Unicode
ရှီယွင်နန်တစ်ယောက်ကတော့ ကားပါကင်သို့ ပြန်လာချိန်ထိ မျက်နှာထားမှာ တင်မာနေဆဲဖြစ်၏။
ဝမ်ရိပေမှာ သူ့ညီလေး ဘာတွေတွေးနေမှန်း မသိတာကြောင့် သူ့ညီလေး၏ မျက်မှောင်ကြုတ်နေသော မျက်ခုံးလေးကာ ထိကာ ပြောလိုက်သည်။
"သေသွားတဲ့ လူကြောင့် စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့ကွာ"
"ဒီတိုင်း ရယ်ရလို့ပါ၊ ဒီနှစ်တွေအတွင်း သူတို့ ကျွန်တော့ကို တချက်လေးတောင် ဂရုစိုက်ဖူးလို့လား? အခုတော့ သူတို့က တစ်ယောက်ပြီးတစ်ယောက် ကောနဲ့ ကျွန်တော်ရှေ့မှာ နောင်တရတယ်ဆိုတဲ့ အကြောင်းတွေ လာပြောနေတယ်။ အပြစ်ရှိသလို ခံစားရတယ်တဲ့လား? ဒါဆိုလည်း လွန်ခဲ့တဲ့ နှစ်၂၀ကတည်းက ကောင်းပေးပါလား?"
"အခုကြတော့ ဒီသေတမ်းစာ ဒီငွေလောက်လေးနဲ့ သူတို့က ကျွန်တော်တို့ကို ရှီမိသားစုနဲ့ ထပ်ပတ်သတ်စေချင်နေကြတာလေ"
ရှီယွင်နန် သရော်လိုက်ပြီး မကျေမနပ် မညည်းညူဘဲ မနေနိုင်တော့။ "ရှစ်ဘဝမှာ ဒီရှီ မျိုရိုးနာမည်နဲ့နေရတာ တကယ့်ကို ကံဆိုးတာပဲ။ အဲ့လိုမှန်းသိရင် အဘိုးကို ဝမ်မျိုးရိုးပြောင်းပေးဖို့ ပြောခဲ့ပါတယ်။"
သူ့ရဲ့ ကလေးဆန်ဆန် စကားတွေကို ကြားရသည့်အခါ ဝမ်ရိပေရယ်မိသွား၏။ "မျိုးရိုးနာမည်ကိုပါ ပြောလို့ ဘာထူးနေမှာတုန်း။ ဒီတိုင်း လျစ်လျူရှုထားလိုက်ပါကွာ။"
ရှီယွင်နန် ကားကို မှီထားလိုက်သည့်အခါမှာတော့ အနည်းငယ် စိတ်ငြိမ်သွား၏။
သူ ရှီမိသားစုနှင့်ပတ်သက်သည့် အရာအားလုံးကို မေ့ထားပြီး လျစ်လျူရှုနိုင်ပေမယ့်လည်း အရင်ကိစ္စကိုများကို ပြန်တွေးမိပါက ထိုလူတွေကို ခွင့်မလွှတ်နိုင်သေးပင်။
"ကော...ကောကတော့ ကျွန်တော့သဘောထားအတိုင်း လိုက်လုပ်စရာ မလိုပါဘူး"
ရှီယွင်နန်ဟာ အမှီအခိုကင်းတဲ့သူ ဖြစ်ပြီး၊ ဝမ်ရိပေအား သူ့ခံစားချက်များဖြင့် မလွှမ်းမိုးချင်ပေ။
သေတမ်းစာထဲက ပိုင်ဆိုင်မှုများကို ပြန်တွေးမိသွားပြီး သူ့မျက်လုံးများက စိတ်ဝင်စားသည့် အရိပ်အယောင်တွေ ပြည့်နှက်သွားလျက်။ "လူအိုကြီးက သူ့ပိုက်ဆံတွေကို သေသေချာချာ သိမ်းထားတာပဲ။ ရှီးဝေကော ရှီးခယ့်ယွဲ့ကော ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားကြိုးစား သူ့လက်ထဲက ဆွဲမယူနိုင်ခဲ့ဘူးလေ။ အခုကြတော့လည်း အလွယ်တကူ လွှဲပေးသွားတာပဲ။"
"ယူလိုက်ပါလား? ရှီးခယ့်ယွဲ့သာ သိရင် သေချာပေါက် ဒေါသထွက်ပြီး သွေးတောင်အန်မှာ။"
ဝမ်ရိပေက သူ့နဖူးလေးကို လက်ဖြင့်တောက်ကာ- "မင်း စိတ်ကောင်းဝင်နေတယ်ဆိုတာနဲ့ပဲ ပေါက်ကရတွေ လျှောက်မပြောနဲ့။ အဲ့ ထောင်သားကို ဘာလို့ ဂရုစိုက်နေရမှာလဲ? မင်းလည်း အဲ့ပိုက်ဆံတွေကို စိတ်မဝင်စားဘူးမလား? ငါလည်း အဲ့လိုပဲ။"
"ရှီရှန်းကိုလည်း ရှေ့လျှောက် ငါတို့ ဘဝကို လာမနှောက်ယှက်ဖို့ ရှင်းရှင်းလင်းလင်း ပြောထားရမယ်"
ဝမ်ရိပေက ရှီယွင်နန် ပုခုံးကိုပုတ်ကာ လေးလေးနက်နက်ပြောလာသည်။ "ယွင်နန်၊ အခုကစပြီး ရှီမိသားစုနဲ့ ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး"
ရှီယွင်နန် သူ့အစ်ကို၏ နူးညံ့သိမ်မွေ့သော မျက်လုံးများကို ကြည့်ရင်း ပြန်ပြုံးပြလိုက်၏။
ဝမ်ရိပေက ထိုကိစ္စအကြောင်းမပြောတော့ဘဲ ရှီယွင်နန် လက်သူကြွယ်အားကြည့်ကာ—
"နောက်ဆုံးတော့ မင်းဝတ်ထားပြီပဲ"
"ဘာကိုလဲ?"
ဝမ်ရိပေ ကြည့်နေရာသို့ ရှီယွင်နန် ကြည့်လိုက်သည့်အခါ သူ့အစ်ကို ဘာကိုဆိုလိုချင်မှန်း သဘောပေါက်သွား၏။
ဝမ်ရိပေက ရယ်နေလျက်- "မင်းနဲ့ လော့လင်းရှန်း ရုတ်တရက်လက်ထပ်လိုက်မှန်း ငါသိလိုက်ရတော့ ဘာလို့မှန်းမသိ မူမမှန်ဘူးလို့ ထင်နေခဲ့တယ်။ နောက်တော့ မင်းကော သူကော လက်စွပ်မဝတ်ထားတော့ ငါတိတ်တိတ်လေး စိတ်ပူနေခဲ့ရတာလေ..."
ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ရိပေမှာ သူ့ညီလေး၏ ကိုယ်ရေးကိုယ်တာ အချစ်ရေးကို နှိုက်နှိုက်ချွတ်ချွတ် မမေးနိုင်ခဲ့။
"ယွင်နန် ဒီနှစ်တွေမှာ မင်းအရမ်းဒုက္ခရောက်ခဲ့မှန်း ငါသိပါတယ်။ ငါဖြည့်ဆည်းပေးမယ်ပြောခဲ့ရင်တောင် မင်းကအမြဲဖုံးကွယ်ပြီး ငြင်းနေခဲ့တာ"
ဝမ်ရိပေမှာ အတိတ်ကကိစ္စတွေကို ပြန်တွေးမိသွားပြီး သူ့လေသံမှာ မသိမသာ တုန်ယင်နေလျက်။ "အခုတော့ မင်းမှာ လော့လင်းရှန်း ရှိနေပြီ။ နောက်ဆုံးတော့ မင်းအားကိုးနိုင်မယ့်သူ ရှိလာပြီပေါ့"
"ကော"
ရှီယွင်နန် ဝမ်ရိပေ၏ စိတ်အခြေအနေကို သတိထားမိသွားပြီး တမင်တကာ စလိုလိုနဲ့ ရယ်မောလိုက်သည်။
"ကောပဲ ခုနကလေးတင် အတိတ်က ကိစ္စတွေကို မပြောနဲ့ဆို၊ ဘာလို့ အရင်အကြောင်းတွေ ပြန်ပြောပြီး ကိုယ်ကိုယ်ကို စိတ်မသက်သာအောင် လုပ်နေရတာတုန်း"
"ကျွန်တော် အခု အဆင်ပြေနေပါပြီ ပြီးတော့..." သူဟာ ပြောနေရင်း ဝမ်ရိပေမျက်နှာရှေ့တွင် လက်သူကြွယ်လေးကို ဝှေ့ယမ်ရပြလိုက်သေး၏။
"ပြီးတော့?"
ဝမ်ရိပေ၏ အရမ်းသိချင်နေသည့် မျက်လုံးများကို တွေ့လိုက်ရသည့်အခါ ရှီယွင်နန် နည်းနည်း ရှက်ရွံ့လို့ သွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက လော့လင်းရှန်း အကြာကြီး သဘောကျခဲ့တဲ့ လရောင်ဖြူလေးကို သူ့အစ်ကိုလို့ အထင်မှားနေခဲ့တာလေ။
ဝမ်ရိပေက ရယ်နေကာ—
"ပြောနေရင်း ဘာလို့ရှက်သွားရတာတုန်း?"
"ကျွန်တော်ရှက်နေတာလို့ ဘယ်သူကပြောလဲ?"
ရှီယွင်နန် ပြန်ချေပလိုက်ပေမယ့်လည်း သူ့အပြုံးလေးကိုတော့ မဖုံးထားနိုင်။ "လော့လင်းရှန်းနဲ့ ကျွန်တော်ရဲ့ အချစ်ရေးကို ကံကြမ္မာက ကြိုစီစဉ်ထားသလိုပဲ။ မွေးနေ့ပွဲတုန်းက တစ်ယောက်နဲ့တစ်ယောက် ဆုံဖူးပေမယ့် ကျွန်တော်မူးပြီး မေ့သွားတာလေ"
"မဟုတ်ရင် ကျွန်တော်လက်ထပ်လို့ရတဲ့အရွယ်ရောက်တာနဲ့ လော့လင်းရှန်းကို တရားရုံးဆွဲခေါ်သွားနေလောက်ပြီ"
ဝမ်ရိပေမှာတော့ သူ့ညီလေးရဲ့ ပွင့်ပွင်လင်းလင်းစကားတွေကို နားမခံနိုင်တော့တာကြောင့် တားလိုက်ရသည်။ "ကောင်းပါပြီကွာ။ အရမ်းကျေနပ်နေတဲ့ မင်းမျက်နှာကို ကြည့်တာနဲ့တင် ငါစိတ်မပူတော့ပါဘူး။"
သူပြောပြီးသည်နှင့် ရှီယွင်နန်ဆီ ဖုန်းကောဝင်လာ၏။ စတူဒီယိုရှိ ဝန်ထမ်းတစ်ယောက် ဆက်လာတာပင်။
"ဟဲလို?"
"ဒီဇိုင်းနာရှီ ဒီနေ့ စတူဒီလိုကိုလာမှာလား? ဒီမှာ လူတစ်ယောက် ဒီဇိုင်းနာရှီကို လာရှာနေတယ်။"
"လူတစ်ယောက် လာရှာတယ်?"
ရှီယွင်နန် သူ့ဘေးနားက ဝမ်ရိပေကို တချက်ကြည့်လိုက်ပြီး ဧည့်သည်ပုံစံက်ို အနည်းအကျဉ်းမေးလိုက်ပြီးနောက် ဖုန်းကို အမြန်ချလိုက်သည်။
ဝမ်ရိပေက အရင်စမေးလာသည်။ " မင်းအလုပ်များနေတာလား?"
ရှီယွင်နန်ကလည်း မငြင်းပါ။ သူဖုန်းထဲမှ အချိန်ကို တချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ကော ဘယ်သွားမှာလဲ? ကျွန်တော် လိုက်ပို့ပေးမယ်"
"ရတယ် ငါ့ကားနဲ့လာတာ။" ဝမ်ရိပေ အပြုံးလေးနဲ့ ပြန်ငြင်းဆိုလိုက်၏။ သူညီလေးရဲ့ အရေးကြီးအလုပ်တွေကို သူ မနှောင့်နှေးစေချင်ပေ။
"အစကတည်းက ငါခေါ်လို့ လာရတာလေ။ မင်းအရင်ပြန်နှင့် လမ်းမှာ ဂရုစိုက်မောင်းအုံး"
ရှီယွင်နန် ခေါင်းညိတ်ပြလိုက်ပြီး ကားထဲသို့ဝင်ပြီးနောက် ကားပြတင်းပေါက်ဖွင့်ကာ သတိပြန်ပေးလိုက်သည်။ "ကောလည်း သတိထားမောင်းနော်။ ပိတ်ရက်ကြရင် ပြန်ဆက်သွယ်လိုက်မယ်"
"ကောင်းပြီ"
ရှီယွင်နန် နှုတ်ဆက်ပြီးနောက် ကားမောင်းထွက်လာလိုက်၏။
လင်အန်း စျပနအဆောက်အအုံနှင့် ကျောက်စိမ်းဈေးမှာ လမ်းသင့်လေသည်။ ဆယ်မိနစ်မပြည့်သေးခင်မှာပဲ ရှီယွင်နန် ကျောက်စိမ်းစျေးသို့ ရောက်လာသည်။
သူခန့်ထားတဲ့ လက်ထောက်က ချက်ချင်း နှုတ်ဆက်လာ၏။ "ဒီဇိုင်းနာရှီ လူကြီးမင်းတစ်ယောက်က ဒီဇိုင်းနာရှီ နာမည်ကိုပြောပြီး လာတွေ့ပါတယ်။ ကျွန်တော် ဖုန်းဆက်ပြီးတာနဲ့ သူ့ကို ဧည့်ခန်းထဲမှာ စောင့်ခိုင်းထားပါတယ်"
"အင်း ကျွန်တော်သိပြီ"
ရှီယွင်နန် ရုံးထဲဝင်လာပြီး လွတ်နေသည့် လုကျောက်အန်း ရုံးခန်းကို တွေ့လိုက်သည့်အခါ ဘာရယ်မဟုတ် မေးလိုက်မိသည်။ "ဒါရိုက်တာလု အပြင်သွားတာလား?"
