friEND(COMPLETED)

By Kattamkaung

385K 41.9K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-27

7.3K 993 153
By Kattamkaung

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ် ၈

လောကသဘောအရ လုံးဝရပ်တန့်လို့မရနိုင်သော သဘာဝတရားဟုဆိုလျှင် အချိန်ကိုပဲ လက်ညှိုးထိုးပြရလိမ့်မည်။ သူနှင့်အတူရှိခဲ့သည့် ကာလတွေက တစ်ရာသီမှ နှစ်ရာသီသို့ ကူးပြောင်းလာကာ ‌နွေဦးကာလရဲ့ ညည်းငွေ့ဖွယ် အချိန်ကို အတူကျော်ဖြတ်ရန် ရောက်လို့လာခဲ့ပြန်၏။

ပြီးခဲ့သည့် နှစ်တွေမှာ အရိုးပြိုင်းပြိုင်းထနေသည့် သစ်ပင်တွေနဲ့ ခြောက်သွေ့နေသည့် နွေလမ်မတွေကို ခါးခါးသီးသီး မုန်းတီးခဲ့ပေမဲ့ ဒီနှစ်မှာတော့ မုန်းချိန်မရှိအောင် အလုပ်များနေသည်ဆိုရမည်။ အမှန်မှာ ပိုက်ဆံရသည့် အလုပ်မဟုတ်ပဲ နေချိုမောင်နှင့် ဆိုင်ကယ်တစ်စီးစီးကာ ဟိုဟိုဒီဒီသွားသည့် အလုပ်ပင်ဖြစ်၏။

သောကြာနေမှလွဲ၍ ပိတ်ရက်ကြုံတိုင်း တိုင်ပင်စရာမလိုအောင် တစ်နေရာပြီး တစ်နေရာ လိုက်ပို့သည်ကလွဲလို့ နေချို့မောင့်ရဲ့ ခြေလှမ်းတွေက ရဲရဲကြီး ပြောင်းလဲသွားတာမျိုး မရှိခဲ့ပါ။ သူ့ဘက်က သွေးအေးအေးနှင့် ပျော်မွေ့နေသည့်တိုင် ခွန်းနစ်ဖက်မှာ သေချာသွားတာ တစ်ခုတော့ရှိသည်။ နေချိုမောင်က အတွေးထဲမှာ လုံးဝ စိုးမိုးသွားခဲ့ပြီဆိုသော အချက်ပင်။

သူ့မိဘများ သိသွားသည်ဆိုသော နောက်ဆက်တွဲအနေဖြင့် ခွန်းနစ်က အန်တီဟန်နီလင်းသူကို သုံးကြိမ်ခန့်ဆုံခဲ့ရသော်လည်း ဆိုးရွားသည့် စကားတွေ အပြုမူတွေကိုတော့ မကြုံခဲ့ရပါ။ အံ့ဩစရာ ကောင်းသည်က သူမက ကန့်ကွက်ရမည့်အစား နေချိုက ခွန်းနစ်ကို အတော်သဘောကျသည့် အကြောင်းတွေကိုသာ ရွှန်းရွှန်းဝေအောင် ပြောခြင်းပင်။ အင်္ဂလန်ကဲ့သို့ အနောက်ပိုင်းယဉ်ကျေးမှုတွေမှာ အသားတကျဖြစ်ခဲ့ပုံရသည့် သူမဟန်ပန်က ယုံကြည်ချက်အပြည့်နှင့်။ တစ်ခါတစ်ရံ ခွန်းနစ်တစ်ခါမှ မမြင်ဖူးသည့် သူမရဲ့သား အဲရစ်အကြောင်းကို ထည့်ပြောတတ်သေးသည်။ ဟိန်းထက်အောင်ဟု မြန်မာလို အမည်ရသည့် သူမသားက အင်္ဂလန်မှာ အိမ်ထောင်ကျစဉ်က ရခဲ့သည့်သားဖြစ်ကာ နေချိုနှင့် ဖအေပါ မအေပါ ဆက်ဆံရေးမျိုးဖြစ်၏။ နေချို့ ဖခင်နှင့်‌ သားသမီး မထွန်းကားပေမဲ့ သူမသားငယ်က မိသားစုထဲ ဆက်ဆံရေးကောင်းပုံရပါသည်။

"ငါက မင်းအနားမှာပဲ အဆင်ပြေတယ်"

မှင်သေသေ ပြောခဲ့ဖူးသော ထိုစကားကို ကြားဖူးစဉ်က နေချိုတို့ မိသားစုကို ခွန်းနစ်အတော် မျက်မုန်းကျိုးခဲ့ဖူးသည်။ မယောင်ရာ ဆီလူးသည်ပဲဆိုဆို သားအရင်းခေါက်ခေါက်ရှိပါလျက် မယားပါသားကို ပိုအလေးသာနေမည့် နေချို့ ဖခင်ကို တွေးမိရုံနှင့် ဒေါသ အချောင်းချောင်းထွက်ကာ မခံရပ်နိုင်အောင်ဖြစ်ခဲ့ရ၏။ ကာယကံရှငိ နေချိုမောင်ကတော့ ထိုဝေဒနာတွေကိုပဲ အသားကျလွန်းသွားနေသလား " မင်း အဖေကလွန်ပါတယ်ကွာ" ဆိုသော ခွန်းနစ်စကားကို ပြုံးရုံသာပြုံးရင်း နားလည်ရခက်သည့် စကားတစ်ခွန်းကို ဆိုခဲ့၏။

" ဘယ်သူ့ရဲ့ ဝဋ်ကြွေးမှ မဖြစ်ချင်ဘူး" တဲ့လေ။ ထိုနေ့က နေချိုက ခွန်းနစ်ပုခုံးထက်မှာမှီရင်း ကန်ဝောာ်ကြီး အစပ်မှ ဗေဒါသိုက်တွေကို ငြိမ်းချမ်းစွာစိုက်ကြည့်နေခဲ့သည်။

တတောက်တောက်နှင့် ဖုန်းစခရင်ပေါ်ပြေးလွှနေသည့် လက်ချောင်းတွေကို သတိမထားမိခင်မှာပဲ တစ်စုံတစ်ယောက်ရဲ့ စခရင်ထက်ကို ရောက်သွားပြီဖြစ်သော ပို့စာတွေ။ လှုပ်ရှားနေသည့် အစက်တန်းကလေးက တစ်ဖက်သူ၏ တန်ပြန်စကားလုံးတွေကို သယ်ဆောင်လာတော့မည့် ငှက်သူငယ်လေးများသဖွယ်။ စိတ်လှုပ်ရှားစွာ ကိုက်ခဲမိထားသည့် လက်မထိပ်သာ စကားပြောနိုင်လျှင် တော်တော်ဖြစ်နေသလားဟု ကျိန်ဆဲလိမ့်မည်။

အင်း...

"ဟားဟား... ဒီကောင်ကွာ"

လေးငါးကြောင်းမက ခွန်းနစ်ပြောခဲ့သည့် စကားမှန်သမျှအတွက် သူ့အဖြေက အင်းတစ်လုံးထဲသာ။ ဒီကလူမှာတော့ အကြောင်း သိသူပီပီ ဒီတစ်ကြောင်းပြန်ပြောဖို့ အချိန်အကြာကြီး ယူခဲ့ရမည့်သူ့ကို သနားလည်းသနား ရယ်လည်း ရယ်ချင်သွား၏။

ငါ မနက်ဖြန် မနက်အစော ပြန်လာရင် ကွေ့တီယိုသွားစားကြမလား

ညနေတုန်းက မုန့်စားခဲ့တဲ့ ဆိုင်နားမှာပဲ

သန်ဘက်ခါကျရင် ပိတ်ရက်ဆိုတော့ အဲ့ဒီနေ့ရော ဘယ်နေရာသွားမလဲ

‌ဒီးဒုတ်သွားကြည့်ရင်ကော?

မင်းမရောက်ဖူးသေးဘူးမို့လား။ အဲ့ဒီမှာ အရမ်းလှတယ်

ငါနဲ့အတူ သွားချင်လား

တောက်လျှောက်ပို့ထားခဲ့သည့် အပြာရောင် စာတွေ။ တစ်ကြောင်းချင်းစီကို ဖတ်ရင်း သူဘာတွေများ စဉ်းစားနေမလဲဆိုတာကို သိချင်လာပြန်သည်။ ခက်တော့ခက်၏။ တိတ်ဆိတ်လွန်းသူရဲ့ ဆူညံနေမည့် အတွင်းကအသံတွေကိုမှ ခွန်းနစ်က စပ်စပ်စုစု ဖြစ်နေ‌သည်။

"ဟဲ့ ကုဋေ မအိပ်ဘူးလား"

"အမလေး"

"ဟယ်... လူတစ်ယောက်လုံး လာတာတောင် မမြင်ရအောင် ဘာတွေများ လုပ်နေလို့လဲ"

"ဟို စာ စာပို့နေလို့ပါ အစ်မ"

တစ်ဆေးရုံလုံး ဖျော့တော့တော့ အလင်းရောင်သာ ရှိတော့သည့် မနက်နှစ်နာရီလောက်ကြီးမှာ ပါးစပ်က နားရွက်တက်ချိတ်‌တော့မတတ် ပြုံးနေသူကို သူမက မကြောက်ရဘူး။ အိပ်ချင်မူးတူးနှင့် သန့်စင်ခန်းလာသည့် သူမကို လန့်ဖြန့်သွားသည်အထိ ကုဋေက ဖုန်းထဲကို ခေါင်းစိုက်နေခဲ့တာဖြစ်သည်။ သူ့ကို ကြည့်ရတာ အရူးလိုမျိုး လူနာတွေထိုင်သည့် ခုံတန်းကြီးထက် တစ်ယောက်ထဲ ထိုင်ကာ စိတ်လွတ်ကိုယ်လွတ် ပျော်နေရှာသည်။

