ့္အခါ ေခါင္းကို ငိုက္စိုက္ခ်လိဳ႕ ရွိုက္သံတို႔ကို ထြက္ခြင့္ျပဳလိုက္ရသည္။

"ငါ မေနနိုင္ေတာ့လို႔။ ေပ်ာ္ေအာင္ ႀကိဳးစားေနေနတာကို မလုပ္ခ်င္ေတာ့ဘူး"

"အင္း"

သူ႕ဝင္သက္ထြက္သက္ေတြက ခြန္းနစ္ကို ဝါးၿမိဳေတာ့မတတ္။ ႏူးညံ့ေသာ သူ႕ရဲ႕ အင္း တစ္လုံးက တဖြဖြ ႏွစ္သိမ့္ေနေသာ အယုအယစကားေတြထက္ပင္ အဆေပါင္းမ်ားစြာသာသည္။ ထိုစကားတစ္ခြန္းဟာ ခြန္းနစ္ရဲ႕ အရာရာကို နားလည္ေပးဖို႔ ကမ္းလင့္ေနပါသလို စိတ္လိုလက္ရ ေလွ်ာ့ခ်လိဳက္မိေသာ ကိုယ္ဟာ အလိုလိုပဲ သူ႕ရဲ႕ တင္းၾကပ္သည့္ ေပြ႕ဖက္မႈေတြၾကားမွာ နစ္ဝင္သည္ထက္ နစ္ဝင္သြားခဲ့သည္။

"စိတ္ညစ္ေနတာကို မညစ္ခ်င္ေယာင္ေဆာင္ၿပီး စကားေတြ ေျပာေနရတာကိုလည္း မလုပ္ခ်င္ေတာ့ဘူး။ ငါက ပင္ပန္းေနတဲ့ဟာကို ရင့္က်က္တဲ့လူတစ္ေယာက္လိုပဲ ေနေနရတယ္။ ေနခ်ိဳ... ငါ ငါက အရမ္းဆိုး႐ြားၿပီး ပ်က္စီးေနၿပီမို႔လား"

"အင္း..."

ရွိုက္သံတစ္ခ်က္က က်ယ္ေလာင္သြားသည္။
ေနခ်ိဳ လက္ဖဝါးျပင္က ခြန္းနစ္ေက်ာျပင္ထက္ အထက္ေအာက္ စုန္ဆန္ခတ္လ်က္။ကေလးေခ်ာ့သလို ႏူးညံ့စြာ ပြတ္သပ္ေနသူ၏ ရင္ခြင္ထဲ မ်က္ႏွာလွည့္အပ္မိတာ ဘယ္အခ်ိန္ကမွန္းပင္ မသိလိုက္ေပ။

"လူတိုင္းက ပ်က္စီးခ်င္ေနၾကတာ။ မင္းလို ပ်က္စီးခြင့္မရလို႔ သူတို႔ကသာ ကံမေကာင္းတာ" ႏွစ္သိမ့္စကားက ဘာကို ရည္႐ြယ္ေနသလဲ ခြန္းနစ္ အဓိပၸာယ္ မေဖာ္နိုင္။ ေနခ်ိဳက အရင္လိုပဲ နားလည္ရခက္သည့္ စကားေတြကိုသာ ေျပာတတ္ၿပီး အံ့ဩစရာေကာင္းစြာပဲ ခြန္းနစ္ဟာ ထိုစကားေတြေအာက္မွာ စိတ္၏ၾကည္လင္ျခင္းကို ခံစားရသည္။

"မရင့္က်က္ခ်င္ရင္ မရင့္က်က္နဲ႕"

"အဲ့ဒါဆို ဘယ္လိုလုပ္ အလုပ္လုပ္မွာလဲ။ ကိုယ့္ထမင္းကိုယ္စားၿပီး ငါ ဆိုးတာကို ခံရေအာင္ လူ လူေတြက အ႐ူးမွမဟုတ္တာကို..."

ငိုခ်င္ေနသည့္ၾကားမွ ရန္စကားေျပာနိုင္ေသးသည့္ ခြန္းနစ္။ ဒီလိုပဲ  မေက်နပ္ခ်က္ေတြကို အလြယ္တကူေျပာလြန္းလို႔ ကိုယ့္ကိုယ္ကိုယ္ ထိန္းေနရတာျဖစ္သည္။ မိသားစုဆိုသည့္ အနီးဆုံးသူေတြကေတာင္ ပစ္ပယ္နိုင္တာ သူစိမ္းေတြက ဘယ္ကေမတၱာနဲ႕ ခြန္းနစ္ကို သည္းခံဖို႔ တာဝန္ရွိမွာလဲ။

"အဟင္း... ငါကေတာ့ အ႐ူးထင္တယ္"

"..."

