𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

By AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 19

2.6K 468 41
By AureumV

Unicode~

​လော​လောဆယ် သူ့မှာ Antonကို အားနာသည့်စိတ်သာ ရှိ​တော့သည်။ ဒါဟာ ချစ်ခြင်း​မေတ္တာမဟုတ်​ကြောင်းကိုလည်း သူအခိုင်အမာ သိထားနှင့်ပြီးသား။ ချစ်ခြင်းနှင့် အားနာစိတ်ကြားမှာ အလွှာခပ်ထူထူက ကာရံထားပါ၏။

​ဆေးရုံကုတင်​​ပေါ် ငြိမ်သက်စွာ လဲ​လျောင်းလျက်ရှိ​သော Antonကို သူခပ်လှမ်းလှမ်းက​နေသာ ကြည့်သည်။ အားနာသည့်တိုင် Jeon JungKookကို အပြစ်ပုံချလိုက်ဖို့ရာလည်း မဝံ့မရဲ။ ဘာ​ကြောင့်ရယ်မသိ.. လက်လွတ်စပယ် Jeon JungKookကို အပြစ်မြင်​နေမိသမျှက အလုံးစုံမမှန်ဟု ခံစား​နေမိသည်။

နှစ်ကြိမ်တိတိ.. သည်လိုကိစ္စ​တွေ Antonနဲ့ Jeon JungKookကြားဖြစ်တာ ဒါဒုတိယအကြိမ်​​မြောက်။ ပထမအကြိမ်တုန်းက သက်​တော်​စောင့် Audieက အချိန်မီလိုက်တယ်ဆို​ပေမဲ့ အခုတစ်ခါကျ ဘယ်သူမှမမီလိုက်။ ဒါ​ကြောင့်လည်း ထိုလူက စိတ်လွတ်ထွက်သွားတာ။
​နောက်တစ်ခါများဆို Antonကို အိမ်မှာ တစ်​ယောက်တည်းထားခဲ့​တော့မှာမဟုတ်။ သူနည်းနည်းအ​တွေးလိုသွားသည်။

"သခင်​လေး.."

"ဪ.. Audieပါလား။ သူ​ဌေးမင်းအနားမ​နေဘဲ ဘယ်လို​ရောက်လာတာလဲ"

"သူ​ဌေးမင်းက သခင်​လေးအ​ခြေအ​နေသွားကြည့်ခိုင်းလိုက်လို့ပါ"

"ငါ့အ​ခြေအ​နေ.. ဟုတ်လား"

"သခင်​လေး စိတ်ပူ​​နေမှာစိုးလို့ထင်ပါတယ်"

Taehyungက ​တွေး​တွေးဆဆနှင့် Audieကို ပြန်ကြည့်သည်။ သူ Antonကို စိတ်ပူ​နေမှာစိုးလို့ Jeon JungKookက သူ့ကို ပြန်စိတ်ပူ​နေတယ်​ပေါ့.. ဟုတ်လား။ ဖြစ်စဥ်က အနည်းငယ်နားလည်ရခက်ပြီး လက်မခံချင်စရာ​ကောင်းသည်။
သို့​သော် မဖြစ်နိုင်ဘူးဟု မဆိုသာ။
Jeon JungKookမှာ သူနဲ့ ပတ်သက်ပြီး အံ့ဖွယ်ဖြစ်စဥ်သာဓက​တွေ မနည်းရှိခဲ့ဖူးသည်။

"ငါအဆင်​ပြေတယ်။ မင်းပြန်လို့ရပြီ"

"သခင်​လေးကိုပါ ပြန်​ခေါ်ခဲ့ဖို့မှာလိုက်ပါတယ်"

"ငါ့အ​ခြေအ​နေကို ကြည့်ဖို့ပဲ မဟုတ်ဘူးလား။ ဘာလို့ ပြန်လိုက်ခဲ့ရမှာလဲ။ ငါ​နောက်မှ ကိုယ့်ဟာကိုယ်ပြန်ခဲ့မယ်"

Audie၏ မျက်ဆန်နက်နက်က ဘယ်ညာမြန်မြန် ​ရွှေ့လျားသွားသည်။ အမူအရာကို မသိမသာ ခပ်လျင်လျင် ပြန်ထိန်းလိုက်​တော့ Taehyung မရိပ်မိ​တော့။

"မဖြစ်လို့ပါ။ သိတဲ့အတိုင်း သူ​ဌေးမင်းက ကျွန်​တော်တို့ကို အသက်.."

"ကဲ..ကဲ ငါလိုက်ခဲ့မယ် ဟုတ်ပြီလား"

Anton သတိရလာသည်အထိ သူ​စောင့်​​နေလိုက်ဖို့ ​ကောင်းသည်။ သို့​သော် ​စောင့်​နေရမည့်အစား ​ဆေးရုံက သူနာပြု​လေးကို အိမ်ကြိုးဖုန်းနံပါတ်သာ ​ပေးထားခဲ့လိုက်​တော့သည်။
ဘယ်ဖုန်းလာလာ သူကိုင်​လေ့မရှိ​သော်လည်း အခု​တော့ ဖုန်း​ခေါ်သံကို ​စောင့်ရပြန်ဦးမည်။ သည်အ​သေးအဖွဲ့​​လေး​တွေကအစ တာ၀န်ကြီးလိုက်တာ..။

"သခင်​လေး လမ်းမှာဝင်စရာ​တော့ မရှိပါဘူး​နော်"

"အိမ်ကိုသာ ​မောင်းစမ်းပါ။ အိမ်ပြန်မ​ရောက်ခင်လည်း ​ဆေးရုံက ဖုန်းဆက်ထားပါဦးမယ်"

"ဟုတ်ကဲ့"

တကယ်​တော့ Audieလည်း ဘယ်ကိုမှ ဝင်စရာမရှိဖို့ပဲ ​မျှော်လင့်​နေခဲ့တာ။
အမိန့်ကို ဆန့်ကျင်ပြီး​တော့ပဲဖြစ်ဖြစ် သူ​ဌေးမင်းခံစား​နေရတာ​တွေကို သခင်​လေးသိဖို့ ပြ​ပေးချင်တာ သူ့ဆန္ဒ။ နည်းနည်း​လေးပဲဖြစ်ဖြစ် သူ​ဌေးမင်းကို မြင်​ပေးရင် ဘယ်​လောက်​ကောင်းလိမ့်မလဲ။
နည်းနည်း​လောက်ဆိုလျှင်​တောင် သည်လက်ထပ်ပွဲကို တားပစ်နိုင်​လောက်သည်။

သခင်​လေးက နှလုံးသားတံခါးကို အတင်း​စေ့ထားရသူပါ။ ​ဘေးကကြည့်​နေသူတိုင်း မြင်နိုင်ပါသည်။ တံ​ခါးချက်​လေး ဖွင့်လိုက်ရုံနဲ့ သူ​ဌေးမင်းကို အပြည့်အဝမြင်နိုင်မည့်အ​ရေး သူဘာလို့ မကူညီနိုင်ရမှာတဲ့လဲ။
____

Taehyung အိမ်​ရှေ့ကို ​ရောက်ချိန်မှာ ကားတစ်စီးထိုးရပ်ထားတာ​တွေ့သည်။ နက်ပြာ​ရောင် ဂျစ်ကား​လေးဖြစ်ပြီး ထိုကားကို တစ်​နေရာရာမှာ ရင်းရင်းနှီးနှီးမြင်ဖူး​နေသည်ဟု Taehyung ခံစားမိသည်။
ဘယ်သူ့ကားလဲဆိုတာ သူစဥ်းစားမရ။

"ဪ.. ​ဒေါက်တာ​ရောက်​နေတာပဲ"

Audie​ပြောလာမှ သူ​တွေးရ​တော့သည်။ Jeonစံအိမ်၏ မိသားစုဆရာ၀န်စီး​နေကျ ကားဖြစ်​ကြောင်း သူ​မေ့​နေခဲ့တာ။

"သူက ဘာလာလုပ်တာလဲ။ ​နေမ​ကောင်းတဲ့သူလည်းမရှိဘဲနဲ့"

"သူ​ဌေးမင်းဆီလာတာ​နေမှာ​ပေါ့။ သူကု​ပေးတာ သူ​ဌေးမင်းနဲ့ သခင်​လေးအပြင် ဘယ်သူရှိ​သေးလို့လဲ"

Jeon JungKookက ​နေမ​ကောင်းဘူးလား။ မသိစိတ်၏ လှုံ့​ဆော်မှုအရ Taehyung မျက်နှာ​ပေါ်မှာ စိုးရိမ်မှုအရိပ်အ​ယောင်​လေး ဖြတ်သန်းသွား၏။ သူကိုယ်တိုင်မသိလိုက်ခင်မှာပဲ Jeon JungKookအ​ခြေအ​နေကို စိုးရိမ်မိ​နေလျက်သား။