"ဘာ ကေ့စ်မှ မရှိရင်လဲ အိပ်တော့လေ။ ရည်းစားနဲ့ပြောချင်ရင်လဲ မိုးလင်းမှ ပြောပါဟယ်။ အလုပ်က ပင်ပန်းရတဲ့အထဲ "

"သူ သူငယ်ချင်းပါ"

"‌တော်တော် ချစ်ကြတာနေမှာ သူငယ်ချင်းနှစ်ယောက်က။ သွားသွား ခြင်ကိုက်က ကိုက်နဲ့ အမှောင်ထဲမှာ ဆက်ထိုင်မနေနဲ့တော့"

"ဟုတ်ကဲ့ သွားပြီနော် အစ်မ ဟီးဟီး"

ဖုန်းကို အိပ်ထောင်ထဲထည့်လို့ အိပ်ဆောင်ဆီ လှိမ့်ခနဲနေအောင် ပြေးသွားသည့် ကုဋေက ဘယ်လိုကောင်လေးမှန်းကို မသိပါ။ မိန်းကလေးတွေများလို့ပဲလား တစ်ယောက်ထဲ တသီးတသန့်လေး နေတတ်ပေမဲ့ တစ်ခါတစ်လေကျပြန်တော့ သူမဟုတ်သလို တဟီးဟီးတဟားဟား ဝင်နှောက်တတ်သေးသည်။ သူမတို့ တက္ကသိုလ်က ယောက်ျားလေး တော်တော်များများက ဆေးကုမ္ပဏီ သို့မဟုတ် ဆေးဝါးထုတ်လုပ်ရေးနှင့်ဆိုင်တဲ့ အပိုင်းတွေမှာသာ ဝင်ရောက်ကြသည်မို့ ဆေးရုံကိုရောက်လာပြီး လူနာတွေနှင့် ပြောရဆိုရတာ ပျော်နေသည့် ကုဋေက သူများနှင့်မတူသည့် လူငယ်ကလေးဖြစ်၏။

"ကျွန်တော်က ဒီဆေးရုံမှာ ကျွန်တော့ရဲ့ အချိန်ကို လာပြီး ရင်းနှီးမြုပ်နှံတာပါ။ ဆေးရုံကလည်း ထိုက်တန်တဲ့ ပမာဏကိုပေးပြီး ကျွန်တော့လုပ်အားအပေါ် ပြန် ရင်းနှီးမြှုပ်နှံမှုလုပ်ပါ" လို့ ခပ်တည်တည်ပြောခဲ့တဲ့ ကောင်လေးကို မျက်ခုံးပါပင့်ခဲ့ရဖူးသည်။ သတ္တိရှိသည့် ပုံစံကို ဘယ်လိုများ ပျိုးထောင်ခဲ့သည်မသိ။

"အိမ်ရော ပြန်ဖြစ်လားမသိဘူး။ မိဘတွေနဲ့လည်း အဆင်ပြေပုံမရလောက်ဘူး ထင်ပါရဲ့"

ခပ်တိုးတိုးဆိုပြီးနောက် ခေါင်းယမ်းရုံမှ လွဲ၍ သူမတတ်နိုင်တာမရှိ။ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်း မပြုခြင်းအားဖြင့် ကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို ဖန်တီးခြင်းကလည်း အရေးကြီးသည့် အသိစိတ်တစ်ခု မဟုတ်ပါလား။

.........................................

"ဝူး.... လေရဲ့ အရှိန်က ရှယ်ပဲကွ"

"မင်းကြည့်စမ်း.. မီးရှို့ထားတဲ့ လယ်ကွင်းတွေကိုကြည့်ရတာ မမိုက်ဖူးလား"

"ငါ ကျောင်းတက်တုန်းက ဒါတွေကို မြင်ရတာ မုန်းနေခဲ့တာ။ အခုမှ တအားစိတ်သက်သာရ ရဖို့ကောင်းမှန်းသိတော့တယ်"

ပေါက်ပေါက်ဖောက်သလို စကားတွေပြောရင်း နေချိုမောင့်ရဲ့ ပုခုံးထက် လက်တစ်ဖက်တင်ကာ တစ်ဖက်က လေတွေထဲကို ဆန့်ထုတ်ထားသည့် ခွန်းနစ်။ မန္တလေး ထုံးဘိုလမ်းကို လေးနှစ်လောက် သွားခဲ့ရပေမဲ့ ဒီနေ့ခရီးက ဆန်းသစ်ကာ စိတ်ကို လန်းဆန်းနေစေသည်။ ခွန်းနစ်စိတ်ကြိုက် ရေမွှေးကိုဆွတ်ထားသည့် နေချို့ကိုယ်ရနံ့ကြောင့်လည်း ပါလိမ့်မည်။ရင်ဘတ်နှင့် ထိကပ်နေသော နေချို့ကျောပြင် နွေးနွေးကြီးရဲ့ အငွေ့အသက်နှင့်အတူ ခွန်းနစ် ခံစားချက်တွေက ပြောမပြတတ်အောင်ကို ကောင်းလွန်းနေ၏။

"ဖက်ထား"

"ဟမ်"

"ငါ့ကို ဖက်ထား"

လက်တစ်ဖက်နှင့် ခွန်းနစ်လက်တွေကိုဆွဲယူကာ သူ့ခါးတစ်ဖက်တစ်ချက်မှာ ချိတ်စေသည့်သူ။ အင်ဂျင်အားကောင်းလွန်းသည့် တန်ဖိုးကြီး ဆိုင်ကယ်ကြီးရဲ့ အဟုန်ကြောင့် ခွန်းနစ် အခြေပျက်ကာ ပြုတ်ကျမည်ကို သူစိုးရိမ်နေတာ သိသာ၏။

"မင်း သပ်သပ်မဲ့ အသားယူတာ မို့လား။‌ ခွေးသားလေး"

"ဟင်းဟင်း"

နောက်ကြည့်မှန်က တဆင့်မြင်လိုက်ရသည့် သူ့အပြုံးက မထိတထိနှင့်။ ဟုတ်သည် မဟုတ်သည် တစ်ခွန်းမပြောပေမဲ့ သူ့မျက်နှာထက်က ကျေနပ်မှုတွေကို မမြင်ရလောက်အောင်ထိ ခွန်းနစ်က တုံးအ မနေခဲ့ပါ။ ပြီးခဲ့သည့် ဆယ်စုနှစ်မှာ သိခဲ့သည့် နေချိုမောင်ဆိုတာ နှုတ်ခမ်းစွန်းကလေး ကော့တက်ဖို့ကိုတောင် ခက်ခဲခဲ့သည့် လူငယ်လေးမို့လား။ ဒီလိုလူက အခုများတော့ ခွန်းနစ်ပြောသမျှ စကားတိုင်းမှာ အပြုံးတွေနှင့်။ တစ်ချက်ချင်း ပြောင်းလဲသွားသော သူ့အရေပြားရဲ့ လှုပ်ခတ်မှုတွေကို ဖတ်တတ်လာတာ ခွန်းနစ်ကျွမ်းကျင်မှုဖြစ်လာသည်။ နဂို ဉာဏ်ကောင်းလွန်းသည့် ပါရမီ အခံကြောင့်လည်း ဖြစ်ပါမည်။

မနက်ဆယ်နာရီကျော်လောက်မှာ ရေပြာအိုင်ဖက်သို့ သူတို့နှစ်ယောက် ရောက်သွားကြသည်။ ပိတ်ရက်မဟုတ်တာကြောင့် လူနည်းနည်းသာရှိကာ သဘာဝရဲ့ အလှပကို ကောင်းကာင်းကြီး ခံစားခွင့်ရလိုက်၏။ ခြေကျင်တက်ရသည့် ခရီးမှာ နေချိုမောင်ရဲ့ ‌ရှည်လျားကျယ်ပြန့်သည့် ခြေလှမ်းတွေက ခွန်းနစ်ရှေ့မှာသာ နေရာယူထားခဲ့၏။ ကမ်းပေးလာသော လက်ကို ခပ်တည်တည်ပဲ ဆွဲဆုပ်ကိုင်ကာ သူ့အင်အားဖြင့် တက်ခဲ့ရသော လမ်းခရီးက အကွာအဝေးကိုပင် စိတ်မဝင်စားနိုင်အောင် ဖြစ်ခဲ့ရသည်။

အများကြီး ဝေးသေးသလားဆိုသည့် မေးခွန်းတွေအစား လက်ဖဝါးနှစ်ခုကြားကာ ရောယှက်နေသည့် ချွေးတွေ ၊ လက်အဆီတွေက ပိုပြီး နေရာယူခဲ့သည်။ မုန့်ထုပ်တွေကို လက်ကကိုင်လို့ ခွန်းနစ် ခြေလှမ်းကို အကဲခတ်နေသူရဲ့ မျက်ဝန်းတွေကို အပိုင်ရခြင်းကြောင့်ပေလား။ ချီးမြှောက်မှုနှင့် ကြုံတွေ့နေရသည့် လူတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုမျိုးက ခွန်းနစ်အနီးတဝိုက်က လေထုထဲမှာ ပျံ့လွင့်လျက်ရှိ၏။

"ရေတွေက အပြာရောင်တွေ"

"ရေပြာအိုင်လေ နေချိုမောင်ရဲ့"

အံ့ဩနေပုံရသည့် သူ့မျက်ဝန်းတွေက ကလေးငယ်တစ်ယောက်လို ဖြူစင်လျက်။ကြယ်ပွင့် သဏ္ဍာန် နားကပ်ကလေးတွ့ခိုထားသော နားရွက်ဖျားကလေးကို ကြည့်ရင်း အသည်းယားစွာ ခွန်းနစ်ဆွဲလိမ်တော့ သူက ငုံ့ကြည့်လာ၏။

"အသုံးမကျဘူး"

"..."