"ခြန္းခြန္း... မင္း ဆိုးခ်င္ရင္ ငါ့ဆီမွာဆိုး။ တျခားသူေတြဆီမွာ မင္းရဲ႕ ေကာင္းတာေတြခ်ည္းျပၿပီး အခ်ီးက်ဴးခံၿပီးရင္ သူတို႔ကို ျပလို႔မရတဲ့ အရာမွန္သမွ် ငါ့ကိုျပ။ မင္း မေပ်ာ္တဲ့ေန႕ေတြ၊ မင္း ဆဲခ်င္တဲ့ စကားေတြ၊ မေက်နပ္တာ‌ေတြ အကုန္ပဲ'

"ၾကာလာရင္ မင္းလဲ ငါ့ကို စိတ္ကုန္မွာပဲ"

"မကုန္ပါဘူး"

"..."

"လူေတြက သူတို႔ စိတ္ထဲမွာ ကိုးကြယ္တဲ့သူကိုပဲ အရာရာျပတာတဲ့။ ငါက မင္းကိုအရင္ ငါ့ရဲ႕ ညစ္စုတ္ေနတဲ့ အပိုင္းေတြကို ျပခဲ့တာ။ ငါနဲ႕ယွဥ္ရင္ မင္းက အမ်ားႀကီး ေကာင္းတဲ့သူေလ"

"စကားေတြ ဘယ္လို တတ္လာလဲ မသိဘူး။ မင္း အလုပ္မွာ မဟုတ္တာေတြပါ သင္ေနတာလား"

ျပန္လည္ ၾကည္သာလာသည့္ ခြန္းနစ္တစ္ေယာက္ နဂို ေဘာက္ဆတ္ဆတ္ ေကာင္ေလးအျဖစ္ ျပန္လည္ေရာက္ရွိလာပုံရသည္။ ဒီရက္ေတြထဲ တစ္ေယာက္ထဲ ေနထိုင္ရခက္ကာ စိတ္ညစ္ၫူးေနခဲ့သူက အခုေတာ့ စကားနည္းလြန္းသည့္ ေနခ်ိဳေမာင္က ဘယ္လိုမ်ား ဒီစကားေတြ တတ္လာသလဲဆိုသည့္ အေၾကာင္းကို ေခါင္းထဲမထည့္ပဲ မေနနိုင္။ရင္ခြင္ထဲမွ ႐ုန္းထြက္ကာ မ်က္ႏွာခ်င္းဆိုင္ေတာ့ အၿပဳံးတို႔ျဖင့္ ငုံ႕မိုးၾကည့္ေနသူႏွင့္ တိုက္ရိုက္ဆုံသည္။ ၾကည့္စမ္း ဒီလို ႏူးညံ့ၿပီး ၾကင္နာတတ္တဲ့ မ်က္ႏွာေပးမ်ိဳး ဘယ္တုန္းက သူ႕ဆီမွာ ရွိလို႔လဲ။ ေနရင္းထိုင္ရင္း ခံတြင္းခ်ဥ္လာေတာ့ သူ႕ပုခုံးကို ခြန္းနစ္ တြန္းပစ္လိုက္၏။

"လမ္းေပၚမွာ မဖြယ္မရာနဲ႕ ငါ့ကို ဖက္ေနတာ ေတာ္ေတာ့။ အိမ္ထဲ ဝင္ေတာ့မယ္ ဟင္း"

ႏွာကစ္ကာ ဆတ္ေတာက္ဆတ္ေတာက္ေလွ်ာက္သြားသူေၾကာင့္ အရယ္အၿပဳံးနည္းသည့္ ေနခ်ိဳေမာင္ပင္ အသံထြက္ေအာင္ ရယ္မိသြားသည္။ အတူလိုက္ဝင္ေတာ့ ၿခံေပါက္ဝမွာ ေစာင့္ေနသူက ေနခ်ိဳ႕ ေက်ာကို မနာေအာင္ တဘုန္းဘုန္း ရိုက္လ်က္ "ဖတ္ ဖတ္ ဖတ္" ဟုေအာ္ကာ ေျမႀကီးကို ‌ဖေနာင့္ႏွင့္ေပါက္လိုက္ေသး၏။

"ငါနဲ႕ အတူအိပ္ေလ။ သူမ်ားေတြကို မျပခ်င္တဲ့ဟာေတြ ငါ့ကိုျပလို႔ ရတာပဲ"

အစပိုင္း ေၾကာင္သြားၿပီး ခဏၾကာမွ ခြန္းနစ္ကုေဋတို႔ ရပ္ကြက္ကိုပင္ အားမနာနိုင္ပဲ "အ႐ူး!! သြားစမ္းပါ" ဟု အက်ယ္ႀကီးေအာ္ကာ သူ႕အခန္းတံခါးကို ဝုန္းခနဲပိတ္လို႔သြား၏။

အျပင္မွာ က်န္ခဲ့သည့္ ေနခ်ိဳကေတာ့ ၿပဳံးစိစိႏွင့္။ သူ႕လက္ဖဝါးကို ဘယ္ဘက္ ရင္အုံထက္သို႔တင္ကာ ပိတ္သြားၿပီျဖစ္ေသာ တံခါးဆီမွ မ်က္ႏွာမလႊဲနိုင္ေအာင္ ျဖစ္က်န္ေနခဲ့သည္။

