แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ…แ

2.5K 401 2
By PannKhattWaiio

အပိုင်း၅၁

ဟော်ယွန်ချန်းက အစပ်ကြိုက်သည်။ ထို့ကြောင့် ဟော့ပေါ့ရဲ့အစပ်ဘက်ခြမ်းက သူ့ဘက်သို့ လှည့်ထားပြီး ဟော်ယွန်ရီကမူ အစပ်မစားနိုင်သည့်အတွက် ဟင်းချိုအဖြူက သူ့ဘက်သို့ လှည့်ထားလိုက်သည်။ ယွမ့်ထန်းကမူ နှစ်မျိုးလုံးစားနိုင်သည့်အတွက် အလယ်တွင်ထိုင်သည်။
“မြန်မြန်စားကြရအောင် အသားက ချက်တာကြာသွားရင် မကောင်းတော့ဘဲ နေလိမ့်မယ်”
သူက စစားရန် ပြောလိုက်သည်။

“မင်းလည်းစားပါ”

ဟော်ယွန်ချန်းက စားနေချိန်တွင် ယွမ့်ထန်းသဘောကျသည့် စားစရာတိုင်းကို အာရုံစိုက်ထားသည်။ ယွမ့်ထန်းက သိုးသားပြားများ၊ ပုဇွန်နှင့်ငါးကို မကြာခဏစားကြောင်း မြင်သောအခါ ဟော်ယွန်ရီကလည်း ထိုအရာများကို ယူကာ ယွမ့်ထန်းဘက်သို့ ဆက်တိုက်ပို့ပေးနေသည်။ ယွမ့်ထန်းကလည်း ဟော်ယွန်ချန်းကို သူကြိုက်သည့်အရာများကို ပြန်လည်ထည့်ပေးနေသည်။

ဟော်ယွန်ရီ”…”

ဟော်ယွန်ရီခမျာ သူ့ကိုယ်သူ တတိယလူအဖြစ်ပင် ခံစားနေရလေသည်။

“သူ့ရဲ့ဒီညီငယ်လေးက တကယ်ကိုတက်ကြွနေတာပဲ"

မည်သို့ပင်ဆိုစေ သုံးယောက်လုံးက အရသာရှိသော ဟော့ပေါ့ကို ကောင်းမွန်စွာစားသောက်နိုင်ခဲ့ပြီး သူတို့၏ဗိုက်က လုံးဝန်းလာသည်အထိ စားသောက်လိုက်ကြသည်။ ထို့နောက် ရပ်တန့်ရန်ပင် ဆန္ဒမရှိသည်အထိ ဖြစ်သွားခဲ့ရသည်။
ဟော်ညီအစ်ကို ပြန်သွားပြီးသောအခါ ယွမ့်ထန်းက မျက်နှာသစ် ပလုတ်ကျင်းပြီးသည်နှင့် အိပ်စက်ရန် ကြံစည်တော့သည်။ မျှော်လင့်ထားသည့်အတိုင်း အင်ပါယာအတွင်းရှိ လူအများအတွက် ဟော့ပေါ့က စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်လာနိုင်လေသည်။

ယွမ့်ထန်းကလည်း ပရိတ်သတ်ကို ကတိပေးထားသည့်ကိစ္စကို မှတ်မိသည်။ ထို့ကြောင့် နောက်တစ်နေ့နံနက်တွင် စောစောထပြီး ပုဇွန်လုံးနှင့်အသားလုံးများစွာ လုပ်လိုက်သည်။ သည်နေ့မနက်ပိုင်း မဲနှိုက်ချိန်တွင် ထိုပုဇွန်လုံးနှင့်အသားလုံးများကို ဆုအဖြစ်ပို့ပေးရန်စီစဉ်ထားသည်။ ထိုနည်းအားဖြင့် ကြည့်ရှုသူများအားလုံး ပျော်ရွှင်သွားပေလိမ့်မည်။

စတားနက်ဝေါ့မှ ရှော့ပင်းဆိုက်က လျင်မြန်စွာဖြင့် လိုက်မီလာခဲ့သည်။ သူတို့က ယွမ့်ထန်းကို ဟော့ပေါ့မှ အခြေခံဟင်းခပ်အမွှေးအကြိုင်ပစ္စည်းများ ထုတ်လုပ်နည်းကို မေးမြန်းလာပြီး အခြားသောပါဝင်ပစ္စည်းများကို အသင့်စားနိုင်ရန် ကြိုတင်ပြင်ဆင်ရမည့် အရင်းအမြစ်များကို မေးမြန်းလာသည်။ ထို့နောက် ထိုပစ္စည်းများအားလုံးကို သူတို့ကလည်း ရောင်းချရန် ကြိုတင်ပြင်ဆင်ကြတော့မည်ဖြစ်သည်။ သူတို့က စွပ်ပြုတ်အရည်ကျဲ ဟင်းခပ်အမှုန့်များကို ကြိုတင်ပြင်ဆင်ကြအုံးမည် ဖြစ်သည်။ ထိုနည်းအားဖြင့် တစ်စုံတစ်ယောက်က ရေနွေးအိုးတည်ပြီး ဟင်းခပ်မှုန့်များ ထည့်လိုက်ရုံမျှဖြင့် အခြားသော အသင့်စားနိုင်သည့် ပါဝင်ပစ္စည်းများနှင့်အတူ အရသာရှိသော ဟော့ပေါ့ကို စားသုံးနိုင်မည်ဖြစ်သည်။

ရှော့ပင်းဆိုက်တွင်း ဝယ်ယူရရှိနိုင်သော ပါဝင်ပစ္စည်းများအားလုံးက ယွမ့်ထန်း ချက်ပြသမျှ အရာအားလုံး ဖြစ်နေသည်။ ပါဝင်ပစ္စည်းများအားလုံးက အသင့်စားနိုင်ပြီး အခြားသောပစ္စည်းများအတွက် ပါးပါးလှီးရန်သာ ပြင်ဆင်ရန် လိုအပ်လေသည်။ ထို့ကြောင့် ဟော့ပေါ့အတွက် အိုးများကိုလည်း အဆင်သင့် ဝယ်ယူရရှိနိုင်လေရာ မီးဖွင့်ပြီးအရည်ထည့် ဟင်းခပ်မှုန့်ထည့်ကာ တည်ရန်သာ လိုအပ်လေသည်။ ထို့ကြောင့် အလွန်လျင်မြန်ကာ စားသုံးနိုင်နေလေသည်။
လက်ရှိအနေအထားမျိုးအရ အစားအသောက်ကောင်းများက အလွယ်တကူ မရရှိနိုင်သေးလေရာ ဟော့ပေါ့က အင်ပါယာတစ်ခုလုံး၏ နှလုံးသားများကို ဖမ်းစားနိုင်သော စားစရာတစ်မျိုး ဖြစ်လာသည်။

ဟော်ယွန်ရီတွင်လည်း ယွမ့်ထန်းအတွက် သတင်းကောင်းများစွာရှိနေသည်။ ကုမ္ပဏီပေါင်းများစွာက ဟော့ပေါ့ကို တရားဝင် ဖြန့်ချီနိုင်ရန်အတွက် ကမ်းလှမ်းလာကြသည်။ သူတို့က အကယ်ဒမီသို့ ဆက်သွယ်ကာ အခြားသော ကြယ်စနစ်များတွင်ရှိသော စားသောက်ဆိုင်များတွင်ပါ ဖြန့်ဝေနိုင်ရန် မူပိုင်ခွင့် ဝယ်ယူလိုလာခဲ့သည်။ ထိုနည်းအားဖြင့် အင်ပါယာတစ်ခုလုံးတွင်ရှိသော ပြည်သူပြည်သားများအတွက် လွယ်ကူစွာ စားသုံးနိုင်ပေလိမ့်မည်။