ခွန်းနစ်စကားကို နားမလည်သလို သူက ကြောင် အ သွား၏။

"ဘာမှ မဟုတ်တော့ဘူး။ ရေဆော့မယ် လာ"
ဒီတစ်ကြိမ် သူ့လက်ကို ဆွဲယူကာ ဦးဆောင်ခေါ်လာရင်း ရေကစားနိုင်သည့် နေရာဆီ ခေါ်ချလာလိုက်သည်။ အဝတ်အစားကို တစ်လှည့်စီလဲပြီးတာနှင့် ရေအိုင်ငယ်ထဲကို ခွန်းနစ်ဆင်းတော့ ခွန်းနစ် လက်တွေကို မလွတ်တမ်းဆွဲထားပြန်သူက သူရောကိုယ်ပါ နစ်မြုပ်သွားမှာကို စိုးထိတ်နေသည့်ဟန်။

"ဘာမှမဖြစ်ဘူး။ ဒီမှာ အန္တရာယ်ကင်းတယ်။ ငါ့ကို ယုံ"

နောက်ထပ် ကမ်းပေးလာသည့် သူ့လက်တစ်ဖက်ကိုပါတွဲရင်း စိမ်းပြာနေသည့် ရေအိုင်ငယ်ထဲ အသာဆွဲချလိုက်ရသည်။ အေးစိမ့်နေသည့် ရေ၏အထွေ့အတွေ့ကြောင့် သူမဝံ့မရဲ ဖြစ်နေတာကို ကြည့်ရင်း ခွန်းနစ် မရယ်ပဲ မနေနိုင်။ သူတို့ ချိုးနေသည့်နေရာက ချောင်နည်းနည်းကျတာကြောင့် ဘယ်သူမှမရှိသည့်အတွက် ခွန်းနစ်ရဲ့ တဟားဟားရယ်သံကြီးက လိုတာထက် ပိုပြီးတော့ပင် ကျယ်လောင်နေခဲ့၏။

"ရယ် မနေနဲ့တော့"

ဖြန်းခနဲ ရောက်လာသည့် ရေစက်ရေပေါက်တွေက ခွန်းနစ် ပါးပြင်ထက်ကို စိုရွှဲသွားစေသည်။ ကိုယ်က ခါးလည်အထိ နစ်နေပေမဲ့ အရပ်ရှည်တဲ့ သူ့အတွက်တော့ ခါးအစပ်ကိုပင် ရေကမရောက်ချင်။ ကြည်လင်နေသော ရေပြင်အောက်မှာ သူ့ခြေထောက်တွေက ကုပ်နေကာ သူ့လက်တစ်ဖက်က အနီးနားက ကျောက်တုံးကြီးကို တင်းနေအောင် ကိုင်ထား၏။

"ငကြောက်ကောင်"

အကြည့်ချင်းဆုံတော့ ခွန်းနစ်က လျှာထုတ်ပြီး ပြောင်ပြပစ်လိုက်သည်။

"ဟ.. ဟေ့ ဟေ့ကောင် မလုပ်နဲ့ ..."

ဗွမ်း....

ရွှဲရွှဲစိုသွားသည့် ဆံပင်တွေ။ သူက ခွန်းနစ်ကို တင်းနေအောင်ဆွဲလျက် ရေအိုင်ထဲသို့ ထိုင်ချလိုက်သည်။ ခြေထောက်နှစ်စုံဟာ ရေအောက်မှာ ချိတ်ငြိသွားကာ လက်တို့က သူ့လက်မောင်းကို ကယောင်ကတမ်း ဖမ်းဆုပ်မိ၏။

"အဟားဟား.. ကြွက်စုတ်လေး"

ခပ်သော့သော့ရယ်သံ.. ရေစိုနေတာချင်းအတူတူ တိုသော သူ့ဆံပင်တွေက ခွန်းနစ်လောက် ဖရိုမရဲဖြစ်မနေ။ ညို့စိမ့်စိမ့် ပါးပြင်ထက်က ရေစက်ကလေးများဟာ နေရောင်အောက်မှ စိန်ပွင့်များနှယ်။ သူ၏ဖြူဖွေးသော သွားတွေဟာ ပေါ်လွင်လျက် ကြားရခဲသော ရယ်သံတွေကြားမှာ ခွန်းနစ်က ကြက်သေသေသွား၏။ သူ့သာ ကျော့ကွင်းဆို ခွန်းနစ်က တည့်တည့်တိုးမိသည့် ယုန်သူငယ်ပင် ဖြစ်ပါလိမ့်မည်။

"နေ နေချို"

"အင်း"

နွေဦးရဲ့လေရူးက ဝါကျင့်ကျင့်အပင်တွေကို ဖြတ်တိုက်ကာ သစ်ရွယ်ခြောက် ရနံ့တွေကို သယ်ဆောင်လာသည်။ သူက ခွန်းနစ် ပုခုံးကိုကိုင်ထားသည်။ ဘယ်‌အချိန်ကတည်းက ရောက်နေမှန်းမသိသည့် သူ့ခြေထောက်တွေပေါ်မှာ ခွန်းနစ် ခြေထောက်တွေရှိ၏။ ရေပြာတို့ဟာ သူတို့နံဘေးမှာ လှုပ်ခတ်နေကာ မိနစ်အတော်ကြာအောင် တစ်ဦးကိုယ်တစ်ဦး စိုက်ကြည့်နေမိနေခြင်းကို့ မရပ်တန့်နိုင်။

"တစ်ခေါက်လောက်ထပ်ပြီး ငါ့ကို မပြောချင်ဘူးလား"

"..."

"မင်းရဲ့ ရည်းစား လုပ်ဖို့ကို"

"..."

သူ့မျက်နှာက အပြောင်းအလဲမရှိ။ မျက်ဝန်းနက်တွေရဲ့ စူးရဲမှုကတော့ ခွန်းနစ်ကို ပူလောင်လာစေသည်။ ရှက်၍ ပူသော အပူမျိုးပင်။ စိုနေသော သူ့မျက်ခုံးနက်တွေက ဒီကနေ့မှ သိသိသာသာ ပိုထူထဲနေသလို နှုတ်ခမ်းညိုဟာလည်း ပိပိပြားလျက်။ ကိုယ်တွင်းမှ သွေးကြောတို့ဟာ ပုံမှန်မဟုတ်သည့် ဇီဝကမ္မဖြစ်စဉ်တစ်ခုအတွင်းမှာ ကြောက်လန့်တကြားရုန်းကန် နေကြရသလိုမျိုး တဒိတ်ဒိတ်တုန်လျက်ရှိ၏။ ရေအေးပေမဲ့ ရင်မအေး။ လူသားတွေရဲ့ ဦးနှောက်မှ ခံစားချက်တွေကို လှုံ့ဆော်ရန် အလို့ငှာ စိမ့်ထွက်လာတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးက ခွန်းနစ်ကို ကောင်းကာင်းကြီး ပညာပြနေသည်။

မျက်စိရှေ့ကလူနှင့် ပိုမိုနီးကပ်ချင်စိတ်ကာ သူ့ရဲ့ အသိတရားကို ယိုယွင်းအောင် ဖြိုခွင်းချင်နေသလို တစ်ဖက်က တုန့်ပြန်ချက်ကို စောင့်ဆိုင်းနေရသည့် အသိကတော့ ထိုစိတ်ကို စောင့်ကြည့်နေသည့် အတားအဆီးအလား။ ကာယကံရှင် ခွန်းနစ်မှာ ထိုဖိအားနှစ်ခုရဲ့ ဒဏ်ကို အလူးလူး အလှိမ့်လှိမ့် ခံနေရသည်။

"ငါက ငါ့ဖက်က ပြောရမှာကို မလုပ်ချင်ဘူး"

"..."

"ဒီတိုင်း ငါ့ကိုထပ်ပြီး မင်း ရည်းစား လုပ်ဖို့ပြောပေး"

ယခုအချိန် မျက်ဝန်းမှာ ပို့ထားရသမျှ အားအင်ဟာ ခွန်းနစ်ရဲ့ သတ္တိအကုန်ပင်။ ပိုင်စိုးပိုင်နင်း ဖြစ်ရအောင်အထိ ယုံကြည်ချက်တွေကို မွေးမြူပေးခဲ့သူရဲ့ မျက်နှာက ပြောင်းလဲသွားသည်။ နှုတ်ခမ်းစွန်းတစ်ဖက်သာ ကော့တက်သွားသည့် သူ့အပြုံးရဲ့ အဓိပ္ပာယ်ကို မဖော်ရဲသေး။ ငါ မင်းကို မကြောက်ဘူးဆိုသော အကြည့်တွေနောက်မှာ ခွန်းနစ်ရဲ့ သိမ်ငယ်ခြင်းတွေနဲ့ မျှော်လင့်ခြင်းတွေကို ဖမ်းထိန်းထားလိုက်သည်။

သုံးဆယ် လေးဆယ် ငါးဆယ်။ ဒီတစ်ကြိမ် မျက်နှာလွှဲလိုက်ဖို့ ခွန်းနစ်မတွေးရဲ။ အဆုံးစွန်သော သိက္ခာတွေကို ဘေးတွန်းပို့ကာ တဇွတ်ထိုးဆန်သည့် အတ္တစိတ်တွေနှင့် သူ့အဖြေကို စောင့်သည်။ တစ်နည်းအားဖြင့် ခွန်းနစ် လိုချင်နေသော သူ့ထံမှ မေးခွန်းတစ်ခု။

"ငါ " သူ့အသံထွက်လာသည်။ ထိန်းထားသည့်ကြားက ခွန်းနစ် ကိုယ်က တုန်ယင်လာ၏။ ရေနှင့်ထိတွေ့ထားသော ရှပ်အင်္ကျီအောက်မှာ အသားတို့က ရေခဲရိုက်ခံထားရသလို အေးစက်လျက်။

"မင်းကို ငါ့ရည်းစား ဖြစ်နေပြီထင်ထားတာ"

ဘာရယ်... ပါးစပ်က မထွက်လိုက်။ အံ့ဩမှုများစွာဖြင့် ခွန်းနစ် နှုတ်ခမ်းတွေ ဟောင်းလောင်းပွင့်သွားသည်။ သူကတော့ မျက်နှာကို တစ်ဖက်လွှဲရင်း "ရှက်စရာပဲ" ဟု တိုးတိုးရေရွတ်နေ၏။

"နေ... နေပါအုန်း။ ငါက မင်းကို အဖြေမပေးရသေးဘူးလေ"

သူ့မျက်နှာရှေ့ထိ ခေါင်းကြီးစောင်းပြီး လိုက်ပြောတော့ အတင်းရုန်းထွက်ချင်နေသူ နေချိုမောင်။ ဘဝမှာ နေချိုမောင် ရှက်တတ်ကြောင်း ပထမဆုံးအကြိမ် သိလိုက်ရခြင်းပင်။ သူအားနည်နေသည်ကို အခွင့်ကောင်းယူကာ သူ့လက်တွေကို တင်းတင်းဆွဲရင်း မျက်နှာချင်းဆိုင်တော့ မျက်ဝန်းသေတွေက ခွန်းနစ်ကိုမကြည့်။

"မင်းက ငါ့ရည်းစားဖြစ်နေပြီလား"

"..."

"တကယ်လား ...တကယ်လားလို့"

"..."

"ဘယ် ဘယ်တုန်းကလဲ။ ဘယ်တုန်းကလဲ မင်းပြော"

သိချင်စိတ်တွေနှင့်အတူ ခွန်းနစ် အသံက ပြီတီတီ။ ရှောင်ချင်နေသူကို ဖမ်းပြီး မေးရတာ ဒီလောက်အရသာရှိမည်မထင်ခဲ့။ တဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံကြားမှာ ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်အောင်ပင်။ လိုချင်တာ ရလို့ ထခုန်မတတ် ကျေနပ်ရတဲ့ ပီတိဆိုတာ ဒီလိုပါလား။ ခွန်းနစ်လိုချင်သော အရာတိုင်းက ရဖို့ခက်ခဲလွန်းလို့ မုန်းတီးစွာ လက်လွှတ်ခဲ့ရသည့်အတွက် နေချို့ဘက်က ခံစားချက်တွေ ပြောင်းလဲသွားမှာ စိုးထိတ်နေခဲ့တာ။ ဒီ မထိတထိနဲ့ အေးစက်စက်ဖြစ်‌နေတဲ့ ကောင်ကို မုန်းလို့မရမှာသိလို့ ပျော်နေရင်းတောင် ထိန်းသိမ်းနေခဲ့ရတာ။

"တစ်ခေါက်ပဲ... ခုတစ်ခေါက် ငါ့ကို ပြောဦး"

"..."

"နော်"

"မင်းကလဲ"

"နေချို... ငါ့ကို ပြောပါလို့"

လက်မောင်းကို ပင့်ကာ မျက်နှာကို ပွတ်နေသည့် နေချို။ ခွန်းနစ်ရဲ့ သွားစွယ်ကလေးတွေ က ပေါ်သည်ထက် ပေါ်လာသည်။

"ငါ့ ရည်းစားလုပ်ပေးကွာ"

"ဟာ..."

မျက်နှာကို မော့ချရင်း အသည်းယားစွာ အော်ချလိုက်မိသူ ခွန်းနစ်။ တစ်ခါမှ မခံစားခဲ့ဖူသည့် ဗိုက်ထဲမှာ လိပ်ပြာတွေ ပျံဝဲနေသည်ဆိုတာ ဒါမျိုးပဲ ဖြစ်ရမည်။ ကြည်နူးမှု၊ တစ်စုံတစ်ခုကို ဖျစ်ညှစ်ချင်မှု ... နေချိုဖြစ်နေရမယ်လို့ စိတ်ပင်မကူးဖူးသော လက်တွေ့။

"ခွန်းခွန်း မင်း လုပ်ပေးမှာလား"

မျက်မှောင်တွေပါကျုံ့လျက် သူမေးတော့ ခွန်းနစ် ခေါင်းကို ငြိမ့်မိသည်။ခုမှ ဘာတွေများ serious ဖြစ်နေသလဲ နေချိုမောင်ရယ်။ အနမ်းတစ်ခုကို ချွေချမိတာ လက်ဖမိုးထက်ပေမဲ့ နေချို့ ပုံစံကြီး တစ်မျိုးဖြစ်သွားပုံကြောင့် ရင်ခုန်နေသည့်ကြားမှ အရယ် မရပ်နိုင်။ မျက်ဝန်းတွေ ပိတ်သည်အထိ ရယ်နေတုန်း နှာခေါင်းထက် နွေးသွားပါမှ မျက်လုံးပြူးရသည်။

"ငါကလွဲပြီး ဘယ်သူ့ကိုမှ မကြိုက်နဲ့တော့"

အဖြေမပေးခင်မှာပဲ သူက ခွန်းနစ်လက်ချောင်းတွေကို သူ့လက်ဖဝါးမှာ ကပ်စေသည်။ ကြမ်းရှရှ သူ့မျက်နှာက ဖြူစင်သည့် လူငယ်လေးလို သနားကမားရုပ်နှင့်။

"မင်းလိုချင်တာ အကုန်လုပ်ပေးမှာမို့"

ဘယ်က ဇနဲ့ မေးရဲသလဲဆိုသည့် သံသယမျိုးကင်းအောင်အထိ သူက ခွန်းနစ်ရဲ့ စိတ်ကို အုပ်စိုးသွားသည်။ သူပြောသမျှ အကုန်ဆိုတာ ဘယ်အတိုင်းဖြစ်မလဲဆိုတာထက် သူ့လက်တွေကို ကိုင်ထားရတဲ့ အခိုက်အတန့်က ပိုစိတ်ဝင်စားစရာကောင်း၏။

ချင့်ချိန်တာတွေ ဆုံးဖြတ်နေတာတွေ၊ ဖြစ်ပါ့မလားဆိုတဲ့ တွေဝေမှုတွေ... အတွေးများတဲ့ ခွန်းနစ်က ဒီတစ်ခေါက် ကိစ္စမှာ မယုံနိုင်လောက်အောင် ခိုင်မာနေသည်။ မြိုသိပ်ခဲ့‌ရသော စိတ်ဆန္ဒတွေရဲ့ လှုံ့ဆော်မှုနှင့် တစ်ခါမှ ထုတ်မသုံးခဲ့ဖူးသည့် စွန့်စားလိုစိတ်တွေရဲ့ ပေါင်းစပ်မှုမှာ နောက်တစ်ကြိမ်ထပ်ပြီး ခေါင်းကို ငြိမ့်မိပြန်၏။

နေချိုမောင်က တွေးပြီး ကြောက်နေရမဲ့ လူမဟုတ်တာကို ယုံသည်။ သူဘယ်လို မြင်မှာလဲဆိုသည့် မလုံမလဲခြင်းတွေထက် သူ ဘယ်လို ချစ်မှာလဲဆိုသည့် အတွေးမျိုးပေးမည့်သူလည်း ဖြစ်၏။

"ငါတို့ တရားဝင် ရည်းစားဖြစ်ပြီ"

ခွန်းနစ် ရဲရဲကြီးပြောလိုက်သည်။ သူက တာဝန်သိတဲ့ လူတစ်ယောက်အနေနဲ့ နေချို့ကို လူ့အသိုင်းအဝိုင်းကြားမှာ ‌ခေါင်းမော့နေနိုင်အောင် ထားပစ်အုန်းမည်။

.............................................................

စာရေးသူ၏ အမှာစာ:

ခွန်းနစ်ကုဋေကို ဘယ်သူမှ တားလို့မရတော့ပါ!!!!

Zawgyi

တိမ္ညိုေလးလည္း အေႏြးဓာတ္လိုပါတယ္ ၈

ေလာကသေဘာအရ လုံးဝရပ္တန႔္လို႔မရနိုင္ေသာ သဘာဝတရားဟုဆိုလွ်င္ အခ်ိန္ကိုပဲ လက္ညွိုးထိုးျပရလိမ့္မည္။ သူႏွင့္အတူရွိခဲ့သည့္ ကာလေတြက တစ္ရာသီမွ ႏွစ္ရာသီသို႔ ကူးေျပာင္းလာကာ ‌ေႏြဦးကာလရဲ႕ ညည္းေငြ႕ဖြယ္ အခ်ိန္ကို အတူေက်ာ္ျဖတ္ရန္ ေရာက္လို႔လာခဲ့ျပန္၏။

ၿပီးခဲ့သည့္ ႏွစ္ေတြမွာ အရိုးၿပိဳင္းၿပိဳင္းထေနသည့္ သစ္ပင္ေတြနဲ႕ ေျခာက္ေသြ႕ေနသည့္ ေႏြလမ္မေတြကို ခါးခါးသီးသီး မုန္းတီးခဲ့ေပမဲ့ ဒီႏွစ္မွာေတာ့ မုန္းခ်ိန္မရွိေအာင္ အလုပ္မ်ားေနသည္ဆိုရမည္။ အမွန္မွာ ပိုက္ဆံရသည့္ အလုပ္မဟုတ္ပဲ ေနခ်ိဳေမာင္ႏွင့္ ဆိုင္ကယ္တစ္စီးစီးကာ ဟိုဟိုဒီဒီသြားသည့္ အလုပ္ပင္ျဖစ္၏။

ေသာၾကာေနမွလြဲ၍ ပိတ္ရက္ႀကဳံတိုင္း တိုင္ပင္စရာမလိုေအာင္ တစ္ေနရာၿပီး တစ္ေနရာ လိုက္ပို႔သည္ကလြဲလို႔ ေနခ်ိဳ႕ေမာင့္ရဲ႕ ေျခလွမ္းေတြက ရဲရဲႀကီး ေျပာင္းလဲသြားတာမ်ိဳး မရွိခဲ့ပါ။ သူ႕ဘက္က ေသြးေအးေအးႏွင့္ ေပ်ာ္ေမြ႕ေနသည့္တိုင္ ခြန္းနစ္ဖက္မွာ ေသခ်ာသြားတာ တစ္ခုေတာ့ရွိသည္။ ေနခ်ိဳေမာင္က အေတြးထဲမွာ လုံးဝ စိုးမိုးသြားခဲ့ၿပီဆိုေသာ အခ်က္ပင္။

သူ႕မိဘမ်ား သိသြားသည္ဆိုေသာ ေနာက္ဆက္တြဲအေနျဖင့္ ခြန္းနစ္က အန္တီဟန္နီလင္းသူကို သုံးႀကိမ္ခန႔္ဆုံခဲ့ရေသာ္လည္း ဆိုး႐ြားသည့္ စကားေတြ အျပဳမူေတြကိုေတာ့ မႀကဳံခဲ့ရပါ။ အံ့ဩစရာ ေကာင္းသည္က သူမက ကန႔္ကြက္ရမည့္အစား ေနခ်ိဳက ခြန္းနစ္ကို အေတာ္သေဘာက်သည့္ အေၾကာင္းေတြကိုသာ ႐ႊန္း႐ႊန္းေဝေအာင္ ေျပာျခင္းပင္။ အဂၤလန္ကဲ့သို႔ အေနာက္ပိုင္းယဥ္ေက်းမႈေတြမွာ အသားတက်ျဖစ္ခဲ့ပုံရသည့္ သူမဟန္ပန္က ယုံၾကည္ခ်က္အျပည့္ႏွင့္။ တစ္ခါတစ္ရံ ခြန္းနစ္တစ္ခါမွ မျမင္ဖူးသည့္ သူမရဲ႕သား အဲရစ္အေၾကာင္းကို ထည့္ေျပာတတ္ေသးသည္။ ဟိန္းထက္ေအာင္ဟု ျမန္မာလို အမည္ရသည့္ သူမသားက အဂၤလန္မွာ အိမ္ေထာင္က်စဥ္က ရခဲ့သည့္သားျဖစ္ကာ ေနခ်ိဳႏွင့္ ဖေအပါ မေအပါ ဆက္ဆံေရးမ်ိဳးျဖစ္၏။ ေနခ်ိဳ႕ ဖခင္ႏွင့္‌ သားသမီး မထြန္းကားေပမဲ့ သူမသားငယ္က မိသားစုထဲ ဆက္ဆံေရးေကာင္းပုံရပါသည္။

"ငါက မင္းအနားမွာပဲ အဆင္ေျပတယ္"

မွင္ေသေသ ေျပာခဲ့ဖူးေသာ ထိုစကားကို ၾကားဖူးစဥ္က ေနခ်ိဳတို႔ မိသားစုကို ခြန္းနစ္အေတာ္ မ်က္မုန္းက်ိဳးခဲ့ဖူးသည္။ မေယာင္ရာ ဆီလူးသည္ပဲဆိုဆို သားအရင္းေခါက္ေခါက္ရွိပါလ်က္ မယားပါသားကို ပိုအေလးသာေနမည့္ ေနခ်ိဳ႕ ဖခင္ကို ေတြးမိ႐ုံႏွင့္ ေဒါသ အေခ်ာင္းေခ်ာင္းထြက္ကာ မခံရပ္နိုင္ေအာင္ျဖစ္ခဲ့ရ၏။ ကာယကံရွငိ ေနခ်ိဳေမာင္ကေတာ့ ထိုေဝဒနာေတြကိုပဲ အသားက်လြန္းသြားေနသလား " မင္း အေဖကလြန္ပါတယ္ကြာ" ဆိုေသာ ခြန္းနစ္စကားကို ၿပဳံး႐ုံသာၿပဳံးရင္း နားလည္ရခက္သည့္ စကားတစ္ခြန္းကို ဆိုခဲ့၏။

" ဘယ္သူ႕ရဲ႕ ဝဋ္ေႂကြးမွ မျဖစ္ခ်င္ဘူး" တဲ့ေလ။ ထိုေန႕က ေနခ်ိဳက ခြန္းနစ္ပုခုံးထက္မွာမွီရင္း ကန္ေဝာာ္ႀကီး အစပ္မွ ေဗဒါသိုက္ေတြကို ၿငိမ္းခ်မ္းစြာစိုက္ၾကည့္ေနခဲ့သည္။

တေတာက္ေတာက္ႏွင့္ ဖုန္းစခရင္ေပၚေျပးလႊေနသည့္ လက္ေခ်ာင္းေတြကို သတိမထားမိခင္မွာပဲ တစ္စုံတစ္ေယာက္ရဲ႕ စခရင္ထက္ကို ေရာက္သြားၿပီျဖစ္ေသာ ပို႔စာေတြ။ လႈပ္ရွားေနသည့္ အစက္တန္းကေလးက တစ္ဖက္သူ၏ တန္ျပန္စကားလုံးေတြကို သယ္ေဆာင္လာေတာ့မည့္ ငွက္သူငယ္ေလးမ်ားသဖြယ္။ စိတ္လႈပ္ရွားစြာ ကိုက္ခဲမိထားသည့္ လက္မထိပ္သာ စကားေျပာနိုင္လွ်င္ ေတာ္ေတာ္ျဖစ္ေနသလားဟု က်ိန္ဆဲလိမ့္မည္။

အင္း...

"ဟားဟား... ဒီေကာင္ကြာ"

ေလးငါးေၾကာင္းမက ခြန္းနစ္ေျပာခဲ့သည့္ စကားမွန္သမွ်အတြက္ သူ႕အေျဖက အင္းတစ္လုံးထဲသာ။ ဒီကလူမွာေတာ့ အေၾကာင္း သိသူပီပီ ဒီတစ္ေၾကာင္းျပန္ေျပာဖို႔ အခ်ိန္အၾကာႀကီး ယူခဲ့ရမည့္သူ႕ကို သနားလည္းသနား ရယ္လည္း ရယ္ခ်င္သြား၏။

ငါ မနက္ျဖန္ မနက္အေစာ ျပန္လာရင္ ေကြ႕တီယိုသြားစားၾကမလား

ညေနတုန္းက မုန႔္စားခဲ့တဲ့ ဆိုင္နားမွာပဲ

သန္ဘက္ခါက်ရင္ ပိတ္ရက္ဆိုေတာ့ အဲ့ဒီေန႕ေရာ ဘယ္ေနရာသြားမလဲ

‌ဒီးဒုတ္သြားၾကည့္ရင္ေကာ?

မင္းမေရာက္ဖူးေသးဘူးမို႔လား။ အဲ့ဒီမွာ အရမ္းလွတယ္

ငါနဲ႕အတူ သြားခ်င္လား

ေတာက္ေလွ်ာက္ပို႔ထားခဲ့သည့္ အျပာေရာင္ စာေတြ။ တစ္ေၾကာင္းခ်င္းစီကို ဖတ္ရင္း သူဘာေတြမ်ား စဥ္းစားေနမလဲဆိုတာကို သိခ်င္လာျပန္သည္။ ခက္ေတာ့ခက္၏။ တိတ္ဆိတ္လြန္းသူရဲ႕ ဆူညံေနမည့္ အတြင္းကအသံေတြကိုမွ ခြန္းနစ္က စပ္စပ္စုစု ျဖစ္ေန‌သည္။

"ဟဲ့ ကုေဋ မအိပ္ဘူးလား"

"အမေလး"

"ဟယ္... လူတစ္ေယာက္လုံး လာတာေတာင္ မျမင္ရေအာင္ ဘာေတြမ်ား လုပ္ေနလို႔လဲ"

"ဟို စာ စာပို႔ေနလို႔ပါ အစ္မ"

တစ္ေဆး႐ုံလုံး ေဖ်ာ့ေတာ့ေတာ့ အလင္းေရာင္သာ ရွိေတာ့သည့္ မနက္ႏွစ္နာရီေလာက္ႀကီးမွာ ပါးစပ္က နား႐ြက္တက္ခ်ိတ္‌ေတာ့မတတ္ ၿပဳံးေနသူကို သူမက မေၾကာက္ရဘူး။ အိပ္ခ်င္မူးတူးႏွင့္ သန႔္စင္ခန္းလာသည့္ သူမကို လန႔္ျဖန႔္သြားသည္အထိ ကုေဋက ဖုန္းထဲကို ေခါင္းစိုက္ေနခဲ့တာျဖစ္သည္။ သူ႕ကို ၾကည့္ရတာ အ႐ူးလိုမ်ိဳး လူနာေတြထိုင္သည့္ ခုံတန္းႀကီးထက္ တစ္ေယာက္ထဲ ထိုင္ကာ စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ေနရွာသည္။

"ဘာ ေက့စ္မွ မရွိရင္လဲ အိပ္ေတာ့ေလ။ ရည္းစားနဲ႕ေျပာခ်င္ရင္လဲ မိုးလင္းမွ ေျပာပါဟယ္။ အလုပ္က ပင္ပန္းရတဲ့အထဲ "

"သူ သူငယ္ခ်င္းပါ"

"‌ေတာ္ေတာ္ ခ်စ္ၾကတာေနမွာ သူငယ္ခ်င္းႏွစ္ေယာက္က။ သြားသြား ျခင္ကိုက္က ကိုက္နဲ႕ အေမွာင္ထဲမွာ ဆက္ထိုင္မေနနဲ႕ေတာ့"

"ဟုတ္ကဲ့ သြားၿပီေနာ္ အစ္မ ဟီးဟီး"

ဖုန္းကို အိပ္ေထာင္ထဲထည့္လို႔ အိပ္ေဆာင္ဆီ လွိမ့္ခနဲေနေအာင္ ေျပးသြားသည့္ ကုေဋက ဘယ္လိုေကာင္ေလးမွန္းကို မသိပါ။ မိန္းကေလးေတြမ်ားလို႔ပဲလား တစ္ေယာက္ထဲ တသီးတသန႔္ေလး ေနတတ္ေပမဲ့ တစ္ခါတစ္ေလက်ျပန္ေတာ့ သူမဟုတ္သလို တဟီးဟီးတဟားဟား ဝင္ေႏွာက္တတ္ေသးသည္။ သူမတို႔ တကၠသိုလ္က ေယာက္်ားေလး ေတာ္ေတာ္မ်ားမ်ားက ေဆးကုမၸဏီ သို႔မဟုတ္ ေဆးဝါးထုတ္လုပ္ေရးႏွင့္ဆိုင္တဲ့ အပိုင္းေတြမွာသာ ဝင္ေရာက္ၾကသည္မို႔ ေဆး႐ုံကိုေရာက္လာၿပီး လူနာေတြႏွင့္ ေျပာရဆိုရတာ ေပ်ာ္ေနသည့္ ကုေဋက သူမ်ားႏွင့္မတူသည့္ လူငယ္ကေလးျဖစ္၏။

"ကြၽန္ေတာ္က ဒီေဆး႐ုံမွာ ကြၽန္ေတာ့ရဲ႕ အခ်ိန္ကို လာၿပီး ရင္းႏွီးျမဳပ္ႏွံတာပါ။ ေဆး႐ုံကလည္း ထိုက္တန္တဲ့ ပမာဏကိုေပးၿပီး ကြၽန္ေတာ့လုပ္အားအေပၚ ျပန္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ပါ" လို႔ ခပ္တည္တည္ေျပာခဲ့တဲ့ ေကာင္ေလးကို မ်က္ခုံးပါပင့္ခဲ့ရဖူးသည္။ သတၱိရွိသည့္ ပုံစံကို ဘယ္လိုမ်ား ပ်ိဳးေထာင္ခဲ့သည္မသိ။

"အိမ္ေရာ ျပန္ျဖစ္လားမသိဘူး။ မိဘေတြနဲ႕လည္း အဆင္ေျပပုံမရေလာက္ဘူး ထင္ပါရဲ႕"

ခပ္တိုးတိုးဆိုၿပီးေနာက္ ေခါင္းယမ္း႐ုံမွ လြဲ၍ သူမတတ္နိုင္တာမရွိ။ လူတစ္ေယာက္ရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥကို ဝင္ေရာက္စြက္ဖက္ျခင္း မျပဳျခင္းအားျဖင့္ ေကာင္းမြန္တဲ့ လုပ္ငန္းခြင္ကို ဖန္တီးျခင္းကလည္း အေရးႀကီးသည့္ အသိစိတ္တစ္ခု မဟုတ္ပါလား။

.........................................

"ဝူး.... ေလရဲ႕ အရွိန္က ရွယ္ပဲကြ"

"မင္းၾကည့္စမ္း.. မီးရွို႔ထားတဲ့ လယ္ကြင္းေတြကိုၾကည့္ရတာ မမိုက္ဖူးလား"

"ငါ ေက်ာင္းတက္တုန္းက ဒါေတြကို ျမင္ရတာ မုန္းေနခဲ့တာ။ အခုမွ တအားစိတ္သက္သာရ ရဖို႔ေကာင္းမွန္းသိေတာ့တယ္"

ေပါက္ေပါက္ေဖာက္သလို စကားေတြေျပာရင္း ေနခ်ိဳေမာင့္ရဲ႕ ပုခုံးထက္ လက္တစ္ဖက္တင္ကာ တစ္ဖက္က ေလေတြထဲကို ဆန႔္ထုတ္ထားသည့္ ခြန္းနစ္။ မႏၲေလး ထုံးဘိုလမ္းကို ေလးႏွစ္ေလာက္ သြားခဲ့ရေပမဲ့ ဒီေန႕ခရီးက ဆန္းသစ္ကာ စိတ္ကို လန္းဆန္းေနေစသည္။ ခြန္းနစ္စိတ္ႀကိဳက္ ေရေမႊးကိုဆြတ္ထားသည့္ ေနခ်ိဳ႕ကိုယ္ရနံ႕ေၾကာင့္လည္း ပါလိမ့္မည္။ရင္ဘတ္ႏွင့္ ထိကပ္ေနေသာ ေနခ်ိဳ႕ေက်ာျပင္ ေႏြးေႏြးႀကီးရဲ႕ အေငြ႕အသက္ႏွင့္အတူ ခြန္းနစ္ ခံစားခ်က္ေတြက ေျပာမျပတတ္ေအာင္ကို ေကာင္းလြန္းေန၏။

"ဖက္ထား"

"ဟမ္"

"ငါ့ကို ဖက္ထား"

လက္တစ္ဖက္ႏွင့္ ခြန္းနစ္လက္ေတြကိုဆြဲယူကာ သူ႕ခါးတစ္ဖက္တစ္ခ်က္မွာ ခ်ိတ္ေစသည့္သူ။ အင္ဂ်င္အားေကာင္းလြန္းသည့္ တန္ဖိုးႀကီး ဆိုင္ကယ္ႀကီးရဲ႕ အဟုန္ေၾကာင့္ ခြန္းနစ္ အေျခပ်က္ကာ ျပဳတ္က်မည္ကို သူစိုးရိမ္ေနတာ သိသာ၏။

"မင္း သပ္သပ္မဲ့ အသားယူတာ မို႔လား။‌ ေခြးသားေလး"

"ဟင္းဟင္း"

ေနာက္ၾကည့္မွန္က တဆင့္ျမင္လိုက္ရသည့္ သူ႕အၿပဳံးက မထိတထိႏွင့္။ ဟုတ္သည္ မဟုတ္သည္ တစ္ခြန္းမေျပာေပမဲ့ သူ႕မ်က္ႏွာထက္က ေက်နပ္မႈေတြကို မျမင္ရေလာက္ေအာင္ထိ ခြန္းနစ္က တုံးအ မေနခဲ့ပါ။ ၿပီးခဲ့သည့္ ဆယ္စုႏွစ္မွာ သိခဲ့သည့္ ေနခ်ိဳေမာင္ဆိုတာ ႏႈတ္ခမ္းစြန္းကေလး ေကာ့တက္ဖို႔ကိုေတာင္ ခက္ခဲခဲ့သည့္ လူငယ္ေလးမို႔လား။ ဒီလိုလူက အခုမ်ားေတာ့ ခြန္းနစ္ေျပာသမွ် စကားတိုင္းမွာ အၿပဳံးေတြႏွင့္။ တစ္ခ်က္ခ်င္း ေျပာင္းလဲသြားေသာ သူ႕အေရျပားရဲ႕ လႈပ္ခတ္မႈေတြကို ဖတ္တတ္လာတာ ခြန္းနစ္ကြၽမ္းက်င္မႈျဖစ္လာသည္။ နဂို ဉာဏ္ေကာင္းလြန္းသည့္ ပါရမီ အခံေၾကာင့္လည္း ျဖစ္ပါမည္။

မနက္ဆယ္နာရီေက်ာ္ေလာက္မွာ ေရျပာအိုင္ဖက္သို႔ သူတို႔ႏွစ္ေယာက္ ေရာက္သြားၾကသည္။ ပိတ္ရက္မဟုတ္တာေၾကာင့္ လူနည္းနည္းသာရွိကာ သဘာဝရဲ႕ အလွပကို ေကာင္းကာင္းႀကီး ခံစားခြင့္ရလိုက္၏။ ေျခက်င္တက္ရသည့္ ခရီးမွာ ေနခ်ိဳေမာင္ရဲ႕ ‌ရွည္လ်ားက်ယ္ျပန႔္သည့္ ေျခလွမ္းေတြက ခြန္းနစ္ေရွ႕မွာသာ ေနရာယူထားခဲ့၏။ ကမ္းေပးလာေသာ လက္ကို ခပ္တည္တည္ပဲ ဆြဲဆုပ္ကိုင္ကာ သူ႕အင္အားျဖင့္ တက္ခဲ့ရေသာ လမ္းခရီးက အကြာအေဝးကိုပင္ စိတ္မဝင္စားနိုင္ေအာင္ ျဖစ္ခဲ့ရသည္။

အမ်ားႀကီး ေဝးေသးသလားဆိုသည့္ ေမးခြန္းေတြအစား လက္ဖဝါးႏွစ္ခုၾကားကာ ေရာယွက္ေနသည့္ ေခြၽးေတြ ၊ လက္အဆီေတြက ပိုၿပီး ေနရာယူခဲ့သည္။ မုန႔္ထုပ္ေတြကို လက္ကကိုင္လို႔ ခြန္းနစ္ ေျခလွမ္းကို အကဲခတ္ေနသူရဲ႕ မ်က္ဝန္းေတြကို အပိုင္ရျခင္းေၾကာင့္ေပလား။ ခ်ီးျမႇောက္မႈႏွင့္ ႀကဳံေတြ႕ေနရသည့္ လူတစ္ေယာက္ရဲ႕ စိတ္လႈပ္ရွားမႈမ်ိဳးက ခြန္းနစ္အနီးတဝိုက္က ေလထုထဲမွာ ပ်ံ့လြင့္လ်က္ရွိ၏။

"ေရေတြက အျပာေရာင္ေတြ"

"ေရျပာအိုင္ေလ ေနခ်ိဳေမာင္ရဲ႕"

အံ့ဩေနပုံရသည့္ သူ႕မ်က္ဝန္းေတြက ကေလးငယ္တစ္ေယာက္လို ျဖဴစင္လ်က္။ၾကယ္ပြင့္ သ႑ာန္ နားကပ္ကေလးတြ႕ခိုထားေသာ နား႐ြက္ဖ်ားကေလးကို ၾကည့္ရင္း အသည္းယားစြာ ခြန္းနစ္ဆြဲလိမ္ေတာ့ သူက ငုံ႕ၾကည့္လာ၏။

"အသုံးမက်ဘဴး"

"..."

ခြန္းနစ္စကားကို နားမလည္သလို သူက ေၾကာင္ အ သြား၏။

"ဘာမွ မဟုတ္ေတာ့ဘူး။ ေရေဆာ့မယ္ လာ"
ဒီတစ္ႀကိမ္ သူ႕လက္ကို ဆြဲယူကာ ဦးေဆာင္ေခၚလာရင္း ေရကစားနိုင္သည့္ ေနရာဆီ ေခၚခ်လာလိုက္သည္။ အဝတ္အစားကို တစ္လွည့္စီလဲၿပီးတာႏွင့္ ေရအိုင္ငယ္ထဲကို ခြန္းနစ္ဆင္းေတာ့ ခြန္းနစ္ လက္ေတြကို မလြတ္တမ္းဆြဲထားျပန္သူက သူေရာကိုယ္ပါ နစ္ျမဳပ္သြားမွာကို စိုးထိတ္ေနသည့္ဟန္။

"ဘာမွမျဖစ္ဘူး။ ဒီမွာ အႏၲရာယ္ကင္းတယ္။ ငါ့ကို ယုံ"

ေနာက္ထပ္ ကမ္းေပးလာသည့္ သူ႕လက္တစ္ဖက္ကိုပါတြဲရင္း စိမ္းျပာေနသည့္ ေရအိုင္ငယ္ထဲ အသာဆြဲခ်လိဳက္ရသည္။ ေအးစိမ့္ေနသည့္ ေရ၏အေထြ႕အေတြ႕ေၾကာင့္ သူမဝံ့မရဲ ျဖစ္ေနတာကို ၾကည့္ရင္း ခြန္းနစ္ မရယ္ပဲ မေနနိုင္။ သူတို႔ ခ်ိဳးေနသည့္ေနရာက ေခ်ာင္နည္းနည္းက်တာေၾကာင့္ ဘယ္သူမွမရွိသည့္အတြက္ ခြန္းနစ္ရဲ႕ တဟားဟားရယ္သံႀကီးက လိုတာထက္ ပိုၿပီးေတာ့ပင္ က်ယ္ေလာင္ေနခဲ့၏။

"ရယ္ မေနနဲ႕ေတာ့"

ျဖန္းခနဲ ေရာက္လာသည့္ ေရစက္ေရေပါက္ေတြက ခြန္းနစ္ ပါးျပင္ထက္ကို စို႐ႊဲသြားေစသည္။ ကိုယ္က ခါးလည္အထိ နစ္ေနေပမဲ့ အရပ္ရွည္တဲ့ သူ႕အတြက္ေတာ့ ခါးအစပ္ကိုပင္ ေရကမေရာက္ခ်င္။ ၾကည္လင္ေနေသာ ေရျပင္ေအာက္မွာ သူ႕ေျခေထာက္ေတြက ကုပ္ေနကာ သူ႕လက္တစ္ဖက္က အနီးနားက ေက်ာက္တုံးႀကီးကို တင္းေနေအာင္ ကိုင္ထား၏။

"ငေၾကာက္ေကာင္"

အၾကည့္ခ်င္းဆုံေတာ့ ခြန္းနစ္က လွ်ာထုတ္ၿပီး ေျပာင္ျပပစ္လိုက္သည္။

"ဟ.. ေဟ့ ေဟ့ေကာင္ မလုပ္နဲ႕ ..."

ဗြမ္း....

႐ႊဲ႐ႊဲစိုသြားသည့္ ဆံပင္ေတြ။ သူက ခြန္းနစ္ကို တင္းေနေအာင္ဆြဲလ်က္ ေရအိုင္ထဲသို႔ ထိုင္ခ်လိဳက္သည္။ ေျခေထာက္ႏွစ္စုံဟာ ေရေအာက္မွာ ခ်ိတ္ၿငိသြားကာ လက္တို႔က သူ႕လက္ေမာင္းကို ကေယာင္ကတမ္း ဖမ္းဆုပ္မိ၏။

"အဟားဟား.. ႂကြက္စုတ္ေလး"

ခပ္ေသာ့ေသာ့ရယ္သံ.. ေရစိုေနတာခ်င္းအတူတူ တိုေသာ သူ႕ဆံပင္ေတြက ခြန္းနစ္ေလာက္ ဖရိုမရဲျဖစ္မေန။ ညို႔စိမ့္စိမ့္ ပါးျပင္ထက္က ေရစက္ကေလးမ်ားဟာ ေနေရာင္ေအာက္မွ စိန္ပြင့္မ်ားႏွယ္။ သူ၏ျဖဴေဖြးေသာ သြားေတြဟာ ေပၚလြင္လ်က္ ၾကားရခဲေသာ ရယ္သံေတြၾကားမွာ ခြန္းနစ္က ၾကက္ေသေသသြား၏။ သူ႕သာ ေက်ာ့ကြင္းဆို ခြန္းနစ္က တည့္တည့္တိုးမိသည့္ ယုန္သူငယ္ပင္ ျဖစ္ပါလိမ့္မည္။

"ေန ေနခ်ိဳ"

"အင္း"

ေႏြဦးရဲ႕ေလ႐ူးက ဝါက်င့္က်င့္အပင္ေတြကို ျဖတ္တိုက္ကာ သစ္႐ြယ္ေျခာက္ ရနံ႕ေတြကို သယ္ေဆာင္လာသည္။ သူက ခြန္းနစ္ ပုခုံးကိုကိုင္ထားသည္။ ဘယ္‌အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိသည့္ သူ႕ေျခေထာက္ေတြေပၚမွာ ခြန္းနစ္ ေျခေထာက္ေတြရွိ၏။ ေရျပာတို႔ဟာ သူတို႔နံေဘးမွာ လႈပ္ခတ္ေနကာ မိနစ္အေတာ္ၾကာေအာင္ တစ္ဦးကိုယ္တစ္ဦး စိုက္ၾကည့္ေနမိေနျခင္းကို႔ မရပ္တန႔္နိုင္။

"တစ္ေခါက္ေလာက္ထပ္ၿပီး ငါ့ကို မေျပာခ်င္ဘူးလား"

"..."

"မင္းရဲ႕ ရည္းစား လုပ္ဖို႔ကို"

"..."

သူ႕မ်က္ႏွာက အေျပာင္းအလဲမရွိ။ မ်က္ဝန္းနက္ေတြရဲ႕ စူးရဲမႈကေတာ့ ခြန္းနစ္ကို ပူေလာင္လာေစသည္။ ရွက္၍ ပူေသာ အပူမ်ိဳးပင္။ စိုေနေသာ သူ႕မ်က္ခုံးနက္ေတြက ဒီကေန႕မွ သိသိသာသာ ပိုထူထဲေနသလို ႏႈတ္ခမ္းညိုဟာလည္း ပိပိျပားလ်က္။ ကိုယ္တြင္းမွ ေသြးေၾကာတို႔ဟာ ပုံမွန္မဟုတ္သည့္ ဇီဝကမၼျဖစ္စဥ္တစ္ခုအတြင္းမွာ ေၾကာက္လန႔္တၾကား႐ုန္းကန္ ေနၾကရသလိုမ်ိဳး တဒိတ္ဒိတ္တုန္လ်က္ရွိ၏။ ေရေအးေပမဲ့ ရင္မေအး။ လူသားေတြရဲ႕ ဦးေႏွာက္မွ ခံစားခ်က္ေတြကို လႈံ႕ေဆာ္ရန္ အလို႔ငွာ စိမ့္ထြက္လာတတ္တဲ့ ဓာတုပစၥည္းတစ္မ်ိဳးက ခြန္းနစ္ကို ေကာင္းကာင္းႀကီး ပညာျပေနသည္။

မ်က္စိေရွ႕ကလူႏွင့္ ပိုမိုနီးကပ္ခ်င္စိတ္ကာ သူ႕ရဲ႕ အသိတရားကို ယိုယြင္းေအာင္ ၿဖိဳခြင္းခ်င္ေနသလို တစ္ဖက္က တုန႔္ျပန္ခ်က္ကို ေစာင့္ဆိုင္းေနရသည့္ အသိကေတာ့ ထိုစိတ္ကို ေစာင့္ၾကည့္ေနသည့္ အတားအဆီးအလား။ ကာယကံရွင္ ခြန္းနစ္မွာ ထိုဖိအားႏွစ္ခုရဲ႕ ဒဏ္ကို အလူးလူး အလွိမ့္လွိမ့္ ခံေနရသည္။

"ငါက ငါ့ဖက္က ေျပာရမွာကို မလုပ္ခ်င္ဘူး"

"..."

"ဒီတိုင္း ငါ့ကိုထပ္ၿပီး မင္း ရည္းစား လုပ္ဖို႔ေျပာေပး"

ယခုအခ်ိန္ မ်က္ဝန္းမွာ ပို႔ထားရသမွ် အားအင္ဟာ ခြန္းနစ္ရဲ႕ သတၱိအကုန္ပင္။ ပိုင္စိုးပိုင္နင္း ျဖစ္ရေအာင္အထိ ယုံၾကည္ခ်က္ေတြကို ေမြးျမဴေပးခဲ့သူရဲ႕ မ်က္ႏွာက ေျပာင္းလဲသြားသည္။ ႏႈတ္ခမ္းစြန္းတစ္ဖက္သာ ေကာ့တက္သြားသည့္ သူ႕အၿပဳံးရဲ႕ အဓိပၸာယ္ကို မေဖာ္ရဲေသး။ ငါ မင္းကို မေၾကာက္ဘူးဆိုေသာ အၾကည့္ေတြေနာက္မွာ ခြန္းနစ္ရဲ႕ သိမ္ငယ္ျခင္းေတြနဲ႕ ေမွ်ာ္လင့္ျခင္းေတြကို ဖမ္းထိန္းထားလိုက္သည္။

သုံးဆယ္ ေလးဆယ္ ငါးဆယ္။ ဒီတစ္ႀကိမ္ မ်က္ႏွာလႊဲလိုက္ဖို႔ ခြန္းနစ္မေတြးရဲ။ အဆုံးစြန္ေသာ သိကၡာေတြကို ေဘးတြန္းပို႔ကာ တဇြတ္ထိုးဆန္သည့္ အတၱစိတ္ေတြႏွင့္ သူ႕အေျဖကို ေစာင့္သည္။ တစ္နည္းအားျဖင့္ ခြန္းနစ္ လိုခ်င္ေနေသာ သူ႕ထံမွ ေမးခြန္းတစ္ခု။

"ငါ " သူ႕အသံထြက္လာသည္။ ထိန္းထားသည့္ၾကားက ခြန္းနစ္ ကိုယ္က တုန္ယင္လာ၏။ ေရႏွင့္ထိေတြ႕ထားေသာ ရွပ္အကၤ်ီေအာက္မွာ အသားတို႔က ေရခဲရိုက္ခံထားရသလို ေအးစက္လ်က္။

"မင္းကို ငါ့ရည္းစား ျဖစ္ေနၿပီထင္ထားတာ"

ဘာရယ္... ပါးစပ္က မထြက္လိုက္။ အံ့ဩမႈမ်ားစြာျဖင့္ ခြန္းနစ္ ႏႈတ္ခမ္းေတြ ေဟာင္းေလာင္းပြင့္သြားသည္။ သူကေတာ့ မ်က္ႏွာကို တစ္ဖက္လႊဲရင္း "ရွက္စရာပဲ" ဟု တိုးတိုးေရ႐ြတ္ေန၏။

"ေန... ေနပါအုန္း။ ငါက မင္းကို အေျဖမေပးရေသးဘူးေလ"

သူ႕မ်က္ႏွာေရွ႕ထိ ေခါင္းႀကီးေစာင္းၿပီး လိုက္ေျပာေတာ့ အတင္း႐ုန္းထြက္ခ်င္ေနသူ ေနခ်ိဳေမာင္။ ဘဝမွာ ေနခ်ိဳေမာင္ ရွက္တတ္ေၾကာင္း ပထမဆုံးအႀကိမ္ သိလိုက္ရျခင္းပင္။ သူအားနည္ေနသည္ကို အခြင့္ေကာင္းယူကာ သူ႕လက္ေတြကို တင္းတင္းဆြဲရင္း မ်က္ႏွာခ်င္းဆိုင္ေတာ့ မ်က္ဝန္းေသေတြက ခြန္းနစ္ကိုမၾကည့္။

"မင္းက ငါ့ရည္းစားျဖစ္ေနၿပီလား"

"..."

"တကယ္လား ...တကယ္လားလို႔"

"..."

"ဘယ္ ဘယ္တုန္းကလဲ။ ဘယ္တုန္းကလဲ မင္းေျပာ"

သိခ်င္စိတ္ေတြႏွင့္အတူ ခြန္းနစ္ အသံက ၿပီတီတီ။ ေရွာင္ခ်င္ေနသူကို ဖမ္းၿပီး ေမးရတာ ဒီေလာက္အရသာရွိမည္မထင္ခဲ့။ တဒိတ္ဒိတ္ခုန္ေနေသာ ရင္ခုန္သံၾကားမွာ ေပ်ာ္႐ႊင္မႈကို မထိန္းခ်ဳပ္နိုင္ေအာင္ပင္။ လိုခ်င္တာ ရလို႔ ထခုန္မတတ္ ေက်နပ္ရတဲ့ ပီတိဆိုတာ ဒီလိုပါလား။ ခြန္းနစ္လိုခ်င္ေသာ အရာတိုင္းက ရဖို႔ခက္ခဲလြန္းလို႔ မုန္းတီးစြာ လက္လႊတ္ခဲ့ရသည့္အတြက္ ေနခ်ိဳ႕ဘက္က ခံစားခ်က္ေတြ ေျပာင္းလဲသြားမွာ စိုးထိတ္ေနခဲ့တာ။ ဒီ မထိတထိနဲ႕ ေအးစက္စက္ျဖစ္‌ေနတဲ့ ေကာင္ကို မုန္းလို႔မရမွာသိလို႔ ေပ်ာ္ေနရင္းေတာင္ ထိန္းသိမ္းေနခဲ့ရတာ။

"တစ္ေခါက္ပဲ... ခုတစ္ေခါက္ ငါ့ကို ေျပာဦး"

"..."

"ေနာ္"

"မင္းကလဲ"

"ေနခ်ိဳ... ငါ့ကို ေျပာပါလို႔"

လက္ေမာင္းကို ပင့္ကာ မ်က္ႏွာကို ပြတ္ေနသည့္ ေနခ်ိဳ။ ခြန္းနစ္ရဲ႕ သြားစြယ္ကေလးေတြ က ေပၚသည္ထက္ ေပၚလာသည္။

"ငါ့ ရည္းစားလုပ္ေပးကြာ"

"ဟာ..."

မ်က္ႏွာကို ေမာ့ခ်ရင္း အသည္းယားစြာ ေအာ္ခ်လိဳက္မိသူ ခြန္းနစ္။ တစ္ခါမွ မခံစားခဲ့ဖူသည့္ ဗိုက္ထဲမွာ လိပ္ျပာေတြ ပ်ံဝဲေနသည္ဆိုတာ ဒါမ်ိဳးပဲ ျဖစ္ရမည္။ ၾကည္ႏူးမႈ၊ တစ္စုံတစ္ခုကို ဖ်စ္ညွစ္ခ်င္မႈ ... ေနခ်ိဳျဖစ္ေနရမယ္လို႔ စိတ္ပင္မကူးဖူးေသာ လက္ေတြ႕။

"ခြန္းခြန္း မင္း လုပ္ေပးမွာလား"

မ်က္ေမွာင္ေတြပါက်ဳံ႕လ်က္ သူေမးေတာ့ ခြန္းနစ္ ေခါင္းကို ၿငိမ့္မိသည္။ခုမွ ဘာေတြမ်ား serious ျဖစ္ေနသလဲ ေနခ်ိဳေမာင္ရယ္။ အနမ္းတစ္ခုကို ေခြၽခ်မိတာ လက္ဖမိုးထက္ေပမဲ့ ေနခ်ိဳ႕ ပုံစံႀကီး တစ္မ်ိဳးျဖစ္သြားပုံေၾကာင့္ ရင္ခုန္ေနသည့္ၾကားမွ အရယ္ မရပ္နိုင္။ မ်က္ဝန္းေတြ ပိတ္သည္အထိ ရယ္ေနတုန္း ႏွာေခါင္းထက္ ေႏြးသြားပါမွ မ်က္လုံးျပဴးရသည္။

"ငါကလြဲၿပီး ဘယ္သူ႕ကိုမွ မႀကိဳက္နဲ႕ေတာ့"

အေျဖမေပးခင္မွာပဲ သူက ခြန္းနစ္လက္ေခ်ာင္းေတြကို သူ႕လက္ဖဝါးမွာ ကပ္ေစသည္။ ၾကမ္းရွရွ သူ႕မ်က္ႏွာက ျဖဴစင္သည့္ လူငယ္ေလးလို သနားကမား႐ုပ္ႏွင့္။

"မင္းလိုခ်င္တာ အကုန္လုပ္ေပးမွာမို႔"

ဘယ္က ဇနဲ႕ ေမးရဲသလဲဆိုသည့္ သံသယမ်ိဳးကင္းေအာင္အထိ သူက ခြန္းနစ္ရဲ႕ စိတ္ကို အုပ္စိုးသြားသည္။ သူေျပာသမွ် အကုန္ဆိုတာ ဘယ္အတိုင္းျဖစ္မလဲဆိုတာထက္ သူ႕လက္ေတြကို ကိုင္ထားရတဲ့ အခိုက္အတန႔္က ပိုစိတ္ဝင္စားစရာေကာင္း၏။

ခ်င့္ခ်ိန္တာေတြ ဆုံးျဖတ္ေနတာေတြ၊ ျဖစ္ပါ့မလားဆိုတဲ့ ေတြေဝမႈေတြ... အေတြးမ်ားတဲ့ ခြန္းနစ္က ဒီတစ္ေခါက္ ကိစၥမွာ မယုံနိုင္ေလာက္ေအာင္ ခိုင္မာေနသည္။ ၿမိဳသိပ္ခဲ့‌ရေသာ စိတ္ဆႏၵေတြရဲ႕ လႈံ႕ေဆာ္မႈႏွင့္ တစ္ခါမွ ထုတ္မသုံးခဲ့ဖူးသည့္ စြန႔္စားလိုစိတ္ေတြရဲ႕ ေပါင္းစပ္မႈမွာ ေနာက္တစ္ႀကိမ္ထပ္ၿပီး ေခါင္းကို ၿငိမ့္မိျပန္၏။

ေနခ်ိဳေမာင္က ေတြးၿပီး ေၾကာက္ေနရမဲ့ လူမဟုတ္တာကို ယုံသည္။ သူဘယ္လို ျမင္မွာလဲဆိုသည့္ မလုံမလဲျခင္းေတြထက္ သူ ဘယ္လို ခ်စ္မွာလဲဆိုသည့္ အေတြးမ်ိဳးေပးမည့္သူလည္း ျဖစ္၏။

"ငါတို႔ တရားဝင္ ရည္းစားျဖစ္ၿပီ"

ခြန္းနစ္ ရဲရဲႀကီးေျပာလိုက္သည္။ သူက တာဝန္သိတဲ့ လူတစ္ေယာက္အေနနဲ႕ ေနခ်ိဳ႕ကို လူ႕အသိုင္းအဝိုင္းၾကားမွာ ‌ေခါင္းေမာ့ေနနိုင္ေအာင္ ထားပစ္အုန္းမည္။

.............................................................

စာေရးသူ၏ အမွာစာ:

ခြန္းနစ္ကုေဋကို ဘယ္သူမွ တားလို႔မရေတာ့ပါ!!!!


Continue Reading

You'll Also Like

21.7K 1.7K 45
အလွဲတစ်ခုရဲ့အစကနေ ပေါက်ဖွားလာတဲ့အချစ် အလြဲတစ္ခုရဲ႕အစကေန ေပါက္ဖြားလာတဲ့အခ်စ္
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
270K 27.1K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း