ရုတ်ချည်းသွက်လက်သွား​သော ​ခြေလှမ်းများနှင့် အိမ်ထဲဝင်လာပြီး Jeon JungKookရှိ​လောက်မည်ထင်​သော အခန်းဆီ တက်သွားသည်။
သိချင်ရုံ​လေးပါဟု သူ့စိတ်သူအခါခါညာသည်။ သူ့ကိုယ်သူ ဘယ်လိုပဲညာညာ အမူအရာနှင့် မျက်ဝန်းကို ညာမရ။

"​ဆေးက အဲ့​လောက်အများကြီး​သောက်လို့မရဘူး သူ​ဌေးမင်း"

"​မ​သောက်ရင် ဘယ်လိုလုပ်ရမလဲ။ ကျုပ်က ကိုယ့်စိတ်ကိုယ်နိုင်တာ မဟုတ်ဘူး"

အခန်းထဲတန်းဝင်လိုက်ရန် တံခါးလက်ကိုင်ကို ကိုင်ထားစဥ်မှာပဲ အတွင်းဘက်က အသံသဲ့သဲ့။ တစ်သံက Jeon JungKookဆီကဖြစ်ပြီး ​နောက်တစ်သံက ဆရာ၀န်၏ အသံ ဖြစ်ရမည်။

ခိုးနား​ထောင်တယ်လို့​တော့ မဆိုသာဘူးမဟုတ်လား။ Jeon JungKook ဘာ​ဆေး​တွေ​သောက်​နေရသလဲဆိုတာ သိချင်ရုံ စပ်စုချင်ရုံ​လေးတင်ပါ။

ပုံမှန်ဆို Audieဖြစ်ဖြစ် တခြားသက်​တော်​စောင့်ဖြစ်ဖြစ် ​ရောက်လာပြီး 'သူ​ဌေးမင်းက အ​ပေါ်မတက်လာခိုင်းဘူး' စသဖြင့် တားဆီးလိမ့်မည်။ အခု ဘယ်သူမှ လာတားဆီးခြင်းမရှိတာ ထူး​​တော့ထူးဆန်းသား။
သူ့မှာ ထူးဆန်းခြင်းအ​ကြောင်း ဋီကာဖွင့်ရန် အချိန်မရှိသည့်အတွက် တံခါးနားကပ်၍သာ ဆက်နား​ထောင်​နေလိုက်သည်။

"ကျွန်​တော်​ပြောထားတယ်​လေ။ ​ဆေးပမာဏကို ​လျှော့ပြီး ကိုယ့်စိတ်ကိုယ်ထိန်းရမယ်လို့။ ကျွန်​တော်​ပြောထားသလို တရားထိုင်တာ​ရော လုပ်ဖြစ်ရဲ့လား"

"အဲ့​လောက်ထိ စိတ်မစုစည်းနိုင်ဘူးဖြစ်​နေတယ်"

​ဆရာ၀န်၏ သက်ပြင်းချသံက အခန်းပြင်က​နေ​တောင် ကြားရသည်အထိ။ Jeon JungKookကိုကုရင်း ဆရာ၀န်က ​ရောဂါသွားမလား​တောင် စိုးရိမ်ရသည်။

"အခုထိ Kim Taehyungနဲ့ အဆင်မ​ပြေ​သေးဘူးလား"

သူ့နာမည်ပါလာ​တော့ Taehyung ပိုစိတ်ဝင်စားသွားသည်။ တံခါးနား ပိုတိုးကပ်၍ နား​စွင့်မိသည်။ အသက်ရှူ​အောင့်ထားမတတ် သည်စကားကို အာရုံစိုက်​နေမိတာ။
Jeon JungKookက တခြားတစ်​ယောက်ဆီမှာ၊ သူ့​နောက်ကွယ်မှာ သူ့အ​ကြောင်းကို ဘယ်လိုများ ​ပြော​နေလဲ သိပ်ကိုသိချင်ပါသည်။

"မ​ပြေ​သေးဘူး ​ဒေါက်တာ။ သူ မကြာခင် တခြားတစ်​ယောက်နဲ့ လက်ထပ်​တော့မယ်တဲ့"

"ဟင်.. သူ​ဌေးမင်းနဲ့ လက်ထပ်ပွဲပျက်တာ​တောင် မကြာ​သေးတာကို​လေ"

"သူ့ကို အပြစ်မတင်ပါနဲ့"

အခု သူ့အတွက် ကာ​ပြော​ပေးလိုက်တာလား။ သူ့ရင်ထဲ သိမ့်ခနဲ ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးကို တစ်စုံတစ်​ယောက်က သိမ်းကြုံးဖက်ထားသည့်နှယ် ​နွေး​​​ထွေးလုံခြုံသွား​သော ခံစားချက်မျိုး။
ဘယ်​လောက်​တောင် ရင်ထဲစိမ့်ခနဲဖြစ်သွားလိုက်သလဲ။

"ဟုတ်ပါပြီ။ အပြစ်မတင်​တော့ပါဘူး။ ကျွန်​​တော်က သူ့မှာ တာ၀န်ရှိတယ်လို့ မြင်လို့ပါ။ သူထွက်​ပြေးသွားတုန်းက သူ​ဌေးမင်းကို အ​တော်​လေး ကုလိုက်ရ​သေးတယ်​လေ။ သူဒါ​တွေ မသိဘူးလား"

"ကျုပ်​ဆေးကုသမှုခံ​နေရတာ သူမသိဘူး။ သိလည်း မသိ​​စေချင်ဘူး။ သူ့စိတ်နဲ့သူ ​အေး​အေးချမ်းချမ်း​နေပါ​စေ"

"ဒါဆို သူ​ဌေးမင်းက​ရော။ စိတ်မ​​အေးချမ်းရတာ သူ​ဌေးမင်းပဲ​လေ။ စိတ်ငြိမ်​ဆေး​တွေက ​ဆေးမတိုး​တော့ရင် ကျွန်​တော်​​ဆေးထပ်​ပေးလို့မရ​တော့ဘူး။ စိတ်ကို စိတ်နဲ့ပဲကုမှရမယ်ဗျ"

Jeon JungKookမှာ ပြဿနာရှိ​နေတာပဲ။ သူ့​ကြောင့်ဆိုတဲ့ အ​ဖြေတစ်ခုကိုပါ သူသိလိုက်ရသည်။ ဘာ​ရောဂါရယ် တိတိကျကျမသိရ​ပေမဲ့ စိတ်ငြိမ်​ဆေးအလွန်အကျွံ​သောက်​နေရပုံရရင်​တော့ ဒါက အ​​ခြေအ​နေ​ကောင်းမဟုတ်တာ ​သေချာသည်။

သူ့​ကြောင့် အများကြီး ခံစားခဲ့ရတာလား။ လိမ်ညာခဲ့တာ မဟုတ်ဘူး​ပေါ့။ အ​ပေါ်ယံဟန်​ဆောင်ခဲ့တာ မဟုတ်ဘဲ သူ့ကို အမြဲဖွင့်ဟ​ပြ​နေခဲ့တာ။
သူဘာလို့ အဲ့​လောက်ထိ တုံးအခဲ့ရတာလဲ။

​လော​လောဆယ်မှာ သူ့စိတ်က ​ဘယ်ညာလွန်ဆွဲလျက်။ မုန်းရမလား၊ အမုန်းကို သင်ပုန်း​ချေလိုက်သင့်လား ​ဝေခွဲမရနိုင်။ အတိတ်​တွေက ခွင့်လွှတ်ဖို့ရာ ခက်လွန်းပြီး Jeon JungKookကလည်း သူ့အတွက် လက်သင့်ခံဖို့ရာမလွယ်။

အခန်းတံခါး​ရှေ့မှာ ​ကျောက်ရုပ်လို ရပ်​နေမိပြီး တံခါးလက်ကိုင်ဘုကို ကိုင်ထားမိလျက်သား။ အသိစိတ်က ​လေနှင်ရာ လွှင့်ပါ​နေပြီး မသိစိတ်နှင့် စီးချင်းထိုးလျက်။
တံခါးလက်ကိုင်ကို အသာတွန်းမိမလိုဖြစ်​​တော့ သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ တခြားသူသိသင့်တဲ့ ကိစ္စ​တွေ ရှိဦးမှာပဲ မဟုတ်လား။

"သူ​ဌေးမင်းအနားမှာ သူ့ကို လိုအပ်တယ်မဟုတ်လား။ ဒီအတိုင်း​ ပွင့်ပွင့်လင်းလင်း​ပြောပြီး အနားမှာ ​နေခိုင်းလိုက်​ရော​ပေါ့"

"ကျုပ်သိပ်သနားစရာ​ကောင်း​နေလား ​ဒေါက်တာ"

"အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်​တော်က​တော့ ကျွန်​တော့်လူနာအတွက် ဦးတည်ပြီး အကြံ​ပေးရတာပဲ​လေ"

"လူနာမဟုတ်ဘူး။ ကျုပ်ကို အပတ်စဥ်​ဆေးစစ်​ပေး​နေတယ်လို့ပဲ သ​ဘောထား​ပေးပါ။ ပြီး​တော့ အသနားခံတဲ့ အ​ကြောင်းပြချက်​တွေနဲ့​တော့ သူ့ကို မဆွဲထားချင်ဘူး။ သူဆန္ဒရှိရင် ကျုပ်အနားအလိုလိုရှိ​နေလိမ့်မယ်"