နှစ်ပေါင်းထောင်ပေါင်းများစွာ တိုးတက်လာပြီးနောက်တွင် ကြယ်ပြာအင်ပါယာကြီးက ကြီးမားသထက် ကြီးမားလာခဲ့သည်။ အင်ပါယာ၏ ပိုင်နက်အတွင်းတွင် ဂြိုလ်အလုံး ငါးဆယ်ကျော်ရှိပြီး လူဦးရေက မှင်သက်ဖွယ် ကောင်းလောက်အောင် ဘီလီလျံတစ်ရာကျော်သည်။ ထိုမျှပမာဏကို ထည့်တွက်မည်ဆိုလျှင် ထိုဟော့ပေါ့က အလွန်ကြီးမားသော စီးပွားရေး အခွင့်အလမ်းကြီးတစ်ခု ဖြစ်လာသည်။ ဟော့ပေါ့က အလွယ်တကူ အရသာရှိပြီး ချက်ပြုတ်ရန် ပါရမီလည်း မလိုသလို လက်အနေအထားလည်း မလိုဘဲ အရာအားလုံးက အသင့်စားပစ္စည်းများဖြင့် ထည့်ချက်၍ ရနေသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းရှင်များသာမကလေဘဲ လူတိုင်းနီးပါး သွေးခုန်နှုန်း မြန်နေကြတော့သည်။ သဘာဝကျကျပင် ယွမ့်ထန်းကလည်း သဘောတူသည်။ သူ၏တစ်ယောက်တည်း လုပ်အားဖြင့်ဆိုလျှင် အင်ပါယာတစ်ခုလုံးမှလူတိုင်း အစားကောင်းစားရရန် မလုပ်ပေးနိုင်လောက်ချေ။ ဟော့ပေါ့ဆိုင်များကသာ အင်ပါယာအနှံ့ ဖွင့်လှစ်လိုက်မည်ဆိုလျှင် လူတိုင်းကလည်း သဘာဝထွက် အရသာရှိ‌သော စားစရာများကို စားသောက်နိုင်ပေလိမ့်မည်။ ထိုကိစ္စက ကိစ္စကောင်းကြီးတစ်ခုဖြစ်သည်။

ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများနှင့် အခြေခံဟင်းခတ်မှုန့်၊ ဟင်းချိုမှုန့်၊ အနှစ်မှုန့် စသည်ဖြင့် အရာအားလုံးကို အကယ်ဒမီသိပ္ပံက ထောက်ပံ့ပေးမည် ဖြစ်သော်လည်း ထိုအကြံက ယွမ့်ထန်းဆီမှ လာခြင်းဖြစ်သည်။ ထို့ကြောင့် ဟော်ယွန်ရီက အကျိုးအမြတ်တစ်ဝက်ကို ပေးလိုသည်။ ယွမ့်ထန်းကလည်း ကမ်းလှမ်းမှုကို မငြင်းတော့ချေ။ သူက ထိုတစ်ဝက်လုံးကိုသာ သူ့အစား ယခင်အတိုင်း လှူဒါန်းပေးရန် ပြောဆိုလိုက်သည်။

ယွမ့်ထန်းက တစ်ကိုယ်ကောင်းဆန်လွန်းခြင်း မရှိသလို သဘောကောင်းလွန်းသည့် နတ်ဘုရားမတစ်ပါးလည်း မဟုတ်ချေ။ သို့ရာတွင် သူ့တွင် ပိုက်ဆံမပြတ်လပ်နေချေ။ လက်ရှိအချိန်တွင် သူ့တွင် ပရိတ်သတ် သန်းရာကျော် ရှိနေလေပြီး တစ်ခါ တိုက်ရိုက်ထုတ်လွှင့်လိုက်ရုံမျှဖြင့် လက်ဆောင်များထံမှ တစ်သန်းဝန်းကျင် ပြန်ရသည်။ ထို့အပြင် ပလပ်ဖောင်းမှ ထပ်မံရရှိသော အပိုဝင်ငွေများလည်း ရှိနေသေးလေသည်။ သူ့အမြင်မှဆိုလျှင် ဟော့ပေါ့က သူ၏ကိုယ်ပိုင်ဖန်တီးမှုလည်း မဟုတ်နေခဲ့ချေ။ သည်လောကတွင် ဖန်တီးထားသူ မရှိသည့်တိုင်အောင် သူက ထိုသို့ လက်ဝါးကြီးအုပ်လိုစိတ် ရှိမနေခဲ့ချေ။
သူက သေဆုံးမှုမှ လွတ်မြောက်ခဲ့ပြီး ယခုကဲ့သို့ လောကသစ်တစ်ခုတွင် ပြန်လည်းမွေးဖွားနိုင်ခဲ့သည်။ ထိုကိစ္စ၏နောက်ကွယ်တွင် အကြောင်းအရင်း ပြန်ရှိနေရပေမည်။ နတ်ဘုရားက သူ့အား သည်ချက်နည်းပြုတ်နည်းများကို သည်လောကမှလူများ ကျေနပ်မှုရစေရန်၊ စိတ်ကျေနပ်မှုရစေရန် ပြန်လည်ဖြန့်ဝေပေးစေ လိုခြင်း ဖြစ်မည်ဆိုလျှင် သူက တစ်ကိုယ်ကောင်းဆန်စွာ အကျိုးအမြတ်များကို လက်ဝါးကြီးအုပ်၍ မဖြစ်နိုင်တော့ချေ။ အချိန်တစ်ခုကြာသည်အထိ ဟော့ပေါ့က အင်ပါယာတစ်ခုလုံးတွင် အလွန်ခေတ်စားသွားခဲ့သည်။ စတားနက်ဝေါ့ ပေါ်တွင်လည်း သည်နေ့ဟော့ပေါ့ စားပြီးပြီလားဆိုသည့် အကြောင်းအရာကပင် ပုံမှန်မိတ်ဆက်စကားကဲ့သို့ ဖြစ်လာလေသည်။ အကြောင်းမူကား ထိုအရသာကို အင်ပါယာရှိ လူတိုင်းနီးပါးက သဘောကျနေသောကြောင့် ဖြစ်သည်။

သို့ရာတွင် မည်သို့ပင်ဆိုစေ ဟော့ပေါ့က လူအများနှင့်အတူတကွစားသောက်ရန် အဆင်ပြေသော အရာများဖြစ်သည်။ တစ်ဦးတည်းသောသူများ၊ တစ်ယောက်တည်းနေသော သူများက မကြာခဏ ညီးညူလေ့ရှိကြသည်။

“အထီးကျန်ခွေးတွေမှာ လူ့အခွင့်အရေးမရှိပါဘူး၊ ငါတစ်ယောက်တည်း ဟော့ပေါ့စားတာ အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ”

“+1 အထီးကျန်ခွေးတွေအတွက် အသင့်ထုတ်ပေးထားတဲ့ ဟင်းလျာတွေများ မရှိဘူးလား
“အထီးကျန်ခွေးတွေရဲ့ အနှစ်သက်ဆုံးအာလူးပုံစံ တစ်ကိုယ်စာဆိုဖာကပဲ အကောင်းဆုံးပါပဲ …(Couch Potato)”

ထိုကွန့်မန့်များကိုမြင်ချိန်တွင် ယွမ့်ထန်းက တရုတ်တွင် အလွန်ခေတ်စားသော မှော်ထုတ်ကုန်တစ်ခုကို သတိရသွားသည်။ ထိုမှော်ထုတ်ကုန်အတွက်ဆိုလျှင် အရွက်များလည်း ဝယ်စရာမလို၊ အရွက်များလည်း လှီးစရာမလိုချေ။ ဒယ်ပြားလည်း ဝယ်စရာမလို၊ ဒယ်ပြားလည်းမလိုချေ။ သည်အတိုင်း ရေပူထည့်စားရုံမျှသာလိုအပ်သည်။

“ငါတို့တွေ အသင့်စားခေါက်ဆွဲဘူးတွေ ထုတ်လို့ရတာပဲ”

ယွမ့်ထန်းက မေးစေ့ကိုပွတ်ကာ တွေးတောနေသည်။ ထို့အပြင် ဟော့ပေါ့စားရင်း အအေးသောက်သလိုမျိုး အပျော့စား သောက်စရာများကိုလည်း ထုတ်လုပ်နိုင်သေးလေသည်။

သို့ရာတွင် ထိုပစ္စည်းများ ထွက်လာသောအခါ အင်ပါယာက လူပျင်းများ များသွားနိုင်သေးလေသည်။ ထိုသို့တွေးမိသည့်အခါ ယွမ့်ထန်းက ရယ်ချင်သွားသည်။ လူတိုင်း ဝတုတ်သွားကြလျှင် အလေးချိန်ချရန်အတွက်လည်း ပြန်စဉ်းစားရပေလိမ့်မည်။ သူက ခေါင်းကိုခါပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

“ဒီလိုလုပ်လိုက်ရင် ငါ အရမ်းမကောင်းတဲ့လူများ ဖြစ်သွားမလား”

ယွမ့်ထန်းက ထိုသို့တွေးလိုက်မိသည့်တိုင်အောင် ဟော်ယွန်ရီကို သူ၏ အကြံအသစ်အကြောင်း ပြောပြလိုက်သေးသည်။ မည်သို့ပင်ဆိုစေ နည်းပညာကို အင်ပါယာမှ ပေးသည်။ လုံခြုံမှုနှင့်ကျန်းမာရေးနှင့် သင့်တော်သော အသင့်စားခေါက်ဆွဲများ ဖြစ်ရန် တွဲဖက်သောက်သုံးနိုင်သော သောက်စရာများကို ထုတ်လုပ်ရန်က အင်ပါယာက တတ်နိုင်စွမ်းအားရှိမည်ဟု သူက ယုံကြည်နေသည်။

