แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

361K 57.6K 2.4K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ…แ‚

2.4K 397 2
By PannKhattWaiio

အပိုင်း ၅၂

အကယ်ဒမီသိပ္ပံမှ လုပ်ဆောင်နိုင်စွမ်းက မြင့်မားကာ အချိန်တိုအတွင်းတွင်ပင် ယွမ့်ထန်းလိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို ထုတ်လုပ်လိုက်နိုင်သည်။ ထိုအချက်က ယွမ့်ထန်းကို ပျော်ရွှင်စေသည်။ နောက်ဆုံးတွင် သူ ဟင်းလျာသစ်များကို ချက်ပြုတ်နိုင်တော့မည်ဖြစ်သည်။

သူက ဓါးသွေးပြီး ညနေခင်းတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြင်ဆင်တော့မည့်အချိန်တွင် ရုတ်တရက် စားဖိုမှူးအစည်းအရုံးမှ ဥက္ကဌကုက ဖုန်းခေါ်လာသည်။

“ဟယ်လို ဥက္ကဌကု”

ယွမ့်ထန်းကပြုံးကာ ဖုန်းကိုဖြေဆိုသည်။ ဥက္ကဌကု၏ ဖြူဖွေးနေသောခေါင်းနှင့် မုတ်ဆိတ်မွှေးတို့က ဖန်သားပြင်တွင် ထင်ရှားစွာပေါ်လာသည်။

“ဟယ်လိုရှောင်ထန်း အခုတလော အလုပ်များနေလား”

“ကျွန်တော့်က အားပါတယ်၊ ထူးထူးခြားခြား လုပ်စရာလည်း မရှိပါဘူး၊ ကျွန်တော့်ရဲ့အကူအညီများ လိုလို့လား”

သူက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“သေချာပေါက် လိုနေတာပေါ့၊ ငါတို့ရဲ့ကြယ်ပြာအင်ပါယာကို လူထွားမျိုးနွယ်က ခေါင်းဆောင်ပိုင်းတွေ လာရောက်လည်ပတ်ဖို့ရှိတယ်၊ အဓိကကတော့ ကုန်သွယ်ရေးပါပဲ၊ လူထွားမျိုးနွယ်ဆိုတာက ငါတို့စစ်ပွဲအတွင်းမှာ အများကြီးကူညီပေးခဲ့တယ်၊ ဒီတော့ အင်ပါယာက ဒီကိစ္စကို အရမ်းအလေးထားတယ်၊ ငါတို့ရဲ့စားဖိုမှူးအစည်းအရုံးက ပုံမှန်အားဖြင့် သူတို့ ဒီနေရာမှာ နေနေတဲ့အတောအတွင်းမှာ သူတို့ရဲ့စားသောက်မှု အားလုံးကို တာဝန်ယူပေးရတယ်”

ဥက္ကဌကုက စကားကို ရပ်တန့်ပြီးနောက် ဆက်ပြောသည်။

“လူထွားမျိုးနွယ်က လူတွေက ငါတို့အင်ပါယာက သဘာဝဟင်းလျာတွေကို အရမ်းသဘောကျကြတယ်၊ သူတို့က ဘယ်လိုကနေ ဘယ်လို မင်းရဲ့အကြောင်းကို ကြားသွားသလဲမသိပါဘူး၊ သူတို့က မင်းရဲ့လက်ရာကို မြည်းစမ်းချင်နေကြတယ်၊ ဒါကြောင့်ပဲ ဒီအဖိုးကြီးက မင်းကို အကူအညီတောင်းရတော့တာပေါ့”

ယွမ့်ထန်းက တွေးတောပြီးနောက် မေးလိုက်သည်။

“လူအရေအတွက်က ဘယ်လောက်များမှာလဲ”

“အားလုံးအယောက်နှစ်ဆယ်ရှိမယ်၊ အဲဒီထဲမှာ တော်ဝင်မျိုးနွယ်တွေလည်း ပါတယ်၊ သူတို့ရဲ့အစောင့်အရှောက်နဲ့ တပ်ဖွဲ့တွေအတွက်ကတော့ ငါတို့ တာဝန်ယူပေးနိုင်ပါတယ်”

“ဒါဆိုလည်းအဆင်ပြေပါတယ်၊ ကျွန်တော် လုပ်လိုက်မယ်”

ယွမ့်ထန်းကလည်း တုံ့ဆိုင်းမနေဘဲ ခပ်မြန်မြန်ခေါင်းညိတ်လိုက်သည်။

“သူတို့က ဘယ်အချိန်ရောက်မှာလဲ၊ သူတို့ ဘယ်နှစ်ရက်နေမှာလဲ”

“ကောင်းလိုက်တာ၊ ဒီလိုဆိုရင် အဆင်ပြေသွားပြီ၊ သူတို့က နှစ်ရက်အတွင်း အင်ပါယာကို ရောက်လာလိမ့်မယ်၊ သူတို့က လေးရက်၊ ငါးရက်တော့ နေသွားလောက်တယ်၊ ပုံမှန်အားဖြင့် သူတို့ကို အင်ပါယာပြည်နယ်အဆောက်အဦမှာ ဧည့်ခံကြရတယ်၊ မင်း မနက်ဖြန်လာပြီး ဟင်းလျာစာရင်းတွေ ပြင်ဆင်ဖို့ ငါတို့ကို ကူညီရင်ကောင်းမယ်၊ ဒီလိုဆိုရင် ငါတို့က လိုအပ်တဲ့ပါဝင်ပစ္စည်းတွေ အားလုံးကို ကြိုတင် ပြင်ဆင်ထားနိုင်လိမ့်မယ်၊ မင်းကတော့ ချရေးပေးရုံပါပဲ”

“ကောင်းပြီ၊ ကျွန်တော် နားလည်ပြီ၊ သူတို့က ဘယ်လိုစားစရာမျိုးတွေကို ကြိုက်တယ်ထင်လဲ”

“ပုံမှန်အားဖြင့်တော့ သူတို့က အသားကြိုက်တယ်”

ဥက္ကဌကုကလည်း တစ်ဖက်လူများ၏ အရသာခံနိုင်စွမ်းကို သေချာနားလည်ထားခြင်း မရှိချေ။ သူတို့ ယခင်တစ်ခေါက် အင်ပါယာသို့လာခဲ့ချိန်က အသားကင်များကို အလွန်သဘောကျကြောင်းကိုမူ မြင်ခဲ့ရသည်။

“ကောင်းပြီ၊ ကျွန်တော် နားလည်ပါပြီ”

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီးနောက် ယွမ့်ထန်းက ထိုမျိုးနွယ်စုများအကြောင်း အလွန်သိချင်လာသဖြင့် ကြယ်နက်ဝေါ့တွင် သတင်းအချက်အလက်များကို ရှာဖွေခဲ့သည်။ ထိုလူထွားမျိုးနွယ်များက သူ ယခင်ခေတ်ရုပ်ရှင်များထဲတွင် ပါသော ဂြိုလ်သားမျိုးနွယ်များကဲ့သို့ လူကောင်အလွန်ကြီးကြသူများဖြစ်ကြသည်။ သို့သော် သူတို့အရေပြားများက အပြာရောင်မဟုတ်ဘဲ ဖောက်ထွင်းမြင်ရလုမတတ် ကြည်လင်လုနီးပါး ဖြစ်နေလေသည်။ သူတို့က ခြေတံရှည်ပြီး အပေါ်ပိုင်းက တောင့်တင်းသန်မာကာ နားရွက်ရှည်များကို ပိုင်ဆိုင်ထားပြီး သားရဲကဲ့သို့မျက်လုံး၊ အစွယ်များကို ပိုင်ဆိုင်ထားကြသည်။ သူတို့ကိုကြည့်လိုက်ရုံမျှဖြင့် ခက်ထန်ကြမ်းတမ်းမည့် အနေအထားတွင်ရှိသည်။ ထို့ကြောင့် ဥက္ကဌကုက ထိုလူများ အသားကြိုက်သည်ဟု ပြောလာခြင်းဖြစ်လောက်သည်။