တံခါးလက်ကိုင်ကို တင်း​နေ​အောင် ကိုင်ထား​သော သူ့လက်ဟာ ကမ္ဘာ​မြေ​ဆွဲအားနှင့်တကွ ပြုတ်ကျသွားသည်။ ဆွဲအားပြင်းလွန်းလို့လား၊ သူ့လက်ကပဲ အား​ပျော့​နေတာလား။

Jeon JungKook​ပြောတဲ့ သူ့ဆန္ဒကို သူကိုယ်တိုင်လည်း မသိ​နေပါ။ သူ့အတွက် အမုန်းတရားက တာ၀န်၀တ္တရားတစ်ခုလိုဖြစ်​နေပြီး Jeon JungKookက သူ့ကို ချည်​​နှောင်ထားတဲ့ ကျိန်စာတစ်ခု။
ထိုလူက သူ့အင်အား​​တွေကို ဆုတ်ယုတ်​စေနိုင်​သော သတ္တိရှိ​လေ၏။

"ကိုယ့်ဟာကိုယ်အဆင်​ပြေလိမ့်မယ်လို့​ရော ယုံကြည်ချက်ရှိရဲ့လား"

"ဒါကျုပ်ရဲ့ဝဋ်​ကြွေးလှလှ​လေးပါပဲ။ ကျုပ်မှာ သူမချစ်လို့ဆိုပြီး ပူ​ဆွေး​နေဖို့ တာ၀န်ကို ရှိ​နေတာ။ ကျုပ်တို့ သားအဖမှာ အပြစ်​တွေရှိခဲ့တာ အမှန်ပဲ​လေ။ သူမုန်းသင့်ပါတယ်"

အပြစ်ဆိုတဲ့ ပညက်ချက်များအ​ကြောင်း.. သူဂဃနဏမသိသည့်တိုင် ​ကောင်း​သောအရာများ မဟုတ်ခဲ့သည်ကို​တော့ ငယ်ဘဝမှတ်ဉာဏ်က​နေတစ်​ဆင့်၊ သို့မဟုတ် အိပ်မက်များမှတစ်ဆင့် ရိပ်စားမိထားသည်။
သူသိတာ​တွေ သူထင်တာ​တွေ ဘယ်အတိုင်းအတာထိ မှန်သတဲ့လဲ။
သူဆက်နား​ထောင်သင့်လား မသင့်လား ဆုံးဖြတ်ချက်ချဖို့ရာ ခက်ပါ၏။
ဆက်နား​ထောင်​နေရင်း ဘာမဆိုဖြစ်သွားနိုင်သည်။ ဝင်ရိုးစွန်းနှစ်ခု၏ အလယ်တည့်တည့်မှာ ​ရောက်​နေ​သော သူ့မ​နောဓါတ်က တစ်ဖက်ဖက်သို့ ကူး​ပြောင်းသွားနိုင်​ချေရှိသည်။
လုံးလုံးလျားလျား ခွင့်လွှတ်​ပေးလိုက်တာလည်း ဖြစ်နိုင်ပြီး လုံး၀ကြီးပြတ်သားသွားတာမျိုးလည်း မဖြစ်နိုင်ဘူးဟု မဆိုနိုင်။

​ဝေဖန်ဆင်ခြင်နိုင်စွမ်း​နည်း​နေချိန်မှာပဲ တံခါး​ပေါက်ဖွင့်သံကို ကြားလိုက်ရသည်။ သူ့​ရှေ့တည့်တည့်မှာ မိသားစုဆရာဝန်ကို ​တွေ့ပြီး အခန်းထဲက Jeon JungKook. နှစ်​ယောက်လုံးက အံ့ဩတသဖြင့် သူ့ကို ကြည့်​နေကြလျက်။

"သခင်..သခင်​လေး ဒီမှာ ဘာလုပ်​​နေတာလဲ"

"Taehyung.. ဘယ်တုန်းက ​ရောက်​နေတာလဲ"

Jeon JungKook အသံက တည်ကြည်စွာ ကြံ့ခိုင်လျက်။ သို့​သော် ​စော​စောက အ​ခြေအ​နေများကို ကြားသိပြီး​နောက်မှာ​တော့ ကြံခိုင်ချင်​ဟန်​​ဆောင်​နေပါတယ်ဟူ၍သာ သူထင်မိသည်။

သူ့​ရှေ့မှာ ဘယ်နှကြိမ် ဘယ်နှခါများ သန်မာ​ယောင်​ဆောင်ခဲ့ပြီးပြီလဲ။ သူမရှိချိန်ဆို သည်လူက ဘယ်​​လောက်ထိ ပြိုလဲသွားနိုင်လဲ။ သည်လူ့အတွက် သူ့ရဲ့ စိတ်ဝင်စားမှုက ဒီ​ရေအလား တရိပ်ရိပ် မြင့်တက်လာသည်။
ပင်လယ်ကမ်းစပ်သာဆိုလျှင် အခုအချိန်က ဒီ​ရေတက်ချိန်ဟု သမုတ်နိုင်​​သော ကာလတစ်ခုဖြစ်၏။

"ကြာပြီ.. ​ရောက်​နေတာ"

"မင်းဘာ​တွေကြားသွားလိုက်​သေးလဲ"

Taehyung တံ​တွေးမျိုချရင်း တစ်ခုခုအ​ဖြေ​ပေးနိုင်ရန် ကြိုးစားသည်။ ​​ကောင်း​သောစကားကို ဆိုသင့်လား။ ဒါမှမဟုတ်.. ပင်ကိုအတိုင်း ခပ်တန်းတန်းခပ်စိမ်းစိမ်းလား။ ​ရွေးချယ်ရခက်လွန်းလို့ သူဟာ လက်သီးကို တင်းတင်းဆုပ်၍သာ ​ကျောက်ရုပ်တစ်ရုပ်အလား ရပ်​နေမိ​တော့၏။

"ဘာအပြစ်​တွေ လုပ်ခဲ့တာလဲ။ တိတိကျကျသိချင်တယ်"

​မေးချင်တာ တခြား၊ ထွက်သွားတဲ့အ​ဖြေက တခြား။ တကယ်ဆို 'ခင်ဗျား အဆင်​ပြေရဲ့လား'၊ 'ကျွန်​တော်ရှိ​နေ​ပေးမှဖြစ်မှာလား'၊ 'ကျွန်​တော့်ကို ဘာလို့ ​စော​စောက မ​ပြောတာလဲ' စသဖြင့် ​မေးလိုက်သင့်တာ​ပေါ့။
ရက်စက်တာထက် ပိုလွန်းစွာပင် တစ်ဖက်သတ်ဆန်လွန်း​​​သော၊ အတ္တများလွန်း​သော စကားကို ​ပြောလိုက်မိသည်။

Jeon JungKookဘက်က ပြန်ရသည်က ​ရှည်ရှည်ကြာကြာ သက်ပြင်းချသံတစ်ချက်၊ ​နောက်ထပ်တစ်ချက်၊ ​နောက်ဆုံးအ​ခေါက် အပြင်းဆုံးတစ်ချက်။
ဟင့်အင်း.. သူဒါကို အဓိကသိချင်တာ မဟုတ်ဘူး​လေ။
​ကျေးဇူးပြုပြီး မ​ဖြေပါနဲ့လား..။

"​သခင်​လေး Kim Taehyung.. အဲ့လိုမ​​မေးပါနဲ့လား။ သူ​ဌေးမင်းအတွက် မ​ကောင်း.."

"​နေပါ​စေ။ ​​ဒေါက်တာလည်း မိုးချုပ်​တော့မှာဆို​တော့ ပြန်လိုက်​တော့​လေ။ ကျုပ်ဒရိုင်ဘာ​စောင့်​နေပါလိမ့်မယ်"

ဆရာ၀န်ကို အသာ​လေး ပ,ထုတ်လိုက်တာ​ ​အောင်မြင်သွားသည်။ ​သေသပ်ပိရိစွာ စည်း​​နှောင်ထား​သော နက်ခ်တိုင်ကို အထာကျကျ ​ဖြည်​လျှော့​လေ၏။
ထိုလူ၏ လှုပ်ရှားမှုတစ်ခုချင်းစီကို Taehyung မျက်​တောင်မခတ်စတမ်း လိုက်ကြည့်​နေမိပြီး​နောက် ​ခေတ္တ​မျှ မ​​ငေး​မောမိဘဲ မ​နေနိုင်။

"အဲ့တာပဲ ကြားတယ်ဆို ​တော်​သေးတာ​ပေါ့။ အထူးအ​ထွေမဟုတ်ပါဘူး ကိုယ့်အသည်းရယ်။ အပြစ်က အပြစ်ပဲ​​ပေါ့.. မင်းမသိဘဲမ​နေပါဘူး။ ခွင့်လွှတ်ဖို့လည်း မတန်ပါဘူး"

"ဪ.. အဲ့လိုကိုး။ ဒီအတိုင်း ဆက်မုန်း​နေလို့လည်း အဆင်​ပြေတယ်​ပေါ့"

JungKookက ပုခုံးတွန့်ပြလိုက်ပြီး..

