Unicode
"တချို့လူတွေဆို နှစ်တွေအကြာကြီး crushခဲ့ကြပေမယ့် ဘာမှဖြစ်မလာဘူးလေ။ ကိုယ်တို့ကြတော့ ပြန်ဆုံတာနဲ့ မင်း လောင်ကုန်းလို့ ခေါ်တာခံရတယ်။ ကိုယ့်အတွက် အရှုံးမရှိပါဘူး။"
ဒါကို ကြားတော့ ရှီယွင်နန်ပြုံးမိသွားပြီး သူ့နားလေးတိုးကာ မကျီစယ်ဘဲ မနေနိုင်တော့။ "ကျွန်တော် ထီဆုအကြီးကြီး ပေါက်တာလို့ ပြောသားပဲ"
"ကြည့်ရတာ ကိုယ်တို့နှစ်ယောက်က အရှုံးပေါ်မယ့် ကိစ္စဆို မလုပ်တဲ့သူတွေဖြစ်မယ်။"
"သေချာတာပေါ့"
ရှီယွင်နန် ဝမ်းနည်နေသည့် စိတ်လေးကို မသိမသာ ပြန်ချုပ်တည်းလိုက်ပြီး နောက်ဆုံး အံဆွဲကို ကြည်ကာ မေးလိုက်သည်။ "ခင်ဗျား တခြားဝှက်ထားတာတွေကော ရှိသေးလား?"
ဒီလိုမေးနေရင်း သူ့ရင်ထဲမှာတော့ တိတ်တိတ်လေး မျှော်လင့်စောင့်စားနေမိ၏။
ရှီယွင်နန် သူ့ကိုယ့်သူ ခံစားလွယ်ပြီး အချစ်ငတ်နေမှန်းလည်း သိသည်။
အရင်တုန်းကတော့ သူ့မှာ ဘယ်သူဆီကမှ လုံခြုံစိတ်ချရတဲ့ ခံစားမှုမျိုး မခံစားခဲ့ရ။ အခုတော့ လော့လင်ရှန်းက သူ့နှလုံးသားထဲ အချစ်တွေနဲ့သာ ဖြည့်ပေးထားတာကြောင့် သူဟာ ကြည့်နူးဖို့ကောင်းတဲ့ surprise တွေကို ဆက်သိချင်နေပြီး ကာကွယ်ပေးခံရတဲ့ ခံစားမှုမျိုးကိုလည်း ခံစားကြည့်ချင်မိသည်။
လော့လင်းရှန်းက သူ့မျက်လုံးလေးနဲ့ မျက်ရိပ်မျက်ခြေပြကာ—
"ဖွင့်ကြည့်လိုက်ပါလား?"
ခွင့်ပြုချက်ရသွားတော့ ရှီယွင်နန် ရှေ့သို့ ပြန်လှည့်ပြီး ငုံ့ကာ အံဆွံကိုဖွင့်ကြည့်လိုက်တော့သည်။
အံဆွဲထဲရှိနေသည်မှာ ပုံစံတူ လက်ထပ်စာချုပ်နှစ်ခုနှင့် ကတ္တီပါအနက်ရောင်ဘူးလေးတစ်ဘူးပင်။
အံဆွဲထဲတွင် ပစ္စည်းအများကြီးမရှိသော်လည်း ထိုပစ္စည်းများနဲ့တင် ရှီယွင်နန်အား စိတ်လှုပ်ရှားသွားစေရန် လုံလောက်နေလေပြီ။
လော့လင်းရှန်းက မှင်သက်နေသည့် သူ့ချစ်သူ အနောက်ကနေ ကတ္တီပါဘူးလေးကို ထုတ်လိုက်၏။ ထို့နောက် သူ့စိတ်ထဲတွင် အကြိမ်ပေါင်းထောင်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့သည့် ကိုယ်ဟန်အနေထားကို(ဒူးထောက်)လုပ်လိုက်သည်။
"ယွင်နန် ဒီလို အကြမ်းဖျင်းပဲ proposeလုပ်လိုက်ရတယ်။ ဒါမယ့် မင်း..."
လော့လင်းရှန်းက သူ့ချစ်သူအားစိုက်ကြည့်ကာ တစ်လုံးချင်း လေးလေးနက်နက် ထုတ်ပြောလာသည်။
"မင်းရဲ့ ဘဝတလျှောက်လုံးကို ကိုယ်နဲ့တူတူ ဖြတ်သန်းပေးနိုင်မလား?"
အနက်ရောင်ကတ္တီပါဘူးလေးအား ဖွင့်လိုက်သည့်အခါ ရိုးရိုးရှင်းရှင်း ဒီဇိုင်းထွင်းထားသည့် အမျိုးသားဝတ် လက်စွပ်နှစ်ကွင်းရှိနေသည်။
အရွယ်အစားတူသည့် လက်စွပ်နှစ်ကွင်း၏မျက်နှာပြင်ကို "S"ဆိုသည့် စာလုံးကြီးဖြင့် ချိတ်ဆက်ထားပြီး၊ လက်စွပ်တစ်ကွင်းစီတွင် စိန်သေးသေးလေးတစ်လုံးစီကို မြှုပ်ထည့်ထားသည်။
"..."
ရှီယွင်နန် ဘူးထဲရှိ လက်စွပ်နှစ်ကွင်းကို စိုက်ကြည့်ရင်း အတွေးများ ဗလာဖြစ်သွား၏။ စားပွဲပေါ်တင်ထားတဲ့ လက်ထပ်စာချုပ်ကို သူတစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတော့ စကားလေးတစ်ခွန်း ဆိုလိုက်သည်။
"လော့လင်းရှန်း ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေးပါ။"
တစ်ယောက်သဘောထားကို တစ်ယောက်နားလည်ရန် စကားလုံးများစွာမလိုအပ်ပေ။
ဆယ်စက္ကန့်အတွင်းမှာပဲ အကြာကြီး တန်ဖိုးထားသိမ်းထားခဲ့သည့် လက်စွပ်နှစ်ကွင်းဟာ သူတို့လက်ချောင်းတွေပေါ် ရောက်ရှိလို့သွားလေပြီ။
ရှီယွင်နန်က လော့လင်းရှန်း၏ နွေးနွေးထွေးထွေး လက်ဖဝါးလေးကို ဆုပ်ကိုင်ထားရင် ရယ်နေလျက်။
"ဖုန်းထဲမှာတုန်းက ခင်ဗျား ပြောစရာရှိတယ်ဆိုတာ ဒါလား?"
"အင်း"
အစကတော့ လော့လင်းရှန်းမှာ လက်ထပ်ခွင့်တောင်းရန် ပွဲနေရာတွေကိုပါ လဝက်ကြိုစီစဉ်ထားခဲ့သည်။ သို့သော်လည်း သူ မနေ့က အိမ်ပြန်ရောက်ရောက်ချင်း အမူးသမားလေးရှီယွင်နန်ကိုတွေ့သည့်အခါ စိုးရိမ်ထိတ်လန့်သွားရ၏။
ထို့ကြောင့်သူ့မှာ အရင်အစီအစဉ်အတိုင်း ဆက်မသွားနိုင်ခဲ့။
ကောင်းတာတစ်ခုကတော့ ရှီယွင်နန်ကော သူတို့ နှစ်ဦးစလုံးက လုပ်ထုံးလုပ်နည်းတွေထက် သဘောထားကြီးကြသူများဖြစ်နေတာပင်။
ရှီယွင်နန်မှာ လက်စွပ်နှစ်ကွင်းကို ထပ်လိုက်တာနှင့် "S" ပုံစံပေါ်လာတာကို တွေ့သည့်အခါ တစ်ခုခုကိုမှတ်မိသွားပြီး အံ့အားသင့်နေသည့် မျက်လုံးလေးများဖြင့် မေးလိုက်သည်။ "ဒီလက်စွပ်နှစ်ကွင်းက..."