မည်သို့ပင်ဆိုစေ ကြက်၊ ဘဲ၊ ဝက်၊ သိုးနှင့်ယုန်သားများက နက်ဝေါ့တွင် အလွယ်တကူဝယ်ယူရနိုင်သည့်အတွက် ထိုလူများအား ကျေနပ်စေလောက်သည်။

သူ၏အချိန်ဇယားကို ထပ်ဖြည့်ပြီးနောက် ယွမ့်ထန်းက ညနေခင်း တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန်ကြံစည်သည်။ အကယ်ဒမီသိပ္ပံက သူ့အားအသစ်ထုတ်လုပ်လိုက်သော ပါဝင်ပစ္စည်းများ ကြိုတင်ပို့ပေးထားသည့်အတွက် ထိုပစ္စည်းများအားလုံးက မီးဖိုခန်းအတွင်း ပုံနေလေပြီ။ သူက မှိုများကိုသုံးပြီး မှိုနှင့်ကြက်ဥဟင်းချိုလုပ်ရန် ပြင်ဆင်ထားသည်။ ထို့အပြင်မှိုနှင့် အမဲသားလုံးလည်း လုပ်နိုင်လေသည်။ ဟင်းလျာနှစ်ပွဲနှင့်ဟင်းချိုတစ်ခွက်ဆိုလျှင် လုံလောက်လေသည်။

[ဆားစိမ်ငါးကလည်း အရင်က ငါးပါပဲ.. ဟား ဟား ဟား ငါ သူ တိုက်ရိုက်ထုတ်လွှင့်မှာကို ကြိုသိနေတယ်၊ အကယ်ဒမီက ဘာပဲထုတ်ထုတ် အရင်ဆုံး သူက ဟင်းလျာတွေကို ကြိုတင်ပြင်ဆင်ပေးအုံးမှာပဲ၊ အကယ်ဒမီသိပ္ပံရဲ့ အကြံပေးဆိုတဲ့အတိုင်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ]

[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကို ကြိုက်တယ် .. အမဲသားလုံး ငါ သိနေတယ်၊ လွန်ခဲ့တဲ့ရက် အနည်းငယ်ကပဲ ငါ ဟော့ပေါ့စားထားတာ၊ အဲဒီတုန်းက အမဲသားပါတယ်၊ အရမ်းအရသာ ရှိတယ်]

[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး .. ငါ ပြန်ထိုင်ပြီး ဟင်းလျာကောင်းတွေကို ထိုင်စောင့်နေတော့မယ်]

“မှိုနဲ့အမဲသားလိပ်က လုပ်ရတာ မခက်ပါဘူး၊ ကိုယ်တို့အနေနဲ့ အသားများတဲ့ အမဲသားအပိုင်းကိုပဲ ရွေးချယ်ဖို့လိုအပ်တယ်”

ဟော့ပေါ့၏ကျော်ကြားမှုကိုကြည့်ပြီး ကျေးဇူးတင်ရမည်။ ရှော့ပင်းမောလ်များတွင်ပင် အမဲသားများကို တိုက်ရိုက်ရောင်းချနေပြီ ဖြစ်လေရာ ယွမ့်ထန်းအနေနှင့် အစအဆုံး သေချာလုပ်ပြန်ရန် မလိုအပ်တော့ချေ။ သူက ဘုတ်ပြားပေါ်သို့ အမဲသားလွှာများကို တိုက်ရိုက် တင်လိုက်ပြီး မှိုကို ရေဆေးကာ စတင်လိပ်လိုက်နိုင်သည်။

ယွမ့်ထန်းက ပူနေပြီဖြစ်သော ဒယ်ပြားထဲသို့ အမဲသားမှိုလိပ်ကို ထည့်လိုက်ပြီးနောက် အမဲသားက‌ ရွှေရောင်သန်းလာသည်အထိ ကြော်လိုက်သည်။

ယွမ့်ထန်းက အမဲသားမှိုလိပ်ကို ပန်းပွင့်ပုံစံဖြစ်အောင် ဂရုတစိုက်ပုံဖော်ကြော်ပြီး ပန်းကန်ပြားပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန်လုံးကာတင်သည်။ ကြားများတွင် အစိမ်းရောင်ပန်းဂေါ်ဖီများကို ထည့်ထားသေးသည်။ သူက ပဲငံပြာရည်၊ ဆား၊ သကြားနှင့် ဟင်းနုနွယ်ရွက်ကြော်များကို သုံးကာ အချိုဓါတ်နှင့်အငန်ဓါတ်ရောနေသော အချဉ်ရည်တစ်ခုအဖြစ် ပြောင်းလိုက်ပြီး အပေါ်မှဆမ်းသည်။ အားလုံး ပေါင်းဖက်လိုက်သော် တောက်ပနီရဲနေသော ဟင်းလျာကို အစိမ်းရောင်သန်းနေသော အရွက်ကြော်များက အလှဆင်ထားသဖြင့် လှပသော ပုံပန်းသွင်ပြင်တစ်ချပ် ဖြစ်လာသည်။

“အားလုံးပဲ အရသာ ခံလို့ရပါပြီ”

သူက ကြည့်ရှုသူများကို ဖိတ်ခေါ်လိုက်သည်။

“အရင်ဆုံး အချဉ်နဲ့တို့ပြီးစားကြပါ၊ ဒီလိုဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်”

[အရသာခံနေပြီ .. ဝိုး အရမ်းအရသာ ရှိတယ်]

[အချစ်ဆေးရည် .. ဒီအမဲသားက တကယ်နူးညံ့နေတာပဲ၊ အထဲက မှိုကလည်း အရသာပြင်းနေတာမျိုးမရှိဘူး၊ ဝါးလို့လည်းကောင်းတယ်၊ အချဉ်နဲ့တို့စားလိုက်ရင် ပိုပြီးတော့တောင် စားကောင်းသွားသေးတယ်]

[ငြိမ်းငြိမ်းချမ်းချမ်းအိပ်စက်နေသူ .. ငါ့အထင် ငါ့ရဲ့ သွားကြားထဲမှာတောင် အသားတွေ ညပ်သွားပြီ]

[မွေးရပ်မြေက ရှု့ခင်း .. ငါတော့ ဒါမျိုး ပန်းကန်ပေါင်းများစွာစားနိုင်တယ်]

မှိုနှင့်အမဲသားလိပ်က ယွမ့်ထန်းက ချိုမြိန်မှုထည့်ထားသော အရသာပြင်းပြင်းအနေဖြင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။ အသားများပြီး အဆီအနည်းငယ်ပါသော အမဲသားက အလွန်နူးညံ့နေမည်ဖြစ်ပြီး ကြွပ်ရွသောမှိုဖြင့် ပေါင်းစပ်လိုက်သော် အလွန်စား၍ ကောင်းသွားသည်။ ထို့အပြင် အမဲသားမှ ချိုမြိန်မှုနှင့် အချဉ်မှဓါတ်များ အားလုံးကလည်း မှိုအတွင်း စိမ့်ဝင်နေပြီဖြစ်သည်။ ထို့ကြောင့် ကြွပ်ရွအောင် ကြော်လိုက်ပြီးချိန်တွင် ပြင်းထန်သည့်အရသာက ထွက်ပေါ်လာတော့သည်။ ရိုးရှင်းသောပုံစံဖြင့် ချက်ပြုတ်နိုင်သည့်တိုင်အောင် အလွန်အရသာရှိသည့်အတွက် လူတိုင်းက သဘောကျနှစ်ခြိုက်လေသည်။

“ဒီကြက်သားမှာပါတဲ့အသားကို ကြက်ပေါင်သားကနေ ထုတ်ထားတာပါ၊ ဒီတော့ လုပ်ရလည်းလွယ်တယ်၊ လူတိုင်းလည်း အိမ်မှာ ချက်ပြုတ်စားလို့ရတယ်”

