𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

De AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... Mais

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 20

3.1K 448 22
De AureumV

Unicode~

​မော်စကိုမြို့​တော်၏ မထင်မရှားဇနပုဒ်​လေးမှာ သူတို့သားအဖ ​အေးချမ်းစွာ ရှိ​နေခဲ့သည်တဲ့​လေ။

ရိုးရိုးကုပ်ကုပ် အလုပ်ကြိုးစား​သော Mr. Kimက အ​ကြွေးဆပ်ဖို့ရာ ပိုက်ဆံရှာ​နေခဲ့ပုံပါ။ ​အေး​အေးချမ်းချမ်း ရှင်သန်​နေကြတယ်ဆိုတာ ဒါမျိုးလား။ JungKook နှာ​ခေါင်းရှုံ့မိသွားသည်။

သူက Taehyung​လေးကို ပလ္လင်​ပေါ် တင်ထားမည့်သူပါ။ သူပိုင်သမျှ ရုပ်၀တ္ထုအစ စိတ်ဝိညာဥ်အဆုံး အပိုင်စား​ပေးပစ်ဦးမှာ။ ဒါကို လက်မခံချင်တာ​လောက် မိုက်မဲတာ ရှိပါ့ဦးမလား။

သူ့အသက် ၁၅နှစ်။ ထိုအရွယ်မှာ သူပထမဆုံး စီးကရက်ဟု​​​ခေါ်သည့်အရာကို လက်တည့်စမ်းဖူးသည်။ အစပိုင်းမှာ မွှန်သလိုလိုရှိ​ပေမဲ့ ​နောက်ပိုင်းမှာ အသားကျလာသည်။ အတက်အကျအ​ပြောင်းအလဲသိပ်မြန်လွန်း​သော သူ့စိတ်အတွက် စီးကရက်​က ဖြေ​ဆေးတစ်မျိုးဖြစ်ခဲ့သည်။ သူ့ဆရာ၀န်က​တော့ ညွှန်ကြားထားခြင်းမရှိပါ။ အ​ဖေကလည်း သ​ဘောမကျ။
သူကသာ တိတ်တိတ်က​လေး စွဲလမ်း​နေရုံ။

"စီးကရက်​တွေ ​​ခိုးသောက်​နေတာလား"

"ဘယ်လိုသိလဲ"

"မင်းအ​ဖေလုပ်​နေတာ မသိဘဲ ရှိမလား။ စီးကရက်က က​လေးအတွက် မ​ကောင်းဘူး​နော် JungKook"

ဒုတိယစကားကို အ​သေမှတ်ထားလိုက်သည်။ စီးကရက်က က​လေးအတွက်မ​ကောင်း၊ Taehyung​လေး သူ့ဆီ​ရောက်လာရင် သူဒါကို ​ရှောင်ရမည်။
သိပ်ခက်မည်မထင်ပါ.. စီးကရက်က သူ့အတွက်​တော့ Taehyungအစားထိုးပစ္စည်းသက်သက်ပဲ မဟုတ်ပါလား။

"အခုပဲ သွား​ခေါ်ကြစို့​လေ"

"​အခုအဲ့ရွာကို သွားတဲ့လမ်းက ပိတ်သွားပြီ​လေ။ မနက်ကျ​တော့ ပို့​ပေးမှာ​ပေါ့။ ​​မော်စကိုထိ​တောင်​ရောက်လာပြီပဲ.. မ​လောပါနဲ့"

အ​ဖေက မတက်သာလို့သာ အလိုလိုက်​ပေး​နေရသည်မှန်း သူမသိဘဲမ​နေ။ အ​​ဖေ့ဆန္ဒအရဆို သူတစ်​ယောက်တည်းရှင်သန်နိုင်သည်အထိ၊ Taehyungကို ​​မေ့သွားသည်အထိ ​​စောင့်​နေဦးမှာ။

သူက​​တော့ Taehyungကို အကြာကြီး မ​စောင့်ချင်ပါ။ ရိုးရိုး​လေး စွဲလမ်း​နေမိရုံပါ။ ထိုစွဲလမ်းမှုမှာ အ​ရောင်​တွေမပါခဲ့သလို သူကိုယ်တိုင်ကလည်း အ​ရောင်​တွေအ​ကြောင်းမသိခဲ့။
သူညီ​လေးတစ်​ယောက်လိုချင်​နေသည်ဟု ထင်​ကောင်းထင်ကြပါလိမ့်မည်။ လူ​တွေရဲ့ထင်​ကြေးကို ဖတ်ပြီး လူလုပ်​နေတဲ့​ကောင်မဟုတ်။ သူ့ခံယူချက်က ရှင်းရှင်း​လေး.. Taehyung သူ့အနားရှိဖို့။ သူရှင်သန်ဖို့ Taehyungက ​လေထုကဲ့သို့​သော မရှိမဖြစ်အရာ။

"အချိန်​တွေ ကုန်တာ ​နှေးလိုက်တာ။ ကျွန်​တော်မနက်ဖြန်ကို ​ရောက်ချင်​လှပြီ"

"အဲ့​လောက်​တောင်ပဲလား။ အ​ဖေက ငါ့သားမှာ ​ကျောင်းစာနဲ့ အလုပ်အပြင် စိတ်ဝင်စားရာတစ်ခုခုရှိဖို့ အမြဲ​မျှော်လင့်ခဲ့တာ။ တကယ်တမ်းစိတ်ဝင်စားစရာရှိလာ​တော့ ဝါသနာတစ်ခုမဟုတ်ဘဲ က​လေးတစ်​ယောက်ဖြစ်​နေရတယ်လို့"

Taehyungအ​ကြောင်း​တွေးမိလိုက်သည်နှင့် JungKook အလိုလိုပြုံးမိသည်။ တမင်တကာ စီမံခန့်ခွဲစရာမလို​​သော အလိုအ​လျောက်အပြုံးမျိုး။

"အခုဆို Taehyung​​​လေးက အသက်​တောင် နှစ်နှစ်​ကျော်ခဲ့​ရော​ပေါ့။ ဘယ်​လောက်​တောင် ချစ်စရာ​ကောင်း​နေမလဲ​နော်။ ​မွေးကင်းစတည်းက သိပ်လှတဲ့က​လေး​လေး"

"ငယ်ရုပ်ပဲရှိ​သေးတာကို​တောင် လှတယ်မလှတယ် ခွဲခြား​နေ​သေးတာလား"

"ငယ်ရုပ်ကြီးရုပ်မကလို့ အိုတဲ့ရုပ်​တောင် လှ​နေမှာ.. အဲ့က​​လေးက"

အ​ဖေက တဝါးဝါး ထရယ်​တော့သည်။ သူ​ပြောတဲ့အထဲ ဘာများအမှားပါသွားလို့လဲ။ သူထင်တာ​လေးကို ရိုးရိုးရှင်းရှင်း​ပြောလိုက်ရုံပါ။ ဒါကို အ​ဖေက ထ​ရယ်​တော့ သူသိပ်မ​ကျေနပ်ချင်။

သူ့အ​တွေးထဲမှာ အသက်အရွယ်အလိုက် Taehyung၏ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု​တွေကို ခန့်မှန်း​မြင်​ယောင်မိပြီးလျက်သား။ သည်က​လေး​သေး​​သေး​လေး၏ မှဲ့ညို​လေး​တွေကအစ အမှတ်​သေး​သေး​လေး​တွေကအဆုံး လိုက်ကြည့်ထားသူ ကိုယ်ပါ။
ကိုယ်အလွတ်ရထားသမျှ အစိတ်အပိုင်း​လေး​တွေကို ​ပေါင်းကြည့်ရင်း အနာဂတ်က Kim Taehyungကို ​မှန်းဆကြည့်ရတာ ဘယ်​လောက်​တောင် ​ပျော်စရာ​ကောင်းတဲ့ ကစားနည်းလဲ။

"အ​ဖေက​တော့ ငါ့သားစိတ်ချမ်းသာရင်ပြီးတာပါပဲ။ တစ်နှစ်ပတ်လုံး စိတ်ပင်ပန်းခဲ့ရတယ်မလား"

သူမပွင့်တပွင့်​လေးပြုံးသည်။ ​​ဆေးမတိုးတဲ့အဖြစ်ရယ်ပါ။ က​လေး​လေးတစ်​ယောက်လို စိန်စီ​ကြွေရုပ်​​လေးလို အမြတ်တနိုး သိမ်းထားချင်ခဲ့တာ။ ရုတ်တရက်​ပျောက်ဆုံးသွားခြင်းက သူ့အတွက် ကမ္ဘာပျက်နည်း တစ်မျိုးပါပင်။
တစ်နှစ်ပတ်လုံး အရူးတစ်​ယောက်နီးပါး ​မျှော်လင့် ​စောင့်​စား​နေခဲ့ရင်း ​နောက်ဆုံး​တော့ ​တွေ့ရ​တော့မယ်တဲ့​လေ။
သည်က​လေးကို ဘယ်လို​​ပွေ့ဖက်ရမယ်၊ ဘယ်လိုနမ်းရှိုက်ရမယ် စသဖြင့် သူ့​​ခေါင်းထဲ အစီအစဥ်များ ​နေရာတကျ။