လော့လင်းရှန်းကလည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေလာသည်။ "အဲ့တုန်းက ရုတ်တရက် စိတ်ကူးရတာနဲ့ ဒီဇိုင်းနာတစ်ယောက်ဆီမှာ အပ်ထားခဲ့တာ"
မွေးနေ့ပါတီမှာတုန်းက လော့လင်းရှန်း ရှီယွင်နန်၏လက်ကိုကိုင်မိခဲ့တာကြောင့် လက်သူကြွယ် sizeကို မှတ်မိနေခဲ့ပြီး သူ့ကိုယ်သူ မဖြစ်နိုင်သည့် ဆန္ဒတွေကြားမှာ ကျန်ရစ်ခဲ့ဖို့ ကြိုးစားခဲ့သည်။
သူ့ဆန္ဒတွေ တကယ်ဖြစ်လာလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးထားခဲ့။ ကံကောင်းစွာနဲ့ပဲ size က အနေတော်ဖြစ်နေလေသည်။
ထိုစကားကြားသည့်အခါ ရှီယွင်နန် အံ့အားသင့်ကာ ပြုံးမိသွားသည်။ "နိုင်ငံခြားသား ဒီဇိုင်းနာလား?"
လော့လင်းရှန်းက ပြုံးသာပြုံးနေလျက်။
"ကျွန်တော်က လက်ဝတ်ရတနာ ဒီဇိုင်းနာတစ်ယောက်ဆိုတာ ခင်ဗျား သိနေခဲ့တာလား?" ရှီယွင်နန် လော့လင်းရှန်းနားသို့ တိုးကပ်လိုက်ပြီး ကျီစယ်သည့်မျက်နှာထားလေးဖြင့် ပြုံးနေ၏။ "ဒါမယ့် အရင်တုန်းကတော့ ခင်ဗျား မသိချင်ယောင်ဆောင်နေတယ်ပေါ့"
"ကျွန်တော်တို့ လက်ထပ်လက်စွပ်ကို ကျွန်တော် ဒီဇိုင်းဆွဲမယ်ပြောတုန်းက ခင်ဗျားအေးအေးဆေးဆေး ပုံစံနဲ့ တုံ့ပြန်နိုင်ခဲ့တာ မအံ့ဩတော့ပါဘူး။ ခင်ဗျားက ကြိုပြင်ဆင်ထားပြီးသားကိုး"
"S"
လော့လင်းရှန်း ၏ "ရှန်း" နှင့် ရှီယွင်နန်၏ "ရှီ"—
ထို စာလုံးမှာ လူနှစ်ဦး၏ ရှေ့ဆုံးမျိုးရိုးနှင့် နောက်ဆုံးနာမည်ကို ကိုယ်စားပြုနေ၏။
ဒီဇိုင်းအိုင်ဒီယာကို လော့လင်းရှန်းမှ ပြောခဲ့ပြီး ဒီဇိုင်းမူကြမ်းကိုတော့ ရှီယွင်နန်ဆွဲထားခဲ့တာပင်။ ထိုအချိန်တုန်းက အမှန်တရားတွေကို ဖုံးကွယ်ခဲ့ကြပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့ရဲ့ လက်ထပ်လက်စွပ်ကို ဖန်တီးနိုင်ခဲ့ကြသည်။
လော့လင်းရှန်းက သူ့အား ပွေ့ဖက်ထားရင်း မေးလာသည်။ "ဒါ အဆင်ပြေရဲ့လား?"
ရှီယွင်နန်က ပြုံးနေလျက်-
"အရမ်း အံ့ဩဖို့ ကောင်းတယ်။"
သူ့နှလုံးသားလေးမှာ ဘယ်တုန်းကမှ ဒီလောက် မကျေနပ်ဖူးပါ။ ခဏကြာသည့်အခါမှာတော့ သူချွဲပျစ်ပျစ် စကားလေးတွေကို မပြောဘဲ မနေနိုင်တော့။ "လောင်ကုန်း ကျွန်တော် ခင်ဗျားကို နမ်းချင်တယ်"
လော့လင်းရှန်းက မြန်မြန်ဆန်ဆန်ပဲ သူ့ဆန္ဒကို လိုက်လျောပေးလိုက်ပြီး နူးညံ့သည့် နှုတ်ခမ်းလွှာလေးကို သူ့နှုတ်ခမ်းဖြင့် ဖမ်းဆုပ်လိုက်တော့သည်။
သူတို့၏ နှုတ်ခမ်းနှင့်လျှာမှာ သူတို့၏ မြန်ဆန်နေသည့် အသက်ရှူသံတွေလိုမျိုး တစ်ခုနှင့်တစ်ခု ရစ်ပတ်နေကြ၏။
"သေချာကိုင်ထား"
လော့လင်းရှန်းက မောဟိုက်နေသည့် အသံဖြင့် ပြောလာပြီး နောက်တစ်စက္ကန့်မှာပင်၊ သူက ရှီယွင်နန်အားမ ချီကာ သူ့စားပွဲခုံပေါ်တင်လိုက်ပြီး ပိုခပ်ကြမ်းကြမ်းနမ်းလိုက်သည်။
သူ ဘယ်နှစ်ကြိမ် မြည်းစမ်းခဲ့ဖူးပါစေ ရှီယွင်နန်တစ်ကိုယ်လုံးကို မျိုချချင်သည့်အလား ဘယ်တော့မှ မလုံလောက်နိုင်ခဲ့။
ရှီယွင်နန်မှာ သူ့ချစ်သူ၏ ခွန်အားကြောင့် နောက်သို့ လှန်ကျလုနီးပါးဖြစ်သွားပြီး အလန့်တကြား ခုံပေါ် လက်ထောက်မိကာ စားပွဲပေါ်ရှိ ဖိုင်တွေကို တွန်းမိသွားသည်။
-ဘုံး( ပြုတ်ကျသံ/ တိုက်ကျသံ)
ထိုပြုတ်ကျသည့် အသံကြောင့် ရှီယွင်နန် ဆင်ခြေတုံတရားပြန်ဝင်လာ၏။ လော့လင်းရှန်း မျက်လုံးထဲရှိ ချစ်စိတ်ပြင်းပြနေမှုကို သူတွေ့လိုက်ရပြီး လွန်ခဲ့သည့် နာရီပိုင်းတုန်းက ခံစားခဲ့ရသည့် အထိအတွေ့များကို ပြန်တွေးမိသွားသည်။
"ခ... ခဏ"
လော့လင်းရှန်းက သူ့ဆန္ဒအတိုင်း ရပ်တန့်သွားပြီး ဆွဲဆောင်မှုရှိသည့် အသက်ရှူသံဟာ သူ့နားထဲပြန့်လွှင့်လာသည်။
"ဘာဖြစ်လို့လဲ?"
ရှီယွင်နန် ခေါင်းလေးစောင်းကာ
"ဒါက စာကြည့်ခန်းလေ"
"ကိုယ် လော့ခ် ချထားပြီးပြီ" လော့လင်ရှန်းက ကြိုတောင် ပြင်ဆင်ထားပြီလေပြီ။
"..."
ရှီယွင်နန် ချက်ချင်းပင် နှုတ်ဆိတ်သွားရ၏။
သူက ခန္ဓာကိုယ် မနာရဘဲ သူ့ခံစားချက်တွေကို ဖွင့်ထုတ်နိုင်မယ့် အနမ်းလေးတစ်ခုသာ လိုချင်ရုံလေ။
ရှီယွင်နန် စဉ်းစားနေကာ ဆင်ခြေတစ်ခု ရှာလိုက်သည်။ "ခင်ဗျား ခန္ဓာကိုယ်က အခုမှ ကောင်းခါစလို့ ဒေါက်တာဘန့်စ်ပြောထားတယ်လေ။ လျှောက်မလုပ်နဲ့"
လော့လင်းရှန်းက သူ့အကြံတွေကို ဖောက်ထွင်းမြင်သွားပြီး ချက်ချင်းပင် မလျှော့တမ်း ပြန်ချေပလိုက်သည်။ "ကိုယ့်ခြေထောက် အခြေအနေကို ကိုယ်သိပါတယ်။ မင်းပဲ မပင်ပန်းချင်လို့ ကိုယ့်ခြေထောက်တွေကို မြန်မြန် ပြန်ကောင်းလာစေချင်တယ်ဆို?"