ယွမ့်ထန်းက ကြက်ပေါင်သားမှ အသားများကို လှီးထုတ်ပြီးနောက်တွင် ဆားနှင့်ဂျင်း၊ ကြက်သွန်ဖြူတို့ရောထားသော အရည်ဖြင့်စိမ်သည်။ အပိုင်းငယ်လေးများဖြင့် ပိုင်းဖြတ်ပြီးနောက်တွင် နုတ်နုတ်စင်းထားသော ကြက်သွန်မြိတ်၊ ဂျင်း၊ သကြား၊ ပဲငံပြာရည်နှင့်ဆားတို့ထည့်ထားသော ပန်းကန်တစ်လုံးထဲသို့ ထည့်လိုက်သည်။ ပါဝင်ပစ္စည်းများဖြင့် နှံ့အောင်ရောစိမ်ပြီးနောက်တွင် ပလပ်စတစ်အကြည်ဖြင့် ပတ်ထားလိုက်ကာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်သည်။

ကြက်သားကို နှပ်ထားချိန်တွင် ယွမ့်ထန်းက မှိုနှင့်ကြက်ဥစွပ်ပြုတ်ကို လုပ်ရန် ပြင်ဆင်လိုက်သည်။ သူက မှိုအောက်ခြေသားကို အစိတ်စိတ်အပိုင်းပိုင်း လှီးထုတ်ပြီးနောက်တွင် ဒယ်ပြားထဲ ဆီထည့်ကာ ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကိုထည့်ကာ မွေးပျံ့သောရနံ့ထွက်လာသည်အထိ ဆီသပ်နေလိုက်သည်။ ထို့နောက် မှိုများကိုထည့်ကာ အပူပေးသည်။ ရေနွေးပူကို လောင်းထည့်ပြီးနောက်တွင် ကြက်ဥတစ်လုံးကိုမွှေကာ အပေါ်မှ ထပ်မံဖြည့်ထည့်လိုက်သည်။ ထို့နောက်ဆား၊ ငရုတ်ကောင်း စသည်ဖြင့် ဟင်းခပ်ပြီးနောက်တွင် အရသာရှိသော ကြက်ဥမှိုဟင်းချိုက ပြီးဆုံးသွားလေသည်။

[စိတ်ကူးယဉ်ခရမ်း .. ငါ အစက ဒီဟင်းချိုက အရမ်းရိုးရှင်းပြီး အရသာဘာမှ ထူးခြားမနေဘူးလို့ ထင်ထားခဲ့မိတာ မမျှော်လင့်ထားဘဲ အရသာ အရမ်းကောင်းနေတာပဲ]

[ပျံလွှားငှက်လေး ပျံသွားပြီ .. ကောင်းလိုက်တာ၊ စွပ်ပြုတ်က လုပ်ရတာလည်း ရိုးရှင်းတယ်၊ ကောင်းလည်းကောင်းတာပဲ ငါ အိမ်မှာစမ်းကြည့်ရမယ်]

[တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ပြီး ချက်နည်းပြုတ်နည်းများကို သင်ယူနေသူ .. ဟင်းလျာအသစ်နှစ်မျိုး ဘယ်လိုလုပ်ရမလဲ ငါသိသွားပြီ၊ အရမ်းတော်တာပဲ]

ထိုအချိန်တွင် ယွမ့်ထန်းက ကြက်ပေါင်သားကို နှပ်ပြီးသည့်အတွက် အပူပေးထားသော ဒယ်ပြားပေါ်သို့ထည့်လိုက်သည်။ အသား၏မျက်နှာပြင်က အရောင်ပြောင်းလာသည့်အခါ သူက ပါးပါးလှီးထားသောမှိုများကို ထည့်ပြီးနောက် ဆက်တိုက်မွှေလိုက်သည်။ ကြက်ပေါင်များက အရောင်ပြောင်းလာသည်နှင့် ထိုသို့ဆက်မွှေနေလိုက်၏။ ထို့နောက် အရသာကို အပြည့်အဝစုပ်ယူသည်အထိ အပူချိန်ကို မြှင့်ထားလိုက်သည်။ ထို့နောက် ကြက်ပေါင်သားကြော်ရရန်အတွက် ၁၀ မိနစ်လောက် ထပ်မံစောင့်ဆိုင်းရမည်ဖြစ်သည်။

ကြက်ပေါင်သားက အလွန်အရသာရှိပြီး နူးညံ့နေသည်။ ထို့အပြင် သူ ထည့်ထားသောမှိုများကလည်း အသားအရသာကို ထူးခြားသောအရသာတစ်မျိုး ထပ်ပေါင်းထည့်ပေးနေသည့်အတွက် တစ်ကိုက်တည်းနှင့်ပင် ရပ်တန့်၍ မရနိုင်အောင် ဖြစ်လာစေသည်။

[လျှိုယဲ့ပိုင် .. ဒီလိုဟင်းမျိုးက ထမင်းနဲ့စားမှ သင့်တော်တာ]

[ရှားလီယဲ့ .. ငါ အပေါ်ကနေ ထမင်းထပ်အုံစားမယ်ဆိုရင် ဗိုက်ပေါက်ထွက်သွား တော့မယ်]

ဟင်းလျာနှစ်မျိုးနှင့်ဟင်းချိုတစ်ခွက်က လူအများစု သဘောကျသွားစေပြီး ပရိတ်သတ်များက ဆူညံပွက်လောရိုက်နေတော့သည်။ မည်သို့ပင်ဆိုစေ ဟင်းလျာများအားလုံးက ပြီးဆုံးသွားသည့်အခါ စိတ်လှုပ်ရှားဖွယ်အကြောင်းအရာက စတင်နေတော့မည်ဖြစ်သည်။

[နှလုံးသားအားနည်းတဲ့အရူး .. လက်ချင်းပွတ်နေတဲ့အီမိုဂျီ တင်ဆက်သူ ဒီနေ့ မဲမှိုက်တော့မှာမဟုတ်လား]

“ဒီနေ့ မဲနှိုက်တဲ့အချိန်မှာ ဒီဟင်းလျာနှစ်ခွက်နဲ့ဟင်းချိုတစ်ခွက် တစ်စုံစာ ငါးယောက်ကိုမဲဖောက်ပေးမှာပါ”

သူက ပြုံးကာ ဖြေလိုက်သည်။

[တောအုပ်အပြည့်လွှမ်းနေတဲ့သစ်ရွက်တွေ .. ဆုတောင်းတာတွေက အသုံးဝင်တယ်လို့ ငါကြားတယ်၊ ကျေးဇူးပြုပြီး ငါ့ရဲ့အိုင်ဒီကို တင်ဆက်သူ ရင်းနှီးကျွမ်းဝင်နေပါစေ]

[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး .. အနိုင်ရဖို့နှုန်းက အယောက်သုံးရာမှာ ငါးယောက် ဖြစ်နိုင်ခြေပဲရှိတယ်၊ ဟဲ ဟဲ အပြုံးတွေ ပျောက်သွားပြီ]

[ကျစ်ကွေ့ ..အနိုင်ရနိုင်ခြေက မရှိဘူးဆိုပေမယ့်လည်း ဆုတောင်းရမှာပဲ မျှော်လင့်ချက်က အပြည့်ပဲ]

[ငါလည်းအသည်းအသန်ဆုတောင်းနေပြီ .. ဟူး ဟူး ငါ တစ်ခါမှ မပေါက်ဖူးသေးဘူး]

[ရွှံ့စေးလန် .. ဒီနေ့ ဟင်းလျာတွေက လုပ်ရလည်းလွယ်တယ်၊ တကယ်လို့ ငါ မပါဘူးဆိုရင် ငါ့ဘာသာ လုပ်နိုင်တာပဲ (အခုအချိန်အထိ ပေါက်မယ်လို့ စဉ်းစားနေတုန်းပဲ)]

သူက မဲနှိုက်သည့်ဖန်ရှင်ကို ဖွင့်လိုက်ပြီးနောက်တွင် ပတ်ပတ်လည်တွင် နာမည်များက လွင့်မြောလာသည်။ သူက ကြုံရာငါးခုကို ရွေးချယ်ပြီးနောက်တွင် ရင်းနှီးကျွမ်းဝင်သည့်နာမည်များကို မြင်လိုက်ရသည်။

