မနက်မိုးလင်းတော့ ထယ်ယောင်း သူ့ရဲ့ခါးကိုတစ်ခုခုကရစ်သိုင်းဖက်ထားပြီး လည်ပင်းနားကအသက်ရူသံပြင်းပြင်းကိုလည်းကြားနေရသည်။အိပ်ယာဘေး စားပွဲပေါ်ကနာရီလေးကိုကြည့်မိတော့ မနက်7နာရီထိုးပြီးနေပြီဖြစ်သည်။
"ကျစ်! ဒီကောင်ကိုယ့်ခုံပေါ်ကိုယ်သွားမအိပ်ဘဲ လူကိုအသားလာယူနေတာပဲ။"
ညက ထိုအယုတ်တမာလေးကြောင့်ရင်တုန်ပြီးတော်တော်နဲ့အိပ်မရဘဲ အိပ်ယာဝင်နောက်ကျခဲ့ရသည်။ထိုအယုတ်တမာလေး ဂိမ်းဆော့နေတဲ့အသံကိုအတိုင်းသားကြားနေရတာကြောင့်ဆိုပိုမှန်မည်။လူအိပ်ချင်ကို နားမလည်တဲ့အကောင်။
သူ့လက်တွေကိုဆွဲဖယ်တော့ မလွှတ်ပေးတဲ့အပြင်ပိုပြီးတင်းကြပ်ကာ လည်ပင်းတွေကိုနှာခေါင်းဖြင့်ထိကပ်လိုက်သေးသည်။
"နိုးနေရင်လည်းဖယ်စမ်းပါ! ကိုယ့်ခုံမှာကိုယ်သွားအိပ်!!"
"အွန်း...ဖက်လို့ကောင်းတယ်။"
"ကျစ်! ဒီလူယုတ်မာကတော့..."
ထယ်ယောင်း ဂျောင်ဂုရဲ့လက်တွေကိုဆွဲဖယ်တာကိုမရ။ဂျောင်ဂုက သူ့လက်တွေကိုပြန်ချုပ်ကိုင်ပြီး သူ့ကျောနဲ့ရင်ဘတ်ကိုဆွဲကပ်လိုက်သည်။
"ဟ့...ဘယ်လိုဖြစ်နေတာလဲ"
"ငါမင်းကိုသိပ်အသည်းယားနေပြီကွာ...။ဟက်...ငါ့စိတ်ရှိတိုင်းဆိုမင်းတော့ တစ်စဆီဖြစ်နေပြီ သိရဲ့လား။"
ထယ်ယောင်း ဂျောင်ဂုရဲ့စကားတွေကိုရုန်းနေတာရုတ်ချည်းငြိမ်သွားသည်။သက်သက်မဲ့အသားယူပြီး လည်ပင်းနားမှာပွတ်သပ်နေတဲ့နှာခေါင်းကြောင့်မနေတတ်တော့တာကြောင့် ဂျောင်ဂုဘက်ကိုအတင်းလှည့်ကြည့်လိုက်တော့...
#အွန့်!
အနမ်းခံလိုက်ရသောသူနှုတ်ခမ်းတွေ။သူ့ကိုယ်လုံးလေးကို ဂျောင်ဂုကအောက်ကိုပို့လိုက်ပြီး အနမ်းနင့်နင့်နဲနဲတွေပေးနေသည်။အပေါ်နှုတ်ခမ်းကိုလျှာနဲ့လျက်လိုက်တာကြောင့် အသိပြန်ဝင်ပြီး သူ့အပေါ်ကကိုယ်လုံးကြီးကိုတွန်းထုတ်လိုက်သည်။
လူချင်းကွာသွားတော့မှ ထယ်ယောင်းကိုယ့်နှုတ်ခမ်းကိုလက်နဲ့သုတ်ပြစ်လိုက်ပြီး ပါးကိုရိုက်ရန်လက်ရွယ်တော့ သူ့လက်တွေကိုဆုပ်ကိုင်ကာ တစ်ချက်နမ်းလိုက်သည်။
"ပါးတော့ထပ်မရိုက်ပါနဲ့ကွာ။ငါကမင်းကိုအသည်းယားလို့နမ်းတာကို..."
"မပြောနဲ့!!"
"ပြောမှာပဲ!"
"မင်း!"
"အင်း...ဘာဖြစ်လဲ။"
သူ့ကိုမထီတထီအပြောတွေနဲ့ ပြောပြီးအပေါ်ကအခုထိမဖယ်ပေးသော ကိုယ်လုံးထွားထွားကြီးရယ်ပါ။အသက်ကသာသူ့ထက်ငယ်တာ ဒီအယုတ်တမာလေးရဲ့ကိုယ်လုံးက သူ့နှစ်ဆလောက်ထွားနေသည်။
အပြင်က အမေလာနှိုးတဲ့အသံကြားမှ ဒင်းကအပေါ်ကဖယ်ပေးသည်။
"ကဲ...ယောက်ျားရေချိုးခန်းထဲကထွက်လာတာနဲ့ရေချိုးပြီးကျောင်းလိုက်ဖို့ပြင်ဆင်ရမယ်နော်။ကျောင်းအများကြီးပျက်တာ ဒီကယောက်ျားကမကြိုက်ဘူး။နားလည်ပြီလား..."
"လဲသေလိုက်!"
"မသေပါရစေနဲ့ဦး မင်းနဲ့လုပ်...."
"ဖယ်တော့!!"
သူ့နဖူးကိုတစ်ချက်နမ်းပြီး ရေချိုးခန်းထဲဝင်သွားသည်။သူလည်းဒီနေ့တော့ ကျောင်းသွားရမည်ဖြစ်သည်။ကျောင်းပျက်တာများနေပြီမလား။
~~~~~
ဂျောင်ဂုနဲ့နှစ်ယောက်သားကျောင်းသွားရသည်။ဒယ်ဒီကရုံးသွားရင်း သူတို့ကိုတစ်ခါတည်းဝင်ပို့ပေးတာကြောင့် ထယ်ယောင်းမှာမငြင်းသာပဲ အတူတူလိုက်ခဲ့ရသည်။ဒီအပတ်ပိတ်ရက်ကျရင်သူတို့စေ့စပ်ရမှာမလား။ကျောင်းပြီးဖို့ကလည်း သိပ်မလိုတာမို့ 1st year ပြီးတာနဲ့သေချာပေါက်လက်ထပ်ရဦးမည်။
"ဘာသံညာသံငါမကြားချင်ဘူးနော် ယောင်း~"
ဘေးနားကနေ လေသံတိုးတိုးလေးနဲ့ပြောနေသောသူကြောင့် ထယ်ယောင်းကားတစ်ဖက်ခြမ်းကိုသာ ကပ်နေလိုက်သည်။ပြန်ပြောနေရင် ထိုအယုတ်တမာလေးက ဒယ်ဒီ့ရှေ့လည်းရှောင်မှာမဟုတ်ဘဲ သူထင်ရာကိုသူလုပ်မှာလေ။
ဟူး...ရှေ့လျှောက် နှစ်ယောက်ဘယ်လိုနှစ်ပါးသွားရမလဲတောင်မသိတော့ပါဘူး။
ကျောင်းထဲဝင်လာတော့ ဘေးနာကနေတစ်ဖဝါးမခွာလိုက်လာသည်။ထယ်ယောင်း သူလည်းစိတ်ရှုပ်တာမို့ ဘာမှမပြောဘဲကိုယ့်အတန်းကိုသာသွားရန်ထွက်လာခဲ့သည်။အတန်းရှေ့ရောက်တော့ လက်ကိုဆတ်ခနဲဆွဲလှည့်လိုက်သည်။
"နေ့လည် break time ကျရင်လာခေါ်မယ်။အတန်းချိန်မလစ်ရဘူး။စာကိုကောင်းကောင်းသင်နော်~"
"ရှည်လိုက်တာ...ငါ့ဘာသာငါဘာလုပ်လုပ်ပေါ့ စောက်ရူး။"
"အွန်း...အဲ့စောက်ရူးက မင်းယောက်ျားနော် ထယ်ယောင်း။"
"ဘာဖြစ်နေတာလဲမင်း!"
"ကိုယ့်ယောက်ျားကို မှာစရာရှိတာမှာနေတာလေကွာ~"
ထယ်ယောင်း ဂျောင်ဂုဆုပ်ကိုင်ထားသောလက်ကိုရုန်းလိုက်ပြီး အခန်းထဲကိုဝင်လာခဲ့လိုက်သည်။ဂျောင်ဂုကတော့ အခန်းရှေ့ကနေသဘောတကျပြုံးကာ နှုတ်ခမ်းကိုစူပြသည်။
ကျစ် အယုတ်တမာလေး!
နေ့လည်ဘက်အတန်းတွေပြီးတော့ break time မို့အတန်းထဲမှာလူသိပ်မရှိ။သူလည်းသွားချင်စိတ်မရှိတာကြောင့် အတန်းထဲတွင်သာထိုင်နေလိုက်သည်။ဟိုအယုတ်တမာလေးကလည်း လာမခေါ်တာကြောင့် တော်သေးသည်ဟုပင်ပြောရမည်။
"ကင်မ်ထယ်ယောင်းက ဒီအခန်းကလားမသိဘူး!"
အတန်းရှေ့ကောင်မလေးတစ်ယောက်က သူ့နာမည်ကိုအော်ခေါ်တာမို့ ထယ်ယောင်းလက်ထောင်ပြလိုက်တော့ သူ့အနားအမောတပမ်းရောက်လာပြီး...
"စီနီယာဂျီမင်းနဲ့ ဂျွန်ဂျောင်ဂုတို့ ရန်ဖြစ်နေလို့။အဲ့ဒါ နင့်ကိုလာခေါ်တာ!"
"ဟမ်!"
"ဟုတ်တယ် တစ်ယောက်နဲ့တစ်ယောက်ထိုးကြိတ်နေကြတယ်။နင် ငါနဲ့လိုက်ခဲ့မြန်မြန်"
ထယ်ယောင်း ထိုကောင်မလေးခေါ်ရာနောက်ကိုလိုက်လာခဲ့တော့ ကျောင်းအနောက်ဘက်သစ်ပင်တွေအောက်မှာ ထိုးကြိတ်နေကြတဲ့နှစ်ယောက်။
"နှစ်ယောက်စလုံးတော်ကြတော့!"
ထယ်ယောင်းသူတို့အနားကိုသွားရပ်ကာ အော်လိုက်တော့ ဂျီမင်းကိုအပေါ်ကနေလက်သီးနဲ့ထိုးနေသော ဂျောင်ဂုကသူ့ကိုလှည့်ကြည့်လာသည်။ခက်ဟဟတစ်ချက်ရယ်ပြီး နောက်ထပ်လက်သီးတစ်ချက် ဂျီမင်းကိုထပ်ထိုးလိုက်သည်။
"ဂျွန်ဂျောင်ဂု!!!"
ထယ်ယောင်းထပ်အော်လိုက်တော့မှထလာပြီး သူ့လက်တွေကိုအတင်းဆွဲကာ တစ်နေရာကိုဆွဲခေါ်သွားသည်။ထယ်ယောင်း ဂျီမင်းကိုလှည့်ကြည့်တော့ လက်ကိုပိုပြီးအားထည့်ဆောင့်ဆွဲခြင်းကိုခံရသည်။
"ဂျွန်ဂျောင်ဂု!!"
"မဖြစ်တော့ဘူး နောက်တစ်ပတ်နေတာနဲ့ငါနဲ့လက်ထပ်ဖို့အသင့်ပြင်ထား ထယ်ယောင်း။"
"သွားသေလိုက်တော့ ဂျွန်ဂျောင်ဂု။လက်ထပ်ပွဲဟုတ်လား ငါသဘောမတူပါဘူး။အဲ့လက်ထပ်ပွဲကို မင်းတစ်ယောက်တည်းပဲကျင်းပလိုက်။"
"ကင်မ်ထယ်ယောင်း ငါအခုဒေါသထွက်နေတာနော်။"
အသက်ရူသံပြင်းပြင်းတွေကြောင့် ဘယ်လောက်ဒေါသထွက်နေမှန်းထယ်ယောင်းရိပ်မိပေမယ့် အရွဲ့တိုက်ချင်စိတ်ကြောင့် အကန်တွေသာပြောလိုက်သည်။နေရာတစ်ကာ ချုပ်ကိုင်ချင်နေသောသူ့ကို ထယ်ယောင်းမြင်ပြင်းကပ်လွန်းသည်။
"အဲ့တော့ ငါကဘာလုပ်ပေးရမှာလဲ။ဂျွန်ဂျောင်ဂုရာ သူ့ဘာသာသူနေတဲ့လူကိုပြဿနာမရှာစမ်းပါနဲ့လား"
"မင်းအကောင်ကိုထိတော့ နာတယ်ပေါ့ဟုတ်လား။"
"မင်းစကားပြောတာမရိုင်းနဲ့။ငါအခုသူနဲ့ပတ်သတ်နေလို့လား မင်းအကြောင်းကိုငါကမသိဘူးဆိုတော့"
"ကင်မ်ထယ်ယောင်း မင်းစကားပြောတာ တစ်ဖက်သတ်မဆန်စမ်းနဲ့!! မင်းအကောင်ကငါ့ကိုအရင်လာစကားနာထိုးတာ မင်းသိလား!!"
"ငါ့ကိုလာမအော်နဲ့ ဂျွန်ဂျောင်ဂု!!"
"ဟာကွာ~ တောက်!!"
ဘေးနားထိုင်ခံကို ခြေထောက်နဲ့ကန်ပြီးဒေါသဖြစ်နေသော ဂျောင်ဂုကို ထယ်ယောင်းတစ်ယောက်တည်းထားခဲ့လိုက်သည်။လက်ရဲဇက်ရဲနဲ့မို့ ထယ်ယောင်းသူ့ကိုတစ်နေ့တစ်ခြားကြည့်မရတာ။လက်မထပ်ဘူးဆိုတာကလည်း အမြင်ကတ်လို့ပြောခဲ့ခြင်းသာ။အမှန်က သူ့မှာငြင်းဆန်ဖို့အခြေအနေမှမရှိတော့တာ။
အသွေးအသားခြင်းနှီးနှောပြီး တစ်ကုတင်တည်းအတူတူအိပ်ပြီးသွားမှတော့ ယောက်ျားပဲဖြစ်ဖြစ်၊မိန်းမပဲဖြစ်ဖြစ် ထိုလူကသူ့အိမ်ထောင်ဖက်ပဲမဟုတ်လား။အသက်ငယ်တဲ့လူမို့ စဥ်းစားဆင်ခြင်စွမ်းနည်းတယ်လို့ပဲ သူဖြည့်တွေးလိုက်သည်။
.
.
.
.
.
ထယ်ယောင်းကျောင်းပြန်ဆင်းချိန်ရောက်တော့ ကျောင်းပေါက်ဝမှာလုံခြုံရေးဦးလေးကြီးနဲ့စကားပြောနေသော ဂျီမင်းကိုတွေ့လိုက်ရသည်။အခုချိန် ထယ်ယောင်းဂျီမင်းကို မျက်နှာချင်းဆိုင်ရမှာ လုံးဝမဝံ့ပါ။တစ်ဖက်လမ်းကိုကူးပြီးသွားရန်ပြင်လိုက်တာ ဂျီမင်းကလည်းထိုလမ်းဘက်ကိုကူးလာသည်။
"ပြန်တော့မလို့လား~"
"အင်း...ဂျီ...ဂျီမင်းနီရော ပြန်တော့မလို့လား။"
"ကျောင်းမတက်လို့ ကိုယ်စိတ်ပူနေခဲ့တာ။နေကောင်းနေတာမြင်ရလို့ တော်သေးတာပေါ့။ကိုယ် ထယ့်ရဲ့...အာ sorry ထယ်ယောင်းရဲ့အတန်းရှေ့နေ့တိုင်းရောက်ဖြစ်တယ်။ကျောင်းမတက်တော့ ကိုယ်အတန်းဖော်တွေတောင်မေးကြည့်သေးတယ်။"
"ဟုတ်...ထယ်နေကောင်းပါတယ်။ထယ်...ထယ်တောင်းပန်ပါတယ် ဂျီမင်းနီး။"
နှစ်ယောက်သား လမ်းကိုအတူတူလျှောက်ရင်း စကားပြောဖြစ်ကြခြင်း။အရင်ကဆို ဒီလမ်းမှာနှစ်ယောက်သားလက်ချင်းတွဲပြီး ပျော်နေခဲ့ပေမယ့် အခုတော့ နှစ်ယောက်ကသူစိမ်းတွေဖြစ်သွားကြပြီလေ။
"ရပါတယ်...ကိုယ်သိပါတယ်။ထယ်ယောင်းက ကိုယ့်အချစ်ကိုကစားခဲ့ရင်တောင်ကိုယ်စိတ်မဆိုးပါဘူး။ဒါပေမယ့် ကိုယ်မင်းကိုတော့ သိပ်ချစ်ခဲ့တာထယ်..."
"ဟို...ထယ်တောင်းပန်ပါတယ်ဆိုတဲ့စကားအပြင် ဘာထပ်ပြောရမလဲမသိတော့ဘူး ဂျီမင်းနီး။ထယ့်ကို ခွင့်လွှတ်ပေးပါ။"
"အိုးဟိုး~ ကွဲကွာခါစအချစ်ငှက်ကလေးနှစ်ကောင်နဲ့တန်းတိုးတာပဲလား။ပြောတော့ဖြင့် စကားတွေက အကြီး,ကြီးတွေ။ပြီးတော့လည်း ဒီဘူတာကိုစိုက်ပြီး အချစ်ခန်း၊အလွမ်းခန်းတွေလာရိုက်နေကြတာပေါ့။"
ဂျီမင်းနဲ့အတူလျှောက်လာရင်း ကားဂိတ်ကိုရောက်လာတော့ လက်ထဲမှာဆေးလိပ်တစ်လိပ်ကိုကိုင်ပြီး ကားစောင့်နေပုံရသောဂျောင်ဂုကိုတွေ့လိုက်ရသည်။သူတို့နှစ်ယောက်ကိုတွေ့တော့ လက်ထဲကဆေးလိပ်ကိုတစ်ချက်ဖွာလိုက်ပြီး မတ်တပ်ရပ်လိုက်သည့်ဂျောင်ဂု။
"ကင်မ်ထယ်ယောင်း... ကင်မ်ထယ်ယောင်း... မင်းကိုငါမထင်ထားဘူးသိလား။ဟွန်း...သိပ်ချစ်တဲ့ ချစ်သူနှစ်ယောက်ရဲ့ချစ်ခြင်းကို ငါခွဲလိုက်သလိုများဖြစ်နေလား။"
"ငါတို့နှစ်ယောက်ဘာမရိုးသားတာမှမလုပ်ထားဘူး ဂျွန်ဂျောင်ဂု။မင်းထင်ရာ မြင်ရာဇွတ်ပြောမနေနဲ့။"
"ငါမင်းကိုတစ်ခွန်းမှမပြောသေးဘူးနော် ပက်ခ်ဂျီမင်း! ကိုယ်နဲ့မဆိုင်ရင် မဆိုင်သလိုနေ။နေရာတစ်ကာ ဝင်မပါနဲ့"
"ဂျွန်ဂျောင်ဂု!!"
ထယ်ယောင်းအော်လိုက်တော့ ဘောင်းဘီအိတ်ကပ်ထဲလက်ကိုထည့်ပြီး ပုခုံးတွန့်ပြသည်။ပထမနှစ်ကျောင်းသားရုပ်တစ်စက်တောင်မပေါက်တဲ့ဒင်းက ကျောင်းcoatအင်္ကျီကိုဘယ်နေရာမှာဘယ်လိုချွတ်ထားမှန်းမသိပါ။
"လာ...ထယ်ယောင်း ငါတို့ပြန်ရောက်မှစကားပြောကြတာပေါ့။နှစ်ကိုယ်ကြားစကားလေးတွေပြောရင်း အတူတူအိပ်ကြမယ်နော်~"
ဂျီမင်းကိုစေ့စေ့ကြည့်ကာသူ့ပုခုံးကိုအတင်းဖက်ပြီး Taxi ပေါ်ကိုအတင်းထိုးထည့်သည်။သူလည်း ပြဿနာအကျယ်မဖြစ်ချင်တာကြောင့် အသာတကြည်သာဝင်ထိုင်လိုက်သည်။ကားပေါ်ရောက်တော့ ရှေ့ကိုတည့်တည့်လှည့်မထိုင်ဘဲ သူ့ဘက်ကိုလှည့်ကာခပ်တည်တည်စိုက်ကြည့်နေသေးသည်။
မပြောမဆိုနဲ့ သူ့လက်ကိုဆွဲယူကာ နမ်းလိုက်သည့်ဂျောင်ဂု။
"ငါမင်းကိုဒေါသဖြစ်မယ်ကြံတိုင်း ဒေါသဖြစ်လို့မရဘူးဖြစ်နေတယ်။ဘာတွေနဲ့များ ငါ့ကိုပြုစားထားတာလဲ ထယ်ယောင်းရာ။"
"စိတ်ပျက်စရာကောင်းလိုက်တာ..."
"မင်းကတော့ သိပ်အသည်းယားစရာကောင်းတယ်"
.......
Luv you all💗
မနက္မိုးလင္းေတာ့ ထယ္ေယာင္း သူ႕ရဲ႕ခါးကိုတစ္ခုခုကရစ္သိုင္းဖက္ထားၿပီး လည္ပင္းနားကအသက္႐ူသံျပင္းျပင္းကိုလည္းၾကားေနရသည္။အိပ္ယာေဘး စားပြဲေပၚကနာရီေလးကိုၾကည့္မိေတာ့ မနက္7နာရီထိုးၿပီးေနၿပီျဖစ္သည္။
"က်စ္! ဒီေကာင္ကိုယ့္ခုံေပၚကိုယ္သြားမအိပ္ဘဲ လူကိုအသားလာယူေနတာပဲ။"
ညက ထိုအယုတ္တမာေလးေၾကာင့္ရင္တုန္ၿပီးေတာ္ေတာ္နဲ႕အိပ္မရဘဲ အိပ္ယာဝင္ေနာက္က်ခဲ့ရသည္။ထိုအယုတ္တမာေလး ဂိမ္းေဆာ့ေနတဲ့အသံကိုအတိုင္းသားၾကားေနရတာေၾကာင့္ဆိုပိုမွန္မည္။လူအိပ္ခ်င္ကို နားမလည္တဲ့အေကာင္။
သူ႕လက္ေတြကိုဆြဲဖယ္ေတာ့ မလႊတ္ေပးတဲ့အျပင္ပိုၿပီးတင္းၾကပ္ကာ လည္ပင္းေတြကိုႏွာေခါင္းျဖင့္ထိကပ္လိုက္ေသးသည္။
"နိုးေနရင္လည္းဖယ္စမ္းပါ! ကိုယ့္ခုံမွာကိုယ္သြားအိပ္!!"
"အြန္း...ဖက္လို႔ေကာင္းတယ္။"
"က်စ္! ဒီလူယုတ္မာကေတာ့..."
ထယ္ေယာင္း ေဂ်ာင္ဂုရဲ႕လက္ေတြကိုဆြဲဖယ္တာကိုမရ။ေဂ်ာင္ဂုက သူ႕လက္ေတြကိုျပန္ခ်ဳပ္ကိုင္ၿပီး သူ႕ေက်ာနဲ႕ရင္ဘတ္ကိုဆြဲကပ္လိုက္သည္။
"ဟ့...ဘယ္လိုျဖစ္ေနတာလဲ"
"ငါမင္းကိုသိပ္အသည္းယားေနၿပီကြာ...။ဟက္...ငါ့စိတ္ရွိတိုင္းဆိုမင္းေတာ့ တစ္စဆီျဖစ္ေနၿပီ သိရဲ႕လား။"
ထယ္ေယာင္း ေဂ်ာင္ဂုရဲ႕စကားေတြကို႐ုန္းေနတာ႐ုတ္ခ်ည္းၿငိမ္သြားသည္။သက္သက္မဲ့အသားယူၿပီး လည္ပင္းနားမွာပြတ္သပ္ေနတဲ့ႏွာေခါင္းေၾကာင့္မေနတတ္ေတာ့တာေၾကာင့္ ေဂ်ာင္ဂုဘက္ကိုအတင္းလွည့္ၾကည့္လိုက္ေတာ့...
#အြန့္!
အနမ္းခံလိုက္ရေသာသူႏႈတ္ခမ္းေတြ။သူ႕ကိုယ္လုံးေလးကို ေဂ်ာင္ဂုကေအာက္ကိုပို႔လိုက္ၿပီး အနမ္းနင့္နင့္နဲနဲေတြေပးေနသည္။အေပၚႏႈတ္ခမ္းကိုလွ်ာနဲ႕လ်က္လိုက္တာေၾကာင့္ အသိျပန္ဝင္ၿပီး သူ႕အေပၚကကိုယ္လုံးႀကီးကိုတြန္းထုတ္လိုက္သည္။
လူခ်င္းကြာသြားေတာ့မွ ထယ္ေယာင္းကိုယ့္ႏႈတ္ခမ္းကိုလက္နဲ႕သုတ္ျပစ္လိုက္ၿပီး ပါးကိုရိုက္ရန္လက္႐ြယ္ေတာ့ သူ႕လက္ေတြကိုဆုပ္ကိုင္ကာ တစ္ခ်က္နမ္းလိုက္သည္။
"ပါးေတာ့ထပ္မရိုက္ပါနဲ႕ကြာ။ငါကမင္းကိုအသည္းယားလို႔နမ္းတာကို..."
"မေျပာနဲ႕!!"
"ေျပာမွာပဲ!"
"မင္း!"
"အင္း...ဘာျဖစ္လဲ။"
သူ႕ကိုမထီတထီအေျပာေတြနဲ႕ ေျပာၿပီးအေပၚကအခုထိမဖယ္ေပးေသာ ကိုယ္လုံးထြားထြားႀကီးရယ္ပါ။အသက္ကသာသူ႕ထက္ငယ္တာ ဒီအယုတ္တမာေလးရဲ႕ကိုယ္လုံးက သူ႕ႏွစ္ဆေလာက္ထြားေနသည္။
အျပင္က အေမလာႏွိုးတဲ့အသံၾကားမွ ဒင္းကအေပၚကဖယ္ေပးသည္။
"ကဲ...ေယာက္်ားေရခ်ိဳးခန္းထဲကထြက္လာတာနဲ႕ေရခ်ိဳးၿပီးေက်ာင္းလိုက္ဖို႔ျပင္ဆင္ရမယ္ေနာ္။ေက်ာင္းအမ်ားႀကီးပ်က္တာ ဒီကေယာက္်ားကမႀကိဳက္ဘူး။နားလည္ၿပီလား..."
"လဲေသလိုက္!"
"မေသပါရေစနဲ႕ဦး မင္းနဲ႕လုပ္...."
"ဖယ္ေတာ့!!"
သူ႕နဖူးကိုတစ္ခ်က္နမ္းၿပီး ေရခ်ိဳးခန္းထဲဝင္သြားသည္။သူလည္းဒီေန႕ေတာ့ ေက်ာင္းသြားရမည္ျဖစ္သည္။ေက်ာင္းပ်က္တာမ်ားေနၿပီမလား။
~~~~~
ေဂ်ာင္ဂုနဲ႕ႏွစ္ေယာက္သားေက်ာင္းသြားရသည္။ဒယ္ဒီက႐ုံးသြားရင္း သူတို႔ကိုတစ္ခါတည္းဝင္ပို႔ေပးတာေၾကာင့္ ထယ္ေယာင္းမွာမျငင္းသာပဲ အတူတူလိုက္ခဲ့ရသည္။ဒီအပတ္ပိတ္ရက္က်ရင္သူတို႔ေစ့စပ္ရမွာမလား။ေက်ာင္းၿပီးဖို႔ကလည္း သိပ္မလိုတာမို႔ 1st year ၿပီးတာနဲ႕ေသခ်ာေပါက္လက္ထပ္ရဦးမည္။
"ဘာသံညာသံငါမၾကားခ်င္ဘူးေနာ္ ေယာင္း~"
ေဘးနားကေန ေလသံတိုးတိုးေလးနဲ႕ေျပာေနေသာသူေၾကာင့္ ထယ္ေယာင္းကားတစ္ဖက္ျခမ္းကိုသာ ကပ္ေနလိုက္သည္။ျပန္ေျပာေနရင္ ထိုအယုတ္တမာေလးက ဒယ္ဒီ့ေရွ႕လည္းေရွာင္မွာမဟုတ္ဘဲ သူထင္ရာကိုသူလုပ္မွာေလ။
ဟူး...ေရွ႕ေလွ်ာက္ ႏွစ္ေယာက္ဘယ္လိုႏွစ္ပါးသြားရမလဲေတာင္မသိေတာ့ပါဘူး။
ေက်ာင္းထဲဝင္လာေတာ့ ေဘးနာကေနတစ္ဖဝါးမခြာလိုက္လာသည္။ထယ္ေယာင္း သူလည္းစိတ္ရႈပ္တာမို႔ ဘာမွမေျပာဘဲကိုယ့္အတန္းကိုသာသြားရန္ထြက္လာခဲ့သည္။အတန္းေရွ႕ေရာက္ေတာ့ လက္ကိုဆတ္ခနဲဆြဲလွည့္လိုက္သည္။
"ေန႕လည္ break time က်ရင္လာေခၚမယ္။အတန္းခ်ိန္မလစ္ရဘူး။စာကိုေကာင္းေကာင္းသင္ေနာ္~"
"ရွည္လိုက္တာ...ငါ့ဘာသာငါဘာလုပ္လုပ္ေပါ့ ေစာက္႐ူး။"
"အြန္း...အဲ့ေစာက္႐ူးက မင္းေယာက္်ားေနာ္ ထယ္ေယာင္း။"
"ဘာျဖစ္ေနတာလဲမင္း!"
"ကိုယ့္ေယာက္်ားကို မွာစရာရွိတာမွာေနတာေလကြာ~"
ထယ္ေယာင္း ေဂ်ာင္ဂုဆုပ္ကိုင္ထားေသာလက္ကို႐ုန္းလိုက္ၿပီး အခန္းထဲကိုဝင္လာခဲ့လိုက္သည္။ေဂ်ာင္ဂုကေတာ့ အခန္းေရွ႕ကေနသေဘာတက်ၿပဳံးကာ ႏႈတ္ခမ္းကိုစူျပသည္။
က်စ္ အယုတ္တမာေလး!
ေန႕လည္ဘက္အတန္းေတြၿပီးေတာ့ break time မို႔အတန္းထဲမွာလူသိပ္မရွိ။သူလည္းသြားခ်င္စိတ္မရွိတာေၾကာင့္ အတန္းထဲတြင္သာထိုင္ေနလိုက္သည္။ဟိုအယုတ္တမာေလးကလည္း လာမေခၚတာေၾကာင့္ ေတာ္ေသးသည္ဟုပင္ေျပာရမည္။
"ကင္မ္ထယ္ေယာင္းက ဒီအခန္းကလားမသိဘူး!"
အတန္းေရွ႕ေကာင္မေလးတစ္ေယာက္က သူ႕နာမည္ကိုေအာ္ေခၚတာမို႔ ထယ္ေယာင္းလက္ေထာင္ျပလိုက္ေတာ့ သူ႕အနားအေမာတပမ္းေရာက္လာၿပီး...
"စီနီယာဂ်ီမင္းနဲ႕ ဂြၽန္ေဂ်ာင္ဂုတို႔ ရန္ျဖစ္ေနလို႔။အဲ့ဒါ နင့္ကိုလာေခၚတာ!"
"ဟမ္!"
"ဟုတ္တယ္ တစ္ေယာက္နဲ႕တစ္ေယာက္ထိုးႀကိတ္ေနၾကတယ္။နင္ ငါနဲ႕လိုက္ခဲ့ျမန္ျမန္"
ထယ္ေယာင္း ထိုေကာင္မေလးေခၚရာေနာက္ကိုလိုက္လာခဲ့ေတာ့ ေက်ာင္းအေနာက္ဘက္သစ္ပင္ေတြေအာက္မွာ ထိုးႀကိတ္ေနၾကတဲ့ႏွစ္ေယာက္။
"ႏွစ္ေယာက္စလုံးေတာ္ၾကေတာ့!"
ထယ္ေယာင္းသူတို႔အနားကိုသြားရပ္ကာ ေအာ္လိုက္ေတာ့ ဂ်ီမင္းကိုအေပၚကေနလက္သီးနဲ႕ထိုးေနေသာ ေဂ်ာင္ဂုကသူ႕ကိုလွည့္ၾကည့္လာသည္။ခက္ဟဟတစ္ခ်က္ရယ္ၿပီး ေနာက္ထပ္လက္သီးတစ္ခ်က္ ဂ်ီမင္းကိုထပ္ထိုးလိုက္သည္။
"ဂြၽန္ေဂ်ာင္ဂု!!!"
ထယ္ေယာင္းထပ္ေအာ္လိုက္ေတာ့မွထလာၿပီး သူ႕လက္ေတြကိုအတင္းဆြဲကာ တစ္ေနရာကိုဆြဲေခၚသြားသည္။ထယ္ေယာင္း ဂ်ီမင္းကိုလွည့္ၾကည့္ေတာ့ လက္ကိုပိုၿပီးအားထည့္ေဆာင့္ဆြဲျခင္းကိုခံရသည္။
"ဂြၽန္ေဂ်ာင္ဂု!!"
"မျဖစ္ေတာ့ဘူး ေနာက္တစ္ပတ္ေနတာနဲ႕ငါနဲ႕လက္ထပ္ဖို႔အသင့္ျပင္ထား ထယ္ေယာင္း။"
"သြားေသလိုက္ေတာ့ ဂြၽန္ေဂ်ာင္ဂု။လက္ထပ္ပြဲဟုတ္လား ငါသေဘာမတူပါဘူး။အဲ့လက္ထပ္ပြဲကို မင္းတစ္ေယာက္တည္းပဲက်င္းပလိုက္။"
"ကင္မ္ထယ္ေယာင္း ငါအခုေဒါသထြက္ေနတာေနာ္။"
အသက္႐ူသံျပင္းျပင္းေတြေၾကာင့္ ဘယ္ေလာက္ေဒါသထြက္ေနမွန္းထယ္ေယာင္းရိပ္မိေပမယ့္ အ႐ြဲ႕တိုက္ခ်င္စိတ္ေၾကာင့္ အကန္ေတြသာေျပာလိုက္သည္။ေနရာတစ္ကာ ခ်ဳပ္ကိုင္ခ်င္ေနေသာသူ႕ကို ထယ္ေယာင္းျမင္ျပင္းကပ္လြန္းသည္။
"အဲ့ေတာ့ ငါကဘာလုပ္ေပးရမွာလဲ။ဂြၽန္ေဂ်ာင္ဂုရာ သူ႕ဘာသာသူေနတဲ့လူကိုျပႆနာမရွာစမ္းပါနဲ႕လား"
"မင္းအေကာင္ကိုထိေတာ့ နာတယ္ေပါ့ဟုတ္လား။"
"မင္းစကားေျပာတာမရိုင္းနဲ႕။ငါအခုသူနဲ႕ပတ္သတ္ေနလို႔လား မင္းအေၾကာင္းကိုငါကမသိဘူးဆိုေတာ့"
"ကင္မ္ထယ္ေယာင္း မင္းစကားေျပာတာ တစ္ဖက္သတ္မဆန္စမ္းနဲ႕!! မင္းအေကာင္ကငါ့ကိုအရင္လာစကားနာထိုးတာ မင္းသိလား!!"
"ငါ့ကိုလာမေအာ္နဲ႕ ဂြၽန္ေဂ်ာင္ဂု!!"
"ဟာကြာ~ ေတာက္!!"
ေဘးနားထိုင္ခံကို ေျခေထာက္နဲ႕ကန္ၿပီးေဒါသျဖစ္ေနေသာ ေဂ်ာင္ဂုကို ထယ္ေယာင္းတစ္ေယာက္တည္းထားခဲ့လိုက္သည္။လက္ရဲဇက္ရဲနဲ႕မို႔ ထယ္ေယာင္းသူ႕ကိုတစ္ေန႕တစ္ျခားၾကည့္မရတာ။လက္မထပ္ဘူးဆိုတာကလည္း အျမင္ကတ္လို႔ေျပာခဲ့ျခင္းသာ။အမွန္က သူ႕မွာျငင္းဆန္ဖို႔အေျခအေနမွမရွိေတာ့တာ။
အေသြးအသားျခင္းႏွီးႏွောၿပီး တစ္ကုတင္တည္းအတူတူအိပ္ၿပီးသြားမွေတာ့ ေယာက္်ားပဲျဖစ္ျဖစ္၊မိန္းမပဲျဖစ္ျဖစ္ ထိုလူကသူ႕အိမ္ေထာင္ဖက္ပဲမဟုတ္လား။အသက္ငယ္တဲ့လူမို႔ စဥ္းစားဆင္ျခင္စြမ္းနည္းတယ္လို႔ပဲ သူျဖည့္ေတြးလိုက္သည္။
.
.
.
.
.
ထယ္ေယာင္းေက်ာင္းျပန္ဆင္းခ်ိန္ေရာက္ေတာ့ ေက်ာင္းေပါက္ဝမွာလုံၿခဳံေရးဦးေလးႀကီးနဲ႕စကားေျပာေနေသာ ဂ်ီမင္းကိုေတြ႕လိုက္ရသည္။အခုခ်ိန္ ထယ္ေယာင္းဂ်ီမင္းကို မ်က္ႏွာခ်င္းဆိုင္ရမွာ လုံးဝမဝံ့ပါ။တစ္ဖက္လမ္းကိုကူးၿပီးသြားရန္ျပင္လိုက္တာ ဂ်ီမင္းကလည္းထိုလမ္းဘက္ကိုကူးလာသည္။
"ျပန္ေတာ့မလို႔လား~"
"အင္း...ဂ်ီ...ဂ်ီမင္းနီေရာ ျပန္ေတာ့မလို႔လား။"
"ေက်ာင္းမတက္လို႔ ကိုယ္စိတ္ပူေနခဲ့တာ။ေနေကာင္းေနတာျမင္ရလို႔ ေတာ္ေသးတာေပါ့။ကိုယ္ ထယ့္ရဲ႕...အာ sorry ထယ္ေယာင္းရဲ႕အတန္းေရွ႕ေန႕တိုင္းေရာက္ျဖစ္တယ္။ေက်ာင္းမတက္ေတာ့ ကိုယ္အတန္းေဖာ္ေတြေတာင္ေမးၾကည့္ေသးတယ္။"
"ဟုတ္...ထယ္ေနေကာင္းပါတယ္။ထယ္...ထယ္ေတာင္းပန္ပါတယ္ ဂ်ီမင္းနီး။"
ႏွစ္ေယာက္သား လမ္းကိုအတူတူေလွ်ာက္ရင္း စကားေျပာျဖစ္ၾကျခင္း။အရင္ကဆို ဒီလမ္းမွာႏွစ္ေယာက္သားလက္ခ်င္းတြဲၿပီး ေပ်ာ္ေနခဲ့ေပမယ့္ အခုေတာ့ ႏွစ္ေယာက္ကသူစိမ္းေတြျဖစ္သြားၾကၿပီေလ။
"ရပါတယ္...ကိုယ္သိပါတယ္။ထယ္ေယာင္းက ကိုယ့္အခ်စ္ကိုကစားခဲ့ရင္ေတာင္ကိုယ္စိတ္မဆိုးပါဘူး။ဒါေပမယ့္ ကိုယ္မင္းကိုေတာ့ သိပ္ခ်စ္ခဲ့တာထယ္..."
"ဟို...ထယ္ေတာင္းပန္ပါတယ္ဆိုတဲ့စကားအျပင္ ဘာထပ္ေျပာရမလဲမသိေတာ့ဘူး ဂ်ီမင္းနီး။ထယ့္ကို ခြင့္လႊတ္ေပးပါ။"
"အိုးဟိုး~ ကြဲကြာခါစအခ်စ္ငွက္ကေလးႏွစ္ေကာင္နဲ႕တန္းတိုးတာပဲလား။ေျပာေတာ့ျဖင့္ စကားေတြက အႀကီး,ႀကီးေတြ။ၿပီးေတာ့လည္း ဒီဘူတာကိုစိုက္ၿပီး အခ်စ္ခန္း၊အလြမ္းခန္းေတြလာရိုက္ေနၾကတာေပါ့။"
ဂ်ီမင္းနဲ႕အတူေလွ်ာက္လာရင္း ကားဂိတ္ကိုေရာက္လာေတာ့ လက္ထဲမွာေဆးလိပ္တစ္လိပ္ကိုကိုင္ၿပီး ကားေစာင့္ေနပုံရေသာေဂ်ာင္ဂုကိုေတြ႕လိုက္ရသည္။သူတို႔ႏွစ္ေယာက္ကိုေတြ႕ေတာ့ လက္ထဲကေဆးလိပ္ကိုတစ္ခ်က္ဖြာလိုက္ၿပီး မတ္တပ္ရပ္လိုက္သည့္ေဂ်ာင္ဂု။
"ကင္မ္ထယ္ေယာင္း... ကင္မ္ထယ္ေယာင္း... မင္းကိုငါမထင္ထားဘူးသိလား။ဟြန္း...သိပ္ခ်စ္တဲ့ ခ်စ္သူႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းကို ငါခြဲလိုက္သလိုမ်ားျဖစ္ေနလား။"
"ငါတို႔ႏွစ္ေယာက္ဘာမရိုးသားတာမွမလုပ္ထားဘူး ဂြၽန္ေဂ်ာင္ဂု။မင္းထင္ရာ ျမင္ရာဇြတ္ေျပာမေနနဲ႕။"
"ငါမင္းကိုတစ္ခြန္းမွမေျပာေသးဘူးေနာ္ ပက္ခ္ဂ်ီမင္း! ကိုယ္နဲ႕မဆိုင္ရင္ မဆိုင္သလိုေန။ေနရာတစ္ကာ ဝင္မပါနဲ႕"
"ဂြၽန္ေဂ်ာင္ဂု!!"
ထယ္ေယာင္းေအာ္လိုက္ေတာ့ ေဘာင္းဘီအိတ္ကပ္ထဲလက္ကိုထည့္ၿပီး ပုခုံးတြန့္ျပသည္။ပထမႏွစ္ေက်ာင္းသား႐ုပ္တစ္စက္ေတာင္မေပါက္တဲ့ဒင္းက ေက်ာင္းcoatအကၤ်ီကိုဘယ္ေနရာမွာဘယ္လိုခြၽတ္ထားမွန္းမသိပါ။
"လာ...ထယ္ေယာင္း ငါတို႔ျပန္ေရာက္မွစကားေျပာၾကတာေပါ့။ႏွစ္ကိုယ္ၾကားစကားေလးေတြေျပာရင္း အတူတူအိပ္ၾကမယ္ေနာ္~"
ဂ်ီမင္းကိုေစ့ေစ့ၾကည့္ကာသူ႕ပုခုံးကိုအတင္းဖက္ၿပီး Taxi ေပၚကိုအတင္းထိုးထည့္သည္။သူလည္း ျပႆနာအက်ယ္မျဖစ္ခ်င္တာေၾကာင့္ အသာတၾကည္သာဝင္ထိုင္လိုက္သည္။ကားေပၚေရာက္ေတာ့ ေရွ႕ကိုတည့္တည့္လွည့္မထိုင္ဘဲ သူ႕ဘက္ကိုလွည့္ကာခပ္တည္တည္စိုက္ၾကည့္ေနေသးသည္။
မေျပာမဆိုနဲ႕ သူ႕လက္ကိုဆြဲယူကာ နမ္းလိုက္သည့္ေဂ်ာင္ဂု။
"ငါမင္းကိုေဒါသျဖစ္မယ္ႀကံတိုင္း ေဒါသျဖစ္လို႔မရဘူးျဖစ္ေနတယ္။ဘာေတြနဲ႕မ်ား ငါ့ကိုျပဳစားထားတာလဲ ထယ္ေယာင္းရာ။"
"စိတ္ပ်က္စရာေကာင္းလိုက္တာ..."
"မင္းကေတာ့ သိပ္အသည္းယားစရာေကာင္းတယ္"
.......
Luv you all💗