"...အဲ့လို ပြောတာ မဟုတ်ဘူးလေ၊ အရင်က အဲ့လောက်ကြီး ခဏခဏမလုပ်ဘူးလေ"
ရှီယွင်နန်မှာ လော့လင်းရှန်းကို အသာစီးမရစေချင်သည့်အလား စားပွဲခုံပေါ်ကနေ ရှောင်ထွက် ချင်နေမိ၏။
လော့လင်းရှန်းက ရယ်ကာ သူ့မျက်လုံးလေးကို နမ်းလိုက်သည်။
"ဒီနေ့ကစပြီး ခဏခဏလုပ်ရတော့မှာပဲ"
နောက်ဆုတ်ဖို့ အခွင့်အရေးမရှိသည့်အလား တယုတယ အနမ်းပြင်းပြင်းလေးဟာ တဖန်ကျရောက်လို့လာပြန်၏။
ရှီယွင်နန် တစ်ယောက် မိနစ်ဝက်အတွင်း အလျှော့ပေးလိုက်ရပြီး လော့လင်းရှန်း လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
နောက်ဆုံးတော့ နှစ်ယောက်သားအသက်ရှူတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး သူတိုးညှင်းစွာ စကားလေးတစ်ခွန်း ဆိုလိုက်တော့သည်။
"ဒါဆို ညင်သာနော်။"
"ဟုတ်ပါပြီ"
...
နှစ်နာရီကြာသောအခါ—
ရှီယွင်နန်မှာ ပင်ပန်းလွန်းတာကြောင့် စောင်အောက်မှာ ကွေးကွေးလေး ခွေနေရှာသည်။ သူ့ခေါင်းထဲမှာတော့ အရင်ကပြောခဲ့သည့် စကားတွေနဲ့သာ ပြည့်နှက်နေလျက်။
-အရင်က နားမလည်ခဲ့ပေမယ့် အခုတော့ဒီလက်တွေ့ ကနေ သင်ယူလို့ရပြီလေ။
-ခင်ဗျား ခြေထောက်တွေသာ မသက်သာရင် ရှေ့လျှောက် ကျွန်တော်ပိုပင်ပန်းရတော့မှာပဲ။
ရှီယွင်နန် ထိုအကြောင်းကို ပိုတွေးလေလေ သူ့အတွက်သူ တွင်းနက်နက်ကြီး တူးမိခဲ့သလို ခံစားလိုက်ရသည်။ မျက်နှာဖြတ်ရိုက်ခံလိုက်ရတာကြောင့် သူ ခေါင်းမြီးခြုံကာငိုကြွေးနေမိ၏။
အရင်တုန်းက သူ မသိခဲ့ဘူး။ လော့လင်းရှန်းလှုပ်ရှားမှုတွေက ပိုကျွမ်းကျင်လာတော့ သူ့မှာ ပိုပင်ပန်းပြီး အိပ်ယာထဲကတောင် မထနိုင်တော့ဘူးလေ!
တံခါးမှာ မသိမသာ တွန်းဖွင့်ခံလိုက်ရပြီး ရွှင်မြူးတက်ကြွသည့် ကလေးလေးက ဝင်လာသည်။ "ရှောင်ရှုရှု ညစာစားလို့ရပြီနော်"
ရှီယွင်နန် စောင်ကို မ ကြည့်လိုက်တော့ ရှေ့ဆင့်နောက်ဆင့်လျှောက်လာသည့် ရွှေငါးလေးနှင့် လော့လင်းရှန်းကို တွေ့လိုက်ရ၏။
လော့လင်းရှန်းကတော့ သူ့အတွက် မွှေးကြိုင်နေသော ဟင်းခွက် လေးငါးခွက် ပါသည့် ဗန်းကို ကိုင်ဆောင်ထားသည်။
ရွှေငါးလေးက ခုတင်အစွန်းနားမှာ မှီကာ စိုးရိမ်နေသော လေသံလေးဖြင့်- "ရှောင်ရှုရှု သက်သာရဲ့လား? ရှုရှုကပြောတယ် ရှောင်ရှုရှု နေမကောင်းဖြစ်နေလို့ အနားယူဖို့ လိုတယ်တဲ့။"
"..."
နေမကောင်းဘူး?
သခင်လေးရေ မင်းရှုရှုကြောင့်သာ မဟုတ်ရင် ငါ နေမကောင်းဖြစ်မှာ မဟုတ်ဘူးလေ။
ရှီယွင်နန် လက်သည်တရားခံကို စိုက်ကြည့်လိုက်ပြီး ရှိသမျှ အားအင်လေးဖြင့် အိပ်ယာမှ ကုန်းရုံးထလိုက်သည်။
ရှီယွင်နန်၏ အားမရှိတဲ့ ပုံစံလေးကို မြင်သည့်အခါ ရွှေငါးလေးက နှုတ်ခမ်းလေးကိုစူထားပြီး "ဖူးဖူး" ဟု နှစ်ကြိမ်တိုင်တိုင် မန်းမှုတ်ပေးလာတော့လေသည်။
"ရှောင်ရှုရှု သား ဆရာကပြောတယ် ဒီလို မန်းမှုတ်ပေးရင် နေမကောင်းဖြစ်နေတာတွေ လွင့်စင်သွားကောတဲ့"
သူပါးဖောင်းဖောင်းလေးမှာ ချစ်ဖို့ကောင်းလွန်းတာကြောင့် ရှီယွင်နန်မှာ သူ့လက်ချောင်းလေးနဲ့ တို့ထိတို့ထိလုပ်နေမိသည်။ "ကျေးဇူးပါကွာ။ ငါတို့ပေါင်ပေ့လေးက အရမ်းချစ်ဖို့ကောင်းတာပဲ"
လော့လင်းရှန်းက စားစရာတွေကို စားပွဲပေါ်တင်နေလျက် မေးလာသည်။ "လာစားလို့ရလား? လမ်းလျှောက်နိုင်လား"
"ရတာပေါ့!"
ရှီယွင်နန် ချက်ချင်းပင် ပြန်ဖြေလိုက်၏။
သူ့တူလေးရှေ့မှာတော့ သူ့သိက္ခာကို ထိန်းထားရမယ်လေ။
ရှီယွင်နန် စောင်ကို မ လိုက်ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာကို အောင့်အည်းသည်းခံကာ ခုတင်စွန်းမှာ ထိုင်လိုက်သည်။
သူစိုးရိမ်နေသည့် အရာ ဖြစ်လာတာတော့ သနားစရာပင်။
ရှီယွင်နန် ကြမ်းပြင်ပေါ် ထရပ်လိုက်သည်နှင့် သူ့ဒူးများ ခွေယိုင်သွားပြီး ကြမ်းပြင်ပေါ်သို့ လှဲကျသွားလေသည်။
"..."
ရှီယွင်နန် ဒူးခေါင်းနာသွား၏။
သူ တွင်းတစ်တွင်းမြန်မြန်တူးပြီး ပုန်းအောင်းလိုက်ချင်တော့သည်။
လော့လင်းရှန်းက ချက်ချင်းပဲ ရှေ့သို့ အမြန်လှမ်းလာပြီး သူ့အား ခုတင်ပေါ် ပြန်တင်ပေးသည်။
"ထိုင်နေနော် ကိုယ်စားပွဲကို ရွှေ့လာပေးမယ်"
"ဝါးးးးးး!
ရုတ်တရက် ရွှေငါးလေး ထငိုလာတာကြောင့် လော့လင်းရှန်းနှင့် ရှီယွင်နန်မှာ လန့်ဖျပ်သွားပြီး ချက်ချင်းပင် လှည့်ကြည့်မိလိုက်ကြ၏။
ရှီယွင်နန် ဒူးနှစ်ဖက်နာနေတာကို လျစ်လျုရှူပြီး ရွှေငါးလေးအား သူ့နားသို့ ဆွဲခေါ်လိုက်သည်။ "ဘာဖြစ်လို့လဲ? ဘာလို့ ရုတ်တရက်ကြီး ထငိုတာလဲ?"