"ဟုတ်ပါတယ်၊ ဒီနေ့ သူ လင်းယွီဒီဇိုင်းနဲ့ ကုမ္ပဏီကို ဝယ်မယ့်ကိစ္စအကြောင်းပြောဖို့ ချိန်းထားပါတယ်။ မနက်ကတည်းက ပရောဂျက် အဖွဲ့နဲ့ ထွက်သွားတာပါ။"
လုကျောက်အန်းပြန်ရောက်လာကတည်းက အလုပ်မှန်သမျှဟာ ချောမွေ့နေခဲ့၏။
ရှီယွင်နန် ခေါင်းညိတ်ပြလိုက်ပြီး ဧည့်ခန်းရှေ့မှာရပ်ကာ- "ကျွန်တော့်ရုံးခန်းထဲမှာ ကျောက်စိမ်းဖြူနဲ့ ကြွေစပ်ထားတဲ့ ပန်းပုရုပ်ရှိတယ်။ ယူလာပေးလို့ရမလား?"
"ဟုတ်ကဲ့"
လက်ထောက်က ပြန်ဖြေလာပြီးနောက် သွားယူလေသည်။
ရှီယွင်နန် အင်္ကျီကို သပ်ရပ်ပြန့်သွားအောင် ပြင်လိုက်ပြီးနောက် တံခါးကို အေးအေးဆေးဆေး တွန်းဖွင့်လိုက်၏။
ရိုးရှင်းသော်လည်း အနုပညာရသများပြည့်နှက်နေသည့် ဧည့်ခန်းထဲမှာတော့ နိုင်ငံခြားသားတစ်ဦးက ထိုင်နေလေသည်။
တစ်ဖက်လူက ကော်ဖီသောက်နေပြီး သူ၏ ဘေးတိုက် ပုံကတင် ချောမောကြည့်ကောင်းနေသည်။ သူ့လက်ကောက်ဝတ်ပေါ်ရှိ နာရီကို အနည်းငယ် မြင်နေရပြီး ဘရန်းကိုသိပါက ထိုနာရီမှာ တန်ဖိုးကြီးမှန်း တန်းသိလေမည်။
တံခါးဖွင့်သံကိုကြားတော့ နိုင်ငံခြားသားက ခေါင်းမော့ကြည့်လာ၏။ သူ့ ပယင်းရောင်မျက်လုံးများထဲတွင် ဝမ်းသာရွှင်မြူးအရိပ်အယောင်များ ပြည့်နှက်သွားလျက်။
"မစ္စတာရှီ ပြန်တွေ့ကြပြန်ပြီနော်"
"မစ္စတာနင်း တရုတ်နိုင်ငံကနေ ကြိုဆိုပါတယ်ဗျာ"
ရှီယွင်နန် ရှေ့က နိုင်ငံခြားသားမှာ နိုင်ငံခြားတွင် သူနဲ့ ရင်းနှီးခဲ့သည့် နင်းသယ်အန်းဖြစ်၏။
ရှီယွင်နန် သယ်ဟွာဒေသတွင် စုံစမ်းခဲ့ပြီးနောက် နိုင်ငံခြားဈေးကွက်ကို စိတ်ဝင်စားသွားပြီး ကြွေထည်ပစ္စည်းများအကြောင်းကို အတော်လေး နားလည်သည့် နင်းသယ်အန်းကို တွေးမိသွားသည်။
ရှီယွင်နန်က ထိုစိတ်ကူးအား ကြိုးစားကြည့်ရန် အင်ပါယာမြို့တော် ပြန်ရောက်သည်နှင့် နင်းသယ်အန်း၏ ကုမ္မဏီအကြောင်း နိုင်ငံခြားမှ လူတချို့ကို မေးမြန်းခဲ့ပြီး တစ်ဖက်လူအား အရင်ဆက်သွယ်ခဲ့လေသည်။
နင်းသယ်အန်းကတော့ နဂိုကတည်းက ရှီယွင်နန်ကို အထင်ကြီးလေးစားနေခဲ့သူဖြစ်၏။
တစ်ဖက်လူ သူ့mailbox ဆီပေးပို့ခဲ့သည့် ကြွေထည်ပစ္စည်း လုပ်ငန်းအစီအစဉ်များကို မြင်ပြီးနောက်၊ သူ တရုတ်နိုင်ငံသို့ လာလည်ရန် ဆုံးဖြတ်ခဲ့လေသည်။ အကျိုးတူပူးပေါင်းသည်ဖြစ်စေ မပူးပေါင်းသည်ဖြစ်စေ သူ့အဖိုးဆန္ဒအတိုင်း အဖိုးဇာတိမြေကို လာလည်စေချင်သည့် ဆန္ဒကို ဖြည့်ဆည်းပေးတယ်လို့သာ ယူဆခဲ့သည်။
သူတို့အသေးစိတ် တွေ့ဆုံ ဆွေးနွေးရန် လွန်ခဲ့သည့် တစ်ပတ်လောက်က ချိန်းထားခဲ့ကြ၏။
ရှီယွင်နန် ဆိုဖာပေါ်တွင် မှီထိုင်လိုက်ပြီနောက် နင်းသယ်အန်းရုတ်တရက်ရောက်လာရခြင်းကြောင့် အနည်းငယ် အံ့အားသင့်နေမိသည်။ "မစ္စတာနင်းပြောတော့ သဘက်ခါမှ အင်ပါယာမြို့တော်ကို လာမှာဆို?"
"ဒီမနက် ကိုယ်ရေးကိုယ်တာ ကိစ္စလေးတချို့ရှိနေလို့လေ။ စောင့်နေရတာ အားနာလိုက်တာဗျာ"
"အားနာရမယ့်သူက ကျွန်တော်ပါ။" နင်းသယ်အန်းက သူ့လက်ထဲရှိ ကော်ဖီခွက်ကို ချကာ အပြုံးလေးနဲ့ ပြန်ပြောလာသည်။
"ကျွန်တော်လည်း ထင်ထားတာထက် နှစ်ရက်စောပြီး မိသားစုကိစ္စတွေ ကိုင်တွယ်နိုင်သွားတယ်လေ။ အဲ့ဒါကြောင့် လေယာဉ်အချိန်ကို ပြောင်းလိုက်တာပါ။ မစ္စတာရှီရဲ့ အလုပ်အစီအစဉ်တွေကို ထိခိုက်သွားလောက်လား?
