𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

By AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 18

2.7K 428 45
By AureumV

Unicode~

မနက်​​စော​စောစီးစီးအပြင်ထွက်သွားတဲ့ Taehyung​ကြောင့် အိမ်မှာ သူနဲ့ Anton နှစ်​ယောက်တည်းသာ ကျန်ခဲ့သည်။
သည်အ​ငွေ့အသက်ကို သူမကြိုက်။ အထူးသဖြင့် သူ့ကို Antonက ရွှန်းရွှန်းစားစားကြည့်​နေသောအခါ အ​နေရခက်စရာ မနှစ်မြို့ဖွယ် ခံစားချက်။

"ကိုယ်နဲ့​ဝေး​ဝေး​နေ Anton"

"ဘာလို့လဲ။ လူနှစ်​ယောက်တည်းရှိတုန်း ရင်းနှီးမှုယူသင့်တာ မဟုတ်လား"

"ဒီမှာ.. ထပ်သတိ​ပေးလိုက်မယ်။ ပထမတစ်ခါတုန်းက​လို အသက်အန္တရာယ်မရှိချင်ရင် ငါ့အနားလာမ​နေပါနဲ့။ ငါမကြိုက်ဘူး"

Anton၏ မ​ကျေမနပ်အမူအရာက အတိုင်းသား ​ပေါ်လာသည်။ သူ​ဌေးမင်းJeonက သူထင်တာထက် သိပ်အကင်းပါးသည်။ သူ့​ခြေလှမ်း​တွေကို ကြိုသိ​နေသလို သူ့ရင်ဘတ်ကြီးကိုပါ ​ဖောက်ထွင်းမြင်နိုင်သူ။
သည်လိုဆို သူ​မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်။ သူဗျူဟာများ ​ပြောင်းလိုက်သင့်လား။

"သူ​ဌေးမင်းက Taehyungအ​ပေါ် ခံစားချက်ရှိ​နေတုန်းပဲကိုး။ ဒါ​ပေမဲ့ သူက ကျွန်​တော့်အပိုင်ဖြစ်​တော့မှာ​လေ"

"မင်း.. Taehyungကို လှည့်စား​နေတာ​တွေ ရပ်တန်းကရပ်၊ ​အေး.. သူ့ကို ဆက်ကစား​နေမယ်ဆို မင်းအသက်ကို အာမ,မခံဘူး"

Taehyungက သူ့ကိုယ်သူ ကစား​နေရတယ်လို့ ထင်​နေတာ။ တကယ်တမ်းက Antonရဲ့ လှလှပပကစားကွက်​တွေထဲ ကျ​ရောက်​နေခဲ့တာ ဖြစ်သည်။
Antonက Taehyungကိုချစ်ခင်လွန်းလို့ သည်အထိ လိုက်လာတယ် ထင်လို့လား။ ကိုယ့်အသည်းက သိပ်တုံးတာပဲ။
ကိုယ့်ကိုရက်စက်ဖို့ကလွဲရင် တကယ်ကို ဘာမှမမြင်နိုင်​တော့တဲ့ ​ကောင်​လေး။

ကိုယ်တိုင် မထိရက်မကိုင်ရက် ပျိုးထားရသူကို ကစားချင်သတဲ့လား Antonရယ်။ သည်လိုဆို Antonစိတ်မမှန်တာပဲဖြစ်ရမည်။
ဘယ်သူက ကိုယ့်အပိုင်​လေးကို လာထိရဲလို့တဲ့လဲ။

"Taehyungကို တကယ်မချစ်ရင် အချိန်မ​နှောင်းခင်ပဲ ​မော်စကိုကို ပြန်သွားလိုက်ပါ။ မင်းလိုသ​လောက် ​ငွေကို ငါထုတ်​ပေးမယ်"

"ကျွန်​တော် ​ငွေမလိုဘူး။ ကျွန်​တော့်မိသားစုအ​ခြေအ​နေကို သူ​ဌေးမင်းလည်း သိပါတယ်။ ကျွန်​တော်လိုချင်တာ သူ​ဌေးမင်းကို"

JungKookက ​စီးကရက်ကို ဘယ်လက်ဖြင့် ရှိုက်ဖွာလိုက်ရင်း မဲ့ပြုံးတစ်ခုကို နှုတ်ခမ်းထက်ချိတ်ဆွဲသည်။ ညာဘက်ပါးပြင်ရှိ ပါးချိုင့်​လေး ဝိုးတဝါး​ပေါ်လာပြီး အထာကျကျနှင့် ပတ်၀န်းကျင်ကို အနိုင်ပိုင်းပစ်၏။

​နောက်ဆုံး​တော့ Antonဆီက လိုရင်းအ​ဖြေတစ်ခုကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရ​ချေပြီ။ သိ​နေခဲ့ပြီးသားဆိုရင်​တောင် သူမကြားရသ​ရွေ့ အတည်မပြုနိုင် ဖြစ်​နေတာ။

"ငါ​တော့ မင်းကို မလိုချင်ဘူး။ Taehyungအနားမှာ အလိမ်အညာ​တွေနဲ့​နေပြီး ငါ့ကိုရဖို့ ​တွေးထားတယ်ဆိုရင်လည်း မြန်မြန်သာလက်​လျှော့လိုက်​တော့"

သူစိမ်းတစ်​ယောက်ကို ​လေကုန်ခံပြီး ရှင်းပြ​နေရတာ​လောက် ငြီး​ငွေ့ဖွယ်​ကောင်းတာမရှိ။ သူက စကားများများ​ပြော​နေရတာထက် အလုပ်နဲ့ပဲ သက်​သေပြချင်သူ။ သူ့အ​နေအထား၊ သူ့အာဏာနဲ့ အခုချက်ချင်း ဂုတ်ချိုးသတ်လိုက်ရင်​တောင် ပြဿနာရှိမှာ မဟုတ်။
ဒါကိုမှ ​​ရှေ့ဆက်တိုး​ရဲ​သေးတယ်ဆိုလည်း Antonက မ​ယောင်ရာဆီလူးပြီး သူရဲ​ဘော​ကြောင်တာပဲ ဖြစ်ရမည်။

"မ​​လျှော့နိုင်ပါဘူး။ လူဝီဗီးလ်ထိ​ရောက်လာတာ ဘာလုပ်ဖို့ထင်လို့လဲ။ လိုချင်တာမရဘဲ​တော့ အိမ်မပြန်​နိုင်ဘူး"

"အသုံးမဝင်တဲ့​နေရာမှာ ​​ခေါင်းမာ​နေတာပဲ။ မင်းလို​ကောင်မျိုး​တွေ ငါ​တွေ့ဖူးတယ်။ ​အေး.. Taehyung​နဲ့ မသက်ဆိုင်ကြလို့ ငါလျစ်လျူရှုခဲ့တာ။ မင်းလို Taehyungခံစားချက်ကို ကစား​နေတဲ့​ကောင်ကို ငါက အလွတ်​ပေးမယ်ထင်လား"

"Taehyungက သူ​​ဌေးမင်းကို မုန်း​နေတာ။ ဘယ်​တော့မှ ချစ်လာမှာမဟုတ်ဘူး။ မရနိုင်တာကို အပင်ပန်းခံပြီး ​​မျှော်လင့်​နေတာထက်စာရင် ကျွန်​တော့်လို.."

"မင်း​သောက်ပါးစပ်ကို ပိတ်ထား!"

​​ဒေါသအသံနှင့်အတူ Anton၏ ရှပ်အင်္ကျီ​ကော်လာကို ဆွဲ​ဆောင့်မိလျက်သား။ အစ်တစ်တစ်ခံစားချက်က အသက်ရှူလမ်း​ကြောင်းကို ပိတ်ဆို့ထားသည်။ ​​တောင်းတင်ခိုင်မာ၍ ​သွေး​ကြောစိမ်းများ ယှက်ဖြာလျက်ရှိသည့် လက်တစ်စုံက ​သေ​အောင်သတ်ပစ်ဖို့အထိ ရည်ရွယ်ထားပြီးဟန်။

တံခါး​ဘက်က အလင်းတစ်ခုဝင်လာသည်။ ဝင်လာသူကို သူသိလိုက်ပြီး​​နောက် မ​ကောင်းသည့်စိတ်​လေး ​ပေါ်လာခဲ့သည်။
နဂိုတည်းက မုန်း​နေပြီးသားလူကို ပိုပြီးစိတ်ပျက်ရွံရှာစရာ​ကောင်း​​အောင် လုပ်ရသည်က ခက်ခဲလွန်း​သောကဏ္ဍမဟုတ်​​ချေ။

သူ့ကို သတ်မိလုနီးပါးဖြစ်​နေ​သော သူ​ဌေးမင်းကို တွန်းဖယ်​နေရင်းက သူ့ဘက်ကို ဆွဲချလိုက်သည်။
သူ​ဌေးမင်းJeonမှာ ဟန်ချက်ပျက်သွားပြီး Antonရှိရာဘက်သို့ ယိုင်သွားရ၏။

အမြင်မတင့်လှ​သော ထိုပုံရိပ်က တံခါးဖွင့်ဝင်လာသူ Kim Taehyungမြင်လွှာ​ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်။ ထိုအခါမှ Antonက ဘယ်သူမှမသိ​အောင် ကြိတ်ပြုံး​လေးပြုံးသည်။

"ဘာ.. ဘာဖြစ်​နေကြတာလဲ။ ခင်ဗျားတို့.."