ရွှေငါးလေးက ခုတင်ပေါ် တွားသွားတက်လာပြီး ရှီယွင်နန်၏ ဒူးလေးကို ပွတ်သပ်ပေးနေလျက်။ "အခုမှ ရှုရှု ခြေထောက်တွေ သက်သာသွားတာကို ရှောင်ရှုရှုခြေထောက်တွေပါ ထိခိုက်သွားပြီလား?"
"ဝူးဝူးဝူး မနေ့ညကတည်းက ရှောင်ရှုရှု ထမင်းစားဖို့ အောက်ဆင်းလာဘူးလေ"
"..."
"..."
ရှီယွင်နန်နှင့် လော့လင်းရှန်းမှာ ရွှေငါးလေးအတွေးကြောင့် မှင်သက်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြ၏။
ရှီယွင်နန်က သူ့တူလေးပါးကို ဆွဲလိုက်ပြီး အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။ "ပေါက်ကရတွေ၊ ရုတ်တရက် မထိန်းနိုင်လို့ လဲကျသွားတာပါ။ ဗိုက်ပြည့်ရင် အားပြန်ပြည့်လာမှာ"
ရွှေငါးလေးက ရှိုက်နေရင်း မေးလာသည်။ "ရှောင်ရှုရှု ဘယ်နေရာ နေမကောင်းဖြစ်နေတာလဲ?"
ရှီယွင်နန်မှာ လိမ်ဆင်တစ်ခု ကောက်ရှာလိုက်ရုံကလွဲ ရွေးချယ်စရာမရှိတော့။ "ဗိုက်...ရှောင်ရှုရှု ဗိုက်အောင့်နေတာ"
လော့လင်းရှန်းက သူ့ချစ်သူ ဒူးခေါင်းလေး ယောင်ကိုင်းနေမှာကို စိုးကာ ခုတင်အစွန်းမှာထိုင်ပြီး ပွတ်သပ်ပေးနေ၏။
သူ့ချစ်သူ၏ အလိမ်စကားကို ကြားသည့်အခါမှာတော့ သူ့မျက်လုံးများက အပြုံးရိပ်များဖြင့် စွန်းထင်းနေလျက်။ "ကျင်းယွီ မင်းရှောင်ရှုရှု ဗိုက်နွေးသွားအောင် ဝက်နံရိုး စွပ်ပြုတ်ပန်းကန် ယူလာခဲ့"
ရွှေငါးလေးမှာ ထိုအမိန့်စကားကြောင့် အလွယ်တကူပဲ အာရုံပြောင်းသွား၏။
ရွှေငါးလေးက ရှီယွင်နန် ဗိုက်အောင့်နေမှာကို စိုးရိမ်ကာ ခုတင်ပေါ်ကနေ စားပွဲနားသို့အမြန်ပြန်ပြေးသွားပြီး ဝက်နံရိုးပြောင်းဖူး စွပ်ပြုတ်ပန်းကန်ကို ဂရုတစိုက် သယ်လာပေးသည်။
"ရှောင်ရှုရှု ဖြည်းဖြည်းသောက်နော်၊ မလောက်ရင် သားအောက်ဆင်းပြီး ဘိုးဘိုးချင်ဆီမှာ သွားတောင်းပေးမယ်!"
"ဟုတ်ပါပြီကွာ"
ရှီယွင်နန်က လူကြီးလေသံအတိုင်းပြောလာတဲ့ သူစကားကို ပြန်တုံ့ပြန်လိုက်၏။
လော့လင်းရှန်းကလည်း သူ့ချစ်သူအနားကပ်ကာ အဓိပ္ပာယ်ပါပါ တိုးတိုးလေးပြောလာသည်။ "လက်က အားကော ရှိရဲ့လား? ကိုယ်ခွံ့ကျွေးရမလား?"
"မလိုဘူး။"
ရှီယွင်နန် ခနဲ့ကာ နှာမှုတ်လိုက်ပြီး ဗိုက်ဝသွားရန် စွပ်ပြုတ်ပူပူလေးကို ဖြည်းဖြည်းချင်းသောက်နေလိုက်သည်။
ရွှေငါးလေးကတော့ လူကြီးတွေရဲ့ပဟေဠိဆန်ဆန်စကားတွေကို နားမလည်တာကြောင့် ရှီယွင်နန် အတွက် အသီးအရွက်ပန်းကန်ယူပေးရန် စားပွဲခုံသို့ ပြန်ပြေးသွားပြန်သည်။ "ရှောင်ရှုရှု များများစားနော် ဗိုက်ပြည့်သွားရင် နေမကောင်းဖြစ်တော့ဘူး"
"မင်းလည်း ဗိုက်ပြည့်အောင် စားရမယ်။" လော့လင်းရှန်းက ဝင်ပြောလာသည်။
"..."
ရှီယွင်နန်မှာ လိမ္မာတဲ့ တူလေးနှင့် သူအခုလိုအခြေအနေဖြစ်အောင် လုပ်ခဲ့သည့် လက်သည်တရားခံကိုကြ ည့်ကာ စားတာ ခဏရပ်လိုက်၏။
"ရွှေငါးလေး ရှောင်ရှုရှုက မင်းကို သင်ခန်းစာ တချို့သင်ပေးမယ်"
"အာ?"
ရှီယွင်နန်က စိတ်ထဲမှာ စာစီကာ လေးလေးနက်နက်ရှင်းပြလိုက်လေသည်။ "နောက်ဆို တစ်ခုခုမပြောခင် မလုပ်ခင် နှစ်ခါစဉ်းစားရမယ်နော်၊ ကိုယ့်အတွက်ကိုယ် တွင်းတူးမိလို့မဖြစ်ဘူး နားလည်လား?"
မူရင်းစာရေးသူမှာ ပြောစရာရှိပါတယ်!
မြေခွေးလေး- ငါတော့ ကိုယ့်တွင်းကိုယ်တူးပြီး ခုန်ချမိလိုက်တာပါလား ဟားဟားဟား။
(T/N)လက်စွပ်က ဒါမျိုး ပုံမပေါ်မှာစိုးလို့ ကိုယ်တိုင်ဆွဲပြထားတယ်🥹
Zawgyi
"တခ်ိဳ႕လူေတြဆို ႏွစ္ေတြအၾကာႀကီး crushခဲ့ၾကေပမယ့္ ဘာမွျဖစ္မလာဘူးေလ။ ကိုယ္တို႔ၾကေတာ့ ျပန္ဆုံတာနဲ႔ မင္း ေလာင္ကုန္းလို႔ ေခၚတာခံရတယ္။ ကိုယ့္အတြက္ အရႈံးမရွိပါဘူး။"
ဒါကို ၾကားေတာ့ ရွီယြင္နန္ၿပဳံးမိသြားၿပီး သူ႔နားေလးတိုးကာ မက်ီစယ္ဘဲ မေနႏိုင္ေတာ့။ "ကြၽန္ေတာ္ ထီဆုအႀကီးႀကီး ေပါက္တာလို႔ ေျပာသားပဲ"
"ၾကည့္ရတာ ကိုယ္တို႔ႏွစ္ေယာက္က အရႈံးေပၚမယ့္ ကိစၥဆို မလုပ္တဲ့သူေတြျဖစ္မယ္။"
"ေသခ်ာတာေပါ့"
ရွီယြင္နန္ ဝမ္းနည္ေနသည့္ စိတ္ေလးကို မသိမသာ ျပန္ခ်ဳပ္တည္းလိုက္ၿပီး ေနာက္ဆုံး အံဆြဲကို ၾကည္ကာ ေမးလိုက္သည္။ "ခင္ဗ်ား တျခားဝွက္ထားတာေတြေကာ ရွိေသးလား?"
ဒီလိုေမးေနရင္း သူ႔ရင္ထဲမွာေတာ့ တိတ္တိတ္ေလး ေမွ်ာ္လင့္ေစာင့္စားေနမိ၏။
ရွီယြင္နန္ သူ႔ကိုယ့္သူ ခံစားလြယ္ၿပီး အခ်စ္ငတ္ေနမွန္းလည္း သိသည္။
အရင္တုန္းကေတာ့ သူ႔မွာ ဘယ္သူဆီကမွ လုံၿခဳံစိတ္ခ်ရတဲ့ ခံစားမႈမ်ိဳး မခံစားခဲ့ရ။ အခုေတာ့ ေလာ့လင္ရွန္းက သူ႔ႏွလုံးသားထဲ အခ်စ္ေတြနဲ႔သာ ျဖည့္ေပးထားတာေၾကာင့္ သူဟာ ၾကည့္ႏူးဖို႔ေကာင္းတဲ့ surprise ေတြကို ဆက္သိခ်င္ေနၿပီး ကာကြယ္ေပးခံရတဲ့ ခံစားမႈမ်ိဳးကိုလည္း ခံစားၾကည့္ခ်င္မိသည္။
ေလာ့လင္းရွန္းက သူ႔မ်က္လုံးေလးနဲ႔ မ်က္ရိပ္မ်က္ေျချပကာ—
"ဖြင့္ၾကည့္လိုက္ပါလား?"
ခြင့္ျပဳခ်က္ရသြားေတာ့ ရွီယြင္နန္ ေရွ႕သို႔ ျပန္လွည့္ၿပီး ငုံ႔ကာ အံဆြံကိုဖြင့္ၾကည့္လိုက္ေတာ့သည္။
အံဆြဲထဲရွိေနသည္မွာ ပုံစံတူ လက္ထပ္စာခ်ဳပ္ႏွစ္ခုႏွင့္ ကတၱီပါအနက္ေရာင္ဘူးေလးတစ္ဘူးပင္။
အံဆြဲထဲတြင္ ပစၥည္းအမ်ားႀကီးမရွိေသာ္လည္း ထိုပစၥည္းမ်ားနဲ႔တင္ ရွီယြင္နန္အား စိတ္လႈပ္ရွားသြားေစရန္ လုံေလာက္ေနေလၿပီ။
ေလာ့လင္းရွန္းက မွင္သက္ေနသည့္ သူ႔ခ်စ္သူ အေနာက္ကေန ကတၱီပါဘူးေလးကို ထုတ္လိုက္၏။ ထို႔ေနာက္ သူ႔စိတ္ထဲတြင္ အႀကိမ္ေပါင္းေထာင္ေပါင္းမ်ားစြာ စိတ္ကူးယဥ္ခဲ့သည့္ ကိုယ္ဟန္အေနထားကို(ဒူးေထာက္)လုပ္လိုက္သည္။
"ယြင္နန္ ဒီလို အၾကမ္းဖ်င္းပဲ proposeလုပ္လိုက္ရတယ္။ ဒါမယ့္ မင္း..."
ေလာ့လင္းရွန္းက သူ႔ခ်စ္သူအားစိုက္ၾကည့္ကာ တစ္လုံးခ်င္း ေလးေလးနက္နက္ ထုတ္ေျပာလာ၏။ "မင္းရဲ႕ ဘဝတေလွ်ာက္လုံးကို ကိုယ္နဲ႔တူတူ ျဖတ္သန္းေပးႏိုင္မလား?"
အနက္ေရာင္ကတၱီပါဘူးေလးအား ဖြင့္လိုက္သည့္အခါ ႐ိုး႐ိုးရွင္းရွင္း ဒီဇိုင္းထြင္းထားသည့္ အမ်ိဳးသားဝတ္ လက္စြပ္ႏွစ္ကြင္းရွိေနသည္။
အ႐ြယ္အစားတူသည့္ လက္စြပ္ႏွစ္ကြင္း၏မ်က္ႏွာျပင္ကို "S"ဆိုသည့္ စာလုံးႀကီးျဖင့္ ခ်ိတ္ဆက္ထားၿပီး၊ လက္စြပ္တစ္ကြင္းစီတြင္ စိန္ေသးေသးေလးတစ္လုံးစီကို ျမႇဳပ္ထည့္ထားသည္။
"..."
ရွီယြင္နန္ ဘူးထဲရွိ လက္စြပ္ႏွစ္ကြင္းကို စိုက္ၾကည့္ရင္း အေတြးမ်ား ဗလာျဖစ္သြား၏။ စားပြဲေပၚတင္ထားတဲ့ လက္ထပ္စာခ်ဳပ္ကို သူတစ္ခ်က္ၾကည့္လိုက္ၿပီး ေနာက္ဆုံးေတာ့ စကားေလးတစ္ခြန္း ဆိုလိုက္သည္။
"ေလာ့လင္းရွန္း ေပ်ာ္႐ႊင္စရာ ႏွစ္ပတ္လည္ေန႔ေလးပါ။"
တစ္ေယာက္သေဘာထားကို တစ္ေယာက္နားလည္ရန္ စကားလုံးမ်ားစြာမလိုအပ္ေပ။
ဆယ္စကၠန႔္အတြင္းမွာပဲ အၾကာႀကီး တန္ဖိုးထားသိမ္းထားခဲ့သည့္ လက္စြပ္ႏွစ္ကြင္းဟာ သူတို႔လက္ေခ်ာင္းေတြေပၚ ေရာက္ရွိလို႔သြားေလၿပီ။
ရွီယြင္နန္က ေလာ့လင္းရွန္း၏ ေႏြးေႏြးေထြးေထြး လက္ဖဝါးေလးကို ဆုပ္ကိုင္ထားရင္ ရယ္ေနလ်က္။
"ဖုန္းထဲမွာတုန္းက ခင္ဗ်ား ေျပာစရာရွိတယ္ဆိုတာ ဒါလား?"
"အင္း"
အစကေတာ့ ေလာ့လင္းရွန္းမွာ လက္ထပ္ခြင့္ေတာင္းရန္ ပြဲေနရာေတြကိုပါ လဝက္ႀကိဳစီစဥ္ထားခဲ့သည္။ သို႔ေသာ္လည္း သူ မေန႔က အိမ္ျပန္ေရာက္ေရာက္ခ်င္း အမူးသမားေလးရွီယြင္နန္ကိုေတြ႕သည့္အခါ စိုးရိမ္ထိတ္လန္႔သြားရ၏။
ထို႔ေၾကာင့္သူ႔မွာ အရင္အစီအစဥ္အတိုင္း ဆက္မသြားႏိုင္ခဲ့။
ေကာင္းတာတစ္ခုကေတာ့ ရွီယြင္နန္ေကာ သူတို႔ ႏွစ္ဦးစလုံးက လုပ္ထုံးလုပ္နည္းေတြထက္ သေဘာထားႀကီးၾကသူမ်ားျဖစ္ေနတာပင္။
ရွီယြင္နန္မွာ လက္စြပ္ႏွစ္ကြင္းကို ထပ္လိုက္တာႏွင့္ "S" ပုံစံေပၚလာတာကို ေတြ႕သည့္အခါ တစ္ခုခုကိုမွတ္မိသြားၿပီး အံ့အားသင့္ေနသည့္ မ်က္လုံးေလးမ်ားျဖင့္ ေမးလိုက္သည္။ "ဒီလက္စြပ္ႏွစ္ကြင္းက..."
ေလာ့လင္းရွန္းကလည္း ပြင့္ပြင့္လင္းလင္း ျပန္ေျဖလာသည္။ "အဲ့တုန္းက ႐ုတ္တရက္ စိတ္ကူးရတာနဲ႔ ဒီဇိုင္းနာတစ္ေယာက္ဆီမွာ အပ္ထားခဲ့တာ"
ေမြးေန႔ပါတီမွာတုန္းက ေလာ့လင္းရွန္း ရွီယြင္နန္၏လက္ကိုကိုင္မိခဲ့တာေၾကာင့္ လက္သူႂကြယ္ sizeကို မွတ္မိေနခဲ့ၿပီး သူ႔ကိုယ္သူ မျဖစ္ႏိုင္သည့္ ဆႏၵေတြၾကားမွာ က်န္ရစ္ခဲ့ဖို႔ ႀကိဳးစားခဲ့သည္။
သူ႔ဆႏၵေတြ တကယ္ျဖစ္လာလိမ့္မယ္လို႔ သူဘယ္တုန္းကမွ မေတြးထားခဲ့။ ကံေကာင္းစြာနဲ႔ပဲ size က အေနေတာ္ျဖစ္ေနေလသည္။
ထိုစကားၾကားသည့္အခါ ရွီယြင္နန္ အံ့အားသင့္ကာ ၿပဳံးမိသြားသည္။ "ႏိုင္ငံျခားသား ဒီဇိုင္းနာလား?"
ေလာ့လင္းရွန္းက ၿပဳံးသာၿပဳံးေနလ်က္။
"ကြၽန္ေတာ္က လက္ဝတ္ရတနာ ဒီဇိုင္းနာတစ္ေယာက္ဆိုတာ ခင္ဗ်ား သိေနခဲ့တာလား?" ရွီယြင္နန္ ေလာ့လင္းရွန္းနားသို႔ တိုးကပ္လိုက္ၿပီး က်ီစယ္သည့္မ်က္ႏွာထားေလးျဖင့္ ၿပဳံးေန၏။ "ဒါမယ့္ အရင္တုန္းကေတာ့ ခင္ဗ်ား မသိခ်င္ေယာင္ေဆာင္ေနတယ္ေပါ့"
"ကြၽန္ေတာ္တို႔ လက္ထပ္လက္စြပ္ကို ကြၽန္ေတာ္ ဒီဇိုင္းဆြဲမယ္ေျပာတုန္းက ခင္ဗ်ားေအးေအးေဆးေဆး ပုံစံနဲ႔ တုံ႔ျပန္ႏိုင္ခဲ့တာ မအံ့ဩေတာ့ပါဘူး။ ခင္ဗ်ားက ႀကိဳျပင္ဆင္ထားၿပီးသားကိုး"
"S"
ေလာ့လင္းရွန္း ၏ "ရွန္း" ႏွင့္ ရွီယြင္နန္၏ "ရွီ"—
ထို စာလုံးမွာ လူႏွစ္ဦး၏ ေရွ႕ဆုံးမ်ိဳး႐ိုးႏွင့္ ေနာက္ဆုံးနာမည္ကို ကိုယ္စားျပဳေန၏။
ဒီဇိုင္းအိုင္ဒီယာကို ေလာ့လင္းရွန္းမွ ေျပာခဲ့ၿပီး ဒီဇိုင္းမူၾကမ္းကိုေတာ့ ရွီယြင္နန္ဆြဲထားခဲ့တာပင္။ ထိုအခ်ိန္တုန္းက အမွန္တရားေတြကို ဖုံးကြယ္ခဲ့ၾကေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ သူတို႔ရဲ႕ လက္ထပ္လက္စြပ္ကို ဖန္တီးႏိုင္ခဲ့ၾကသည္။
ေလာ့လင္းရွန္းက သူ႔အား ေပြ႕ဖက္ထားရင္း ေမးလာသည္။ "ဒါ အဆင္ေျပရဲ႕လား?"
ရွီယြင္နန္က ၿပဳံးေနလ်က္-
"အရမ္း အံ့ဩဖို႔ ေကာင္းတယ္။"
သူ႔ႏွလုံးသားေလးမွာ ဘယ္တုန္းကမွ ဒီေလာက္ မေက်နပ္ဖူးပါ။ ခဏၾကာသည့္အခါမွာေတာ့ သူခြၽဲပ်စ္ပ်စ္ စကားေလးေတြကို မေျပာဘဲ မေနႏိုင္ေတာ့။ "ေလာင္ကုန္း ကြၽန္ေတာ္ ခင္ဗ်ားကို နမ္းခ်င္တယ္"
ေလာ့လင္းရွန္းက ျမန္ျမန္ဆန္ဆန္ပဲ သူ႔ဆႏၵကို လိုက္ေလ်ာေပးလိုက္ၿပီး ႏူးညံ့သည့္ ႏႈတ္ခမ္းလႊာေလးကို သူ႔ႏႈတ္ခမ္းျဖင့္ ဖမ္းဆုပ္လိုက္ေတာ့သည္။
သူတို႔၏ ႏႈတ္ခမ္းႏွင့္လွ်ာမွာ သူတို႔၏ ျမန္ဆန္ေနသည့္ အသက္ရွဴသံေတြလိုမ်ိဳး တစ္ခုႏွင့္တစ္ခု ရစ္ပတ္ေနၾက၏။
"ေသခ်ာကိုင္ထား"
ေလာ့လင္းရွန္းက ေမာဟိုက္ေနသည့္ အသံျဖင့္ ေျပာလာၿပီး ေနာက္တစ္စကၠန႔္မွာပင္၊ သူက ရွီယြင္နန္အားမ ခ်ီကာ သူ႔စားပြဲခုံေပၚတင္လိုက္ၿပီး ပိုခပ္ၾကမ္းၾကမ္းနမ္းလိုက္သည္။
သူ ဘယ္ႏွစ္ႀကိမ္ ျမည္းစမ္းခဲ့ဖူးပါေစ ရွီယြင္နန္တစ္ကိုယ္လုံးကို မ်ိဳခ်ခ်င္သည့္အလား ဘယ္ေတာ့မွ မလုံေလာက္ႏိုင္ခဲ့။
ရွီယြင္နန္မွာ သူ႔ခ်စ္သူ၏ ခြန္အားေၾကာင့္ ေနာက္သို႔ လွန္က်လုနီးပါးျဖစ္သြားၿပီး အလန္႔တၾကား ခုံေပၚ လက္ေထာက္မိကာ စားပြဲေပၚရွိ ဖိုင္ေတြကို တြန္းမိသြားသည္။
-ဘုံး( ျပဳတ္က်သံ/ တိုက္က်သံ)
ထိုျပဳတ္က်သည့္ အသံေၾကာင့္ ရွီယြင္နန္ ဆင္ေျခတုံတရားျပန္ဝင္လာ၏။ ေလာ့လင္းရွန္း မ်က္လုံးထဲရွိ ခ်စ္စိတ္ျပင္းျပေနမႈကို သူေတြ႕လိုက္ရၿပီး လြန္ခဲ့သည့္ နာရီပိုင္းတုန္းက ခံစားခဲ့ရသည့္ အထိအေတြ႕မ်ားကို ျပန္ေတြးမိသြားသည္။
"ခ... ခဏ"
ေလာ့လင္းရွန္းက သူ႔ဆႏၵအတိုင္း ရပ္တန္႔သြားၿပီး ဆြဲေဆာင္မႈရွိသည့္ အသက္ရွဴသံဟာ သူ႔နားထဲျပန္႔လႊင့္လာသည္။
"ဘာျဖစ္လို႔လဲ?"
ရွီယြင္နန္ ေခါင္းေလးေစာင္းကာ
"ဒါက စာၾကည့္ခန္းေလ"
"ကိုယ္ ေလာ့ခ္ ခ်ထားၿပီးၿပီ" ေလာ့လင္ရွန္းက ႀကိဳေတာင္ ျပင္ဆင္ထားၿပီေလၿပီ။
"..."
ရွီယြင္နန္ ခ်က္ခ်င္းပင္ ႏႈတ္ဆိတ္သြားရ၏။
သူက ခႏၶာကိုယ္ မနာရဘဲ သူ႔ခံစားခ်က္ေတြကို ဖြင့္ထုတ္ႏိုင္မယ့္ အနမ္းေလးတစ္ခုသာ လိုခ်င္႐ုံေလ။
ရွီယြင္နန္ စဥ္းစားေနကာ ဆင္ေျခတစ္ခု ရွာလိုက္သည္။ "ခင္ဗ်ား ခႏၶာကိုယ္က အခုမွ ေကာင္းခါစလို႔ ေဒါက္တာဘန႔္စ္ေျပာထားတယ္ေလ။ ေလွ်ာက္မလုပ္နဲ႔"
ေလာ့လင္းရွန္းက သူ႔အႀကံေတြကို ေဖာက္ထြင္းျမင္သြားၿပီး ခ်က္ခ်င္းပင္ မေလွ်ာ့တမ္း ျပန္ေခ်ပလိုက္သည္။ "ကိုယ့္ေျခေထာက္ အေျခအေနကို ကိုယ္သိပါတယ္။ မင္းပဲ မပင္ပန္းခ်င္လို႔ ကိုယ့္ေျခေထာက္ေတြကို ျမန္ျမန္ ျပန္ေကာင္းလာေစခ်င္တယ္ဆို?"
"...အဲ့လို ေျပာတာ မဟုတ္ဘူးေလ၊ အရင္က အဲ့ေလာက္ႀကီး ခဏခဏမလုပ္ဘူးေလ"
ရွီယြင္နန္မွာ ေလာ့လင္းရွန္းကို အသာစီးမရေစခ်င္သည့္အလား စားပြဲခုံေပၚကေန ေရွာင္ထြက္ ခ်င္ေနမိ၏။
ေလာ့လင္းရွန္းက ရယ္ကာ သူ႔မ်က္လုံးေလးကို နမ္းလိုက္သည္။
"ဒီေန႔ကစၿပီး ခဏခဏလုပ္ရေတာ့မွာပဲ"
ေနာက္ဆုတ္ဖို႔ အခြင့္အေရးမရွိသည့္အလား တယုတယ အနမ္းျပင္းျပင္းေလးဟာ တဖန္က်ေရာက္လို႔လာျပန္၏။
ရွီယြင္နန္ တစ္ေယာက္ မိနစ္ဝက္အတြင္း အေလွ်ာ့ေပးလိုက္ရၿပီး ေလာ့လင္းရွန္း လက္ေကာက္ဝတ္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္။
ေနာက္ဆုံးေတာ့ ႏွစ္ေယာက္သားအသက္ရွဴတဲ့ အခ်ိန္ကို အခြင့္ေကာင္းယူၿပီး သူတိုးညႇင္းစြာ စကားေလးတစ္ခြန္း ဆိုလိုက္ေတာ့သည္။
"ဒါဆို ညင္သာေနာ္။"
"ဟုတ္ပါၿပီ"
...
ႏွစ္နာရီၾကာေသာအခါ—
ရွီယြင္နန္မွာ ပင္ပန္းလြန္းတာေၾကာင့္ ေစာင္ေအာက္မွာ ေကြးေကြးေလး ေခြေနရွာသည္။ သူ႔ေခါင္းထဲမွာေတာ့ အရင္ကေျပာခဲ့သည့္ စကားေတြနဲ႔သာ ျပည့္ႏွက္ေနလ်က္။
-အရင္က နားမလည္ခဲ့ေပမယ့္ အခုေတာ့ဒီလက္ေတြ႕ ကေန သင္ယူလို႔ရၿပီေလ။
-ခင္ဗ်ား ေျခေထာက္ေတြသာ မသက္သာရင္ ေရွ႕ေလွ်ာက္ ကြၽန္ေတာ္ပိုပင္ပန္းရေတာ့မွာပဲ။
ရွီယြင္နန္ ထိုအေၾကာင္းကို ပိုေတြးေလေလ သူ႔အတြက္သူ တြင္းနက္နက္ႀကီး တူးမိခဲ့သလို ခံစားလိုက္ရသည္။ မ်က္ႏွာျဖတ္႐ိုက္ခံလိုက္ရတာေၾကာင့္ သူ ေခါင္းၿမီးၿခဳံကာငိုေႂကြးေနမိ၏။
အရင္တုန္းက သူ မသိခဲ့ဘူး။ ေလာ့လင္းရွန္းလႈပ္ရွားမႈေတြက ပိုကြၽမ္းက်င္လာေတာ့ သူ႔မွာ ပိုပင္ပန္းၿပီး အိပ္ယာထဲကေတာင္ မထႏိုင္ေတာ့ဘူးေလ!
တံခါးမွာ မသိမသာ တြန္းဖြင့္ခံလိုက္ရၿပီး ႐ႊင္ျမဴးတက္ႂကြသည့္ ကေလးေလးက ဝင္လာသည္။ "ေရွာင္ရႈရႈ ညစာစားလို႔ရၿပီေနာ္"
ရွီယြင္နန္ ေစာင္ကို မ ၾကည့္လိုက္ေတာ့ ေရွ႕ဆင့္ေနာက္ဆင့္ေလွ်ာက္လာသည့္ ေ႐ႊငါးေလးႏွင့္ ေလာ့လင္းရွန္းကို ေတြ႕လိုက္ရ၏။
ေလာ့လင္းရွန္းကေတာ့ သူ႔အတြက္ ေမႊးႀကိဳင္ေနေသာ ဟင္းခြက္ ေလးငါးခြက္ ပါသည့္ ဗန္းကို ကိုင္ေဆာင္ထားသည္။
ေ႐ႊငါးေလးက ခုတင္အစြန္းနားမွာ မွီကာ စိုးရိမ္ေနေသာ ေလသံေလးျဖင့္- "ေရွာင္ရႈရႈ သက္သာရဲ႕လား? ရႈရႈကေျပာတယ္ ေရွာင္ရႈရႈ ေနမေကာင္းျဖစ္ေနလို႔ အနားယူဖို႔ လိုတယ္တဲ့။"
"..."
ေနမေကာင္းဘူး?
သခင္ေလးေရ မင္းရႈရႈေၾကာင့္သာ မဟုတ္ရင္ ငါ ေနမေကာင္းျဖစ္မွာ မဟုတ္ဘူးေလ။
ရွီယြင္နန္ လက္သည္တရားခံကို စိုက္ၾကည့္လိုက္ၿပီး ရွိသမွ် အားအင္ေလးျဖင့္ အိပ္ယာမွ ကုန္း႐ုံးထလိုက္သည္။
ရွီယြင္နန္၏ အားမရွိတဲ့ ပုံစံေလးကို ျမင္သည့္အခါ ေ႐ႊငါးေလးက ႏႈတ္ခမ္းေလးကိုစူထားၿပီး "ဖူးဖူး" ဟု ႏွစ္ႀကိမ္တိုင္တိုင္ မန္းမႈတ္ေပးလာေတာ့ေလသည္။
"ေရွာင္ရႈရႈ သား ဆရာကေျပာတယ္ ဒီလို မန္းမႈတ္ေပးရင္ ေနမေကာင္းျဖစ္ေနတာေတြ လြင့္စင္သြားေကာတဲ့"
သူပါးေဖာင္းေဖာင္းေလးမွာ ခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ ရွီယြင္နန္မွာ သူ႔လက္ေခ်ာင္းေလးနဲ႔ တို႔ထိတို႔ထိလုပ္ေနမိသည္။ "ေက်းဇူးပါကြာ။ ငါတို႔ေပါင္ေပ့ေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ"
ေလာ့လင္းရွန္းက စားစရာေတြကို စားပြဲေပၚတင္ေနလ်က္ ေမးလာသည္။ "လာစားလို႔ရလား? လမ္းေလွ်ာက္ႏိုင္လား"
"ရတာေပါ့!"
ရွီယြင္နန္ ခ်က္ခ်င္းပင္ ျပန္ေျဖလိုက္၏။
သူ႔တူေလးေရွ႕မွာေတာ့ သူ႔သိကၡာကို ထိန္းထားရမယ္ေလ။
ရွီယြင္နန္ ေစာင္ကို မ လိုက္ၿပီး တစ္ကိုယ္လုံး နာက်င္ကိုက္ခဲေနတာကို ေအာင့္အည္းသည္းခံကာ ခုတင္စြန္းမွာ ထိုင္လိုက္သည္။
သူစိုးရိမ္ေနသည့္ အရာ ျဖစ္လာတာေတာ့ သနားစရာပင္။
ရွီယြင္နန္ ၾကမ္းျပင္ေပၚ ထရပ္လိုက္သည္ႏွင့္ သူ႔ဒူးမ်ား ေခြယိုင္သြားၿပီး ၾကမ္းျပင္ေပၚသို႔ လွဲက်သြားေလသည္။
"..."
ရွီယြင္နန္ ဒူးေခါင္းနာသြား၏။
သူ တြင္းတစ္တြင္းျမန္ျမန္တူးၿပီး ပုန္းေအာင္းလိုက္ခ်င္ေတာ့သည္။
ေလာ့လင္းရွန္းက ခ်က္ခ်င္းပဲ ေရွ႕သို႔ အျမန္လွမ္းလာၿပီး သူ႔အား ခုတင္ေပၚ ျပန္တင္ေပးသည္။
"ထိုင္ေနေနာ္ ကိုယ္စားပြဲကို ေ႐ႊ႕လာေပးမယ္"
"ဝါးးးးးး!
႐ုတ္တရက္ ေ႐ႊငါးေလး ထငိုလာတာေၾကာင့္ ေလာ့လင္းရွန္းႏွင့္ ရွီယြင္နန္မွာ လန္႔ဖ်ပ္သြားၿပီး ခ်က္ခ်င္းပင္ လွည့္ၾကည့္မိလိုက္ၾက၏။
ရွီယြင္နန္ ဒူးႏွစ္ဖက္နာေနတာကို လ်စ္လ်ဳရွဴၿပီး ေ႐ႊငါးေလးအား သူ႔နားသို႔ ဆြဲေခၚလိုက္သည္။ "ဘာျဖစ္လို႔လဲ? ဘာလို႔ ႐ုတ္တရက္ႀကီး ထငိုတာလဲ?"
ေ႐ႊငါးေလးက ခုတင္ေပၚ တြားသြားတက္လာၿပီး ရွီယြင္နန္၏ ဒူးေလးကို ပြတ္သပ္ေပးေနလ်က္။ "အခုမွ ရႈရႈ ေျခေထာက္ေတြ သက္သာသြားတာကို ေရွာင္ရႈရႈေျခေထာက္ေတြပါ ထိခိုက္သြားၿပီလား?"
"ဝူးဝူးဝူး မေန႔ညကတည္းက ေရွာင္ရႈရႈ ထမင္းစားဖို႔ ေအာက္ဆင္းလာဘူးေလ"
"..."
"..."
ရွီယြင္နန္ႏွင့္ ေလာ့လင္းရွန္းမွာ ေ႐ႊငါးေလးအေတြးေၾကာင့္ မွင္သက္သြားၿပီး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္မိၾက၏။
ရွီယြင္နန္က သူ႔တူေလးပါးကို ဆြဲလိုက္ၿပီး အၿပဳံးေလးျဖင့္ ရွင္းျပလိုက္သည္။ "ေပါက္ကရေတြ၊ ႐ုတ္တရက္ မထိန္းႏိုင္လို႔ လဲက်သြားတာပါ။ ဗိုက္ျပည့္ရင္ အားျပန္ျပည့္လာမွာ"
ေ႐ႊငါးေလးက ရႈိက္ေနရင္း ေမးလာသည္။ "ေရွာင္ရႈရႈ ဘယ္ေနရာ ေနမေကာင္းျဖစ္ေနတာလဲ?"
ရွီယြင္နန္မွာ လိမ္ဆင္တစ္ခု ေကာက္ရွာလိုက္႐ုံကလြဲ ေ႐ြးခ်ယ္စရာမရွိေတာ့။ "ဗိုက္...ေရွာင္ရႈရႈ ဗိုက္ေအာင့္ေနတာ"
ေလာ့လင္းရွန္းက သူ႔ခ်စ္သူ ဒူးေခါင္းေလး ေယာင္ကိုင္းေနမွာကို စိုးကာ ခုတင္အစြန္းမွာထိုင္ၿပီး ပြတ္သပ္ေပးေန၏။
သူ႔ခ်စ္သူ၏ အလိမ္စကားကို ၾကားသည့္အခါမွာေတာ့ သူ႔မ်က္လုံးမ်ားက အၿပဳံးရိပ္မ်ားျဖင့္ စြန္းထင္းေနလ်က္။ "က်င္းယြီ မင္းေရွာင္ရႈရႈ ဗိုက္ေႏြးသြားေအာင္ ဝက္နံ႐ိုး စြပ္ျပဳတ္ပန္းကန္ ယူလာခဲ့"
ေ႐ႊငါးေလးမွာ ထိုအမိန္႔စကားေၾကာင့္ အလြယ္တကူပဲ အာ႐ုံေျပာင္းသြား၏။
ေ႐ႊငါးေလးက ရွီယြင္နန္ ဗိုက္ေအာင့္ေနမွာကို စိုးရိမ္ကာ ခုတင္ေပၚကေန စားပြဲနားသို႔အျမန္ျပန္ေျပးသြားၿပီး ဝက္နံ႐ိုးေျပာင္းဖူး စြပ္ျပဳတ္ပန္းကန္ကို ဂ႐ုတစိုက္ သယ္လာေပးသည္။
"ေရွာင္ရႈရႈ ျဖည္းျဖည္းေသာက္ေနာ္၊ မေလာက္ရင္ သားေအာက္ဆင္းၿပီး ဘိုးဘိုးခ်င္ဆီမွာ သြားေတာင္းေပးမယ္!"
"ဟုတ္ပါၿပီကြာ"
ရွီယြင္နန္က လူႀကီးေလသံအတိုင္းေျပာလာတဲ့ သူစကားကို ျပန္တုံ႔ျပန္လိုက္၏။
ေလာ့လင္းရွန္းကလည္း သူ႔ခ်စ္သူအနားကပ္ကာ အဓိပၸာယ္ပါပါ တိုးတိုးေလးေျပာလာသည္။ "လက္က အားေကာ ရွိရဲ႕လား? ကိုယ္ခြံ႕ေကြၽးရမလား?"
"မလိုဘူး။"
ရွီယြင္နန္ ခနဲ႔ကာ ႏွာမႈတ္လိုက္ၿပီး ဗိုက္ဝသြားရန္ စြပ္ျပဳတ္ပူပူေလးကို ျဖည္းျဖည္းခ်င္းေသာက္ေနလိုက္သည္။
ေ႐ႊငါးေလးကေတာ့ လူႀကီးေတြရဲ႕ပေဟဠိဆန္ဆန္စကားေတြကို နားမလည္တာေၾကာင့္ ရွီယြင္နန္ အတြက္ အသီးအ႐ြက္ပန္းကန္ယူေပးရန္ စားပြဲခုံသို႔ ျပန္ေျပးသြားျပန္သည္။ "ေရွာင္ရႈရႈ မ်ားမ်ားစားေနာ္ ဗိုက္ျပည့္သြားရင္ ေနမေကာင္းျဖစ္ေတာ့ဘူး"
"မင္းလည္း ဗိုက္ျပည့္ေအာင္ စားရမယ္။" ေလာ့လင္းရွန္းက ဝင္ေျပာလာသည္။
"..."
ရွီယြင္နန္မွာ လိမၼာတဲ့ တူေလးႏွင့္ သူအခုလိုအေျခအေနျဖစ္ေအာင္ လုပ္ခဲ့သည့္ လက္သည္တရားခံကိုၾက ည့္ကာ စားတာ ခဏရပ္လိုက္၏။
"ေ႐ႊငါးေလး ေရွာင္ရႈရႈက မင္းကို သင္ခန္းစာ တခ်ိဳ႕သင္ေပးမယ္"
"အာ?"
ရွီယြင္နန္က စိတ္ထဲမွာ စာစီကာ ေလးေလးနက္နက္ရွင္းျပလိုက္ေလသည္။ "ေနာက္ဆို တစ္ခုခုမေျပာခင္ မလုပ္ခင္ ႏွစ္ခါစဥ္းစားရမယ္ေနာ္၊ ကိုယ့္အတြက္ကိုယ္ တြင္းတူးမိလို႔မျဖစ္ဘူး နားလည္လား?"
မူရင္းစာေရးသူမွာ ေျပာစရာရွိပါတယ္!
ေျမေခြးေလး- ငါေတာ့ ကိုယ့္တြင္းကိုယ္တူးၿပီး ခုန္ခ်မိလိုက္တာပါလား ဟားဟားဟား။
(T/N)လက္စြပ္က ဒါမ်ိဳး ပုံမေပၚမွာစိုးလို႔ ကိုယ္တိုင္ဆြဲျပထားတယ္🥹