[ဂုဏ်ယူပါတယ် တရုတ်ပြည်ရဲ့ဥယျာဉ်လ၊ လျှိုယဲ့ပိုင်၊ အဏုကြည့်ဖန်ပြောင်း စာရေးသူ၊ ယွဲ့ကျစ်ရှင်းကနှင်းတွေကိုမှတ်မိနေသေးတယ်နှင့် ရန်ကွေ့တို့ပါပဲ၊ ဒီမဲပေါက်သွားတဲ့ ငါးယောက်ဆီကို ဟင်းလျာတွေ ထုတ်ပိုးပြီး ပို့လိုက်တော့မှာဖြစ်လို့ ကျေးဇူးပြုပြီး စာဝင်တွေ သတိထားပေးပါ]

[ယွဲ့ကျစ်ရှင်းက နှင်းကို မှတ်မိနေသေးတယ် .. ငါ ဒီဘဝမှာမဲပေါက်ဖူးသွားပြီ၊ အရမ်းခံစားသွားရပြီ၊ ငိုတောင်ငိုမိနေပြီ]

မဲပေါက်သွားသူများအားလုံးက ပျော်ရွှင်နေကြချိန်တွင် မပေါက်သောသူများက အော်ဟစ်ငိုယိုနေကြသည်။ ယွမ့်ထန်းက ငိုရခက် ရယ်ရခက်ဖြစ်သွားသည်။ လူထွားမျိုးနွယ်၏ ဧည့်ခံပွဲအတွက်ကိစ္စကို သူက မှတ်မိနေသေးသည့်အတွက် နောက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နိုင်စွမ်းရှိမရှိ မသေချာသည့်အတွက် ပြောလိုက်သည်။

“ကို မနက်ဖြန် အပြင်ထွက်ရလောက်တယ်၊ ဒီတော့ တိုက်ရိုက်ထုတ်လွှင့်ချိန် ရှိမရှိ မသေချာပါဘူး၊ တကယ်လို့ အချိန်ရှိခဲ့မယ်ဆိုရင်တော့ ဝေ့ပေါ်မှာ ကြိုတင်ကြေညာမှာပါ”

[မြောင်မြောင်က တင်ဆက်သူ ချက်သမျှဟင်းလျာတိုင်းကို ကြိုက်တယ် .. ဟူး ဟူး ဟူး တင်ဆက်သူ တင်ဆက်သူ ဘယ်နေရာကို သွားမလို့လဲ၊ တင်ဆက်သူမရှိဘဲ ဘာမှ မစားနိုင်တော့ဘူး]

တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက်တွင် ဟင်းလျာများအားလုံးကို အသင့်ပြင်ထားသော ဘူးများထဲသို့ထည့်ကာ ရှောင်ပိုင်ကို ပို့ခိုင်းလိုက်သည်။ ဟော်ယွန်ချန်းနှင့်ဟော်ယွန်ရီတို့၏ဝေစုကို ပို့ပေးရန်လည်း မမေ့ချေ။

ထိုကိစ္စများကို ကိုင်တွယ်ပြီးနောက်တွင် သူက ဟော်ယွန်ချန်းထံသို့ စာပို့လိုက်သည်။ သူ၏အတွေးကို ပြောပြလိုက်၏။

“လူသားမျိုးနွယ်ရဲ့ဧည့်ခံပွဲကို တက်မှာလား”

ဟော်ယွန်ချန်းက ချက်ချင်းဆိုသလို ပြောလိုက်သည်။

“ကိုယ် တက်မှာပါ”

မည်သို့ပင်ဆိုစေ ယွမ့်ထန်းက မရင်းနှီးသောမျိုးနွယ်အတွက် ချက်ပြုတ်ရမည်ဖြစ်သည်။ ဟော်ယွန်ချန်းကသာ ယွမ့်ထန်းကို ငြိမ်းအေးမှု ပေးနိုင်လောက်သည်။

“ဒါဆိုရင်ကောင်းတာပဲ၊ ဥက္ကဌကုက ကျွန်တော့်ကို ဟင်းလျာတွေအတွက် ပြင်ဆင်ခိုင်းထားတာ ကျွန်တော် ဧည့်ခံပွဲအတွက် ဟင်းလျာတွေအားလုံးကို ပြင်ဆင်ပေးရလောက်တယ်”

“အင်း ကိုယ် အဲဒီမှာရှိနေမယ်”

...

အပိုင္း ၅၂

အကယ္ဒမီသိပၸံမွ လုပ္ေဆာင္နိုင္စြမ္းက ျမင့္မားကာ အခ်ိန္တိုအတြင္းတြင္ပင္ ယြမ့္ထန္းလိုအပ္ေသာ ပါဝင္ပစၥည္းမ်ားအားလုံးကို ထုတ္လုပ္လိုက္နိုင္သည္။ ထိုအခ်က္က ယြမ့္ထန္းကို ေပ်ာ္႐ႊင္ေစသည္။ ေနာက္ဆုံးတြင္ သူ ဟင္းလ်ာသစ္မ်ားကို ခ်က္ျပဳတ္နိုင္ေတာ့မည္ျဖစ္သည္။

သူက ဓါးေသြးၿပီး ညေနခင္းတိုက္ရိုက္ထုတ္လႊင့္မႈအတြက္ ျပင္ဆင္ေတာ့မည့္အခ်ိန္တြင္ ႐ုတ္တရက္ စားဖိုမႉးအစည္းအ႐ုံးမွ ဥကၠဌကုက ဖုန္းေခၚလာသည္။

ဟယ္လို ဥကၠဌကု

ယြမ့္ထန္းကၿပဳံးကာ ဖုန္းကိုေျဖဆိုသည္။ ဥကၠဌကု၏ ျဖဴေဖြးေနေသာေခါင္းႏွင့္ မုတ္ဆိတ္ေမႊးတို႔က ဖန္သားျပင္တြင္ ထင္ရွားစြာေပၚလာသည္။

ဟယ္လိုေရွာင္ထန္း အခုတေလာ အလုပ္မ်ားေနလား

ကြၽန္ေတာ့္က အားပါတယ္၊ ထူးထူးျခားျခား လုပ္စရာလည္း မရွိပါဘူး၊ ကြၽန္ေတာ့္ရဲ႕အကူအညီမ်ား လိုလို႔လား

သူက သိခ်င္စိတ္ျပင္းျပစြာျဖင့္ ေမးလိုက္သည္။

ေသခ်ာေပါက္ လိုေနတာေပါ့၊ ငါတို႔ရဲ႕ၾကယ္ျပာအင္ပါယာကို လူထြားမ်ိဳးႏြယ္က ေခါင္းေဆာင္ပိုင္းေတြ လာေရာက္လည္ပတ္ဖို႔ရွိတယ္၊ အဓိကကေတာ့ ကုန္သြယ္ေရးပါပဲ၊ လူထြားမ်ိဳးႏြယ္ဆိုတာက ငါတို႔စစ္ပြဲအတြင္းမွာ အမ်ားႀကီးကူညီေပးခဲ့တယ္၊ ဒီေတာ့ အင္ပါယာက ဒီကိစၥကို အရမ္းအေလးထားတယ္၊ ငါတို႔ရဲ႕စားဖိုမႉးအစည္းအ႐ုံးက ပုံမွန္အားျဖင့္ သူတို႔ ဒီေနရာမွာ ေနေနတဲ့အေတာအတြင္းမွာ သူတို႔ရဲ႕စားေသာက္မႈ အားလုံးကို တာဝန္ယူေပးရတယ္

ဥကၠဌကုက စကားကို ရပ္တန႔္ၿပီးေနာက္ ဆက္ေျပာသည္။

လူထြားမ်ိဳးႏြယ္က လူေတြက ငါတို႔အင္ပါယာက သဘာဝဟင္းလ်ာေတြကို အရမ္းသေဘာက်ၾကတယ္၊ သူတို႔က ဘယ္လိုကေန ဘယ္လို မင္းရဲ႕အေၾကာင္းကို ၾကားသြားသလဲမသိပါဘူး၊ သူတို႔က မင္းရဲ႕လက္ရာကို ျမည္းစမ္းခ်င္ေနၾကတယ္၊ ဒါေၾကာင့္ပဲ ဒီအဖိုးႀကီးက မင္းကို အကူအညီေတာင္းရေတာ့တာေပါ့

ယြမ့္ထန္းက ေတြးေတာၿပီးေနာက္ ေမးလိုက္သည္။

လူအေရအတြက္က ဘယ္ေလာက္မ်ားမွာလဲ

အားလုံးအေယာက္ႏွစ္ဆယ္ရွိမယ္၊ အဲဒီထဲမွာ ေတာ္ဝင္မ်ိဳးႏြယ္ေတြလည္း ပါတယ္၊ သူတို႔ရဲ႕အေစာင့္အေရွာက္နဲ႕ တပ္ဖြဲ႕ေတြအတြက္ကေတာ့ ငါတို႔ တာဝန္ယူေပးနိုင္ပါတယ္

ဒါဆိုလည္းအဆင္ေျပပါတယ္၊ ကြၽန္ေတာ္ လုပ္လိုက္မယ္

ယြမ့္ထန္းကလည္း တုံ႕ဆိုင္းမေနဘဲ ခပ္ျမန္ျမန္ေခါင္းညိတ္လိုက္သည္။

သူတို႔က ဘယ္အခ်ိန္ေရာက္မွာလဲ၊ သူတို႔ ဘယ္ႏွစ္ရက္ေနမွာလဲ

ေကာင္းလိုက္တာ၊ ဒီလိုဆိုရင္ အဆင္ေျပသြားၿပီ၊ သူတို႔က ႏွစ္ရက္အတြင္း အင္ပါယာကို ေရာက္လာလိမ့္မယ္၊ သူတို႔က ေလးရက္၊ ငါးရက္ေတာ့ ေနသြားေလာက္တယ္၊ ပုံမွန္အားျဖင့္ သူတို႔ကို အင္ပါယာျပည္နယ္အေဆာက္အဦမွာ ဧည့္ခံၾကရတယ္၊ မင္း မနက္ျဖန္လာၿပီး ဟင္းလ်ာစာရင္းေတြ ျပင္ဆင္ဖို႔ ငါတို႔ကို ကူညီရင္ေကာင္းမယ္၊ ဒီလိုဆိုရင္ ငါတို႔က လိုအပ္တဲ့ပါဝင္ပစၥည္းေတြ အားလုံးကို ႀကိဳတင္ ျပင္ဆင္ထားနိုင္လိမ့္မယ္၊ မင္းကေတာ့ ခ်ေရးေပး႐ုံပါပဲ

ေကာင္းၿပီ၊ ကြၽန္ေတာ္ နားလည္ၿပီ၊ သူတို႔က ဘယ္လိုစားစရာမ်ိဳးေတြကို ႀကိဳက္တယ္ထင္လဲ

ပုံမွန္အားျဖင့္ေတာ့ သူတို႔က အသားႀကိဳက္တယ္

ဥကၠဌကုကလည္း တစ္ဖက္လူမ်ား၏ အရသာခံနိုင္စြမ္းကို ေသခ်ာနားလည္ထားျခင္း မရွိေခ်။ သူတို႔ ယခင္တစ္ေခါက္ အင္ပါယာသို႔လာခဲ့ခ်ိန္က အသားကင္မ်ားကို အလြန္သေဘာက်ေၾကာင္းကိုမူ ျမင္ခဲ့ရသည္။

ေကာင္းၿပီ၊ ကြၽန္ေတာ္ နားလည္ပါၿပီ

ဖုန္းေခၚဆိုမႈ ၿပီးဆုံးသြားၿပီးေနာက္ ယြမ့္ထန္းက ထိုမ်ိဳးႏြယ္စုမ်ားအေၾကာင္း အလြန္သိခ်င္လာသျဖင့္ ၾကယ္နက္ေဝါ့တြင္ သတင္းအခ်က္အလက္မ်ားကို ရွာေဖြခဲ့သည္။ ထိုလူထြားမ်ိဳးႏြယ္မ်ားက သူ ယခင္ေခတ္႐ုပ္ရွင္မ်ားထဲတြင္ ပါေသာ ၿဂိဳလ္သားမ်ိဳးႏြယ္မ်ားကဲ့သို႔ လူေကာင္အလြန္ႀကီးၾကသူမ်ားျဖစ္ၾကသည္။ သို႔ေသာ္ သူတို႔အေရျပားမ်ားက အျပာေရာင္မဟုတ္ဘဲ ေဖာက္ထြင္းျမင္ရလုမတတ္ ၾကည္လင္လုနီးပါး ျဖစ္ေနေလသည္။ သူတို႔က ေျခတံရွည္ၿပီး အေပၚပိုင္းက ေတာင့္တင္းသန္မာကာ နား႐ြက္ရွည္မ်ားကို ပိုင္ဆိုင္ထားၿပီး သားရဲကဲ့သို႔မ်က္လုံး၊ အစြယ္မ်ားကို ပိုင္ဆိုင္ထားၾကသည္။ သူတို႔ကိုၾကည့္လိုက္႐ုံမွ်ျဖင့္ ခက္ထန္ၾကမ္းတမ္းမည့္ အေနအထားတြင္ရွိသည္။ ထို႔ေၾကာင့္ ဥကၠဌကုက ထိုလူမ်ား အသားႀကိဳက္သည္ဟု ေျပာလာျခင္းျဖစ္ေလာက္သည္။

မည္သို႔ပင္ဆိုေစ ၾကက္၊ ဘဲ၊ ဝက္၊ သိုးႏွင့္ယုန္သားမ်ားက နက္ေဝါ့တြင္ အလြယ္တကူဝယ္ယူရနိုင္သည့္အတြက္ ထိုလူမ်ားအား ေက်နပ္ေစေလာက္သည္။

သူ၏အခ်ိန္ဇယားကို ထပ္ျဖည့္ၿပီးေနာက္ ယြမ့္ထန္းက ညေနခင္း တိုက္ရိုက္ထုတ္လႊင့္မႈအတြက္ ပါဝင္ပစၥည္းမ်ားကို ျပင္ဆင္ရန္ႀကံစည္သည္။ အကယ္ဒမီသိပၸံက သူ႕အားအသစ္ထုတ္လုပ္လိုက္ေသာ ပါဝင္ပစၥည္းမ်ား ႀကိဳတင္ပို႔ေပးထားသည့္အတြက္ ထိုပစၥည္းမ်ားအားလုံးက မီးဖိုခန္းအတြင္း ပုံေနေလၿပီ။ သူက မွိုမ်ားကိုသုံးၿပီး မွိုႏွင့္ၾကက္ဥဟင္းခ်ိဳလုပ္ရန္ ျပင္ဆင္ထားသည္။ ထို႔အျပင္မွိုႏွင့္ အမဲသားလုံးလည္း လုပ္နိုင္ေလသည္။ ဟင္းလ်ာႏွစ္ပြဲႏွင့္ဟင္းခ်ိဳတစ္ခြက္ဆိုလွ်င္ လုံေလာက္ေလသည္။

[ဆားစိမ္ငါးကလည္း အရင္က ငါးပါပဲ.. ဟား ဟား ဟား ငါ သူ တိုက္ရိုက္ထုတ္လႊင့္မွာကို ႀကိဳသိေနတယ္၊ အကယ္ဒမီက ဘာပဲထုတ္ထုတ္ အရင္ဆုံး သူက ဟင္းလ်ာေတြကို ႀကိဳတင္ျပင္ဆင္ေပးအုံးမွာပဲ၊ အကယ္ဒမီသိပၸံရဲ႕ အႀကံေပးဆိုတဲ့အတိုင္း ေမွ်ာ္လင့္ထားတဲ့အတိုင္းပါပဲ]

[ေျမာင္ေျမာင္က တင္ဆက္သူခ်က္သမွ်ဟင္းလ်ာတိုင္းကို ႀကိဳက္တယ္ .. အမဲသားလုံး ငါ သိေနတယ္၊ လြန္ခဲ့တဲ့ရက္ အနည္းငယ္ကပဲ ငါ ေဟာ့ေပါ့စားထားတာ၊ အဲဒီတုန္းက အမဲသားပါတယ္၊ အရမ္းအရသာ ရွိတယ္]

[သစ္ပင္မဖက္ဘဲ မေနနိုင္ဘူး .. ငါ ျပန္ထိုင္ၿပီး ဟင္းလ်ာေကာင္းေတြကို ထိုင္ေစာင့္ေနေတာ့မယ္]

မွိုနဲ႕အမဲသားလိပ္က လုပ္ရတာ မခက္ပါဘူး၊ ကိုယ္တို႔အေနနဲ႕ အသားမ်ားတဲ့ အမဲသားအပိုင္းကိုပဲ ေ႐ြးခ်ယ္ဖို႔လိုအပ္တယ္

ေဟာ့ေပါ့၏ေက်ာ္ၾကားမႈကိုၾကည့္ၿပီး ေက်းဇူးတင္ရမည္။ ေရွာ့ပင္းေမာလ္မ်ားတြင္ပင္ အမဲသားမ်ားကို တိုက္ရိုက္ေရာင္းခ်ေနၿပီ ျဖစ္ေလရာ ယြမ့္ထန္းအေနႏွင့္ အစအဆုံး ေသခ်ာလုပ္ျပန္ရန္ မလိုအပ္ေတာ့ေခ်။ သူက ဘုတ္ျပားေပၚသို႔ အမဲသားလႊာမ်ားကို တိုက္ရိုက္ တင္လိုက္ၿပီး မွိုကို ေရေဆးကာ စတင္လိပ္လိုက္နိုင္သည္။

ယြမ့္ထန္းက ပူေနၿပီျဖစ္ေသာ ဒယ္ျပားထဲသို႔ အမဲသားမွိုလိပ္ကို ထည့္လိုက္ၿပီးေနာက္ အမဲသားက ေ႐ႊေရာင္သန္းလာသည္အထိ ေၾကာ္လိုက္သည္။

ယြမ့္ထန္းက အမဲသားမွိုလိပ္ကို ပန္းပြင့္ပုံစံျဖစ္ေအာင္ ဂ႐ုတစိုက္ပုံေဖာ္ေၾကာ္ၿပီး ပန္းကန္ျပားေပၚတြင္ စက္ဝိုင္းပုံသ႑ာန္လုံးကာတင္သည္။ ၾကားမ်ားတြင္ အစိမ္းေရာင္ပန္းေဂၚဖီမ်ားကို ထည့္ထားေသးသည္။ သူက ပဲငံျပာရည္၊ ဆား၊ သၾကားႏွင့္ ဟင္းႏုႏြယ္႐ြက္ေၾကာ္မ်ားကို သုံးကာ အခ်ိဳဓါတ္ႏွင့္အငန္ဓါတ္ေရာေနေသာ အခ်ဥ္ရည္တစ္ခုအျဖစ္ ေျပာင္းလိုက္ၿပီး အေပၚမွဆမ္းသည္။ အားလုံး ေပါင္းဖက္လိုက္ေသာ္ ေတာက္ပနီရဲေနေသာ ဟင္းလ်ာကို အစိမ္းေရာင္သန္းေနေသာ အ႐ြက္ေၾကာ္မ်ားက အလွဆင္ထားသျဖင့္ လွပေသာ ပုံပန္းသြင္ျပင္တစ္ခ်ပ္ ျဖစ္လာသည္။

အားလုံးပဲ အရသာ ခံလို႔ရပါၿပီ

သူက ၾကည့္ရႈသူမ်ားကို ဖိတ္ေခၚလိုက္သည္။

အရင္ဆုံး အခ်ဥ္နဲ႕တို႔ၿပီးစားၾကပါ၊ ဒီလိုဆိုရင္ ပိုၿပီးေကာင္းပါလိမ့္မယ္

[အရသာခံေနၿပီ .. ဝိုး အရမ္းအရသာ ရွိတယ္]

[အခ်စ္ေဆးရည္ .. ဒီအမဲသားက တကယ္ႏူးညံ့ေနတာပဲ၊ အထဲက မွိုကလည္း အရသာျပင္းေနတာမ်ိဳးမရွိဘူး၊ ဝါးလို႔လည္းေကာင္းတယ္၊ အခ်ဥ္နဲ႕တို႔စားလိုက္ရင္ ပိုၿပီးေတာ့ေတာင္ စားေကာင္းသြားေသးတယ္]

[ၿငိမ္းၿငိမ္းခ်မ္းခ်မ္းအိပ္စက္ေနသူ .. ငါ့အထင္ ငါ့ရဲ႕ သြားၾကားထဲမွာေတာင္ အသားေတြ ညပ္သြားၿပီ]

[ေမြးရပ္ေျမက ရႈ႕ခင္း .. ငါေတာ့ ဒါမ်ိဳး ပန္းကန္ေပါင္းမ်ားစြာစားနိုင္တယ္]

မွိုႏွင့္အမဲသားလိပ္က ယြမ့္ထန္းက ခ်ိဳၿမိန္မႈထည့္ထားေသာ အရသာျပင္းျပင္းအေနျဖင့္ ျပင္ဆင္ထားျခင္း ျဖစ္သည္။ အသားမ်ားၿပီး အဆီအနည္းငယ္ပါေသာ အမဲသားက အလြန္ႏူးညံ့ေနမည္ျဖစ္ၿပီး ႂကြပ္႐ြေသာမွိုျဖင့္ ေပါင္းစပ္လိုက္ေသာ္ အလြန္စား၍ ေကာင္းသြားသည္။ ထို႔အျပင္ အမဲသားမွ ခ်ိဳၿမိန္မႈႏွင့္ အခ်ဥ္မွဓါတ္မ်ား အားလုံးကလည္း မွိုအတြင္း စိမ့္ဝင္ေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ ႂကြပ္႐ြေအာင္ ေၾကာ္လိုက္ၿပီးခ်ိန္တြင္ ျပင္းထန္သည့္အရသာက ထြက္ေပၚလာေတာ့သည္။ ရိုးရွင္းေသာပုံစံျဖင့္ ခ်က္ျပဳတ္နိုင္သည့္တိုင္ေအာင္ အလြန္အရသာရွိသည့္အတြက္ လူတိုင္းက သေဘာက်ႏွစ္ၿခိဳက္ေလသည္။

ဒီၾကက္သားမွာပါတဲ့အသားကို ၾကက္ေပါင္သားကေန ထုတ္ထားတာပါ၊ ဒီေတာ့ လုပ္ရလည္းလြယ္တယ္၊ လူတိုင္းလည္း အိမ္မွာ ခ်က္ျပဳတ္စားလို႔ရတယ္

ယြမ့္ထန္းက ၾကက္ေပါင္သားမွ အသားမ်ားကို လွီးထုတ္ၿပီးေနာက္တြင္ ဆားႏွင့္ဂ်င္း၊ ၾကက္သြန္ျဖဴတို႔ေရာထားေသာ အရည္ျဖင့္စိမ္သည္။ အပိုင္းငယ္ေလးမ်ားျဖင့္ ပိုင္းျဖတ္ၿပီးေနာက္တြင္ ႏုတ္ႏုတ္စင္းထားေသာ ၾကက္သြန္ၿမိတ္၊ ဂ်င္း၊ သၾကား၊ ပဲငံျပာရည္ႏွင့္ဆားတို႔ထည့္ထားေသာ ပန္းကန္တစ္လုံးထဲသို႔ ထည့္လိုက္သည္။ ပါဝင္ပစၥည္းမ်ားျဖင့္ ႏွံ႕ေအာင္ေရာစိမ္ၿပီးေနာက္တြင္ ပလပ္စတစ္အၾကည္ျဖင့္ ပတ္ထားလိုက္ကာ ၁၅ မိနစ္ခန႔္ ႏွပ္ထားလိုက္သည္။

ၾကက္သားကို ႏွပ္ထားခ်ိန္တြင္ ယြမ့္ထန္းက မွိုႏွင့္ၾကက္ဥစြပ္ျပဳတ္ကို လုပ္ရန္ ျပင္ဆင္လိုက္သည္။ သူက မွိုေအာက္ေျခသားကို အစိတ္စိတ္အပိုင္းပိုင္း လွီးထုတ္ၿပီးေနာက္တြင္ ဒယ္ျပားထဲ ဆီထည့္ကာ ၾကက္သြန္နီ၊ ဂ်င္းႏွင့္ ၾကက္သြန္ျဖဴတို႔ကိုထည့္ကာ ေမြးပ်ံ့ေသာရနံ႕ထြက္လာသည္အထိ ဆီသပ္ေနလိုက္သည္။ ထို႔ေနာက္ မွိုမ်ားကိုထည့္ကာ အပူေပးသည္။ ေရႏြေးပူကို ေလာင္းထည့္ၿပီးေနာက္တြင္ ၾကက္ဥတစ္လုံးကိုေမႊကာ အေပၚမွ ထပ္မံျဖည့္ထည့္လိုက္သည္။ ထို႔ေနာက္ဆား၊ င႐ုတ္ေကာင္း စသည္ျဖင့္ ဟင္းခပ္ၿပီးေနာက္တြင္ အရသာရွိေသာ ၾကက္ဥမွိုဟင္းခ်ိဳက ၿပီးဆုံးသြားေလသည္။

[စိတ္ကူးယဥ္ခရမ္း .. ငါ အစက ဒီဟင္းခ်ိဳက အရမ္းရိုးရွင္းၿပီး အရသာဘာမွ ထူးျခားမေနဘူးလို႔ ထင္ထားခဲ့မိတာ မေမွ်ာ္လင့္ထားဘဲ အရသာ အရမ္းေကာင္းေနတာပဲ]

[ပ်ံလႊားငွက္ေလး ပ်ံသြားၿပီ .. ေကာင္းလိုက္တာ၊ စြပ္ျပဳတ္က လုပ္ရတာလည္း ရိုးရွင္းတယ္၊ ေကာင္းလည္းေကာင္းတာပဲ ငါ အိမ္မွာစမ္းၾကည့္ရမယ္]

[တိုက္ရိုက္ထုတ္လႊင့္မႈကို ေစာင့္ၾကည့္ၿပီး ခ်က္နည္းျပဳတ္နည္းမ်ားကို သင္ယူေနသူ .. ဟင္းလ်ာအသစ္ႏွစ္မ်ိဳး ဘယ္လိုလုပ္ရမလဲ ငါသိသြားၿပီ၊ အရမ္းေတာ္တာပဲ]

ထိုအခ်ိန္တြင္ ယြမ့္ထန္းက ၾကက္ေပါင္သားကို ႏွပ္ၿပီးသည့္အတြက္ အပူေပးထားေသာ ဒယ္ျပားေပၚသို႔ထည့္လိုက္သည္။ အသား၏မ်က္ႏွာျပင္က အေရာင္ေျပာင္းလာသည့္အခါ သူက ပါးပါးလွီးထားေသာမွိုမ်ားကို ထည့္ၿပီးေနာက္ ဆက္တိုက္ေမႊလိုက္သည္။ ၾကက္ေပါင္မ်ားက အေရာင္ေျပာင္းလာသည္ႏွင့္ ထိုသို႔ဆက္ေမႊေနလိုက္၏။ ထို႔ေနာက္ အရသာကို အျပည့္အဝစုပ္ယူသည္အထိ အပူခ်ိန္ကို ျမႇင့္ထားလိုက္သည္။ ထို႔ေနာက္ ၾကက္ေပါင္သားေၾကာ္ရရန္အတြက္ ၁၀ မိနစ္ေလာက္ ထပ္မံေစာင့္ဆိုင္းရမည္ျဖစ္သည္။

ၾကက္ေပါင္သားက အလြန္အရသာရွိၿပီး ႏူးညံ့ေနသည္။ ထို႔အျပင္ သူ ထည့္ထားေသာမွိုမ်ားကလည္း အသားအရသာကို ထူးျခားေသာအရသာတစ္မ်ိဳး ထပ္ေပါင္းထည့္ေပးေနသည့္အတြက္ တစ္ကိုက္တည္းႏွင့္ပင္ ရပ္တန႔္၍ မရနိုင္ေအာင္ ျဖစ္လာေစသည္။

[လွ်ိုယဲ့ပိုင္ .. ဒီလိုဟင္းမ်ိဳးက ထမင္းနဲ႕စားမွ သင့္ေတာ္တာ]

[ရွားလီယဲ့ .. ငါ အေပၚကေန ထမင္းထပ္အုံစားမယ္ဆိုရင္ ဗိုက္ေပါက္ထြက္သြား ေတာ့မယ္]

ဟင္းလ်ာႏွစ္မ်ိဳးႏွင့္ဟင္းခ်ိဳတစ္ခြက္က လူအမ်ားစု သေဘာက်သြားေစၿပီး ပရိတ္သတ္မ်ားက ဆူညံပြက္ေလာရိုက္ေနေတာ့သည္။ မည္သို႔ပင္ဆိုေစ ဟင္းလ်ာမ်ားအားလုံးက ၿပီးဆုံးသြားသည့္အခါ စိတ္လႈပ္ရွားဖြယ္အေၾကာင္းအရာက စတင္ေနေတာ့မည္ျဖစ္သည္။

[ႏွလုံးသားအားနည္းတဲ့အ႐ူး .. လက္ခ်င္းပြတ္ေနတဲ့အီမိုဂ်ီ တင္ဆက္သူ ဒီေန႕ မဲမွိုက္ေတာ့မွာမဟုတ္လား]

ဒီေန႕ မဲႏွိုက္တဲ့အခ်ိန္မွာ ဒီဟင္းလ်ာႏွစ္ခြက္နဲ႕ဟင္းခ်ိဳတစ္ခြက္ တစ္စုံစာ ငါးေယာက္ကိုမဲေဖာက္ေပးမွာပါ

သူက ၿပဳံးကာ ေျဖလိုက္သည္။

[ေတာအုပ္အျပည့္လႊမ္းေနတဲ့သစ္႐ြက္ေတြ .. ဆုေတာင္းတာေတြက အသုံးဝင္တယ္လို႔ ငါၾကားတယ္၊ ေက်းဇူးျပဳၿပီး ငါ့ရဲ႕အိုင္ဒီကို တင္ဆက္သူ ရင္းႏွီးကြၽမ္းဝင္ေနပါေစ]

[သစ္ပင္မဖက္ဘဲမေနနိုင္ဘူး .. အနိုင္ရဖို႔ႏႈန္းက အေယာက္သုံးရာမွာ ငါးေယာက္ ျဖစ္နိုင္ေျခပဲရွိတယ္၊ ဟဲ ဟဲ အၿပဳံးေတြ ေပ်ာက္သြားၿပီ]

[က်စ္ေကြ႕ ..အနိုင္ရနိုင္ေျခက မရွိဘူးဆိုေပမယ့္လည္း ဆုေတာင္းရမွာပဲ ေမွ်ာ္လင့္ခ်က္က အျပည့္ပဲ]

[ငါလည္းအသည္းအသန္ဆုေတာင္းေနၿပီ .. ဟူး ဟူး ငါ တစ္ခါမွ မေပါက္ဖူးေသးဘူး]

[႐ႊံ႕ေစးလန္ .. ဒီေန႕ ဟင္းလ်ာေတြက လုပ္ရလည္းလြယ္တယ္၊ တကယ္လို႔ ငါ မပါဘူးဆိုရင္ ငါ့ဘာသာ လုပ္နိုင္တာပဲ (အခုအခ်ိန္အထိ ေပါက္မယ္လို႔ စဥ္းစားေနတုန္းပဲ)]

သူက မဲႏွိုက္သည့္ဖန္ရွင္ကို ဖြင့္လိုက္ၿပီးေနာက္တြင္ ပတ္ပတ္လည္တြင္ နာမည္မ်ားက လြင့္ေျမာလာသည္။ သူက ႀကဳံရာငါးခုကို ေ႐ြးခ်ယ္ၿပီးေနာက္တြင္ ရင္းႏွီးကြၽမ္းဝင္သည့္နာမည္မ်ားကို ျမင္လိုက္ရသည္။

[ဂုဏ္ယူပါတယ္ တ႐ုတ္ျပည္ရဲ႕ဥယ်ာဥ္လ၊ လွ်ိုယဲ့ပိုင္၊ အဏုၾကည့္ဖန္ေျပာင္း စာေရးသူ၊ ယြဲ႕က်စ္ရွင္းကႏွင္းေတြကိုမွတ္မိေနေသးတယ္ႏွင့္ ရန္ေကြ႕တို႔ပါပဲ၊ ဒီမဲေပါက္သြားတဲ့ ငါးေယာက္ဆီကို ဟင္းလ်ာေတြ ထုတ္ပိုးၿပီး ပို႔လိုက္ေတာ့မွာျဖစ္လို႔ ေက်းဇူးျပဳၿပီး စာဝင္ေတြ သတိထားေပးပါ]

[ယြဲ႕က်စ္ရွင္းက ႏွင္းကို မွတ္မိေနေသးတယ္ .. ငါ ဒီဘဝမွာမဲေပါက္ဖူးသြားၿပီ၊ အရမ္းခံစားသြားရၿပီ၊ ငိုေတာင္ငိုမိေနၿပီ]

မဲေပါက္သြားသူမ်ားအားလုံးက ေပ်ာ္႐ႊင္ေနၾကခ်ိန္တြင္ မေပါက္ေသာသူမ်ားက ေအာ္ဟစ္ငိုယိုေနၾကသည္။ ယြမ့္ထန္းက ငိုရခက္ ရယ္ရခက္ျဖစ္သြားသည္။ လူထြားမ်ိဳးႏြယ္၏ ဧည့္ခံပြဲအတြက္ကိစၥကို သူက မွတ္မိေနေသးသည့္အတြက္ ေနာက္ပိုင္း တိုက္ရိုက္ထုတ္လႊင့္မႈ လုပ္နိုင္စြမ္းရွိမရွိ မေသခ်ာသည့္အတြက္ ေျပာလိုက္သည္။

ကို မနက္ျဖန္ အျပင္ထြက္ရေလာက္တယ္၊ ဒီေတာ့ တိုက္ရိုက္ထုတ္လႊင့္ခ်ိန္ ရွိမရွိ မေသခ်ာပါဘူး၊ တကယ္လို႔ အခ်ိန္ရွိခဲ့မယ္ဆိုရင္ေတာ့ ေဝ့ေပၚမွာ ႀကိဳတင္ေၾကညာမွာပါ

[ေျမာင္ေျမာင္က တင္ဆက္သူ ခ်က္သမွ်ဟင္းလ်ာတိုင္းကို ႀကိဳက္တယ္ .. ဟူး ဟူး ဟူး တင္ဆက္သူ တင္ဆက္သူ ဘယ္ေနရာကို သြားမလို႔လဲ၊ တင္ဆက္သူမရွိဘဲ ဘာမွ မစားနိုင္ေတာ့ဘူး]

တိုက္ရိုက္ထုတ္လႊင့္မႈကို ပိတ္ၿပီးေနာက္တြင္ ဟင္းလ်ာမ်ားအားလုံးကို အသင့္ျပင္ထားေသာ ဘူးမ်ားထဲသို႔ထည့္ကာ ေရွာင္ပိုင္ကို ပို႔ခိုင္းလိုက္သည္။ ေဟာ္ယြန္ခ်န္းႏွင့္ေဟာ္ယြန္ရီတို႔၏ေဝစုကို ပို႔ေပးရန္လည္း မေမ့ေခ်။

ထိုကိစၥမ်ားကို ကိုင္တြယ္ၿပီးေနာက္တြင္ သူက ေဟာ္ယြန္ခ်န္းထံသို႔ စာပို႔လိုက္သည္။ သူ၏အေတြးကို ေျပာျပလိုက္၏။

လူသားမ်ိဳးႏြယ္ရဲ႕ဧည့္ခံပြဲကို တက္မွာလား

ေဟာ္ယြန္ခ်န္းက ခ်က္ခ်င္းဆိုသလို ေျပာလိုက္သည္။

ကိုယ္ တက္မွာပါ

မည္သို႔ပင္ဆိုေစ ယြမ့္ထန္းက မရင္းႏွီးေသာမ်ိဳးႏြယ္အတြက္ ခ်က္ျပဳတ္ရမည္ျဖစ္သည္။ ေဟာ္ယြန္ခ်န္းကသာ ယြမ့္ထန္းကို ၿငိမ္းေအးမႈ ေပးနိုင္ေလာက္သည္။

ဒါဆိုရင္ေကာင္းတာပဲ၊ ဥကၠဌကုက ကြၽန္ေတာ့္ကို ဟင္းလ်ာေတြအတြက္ ျပင္ဆင္ခိုင္းထားတာ ကြၽန္ေတာ္ ဧည့္ခံပြဲအတြက္ ဟင္းလ်ာေတြအားလုံးကို ျပင္ဆင္ေပးရေလာက္တယ္

အင္း ကိုယ္ အဲဒီမွာရွိေနမယ္

...

Continue Reading

You'll Also Like

180K 30.8K 84
I am the father of villain Author Lin Ang Si แ€›แ€ฒแ€ท novel แ€œแ€ฑแ€ธแ€•แ€ซ ???? All credit to Original author and E-Translators .
188K 19.7K 67
แ€‡แ€ฌแ€แ€บแ€œแ€ญแ€ฏแ€€แ€บแ€€ แ€กแ€›แ€„แ€บแ€˜แ€แ€แ€ฏแ€”แ€บแ€ธแ€€ แ€กแ€•แ€šแ€บแ€แ€ถแ€œแ€ฑแ€ธแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€›แ€ฏแ€•แ€บแ€žแ€ฑแ€ธแ€˜แ€ฏแ€›แ€„แ€บ แ€กแ€–แ€ผแ€…แ€บ แ€–แ€ญแ€กแ€ฌแ€ธแ€•แ€ฑแ€ธแ€แ€ถแ€แ€ฒแ€ทแ€›แ€แ€šแ€บแ‹ แ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€แ€ฑแ€ฌแ€บแ€แ€„แ€บแ€”แ€”แ€บแ€ธแ€แ€ฑแ€ฌแ€บแ€€แ€”แ€ฑ แ€แ€ญแ€ฏแ€„แ€บแ€ธแ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€กแ€”แ€ญแ€ฏแ€„แ€บแ€€แ€ปแ€„แ€ทแ€บแ€แ€ฒแ€ทแ€แ€ฒแ€ท แ€…แ€…แ€บแ€ž...
945K 49.9K 44
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...
276K 11.4K 38
แ€€แ€ญแ€ฏแ€šแ€บแ€Ÿแ€ฌ แ€€แ€ผแ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌ แ€€แ€ญแ€ฏแ€šแ€บแ€ทแ€€แ€ญแ€ฏแ€…แ€ญแ€”แ€บแ€แ€ฑแ€ซแ€บแ€œแ€ฌแ€žแ€™แ€ปแ€พแ€€แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€กแ€€แ€ฏแ€”แ€บ แ€‘แ€ญแ€ฏแ€ธแ€›แ€ฒแ€แ€šแ€บ แ€žแ€แ€บแ€›แ€ฒแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€”แ€ญแ€ฏแ€„แ€บแ€™แ€šแ€บแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€šแ€ฏแ€ถแ€€แ€ผแ€Šแ€บแ€™แ€พแ€ฏแ€›แ€พแ€ญแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€™แ€œแ€ฏแ€•แ€บแ€›แ€ฒแ€แ€ฌแ€˜แ€ฌแ€™แ€พแ€™แ€›แ€พแ€ญแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ€ทแ€‘แ€„...