"​နောက်တစ်ခါ​ပျောက်သွားရင်​တော့ ကျွန်​တော်တကယ်ရူးသွား​တော့မှာ"

သူ​ဌေးကြီးJeonက သူ့သားအစား သက်ပြင်းတစ်ရှိုက် ချလိုက်၏။ JungKookက အပို​ပြော​နေတာမဟုတ်။ ဆယ်​ကျော်သက်အရွယ်​​ကောင်​လေးဖြစ်ပါ​စေဦး၊ သူ့သားက အ​လေးအနက်မရှိဘဲ အလကား​လေကြီး​နေတတ်သူမဟုတ်။
ထိုက​လေးသာ ထပ်​ပျောက်သွားမယ်ဆို JungKook​လေးက တကယ်ရူးသွားနိုင်သည်။

JungKook လက်​ပေါ်က အမာရွတ်​တွေကို သူကြည့်မိလိုက်သည်။ ဖခင်တစ်​ယောက်​အ​နေနဲ့​တော့ ဒါ​တွေကို မကြည့်ရက်။ သည်ဒဏ်ရာ​တွေရတဲ့အထိကို က​လေးတစ်​ယောက်အ​ပေါ် စွဲလမ်း​နေတဲ့သားဖြစ်သူအတွက် သူလည်းတခြားနည်းလမ်းမ​တွေးတတ်​တော့ပါ။

ကိုယ့်သားလိုအင်ကိုသာ ကြည့်ပြီး က​လေးတစ်​ယောက်ကို​ခေါ်ဖို့ ​မော်စကိုထိ သူ​ရောက်လာခဲ့သည်။ Kim Taehyung​လေးအ​​ပေါ် မတရား​​​သော နည်းလမ်းဖြစ်သွားနိုင်သဖြင့် သူအားနာမိပါလျက် ကိုယ့်သားအတွက် အတ္တများက ​ဖော​ဖောသီသီ ပိုလျှံလျက်ရှိ၏။

"ငါ့သားဆန္ဒပြည့်​စေရပါမယ်"

JungKookဆံပင်​လေးကို သပ်ဖို့ လက်လမ်း​တော့ JungKookက ​ခေါင်း​​ရှောင်၏။ ဖတဆိုးသား​လေးဖြစ်​နေလို့ အလိုလိုက်ထား​ပေမဲ့ တွယ်တွယ်တာတာ ချွဲချွဲ​နွဲ့နွဲ့အမူအရာ​တွေ JungKookက လုံး၀မကြိုက်။

"ဒီည​စော​​စောအိပ်မယ်။ ဒါမှ မနက်ဖြန်ကို မြန်မြန်​ရောက်ပြီး Taehyungကိုလည်း ​စော​​​စော​တွေ့ရမှာ"

"Taehyungက ထွက်မ​ပြေးတတ်ပါဘူးကွာ"

"သူ့အ​ဖေက​တော့ ထွက်​ပြေးတတ်တယ်​လေ။ ဒီတစ်ခါ​တော့ ပြိုင်ဘက်က ​သူ့အ​ဖေဖြစ်​နေလည်း ကျွန်​တော်က အညံ့မခံ​တော့ဘူး"

JungKookကြောင့် သူသက်ပြင်းချမိနေတာ ဘယ်နှကြိမ်မြောက်မှန်း မသိတော့။ သူ့သားက ငယ်တည်းက သူနဲ့တူပြီး အတ္တခပ်ကြီးကြီး။ သည်စရိုက်ကိုလည်း သူကိုယ်တိုင် လက်ထပ်သင်ပေးခဲ့တာ။
Kim Taehyungနဲ့ကျမှ သူမှားသွားမှန်း သိရ​တော့သည်။

"အဲ့​လောက်လည်း စိတ်မတင်းထားစမ်းပါနဲ့။ ကံပါရင် သူ့အလိုလို မင်းဆီ​ရောက်လာမှာ​ပေါ့။ မဟုတ်ဘူးလား"

"ကံဆိုတာ အလုပ်ပဲ အ​ဖေ။ ကံမပါပါ​အောင် ကျွန်​တော်က လုပ်ယူမှာ"

သူ့သားသူမနိုင်​တော့။ Taehyungကို ရှာဖို့ ​မော်စကို​ရောက်လာတည်းက JungKookမှာ ဘိန်းစားတစ်​​ယောက် ဘိန်းရှူထားရသည့်နှယ် စိတ်​တက်ကြွလွန်း​နေတာ ဖြစ်၏။

​နောက်တစ်​နေ့မနက် ခပ်​စော​စောမှာ သတင်းရထားတဲ့ ရွာ​လေးဆီ သူတို့သားအဖ ထွက်လာခဲ့သည်။ ​မော်စကိုမှာ ​ရာသီဥတုက ​အေးစိမ့်စိမ့်။ သားအဖနှစ်​ယောက်လုံး ကုတ်အင်္ကျီရှည်ကို ၀တ်ထားရပြီး ဦးထုပ်​ဆောင်းထားရ၏။

မြို့အပြင်​ရောက်​လေ ​လေတဖြူးဖြူးတိုက်​လေ။ JungKook ကားမှန်ပြတင်းကို ဖွင့်၍ စီး​လေ့ရှိသူဖြစ်သည့်အတွက် ​လေတိုက်တိုင်း အရိုးထဲကတစိမ့်စိမ့်။

"ရွာက သိပ်​ဝေးလား"

"​ဝေးတာထက် ​ချောင်ကျတာပါ သခင်​လေး။ အိမ်​ခြေလည်း ​အ​တော်နည်းတယ်လို့ ကြားပါတယ်"

​ဒေသခံဒရိုင်ဘာက ​ဝင်ဖြေ​ပေးသည်။ JungKook ​ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး အပြင်ဘက်ကို ကြည့်​တော့ ကား​နောက်ကြည့်မှန်မှတစ်ဆင့် သူတို့အိမ်ကကားနည်းတူး တခြားကား​တွေကိုပါ မြင်ရသည်။

"အဲ့တာ အိမ်ကကား​တွေလား အ​ဖေ"

"အင်း.."

"ဘာလို့အဲ့​လောက်အများကြီးလဲ။ Taehyungကို သွား​ခေါ်ရုံပဲကို"

"ဒီလိုပါပဲ.. လိုရမယ်ရ​ပေါ့"

မလိုအပ်ဘဲ သိပ်ကို ကိန်းကြီးခန်းကြီးလုပ်တာပဲဟု JungKookထင်လိုက်မိသည်။ သူက သိုသိုသိပ်သိပ်ပဲ သွား​ခေါ်ချင်တာ။ Taehyungကို သူတစ်​ယောက်မြင်ရင် ​တော်​ရော​ပေါ့။ ဘာလို့ လူအများကြီးနဲ့ ပွဲဆူ​အောင် လုပ်ချင်ရတာလဲ.. တစ်ခါတ​လေများ အ​​ဖေတို့က သိပ်ကို နားလည်ရခက်ပါ၏။

"အကယ်၍ဆိုတဲ့အ​ခြေအ​နေ​တွေကို ထည့်စဥ်းစားရမယ်​လေ"

ထို'အကယ်၍'ဆိုတဲ့ စကားအား ​လေး​လေးနက်နက်မစဥ်းစားမိလိုက်တာ သူ့လိုအပ်ချက်။ အ​ဖေက ဘယ်စကားကိုမှ လက်လွတ်စပယ်မ​ပြောတတ်သလို ဘယ်အလုပ်ကိုမှ ရည်ရွယ်ချက်မဲ့စွာ မလုပ်တတ်။

သူတို့ ထိုရွာ​လေးကို ​ရောက်​တော့ အနည်းငယ်အကဲခတ်ကြည့်မိလိုက်​သေးသည်။ အိမ်​ခြေငါးဆယ်လောက်သာရှိမည်ဟုခန့်မှန်းရပြီး လမ်းကြိုလမ်းကြား​လေးများနှင့်သာ ဖွဲ့စည်းထား၏။
​​​မောစကိုမြို့​တော်နှင့် နီး​နေလို့သာ ရွာဟုအမည်​ပေးထားတာ။ တကယ်တမ်းကျ အိမ်​ခြေစု​လေးတစ်ခုထက်မပို။

ထိုအိမ်​ခြေစု​လေးကို သူ​လျှော့တွက်မိသွားသည်။ သူ့ဘက်က ကမ်းလှမ်းချက်ကို Mr. Kim လွယ်လွယ်ကူကူ လက်ခံလိမ့်မည်ဟု တွက်ဆမိတာလည်း အမှားကြီးမှားသည်။

"Taehyungကို ကျွန်​တော်​သေချာ​စောင့်​ရှောက်မှာပါ။ မှဲ့တစ်​ပေါက်မစွန်းရ​​အောင်၊ ​အ​ကောင်းဆုံးကြီးပြင်းလာ​အောင်။ ဪ.. သူ့ကို ကျွန်တစ်​ယောက်ရဲ့သားလို့လည်း ဘယ်သူမှ မ​ပြော​ရဲစေရပါဘူး"

"မ​ပေးနိုင်ဘူး သခင်​လေး"

JungKook အလိုလိုမျက်​မှောင်ကြုတ်ရသည်။ ရိုရို​သေ​သေ​လေး​​လေးစားစား​တောင်း​နေတာကို မ​ပေးဘူးတဲ့လား။ သည်ထက်ကြမ်းတဲ့စကား​မျိုး​တွေ ​မျှော်လင့်​နေတာလား။

"ခင်ဗျားတစ်သက်ဆပ်မကုန်နိုင်တဲ့ အ​ကြွေး​တွေ.. အတိုး​ရောအရင်း​ရော ​လျှော်​ပေးမယ်။ အသာတကြည် ငါ့သားလက်ထဲ ထည့်လိုက်"

သူ​ဌေးကြီးJeonက ခက်ထန်တင်းမာစွာ အထက်စီးက ​ပြော၏။ ကမ်းလှမ်းသည်ထက် ခြိမ်း​ခြောက်တာနှင့်ပင် ပိုတူ​နေ​လေသည်။

Mr. Kimအတွက်​တော့ အ​ပြောခံရတာ တန်လွန်းသည့်အ​နေအထား။ တစ်သက်လုံး အ​ကြွေးကင်းကင်း​နေနိုင်ဖို့ရာ အခွင့်အ​ရေး။ သို့တိုင်​အောင် ​ပေးလိုက်မည်က သူ့ရဲ့တစ်ဦးတည်း​သော ​သွေးသား​လေး။
သူမ​ပေးနိုင်။ သူလက်ထဲမှာ အ​ကောင်းဆုံးကြီးပြင်းလာ​စေရမယ်လို့ သူ့အမျိုးသမီးကို ကတိ​ပေးခဲ့ဖူးတယ်မဟုတ်ပါလား။ လွယ်လွယ်နဲ့​ ကတိဖျက်တတ်သူ​တော့ မဖြစ်လို။ ​ငွေနှင့် သားကို လဲလှယ်ဖို့ဆိုတာ ပိုလို့​တောင် မဖြစ်နိုင်​သေး။

"မျက်နှာပူစွာနဲ့ပဲ ငြင်းပါရ​စေ။ ကျွန်​တော့်သား​လေးမရှိဘဲ​တော့ ကျွန်​တော်မ​နေနိုင်လို့ပါ"

"ဒါဆို ဦး​လေးလည်း ကျွန်​တော်တို့အိမ်.."

"​​တော်​တော့ JungKook.. မလိုအပ်တာ​တွေ သိပ်မ​ပြောနဲ့"

အ​ဖေက Mr. Kimကို အိမ်မှာ လိုက်​နေ​စေချင်ပုံမရ။ ဖြစ်ပါလိမ့်မည်.. Taehyungကို​တောင် သူရဲ့ ​ဆန္ဒပြင်းပြမှု​ကြောင့်သာ ​ခေါ်တဲ့သူ​လေ။
ငယ်ချစ်ဦးကို အနိုင်ပိုင်းသွားသူအား အိမ်​ပေါ်​ခေါ်တင်ပါ့မည်တဲ့လား။ သည်တစ်ခါ အ​ဖေက ယုတ္တိတန်ပါသည်။

"​ကောင်း​ကောင်းမွန်မွန်​တောင်း​နေတုန်း​ပေး။ ​အေး.. မ​ပေးလည်း ကိစ္စမရှိဘူး။ ကျုပ်တို့ စာချုပ်အရ အ​ပေါင်ခံပစ္စည်းကို ကျုပ်ဆန္ဒအတိုင်းထားမယ်လို့​ပြောထားတယ်​လေ။ ခင်ဗျားသားကို အ​ပေါင်ခံအဖြစ်ထားမယ်။ သတ်မှတ်ချိန်ထိလည်း မဆပ်နိုင်​​သေးဘူးဆို​တော့ ကျုပ်သိမ်းရုံ​ပေါ့"

Mr. Kim ​သွေးလန့်သွားသည်။ နားထင်ထိ ​ဆောင့်တက်လာ​သော ​သွေးဖိအား​ကြောင့် မူး​နောက်​နောက်ဖြစ်သွား၏။ ထိုအချိန်မှာ အိပ်​နေရာက ထွက်လာတဲ့ သားငယ်​လေးကို မြင်လိုက်ချိန် စိုးရိမ်မှုက အထွတ်အထိပ်။
​ခြေတံပုတိုတို​လေးများနှင့် သိပ်လမ်း​လျှောက်ချင်​သော Taehyung​လေးက အိပ်ရာထတာနှင့် အခန်းပြင်သို့ ထွက်လာပုံပါ။

"Taehyung..!"

"Taehyung​လေး အထဲပြန်ဝင်"

​ရွှေ​ရောင်ဆံပင်​လိမ်လိမ်​လေးများက ခပ်ပွပွ။ မျက်လုံးနှစ်ဖက်ကို လက်​သေး​သေး​လေးများဖြင့် ပွတ်သပ်လျက်။ JungKookနှင့် Mr. Kim ပြိုင်တူ​​အော်​တော့ ပွတ်သပ်​နေရာမှာ ရပ်ပြီး ပြူး​ကြောင်စွာ ​ကြည့်​နေ၏။

အကြည့်​လေးကအစ ချစ်စရာဖြစ်​နေတာ​​ကြောင့် JungKook ပြုံးကာ ​ငေး​မောမိသွားသည်။ သူမပြုံးတာ သိပ်ကြာ​နေပြီ​​လေ။
သူ​မေ့​လျော့စွာ ​ငေး​နေမိစဥ် Mr. Kimက ထိုင်ရာမှ ထပြီး က​လေးကို ​ပွေ့ချီ​ကာ အပြင်သို့ ထွက်​​​ပြေးသည်။

ကံ​ကောင်း​ထောက်မစွာ အပြင်မှာကျန်ခဲ့​သော ​အ​ဖေ့သက်​တော်​စောင့်များရှိ​နေ၍ ကြာရှည်​ပြေးလို့မရလိုက်။ Taehyung​လေးမှာ အစပိုင်း ပြူး​ကြောင်​ကြောင်နှင့် ဟိုကြည့်သည်ကြည့်ဖြစ်​နေသ​လောက် ရုန်းရင်းဆန်ခတ်​တွေ ဖြစ်လာ​လေ​​​လေ တအီအီငို​လေ​လေ။

က​လေးအတွက် ဒါက အိပ်မက်ဆိုးလို ဖြစ်​နေလိမ့်မည်။

မထင်မှတ်ဘဲ တ​ဖြေး​ဖြေးကြီးလာ​သော ပြဿနာ​ကြောင့် ရွာထဲက တခြားလူ​တွေပါ ပါလာ၏။ Taehyungတို့သားအဖက ရွာမှာ လူချစ်လူခင်များဟန်။ Mr. Kimက ​ပြေးပြီး အကူအညီ​တောင်း​တော့ ရွာသားအချို့ပါ ထွက်လာသည်။
အခုမှပဲ အ​ဖေ​ပြောသည့် 'အကယ်၍'ဆို​သော အ​ခြေအ​နေအား သူသ​ဘော​ပေါက်နိုင်​တော့၏။
ရွာသား​တွေနဲ့ သက်​တော်​စောင့်​တွေ​ကြား လုံး​ထွေးသတ်ပုတ်မှု​တွေ ဖြစ်လာပြီး​နောက် အ​ဖေက ​သေနတ်သုံးဖို့ပါ အမိန့်​ပေး၏။

အခု​​လောက်ထိ ဖြစ်လာဖို့ မ​မျှော်လင့်ခဲ့​သော်လည်း တကယ်တမ်းဖြစ်လာချိန်မှာ သူ​နောက်ဆုတ်လို့မရနိုင်​တော့။ Taehyungကို ရ​အောင်​ခေါ်သွားဖို့ကလွဲရင် ဘာမျက်နှာမှ ​ထောက်စရာ ငဲ့စရာမလိုဟုသာ အထပ်ထပ်အခါခါ ​တွေးမိ​နေ​တော့တာ။

သည်လိုက​ယောက်ကယက်အ​နေအထားကို အခွင့်​ကောင်းယူကာ Mr. Kimက တန်း​နေ​အောင် ထွက်​ပြေးသည်။ Taehyungဆီက​နေ အကြည့်မလွဲနိုင်​သေး​သော JungKookမှာ ဒါကို မ​တွေ့ဘဲမ​နေ။

"Taehyung! ကိုယ်နဲ့လိုက်ခဲ့!"

'ဒိုင်း!'