"မဟုတ်ဘူး Taehyung. ကိုယ်ရှင်းပြမယ်"

"​တော်ပါပြီ။ ခင်ဗျားရဲ့ စိတ်ပျက်စရာအ​ကြောင်းပြချက်​တွေကို စိတ်ကုန်လွန်းလို့"

ပါးစပ်အ​ဟောင်းသားနှင့် ကျန်ခဲ့ပြီး ဘယ်ကစလုပ်လို့ ဘယ်ကစကိုင်ရမည်ကိုပင် ​တွေးမရ။ အကြံ​​အောင်သူတစ်​ယောက်လို မိန့်မိန့်ကြီးထိုင်လျက်ရှိ​သော Antonကို မြင်လျှင် သူ့ကိုယ်သူဆက်ထိန်းထားဖို့ရာ ပိုလို့မဖြစ်နိုင်​တော့။

"​ခွေး​ကောင်..!"

'ခွမ်း!'

အစိတ်စိတ်အမြွှာမြွှာကွဲအက်သွား​သော ပန်းအိုးရယ် ​သွေးအလိမ်းလိမ်းစီးကျ​နေသည့် Anton​​၏ခေါင်း၊ ​သတိလစ်​​မေ့​မြောလျက်ရှိ​သော Anton.

သတိလစ်​နေသည့်လူကိုပင် အကြိမ်ကြိမ် ကန်​​ကျောက်မိ​နေဆဲ။ အိမ်ကြီးထဲ သက်​တော်​စောင့်​တွေ အသင့်ရှိမ​နေသည့်အတွက် ​တော်​တော်ကြာသည်အထိ ရိုက်နှက်​နေမိတာ။
ထိန်းမည့်လူမရှိ​​လေ သူ့ပုံစံက ​ကြောက်ဖို့​ကောင်း​လေ။

သည်လိုပါပဲ.. ကိုယ်က ကိုယ်နဲ့ကိုယ့်အသည်းကြား ​နှောင့်ယှက်သူတိုင်းကို ရှင်းပစ်နိုင်တာ..။

"ဘာဖြစ်​နေကြတာလဲ။ Anton..!"

အသံ​တွေကြားမှ အိမ်​ပေါ်က ပြန်ဆင်းလာသည့် Taehyungမှာလည်း ​သွေးအိုင်ကြီးကိုမြင်​တော့ အလန့်တကြား။ Antonက ကြမ်းပြင်​​ပေါ်မှာ ရုပ်ပျက်ဆင်းပျက်။ ​မ​ပြော​ကောင်းမဆို​​ကောင်း.. ကြောက်စရာလူသတ်ရုပ်ရှင်​တွေမှာ ​တွေ့ရ​လေ့ရှိ​သော ရုပ်အ​လောင်းကဲ့သို့။

အ​ပြေးအလွှားဆင်းသွားပြီး အသက်ရှူမရှူစစ်ကြည့်​တော့ ​ငွေ့​​ငွေ့က​လေး ရှူ​နေ​သေးသည်။
​သေသွား​တော့မလို့ သီသီက​လေးသာ လို​တော့၏။

Jeon JungKookက လူ​တွေကို အရုပ်လို့ ထင်​နေတာများလား။ မ​ကျေနပ်ရင် အလွယ်​​လေး သတ်လိုက်လို့ရသည်ဟု တွက်ထားတာလား။
ဘုရား ဘုရား.. လူသတ်သမားသားအဖနဲ့ ပတ်သက်မိခဲ့တာ သူသိပ်မှားသည်။

သက်​တော်​​စောင့်နဲ့ ခြံထဲက အလုပ်သမား​​တွေပါ ဝင်လာ​သော ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ထိုအခါမှ အား​ကောင်း​​​မောင်းသန် သက်​တော်​စောင့်​လေးတစ်​ယောက်လက်ထဲ Antonကို ထည့်​ပေးပြီး ​ဆေးရုံပို့ခိုင်းရသည်။ ဘုရား သိကြား မ,လို့ အသက်​တော့ မီပါ​စေ​တော့။

"ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ"

"မ​သေ​သေးဘူးလား။ ကိုယ်က ​သေသွား​စေချင်တာ"

"ဘာလို့ အဲ့​လောက်ထိ လုပ်ရက်ရတာလဲ။ ခင်ဗျားမှာ လုပ်သင့်မလုပ်သင့် ​တွေး​​ခေါ်တတ်တဲ့ဦး​နှောက်မရှိ​တော့ဘူးလား!"

"​အေး.. မရှိဘူး ဟုတ်တယ်။ ရှိလည်းမရှိချင်ဘူး။ သူက မင်းနဲ့ကိုယ့်ကြား ခ​လောက်ဆန်​နေတာ။ အဲ့လိုလူကို ကိုယ်ဆယ်ခါပြန်လည်း သတ်ရဲတယ်"

"ဘုရား ဘုရား.."

ဩချရ​လောက်​​အောင် အံ့ဩစရာ​ကောင်းတယ်ဆိုတာ ဒါမျိုးလား။
ခုနကတင် သူမြင်ခဲ့ရသည်မှာ Jeon JungKookနှင့် Anton၏ နီးနီးစပ်စပ်အ​​နေအထား။ မနာလိုတာလား၊ ဝမ်းနည်းတာလား၊ ဘယ်သူ့အတွက်ခံစား​နေရတာလဲ သူ့ကိုယ်သူမသဲကွဲ၍သာ အ​ရေးမပါသလိုဟန်ပြုပြီး ​ကျော်သွားခဲ့​ပေမဲ့ တကယ်တမ်းကျ သူသိပ်သိချင်သည်။

ဘယ်သူ့ဘက်က စိတ်​ဖောက်ပြန်​နေတာလဲ။ Jeon JungKookကလား။ Jeon JungKookက Antonဆီ စိတ်ယိုင်​နေတာများလား။ ဒါဆို ဘာလို့ သတ်ဖို့ ကြိုးစား​နေ​မလဲ။

ဉာဏ်မမီတဲ့ အဖြစ်အပျက်​​တွေ​ကြောင့် သူ့မှာ စကားလည်းမ​ပြောနိုင်၊ လှုပ်လည်းမလှုပ်ရှားနိုင်။ Jeon JungKookကို မျက်​တောင်မခတ်စတမ်း ကြည့်​နေလျက် ကြက်​သေ​သေ​နေခဲ့၏။

"သူ့ဘက်က ခင်ဗျားကို တရားစွဲလို့ရတယ်။ ခင်ဗျား ​ထောင်ကျချင်​နေတာလား Jeon JungKook"

"အနည်းဆုံး​တော့ ကိုယ်​ထောင်ကျမှာကို မင်း​တွေးပူသွားတယ်မလား။ ဒါကိုယ့်အတွက် အမြတ်​ပဲ​ပေါ့"

"ရူး​ကြောင်​ကြောင်​တွေ​​ပြော​နေတာ လုံ​လောက်ပြီ။ ခင်ဗျား အဲ့လို​တွေလုပ်​နေမယ်ဆို ကျွန်​တော် Antonကို ​ခေါ်ပြီး ထွက်သွားပစ်မယ်"

"လုပ်ကြည့်​လိုက်​လေ။ မင်းကို ကိုယ့်ဆီက ​ခေါ်ထုတ်သွားတဲ့လူ ဘယ်သူ့ကိုမှ.."

"ခင်ဗျား​တော်လိုက်​တော့"

နှစ်​ယောက်လုံးကို တစ်ပြိုက်နက်တည်း အသက်ရှူကြပ်​စေ​သော အခိုက်အတန့်။ အတိတ်ကဖြစ်ရပ်ဆိုး​တွေက မထင်မှတ်ဘဲ ​ခေါင်း​ထဲ ​ပေါ်လာသည်။
မ​တွေးချင်ဘဲ ​တွေးရ​သော အချိန်ဆိုတာ ဤအချိန်။

အစ​ဖော်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ JungKook စိတ်ပျက်သွားမိ​တော့သည်။

"Sorry.. မင်း​ဆေးရုံလိုက်သွားချင် လိုက်သွား​​လေ"
____

​ကျောင်းနားလိုက်ပြီး​နောက် JungKook​​လေး အ​ခြေအ​နေက ပို​ကောင်းမလာ။ ထူးလာသည်ဟူ၍ စိတ်ကျန်းမာ​ရေးဆရာ၀န်တစ်​ယောက်နှင့် ပြလိုက်ရသည်သာ အဖတ်တင်၏။

ထိုဆရာ၀န်က ပေါက်ကရ​မေးခွန်း​တွေ​မေးပြီး အမည်မသိ​ဆေး​တွေကို ​သောက်ခိုင်းသည်။ မြင့်တစ်ခါ ကျတစ်လှည့်ဖြစ်​နေ​သော သူ့စိတ်အ​ခြေအ​နေကိုလည်း အမည်တစ်မျိုး​​ပေးသွား​သေးသည်။
စိတ်ကြွချိန်ဆို ​သွေး​အေးရက်စက်တတ်လွန်း​သော သူ့ကို ဘယ်သူမှ မတားနိုင်သည်အထိ။
စိတ်ကျချိန်ဆို​ပြန်​တော့လည်း ညှိုးညှိုးငယ်ငယ်ဖြစ်​နေပုံက ရက်လရှည်ကြာထမင်းမစား​ရေမ​သောက်ဘဲ ​နေခဲ့ရသည့် အာဟာရပြတ်လပ်​နေသူ တစ်​ယောက်သဖွယ်။

ဆရာ၀န်ခန့်မှန်းတွက်ဆချက်အရ​တော့ စိတ်ကျချိန်က စိတ်ကြွချိန်ထက် သုံးဆခန့်ပိုရှည်ကြာသည်။

သူ့စိတ်လိုအင်က တစ်ခုတည်းရှိတာ။ အဲ့တာက Kim Taehyungဆိုတဲ့ က​လေး​လေး။ သူ့အပိုင် အရုပ်က​လေး။ ထိုက​လေးက သူ့ဘဝနဲ့ စိတ်ပိုင်းဆိုင်ရာကို သည်​လောက်ထိ လွှမ်းမိုးချုပ်ကိုင်သွားတာ ဖြစ်၏။

"JungKook.. ဒီမှာ ကြည့်ပါဦး"

"Taehyung​လေးလား"

​အ​ဖေ့လက်ထဲမှာ ​ပွေ့ချီထား​သော က​လေး​လေးကို Taehyung အထင်နဲ့ ၀မ်းသားအားရ ​ပြေးကြည့်သည်။

"Taehyungမှ မဟုတ်တာ"

Taehyung​လေးမဟုတ်မှန်းသိ​တော့ သူ့မျက်နှာက အလိုလိုညိုကျသွား၏။ ပြို​တော့မည့်မိုးလို၊ ငို​တော့မည့် တိမ်​တွေလို.. သူ့ခမျာ စိတ်ကြည်လင်မှုမရနိုင်။
​ဒေါသပြီးလျှင် စိတ်ကျလိုက်၊ စိတ်ကျပြီးလျှင် ​ဒေါသထွက်လိုက်.. မ​ကောင်းတာ​တွေချည်း လုံးချာလိုက်​နေ​သော သူ့အဖြစ်ကို ဘယ်အထူးကုဆရာ၀န်မှ ကယ်တင်နိုင်မှာ မဟုတ်​ချေ။

"ဒါ​လည်း Taehyungနဲ့ ရွယ်တူက​လေး​လေးပဲ​လေ။ JungKookလိုချင်တဲ့ ညီ​လေးအရွယ်ပါပဲ"

"ကျွန်​တော်ညီ​လေးလိုချင်တာမဟုတ်ဘူးအ​ဖေ။ ကျွန်​တော်လိုချင်တာ Taehyung"

"Taehyungလည်း ငါ့သားရဲ့ညီ​လေးလိုပါပဲကွာ"

"ညီ​​လေးမဟုတ်ဘူး။ အဲ့ဒီက​လေးက ကျွန်​တော်လိုချင်တဲ့ပစ္စည်း"

ပစ္စည်းဆိုသည့် ​ဝေါဟာရထက် လှပ​​သော​ဝေါဟာရကို သူ​တွေးမရ၍သာ။ တကယ်တမ်း​တော့ ထိုက​လေးအတွက် သည်ထက် စာဖွဲ့ပြချင်သည်။ အဲ့​လောက်ထိ သူဉာဏ်မမီ​နေ။ အခုတ​လော သူအရင်က​​လောက် စာ​ပေအရာမှာ မထူးချွန်​တော့။
သူ့ဦး​နှောက်​ရော နှလုံးသားပါ ပြည့်သိပ်တင်းကျပ်​နေပြီး ဘယ်အရာကိုမှ ထပ်ထည့်မရ​အောင် တစ်စုံတစ်ရာက ​နေရာယူလို့ထားသည်။

"ဒီက​လေးလည်း ချစ်စရာ​လေးပါကွ။ ကြည့်ပါဦး.. ငါ့သားကို ရယ်ပြ​နေတာ ဘယ်​လောက်ချစ်ဖို့​ကောင်းလိုက်သလဲ"

သူ​ဌေးကြီးJeonမှာ ဘယ်က​လေးကိုမှ မချစ်တတ်သူ ဖြစ်လင့်ကစား သူ့သားအတွက် အဆင်​ပြေလို​ပြေငြား က​လေး​လေးကို ​ချော့ပြမြူပြသည်။ က​လေး​လေးက​တော့ မျက်နှာချိုရှာပါသည်။ တခစ်ခစ်ရယ်လို့။ တမင်လည်း မျက်နှာချိုသည့်က​လေးကို မိဘ​မဲ့​ဂေဟာမှာ ကိုယ်တိုင်သွား​ရွေးလာခဲ့တာ။
သို့​သော် က​လေးကို JungKook​​လေးက ချစ်ဟန်မပြ။

"ဘယ်နားက ချစ်ဖို့​ကောင်းလို့လဲ။ စိတ်ပျက်စရာ​ကောင်းတယ်.. ​ပြန်ပို့လိုက်"

က​လေး​လေးက နားလည်သည့်အလား မျက်နှာငယ်သွားသည်။ အသည်းမာလွန်းသူ သူ​ဌေးကြီး​တောင် အားတုံ့အားနာဖြစ်သွား၏။ မိဘမဲ့က​လေး​လေးမဟုတ်လား။ မိဘ​တောင် မလိုချင်တဲ့က​လေး​လေးဆိုတာနဲ့ပင် သနားစရာ​ကောင်းလွန်း​နေပြီ။

"​သေချာလား ပြန်ပို့ရမှာ။ ညီ​လေးမဟုတ်ဘူးဆို ညီမ​လေး​ရော.."

"Kim Taehyungကိုမှမဟုတ်ရင် ဘယ်က​လေးကိုမှ အမှိုက်ရှုပ်​အောင် ​ခေါ်မလာနဲ့"

အ​ဖေက ထိုက​လေးကို မိဘမဲ့​ကျောင်းသို့ ပြန်ပို့လိုက်ရသည်။ သိရသ​လောက်​တော့ ထိုက​လေးအတွက် စရိတ်အ​တော်​​ပေးခဲ့သည်တဲ့။ ဆယ်စုနှစ်တစ်ခုနှစ်ခုစာဖြစ်​လောက်သည်။
ကိုယ့်​ကြောင့် ပိုက်ဆံရှုံးသွားရ​ပေမဲ့ မတတ်နိုင်။
ထိုက​လေးရှိ​နေလည်း ထိုက​လေးကို သူ့အ​နေနဲ့ ​ပေးနိုင်တာ တစ်ခုပဲရှိလိမ့်မည်။ ၎င်းမှာ ကိုယ်စိတ်နှစ်ပါးဒုက္ခအစုံလိုက်ဖြစ်၏။

"စာ​တွေ​ရော လိုက်နိုင်ရဲ့လား JungKook"

"အင်း.. လိုက်နိုင်လို့ပဲ အ​ဖေ့အလုပ်​တွေ ကူ​ပေး​နေတယ်မလား"

JungKookက အနိမ့်အမြင့်မရှိ​သော ​လေယူ​လေသိမ်းဖြင့် စကား​ပြန်ပြော၏။ သူအာရုံ​ပြောင်းလို​​ပြောင်းငြားဆိုပြီး အ​ဖေက အလုပ်ထဲ ပြန်ကူခိုင်းထားသည်။ ခက်ခက်ခဲခဲအလုပ်မဟုတ်သည့်အတွက် လက်ခံဖြစ်လိုက်ရုံ။

စာရင်းဇယား​တွေကို တွက်ချက်ပြီး ဘယ်သူက အ​ကြွေးဘယ်​လောက်ကျန်သည် စသဖြင့် မှတ်သားရသည့်အလုပ်က သူ့အတွက်​တော့ မိန်းမလိုမိန်းမရဆန်သည်။ အ​ဖေက​တော့ အလုပ်မှာ မိန်းမ​ယောကျ်ားဟူသဖြင့် မရှိဘူးဆိုပဲ။
​ငွေတိုး​ချေးသည့်အလုပ်မျိုး အ​ဖေဘာ​ကြောင့် လုပ်ပါသနည်း။ လက်နက်ထုတ်ပြီး အ​ရောင်းအ၀ယ်လုပ်သည့်အလုပ်က ​ဝင်​ငွေ​ကြမ်းသလို ကျားကျားယားယားဆန်သည့်အတွက် သူသ​ဘောကျသ​​လောက် ​ငွေတိုး​ချေးရတာ​ကို​တော့ မနှစ်သက်ပါ။

"Taehyungအ​ဖေယူထားတဲ့အ​ကြွေးက များသလား"

"အင်း.. များတယ်။ အတိုး​ရော အရင်း​ရော​ပေါင်းရင် သူတို့မ​သေခင်​တောင် ဆပ်ကုန်ပါ့မလားမသိဘူး"

"အဲ့တာနဲ့များ အ​ဖေဘာလို့ ခြိမ်း​ခြောက်ပြီး မ​ခေါ်ထားရတာလဲ"

"အ​ဖေက ဘာလို့​ခေါ်ထားရမှာလဲ။ Taehyung​လေးက အပြစ်မရှိ​ပေမဲ့ သူ့အ​ဖေက အ​ဖေ့ဘဝမှာ အမုန်းဆုံးလူ"

အ​ဖေ​က တစ်ခုခုဆက်​ပြောဟန်ပြင်​နေ​သော​ကြောင့် သူဝင်မ​ပြောဘဲ ​စောင့်​နေလိုက်သည်။

"အ​ဖေ့က ​သားအဖနှစ်​ယောက်လုံး ​သေ​အောင် နှိပ်စက်ပစ်ဖို့​​တောင် လုပ်ထားတာ။ ငါ့သားသာ Taehyung​လေးကို ဒီ​လောက်တွယ်တာမ​နေရင် အ​ဖေက လုပ်ပစ်မိမှာပဲ"

အ​ဖေက သူ့ဘက်ကို အများကြီး ကြည့်​​ပေးခဲ့သည်။ သူ့ဘက်ကပဲ ဒုက္ခ​တွေ​ပေး​နေမိသည့်အလား။
သူ့ကိုယ်တိုင်​တောင် စိတ်ကုန်မိသည်အထိ။ စိတ်​ရောဂါသည်တစ်​ယောက်လို ဖြစ်​နေမိတာ​ကို​ရော၊ သန်သန်မာမာ​ယောကျ်ားတစ်​ယောက် ဖြစ်မ​နေတာကို​ရော စိတ်ပျက်​နေမိ​တော့တာ။

"တစ်နှစ်​လောက်ပါပဲ။ ​နောက်ကျ ငါ့သားလည်း အသားကျသွားမှာပါ။ ​ကြာ​တော့လည်း ​မေ့သွားမှာ​ပေါ့"

JungKook စကားဆက်မ​ပြောဘဲ အလုပ်သာ ဆက်လုပ်​နေ၏။

အ​​ဖေ့ခန့်မှန်းချက်က တက်တက်စင်​အောင် လွဲသည်။ တစ်နှစ်ပတ်လုံး ကြိုးကြိုးစားစား​မေ့​ဖျောက်​နေခဲ့​​သော်လည်း သူမ​​အောင်မြင်ခဲ့။ ထိုက​လေး​လေးက သူ့စိတ်ထဲ ​နေရာယူ​နေဆဲဖြစ်ပြီး အနံ့အသက်​လေးကအစ သူအလွတ်ရ​နေဆဲ။

သူ​​ထွေး​ပွေ့ဖူးတဲ့ ခပ်​နွေး​နွေးခန္ဓါကိုယ်​လေး၊ တို့ထိဖူးတဲ့ နုအိအိပါးနှစ်ဖက်.. အစစအရာရာက တမ်းတစရာ​တွေချည်း။ သည်က​လေးကိုမှ ​နောက်ထပ်မ​တွေ့ရရင် သူဖြင့် သွက်သွက်ခါ​သွား​တော့မည်။

၁၃နှစ်သားဘဝတုန်းကလည်း သည်က​လေး​လေးကသူ့အပိုင်၊ အခု ၁၅နှစ်ပြည့်ပြီးသည်အထိ သူ့အပိုင်ဖြစ်​နေဆဲ။ ဒါဘယ်သူမှ လာငြင်းလို့မရသည့် အမှန်တရား။
သည်​ကျောင်းပိတ်ရက်​တော့ က​လေး​​လေးကို သူ့ဆီ​ရောက်​အောင် ပြန်​ခေါ်မှ ဖြစ်​တော့မည်။

"ဆိုဗီယက်ထိ သွားရှာမယ် ဟုတ်လား"

"ဟုတ်တယ် အ​ဖေ။ ကျွန်​တော် ဒီအတိုင်း​တော့ ထိုင်​စောင့်မ​နေချင်ဘူး။ အသက်ကြီးလာတယ်၊ အရွယ်​ရောက်လာတယ်ဆိုတာက အလကား ပညက်ချက်​တွေပါ"

"အဲ့လို စိတ်လိုက်မာန်ပါလုပ်မရဘူး​လေ။ သူတို့သားအဖက အ​ကြွေး​တွေလာဆပ်ရဦးမှာပဲ။ အဲ့ဒီ​တော့ကျ သူတို့အလိုလို ​ရောက်လာလိမ့်မယ်"

"ကျွန်​တော်အချိန်ကို ထိုင်​​စောင့်မ​နေချင်ဘူး။ အ​ဖေမလိုက်​ပေးလည်းရတယ်။ ကျွန်​တော့်ဘာသာ ​မော်စကို သွားမယ်"

သူ​ဌေးကြီးမှာ ​​​​သွေး​ဆောင့်တက်လုလု။ ဘယ်သူနဲ့တူလို့ သူ့သားက အခု​လောက်ထိ ​ခေါင်းမာ​နေရတာလဲ။
သူ့ဆန္ဒအရ​တော့ အဲ့က​လေးကို ​​မေ့​မေ့​ပျောက်​ပျောက်ဖြစ်သွားဖို့ပဲ ​မျှော်လင့်ခဲ့တာ။ အခုချိန်ထိ ဇွတ်အတင်းဖြစ်​နေတာက သူ့အမြင်အရ ​ကောင်းသည့်လက္ခဏာမဟုတ်။

"အ​ဖေမလိုက်လို့ဘယ်ဖြစ်မလဲ။ စိတ်ချ.. ငါ့သားလိုချင်ရင် ရ​အောင်လုပ်​ပေးမယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ်.."

ဘယ်လိုနားချချ တိုးတက်မလာနိုင်မည့်အတူတူ သူ့ဘက်က လိုက်လံ​ဆောင်ရွက်​​ပေးရန်သာ ကျန်​တော့သည်။ JungKookက လုံး၀ကြီး ​နေ​ကောင်း​သေးတာ မဟုတ်သည့်အတွက် သူမလိုက်သွားလို့​​တော့ မဖြစ်။ နိုင်ငံရပ်ခြားထိ​တော့ ဘယ်လိုမှ မဖြစ်နိုင်။ ကိုယ့်သား​ပျော်သွားမှာကို မြင်ရမည်ဆို​တော့ သူ့အတွက် အရှုံးမရှိ​လှပါ။

ရှုံးမှရှုံး အ​ကြွေးလာဆပ်မည့်လူတစ်​ယောက် ဆုံးရှုံးသွားရုံ​လောက်သာ..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

မနက္​​ေစာ​ေစာစီးစီးအျပင္ထြက္သြားတဲ့ Taehyung​ေၾကာင့္ အိမ္မွာ သူနဲ႔ Anton ႏွစ္​ေယာက္တည္းသာ က်န္ခဲ့သည္။
သည္အ​ေငြ႕အသက္ကို သူမႀကိဳက္။ အထူးသျဖင့္ သူ႔ကို Antonက ႐ႊန္း႐ႊန္းစားစားၾကည့္​ေနေသာအခါ အ​ေနရခက္စရာ မႏွစ္ၿမိဳ႕ဖြယ္ ခံစားခ်က္။

"ကိုယ္နဲ႔​ေဝး​ေဝး​ေန Anton"

"ဘာလို႔လဲ။ လူႏွစ္​ေယာက္တည္းရွိတုန္း ရင္းႏွီးမႈယူသင့္တာ မဟုတ္လား"

"ဒီမွာ.. ထပ္သတိ​ေပးလိုက္မယ္။ ပထမတစ္ခါတုန္းက​လို အသက္အႏၲရာယ္မရွိခ်င္ရင္ ငါ့အနားလာမ​ေနပါနဲ႔။ ငါမႀကိဳက္ဘူး"

Anton၏ မ​ေက်မနပ္အမူအရာက အတိုင္းသား ​ေပၚလာသည္။ သူ​ေဌးမင္းJeonက သူထင္တာထက္ သိပ္အကင္းပါးသည္။ သူ႔​ေျခလွမ္း​ေတြကို ႀကိဳသိ​ေနသလို သူ႔ရင္ဘတ္ႀကီးကိုပါ ​ေဖာက္ထြင္းျမင္ႏိုင္သူ။
သည္လိုဆို သူ​ေမွ်ာ္လင့္ထားသလို ျဖစ္လာမွာ မဟုတ္။ သူဗ်ဴဟာမ်ား ​ေျပာင္းလိုက္သင့္လား။

"သူ​ေဌးမင္းက Taehyungအ​ေပၚ ခံစားခ်က္ရွိ​ေနတုန္းပဲကိုး။ ဒါ​ေပမဲ့ သူက ကြၽန္​ေတာ့္အပိုင္ျဖစ္​ေတာ့မွာ​ေလ"

"မင္း.. Taehyungကို လွည့္စား​ေနတာ​ေတြ ရပ္တန္းကရပ္၊ ​ေအး.. သူ႔ကို ဆက္ကစား​ေနမယ္ဆို မင္းအသက္ကို အာမ,မခံဘူး"

Taehyungက သူ႔ကိုယ္သူ ကစား​ေနရတယ္လို႔ ထင္​ေနတာ။ တကယ္တမ္းက Antonရဲ႕ လွလွပပကစားကြက္​ေတြထဲ က်​ေရာက္​ေနခဲ့တာ ျဖစ္သည္။
Antonက Taehyungကိုခ်စ္ခင္လြန္းလို႔ သည္အထိ လိုက္လာတယ္ ထင္လို႔လား။ ကိုယ့္အသည္းက သိပ္တုံးတာပဲ။
ကိုယ့္ကိုရက္စက္ဖို႔ကလြဲရင္ တကယ္ကို ဘာမွမျမင္ႏိုင္​ေတာ့တဲ့ ​ေကာင္​ေလး။

ကိုယ္တိုင္ မထိရက္မကိုင္ရက္ ပ်ိဳးထားရသူကို ကစားခ်င္သတဲ့လား Antonရယ္။ သည္လိုဆို Antonစိတ္မမွန္တာပဲျဖစ္ရမည္။
ဘယ္သူက ကိုယ့္အပိုင္​ေလးကို လာထိရဲလို႔တဲ့လဲ။

"Taehyungကို တကယ္မခ်စ္ရင္ အခ်ိန္မ​ေႏွာင္းခင္ပဲ ​ေမာ္စကိုကို ျပန္သြားလိုက္ပါ။ မင္းလိုသ​ေလာက္ ​ေငြကို ငါထုတ္​ေပးမယ္"

"ကြၽန္​ေတာ္ ​ေငြမလိုဘူး။ ကြၽန္​ေတာ့္မိသားစုအ​ေျခအ​ေနကို သူ​ေဌးမင္းလည္း သိပါတယ္။ ကြၽန္​ေတာ္လိုခ်င္တာ သူ​ေဌးမင္းကို"

JungKookက ​စီးကရက္ကို ဘယ္လက္ျဖင့္ ရႈိက္ဖြာလိုက္ရင္း မဲ့ၿပဳံးတစ္ခုကို ႏႈတ္ခမ္းထက္ခ်ိတ္ဆြဲသည္။ ညာဘက္ပါးျပင္ရွိ ပါးခ်ိဳင့္​ေလး ဝိုးတဝါး​ေပၚလာၿပီး အထာက်က်ႏွင့္ ပတ္၀န္းက်င္ကို အႏိုင္ပိုင္းပစ္၏။

​ေနာက္ဆုံး​ေတာ့ Antonဆီက လိုရင္းအ​ေျဖတစ္ခုကို နားနဲ႔ဆတ္ဆတ္ၾကားလိုက္ရ​ေခ်ၿပီ။ သိ​ေနခဲ့ၿပီးသားဆိုရင္​ေတာင္ သူမၾကားရသ​ေ႐ြ႕ အတည္မျပဳႏိုင္ ျဖစ္​ေနတာ။

"ငါ​ေတာ့ မင္းကို မလိုခ်င္ဘူး။ Taehyungအနားမွာ အလိမ္အညာ​ေတြနဲ႔​ေနၿပီး ငါ့ကိုရဖို႔ ​ေတြးထားတယ္ဆိုရင္လည္း ျမန္ျမန္သာလက္​ေလွ်ာ့လိုက္​ေတာ့"

သူစိမ္းတစ္​ေယာက္ကို ​ေလကုန္ခံၿပီး ရွင္းျပ​ေနရတာ​ေလာက္ ၿငီး​ေငြ႕ဖြယ္​ေကာင္းတာမရွိ။ သူက စကားမ်ားမ်ား​ေျပာ​ေနရတာထက္ အလုပ္နဲ႔ပဲ သက္​ေသျပခ်င္သူ။ သူ႔အ​ေနအထား၊ သူ႔အာဏာနဲ႔ အခုခ်က္ခ်င္း ဂုတ္ခ်ိဳးသတ္လိုက္ရင္​ေတာင္ ျပႆနာရွိမွာ မဟုတ္။
ဒါကိုမွ ​​ေရွ႕ဆက္တိုး​ရဲ​ေသးတယ္ဆိုလည္း Antonက မ​ေယာင္ရာဆီလူးၿပီး သူရဲ​ေဘာ​ေၾကာင္တာပဲ ျဖစ္ရမည္။

"မ​​ေလွ်ာ့ႏိုင္ပါဘူး။ လူဝီဗီးလ္ထိ​ေရာက္လာတာ ဘာလုပ္ဖို႔ထင္လို႔လဲ။ လိုခ်င္တာမရဘဲ​ေတာ့ အိမ္မျပန္​ႏိုင္ဘူး"

"အသုံးမဝင္တဲ့​ေနရာမွာ ​​ေခါင္းမာ​ေနတာပဲ။ မင္းလို​ေကာင္မ်ိဳး​ေတြ ငါ​ေတြ႕ဖူးတယ္။ ​ေအး.. Taehyung​နဲ႔ မသက္ဆိုင္ၾကလို႔ ငါလ်စ္လ်ဴရႈခဲ့တာ။ မင္းလို Taehyungခံစားခ်က္ကို ကစား​ေနတဲ့​ေကာင္ကို ငါက အလြတ္​ေပးမယ္ထင္လား"

"Taehyungက သူ​​ေဌးမင္းကို မုန္း​ေနတာ။ ဘယ္​ေတာ့မွ ခ်စ္လာမွာမဟုတ္ဘူး။ မရႏိုင္တာကို အပင္ပန္းခံၿပီး ​​ေမွ်ာ္လင့္​ေနတာထက္စာရင္ ကြၽန္​ေတာ့္လို.."

"မင္း​ေသာက္ပါးစပ္ကို ပိတ္ထား!"

​​ေဒါသအသံႏွင့္အတူ Anton၏ ရွပ္အက်ႌ​ေကာ္လာကို ဆြဲ​ေဆာင့္မိလ်က္သား။ အစ္တစ္တစ္ခံစားခ်က္က အသက္ရႉလမ္း​ေၾကာင္းကို ပိတ္ဆို႔ထားသည္။ ​​ေတာင္းတင္ခိုင္မာ၍ ​ေသြး​ေၾကာစိမ္းမ်ား ယွက္ျဖာလ်က္ရွိသည့္ လက္တစ္စုံက ​ေသ​ေအာင္သတ္ပစ္ဖို႔အထိ ရည္႐ြယ္ထားၿပီးဟန္။

တံခါး​ဘက္က အလင္းတစ္ခုဝင္လာသည္။ ဝင္လာသူကို သူသိလိုက္ၿပီး​​ေနာက္ မ​ေကာင္းသည့္စိတ္​ေလး ​ေပၚလာခဲ့သည္။
နဂိုတည္းက မုန္း​ေနၿပီးသားလူကို ပိုၿပီးစိတ္ပ်က္႐ြံရွာစရာ​ေကာင္း​​ေအာင္ လုပ္ရသည္က ခက္ခဲလြန္း​ေသာက႑မဟုတ္​​ေခ်။

သူ႔ကို သတ္မိလုနီးပါးျဖစ္​ေန​ေသာ သူ​ေဌးမင္းကို တြန္းဖယ္​ေနရင္းက သူ႔ဘက္ကို ဆြဲခ်လိုက္သည္။
သူ​ေဌးမင္းJeonမွာ ဟန္ခ်က္ပ်က္သြားၿပီး Antonရွိရာဘက္သို႔ ယိုင္သြားရ၏။

အျမင္မတင့္လွ​ေသာ ထိုပုံရိပ္က တံခါးဖြင့္ဝင္လာသူ Kim Taehyungျမင္လႊာ​ေရွ႕မွာ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္။ ထိုအခါမွ Antonက ဘယ္သူမွမသိ​ေအာင္ ႀကိတ္ၿပဳံး​ေလးၿပဳံးသည္။

"ဘာ.. ဘာျဖစ္​ေနၾကတာလဲ။ ခင္ဗ်ားတို႔.."

"မဟုတ္ဘူး Taehyung. ကိုယ္ရွင္းျပမယ္"

"​ေတာ္ပါၿပီ။ ခင္ဗ်ားရဲ႕ စိတ္ပ်က္စရာအ​ေၾကာင္းျပခ်က္​ေတြကို စိတ္ကုန္လြန္းလို႔"

ပါးစပ္အ​ေဟာင္းသားႏွင့္ က်န္ခဲ့ၿပီး ဘယ္ကစလုပ္လို႔ ဘယ္ကစကိုင္ရမည္ကိုပင္ ​ေတြးမရ။ အႀကံ​​ေအာင္သူတစ္​ေယာက္လို မိန္႔မိန္႔ႀကီးထိုင္လ်က္ရွိ​ေသာ Antonကို ျမင္လွ်င္ သူ႔ကိုယ္သူဆက္ထိန္းထားဖို႔ရာ ပိုလို႔မျဖစ္ႏိုင္​ေတာ့။

"​ေခြး​ေကာင္..!"

'ခြမ္း!'

အစိတ္စိတ္အႁမႊာႁမႊာကြဲအက္သြား​ေသာ ပန္းအိုးရယ္ ​ေသြးအလိမ္းလိမ္းစီးက်​ေနသည့္ Anton​​၏ေခါင္း၊ ​သတိလစ္​​ေမ့​ေျမာလ်က္ရွိ​ေသာ Anton.

သတိလစ္​ေနသည့္လူကိုပင္ အႀကိမ္ႀကိမ္ ကန္​​ေက်ာက္မိ​ေနဆဲ။ အိမ္ႀကီးထဲ သက္​ေတာ္​ေစာင့္​ေတြ အသင့္ရွိမ​ေနသည့္အတြက္ ​ေတာ္​ေတာ္ၾကာသည္အထိ ႐ိုက္ႏွက္​ေနမိတာ။
ထိန္းမည့္လူမရွိ​​ေလ သူ႔ပုံစံက ​ေၾကာက္ဖို႔​ေကာင္း​ေလ။

သည္လိုပါပဲ.. ကိုယ္က ကိုယ္နဲ႔ကိုယ့္အသည္းၾကား ​ေႏွာင့္ယွက္သူတိုင္းကို ရွင္းပစ္ႏိုင္တာ..။

"ဘာျဖစ္​ေနၾကတာလဲ။ Anton..!"

အသံ​ေတြၾကားမွ အိမ္​ေပၚက ျပန္ဆင္းလာသည့္ Taehyungမွာလည္း ​ေသြးအိုင္ႀကီးကိုျမင္​ေတာ့ အလန္႔တၾကား။ Antonက ၾကမ္းျပင္​​ေပၚမွာ ႐ုပ္ပ်က္ဆင္းပ်က္။ ​မ​ေျပာ​ေကာင္းမဆို​​ေကာင္း.. ေၾကာက္စရာလူသတ္႐ုပ္ရွင္​ေတြမွာ ​ေတြ႕ရ​ေလ့ရွိ​ေသာ ႐ုပ္အ​ေလာင္းကဲ့သို႔။

အ​ေျပးအလႊားဆင္းသြားၿပီး အသက္ရႉမရႉစစ္ၾကည့္​ေတာ့ ​ေငြ႕​​ေငြ႕က​ေလး ရႉ​ေန​ေသးသည္။
​ေသသြား​ေတာ့မလို႔ သီသီက​ေလးသာ လို​ေတာ့၏။

Jeon JungKookက လူ​ေတြကို အ႐ုပ္လို႔ ထင္​ေနတာမ်ားလား။ မ​ေက်နပ္ရင္ အလြယ္​​ေလး သတ္လိုက္လို႔ရသည္ဟု တြက္ထားတာလား။
ဘုရား ဘုရား.. လူသတ္သမားသားအဖနဲ႔ ပတ္သက္မိခဲ့တာ သူသိပ္မွားသည္။

သက္​ေတာ္​​ေစာင့္နဲ႔ ၿခံထဲက အလုပ္သမား​​ေတြပါ ဝင္လာ​ေသာ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္သည္။ ထိုအခါမွ အား​ေကာင္း​​​ေမာင္းသန္ သက္​ေတာ္​ေစာင့္​ေလးတစ္​ေယာက္လက္ထဲ Antonကို ထည့္​ေပးၿပီး ​ေဆး႐ုံပို႔ခိုင္းရသည္။ ဘုရား သိၾကား မ,လို႔ အသက္​ေတာ့ မီပါ​ေစ​ေတာ့။

"ခင္ဗ်ားဘယ္လိုလုပ္လိုက္တာလဲ"

"မ​ေသ​ေသးဘူးလား။ ကိုယ္က ​ေသသြား​ေစခ်င္တာ"

"ဘာလို႔ အဲ့​ေလာက္ထိ လုပ္ရက္ရတာလဲ။ ခင္ဗ်ားမွာ လုပ္သင့္မလုပ္သင့္ ​ေတြး​​ေခၚတတ္တဲ့ဦး​ေႏွာက္မရွိ​ေတာ့ဘူးလား!"

"​ေအး.. မရွိဘူး ဟုတ္တယ္။ ရွိလည္းမရွိခ်င္ဘူး။ သူက မင္းနဲ႔ကိုယ့္ၾကား ခ​ေလာက္ဆန္​ေနတာ။ အဲ့လိုလူကို ကိုယ္ဆယ္ခါျပန္လည္း သတ္ရဲတယ္"

"ဘုရား ဘုရား.."

ဩခ်ရ​ေလာက္​​ေအာင္ အံ့ဩစရာ​ေကာင္းတယ္ဆိုတာ ဒါမ်ိဳးလား။
ခုနကတင္ သူျမင္ခဲ့ရသည္မွာ Jeon JungKookႏွင့္ Anton၏ နီးနီးစပ္စပ္အ​​ေနအထား။ မနာလိုတာလား၊ ဝမ္းနည္းတာလား၊ ဘယ္သူ႔အတြက္ခံစား​ေနရတာလဲ သူ႔ကိုယ္သူမသဲကြဲ၍သာ အ​ေရးမပါသလိုဟန္ျပဳၿပီး ​ေက်ာ္သြားခဲ့​ေပမဲ့ တကယ္တမ္းက် သူသိပ္သိခ်င္သည္။

ဘယ္သူ႔ဘက္က စိတ္​ေဖာက္ျပန္​ေနတာလဲ။ Jeon JungKookကလား။ Jeon JungKookက Antonဆီ စိတ္ယိုင္​ေနတာမ်ားလား။ ဒါဆို ဘာလို႔ သတ္ဖို႔ ႀကိဳးစား​ေန​မလဲ။

ဉာဏ္မမီတဲ့ အျဖစ္အပ်က္​​ေတြ​ေၾကာင့္ သူ႔မွာ စကားလည္းမ​ေျပာႏိုင္၊ လႈပ္လည္းမလႈပ္ရွားႏိုင္။ Jeon JungKookကို မ်က္​ေတာင္မခတ္စတမ္း ၾကည့္​ေနလ်က္ ၾကက္​ေသ​ေသ​ေနခဲ့၏။

"သူ႔ဘက္က ခင္ဗ်ားကို တရားစြဲလို႔ရတယ္။ ခင္ဗ်ား ​ေထာင္က်ခ်င္​ေနတာလား Jeon JungKook"

"အနည္းဆုံး​ေတာ့ ကိုယ္​ေထာင္က်မွာကို မင္း​ေတြးပူသြားတယ္မလား။ ဒါကိုယ့္အတြက္ အျမတ္​ပဲ​ေပါ့"

"႐ူး​ေၾကာင္​ေၾကာင္​ေတြ​​ေျပာ​ေနတာ လုံ​ေလာက္ၿပီ။ ခင္ဗ်ား အဲ့လို​ေတြလုပ္​ေနမယ္ဆို ကြၽန္​ေတာ္ Antonကို ​ေခၚၿပီး ထြက္သြားပစ္မယ္"

"လုပ္ၾကည့္​လိုက္​ေလ။ မင္းကို ကိုယ့္ဆီက ​ေခၚထုတ္သြားတဲ့လူ ဘယ္သူ႔ကိုမွ.."

"ခင္ဗ်ား​ေတာ္လိုက္​ေတာ့"

ႏွစ္​ေယာက္လုံးကို တစ္ၿပိဳက္နက္တည္း အသက္ရႉၾကပ္​ေစ​ေသာ အခိုက္အတန္႔။ အတိတ္ကျဖစ္ရပ္ဆိုး​ေတြက မထင္မွတ္ဘဲ ​ေခါင္း​ထဲ ​ေပၚလာသည္။
မ​ေတြးခ်င္ဘဲ ​ေတြးရ​ေသာ အခ်ိန္ဆိုတာ ဤအခ်ိန္။

အစ​ေဖာ္မိတဲ့ ကိုယ့္ကိုယ္ကိုယ္ပဲ JungKook စိတ္ပ်က္သြားမိ​ေတာ့သည္။

"Sorry.. မင္း​ေဆး႐ုံလိုက္သြားခ်င္ လိုက္သြား​​ေလ"
____

​ေက်ာင္းနားလိုက္ၿပီး​ေနာက္ JungKook​​ေလး အ​ေျခအ​ေနက ပို​ေကာင္းမလာ။ ထူးလာသည္ဟူ၍ စိတ္က်န္းမာ​ေရးဆရာ၀န္တစ္​ေယာက္ႏွင့္ ျပလိုက္ရသည္သာ အဖတ္တင္၏။

ထိုဆရာ၀န္က ေပါက္ကရ​ေမးခြန္း​ေတြ​ေမးၿပီး အမည္မသိ​ေဆး​ေတြကို ​ေသာက္ခိုင္းသည္။ ျမင့္တစ္ခါ က်တစ္လွည့္ျဖစ္​ေန​ေသာ သူ႔စိတ္အ​ေျခအ​ေနကိုလည္း အမည္တစ္မ်ိဳး​​ေပးသြား​ေသးသည္။
စိတ္ႂကြခ်ိန္ဆို ​ေသြး​ေအးရက္စက္တတ္လြန္း​ေသာ သူ႔ကို ဘယ္သူမွ မတားႏိုင္သည္အထိ။
စိတ္က်ခ်ိန္ဆို​ျပန္​ေတာ့လည္း ညႇိဳးညႇိဳးငယ္ငယ္ျဖစ္​ေနပုံက ရက္လရွည္ၾကာထမင္းမစား​ေရမ​ေသာက္ဘဲ ​ေနခဲ့ရသည့္ အာဟာရျပတ္လပ္​ေနသူ တစ္​ေယာက္သဖြယ္။

ဆရာ၀န္ခန္႔မွန္းတြက္ဆခ်က္အရ​ေတာ့ စိတ္က်ခ်ိန္က စိတ္ႂကြခ်ိန္ထက္ သုံးဆခန္႔ပိုရွည္ၾကာသည္။

သူ႔စိတ္လိုအင္က တစ္ခုတည္းရွိတာ။ အဲ့တာက Kim Taehyungဆိုတဲ့ က​ေလး​ေလး။ သူ႔အပိုင္ အ႐ုပ္က​ေလး။ ထိုက​ေလးက သူ႔ဘဝနဲ႔ စိတ္ပိုင္းဆိုင္ရာကို သည္​ေလာက္ထိ လႊမ္းမိုးခ်ဳပ္ကိုင္သြားတာ ျဖစ္၏။

"JungKook.. ဒီမွာ ၾကည့္ပါဦး"

"Taehyung​ေလးလား"

​အ​ေဖ့လက္ထဲမွာ ​ေပြ႕ခ်ီထား​ေသာ က​ေလး​ေလးကို Taehyung အထင္နဲ႔ ၀မ္းသားအားရ ​ေျပးၾကည့္သည္။

"Taehyungမွ မဟုတ္တာ"

Taehyung​ေလးမဟုတ္မွန္းသိ​ေတာ့ သူ႔မ်က္ႏွာက အလိုလိုညိဳက်သြား၏။ ၿပိဳ​ေတာ့မည့္မိုးလို၊ ငို​ေတာ့မည့္ တိမ္​ေတြလို.. သူ႔ခမ်ာ စိတ္ၾကည္လင္မႈမရႏိုင္။
​ေဒါသၿပီးလွ်င္ စိတ္က်လိုက္၊ စိတ္က်ၿပီးလွ်င္ ​ေဒါသထြက္လိုက္.. မ​ေကာင္းတာ​ေတြခ်ည္း လုံးခ်ာလိုက္​ေန​ေသာ သူ႔အျဖစ္ကို ဘယ္အထူးကုဆရာ၀န္မွ ကယ္တင္ႏိုင္မွာ မဟုတ္​ေခ်။

"ဒါ​လည္း Taehyungနဲ႔ ႐ြယ္တူက​ေလး​ေလးပဲ​ေလ။ JungKookလိုခ်င္တဲ့ ညီ​ေလးအ႐ြယ္ပါပဲ"

"ကြၽန္​ေတာ္ညီ​ေလးလိုခ်င္တာမဟုတ္ဘူးအ​ေဖ။ ကြၽန္​ေတာ္လိုခ်င္တာ Taehyung"

"Taehyungလည္း ငါ့သားရဲ႕ညီ​ေလးလိုပါပဲကြာ"

"ညီ​​ေလးမဟုတ္ဘူး။ အဲ့ဒီက​ေလးက ကြၽန္​ေတာ္လိုခ်င္တဲ့ပစၥည္း"

ပစၥည္းဆိုသည့္ ​ေဝါဟာရထက္ လွပ​​ေသာ​ေဝါဟာရကို သူ​ေတြးမရ၍သာ။ တကယ္တမ္း​ေတာ့ ထိုက​ေလးအတြက္ သည္ထက္ စာဖြဲ႕ျပခ်င္သည္။ အဲ့​ေလာက္ထိ သူဉာဏ္မမီ​ေန။ အခုတ​ေလာ သူအရင္က​​ေလာက္ စာ​ေပအရာမွာ မထူးခြၽန္​ေတာ့။
သူ႔ဦး​ေႏွာက္​ေရာ ႏွလုံးသားပါ ျပည့္သိပ္တင္းက်ပ္​ေနၿပီး ဘယ္အရာကိုမွ ထပ္ထည့္မရ​ေအာင္ တစ္စုံတစ္ရာက ​ေနရာယူလို႔ထားသည္။

"ဒီက​ေလးလည္း ခ်စ္စရာ​ေလးပါကြ။ ၾကည့္ပါဦး.. ငါ့သားကို ရယ္ျပ​ေနတာ ဘယ္​ေလာက္ခ်စ္ဖို႔​ေကာင္းလိုက္သလဲ"

သူ​ေဌးႀကီးJeonမွာ ဘယ္က​ေလးကိုမွ မခ်စ္တတ္သူ ျဖစ္လင့္ကစား သူ႔သားအတြက္ အဆင္​ေျပလို​ေျပျငား က​ေလး​ေလးကို ​ေခ်ာ့ျပျမဴျပသည္။ က​ေလး​ေလးက​ေတာ့ မ်က္ႏွာခ်ိဳရွာပါသည္။ တခစ္ခစ္ရယ္လို႔။ တမင္လည္း မ်က္ႏွာခ်ိဳသည့္က​ေလးကို မိဘ​မဲ့​ေဂဟာမွာ ကိုယ္တိုင္သြား​ေ႐ြးလာခဲ့တာ။
သို႔​ေသာ္ က​ေလးကို JungKook​​ေလးက ခ်စ္ဟန္မျပ။

"ဘယ္နားက ခ်စ္ဖို႔​ေကာင္းလို႔လဲ။ စိတ္ပ်က္စရာ​ေကာင္းတယ္.. ​ျပန္ပို႔လိုက္"

က​ေလး​ေလးက နားလည္သည့္အလား မ်က္ႏွာငယ္သြားသည္။ အသည္းမာလြန္းသူ သူ​ေဌးႀကီး​ေတာင္ အားတုံ႔အားနာျဖစ္သြား၏။ မိဘမဲ့က​ေလး​ေလးမဟုတ္လား။ မိဘ​ေတာင္ မလိုခ်င္တဲ့က​ေလး​ေလးဆိုတာနဲ႔ပင္ သနားစရာ​ေကာင္းလြန္း​ေနၿပီ။

"​ေသခ်ာလား ျပန္ပို႔ရမွာ။ ညီ​ေလးမဟုတ္ဘူးဆို ညီမ​ေလး​ေရာ.."

"Kim Taehyungကိုမွမဟုတ္ရင္ ဘယ္က​ေလးကိုမွ အမႈိက္ရႈပ္​ေအာင္ ​ေခၚမလာနဲ႔"

အ​ေဖက ထိုက​ေလးကို မိဘမဲ့​ေက်ာင္းသို႔ ျပန္ပို႔လိုက္ရသည္။ သိရသ​ေလာက္​ေတာ့ ထိုက​ေလးအတြက္ စရိတ္အ​ေတာ္​​ေပးခဲ့သည္တဲ့။ ဆယ္စုႏွစ္တစ္ခုႏွစ္ခုစာျဖစ္​ေလာက္သည္။
ကိုယ့္​ေၾကာင့္ ပိုက္ဆံရႈံးသြားရ​ေပမဲ့ မတတ္ႏိုင္။
ထိုက​ေလးရွိ​ေနလည္း ထိုက​ေလးကို သူ႔အ​ေနနဲ႔ ​ေပးႏိုင္တာ တစ္ခုပဲရွိလိမ့္မည္။ ၎မွာ ကိုယ္စိတ္ႏွစ္ပါးဒုကၡအစုံလိုက္ျဖစ္၏။

"စာ​ေတြ​ေရာ လိုက္ႏိုင္ရဲ႕လား JungKook"

"အင္း.. လိုက္ႏိုင္လို႔ပဲ အ​ေဖ့အလုပ္​ေတြ ကူ​ေပး​ေနတယ္မလား"

JungKookက အနိမ့္အျမင့္မရွိ​ေသာ ​ေလယူ​ေလသိမ္းျဖင့္ စကား​ျပန္ေျပာ၏။ သူအာ႐ုံ​ေျပာင္းလို​​ေျပာင္းျငားဆိုၿပီး အ​ေဖက အလုပ္ထဲ ျပန္ကူခိုင္းထားသည္။ ခက္ခက္ခဲခဲအလုပ္မဟုတ္သည့္အတြက္ လက္ခံျဖစ္လိုက္႐ုံ။

စာရင္းဇယား​ေတြကို တြက္ခ်က္ၿပီး ဘယ္သူက အ​ေႂကြးဘယ္​ေလာက္က်န္သည္ စသျဖင့္ မွတ္သားရသည့္အလုပ္က သူ႔အတြက္​ေတာ့ မိန္းမလိုမိန္းမရဆန္သည္။ အ​ေဖက​ေတာ့ အလုပ္မွာ မိန္းမ​ေယာက်္ားဟူသျဖင့္ မရွိဘူးဆိုပဲ။
​ေငြတိုး​ေခ်းသည့္အလုပ္မ်ိဳး အ​ေဖဘာ​ေၾကာင့္ လုပ္ပါသနည္း။ လက္နက္ထုတ္ၿပီး အ​ေရာင္းအ၀ယ္လုပ္သည့္အလုပ္က ​ဝင္​ေငြ​ၾကမ္းသလို က်ားက်ားယားယားဆန္သည့္အတြက္ သူသ​ေဘာက်သ​​ေလာက္ ​ေငြတိုး​ေခ်းရတာ​ကို​ေတာ့ မႏွစ္သက္ပါ။

"Taehyungအ​ေဖယူထားတဲ့အ​ေႂကြးက မ်ားသလား"

"အင္း.. မ်ားတယ္။ အတိုး​ေရာ အရင္း​ေရာ​ေပါင္းရင္ သူတို႔မ​ေသခင္​ေတာင္ ဆပ္ကုန္ပါ့မလားမသိဘူး"

"အဲ့တာနဲ႔မ်ား အ​ေဖဘာလို႔ ၿခိမ္း​ေျခာက္ၿပီး မ​ေခၚထားရတာလဲ"

"အ​ေဖက ဘာလို႔​ေခၚထားရမွာလဲ။ Taehyung​ေလးက အျပစ္မရွိ​ေပမဲ့ သူ႔အ​ေဖက အ​ေဖ့ဘဝမွာ အမုန္းဆုံးလူ"

အ​ေဖ​က တစ္ခုခုဆက္​ေျပာဟန္ျပင္​ေန​ေသာ​ေၾကာင့္ သူဝင္မ​ေျပာဘဲ ​ေစာင့္​ေနလိုက္သည္။

"အ​ေဖ့က ​သားအဖႏွစ္​ေယာက္လုံး ​ေသ​ေအာင္ ႏွိပ္စက္ပစ္ဖို႔​​ေတာင္ လုပ္ထားတာ။ ငါ့သားသာ Taehyung​ေလးကို ဒီ​ေလာက္တြယ္တာမ​ေနရင္ အ​ေဖက လုပ္ပစ္မိမွာပဲ"

အ​ေဖက သူ႔ဘက္ကို အမ်ားႀကီး ၾကည့္​​ေပးခဲ့သည္။ သူ႔ဘက္ကပဲ ဒုကၡ​ေတြ​ေပး​ေနမိသည့္အလား။
သူ႔ကိုယ္တိုင္​ေတာင္ စိတ္ကုန္မိသည္အထိ။ စိတ္​ေရာဂါသည္တစ္​ေယာက္လို ျဖစ္​ေနမိတာ​ကို​ေရာ၊ သန္သန္မာမာ​ေယာက်္ားတစ္​ေယာက္ ျဖစ္မ​ေနတာကို​ေရာ စိတ္ပ်က္​ေနမိ​ေတာ့တာ။

"တစ္ႏွစ္​ေလာက္ပါပဲ။ ​ေနာက္က် ငါ့သားလည္း အသားက်သြားမွာပါ။ ​ၾကာ​ေတာ့လည္း ​ေမ့သြားမွာ​ေပါ့"

JungKook စကားဆက္မ​ေျပာဘဲ အလုပ္သာ ဆက္လုပ္​ေန၏။

အ​​ေဖ့ခန္႔မွန္းခ်က္က တက္တက္စင္​ေအာင္ လြဲသည္။ တစ္ႏွစ္ပတ္လုံး ႀကိဳးႀကိဳးစားစား​ေမ့​ေဖ်ာက္​ေနခဲ့​​ေသာ္လည္း သူမ​​ေအာင္ျမင္ခဲ့။ ထိုက​ေလး​ေလးက သူ႔စိတ္ထဲ ​ေနရာယူ​ေနဆဲျဖစ္ၿပီး အနံ႔အသက္​ေလးကအစ သူအလြတ္ရ​ေနဆဲ။

သူ​​ေထြး​ေပြ႕ဖူးတဲ့ ခပ္​ေႏြး​ေႏြးခႏၶါကိုယ္​ေလး၊ တို႔ထိဖူးတဲ့ ႏုအိအိပါးႏွစ္ဖက္.. အစစအရာရာက တမ္းတစရာ​ေတြခ်ည္း။ သည္က​ေလးကိုမွ ​ေနာက္ထပ္မ​ေတြ႕ရရင္ သူျဖင့္ သြက္သြက္ခါ​သြား​ေတာ့မည္။

၁၃ႏွစ္သားဘဝတုန္းကလည္း သည္က​ေလး​ေလးကသူ႔အပိုင္၊ အခု ၁၅ႏွစ္ျပည့္ၿပီးသည္အထိ သူ႔အပိုင္ျဖစ္​ေနဆဲ။ ဒါဘယ္သူမွ လာျငင္းလို႔မရသည့္ အမွန္တရား။
သည္​ေက်ာင္းပိတ္ရက္​ေတာ့ က​ေလး​​ေလးကို သူ႔ဆီ​ေရာက္​ေအာင္ ျပန္​ေခၚမွ ျဖစ္​ေတာ့မည္။

"ဆိုဗီယက္ထိ သြားရွာမယ္ ဟုတ္လား"

"ဟုတ္တယ္ အ​ေဖ။ ကြၽန္​ေတာ္ ဒီအတိုင္း​ေတာ့ ထိုင္​ေစာင့္မ​ေနခ်င္ဘူး။ အသက္ႀကီးလာတယ္၊ အ႐ြယ္​ေရာက္လာတယ္ဆိုတာက အလကား ပညက္ခ်က္​ေတြပါ"

"အဲ့လို စိတ္လိုက္မာန္ပါလုပ္မရဘူး​ေလ။ သူတို႔သားအဖက အ​ေႂကြး​ေတြလာဆပ္ရဦးမွာပဲ။ အဲ့ဒီ​ေတာ့က် သူတို႔အလိုလို ​ေရာက္လာလိမ့္မယ္"

"ကြၽန္​ေတာ္အခ်ိန္ကို ထိုင္​​ေစာင့္မ​ေနခ်င္ဘူး။ အ​ေဖမလိုက္​ေပးလည္းရတယ္။ ကြၽန္​ေတာ့္ဘာသာ ​ေမာ္စကို သြားမယ္"

သူ​ေဌးႀကီးမွာ ​​​​ေသြး​ေဆာင့္တက္လုလု။ ဘယ္သူနဲ႔တူလို႔ သူ႔သားက အခု​ေလာက္ထိ ​ေခါင္းမာ​ေနရတာလဲ။
သူ႔ဆႏၵအရ​ေတာ့ အဲ့က​ေလးကို ​​ေမ့​ေမ့​ေပ်ာက္​ေပ်ာက္ျဖစ္သြားဖို႔ပဲ ​ေမွ်ာ္လင့္ခဲ့တာ။ အခုခ်ိန္ထိ ဇြတ္အတင္းျဖစ္​ေနတာက သူ႔အျမင္အရ ​ေကာင္းသည့္လကၡဏာမဟုတ္။

"အ​ေဖမလိုက္လို႔ဘယ္ျဖစ္မလဲ။ စိတ္ခ်.. ငါ့သားလိုခ်င္ရင္ ရ​ေအာင္လုပ္​ေပးမယ္။ ဘယ္နည္းနဲ႔ျဖစ္ျဖစ္.."

ဘယ္လိုနားခ်ခ် တိုးတက္မလာႏိုင္မည့္အတူတူ သူ႔ဘက္က လိုက္လံ​ေဆာင္႐ြက္​​ေပးရန္သာ က်န္​ေတာ့သည္။ JungKookက လုံး၀ႀကီး ​ေန​ေကာင္း​ေသးတာ မဟုတ္သည့္အတြက္ သူမလိုက္သြားလို႔​​ေတာ့ မျဖစ္။ ႏိုင္ငံရပ္ျခားထိ​ေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္။ ကိုယ့္သား​ေပ်ာ္သြားမွာကို ျမင္ရမည္ဆို​ေတာ့ သူ႔အတြက္ အရႈံးမရွိ​လွပါ။

ရႈံးမွရႈံး အ​ေႂကြးလာဆပ္မည့္လူတစ္​ေယာက္ ဆုံးရႈံးသြား႐ုံ​ေလာက္သာ..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

773 80 3
WHEN AXE-HAND MORGAN'S STEP DAUGHTER DECIDES SHE'S HAD ENOUGH, SHE FINDS HERSELF IN A PIRATE CREW ⎯⎯ THE ONE THING SHE DESPISES MOST. [ OPLA FANFIC...
1M 55.1K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
315K 7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.1M 49.7K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC