Unicode
ရှီယွင်နန်မှာတော့ လော့လင်းရှန်းမျက်လုံးလေးများအား စိုက်ကြည့်ရင်း သူ့စကားများမှန်မမှန်ကို ဖြည်းဖြည်းချင်း အတည်ပြုနေ၏။
အရက်အရှိန်ကြောင့် ရီဝေဝေပိုဖြစ်လာသည်နှင့် သူလော့လင်းရှန်းအား နှစ်စက္ကန့် သုံးစက္ကန့်ကြာ မဖက်ထားဘဲ မနေနိုင်တော့... လော့လင်းရှန်း၏ လည်ပင်း၊ ပုခုံးတောင် ပူနွေးလာသည့်အထိပင်။
"ယွင်နန်?"
"ကျွန်တော် ထင်နေတာ..." တိုးညှင်းသည့် လေသံထဲမှာတော့ မကျေမနပ်အရိပ်အယောင်လေးတွေ ပြည့်နှက်နေလျက်- "ခင်ဗျားတောင် ကျွန်တော့ကို မလိုချင်တော့ဘူးထင်နေတာ"
လော့လင်ရှန်းနှလုံးသားလေးကို ထိုစကားတွေက ပြင်းပြင်းထန်ထန် ထိုးဖောက်သွား၏။ သူအမြဲ လုပ်ချင်နေခဲ့သည့်အရာမှာ သူ့ချစ်သူကိုတစ်သက်လုံး ရင်ခွင်ထဲတွင် သော့ခတ်သိမ်းထားဖို့ပင်။
"ကိုယ်က မင်းကို မလိုချင်ဘဲ နေပါ့မလား"
ရှီယွင်နန်မှာ လော့လင်းရှန်း ဖက်ထားသည့် အား ကို ခံစားမိလိုက်တာကြောင့် မငိုဘဲမနေနိုင်တော့။ "ဒါဆို ဘာလို့ အရင်တုန်းက မပြောရတာလဲ?"
"ကိုယ်က ဒီကိစ္စကို ပေါ့ပေါ့တန်တန် ဝန်မခံချင်ဘူး။ ပြီးတော့ ကိုယ်မင်းအပေါ် တိတ်တခိုးချစ်တဲ့ အချစ်တွေနဲ့ မင်းခံစားချက်တွေကို တစ်သက်လုံးချုပ်နှောင်မထားချင်ဘူး......"
လော့လင်းရှန်း လက်ဖဝါးလေးဟာ ရှီယွင်နန် ဂုတ်လေးကို ပွတ်သပ်ပေးနေ၏။ သူ့လေသံလေးမှာ စိတ်ရှည်နေသလို ကိုယ့်ကိုယ်ကို အပြစ်တင်သည့် အရိပ်အယောင်လေးတွေပါ စွန်းထင်းနေသည်။
"အရင်တုန်းကတော့ ကိုယ့်ခြေထောက်တွေ လုံးဝသက်သာလာမယ်လို့ မထင်ခဲ့ဘူးလေ။ မင်းစိတ်ထဲ မထားပေမယ့် ကိုယ်ဒီတိုင်း မနေနိုင်ခဲ့ဘူး။ ယွင်နန် ကိုယ် မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး"
"နောက် အခြေအနေတွေပြောင်းသွားတော့ ကိုယ်ဒီကိစ္စကို ခဏဆိုင်းငံ့ထားနိုင်မယ်လို့ ထင်နေခဲ့တာ..ဘာလို့ဆို..."
"ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ပဲ မင်းရှေ့မှာ ရပ်နေချင်တယ်။ အန္တရာယ်တွေကြုံတဲ့အခါ မင်းကိုကာကွယ်ပေးပြီး မင်းလက်ကလေးကို တစ်သက်လုံး ဆုပ်ကိုင်ထားချင်တယ်။"
လော့လင်းရှန်းက ရှီယွင်နန် ဆံပင်လေးတွေကို နမ်းလိုက်သည်။
"မင်း ကိုယ့်ကိုယုံမှ ဖြစ်မယ်"
ရှီယွင်နန် စာကြည့်ခန်းထဲ မတော်တဆ ဝင်မိပြီး အထင်လွဲသွားမယ်မှန်း၊ ဝမ်းနည်းသွားမယ်မှန်း သူသိခဲ့ပါက အချိန်တွေကို နောက်ပြန်လှည့်ပြီး သူ့ခံစားချက်တွေကို ထုတ်ပြောခဲ့မိမှာပင်။
ရှီယွင်နန် စူပုပ်ပုပ်မျက်နှာထားလေးဖြင့် ပြောလိုက်တော့သည်။ "...... ကျွန်တော် အထုတ်တွေပြင်ပြီး ထွက်တောင်ပြေးတော့မလို့"
လော့လင်းရှန်းရဲ့ လရောင်ဖြူလေးသာ ဝမ်ရိပေဆိုပါက ရှီယွင်နန် တစ်ဖက်လူကို အနိုင်ယူဖို့ ယုံကြည်ချက် မရှိ။ အမှန်တရား ပေါ်လာတာကို ထိုင်စောင့်နေမယ့်အစား၊ သူ့ကိုယ့်သူယုံကြည်ချက်ရှိတဲ့ စိတ်လေး လုံးဝပျက်သုဉ်းသွားပြီး သိမ်ငယ်တဲ့ စိတ်လေး ပေါက်ကွဲထွက်မလာမှီ သူထွက်သွားချင်ခဲ့သည်။
သို့သော် သူတုံ့ဆိုင်းနေခဲ့မိ၏။
လော့လင်းရှန်းကိုကော၊ ရွှေငါးလေးကိုကော၊ ဒီမိသားစုကိုကော သူ လက်မလွှတ်နိုင်ခဲ့။
ဒီဆုံးဖြတ်ချက်ပေါ်လာမှသာ သူ သတိထားမိသွားခဲ့သည်—သူ့ရဲ့ မှီခိုအားကိုးတတ်တဲ့ စိတ်လေးဟာ ဒီနေရာမှာ အမြစ်တွယ်နေပြီဖြစ်တာကြောင့် သူ ထွက်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့။
"ဘယ်ကို ထွက်ပြေးမှာလဲ?"
လော့လင်းရှန်း မေးလိုက်၏။ သူစိုးရိမ်နေပေမယ့်လည်း သူရောက်လာတာ အရမ်းနောက်မကျသွားတာမို့ ဝမ်းသာနေမိလေသည်။ သူက နောက်ကို နည်းနည်းဆုတ်ကာ ရှီယွင်နန်နှင့် မျက်လုံးချင်းဆုံလိုက်သည်။
သူတို့နှာသီးထိပ်ဖျားလေးတွေဟာ တစ်ခုနှင့်တစ်ခု ထိတွေ့ ပွတ်သပ်နေ၏။ လော့လင်းရှန်းလေသံမှာ နူးညံ့နေပေမယ့်လည်း ပြတ်သားနေသည်။ "ရှီယွင်နန် နားထောင်။ ကိုယ်တို့ စတွေ့ကတည်းက မင်းကို ထွက်သွားဖို့ အခွင့်အရေး သုံးကြိမ်ပေးခဲ့တယ်လေ။ဒါမယ့် မင်းကသာ ကိုယ့်အနားမှာ နေဖို့ရွေးချယ်ခဲ့တာ"
"ကိုယ့်ခြေထောက်တွေ လုံးဝဆိုးရွားနေတဲ့အချိန်မှာတောင်မင်းက ထွက်သွားဖို့ တွန့်ဆုတ်နေမှတော့ အခုကော နောက်ကော မင်းကို လွှတ်ပေးလိုက်ဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်တော့ဘူး"
"တခြားသူတွေရဲ့အမြင်မှာတော့ ဝမ်ရိပေက ထူးချွန်ရင်ထူးချွန်နေမှာပေါ့။ ဒါမယ့်ကိုယ်မျက်လုံးထဲမှာတော့ မင်းတစ်ယောက်တည်းပဲ။ မင်းနေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူး။"
မင်းတစ်ယောက်တည်း?
မင်းနေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူး?
ထိုစကားလေးမှာ ရှီယွင်နန်စိတ်ကို လုံးလုံးလျားလျား သိမ်းပိုက်လို့သွား၏။ အချိန်အတော်ကြာထိ တောင့်ခံနေခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ သူဟာ မျက်ရည်များ ထိန်းမနိုင် သိမ်းမရ စီးကျလာတော့သည်။
အစကနေ အဆုံးထိ သူ့ကိုပဲ ပြတ်ပြတ်သားသား ရွေးစေချင်ခဲ့တာ။ သူလိုချင်တာ ဒါပါပဲ။
လော့လင်းရှန်း သူ့မျက်ရည်လေးတွေကို လက်ချောင်းလေးနဲ့ သုတ်ပေးလိုက်သည်။ "မငိုနဲ့နော် မင်းအရက်တွေအများကြီး သောက်ထားပြီး ဘာမှလည်း မစားရသေးဘူး။ ဗိုက်အောင့်နေလား?"
ရှီယွင်နန် ခေါင်းခါလိုက်၏။
သူခံစားနေရတာတွေအားလုံး ပြီးသွားပါပြီ။
အရင်ကလို အရှုပ်အထွေးတွေနဲ့ စောင့်ဆိုင်းနေရတာထက်၊ အခုတော့ အရာအားလုံးကို လွှတ်ချပြီး လော့လင်းရှန်းပေးသည့် ချစ်ခြင်းမေတ္တာတွေကိုသာခံစားချင်တော့သည်။
"ခဏ၊ ကိုယ် မင်းစားဖို့ စားစရာနဲ့ ရေနွေးသွားယူလိုက်အုံးမယ်"
လော့လင်းရှန်း ပြောလိုက်ပေမယ့်လည်း သူ မထခင်မှာပဲ သူချစ်သူ ပြန်ဆွဲတာလေးကို ခံလိုက်ရ၏။
"မသွားနဲ့"
ရှီယွင်နန် လော့လင်းရှန်း ရင်ခွင်ထဲ တိုးဝှေ့ဝင်လိုက်သည်။ သူက ရီဝေဝေဖြစ်နေတာကို ပျောက်အောင်ကြိုးစားရင်း လော့လင်းရှန်းအနားသို့ ပိုတိုးကာ တစ်ဖက်လူရဲ့ နှုတ်ခမ်းလေးတွေကို မဝံ့မရဲလေး နမ်းလိုက်သည်။
"...လောင်ကုန်း"
သူဟာ မူးဝေနေသေးပြီး အသံလေးမှာ ချွဲအီအီလေးဖြစ်နေ၏။ ခေါင်းမကြည်မလင်ဖြစ်နေတာကြောင့် သူ့အသံလေးမှာ အရင်ကထက် ပိုနူးညံ့နေသည်။
"ဟမ်?"
လော့လင်းရှန်း ပြန်ထူးလိုက်သည်။ သူ့အသံရှူသံလေးမှာ သူ့အား အလွယ်တကူပဲ နှိုးဆွလို့နေသည်။
ရှီယွင်နန်မှာတော့ လော့လင်းရှန်းရှူထုတ်လိုက်သည့် အသက်ရှူငွေ့လေးကို ခံစားမိကာ ဗလုံးဗထွေး ပြောချလိုက်သည်။ "ကျွန်တော် ခင်ဗျားကို လိုချင်တယ်"
"နောက်မှပေါ့"
လော့လင်းရှန်း အသက်ပြင်းပြင်းရှူကာ ရှီယွင်နန်အား တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ "တစ်ခုခု အရင်စားအုံးလေ။ မင်း အရက်တွေ အများကြီး သောက်ထားတယ်။ ဗိုက်အောင်နေမှာပေါ့"
နှစ်ယောက်သား၏ နှုတ်ခမ်းတွေမှာ ပူးကပ်နေပုံရပြီး ဘေးပတ်ပတ်လည်တွင် တဖြည်းဖြည်း အပူရှိန် မြင့်တက်လာတော့သည်။
"ကျွန်တော် ထပ်မစောင့်ချင်တော့ဘူး..."
ရှီယွင်နန်မှာ သူ့အရိုးထဲထိ အမြစ်တွယ်နေသည့် ချစ်ခြင်းမေတ္တာတွေထဲ မွေ့လျော်နေသည့်အလား စွဲမက်ဖွယ်ကောင်းစွာ တိုးတိုးလေး ညည်းညူနေ၏။
သူက ခေါင်းလေးကို မော့ကာ လော့လင်းရှန်း မျက်ခုံးလေးတွေကို နမ်းလိုက်သည်။ သူ၏ ရီဝေဝေမျက်နှာ အမူယာလေးမှာ မှိန်ဖျော့ဖျော့အလင်းရောင်လေးအောက်တွင် အထူးဆွဲဆောင်မှု ရှိနေလှသည်။
နောက်ဆုံးတော့ လော့လင်းရှန်းတစ်ယောက် အရှုံးပေးလိုက်ရပြီး သူ့ချစ်သူနှုတ်ခမ်းလေးကို ခပ်ကြမ်းကြမ်းနမ်းလိုက်တော့သည်။
"အမ်~"
ထိုအသံရှည်စွဲထွက်လာသည့် ညည်းညူသံလေးမှာ မြူဆွယ်ဖြားယောင်းနေသလိုပင်။
အရက်ကြောင့် အရှိန်တက်လာပြီး၊ ပြောမပြတတ်စွာ မြန်ဆန်နေသည့် နှလုံးခုန်သံတွေဟာ နှစ်ယောက်စလုံးကို ဗြောင်းဆန်သွားစေသည့်အထိ ဝန်းရံလို့နေသည်။
နောက်ဆုံးတော့ ရှီယွင်နန်မှာ အရာအားလုံးကို မေ့လျော့သွားပြီး၊ လော့လင်းရှန်းရင်ခွင်ထဲမှာသာ တွယ်ကပ်နေလျက်၊ အနမ်းပြင်းပြင်းလေးထဲတွင် သူနာကျင်ခံစားခဲ့ရသမျှအားလုံး ပပျောက်သွားခွင့်ပေးထားသည်။
အချိန်ဘယ်လောက်ကြာသွားမှန်း သူတို့တောင် သတိမထားမိလိုက်။ ရှီယွင်နန်မှာ သူ့ကိုယ်လေး လေထဲမြှောက်သွားသလို ခံစားလိုက်ရပြီး သူ့အလိုလိုတုံ့ပြန်စိတ်က လော့လင်းရှန်း ပုခုံးလေးကို တင်းတင်းကြပ်ကြပ် ဖက်မိသွားလေသည်။
"အာ? ဘာဖြစ်တာလဲ" ရှီယွင်နန် မျက်မှောင်ကြုတ်ကာ မေးတော့
လော့လင်းရှန်း သူ့နှုတ်ခမ်းပါးပါးလေးကို နမ်းကာ ရှင်းပြလိုက်သည်။ "ဒီအခန်းတံခါးကို ယွမ်မုန် ကန်ဖွင့်လိုက်တာလေ။ တခြားနေရာ ပြောင်းရအောင်"
သူပြောပြီးသည်နှင့် ရှီယွင်နန်ကိုယ်လေးကို မသိမသာ ချိန်ကာ ခန့်မှန်းနေမိ၏။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ့ချစ်သူ၏ ကိုယ်အလေးချိန်ကို တိတိကျကျ ခံစားလိုက်မိသည်။
သေချာတာပေါ့၊ သူ့ချစ်သူကိုယ်လေးက အရမ်းပေါ့လွန်းတယ်။ နောက်ဆို သူ့ကို အစားများများ ပိုကျွေးရတော့မှာပဲ။
လော့လင်းရှန်း သူ့ဘာသာသူ တွေးလိုက်ပြီး သူ့ရင်ခွင်ထဲက လူအား ပိုတင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်၏။
"ပေါင်ပေ့ သေချာကိုင်ထားနော်၊ ကိုယ်မင်းကို နောက်တစ်ခန်းဆီ ပွေ့ခေါ်သွားပေးမယ်"
.........
ရှီယွင်နန်မှာ လော့လင်းရှန်းကြောင့် လုံးဝနိုးကြားသွားပြီး၊ ဗိုက်ထဲပူလောင်နေသည့် ဝေဒနာက သူ့အား မူးနောက်နောက်ဖြစ်သွားစေသည်။
သူနွမ်းနယ်စွာနဲ့ပဲ မျက်လုံးဖွင့်ကြည့်လိုက်ပြီး ညည်းတွားလိုက်၏။
"လင်းရှန်း"
"ကိုယ်ရှိတယ်"
လော့လင်းရှန်းက အိပ်ပျော်တော့မယ့် ရှီယွင်နန်အား ပွေ့ကာ ချော့မော့သည့် လေသံလေးနဲ့ ဖြောင်းဖျလိုက်သည်။ "မင်း အိပ်ချင်နေမှန်း ကိုယ်သိပါတယ်။ ဒါမယ့် မအိပ်ခင် တစ်ခုခု စားရမယ်လေ"
ထိုစကားပြောပြီးသည်နှင့် သူက ရေနွေးခွက်လေးကို ရှီယွင်နန် ပါးစပ်နားလေး တေ့ပေးလာ၏။
ရှီယွင်နန်မှာ လည်ချောင်းခြောက်ပြီး မီးထတောက်မတတ် ပူလောင်နေတာကြောင့် ရေတစ်ငုံသောက်ချလိုက်သည်။
ရေနွေးနွေးလေးဟာ သူ့လည်ချောင်းထဲ စီးဝင်လာတာကြောင့်—
ချက်ချင်းပင် သူ့ဗိုက်လေးအား နွေးသွားစေပြီး ခေါင်းကြည်လင်သွားတော့လေသည်။
ရှီယွင်နန် သူ့ခေါင်းလေးကို စောင်းကာ လော့လင်းရှန်း ရင်ခွင်ထဲ တိုးဝှေ့ပူးကပ်နေရင်း၊ စက္ကန့်အနည်းငယ်ကြာသည့်အခါ ငါးဆန်ပြုတ်အနံ့လေးကို ရလိုက်၏။ ထိုအနံ့လေးဟာ သူ့အား ဗိုက်ဆာသွားစေတော့သည်။
နှာခေါင်းလေးစောင်းကာ ငါးဆန်ပြုတ်အနံ့ရှူနေသည့် ရှီယွင်နန်၏ ချစ်စဖွယ်အပြုအမူလေးကို မြင်သည့်အခါ လော့လင်းရှန်း သူ့ပါးလေးအား ပုတ်ကာ ထပ်သတိပေးလိုက်သည်။ "မအိပ်ခင် စားလိုက်ပါလား"
"အားမရှိဘူး။" ရှီယွင်နန်ကတော့ တုတ်တုတ်မျှမလှုပ်ဘဲ ညည်းတွားလိုက်၏။
သူဘာကို ဆိုလိုချင်မှန်း လော့လင်းရှန်း ချက်ချင်း သဘောပေါက်သွားကာ—
"ဟုတ်ပါပြီ ကိုယ်ခွံ့ကျွေးမယ်"
သူ့ချစ်သူဆီက အဖြေရပြီးသည်နှင့် ရှီယွင်နန် မျက်လုံးများကိုမှိတ်ထားကာ မူကြိုကလေးလေးကို ပြုစုစောင့်ရှောက်သလိုမျိုး လော့လင်းရှန်း သူ့ပါးစပ်လေးနား ဆန်ပြုတ်ခွံ့ပေးမှာကို နာနာခံခံလေး စောင့်နေလိုက်၏။
သူ့ဗိုက်ထဲ ပူလောင်နေသည့် ဝေဒနာမှာ နောက်ဆုံးတော့ သက်သာသွားလေပြီ။ ရှီယွင်နန် လော့လင်းရှန်းအား မှေးကြည့်လိုက်ပြီး မေးလိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ? ကျွန်တော် နည်းနည်းကြာကြာ ထပ်အိပ်ချင်နေသေးတယ်။"
"မနက် ရှစ်နာရီပဲရှိသေးတယ်။ မင်း လေးနာရီ ငါးနာရီလောက်ပဲ အိပ်ထားရသေးတာ"
သိပ်မကြာသေးခင်ကပင် အခြေအနေတွေမှာ ထိန်းမရသိမ်းရမဖြစ်ခဲ့၏။ သေခြင်းတရားမှလွဲ ဘယ်သူကမှ သူတို့နှစ်ယောက်အား မခွဲထုတ်နိုင်သလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားကြသည်။
ရှီယွင်နန် အိပ်ငိုက်သေးတာကိုမြင်တော့ လော့လင်းရှန်းမှာ သူ့အစာကြေသွားရန် ဘာတစ်ခုမှ အတင်းအကြပ် မလုပ်ခိုင်းလိုက်တော့။ ကုတင်ပေါ်မှာသာ သူနှင့်အတူတူ လှဲလျောင်းနေပေးလိုက်တော့သည်။
"အိပ်တော့လေ။ နေ့ခင်းထိဖြစ်ဖြစ် ညထိဖြစ်ဖြစ် အိပ်လိုက်။"
ရှီယွင်နန်မှာ လော့လင်းရှန်း၏ လက်ချောင်းသွယ်သွယ်လေးတွေကို မသိစိတ်က လိုက်စမ်းလိုက်ပြီး သူလက်များနှင့် ယှက်နွယ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"...လောင်ကုန်း"
"အင်း?"
"နိုးလာရင် လက်စွပ်သွားဝယ်ရအောင် ကျွန်တော် ဒီဇိုင်းဆွဲမှာကို မစောင့်နဲ့တော့။ ရှီးခယ့်ယွဲ့က အဲ့ဒါကိုသုံးပြီး ကျွန်တော့်ကို စိတ်တိုအောင်လုပ်သေးတယ်..."
ရှီယွင်နန် လေသံလေးမှာ တိုးညှင်းပြီး ချွဲအီနေဆဲ။
"တွေးရင်း ပိုဒေါသထွက်လာပြီ"
အပြင်ပန်းမှာတော့ သူ့ပုံစံလေးဟာ ခက်ထန်ပြီး အလျှော့မပေးသည့် ပုံပေါက်ပေမယ့်လည်း အတွင်းစိတ်မှာတော့ တကယ့်ကို နာခံတတ်သူပင်။ သူဟာ တကယ့်ကို အိပ်ငိုက်နေပေမယ့်လည်း ထိုကိစ္စကိုတော့ ဗလုံးဗထွေးပြောနေသေး၏။
လော့လင်းရှန်း ပြုံးမိသွားပြီး သူ့နှုတ်ခမ်းလေးကို နမ်းလိုက်တော့သည်။ "ဟုတ်ပါပြီ၊ နိုးလာမှ ဆက်ပြောကြမယ်လေ"
ရှီယွင်နန် ပင်ပန်းလွန်းတာကြောင့် ပြန်မဖြေလိုက်။ ဒါကို မြင်သည့်အခါ လော့လင်းရှန်းလည်း မျက်လုံးမှိတ်လိုက်ပြီး အနားယူလိုက်တော့သည်။
နှစ်ယောက်သား ပွေ့ဖက်ထားရင်း အိပ်ပျော်သွားကြလေသည်။
သူတို့ပြန်နိုးလာသည့်အခါ၊ ပြတင်းပေါက်အပြင်ဘက်ရှိ နေဝင်ချိန်က ကောင်းကင်တစ်ဝက်နီးပါးကို ရဲတောက်နေစေ၏။
ရှီယွင်နန် အကြောဆန့်လိုက်ဖို့ပြင်လိုက်သော်လည်း၊ နောက်စက္ကန့်မှာပင် နာကျင်သွားတာကြောင့် သူ့မျက်နှာလေးရှုံ့မဲ့လို့သွားသည်။
သူ့တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေ၏။
လော့လင်းရှန်းကတော့ သူ့နောက်ကျောလေးကို ပွတ်ပေးနေရင်း ရယ်နေသည်။
"မလှုပ်နဲ့ ကိုယ်နှိပ်ပေးမယ်"
ရှီယွင်နန် သက်ပြင်းလေးချကာ သူ့ဘေးနားက လော့လင်းရှန်းအား စိုက်ကြည့်နေမိလေသည်။
"ဘာလို့ ကိုယ့်ကို ဒီလိုကြည့်နေတာလဲ? "
"ခင်ဗျား ပြောခဲ့တာတွေကို ပြန်တွေးနေမိတာ"
ဒီနှစ်ရက်အတွင်း အများကြီး ဖြစ်ပျက်သွားပြီး၊ ရိုလာကိုစတာစီးနေရသည့်အတိုင်း ထိုခံစားချက် အတက်အကျများဟာ သူ့စိတ်အား ပရမ်းပတာ ဖြစ်သွားခဲ့စေသည်။
လော့လင်းရှန်းက အသံတိုးတိုးလေးနဲ့ မေးလာ၏။ "မှတ်မိသေးတယ်ပေါ့? မင်းက မူးရင် အများကြီး မေ့သွားတတ်တယ်လေ"
သူ့စကားလုံးတွေထဲမှာတော့ တခြားအဓိပ္ပာယ်တွေပါ ပါနေပုံပင်။
"....."
ရှီယွင်နန် နှာမှုတ်ကာ လော့လင်းရှန်းအား ပြောခွင့်ပေးထားလိုက်သည်။
"ဒါဆို အဲ့အကြောင်းပြော...ပြောပြလေ" သူက လည်ချောင်းရှင်းကာ ရှက်ကိုးရှက်ကန်းလေး ပြောလိုက်သည်။ "ခင်ဗျားရင်ထဲမှာ ဝှက်ထားတဲ့ လရောင်ဖြူလေးအကြောင်း ပြောပြလေ။"
"မင်းပဲ ဂရုမစိုက်ဘူးဆို?" လော့လင်းရှန်း သူ့ကို တမင်တကာ စလိုက်သည်။
-ဘာကို လရောင်ဖြူလေးလဲ? ကျွန်တော် မနာလိုဖြစ်မယ်များ ထင်နေလား?
-ဘာကို မနာလိုဖြစ်ရမှာလဲ? ကျွန်တော် ဂရုစိုက်တယ်လို့များ ခင်ဗျားထင်နေလား?
ရှီယွင်နန်မှာ သူပြောခဲ့တာတွေကို ယောင်ဝါးဝါးပြန်မှတ်မိသွားပြီး နားရွက်များမှာ ကြက်သွေးရောင်သမ်းတဲ့အထိ နီရဲနေတော့သည်။
ဒါက သူ့ကို အပြစ်ပြောလို့ မရဘူးလေ။
လရောင်ဖြူလေးက သူဖြစ်နေမှန်း သူမှ ကြိုမသိခဲ့ရတာ။
အခုတော့ သူ့ကိုယ်သူ တိတ်တိတ်လေးမနာလိုဖြစ်နေခဲ့မိတာတဲ့လား? ရယ်စရာကောင်းသလို ထူးလည်းထူးဆန်းတယ်။
"ခင်ဗျား ပြောမှာလား မပြောဘူးလား?"
"ဟုတ်ပါပြီကွာ" လော့လင်းရှန်းလည်း နဂိုကတည်းက တရုတ်ပြန်ရောက်သည်နှင့် အရာအားလုံးကို ဝန်ခံရန် စဉ်းစားထားတာကြောင့် ရှီယွင်နန် ဆန္ဒလေးကို လိုက်လျောပေးလိုက်တော့သည်။
"မင်းကြားချင်တာမှန်သမျှကို ပြောပြမယ်"
ရှီယွင်နန် ကျေနပ်သွားကာ မျက်ခုံးပင့်လိုက်ပြီး သိချင်နေတာလေးကို စမေးလိုက်တော့သည်။ "ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲတုန်းက ကျွန်တော်မူးနေတဲ့အချိန် ခင်ဗျားနဲ့ တွေ့ခဲ့တာမလား?"
"အင်း"
"ပြီးတော့ကော ဘာဆက်ဖြစ်လဲ?"
သူမူးနေတာကြောင့် ပထမဆုံးတွေ့ဆုံမှုကို လုံးဝမမှတ်မိနေခဲ့။ "... အဲ့တုန်းက ကျွန်တော် အရက်သိပ်မသောက်နိုင်သေးဘူးလေ။ ကျွန်တော်ကချောလို့ ခင်ဗျားကြိုက်သွားတာမလား?"
လော့လင်းရှန်း ရယ်မိသွားတော့သည်။ "အဲ့နေ့တုန်းက ယွီရှော့ အတင်းဆွဲခေါ်လို့ ကိုယ်လိုက်လာတာ။ နောက်တော့ အရမ်းပျင်းစရာကောင်းလာတယ်လေ။ အဲ့ဒါနဲ့ လေကောင်းလေသန့်ရအောင် ခြံနောက်ဖက်ကိုလျှောက်လာရင်း အမူးသမားလေးနဲ့ တိုးတော့တာပဲ"
"မူးနေတဲ့ လူတစ်ယောက်က ကိုယ့်ကို 'ခင်ဗျားက အရမ်းကြည့်ကောင်းတာပဲ'လို့ပြောပြီး ကိုယ့်ရဲ့ ပထမဆုံး အနမ်းကို ယူသွားတယ်လေ။ နောက်တော့ ထအန်တော့တာပဲ"
"အဟွတ် အဟွတ်"
ရှီယွင်နန် သီးသွားကာ ထေ့ထေ့ငေါ့ငေါ့ မေးလိုက်၏။ "အဲ့..အဲ့ဒါက ပထမဆုံးတွေ့တာလား?ဒါ..ဒါပဲလား?"
"ရှိသေးတယ်။ နောက်တော့ မင်းက ကိုယ့်ကိုဖက်ထားပြီး မွေးနေ့ပွဲကို တစ်ယောက်တည်းမကျင်းပချင်ပါဘူးဆိုပြီး အော်ငိုတော့တာပဲ"
"ကိုယ် ကိတ်တစ်စိတ်သွားရှာပြီး မင်းအတွက် မွေးနေ့သီချင်းတောင် ဆိုပေးခဲ့သေးတယ်။ နောက်တော့ ကိတ်မုန့်စားနေရင်း မင်းကထပ်ငိုပြန်ကောလေ။"
အရက်မူးနေသည့် ဆယ့်ရှစ်နှစ်အရွယ် ရှီယွင်နန်လေးမှာ တကယ့်ကို အလိုလိုက်ခံခဲ့ရလေသည်။
"..."
Zawgyi
ရွီယြင္နန္မွာေတာ့ ေလာ့လင္းရွန္းမ်က္လုံးေလးမ်ားအား စိုက္ၾကည့္ရင္း သူ႔စကားမ်ားမွန္မမွန္ကို ျဖည္းျဖည္းခ်င္း အတည္ျပဳေန၏။
အရက္အရွိန္ေၾကာင့္ ရီေဝေဝပိုျဖစ္လာသည္ႏွင့္ သူေလာ့လင္းရွန္းအား ႏွစ္စကၠန္႔ သုံးစကၠန္႔ၾကာ မဖက္ထားဘဲ မေနႏိုင္ေတာ့... ေလာ့လင္းရွန္း၏ လည္ပင္း၊ ပုခုံးေတာင္ ပူေႏြးလာသည့္အထိပင္။
"ယြင္နန္?"
"ကြၽန္ေတာ္ ထင္ေနတာ..." တိုးညႇင္းသည့္ ေလသံထဲမွာေတာ့ မေက်မနပ္အရိပ္အေယာင္ေလးေတြ ျပည့္ႏွက္ေနလ်က္- "ခင္ဗ်ားေတာင္ ကြၽန္ေတာ့ကို မလိုခ်င္ေတာ့ဘူးထင္ေနတာ"
ေလာ့လင္ရွန္းႏွလုံးသားေလးကို ထိုစကားေတြက ျပင္းျပင္းထန္ထန္ ထိုးေဖာက္သြား၏။ သူအၿမဲ လုပ္ခ်င္ေနခဲ့သည့္အရာမွာ သူ႔ခ်စ္သူကိုတစ္သက္လုံး ရင္ခြင္ထဲတြင္ ေသာ့ခတ္သိမ္းထားဖို႔ပင္။
"ကိုယ္က မင္းကို မလိုခ်င္ဘဲ ေနပါ့မလား"
ရွီယြင္နန္မွာ ေလာ့လင္းရွန္း ဖက္ထားသည့္ အား ကို ခံစားမိလိုက္တာေၾကာင့္ မငိုဘဲမေနႏိုင္ေတာ့။ "ဒါဆို ဘာလို႔ အရင္တုန္းက မေျပာရတာလဲ?"
"ကိုယ္က ဒီကိစၥကို ေပါ့ေပါ့တန္တန္ ဝန္မခံခ်င္ဘူး။ ၿပီးေတာ့ ကိုယ္မင္းအေပၚ တိတ္တခိုးခ်စ္တဲ့ အခ်စ္ေတြနဲ႔ မင္းခံစားခ်က္ေတြကို တစ္သက္လုံးခ်ဳပ္ေႏွာင္မထားခ်င္ဘူး......"
ေလာ့လင္းရွန္း လက္ဖဝါးေလးဟာ ရွီယြင္နန္ ဂုတ္ေလးကို ပြတ္သပ္ေပးေန၏။ သူ႔ေလသံေလးမွာ စိတ္ရွည္ေနသလို ကိုယ့္ကိုယ္ကို အျပစ္တင္သည့္ အရိပ္အေယာင္ေလးေတြပါ စြန္းထင္းေနသည္။
"အရင္တုန္းကေတာ့ ကိုယ့္ေျခေထာက္ေတြ လုံးဝသက္သာလာမယ္လို႔ မထင္ခဲ့ဘူးေလ။ မင္းစိတ္ထဲ မထားေပမယ့္ ကိုယ္ဒီတိုင္း မေနႏိုင္ခဲ့ဘူး။ ယြင္နန္ ကိုယ္ မင္းအတြက္ ဝန္ထုပ္ဝန္ပိုး မျဖစ္ေစခ်င္ဘူး"
"ေနာက္ အေျခအေနေတြေျပာင္းသြားေတာ့ ကိုယ္ဒီကိစၥကို ခဏဆိုင္းငံ့ထားႏိုင္မယ္လို႔ ထင္ေနခဲ့တာ..ဘာလို႔ဆို..."
"က်န္းမာတဲ့ ခႏၶာကိုယ္နဲ႔ပဲ မင္းေရွ႕မွာ ရပ္ေနခ်င္တယ္။ အႏၲရာယ္ေတြႀကဳံတဲ့အခါ မင္းကိုကာကြယ္ေပးၿပီး မင္းလက္ကေလးကို တစ္သက္လုံး ဆုပ္ကိုင္ထားခ်င္တယ္။"
ေလာ့လင္းရွန္းက ရွီယြင္နန္ ဆံပင္ေလးေတြကို နမ္းလိုက္သည္။
"မင္း ကိုယ့္ကိုယုံမွ ျဖစ္မယ္"
ရွီယြင္နန္ စာၾကည့္ခန္းထဲ မေတာ္တဆ ဝင္မိၿပီး အထင္လြဲသြားမယ္မွန္း၊ ဝမ္းနည္းသြားမယ္မွန္း သူသိခဲ့ပါက အခ်ိန္ေတြကို ေနာက္ျပန္လွည့္ၿပီး သူ႔ခံစားခ်က္ေတြကို ထုတ္ေျပာခဲ့မိမွာပင္။
ရွီယြင္နန္ စူပုပ္ပုပ္မ်က္ႏွာထားေလးျဖင့္ ေျပာလိုက္ေတာ့သည္။ "...... ကြၽန္ေတာ္ အထုတ္ေတြျပင္ၿပီး ထြက္ေတာင္ေျပးေတာ့မလို႔"
ေလာ့လင္းရွန္းရဲ႕ လေရာင္ျဖဴေလးသာ ဝမ္ရိေပဆိုပါက ရွီယြင္နန္ တစ္ဖက္လူကို အႏိုင္ယူဖို႔ ယုံၾကည္ခ်က္ မရွိ။ အမွန္တရား ေပၚလာတာကို ထိုင္ေစာင့္ေနမယ့္အစား၊ သူ႔ကိုယ့္သူယုံၾကည္ခ်က္ရွိတဲ့ စိတ္ေလး လုံးဝပ်က္သုဥ္းသြားၿပီး သိမ္ငယ္တဲ့ စိတ္ေလး ေပါက္ကြဲထြက္မလာမွီ သူထြက္သြားခ်င္ခဲ့သည္။
သို႔ေသာ္ သူတုံ႔ဆိုင္းေနခဲ့မိ၏။
ေလာ့လင္းရွန္းကိုေကာ၊ ေ႐ႊငါးေလးကိုေကာ၊ ဒီမိသားစုကိုေကာ သူ လက္မလႊတ္ႏိုင္ခဲ့။
ဒီဆုံးျဖတ္ခ်က္ေပၚလာမွသာ သူ သတိထားမိသြားခဲ့သည္—သူ႔ရဲ႕ မွီခိုအားကိုးတတ္တဲ့ စိတ္ေလးဟာ ဒီေနရာမွာ အျမစ္တြယ္ေနၿပီျဖစ္တာေၾကာင့္ သူ ထြက္သြားဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ေတာ့။
"ဘယ္ကို ထြက္ေျပးမွာလဲ?"
ေလာ့လင္းရွန္း ေမးလိုက္၏။ သူစိုးရိမ္ေနေပမယ့္လည္း သူေရာက္လာတာ အရမ္းေနာက္မက်သြားတာမို႔ ဝမ္းသာေနမိေလသည္။ သူက ေနာက္ကို နည္းနည္းဆုတ္ကာ ရွီယြင္နန္ႏွင့္ မ်က္လုံးခ်င္းဆုံလိုက္သည္။
သူတို႔ႏွာသီးထိပ္ဖ်ားေလးေတြဟာ တစ္ခုႏွင့္တစ္ခု ထိေတြ႕ ပြတ္သပ္ေန၏။ ေလာ့လင္းရွန္းေလသံမွာ ႏူးညံ့ေနေပမယ့္လည္း ျပတ္သားေနသည္။ "ရွီယြင္နန္ နားေထာင္။ ကိုယ္တို႔ စေတြ႕ကတည္းက မင္းကို ထြက္သြားဖို႔ အခြင့္အေရး သုံးႀကိမ္ေပးခဲ့တယ္ေလ။ဒါမယ့္ မင္းကသာ ကိုယ့္အနားမွာ ေနဖို႔ေ႐ြးခ်ယ္ခဲ့တာ"
"ကိုယ့္ေျခေထာက္ေတြ လုံးဝဆိုး႐ြားေနတဲ့အခ်ိန္မွာေတာင္မင္းက ထြက္သြားဖို႔ တြန္႔ဆုတ္ေနမွေတာ့ အခုေကာ ေနာက္ေကာ မင္းကို လႊတ္ေပးလိုက္ဖို႔ဆိုတာ ပိုလို႔ေတာင္မျဖစ္ႏိုင္ေတာ့ဘူး"
"တျခားသူေတြရဲ႕အျမင္မွာေတာ့ ဝမ္ရိေပက ထူးခြၽန္ရင္ထူးခြၽန္ေနမွာေပါ့။ ဒါမယ့္ကိုယ္မ်က္လုံးထဲမွာေတာ့ မင္းတစ္ေယာက္တည္းပဲ။ မင္းေနရာကို ဘယ္သူမွ အစားမထိုးႏိုင္ဘူး။"
မင္းတစ္ေယာက္တည္း?
မင္းေနရာကို ဘယ္သူမွ အစားမထိုးႏိုင္ဘူး?
ထိုစကားေလးမွာ ရွီယြင္နန္စိတ္ကို လုံးလုံးလ်ားလ်ား သိမ္းပိုက္လို႔သြား၏။ အခ်ိန္အေတာ္ၾကာထိ ေတာင့္ခံေနခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ သူဟာ မ်က္ရည္မ်ား ထိန္းမႏိုင္ သိမ္းမရ စီးက်လာေတာ့သည္။
အစကေန အဆုံးထိ သူ႔ကိုပဲ ျပတ္ျပတ္သားသား ေ႐ြးေစခ်င္ခဲ့တာ။ သူလိုခ်င္တာ ဒါပါပဲ။
ေလာ့လင္းရွန္း သူ႔မ်က္ရည္ေလးေတြကို လက္ေခ်ာင္းေလးနဲ႔ သုတ္ေပးလိုက္သည္။ "မငိုနဲ႔ေနာ္ မင္းအရက္ေတြအမ်ားႀကီး ေသာက္ထားၿပီး ဘာမွလည္း မစားရေသးဘူး။ ဗိုက္ေအာင့္ေနလား?"
ရွီယြင္နန္ ေခါင္းခါလိုက္၏။
သူခံစားေနရတာေတြအားလုံး ၿပီးသြားပါၿပီ။
အရင္ကလို အရႈပ္အေထြးေတြနဲ႔ ေစာင့္ဆိုင္းေနရတာထက္၊ အခုေတာ့ အရာအားလုံးကို လႊတ္ခ်ၿပီး ေလာ့လင္းရွန္းေပးသည့္ ခ်စ္ျခင္းေမတၱာေတြကိုသာခံစားခ်င္ေတာ့သည္။
"ခဏ၊ ကိုယ္ မင္းစားဖို႔ စားစရာနဲ႔ ေရေႏြးသြားယူလိုက္အုံးမယ္"
ေလာ့လင္းရွန္း ေျပာလိုက္ေပမယ့္လည္း သူ မထခင္မွာပဲ သူခ်စ္သူ ျပန္ဆြဲတာေလးကို ခံလိုက္ရ၏။
"မသြားနဲ႔"
ရွီယြင္နန္ ေလာ့လင္းရွန္း ရင္ခြင္ထဲ တိုးေဝွ႔ဝင္လိုက္သည္။ သူက ရီေဝေဝျဖစ္ေနတာကို ေပ်ာက္ေအာင္ႀကိဳးစားရင္း ေလာ့လင္းရွန္းအနားသို႔ ပိုတိုးကာ တစ္ဖက္လူရဲ႕ ႏႈတ္ခမ္းေလးေတြကို မဝံ့မရဲေလး နမ္းလိုက္သည္။
"...ေလာင္ကုန္း"
သူဟာ မူးေဝေနေသးၿပီး အသံေလးမွာ ခြၽဲအီအီေလးျဖစ္ေန၏။ ေခါင္းမၾကည္မလင္ျဖစ္ေနတာေၾကာင့္ သူ႔အသံေလးမွာ အရင္ကထက္ ပိုႏူးညံ့ေနသည္။
"ဟမ္?"
ေလာ့လင္းရွန္း ျပန္ထူးလိုက္သည္။ သူ႔အသံရွဴသံေလးမွာ သူ႔အား အလြယ္တကူပဲ ႏႈိးဆြလို႔ေနသည္။
ရွီယြင္နန္မွာေတာ့ ေလာ့လင္းရွန္းရွဴထုတ္လိုက္သည့္ အသက္ရွဴေငြ႕ေလးကို ခံစားမိကာ ဗလုံးဗေထြး ေျပာခ်လိုက္သည္။ "ကြၽန္ေတာ္ ခင္ဗ်ားကို လိုခ်င္တယ္"
"ေနာက္မွေပါ့"
ေလာ့လင္းရွန္း အသက္ျပင္းျပင္းရွဴကာ ရွီယြင္နန္အား တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္သည္။ "တစ္ခုခု အရင္စားအုံးေလ။ မင္း အရက္ေတြ အမ်ားႀကီး ေသာက္ထားတယ္။ ဗိုက္ေအာင္ေနမွာေပါ့"
ႏွစ္ေယာက္သား၏ ႏႈတ္ခမ္းေတြမွာ ပူးကပ္ေနပုံရၿပီး ေဘးပတ္ပတ္လည္တြင္ တျဖည္းျဖည္း အပူရွိန္ ျမင့္တက္လာေတာ့သည္။
"ကြၽန္ေတာ္ ထပ္မေစာင့္ခ်င္ေတာ့ဘူး..."
ရွီယြင္နန္မွာ သူ႔အ႐ိုးထဲထိ အျမစ္တြယ္ေနသည့္ ခ်စ္ျခင္းေမတၱာေတြထဲ ေမြ႕ေလ်ာ္ေနသည့္အလား စြဲမက္ဖြယ္ေကာင္းစြာ တိုးတိုးေလး ညည္းညဴေန၏။
သူက ေခါင္းေလးကို ေမာ့ကာ ေလာ့လင္းရွန္း မ်က္ခုံးေလးေတြကို နမ္းလိုက္သည္။ သူ၏ ရီေဝေဝမ်က္ႏွာ အမူယာေလးမွာ မွိန္ေဖ်ာ့ေဖ်ာ့အလင္းေရာင္ေလးေအာက္တြင္ အထူးဆြဲေဆာင္မႈ ရွိေနလွသည္။
ေနာက္ဆုံးေတာ့ ေလာ့လင္းရွန္းတစ္ေယာက္ အရႈံးေပးလိုက္ရၿပီး သူ႔ခ်စ္သူႏႈတ္ခမ္းေလးကို ခပ္ၾကမ္းၾကမ္းနမ္းလိုက္ေတာ့သည္။
"အမ္~"
ထိုအသံရွည္စြဲထြက္လာသည့္ ညည္းညဴသံေလးမွာ ျမဴဆြယ္ျဖားေယာင္းေနသလိုပင္။
အရက္ေၾကာင့္ အရွိန္တက္လာၿပီး၊ ေျပာမျပတတ္စြာ ျမန္ဆန္ေနသည့္ ႏွလုံးခုန္သံေတြဟာ ႏွစ္ေယာက္စလုံးကို ေျဗာင္းဆန္သြားေစသည့္အထိ ဝန္းရံလို႔ေနသည္။
ေနာက္ဆုံးေတာ့ ရွီယြင္နန္မွာ အရာအားလုံးကို ေမ့ေလ်ာ့သြားၿပီး၊ ေလာ့လင္းရွန္းရင္ခြင္ထဲမွာသာ တြယ္ကပ္ေနလ်က္၊ အနမ္းျပင္းျပင္းေလးထဲတြင္ သူနာက်င္ခံစားခဲ့ရသမွ်အားလုံး ပေပ်ာက္သြားခြင့္ေပးထားသည္။
အခ်ိန္ဘယ္ေလာက္ၾကာသြားမွန္း သူတို႔ေတာင္ သတိမထားမိလိုက္။ ရွီယြင္နန္မွာ သူ႔ကိုယ္ေလး ေလထဲေျမႇာက္သြားသလို ခံစားလိုက္ရၿပီး သူ႔အလိုလိုတုံ႔ျပန္စိတ္က ေလာ့လင္းရွန္း ပုခုံးေလးကို တင္းတင္းၾကပ္ၾကပ္ ဖက္မိသြားေလသည္။
"အာ? ဘာျဖစ္တာလဲ" ရွီယြင္နန္ မ်က္ေမွာင္ၾကဳတ္ကာ ေမးေတာ့
ေလာ့လင္းရွန္း သူ႔ႏႈတ္ခမ္းပါးပါးေလးကို နမ္းကာ ရွင္းျပလိုက္သည္။ "ဒီအခန္းတံခါးကို ယြမ္မုန္ ကန္ဖြင့္လိုက္တာေလ။ တျခားေနရာ ေျပာင္းရေအာင္"
သူေျပာၿပီးသည္ႏွင့္ ရွီယြင္နန္ကိုယ္ေလးကို မသိမသာ ခ်ိန္ကာ ခန္႔မွန္းေနမိ၏။ သူ႔ဘဝတြင္ ပထမဆုံးအႀကိမ္အျဖစ္ သူ႔ခ်စ္သူ၏ ကိုယ္အေလးခ်ိန္ကို တိတိက်က် ခံစားလိုက္မိသည္။
ေသခ်ာတာေပါ့၊ သူ႔ခ်စ္သူကိုယ္ေလးက အရမ္းေပါ့လြန္းတယ္။ ေနာက္ဆို သူ႔ကို အစားမ်ားမ်ား ပိုေကြၽးရေတာ့မွာပဲ။
ေလာ့လင္းရွန္း သူ႔ဘာသာသူ ေတြးလိုက္ၿပီး သူ႔ရင္ခြင္ထဲက လူအား ပိုတင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားလိုက္၏။
"ေပါင္ေပ့ ေသခ်ာကိုင္ထားေနာ္၊ ကိုယ္မင္းကို ေနာက္တစ္ခန္းဆီ ေပြ႕ေခၚသြားေပးမယ္"
.........
ရွီယြင္နန္မွာ ေလာ့လင္းရွန္းေၾကာင့္ လုံးဝႏိုးၾကားသြားၿပီး၊ ဗိုက္ထဲပူေလာင္ေနသည့္ ေဝဒနာက သူ႔အား မူးေနာက္ေနာက္ျဖစ္သြားေစသည္။
သူႏြမ္းနယ္စြာနဲ႔ပဲ မ်က္လုံးဖြင့္ၾကည့္လိုက္ၿပီး ညည္းတြားလိုက္၏။
"လင္းရွန္း"
"ကိုယ္ရွိတယ္"
ေလာ့လင္းရွန္းက အိပ္ေပ်ာ္ေတာ့မယ့္ ရွီယြင္နန္အား ေပြ႕ကာ ေခ်ာ့ေမာ့သည့္ ေလသံေလးနဲ႔ ေျဖာင္းဖ်လိုက္သည္။ "မင္း အိပ္ခ်င္ေနမွန္း ကိုယ္သိပါတယ္။ ဒါမယ့္ မအိပ္ခင္ တစ္ခုခု စားရမယ္ေလ"
ထိုစကားေျပာၿပီးသည္ႏွင့္ သူက ေရေႏြးခြက္ေလးကို ရွီယြင္နန္ ပါးစပ္နားေလး ေတ့ေပးလာ၏။
ရွီယြင္နန္မွာ လည္ေခ်ာင္းေျခာက္ၿပီး မီးထေတာက္မတတ္ ပူေလာင္ေနတာေၾကာင့္ ေရတစ္ငုံေသာက္ခ်လိုက္သည္။
ေရေႏြးေႏြးေလးဟာ သူ႔လည္ေခ်ာင္းထဲ စီးဝင္လာတာေၾကာင့္—
ခ်က္ခ်င္းပင္ သူ႔ဗိုက္ေလးအား ေႏြးသြားေစၿပီး ေခါင္းၾကည္လင္သြားေတာ့ေလသည္။
ရွီယြင္နန္ သူ႔ေခါင္းေလးကို ေစာင္းကာ ေလာ့လင္းရွန္း ရင္ခြင္ထဲ တိုးေဝွ႔ပူးကပ္ေနရင္း၊ စကၠန႔္အနည္းငယ္ၾကာသည့္အခါ ငါးဆန္ျပဳတ္အနံ႔ေလးကို ရလိုက္၏။ ထိုအနံ႔ေလးဟာ သူ႔အား ဗိုက္ဆာသြားေစေတာ့သည္။
ႏွာေခါင္းေလးေစာင္းကာ ငါးဆန္ျပဳတ္အနံ႔ရွဴေနသည့္ ရွီယြင္နန္၏ ခ်စ္စဖြယ္အျပဳအမူေလးကို ျမင္သည့္အခါ ေလာ့လင္းရွန္း သူ႔ပါးေလးအား ပုတ္ကာ ထပ္သတိေပးလိုက္သည္။ "မအိပ္ခင္ စားလိုက္ပါလား"
"အားမရွိဘူး။" ရွီယြင္နန္ကေတာ့ တုတ္တုတ္မွ်မလႈပ္ဘဲ ညည္းတြားလိုက္၏။
သူဘာကို ဆိုလိုခ်င္မွန္း ေလာ့လင္းရွန္း ခ်က္ခ်င္း သေဘာေပါက္သြားကာ—
"ဟုတ္ပါၿပီ ကိုယ္ခြံ႕ေကြၽးမယ္"
သူ႔ခ်စ္သူဆီက အေျဖရၿပီးသည္ႏွင့္ ရွီယြင္နန္ မ်က္လုံးမ်ားကိုမွိတ္ထားကာ မူႀကိဳကေလးေလးကို ျပဳစုေစာင့္ေရွာက္သလိုမ်ိဳး ေလာ့လင္းရွန္း သူ႔ပါးစပ္ေလးနား ဆန္ျပဳတ္ခြံ႕ေပးမွာကို နာနာခံခံေလး ေစာင့္ေနလိုက္၏။
သူ႔ဗိုက္ထဲ ပူေလာင္ေနသည့္ ေဝဒနာမွာ ေနာက္ဆုံးေတာ့ သက္သာသြားေလၿပီ။ ရွီယြင္နန္ ေလာ့လင္းရွန္းအား ေမွးၾကည့္လိုက္ၿပီး ေမးလိုက္သည္။
"ဘယ္အခ်ိန္ရွိၿပီလဲ? ကြၽန္ေတာ္ နည္းနည္းၾကာၾကာ ထပ္အိပ္ခ်င္ေနေသးတယ္။"
"မနက္ ရွစ္နာရီပဲရွိေသးတယ္။ မင္း ေလးနာရီ ငါးနာရီေလာက္ပဲ အိပ္ထားရေသးတာ"
သိပ္မၾကာေသးခင္ကပင္ အေျခအေနေတြမွာ ထိန္းမရသိမ္းရမျဖစ္ခဲ့၏။ ေသျခင္းတရားမွလြဲ ဘယ္သူကမွ သူတို႔ႏွစ္ေယာက္အား မခြဲထုတ္ႏိုင္သလိုမ်ိဳး တစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႕ဖက္ထားၾကသည္။
ရွီယြင္နန္ အိပ္ငိုက္ေသးတာကိုျမင္ေတာ့ ေလာ့လင္းရွန္းမွာ သူ႔အစာေၾကသြားရန္ ဘာတစ္ခုမွ အတင္းအၾကပ္ မလုပ္ခိုင္းလိုက္ေတာ့။ ကုတင္ေပၚမွာသာ သူႏွင့္အတူတူ လွဲေလ်ာင္းေနေပးလိုက္ေတာ့သည္။
"အိပ္ေတာ့ေလ။ ေန႔ခင္းထိျဖစ္ျဖစ္ ညထိျဖစ္ျဖစ္ အိပ္လိုက္။"
ရွီယြင္နန္မွာ ေလာ့လင္းရွန္း၏ လက္ေခ်ာင္းသြယ္သြယ္ေလးေတြကို မသိစိတ္က လိုက္စမ္းလိုက္ၿပီး သူလက္မ်ားႏွင့္ ယွက္ႏြယ္ကာ တိုးတိုးေလး ေရ႐ြတ္လိုက္သည္။
"...ေလာင္ကုန္း"
"အင္း?"
"ႏိုးလာရင္ လက္စြပ္သြားဝယ္ရေအာင္ ကြၽန္ေတာ္ ဒီဇိုင္းဆြဲမွာကို မေစာင့္နဲ႔ေတာ့။ ရွီးခယ့္ယြဲ႕က အဲ့ဒါကိုသုံးၿပီး ကြၽန္ေတာ့္ကို စိတ္တိုေအာင္လုပ္ေသးတယ္..."
ရွီယြင္နန္ ေလသံေလးမွာ တိုးညႇင္းၿပီး ခြၽဲအီေနဆဲ။
"ေတြးရင္း ပိုေဒါသထြက္လာၿပီ"
အျပင္ပန္းမွာေတာ့ သူ႔ပုံစံေလးဟာ ခက္ထန္ၿပီး အေလွ်ာ့မေပးသည့္ ပုံေပါက္ေပမယ့္လည္း အတြင္းစိတ္မွာေတာ့ တကယ့္ကို နာခံတတ္သူပင္။ သူဟာ တကယ့္ကို အိပ္ငိုက္ေနေပမယ့္လည္း ထိုကိစၥကိုေတာ့ ဗလုံးဗေထြးေျပာေနေသး၏။
ေလာ့လင္းရွန္း ၿပဳံးမိသြားၿပီး သူ႔ႏႈတ္ခမ္းေလးကို နမ္းလိုက္ေတာ့သည္။ "ဟုတ္ပါၿပီ၊ ႏိုးလာမွ ဆက္ေျပာၾကမယ္ေလ"
ရွီယြင္နန္ ပင္ပန္းလြန္းတာေၾကာင့္ ျပန္မေျဖလိုက္။ ဒါကို ျမင္သည့္အခါ ေလာ့လင္းရွန္းလည္း မ်က္လုံးမွိတ္လိုက္ၿပီး အနားယူလိုက္ေတာ့သည္။
ႏွစ္ေယာက္သား ေပြ႕ဖက္ထားရင္း အိပ္ေပ်ာ္သြားၾကေလသည္။
သူတို႔ျပန္ႏိုးလာသည့္အခါ၊ ျပတင္းေပါက္အျပင္ဘက္ရွိ ေနဝင္ခ်ိန္က ေကာင္းကင္တစ္ဝက္နီးပါးကို ရဲေတာက္ေနေစ၏။
ရွီယြင္နန္ အေၾကာဆန္႔လိုက္ဖို႔ျပင္လိုက္ေသာ္လည္း၊ ေနာက္စကၠန႔္မွာပင္ နာက်င္သြားတာေၾကာင့္ သူ႔မ်က္ႏွာေလးရႈံ႕မဲ့လို႔သြားသည္။
သူ႔တစ္ကိုယ္လုံးမွာ နာက်င္ကိုက္ခဲေန၏။
ေလာ့လင္းရွန္းကေတာ့ သူ႔ေနာက္ေက်ာေလးကို ပြတ္ေပးေနရင္း ရယ္ေနသည္။
"မလႈပ္နဲ႔ ကိုယ္ႏွိပ္ေပးမယ္"
ရွီယြင္နန္ သက္ျပင္းေလးခ်ကာ သူ႔ေဘးနားက ေလာ့လင္းရွန္းအား စိုက္ၾကည့္ေနမိေလသည္။
"ဘာလို႔ ကိုယ့္ကို ဒီလိုၾကည့္ေနတာလဲ? "
"ခင္ဗ်ား ေျပာခဲ့တာေတြကို ျပန္ေတြးေနမိတာ"
ဒီႏွစ္ရက္အတြင္း အမ်ားႀကီး ျဖစ္ပ်က္သြားၿပီး၊ ႐ိုလာကိုစတာစီးေနရသည့္အတိုင္း ထိုခံစားခ်က္ အတက္အက်မ်ားဟာ သူ႔စိတ္အား ပရမ္းပတာ ျဖစ္သြားခဲ့ေစသည္။
ေလာ့လင္းရွန္းက အသံတိုးတိုးေလးနဲ႔ ေမးလာ၏။ "မွတ္မိေသးတယ္ေပါ့? မင္းက မူးရင္ အမ်ားႀကီး ေမ့သြားတတ္တယ္ေလ"
သူ႔စကားလုံးေတြထဲမွာေတာ့ တျခားအဓိပၸာယ္ေတြပါ ပါေနပုံပင္။
"....."
ရွီယြင္နန္ ႏွာမႈတ္ကာ ေလာ့လင္းရွန္းအား ေျပာခြင့္ေပးထားလိုက္သည္။
"ဒါဆို အဲ့အေၾကာင္းေျပာ...ေျပာျပေလ" သူက လည္ေခ်ာင္းရွင္းကာ ရွက္ကိုးရွက္ကန္းေလး ေျပာလိုက္သည္။ "ခင္ဗ်ားရင္ထဲမွာ ဝွက္ထားတဲ့ လေရာင္ျဖဴေလးအေၾကာင္း ေျပာျပေလ။"
"မင္းပဲ ဂ႐ုမစိုက္ဘူးဆို?" ေလာ့လင္းရွန္း သူ႔ကို တမင္တကာ စလိုက္သည္။
-ဘာကို လေရာင္ျဖဴေလးလဲ? ကြၽန္ေတာ္ မနာလိုျဖစ္မယ္မ်ား ထင္ေနလား?
-ဘာကို မနာလိုျဖစ္ရမွာလဲ? ကြၽန္ေတာ္ ဂ႐ုစိုက္တယ္လို႔မ်ား ခင္ဗ်ားထင္ေနလား?
ရွီယြင္နန္မွာ သူေျပာခဲ့တာေတြကို ေယာင္ဝါးဝါးျပန္မွတ္မိသြားၿပီး နား႐ြက္မ်ားမွာ ၾကက္ေသြးေရာင္သမ္းတဲ့အထိ နီရဲေနေတာ့သည္။
ဒါက သူ႔ကို အျပစ္ေျပာလို႔ မရဘူးေလ။
လေရာင္ျဖဴေလးက သူျဖစ္ေနမွန္း သူမွ ႀကိဳမသိခဲ့ရတာ။
အခုေတာ့ သူ႔ကိုယ္သူ တိတ္တိတ္ေလးမနာလိုျဖစ္ေနခဲ့မိတာတဲ့လား? ရယ္စရာေကာင္းသလို ထူးလည္းထူးဆန္းတယ္။
"ခင္ဗ်ား ေျပာမွာလား မေျပာဘူးလား?"
"ဟုတ္ပါၿပီကြာ" ေလာ့လင္းရွန္းလည္း နဂိုကတည္းက တ႐ုတ္ျပန္ေရာက္သည္ႏွင့္ အရာအားလုံးကို ဝန္ခံရန္ စဥ္းစားထားတာေၾကာင့္ ရွီယြင္နန္ ဆႏၵေလးကို လိုက္ေလ်ာေပးလိုက္ေတာ့သည္။
"မင္းၾကားခ်င္တာမွန္သမွ်ကို ေျပာျပမယ္"
ရွီယြင္နန္ ေက်နပ္သြားကာ မ်က္ခုံးပင့္လိုက္ၿပီး သိခ်င္ေနတာေလးကို စေမးလိုက္ေတာ့သည္။ "ဆယ့္ရွစ္ႏွစ္ျပည့္ ေမြးေန႔ပြဲတုန္းက ကြၽန္ေတာ္မူးေနတဲ့အခ်ိန္ ခင္ဗ်ားနဲ႔ ေတြ႕ခဲ့တာမလား?"
"အင္း"
"ၿပီးေတာ့ေကာ ဘာဆက္ျဖစ္လဲ?"
သူမူးေနတာေၾကာင့္ ပထမဆုံးေတြ႕ဆုံမႈကို လုံးဝမမွတ္မိေနခဲ့။ "... အဲ့တုန္းက ကြၽန္ေတာ္ အရက္သိပ္မေသာက္ႏိုင္ေသးဘူးေလ။ ကြၽန္ေတာ္ကေခ်ာလို႔ ခင္ဗ်ားႀကိဳက္သြားတာမလား?"
ေလာ့လင္းရွန္း ရယ္မိသြားေတာ့သည္။ "အဲ့ေန႔တုန္းက ယြီေရွာ့ အတင္းဆြဲေခၚလို႔ ကိုယ္လိုက္လာတာ။ ေနာက္ေတာ့ အရမ္းပ်င္းစရာေကာင္းလာတယ္ေလ။ အဲ့ဒါနဲ႔ ေလေကာင္းေလသန႔္ရေအာင္ ၿခံေနာက္ဖက္ကိုေလွ်ာက္လာရင္း အမူးသမားေလးနဲ႔ တိုးေတာ့တာပဲ"
"မူးေနတဲ့ လူတစ္ေယာက္က ကိုယ့္ကို 'ခင္ဗ်ားက အရမ္းၾကည့္ေကာင္းတာပဲ'လို႔ေျပာၿပီး ကိုယ့္ရဲ႕ ပထမဆုံး အနမ္းကို ယူသြားတယ္ေလ။ ေနာက္ေတာ့ ထအန္ေတာ့တာပဲ"
"အဟြတ္ အဟြတ္"
ရွီယြင္နန္ သီးသြားကာ ေထ့ေထ့ေငါ့ေငါ့ ေမးလိုက္၏။ "အဲ့..အဲ့ဒါက ပထမဆုံးေတြ႕တာလား?ဒါ..ဒါပဲလား?"
"ရွိေသးတယ္။ ေနာက္ေတာ့ မင္းက ကိုယ့္ကိုဖက္ထားၿပီး ေမြးေန႔ပြဲကို တစ္ေယာက္တည္းမက်င္းပခ်င္ပါဘူးဆိုၿပီး ေအာ္ငိုေတာ့တာပဲ"
"ကိုယ္ ကိတ္တစ္စိတ္သြားရွာၿပီး မင္းအတြက္ ေမြးေန႔သီခ်င္းေတာင္ ဆိုေပးခဲ့ေသးတယ္။ ေနာက္ေတာ့ ကိတ္မုန္႔စားေနရင္း မင္းကထပ္ငိုျပန္ေကာေလ။"
အရက္မူးေနသည့္ ဆယ့္ရွစ္ႏွစ္အ႐ြယ္ ရွီယြင္နန္ေလးမွာ တကယ့္ကို အလိုလိုက္ခံခဲ့ရေလသည္။
"....."