သူငယ္ငယ္က ဘႀကီးေအာင္ ေျပာဖူးတာရွိသည္။ လူေတြ ဘုရားကန္ေတာ့တဲ့အခါ က်ဴးလြန္မိသမွ် အျပစ္ေတြကို ဝန္ခ်ေတာင္းပန္ၿပီး အျပစ္ေျဖေလ့ရွိသည္တဲ့။ အဲ့ဒီလို ကိုယ့္ရဲ႕ မေကာင္းမႈေတြကို ခြင့္လႊတ္ဖို႔ ေတာင္းဆိုလိုက္သည့္အခါ ဂ႐ုဏာေတာ္ႀကီးမားသည့္ ျမတ္စြာဘုရားရွင္က အျပစ္ေတြကို ေက်ေအးၿပီး ေနာက္ထပ္မက်ဴးလြန္ေအာင္ အသိတရားဝင္ေစသည္ဟု ဆိုသည္။

ေနခ်ိဳကေတာ့ ဘာသာေရးကို သက္ဝင္ယုံၾကည္မႈ အားနည္းကာ လက္ေတြ႕ကိုသာ အရွိတိုင္းျမင္တတ္သူမို႔ ေသခ်ာႀကီးနားမလည္သည့္တိုင္ ထိုသို႔ မေကာင္းသည့္ အပိုင္းကို ခ်ျပလိုက္ရတာ ကာယကံရွင္အတြက္ သိပ္ကိုေပါ့ပါးသြားရသည္ကိုေတာ့ လက္ခံပါသည္။

တစ္စုံတစ္ေယာက္က နာက်င္မႈကို ခ်ျပဖို႔ ၊ ဆိုး႐ြားသည့္ အပိုင္းေတြကိုလည္း ခ်ျပဖို႔၊ သူ႕ရဲ႕ အတၱေတြ၊ တစ္ကိုယ္ေကာင္းမာနေတြ၊ အျခားသူေတြကို ျပရမွာ ကိုယ္ကိုယ့္ကိုယ္ရွက္မိတဲ့ အနာတရေတြကို ဝန္ခံဖို႔အထိ ဆိုတာ တစ္ဖက္သူဟာ သိပ္ကို နားလည္နိုင္စြမ္းျမင့္ၿပီး ခမ္းနားတဲ့ ေမတၱာတရားရွိမွသာ ျဖစ္လိမ့္မည္။ အတုမရွိသည့္ ျမတ္စြာဘုရားရွင္ကသာ သတၱဝါတိုင္းအေပၚ ထိုသို႔ ေမတၱာမ်ိဳး ထားနိုင္သည့္အတြက္လည္း လူေတြက ဆည္းကပ္ယံုၾကည္ ၾကတာျဖစ္နိုင္သည္။

ဘာသာ‌ေရးအရ ဆိုလွ်င္ ေနခ်ိဳတို႔လို ပုထုဇဥ္မ်ားကေတာ့ ဒီကမာၻႀကီးမွာ သဲတစ္ေပါက္မွ်သာျဖစ္သည့္ ရွင္သန္မႈပင္။ အဲ့ဒီလို ျဖစ္တည္မႈအတြက္ ခြန္းခြန္းက သူကိုးကြယ္ခ်င္စရာ ေမတၱာတို႔ျဖင့္ ျပည့္ႏွက္ေနသည္။ အစပိုင္းမွာ ေပးသိရမွာ ေၾကာက္ခဲ့သည့္ အတိတ္က အပိုင္းအစေတြကို တယုတယေပြ႕ဖက္ ေပးတဲ့ ခြန္းခြန္းလက္ေတြက ေနခ်ိဳ႕တစ္ခ်ိန္လုံး ခံစားခဲ့ရသည့္ "ငါက ကံေကာင္းတဲ့သူ မဟုတ္ဘူး" ဆိုသည့္ အေတြးကို ေပ်ာက္ကြယ္သြားေစ၏။ တစ္နည္းဆိုရေသာ္ ခြန္းခြန္းကို သူယုံၾကည္လို႔ရသည့္လူ၊ သူ႕ရဲ႕ အရာရာကို ခြင့္လႊတ္နိုင္သူဟု ျမင္လာသည္။ ဒါက ဘဝမွာ ပထမဆုံးအျဖစ္ အားထားရာတစ္ခု ရွာေတြ႕လိုက္သလိုပင္။

ထို႔အတြက္ ခြန္းခြန္း ဖက္ကလည္း သူ႕ကို ထိုကဲ့သို႔ ထပ္တူခံစားေစခ်င္သည္။ သူဟာ ခြန္းခြန္းၿပိဳက်လာတာႏွင့္ ေပြ႕ဖက္ထားမည့္အေၾကာင္း သိေစခ်င္ၿပီး ဘယ္သူ႕ကိုမွ မျပခ်င္တဲ့ အဆိုးေတြကို သူ႕ဆီမွာဖြင့္ခ်ၿပီး သက္ေတာင့္သက္သာ ရွင္သန္ေစခ်င္သည္။

အသက္ရႉ ၾကပ္တတ္သည့္ ခြန္းနစ္ကုေဋ အေသးေလးကို အသက္ရႉဝေစခဲ့ခ်င္သလိုမ်ိဳး လူငယ္တစ္ေယာက္အေနနဲ႕ ဟန္ေဆာင္ေနရသည့္ ခြန္းခြန္းရဲ႕ အတၱႏွင့္ေလးပင္မႈေတြကို ေပါ့ပါးေစခ်င္သည္။

ခြန္းခြန္းရဲ႕ အႀကီးမားဆုံး ကိုးကြယ္ရာက ဗုဒၶသာဆိုလွ်င္ ဘုရားရွင္က ခြန္းခြန္းရဲ႕ ဆႏၵဟူသမွ်ကို ျဖည့္ဆည္းေပးဖို႔ သူ႕ဆုေတာင္းေတြ အားလုံးကိုပါ ေပးခ်င္ခဲ့တာ ငယ္စဥ္ကတည္းပင္ျဖစ္သည္။

သူ႕ကို ေတြ႕ရလို႔ ကံေကာင္းတယ္လို႔ မခံစားရလွ်င္ေတာင္ အနည္းဆုံးေတာ့ "ေနခ်ိဳ မင္းနဲ႕ေတြ႕ရတာ မရႈံးပါဘူး" ဆိုသည့္ ဂုဏ္ပုဒ္ကေလးရသည္ဆိုလွ်င္ပဲ သူက ေက်နပ္နိုင္ပါသည္။

တစ္ဖက္မွာေတာ့ ခြန္းနစ္ကုေဋဟာ တံခါးကိုေက်ာျပင္ႏွင့္ကပ္လ်က္ ေမွာင္မွိက္ေနေသာ အခန္းကို ၿပဳံးတုံ႕တုံ႕ႀကီး စိုက္ၾကည့္ေနမိသည္။ သိသိသာသာ ျမန္ဆန္ေနေသာ ရင္ခုန္သံေတြႏွင့္အတူ ေပ်ာ္႐ႊင္ေက်နပ္ျခင္းေတြက ေသြးျပန္ေၾကာမွတစ္ဆင့္ ခႏၶာကိုယ္တစ္ခုလုံးဆီ ပ်ံ့ႏွံ႕ေနသလားမွတ္ရ၏။ အခ်စ္ႏွင့္ေတြ႕လွ်င္ ထြက္ေပၚလာတတ္သည္ဆိုေသာ ေဟာ္မုန္းတစ္မ်ိဳးက ဦးေႏွာက္တစ္ခုလုံးထဲမွာမ်ား ယိုစိမ့္သြားေလသလား။  ရက္ေပါင္းမ်ားစြာ မေက်နပ္ျခင္းေတြစုပုံေနခဲ့ျခင္းက ေနခ်ိဳႏွင့္အတူရွိခဲ့သည့္ နာရီပိုင္းအတြင္းမွာပဲ အတိတ္တစ္ခု ျဖစ္လို႔သြားသည္။

"မင္းရွိလာလို႔ တကယ္ေတာ္ပါေသးတယ္"

မထိန္းနိုင္ေအာင္ျဖစ္ေနေသာ ပါးစပ္ကို လက္ဝါးႏွင့္အုပ္ထားရသည္။မီးပိတ္ထားသည့္ အခန္းငယ္အတြင္းမွာ ေနခ်ိဳစိတ္ႏွင့္ ၾကည္လင္လာသည့္ အေတြးေတြက ၾကယ္ေတြစုံသည့္ ညသဖြယ္။

ေနခ်ိဳေမာင္...သို႔မဟုတ္ ခြန္းနစ္ရဲ႕ အသက္ရႉေပါက္ကေလး....

"ဟီးဟီး..."

ရယ္သံတိုးတိုးဟာ မနက္ခင္းရဲ႕ လင္းအာ႐ုဏ္ႏွင့္အတူ လတ္ဆတ္လို႔....။

......................................................

"အစ္ကို အစ္ကို... ေရွ႕မွာ အစ္မတို႔ကလည္း မရွိဘူး။ ဒီစာအုပ္ေလးကို ေဆးOn ေပးပါ့လား။ VVIP ဆိုေတာ့ နည္းနည္းလန႔္လို႔"

ေဆး အဝင္အထြက္စာရင္းေတြကို စစ္ေနတုန္း ဂ်ဴတီကုတ္တကားကားႏွင့္ ေျပးလာသည့္ ဂ်ဴနီယာေလးေၾကာင့္ ခြန္းနစ္ မ်က္လုံး‌ေတြ ဝိုင္းစက္သြားသည္။စီနီယာတခ်ိဳ႕က ခရီးသြားဖို႔ ခြင့္ယူထားၾကသည့္အျပင္ ေစာေစာကပဲ အစ္မေရာ ယုပါ ထမင္းသြားစားၾကၿပီမို႔ ဌာနထဲ အႀကီးဆို၍ ခြန္းနစ္သာက်န္ေနျခင္း ျဖစ္သည္။

"ေန႕လည္ဆိုေတာ့ လူနာသိပ္မက်ေလာက္ေတာ့ဘူး။ အငယ္ေလးေတြ မနိုင္မွ နင္ထြက္ကူလိုက္ေတာ့ဟာ" ဟုမွာသြားသည့္ ယုစကားအျပင္ ျပင္ပလူနာ ဌာနမွာ က်န္ေနသည့္ Pharmacist ေတြအငယ္ေတြက VVIPကို ေဆးေပးဖို႔ မဝံ့မရဲျဖစ္ေနတာေၾကာင့္ေနာက္ဆုံးေဝာာ့ ခြန္းနစ္ထိုင္ရာမွ ထလိုက္ရေတာ့၏။

"အစ္ကို လာခဲ့မယ္။ ေဆးေတြ အသင့္ထုတ္ထားဖို႔ ေျပာထားလိုက္"

"ဟုတ္ အစ္ကို"

ကူကယ္ရာရသလို ျမႇောက္တႂကြႂကြ ေျပးထြက္သြားသည့္ ညီမေလးကေတာ့ "ကိုကုေဋ လာမယ္တဲ့ေဟ့" ဟု သူ႕သူငယ္ခ်င္းေတြကိုပင္ ေအာ္ေနၿပီ။ လုပ္လက္စ ဖိုင္ကို save ၿပီးတာႏွင့္ သက္ေတာင့္သက္တာျဖစ္ရန္ ခြၽတ္ထားခဲ့ေသာ ဂ်ဴတီကုတ္ေပၚ scrub swit ေပၚသို႔ ထပ္ဝတ္လိုက္သည္။ ၿပီးတာႏွင့္ ဝန္ထမ္းကဒ္ကိုပါ ေသခ်ာေနရာခ်ကာ ျပင္ပလူနာ ဌာနသို႔ ထြက္လာခဲ့လိုက္၏။

ခြန္းနစ္ ေကာင္တာကိုေရာက္ေတာ့ ေဆးေပးေနသူ ညီမေလးႏွစ္ေယာက္က အလုပ္မ်ားေနသည္။ ေကာင္တာေရွ႕မွာ ေဆးေစာင့္ေနသူ လူနာတစ္ခ်ိဳ႕ရွိေသာ္ျငား ညေနေစာင္းအခ်ိန္ေတြေလာက္ေတာ့ မ်ားမေန။ ခြန္းနစ္က ေဆးေပးရမည့္လူနာ၏ စာအုပ္ကိုယူကာ မွတ္တမ္းမ်ားႏွင့္ ဆရာဝန္၏ Prescription တို႔ကို ေသခ်ာစြာ ဖတ္လိုက္သည္။ ထို႔ေနာက္ နဂိုေပးထားသည့္ ေဆးမ်ားရွိလွ်င္ Brand တူမတူ၊ ေဆး၏ ပမာဏတိုးမတိုးအျပင္ ေဆးမ်ားထပ္ျခင္းမရွိေစရန္ ကြန္ပ်ဴတာအတြင္းတြင္ ထည့္သြင္းထားသည့္ လူနာမွတ္တမ္းႏွင့္တိုက္ကာ တဖန္ျပန္စစ္ေဆးလိုက္၏။ ၿပီးမွ ေငြရွင္းေဘာက္ခ်ာႏွင့္အတူ ေပးရမည့္ ေဆးမ်ားမွန္မမွန္၊ ပမာဏျပည့္ မျပည့္ကို တြက္ခ်က္ကာ ေဆးေပးဖို႔ အသင့္ျဖစ္ေစလိုက္သည္။ လူနာက လူႀကီးျဖစ္သည့္အျပင္ ေဆးအရည္ေပးရန္မလိုတာေၾကာင့္ အခ်ိန္သိပ္မယူလိုက္ရ။ ကေလးလူနာမ်ားဆိုလွ်င္ တိုက္လိုေသာ ေဆး၏ပမာဏကိုလိုက္၍ ေဆးအရည္ဘယ္ေလာက္အတြက္ မီလီဂရမ္ ဘယ္ေလာက္ပါရန္ဆိုကာ ျပန္လည္တြက္ခ်က္ရသည္မို႔ အခ်ိန္ပိုယူရတတ္သည္။

"Share Holderလို႔ ေျပာတယ္။ ဦးေလးႀကီးက ႐ုပ္ႀကီးက တည္တည္ႀကီးနဲ႕ တစ္မ်ိဳးပဲ။ ‌ခံ့တာေတာ့  ခံ့ခံ့ႀကီး"

အေစာက လာေခၚခဲ့သည့္ ညီမေလးက ေဆးေပး၍ ၿပီးသြားပုံပင္။ ေဆးေသာက္နည္းမ်ား ေရးေပးေနေသာ ခြန္းနစ္အနားလာကာ လူနာအေၾကာင္းေဖာက္သည္လာခ်သည္။ သူမေျပာသည့္ေနရာကို ၾကည့္ေတာ့ ခြန္းနစ္ႏွင့္သိပ္မေဝး။ ေကာင္တာေရွ႕မွ ေရတြက္ေသာ္ တတိယတန္းက ခုံမွာ ထိုင္ေနသည့္ အသက္ ၅၀အ႐ြယ္ခန႔္ လူတစ္ဦးက ခြန္းနစ္တို႔ကို ထိုင္ၾကည့္ေနသည္။ လည္ကတုံး ကုတ္အကၤ်ီ ခပ္ပါးပါးႏွင့္ လက္တြင္ တုတ္ေကာက္ကိုင္ထားသည့္လူႀကီးတစ္ဦးပင္။ ခြန္းနစ္က ထိုလူ၏ မ်က္မွန္ေအာက္မွ စူးရွေသာ အၾကည့္ေတြေၾကာင့္ ေက်ာပင္ခ်မ္းခ်င္သြားသည္။ဘာေၾကာင့္ရယ္မသိ ထိုပုဂၢိဳလ္ကို ၾကည့္ရတာ ရင္းႏွီးသလိုျဖစ္ေန၏။

"ေတြ႕လဲ မေတြ႕ဖူးပါဘူး"

တစ္ေယာက္ထဲ ၾကား႐ုံေရ႐ြတ္ၿပီးေနာက္မွာေတာ့ ခြန္းနစ္က ဆုံလည္ကုလားထိုင္မွထကာ  လည္ေခ်ာင္းကို တစ္ခ်က္ရွင္းလိုက္ၿပီး လူနာ၏ အမည္အားေခၚလိုက္သည္။

"ဦးေသာတေမာင္ ရွိပါသလား ခင္ဗ်"

ေနပါဦး။ ဒီနာမည္ကို ၾကားဖူးသလိုလိုပဲ။ ခြန္းနစ္ မ်က္ခုံးေလးေတြ စုက်ဳံ႕သြားကာ စာအုပ္အဖုံးမွ အမည္ကို ခပ္ေတြေတြေလး ေငးစိုက္ၾကည့္ေနမိသည္။

"ဒီမွာ "

အေတြးကို ျဖတ္ေတာက္လိုက္သည့္ ပုဂၢိဳလ္ အနားေရာက္လာမွ လူနာကို ခြန္းနစ္ ေသခ်ာၾကည့္ရသည္။ ေစာေစာက ထိုင္ေနတာေၾကာင့္ ေသခ်ာသတိမထားမိေပမဲ့ ထိုပုဂၢိဳလ္က ဝါက်င့္က်င့္ ပုဆိုးကို ဝတ္ထားကာ လက္ထဲမွာလဲ တုတ္ေကာက္တစ္ေခ်ာင္းကို ကိုင္ထားသည္။ ႐ုပ္ရည္မွာ အနီးကပ္ျမင္ရမွ ပိုပင္ခံ့ညားကာ ၾကည့္ေလ ၾကည့္ေလ ရင္းႏွီးသလိုလို ျဖစ္လို႔လာသည္ ။

"ေဆးယူရမွာလား"

"အာ ဟုတ္ ဟုတ္ကဲ့ ခင္ဗ်"

ေတြေတြႀကီး ေငးေနၿပီးမွ သတိဝင္ကာ ေဆးေပးဖို႔ကိုပဲ အာ႐ုံစိုက္လိုက္သည္။

"ေလးေလးရဲ႕ အသက္နဲ႕ နာမည္ေလး တစ္ခ်က္ ျပန္ေျပာေပးပါဦး ခင္ဗ်။ လူနာမွားၿပီး ေဆးေပမိမွာစိုးလို႔ပါ"

လူနာရွင္းေပမဲ့ လုပ္ရိုးလုပ္စဥ္အတိုင္းေမးေတာ့ ထိုလူက အသံ ခပ္ျပတ္ျပတ္ျဖင့္ "ဦးေသာတေမာင္၊ အသက္ ၅၂ႏွစ္" ဟု ေျဖလာသည္။ အသံက တိက်ျပတ္သားက အားအင္တစ္ခုခု ရွိေနသလိုပင္။

"ဟုတ္ကဲ့ ကြၽန္ေတာ္ ေဆးေလးေတြ ရွင္းျပေပးမယ္ေနာ္။ ဒါေလးက ေလးေလးေသာက္ေနက် ဆီးခ်ိဳေဆးေလးပါပဲ။အရင္အတိုင္း ဆက္ေသာက္ေပးရင္ ရပါၿပီ။ ေသြးက်ေဆးကေတာ့ အရင္ကထက္ မီလီဂရမ္ေလး ပိုတိုးသြားတာေၾကာင့္ 10mgေဆးေလး ေပးထားတယ္ဗ်။ေသာက္လက္စ 5 mgေဆးနဲ႕ Brandတူတာကိုပဲ ထည့္ေပးထားပါတယ္"