အချိန်မှာ စောနေသေးသလို၊ သူ ဟိုတယ်ရောက်ပြီးနောက် မအိပ်ချင်သေးတာကြောင့် သူ့အစီအစဉ်ကို ပြောင်းခဲ့သည်။
ရှီယွင်နန် အမြန်ပြန်ဖြေလိုက်၏။ "ရပါတယ်ဗျာ။ ကျွန်တော်လည်း မစ္စတာနင်းနဲ့ ပူးပေါင်းမယ့်ကိစ္စ ဆွေးနွေးနေချင်တာ။ အဲ့ဒါကြောင့် ပစ္စည်းအားလုံးကိုတောင် သေချာစီစဉ်ထားတယ်။"
သူပြောပြီးသည်နှင့် တံခါးခေါက်သံ ကြားလိုက်ရ၏။
လက်ထောက်က ကျောက်စိမ်းဖြူနှင့် စပ်ထားသည့် ကြွေထည်များကို ယူဆောင်လာပြီး စားပွဲခုံပေါ် တင်လိုက်သည်။ "ဒီဇိုင်းနာရှီ ပြောထားတဲ့ ပစ္စည်းတွေပါ"
"ကျေးဇူးပါ"
ရှီယွင်နန် အပြုံးလေးနဲ့ သူ့လက်ထောက်ကို ပြန်သွားလို့ရပြီဆိုတဲ့အကြောင်း မျက်ရိပ်မျက်ခြေပြလိုက်၏။
ဧည့်ခန်း တံခါးမှာ တဖန် ပြန်ပိတ်သွားလေပြီ။
နင်းသယ်အန်းတစ်ယောက် သေတ္တာထဲရှိ သက်ရှိရုပ်ကြွ ကြွေထည်များကို တွေ့သည့်အခါ အရမ်းသဘောကျသွားသည်။ "ပုံထဲမှာ ပြထားတာထက် ပိုလှတာပဲ"
ရှီယွင်နန်က သူ့ကို ထိခွင့်ပေးထားပြီး တစ်ခုချင်းကစီ ရှင်းပြလိုက်သည်။ "ဒါက သယ်ဟွာကနေထုတ်တဲ့ ကြွေထည်တွေလေ။ အခြားကြွေထည်တွေနဲ့ ယှဉ်ရင် အထူးခြားဆုံးက pure glaze သုံးထားတာမို့ ကြည်တောက်နေတာ"
(Glaze- အကြည်ရောင်ထွက်ပြီး တောင်ပြောင်အောင် အရောင်တင်တဲ့နေရာမှာ သုံးတဲ့အရည်)
နင်းသယ်အန်း ချီးကျူးလိုက်သည်။ "ဒီလက်ရာတွေက ပြခန်းမှာ တွေ့ခဲ့တဲ့ အနက်ရောင်ကြွေထည် လက်ရာတွေထက်တောင် ပိုကောင်းသေးတယ်။"
"မစ္စတာနင်းတော့ မသိလောက်ဘူး။ သယ်ဟွာဒေသက ကြွေဗုဒ္ဓရုပ်ပွါးတော်တွေ၊ ကြွေကွမ်ရင်မယ်တော် ရုပ်ပွါးတော်တွေကို ထွင်းတဲ့နေရာမှာ နာမည်ကြီးပဲလေ။ အဲ့က ပန်းပုဆရာတွေရဲ့ လက်ရာက တစ်နှစ်ပြီးတစ်နှစ် ဓားသွေးသလို ထက်ထက်လာတာ။ စက်နဲ့လုပ်ထားတဲ့ ဘယ်ပစ္စည်းမှ မယှဉ်နိုင်ဘူး။"
ကွမ်ရင်ရုပ်ထုကြီးများကိုတောင် အသက်ဝင်အောင် ထွင်းထုနိုင်ခဲ့ကြ၏။ လေ့ကျင့်တဲ့အနေနဲ့ ထုထားသည့် တိရစ္ဆာန် အရုပ်များဆို ပြောနေစရာတောင် မလိုတော့။
ရှီယွင်နန်က ကာစတမ်မာတွေစိတ်တိုင်းကျ လုပ်ထားသည့် အဖြူရောင်ကြွေဆွဲသီးနှင့် အဖြူရောင်ကြွေ အဆင်တန်ဆာတို့ ထုတ်ပြလိုက်ပြီး အဓိကအကြောင်းအရာကို အရင်စပြောလိုက်သည်။ "မစ္စတာနင်း ကျွန်တော် စုံစမ်းပြီးပြီ၊ နိုင်ငံခြားမှာ ဒီလိုမျိုးနဲ့ တူတဲ့ လက်ဝတ်ရတနာ မရှိတာတော့ အမှန်ပဲ"
ကြွေထည်ပစ္စည်းများမှာ တရုတ်နိုင်ငံ၏ ထုတ်ကုန်တစ်ခုဖြစ် ပြည်ပနိုင်ငံများတွင် အမြဲရေပန်းစားနေခဲ့သည်။ သို့သော် နိုင်ငံခြားတွင် ရောင်းချသည့် ကြွေထည်များမှာ လက်ရာသိပ်မမြောက်သလို စျေးလည်း ကြီးလှ၏။
ထို့ကြောင့် ပြည်ပနိုင်ငံများတွင် စျေးကွက်ချဲ့ထွင်ရန် ခက်ခဲနေလေသည်။
"မစ္စတာရှီ ဘာကိုဆိုလိုချင်မှန်း ကျွန်တော် နားလည်ပါတယ်။" နင်းသယ်အန်းက အဖြူရောင်ကြွေဆွဲသီးကို ထိကြည့်နေပြီး ပွင့်ပွင့်လင်းလင်းပြောလာသည်။ "ကျွန်တော်က ကြွေကုန်သည် မဟုတ်သလို ပရဟိတသမားလည်း မဟုတ်ဘူးလေ"
ပြည်ပ စျေးကွက်များ အမျိုးမျိုးပြန့်ကျဲနေသလို ဝယ်ယူသူကလည်း အမျိုးမျိုးပင်။
တရုတ်မှာ ထုတ်လုပ်ပြီး ပြည်ပတွင် ရောင်းချခြင်းက သယ်ယူပို့ဆောင်ရေးစရိတ်များ မလွှဲမရှောင်သာ ကုန်ကျမည်ဖြစ်လေသည်။
ဝင်ငွေနည်းပြီး အသုံးစရိတ်ပိုများနေပါက အကျိုးအမြတ်ကို အာမ မခံနိုင်သလို၊ ထိုလုပ်ငန်းမှာလည်း အနှေးအမြန် ကျဆုံးသွားရလိမ့်မည်။
Zawgyi
ရွီယြင္နန္တစ္ေယာက္ကေတာ့ ကားပါကင္သို႔ ျပန္လာခ်ိန္ထိ မ်က္ႏွာထားမွာ တင္မာေနဆဲျဖစ္၏။
ဝမ္ရိေပမွာ သူ႔ညီေလး ဘာေတြေတြးေနမွန္း မသိတာေၾကာင့္ သူ႔ညီေလး၏ မ်က္ေမွာင္ၾကဳတ္ေနေသာ မ်က္ခုံးေလးကာ ထိကာ ေျပာလိုက္သည္။
"ေသသြားတဲ့ လူေၾကာင့္ စိတ္အေႏွာင့္အယွက္အျဖစ္မခံပါနဲ႔ကြာ"
"ဒီတိုင္း ရယ္ရလို႔ပါ၊ ဒီႏွစ္ေတြအတြင္း သူတို႔ ကြၽန္ေတာ့ကို တခ်က္ေလးေတာင္ ဂ႐ုစိုက္ဖူးလို႔လား? အခုေတာ့ သူတို႔က တစ္ေယာက္ၿပီးတစ္ေယာက္ ေကာနဲ႔ ကြၽန္ေတာ္ေရွ႕မွာ ေနာင္တရတယ္ဆိုတဲ့ အေၾကာင္းေတြ လာေျပာေနတယ္။ အျပစ္ရွိသလို ခံစားရတယ္တဲ့လား? ဒါဆိုလည္း လြန္ခဲ့တဲ့ ႏွစ္၂၀ကတည္းက ေကာင္းေပးပါလား?"