"ကိုယ်အသက်ရှင်​နေတုန်းပဲ​လေ"

​ဘေးကကြည့်ရင်​တော့ ​ပေါ့​ပေါ့ပါးပါး ​ပြောဆို​နေသလို။ ရင်နှင့်အမျှ ​လေးလံ​သည့် ခဲတစ်လုံးကဲ့သို့​​သော ခံစားချက်များကို ချိတ်ဆွဲလျက် ကပြ​နေရသည့် ကြိုးဆွဲရုပ်​သေးရုပ်အလား JungKookခံရခက်​နေ၏။

ရှင်လျက်နဲ့ အကြိမ်ကြိမ်​​သေဆုံးရ​သော ရက်စွဲများအ​ကြောင်း သူဘယ်အခါမှ ရင်ဖွင့်ရပါ့မလဲ။

သူ့​ရှေ့မှာ ရပ်​နေ​သော သူ၏တစ်ပွင့်ပန်း​လေးကို သူအနူးညံ့ဆုံးအကြည့်ဖြင့် ​​ငေး​မော​နေမိသည်။
စကား​တွေအများကြီးကြားခဲ့မှာပဲ​နော်.. ဒါ​တောင် သိချင်တာက သူ့အပြစ်ကိုတဲ့လား။

အဆုံးသတ်မှာ​တောင် Taehyungက သူ့အတွက် သူ့ဘက်မှာ ရှိမှာမဟုတ်​တော့။ အသနားခံရင်​တောင် သူ့အနား​နေမှာမဟုတ်​တော့။
ကိုယ်ဟာ မင်း​ကြောင့် စိတ်ငြိမ်​​ဆေး​သောက်​နေရပါပြီလို့ တငိုငိုတရီရီ​ပြောရင်​တောင် စိတ်ယိုင်လာမှာ မဟုတ်​တော့ဘူး​လေ။

"လူလိမ်။ ခင်ဗျားက ဘယ်​တော့မှ ပွင့်ပွင့်လင်းလင်းမ​ပြောဘူး။ ခင်ဗျားကို မုန်းတယ်"

​​ခြေသံတ​​ဒေါက်​​​ဒေါက်က ​​လှေကားအတိုင်း ​ပြေးဆင်းသွားသည်။ မပွင့်တပွင့်​ပြုံး​နေရင်းက သူ့မျက်ရည်​​​တွေ လျှံကျလာသည်။

သူထွက်သွားလျှင် ကျန်ခဲ့ရသူဖြစ်ပြီး သူပြန်လာလျှင် အသင့်​စောင့်​နေရသူရယ်ပါ။ ပင်လယ်ကမ်းစပ်က ​လှေသမ္ဗန်​တွေ ခရီးသည်အလာကို ​မျှော်ရသကဲ့သို့ ကိုယ်က သူ့ကို ​​​စောင့်ရသူ။
သူ့အမုန်း​တွေ အင်အားကြီးသ​လောက် ကိုယ့်အချစ်​တွေကလည်း မကုန်မခမ်းနိုင်လိုက်တာ လွန်ပါ​ရောလား။

ပွင့်ပွင့်လင်းလင်းမ​ပြောဘူးလို့ သူကဆိုသည်။ ပွင့်လင်း​တော့လည်း မင်းရဲ့အ​ဖြေက ​ပြောင်းသွားမှာတဲ့လား ကိုယ့်အသည်းရယ်။
ကိုယ့်ကို စိမ်းမြဲစိမ်း​နေဦးမှာပါပဲ။
ချစ်ခြင်းနှင့်တကွ ဘဝတစ်ခုလုံးကို အရှုံး​ပေးထားပြီပဲ​လေ.. သည်တစ်ခါ​တော့ ကိုယ်အနိုင်ယူခွင့်ရှိတယ်မလား။
မင်းဆီမှာ မျက်ရည်ခံထိုးပြီး အယူခံမဝင်ပါရ​စေနဲ့​တော့။ တိတ်ဆိတ်ခြင်းဖြင့်သာ ကိုယ့်မာနကို ထိန်းထားချင်ပါသည်။

​ခြေကုန်လက်ပန်းကျစွာ ကုတင်​​ပေါ်ကို ပစ်လဲချလိုက်သည်။ မထူမပါး​မွေ့ရာထဲ နစ်ဝင်သွားပြီး သူ့ကိုယ်သူ အိပ်​ပျော်​တော့မလို အထင်မှားသွား၏။
အိပ်​မပျော်နိုင်တဲ့ရက်က ခပ်များများဆို​တော့ ကိုယ်ဟာ အိပ်စက်ခြင်းအ​ကြောင်းကို​တောင် ​မေ့​မေ့​ပျောက်​ပျောက်​ပေါ့။

အ​ဖေသာ ရှိ​နေဆဲဆို သူ့ကို ဘယ်​လောက်ထိ အားမလို အားမရ ဖြစ်လိုက်မလဲ​နော်။ သူအသင့်ခင်းထား​ပေးတဲ့လမ်းကို​တောင် မ​​လျှောက်နိုင်ရ​ကောင်းလား၊ အခုထိ စိတ်ငြိမ်​ဆေး​သောက်​နေ​ရ​ကောင်းလားဆိုပြီး ကိုယ့်ကို ဆူ​ငေါက်လိုက်မည့်ဖြစ်ခြင်း။

အ​ဖေ့ကို​တော့ ​ကျေးဇူးတင်ပါရဲ့။ အ​ဖေခင်းတဲ့လမ်းကလည်း သိပ်​တော့​ချော​မွေ့မ​နေပါဘူး အ​ဖေရယ်။
ကိုယ့်မှာ အ​မှောင်ထုထဲ ဆူး​ငြောင့်ခလုတ်​တွေကြား စမ်းတဝါးဝါး​လျှောက်​နေရဆဲပါ။

အ​​ဖေ့သားက အဲ့သည်က​လေးအ​ပေါ် ရူးသွပ်​နေဆဲ၊ ထိုက​လေးက သူ့ကို မုန်းပြ​နေဆဲ။ အသက်ကြီးလာသည်ကလွဲရင် အခုနှစ်ပိုင်း​​တွေမှာ ကိုယ့်အတွက် တိုးတက်မှုကြီးကြီးမားမား မရှိရပါ။

တ​ဖြေး​ဖြေး​ဝေးသွားသည်ဟု ထင်ရ​သော ​မေတ္တာများရယ်၊ တစ်မိုး​အောက်ထဲ အသက်ရှူ​နေပြီး ​ခေါင်းပါးလွန်း​သော ​​နွေး​ထွေးမှု​တွေရယ်။
ကိုယ့်အတွက် ​နွေက​နွေထက်ပူပြီး ​ဆောင်းက ​ဆောင်းထက်​အေးခဲပါသည်။

ကိုယ့်အသည်းကို ချစ်ရတာဟာ ကိုယ့်အဖို့​ ​နေနှစ်စင်း၊ လနှစ်မင်းရှိတဲ့ကမ္ဘာမှာ ရှင်သန်​နေရသည့်အလား..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

​ေလာ​ေလာဆယ္ သူ႔မွာ Antonကို အားနာသည့္စိတ္သာ ရွိ​ေတာ့သည္။ ဒါဟာ ခ်စ္ျခင္း​ေမတၱာမဟုတ္​ေၾကာင္းကိုလည္း သူအခိုင္အမာ သိထားႏွင့္ၿပီးသား။ ခ်စ္ျခင္းႏွင့္ အားနာစိတ္ၾကားမွာ အလႊာခပ္ထူထူက ကာရံထားပါ၏။

​ေဆး႐ုံကုတင္​​ေပၚ ၿငိမ္သက္စြာ လဲ​ေလ်ာင္းလ်က္ရွိ​ေသာ Antonကို သူခပ္လွမ္းလွမ္းက​ေနသာ ၾကည့္သည္။ အားနာသည့္တိုင္ Jeon JungKookကို အျပစ္ပုံခ်လိုက္ဖို႔ရာလည္း မဝံ့မရဲ။ ဘာ​ေၾကာင့္ရယ္မသိ.. လက္လြတ္စပယ္ Jeon JungKookကို အျပစ္ျမင္​ေနမိသမွ်က အလုံးစုံမမွန္ဟု ခံစား​ေနမိသည္။

ႏွစ္ႀကိမ္တိတိ.. သည္လိုကိစၥ​ေတြ Antonနဲ႔ Jeon JungKookၾကားျဖစ္တာ ဒါဒုတိယအႀကိမ္​​ေျမာက္။ ပထမအႀကိမ္တုန္းက သက္​ေတာ္​ေစာင့္ Audieက အခ်ိန္မီလိုက္တယ္ဆို​ေပမဲ့ အခုတစ္ခါက် ဘယ္သူမွမမီလိုက္။ ဒါ​ေၾကာင့္လည္း ထိုလူက စိတ္လြတ္ထြက္သြားတာ။
​ေနာက္တစ္ခါမ်ားဆို Antonကို အိမ္မွာ တစ္​ေယာက္တည္းထားခဲ့​ေတာ့မွာမဟုတ္။ သူနည္းနည္းအ​ေတြးလိုသြားသည္။

"သခင္​ေလး.."

"ဪ.. Audieပါလား။ သူ​ေဌးမင္းအနားမ​ေနဘဲ ဘယ္လို​ေရာက္လာတာလဲ"

"သူ​ေဌးမင္းက သခင္​ေလးအ​ေျခအ​ေနသြားၾကည့္ခိုင္းလိုက္လို႔ပါ"

"ငါ့အ​ေျခအ​ေန.. ဟုတ္လား"

"သခင္​ေလး စိတ္ပူ​​ေနမွာစိုးလို႔ထင္ပါတယ္"

Taehyungက ​ေတြး​ေတြးဆဆႏွင့္ Audieကို ျပန္ၾကည့္သည္။ သူ Antonကို စိတ္ပူ​ေနမွာစိုးလို႔ Jeon JungKookက သူ႔ကို ျပန္စိတ္ပူ​ေနတယ္​ေပါ့.. ဟုတ္လား။ ျဖစ္စဥ္က အနည္းငယ္နားလည္ရခက္ၿပီး လက္မခံခ်င္စရာ​ေကာင္းသည္။
သို႔​ေသာ္ မျဖစ္ႏိုင္ဘူးဟု မဆိုသာ။
Jeon JungKookမွာ သူနဲ႔ ပတ္သက္ၿပီး အံ့ဖြယ္ျဖစ္စဥ္သာဓက​ေတြ မနည္းရွိခဲ့ဖူးသည္။

"ငါအဆင္​ေျပတယ္။ မင္းျပန္လို႔ရၿပီ"

"သခင္​ေလးကိုပါ ျပန္​ေခၚခဲ့ဖို႔မွာလိုက္ပါတယ္"

"ငါ့အ​ေျခအ​ေနကို ၾကည့္ဖို႔ပဲ မဟုတ္ဘူးလား။ ဘာလို႔ ျပန္လိုက္ခဲ့ရမွာလဲ။ ငါ​ေနာက္မွ ကိုယ့္ဟာကိုယ္ျပန္ခဲ့မယ္"

Audie၏ မ်က္ဆန္နက္နက္က ဘယ္ညာျမန္ျမန္ ​ေ႐ႊ႕လ်ားသြားသည္။ အမူအရာကို မသိမသာ ခပ္လ်င္လ်င္ ျပန္ထိန္းလိုက္​ေတာ့ Taehyung မရိပ္မိ​ေတာ့။

"မျဖစ္လို႔ပါ။ သိတဲ့အတိုင္း သူ​ေဌးမင္းက ကြၽန္​ေတာ္တို႔ကို အသက္.."

"ကဲ..ကဲ ငါလိုက္ခဲ့မယ္ ဟုတ္ၿပီလား"

Anton သတိရလာသည္အထိ သူ​ေစာင့္​​ေနလိုက္ဖို႔ ​ေကာင္းသည္။ သို႔​ေသာ္ ​ေစာင့္​ေနရမည့္အစား ​ေဆး႐ုံက သူနာျပဳ​ေလးကို အိမ္ႀကိဳးဖုန္းနံပါတ္သာ ​ေပးထားခဲ့လိုက္​ေတာ့သည္။
ဘယ္ဖုန္းလာလာ သူကိုင္​ေလ့မရွိ​ေသာ္လည္း အခု​ေတာ့ ဖုန္း​ေခၚသံကို ​ေစာင့္ရျပန္ဦးမည္။ သည္အ​ေသးအဖြဲ႕​​ေလး​ေတြကအစ တာ၀န္ႀကီးလိုက္တာ..။

"သခင္​ေလး လမ္းမွာဝင္စရာ​ေတာ့ မရွိပါဘူး​ေနာ္"

"အိမ္ကိုသာ ​ေမာင္းစမ္းပါ။ အိမ္ျပန္မ​ေရာက္ခင္လည္း ​ေဆး႐ုံက ဖုန္းဆက္ထားပါဦးမယ္"

"ဟုတ္ကဲ့"

တကယ္​ေတာ့ Audieလည္း ဘယ္ကိုမွ ဝင္စရာမရွိဖို႔ပဲ ​ေမွ်ာ္လင့္​ေနခဲ့တာ။
အမိန္႔ကို ဆန္႔က်င္ၿပီး​ေတာ့ပဲျဖစ္ျဖစ္ သူ​ေဌးမင္းခံစား​ေနရတာ​ေတြကို သခင္​ေလးသိဖို႔ ျပ​ေပးခ်င္တာ သူ႔ဆႏၵ။ နည္းနည္း​ေလးပဲျဖစ္ျဖစ္ သူ​ေဌးမင္းကို ျမင္​ေပးရင္ ဘယ္​ေလာက္​ေကာင္းလိမ့္မလဲ။
နည္းနည္း​ေလာက္ဆိုလွ်င္​ေတာင္ သည္လက္ထပ္ပြဲကို တားပစ္ႏိုင္​ေလာက္သည္။

သခင္​ေလးက ႏွလုံးသားတံခါးကို အတင္း​ေစ့ထားရသူပါ။ ​ေဘးကၾကည့္​ေနသူတိုင္း ျမင္ႏိုင္ပါသည္။ တံ​ခါးခ်က္​ေလး ဖြင့္လိုက္႐ုံနဲ႔ သူ​ေဌးမင္းကို အျပည့္အဝျမင္ႏိုင္မည့္အ​ေရး သူဘာလို႔ မကူညီႏိုင္ရမွာတဲ့လဲ။
____

Taehyung အိမ္​ေရွ႕ကို ​ေရာက္ခ်ိန္မွာ ကားတစ္စီးထိုးရပ္ထားတာ​ေတြ႕သည္။ နက္ျပာ​ေရာင္ ဂ်စ္ကား​ေလးျဖစ္ၿပီး ထိုကားကို တစ္​ေနရာရာမွာ ရင္းရင္းႏွီးႏွီးျမင္ဖူး​ေနသည္ဟု Taehyung ခံစားမိသည္။
ဘယ္သူ႔ကားလဲဆိုတာ သူစဥ္းစားမရ။

"ဪ.. ​ေဒါက္တာ​ေရာက္​ေနတာပဲ"

Audie​ေျပာလာမွ သူ​ေတြးရ​ေတာ့သည္။ Jeonစံအိမ္၏ မိသားစုဆရာ၀န္စီး​ေနက် ကားျဖစ္​ေၾကာင္း သူ​ေမ့​ေနခဲ့တာ။

"သူက ဘာလာလုပ္တာလဲ။ ​ေနမ​ေကာင္းတဲ့သူလည္းမရွိဘဲနဲ႔"

"သူ​ေဌးမင္းဆီလာတာ​ေနမွာ​ေပါ့။ သူကု​ေပးတာ သူ​ေဌးမင္းနဲ႔ သခင္​ေလးအျပင္ ဘယ္သူရွိ​ေသးလို႔လဲ"

Jeon JungKookက ​ေနမ​ေကာင္းဘူးလား။ မသိစိတ္၏ လႈံ႕​ေဆာ္မႈအရ Taehyung မ်က္ႏွာ​ေပၚမွာ စိုးရိမ္မႈအရိပ္အ​ေယာင္​ေလး ျဖတ္သန္းသြား၏။ သူကိုယ္တိုင္မသိလိုက္ခင္မွာပဲ Jeon JungKookအ​ေျခအ​ေနကို စိုးရိမ္မိ​ေနလ်က္သား။

႐ုတ္ခ်ည္းသြက္လက္သြား​ေသာ ​ေျခလွမ္းမ်ားႏွင့္ အိမ္ထဲဝင္လာၿပီး Jeon JungKookရွိ​ေလာက္မည္ထင္​ေသာ အခန္းဆီ တက္သြားသည္။
သိခ်င္႐ုံ​ေလးပါဟု သူ႔စိတ္သူအခါခါညာသည္။ သူ႔ကိုယ္သူ ဘယ္လိုပဲညာညာ အမူအရာႏွင့္ မ်က္ဝန္းကို ညာမရ။

"​ေဆးက အဲ့​ေလာက္အမ်ားႀကီး​ေသာက္လို႔မရဘူး သူ​ေဌးမင္း"

"​မ​ေသာက္ရင္ ဘယ္လိုလုပ္ရမလဲ။ က်ဳပ္က ကိုယ့္စိတ္ကိုယ္ႏိုင္တာ မဟုတ္ဘူး"

အခန္းထဲတန္းဝင္လိုက္ရန္ တံခါးလက္ကိုင္ကို ကိုင္ထားစဥ္မွာပဲ အတြင္းဘက္က အသံသဲ့သဲ့။ တစ္သံက Jeon JungKookဆီကျဖစ္ၿပီး ​ေနာက္တစ္သံက ဆရာ၀န္၏ အသံ ျဖစ္ရမည္။

ခိုးနား​ေထာင္တယ္လို႔​ေတာ့ မဆိုသာဘူးမဟုတ္လား။ Jeon JungKook ဘာ​ေဆး​ေတြ​ေသာက္​ေနရသလဲဆိုတာ သိခ်င္႐ုံ စပ္စုခ်င္႐ုံ​ေလးတင္ပါ။

ပုံမွန္ဆို Audieျဖစ္ျဖစ္ တျခားသက္​ေတာ္​ေစာင့္ျဖစ္ျဖစ္ ​ေရာက္လာၿပီး 'သူ​ေဌးမင္းက အ​ေပၚမတက္လာခိုင္းဘူး' စသျဖင့္ တားဆီးလိမ့္မည္။ အခု ဘယ္သူမွ လာတားဆီးျခင္းမရွိတာ ထူး​​ေတာ့ထူးဆန္းသား။
သူ႔မွာ ထူးဆန္းျခင္းအ​ေၾကာင္း ဋီကာဖြင့္ရန္ အခ်ိန္မရွိသည့္အတြက္ တံခါးနားကပ္၍သာ ဆက္နား​ေထာင္​ေနလိုက္သည္။

"ကြၽန္​ေတာ္​ေျပာထားတယ္​ေလ။ ​ေဆးပမာဏကို ​ေလွ်ာ့ၿပီး ကိုယ့္စိတ္ကိုယ္ထိန္းရမယ္လို႔။ ကြၽန္​ေတာ္​ေျပာထားသလို တရားထိုင္တာ​ေရာ လုပ္ျဖစ္ရဲ႕လား"

"အဲ့​ေလာက္ထိ စိတ္မစုစည္းႏိုင္ဘူးျဖစ္​ေနတယ္"

​ဆရာ၀န္၏ သက္ျပင္းခ်သံက အခန္းျပင္က​ေန​ေတာင္ ၾကားရသည္အထိ။ Jeon JungKookကိုကုရင္း ဆရာ၀န္က ​ေရာဂါသြားမလား​ေတာင္ စိုးရိမ္ရသည္။

"အခုထိ Kim Taehyungနဲ႔ အဆင္မ​ေျပ​ေသးဘူးလား"

သူ႔နာမည္ပါလာ​ေတာ့ Taehyung ပိုစိတ္ဝင္စားသြားသည္။ တံခါးနား ပိုတိုးကပ္၍ နား​စြင့္မိသည္။ အသက္ရႉ​ေအာင့္ထားမတတ္ သည္စကားကို အာ႐ုံစိုက္​ေနမိတာ။
Jeon JungKookက တျခားတစ္​ေယာက္ဆီမွာ၊ သူ႔​ေနာက္ကြယ္မွာ သူ႔အ​ေၾကာင္းကို ဘယ္လိုမ်ား ​ေျပာ​ေနလဲ သိပ္ကိုသိခ်င္ပါသည္။

"မ​ေျပ​ေသးဘူး ​ေဒါက္တာ။ သူ မၾကာခင္ တျခားတစ္​ေယာက္နဲ႔ လက္ထပ္​ေတာ့မယ္တဲ့"

"ဟင္.. သူ​ေဌးမင္းနဲ႔ လက္ထပ္ပြဲပ်က္တာ​ေတာင္ မၾကာ​ေသးတာကို​ေလ"

"သူ႔ကို အျပစ္မတင္ပါနဲ႔"

အခု သူ႔အတြက္ ကာ​ေျပာ​ေပးလိုက္တာလား။ သူ႔ရင္ထဲ သိမ့္ခနဲ ခံစားလိုက္ရသည္။ တစ္ကိုယ္လုံးကို တစ္စုံတစ္​ေယာက္က သိမ္းႀကဳံးဖက္ထားသည့္ႏွယ္ ​ေႏြး​​​ေထြးလုံၿခဳံသြား​ေသာ ခံစားခ်က္မ်ိဳး။
ဘယ္​ေလာက္​ေတာင္ ရင္ထဲစိမ့္ခနဲျဖစ္သြားလိုက္သလဲ။

"ဟုတ္ပါၿပီ။ အျပစ္မတင္​ေတာ့ပါဘူး။ ကြၽန္​​ေတာ္က သူ႔မွာ တာ၀န္ရွိတယ္လို႔ ျမင္လို႔ပါ။ သူထြက္​ေျပးသြားတုန္းက သူ​ေဌးမင္းကို အ​ေတာ္​ေလး ကုလိုက္ရ​ေသးတယ္​ေလ။ သူဒါ​ေတြ မသိဘူးလား"

"က်ဳပ္​ေဆးကုသမႈခံ​ေနရတာ သူမသိဘူး။ သိလည္း မသိ​​ေစခ်င္ဘူး။ သူ႔စိတ္နဲ႔သူ ​ေအး​ေအးခ်မ္းခ်မ္း​ေနပါ​ေစ"

"ဒါဆို သူ​ေဌးမင္းက​ေရာ။ စိတ္မ​​ေအးခ်မ္းရတာ သူ​ေဌးမင္းပဲ​ေလ။ စိတ္ၿငိမ္​ေဆး​ေတြက ​ေဆးမတိုး​ေတာ့ရင္ ကြၽန္​ေတာ္​​ေဆးထပ္​ေပးလို႔မရ​ေတာ့ဘူး။ စိတ္ကို စိတ္နဲ႔ပဲကုမွရမယ္ဗ်"

Jeon JungKookမွာ ျပႆနာရွိ​ေနတာပဲ။ သူ႔​ေၾကာင့္ဆိုတဲ့ အ​ေျဖတစ္ခုကိုပါ သူသိလိုက္ရသည္။ ဘာ​ေရာဂါရယ္ တိတိက်က်မသိရ​ေပမဲ့ စိတ္ၿငိမ္​ေဆးအလြန္အကြၽံ​ေသာက္​ေနရပုံရရင္​ေတာ့ ဒါက အ​​ေျခအ​ေန​ေကာင္းမဟုတ္တာ ​ေသခ်ာသည္။

သူ႔​ေၾကာင့္ အမ်ားႀကီး ခံစားခဲ့ရတာလား။ လိမ္ညာခဲ့တာ မဟုတ္ဘူး​ေပါ့။ အ​ေပၚယံဟန္​ေဆာင္ခဲ့တာ မဟုတ္ဘဲ သူ႔ကို အၿမဲဖြင့္ဟ​ျပ​ေနခဲ့တာ။
သူဘာလို႔ အဲ့​ေလာက္ထိ တုံးအခဲ့ရတာလဲ။

​ေလာ​ေလာဆယ္မွာ သူ႔စိတ္က ​ဘယ္ညာလြန္ဆြဲလ်က္။ မုန္းရမလား၊ အမုန္းကို သင္ပုန္း​ေခ်လိုက္သင့္လား ​ေဝခြဲမရႏိုင္။ အတိတ္​ေတြက ခြင့္လႊတ္ဖို႔ရာ ခက္လြန္းၿပီး Jeon JungKookကလည္း သူ႔အတြက္ လက္သင့္ခံဖို႔ရာမလြယ္။

အခန္းတံခါး​ေရွ႕မွာ ​ေက်ာက္႐ုပ္လို ရပ္​ေနမိၿပီး တံခါးလက္ကိုင္ဘုကို ကိုင္ထားမိလ်က္သား။ အသိစိတ္က ​ေလႏွင္ရာ လႊင့္ပါ​ေနၿပီး မသိစိတ္ႏွင့္ စီးခ်င္းထိုးလ်က္။
တံခါးလက္ကိုင္ကို အသာတြန္းမိမလိုျဖစ္​​ေတာ့ သူ႔ကိုယ္သူ ျပန္ထိန္းလိုက္သည္။ တျခားသူသိသင့္တဲ့ ကိစၥ​ေတြ ရွိဦးမွာပဲ မဟုတ္လား။

"သူ​ေဌးမင္းအနားမွာ သူ႔ကို လိုအပ္တယ္မဟုတ္လား။ ဒီအတိုင္း​ ပြင့္ပြင့္လင္းလင္း​ေျပာၿပီး အနားမွာ ​ေနခိုင္းလိုက္​ေရာ​ေပါ့"

"က်ဳပ္သိပ္သနားစရာ​ေကာင္း​ေနလား ​ေဒါက္တာ"

"အဲ့လိုဆိုလိုတာ မဟုတ္ပါဘူး။ ကြၽန္​ေတာ္က​ေတာ့ ကြၽန္​ေတာ့္လူနာအတြက္ ဦးတည္ၿပီး အႀကံ​ေပးရတာပဲ​ေလ"

"လူနာမဟုတ္ဘူး။ က်ဳပ္ကို အပတ္စဥ္​ေဆးစစ္​ေပး​ေနတယ္လို႔ပဲ သ​ေဘာထား​ေပးပါ။ ၿပီး​ေတာ့ အသနားခံတဲ့ အ​ေၾကာင္းျပခ်က္​ေတြနဲ႔​ေတာ့ သူ႔ကို မဆြဲထားခ်င္ဘူး။ သူဆႏၵရွိရင္ က်ဳပ္အနားအလိုလိုရွိ​ေနလိမ့္မယ္"

တံခါးလက္ကိုင္ကို တင္း​ေန​ေအာင္ ကိုင္ထား​ေသာ သူ႔လက္ဟာ ကမာၻ​ေျမ​ဆြဲအားႏွင့္တကြ ျပဳတ္က်သြားသည္။ ဆြဲအားျပင္းလြန္းလို႔လား၊ သူ႔လက္ကပဲ အား​ေပ်ာ့​ေနတာလား။

Jeon JungKook​ေျပာတဲ့ သူ႔ဆႏၵကို သူကိုယ္တိုင္လည္း မသိ​ေနပါ။ သူ႔အတြက္ အမုန္းတရားက တာ၀န္၀တၱရားတစ္ခုလိုျဖစ္​ေနၿပီး Jeon JungKookက သူ႔ကို ခ်ည္​​ေႏွာင္ထားတဲ့ က်ိန္စာတစ္ခု။
ထိုလူက သူ႔အင္အား​​ေတြကို ဆုတ္ယုတ္​ေစႏိုင္​ေသာ သတၱိရွိ​ေလ၏။

"ကိုယ့္ဟာကိုယ္အဆင္​ေျပလိမ့္မယ္လို႔​ေရာ ယုံၾကည္ခ်က္ရွိရဲ႕လား"

"ဒါက်ဳပ္ရဲ႕ဝဋ္​ေႂကြးလွလွ​ေလးပါပဲ။ က်ဳပ္မွာ သူမခ်စ္လို႔ဆိုၿပီး ပူ​ေဆြး​ေနဖို႔ တာ၀န္ကို ရွိ​ေနတာ။ က်ဳပ္တို႔ သားအဖမွာ အျပစ္​ေတြရွိခဲ့တာ အမွန္ပဲ​ေလ။ သူမုန္းသင့္ပါတယ္"

အျပစ္ဆိုတဲ့ ပညက္ခ်က္မ်ားအ​ေၾကာင္း.. သူဂဃနဏမသိသည့္တိုင္ ​ေကာင္း​ေသာအရာမ်ား မဟုတ္ခဲ့သည္ကို​ေတာ့ ငယ္ဘဝမွတ္ဉာဏ္က​ေနတစ္​ဆင့္၊ သို႔မဟုတ္ အိပ္မက္မ်ားမွတစ္ဆင့္ ရိပ္စားမိထားသည္။
သူသိတာ​ေတြ သူထင္တာ​ေတြ ဘယ္အတိုင္းအတာထိ မွန္သတဲ့လဲ။
သူဆက္နား​ေထာင္သင့္လား မသင့္လား ဆုံးျဖတ္ခ်က္ခ်ဖို႔ရာ ခက္ပါ၏။
ဆက္နား​ေထာင္​ေနရင္း ဘာမဆိုျဖစ္သြားႏိုင္သည္။ ဝင္႐ိုးစြန္းႏွစ္ခု၏ အလယ္တည့္တည့္မွာ ​ေရာက္​ေန​ေသာ သူ႔မ​ေနာဓါတ္က တစ္ဖက္ဖက္သို႔ ကူး​ေျပာင္းသြားႏိုင္​ေခ်ရွိသည္။
လုံးလုံးလ်ားလ်ား ခြင့္လႊတ္​ေပးလိုက္တာလည္း ျဖစ္ႏိုင္ၿပီး လုံး၀ႀကီးျပတ္သားသြားတာမ်ိဳးလည္း မျဖစ္ႏိုင္ဘူးဟု မဆိုႏိုင္။

​ေဝဖန္ဆင္ျခင္ႏိုင္စြမ္း​နည္း​ေနခ်ိန္မွာပဲ တံခါး​ေပါက္ဖြင့္သံကို ၾကားလိုက္ရသည္။ သူ႔​ေရွ႕တည့္တည့္မွာ မိသားစုဆရာဝန္ကို ​ေတြ႕ၿပီး အခန္းထဲက Jeon JungKook. ႏွစ္​ေယာက္လုံးက အံ့ဩတသျဖင့္ သူ႔ကို ၾကည့္​ေနၾကလ်က္။

"သခင္..သခင္​ေလး ဒီမွာ ဘာလုပ္​​ေနတာလဲ"

"Taehyung.. ဘယ္တုန္းက ​ေရာက္​ေနတာလဲ"

Jeon JungKook အသံက တည္ၾကည္စြာ ႀကံ့ခိုင္လ်က္။ သို႔​ေသာ္ ​ေစာ​ေစာက အ​ေျခအ​ေနမ်ားကို ၾကားသိၿပီး​ေနာက္မွာ​ေတာ့ ႀကံခိုင္ခ်င္​ဟန္​​ေဆာင္​ေနပါတယ္ဟူ၍သာ သူထင္မိသည္။

သူ႔​ေရွ႕မွာ ဘယ္ႏွႀကိမ္ ဘယ္ႏွခါမ်ား သန္မာ​ေယာင္​ေဆာင္ခဲ့ၿပီးၿပီလဲ။ သူမရွိခ်ိန္ဆို သည္လူက ဘယ္​​ေလာက္ထိ ၿပိဳလဲသြားႏိုင္လဲ။ သည္လူ႔အတြက္ သူ႔ရဲ႕ စိတ္ဝင္စားမႈက ဒီ​ေရအလား တရိပ္ရိပ္ ျမင့္တက္လာသည္။
ပင္လယ္ကမ္းစပ္သာဆိုလွ်င္ အခုအခ်ိန္က ဒီ​ေရတက္ခ်ိန္ဟု သမုတ္ႏိုင္​​ေသာ ကာလတစ္ခုျဖစ္၏။

"ၾကာၿပီ.. ​ေရာက္​ေနတာ"

"မင္းဘာ​ေတြၾကားသြားလိုက္​ေသးလဲ"

Taehyung တံ​ေတြးမ်ိဳခ်ရင္း တစ္ခုခုအ​ေျဖ​ေပးႏိုင္ရန္ ႀကိဳးစားသည္။ ​​ေကာင္း​ေသာစကားကို ဆိုသင့္လား။ ဒါမွမဟုတ္.. ပင္ကိုအတိုင္း ခပ္တန္းတန္းခပ္စိမ္းစိမ္းလား။ ​ေ႐ြးခ်ယ္ရခက္လြန္းလို႔ သူဟာ လက္သီးကို တင္းတင္းဆုပ္၍သာ ​ေက်ာက္႐ုပ္တစ္႐ုပ္အလား ရပ္​ေနမိ​ေတာ့၏။

"ဘာအျပစ္​ေတြ လုပ္ခဲ့တာလဲ။ တိတိက်က်သိခ်င္တယ္"

​ေမးခ်င္တာ တျခား၊ ထြက္သြားတဲ့အ​ေျဖက တျခား။ တကယ္ဆို 'ခင္ဗ်ား အဆင္​ေျပရဲ႕လား'၊ 'ကြၽန္​ေတာ္ရွိ​ေန​ေပးမွျဖစ္မွာလား'၊ 'ကြၽန္​ေတာ့္ကို ဘာလို႔ ​ေစာ​ေစာက မ​ေျပာတာလဲ' စသျဖင့္ ​ေမးလိုက္သင့္တာ​ေပါ့။
ရက္စက္တာထက္ ပိုလြန္းစြာပင္ တစ္ဖက္သတ္ဆန္လြန္း​​​ေသာ၊ အတၱမ်ားလြန္း​ေသာ စကားကို ​ေျပာလိုက္မိသည္။

Jeon JungKookဘက္က ျပန္ရသည္က ​ရွည္ရွည္ၾကာၾကာ သက္ျပင္းခ်သံတစ္ခ်က္၊ ​ေနာက္ထပ္တစ္ခ်က္၊ ​ေနာက္ဆုံးအ​ေခါက္ အျပင္းဆုံးတစ္ခ်က္။
ဟင့္အင္း.. သူဒါကို အဓိကသိခ်င္တာ မဟုတ္ဘူး​ေလ။
​ေက်းဇူးျပဳၿပီး မ​ေျဖပါနဲ႔လား..။

"​သခင္​ေလး Kim Taehyung.. အဲ့လိုမ​​ေမးပါနဲ႔လား။ သူ​ေဌးမင္းအတြက္ မ​ေကာင္း.."

"​ေနပါ​ေစ။ ​​ေဒါက္တာလည္း မိုးခ်ဳပ္​ေတာ့မွာဆို​ေတာ့ ျပန္လိုက္​ေတာ့​ေလ။ က်ဳပ္ဒ႐ိုင္ဘာ​ေစာင့္​ေနပါလိမ့္မယ္"

ဆရာ၀န္ကို အသာ​ေလး ပ,ထုတ္လိုက္တာ​ ​ေအာင္ျမင္သြားသည္။ ​ေသသပ္ပိရိစြာ စည္း​​ေႏွာင္ထား​ေသာ နက္ခ္တိုင္ကို အထာက်က် ​ျဖည္​ေလွ်ာ့​ေလ၏။
ထိုလူ၏ လႈပ္ရွားမႈတစ္ခုခ်င္းစီကို Taehyung မ်က္​ေတာင္မခတ္စတမ္း လိုက္ၾကည့္​ေနမိၿပီး​ေနာက္ ​ေခတၱ​မွ် မ​​ေငး​ေမာမိဘဲ မ​ေနႏိုင္။

"အဲ့တာပဲ ၾကားတယ္ဆို ​ေတာ္​ေသးတာ​ေပါ့။ အထူးအ​ေထြမဟုတ္ပါဘူး ကိုယ့္အသည္းရယ္။ အျပစ္က အျပစ္ပဲ​​ေပါ့.. မင္းမသိဘဲမ​ေနပါဘူး။ ခြင့္လႊတ္ဖို႔လည္း မတန္ပါဘူး"

"ဪ.. အဲ့လိုကိုး။ ဒီအတိုင္း ဆက္မုန္း​ေနလို႔လည္း အဆင္​ေျပတယ္​ေပါ့"

JungKookက ပုခုံးတြန္႔ျပလိုက္ၿပီး..

"ကိုယ္အသက္ရွင္​ေနတုန္းပဲ​ေလ"

​ေဘးကၾကည့္ရင္​ေတာ့ ​ေပါ့​ေပါ့ပါးပါး ​ေျပာဆို​ေနသလို။ ရင္ႏွင့္အမွ် ​ေလးလံ​သည့္ ခဲတစ္လုံးကဲ့သို႔​​ေသာ ခံစားခ်က္မ်ားကို ခ်ိတ္ဆြဲလ်က္ ကျပ​ေနရသည့္ ႀကိဳးဆြဲ႐ုပ္​ေသး႐ုပ္အလား JungKookခံရခက္​ေန၏။

ရွင္လ်က္နဲ႔ အႀကိမ္ႀကိမ္​​ေသဆုံးရ​ေသာ ရက္စြဲမ်ားအ​ေၾကာင္း သူဘယ္အခါမွ ရင္ဖြင့္ရပါ့မလဲ။

သူ႔​ေရွ႕မွာ ရပ္​ေန​ေသာ သူ၏တစ္ပြင့္ပန္း​ေလးကို သူအႏူးညံ့ဆုံးအၾကည့္ျဖင့္ ​​ေငး​ေမာ​ေနမိသည္။
စကား​ေတြအမ်ားႀကီးၾကားခဲ့မွာပဲ​ေနာ္.. ဒါ​ေတာင္ သိခ်င္တာက သူ႔အျပစ္ကိုတဲ့လား။

အဆုံးသတ္မွာ​ေတာင္ Taehyungက သူ႔အတြက္ သူ႔ဘက္မွာ ရွိမွာမဟုတ္​ေတာ့။ အသနားခံရင္​ေတာင္ သူ႔အနား​ေနမွာမဟုတ္​ေတာ့။
ကိုယ္ဟာ မင္း​ေၾကာင့္ စိတ္ၿငိမ္​​ေဆး​ေသာက္​ေနရပါၿပီလို႔ တငိုငိုတရီရီ​ေျပာရင္​ေတာင္ စိတ္ယိုင္လာမွာ မဟုတ္​ေတာ့ဘူး​ေလ။

"လူလိမ္။ ခင္ဗ်ားက ဘယ္​ေတာ့မွ ပြင့္ပြင့္လင္းလင္းမ​ေျပာဘူး။ ခင္ဗ်ားကို မုန္းတယ္"

​​ေျခသံတ​​ေဒါက္​​​ေဒါက္က ​​ေလွကားအတိုင္း ​ေျပးဆင္းသြားသည္။ မပြင့္တပြင့္​ၿပဳံး​ေနရင္းက သူ႔မ်က္ရည္​​​ေတြ လွ်ံက်လာသည္။

သူထြက္သြားလွ်င္ က်န္ခဲ့ရသူျဖစ္ၿပီး သူျပန္လာလွ်င္ အသင့္​ေစာင့္​ေနရသူရယ္ပါ။ ပင္လယ္ကမ္းစပ္က ​ေလွသမၺန္​ေတြ ခရီးသည္အလာကို ​ေမွ်ာ္ရသကဲ့သို႔ ကိုယ္က သူ႔ကို ​​​ေစာင့္ရသူ။
သူ႔အမုန္း​ေတြ အင္အားႀကီးသ​ေလာက္ ကိုယ့္အခ်စ္​ေတြကလည္း မကုန္မခမ္းႏိုင္လိုက္တာ လြန္ပါ​ေရာလား။

ပြင့္ပြင့္လင္းလင္းမ​ေျပာဘူးလို႔ သူကဆိုသည္။ ပြင့္လင္း​ေတာ့လည္း မင္းရဲ႕အ​ေျဖက ​ေျပာင္းသြားမွာတဲ့လား ကိုယ့္အသည္းရယ္။
ကိုယ့္ကို စိမ္းၿမဲစိမ္း​ေနဦးမွာပါပဲ။
ခ်စ္ျခင္းႏွင့္တကြ ဘဝတစ္ခုလုံးကို အရႈံး​ေပးထားၿပီပဲ​ေလ.. သည္တစ္ခါ​ေတာ့ ကိုယ္အႏိုင္ယူခြင့္ရွိတယ္မလား။
မင္းဆီမွာ မ်က္ရည္ခံထိုးၿပီး အယူခံမဝင္ပါရ​ေစနဲ႔​ေတာ့။ တိတ္ဆိတ္ျခင္းျဖင့္သာ ကိုယ့္မာနကို ထိန္းထားခ်င္ပါသည္။

​ေျခကုန္လက္ပန္းက်စြာ ကုတင္​​ေပၚကို ပစ္လဲခ်လိုက္သည္။ မထူမပါး​ေမြ႕ရာထဲ နစ္ဝင္သြားၿပီး သူ႔ကိုယ္သူ အိပ္​ေပ်ာ္​ေတာ့မလို အထင္မွားသြား၏။
အိပ္​မေပ်ာ္ႏိုင္တဲ့ရက္က ခပ္မ်ားမ်ားဆို​ေတာ့ ကိုယ္ဟာ အိပ္စက္ျခင္းအ​ေၾကာင္းကို​ေတာင္ ​ေမ့​ေမ့​ေပ်ာက္​ေပ်ာက္​ေပါ့။

အ​ေဖသာ ရွိ​ေနဆဲဆို သူ႔ကို ဘယ္​ေလာက္ထိ အားမလို အားမရ ျဖစ္လိုက္မလဲ​ေနာ္။ သူအသင့္ခင္းထား​ေပးတဲ့လမ္းကို​ေတာင္ မ​​ေလွ်ာက္ႏိုင္ရ​ေကာင္းလား၊ အခုထိ စိတ္ၿငိမ္​ေဆး​ေသာက္​ေန​ရ​ေကာင္းလားဆိုၿပီး ကိုယ့္ကို ဆူ​ေငါက္လိုက္မည့္ျဖစ္ျခင္း။

အ​ေဖ့ကို​ေတာ့ ​ေက်းဇူးတင္ပါရဲ႕။ အ​ေဖခင္းတဲ့လမ္းကလည္း သိပ္​ေတာ့​ေခ်ာ​ေမြ႕မ​ေနပါဘူး အ​ေဖရယ္။
ကိုယ့္မွာ အ​ေမွာင္ထုထဲ ဆူး​ေျငာင့္ခလုတ္​ေတြၾကား စမ္းတဝါးဝါး​ေလွ်ာက္​ေနရဆဲပါ။

အ​​ေဖ့သားက အဲ့သည္က​ေလးအ​ေပၚ ႐ူးသြပ္​ေနဆဲ၊ ထိုက​ေလးက သူ႔ကို မုန္းျပ​ေနဆဲ။ အသက္ႀကီးလာသည္ကလြဲရင္ အခုႏွစ္ပိုင္း​​ေတြမွာ ကိုယ့္အတြက္ တိုးတက္မႈႀကီးႀကီးမားမား မရွိရပါ။

တ​ေျဖး​ေျဖး​ေဝးသြားသည္ဟု ထင္ရ​ေသာ ​ေမတၱာမ်ားရယ္၊ တစ္မိုး​ေအာက္ထဲ အသက္ရႉ​ေနၿပီး ​ေခါင္းပါးလြန္း​ေသာ ​​ေႏြး​ေထြးမႈ​ေတြရယ္။
ကိုယ့္အတြက္ ​ေႏြက​ေႏြထက္ပူၿပီး ​ေဆာင္းက ​ေဆာင္းထက္​ေအးခဲပါသည္။

ကိုယ့္အသည္းကို ခ်စ္ရတာဟာ ကိုယ့္အဖို႔​ ​ေနႏွစ္စင္း၊ လႏွစ္မင္းရွိတဲ့ကမာၻမွာ ရွင္သန္​ေနရသည့္အလား..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

2.2M 116K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
6.7K 851 8
Orpheus Jeon X Eurydice Kim
248K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
4.6K 83 5
ˏˋ°•*⁀➷ | 𝐈𝐍 𝐖𝐇𝐈𝐂𝐇 A consequence of how far I obsess over Guesung, the oh so famous striker of the national South Korean footb...