Unicode~
"မပေးဘူး Kim Taehyungက ကျွန်တော့်ဟာ"
ထပ်တလဲလဲကြားယောင်နေမိတဲ့အသံ။ ထိုအသံက သူ့ကို နှစ်ပေါင်းများစွာ အကျဥ်းချနေတဲ့အသံ။ အိပ်မက်ဆိုးတွေထဲ ဇာတ်လိုက်ဖြစ်နေသော အသံ။
"အား! မကြားချင်ဘူး!"
ကျယ်လောင်စွာ အော်ဟစ်ရင်း လန့်နိုးလာခဲ့သည်ဟု ထင်လိုက်သော်လည်း သူ့ဘေးက Antonကတော့ ကုတင်အစွန်းတစ်ဖက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်လျက်။ သူအိပ်မက်ဆိုးတွေမက်နေတာကိုတောင် သတိထားမိဟန်မတူ။
ကုတင်ဘေးက ရေတကောင်းကိုကြည့်ပြန်တော့ ရေကတစ်စက်မှမကျန်။ အိပ်နေရင်း အိပ်ရာပေါ်က ထရသည်ကို သူအမုန်းဆုံးဖြစ်သည်။ သိပ်အရှိန်ပျက်တာပဲ။
ကုတင်ပေါ်က ဆင်းပြီးနောက် ရေတကောင်းလေးကိုကိုင်ကာ အိမ်အောက်သို့ ဆင်းလာသည်။ လှေကားနံရံမှာ ခပ်မှိန်မှိန်မီးသီးလေးရှိနေတာကြောင့် သူဓါတ်မီးမယူလာပေမဲ့ အဆင်ပြေသွားသည်။
လှေကား၊ ဧည့်ခန်းလျှောက်လမ်း စတာတွေပြီးမှ မီးဖိုးခန်း။ ညညဆို မီးဖိုခန်းက မီးရော တံခါးပါ ပိတ်ထားတတ်ပေမဲ့ ဒီညမှ ထူးထူးဆန်းဆန်း အလင်းရောင်ရနေသည်။ တစ်ယောက်ယောက်များ ရှိနေလို့လား။
လောလောဆယ် အိမ်မကြီးထဲ နေနေတာလည်း Jeon JungKookရယ် သူနဲ့Antonရယ်သာ။
သူမဟုတ်ရင် Jeon JungKookပဲ ဖြစ်ရမည်။
"ညကြီးဘာထိုင်လုပ်နေတာလဲ ခင်ဗျားက"
"အသံလေးဘာလေးပေးမှပေါ့။ ကိုယ်လန့်သွားတော့မလို့"
"ခင်ဗျားလိုလူကများ လန့်ရတယ်ရှိသေး"
ထမင်းစားဝိုင်းထိပ်မှာထိုင်နေသော Jeon JungKookကို ကျော်၍ ရေအိုးထားသည့်နေရာထိ သွားသည်။ ညက အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်လျက်။ သူတို့နှစ်ယောက်ကလည်း အလားတူစွာ အသံတိတ်နေ၏။
အမြဲလိုလို ပြောစရာမဲ့စေသော အခြေအနေကို ထိုလူက ဖန်ဆင်းထားသည်။
'ခင်ဗျားကို အိပ်မက်မက်လို့ လန့်နိုးခဲ့တာပါ'လို့ ကိုယ်ပြောလိုက်သင့်ရဲ့လား။ မျှဝေချင်စရာကောင်းလှသော အိပ်မက်ကောင်းမှ မဟုတ်တာပဲလေ။ အလကားသက်သက် စိတ်အနှောင့်အယှက်ပေးသလို ဖြစ်သွားမှာ။
ဘုရား ဘုရား..သူက Jeon JungKookစိတ်အနှောင့်အယှက်ဖြစ်သွားမှာကို စိုးရိမ်ပေးနေတာတဲ့လား။ အမြဲလိုလို စိတ်ရှုပ်စေဖို့ စိတ်ပျက်စေဖို့ပဲ မျှော်လင့်ခဲ့တဲ့ ကိုယ်ကလေ။
အခုလတ်တလော ကိုယ့်စိတ်တွေ ယိမ်းယိုင်လာသည်ကို သတိပြုမိသည်။ ဘယ်လို ပြန်တည့်မတ်ရမည်ဆိုတဲ့ နည်းလမ်းကို ရှာမတွေ့ရုံသာ။
"ခင်ဗျား အလုပ်ရှိလို့လား။ ဒီမှာထိုင်စရာအလုပ်"
Taehyungကပြောတော့ JungKook တစ်ချက်ရယ်သည်။ ပါးတစ်ဖက်က ပါးချိုင့်သေးသေးလေးကို မီးအလင်းရောင် ခပ်နည်းနည်းအောက်မှာ ဖြတ်ခနဲ မြင်မိလိုက်သည်အထိ။
ဟုတ်တော့လည်း ဟုတ်သည်။ ညကြီးသန်းခေါင် မီးဖိုခန်းထဲထိုင်ရမည့်အလုပ်က ဘာအလုပ်များရှိလို့လဲ။
"မရှိပါဘူး။ မင်းရော.. ဘာလို့ ဆင်းလာတာလဲ"
Taehyungက ရေအပြည့်ထည့်ထားသည့် ရေတကောင်းကို မြောက်ပြသည်။
"အိပ်ရေးပျက်နေမယ်။ သွားပြန်အိပ်တော့လေ"
"ကျွန်တော်လည်း အိပ်တော့မလို့ပါ"
သို့သော် အပြောနှင့်အလုပ် မညီစွာဖြင့် ခုံတစ်ခုံကို ဆွဲယူပြီး ဝင်ထိုင်လိုက်သည်။ ပြောစရာစကားရယ်လို့ မရှိတာတောင် ဘာစိတ်နဲ့များ သူထိုင်နေမိပါလိမ့်။
ငြိမ်သက်အေးစက်နေသော ပတ်ဝန်းကျင်ကြားမှာ သူတို့နှစ်ယောက်၏ အသက်ရှူသံကလွဲရင် ဘာဆို ဘာမှ မကြားရ။ တစ်ခါတစ်ရံ အပြင်ဘက်က သစ်ရွက်ခြောက်များကြွေကျနေသည့်အပေါ် လေပြည်ညှင်းတိုက်ခတ်သွားသည့်အသံကြားရပြီး တစ်ခါတလေတော့လည်း ညငှက်တို့၏ တောင်ပံခတ်သံ။
"ခင်ဗျားမအိပ်သေးဘူးလား။ တစ်ရေးနိုးလာတာလား"
"ကိုယ်အိပ်မပျော်သေးတာပါ"
မကြာမီက မေးခွန်းများကို မေးသူဟာ Jeon JungKookဖြစ်ခဲ့ပြီး သူက တစ်ဖန်ပြန်ဖြေရသူ ဖြစ်ခဲ့၏။ အခုတော့ ပြောင်းပြန်ဖြစ်နေသည့်အလား။
ဆန်တက်နိုင်သည့် ရေယာဥ်ပမာ ခံစားချက်တို့သည်လည်း ဆန်တက်တတ်ပါရဲ့လား။
"မင်းရော.. တစ်ရေးနိုးလာတာ ထင်တယ်"
"အင်း.. အိပ်မက်ကနေ လန့်နိုးလာတာ။ ရေသောက်မလို့ကို ရေမကျန်တော့လို့"
JungKook မျက်ခုံးများကို တွန့်ချိုးမိလိုက်သည်။ ရေမကျန်တော့စရာ ဘာအကြောင်းမှမရှိ။ Taehyungလေးက တစ်ရေးနိုးရင် ရေသောက်မှ ပြန်အိပ်ပျော်တတ်တာကို သူသိပြီးသား။ သိလို့ကိုမှ နေ့တိုင်းလိုလို ရေတကောင်းထဲရေကျန်မကျန် သူကိုယ်တိုင် စစ်ဆေးပြီး ရေဖြည့်ထားပေးနေကျ။
ရေမရှိတော့ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"ဟုတ်လား။ ညနေနဲ့တင် တစ်ပုလင်းလုံး ကုန်အောင်သောက်လိုက်မိလို့လား"
"မဟုတ်တာ။ ကျွန်တော် အခုမှ သောက်တာပါ။ ခါတိုင်းဆို အဒေါ်ကြီးက ရေဖြည့်ထားပေးနေကျကို ဒီနေ့မှ သူမေ့သွားတယ်ထင်တယ်"
"ကိုယ်ဖြည့်ပေးတာပါ။ ပြီးတော့ ကိုယ်မမေ့ပါဘူး"
သာမာန်ရိုးရိုးရှင်းရှင်းပြောလိုက်တာပါပဲ။ စိတ်ခုန်သွားရသူကတော့ Taehyungသာ။ သည်အတောအတွင်း သူမသိလိုက်တဲ့ အသေးအမွှားကိစ္စလေးတွေ.. ဘယ်နှခုလောက်ကများ Jeon JungKook၏ ဖန်တီးမှုတွေ ဖြစ်နေမလဲ။
ရေခပ်ပေးတာလေးကအစ သည်လူလုပ်ပေးထားတာဆိုလျှင် တခြားကိစ္စတွေရော ရှိဦးမှာပဲလား။
သူအတွေးလေး ကြည်လင်သွားဆဲမှာ စောစောက မက်ခဲ့တဲ့ အိပ်မက်ဝင်လာတော့ ရုတ်တရက် ခါးသက်သွားသည်။ ခါးသက်ခြင်း၊ ချိုမြခြင်းတွေ ရောယှက်နေပြီး သူရူးသွားတော့မလို ဝေခွဲမရ ဖြစ်နေမိတော့သည်။
သူ့ကို ဘီရိုထဲ ပိတ်လှောင်ဖူးသူလား ဒါမှမဟုတ် အသေးအဖွဲ့ကအစ လိုက်ဖြည့်ဆည်းပေးနေသူလား။ သည်လူနှစ်ယောက်ကရော တစ်ဦးတည်း ဟုတ်ပါရဲ့လား။
သူ့ရဲ့ ဝိုးတဝါးအိပ်မက်တွေမှာတော့ Jeon JungKookက ဗီလိန်တစ်ယောက်ဖြစ်နေခဲ့တာပါပဲ။ သိပ်ငယ်ခဲ့တယ်ဆိုပေမဲ့ အိပ်မက်တွေကတော့ သူ့ကို မညာနိုင်ဘူးမလား။ ဒါဆို သူ့မှာ မုန်းဖို့ရာ တာ၀န်တွေ ရှိသေးတာပေါ့နော်။
"ကျွန်တော် သွားအိပ်တော့မယ်"
သူထသွားဖို့ ကြိုးစားသော်လည်း တင်းကျပ်သွားသော လက်ကောက်ဝတ်က သွေးကြောတွေ။
Jeon JungKookက သူ့ကို ကြည့်နေခဲ့သည်။ မျှော်လင့်ချက်အပြည့်ဖြင့်။ သူဘယ်လို တုံ့ပြန်ရမလဲ မဆုံးဖြတ်နိုင်တော့။ အတိတ်နှင့် ပစ္စုပ္ပန်ကြား သူ့အတွေးများ ချာချာလည်လျက်။
"တကယ်ပဲ ကိုယ့်အတွက် အခွင့်အရေးမရှိဘူးလား။ Antonကို အဲ့လောက်ထိ ချစ်ရလား။ အဲ့လောက်ထိမှ ယုံရသလား"
"ဟင့်အင်း.. ကျွန်တော်မသိဘူး။ ကျွန်တော် ခင်ဗျားကို မုန်းနေမှ ရမယ်"
"ဟုတ်တယ်.. မင်းအကုန်မသိဘူး ကိုယ့်အသည်း။ မင်းအရမ်းငယ်သေးလို့ အိပ်မက်တွေကလည်း အလွန်အကြူးဖြစ်နေတာပါ"
"အိပ်မက်တစ်ခုတည်းမဟုတ်ဘူး။ ခင်ဗျား ကျွန်တော့်အပေါ် ကောင်းချင်ကောင်းခဲ့မယ်။ ဒါပေမဲ့ အဖေ့အတွက်တော့ မဟုတ်ဘူးလေ"
JungKook ကိုင်ထားသည့်လက်ကို လွတ်ချလိုက်သည်။ အခွင့်အရေးမဲ့နေခဲ့တာ။ တစ်ခါမှ အခွင့်အရေးမရှိခဲ့တာ။
ဘယ်သူ့အမှားကြောင့်မှ မဟုတ်၊ သူ့အမှားတွေချည်း။ သူအရူးတစ်ယောက်ဖြစ်ခဲ့လို့၊ စိတ္တဇတစ်ယောက်လို ပိတ်လှောင်ထားမိလို့။ တကယ်တမ်း လွတ်လပ်ခွင့်ပေးတဲ့အချိန်မှာ ကိုယ့်အတွက် သိပ်ကို အချိန်နှောင်းသွားခဲ့ပြီလေ။
Antonကို Taehyungလုံး၀မချစ်ဘူးဆိုတာ သူသိနှင့်ပြီးသား။ ထို့နည်းတူ သူနဲ့ယှဥ်ရင် Antonကိုပဲ ရွေးမယ်ဆိုတာကိုပါ သူသိလို့နေသည်။ Taehyung သူနဲ့ယှဥ်ရင် ဘယ်သူ့ကိုမဆို ရွေးချယ်မှာပဲ။
သူ့ကို ပစ်ပယ်ရတာကို ဖြစ်သင့်တဲ့အရာဆိုပြီး မှတ်ယူထားတာ သေချာသလောက်။
အချစ်ဟာ ပြေးလှမ်းတစ်ခုဖြစ်နေခဲ့မည်ဆိုလျှင် ကိုယ်ဟာ ခြေတစ်လှမ်းနောက်ဆုတ်၍ နေရာယူရမည့်သူ ဖြစ်နေခဲ့သည်။
"ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်အဖေအစားရော။ မင်းကို အဲ့လိုမြင်ကွင်း မြင်စေမိတဲ့အတွက် ကိုယ်စိတ်ရင်းနဲ့ တောင်းပန်ချင်တာပါ"
"တောင်းပန်တာနဲ့.."
"မလုံလောက်ဘူးမလား။ ကိုယ်သိပါတယ်။ ခုချိန်မှာ ကိုယ်တတ်နိုင်တာအကုန် မင်းကို လုပ်ပေးချင်ပါတယ်"
"ဒါဆို ကျွန်တော့်ကို လွတ်ပေး။ အဖေက ကျွန်တော့်ကို လွတ်လွတ်လပ်လပ်ရှင်သန်ကြီးပြင်းစေချင်တာလို့ သိထားတယ်။ ဖမ်းချုပ်ထားပြီးမှ ကျွန်တော့်ကို မရချင်ပါနဲ့"
ကျောခိုင်းသွားတဲ့ ကျောပြင်ငယ်။ ကိုယ့်ကို အဝေးကြီးမှာ ချန်ထားခဲ့ပြန်သည်။
လွန်ခဲ့တဲ့ နှစ်တွေက Taehyungကို Mr. Kim ခေါ်သွားသည့်အချိန်ကိုပင် ပြန်မြင်ယောင်မိလာသည်။ သူ့ကို သွေးလေခြောက်ခြားစေတဲ့ ထိုနေ့များဆီ အတွေးမရောက်မိအောင် ထိန်းထားရင်း Taehyung ကျောပြင်ကို မြင်ရတော့ သူကျရှုံးရသည်။
ထိုနေ့ကတော့ Mr. Kimရဲ့ ကျောပြင်ကို မြင်ခဲ့ရသည်။ Mr. Kimရဲ့ ပုခုံးပေါ် အိပ်ပျော်ရင် ပါသွားတဲ့ ကလေးလေးက သူ့ကို စိတ်ပိုင်းဆိုင်ရာပြဿနာတွေ တစ်ပုံတစ်ပင်ပေးသွားခဲ့သည်။
____
"ဘာတဲ့လဲ"
အိမ်အကူမလေးက ခေါင်းခါပြသည်။ သူ့လက်ထဲမှာ မတို့မထိထားသော ထမင်းဟင်း၊ မုန့်မျိုးစုံစီကာစဥ်ကာ ထည့်ထားသည့် ဗန်း။
သူဌေးကြီး Jeon စိတ်ပျက်လက်ပျက်ဖြင့် လက်ထဲက သတင်းစာကို ပစ်ချလိုက်သည်။
သူ့သားလေး JungKook ထမင်းမစား ရေမသောက်ဘဲ နေနေတာ ဘယ်နှရက်တောင်ရှိပြီတဲ့လဲ။ သည်လိုသာ ဆက်နေနေမယ်ဆိုလျှင် တောင့်ခံနိုင်မှာမဟုတ်။ ကလေးတစ်ယောက်အတွက်နဲ့များ ခုလောက်ထိ ဖြစ်သွားရတယ်လို့ လူကြားလို့လည်း မကောင်း။
သူ့သားသာမဟုတ်ရင် စိတ်ပျက်မိမှာ။ အခုတော့ သူ့သားအကြောင်း သူသိနေလို့။ သူအသိဆုံးဖြစ်နေလို့သာ အပြစ်လည်း မတင်ရက်သလို စိတ်လည်း မဆိုးရက်။
"အဲ့တာ ငါ့ကိုပေး။ ငါကိုယ်တိုင် သွားကျွေးမယ်"
သူ့သားလေးက ဖတဆိုးအဖြစ် ကြီးပြင်းလာရသူဖြစ်တာကြောင့် သူသိပ်ပြီးအလိုလိုက်သည်။ JungKookလေးကို လိုလေသေးမရှိအောင်လည်း ထားခဲ့သည်။ နည်းနည်းလေးမှ စိတ်ဓါတ်ကျနေတာမျိုး မြင်ချင်တာမဟုတ်။
ဒါဟာ ဖခင်တစ်ယောက်ရဲ့မေတ္တာဆိုလည်းဟုတ်သလို အတ္တဆိုလည်း မမှား။
အခုတော့ သူကိုယ်တိုင်တည်ဆောက်ပေးထားတဲ့ အတ္တတံတိုင်းကြီးကို ဘာမဟုတ်တဲ့ တစ်နှစ်ကျော်အရွယ်ကလေးတစ်ယောက်က ဖျက်ဆီးသွားရတယ်လို့။
အဲ့သည်ကလေးကြောင့် သားလေးက သိပ်ကို ခံစားတတ်နေတယ်ပေါ့လေ။
ကျောင်းစာနဲ့ အလုပ်ကိစ္စကလွဲရင် ဘာကိုမှအာရုံမထားတတ်တဲ့ကလေးက အခုတော့ အလကားနေရင်း အာရုံများနေရလေပြီ။
"JungKook.. ဒီနေ့လည်း ဘာမှမစားဘူးဆို"
"ကျွန်တော်မဆာဘူး အဖေ"
"Taehyungလေး ကြောင့်လား"
"ကျွန်တော်က Taehyungလေးရဲ့ သူစိမ်းလားဟင်။ ကျွန်တော်တို့နှစ်ယောက်က အမေကိုမတွေ့ဖူးတာချင်းတူတယ်လေ.. ဒီအတိုင်းခံစားချက်ချင်းတူလို့မရဘူးလား"
"JungKookက အရမ်းတွေးနေတာပဲ။ Taehyungက အခုမှ ငယ်ငယ်လေးရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး ခံစားတတ်ပါ့မလဲ"
JungKook သူ့အဖေကို သိုင်းဖက်ပြီး ငိုမိသည်။ ခံစားချက်တွေကို ထုတ်ပြရမှာ သိပ်ကြောက်တဲ့သူက Taehyungလေးနဲ့ ပတ်သက်ရင်တော့ ဘာကိုမှ ထိန်ချန်နိုင်စွမ်းမရှိပါ။
သူစိမ်းမဖြစ်ချင်တာရယ်၊ သူ့အနားရှိစေချင်တာကလွဲရင် ဘာကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုရမလဲ။
"ဘာမှမစားဘဲနေလို့မရဘူး JungKook. ဒီလိုနေရင် Taehyungကို ပြန်မတွေ့ရဘဲ သေသွားလိမ့်မယ်"
ခြိမ်းခြောက်စကားဆန်သလို ချွေးသိပ်သည့်သဘောလည်း ပါဝင်သည်။ သူဌေးကြီးJeonက သူ့သား အစာစားဖို့အရေး လုပ်မိလုပ်ရာလုပ်ပြီး ပြောမိပြောရာပြောလိုက်မိတော့တာ။
"Taehyungကို ပြန်ခေါ်ပေးပါ။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်။ ကူညီပါ အဖေရယ် နော်"
ထိုပြဿနာက ထိုနေ့တစ်ရက်တည်း ပြီးသွားခဲ့တာမဟုတ်။ ချော့တစ်ခါခြောက်တစ်လှည့်နှင့် အစာမဝင်ဝင်အောင်ကျွေးရ၊ ရေမဝင်ဝင်အောင်တိုက်ရတဲ့နေ့တွေက ရက်ဆက်ကြာလာသည်။
JungKookတို့ ကျောင်းပိတ်ရက်ကုန်၍ ကျောင်းဖွင့်ရက်ရောက်သည်အထိ ထိုပြဿနာက ရှိနေဆဲ။ သံပတ်ပေးထားသော အရုပ်တစ်ရုပ်လို ကျောင်းသွားဖို့ပြင်နေသည့် သားလေးကို ကြည့်ရင်း ဖခင်ဖြစ်သူမှာ စိတ်မပူဘဲ မနေနိုင်။ သည်လိုသာ ဆက်ဖြစ်နေရင် ဘယ်လိုလုပ်ရပါ့မလဲ။ ကျောင်းတက်လို့ရော အဆင်ပြေပါ့မလား။
ကျောင်းရောက်လို့ အပေါင်းအသင်းတွေနဲ့တွေ့ရင် ပြေလည်သွားမယ်၊ အာရုံလွဲသွားလိမ့်မယ်ဟု ထင်ရအောင်ကလည်း JungKookက အပေါင်းအသင်းခုံမင်သူမဟုတ်။
သည်ကိစ္စက ပညာရေးကိုရော လူမှုရေးကိုပါ ထိခိုက်လာနိုင်သည်ဟု ယူဆမိသည်။ သူထင်တာမမှား။ ကျောင်းတက်ပြီး ရက်အနည်းငယ်မှာပင် သူ့ဆီသို့ ကျောင်းသားမိဘဆင့်ခေါ်စာ ရောက်လာသည်။
"ထိုင်ပါ Mr. Jeon. ကျွန်မက JungKookလေးရဲ့ အတန်းပိုင်ဆရာမပါ"
"ဟုတ်ကဲ့ ပြောပါ"
"အဖေဖြစ်သူဆိုတော့ သတိထားမိမယ်ထင်ပါတယ်။ JungKookလေးက ဒီစာသင်နှစ်စတည်းက အတော်လေး အဆင်မပြေဖြစ်နေတယ်"
"ဘယ်လိုအဆင်မပြေတာလဲ။ စာမလိုက်နိုင်တာတွေများ.."
"ဟင့်အင်း။ JungKookက သိပ်ဉာဏ်ကောင်းပါတယ်။ ကျွန်မအထင် အထက်တန်းနှစ်ရောက်လာတဲ့ကလေးတစ်ယောက်ဟာ ထိုက်သင့်တဲ့လူမှုရေးစည်းမျဥ်းတွေတော့ သိရမယ်လေ။ အပေါင်းအသင်းမများရင်တောင် အတန်းဖော်တွေနဲ့ လိုက်လျောညီထွေရှိသင့်တာပေါ့"
"အခု.."
"ဒါတွေ.. ကျွန်မဆီရောက်လာတဲ့တိုင်ကြားစာတွေရယ်၊ JungKookကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ဝန်ခံကတိတွေရယ်"
သူဌေးကြီးက သူ့သားအပေါ်တိုင်ကြားထားသော ဖြစ်ရပ်အမျိုးမျိုးကို တစ်ရွက်ပြီးတစ်ရွက်ဖတ်နေလျက်။ တစ်ရွက်ဖတ်ပြီးတိုင်း သူ့မျက်ခုံးနှစ်ဖက်က ပိုနီးလာသည်။
အခုလောက်ထိ ပြဿနာရှိလာလိမ့်မယ်လို့ မထင်ခဲ့မိတာ။ တစ်နှစ်သားကလေး၏ JungKookအပေါ် သက်ရောက်နိုင်စွမ်းကို အထင်သေးမိတာ အမှားကြီးမှားသည်။
"JungKookကြောင့် ထိခိုက်ဒဏ်ရာရထားတဲ့ကလေးတွေပါ။ မနေ့ကဆို မျက်လုံးကိုပါ ခဲတံနဲ့ထိုးဖို့လုပ်နေတာ.. ကျွန်မအတန်းထဲစောစောဝင်မိလို့သာပေါ့။ ခံ၀န်ကတိတွေလည်း ထိုးထားရက်နဲ့။ JungKookက အလယ်တန်းဆရာမတွေဆီက သုံးသပ်ချက်ကောင်းကောင်းတွေရထားသူဆို။ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး"
"အခု ကျွန်တော် ဘာလုပ်ပေးရမလဲ"
"JungKook သူ့စိတ်သူထိန်းနိုင်ချိန်အထိ အိမ်ကျောင်းပဲထားပေးစေချင်ပါတယ်"
ကျောင်းနားတော့လို့ မပြောရုံပါပင်။ သူ့စိတ်သူဆို ဆရာမကို သောင်းကျန်းပစ်လိုက်ချင်ပေမဲ့ ကိုယ့်သားအတွက် တာ၀န်ဝတ္တရားတွေကို ထည့်တွေးရင်း စိတ်ထိန်းလိုက်ရသည်။
သူ့သားအတွက် လုပ်ပေးရမှာတွေကမနည်း။ တစ်ဘာသာချင်းစီကို နည်းပြလုပ်ပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေလည်း ရှာရဦးမည်။ အရေးအကြီးဆုံးက JungKook၏ စိတ်ကျန်းမာရေး။ သူ့သားကို ရူးနေတာလို့ ဆိုလိုတာမဟုတ်။ စိတ်မပျော်ရွှင်နိုင်တာကိုသာ စိတ်ပူနေမိတာ။
"ဒီနေ့တော့ သားအဖနှစ်ယောက်အပြင်ထွက်ဖြစ်တုန်း အပြင်စာပဲစားကြမလား။ ငါ့သားလည်း အိမ်ကထမင်းချက်ကြီးလက်ရာကို ငြီးငွေ့နေရောပေါ့"
သူဌေးကြီးJeonက ရွှတ်နောက်နောက်နှင့် စကားစသည်။ နောက်နေ့တွေကျ အခုလိုကျောင်းပို့ကျောင်းကြိုခွင့်ရှိတော့တာမဟုတ်။ ဖခင်တစ်ယောက်အနေနှင့် စိတ်မကောင်းဖြစ်မိသော်လည်း JungKookကတော့ သိပ်ဂရုစိုက်ဟန်မတူ။
"ဘာပဲဖြစ်ဖြစ်ပါ"
"အင်း ဒါဆို.."
"အဆင်ပြေချင်ဟန်မဆောင်ပါနဲ့ အဖေ။ ကျွန်တော့်ကို ကျောင်းနားခိုင်းခဲ့တာမလား။ တောင်းပန်ပါတယ်"
"ဘာကိုတောင်းပန်ရမှာလဲ။ ငါ့သားနေမကောင်းတာကိုကျ နည်းနည်းမှစိတ်မဝင်စားဘဲ တခြားကျောင်းသားတွေအတွက်ပဲကြည့်နေတဲ့ သူတို့ကရော ဘာမှန်နေလို့လဲ"
သူဌေးကြီးJeonဆိုတာ အဲ့လိုလူမျိုး။ တစ်လောကလုံးကို သူ့ခြေဖဝါးအောက်မှာ ပြားပြားဝပ်အောင် ဖိချင်ဖိထားလိမ့်မည်၊ သူ့သားအပေါ်ကိုတော့ နူးညံ့နိုင်တဲ့ အဖေမျိုး၊ သူ့သားအတွက် ဘာမဆိုလုပ်ပစ်နိုင်တဲ့ ဖခင်မျိုး။
"ဟုတ်တယ်။ ကျွန်တော့်စိတ်က နေမကောင်းဖြစ်နေတာ။ ကျွန်တော် Taehyungလေးကို ပြန်ရချင်တယ် အဖေရယ်"
"သားကြီးလာလို့ အာဏာနဲ့ပိုက်ဆံသာရှိရင် သူ့ဘယ်ရောက်နေနေ ရှာလို့ရတယ်။ ကောင်းကောင်းသာ ကြီးပြင်းလာစမ်းပါ ငါ့သားရာ"
"ကျွန်တော် အနာဂတ်ကို စိတ်မဝင်စားဘူး အဖေ။ ပစ္စုပ္ပန်မှာပဲ သူ့ကို လိုချင်တယ်"
သူအလွယ်လေးနဲ့ အဲ့သည်ကလေးကို ခေါ်ပေးနိုင်သည်။ ရှာမပေးနိုင်လို့ ထိုင်ကြည့်နေတာမဟုတ်။ သည်ကလေးကို မေ့သွားမလားလို့ မျှော်လင့်ပြီး စောင့်နေပေးတာ။ အရင်ကလို စိတ်ဓါတ်ခိုင်မာတဲ့ သူ့သားပြန်လာမလားလို့ မျှော်နေခဲ့တာ။
"ကျွန်တော့်ကို အတန်းထဲကလူတွေက ရူးနေတယ်ပြောတယ်။ ကျွန်တော့်ခေတ်ကုန်နေပြီတဲ့။ ငယ်ငယ်ကလို လိုချင်တိုင်းရမယ်ထင်ပြီး မာနကြီးမနေနဲ့တဲ့။ ကျွန်တော်က အမေမရှိတဲ့ကောင်သက်သက်ပဲတဲ့"
ဒါကြောင့်ပဲ JungKookက ကိုယ်ထိလက်ရောက်လုပ်မိတာ ဖြစ်ပါလိမ့်မည်။ ဒါဟာ စိတ်အကြမ်းဖက်ခံရတာပဲမဟုတ်လား။ သည်ကျောင်းက ဆရာမတွေက သေချာမမေးမစမ်းဘဲ အပြင်ပန်းက ထိခိုက်ဒဏ်ရာနဲ့တင် အဆုံးအဖြတ်ပေးကြတာလား။
သည်ကိစ္စအတွက် စိတ်ထိန်းမယ်ဆိုတဲ့စကားကို သူပြန်ရုတ်သိမ်းမည်။
"တကယ်ပဲ သူမှသူလား။ JungKookက ညီလေးမရှိလို့ ရချင်တာဖြစ်ပါလိမ့်မယ်။ အဖေတစ်ခုခုစီစဥ်ပေးမယ်နော်"
JungKook နှုတ်ဆိတ်လျက်၊ ကားပြတင်းအပြင်ဘက်က ရှုခင်းတွေကို ငေးမောလျက်သာ။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
"မေပးဘူး Kim Taehyungက ကြၽန္ေတာ့္ဟာ"
ထပ္တလဲလဲၾကားေယာင္ေနမိတဲ့အသံ။ ထိုအသံက သူ႔ကို ႏွစ္ေပါင္းမ်ားစြာ အက်ဥ္းခ်ေနတဲ့အသံ။ အိပ္မက္ဆိုးေတြထဲ ဇာတ္လိုက္ျဖစ္ေနေသာ အသံ။
"အား! မၾကားခ်င္ဘူး!"
က်ယ္ေလာင္စြာ ေအာ္ဟစ္ရင္း လန္႔ႏိုးလာခဲ့သည္ဟု ထင္လိုက္ေသာ္လည္း သူ႔ေဘးက Antonကေတာ့ ကုတင္အစြန္းတစ္ဖက္မွာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္လ်က္။ သူအိပ္မက္ဆိုးေတြမက္ေနတာကိုေတာင္ သတိထားမိဟန္မတူ။
ကုတင္ေဘးက ေရတေကာင္းကိုၾကည့္ျပန္ေတာ့ ေရကတစ္စက္မွမက်န္။ အိပ္ေနရင္း အိပ္ရာေပၚက ထရသည္ကို သူအမုန္းဆုံးျဖစ္သည္။ သိပ္အရွိန္ပ်က္တာပဲ။
ကုတင္ေပၚက ဆင္းၿပီးေနာက္ ေရတေကာင္းေလးကိုကိုင္ကာ အိမ္ေအာက္သို႔ ဆင္းလာသည္။ ေလွကားနံရံမွာ ခပ္မွိန္မွိန္မီးသီးေလးရွိေနတာေၾကာင့္ သူဓါတ္မီးမယူလာေပမဲ့ အဆင္ေျပသြားသည္။
ေလွကား၊ ဧည့္ခန္းေလွ်ာက္လမ္း စတာေတြၿပီးမွ မီးဖိုးခန္း။ ညညဆို မီးဖိုခန္းက မီးေရာ တံခါးပါ ပိတ္ထားတတ္ေပမဲ့ ဒီညမွ ထူးထူးဆန္းဆန္း အလင္းေရာင္ရေနသည္။ တစ္ေယာက္ေယာက္မ်ား ရွိေနလို႔လား။
ေလာေလာဆယ္ အိမ္မႀကီးထဲ ေနေနတာလည္း Jeon JungKookရယ္ သူနဲ႔Antonရယ္သာ။
သူမဟုတ္ရင္ Jeon JungKookပဲ ျဖစ္ရမည္။
"ညႀကီးဘာထိုင္လုပ္ေနတာလဲ ခင္ဗ်ားက"
"အသံေလးဘာေလးေပးမွေပါ့။ ကိုယ္လန္႔သြားေတာ့မလို႔"
"ခင္ဗ်ားလိုလူကမ်ား လန္႔ရတယ္ရွိေသး"
ထမင္းစားဝိုင္းထိပ္မွာထိုင္ေနေသာ Jeon JungKookကို ေက်ာ္၍ ေရအိုးထားသည့္ေနရာထိ သြားသည္။ ညက အပ္က်သံပင္ ၾကားရေလာက္ေအာင္ တိတ္ဆိတ္လ်က္။ သူတို႔ႏွစ္ေယာက္ကလည္း အလားတူစြာ အသံတိတ္ေန၏။
အၿမဲလိုလို ေျပာစရာမဲ့ေစေသာ အေျခအေနကို ထိုလူက ဖန္ဆင္းထားသည္။
'ခင္ဗ်ားကို အိပ္မက္မက္လို႔ လန္႔ႏိုးခဲ့တာပါ'လို႔ ကိုယ္ေျပာလိုက္သင့္ရဲ႕လား။ မွ်ေဝခ်င္စရာေကာင္းလွေသာ အိပ္မက္ေကာင္းမွ မဟုတ္တာပဲေလ။ အလကားသက္သက္ စိတ္အေႏွာင့္အယွက္ေပးသလို ျဖစ္သြားမွာ။
ဘုရား ဘုရား..သူက Jeon JungKookစိတ္အေႏွာင့္အယွက္ျဖစ္သြားမွာကို စိုးရိမ္ေပးေနတာတဲ့လား။ အၿမဲလိုလို စိတ္ရႈပ္ေစဖို႔ စိတ္ပ်က္ေစဖို႔ပဲ ေမွ်ာ္လင့္ခဲ့တဲ့ ကိုယ္ကေလ။
အခုလတ္တေလာ ကိုယ့္စိတ္ေတြ ယိမ္းယိုင္လာသည္ကို သတိျပဳမိသည္။ ဘယ္လို ျပန္တည့္မတ္ရမည္ဆိုတဲ့ နည္းလမ္းကို ရွာမေတြ႕႐ုံသာ။
"ခင္ဗ်ား အလုပ္ရွိလို႔လား။ ဒီမွာထိုင္စရာအလုပ္"
Taehyungကေျပာေတာ့ JungKook တစ္ခ်က္ရယ္သည္။ ပါးတစ္ဖက္က ပါးခ်ိဳင့္ေသးေသးေလးကို မီးအလင္းေရာင္ ခပ္နည္းနည္းေအာက္မွာ ျဖတ္ခနဲ ျမင္မိလိုက္သည္အထိ။
ဟုတ္ေတာ့လည္း ဟုတ္သည္။ ညႀကီးသန္းေခါင္ မီးဖိုခန္းထဲထိုင္ရမည့္အလုပ္က ဘာအလုပ္မ်ားရွိလို႔လဲ။
"မရွိပါဘူး။ မင္းေရာ.. ဘာလို႔ ဆင္းလာတာလဲ"
Taehyungက ေရအျပည့္ထည့္ထားသည့္ ေရတေကာင္းကို ေျမာက္ျပသည္။
"အိပ္ေရးပ်က္ေနမယ္။ သြားျပန္အိပ္ေတာ့ေလ"
"ကြၽန္ေတာ္လည္း အိပ္ေတာ့မလို႔ပါ"
သို႔ေသာ္ အေျပာႏွင့္အလုပ္ မညီစြာျဖင့္ ခုံတစ္ခုံကို ဆြဲယူၿပီး ဝင္ထိုင္လိုက္သည္။ ေျပာစရာစကားရယ္လို႔ မရွိတာေတာင္ ဘာစိတ္နဲ႔မ်ား သူထိုင္ေနမိပါလိမ့္။
ၿငိမ္သက္ေအးစက္ေနေသာ ပတ္ဝန္းက်င္ၾကားမွာ သူတို႔ႏွစ္ေယာက္၏ အသက္ရႉသံကလြဲရင္ ဘာဆို ဘာမွ မၾကားရ။ တစ္ခါတစ္ရံ အျပင္ဘက္က သစ္႐ြက္ေျခာက္မ်ားေႂကြက်ေနသည့္အေပၚ ေလျပည္ညႇင္းတိုက္ခတ္သြားသည့္အသံၾကားရၿပီး တစ္ခါတေလေတာ့လည္း ညငွက္တို႔၏ ေတာင္ပံခတ္သံ။
"ခင္ဗ်ားမအိပ္ေသးဘူးလား။ တစ္ေရးႏိုးလာတာလား"
"ကိုယ္အိပ္မေပ်ာ္ေသးတာပါ"
မၾကာမီက ေမးခြန္းမ်ားကို ေမးသူဟာ Jeon JungKookျဖစ္ခဲ့ၿပီး သူက တစ္ဖန္ျပန္ေျဖရသူ ျဖစ္ခဲ့၏။ အခုေတာ့ ေျပာင္းျပန္ျဖစ္ေနသည့္အလား။
ဆန္တက္ႏိုင္သည့္ ေရယာဥ္ပမာ ခံစားခ်က္တို႔သည္လည္း ဆန္တက္တတ္ပါရဲ႕လား။
"မင္းေရာ.. တစ္ေရးႏိုးလာတာ ထင္တယ္"
"အင္း.. အိပ္မက္ကေန လန္႔ႏိုးလာတာ။ ေရေသာက္မလို႔ကို ေရမက်န္ေတာ့လို႔"
JungKook မ်က္ခုံးမ်ားကို တြန္႔ခ်ိဳးမိလိုက္သည္။ ေရမက်န္ေတာ့စရာ ဘာအေၾကာင္းမွမရွိ။ Taehyungေလးက တစ္ေရးႏိုးရင္ ေရေသာက္မွ ျပန္အိပ္ေပ်ာ္တတ္တာကို သူသိၿပီးသား။ သိလို႔ကိုမွ ေန႔တိုင္းလိုလို ေရတေကာင္းထဲေရက်န္မက်န္ သူကိုယ္တိုင္ စစ္ေဆးၿပီး ေရျဖည့္ထားေပးေနက်။
ေရမရွိေတာ့ဘူးဆိုတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။
"ဟုတ္လား။ ညေနနဲ႔တင္ တစ္ပုလင္းလုံး ကုန္ေအာင္ေသာက္လိုက္မိလို႔လား"
"မဟုတ္တာ။ ကြၽန္ေတာ္ အခုမွ ေသာက္တာပါ။ ခါတိုင္းဆို အေဒၚႀကီးက ေရျဖည့္ထားေပးေနက်ကို ဒီေန႔မွ သူေမ့သြားတယ္ထင္တယ္"
"ကိုယ္ျဖည့္ေပးတာပါ။ ၿပီးေတာ့ ကိုယ္မေမ့ပါဘူး"
သာမာန္႐ိုး႐ိုးရွင္းရွင္းေျပာလိုက္တာပါပဲ။ စိတ္ခုန္သြားရသူကေတာ့ Taehyungသာ။ သည္အေတာအတြင္း သူမသိလိုက္တဲ့ အေသးအမႊားကိစၥေလးေတြ.. ဘယ္ႏွခုေလာက္ကမ်ား Jeon JungKook၏ ဖန္တီးမႈေတြ ျဖစ္ေနမလဲ။
ေရခပ္ေပးတာေလးကအစ သည္လူလုပ္ေပးထားတာဆိုလွ်င္ တျခားကိစၥေတြေရာ ရွိဦးမွာပဲလား။
သူအေတြးေလး ၾကည္လင္သြားဆဲမွာ ေစာေစာက မက္ခဲ့တဲ့ အိပ္မက္ဝင္လာေတာ့ ႐ုတ္တရက္ ခါးသက္သြားသည္။ ခါးသက္ျခင္း၊ ခ်ိဳျမျခင္းေတြ ေရာယွက္ေနၿပီး သူ႐ူးသြားေတာ့မလို ေဝခြဲမရ ျဖစ္ေနမိေတာ့သည္။
သူ႔ကို ဘီ႐ိုထဲ ပိတ္ေလွာင္ဖူးသူလား ဒါမွမဟုတ္ အေသးအဖြဲ႕ကအစ လိုက္ျဖည့္ဆည္းေပးေနသူလား။ သည္လူႏွစ္ေယာက္ကေရာ တစ္ဦးတည္း ဟုတ္ပါရဲ႕လား။
သူ႔ရဲ႕ ဝိုးတဝါးအိပ္မက္ေတြမွာေတာ့ Jeon JungKookက ဗီလိန္တစ္ေယာက္ျဖစ္ေနခဲ့တာပါပဲ။ သိပ္ငယ္ခဲ့တယ္ဆိုေပမဲ့ အိပ္မက္ေတြကေတာ့ သူ႔ကို မညာႏိုင္ဘူးမလား။ ဒါဆို သူ႔မွာ မုန္းဖို႔ရာ တာ၀န္ေတြ ရွိေသးတာေပါ့ေနာ္။
"ကြၽန္ေတာ္ သြားအိပ္ေတာ့မယ္"
သူထသြားဖို႔ ႀကိဳးစားေသာ္လည္း တင္းက်ပ္သြားေသာ လက္ေကာက္ဝတ္က ေသြးေၾကာေတြ။
Jeon JungKookက သူ႔ကို ၾကည့္ေနခဲ့သည္။ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္။ သူဘယ္လို တုံ႔ျပန္ရမလဲ မဆုံးျဖတ္ႏိုင္ေတာ့။ အတိတ္ႏွင့္ ပစၥဳပၸန္ၾကား သူ႔အေတြးမ်ား ခ်ာခ်ာလည္လ်က္။
"တကယ္ပဲ ကိုယ့္အတြက္ အခြင့္အေရးမရွိဘူးလား။ Antonကို အဲ့ေလာက္ထိ ခ်စ္ရလား။ အဲ့ေလာက္ထိမွ ယုံရသလား"
"ဟင့္အင္း.. ကြၽန္ေတာ္မသိဘူး။ ကြၽန္ေတာ္ ခင္ဗ်ားကို မုန္းေနမွ ရမယ္"
"ဟုတ္တယ္.. မင္းအကုန္မသိဘူး ကိုယ့္အသည္း။ မင္းအရမ္းငယ္ေသးလို႔ အိပ္မက္ေတြကလည္း အလြန္အၾကဴးျဖစ္ေနတာပါ"
"အိပ္မက္တစ္ခုတည္းမဟုတ္ဘူး။ ခင္ဗ်ား ကြၽန္ေတာ့္အေပၚ ေကာင္းခ်င္ေကာင္းခဲ့မယ္။ ဒါေပမဲ့ အေဖ့အတြက္ေတာ့ မဟုတ္ဘူးေလ"
JungKook ကိုင္ထားသည့္လက္ကို လြတ္ခ်လိုက္သည္။ အခြင့္အေရးမဲ့ေနခဲ့တာ။ တစ္ခါမွ အခြင့္အေရးမရွိခဲ့တာ။
ဘယ္သူ႔အမွားေၾကာင့္မွ မဟုတ္၊ သူ႔အမွားေတြခ်ည္း။ သူအ႐ူးတစ္ေယာက္ျဖစ္ခဲ့လို႔၊ စိတၱဇတစ္ေယာက္လို ပိတ္ေလွာင္ထားမိလို႔။ တကယ္တမ္း လြတ္လပ္ခြင့္ေပးတဲ့အခ်ိန္မွာ ကိုယ့္အတြက္ သိပ္ကို အခ်ိန္ေႏွာင္းသြားခဲ့ၿပီေလ။
Antonကို Taehyungလုံး၀မခ်စ္ဘူးဆိုတာ သူသိႏွင့္ၿပီးသား။ ထို႔နည္းတူ သူနဲ႔ယွဥ္ရင္ Antonကိုပဲ ေ႐ြးမယ္ဆိုတာကိုပါ သူသိလို႔ေနသည္။ Taehyung သူနဲ႔ယွဥ္ရင္ ဘယ္သူ႔ကိုမဆို ေ႐ြးခ်ယ္မွာပဲ။
သူ႔ကို ပစ္ပယ္ရတာကို ျဖစ္သင့္တဲ့အရာဆိုၿပီး မွတ္ယူထားတာ ေသခ်ာသေလာက္။
အခ်စ္ဟာ ေျပးလွမ္းတစ္ခုျဖစ္ေနခဲ့မည္ဆိုလွ်င္ ကိုယ္ဟာ ေျခတစ္လွမ္းေနာက္ဆုတ္၍ ေနရာယူရမည့္သူ ျဖစ္ေနခဲ့သည္။
"ကိုယ္ေတာင္းပန္ပါတယ္။ ကိုယ့္အေဖအစားေရာ။ မင္းကို အဲ့လိုျမင္ကြင္း ျမင္ေစမိတဲ့အတြက္ ကိုယ္စိတ္ရင္းနဲ႔ ေတာင္းပန္ခ်င္တာပါ"
"ေတာင္းပန္တာနဲ႔.."
"မလုံေလာက္ဘူးမလား။ ကိုယ္သိပါတယ္။ ခုခ်ိန္မွာ ကိုယ္တတ္ႏိုင္တာအကုန္ မင္းကို လုပ္ေပးခ်င္ပါတယ္"
"ဒါဆို ကြၽန္ေတာ့္ကို လြတ္ေပး။ အေဖက ကြၽန္ေတာ့္ကို လြတ္လြတ္လပ္လပ္ရွင္သန္ႀကီးျပင္းေစခ်င္တာလို႔ သိထားတယ္။ ဖမ္းခ်ဳပ္ထားၿပီးမွ ကြၽန္ေတာ့္ကို မရခ်င္ပါနဲ႔"
ေက်ာခိုင္းသြားတဲ့ ေက်ာျပင္ငယ္။ ကိုယ့္ကို အေဝးႀကီးမွာ ခ်န္ထားခဲ့ျပန္သည္။
လြန္ခဲ့တဲ့ ႏွစ္ေတြက Taehyungကို Mr. Kim ေခၚသြားသည့္အခ်ိန္ကိုပင္ ျပန္ျမင္ေယာင္မိလာသည္။ သူ႔ကို ေသြးေလေျခာက္ျခားေစတဲ့ ထိုေန႔မ်ားဆီ အေတြးမေရာက္မိေအာင္ ထိန္းထားရင္း Taehyung ေက်ာျပင္ကို ျမင္ရေတာ့ သူက်ရႈံးရသည္။
ထိုေန႔ကေတာ့ Mr. Kimရဲ႕ ေက်ာျပင္ကို ျမင္ခဲ့ရသည္။ Mr. Kimရဲ႕ ပုခုံးေပၚ အိပ္ေပ်ာ္ရင္ ပါသြားတဲ့ ကေလးေလးက သူ႔ကို စိတ္ပိုင္းဆိုင္ရာျပႆနာေတြ တစ္ပုံတစ္ပင္ေပးသြားခဲ့သည္။
____
"ဘာတဲ့လဲ"
အိမ္အကူမေလးက ေခါင္းခါျပသည္။ သူ႔လက္ထဲမွာ မတို႔မထိထားေသာ ထမင္းဟင္း၊ မုန္႔မ်ိဳးစုံစီကာစဥ္ကာ ထည့္ထားသည့္ ဗန္း။
သူေဌးႀကီး Jeon စိတ္ပ်က္လက္ပ်က္ျဖင့္ လက္ထဲက သတင္းစာကို ပစ္ခ်လိုက္သည္။
သူ႔သားေလး JungKook ထမင္းမစား ေရမေသာက္ဘဲ ေနေနတာ ဘယ္ႏွရက္ေတာင္ရွိၿပီတဲ့လဲ။ သည္လိုသာ ဆက္ေနေနမယ္ဆိုလွ်င္ ေတာင့္ခံႏိုင္မွာမဟုတ္။ ကေလးတစ္ေယာက္အတြက္နဲ႔မ်ား ခုေလာက္ထိ ျဖစ္သြားရတယ္လို႔ လူၾကားလို႔လည္း မေကာင္း။
သူ႔သားသာမဟုတ္ရင္ စိတ္ပ်က္မိမွာ။ အခုေတာ့ သူ႔သားအေၾကာင္း သူသိေနလို႔။ သူအသိဆုံးျဖစ္ေနလို႔သာ အျပစ္လည္း မတင္ရက္သလို စိတ္လည္း မဆိုးရက္။
"အဲ့တာ ငါ့ကိုေပး။ ငါကိုယ္တိုင္ သြားေကြၽးမယ္"
သူ႔သားေလးက ဖတဆိုးအျဖစ္ ႀကီးျပင္းလာရသူျဖစ္တာေၾကာင့္ သူသိပ္ၿပီးအလိုလိုက္သည္။ JungKookေလးကို လိုေလေသးမရွိေအာင္လည္း ထားခဲ့သည္။ နည္းနည္းေလးမွ စိတ္ဓါတ္က်ေနတာမ်ိဳး ျမင္ခ်င္တာမဟုတ္။
ဒါဟာ ဖခင္တစ္ေယာက္ရဲ႕ေမတၱာဆိုလည္းဟုတ္သလို အတၱဆိုလည္း မမွား။
အခုေတာ့ သူကိုယ္တိုင္တည္ေဆာက္ေပးထားတဲ့ အတၱတံတိုင္းႀကီးကို ဘာမဟုတ္တဲ့ တစ္ႏွစ္ေက်ာ္အ႐ြယ္ကေလးတစ္ေယာက္က ဖ်က္ဆီးသြားရတယ္လို႔။
အဲ့သည္ကေလးေၾကာင့္ သားေလးက သိပ္ကို ခံစားတတ္ေနတယ္ေပါ့ေလ။
ေက်ာင္းစာနဲ႔ အလုပ္ကိစၥကလြဲရင္ ဘာကိုမွအာ႐ုံမထားတတ္တဲ့ကေလးက အခုေတာ့ အလကားေနရင္း အာ႐ုံမ်ားေနရေလၿပီ။
"JungKook.. ဒီေန႔လည္း ဘာမွမစားဘူးဆို"
"ကြၽန္ေတာ္မဆာဘူး အေဖ"
"Taehyungေလး ေၾကာင့္လား"
"ကြၽန္ေတာ္က Taehyungေလးရဲ႕ သူစိမ္းလားဟင္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က အေမကိုမေတြ႕ဖူးတာခ်င္းတူတယ္ေလ.. ဒီအတိုင္းခံစားခ်က္ခ်င္းတူလို႔မရဘူးလား"
"JungKookက အရမ္းေတြးေနတာပဲ။ Taehyungက အခုမွ ငယ္ငယ္ေလးရွိေသးတာေလ။ ဘယ္လိုလုပ္ၿပီး ခံစားတတ္ပါ့မလဲ"
JungKook သူ႔အေဖကို သိုင္းဖက္ၿပီး ငိုမိသည္။ ခံစားခ်က္ေတြကို ထုတ္ျပရမွာ သိပ္ေၾကာက္တဲ့သူက Taehyungေလးနဲ႔ ပတ္သက္ရင္ေတာ့ ဘာကိုမွ ထိန္ခ်န္ႏိုင္စြမ္းမရွိပါ။
သူစိမ္းမျဖစ္ခ်င္တာရယ္၊ သူ႔အနားရွိေစခ်င္တာကလြဲရင္ ဘာကိုဘယ္လိုအဓိပၸါယ္ဖြင့္ဆိုရမလဲ။
"ဘာမွမစားဘဲေနလို႔မရဘူး JungKook. ဒီလိုေနရင္ Taehyungကို ျပန္မေတြ႕ရဘဲ ေသသြားလိမ့္မယ္"
ၿခိမ္းေျခာက္စကားဆန္သလို ေခြၽးသိပ္သည့္သေဘာလည္း ပါဝင္သည္။ သူေဌးႀကီးJeonက သူ႔သား အစာစားဖို႔အေရး လုပ္မိလုပ္ရာလုပ္ၿပီး ေျပာမိေျပာရာေျပာလိုက္မိေတာ့တာ။
"Taehyungကို ျပန္ေခၚေပးပါ။ ဘယ္နည္းနဲ႔ပဲျဖစ္ျဖစ္။ ကူညီပါ အေဖရယ္ ေနာ္"
ထိုျပႆနာက ထိုေန႔တစ္ရက္တည္း ၿပီးသြားခဲ့တာမဟုတ္။ ေခ်ာ့တစ္ခါေျခာက္တစ္လွည့္ႏွင့္ အစာမဝင္ဝင္ေအာင္ေကြၽးရ၊ ေရမဝင္ဝင္ေအာင္တိုက္ရတဲ့ေန႔ေတြက ရက္ဆက္ၾကာလာသည္။
JungKookတို႔ ေက်ာင္းပိတ္ရက္ကုန္၍ ေက်ာင္းဖြင့္ရက္ေရာက္သည္အထိ ထိုျပႆနာက ရွိေနဆဲ။ သံပတ္ေပးထားေသာ အ႐ုပ္တစ္႐ုပ္လို ေက်ာင္းသြားဖို႔ျပင္ေနသည့္ သားေလးကို ၾကည့္ရင္း ဖခင္ျဖစ္သူမွာ စိတ္မပူဘဲ မေနႏိုင္။ သည္လိုသာ ဆက္ျဖစ္ေနရင္ ဘယ္လိုလုပ္ရပါ့မလဲ။ ေက်ာင္းတက္လို႔ေရာ အဆင္ေျပပါ့မလား။
ေက်ာင္းေရာက္လို႔ အေပါင္းအသင္းေတြနဲ႔ေတြ႕ရင္ ေျပလည္သြားမယ္၊ အာ႐ုံလြဲသြားလိမ့္မယ္ဟု ထင္ရေအာင္ကလည္း JungKookက အေပါင္းအသင္းခုံမင္သူမဟုတ္။
သည္ကိစၥက ပညာေရးကိုေရာ လူမႈေရးကိုပါ ထိခိုက္လာႏိုင္သည္ဟု ယူဆမိသည္။ သူထင္တာမမွား။ ေက်ာင္းတက္ၿပီး ရက္အနည္းငယ္မွာပင္ သူ႔ဆီသို႔ ေက်ာင္းသားမိဘဆင့္ေခၚစာ ေရာက္လာသည္။
"ထိုင္ပါ Mr. Jeon. ကြၽန္မက JungKookေလးရဲ႕ အတန္းပိုင္ဆရာမပါ"
"ဟုတ္ကဲ့ ေျပာပါ"
"အေဖျဖစ္သူဆိုေတာ့ သတိထားမိမယ္ထင္ပါတယ္။ JungKookေလးက ဒီစာသင္ႏွစ္စတည္းက အေတာ္ေလး အဆင္မေျပျဖစ္ေနတယ္"
"ဘယ္လိုအဆင္မေျပတာလဲ။ စာမလိုက္ႏိုင္တာေတြမ်ား.."
"ဟင့္အင္း။ JungKookက သိပ္ဉာဏ္ေကာင္းပါတယ္။ ကြၽန္မအထင္ အထက္တန္းႏွစ္ေရာက္လာတဲ့ကေလးတစ္ေယာက္ဟာ ထိုက္သင့္တဲ့လူမႈေရးစည္းမ်ဥ္းေတြေတာ့ သိရမယ္ေလ။ အေပါင္းအသင္းမမ်ားရင္ေတာင္ အတန္းေဖာ္ေတြနဲ႔ လိုက္ေလ်ာညီေထြရွိသင့္တာေပါ့"
"အခု.."
"ဒါေတြ.. ကြၽန္မဆီေရာက္လာတဲ့တိုင္ၾကားစာေတြရယ္၊ JungKookကိုယ္တိုင္လက္မွတ္ထိုးထားတဲ့ ဝန္ခံကတိေတြရယ္"
သူေဌးႀကီးက သူ႔သားအေပၚတိုင္ၾကားထားေသာ ျဖစ္ရပ္အမ်ိဳးမ်ိဳးကို တစ္႐ြက္ၿပီးတစ္႐ြက္ဖတ္ေနလ်က္။ တစ္႐ြက္ဖတ္ၿပီးတိုင္း သူ႔မ်က္ခုံးႏွစ္ဖက္က ပိုနီးလာသည္။
အခုေလာက္ထိ ျပႆနာရွိလာလိမ့္မယ္လို႔ မထင္ခဲ့မိတာ။ တစ္ႏွစ္သားကေလး၏ JungKookအေပၚ သက္ေရာက္ႏိုင္စြမ္းကို အထင္ေသးမိတာ အမွားႀကီးမွားသည္။
"JungKookေၾကာင့္ ထိခိုက္ဒဏ္ရာရထားတဲ့ကေလးေတြပါ။ မေန႔ကဆို မ်က္လုံးကိုပါ ခဲတံနဲ႔ထိုးဖို႔လုပ္ေနတာ.. ကြၽန္မအတန္းထဲေစာေစာဝင္မိလို႔သာေပါ့။ ခံ၀န္ကတိေတြလည္း ထိုးထားရက္နဲ႔။ JungKookက အလယ္တန္းဆရာမေတြဆီက သုံးသပ္ခ်က္ေကာင္းေကာင္းေတြရထားသူဆို။ ကြၽန္မျဖင့္ ယုံေတာင္မယုံႏိုင္ဘူး"
"အခု ကြၽန္ေတာ္ ဘာလုပ္ေပးရမလဲ"
"JungKook သူ႔စိတ္သူထိန္းႏိုင္ခ်ိန္အထိ အိမ္ေက်ာင္းပဲထားေပးေစခ်င္ပါတယ္"
ေက်ာင္းနားေတာ့လို႔ မေျပာ႐ုံပါပင္။ သူ႔စိတ္သူဆို ဆရာမကို ေသာင္းက်န္းပစ္လိုက္ခ်င္ေပမဲ့ ကိုယ့္သားအတြက္ တာ၀န္ဝတၱရားေတြကို ထည့္ေတြးရင္း စိတ္ထိန္းလိုက္ရသည္။
သူ႔သားအတြက္ လုပ္ေပးရမွာေတြကမနည္း။ တစ္ဘာသာခ်င္းစီကို နည္းျပလုပ္ေပးႏိုင္တဲ့ ဆရာ၊ ဆရာမေတြလည္း ရွာရဦးမည္။ အေရးအႀကီးဆုံးက JungKook၏ စိတ္က်န္းမာေရး။ သူ႔သားကို ႐ူးေနတာလို႔ ဆိုလိုတာမဟုတ္။ စိတ္မေပ်ာ္႐ႊင္ႏိုင္တာကိုသာ စိတ္ပူေနမိတာ။
"ဒီေန႔ေတာ့ သားအဖႏွစ္ေယာက္အျပင္ထြက္ျဖစ္တုန္း အျပင္စာပဲစားၾကမလား။ ငါ့သားလည္း အိမ္ကထမင္းခ်က္ႀကီးလက္ရာကို ၿငီးေငြ႕ေနေရာေပါ့"
သူေဌးႀကီးJeonက ႐ႊတ္ေနာက္ေနာက္ႏွင့္ စကားစသည္။ ေနာက္ေန႔ေတြက် အခုလိုေက်ာင္းပို႔ေက်ာင္းႀကိဳခြင့္ရွိေတာ့တာမဟုတ္။ ဖခင္တစ္ေယာက္အေနႏွင့္ စိတ္မေကာင္းျဖစ္မိေသာ္လည္း JungKookကေတာ့ သိပ္ဂ႐ုစိုက္ဟန္မတူ။
"ဘာပဲျဖစ္ျဖစ္ပါ"
"အင္း ဒါဆို.."
"အဆင္ေျပခ်င္ဟန္မေဆာင္ပါနဲ႔ အေဖ။ ကြၽန္ေတာ့္ကို ေက်ာင္းနားခိုင္းခဲ့တာမလား။ ေတာင္းပန္ပါတယ္"
"ဘာကိုေတာင္းပန္ရမွာလဲ။ ငါ့သားေနမေကာင္းတာကိုက် နည္းနည္းမွစိတ္မဝင္စားဘဲ တျခားေက်ာင္းသားေတြအတြက္ပဲၾကည့္ေနတဲ့ သူတို႔ကေရာ ဘာမွန္ေနလို႔လဲ"
သူေဌးႀကီးJeonဆိုတာ အဲ့လိုလူမ်ိဳး။ တစ္ေလာကလုံးကို သူ႔ေျခဖဝါးေအာက္မွာ ျပားျပားဝပ္ေအာင္ ဖိခ်င္ဖိထားလိမ့္မည္၊ သူ႔သားအေပၚကိုေတာ့ ႏူးညံ့ႏိုင္တဲ့ အေဖမ်ိဳး၊ သူ႔သားအတြက္ ဘာမဆိုလုပ္ပစ္ႏိုင္တဲ့ ဖခင္မ်ိဳး။
"ဟုတ္တယ္။ ကြၽန္ေတာ့္စိတ္က ေနမေကာင္းျဖစ္ေနတာ။ ကြၽန္ေတာ္ Taehyungေလးကို ျပန္ရခ်င္တယ္ အေဖရယ္"
"သားႀကီးလာလို႔ အာဏာနဲ႔ပိုက္ဆံသာရွိရင္ သူ႔ဘယ္ေရာက္ေနေန ရွာလို႔ရတယ္။ ေကာင္းေကာင္းသာ ႀကီးျပင္းလာစမ္းပါ ငါ့သားရာ"
"ကြၽန္ေတာ္ အနာဂတ္ကို စိတ္မဝင္စားဘူး အေဖ။ ပစၥဳပၸန္မွာပဲ သူ႔ကို လိုခ်င္တယ္"
သူအလြယ္ေလးနဲ႔ အဲ့သည္ကေလးကို ေခၚေပးႏိုင္သည္။ ရွာမေပးႏိုင္လို႔ ထိုင္ၾကည့္ေနတာမဟုတ္။ သည္ကေလးကို ေမ့သြားမလားလို႔ ေမွ်ာ္လင့္ၿပီး ေစာင့္ေနေပးတာ။ အရင္ကလို စိတ္ဓါတ္ခိုင္မာတဲ့ သူ႔သားျပန္လာမလားလို႔ ေမွ်ာ္ေနခဲ့တာ။
"ကြၽန္ေတာ့္ကို အတန္းထဲကလူေတြက ႐ူးေနတယ္ေျပာတယ္။ ကြၽန္ေတာ့္ေခတ္ကုန္ေနၿပီတဲ့။ ငယ္ငယ္ကလို လိုခ်င္တိုင္းရမယ္ထင္ၿပီး မာနႀကီးမေနနဲ႔တဲ့။ ကြၽန္ေတာ္က အေမမရွိတဲ့ေကာင္သက္သက္ပဲတဲ့"
ဒါေၾကာင့္ပဲ JungKookက ကိုယ္ထိလက္ေရာက္လုပ္မိတာ ျဖစ္ပါလိမ့္မည္။ ဒါဟာ စိတ္အၾကမ္းဖက္ခံရတာပဲမဟုတ္လား။ သည္ေက်ာင္းက ဆရာမေတြက ေသခ်ာမေမးမစမ္းဘဲ အျပင္ပန္းက ထိခိုက္ဒဏ္ရာနဲ႔တင္ အဆုံးအျဖတ္ေပးၾကတာလား။
သည္ကိစၥအတြက္ စိတ္ထိန္းမယ္ဆိုတဲ့စကားကို သူျပန္႐ုတ္သိမ္းမည္။
"တကယ္ပဲ သူမွသူလား။ JungKookက ညီေလးမရွိလို႔ ရခ်င္တာျဖစ္ပါလိမ့္မယ္။ အေဖတစ္ခုခုစီစဥ္ေပးမယ္ေနာ္"
JungKook ႏႈတ္ဆိတ္လ်က္၊ ကားျပတင္းအျပင္ဘက္က ရႈခင္းေတြကို ေငးေမာလ်က္သာ။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