"အခုၾကေတာ့ ဒီေသတမ္းစာ ဒီေငြေလာက္ေလးနဲ႔ သူတို႔က ကြၽန္ေတာ္တို႔ကို ရွီမိသားစုနဲ႔ ထပ္ပတ္သတ္ေစခ်င္ေနၾကတာေလ"
ရွီယြင္နန္ သေရာ္လိုက္ၿပီး မေက်မနပ္ မညည္းညဴဘဲ မေနႏိုင္ေတာ့။ "ရွစ္ဘဝမွာ ဒီရွီ မ်ိဳ႐ိုးနာမည္နဲ႔ေနရတာ တကယ့္ကို ကံဆိုးတာပဲ။ အဲ့လိုမွန္းသိရင္ အဘိုးကို ဝမ္မ်ိဳး႐ိုးေျပာင္းေပးဖို႔ ေျပာခဲ့ပါတယ္။"
သူ႔ရဲ႕ ကေလးဆန္ဆန္ စကားေတြကို ၾကားရသည့္အခါ ဝမ္ရိေပရယ္မိသြား၏။ "မ်ိဳး႐ိုးနာမည္ကိုပါ ေျပာလို႔ ဘာထူးေနမွာတုန္း။ ဒီတိုင္း လ်စ္လ်ဴရႈထားလိုက္ပါကြာ။"
ရွီယြင္နန္ ကားကို မွီထားလိုက္သည့္အခါမွာေတာ့ အနည္းငယ္ စိတ္ၿငိမ္သြား၏။
သူ ရွီမိသားစုႏွင့္ပတ္သက္သည့္ အရာအားလုံးကို ေမ့ထားၿပီး လ်စ္လ်ဴရႈႏိုင္ေပမယ့္လည္း အရင္ကိစၥကိုမ်ားကို ျပန္ေတြးမိပါက ထိုလူေတြကို ခြင့္မလႊတ္ႏိုင္ေသးပင္။
"ေကာ...ေကာကေတာ့ ကြၽန္ေတာ့သေဘာထားအတိုင္း လိုက္လုပ္စရာ မလိုပါဘူး"
ရွီယြင္နန္ဟာ အမွီအခိုကင္းတဲ့သူ ျဖစ္ၿပီး၊ ဝမ္ရိေပအား သူ႔ခံစားခ်က္မ်ားျဖင့္ မလႊမ္းမိုးခ်င္ေပ။
ေသတမ္းစာထဲက ပိုင္ဆိုင္မႈမ်ားကို ျပန္ေတြးမိသြားၿပီး သူ႔မ်က္လုံးမ်ားက စိတ္ဝင္စားသည့္ အရိပ္အေယာင္ေတြ ျပည့္ႏွက္သြားလ်က္။ "လူအိုႀကီးက သူ႔ပိုက္ဆံေတြကို ေသေသခ်ာခ်ာ သိမ္းထားတာပဲ။ ရွီးေဝေကာ ရွီးခယ့္ယြဲ႕ေကာ ဘယ္ေလာက္ပဲ ခက္ခက္ခဲခဲ ႀကိဳးစားႀကိဳးစား သူ႔လက္ထဲက ဆြဲမယူႏိုင္ခဲ့ဘူးေလ။ အခုၾကေတာ့လည္း အလြယ္တကူ လႊဲေပးသြားတာပဲ။"
"ယူလိုက္ပါလား? ရွီးခယ့္ယြဲ႕သာ သိရင္ ေသခ်ာေပါက္ ေဒါသထြက္ၿပီး ေသြးေတာင္အန္မွာ။"
ဝမ္ရိေပက သူ႔နဖူးေလးကို လက္ျဖင့္ေတာက္ကာ- "မင္း စိတ္ေကာင္းဝင္ေနတယ္ဆိုတာနဲ႔ပဲ ေပါက္ကရေတြ ေလွ်ာက္မေျပာနဲ႔။ အဲ့ ေထာင္သားကို ဘာလို႔ ဂ႐ုစိုက္ေနရမွာလဲ? မင္းလည္း အဲ့ပိုက္ဆံေတြကို စိတ္မဝင္စားဘူးမလား? ငါလည္း အဲ့လိုပဲ။"
"ရွီရွန္းကိုလည္း ေရွ႕ေလွ်ာက္ ငါတို႔ ဘဝကို လာမေႏွာက္ယွက္ဖို႔ ရွင္းရွင္းလင္းလင္း ေျပာထားရမယ္"
ဝမ္ရိေပက ရွီယြင္နန္ ပုခုံးကိုပုတ္ကာ ေလးေလးနက္နက္ေျပာလာသည္။ "ယြင္နန္၊ အခုကစၿပီး ရွီမိသားစုနဲ႔ ငါတို႔နဲ႔ ဘာမွ မဆိုင္ေတာ့ဘူး"
ရွီယြင္နန္ သူ႔အစ္ကို၏ ႏူးညံ့သိမ္ေမြ႕ေသာ မ်က္လုံးမ်ားကို ၾကည့္ရင္း ျပန္ၿပဳံးျပလိုက္၏။
ဝမ္ရိေပက ထိုကိစၥအေၾကာင္းမေျပာေတာ့ဘဲ ရွီယြင္နန္ လက္သူႂကြယ္အားၾကည့္ကာ—
"ေနာက္ဆုံးေတာ့ မင္းဝတ္ထားၿပီပဲ"
"ဘာကိုလဲ?"
ဝမ္ရိေပ ၾကည့္ေနရာသို႔ ရွီယြင္နန္ ၾကည့္လိုက္သည့္အခါ သူ႔အစ္ကို ဘာကိုဆိုလိုခ်င္မွန္း သေဘာေပါက္သြား၏။
ဝမ္ရိေပက ရယ္ေနလ်က္- "မင္းနဲ႔ ေလာ့လင္းရွန္း ႐ုတ္တရက္လက္ထပ္လိုက္မွန္း ငါသိလိုက္ရေတာ့ ဘာလို႔မွန္းမသိ မူမမွန္ဘူးလို႔ ထင္ေနခဲ့တယ္။ ေနာက္ေတာ့ မင္းေကာ သူေကာ လက္စြပ္မဝတ္ထားေတာ့ ငါတိတ္တိတ္ေလး စိတ္ပူေနခဲ့ရတာေလ..."
ဘယ္လိုပဲျဖစ္ျဖစ္ ဝမ္ရိေပမွာ သူ႔ညီေလး၏ ကိုယ္ေရးကိုယ္တာ အခ်စ္ေရးကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ မေမးႏိုင္ခဲ့။
"ယြင္နန္ ဒီႏွစ္ေတြမွာ မင္းအရမ္းဒုကၡေရာက္ခဲ့မွန္း ငါသိပါတယ္။ ငါျဖည့္ဆည္းေပးမယ္ေျပာခဲ့ရင္ေတာင္ မင္းကအၿမဲဖုံးကြယ္ၿပီး ျငင္းေနခဲ့တာ"
ဝမ္ရိေပမွာ အတိတ္ကကိစၥေတြကို ျပန္ေတြးမိသြားၿပီး သူ႔ေလသံမွာ မသိမသာ တုန္ယင္ေနလ်က္။ "အခုေတာ့ မင္းမွာ ေလာ့လင္းရွန္း ရွိေနၿပီ။ ေနာက္ဆုံးေတာ့ မင္းအားကိုးႏိုင္မယ့္သူ ရွိလာၿပီေပါ့"
"ေကာ"
ရွီယြင္နန္ ဝမ္ရိေပ၏ စိတ္အေျခအေနကို သတိထားမိသြားၿပီး တမင္တကာ စလိုလိုနဲ႔ ရယ္ေမာလိုက္သည္။
"ေကာပဲ ခုနကေလးတင္ အတိတ္က ကိစၥေတြကို မေျပာနဲ႔ဆို၊ ဘာလို႔ အရင္အေၾကာင္းေတြ ျပန္ေျပာၿပီး ကိုယ္ကိုယ္ကို စိတ္မသက္သာေအာင္ လုပ္ေနရတာတုန္း"
"ကြၽန္ေတာ္ အခု အဆင္ေျပေနပါၿပီ ၿပီးေတာ့..." သူဟာ ေျပာေနရင္း ဝမ္ရိေပမ်က္ႏွာေရွ႕တြင္ လက္သူႂကြယ္ေလးကို ေဝွ႔ယမ္ရျပလိုက္ေသး၏။
"ၿပီးေတာ့?"
ဝမ္ရိေပ၏ အရမ္းသိခ်င္ေနသည့္ မ်က္လုံးမ်ားကို ေတြ႕လိုက္ရသည့္အခါ ရွီယြင္နန္ နည္းနည္း ရွက္႐ြံ႕လို႔ သြားသည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူက ေလာ့လင္းရွန္း အၾကာႀကီး သေဘာက်ခဲ့တဲ့ လေရာင္ျဖဴေလးကို သူ႔အစ္ကိုလို႔ အထင္မွားေနခဲ့တာေလ။
ဝမ္ရိေပက ရယ္ေနကာ—
"ေျပာေနရင္း ဘာလို႔ရွက္သြားရတာတုန္း?"
"ကြၽန္ေတာ္ရွက္ေနတာလို႔ ဘယ္သူကေျပာလဲ?"
ရွီယြင္နန္ ျပန္ေခ်ပလိုက္ေပမယ့္လည္း သူ႔အၿပဳံးေလးကိုေတာ့ မဖုံးထားႏိုင္။ "ေလာ့လင္းရွန္းနဲ႔ ကြၽန္ေတာ္ရဲ႕ အခ်စ္ေရးကို ကံၾကမၼာက ႀကိဳစီစဥ္ထားသလိုပဲ။ ေမြးေန႔ပြဲတုန္းက တစ္ေယာက္နဲ႔တစ္ေယာက္ ဆုံဖူးေပမယ့္ ကြၽန္ေတာ္မူးၿပီး ေမ့သြားတာေလ"
"မဟုတ္ရင္ ကြၽန္ေတာ္လက္ထပ္လို႔ရတဲ့အ႐ြယ္ေရာက္တာနဲ႔ ေလာ့လင္းရွန္းကို တရား႐ုံးဆြဲေခၚသြားေနေလာက္ၿပီ"
ဝမ္ရိေပမွာေတာ့ သူ႔ညီေလးရဲ႕ ပြင့္ပြင္လင္းလင္းစကားေတြကို နားမခံႏိုင္ေတာ့တာေၾကာင့္ တားလိုက္ရသည္။ "ေကာင္းပါၿပီကြာ။ အရမ္းေက်နပ္ေနတဲ့ မင္းမ်က္ႏွာကို ၾကည့္တာနဲ႔တင္ ငါစိတ္မပူေတာ့ပါဘူး။"
သူေျပာၿပီးသည္ႏွင့္ ရွီယြင္နန္ဆီ ဖုန္းေကာဝင္လာ၏။ စတူဒီယိုရွိ ဝန္ထမ္းတစ္ေယာက္ ဆက္လာတာပင္။
"ဟဲလို?"
"ဒီဇိုင္းနာရွီ ဒီေန႔ စတူဒီလိုကိုလာမွာလား? ဒီမွာ လူတစ္ေယာက္ ဒီဇိုင္းနာရွီကို လာရွာေနတယ္။"
"လူတစ္ေယာက္ လာရွာတယ္?"
ရွီယြင္နန္ သူ႔ေဘးနားက ဝမ္ရိေပကို တခ်က္ၾကည့္လိုက္ၿပီး ဧည့္သည္ပုံစံက္ို အနည္းအက်ဥ္းေမးလိုက္ၿပီးေနာက္ ဖုန္းကို အျမန္ခ်လိုက္သည္။
ဝမ္ရိေပက အရင္စေမးလာသည္။ " မင္းအလုပ္မ်ားေနတာလား?"
ရွီယြင္နန္ကလည္း မျငင္းပါ။ သူဖုန္းထဲမွ အခ်ိန္ကို တခ်က္ၾကည့္လိုက္ၿပီး ျပန္ေျပာလိုက္သည္။ "ေကာ ဘယ္သြားမွာလဲ? ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္"
"ရတယ္ ငါ့ကားနဲ႔လာတာ။" ဝမ္ရိေပ အၿပဳံးေလးနဲ႔ ျပန္ျငင္းဆိုလိုက္၏။ သူညီေလးရဲ႕ အေရးႀကီးအလုပ္ေတြကို သူ မေႏွာင့္ေႏွးေစခ်င္ေပ။
"အစကတည္းက ငါေခၚလို႔ လာရတာေလ။ မင္းအရင္ျပန္ႏွင့္ လမ္းမွာ ဂ႐ုစိုက္ေမာင္းအုံး"
ရွီယြင္နန္ ေခါင္းညိတ္ျပလိုက္ၿပီး ကားထဲသို႔ဝင္ၿပီးေနာက္ ကားျပတင္းေပါက္ဖြင့္ကာ သတိျပန္ေပးလိုက္သည္။ "ေကာလည္း သတိထားေမာင္းေနာ္။ ပိတ္ရက္ၾကရင္ ျပန္ဆက္သြယ္လိုက္မယ္"
"ေကာင္းၿပီ"
ရွီယြင္နန္ ႏႈတ္ဆက္ၿပီးေနာက္ ကားေမာင္းထြက္လာလိုက္၏။
လင္အန္း စ်ပနအေဆာက္အအုံႏွင့္ ေက်ာက္စိမ္းေဈးမွာ လမ္းသင့္ေလသည္။ ဆယ္မိနစ္မျပည့္ေသးခင္မွာပဲ ရွီယြင္နန္ ေက်ာက္စိမ္းေစ်းသို႔ ေရာက္လာသည္။
သူခန္႔ထားတဲ့ လက္ေထာက္က ခ်က္ခ်င္း ႏႈတ္ဆက္လာ၏။ "ဒီဇိုင္းနာရွီ လူႀကီးမင္းတစ္ေယာက္က ဒီဇိုင္းနာရွီ နာမည္ကိုေျပာၿပီး လာေတြ႕ပါတယ္။ ကြၽန္ေတာ္ ဖုန္းဆက္ၿပီးတာနဲ႔ သူ႔ကို ဧည့္ခန္းထဲမွာ ေစာင့္ခိုင္းထားပါတယ္"
"အင္း ကြၽန္ေတာ္သိၿပီ"
ရွီယြင္နန္ ႐ုံးထဲဝင္လာၿပီး လြတ္ေနသည့္ လုေက်ာက္အန္း ႐ုံးခန္းကို ေတြ႕လိုက္သည့္အခါ ဘာရယ္မဟုတ္ ေမးလိုက္မိသည္။ "ဒါ႐ိုက္တာလု အျပင္သြားတာလား?"
"ဟုတ္ပါတယ္၊ ဒီေန႔ သူ လင္းယြီဒီဇိုင္းနဲ႔ ကုမၸဏီကို ဝယ္မယ့္ကိစၥအေၾကာင္းေျပာဖို႔ ခ်ိန္းထားပါတယ္။ မနက္ကတည္းက ပေရာဂ်က္ အဖြဲ႕နဲ႔ ထြက္သြားတာပါ။"
လုေက်ာက္အန္းျပန္ေရာက္လာကတည္းက အလုပ္မွန္သမွ်ဟာ ေခ်ာေမြ႕ေနခဲ့၏။
ရွီယြင္နန္ ေခါင္းညိတ္ျပလိုက္ၿပီး ဧည့္ခန္းေရွ႕မွာရပ္ကာ- "ကြၽန္ေတာ့္႐ုံးခန္းထဲမွာ ေက်ာက္စိမ္းျဖဴနဲ႔ ေႂကြစပ္ထားတဲ့ ပန္းပု႐ုပ္ရွိတယ္။ ယူလာေပးလို႔ရမလား?"
"ဟုတ္ကဲ့"
လက္ေထာက္က ျပန္ေျဖလာၿပီးေနာက္ သြားယူေလသည္။
ရွီယြင္နန္ အက်ႌကို သပ္ရပ္ျပန္႔သြားေအာင္ ျပင္လိုက္ၿပီးေနာက္ တံခါးကို ေအးေအးေဆးေဆး တြန္းဖြင့္လိုက္၏။
႐ိုးရွင္းေသာ္လည္း အႏုပညာရသမ်ားျပည့္ႏွက္ေနသည့္ ဧည့္ခန္းထဲမွာေတာ့ ႏိုင္ငံျခားသားတစ္ဦးက ထိုင္ေနေလသည္။
တစ္ဖက္လူက ေကာ္ဖီေသာက္ေနၿပီး သူ၏ ေဘးတိုက္ ပုံကတင္ ေခ်ာေမာၾကည့္ေကာင္းေနသည္။ သူ႔လက္ေကာက္ဝတ္ေပၚရွိ နာရီကို အနည္းငယ္ ျမင္ေနရၿပီး ဘရန္းကိုသိပါက ထိုနာရီမွာ တန္ဖိုးႀကီးမွန္း တန္းသိေလမည္။
တံခါးဖြင့္သံကိုၾကားေတာ့ ႏိုင္ငံျခားသားက ေခါင္းေမာ့ၾကည့္လာ၏။ သူ႔ ပယင္းေရာင္မ်က္လုံးမ်ားထဲတြင္ ဝမ္းသာ႐ႊင္ျမဴးအရိပ္အေယာင္မ်ား ျပည့္ႏွက္သြားလ်က္။
"မစၥတာရွီ ျပန္ေတြ႕ၾကျပန္ၿပီေနာ္"
"မစၥတာနင္း တ႐ုတ္ႏိုင္ငံကေန ႀကိဳဆိုပါတယ္ဗ်ာ"
ရွီယြင္နန္ ေရွ႕က ႏိုင္ငံျခားသားမွာ ႏိုင္ငံျခားတြင္ သူနဲ႔ ရင္းႏွီးခဲ့သည့္ နင္းသယ္အန္းျဖစ္၏။
ရွီယြင္နန္ သယ္ဟြာေဒသတြင္ စုံစမ္းခဲ့ၿပီးေနာက္ ႏိုင္ငံျခားေဈးကြက္ကို စိတ္ဝင္စားသြားၿပီး ေႂကြထည္ပစၥည္းမ်ားအေၾကာင္းကို အေတာ္ေလး နားလည္သည့္ နင္းသယ္အန္းကို ေတြးမိသြားသည္။
ရွီယြင္နန္က ထိုစိတ္ကူးအား ႀကိဳးစားၾကည့္ရန္ အင္ပါယာၿမိဳ႕ေတာ္ ျပန္ေရာက္သည္ႏွင့္ နင္းသယ္အန္း၏ ကုမၼဏီအေၾကာင္း ႏိုင္ငံျခားမွ လူတခ်ိဳ႕ကို ေမးျမန္းခဲ့ၿပီး တစ္ဖက္လူအား အရင္ဆက္သြယ္ခဲ့ေလသည္။
နင္းသယ္အန္းကေတာ့ နဂိုကတည္းက ရွီယြင္နန္ကို အထင္ႀကီးေလးစားေနခဲ့သူျဖစ္၏။
တစ္ဖက္လူ သူ႔mailbox ဆီေပးပို႔ခဲ့သည့္ ေႂကြထည္ပစၥည္း လုပ္ငန္းအစီအစဥ္မ်ားကို ျမင္ၿပီးေနာက္၊ သူ တ႐ုတ္ႏိုင္ငံသို႔ လာလည္ရန္ ဆုံးျဖတ္ခဲ့ေလသည္။ အက်ိဳးတူပူးေပါင္းသည္ျဖစ္ေစ မပူးေပါင္းသည္ျဖစ္ေစ သူ႔အဖိုးဆႏၵအတိုင္း အဖိုးဇာတိေျမကို လာလည္ေစခ်င္သည့္ ဆႏၵကို ျဖည့္ဆည္းေပးတယ္လို႔သာ ယူဆခဲ့သည္။
သူတို႔အေသးစိတ္ ေတြ႕ဆုံ ေဆြးေႏြးရန္ လြန္ခဲ့သည့္ တစ္ပတ္ေလာက္က ခ်ိန္းထားခဲ့ၾက၏။
ရွီယြင္နန္ ဆိုဖာေပၚတြင္ မွီထိုင္လိုက္ၿပီေနာက္ နင္းသယ္အန္း႐ုတ္တရက္ေရာက္လာရျခင္းေၾကာင့္ အနည္းငယ္ အံ့အားသင့္ေနမိသည္။ "မစၥတာနင္းေျပာေတာ့ သဘက္ခါမွ အင္ပါယာၿမိဳ႕ေတာ္ကို လာမွာဆို?"
"ဒီမနက္ ကိုယ္ေရးကိုယ္တာ ကိစၥေလးတခ်ိဳ႕ရွိေနလို႔ေလ။ ေစာင့္ေနရတာ အားနာလိုက္တာဗ်ာ"
"အားနာရမယ့္သူက ကြၽန္ေတာ္ပါ။" နင္းသယ္အန္းက သူ႔လက္ထဲရွိ ေကာ္ဖီခြက္ကို ခ်ကာ အၿပဳံးေလးနဲ႔ ျပန္ေျပာလာသည္။
"ကြၽန္ေတာ္လည္း ထင္ထားတာထက္ ႏွစ္ရက္ေစာၿပီး မိသားစုကိစၥေတြ ကိုင္တြယ္ႏိုင္သြားတယ္ေလ။ အဲ့ဒါေၾကာင့္ ေလယာဥ္အခ်ိန္ကို ေျပာင္းလိုက္တာပါ။ မစၥတာရွီရဲ႕ အလုပ္အစီအစဥ္ေတြကို ထိခိုက္သြားေလာက္လား?
အခ်ိန္မွာ ေစာေနေသးသလို၊ သူ ဟိုတယ္ေရာက္ၿပီးေနာက္ မအိပ္ခ်င္ေသးတာေၾကာင့္ သူ႔အစီအစဥ္ကို ေျပာင္းခဲ့သည္။
ရွီယြင္နန္ အျမန္ျပန္ေျဖလိုက္၏။ "ရပါတယ္ဗ်ာ။ ကြၽန္ေတာ္လည္း မစၥတာနင္းနဲ႔ ပူးေပါင္းမယ့္ကိစၥ ေဆြးေႏြးေနခ်င္တာ။ အဲ့ဒါေၾကာင့္ ပစၥည္းအားလုံးကိုေတာင္ ေသခ်ာစီစဥ္ထားတယ္။"
သူေျပာၿပီးသည္ႏွင့္ တံခါးေခါက္သံ ၾကားလိုက္ရ၏။
လက္ေထာက္က ေက်ာက္စိမ္းျဖဴႏွင့္ စပ္ထားသည့္ ေႂကြထည္မ်ားကို ယူေဆာင္လာၿပီး စားပြဲခုံေပၚ တင္လိုက္သည္။ "ဒီဇိုင္းနာရွီ ေျပာထားတဲ့ ပစၥည္းေတြပါ"
"ေက်းဇူးပါ"
ရွီယြင္နန္ အၿပဳံးေလးနဲ႔ သူ႔လက္ေထာက္ကို ျပန္သြားလို႔ရၿပီဆိုတဲ့အေၾကာင္း မ်က္ရိပ္မ်က္ေျချပလိုက္၏။
ဧည့္ခန္း တံခါးမွာ တဖန္ ျပန္ပိတ္သြားေလၿပီ။
နင္းသယ္အန္းတစ္ေယာက္ ေသတၱာထဲရွိ သက္ရွိ႐ုပ္ႂကြ ေႂကြထည္မ်ားကို ေတြ႕သည့္အခါ အရမ္းသေဘာက်သြားသည္။ "ပုံထဲမွာ ျပထားတာထက္ ပိုလွတာပဲ"
ရွီယြင္နန္က သူ႔ကို ထိခြင့္ေပးထားၿပီး တစ္ခုခ်င္းကစီ ရွင္းျပလိုက္သည္။ "ဒါက သယ္ဟြာကေနထုတ္တဲ့ ေႂကြထည္ေတြေလ။ အျခားေႂကြထည္ေတြနဲ႔ ယွဥ္ရင္ အထူးျခားဆုံးက pure glaze သုံးထားတာမို႔ ၾကည္ေတာက္ေနတာ"
(Glaze- အၾကည္ေရာင္ထြက္ၿပီး ေတာင္ေျပာင္ေအာင္ အေရာင္တင္တဲ့ေနရာမွာ သုံးတဲ့အရည္)
နင္းသယ္အန္း ခ်ီးက်ဴးလိုက္သည္။ "ဒီလက္ရာေတြက ျပခန္းမွာ ေတြ႕ခဲ့တဲ့ အနက္ေရာင္ေႂကြထည္ လက္ရာေတြထက္ေတာင္ ပိုေကာင္းေသးတယ္။"
"မစၥတာနင္းေတာ့ မသိေလာက္ဘူး။ သယ္ဟြာေဒသက ေႂကြဗုဒၶ႐ုပ္ပြါးေတာ္ေတြ၊ ေႂကြကြမ္ရင္မယ္ေတာ္ ႐ုပ္ပြါးေတာ္ေတြကို ထြင္းတဲ့ေနရာမွာ နာမည္ႀကီးပဲေလ။ အဲ့က ပန္းပုဆရာေတြရဲ႕ လက္ရာက တစ္ႏွစ္ၿပီးတစ္ႏွစ္ ဓားေသြးသလို ထက္ထက္လာတာ။ စက္နဲ႔လုပ္ထားတဲ့ ဘယ္ပစၥည္းမွ မယွဥ္ႏိုင္ဘူး။"
ကြမ္ရင္႐ုပ္ထုႀကီးမ်ားကိုေတာင္ အသက္ဝင္ေအာင္ ထြင္းထုႏိုင္ခဲ့ၾက၏။ ေလ့က်င့္တဲ့အေနနဲ႔ ထုထားသည့္ တိရစာၦန္ အ႐ုပ္မ်ားဆို ေျပာေနစရာေတာင္ မလိုေတာ့။
ရွီယြင္နန္က ကာစတမ္မာေတြစိတ္တိုင္းက် လုပ္ထားသည့္ အျဖဴေရာင္ေႂကြဆြဲသီးႏွင့္ အျဖဴေရာင္ေႂကြ အဆင္တန္ဆာတို႔ ထုတ္ျပလိုက္ၿပီး အဓိကအေၾကာင္းအရာကို အရင္စေျပာလိုက္သည္။ "မစၥတာနင္း ကြၽန္ေတာ္ စုံစမ္းၿပီးၿပီ၊ ႏိုင္ငံျခားမွာ ဒီလိုမ်ိဳးနဲ႔ တူတဲ့ လက္ဝတ္ရတနာ မရွိတာေတာ့ အမွန္ပဲ"
ေႂကြထည္ပစၥည္းမ်ားမွာ တ႐ုတ္ႏိုင္ငံ၏ ထုတ္ကုန္တစ္ခုျဖစ္ ျပည္ပႏိုင္ငံမ်ားတြင္ အၿမဲေရပန္းစားေနခဲ့သည္။ သို႔ေသာ္ ႏိုင္ငံျခားတြင္ ေရာင္းခ်သည့္ ေႂကြထည္မ်ားမွာ လက္ရာသိပ္မေျမာက္သလို ေစ်းလည္း ႀကီးလွ၏။
ထို႔ေၾကာင့္ ျပည္ပႏိုင္ငံမ်ားတြင္ ေစ်းကြက္ခ်ဲ႕ထြင္ရန္ ခက္ခဲေနေလသည္။
"မစၥတာရွီ ဘာကိုဆိုလိုခ်င္မွန္း ကြၽန္ေတာ္ နားလည္ပါတယ္။" နင္းသယ္အန္းက အျဖဴေရာင္ေႂကြဆြဲသီးကို ထိၾကည့္ေနၿပီး ပြင့္ပြင့္လင္းလင္းေျပာလာသည္။ "ကြၽန္ေတာ္က ေႂကြကုန္သည္ မဟုတ္သလို ပရဟိတသမားလည္း မဟုတ္ဘူးေလ"
ျပည္ပ ေစ်းကြက္မ်ား အမ်ိဳးမ်ိဳးျပန္႔က်ဲေနသလို ဝယ္ယူသူကလည္း အမ်ိဳးမ်ိဳးပင္။
တ႐ုတ္မွာ ထုတ္လုပ္ၿပီး ျပည္ပတြင္ ေရာင္းခ်ျခင္းက သယ္ယူပို႔ေဆာင္ေရးစရိတ္မ်ား မလႊဲမေရွာင္သာ ကုန္က်မည္ျဖစ္ေလသည္။
ဝင္ေငြနည္းၿပီး အသုံးစရိတ္ပိုမ်ားေနပါက အက်ိဳးအျမတ္ကို အာမ မခံႏိုင္သလို၊ ထိုလုပ္ငန္းမွာလည္း အေႏွးအျမန္ က်ဆုံးသြားရလိမ့္မည္။