သူ​ပြေးလိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ​​ခြောက်လုံးပြူး​သေနတ်သံကို ကြားလိုက်ရ၏။ Mr. Kim ​ခေါက်ခနဲ ​ခွေလဲသွားပြီး ပါးစပ်​ထဲက ​သွေးနီနီတို့ ပွက်အန်လာလျှင် Taehyung​လေးက အလန့်တကြားနှင့် အာ​ခေါင်ခြစ်​အော်​တော့သည်။

သက်​တော်​စောင့်​တွေထဲ ပစ္စတိုသာပါလာ​ကြောင်း သိထား​တော့ သူအ​ဖေ့ကို လှည့်ကြည့်သည်။ ​သွေး​အေးစွာပင် အ​ဖေက သူ့​ခြောက်လုံးပြူး​သေနတ်ကို ​​ဘောင်းဘီခါးပတ်ကြားထဲ ထိုးထည့်ပြီး တစ်လှမ်းချင်း ​လျှောက်လာခဲ့သည်။

"အ​ဖေ..အ​ဖေ သတ်လိုက်တာလား"

"ဟုတ်တယ်။ ဒီလိုမှမလုပ်ရင် ငါ့လူ​တွေလည်း အလကားပင်ပန်း​နေပြီ။ ​နောက်လည်း ​သောက်ဇယား​တွေက ရှုပ်လာဦးမှာ"

သူသိလိုက်ပါပြီ။ သူတို့သားအဖနှစ်​ယောက်လုံးက ​စိတ္တဇဆန်စွာ ရူး​နေကြပြီဆိုတာကို​ပေါ့။ သူရူးသမျှ နားလည်​ပေးနိုင်တာ အ​ဖေကိုယ်တိုင်က သူ့လိုလူဖြစ်​နေ၍သာ။

အ​ဖေ့ကို အပြစ်မတင်ချင်.. သူ့​ကြောင့်မဟုတ်ရင် အခု​လောက်ထိ လုပ်မှာမဟုတ်တဲ့လူ။ သူ့​ကြောင့် ဘာနည်းနဲ့ဖြစ်ဖြစ် Taehyungကို ရ​အောင်​ခေါ်​ပေးမယ်ဆိုတဲ့လူ။ အ​ဖေက သူ့​ကြောင့်ချည်း လုပ်ခဲ့သူဖြစ်​နေတာ​ကြောင့် အ​ဖေ့ကို သူအပြစ်တင်စရာအ​​ကြောင်းမရှိ။

​ပါး​စောင်ထဲက ​သွေးအလိမ်းလိမ်းစီးကျလျက် အသက်မဲ့​နေ​သော Mr. Kim၏ ရုပ်အ​လောင်းအား Taehyungကြည့်​နေပြီး ငိုသံလည်း မထွက်​လာတော့။ ငိုဖို့ထက် ကြီးမား​သော စိတ်ဒဏ်ရာရသွားသည့်နှယ်။

သည်မြင်ကွင်းမျိုးကို ကြည့်ဖို့ရာ သိပ်ငယ်လွန်း​သော အရွယ်ဖြစ်သည့်တိုင် JungKook သတိမမူမိလိုက်။ သူဆန္ဒရှိသည့်အတိုင်း က​လေးကို ​​ပွေ့​ခေါ်လာ​တော့တာပင်..။
____

စဥ်းစားကြည့်​တော့ ကိုယ့်အသည်းကို စိတ်ဒဏ်ရာလှလှကြီး ​ပေးခဲ့မိသူဟာ ကိုယ်ပါပဲ။
အ​ဖေသတ်လိုက်တာဆို​ပေမဲ့ ကိုယ့်​ကြောင့်ပဲ မဟုတ်လား။ ကိုယ့်ရဲ့ မ​စောင့်စည်းနိုင်ခြင်း​တွေ၊ သည်းမခံ စိတ်မရှည်နိုင်ခြင်း​တွေ​ကြောင့် အ​ဖေလည်း သည်လမ်းကို​ရွေးခဲ့ရသည်။ Taehyungမှာလည်း စိတ်ဒဏ်ရာ​တွေ တစ်ပုံတစ်ပင်။

ခွင့်လွှတ်ဖို့ရာအတွက် မထိုက်တန်သည့်သူဖြစ်​နေတာ​ကြောင့် ဘာအ​​ကြောင်း​ကြောင့်နဲ့မှ အသနားမခံလို​တော့ပါ။ မုန်းရင်လည်း မုန်းတဲ့အတိုင်း​နေပါ​စေ​တော့။

သူ့အနားထားချင်တဲ့အတ္တ​လေးကလွဲ ဗလာကျင်း​နေတဲ့ သူ့စိတ်​တွေရယ်။
အမုန်းနဲ့ပဲရှိရှိ စက်ဆုပ်မှုဖြင့်ပဲရှိရှိ အနားရှိ​နေရင်၊ သူပိုင်ဆိုင်​နေရင်ရပြီဆိုတဲ့ မိုက်ရူးရဲဆန်ဆန်ယူဆချက်ဖြင့် လက်ထပ်ဖို့ ကြိုးပမ်းခဲ့ဖူးသည်။

ရှုံးမြဲရှုံး​နေဆဲပါပဲ ကိုယ့်အသည်းရယ်။

မင်းနဲ့ပတ်သက်လို့က​တော့ ဆယ်ဘဝ​လောက် ပါရမီဖြည့်ရင်​တောင် ကိုယ်နိုင်ဖို့ မစွမ်းသာပါ။
ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကိုယ်နိုင်​​ကောင်းနိုင်ပါလိမ့်မည်။ မင်းစိတ်နဲ့ နှလုံးသားကို​တော့ ကိုယ်ဘယ်​သောအခါမှ အနိုင်ယူနိုင်မည် မဟုတ်။

ညက ​ဖြေး​ဖြေးချင်းနက်၍ ​ဖြေး​ဖြေးချင်း မိုး​သောက်ချိန်​​ရောက်သည်။ ကိုယ်တို့ကြားက အက်​ကြောင်း​လေးက​တော့ မြန်မြန်ဆန်ဆန်ကွဲအက်၍ ဘယ်​သောအခါမှ ပြန်မဆက်နိုင်စတမ်း​။

အခန်းအပြင်က အရိပ်ငယ်​လေးတစ်ခု။ တံခါးလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားဆဲ။
ဒီဂရီအနည်းငယ်မျှ လှည့်လိုက်ရုံဖြင့် အခန်းတံခါးပွင့်သွားလိမ့်မည်။
ထို့နည်းတူ ကိုယ်တို့နှစ်ဦးကြားက တံတိုင်းတစ်ခုလည်း အလိုလို ပွင့်ဟသွားနိုင်သည်။

အနည်းငယ်မျှ​သော အားစိုက်ထုတ်မှု​လေးကို​တောင် သူမလုပ်နိုင်။
သက်ပြင်းရှည်တစ်ခုကို အခန်းထဲကလူမသိ​အောင် ခိုးရှိုက်ရင်း သူ့နှလုံးသားက ​မောဟိုက်သွား​လေ၏။

အခန်းထဲက စီးကရက်​ငွေ့ကို အပြင်က သူဟာ ရှူရှိုက်မိ​နေ၏။

စမှတ်ဆုံးမှတ်မှာ မ​ရွေ့စတမ်းရပ်​နေကြသ​ရွေ့ သူတို့ဟာ မြင်​နေလျက် ​ဝေး​နေကြဦး​တော့မည်..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

​ေမာ္စကိုၿမိဳ႕​ေတာ္၏ မထင္မရွားဇနပုဒ္​ေလးမွာ သူတို႔သားအဖ ​ေအးခ်မ္းစြာ ရွိ​ေနခဲ့သည္တဲ့​ေလ။

႐ိုး႐ိုးကုပ္ကုပ္ အလုပ္ႀကိဳးစား​ေသာ Mr. Kimက အ​ေႂကြးဆပ္ဖို႔ရာ ပိုက္ဆံရွာ​ေနခဲ့ပုံပါ။ ​ေအး​ေအးခ်မ္းခ်မ္း ရွင္သန္​ေနၾကတယ္ဆိုတာ ဒါမ်ိဳးလား။ JungKook ႏွာ​ေခါင္းရႈံ႕မိသြားသည္။

သူက Taehyung​ေလးကို ပလႅင္​ေပၚ တင္ထားမည့္သူပါ။ သူပိုင္သမွ် ႐ုပ္၀တၳဳအစ စိတ္ဝိညာဥ္အဆုံး အပိုင္စား​ေပးပစ္ဦးမွာ။ ဒါကို လက္မခံခ်င္တာ​ေလာက္ မိုက္မဲတာ ရွိပါ့ဦးမလား။

သူ႔အသက္ ၁၅ႏွစ္။ ထိုအ႐ြယ္မွာ သူပထမဆုံး စီးကရက္ဟု​​​ေခၚသည့္အရာကို လက္တည့္စမ္းဖူးသည္။ အစပိုင္းမွာ မႊန္သလိုလိုရွိ​ေပမဲ့ ​ေနာက္ပိုင္းမွာ အသားက်လာသည္။ အတက္အက်အ​ေျပာင္းအလဲသိပ္ျမန္လြန္း​ေသာ သူ႔စိတ္အတြက္ စီးကရက္​က ေျဖ​ေဆးတစ္မ်ိဳးျဖစ္ခဲ့သည္။ သူ႔ဆရာ၀န္က​ေတာ့ ၫႊန္ၾကားထားျခင္းမရွိပါ။ အ​ေဖကလည္း သ​ေဘာမက်။
သူကသာ တိတ္တိတ္က​ေလး စြဲလမ္း​ေန႐ုံ။

"စီးကရက္​ေတြ ​​ခိုးေသာက္​ေနတာလား"

"ဘယ္လိုသိလဲ"

"မင္းအ​ေဖလုပ္​ေနတာ မသိဘဲ ရွိမလား။ စီးကရက္က က​ေလးအတြက္ မ​ေကာင္းဘူး​ေနာ္ JungKook"

ဒုတိယစကားကို အ​ေသမွတ္ထားလိုက္သည္။ စီးကရက္က က​ေလးအတြက္မ​ေကာင္း၊ Taehyung​ေလး သူ႔ဆီ​ေရာက္လာရင္ သူဒါကို ​ေရွာင္ရမည္။
သိပ္ခက္မည္မထင္ပါ.. စီးကရက္က သူ႔အတြက္​ေတာ့ Taehyungအစားထိုးပစၥည္းသက္သက္ပဲ မဟုတ္ပါလား။

"အခုပဲ သြား​ေခၚၾကစို႔​ေလ"

"​အခုအဲ့႐ြာကို သြားတဲ့လမ္းက ပိတ္သြားၿပီ​ေလ။ မနက္က်​ေတာ့ ပို႔​ေပးမွာ​ေပါ့။ ​​ေမာ္စကိုထိ​ေတာင္​ေရာက္လာၿပီပဲ.. မ​ေလာပါနဲ႔"

အ​ေဖက မတက္သာလို႔သာ အလိုလိုက္​ေပး​ေနရသည္မွန္း သူမသိဘဲမ​ေန။ အ​​ေဖ့ဆႏၵအရဆို သူတစ္​ေယာက္တည္းရွင္သန္ႏိုင္သည္အထိ၊ Taehyungကို ​​ေမ့သြားသည္အထိ ​​ေစာင့္​ေနဦးမွာ။

သူက​​ေတာ့ Taehyungကို အၾကာႀကီး မ​ေစာင့္ခ်င္ပါ။ ႐ိုး႐ိုး​ေလး စြဲလမ္း​ေနမိ႐ုံပါ။ ထိုစြဲလမ္းမႈမွာ အ​ေရာင္​ေတြမပါခဲ့သလို သူကိုယ္တိုင္ကလည္း အ​ေရာင္​ေတြအ​ေၾကာင္းမသိခဲ့။
သူညီ​ေလးတစ္​ေယာက္လိုခ်င္​ေနသည္ဟု ထင္​ေကာင္းထင္ၾကပါလိမ့္မည္။ လူ​ေတြရဲ႕ထင္​ေၾကးကို ဖတ္ၿပီး လူလုပ္​ေနတဲ့​ေကာင္မဟုတ္။ သူ႔ခံယူခ်က္က ရွင္းရွင္း​ေလး.. Taehyung သူ႔အနားရွိဖို႔။ သူရွင္သန္ဖို႔ Taehyungက ​ေလထုကဲ့သို႔​ေသာ မရွိမျဖစ္အရာ။

"အခ်ိန္​ေတြ ကုန္တာ ​ေႏွးလိုက္တာ။ ကြၽန္​ေတာ္မနက္ျဖန္ကို ​ေရာက္ခ်င္​လွၿပီ"

"အဲ့​ေလာက္​ေတာင္ပဲလား။ အ​ေဖက ငါ့သားမွာ ​ေက်ာင္းစာနဲ႔ အလုပ္အျပင္ စိတ္ဝင္စားရာတစ္ခုခုရွိဖို႔ အၿမဲ​ေမွ်ာ္လင့္ခဲ့တာ။ တကယ္တမ္းစိတ္ဝင္စားစရာရွိလာ​ေတာ့ ဝါသနာတစ္ခုမဟုတ္ဘဲ က​ေလးတစ္​ေယာက္ျဖစ္​ေနရတယ္လို႔"

Taehyungအ​ေၾကာင္း​ေတြးမိလိုက္သည္ႏွင့္ JungKook အလိုလိုၿပဳံးမိသည္။ တမင္တကာ စီမံခန္႔ခြဲစရာမလို​​ေသာ အလိုအ​ေလ်ာက္အၿပဳံးမ်ိဳး။

"အခုဆို Taehyung​​​ေလးက အသက္​ေတာင္ ႏွစ္ႏွစ္​ေက်ာ္ခဲ့​ေရာ​ေပါ့။ ဘယ္​ေလာက္​ေတာင္ ခ်စ္စရာ​ေကာင္း​ေနမလဲ​ေနာ္။ ​ေမြးကင္းစတည္းက သိပ္လွတဲ့က​ေလး​ေလး"

"ငယ္႐ုပ္ပဲရွိ​ေသးတာကို​ေတာင္ လွတယ္မလွတယ္ ခြဲျခား​ေန​ေသးတာလား"

"ငယ္႐ုပ္ႀကီး႐ုပ္မကလို႔ အိုတဲ့႐ုပ္​ေတာင္ လွ​ေနမွာ.. အဲ့က​​ေလးက"

အ​ေဖက တဝါးဝါး ထရယ္​ေတာ့သည္။ သူ​ေျပာတဲ့အထဲ ဘာမ်ားအမွားပါသြားလို႔လဲ။ သူထင္တာ​ေလးကို ႐ိုး႐ိုးရွင္းရွင္း​ေျပာလိုက္႐ုံပါ။ ဒါကို အ​ေဖက ထ​ရယ္​ေတာ့ သူသိပ္မ​ေက်နပ္ခ်င္။

သူ႔အ​ေတြးထဲမွာ အသက္အ႐ြယ္အလိုက္ Taehyung၏ ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈ​ေတြကို ခန္႔မွန္း​ျမင္​ေယာင္မိၿပီးလ်က္သား။ သည္က​ေလး​ေသး​​ေသး​ေလး၏ မွဲ႔ညိဳ​ေလး​ေတြကအစ အမွတ္​ေသး​ေသး​ေလး​ေတြကအဆုံး လိုက္ၾကည့္ထားသူ ကိုယ္ပါ။
ကိုယ္အလြတ္ရထားသမွ် အစိတ္အပိုင္း​ေလး​ေတြကို ​ေပါင္းၾကည့္ရင္း အနာဂတ္က Kim Taehyungကို ​မွန္းဆၾကည့္ရတာ ဘယ္​ေလာက္​ေတာင္ ​ေပ်ာ္စရာ​ေကာင္းတဲ့ ကစားနည္းလဲ။

"အ​ေဖက​ေတာ့ ငါ့သားစိတ္ခ်မ္းသာရင္ၿပီးတာပါပဲ။ တစ္ႏွစ္ပတ္လုံး စိတ္ပင္ပန္းခဲ့ရတယ္မလား"

သူမပြင့္တပြင့္​ေလးၿပဳံးသည္။ ​​ေဆးမတိုးတဲ့အျဖစ္ရယ္ပါ။ က​ေလး​ေလးတစ္​ေယာက္လို စိန္စီ​ေႂကြ႐ုပ္​​ေလးလို အျမတ္တႏိုး သိမ္းထားခ်င္ခဲ့တာ။ ႐ုတ္တရက္​ေပ်ာက္ဆုံးသြားျခင္းက သူ႔အတြက္ ကမာၻပ်က္နည္း တစ္မ်ိဳးပါပင္။
တစ္ႏွစ္ပတ္လုံး အ႐ူးတစ္​ေယာက္နီးပါး ​ေမွ်ာ္လင့္ ​ေစာင့္​စား​ေနခဲ့ရင္း ​ေနာက္ဆုံး​ေတာ့ ​ေတြ႕ရ​ေတာ့မယ္တဲ့​ေလ။
သည္က​ေလးကို ဘယ္လို​​ေပြ႕ဖက္ရမယ္၊ ဘယ္လိုနမ္းရႈိက္ရမယ္ စသျဖင့္ သူ႔​​ေခါင္းထဲ အစီအစဥ္မ်ား ​ေနရာတက်။

"​ေနာက္တစ္ခါ​ေပ်ာက္သြားရင္​ေတာ့ ကြၽန္​ေတာ္တကယ္႐ူးသြား​ေတာ့မွာ"

သူ​ေဌးႀကီးJeonက သူ႔သားအစား သက္ျပင္းတစ္ရႈိက္ ခ်လိုက္၏။ JungKookက အပို​ေျပာ​ေနတာမဟုတ္။ ဆယ္​ေက်ာ္သက္အ႐ြယ္​​ေကာင္​ေလးျဖစ္ပါ​ေစဦး၊ သူ႔သားက အ​ေလးအနက္မရွိဘဲ အလကား​ေလႀကီး​ေနတတ္သူမဟုတ္။
ထိုက​ေလးသာ ထပ္​ေပ်ာက္သြားမယ္ဆို JungKook​ေလးက တကယ္႐ူးသြားႏိုင္သည္။

JungKook လက္​ေပၚက အမာ႐ြတ္​ေတြကို သူၾကည့္မိလိုက္သည္။ ဖခင္တစ္​ေယာက္​အ​ေနနဲ႔​ေတာ့ ဒါ​ေတြကို မၾကည့္ရက္။ သည္ဒဏ္ရာ​ေတြရတဲ့အထိကို က​ေလးတစ္​ေယာက္အ​ေပၚ စြဲလမ္း​ေနတဲ့သားျဖစ္သူအတြက္ သူလည္းတျခားနည္းလမ္းမ​ေတြးတတ္​ေတာ့ပါ။

ကိုယ့္သားလိုအင္ကိုသာ ၾကည့္ၿပီး က​ေလးတစ္​ေယာက္ကို​ေခၚဖို႔ ​ေမာ္စကိုထိ သူ​ေရာက္လာခဲ့သည္။ Kim Taehyung​ေလးအ​​ေပၚ မတရား​​​ေသာ နည္းလမ္းျဖစ္သြားႏိုင္သျဖင့္ သူအားနာမိပါလ်က္ ကိုယ့္သားအတြက္ အတၱမ်ားက ​ေဖာ​ေဖာသီသီ ပိုလွ်ံလ်က္ရွိ၏။

"ငါ့သားဆႏၵျပည့္​ေစရပါမယ္"

JungKookဆံပင္​ေလးကို သပ္ဖို႔ လက္လမ္း​ေတာ့ JungKookက ​ေခါင္း​​ေရွာင္၏။ ဖတဆိုးသား​ေလးျဖစ္​ေနလို႔ အလိုလိုက္ထား​ေပမဲ့ တြယ္တြယ္တာတာ ခြၽဲခြၽဲ​ႏြဲ႕ႏြဲ႕အမူအရာ​ေတြ JungKookက လုံး၀မႀကိဳက္။

"ဒီည​ေစာ​​ေစာအိပ္မယ္။ ဒါမွ မနက္ျဖန္ကို ျမန္ျမန္​ေရာက္ၿပီး Taehyungကိုလည္း ​ေစာ​​​ေစာ​ေတြ႕ရမွာ"

"Taehyungက ထြက္မ​ေျပးတတ္ပါဘူးကြာ"

"သူ႔အ​ေဖက​ေတာ့ ထြက္​ေျပးတတ္တယ္​ေလ။ ဒီတစ္ခါ​ေတာ့ ၿပိဳင္ဘက္က ​သူ႔အ​ေဖျဖစ္​ေနလည္း ကြၽန္​ေတာ္က အညံ့မခံ​ေတာ့ဘူး"

JungKookေၾကာင့္ သူသက္ျပင္းခ်မိေနတာ ဘယ္ႏွႀကိမ္ေျမာက္မွန္း မသိေတာ့။ သူ႔သားက ငယ္တည္းက သူနဲ႔တူၿပီး အတၱခပ္ႀကီးႀကီး။ သည္စ႐ိုက္ကိုလည္း သူကိုယ္တိုင္ လက္ထပ္သင္ေပးခဲ့တာ။
Kim Taehyungနဲ႔က်မွ သူမွားသြားမွန္း သိရ​ေတာ့သည္။

"အဲ့​ေလာက္လည္း စိတ္မတင္းထားစမ္းပါနဲ႔။ ကံပါရင္ သူ႔အလိုလို မင္းဆီ​ေရာက္လာမွာ​ေပါ့။ မဟုတ္ဘူးလား"

"ကံဆိုတာ အလုပ္ပဲ အ​ေဖ။ ကံမပါပါ​ေအာင္ ကြၽန္​ေတာ္က လုပ္ယူမွာ"

သူ႔သားသူမႏိုင္​ေတာ့။ Taehyungကို ရွာဖို႔ ​ေမာ္စကို​ေရာက္လာတည္းက JungKookမွာ ဘိန္းစားတစ္​​ေယာက္ ဘိန္းရႉထားရသည့္ႏွယ္ စိတ္​တက္ႂကြလြန္း​ေနတာ ျဖစ္၏။

​ေနာက္တစ္​ေန႔မနက္ ခပ္​ေစာ​ေစာမွာ သတင္းရထားတဲ့ ႐ြာ​ေလးဆီ သူတို႔သားအဖ ထြက္လာခဲ့သည္။ ​ေမာ္စကိုမွာ ​ရာသီဥတုက ​ေအးစိမ့္စိမ့္။ သားအဖႏွစ္​ေယာက္လုံး ကုတ္အက်ႌရွည္ကို ၀တ္ထားရၿပီး ဦးထုပ္​ေဆာင္းထားရ၏။

ၿမိဳ႕အျပင္​ေရာက္​ေလ ​ေလတျဖဴးျဖဴးတိုက္​ေလ။ JungKook ကားမွန္ျပတင္းကို ဖြင့္၍ စီး​ေလ့ရွိသူျဖစ္သည့္အတြက္ ​ေလတိုက္တိုင္း အ႐ိုးထဲကတစိမ့္စိမ့္။

"႐ြာက သိပ္​ေဝးလား"

"​ေဝးတာထက္ ​ေခ်ာင္က်တာပါ သခင္​ေလး။ အိမ္​ေျခလည္း ​အ​ေတာ္နည္းတယ္လို႔ ၾကားပါတယ္"

​ေဒသခံဒ႐ိုင္ဘာက ​ဝင္ေျဖ​ေပးသည္။ JungKook ​ေခါင္းညိတ္႐ုံသာ ညိတ္ျပၿပီး အျပင္ဘက္ကို ၾကည့္​ေတာ့ ကား​ေနာက္ၾကည့္မွန္မွတစ္ဆင့္ သူတို႔အိမ္ကကားနည္းတူး တျခားကား​ေတြကိုပါ ျမင္ရသည္။

"အဲ့တာ အိမ္ကကား​ေတြလား အ​ေဖ"

"အင္း.."

"ဘာလို႔အဲ့​ေလာက္အမ်ားႀကီးလဲ။ Taehyungကို သြား​ေခၚ႐ုံပဲကို"

"ဒီလိုပါပဲ.. လိုရမယ္ရ​ေပါ့"

မလိုအပ္ဘဲ သိပ္ကို ကိန္းႀကီးခန္းႀကီးလုပ္တာပဲဟု JungKookထင္လိုက္မိသည္။ သူက သိုသိုသိပ္သိပ္ပဲ သြား​ေခၚခ်င္တာ။ Taehyungကို သူတစ္​ေယာက္ျမင္ရင္ ​ေတာ္​ေရာ​ေပါ့။ ဘာလို႔ လူအမ်ားႀကီးနဲ႔ ပြဲဆူ​ေအာင္ လုပ္ခ်င္ရတာလဲ.. တစ္ခါတ​ေလမ်ား အ​​ေဖတို႔က သိပ္ကို နားလည္ရခက္ပါ၏။

"အကယ္၍ဆိုတဲ့အ​ေျခအ​ေန​ေတြကို ထည့္စဥ္းစားရမယ္​ေလ"

ထို'အကယ္၍'ဆိုတဲ့ စကားအား ​ေလး​ေလးနက္နက္မစဥ္းစားမိလိုက္တာ သူ႔လိုအပ္ခ်က္။ အ​ေဖက ဘယ္စကားကိုမွ လက္လြတ္စပယ္မ​ေျပာတတ္သလို ဘယ္အလုပ္ကိုမွ ရည္႐ြယ္ခ်က္မဲ့စြာ မလုပ္တတ္။

သူတို႔ ထို႐ြာ​ေလးကို ​ေရာက္​ေတာ့ အနည္းငယ္အကဲခတ္ၾကည့္မိလိုက္​ေသးသည္။ အိမ္​ေျခငါးဆယ္ေလာက္သာရွိမည္ဟုခန္႔မွန္းရၿပီး လမ္းႀကိဳလမ္းၾကား​ေလးမ်ားႏွင့္သာ ဖြဲ႕စည္းထား၏။
​​​ေမာစကိုၿမိဳ႕​ေတာ္ႏွင့္ နီး​ေနလို႔သာ ႐ြာဟုအမည္​ေပးထားတာ။ တကယ္တမ္းက် အိမ္​ေျခစု​ေလးတစ္ခုထက္မပို။

ထိုအိမ္​ေျခစု​ေလးကို သူ​ေလွ်ာ့တြက္မိသြားသည္။ သူ႔ဘက္က ကမ္းလွမ္းခ်က္ကို Mr. Kim လြယ္လြယ္ကူကူ လက္ခံလိမ့္မည္ဟု တြက္ဆမိတာလည္း အမွားႀကီးမွားသည္။

"Taehyungကို ကြၽန္​ေတာ္​ေသခ်ာ​ေစာင့္​ေရွာက္မွာပါ။ မွဲ႔တစ္​ေပါက္မစြန္းရ​​ေအာင္၊ ​အ​ေကာင္းဆုံးႀကီးျပင္းလာ​ေအာင္။ ဪ.. သူ႔ကို ကြၽန္တစ္​ေယာက္ရဲ႕သားလို႔လည္း ဘယ္သူမွ မ​ေျပာ​ရဲေစရပါဘူး"

"မ​ေပးႏိုင္ဘူး သခင္​ေလး"

JungKook အလိုလိုမ်က္​ေမွာင္ၾကဳတ္ရသည္။ ႐ို႐ို​ေသ​ေသ​ေလး​​ေလးစားစား​ေတာင္း​ေနတာကို မ​ေပးဘူးတဲ့လား။ သည္ထက္ၾကမ္းတဲ့စကား​မ်ိဳး​ေတြ ​ေမွ်ာ္လင့္​ေနတာလား။

"ခင္ဗ်ားတစ္သက္ဆပ္မကုန္ႏိုင္တဲ့ အ​ေႂကြး​ေတြ.. အတိုး​ေရာအရင္း​ေရာ ​ေလွ်ာ္​ေပးမယ္။ အသာတၾကည္ ငါ့သားလက္ထဲ ထည့္လိုက္"

သူ​ေဌးႀကီးJeonက ခက္ထန္တင္းမာစြာ အထက္စီးက ​ေျပာ၏။ ကမ္းလွမ္းသည္ထက္ ၿခိမ္း​ေျခာက္တာႏွင့္ပင္ ပိုတူ​ေန​ေလသည္။

Mr. Kimအတြက္​ေတာ့ အ​ေျပာခံရတာ တန္လြန္းသည့္အ​ေနအထား။ တစ္သက္လုံး အ​ေႂကြးကင္းကင္း​ေနႏိုင္ဖို႔ရာ အခြင့္အ​ေရး။ သို႔တိုင္​ေအာင္ ​ေပးလိုက္မည္က သူ႔ရဲ႕တစ္ဦးတည္း​ေသာ ​ေသြးသား​ေလး။
သူမ​ေပးႏိုင္။ သူလက္ထဲမွာ အ​ေကာင္းဆုံးႀကီးျပင္းလာ​ေစရမယ္လို႔ သူ႔အမ်ိဳးသမီးကို ကတိ​ေပးခဲ့ဖူးတယ္မဟုတ္ပါလား။ လြယ္လြယ္နဲ႔​ ကတိဖ်က္တတ္သူ​ေတာ့ မျဖစ္လို။ ​ေငြႏွင့္ သားကို လဲလွယ္ဖို႔ဆိုတာ ပိုလို႔​ေတာင္ မျဖစ္ႏိုင္​ေသး။

"မ်က္ႏွာပူစြာနဲ႔ပဲ ျငင္းပါရ​ေစ။ ကြၽန္​ေတာ့္သား​ေလးမရွိဘဲ​ေတာ့ ကြၽန္​ေတာ္မ​ေနႏိုင္လို႔ပါ"

"ဒါဆို ဦး​ေလးလည္း ကြၽန္​ေတာ္တို႔အိမ္.."

"​​ေတာ္​ေတာ့ JungKook.. မလိုအပ္တာ​ေတြ သိပ္မ​ေျပာနဲ႔"

အ​ေဖက Mr. Kimကို အိမ္မွာ လိုက္​ေန​ေစခ်င္ပုံမရ။ ျဖစ္ပါလိမ့္မည္.. Taehyungကို​ေတာင္ သူရဲ႕ ​ဆႏၵျပင္းျပမႈ​ေၾကာင့္သာ ​ေခၚတဲ့သူ​ေလ။
ငယ္ခ်စ္ဦးကို အႏိုင္ပိုင္းသြားသူအား အိမ္​ေပၚ​ေခၚတင္ပါ့မည္တဲ့လား။ သည္တစ္ခါ အ​ေဖက ယုတၱိတန္ပါသည္။

"​ေကာင္း​ေကာင္းမြန္မြန္​ေတာင္း​ေနတုန္း​ေပး။ ​ေအး.. မ​ေပးလည္း ကိစၥမရွိဘူး။ က်ဳပ္တို႔ စာခ်ဳပ္အရ အ​ေပါင္ခံပစၥည္းကို က်ဳပ္ဆႏၵအတိုင္းထားမယ္လို႔​ေျပာထားတယ္​ေလ။ ခင္ဗ်ားသားကို အ​ေပါင္ခံအျဖစ္ထားမယ္။ သတ္မွတ္ခ်ိန္ထိလည္း မဆပ္ႏိုင္​​ေသးဘူးဆို​ေတာ့ က်ဳပ္သိမ္း႐ုံ​ေပါ့"

Mr. Kim ​ေသြးလန္႔သြားသည္။ နားထင္ထိ ​ေဆာင့္တက္လာ​ေသာ ​ေသြးဖိအား​ေၾကာင့္ မူး​ေနာက္​ေနာက္ျဖစ္သြား၏။ ထိုအခ်ိန္မွာ အိပ္​ေနရာက ထြက္လာတဲ့ သားငယ္​ေလးကို ျမင္လိုက္ခ်ိန္ စိုးရိမ္မႈက အထြတ္အထိပ္။
​ေျခတံပုတိုတို​ေလးမ်ားႏွင့္ သိပ္လမ္း​ေလွ်ာက္ခ်င္​ေသာ Taehyung​ေလးက အိပ္ရာထတာႏွင့္ အခန္းျပင္သို႔ ထြက္လာပုံပါ။

"Taehyung..!"

"Taehyung​ေလး အထဲျပန္ဝင္"

​ေ႐ႊ​ေရာင္ဆံပင္​လိမ္လိမ္​ေလးမ်ားက ခပ္ပြပြ။ မ်က္လုံးႏွစ္ဖက္ကို လက္​ေသး​ေသး​ေလးမ်ားျဖင့္ ပြတ္သပ္လ်က္။ JungKookႏွင့္ Mr. Kim ၿပိဳင္တူ​​ေအာ္​ေတာ့ ပြတ္သပ္​ေနရာမွာ ရပ္ၿပီး ျပဴး​ေၾကာင္စြာ ​ၾကည့္​ေန၏။

အၾကည့္​ေလးကအစ ခ်စ္စရာျဖစ္​ေနတာ​​ေၾကာင့္ JungKook ၿပဳံးကာ ​ေငး​ေမာမိသြားသည္။ သူမၿပဳံးတာ သိပ္ၾကာ​ေနၿပီ​​ေလ။
သူ​ေမ့​ေလ်ာ့စြာ ​ေငး​ေနမိစဥ္ Mr. Kimက ထိုင္ရာမွ ထၿပီး က​ေလးကို ​ေပြ႕ခ်ီ​ကာ အျပင္သို႔ ထြက္​​​ေျပးသည္။

ကံ​ေကာင္း​ေထာက္မစြာ အျပင္မွာက်န္ခဲ့​ေသာ ​အ​ေဖ့သက္​ေတာ္​ေစာင့္မ်ားရွိ​ေန၍ ၾကာရွည္​ေျပးလို႔မရလိုက္။ Taehyung​ေလးမွာ အစပိုင္း ျပဴး​ေၾကာင္​ေၾကာင္ႏွင့္ ဟိုၾကည့္သည္ၾကည့္ျဖစ္​ေနသ​ေလာက္ ႐ုန္းရင္းဆန္ခတ္​ေတြ ျဖစ္လာ​ေလ​​​ေလ တအီအီငို​ေလ​ေလ။

က​ေလးအတြက္ ဒါက အိပ္မက္ဆိုးလို ျဖစ္​ေနလိမ့္မည္။

မထင္မွတ္ဘဲ တ​ေျဖး​ေျဖးႀကီးလာ​ေသာ ျပႆနာ​ေၾကာင့္ ႐ြာထဲက တျခားလူ​ေတြပါ ပါလာ၏။ Taehyungတို႔သားအဖက ႐ြာမွာ လူခ်စ္လူခင္မ်ားဟန္။ Mr. Kimက ​ေျပးၿပီး အကူအညီ​ေတာင္း​ေတာ့ ႐ြာသားအခ်ိဳ႕ပါ ထြက္လာသည္။
အခုမွပဲ အ​ေဖ​ေျပာသည့္ 'အကယ္၍'ဆို​ေသာ အ​ေျခအ​ေနအား သူသ​ေဘာ​ေပါက္ႏိုင္​ေတာ့၏။
႐ြာသား​ေတြနဲ႔ သက္​ေတာ္​ေစာင့္​ေတြ​ၾကား လုံး​ေထြးသတ္ပုတ္မႈ​ေတြ ျဖစ္လာၿပီး​ေနာက္ အ​ေဖက ​ေသနတ္သုံးဖို႔ပါ အမိန္႔​ေပး၏။

အခု​​ေလာက္ထိ ျဖစ္လာဖို႔ မ​ေမွ်ာ္လင့္ခဲ့​ေသာ္လည္း တကယ္တမ္းျဖစ္လာခ်ိန္မွာ သူ​ေနာက္ဆုတ္လို႔မရႏိုင္​ေတာ့။ Taehyungကို ရ​ေအာင္​ေခၚသြားဖို႔ကလြဲရင္ ဘာမ်က္ႏွာမွ ​ေထာက္စရာ ငဲ့စရာမလိုဟုသာ အထပ္ထပ္အခါခါ ​ေတြးမိ​ေန​ေတာ့တာ။

သည္လိုက​ေယာက္ကယက္အ​ေနအထားကို အခြင့္​ေကာင္းယူကာ Mr. Kimက တန္း​ေန​ေအာင္ ထြက္​ေျပးသည္။ Taehyungဆီက​ေန အၾကည့္မလြဲႏိုင္​ေသး​ေသာ JungKookမွာ ဒါကို မ​ေတြ႕ဘဲမ​ေန။

"Taehyung! ကိုယ္နဲ႔လိုက္ခဲ့!"

'ဒိုင္း!'

သူ​ေျပးလိုက္ၿပီး စကၠန္႔ပိုင္းအတြင္းမွာပဲ ​​ေျခာက္လုံးျပဴး​ေသနတ္သံကို ၾကားလိုက္ရ၏။ Mr. Kim ​ေခါက္ခနဲ ​ေခြလဲသြားၿပီး ပါးစပ္​ထဲက ​ေသြးနီနီတို႔ ပြက္အန္လာလွ်င္ Taehyung​ေလးက အလန္႔တၾကားႏွင့္ အာ​ေခါင္ျခစ္​ေအာ္​ေတာ့သည္။

သက္​ေတာ္​ေစာင့္​ေတြထဲ ပစၥတိုသာပါလာ​ေၾကာင္း သိထား​ေတာ့ သူအ​ေဖ့ကို လွည့္ၾကည့္သည္။ ​ေသြး​ေအးစြာပင္ အ​ေဖက သူ႔​ေျခာက္လုံးျပဴး​ေသနတ္ကို ​​ေဘာင္းဘီခါးပတ္ၾကားထဲ ထိုးထည့္ၿပီး တစ္လွမ္းခ်င္း ​ေလွ်ာက္လာခဲ့သည္။

"အ​ေဖ..အ​ေဖ သတ္လိုက္တာလား"

"ဟုတ္တယ္။ ဒီလိုမွမလုပ္ရင္ ငါ့လူ​ေတြလည္း အလကားပင္ပန္း​ေနၿပီ။ ​ေနာက္လည္း ​ေသာက္ဇယား​ေတြက ရႈပ္လာဦးမွာ"

သူသိလိုက္ပါၿပီ။ သူတို႔သားအဖႏွစ္​ေယာက္လုံးက ​စိတၱဇဆန္စြာ ႐ူး​ေနၾကၿပီဆိုတာကို​ေပါ့။ သူ႐ူးသမွ် နားလည္​ေပးႏိုင္တာ အ​ေဖကိုယ္တိုင္က သူ႔လိုလူျဖစ္​ေန၍သာ။

အ​ေဖ့ကို အျပစ္မတင္ခ်င္.. သူ႔​ေၾကာင့္မဟုတ္ရင္ အခု​ေလာက္ထိ လုပ္မွာမဟုတ္တဲ့လူ။ သူ႔​ေၾကာင့္ ဘာနည္းနဲ႔ျဖစ္ျဖစ္ Taehyungကို ရ​ေအာင္​ေခၚ​ေပးမယ္ဆိုတဲ့လူ။ အ​ေဖက သူ႔​ေၾကာင့္ခ်ည္း လုပ္ခဲ့သူျဖစ္​ေနတာ​ေၾကာင့္ အ​ေဖ့ကို သူအျပစ္တင္စရာအ​​ေၾကာင္းမရွိ။

​ပါး​ေစာင္ထဲက ​ေသြးအလိမ္းလိမ္းစီးက်လ်က္ အသက္မဲ့​ေန​ေသာ Mr. Kim၏ ႐ုပ္အ​ေလာင္းအား Taehyungၾကည့္​ေနၿပီး ငိုသံလည္း မထြက္​လာေတာ့။ ငိုဖို႔ထက္ ႀကီးမား​ေသာ စိတ္ဒဏ္ရာရသြားသည့္ႏွယ္။

သည္ျမင္ကြင္းမ်ိဳးကို ၾကည့္ဖို႔ရာ သိပ္ငယ္လြန္း​ေသာ အ႐ြယ္ျဖစ္သည့္တိုင္ JungKook သတိမမူမိလိုက္။ သူဆႏၵရွိသည့္အတိုင္း က​ေလးကို ​​ေပြ႕​ေခၚလာ​ေတာ့တာပင္..။
____

စဥ္းစားၾကည့္​ေတာ့ ကိုယ့္အသည္းကို စိတ္ဒဏ္ရာလွလွႀကီး ​ေပးခဲ့မိသူဟာ ကိုယ္ပါပဲ။
အ​ေဖသတ္လိုက္တာဆို​ေပမဲ့ ကိုယ့္​ေၾကာင့္ပဲ မဟုတ္လား။ ကိုယ့္ရဲ႕ မ​ေစာင့္စည္းႏိုင္ျခင္း​ေတြ၊ သည္းမခံ စိတ္မရွည္ႏိုင္ျခင္း​ေတြ​ေၾကာင့္ အ​ေဖလည္း သည္လမ္းကို​ေ႐ြးခဲ့ရသည္။ Taehyungမွာလည္း စိတ္ဒဏ္ရာ​ေတြ တစ္ပုံတစ္ပင္။

ခြင့္လႊတ္ဖို႔ရာအတြက္ မထိုက္တန္သည့္သူျဖစ္​ေနတာ​ေၾကာင့္ ဘာအ​​ေၾကာင္း​ေၾကာင့္နဲ႔မွ အသနားမခံလို​ေတာ့ပါ။ မုန္းရင္လည္း မုန္းတဲ့အတိုင္း​ေနပါ​ေစ​ေတာ့။

သူ႔အနားထားခ်င္တဲ့အတၱ​ေလးကလြဲ ဗလာက်င္း​ေနတဲ့ သူ႔စိတ္​ေတြရယ္။
အမုန္းနဲ႔ပဲရွိရွိ စက္ဆုပ္မႈျဖင့္ပဲရွိရွိ အနားရွိ​ေနရင္၊ သူပိုင္ဆိုင္​ေနရင္ရၿပီဆိုတဲ့ မိုက္႐ူးရဲဆန္ဆန္ယူဆခ်က္ျဖင့္ လက္ထပ္ဖို႔ ႀကိဳးပမ္းခဲ့ဖူးသည္။

ရႈံးၿမဲရႈံး​ေနဆဲပါပဲ ကိုယ့္အသည္းရယ္။

မင္းနဲ႔ပတ္သက္လို႔က​ေတာ့ ဆယ္ဘဝ​ေလာက္ ပါရမီျဖည့္ရင္​ေတာင္ ကိုယ္ႏိုင္ဖို႔ မစြမ္းသာပါ။
႐ုပ္ပိုင္းဆိုင္ရာအားျဖင့္ ကိုယ္ႏိုင္​​ေကာင္းႏိုင္ပါလိမ့္မည္။ မင္းစိတ္နဲ႔ ႏွလုံးသားကို​ေတာ့ ကိုယ္ဘယ္​ေသာအခါမွ အႏိုင္ယူႏိုင္မည္ မဟုတ္။

ညက ​ေျဖး​ေျဖးခ်င္းနက္၍ ​ေျဖး​ေျဖးခ်င္း မိုး​ေသာက္ခ်ိန္​​ေရာက္သည္။ ကိုယ္တို႔ၾကားက အက္​ေၾကာင္း​ေလးက​ေတာ့ ျမန္ျမန္ဆန္ဆန္ကြဲအက္၍ ဘယ္​ေသာအခါမွ ျပန္မဆက္ႏိုင္စတမ္း​။

အခန္းအျပင္က အရိပ္ငယ္​ေလးတစ္ခု။ တံခါးလက္ကိုင္ကို တင္းတင္းဆုပ္ကိုင္ထားဆဲ။
ဒီဂရီအနည္းငယ္မွ် လွည့္လိုက္႐ုံျဖင့္ အခန္းတံခါးပြင့္သြားလိမ့္မည္။
ထို႔နည္းတူ ကိုယ္တို႔ႏွစ္ဦးၾကားက တံတိုင္းတစ္ခုလည္း အလိုလို ပြင့္ဟသြားႏိုင္သည္။

အနည္းငယ္မွ်​ေသာ အားစိုက္ထုတ္မႈ​ေလးကို​ေတာင္ သူမလုပ္ႏိုင္။
သက္ျပင္းရွည္တစ္ခုကို အခန္းထဲကလူမသိ​ေအာင္ ခိုးရႈိက္ရင္း သူ႔ႏွလုံးသားက ​ေမာဟိုက္သြား​ေလ၏။

အခန္းထဲက စီးကရက္​ေငြ႕ကို အျပင္က သူဟာ ရႉရႈိက္မိ​ေန၏။

စမွတ္ဆုံးမွတ္မွာ မ​ေ႐ြ႕စတမ္းရပ္​ေနၾကသ​ေ႐ြ႕ သူတို႔ဟာ ျမင္​ေနလ်က္ ​ေဝး​ေနၾကဦး​ေတာ့မည္..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue lendo

Você também vai gostar

48K 3.2K 33
[𝚄𝚗𝚒+𝚉𝚊𝚠] ရန်သူ့ဓားလက်နက်အောက်မှာကျရှုံးရခြင်းထက် ရန်သူ့ချစ်ခြင်း‌မေတ္တာအောက်မှာကျရှုံးရခြင်းဟာ ရှက်ဖွယ်ကောင်းသောကျရှုံးမှုတစ်ခု။ ရန္သူ႔ဓားလက္...
4.6K 83 5
ˏˋ°•*⁀➷ | 𝐈𝐍 𝐖𝐇𝐈𝐂𝐇 A consequence of how far I obsess over Guesung, the oh so famous striker of the national South Korean footb...
682K 41.9K 106
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1M 55.2K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...