လူနာက ခြန္းနစ္ အေျပာကို ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္။ ေသာက္ေနက် ျဖစ္တာေၾကာင့္ပဲလား အျခားလူနာမ်ားလို ဟိုဟာ ဒီဟာ မေမး။ ေဆးအိတ္ထက္မွ အၫႊန္းစာမ်ားကိုပါ ဂ႐ုတစိုက္ အာ႐ုံစိုက္ေနတာေၾကာင့္ ခြန္းနစ္ပင္ ေက်နပ္သြားသည္။

"ႏွလုံးေဆးနဲ႕ ေသြးတြင္း အဆီက်ေဆးကလည္း အရင္အတိုင္းပဲ။ တိုးလာတာကေတာ့ Vitamin Dအတြက္ ေပးတဲ့ေဆးပါ။ သူက အရိုးအတြက္အားေကာင္းေစၿပီး တစ္ပါတ္မွာ တစ္ႀကိမ္ပဲ ေသာက္ေပးရပါမယ္‌ဗ်။ တကယ္လို႔ ေလးေလးက ဒီေန႕ စေနေန႕မွာ စေသာက္ရင္ ေနာက္တစ္လုံးကိုလည္း ေနာက္အပါတ္ စေနမွာပဲ ေသာက္လို႔ရပါတယ္"

"တစ္ထုပ္ပဲေနာ္"

"ဟုတ္ကဲ့ တစ္ထုပ္ပါပဲဗ်"

"ဟုတ္ၿပီ"

အားလုံးၿပီးဆုံးသြားေတာ့ ေဆးေတြႏွင့္အတူ ေဆးစာအုပ္ကို အိတ္ထဲထည့္ကာ ကမ္းေပးလိုက္၏။

"ေက်းဇူးတင္ပါတယ္။ နားမလည္တာမ်ား ရွိေသးလားဗ်"

"မရွိဘူး တစ္ခုပဲ.."

ခြန္းနစ္ကိုယ္က ဆန႔္ခနဲ။ အေစာကတည္းက ဝန္းထမ္းကဒ္စီ စူးစိုက္ၾကည့္ေနသူက မ်က္ႏွာထိပါ ေရာက္လာတာေၾကာင့္ တံေတြးပင္ ၿမိဳခ်ေတာ့ မတတ္ျဖစ္သြားသည္။ လူမေၾကာက္တတ္တာေတာင္ ဒီပုဂၢိဳလ္ကို ၾကည့္ရတာရွိန္ၿပီး ေနာက္ေက်ာမလုံေပ။VVIPျဖစ္ေနလို႔မ်ားလား...။

"ဘာ ဘာလဲ မသိဘူးဗ်"

တုန္ယင္ခ်င္ေနေသာ အသံကိုထိန္းကာ ခြန္းနစ္ေမးလိုက္ရသည္။ တစ္ဖက္က ကာစတန္မာမို႔ မသိခ်င္ေယာင္ ေဆာင္လို႔မရ။ ေဆးႏွင့္ပက္သက္တာေတြကို ရွင္းျပရမွာတာဝန္မို႔ အသင့္ျပင္ရန္သာ ရွိ၏။

"ေမာင္ရင္ အခ်ိန္ရရင္ အန္ကယ္နဲ႕ ခဏေလာက္စကားေျပာနိုင္မလား"

"ခင္ဗ်ာ"

"အန္ကယ္က ေနခ်ိဳေမာင္ရဲ႕ အေဖ။ ၿပီးေတာ့ မင္းတို႔ အေၾကာင္းကိုလည္း သိထားတယ္"

ေစာက္က်ိဳးေတာ့ နည္းၿပီ။ ဂလုခနဲ ထြက္သြားသည့္ တံေတြးၿမိဳခ်သံကိုပင္ သတိမထားနိုင္ေတာ့။ ေရွ႕က ပုဂၢိဳလ္ရဲ႕ အမိန႔္မမည္ေသာ တြန္းအားတစ္ခုေအာက္မွာ ခြန္းနစ္ ေျခေခ်ာင္းကေလးေတြပင္ ကုပ္လို႔သြားသည္။ ေဆးအိတ္ကို ကိုင္ထားသည့္ လက္ေတြပါတုန္ခ်င္လာေတာ့ စိတ္ကိုထိန္းကာ ေခါင္းကို ငုံ႕လိုက္၏။

"ခဏေလာက္ ေစာင့္ေပးနိုင္မလား အန္ကယ္။ ထမင္းစားသြားတဲ့သူေတြ ဂ်ဳတီျပန္ဝင္ရင္ ကြၽန္ေတာ္ အခ်ိန္ရပါတယ္"

"ေကာင္းၿပီ။ Conference Hallဘက္ကို ေမာင္ရင္လာလိုက္ပါ။ အန္ကယ္ အဲ့ဒီမွာ ေစာင့္ေနမယ္"

ဟုတ္ကဲ့ ဟု ျပန္ေျပာမိလိုက္လား မသိေတာ့။ ေျဖးေျဖးခ်င္းထြက္ခြာသြားသူရဲ႕ ေက်ာျပင္က်ယ္ကို ၾကည့္ရင္း ခြန္းနစ္ ေသြးေၾကာေတြက ေပါက္ထြက္ခ်င္လာသည္။ ထို႔ေနာက္ ဂ်ဴတီကုတ္ အိတ္ေထာင္ထဲမွ ဖုန္းကိုထုတ္ကာ တစ္ေနရာကို ဆက္ဖို႔ျပင္လိုက္၏။

မဟုတ္ေသးဘူး... ဝင္လုဆဲဆဲ ဖုန္းကိုခ်ကာ အိတ္ေထာင္ထဲသို႔ ျပန္ထည့္လိုက္သည္။

"ရ‌ရဲ႕လား အစ္ကို"

"ေအ... ေအး ရပါတယ္"

"အဲ့လူႀကီးက ဘာလဲ။ Service ေပးတာကို သေဘာမက်လိဳ႕ ေျပာခ်င္တာမ်ိဳးလား။ Share Holder ဆိုတာနဲ႕ ရတယ္ေပါ့"

တစ္ေယာက္ တစ္ေပါက္ေျပာေနၾကသည့္ စကားသံေတြၾကားမွ ခြန္းနစ္က အသက္ရႉပင္ မမွန္ေတာ့။ ရွယ္ယာ အဖြဲ႕ဝင္ ၊ေနခ်ိဳ႕အေဖ၊ ဦးေသာတေမာင္ ... စတဲ့ စကားလုံးေတြက ခြန္းနစ္ရဲ႕ ဦးေႏွာက္ ေသးေသးေလးနဲ႕မဆန႔္ေအာင္ ပ်ံ့လြင့္ေနသည္။

"စိုးစိုး "

"ရွင္"

"အစ္ကို Toilet ခဏသြားမလို႔။ တစ္ခုခုဆို အစ္မဆီ ဖုန္းဆက္လိုက္ေနာ္"

"ဟုတ္ ဟုတ္ကဲ့"

ဘယ္သူ႕ကိုမွ မၾကည့္ပဲ ခြန္းနစ္ ေကာင္တာထဲမွ ထြက္လာလိုက္သည္။ ေနခ်ိဳ႕ကို ဖုန္းဆက္ဖို႔ အစီစဥ္ကို မလုပ္မိေတာ့။ သန႔္စင္ခန္းဝင္ၿပီး ခဏေလာက္ စိတ္ကို ထိန္းဖို႔လိုေနသည္။

"ဘာမွမျဖစ္ဘူး အဆင္ေျပပါတယ္"

တီးတိုး အားေပးသံက အျခားသူထံမွမဟုတ္။ ခြန္းနစ္ကိုယ္တိုင္ ေျပာေနျခင္းသာ။ အခုခ်ိန္ထိ ကိုယ္တိုင္ ရင္ဆိုင္ခဲ့ရသည့္ အေျခေနေတြဆိုတာ နည္းလွသည္မဟုတ္။ထိုအားလုံးကို ခြန္းနစ္က ေကာင္းေကာင္း ျဖတ္ေက်ာ္ၿပီး ဒီအထိ ေရာက္လာခဲ့ၿပီးၿပီ။ ေနခ်ိဳ႕ အေဖဆိုတာလဲ ထို အေျခေနေတြလိုသာ ျဖစ္လိမ့္မည္။

"ဘယ္သူ ဘာေျပာေျပာ ကိုယ့္ခံယူခ်က္ကို မယိမ္းမယိုင္ေအာင္ထားရမယ္။ ေတာင့္ခံၿပီးသြားရင္ ငါ နိုင္ၿပီ"

တုန္လႈပ္လာတိုင္း ေရ႐ြတ္ေနက် စကားကိုဆိုမိေတာ့ ရင္းႏွီးၿပီးသား အင္အားတစ္ခုက ကိုယ္ထဲသို႔ တိုးဝင္လာ၏။ ကိစၥမရွိ... ဒါကို ခြန္းနစ္ ေကာင္းေကာင္းျဖတ္ေက်ာ္နိုင္သည္။ ‌အဆုံးမွာ ေနခ်ိဳက ခြန္းနစ္အနားမွာပဲ ရွိေနပါလိမ့္မည္။

.............................................................

စာေရးသူ၏ အမွာစာ:

ဟယ္လို ဟယ္လို
ကတမ္ေလး တအားကို လိမၼာေနပါၿပီေနာ္
ကဲ  ေနာက္တစ္ပိုင္း ျမန္ျမန္လာေအာင္ မ်ားမ်ား အားေပးလိုက္ပါေတာ့!!

Continue Reading

You'll Also Like

41.8K 5.3K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...
1.6M 143K 45
Straight စစ္​စစ္​လို႔ခံယူထားရာက​ေန သူငယ္​ခ်င္​း​ေကာင္​းမႈ​ေၾကာင္​့ Fundanshi ျဖစ္​ရာက ~ ​ေကာင္​​ေလး တစ္​​ေယာက္​ကို ျမင္​ျမင္​ခ်င္​း သ​ေဘာက်မိသြား​ေသာ...
66K 5.3K 25
အချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အ‌ကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို...