Unicode~
Antonသတိရပြီဟူသော သတင်းကြား၍ Taehyungဆေးရုံကို ချက်ချင်းလိုက်သွားရသည်။ တကယ်စိတ်ပူနေလို့လား၊ အိမ်ရှင်ဖြစ်နေလို့လား သူ့ကိုယ်သူ ဝေခွဲချိန် မရလိုက်။
ပြည်သူ့ဆေးရုံကြီး၏ ကုတင်ပေါ် လဲလျောင်းလျက်ရှိသော Antonကို မြင်ရချိန် သူအတတ်နိုင်ဆုံး ချိုသာစွာ ပြုံးပြလိုက်သည်။ ကုတင်ဘေးခုံတန်းမှာ ဝင်ထိုင်လိုက်ရုံရှိသေး Antonက သူ့လက်ကို အုပ်ကိုင်လာသည်။ အားကိုးချင်လို့ပဲ ဖြစ်ပါလိမ့်မည်။ သူဒါကို ထူးထူးထွေထွေတွေ တွေးနေရန်မလိုပါ။
"ဘယ်လိုနေသေးလဲ။ ခေါင်းကရော သက်သာရဲ့လား"
"ချက်ချင်းတော့ ဘယ်သက်သာဦးမလဲ။ တဆစ်ဆစ်ကိုက်နေတာ"
"တောင်းပန်ပါတယ်။ ကိုယ်ကာကွယ်ပေးမယ်ပြောပြီး ကတိမတည်နိုင်ခဲ့ဘူး"
Antonက ခွင့်လွှတ်ဟန်ဖြင့် အသာအယာခေါင်းညိတ်ပြပါသည်။
အခုလိုအချိန်မှာ သူ့ဘက်က အစွမ်းကုန်ယုယကြင်နာပြသင့်မှန်း သိပါလျက် သူဟာ ကျောက်ရုပ်တစ်ရုပ်နဲ့မခြား ငြိမ်သက်စွာ ရှိနေခဲ့သည်။
ဘယ်လိုနောက်ပြန်ဆုတ်ရမလဲ။ Antonကို သူသဘောကျရုံသာကျတာ။ မချစ်လိုက်နိုင်ဘူးတဲ့လား။ သဘောကျခြင်းနှင့် ချစ်ခြင်းအကြား ထူထဲလှစွာသော နံရံတစ်ခုရှိပြီး သူထိုနံရံကို မကျော်နိုင်။
သူ့ဘက်က လက်ထပ်မယ်ဟု ပြောပြီးမှ သူ့ဘက်က ပြန်ရုတ်သိမ်းရအောင်ကျတော့လည်း တစ်ဖက်လူကို အလေးအနက်မထားရာ ကျလွန်းပါ၏။
သဘောကျရုံဖြင့် လူတစ်ယောက်ကို လက်မထပ်နိုင်ကြောင်း၊ လက်ထပ်ဖို့မလွယ်ကူကြောင်း သူသိလိုက်ရချိန်မှာ သိပ်ကို အခါနှောင်းသွားလေပြီ။
Antonခေါင်းပေါ်မှာ ပတ်တီးအဖွေးသား။ သူ့ကြောင့် ပြင်းထန်ဒဏ်ရာအထိရထားသော ကောင်လေးကို ဘယ်လိုလုပ်ပြီး သစ်စိမ်းချိုးချိုးရက်ပါ့မလဲ။ တာ၀န်မယူတတ်တဲ့ ယောကျ်ားတစ်ယောက်တော့ မဖြစ်လို။ သူဖောက်ခဲ့တဲ့လမ်းကို အောင့်အည်းသည်းခံ လျှောက်ရုံသာ ကျန်တော့သည်။
"ကျွန်တော်တို့ အိမ်ငှားကြမလားဟင်"
"ဟင်.. Anton ဘာပြောတာလဲ"
"ဪ.. လူဝီဗီးလ်မှာပဲ အိမ်သပ်သပ်ငှားနေကြမလားလို့လေ။ အမှန်အတိုင်းပြောရရင် ခင်ဗျားနဲ့ သူဌေးမင်းအတူရှိနေသ၍ ကျွန်တော်ကြောက်နေရမှာ"
Taehyung အားနာပေမဲ့ ချက်ချင်းအဖြေမပေးနိုင်။ သည်အိမ်ကြီးထဲကနေ အကြိမ်ကြိမ်ထွက်ပြေးဖူးပါလျက် အခုလိုအပြီးတိုင်ထွက်သွားဖို့ရာကျ သူနောက်တွန့်နေမိသည်။ ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ သည်အိမ်ကြီးထဲ သူကြီးပြင်းခဲ့ရသည်။ သည်စံအိမ်ထဲက လေကို ရှူရှိုက်ခဲ့ရသည်။
အမှတ်တရတွေက မလှသော်ငြား ဖျောက်ဖျက်လို့မရ။
အထူးသဖြင့် Jeon JungKook. သူ့ကို ကိုယ်ထားခဲ့နိုင်ပါ့မလား။ ကိုယ်ဘယ်နေရာရောက်ရောက် ညတွင်းချင်းလိုက်ရှာတတ်သူ၊ ကိုယ့်ကြောင့် ညမအိပ်ဘဲ နေနိုင်သူ။
ကိုယ့်ကို အလိုအပ်ဆုံးသူ။
မနေ့ကတင် ဆရာ၀န်ပြောတာတွေလည်း ကိုယ်ကြားခဲ့သား။ Jeon JungKookနှုတ်ဖျားက ဝန်ခံပြောဆိုခြင်း မရှိသည့်တိုင် ကိုယ့်ကိုလိုအပ်နေကြောင်း ကိုယ်သိလို့နေသည်။
ယတိပြတ်ထားသွားဖို့ရာ လွယ်ကူမနေပါ။ ချစ်ခြင်းမှာမှ သံယောဇဥ်ရှိတာမဟုတ် အမုန်းတရားမှာလည်း သံယောဇဥ်ရှိနိုင်ပါသည်။ အမုန်းတရားကတစ်ဆင့် စွဲလမ်းတတ်ပြီး မုန်းလျက်နှင့်ပင် ထိုလူကို တမ်းတနိုင်ပြန်ပါသည်။
"အဲ့လိုလုပ်လို့မရဘူးလားဟင်"
Antonက ညုတုတုအသံနဲ့ ပြောလာတော့ Taehyung အံ့ဩလို့သွားသည်။ ဒါက သူ့ပုံစံသူ့အကြိုက်ဟုတ်မနေပါ။
သည်အချိန်မှာ သူ့စိတ်အာရုံက ထွေပြားလျက်ရှိပြီး လူနာဖြစ်နေသူ Antonကိုပင် အကောင်းမြင်နိုင်ဖို့ ခဲယဥ်းပါ၏။
"ကိုယ်မင်းကိုနားလည်ပါတယ်။ အခုတော့ ကိုယ့်မှာ အိမ်ငှားဖို့စရန်ငွေတောင် မပေးနိုင်သေးဘူး"
"မဟုတ်ဘူးလေ။ ငွေက အရေးမကြီးပါဘူး။ ကျွန်တော့်မှာ အတော်အသင့်ရှိပြီးသားပါ။ အဓိကက Taehyung သူဌေးမင်းအနားက ထွက်လာဖို့ပဲ"
Anton ပွင့်ပွင့်လင်းလင်းပြောချလိုက်စဥ် Taehyungမျက်နှာက ရုပ်ပျက်ဆင်းပျက် အိုကျသွားသည်အား တွေ့လိုက်ရ၏။
Taehyung ဘယ်လိုထင်ထင် သူဂရုမစိုက်။ အရေးကြီးတာ သူဌေးမင်းအနား ရှိမနေဖို့။
သူအခုလိုဖြစ်ရတာ Taehyungကြောင့်။ သူဌေးမင်းကို ကြိုးရှည်ရှည်နဲ့လှမ်းပြီး ကစားလွန်နေတဲ့ Taehyungကြောင့်။
သူဌေးမင်းအနားမှာနေပြီးသာ စိတ်ဒုက္ခပေးမနေဘူးဆို သူဌေးမင်းလည်း စိတ်ကျဝေဒနာခံစားနေရမှာမဟုတ်။ သူ့ကို ဒဏ်ရာရစေတဲ့အထိလည်း စိတ်လွတ်သွားမှာ မဟုတ်။
အားလုံးရဲ့ ပြဿနာအရင်းအမြစ်အစက Taehyungသာ။
အစတည်းကသာ Taehyung ရှိမနေခဲ့ရင် သူဌေးမင်းအာရုံထဲကလူက သေချာပေါက် သူဖြစ်လာမှာ။ ဝါသနာတူ၊ အဆင့်အတန်းတူတဲ့ သူလိုလူကို ပစ်ပစ်ခါခါငြင်းဆန်ရလောက်တဲ့အထိ Kim Taehyungဆိုတဲ့ တံတိုင်းအရှိန်အဝါက နည်းတာမဟုတ်။
"မဖြစ်နိုင်ဘူး Anton. သူ.. သူကိုယ့်ကို လိုအပ်တယ်"
"Taehyung.. Taehyungပြောတော့ သူ့ကို မုန်းတယ်ဆို။ Taehyungမိဘတွေကို သတ်ခဲ့တဲ့လူဆို။ အဲ့လိုလူဘက် ကြည့်ပေးနေရအောင် Taehyungမိဘတွေကို အားမနာဘူးလား"
မိန်းမမာယာသဲကိုးဖြာဆိုတာထက် Antonမာယာက ပိုသာသည်။ အပြစ်ကင်းသူတစ်ယောက်လို နစ်နာသူ တစ်ယောက်လို အမူအရာက တစ်ချက်မလျော့သွား။
သူဌေးမင်းကို ချစ်လှပါချည်ရဲ့ ဆိုသည်တိုင် Taehyungဆီက ဆွဲထုတ်ချင်ဇောနှင့် အလိမ်အညာစကားတွေကို ပြောရဲသည်။ သူ့လိုရင်းက Taehyung အဲ့သည်စံအိမ်မှာ ဆက်မရှိတော့ဖို့ တစ်ခုတည်း။
"ကိုယ်မသိဘူး Anton. သူ့မှာ ကိုယ်တစ်ယောက်တည်းရှိတာ။ ကိုယ့်ကိုပဲကြည့်နေရင်း ဒီအသက်အရွယ်ထိ ရောက်လာတဲ့သူကို ချက်ချင်းကြီးထားခဲ့ဖို့တော့ မဖြစ်နိုင်ဘူးလေ"
"Taehyungက မပြတ်သားလိုက်တာ။ မဟုတ်မှလွဲရော.. Taehyungသူဌေးမင်းကို ချစ်နေတာများလား"
သေချာသတိထားနားစွင့်လျှင် Antonအသံတွေ တုန်နေတာကို ကြားရလိမ့်မည်။
တစ်ဖက်က Taehyungမှာလည်း မမျှော်လင့်ထားသော မေးခွန်းကြောင့် အထိတ်တလန့်ဖြစ်သွားသည်မှာ အမှန်။
အမှန်တရားဆိုရင်တောင် ဘယ်တော့မှ ဝန်ခံနိုင်မည်မဟုတ်သော သူ့အပိုင်နိယာမများထဲတွင် ထိုမေးခွန်း၏ အဖြေအား ထိပ်ဆုံးမှာ မင်နီတားလျက် ဖော်ပြထား၏။
ဟင့်အင်း.. သူမချစ်နိုင်ပါဘူး။
အဖေ့ကျောပြင်ကနေ စိမ့်ထွက်လာသည့် သွေးအိုင်ကြီးကိုလည်း သူ့မျက်လုံးထဲ မြင်ယောင်နေဆဲ။ အိပ်မက်မဟုတ်တဲ့ အမှန်တရားတွေ။ အိပ်မက်ဆိုးပါဆိုပြီး တစ်သက်လုံး လိမ်နေခဲ့တာ။
အဖေသေရသည့်အကြောင်းအရင်းက အိပ်မက်ရုံမဟုတ်ကြောင်း သေချာပါလျက် Jeon JungKookအပေါ် ပြတ်ပြတ်သားသား မမုန်းနိုင်လိုက်ပုံများ။
တာ၀န်မကျေနိုင်တဲ့ သားတစ်ယောက်လို ရင်ထဲမှာ နင့်နင့်သည်းသည်း။ အဖေ့ကို သည်လိုဆိုးဆိုးရွားရွားသေစေတဲ့လူကို မပြစ်ရက်ပါဘူးတဲ့လေ။ သူဘယ်လောက်တောင် မိုက်မဲလိုက်သလဲ။
"မချစ်ဘူး.. ကိုယ့်ကို မစော်ကားနဲ့"
"ကျွန်တော့်ကိုပဲ ချစ်တာမလား၊ ဟုတ်တယ်မလားဟင်"
Taehyung ပြန်မဖြေနိုင်ခဲ့။ သူ့မှာအချစ်လည်းမရှိသလို ရှိဖို့လည်း မလိုအပ်ဟု ယူဆထားသည်။
Antonကို သိပ်သဘောကျတာ ဘယ်လောက်ပဲမှန်မှန် ဒါဟာ အချစ်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်း။ လိမ်ညာဖြေဆို၍မရနိုင်သည်အထိ မချစ်မနှစ်သက်ခြင်းက မျက်နှာပေါ်မှာ အထင်းသား။
"ကျွန်တော့်ကို မချစ်ဘူးပဲ။ မချစ်ဘဲ လက်ထပ်ဖို့ ပြောခဲ့တာလား ဟင်.."
"ကိုယ်မင်းကို လက်ထပ်မှာပါ။ မင်းတွေးပူစရာမလိုပါဘူး"
"ကျွန်တော်လက်ထပ်ဖို့ကို လောနေတာမဟုတ်ဘူး။ Taehyung အဲ့သည်အိမ်က ထွက်လာဖို့ကို လောနေတာ"
Taehyungသက်ပြင်းခိုးချလိုက်သည်။ လက်ထပ်ဖို့က ပန်းတိုင်မဟုတ်ဘူးတဲ့လား။
သူ့ဘက်က သည်စံအိမ်ကိုရော Jeon JungKookကိုရော ထားခဲ့လို့မှ မဖြစ်တာ..။ ဖိအားတွေက သူ့ကို မွှန်းကြပ်စေပြီး စိတ်နှလုံးကို ယိုင်နဲ့စေသည်။
"လောလောဆယ် မင်းဆေးရုံဆင်းရဖို့က အဓိကပါ"
____
"သခင်လေး.."
"Audieလား.. လာလေ။ ဘာကိစ္စရှိလို့လဲ"
သူခေါ်လိုက်တော့ Audieက သူ့အခန်းထဲ တန်းတန်းမတ်မတ်ဝင်လာသည်။ သူနဲ့အသက်အရွယ် မတိမ်းမယိမ်းဆိုပေမဲ့ Audieက ထောင်ထောင်မောင်းမောင်း။ ကိုယ်ခံပညာနှင့် အသက်မွေးနေရသူဖြစ်သည့်အတွက် အနည်းငယ်ရုပ်ရင့်သည်။
"သခင်လေးကို Antonပြောနေတာကြားခဲ့တယ်။ ရည်ရွယ်ချက်ရှိရှိနားထောင်ခဲ့တာပဲ ဆိုပါတော့"
Taehyungက မကျေနပ်ဟန်ပြသည်။ သူ့ကိုယ်ရေးကိုယ်တာကို အခုလို စွက်ဖက်တာမျိုးက သူ့အကြိုက်မဟုတ်။
"သူအမိန့်ပေးလိုက်လို့လား"
"မဟုတ်တာ။ သူဌေးမင်းကို အထင်မလွဲပါနဲ့။ ကျွန်တော့်ဆန္ဒနဲ့ကျွန်တော် သိသင့်တယ်ထင်လို့ပါ"
Audieက သက်တော်စောင့်များ အားလုံးထဲမှာ ပြောရေးဆိုခွင့်အရှိဆုံးသူတစ်ယောက်။ အချို့အလုပ်ကိစ္စတွေကို အကြံပေးသည့်အပြင် Jeon JungKookရဲ့ အနီးဆုံးမှာ အမြဲရှိနေသူ။
သည်လိုသက်တော်စောင့်က သိတယ်ဆိုရင် Jeon JumgKookမသိဘဲနေတာမဖြစ်နိုင်တော့။
"ဘာ.. မင်းအခု ငါ့ကို မခန့်လေးစားလုပ်လိုက်တာပေါ့လေ။ မင်းလုပ်ရပ်က ဘယ်လောက်တောင် စည်းမရှိ.."
"သခင်လေးမကျေနပ်ရင် နောက်မှ ကြိုက်သလိူ အပြစ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောတာ နားထောင်ပေးပါ"
"ဟင်း.. ပြော ဘာပြောမှာလဲ"
"သခင်လေး ဒီအိမ်ကြီးက ထွက်သွားမလို့လား။ Antonနဲ့လေ။ တကယ်လို့ အဲ့လိုဆုံးဖြတ်ထားတယ်ဆို သူဌေးမင်းဘက်ကို ကြည့်ပါဦးလား။ သူ့မှာ သခင်လေးပဲရှိတာလေ။ သခင်လေးမရှိရင် မဖြစ်ဘူးဆိုတာ သိနေတယ်မလား"
အမှန်တရားက ခါးသက်သက်။ ကိုယ်တွေနှစ်ယောက်ကိစ္စကို ကြားလူက ဝေဖန်နေသည့်အခါ ပိုလို့ ခံရခက်သည်။ ဘေးလူက ဆုံးမနေရလောက်သည်အထိ သူက မူမမှန်ဖြစ်နေပြီလား။ သူလုပ်နေတာတွေက သူများထောက်ပြစရာကောင်းလောက်အောင် ဟာကွက်တွေရှိနေပြီလား။
ဟင့်အင်း.. မဖြစ်နိုင်ပါဘူး။ လူတွေ သူ့ကို ဝေဖန်နေတယ်ဆိုတာကလည်း သူ့နောက်ကြောင်းကုန်စင်ကို မသိဘဲ ရမ်းသမ်းဝေဖန်နေကြခြင်းများသာ။
သူ့အတိတ်ကိုသာသိကြရင် ဝိုင်းသနားနေကြမှာပဲလေ။
"ငါက ဘယ်တုန်းကမှ သူ့အနားမရှိခဲ့ပါဘူး။ လူကိုသာ အတင်းအကြပ်ခေါ်ထားလို့ရချင်ရမယ်။ ငါ့စိတ်ကိုတော့ ခေါ်ချင်တိုင်းခေါ် ချုပ်ချင်တိုင်းချုပ်ထားလို့ရမယ် မထင်နဲ့"
"သူဌေးမင်းက ဘယ်တုန်းက ချုပ်ထားလို့လဲ။ သူ့အနားမှာ ရှိစေချင်ရုံလေးပါ။ သခင်လေးကို မြင်နေရရင် သူ့ကိုယ်သူစိတ်ဖြေသာမယ်ထင်နေတာ။
စိတ်ငြိမ်ဆေးပမာဏတွေသာတိုးလာတယ် သခင်လေးသူ့အနားမှာ လူရောစိတ်ရော မရှိပါဘူး"
"မင်း! မင်း.. ငါ့ကို ဝေဖန်နေတာလား"
"ဟုတ်တယ်။ ကျွန်တော်ဝေဖန်သင့်တယ်ထင်လို့ ဝေဖန်တယ်။ သခင်လေးတို့ကြား ဘာကိစ္စတွေရှိခဲ့လဲ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ပစ္စုပ္ပန်ကိုကြည့်ရင် သခင်လေး မမှန်ဘူး"
သူ့ကိုပစ်ပစ်ခါခါပြောဆိုရင်း Audieက ထွက်သွားသည်။ သူဟာ ကယောင်ခြောက်ခြားနှင့် ဆုံးဖြတ်ချက်ကို မချနိုင်သေး။
ညနေဆို Antonဆေးရုံက ဆင်းတော့မည်။ သည်အိမ်မှာ ဆက်မနေချင်ဘူးဟု ဆိုသည်။ သူဘာဆက်လုပ်ရမလဲ စဥ်းစားရင်း စဥ်းစားရင်း ရူးသွားနိုင်သည်။
Antonဆေးရုံမှာနေသည့် ရက်ပိုင်းအတွင်း သူနဲ့ Jeom JungKook မတွေ့ဖြစ်။ မတွေ့ဖြစ်တာထက် သူက အရှောင်ခံနေရတာ။
အိပ်ခန်းနှင့် အလုပ်ခန်းထဲသာ အောင်း၍နေသူ Jeon JungKookကတော့ သူ့ကို တစ်နည်းနည်းနဲ့ ကြည့်နေပါလိမ့်မည်။ သူ့ဘက်ကသာ မမြင်ရတာ သူ့ကို မြင်နေရသည်အား သူခံစားမိလို့နေ၏။
သူ Jeon JungKookကို ထိပ်တိုက်သွားတွေ့လိုက်သင့်လား။ ခင်ဗျားသဘောအတိုင်းဆက်လုပ်မယ်ဟု အခွင့်အရေးပေးလိုက်သင့်လား။
ဘယ်လိုရွေးရွေး ကျန်နေခဲ့ရမည့် သူဌေးမင်းJeonကို လှောင်ပြောင်သလိုများ ဖြစ်နေမလား။
မေးခွန်းပေါင်းများစွာက ခေါင်းထဲက အဆက်မပြတ်ထွက်လာတော့သည်။
နောက်ဆုံးတော့ သူဟာ Jeon JungKookရှိရာအခန်းဆီသာ ဦးတည်လိုက်၏။ ဘာပြောရမယ်၊ ဘာလုပ်ရမယ် စသဖြင့် စဥ်းစားခြင်း အလျှင်းမရှိဘဲ လာခဲ့တာ။ သူ့ခေါင်းထဲရော နှလုံးသားထဲပါ ဗလာကျင်းလျက်။
Jeon JungKookကို မြင်လိုက်ရလျှင်၊ စကားပြောလိုက်ရလျှင် သူအဖြေတစ်ခုခုတော့ ရနိုင်တာပဲမဟုတ်လား။
"ကျွန်တော်လာတယ်"
"ထိုင်လေ အသည်းရဲ့။ အဲ့လိုရပ်မနေပါနဲ့.. ခြေဖနောင့်တွေ ဒဏ်ပိလိမ့်မယ်"
သူ့ကို အမြဲတမ်း အပိုဆာလာစကားတွေပြောနေတဲ့သူဟု မှတ်ထားတာ။ အပိုတွေမှ ဟုတ်ပါရဲ့လား။
ကိုယ့်ခြေဖနောင့်လေးဒဏ်ထိမှာကအစ ကိုယ့်ဆံဖျားတွေ နေလောင်မှာအဆုံး သူတကယ်စိတ်ပူတတ်တာ ဖြစ်နိုင်တာပဲလေ။
"ကိုယ့်ကို တစ်ခုခု ပြောစရာရှိလို့လား။ အကြောင်းမဲ့တော့ ကိုယ့်ကို လာတွေ့မှာမဟုတ်ဘူး"
"အင်း.. ပြောစရာထက် တိုင်ပင်စရာလို့ဆိုရမလား။ အသိပေးရုံပေးတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း မသေချာသေးဘူး"
"လေးနက်လိုက်တာ။ အရေးကြီးကိစ္စထင်တယ်"
JungKook မျက်နှာထားမှာ အပျက်ပျက် အယွင်းယွင်း။ သူမကြားချင်ဆုံးစကားကိုမှ ကြားရတော့မှာလား။
Audieဆီကတော့ အနည်းအကျဥ်းမျှ ကြားပြီးလေပြီ။ သူကိုယ့်ဆီက ထွက်သွားဖို့ ခွင့်ပန်သည့်ကိစ္စအတွက် သူတတ်နိုင်သမျှတော့ ကြိုပြင်ဆင်ထားပါ၏။
Taehyungလေး သူ့ဆီက ထွက်သွားဖို့ပြောတာ ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘဲ သူသည်တစ်ခါ ပိုဝမ်းနည်းသည်။ တတိယလူဝင်လာလို့များလား။
Taehyungက ကိုယ့်ထက် Antonကို ယုံမည့်သူဆိုတော့ သူ့ဘက်က အရှုံးချိန်ခွင်မှာ အလေးသာပြီးလျက်သား။
"Antonက ဒီမှာမနေချင်တော့ဘူးလို့ပြောတယ်။ အပြင်မှာ အိမ်ငှားနေချင်တယ်တဲ့။ ခင်ဗျားကို အပြစ်တင်နေတာမဟုတ်ဘူးနော်..။ ကျွန်တော် ဒီအတိုင်း.."
"စကားကို ရှည်ရှည်ဝေးဝေးပြောမနေနဲ့။ မင်းဘယ်လို ဆုံးဖြတ်ထားလဲ"
အသံမမာမာအောင် ချုပ်တည်းပြောဆိုပြီးတော့ သူတစ်ဖက်ကို လှည့်လိုက်သည်။ Taehyungကို မြင်နေရရင် သူစိတ်ခိုင်မှာမဟုတ်။ စိတ်မခိုင်ခြင်းနောက်မှာ အတ္တနှင့် လောဘက ကပ်ပါလာဦးမှာ။
သည်မျက်ဝန်း၊ သည်နှုတ်ခမ်းတွေကို သူမြင်နေရင် လောဘမတက်ဘဲ နေနိုင်ရိုးလား။
ထပ်ဆွဲထားမိဦးမှာ ဧကန်။
"ကျွန်တော်.. ကျွန်တော်မသိဘူး"
"မင်းမသိလို့ရမလား။ မင်းအဲ့လောက် သူမှသူဖြစ်နေရင်လည်း ကိုယ်မဆွဲထားဘူး Taehyung"
တတ်နိုင်သလောက် ထိန်းထားလျက်နှင့် စကားသံအဆုံးမှာ ရှိုက်သံက ပါလာသည်။ သိသိသာသာဖြစ်နေတော့ Taehyung မကြားဘဲ မနေနိုင်။ သူဟာ တစ်ဖက်နံရံကို ငေးစိုက်ကြည့်နေရင်း နောက်ထပ်ပြောချင်တဲ့ ခပ်မာမာ တင်တင်စီးစီးစကားများသည် လေထဲတင် ပျောက်ဆုံးသွားရ၏။
Taehyungကိုလည်း လှည့်မကြည့်နိုင်သလို ဘယ်နေရာ ဘယ်ဌာနဆီမှလည်း အကြည့်မရောက်နိုင်။ ဘာကိုမှ မမြင်နိုင်သည်အထိ သူ့အမြင်လွှာကို မျက်ရည်များက ကာထားလျက်။
"ခင်ဗျား ငိုနေတယ်.. ဟုတ်လား"
ထပ်ဖြေရင် ရှိုက်သံပါနေဦးမှာ။ သူမကြားသလိုသာ နှုတ်ဆိတ်နေလိုက်တော့သည်။
"ဒီဘက်လှည့်စမ်းပါ Jeon JungKook.."
Taehyung အတင်းဆွဲလှည့်မှ မျက်ရည်တို့လျှံကျလျက်ရှိနေသော Jeon JungKookကို မြင်ရတော့သည်။ မေးတဆတ်ဆတ်တုန်ရီနေသည်အထိ ငိုသံမထွက်အောင် အံကြိတ်ထားတာတဲ့လေ။
ဘုရား ဘုရား.. သည်လူက သူ့ကြောင့် ငိုနေပါတယ်တဲ့လေ။
လူတွေရဲ့ အသက်ဇီဝိန်ကိုလည်း ခြွေခဲ့ဖူးသည်။ မသေရုံတစ်မယ်လည်း နှိပ်စက်ခဲ့ဖူးသည်။ လူတွေကို သေနတ်ပစ်လက်တည့်စမ်းစရာ အရုပ်တွေလို သဘောထားခဲ့ဖူးသည်။ ဤမျှ ကြမ်းကြုတ်သည်ဟု သိထားသော သူဌေးမင်းJeonက Kim Taehyungထွက်သွားမယ်ဆိုတဲ့အတွေးကြောင့် ငိုနေပါသတဲ့လေ။
ရှိုက်သံတွေ ထွက်သည်အထိ မျက်ရည်စီးကြောင်းတွေ မခန်းခြောက်နိုင်သည်အထိ တပေါက်ပေါက်ကျနေတဲ့ မျက်ရည်စတွေကို သူကိုယ်တိုင်တောင် ဖယ်ရှားသုတ်သင်ခြင်းမပြုမိ။
"ခင်ဗျား မသွားစေချင်ဘူးမလား"
"မင်းသိရက်နဲ့ ကိုယ့်ကိုပိုနာအောင် မေးနေတာပဲ။ ကိုယ့်ဆန္ဒကို မင်းဆုံးဖြတ်ချက်မှာ ထည့်တွက်နေစရာမလိုပါဘူး Taehyung"
"မာနလေးလျှော့ပါဦး။ ကျွန်တော်က မသွားနဲ့လို့ အမိန့်ပေးခိုင်းနေတာမဟုတ်ဘဲ မသွားစေချင်ဘူးလို့ ဆန္ဒကို ပြောခိုင်းရုံလေးပါ"
လွဲနေတဲ့ ဆုံမှတ်တွေရယ်။ တစ်ခါလွဲပြီးရင်တောင် ဆုံဖို့ခက်လိုက်လေခြင်း။ တစ်ခါမှမဆုံဖူးရင်တော့ ကိုယ်တို့အိပ်မက်တွေကနေ နိုးထသင့်ပါပြီတဲ့လေ။
"ကိုယ်မသွားစေချင်ဘူးဆို မင်းမသွားတော့ဘူးလား"
JungKookက မျှော်လင့်ချက်ရေးရေးလေးကို ငေးမောရင်း မေးရှာသည်။
လက်သည်းတွေကို အချင်းချင်း တတိတိပွတ်တိုက်နေရင်း Taehyungက သူ့အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထားသည်။ အလေးအနက် တစ်ခုခုကို ပြောမည့်ဟန်။
JungKookအတွက်တော့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကြည့်ရသည်ထက် ရင်ခုန်ဖွယ်ကောင်းသော အချိန်ပင်။
သည်တစ်ခါမှ မဆုံရင် ကိုယ်တို့လည်း ဆုံမှတ်မရှိနိုင်တော့ဘူးထင်ပါရဲ့ ကိုယ့်အသည်းရေ..။
"ကျွန်တော် မသွားဘူး Jeon JungKook.."
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
Antonသတိရၿပီဟူေသာ သတင္းၾကား၍ Taehyungေဆး႐ုံကို ခ်က္ခ်င္းလိုက္သြားရသည္။ တကယ္စိတ္ပူေနလို႔လား၊ အိမ္ရွင္ျဖစ္ေနလို႔လား သူ႔ကိုယ္သူ ေဝခြဲခ်ိန္ မရလိုက္။
ျပည္သူ႔ေဆး႐ုံႀကီး၏ ကုတင္ေပၚ လဲေလ်ာင္းလ်က္ရွိေသာ Antonကို ျမင္ရခ်ိန္ သူအတတ္ႏိုင္ဆုံး ခ်ိဳသာစြာ ၿပဳံးျပလိုက္သည္။ ကုတင္ေဘးခုံတန္းမွာ ဝင္ထိုင္လိုက္႐ုံရွိေသး Antonက သူ႔လက္ကို အုပ္ကိုင္လာသည္။ အားကိုးခ်င္လို႔ပဲ ျဖစ္ပါလိမ့္မည္။ သူဒါကို ထူးထူးေထြေထြေတြ ေတြးေနရန္မလိုပါ။
"ဘယ္လိုေနေသးလဲ။ ေခါင္းကေရာ သက္သာရဲ႕လား"
"ခ်က္ခ်င္းေတာ့ ဘယ္သက္သာဦးမလဲ။ တဆစ္ဆစ္ကိုက္ေနတာ"
"ေတာင္းပန္ပါတယ္။ ကိုယ္ကာကြယ္ေပးမယ္ေျပာၿပီး ကတိမတည္ႏိုင္ခဲ့ဘူး"
Antonက ခြင့္လႊတ္ဟန္ျဖင့္ အသာအယာေခါင္းညိတ္ျပပါသည္။
အခုလိုအခ်ိန္မွာ သူ႔ဘက္က အစြမ္းကုန္ယုယၾကင္နာျပသင့္မွန္း သိပါလ်က္ သူဟာ ေက်ာက္႐ုပ္တစ္႐ုပ္နဲ႔မျခား ၿငိမ္သက္စြာ ရွိေနခဲ့သည္။
ဘယ္လိုေနာက္ျပန္ဆုတ္ရမလဲ။ Antonကို သူသေဘာက်႐ုံသာက်တာ။ မခ်စ္လိုက္ႏိုင္ဘူးတဲ့လား။ သေဘာက်ျခင္းႏွင့္ ခ်စ္ျခင္းအၾကား ထူထဲလွစြာေသာ နံရံတစ္ခုရွိၿပီး သူထိုနံရံကို မေက်ာ္ႏိုင္။
သူ႔ဘက္က လက္ထပ္မယ္ဟု ေျပာၿပီးမွ သူ႔ဘက္က ျပန္႐ုတ္သိမ္းရေအာင္က်ေတာ့လည္း တစ္ဖက္လူကို အေလးအနက္မထားရာ က်လြန္းပါ၏။
သေဘာက်႐ုံျဖင့္ လူတစ္ေယာက္ကို လက္မထပ္ႏိုင္ေၾကာင္း၊ လက္ထပ္ဖို႔မလြယ္ကူေၾကာင္း သူသိလိုက္ရခ်ိန္မွာ သိပ္ကို အခါေႏွာင္းသြားေလၿပီ။
Antonေခါင္းေပၚမွာ ပတ္တီးအေဖြးသား။ သူ႔ေၾကာင့္ ျပင္းထန္ဒဏ္ရာအထိရထားေသာ ေကာင္ေလးကို ဘယ္လိုလုပ္ၿပီး သစ္စိမ္းခ်ိဳးခ်ိဳးရက္ပါ့မလဲ။ တာ၀န္မယူတတ္တဲ့ ေယာက်္ားတစ္ေယာက္ေတာ့ မျဖစ္လို။ သူေဖာက္ခဲ့တဲ့လမ္းကို ေအာင့္အည္းသည္းခံ ေလွ်ာက္႐ုံသာ က်န္ေတာ့သည္။
"ကြၽန္ေတာ္တို႔ အိမ္ငွားၾကမလားဟင္"
"ဟင္.. Anton ဘာေျပာတာလဲ"
"ဪ.. လူဝီဗီးလ္မွာပဲ အိမ္သပ္သပ္ငွားေနၾကမလားလို႔ေလ။ အမွန္အတိုင္းေျပာရရင္ ခင္ဗ်ားနဲ႔ သူေဌးမင္းအတူရွိေနသ၍ ကြၽန္ေတာ္ေၾကာက္ေနရမွာ"
Taehyung အားနာေပမဲ့ ခ်က္ခ်င္းအေျဖမေပးႏိုင္။ သည္အိမ္ႀကီးထဲကေန အႀကိမ္ႀကိမ္ထြက္ေျပးဖူးပါလ်က္ အခုလိုအၿပီးတိုင္ထြက္သြားဖို႔ရာက် သူေနာက္တြန္႔ေနမိသည္။ ခ်စ္သည္ျဖစ္ေစ မုန္းသည္ျဖစ္ေစ သည္အိမ္ႀကီးထဲ သူႀကီးျပင္းခဲ့ရသည္။ သည္စံအိမ္ထဲက ေလကို ရႉရႈိက္ခဲ့ရသည္။
အမွတ္တရေတြက မလွေသာ္ျငား ေဖ်ာက္ဖ်က္လို႔မရ။
အထူးသျဖင့္ Jeon JungKook. သူ႔ကို ကိုယ္ထားခဲ့ႏိုင္ပါ့မလား။ ကိုယ္ဘယ္ေနရာေရာက္ေရာက္ ညတြင္းခ်င္းလိုက္ရွာတတ္သူ၊ ကိုယ့္ေၾကာင့္ ညမအိပ္ဘဲ ေနႏိုင္သူ။
ကိုယ့္ကို အလိုအပ္ဆုံးသူ။
မေန႔ကတင္ ဆရာ၀န္ေျပာတာေတြလည္း ကိုယ္ၾကားခဲ့သား။ Jeon JungKookႏႈတ္ဖ်ားက ဝန္ခံေျပာဆိုျခင္း မရွိသည့္တိုင္ ကိုယ့္ကိုလိုအပ္ေနေၾကာင္း ကိုယ္သိလို႔ေနသည္။
ယတိျပတ္ထားသြားဖို႔ရာ လြယ္ကူမေနပါ။ ခ်စ္ျခင္းမွာမွ သံေယာဇဥ္ရွိတာမဟုတ္ အမုန္းတရားမွာလည္း သံေယာဇဥ္ရွိႏိုင္ပါသည္။ အမုန္းတရားကတစ္ဆင့္ စြဲလမ္းတတ္ၿပီး မုန္းလ်က္ႏွင့္ပင္ ထိုလူကို တမ္းတႏိုင္ျပန္ပါသည္။
"အဲ့လိုလုပ္လို႔မရဘူးလားဟင္"
Antonက ညဳတုတုအသံနဲ႔ ေျပာလာေတာ့ Taehyung အံ့ဩလို႔သြားသည္။ ဒါက သူ႔ပုံစံသူ႔အႀကိဳက္ဟုတ္မေနပါ။
သည္အခ်ိန္မွာ သူ႔စိတ္အာ႐ုံက ေထြျပားလ်က္ရွိၿပီး လူနာျဖစ္ေနသူ Antonကိုပင္ အေကာင္းျမင္ႏိုင္ဖို႔ ခဲယဥ္းပါ၏။
"ကိုယ္မင္းကိုနားလည္ပါတယ္။ အခုေတာ့ ကိုယ့္မွာ အိမ္ငွားဖို႔စရန္ေငြေတာင္ မေပးႏိုင္ေသးဘူး"
"မဟုတ္ဘူးေလ။ ေငြက အေရးမႀကီးပါဘူး။ ကြၽန္ေတာ့္မွာ အေတာ္အသင့္ရွိၿပီးသားပါ။ အဓိကက Taehyung သူေဌးမင္းအနားက ထြက္လာဖို႔ပဲ"
Anton ပြင့္ပြင့္လင္းလင္းေျပာခ်လိုက္စဥ္ Taehyungမ်က္ႏွာက ႐ုပ္ပ်က္ဆင္းပ်က္ အိုက်သြားသည္အား ေတြ႕လိုက္ရ၏။
Taehyung ဘယ္လိုထင္ထင္ သူဂ႐ုမစိုက္။ အေရးႀကီးတာ သူေဌးမင္းအနား ရွိမေနဖို႔။
သူအခုလိုျဖစ္ရတာ Taehyungေၾကာင့္။ သူေဌးမင္းကို ႀကိဳးရွည္ရွည္နဲ႔လွမ္းၿပီး ကစားလြန္ေနတဲ့ Taehyungေၾကာင့္။
သူေဌးမင္းအနားမွာေနၿပီးသာ စိတ္ဒုကၡေပးမေနဘူးဆို သူေဌးမင္းလည္း စိတ္က်ေဝဒနာခံစားေနရမွာမဟုတ္။ သူ႔ကို ဒဏ္ရာရေစတဲ့အထိလည္း စိတ္လြတ္သြားမွာ မဟုတ္။
အားလုံးရဲ႕ ျပႆနာအရင္းအျမစ္အစက Taehyungသာ။
အစတည္းကသာ Taehyung ရွိမေနခဲ့ရင္ သူေဌးမင္းအာ႐ုံထဲကလူက ေသခ်ာေပါက္ သူျဖစ္လာမွာ။ ဝါသနာတူ၊ အဆင့္အတန္းတူတဲ့ သူလိုလူကို ပစ္ပစ္ခါခါျငင္းဆန္ရေလာက္တဲ့အထိ Kim Taehyungဆိုတဲ့ တံတိုင္းအရွိန္အဝါက နည္းတာမဟုတ္။
"မျဖစ္ႏိုင္ဘူး Anton. သူ.. သူကိုယ့္ကို လိုအပ္တယ္"
"Taehyung.. Taehyungေျပာေတာ့ သူ႔ကို မုန္းတယ္ဆို။ Taehyungမိဘေတြကို သတ္ခဲ့တဲ့လူဆို။ အဲ့လိုလူဘက္ ၾကည့္ေပးေနရေအာင္ Taehyungမိဘေတြကို အားမနာဘူးလား"
မိန္းမမာယာသဲကိုးျဖာဆိုတာထက္ Antonမာယာက ပိုသာသည္။ အျပစ္ကင္းသူတစ္ေယာက္လို နစ္နာသူ တစ္ေယာက္လို အမူအရာက တစ္ခ်က္မေလ်ာ့သြား။
သူေဌးမင္းကို ခ်စ္လွပါခ်ည္ရဲ႕ ဆိုသည္တိုင္ Taehyungဆီက ဆြဲထုတ္ခ်င္ေဇာႏွင့္ အလိမ္အညာစကားေတြကို ေျပာရဲသည္။ သူ႔လိုရင္းက Taehyung အဲ့သည္စံအိမ္မွာ ဆက္မရွိေတာ့ဖို႔ တစ္ခုတည္း။
"ကိုယ္မသိဘူး Anton. သူ႔မွာ ကိုယ္တစ္ေယာက္တည္းရွိတာ။ ကိုယ့္ကိုပဲၾကည့္ေနရင္း ဒီအသက္အ႐ြယ္ထိ ေရာက္လာတဲ့သူကို ခ်က္ခ်င္းႀကီးထားခဲ့ဖို႔ေတာ့ မျဖစ္ႏိုင္ဘူးေလ"
"Taehyungက မျပတ္သားလိုက္တာ။ မဟုတ္မွလြဲေရာ.. Taehyungသူေဌးမင္းကို ခ်စ္ေနတာမ်ားလား"
ေသခ်ာသတိထားနားစြင့္လွ်င္ Antonအသံေတြ တုန္ေနတာကို ၾကားရလိမ့္မည္။
တစ္ဖက္က Taehyungမွာလည္း မေမွ်ာ္လင့္ထားေသာ ေမးခြန္းေၾကာင့္ အထိတ္တလန္႔ျဖစ္သြားသည္မွာ အမွန္။
အမွန္တရားဆိုရင္ေတာင္ ဘယ္ေတာ့မွ ဝန္ခံႏိုင္မည္မဟုတ္ေသာ သူ႔အပိုင္နိယာမမ်ားထဲတြင္ ထိုေမးခြန္း၏ အေျဖအား ထိပ္ဆုံးမွာ မင္နီတားလ်က္ ေဖာ္ျပထား၏။
ဟင့္အင္း.. သူမခ်စ္ႏိုင္ပါဘူး။
အေဖ့ေက်ာျပင္ကေန စိမ့္ထြက္လာသည့္ ေသြးအိုင္ႀကီးကိုလည္း သူ႔မ်က္လုံးထဲ ျမင္ေယာင္ေနဆဲ။ အိပ္မက္မဟုတ္တဲ့ အမွန္တရားေတြ။ အိပ္မက္ဆိုးပါဆိုၿပီး တစ္သက္လုံး လိမ္ေနခဲ့တာ။
အေဖေသရသည့္အေၾကာင္းအရင္းက အိပ္မက္႐ုံမဟုတ္ေၾကာင္း ေသခ်ာပါလ်က္ Jeon JungKookအေပၚ ျပတ္ျပတ္သားသား မမုန္းႏိုင္လိုက္ပုံမ်ား။
တာ၀န္မေက်ႏိုင္တဲ့ သားတစ္ေယာက္လို ရင္ထဲမွာ နင့္နင့္သည္းသည္း။ အေဖ့ကို သည္လိုဆိုးဆိုး႐ြား႐ြားေသေစတဲ့လူကို မျပစ္ရက္ပါဘူးတဲ့ေလ။ သူဘယ္ေလာက္ေတာင္ မိုက္မဲလိုက္သလဲ။
"မခ်စ္ဘူး.. ကိုယ့္ကို မေစာ္ကားနဲ႔"
"ကြၽန္ေတာ့္ကိုပဲ ခ်စ္တာမလား၊ ဟုတ္တယ္မလားဟင္"
Taehyung ျပန္မေျဖႏိုင္ခဲ့။ သူ႔မွာအခ်စ္လည္းမရွိသလို ရွိဖို႔လည္း မလိုအပ္ဟု ယူဆထားသည္။
Antonကို သိပ္သေဘာက်တာ ဘယ္ေလာက္ပဲမွန္မွန္ ဒါဟာ အခ်စ္ႏွင့္ ျပဒါးတစ္လမ္း သံတစ္လမ္း။ လိမ္ညာေျဖဆို၍မရႏိုင္သည္အထိ မခ်စ္မႏွစ္သက္ျခင္းက မ်က္ႏွာေပၚမွာ အထင္းသား။
"ကြၽန္ေတာ့္ကို မခ်စ္ဘူးပဲ။ မခ်စ္ဘဲ လက္ထပ္ဖို႔ ေျပာခဲ့တာလား ဟင္.."
"ကိုယ္မင္းကို လက္ထပ္မွာပါ။ မင္းေတြးပူစရာမလိုပါဘူး"
"ကြၽန္ေတာ္လက္ထပ္ဖို႔ကို ေလာေနတာမဟုတ္ဘူး။ Taehyung အဲ့သည္အိမ္က ထြက္လာဖို႔ကို ေလာေနတာ"
Taehyungသက္ျပင္းခိုးခ်လိုက္သည္။ လက္ထပ္ဖို႔က ပန္းတိုင္မဟုတ္ဘူးတဲ့လား။
သူ႔ဘက္က သည္စံအိမ္ကိုေရာ Jeon JungKookကိုေရာ ထားခဲ့လို႔မွ မျဖစ္တာ..။ ဖိအားေတြက သူ႔ကို မႊန္းၾကပ္ေစၿပီး စိတ္ႏွလုံးကို ယိုင္နဲ႔ေစသည္။
"ေလာေလာဆယ္ မင္းေဆး႐ုံဆင္းရဖို႔က အဓိကပါ"
____
"သခင္ေလး.."
"Audieလား.. လာေလ။ ဘာကိစၥရွိလို႔လဲ"
သူေခၚလိုက္ေတာ့ Audieက သူ႔အခန္းထဲ တန္းတန္းမတ္မတ္ဝင္လာသည္။ သူနဲ႔အသက္အ႐ြယ္ မတိမ္းမယိမ္းဆိုေပမဲ့ Audieက ေထာင္ေထာင္ေမာင္းေမာင္း။ ကိုယ္ခံပညာႏွင့္ အသက္ေမြးေနရသူျဖစ္သည့္အတြက္ အနည္းငယ္႐ုပ္ရင့္သည္။
"သခင္ေလးကို Antonေျပာေနတာၾကားခဲ့တယ္။ ရည္႐ြယ္ခ်က္ရွိရွိနားေထာင္ခဲ့တာပဲ ဆိုပါေတာ့"
Taehyungက မေက်နပ္ဟန္ျပသည္။ သူ႔ကိုယ္ေရးကိုယ္တာကို အခုလို စြက္ဖက္တာမ်ိဳးက သူ႔အႀကိဳက္မဟုတ္။
"သူအမိန္႔ေပးလိုက္လို႔လား"
"မဟုတ္တာ။ သူေဌးမင္းကို အထင္မလြဲပါနဲ႔။ ကြၽန္ေတာ့္ဆႏၵနဲ႔ကြၽန္ေတာ္ သိသင့္တယ္ထင္လို႔ပါ"
Audieက သက္ေတာ္ေစာင့္မ်ား အားလုံးထဲမွာ ေျပာေရးဆိုခြင့္အရွိဆုံးသူတစ္ေယာက္။ အခ်ိဳ႕အလုပ္ကိစၥေတြကို အႀကံေပးသည့္အျပင္ Jeon JungKookရဲ႕ အနီးဆုံးမွာ အၿမဲရွိေနသူ။
သည္လိုသက္ေတာ္ေစာင့္က သိတယ္ဆိုရင္ Jeon JumgKookမသိဘဲေနတာမျဖစ္ႏိုင္ေတာ့။
"ဘာ.. မင္းအခု ငါ့ကို မခန္႔ေလးစားလုပ္လိုက္တာေပါ့ေလ။ မင္းလုပ္ရပ္က ဘယ္ေလာက္ေတာင္ စည္းမရွိ.."
"သခင္ေလးမေက်နပ္ရင္ ေနာက္မွ ႀကိဳက္သလိူ အျပစ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ေျပာတာ နားေထာင္ေပးပါ"
"ဟင္း.. ေျပာ ဘာေျပာမွာလဲ"
"သခင္ေလး ဒီအိမ္ႀကီးက ထြက္သြားမလို႔လား။ Antonနဲ႔ေလ။ တကယ္လို႔ အဲ့လိုဆုံးျဖတ္ထားတယ္ဆို သူေဌးမင္းဘက္ကို ၾကည့္ပါဦးလား။ သူ႔မွာ သခင္ေလးပဲရွိတာေလ။ သခင္ေလးမရွိရင္ မျဖစ္ဘူးဆိုတာ သိေနတယ္မလား"
အမွန္တရားက ခါးသက္သက္။ ကိုယ္ေတြႏွစ္ေယာက္ကိစၥကို ၾကားလူက ေဝဖန္ေနသည့္အခါ ပိုလို႔ ခံရခက္သည္။ ေဘးလူက ဆုံးမေနရေလာက္သည္အထိ သူက မူမမွန္ျဖစ္ေနၿပီလား။ သူလုပ္ေနတာေတြက သူမ်ားေထာက္ျပစရာေကာင္းေလာက္ေအာင္ ဟာကြက္ေတြရွိေနၿပီလား။
ဟင့္အင္း.. မျဖစ္ႏိုင္ပါဘူး။ လူေတြ သူ႔ကို ေဝဖန္ေနတယ္ဆိုတာကလည္း သူ႔ေနာက္ေၾကာင္းကုန္စင္ကို မသိဘဲ ရမ္းသမ္းေဝဖန္ေနၾကျခင္းမ်ားသာ။
သူ႔အတိတ္ကိုသာသိၾကရင္ ဝိုင္းသနားေနၾကမွာပဲေလ။
"ငါက ဘယ္တုန္းကမွ သူ႔အနားမရွိခဲ့ပါဘူး။ လူကိုသာ အတင္းအၾကပ္ေခၚထားလို႔ရခ်င္ရမယ္။ ငါ့စိတ္ကိုေတာ့ ေခၚခ်င္တိုင္းေခၚ ခ်ဳပ္ခ်င္တိုင္းခ်ဳပ္ထားလို႔ရမယ္ မထင္နဲ႔"
"သူေဌးမင္းက ဘယ္တုန္းက ခ်ဳပ္ထားလို႔လဲ။ သူ႔အနားမွာ ရွိေစခ်င္႐ုံေလးပါ။ သခင္ေလးကို ျမင္ေနရရင္ သူ႔ကိုယ္သူစိတ္ေျဖသာမယ္ထင္ေနတာ။
စိတ္ၿငိမ္ေဆးပမာဏေတြသာတိုးလာတယ္ သခင္ေလးသူ႔အနားမွာ လူေရာစိတ္ေရာ မရွိပါဘူး"
"မင္း! မင္း.. ငါ့ကို ေဝဖန္ေနတာလား"
"ဟုတ္တယ္။ ကြၽန္ေတာ္ေဝဖန္သင့္တယ္ထင္လို႔ ေဝဖန္တယ္။ သခင္ေလးတို႔ၾကား ဘာကိစၥေတြရွိခဲ့လဲ ကြၽန္ေတာ္မသိဘူး။ ဒါေပမဲ့ ပစၥဳပၸန္ကိုၾကည့္ရင္ သခင္ေလး မမွန္ဘူး"
သူ႔ကိုပစ္ပစ္ခါခါေျပာဆိုရင္း Audieက ထြက္သြားသည္။ သူဟာ ကေယာင္ေျခာက္ျခားႏွင့္ ဆုံးျဖတ္ခ်က္ကို မခ်ႏိုင္ေသး။
ညေနဆို Antonေဆး႐ုံက ဆင္းေတာ့မည္။ သည္အိမ္မွာ ဆက္မေနခ်င္ဘူးဟု ဆိုသည္။ သူဘာဆက္လုပ္ရမလဲ စဥ္းစားရင္း စဥ္းစားရင္း ႐ူးသြားႏိုင္သည္။
Antonေဆး႐ုံမွာေနသည့္ ရက္ပိုင္းအတြင္း သူနဲ႔ Jeom JungKook မေတြ႕ျဖစ္။ မေတြ႕ျဖစ္တာထက္ သူက အေရွာင္ခံေနရတာ။
အိပ္ခန္းႏွင့္ အလုပ္ခန္းထဲသာ ေအာင္း၍ေနသူ Jeon JungKookကေတာ့ သူ႔ကို တစ္နည္းနည္းနဲ႔ ၾကည့္ေနပါလိမ့္မည္။ သူ႔ဘက္ကသာ မျမင္ရတာ သူ႔ကို ျမင္ေနရသည္အား သူခံစားမိလို႔ေန၏။
သူ Jeon JungKookကို ထိပ္တိုက္သြားေတြ႕လိုက္သင့္လား။ ခင္ဗ်ားသေဘာအတိုင္းဆက္လုပ္မယ္ဟု အခြင့္အေရးေပးလိုက္သင့္လား။
ဘယ္လိုေ႐ြးေ႐ြး က်န္ေနခဲ့ရမည့္ သူေဌးမင္းJeonကို ေလွာင္ေျပာင္သလိုမ်ား ျဖစ္ေနမလား။
ေမးခြန္းေပါင္းမ်ားစြာက ေခါင္းထဲက အဆက္မျပတ္ထြက္လာေတာ့သည္။
ေနာက္ဆုံးေတာ့ သူဟာ Jeon JungKookရွိရာအခန္းဆီသာ ဦးတည္လိုက္၏။ ဘာေျပာရမယ္၊ ဘာလုပ္ရမယ္ စသျဖင့္ စဥ္းစားျခင္း အလွ်င္းမရွိဘဲ လာခဲ့တာ။ သူ႔ေခါင္းထဲေရာ ႏွလုံးသားထဲပါ ဗလာက်င္းလ်က္။
Jeon JungKookကို ျမင္လိုက္ရလွ်င္၊ စကားေျပာလိုက္ရလွ်င္ သူအေျဖတစ္ခုခုေတာ့ ရႏိုင္တာပဲမဟုတ္လား။
"ကြၽန္ေတာ္လာတယ္"
"ထိုင္ေလ အသည္းရဲ႕။ အဲ့လိုရပ္မေနပါနဲ႔.. ေျခဖေနာင့္ေတြ ဒဏ္ပိလိမ့္မယ္"
သူ႔ကို အၿမဲတမ္း အပိုဆာလာစကားေတြေျပာေနတဲ့သူဟု မွတ္ထားတာ။ အပိုေတြမွ ဟုတ္ပါရဲ႕လား။
ကိုယ့္ေျခဖေနာင့္ေလးဒဏ္ထိမွာကအစ ကိုယ့္ဆံဖ်ားေတြ ေနေလာင္မွာအဆုံး သူတကယ္စိတ္ပူတတ္တာ ျဖစ္ႏိုင္တာပဲေလ။
"ကိုယ့္ကို တစ္ခုခု ေျပာစရာရွိလို႔လား။ အေၾကာင္းမဲ့ေတာ့ ကိုယ့္ကို လာေတြ႕မွာမဟုတ္ဘူး"
"အင္း.. ေျပာစရာထက္ တိုင္ပင္စရာလို႔ဆိုရမလား။ အသိေပး႐ုံေပးတာလည္း ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္လည္း မေသခ်ာေသးဘူး"
"ေလးနက္လိုက္တာ။ အေရးႀကီးကိစၥထင္တယ္"
JungKook မ်က္ႏွာထားမွာ အပ်က္ပ်က္ အယြင္းယြင္း။ သူမၾကားခ်င္ဆုံးစကားကိုမွ ၾကားရေတာ့မွာလား။
Audieဆီကေတာ့ အနည္းအက်ဥ္းမွ် ၾကားၿပီးေလၿပီ။ သူကိုယ့္ဆီက ထြက္သြားဖို႔ ခြင့္ပန္သည့္ကိစၥအတြက္ သူတတ္ႏိုင္သမွ်ေတာ့ ႀကိဳျပင္ဆင္ထားပါ၏။
Taehyungေလး သူ႔ဆီက ထြက္သြားဖို႔ေျပာတာ ပထမဆုံးအႀကိမ္လည္း မဟုတ္ပါဘဲ သူသည္တစ္ခါ ပိုဝမ္းနည္းသည္။ တတိယလူဝင္လာလို႔မ်ားလား။
Taehyungက ကိုယ့္ထက္ Antonကို ယုံမည့္သူဆိုေတာ့ သူ႔ဘက္က အရႈံးခ်ိန္ခြင္မွာ အေလးသာၿပီးလ်က္သား။
"Antonက ဒီမွာမေနခ်င္ေတာ့ဘူးလို႔ေျပာတယ္။ အျပင္မွာ အိမ္ငွားေနခ်င္တယ္တဲ့။ ခင္ဗ်ားကို အျပစ္တင္ေနတာမဟုတ္ဘူးေနာ္..။ ကြၽန္ေတာ္ ဒီအတိုင္း.."
"စကားကို ရွည္ရွည္ေဝးေဝးေျပာမေနနဲ႔။ မင္းဘယ္လို ဆုံးျဖတ္ထားလဲ"
အသံမမာမာေအာင္ ခ်ဳပ္တည္းေျပာဆိုၿပီးေတာ့ သူတစ္ဖက္ကို လွည့္လိုက္သည္။ Taehyungကို ျမင္ေနရရင္ သူစိတ္ခိုင္မွာမဟုတ္။ စိတ္မခိုင္ျခင္းေနာက္မွာ အတၱႏွင့္ ေလာဘက ကပ္ပါလာဦးမွာ။
သည္မ်က္ဝန္း၊ သည္ႏႈတ္ခမ္းေတြကို သူျမင္ေနရင္ ေလာဘမတက္ဘဲ ေနႏိုင္႐ိုးလား။
ထပ္ဆြဲထားမိဦးမွာ ဧကန္။
"ကြၽန္ေတာ္.. ကြၽန္ေတာ္မသိဘူး"
"မင္းမသိလို႔ရမလား။ မင္းအဲ့ေလာက္ သူမွသူျဖစ္ေနရင္လည္း ကိုယ္မဆြဲထားဘူး Taehyung"
တတ္ႏိုင္သေလာက္ ထိန္းထားလ်က္ႏွင့္ စကားသံအဆုံးမွာ ရႈိက္သံက ပါလာသည္။ သိသိသာသာျဖစ္ေနေတာ့ Taehyung မၾကားဘဲ မေနႏိုင္။ သူဟာ တစ္ဖက္နံရံကို ေငးစိုက္ၾကည့္ေနရင္း ေနာက္ထပ္ေျပာခ်င္တဲ့ ခပ္မာမာ တင္တင္စီးစီးစကားမ်ားသည္ ေလထဲတင္ ေပ်ာက္ဆုံးသြားရ၏။
Taehyungကိုလည္း လွည့္မၾကည့္ႏိုင္သလို ဘယ္ေနရာ ဘယ္ဌာနဆီမွလည္း အၾကည့္မေရာက္ႏိုင္။ ဘာကိုမွ မျမင္ႏိုင္သည္အထိ သူ႔အျမင္လႊာကို မ်က္ရည္မ်ားက ကာထားလ်က္။
"ခင္ဗ်ား ငိုေနတယ္.. ဟုတ္လား"
ထပ္ေျဖရင္ ရႈိက္သံပါေနဦးမွာ။ သူမၾကားသလိုသာ ႏႈတ္ဆိတ္ေနလိုက္ေတာ့သည္။
"ဒီဘက္လွည့္စမ္းပါ Jeon JungKook.."
Taehyung အတင္းဆြဲလွည့္မွ မ်က္ရည္တို႔လွ်ံက်လ်က္ရွိေနေသာ Jeon JungKookကို ျမင္ရေတာ့သည္။ ေမးတဆတ္ဆတ္တုန္ရီေနသည္အထိ ငိုသံမထြက္ေအာင္ အံႀကိတ္ထားတာတဲ့ေလ။
ဘုရား ဘုရား.. သည္လူက သူ႔ေၾကာင့္ ငိုေနပါတယ္တဲ့ေလ။
လူေတြရဲ႕ အသက္ဇီဝိန္ကိုလည္း ေႁခြခဲ့ဖူးသည္။ မေသ႐ုံတစ္မယ္လည္း ႏွိပ္စက္ခဲ့ဖူးသည္။ လူေတြကို ေသနတ္ပစ္လက္တည့္စမ္းစရာ အ႐ုပ္ေတြလို သေဘာထားခဲ့ဖူးသည္။ ဤမွ် ၾကမ္းၾကဳတ္သည္ဟု သိထားေသာ သူေဌးမင္းJeonက Kim Taehyungထြက္သြားမယ္ဆိုတဲ့အေတြးေၾကာင့္ ငိုေနပါသတဲ့ေလ။
ရႈိက္သံေတြ ထြက္သည္အထိ မ်က္ရည္စီးေၾကာင္းေတြ မခန္းေျခာက္ႏိုင္သည္အထိ တေပါက္ေပါက္က်ေနတဲ့ မ်က္ရည္စေတြကို သူကိုယ္တိုင္ေတာင္ ဖယ္ရွားသုတ္သင္ျခင္းမျပဳမိ။
"ခင္ဗ်ား မသြားေစခ်င္ဘူးမလား"
"မင္းသိရက္နဲ႔ ကိုယ့္ကိုပိုနာေအာင္ ေမးေနတာပဲ။ ကိုယ့္ဆႏၵကို မင္းဆုံးျဖတ္ခ်က္မွာ ထည့္တြက္ေနစရာမလိုပါဘူး Taehyung"
"မာနေလးေလွ်ာ့ပါဦး။ ကြၽန္ေတာ္က မသြားနဲ႔လို႔ အမိန္႔ေပးခိုင္းေနတာမဟုတ္ဘဲ မသြားေစခ်င္ဘူးလို႔ ဆႏၵကို ေျပာခိုင္း႐ုံေလးပါ"
လြဲေနတဲ့ ဆုံမွတ္ေတြရယ္။ တစ္ခါလြဲၿပီးရင္ေတာင္ ဆုံဖို႔ခက္လိုက္ေလျခင္း။ တစ္ခါမွမဆုံဖူးရင္ေတာ့ ကိုယ္တို႔အိပ္မက္ေတြကေန ႏိုးထသင့္ပါၿပီတဲ့ေလ။
"ကိုယ္မသြားေစခ်င္ဘူးဆို မင္းမသြားေတာ့ဘူးလား"
JungKookက ေမွ်ာ္လင့္ခ်က္ေရးေရးေလးကို ေငးေမာရင္း ေမးရွာသည္။
လက္သည္းေတြကို အခ်င္းခ်င္း တတိတိပြတ္တိုက္ေနရင္း Taehyungက သူ႔ေအာက္ႏႈတ္ခမ္းေလးကို ဖိကိုက္ထားသည္။ အေလးအနက္ တစ္ခုခုကို ေျပာမည့္ဟန္။
JungKookအတြက္ေတာ့ တကၠသိုလ္ဝင္တန္းေအာင္စာရင္းၾကည့္ရသည္ထက္ ရင္ခုန္ဖြယ္ေကာင္းေသာ အခ်ိန္ပင္။
သည္တစ္ခါမွ မဆုံရင္ ကိုယ္တို႔လည္း ဆုံမွတ္မရွိႏိုင္ေတာ့ဘူးထင္ပါရဲ႕ ကိုယ့္အသည္းေရ..။
"ကြၽန္ေတာ္ မသြားဘူး Jeon JungKook.."
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