စစ်တပ်မှ ထမင်းစားခန်းမအတွက်မူကား ယွမ့်ထန်းက နေ့စဉ်စစ်တပ်ဌာနချုပ်သို့ သွားရောက်ကာ သတင်းပို့လေ့ရှိသည်။ အကြောင်းမူကား အခြားတစ်ဖက်တွင် ယွမ့်ထန်းက သူက လက်ထောက်များကို ဆက်လက်သင်ကြားပေးနေသည်။ သူတို့၏ ချက်ပြုတ်ခြင်း အပေါ်တွင်ရှိသော နားလည်နိုင်စွမ်းနှင့် အလိုအလျောက် တုံ့ပြန်နိုင်စွမ်းတို့ကို တိုးမြှင့်ပေးစေလိုသည့်အတွက် သူက ဆက်တိုက် သင်ကြားပေးနေခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် ထိုလူများအားလုံးက ယခုအခါ အဆင့်သစ်တစ်ခုသို့ ရောက်သွားကြလေပြီ။ အခြားတစ်ဖက်တွင် ထမင်းစားခန်းမကိုလည်း တရားဝင်ဖွင့်ရန် ပြင်ဆင်နေပြီဖြစ်သည်။

သုံးရက်ခန့်ကြာပြီးနောက် စစ်သားများနှင့်အရာရှိတိုင်းအတွက် ထမင်းစားခန်းမကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ယခုအခါ နေ့လည်စာအတွက်သာ အဆင်သင့်ဖြစ်နေသေးသည့်တိုင်အောင် လူတိုင်းက စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။

ထို့အပြင် မီးဖိုခန်းအတွင်းတွင်လည်း ဉာဏ်ရည်မြင့်စက်ရုပ်များကို ချက်ပြုတ်ရန် သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ဉာဏ်ရည်မြင့်စက်ရုပ်များက ဝမ်ကျွင်း၊ ကျောက်ကွမ်းမင်နှင့် အခြားလူများ ချက်ပြုတ်နေချိန်တွင်လည်း တူညီသော ခြေလှမ်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အကူဝင်ပြီး ချက်ပြုတ်နိုင်ကြသည်။ သူတို့က ဟင်းခပ်ရာတွင်လည်း အပိုအလိုမရှိလုပ်နိုင်စွမ်းရှိသည်။ အချိန်လည်း မကုန်ချေ။ ထွက်လာလျှင်လည်း အလွန်အရသာရှိသည့် ဟင်းလျာများဖြစ်နေသေးလေသည်။ ဉာဏ်ရည်မြင့်စက်ရုပ်များက ဝမ်ကျွင်းနှင့်အခြားသူများကို အကူအညီပေးသော်လည်း သူတို့က အရေးကြီးသောကိစ္စများကို ကိုယ်တိုင်ကိုင်တွယ် ရသေးသည်။ ဟင်းလျာအမယ်များချရေးခြင်း၊ ပါဝင်ပစ္စည်းများမှာယူခြင်း၊ ဉာဏ်ရည်မြင့်စက်ရုပ်များကို အမြဲလိုလို စောင့်ကြပ်ကြည့်ရှုပြီးနောက် မမျှော်လင့်ထားသော အခြေအနေများ မဖြစ်လာစေရန် ကိုင်တွယ်ရသေးသည်။ ထို့ကြောင့် ထိုစစ်သားငါးယောက်ကလည်း အလုပ်ရှုပ်နေသေးလေသည်။
၁၁ နာရီထိုးသောအခါ ထမင်းစားခန်းမမှ တံခါးများက အစီအစဉ်အတိုင်းဖွင့်သည်။ ကန်တင်းထဲသို့ စစ်သားများစွာ အစီအစဉ်တကျဝင်လာကြသည်။

ထမင်းစားရန်ရောက်လာသော စစ်သားများပမာဏက အလွန်များနေသည့်အတွက် အချိန်ကုန်သက်သာရန်အလို့ငှာ ထမင်းစားခန်းမကို အွန်လိုင်းမှ မှာယူနိုင်သော ကဏ္ဍကို ထည့်သွင်းခဲ့သည်။ ရွေးချယ်ရန်ဟင်းလျာရှစ်မျိုးရှိနေပြီး ဟင်းချိုနှစ်မျိုး ရှိနေမည်ဖြစ်သည်။ စစ်သားများက လွတ်လပ်စွာဖြင့်နှစ်သက်သည့် အရသာများကို သဘောကျရွေးချယ်နိုင်ကြသည်။ သူတို့က သူတို့၏ထိုင်ခုံကိုပင် ကြိုတင်ရွေးချယ် နိုင်ကြလေသည်။ သူတို့၏အော်ဒါတင်ထားသော ဟင်းလျာများနှင့်ဟင်းချိုများက ဉာဏ်ရည်မြင့်စက်ရုပ်များကိုယ်တိုင် သူတို့ထိုင်နေသော ဝိုင်းသို့ တိုက်ရိုက်လာပို့ပေး မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ဝင်လာသည်နှင့် သူတို့ကြိုတင်အော်ဒါတင် ထားသောဝိုင်းသို့ သွားရောက်ထိုင်စောင့်နေရုံမျှသာဖြစ်သည်။ ထိုအချိန်တွင် တစ်ဖက်မှ ဟင်းလျာများကို ချက်ချင်းဆိုသလို လာရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ပူပူနွေးနွေး စားသုံးနိုင်ကြလေသည်။
ယွမ့်ထန်းနှင့်ဟော်ယွန်ချန်းတို့ကလည်း ထမင်းစားခန်းမအတွင်းတွင် ရှိနေလေသည်။ သို့ရာတွင် သူတို့၏အဓိကရည်ရွယ်ချက်က အစီအစဉ်အောင်မြင်ခြင်းရှိမရှိ လာရောက်စစ်ဆေးခြင်းဖြစ်သည်။ လူတိုင်းက အစီအစဉ်တကျစားသောက်နေကြောင်း မြင်သောအခါ ကျေနပ်စွာခေါင်းညိတ်မိကြသည်။

ဟော်ယွန်ချန်းနှင့်ယွမ့်ထန်းတို့ကလည်း စားပွဲခုံတွင် အသီးသီး ဝင်ထိုင်လိုက်ကြသည်။ သူတို့၏ရှေ့တွင်လည်း နေ့လည်စာက အဆင်သင့်ဖြစ်နေသည်။ ဟော်ယွန်ချန်းက အစပ်ကြိုက်သဖြင့် သူက ကြက်ကြော်အစပ်နှင့် ယွီရှန်းခရမ်းသီးနှပ်ကို ခရမ်းချဉ်သီးကြက်ဥဟင်းချိုဖြင့် မှာယူထားသည်။ ယွမ့်ထန်းကမူ ဝက်နံရိုးချိုချဉ်ကြော်နှင့် သခွားသီးကြက်ဥကြော်၊ တို့ဖူးပါးပါးထည့်ထားသော အသားစွပ်ပြုတ်တို့ကို မှာယူထားသည်။ အားလုံးက အရသာ အလွန်ရှိလေသည်။

“အရသာ ရှိတယ်၊ ငါ ဒါမျိုးနေ့တိုင်းပဲ စားချင်တော့တယ်”
စစ်သားတစ်ယောက်က ပလုတ်ပလောင်းဖြင့်အော်သည်။

“သေချာတာပေါ့၊ နှင်းဆီစားသောက်ဆိုင်ကဟာတွေထက် အများကြီး ကောင်းတယ်၊ ကံဆိုးတာက ငါ့မိန်းမနဲ့ကလေးတွေ ဒီနေရာမှာ လာမစားနိုင်တာပဲ၊ ငါ ဒါတွေကို အိမ်ကိုသယ်သွားနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”

သူ၏အပေါင်းအဖော်တစ်ယောက်ကလည်း လေးနက်စွာပြုံးရင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။

“ဘယ်လောက်ကောင်းလိုက်တဲ့အကြံလည်း ငါတို့ ဒီလောက်ကောင်းတဲ့ အရသာတွေ ဘယ်နေက သွားဝယ်လို့ရမှာလဲ၊ ဟူး မဖြစ်နိုင်ပါဘူး၊ ငါတို့ရဲ့ကန်တင်းလိုမျိုး စားသောက်ဆိုင်တွေ အများကြီးရှိနေရင် ကောင်းမှာပဲ၊ ဒီလိုဆိုရင်မိသားစုကပါ ဒီလောက်အရသာရှိတဲ့စားစရာတွေ စားနိုင်တော့မှာ”

သူတို့၏စကားကို နားထောင်နေရင်းနောက် ယွမ့်ထန်းက စိတ်လှုပ်ရှားသွားရသည်။ သည်နေ့ခေတ်တွင် ကြယ်အဆင့်စားသောက်ဆိုင်ပေါင်းများစွာရှိပြီး အလွန်ဈေးကြီးကာ အမျိုးမျိုးသော စားစရာများကို ရရှိနိုင်သည့်တိုင်အောင် အရေအတွက်က အကန့်အသတ်ရှိသည်။

အရသာကလည်း အကန့်အသတ်နှင့်ဖြစ်သည်။ သူတို့၏ ချက်ပြုတ်နည်းလမ်းများက အလွန်ရက်စက်ပြီး အရည်ဖျောထားခြင်း၊ အခြောက်ကြော်ထားခြင်းလောက်သာ လုပ်နိုင်လေရာ အရသာ ရှိနေခြင်းမရှိပေ။ ဟော့ပေါ့ကဲ့သို့သော ဟင်းလျာများကသာ ကောင်းမွန်လေသည်။ ထိုအရာကသာ အလွန်ဈေးကြီးပြီး လူတိုင်းအိမ်တွင် ချက်စား၍ရသည်။ ထို့ကြောင့် လူအများစုက အရသာရှိသော ဟင်းလျာများကို မြည်းစမ်းခွင့် ရနိုင်လေသည်။

ထို့အပြင် အိမ်တွင် ချက်ပြုတ်စားနိုင်ရန်အတွက် အကယ်ဒမီကို သူ မေးမြန်းထားသည့် ဟင်းခပ်အမွှေးအကြိုင်မှုန့်များ၊ ဟင်းချက်အရာများ စသည်ဖြင့်အရာအားလုံးက သိပ်မကြာခင်တွင် ထွက်လာတော့မည်ဖြစ်သည်။ ထိုအရာများ၏ အကူအညီနှင့်ဆိုလျှင် ယွမ့်ထန်းကိုယ်တိုင်ကလည်း သူ၏ဟင်းချက်လက်ရာကို အကောင်းဆုံးထုတ်ပြနိုင်မည်ဟု ယူဆရသည်။

အင်ပါယာမှလူတိုင်းက အရသာခံနိုင်လျှင်ပင် ယွမ့်ထန်းက ထိုဟင်းလျာများ အတွက် တိကျသေချာသော ချက်နည်းများကို တိုက်ရိုက်ထုတ်လွှင့်ပေးမည် ဖြစ်သည့်အတွက် အားလုံးကလည်း ကြိုးစားနိုင်ကြမည်ဖြစ်သည်။

လအနည်းငယ်ကြာသည်အထိ ထိုသာမန်အရသာများကို စားသောက်ပြီးနောက်တွင် ယွမ့်ထန်းက ကူကယ်ရာမဲ့နေလေသေးသည်။ ယွမ့်ထန်းအနေနှင့် သူအရင်လောကတွင် စားသောက်ခဲ့သော အလွန်အရသာရှိသည့် အမျိုးမျိုးသော ဟင်းလျာများကို စမ်းသပ်ကြည့်ချင်နေသည်။

အထူးသဖြင့် အစပ်ပြင်းသော အနောက်တိုင်းစားစရာများ၊ နံရံပေါ်မှ ခုန်ပျံကျော်လွှားသွားသော ဗုဒ္ဓ အစရှိသော စွပ်ပြုတ်များစွာတွင် ပါဝင်ပစ္စည်းပေါင်းများစွာ လိုအပ်လေသည်။ သူ့အနေနှင့် ထိုဟင်းလျာများကို စမ်းသပ်ကြည့်ရန်လည်း အချိန်မရှိသေးချေ။

“ပါဝင်ပစ္စည်းတွေနဲ့ ဟင်းချပ်အမွှေးအကြိုင်တွေ အားလုံးကို ခပ်မြန်မြန်ပြင်ဆင်နိုင်မှ ဖြစ်လိမ့်မယ်”

ဟော်ယွန်ချန်းကလည်း ယွမ့်ထန်း၏အမူအရာက ပြောင်းလဲသထက် ပြောင်းလဲနေခြင်းကို ကြည့်ပြီးမနေနိုင်ဘဲ သံသယအပြည့်ဖြင့် မေးလိုက်သည်။

“ရှောင်ထန်း ဗိုက်အရမ်းဆာနေလို့လား"

မဟုတ်လျှင် စားသောက်နေရင်း ထိုမျှအထိ အလွန်မက်မောတောင့်တနေသည့် အမူအရာမျိုး ဖြစ်မနေသင့်ချေ။

“အာ မဟုတ်ပါဘူး၊ ကျွန်တော် ကိစ္စတစ်ခုကို တွေးလိုက်မိလို့ပါ”

ယွမ့်ထန်းကလည်း အသိပြန်ဝင်လာပြီး ဟော်ယွန်ချန်းကို တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့်ကြည့်သည်။

“အနာဂတ်မှာ ကျွန်တော် လူတိုင်းကို အရမ်းအရသာရှိတဲ့ ဟင်းလျာတွေ ဝေမျှပေးနိုင်မယ်လို့ ယုံကြည်တယ်”

အပိုင္း၅၁

ေဟာ္ယြန္ခ်န္းက အစပ္ႀကိဳက္သည္။ ထို႔ေၾကာင့္ ေဟာ့ေပါ့ရဲ႕အစပ္ဘက္ျခမ္းက သူ႕ဘက္သို႔ လွည့္ထားၿပီး ေဟာ္ယြန္ရီကမူ အစပ္မစားနိုင္သည့္အတြက္ ဟင္းခ်ိဳအျဖဴက သူ႕ဘက္သို႔ လွည့္ထားလိုက္သည္။ ယြမ့္ထန္းကမူ ႏွစ္မ်ိဳးလုံးစားနိုင္သည့္အတြက္ အလယ္တြင္ထိုင္သည္။
“ျမန္ျမန္စားၾကရေအာင္ အသားက ခ်က္တာၾကာသြားရင္ မေကာင္းေတာ့ဘဲ ေနလိမ့္မယ္”
သူက စစားရန္ ေျပာလိုက္သည္။

“မင္းလည္းစားပါ”

ေဟာ္ယြန္ခ်န္းက စားေနခ်ိန္တြင္ ယြမ့္ထန္းသေဘာက်သည့္ စားစရာတိုင္းကို အာ႐ုံစိုက္ထားသည္။ ယြမ့္ထန္းက သိုးသားျပားမ်ား၊ ပုဇြန္ႏွင့္ငါးကို မၾကာခဏစားေၾကာင္း ျမင္ေသာအခါ ေဟာ္ယြန္ရီကလည္း ထိုအရာမ်ားကို ယူကာ ယြမ့္ထန္းဘက္သို႔ ဆက္တိုက္ပို႔ေပးေနသည္။ ယြမ့္ထန္းကလည္း ေဟာ္ယြန္ခ်န္းကို သူႀကိဳက္သည့္အရာမ်ားကို ျပန္လည္ထည့္ေပးေနသည္။

ေဟာ္ယြန္ရီ”…”

ေဟာ္ယြန္ရီခမ်ာ သူ႕ကိုယ္သူ တတိယလူအျဖစ္ပင္ ခံစားေနရေလသည္။

“သူ႕ရဲ႕ဒီညီငယ္ေလးက တကယ္ကိုတက္ႂကြေနတာပဲ"

မည္သို႔ပင္ဆိုေစ သုံးေယာက္လုံးက အရသာရွိေသာ ေဟာ့ေပါ့ကို ေကာင္းမြန္စြာစားေသာက္နိုင္ခဲ့ၿပီး သူတို႔၏ဗိုက္က လုံးဝန္းလာသည္အထိ စားေသာက္လိုက္ၾကသည္။ ထို႔ေနာက္ ရပ္တန႔္ရန္ပင္ ဆႏၵမရွိသည္အထိ ျဖစ္သြားခဲ့ရသည္။
ေဟာ္ညီအစ္ကို ျပန္သြားၿပီးေသာအခါ ယြမ့္ထန္းက မ်က္ႏွာသစ္ ပလုတ္က်င္းၿပီးသည္ႏွင့္ အိပ္စက္ရန္ ႀကံစည္ေတာ့သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း အင္ပါယာအတြင္းရွိ လူအမ်ားအတြက္ ေဟာ့ေပါ့က စိတ္လႈပ္ရွားဖြယ္ရာ ကိစၥတစ္ခု ျဖစ္လာနိုင္ေလသည္။

ယြမ့္ထန္းကလည္း ပရိတ္သတ္ကို ကတိေပးထားသည့္ကိစၥကို မွတ္မိသည္။ ထို႔ေၾကာင့္ ေနာက္တစ္ေန႕နံနက္တြင္ ေစာေစာထၿပီး ပုဇြန္လုံးႏွင့္အသားလုံးမ်ားစြာ လုပ္လိုက္သည္။ သည္ေန႕မနက္ပိုင္း မဲႏွိုက္ခ်ိန္တြင္ ထိုပုဇြန္လုံးႏွင့္အသားလုံးမ်ားကို ဆုအျဖစ္ပို႔ေပးရန္စီစဥ္ထားသည္။ ထိုနည္းအားျဖင့္ ၾကည့္ရႈသူမ်ားအားလုံး ေပ်ာ္႐ႊင္သြားေပလိမ့္မည္။

စတားနက္ေဝါ့မွ ေရွာ့ပင္းဆိုက္က လ်င္ျမန္စြာျဖင့္ လိုက္မီလာခဲ့သည္။ သူတို႔က ယြမ့္ထန္းကို ေဟာ့ေပါ့မွ အေျခခံဟင္းခပ္အေမႊးအႀကိဳင္ပစၥည္းမ်ား ထုတ္လုပ္နည္းကို ေမးျမန္းလာၿပီး အျခားေသာပါဝင္ပစၥည္းမ်ားကို အသင့္စားနိုင္ရန္ ႀကိဳတင္ျပင္ဆင္ရမည့္ အရင္းအျမစ္မ်ားကို ေမးျမန္းလာသည္။ ထို႔ေနာက္ ထိုပစၥည္းမ်ားအားလုံးကို သူတို႔ကလည္း ေရာင္းခ်ရန္ ႀကိဳတင္ျပင္ဆင္ၾကေတာ့မည္ျဖစ္သည္။ သူတို႔က စြပ္ျပဳတ္အရည္က်ဲ ဟင္းခပ္အမႈန႔္မ်ားကို ႀကိဳတင္ျပင္ဆင္ၾကအုံးမည္ ျဖစ္သည္။ ထိုနည္းအားျဖင့္ တစ္စုံတစ္ေယာက္က ေရေႏြးအိုးတည္ၿပီး ဟင္းခပ္မႈန႔္မ်ား ထည့္လိုက္႐ုံမွ်ျဖင့္ အျခားေသာ အသင့္စားနိုင္သည့္ ပါဝင္ပစၥည္းမ်ားႏွင့္အတူ အရသာရွိေသာ ေဟာ့ေပါ့ကို စားသုံးနိုင္မည္ျဖစ္သည္။

ေရွာ့ပင္းဆိုက္တြင္း ဝယ္ယူရရွိနိုင္ေသာ ပါဝင္ပစၥည္းမ်ားအားလုံးက ယြမ့္ထန္း ခ်က္ျပသမွ် အရာအားလုံး ျဖစ္ေနသည္။ ပါဝင္ပစၥည္းမ်ားအားလုံးက အသင့္စားနိုင္ၿပီး အျခားေသာပစၥည္းမ်ားအတြက္ ပါးပါးလွီးရန္သာ ျပင္ဆင္ရန္ လိုအပ္ေလသည္။ ထို႔ေၾကာင့္ ေဟာ့ေပါ့အတြက္ အိုးမ်ားကိုလည္း အဆင္သင့္ ဝယ္ယူရရွိနိုင္ေလရာ မီးဖြင့္ၿပီးအရည္ထည့္ ဟင္းခပ္မႈန႔္ထည့္ကာ တည္ရန္သာ လိုအပ္ေလသည္။ ထို႔ေၾကာင့္ အလြန္လ်င္ျမန္ကာ စားသုံးနိုင္ေနေလသည္။
လက္ရွိအေနအထားမ်ိဳးအရ အစားအေသာက္ေကာင္းမ်ားက အလြယ္တကူ မရရွိနိုင္ေသးေလရာ ေဟာ့ေပါ့က အင္ပါယာတစ္ခုလုံး၏ ႏွလုံးသားမ်ားကို ဖမ္းစားနိုင္ေသာ စားစရာတစ္မ်ိဳး ျဖစ္လာသည္။

ေဟာ္ယြန္ရီတြင္လည္း ယြမ့္ထန္းအတြက္ သတင္းေကာင္းမ်ားစြာရွိေနသည္။ ကုမၸဏီေပါင္းမ်ားစြာက ေဟာ့ေပါ့ကို တရားဝင္ ျဖန႔္ခ်ီနိုင္ရန္အတြက္ ကမ္းလွမ္းလာၾကသည္။ သူတို႔က အကယ္ဒမီသို႔ ဆက္သြယ္ကာ အျခားေသာ ၾကယ္စနစ္မ်ားတြင္ရွိေသာ စားေသာက္ဆိုင္မ်ားတြင္ပါ ျဖန႔္ေဝနိုင္ရန္ မူပိုင္ခြင့္ ဝယ္ယူလိုလာခဲ့သည္။ ထိုနည္းအားျဖင့္ အင္ပါယာတစ္ခုလုံးတြင္ရွိေသာ ျပည္သူျပည္သားမ်ားအတြက္ လြယ္ကူစြာ စားသုံးနိုင္ေပလိမ့္မည္။

ႏွစ္ေပါင္းေထာင္ေပါင္းမ်ားစြာ တိုးတက္လာၿပီးေနာက္တြင္ ၾကယ္ျပာအင္ပါယာႀကီးက ႀကီးမားသထက္ ႀကီးမားလာခဲ့သည္။ အင္ပါယာ၏ ပိုင္နက္အတြင္းတြင္ ၿဂိဳလ္အလုံး ငါးဆယ္ေက်ာ္ရွိၿပီး လူဦးေရက မွင္သက္ဖြယ္ ေကာင္းေလာက္ေအာင္ ဘီလီလ်ံတစ္ရာေက်ာ္သည္။ ထိုမွ်ပမာဏကို ထည့္တြက္မည္ဆိုလွ်င္ ထိုေဟာ့ေပါ့က အလြန္ႀကီးမားေသာ စီးပြားေရး အခြင့္အလမ္းႀကီးတစ္ခု ျဖစ္လာသည္။ ေဟာ့ေပါ့က အလြယ္တကူ အရသာရွိၿပီး ခ်က္ျပဳတ္ရန္ ပါရမီလည္း မလိုသလို လက္အေနအထားလည္း မလိုဘဲ အရာအားလုံးက အသင့္စားပစၥည္းမ်ားျဖင့္ ထည့္ခ်က္၍ ရေနသည္။ ထို႔ေၾကာင့္ စီးပြားေရး လုပ္ငန္းရွင္မ်ားသာမကေလဘဲ လူတိုင္းနီးပါး ေသြးခုန္ႏႈန္း ျမန္ေနၾကေတာ့သည္။ သဘာဝက်က်ပင္ ယြမ့္ထန္းကလည္း သေဘာတူသည္။ သူ၏တစ္ေယာက္တည္း လုပ္အားျဖင့္ဆိုလွ်င္ အင္ပါယာတစ္ခုလုံးမွလူတိုင္း အစားေကာင္းစားရရန္ မလုပ္ေပးနိုင္ေလာက္ေခ်။ ေဟာ့ေပါ့ဆိုင္မ်ားကသာ အင္ပါယာအႏွံ႕ ဖြင့္လွစ္လိုက္မည္ဆိုလွ်င္ လူတိုင္းကလည္း သဘာဝထြက္ အရသာရွိ‌ေသာ စားစရာမ်ားကို စားေသာက္နိုင္ေပလိမ့္မည္။ ထိုကိစၥက ကိစၥေကာင္းႀကီးတစ္ခုျဖစ္သည္။

ေဟာ့ေပါ့အတြက္ ပါဝင္ပစၥည္းမ်ားႏွင့္ အေျခခံဟင္းခတ္မႈန႔္၊ ဟင္းခ်ိဳမႈန႔္၊ အႏွစ္မႈန႔္ စသည္ျဖင့္ အရာအားလုံးကို အကယ္ဒမီသိပၸံက ေထာက္ပံ့ေပးမည္ ျဖစ္ေသာ္လည္း ထိုအႀကံက ယြမ့္ထန္းဆီမွ လာျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ေဟာ္ယြန္ရီက အက်ိဳးအျမတ္တစ္ဝက္ကို ေပးလိုသည္။ ယြမ့္ထန္းကလည္း ကမ္းလွမ္းမႈကို မျငင္းေတာ့ေခ်။ သူက ထိုတစ္ဝက္လုံးကိုသာ သူ႕အစား ယခင္အတိုင္း လႉဒါန္းေပးရန္ ေျပာဆိုလိုက္သည္။

ယြမ့္ထန္းက တစ္ကိုယ္ေကာင္းဆန္လြန္းျခင္း မရွိသလို သေဘာေကာင္းလြန္းသည့္ နတ္ဘုရားမတစ္ပါးလည္း မဟုတ္ေခ်။ သို႔ရာတြင္ သူ႕တြင္ ပိုက္ဆံမျပတ္လပ္ေနေခ်။ လက္ရွိအခ်ိန္တြင္ သူ႕တြင္ ပရိတ္သတ္ သန္းရာေက်ာ္ ရွိေနေလၿပီး တစ္ခါ တိုက္ရိုက္ထုတ္လႊင့္လိုက္႐ုံမွ်ျဖင့္ လက္ေဆာင္မ်ားထံမွ တစ္သန္းဝန္းက်င္ ျပန္ရသည္။ ထို႔အျပင္ ပလပ္ေဖာင္းမွ ထပ္မံရရွိေသာ အပိုဝင္ေငြမ်ားလည္း ရွိေနေသးေလသည္။ သူ႕အျမင္မွဆိုလွ်င္ ေဟာ့ေပါ့က သူ၏ကိုယ္ပိုင္ဖန္တီးမႈလည္း မဟုတ္ေနခဲ့ေခ်။ သည္ေလာကတြင္ ဖန္တီးထားသူ မရွိသည့္တိုင္ေအာင္ သူက ထိုသို႔ လက္ဝါးႀကီးအုပ္လိုစိတ္ ရွိမေနခဲ့ေခ်။
သူက ေသဆုံးမႈမွ လြတ္ေျမာက္ခဲ့ၿပီး ယခုကဲ့သို႔ ေလာကသစ္တစ္ခုတြင္ ျပန္လည္းေမြးဖြားနိုင္ခဲ့သည္။ ထိုကိစၥ၏ေနာက္ကြယ္တြင္ အေၾကာင္းအရင္း ျပန္ရွိေနရေပမည္။ နတ္ဘုရားက သူ႕အား သည္ခ်က္နည္းျပဳတ္နည္းမ်ားကို သည္ေလာကမွလူမ်ား ေက်နပ္မႈရေစရန္၊ စိတ္ေက်နပ္မႈရေစရန္ ျပန္လည္ျဖန႔္ေဝေပးေစ လိုျခင္း ျဖစ္မည္ဆိုလွ်င္ သူက တစ္ကိုယ္ေကာင္းဆန္စြာ အက်ိဳးအျမတ္မ်ားကို လက္ဝါးႀကီးအုပ္၍ မျဖစ္နိုင္ေတာ့ေခ်။ အခ်ိန္တစ္ခုၾကာသည္အထိ ေဟာ့ေပါ့က အင္ပါယာတစ္ခုလုံးတြင္ အလြန္ေခတ္စားသြားခဲ့သည္။ စတားနက္ေဝါ့ ေပၚတြင္လည္း သည္ေန႕ေဟာ့ေပါ့ စားၿပီးၿပီလားဆိုသည့္ အေၾကာင္းအရာကပင္ ပုံမွန္မိတ္ဆက္စကားကဲ့သို႔ ျဖစ္လာေလသည္။ အေၾကာင္းမူကား ထိုအရသာကို အင္ပါယာရွိ လူတိုင္းနီးပါးက သေဘာက်ေနေသာေၾကာင့္ ျဖစ္သည္။

သို႔ရာတြင္ မည္သို႔ပင္ဆိုေစ ေဟာ့ေပါ့က လူအမ်ားႏွင့္အတူတကြစားေသာက္ရန္ အဆင္ေျပေသာ အရာမ်ားျဖစ္သည္။ တစ္ဦးတည္းေသာသူမ်ား၊ တစ္ေယာက္တည္းေနေသာ သူမ်ားက မၾကာခဏ ညီးၫူေလ့ရွိၾကသည္။

“အထီးက်န္ေခြးေတြမွာ လူ႕အခြင့္အေရးမရွိပါဘူး၊ ငါတစ္ေယာက္တည္း ေဟာ့ေပါ့စားတာ အရမ္းဝမ္းနည္းဖို႔ေကာင္းတာပဲ”

“+1 အထီးက်န္ေခြးေတြအတြက္ အသင့္ထုတ္ေပးထားတဲ့ ဟင္းလ်ာေတြမ်ား မရွိဘူးလား
“အထီးက်န္ေခြးေတြရဲ႕ အႏွစ္သက္ဆုံးအာလူးပုံစံ တစ္ကိုယ္စာဆိုဖာကပဲ အေကာင္းဆုံးပါပဲ …(Couch Potato)”

ထိုကြန႔္မန႔္မ်ားကိုျမင္ခ်ိန္တြင္ ယြမ့္ထန္းက တ႐ုတ္တြင္ အလြန္ေခတ္စားေသာ ေမွာ္ထုတ္ကုန္တစ္ခုကို သတိရသြားသည္။ ထိုေမွာ္ထုတ္ကုန္အတြက္ဆိုလွ်င္ အ႐ြက္မ်ားလည္း ဝယ္စရာမလို၊ အ႐ြက္မ်ားလည္း လွီးစရာမလိုေခ်။ ဒယ္ျပားလည္း ဝယ္စရာမလို၊ ဒယ္ျပားလည္းမလိုေခ်။ သည္အတိုင္း ေရပူထည့္စား႐ုံမွ်သာလိုအပ္သည္။

“ငါတို႔ေတြ အသင့္စားေခါက္ဆြဲဘူးေတြ ထုတ္လို႔ရတာပဲ”

ယြမ့္ထန္းက ေမးေစ့ကိုပြတ္ကာ ေတြးေတာေနသည္။ ထို႔အျပင္ ေဟာ့ေပါ့စားရင္း အေအးေသာက္သလိုမ်ိဳး အေပ်ာ့စား ေသာက္စရာမ်ားကိုလည္း ထုတ္လုပ္နိုင္ေသးေလသည္။

သို႔ရာတြင္ ထိုပစၥည္းမ်ား ထြက္လာေသာအခါ အင္ပါယာက လူပ်င္းမ်ား မ်ားသြားနိုင္ေသးေလသည္။ ထိုသို႔ေတြးမိသည့္အခါ ယြမ့္ထန္းက ရယ္ခ်င္သြားသည္။ လူတိုင္း ဝတုတ္သြားၾကလွ်င္ အေလးခ်ိန္ခ်ရန္အတြက္လည္း ျပန္စဥ္းစားရေပလိမ့္မည္။ သူက ေခါင္းကိုခါၿပီး စိတ္ထဲတြင္ သက္ျပင္းခ်လိဳက္သည္။

“ဒီလိုလုပ္လိုက္ရင္ ငါ အရမ္းမေကာင္းတဲ့လူမ်ား ျဖစ္သြားမလား”

ယြမ့္ထန္းက ထိုသို႔ေတြးလိုက္မိသည့္တိုင္ေအာင္ ေဟာ္ယြန္ရီကို သူ၏ အႀကံအသစ္အေၾကာင္း ေျပာျပလိုက္ေသးသည္။ မည္သို႔ပင္ဆိုေစ နည္းပညာကို အင္ပါယာမွ ေပးသည္။ လုံၿခဳံမႈႏွင့္က်န္းမာေရးႏွင့္ သင့္ေတာ္ေသာ အသင့္စားေခါက္ဆြဲမ်ား ျဖစ္ရန္ တြဲဖက္ေသာက္သုံးနိုင္ေသာ ေသာက္စရာမ်ားကို ထုတ္လုပ္ရန္က အင္ပါယာက တတ္နိုင္စြမ္းအားရွိမည္ဟု သူက ယုံၾကည္ေနသည္။

စစ္တပ္မွ ထမင္းစားခန္းမအတြက္မူကား ယြမ့္ထန္းက ေန႕စဥ္စစ္တပ္ဌာနခ်ဳပ္သို႔ သြားေရာက္ကာ သတင္းပို႔ေလ့ရွိသည္။ အေၾကာင္းမူကား အျခားတစ္ဖက္တြင္ ယြမ့္ထန္းက သူက လက္ေထာက္မ်ားကို ဆက္လက္သင္ၾကားေပးေနသည္။ သူတို႔၏ ခ်က္ျပဳတ္ျခင္း အေပၚတြင္ရွိေသာ နားလည္နိုင္စြမ္းႏွင့္ အလိုအေလ်ာက္ တုံ႕ျပန္နိုင္စြမ္းတို႔ကို တိုးျမႇင့္ေပးေစလိုသည့္အတြက္ သူက ဆက္တိုက္ သင္ၾကားေပးေနခဲ့ျခင္းျဖစ္သည္။ ေျပာရလွ်င္ ထိုလူမ်ားအားလုံးက ယခုအခါ အဆင့္သစ္တစ္ခုသို႔ ေရာက္သြားၾကေလၿပီ။ အျခားတစ္ဖက္တြင္ ထမင္းစားခန္းမကိုလည္း တရားဝင္ဖြင့္ရန္ ျပင္ဆင္ေနၿပီျဖစ္သည္။

သုံးရက္ခန႔္ၾကာၿပီးေနာက္ စစ္သားမ်ားႏွင့္အရာရွိတိုင္းအတြက္ ထမင္းစားခန္းမကို တရားဝင္ဖြင့္လွစ္ေၾကာင္း ေၾကညာခဲ့သည္။ ယခုအခါ ေန႕လည္စာအတြက္သာ အဆင္သင့္ျဖစ္ေနေသးသည့္တိုင္ေအာင္ လူတိုင္းက စိတ္လႈပ္ရွားေနၾကၿပီျဖစ္သည္။

ထို႔အျပင္ မီးဖိုခန္းအတြင္းတြင္လည္း ဉာဏ္ရည္ျမင့္စက္႐ုပ္မ်ားကို ခ်က္ျပဳတ္ရန္ သင္ၾကားေပးခဲ့ၿပီး ျဖစ္သည္။ ဉာဏ္ရည္ျမင့္စက္႐ုပ္မ်ားက ဝမ္ကြၽင္း၊ ေက်ာက္ကြမ္းမင္ႏွင့္ အျခားလူမ်ား ခ်က္ျပဳတ္ေနခ်ိန္တြင္လည္း တူညီေသာ ေျခလွမ္းအတိုင္း တစ္ဆင့္ၿပီးတစ္ဆင့္ အကူဝင္ၿပီး ခ်က္ျပဳတ္နိုင္ၾကသည္။ သူတို႔က ဟင္းခပ္ရာတြင္လည္း အပိုအလိုမရွိလုပ္နိုင္စြမ္းရွိသည္။ အခ်ိန္လည္း မကုန္ေခ်။ ထြက္လာလွ်င္လည္း အလြန္အရသာရွိသည့္ ဟင္းလ်ာမ်ားျဖစ္ေနေသးေလသည္။ ဉာဏ္ရည္ျမင့္စက္႐ုပ္မ်ားက ဝမ္ကြၽင္းႏွင့္အျခားသူမ်ားကို အကူအညီေပးေသာ္လည္း သူတို႔က အေရးႀကီးေသာကိစၥမ်ားကို ကိုယ္တိုင္ကိုင္တြယ္ ရေသးသည္။ ဟင္းလ်ာအမယ္မ်ားခ်ေရးျခင္း၊ ပါဝင္ပစၥည္းမ်ားမွာယူျခင္း၊ ဉာဏ္ရည္ျမင့္စက္႐ုပ္မ်ားကို အၿမဲလိုလို ေစာင့္ၾကပ္ၾကည့္ရႈၿပီးေနာက္ မေမွ်ာ္လင့္ထားေသာ အေျခအေနမ်ား မျဖစ္လာေစရန္ ကိုင္တြယ္ရေသးသည္။ ထို႔ေၾကာင့္ ထိုစစ္သားငါးေယာက္ကလည္း အလုပ္ရႈပ္ေနေသးေလသည္။
၁၁ နာရီထိုးေသာအခါ ထမင္းစားခန္းမမွ တံခါးမ်ားက အစီအစဥ္အတိုင္းဖြင့္သည္။ ကန္တင္းထဲသို႔ စစ္သားမ်ားစြာ အစီအစဥ္တက်ဝင္လာၾကသည္။

ထမင္းစားရန္ေရာက္လာေသာ စစ္သားမ်ားပမာဏက အလြန္မ်ားေနသည့္အတြက္ အခ်ိန္ကုန္သက္သာရန္အလို႔ငွာ ထမင္းစားခန္းမကို အြန္လိုင္းမွ မွာယူနိုင္ေသာ က႑ကို ထည့္သြင္းခဲ့သည္။ ေ႐ြးခ်ယ္ရန္ဟင္းလ်ာရွစ္မ်ိဳးရွိေနၿပီး ဟင္းခ်ိဳႏွစ္မ်ိဳး ရွိေနမည္ျဖစ္သည္။ စစ္သားမ်ားက လြတ္လပ္စြာျဖင့္ႏွစ္သက္သည့္ အရသာမ်ားကို သေဘာက်ေ႐ြးခ်ယ္နိုင္ၾကသည္။ သူတို႔က သူတို႔၏ထိုင္ခုံကိုပင္ ႀကိဳတင္ေ႐ြးခ်ယ္ နိုင္ၾကေလသည္။ သူတို႔၏ေအာ္ဒါတင္ထားေသာ ဟင္းလ်ာမ်ားႏွင့္ဟင္းခ်ိဳမ်ားက ဉာဏ္ရည္ျမင့္စက္႐ုပ္မ်ားကိုယ္တိုင္ သူတို႔ထိုင္ေနေသာ ဝိုင္းသို႔ တိုက္ရိုက္လာပို႔ေပး မည္ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔ဝင္လာသည္ႏွင့္ သူတို႔ႀကိဳတင္ေအာ္ဒါတင္ ထားေသာဝိုင္းသို႔ သြားေရာက္ထိုင္ေစာင့္ေန႐ုံမွ်သာျဖစ္သည္။ ထိုအခ်ိန္တြင္ တစ္ဖက္မွ ဟင္းလ်ာမ်ားကို ခ်က္ခ်င္းဆိုသလို လာေရာက္ပို႔ေဆာင္ေပးမည္ျဖစ္ၿပီး ပူပူေႏြးေႏြး စားသုံးနိုင္ၾကေလသည္။
ယြမ့္ထန္းႏွင့္ေဟာ္ယြန္ခ်န္းတို႔ကလည္း ထမင္းစားခန္းမအတြင္းတြင္ ရွိေနေလသည္။ သို႔ရာတြင္ သူတို႔၏အဓိကရည္႐ြယ္ခ်က္က အစီအစဥ္ေအာင္ျမင္ျခင္းရွိမရွိ လာေရာက္စစ္ေဆးျခင္းျဖစ္သည္။ လူတိုင္းက အစီအစဥ္တက်စားေသာက္ေနေၾကာင္း ျမင္ေသာအခါ ေက်နပ္စြာေခါင္းညိတ္မိၾကသည္။

ေဟာ္ယြန္ခ်န္းႏွင့္ယြမ့္ထန္းတို႔ကလည္း စားပြဲခုံတြင္ အသီးသီး ဝင္ထိုင္လိုက္ၾကသည္။ သူတို႔၏ေရွ႕တြင္လည္း ေန႕လည္စာက အဆင္သင့္ျဖစ္ေနသည္။ ေဟာ္ယြန္ခ်န္းက အစပ္ႀကိဳက္သျဖင့္ သူက ၾကက္ေၾကာ္အစပ္ႏွင့္ ယြီရွန္းခရမ္းသီးႏွပ္ကို ခရမ္းခ်ဥ္သီးၾကက္ဥဟင္းခ်ိဳျဖင့္ မွာယူထားသည္။ ယြမ့္ထန္းကမူ ဝက္နံရိုးခ်ိဳခ်ဥ္ေၾကာ္ႏွင့္ သခြားသီးၾကက္ဥေၾကာ္၊ တို႔ဖူးပါးပါးထည့္ထားေသာ အသားစြပ္ျပဳတ္တို႔ကို မွာယူထားသည္။ အားလုံးက အရသာ အလြန္ရွိေလသည္။

“အရသာ ရွိတယ္၊ ငါ ဒါမ်ိဳးေန႕တိုင္းပဲ စားခ်င္ေတာ့တယ္”
စစ္သားတစ္ေယာက္က ပလုတ္ပေလာင္းျဖင့္ေအာ္သည္။

“ေသခ်ာတာေပါ့၊ ႏွင္းဆီစားေသာက္ဆိုင္ကဟာေတြထက္ အမ်ားႀကီး ေကာင္းတယ္၊ ကံဆိုးတာက ငါ့မိန္းမနဲ႕ကေလးေတြ ဒီေနရာမွာ လာမစားနိုင္တာပဲ၊ ငါ ဒါေတြကို အိမ္ကိုသယ္သြားနိုင္ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ”

သူ၏အေပါင္းအေဖာ္တစ္ေယာက္ကလည္း ေလးနက္စြာၿပဳံးရင္း ေခါင္းတၿငိမ့္ၿငိမ့္ လုပ္ေနသည္။

“ဘယ္ေလာက္ေကာင္းလိုက္တဲ့အႀကံလည္း ငါတို႔ ဒီေလာက္ေကာင္းတဲ့ အရသာေတြ ဘယ္ေနက သြားဝယ္လို႔ရမွာလဲ၊ ဟူး မျဖစ္နိုင္ပါဘူး၊ ငါတို႔ရဲ႕ကန္တင္းလိုမ်ိဳး စားေသာက္ဆိုင္ေတြ အမ်ားႀကီးရွိေနရင္ ေကာင္းမွာပဲ၊ ဒီလိုဆိုရင္မိသားစုကပါ ဒီေလာက္အရသာရွိတဲ့စားစရာေတြ စားနိုင္ေတာ့မွာ”

သူတို႔၏စကားကို နားေထာင္ေနရင္းေနာက္ ယြမ့္ထန္းက စိတ္လႈပ္ရွားသြားရသည္။ သည္ေန႕ေခတ္တြင္ ၾကယ္အဆင့္စားေသာက္ဆိုင္ေပါင္းမ်ားစြာရွိၿပီး အလြန္ေဈးႀကီးကာ အမ်ိဳးမ်ိဳးေသာ စားစရာမ်ားကို ရရွိနိုင္သည့္တိုင္ေအာင္ အေရအတြက္က အကန႔္အသတ္ရွိသည္။

အရသာကလည္း အကန႔္အသတ္ႏွင့္ျဖစ္သည္။ သူတို႔၏ ခ်က္ျပဳတ္နည္းလမ္းမ်ားက အလြန္ရက္စက္ၿပီး အရည္ေဖ်ာထားျခင္း၊ အေျခာက္ေၾကာ္ထားျခင္းေလာက္သာ လုပ္နိုင္ေလရာ အရသာ ရွိေနျခင္းမရွိေပ။ ေဟာ့ေပါ့ကဲ့သို႔ေသာ ဟင္းလ်ာမ်ားကသာ ေကာင္းမြန္ေလသည္။ ထိုအရာကသာ အလြန္ေဈးႀကီးၿပီး လူတိုင္းအိမ္တြင္ ခ်က္စား၍ရသည္။ ထို႔ေၾကာင့္ လူအမ်ားစုက အရသာရွိေသာ ဟင္းလ်ာမ်ားကို ျမည္းစမ္းခြင့္ ရနိုင္ေလသည္။

ထို႔အျပင္ အိမ္တြင္ ခ်က္ျပဳတ္စားနိုင္ရန္အတြက္ အကယ္ဒမီကို သူ ေမးျမန္းထားသည့္ ဟင္းခပ္အေမႊးအႀကိဳင္မႈန႔္မ်ား၊ ဟင္းခ်က္အရာမ်ား စသည္ျဖင့္အရာအားလုံးက သိပ္မၾကာခင္တြင္ ထြက္လာေတာ့မည္ျဖစ္သည္။ ထိုအရာမ်ား၏ အကူအညီႏွင့္ဆိုလွ်င္ ယြမ့္ထန္းကိုယ္တိုင္ကလည္း သူ၏ဟင္းခ်က္လက္ရာကို အေကာင္းဆုံးထုတ္ျပနိုင္မည္ဟု ယူဆရသည္။

အင္ပါယာမွလူတိုင္းက အရသာခံနိုင္လွ်င္ပင္ ယြမ့္ထန္းက ထိုဟင္းလ်ာမ်ား အတြက္ တိက်ေသခ်ာေသာ ခ်က္နည္းမ်ားကို တိုက္ရိုက္ထုတ္လႊင့္ေပးမည္ ျဖစ္သည့္အတြက္ အားလုံးကလည္း ႀကိဳးစားနိုင္ၾကမည္ျဖစ္သည္။

လအနည္းငယ္ၾကာသည္အထိ ထိုသာမန္အရသာမ်ားကို စားေသာက္ၿပီးေနာက္တြင္ ယြမ့္ထန္းက ကူကယ္ရာမဲ့ေနေလေသးသည္။ ယြမ့္ထန္းအေနႏွင့္ သူအရင္ေလာကတြင္ စားေသာက္ခဲ့ေသာ အလြန္အရသာရွိသည့္ အမ်ိဳးမ်ိဳးေသာ ဟင္းလ်ာမ်ားကို စမ္းသပ္ၾကည့္ခ်င္ေနသည္။

အထူးသျဖင့္ အစပ္ျပင္းေသာ အေနာက္တိုင္းစားစရာမ်ား၊ နံရံေပၚမွ ခုန္ပ်ံေက်ာ္လႊားသြားေသာ ဗုဒၶ အစရွိေသာ စြပ္ျပဳတ္မ်ားစြာတြင္ ပါဝင္ပစၥည္းေပါင္းမ်ားစြာ လိုအပ္ေလသည္။ သူ႕အေနႏွင့္ ထိုဟင္းလ်ာမ်ားကို စမ္းသပ္ၾကည့္ရန္လည္း အခ်ိန္မရွိေသးေခ်။

“ပါဝင္ပစၥည္းေတြနဲ႕ ဟင္းခ်ပ္အေမႊးအႀကိဳင္ေတြ အားလုံးကို ခပ္ျမန္ျမန္ျပင္ဆင္နိုင္မွ ျဖစ္လိမ့္မယ္”

ေဟာ္ယြန္ခ်န္းကလည္း ယြမ့္ထန္း၏အမူအရာက ေျပာင္းလဲသထက္ ေျပာင္းလဲေနျခင္းကို ၾကည့္ၿပီးမေနနိုင္ဘဲ သံသယအျပည့္ျဖင့္ ေမးလိုက္သည္။

“ေရွာင္ထန္း ဗိုက္အရမ္းဆာေနလို႔လား"

မဟုတ္လွ်င္ စားေသာက္ေနရင္း ထိုမွ်အထိ အလြန္မက္ေမာေတာင့္တေနသည့္ အမူအရာမ်ိဳး ျဖစ္မေနသင့္ေခ်။

“အာ မဟုတ္ပါဘူး၊ ကြၽန္ေတာ္ ကိစၥတစ္ခုကို ေတြးလိုက္မိလို႔ပါ”

ယြမ့္ထန္းကလည္း အသိျပန္ဝင္လာၿပီး ေဟာ္ယြန္ခ်န္းကို တလက္လက္ ေတာက္ပေနေသာ မ်က္ဝန္းမ်ားျဖင့္ၾကည့္သည္။

“အနာဂတ္မွာ ကြၽန္ေတာ္ လူတိုင္းကို အရမ္းအရသာရွိတဲ့ ဟင္းလ်ာေတြ ေဝမွ်ေပးနိုင္မယ္လို႔ ယုံၾကည္တယ္”

Continue Reading

You'll Also Like

372K 36.8K 114
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ แ€›แ€ญแ€ฏแ€›แ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€”แ€ฒแ€ท แ€™แ€แ€ซแ€ธแ€แ€ฌแ€œแ€ฑแ€ธ แ€–แ€แ€บแ€แ€ปแ€„แ€บแ€›แ€„แ€บ แ€œแ€ฌแ€”แ€ฑแ€ฌแ€บ
186K 19.1K 115
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ
1.4M 59.2K 70
แ€„แ€ซแ€œแ€ฌแ€ธ.... แ€…แ€ญแ€แ€บแ€แ€ป...... แ€”แ€ญแ€—แ€นแ€—แ€ฌแ€”แ€บแ€›แ€ฑแ€ฌแ€€แ€บแ€›แ€„แ€บแ€œแ€Šแ€บแ€ธ แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€•แ€ฒ แ€แ€ปแ€…แ€บแ€”แ€ฑแ€กแ€ฏแ€ถแ€ธแ€™แ€พแ€ฌ.......... แ€žแ€ฏแ€”แ€ฑแ€แ€„แ€บแ€‘แ€ฝแ€‹แ€บ แ€€แ€™แ€นแ€˜แ€ฌแ€•แ€ปแ€€แ€บแ€žแ€œแ€ญแ€ฏ แ€œแ€ฑแ€•แ€ผแ€„แ€บแ€ธแ€™แ€ญแ€ฏแ€ธแ€žแ€ถแ€แ€ฝแ€ฑแ€‘...
1.3M 44K 61
Myanmar ร— BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd