Unicode~
ညဦးပိုင်းမှ သူတို့ အိမ်ပြန်ရောက်သည်။ သူ့ကို Jeon JungKookက ကားပေါ်တက်လိုက်ခဲ့ဖို့ ကမ်းလှမ်းပေမဲ့ တစ်ဖက်ကAntonကို အားနာသည်နှင့် မလိုက်သွားဖြစ်။ တကယ်တမ်းတော့ သူတစ်နေရာတည်းမှာ နာရီပေါင်းများစွာ ကျောက်ချထိုင်ခဲ့ရသဖြင့် အတော်လေးညောင်းညာကိုက်ခဲနေပြီဖြစ်၏။ ဖြစ်နိုင်လျှင် လမ်းပင်မလျှောက်ချင်တော့။
"Taehyungက စကားနည်းတယ်နော်။ အခုမှ ပိုနည်းသွားသလိုပဲ"
"မင်းထင်လို့ပါ"
သူ့ကိုယ်သူ စကားများဖူးတဲ့အချိန်ကို တွေးမရ။ သူငယ်တည်းက သည်အိမ်မှာ နေခဲ့ရသည်။ Jeon JungKook တစ်ယောက်တည်းကသာ သူ့အနားမှာ အများဆုံးရှိခဲ့သည်။ ထိုလူနဲ့ဆို သူစကားမပြောဖြစ်။ ဒါနဲ့ပဲ သူစကားနည်းလာတော့သည်။ စကားမပြောချင်တာထက် ပြောစရာလူမရှိခဲ့တာ။
"ဒါနဲ့ Taehyung ကျွန်တော့်ကို ဘာလို့ လက်ထပ်ချင်တာလဲ"
"ကိုယ်မင်းကို သဘောကျတယ်လေ"
ထိုစကားက တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်လာသည်။ အလေ့အကျင့်တစ်ခုလို ပြောနေခဲ့တာ။ လေသံအတက်အကျ အနိမ့်အမြင့်ဆိုတာပင်မရှိဘဲ ပြောနိုင်တာက အံ့ဩဖို့တောင်ကောင်းသည်။
သံပတ်ပေးထားတဲ့အရုပ်လို ခံစားချက်ဆိုတာကိုတောင် အမြည်းအစမ်းမရှိဘဲ ပြောလိုက်တာများ။
"ကျွန်တော် ဘာပဲလုပ်လုပ် သဘောကျပေးမှာလား"
"ဟင်.. ဒါပေါ့"
လမ်းမှောင်မှောင်ထက်မှာ လမ်းလျှောက်နေစဥ် Antonဘာတွေမေးနေသလဲ သူနားမလည်တော့။ အခုချိန်မေးမှ ဖြစ်မှာလား။ အိမ်ရောက်မှရော အေးအေးဆေးဆေးမေးလို့မရဘူးလား။
Taehyungမျက်နှာက စိတ်အလိုမကျမှုကြောင့် ရှုံ့တွနေသည်။
ချက်ချင်းသာ အိမ်ပြန်ရောက်ပြီး လဲလျောင်းပစ်ချင်တော့တာ။ ဘာမဟုတ်တဲ့နေရာမှာ သုံးလေးနာရီလောက်အချိန်ဖြုန်းပစ်ရတာ ဘယ်လောက်တောင် အချိန်ကုန်လိုက်သလဲ။
ယောကျ်ားတွေသိပ်သဘောကျတဲ့ မြင်းပွဲနဲ့ သူနဲ့ကတော့ ဘယ်လိုမှ မအပ်စပ်နိုင်။ ဟန်ဆောင်၍တောင် သဘောမကျနိုင်တာ ခက်လှသည်။
"ဒါနဲ့လေ သူဌေးမင်းလည်း မြင်းပြိုင်ပွဲတွေကို သဘောကျတယ်ထင်တယ်နော်။ ကျွန်တော်ပြိုင်တုန်းကလည်း သူလာကြည့်သေးတယ်"
ထိုသို့ပြောနေစဥ် Antonပါးနှစ်ဖက် ရဲတွတ်သွားသည်အား Taehyungသတိမထားဖြစ်။ ညမှောင်နေတာလည်း ပါမည်။ အရေးမစိုက်နိုင်တာလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။
"အင်း။ ပြီးတော့ သူက မြို့မျက်နှာဖုံးလေ"
"မော်စကိုမှာလည်း မြို့မျက်နှာဖုံးတွေရှိပါတယ်။ ပြိုင်ပွဲအတွက် ငွေထုတ်ပေးတာတွေဘာတွေရှိပေမဲ့ ကိုယ်တိုင်ပွဲလာကြည့်တာတော့ ရှားတယ်"
"ဪ.."
"ဘာပဲဖြစ်ဖြစ် ဝါသနာတူတစ်ယောက်ရှိနေတာ သိပ်ပျော်ဖို့ကောင်းတာပဲ"
Taehyungက Antonကို မျက်မှောင်ကြုတ်၍ ကြည့်သည်။ Antonအနေနဲ့ Jeon JungKookကို အခုလောက်ထိ အကောင်းမြင်ရန်မလိုအပ်ဟု ယူဆသည်။ ဖြစ်မှဖြစ် မမြင်မကြည်တာကမှ ဖြစ်သင့်သေးသည်။ သူနဲ့ Jeon JungKook နောက်ကြောင်းမှာ မင်္ဂလာပွဲပျက်ဖူးသည့်အဆင့်အထိ ရှိခဲ့ဖူးသည်။ ဒါကို Antonက သိသိရက်နဲ့ အခုလိုစကားထွက်နိုင်သေးတာလား။ သူ့မှာ ယုံရမှာတောင် ခပ်ခက်ခက်။
Antonကို နှမြောနေမိတာလား၊ ဘာကို နှမြောနေမိတာလဲ သူကိုယ်တိုင်တောင် မသိတော့ပါ။
"သူဌေးမင်းကြည့်ရတာ အရမ်းတည်ငြိမ်တာပဲနော်။ မလိုအပ်ဘဲစကားလည်း မပြောဘူး"
"မင်းကိုယ့်ကို သူ့ရဲ့ချီမွမ်းခန်းဖွင့်နေတော့မှာလား။ အဲ့တာထက် အိမ်မြန်မြန်ပြန်ရောက်အောင် လမ်းသာမြန်မြန်လျှောက်စမ်းပါ"
"ဒါကအရှိကိုအရှိအတိုင်းပြောနေတာပဲလေ။ ဘာလို့ မခံမရပ်နိုင်တုံ့ပြန်နေရတာလဲ"
"မင်းသူ့အကြောင်းဘယ်လောက်သိလို့လဲ။ နောက်ခါ မင်းဆီကနေ သူ့အကြောင်းပြောတာ မကြားချင်ဘူး"
Taehyungက ဒေါနဲ့မောနဲ့ ရှေ့ကနေလမ်းသွက်သွက်လျှောက်သွားလျှင် Antonတစ်ယောက်တည်း အနောက်မှာ ကျန်ခဲ့သည်။
မကြာခင်လက်ထပ်ရတော့မည့် ကိုယ့်ရဲ့ခင်ပွန်းလောင်းကို စိတ်ပူလိုက်ဖို့ ကောင်းပေမဲ့ နည်းနည်းလေးမှ စိတ်ပူတာမျိုး မခံစားမိပါ။
Antonဘက်က Jeon JungKookအကြောင်း စီကာပတ်ကုံးပြောလေတိုင်း သူ့မှာမကျေမနပ်ဖြစ်ရသည်။ ဒါကို သ၀န်တိုတာလို့ ဆိုလေမလား။ သ၀န်တိုတယ်ဆိုရင်ရော ဘာကို သ၀န်တိုနေမိတာလဲ။
Antonကိုလား.. Antonကိုပဲ နေပါလိမ့်မည်။ ကိုယ့်အိမ်ထောင်ဘက်လောင်းက တခြားလူအကြောင်း သိပ်ပြောနေလျှင် ဘယ်သူမဆို ဒေါသထွက်နိုင်တာပဲလေ.. ဟုတ်တယ်မလား။
"မင်းနောက်ကျလိုက်တာ.. ညအမှောင်ထဲ လမ်းလျှောက်ပြန်တာ သိပ်မကောင်းဘူး။ အခုတလော အလစ်သုတ်သမားတွေ သောင်းကျန်းနေတာ သိရဲ့သားနဲ့"
"အင်း.. ကျေးဇူးပဲ စိတ်ပူပေးလို့"
သူနဲ့အတူပြန်လာသော Antonအကြောင်းရော မမေးဘူးလားဆိုပြီး တွေးနေမိသည်။ မေးလာဦးမလားဆိုပြီးလည်း မျှော်နေမိသေးသည်။
ကိုယ့်မသိစိတ်ထဲ Antonနဲ့ Jeon JungKookကြား အပြန်အလှန်စိတ်ဝင်စားမှုများ ရှိလေမလားလို့ တွေးပူနေမိခဲ့တာ။
"ဘာလို့ရပ်နေတာလဲ။ ထိုင်ချင်ထိုင်လေ.. ညောင်းနေပြီမလား"
"အင်း.."
မဟော်ဂနီသားထိုင်ခုံပေါ်မှာ Taehyungဝင်ထိုင်သည်။ Jeon JungKookက သူ့ကို တစိမ့်စိမ့်ကြည့်နေတာတော့မဟုတ်။ သို့သော် သူဘာလုပ်နေသည်၊ သူ့စိတ်ထဲဘာတွေးနေသည်.. စသဖြင့် လိုက်ခန့်မှန်းနိုင်သူ။
"ဘာလို့တစ်ယောက်တည်းပြန်လာလဲ မသိချင်ဘူးလား။ ကျွန်တော် Antonနဲ့ ပြန်လာတာလေ"
"ကိုယ် သူ့အကြောင်း သိဖို့မလိုပါဘူး။ မင်းအိမ်ပြန်ရောက်ပြီဆို ကိုယ်ခြံတံခါးသော့ခတ်လို့ရပြီလေ"
ကိုယ့်ဧည့်သည်ကို မလေးစားရကောင်းလားဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ရှာလို့ရသည့်အချိန်ဖြစ်သည်။ ထူးဆန်းစွာပင် ကိုယ်ဟာ သူ့အပေါ် မကောင်းမြင်စိတ် ရှိမနေခဲ့ပါ။
မကောင်းမမြင်သည့်အပြင် ကိုယ့်တစ်ယောက်တည်းကိုသာ စိတ်ဝင်စားသည်ဟု သဘောရသော အဖြေကြောင့် ပျော်ချင်သလိုလိုပင် ဖြစ်သွားသေးတာ။
"ခင်ဗျားက မြင်းပြိုင်ပွဲတွေကို သဘောကျတာလား"
"ကိုယ်သဘောကျပါတယ်"
"Antonကလည်း သဘောကျတယ်။ ခင်ဗျားတို့နှစ်ယောက် အကြိုက်တူတာပဲ"
"သူနဲ့တူတာ ကိုယ်ဘာလုပ်လို့ရမှာလဲ။ ကိုယ်တို့က သပ်သပ်စီပဲလေ"
ဟိုတစ်နေ့က မပြီးပြတ်လိုက်သောအကြောင်းအရာအား သိချင်လာသည်။ ဘာလို့ သူ့ကိုမှလဲ။ တစ်ခါတလေမှ သူ့ကို စိတ်မကုန်ချင်ဘူးလား။ စိတ်ပျက်စရာတွေချည်း ဆက်တိုက်လုပ်နေခဲ့တာတောင်လေ။
Jeon JungKook စိတ်ပျက်သွားအောင်ဆိုပြီး သူအမျိုးမျိုးဆိုးပြခဲ့ဖူးသည်။ နေ့တိုင်းအပြင်ထွက်ပြီး လောင်းကစားလုပ်ခဲ့သည်။ Jeon JungKook၏ မီးခံသေတ္တာထဲက ငွေသားများကိုပင် ခိုးသုံးခဲ့ဖူးသည်။ သူ့ကို စွန့်ပစ်သွားရင်ပြီးရောဆိုပြီး ညညဆို ကပွဲတက်သည်၊ မိန်းကလေးပေါင်းစုံနဲ့ တွဲကဖူးသည်။ တစ်နည်းနည်းနဲ့ Jeon JungKookနားပေါက်ပြီး စိတ်ကုန်သွားစေမည့်ကိစ္စမျိုးဆို ဘာမဆိုလုပ်ပစ်ခဲ့တာ။
"ခင်ဗျား ကျွန်တော့်ကို တစ်ခါလေးတောင် မစွန့်ပစ်ချင်ဘူးလား"
"မင်းက ဘာအပြစ်ရှိလို့လဲ"
မီးရောင်ခပ်မှိန်မှိန်အောက်မှာ Taehyung သွားတွေပေါ်နေအောင် ပြုံးမိသွားသည်။ Jeon JungKookကို သည်လိုမပြုံးပြခဲ့ဖူးပါ။
တစ်ချိန်ကုန် စိတ်ကုန်ပါစေဟု ဆုတောင်းနေခဲ့ပေမဲ့ တကယ်တမ်းကျ စိတ်မကုန်ဘူးဆိုတဲ့အဖြေမှာ သူသိပ်ပျော်နေမိသည်။
"မင်းကိုယ့်ကို ပြုံးပြလိုက်တာလား"
"ဘာလဲ.. ပြုံးပြလို့ စိတ်ကုန်သွားမှာတော့ မဟုတ်ဘူးမလား"
"မင်းအတွက် စိတ်ကုန်တယ်ဆိုတဲ့ဝေါဟာရမရှိပါဘူး"
သည်အချိန်လေးမှ သူခဏလေး မျှောလွှင့်သွားမိသည်။ ရပ်ထားပစ်ချင်တဲ့ အချိန်တွေလို၊ အထပ်ထပ်အခါခါ ပြန်ရစ်ပြီးကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းလို။
Jeon JungKookကို ပထမဆုံးအကြိမ်ခပ်စေ့စေ့ အသေးစိတ်ကြည့်မိနေတော့တာ။
နက်မှောင်တွန့်ချိုးနေသော မျက်ခုံးတွေ၊ တလက်လက်တောက်ပနေသော မျက်ဝန်းတွေ၊ ခပ်တင်းတင်းစေ့ထားလျက်သော နှုတ်ခမ်းပါးတစ်စုံရယ်။ သည်လူက ရှိရင်းစွဲအသက်အရွယ်ထက် ပိုငယ်သယောင်ထင်ရပြီး အရှိန်အဝါတစ်ခု သူ့ခြေရင်းမှာ ခစားနေသလို လူမျိုး။
"Taehyungက လမ်းလျှောက်တာ မြန်လိုက်တာ။ ကျွန်တော် စမ်းတဝါးဝါးနဲ့ အိမ်ပြန်ခဲ့ရတယ်"
တံခါး၀မှာ ဖိနပ်ကို ချွတ်နေရင်း Antonက ဆိုလာသည်။ အခုအချိန်မှာတော့ Antonက သူ့ကို အိပ်မက်ကနေ လှုပ်နှိုးသူပါပဲ။
ခုနက ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အခဲမကျေနိုင်သေး။ ဘာသက်ဆိုင်လို့များ Antonက Jeon JungKookအကြောင်း မကြာခဏပြောရသလဲ။
ပြောဖို့မလိုအပ်ဘူးလို့တော့ ထင်ပါရဲ့။
"ကျွန်တော် အခန်းထဲဝင်တော့မယ် Jeon JungKook"
သူ့နာမည်ကို အပြည့်အစုံခေါ်ပြီး ထွက်သွားသူရယ်၊ နောက်ကလိုက်သွားတဲ့ စိတ်ပျက်စရာကောင်လေးရယ်။
Antonဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ သူရိပ်မိစပြုလာတော့ မဲ့ပြုံးပြုံးသည်။ စိတ်ကူးယဥ်လွန်းနေတာပဲ။ အရေးမပါတဲ့စာရင်းသွင်းထားပေမဲ့ သတိတော့ထားရဦးမည်။
နဂိုတည်းက သူဟာ Taehyungအတွက် အခေါင်းပေါက်နဲ့လူသား။ ထပ်ပြီးတော့ ပြစ်ချက်တွေ မဖန်တီးချင်။ အခုလို အပြုံးတစ်ခုရတဲ့အခြေအနေကပင် သူ့အတွက် သာလွန်ကောင်းမွန်လွန်းတဲ့ ဆုလာဘ်ဖြစ်လို့နေပြီ။
လူတိုင်းက မင်းလိုမှ မဖြူစင်ဘဲ အသည်းရယ်။
ဒါတွေကို မင်းမြင်အောင် ကိုယ်ဘယ်လို ပြရပါ့မလဲ။
____
"မော်စကိုကိုသွားရင် အကြွေးတွေက နေ့စဥ်နဲ့အမျှ ပိုတက်လာဖို့ပဲရှိတယ်ဆိုတာ မသိလို့လား"
"ကျွန်တော့်သားလေးကို လွတ်လွတ်လပ်လပ်ကြီးပြင်းလာစေချင်ရုံပါပဲ"
ကြမ်းပြင်ပေါ်ဒူးတုပ်ထိုင်နေရသည်က နာရီနဲ့ချီကြာလာသည်နှင့်အမျှ ခြေထောက်ပေါ်ရှိ သွေးကြောများက မစီးဆင်းတော့။ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က ပေါက်ပြဲလျက်၊ နားထင်ပေါ်က သွေးတွေ စီးကျလျက် ရှိသည်။ သူဘာတတ်နိုင်မှာတဲ့လဲ အရင်းထက် အတိုးများလာသော အကြွေး၀န်ကြီးကို ထမ်းရတာလည်း ပင်ပန်းလှပြီ။ သို့သော် သူကျွန်ဘဝက လွတ်မြောက်ချင်သေးသည်။
သားလေးကြီးလာလျှင် ကျောင်းကောင်းကောင်းမှာ လွတ်လွတ်လပ်လပ်တင့်တင့်တယ်တယ် ပညာသင်စေချင်သည်။ ကျောင်းတက်ရတာချင်းအတူတူတောင် ကျွန်သားသမီးထက်စာရင် ဆင်းရဲသား၏ကလေးဖြစ်နေတာက ပိုတင့်တယ်သည်။ အချင်းချင်းအနှိမ်ခံ၊ ဟားတိုက်ခံရဖို့အခွင့်အရေးလည်းနည်းသည်။
သူ့သားအတွက်ဆိုပြီး ရုန်းချင်နေမိတာ။
"မင်းကို ငါဘယ်လောက်ထိ မုန်းတယ်ဆိုတာသိတယ်မလား။ ငါ့သားနဲ့မင်းသားကြောင့်မဟုတ်ရင် သတ်မှတ်ကာလလွန်နေတဲ့ကြွေးမြီစားကို ငါအရှင်မထားဘူး"
"တောင်းပန်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်"
"ကျေးဇူးတင်ရင် ဒီလိုနေရမှာမဟုတ်ဘူး သောက်သုံးမကျတဲ့ကောင်ရ! ငါချစ်တဲ့လူလည်း မင်းလို ငမွဲကောင်ကြောင့် သေရတာ။ ငါမင်းကို ဒီထက်နှိပ်စက်ချင်သေးတာ"
သောက်လက်စစီးကရက်မီးကို နားထင်ပေါ်က ဒဏ်ရာဆီ လာတို့တော့ Mr. Kimမှာ အူထဲအသည်းထဲက လှိုက်နေအောင် နာကျင်ရသည်။
သေသွားနိုင်သည်အထိ အန္တရာယ်များသော နှိပ်စက်မှုဖြစ်ပေမဲ့ သူအသားကျနေပါပြီ။
ဒီစံအိမ်ကြီးက သားလေးအတွက် အဆင်ပြေနိုင်သလောက် သူ့အတွက်တော့ မဟုတ်ခဲ့ဘူးတဲ့လေ။
"ကျွန်..ကျွန်တော် သေချာပေါက် ပြန်ဆပ်မှာပါ"
"ဘယ်လိုအာမခံချက်နဲ့လဲ။ မင်းကို အာမခံပေးမဲ့ အလုပ်အကိုင်တောင် မရှိဘဲနဲ့များ ခွေးစကားပြောရဲသေးတယ်"
သူ့ရင်ဘတ်ကို ကန်ကျောက်လာသည့် ခုံထူထူဘွတ်ဖိနပ်။ သည်အသံတွေကို သားလေးမကြားပါစေနဲ့ဟု မျှော်လင့်သည်။ ငယ်လွန်းသေးသည့်အတွက် မသိနိုင်ဘူးလို့ယူဆရပေမဲ့ သူ့သားက သိပ်ကို အကင်းပါးတာ။
တစ်နှစ်ကျော်ကျော်အရွယ်မှာ စကားရေရေလည်လည်ပြောတတ်ပြီး အဖေကိုလည်း အရမ်းသိတတ်သည်။ သည်ဖအေမျက်နှာပေါ်က ဒဏ်ရာတွေမြင်ရင် 'ဖေဖေ နာနာ'ဆိုပြီး သူ့မျက်နှာကို လက်ညှိုးပိစိလေးထိုးကာ ပြောဦးမည်။
သိပ်သိတတ်လွန်းတဲ့ကလေးလေးက ဒါတွေကိုတော့ မသိပါစေနဲ့။
"ထွက်သွားချင်တစ်ယောက်တည်းသွား။ ကလေးကိုထားခဲ့.. JungKookလေးက လိုချင်တယ်ပြောတယ်"
"Taehyungလေးက အရုပ်မဟုတ်ပါဘူး သူဌေးကြီး။ သခင်လေးက ပစ္စည်းတစ်ခုရချင်သလို ရချင်တာမျိုးပါ။ အချိန်တန်တော့ မေ့သွားပါလိမ့်မယ်"
"ငါ့သားအကြောင်း မင်းက ပိုသိနေမယ်ထင်လို့လား။ ငါ့သားလိုချင်ရင် ထားခဲ့လိုက်။ ဒါ ငါ့အမိန့်"
"မထားခဲ့ဘူး။ ကျွန်တော့်သားလေးနဲ့ မခွဲနိုင်ဘူး။ ဘယ်သူစိမ်းလက်ထဲမှာမှလည်း စိတ်မချနိုင်ဘူး"
ထိုစကားကို ကြားလိုက်ရသူက နံရံတစ်ဖက်မှာရှိနေတဲ့ Jeon JungKook. လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်မိသွားသည်။ သူစိမ်း.. သူ့ကို သူစိမ်းလို့ ပြောလိုက်တာလား။ ဘာလို့ သူစိမ်းဖြစ်ရမှာလဲ။ သူ Taehyungလေးရဲ့ သူစိမ်းတော့ မဖြစ်ချင်ပါ။ ဟင့်အင်း.. ဖြစ်ကို မဖြစ်ရဘူး။
သူဘယ်လောက်တောင် မျှော်လင့်ချက်ကြီးလိုက်သလဲ။ သည်ကလေးလေး ကြမ်းပြင်ပေါ် စမှောက်တတ်ချိန်၊ ငုတ်တုတ်ထိုင်တတ်ချိန်၊ လမ်းစလျှောက်တတ်ချိန်.. ကြီးပြင်းလာမှုအဆင့်ဆင့်မှာ သူအနားမှာရှိခဲ့တာတောင် သူစိမ်းဖြစ်နေတုန်းပဲလား။
Mr. Kimကို မကျေနပ်နိုင်တော့။ မကျေနပ်တာထက် ဒေါသထွက်လွန်းတာ။
Mr. Kimနဲ့ အဖေ့ကြား အတိတ်ဆိုးတွေရှိတာ သိလျက်နဲ့တောင် Taehyungလေးအဖေဖြစ်နေလို့ သူလေးစားနိုင်သမျှ လေးစားပေးခဲ့ပြီးသား။
Taehyungလေးကို သူ့ဆီကနေဆွဲထုတ်သွားမယ်ဆိုရင်တော့ အဖေသောဘာသော နားလည်ပေးနိုင်တော့မှာ မဟုတ်။ သူတို့ကို ခွဲသူက အလိုလိုပင် သူ့ရန်သူ။
"သခင်လေး ဒီမှာ ဘာရပ်လုပ်နေတာလဲ။ သူဌေးကြီးကို သွားပြောပေးရမလား"
အဖေ့သက်တော်စောင့်တွေထဲကတစ်ယောက်က သူ့ကို ရိုရိုကျိုးကျိုးပင် မေးလာသည်။
"တော်ပြီ..ရတယ်"
လောလောဆယ် သူ့ဆီမှာ စိုးရိမ်စိတ်သာ ရှိသည်။ Taehyungလေး မော်စကိုအထိပါသွားရင် သူတို့တစ်ဘဝလုံး တွေ့ချင်မှ တွေ့ရတော့မှာ။ နောက်ထပ်တွေ့ရင်တောင် Taehyungလေးက သူ့ကို မှတ်မိတော့မှာ မဟုတ်။
ဘာအရေးလဲ.. မမေ့ရအောင် သူခေါ်ထားလိုက်ရင်၊ သူဝှက်ထားလိုက်ရင် ရပြီမဟုတ်လား။
သူ့ကုတင်ပေါ်မှာ ငိုလို့မောပြီး အိပ်ပျော်သွားသော ကလေးလေးရှိသည်။ ထိုကလေးကို သူလှည့်ကြည့်ပြီး မျက်ရည်တွေစီးကျလာသည်။ သည်အတိုင်း အနားရှိစေချင်တာက အပြစ်သိပ်ကြီးသွားသလား။
တစ်ယောက်ယောက်များ ကိုယ့်ကို နားလည်အောင် ရှင်းပြနိုင်ရင် ကောင်းလိမ့်မည်။
ညရောက်တဲ့အထိ မလှုပ်မယှက် ထိုင်နေမိတာ။ သန်းခေါင်ချိန်ထိလည်း အိပ်မရသေး။ အမှန်ဆို သူအိပ်ချိန်တန်နေပြီ။ ကျောင်းဖွင့်တဲ့ကာလတွေတုန်းကဆို သူစောစောအိပ်ပြီး စောစောထနေကျ။ ကျောင်းပိတ်ကာလအစမှာလည်း ထိုအတိုင်း။
Taehyungလေးတို့သားအဖ မော်စကိုထွက်သွားတော့မယ်ဆိုတာ သိရချိန်ကစပြီး ညညဆို သူအိပ်မရတော့တာ။
မျက်စိအကြောင်သားနဲ့ ထထိုင်နေတတ်သည့်အကျင့်ကို သူ့ကိုယ်သူလည်း ပြင်မရ။
သူအိပ်နေတုန်း ထွက်သွားမလားဆိုတဲ့အတွေးမျိုးက သူ့ကို အိပ်မရအောင် နှိပ်စက်နေသည်တူပါရဲ့။
'ဘုန်း ဘုန်း!'
"သခင်လေး! တံခါးဖွင့်ပေးပါ။ Taehyungလေးကို ခေါ်ထားတာမလား"
"ခင်ဗျား အဲ့လိုလုပ်လို့မရဘူး။ သခင်လေး အိပ်နေတယ်လို့ ပြောနေတယ်လေ..!"
အခန်းအပြင်ဘက်က ပွက်ပွက်ညံနေသည့်အသံများ ကြားရသည်။ နားနှစ်ဖက်ကို လက်ဖြင့် အုပ်ထားပြီး အကြိမ်ကြိမ်ခေါင်းခါနေမိသည်။ အားလုံးပျောက်ကွယ်သွားကြရင် ကောင်းမှာပဲ။
Mr. Kimရော အိပ်မရအောင်နှိပ်စက်နေတဲ့အတွေးအဖုံဖုံရော။
တံခါးပေါ်က တဘုန်းဘုန်းထုသံကြီးက ပိုကျယ်လောင်လာသည်။ မကြာခင် တံခါးပြုတ်တော့မလားလို့ပင် ထင်ရသည်။ မဟာတံတိုင်းကြီးပဲဖြစ်ဖြစ် လာကာထားလိုက်စမ်းပါ။ သူနဲ့ Taehyungလေးကို ဘယ်သူမှမတွေ့နိုင်တဲ့နေရာဆီ ခေါ်သွားပေးကြပါလား။ နှစ်ယောက်လုံးကို ဝှက်ထားပေးပါလား။
ဘယ်သူ့ဆီကို တောင်းဆိုနေသည်ဟု မယ်မယ်ရရမရှိသော်လည်း တတွတ်တွတ်ဆုတောင်းနေမိတာ။
တံခါးက တဖြေးဖြေးယိုင်နဲ့လာသည်။ သူလန့်ပြီး Taehyungလေးကို ပွေ့ချီတော့ ကလေးက လန့်နိုးပြီး တဝါးဝါးအော်ငိုတော့သည်။
"တိတ်တိတ်နေ ကလေး။ မင်းရှိမှန်း မသိစေချင်ဘူး"
"သားလေး! သားလေး ငိုသံကြားရတယ်။ ကျွန်တော်ရှိခိုးပြီးတောင်းပန်ပါတယ် သခင်လေးရာ။ သားလေးကို ပြန်ပေးပါ နော်"
"မပေးဘူး! ဘယ်သူ့ကိုမှ မပေးဘူး"
သူ ကလေးကို တစ်နေရာရာမှာ ဝှက်ထားနိုင်ဖို့ ကြိုးစားသည်။ စောင်အောက်ထဲမှာ ဝှက်ထားရမလား၊ ကုတင်အောက်မှာလား ဝေခွဲမရဖြစ်နေစဥ် သူ့အင်္ကျီတွေထည့်တဲ့ ဘီရိုကို တွေ့သွားသည်။
ကလေးကို အသာမ,ချီ၊ ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးပြီး လက်တစ်ဖက်နှင့် ဘီရိုတံခါးကို ဖွင့်သည်။ ဘီရိုအောက်ခြေ လွတ်နေရာမှာ ဂွမ်းထည်ခပ်ထူထူကို ခင်းလိုက်ပြီး ကလေးလေးကို အဲ့သည်မှာ ချပေးသည်။ အစတည်းက သူ့ကိုမကြည်တဲ့ Taehyungလေးက ကော့လန်ကာ ဂျစ်တိုက်တော့သည်။
'ဝုန်း!'
ပွင့်ထွက်လာတဲ့ တံခါးချပ်။ သက်တော်စောင့်အုပ်စုနဲ့အတူ မျက်နှာဒဏ်ရာဗရပွနဲ့ Mr. Kim.
"သားလေး.. အဖေ့သားလေး!"
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
ညဦးပိုင္းမွ သူတို႔ အိမ္ျပန္ေရာက္သည္။ သူ႔ကို Jeon JungKookက ကားေပၚတက္လိုက္ခဲ့ဖို႔ ကမ္းလွမ္းေပမဲ့ တစ္ဖက္ကAntonကို အားနာသည္ႏွင့္ မလိုက္သြားျဖစ္။ တကယ္တမ္းေတာ့ သူတစ္ေနရာတည္းမွာ နာရီေပါင္းမ်ားစြာ ေက်ာက္ခ်ထိုင္ခဲ့ရသျဖင့္ အေတာ္ေလးေညာင္းညာကိုက္ခဲေနၿပီျဖစ္၏။ ျဖစ္ႏိုင္လွ်င္ လမ္းပင္မေလွ်ာက္ခ်င္ေတာ့။
"Taehyungက စကားနည္းတယ္ေနာ္။ အခုမွ ပိုနည္းသြားသလိုပဲ"
"မင္းထင္လို႔ပါ"
သူ႔ကိုယ္သူ စကားမ်ားဖူးတဲ့အခ်ိန္ကို ေတြးမရ။ သူငယ္တည္းက သည္အိမ္မွာ ေနခဲ့ရသည္။ Jeon JungKook တစ္ေယာက္တည္းကသာ သူ႔အနားမွာ အမ်ားဆုံးရွိခဲ့သည္။ ထိုလူနဲ႔ဆို သူစကားမေျပာျဖစ္။ ဒါနဲ႔ပဲ သူစကားနည္းလာေတာ့သည္။ စကားမေျပာခ်င္တာထက္ ေျပာစရာလူမရွိခဲ့တာ။
"ဒါနဲ႔ Taehyung ကြၽန္ေတာ့္ကို ဘာလို႔ လက္ထပ္ခ်င္တာလဲ"
"ကိုယ္မင္းကို သေဘာက်တယ္ေလ"
ထိုစကားက တုံ႔ဆိုင္းျခင္းမရွိဘဲ ထြက္လာသည္။ အေလ့အက်င့္တစ္ခုလို ေျပာေနခဲ့တာ။ ေလသံအတက္အက် အနိမ့္အျမင့္ဆိုတာပင္မရွိဘဲ ေျပာႏိုင္တာက အံ့ဩဖို႔ေတာင္ေကာင္းသည္။
သံပတ္ေပးထားတဲ့အ႐ုပ္လို ခံစားခ်က္ဆိုတာကိုေတာင္ အျမည္းအစမ္းမရွိဘဲ ေျပာလိုက္တာမ်ား။
"ကြၽန္ေတာ္ ဘာပဲလုပ္လုပ္ သေဘာက်ေပးမွာလား"
"ဟင္.. ဒါေပါ့"
လမ္းေမွာင္ေမွာင္ထက္မွာ လမ္းေလွ်ာက္ေနစဥ္ Antonဘာေတြေမးေနသလဲ သူနားမလည္ေတာ့။ အခုခ်ိန္ေမးမွ ျဖစ္မွာလား။ အိမ္ေရာက္မွေရာ ေအးေအးေဆးေဆးေမးလို႔မရဘူးလား။
Taehyungမ်က္ႏွာက စိတ္အလိုမက်မႈေၾကာင့္ ရႈံ႕တြေနသည္။
ခ်က္ခ်င္းသာ အိမ္ျပန္ေရာက္ၿပီး လဲေလ်ာင္းပစ္ခ်င္ေတာ့တာ။ ဘာမဟုတ္တဲ့ေနရာမွာ သုံးေလးနာရီေလာက္အခ်ိန္ျဖဳန္းပစ္ရတာ ဘယ္ေလာက္ေတာင္ အခ်ိန္ကုန္လိုက္သလဲ။
ေယာက်္ားေတြသိပ္သေဘာက်တဲ့ ျမင္းပြဲနဲ႔ သူနဲ႔ကေတာ့ ဘယ္လိုမွ မအပ္စပ္ႏိုင္။ ဟန္ေဆာင္၍ေတာင္ သေဘာမက်ႏိုင္တာ ခက္လွသည္။
"ဒါနဲ႔ေလ သူေဌးမင္းလည္း ျမင္းၿပိဳင္ပြဲေတြကို သေဘာက်တယ္ထင္တယ္ေနာ္။ ကြၽန္ေတာ္ၿပိဳင္တုန္းကလည္း သူလာၾကည့္ေသးတယ္"
ထိုသို႔ေျပာေနစဥ္ Antonပါးႏွစ္ဖက္ ရဲတြတ္သြားသည္အား Taehyungသတိမထားျဖစ္။ ညေမွာင္ေနတာလည္း ပါမည္။ အေရးမစိုက္ႏိုင္တာလည္း ျဖစ္ေကာင္းျဖစ္လိမ့္မည္။
"အင္း။ ၿပီးေတာ့ သူက ၿမိဳ႕မ်က္ႏွာဖုံးေလ"
"ေမာ္စကိုမွာလည္း ၿမိဳ႕မ်က္ႏွာဖုံးေတြရွိပါတယ္။ ၿပိဳင္ပြဲအတြက္ ေငြထုတ္ေပးတာေတြဘာေတြရွိေပမဲ့ ကိုယ္တိုင္ပြဲလာၾကည့္တာေတာ့ ရွားတယ္"
"ဪ.."
"ဘာပဲျဖစ္ျဖစ္ ဝါသနာတူတစ္ေယာက္ရွိေနတာ သိပ္ေပ်ာ္ဖို႔ေကာင္းတာပဲ"
Taehyungက Antonကို မ်က္ေမွာင္ၾကဳတ္၍ ၾကည့္သည္။ Antonအေနနဲ႔ Jeon JungKookကို အခုေလာက္ထိ အေကာင္းျမင္ရန္မလိုအပ္ဟု ယူဆသည္။ ျဖစ္မွျဖစ္ မျမင္မၾကည္တာကမွ ျဖစ္သင့္ေသးသည္။ သူနဲ႔ Jeon JungKook ေနာက္ေၾကာင္းမွာ မဂၤလာပြဲပ်က္ဖူးသည့္အဆင့္အထိ ရွိခဲ့ဖူးသည္။ ဒါကို Antonက သိသိရက္နဲ႔ အခုလိုစကားထြက္ႏိုင္ေသးတာလား။ သူ႔မွာ ယုံရမွာေတာင္ ခပ္ခက္ခက္။
Antonကို ႏွေျမာေနမိတာလား၊ ဘာကို ႏွေျမာေနမိတာလဲ သူကိုယ္တိုင္ေတာင္ မသိေတာ့ပါ။
"သူေဌးမင္းၾကည့္ရတာ အရမ္းတည္ၿငိမ္တာပဲေနာ္။ မလိုအပ္ဘဲစကားလည္း မေျပာဘူး"
"မင္းကိုယ့္ကို သူ႔ရဲ႕ခ်ီမြမ္းခန္းဖြင့္ေနေတာ့မွာလား။ အဲ့တာထက္ အိမ္ျမန္ျမန္ျပန္ေရာက္ေအာင္ လမ္းသာျမန္ျမန္ေလွ်ာက္စမ္းပါ"
"ဒါကအရွိကိုအရွိအတိုင္းေျပာေနတာပဲေလ။ ဘာလို႔ မခံမရပ္ႏိုင္တုံ႔ျပန္ေနရတာလဲ"
"မင္းသူ႔အေၾကာင္းဘယ္ေလာက္သိလို႔လဲ။ ေနာက္ခါ မင္းဆီကေန သူ႔အေၾကာင္းေျပာတာ မၾကားခ်င္ဘူး"
Taehyungက ေဒါနဲ႔ေမာနဲ႔ ေရွ႕ကေနလမ္းသြက္သြက္ေလွ်ာက္သြားလွ်င္ Antonတစ္ေယာက္တည္း အေနာက္မွာ က်န္ခဲ့သည္။
မၾကာခင္လက္ထပ္ရေတာ့မည့္ ကိုယ့္ရဲ႕ခင္ပြန္းေလာင္းကို စိတ္ပူလိုက္ဖို႔ ေကာင္းေပမဲ့ နည္းနည္းေလးမွ စိတ္ပူတာမ်ိဳး မခံစားမိပါ။
Antonဘက္က Jeon JungKookအေၾကာင္း စီကာပတ္ကုံးေျပာေလတိုင္း သူ႔မွာမေက်မနပ္ျဖစ္ရသည္။ ဒါကို သ၀န္တိုတာလို႔ ဆိုေလမလား။ သ၀န္တိုတယ္ဆိုရင္ေရာ ဘာကို သ၀န္တိုေနမိတာလဲ။
Antonကိုလား.. Antonကိုပဲ ေနပါလိမ့္မည္။ ကိုယ့္အိမ္ေထာင္ဘက္ေလာင္းက တျခားလူအေၾကာင္း သိပ္ေျပာေနလွ်င္ ဘယ္သူမဆို ေဒါသထြက္ႏိုင္တာပဲေလ.. ဟုတ္တယ္မလား။
"မင္းေနာက္က်လိုက္တာ.. ညအေမွာင္ထဲ လမ္းေလွ်ာက္ျပန္တာ သိပ္မေကာင္းဘူး။ အခုတေလာ အလစ္သုတ္သမားေတြ ေသာင္းက်န္းေနတာ သိရဲ႕သားနဲ႔"
"အင္း.. ေက်းဇူးပဲ စိတ္ပူေပးလို႔"
သူနဲ႔အတူျပန္လာေသာ Antonအေၾကာင္းေရာ မေမးဘူးလားဆိုၿပီး ေတြးေနမိသည္။ ေမးလာဦးမလားဆိုၿပီးလည္း ေမွ်ာ္ေနမိေသးသည္။
ကိုယ့္မသိစိတ္ထဲ Antonနဲ႔ Jeon JungKookၾကား အျပန္အလွန္စိတ္ဝင္စားမႈမ်ား ရွိေလမလားလို႔ ေတြးပူေနမိခဲ့တာ။
"ဘာလို႔ရပ္ေနတာလဲ။ ထိုင္ခ်င္ထိုင္ေလ.. ေညာင္းေနၿပီမလား"
"အင္း.."
မေဟာ္ဂနီသားထိုင္ခုံေပၚမွာ Taehyungဝင္ထိုင္သည္။ Jeon JungKookက သူ႔ကို တစိမ့္စိမ့္ၾကည့္ေနတာေတာ့မဟုတ္။ သို႔ေသာ္ သူဘာလုပ္ေနသည္၊ သူ႔စိတ္ထဲဘာေတြးေနသည္.. စသျဖင့္ လိုက္ခန္႔မွန္းႏိုင္သူ။
"ဘာလို႔တစ္ေယာက္တည္းျပန္လာလဲ မသိခ်င္ဘူးလား။ ကြၽန္ေတာ္ Antonနဲ႔ ျပန္လာတာေလ"
"ကိုယ္ သူ႔အေၾကာင္း သိဖို႔မလိုပါဘူး။ မင္းအိမ္ျပန္ေရာက္ၿပီဆို ကိုယ္ၿခံတံခါးေသာ့ခတ္လို႔ရၿပီေလ"
ကိုယ့္ဧည့္သည္ကို မေလးစားရေကာင္းလားဆိုသည့္ အေၾကာင္းျပခ်က္ျဖင့္ ရန္ရွာလို႔ရသည့္အခ်ိန္ျဖစ္သည္။ ထူးဆန္းစြာပင္ ကိုယ္ဟာ သူ႔အေပၚ မေကာင္းျမင္စိတ္ ရွိမေနခဲ့ပါ။
မေကာင္းမျမင္သည့္အျပင္ ကိုယ့္တစ္ေယာက္တည္းကိုသာ စိတ္ဝင္စားသည္ဟု သေဘာရေသာ အေျဖေၾကာင့္ ေပ်ာ္ခ်င္သလိုလိုပင္ ျဖစ္သြားေသးတာ။
"ခင္ဗ်ားက ျမင္းၿပိဳင္ပြဲေတြကို သေဘာက်တာလား"
"ကိုယ္သေဘာက်ပါတယ္"
"Antonကလည္း သေဘာက်တယ္။ ခင္ဗ်ားတို႔ႏွစ္ေယာက္ အႀကိဳက္တူတာပဲ"
"သူနဲ႔တူတာ ကိုယ္ဘာလုပ္လို႔ရမွာလဲ။ ကိုယ္တို႔က သပ္သပ္စီပဲေလ"
ဟိုတစ္ေန႔က မၿပီးျပတ္လိုက္ေသာအေၾကာင္းအရာအား သိခ်င္လာသည္။ ဘာလို႔ သူ႔ကိုမွလဲ။ တစ္ခါတေလမွ သူ႔ကို စိတ္မကုန္ခ်င္ဘူးလား။ စိတ္ပ်က္စရာေတြခ်ည္း ဆက္တိုက္လုပ္ေနခဲ့တာေတာင္ေလ။
Jeon JungKook စိတ္ပ်က္သြားေအာင္ဆိုၿပီး သူအမ်ိဳးမ်ိဳးဆိုးျပခဲ့ဖူးသည္။ ေန႔တိုင္းအျပင္ထြက္ၿပီး ေလာင္းကစားလုပ္ခဲ့သည္။ Jeon JungKook၏ မီးခံေသတၱာထဲက ေငြသားမ်ားကိုပင္ ခိုးသုံးခဲ့ဖူးသည္။ သူ႔ကို စြန္႔ပစ္သြားရင္ၿပီးေရာဆိုၿပီး ညညဆို ကပြဲတက္သည္၊ မိန္းကေလးေပါင္းစုံနဲ႔ တြဲကဖူးသည္။ တစ္နည္းနည္းနဲ႔ Jeon JungKookနားေပါက္ၿပီး စိတ္ကုန္သြားေစမည့္ကိစၥမ်ိဳးဆို ဘာမဆိုလုပ္ပစ္ခဲ့တာ။
"ခင္ဗ်ား ကြၽန္ေတာ့္ကို တစ္ခါေလးေတာင္ မစြန္႔ပစ္ခ်င္ဘူးလား"
"မင္းက ဘာအျပစ္ရွိလို႔လဲ"
မီးေရာင္ခပ္မွိန္မွိန္ေအာက္မွာ Taehyung သြားေတြေပၚေနေအာင္ ၿပဳံးမိသြားသည္။ Jeon JungKookကို သည္လိုမၿပဳံးျပခဲ့ဖူးပါ။
တစ္ခ်ိန္ကုန္ စိတ္ကုန္ပါေစဟု ဆုေတာင္းေနခဲ့ေပမဲ့ တကယ္တမ္းက် စိတ္မကုန္ဘူးဆိုတဲ့အေျဖမွာ သူသိပ္ေပ်ာ္ေနမိသည္။
"မင္းကိုယ့္ကို ၿပဳံးျပလိုက္တာလား"
"ဘာလဲ.. ၿပဳံးျပလို႔ စိတ္ကုန္သြားမွာေတာ့ မဟုတ္ဘူးမလား"
"မင္းအတြက္ စိတ္ကုန္တယ္ဆိုတဲ့ေဝါဟာရမရွိပါဘူး"
သည္အခ်ိန္ေလးမွ သူခဏေလး ေမွ်ာလႊင့္သြားမိသည္။ ရပ္ထားပစ္ခ်င္တဲ့ အခ်ိန္ေတြလို၊ အထပ္ထပ္အခါခါ ျပန္ရစ္ၿပီးၾကည့္ခ်င္တဲ့ ႐ုပ္ရွင္ဇာတ္ဝင္ခန္းလို။
Jeon JungKookကို ပထမဆုံးအႀကိမ္ခပ္ေစ့ေစ့ အေသးစိတ္ၾကည့္မိေနေတာ့တာ။
နက္ေမွာင္တြန္႔ခ်ိဳးေနေသာ မ်က္ခုံးေတြ၊ တလက္လက္ေတာက္ပေနေသာ မ်က္ဝန္းေတြ၊ ခပ္တင္းတင္းေစ့ထားလ်က္ေသာ ႏႈတ္ခမ္းပါးတစ္စုံရယ္။ သည္လူက ရွိရင္းစြဲအသက္အ႐ြယ္ထက္ ပိုငယ္သေယာင္ထင္ရၿပီး အရွိန္အဝါတစ္ခု သူ႔ေျခရင္းမွာ ခစားေနသလို လူမ်ိဳး။
"Taehyungက လမ္းေလွ်ာက္တာ ျမန္လိုက္တာ။ ကြၽန္ေတာ္ စမ္းတဝါးဝါးနဲ႔ အိမ္ျပန္ခဲ့ရတယ္"
တံခါး၀မွာ ဖိနပ္ကို ခြၽတ္ေနရင္း Antonက ဆိုလာသည္။ အခုအခ်ိန္မွာေတာ့ Antonက သူ႔ကို အိပ္မက္ကေန လႈပ္ႏႈိးသူပါပဲ။
ခုနက ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း အခဲမေက်ႏိုင္ေသး။ ဘာသက္ဆိုင္လို႔မ်ား Antonက Jeon JungKookအေၾကာင္း မၾကာခဏေျပာရသလဲ။
ေျပာဖို႔မလိုအပ္ဘူးလို႔ေတာ့ ထင္ပါရဲ႕။
"ကြၽန္ေတာ္ အခန္းထဲဝင္ေတာ့မယ္ Jeon JungKook"
သူ႔နာမည္ကို အျပည့္အစုံေခၚၿပီး ထြက္သြားသူရယ္၊ ေနာက္ကလိုက္သြားတဲ့ စိတ္ပ်က္စရာေကာင္ေလးရယ္။
Antonဘယ္ေျခလွမ္းလွမ္းေနတယ္ဆိုတာ သူရိပ္မိစျပဳလာေတာ့ မဲ့ၿပဳံးၿပဳံးသည္။ စိတ္ကူးယဥ္လြန္းေနတာပဲ။ အေရးမပါတဲ့စာရင္းသြင္းထားေပမဲ့ သတိေတာ့ထားရဦးမည္။
နဂိုတည္းက သူဟာ Taehyungအတြက္ အေခါင္းေပါက္နဲ႔လူသား။ ထပ္ၿပီးေတာ့ ျပစ္ခ်က္ေတြ မဖန္တီးခ်င္။ အခုလို အၿပဳံးတစ္ခုရတဲ့အေျခအေနကပင္ သူ႔အတြက္ သာလြန္ေကာင္းမြန္လြန္းတဲ့ ဆုလာဘ္ျဖစ္လို႔ေနၿပီ။
လူတိုင္းက မင္းလိုမွ မျဖဴစင္ဘဲ အသည္းရယ္။
ဒါေတြကို မင္းျမင္ေအာင္ ကိုယ္ဘယ္လို ျပရပါ့မလဲ။
____
"ေမာ္စကိုကိုသြားရင္ အေႂကြးေတြက ေန႔စဥ္နဲ႔အမွ် ပိုတက္လာဖို႔ပဲရွိတယ္ဆိုတာ မသိလို႔လား"
"ကြၽန္ေတာ့္သားေလးကို လြတ္လြတ္လပ္လပ္ႀကီးျပင္းလာေစခ်င္႐ုံပါပဲ"
ၾကမ္းျပင္ေပၚဒူးတုပ္ထိုင္ေနရသည္က နာရီနဲ႔ခ်ီၾကာလာသည္ႏွင့္အမွ် ေျခေထာက္ေပၚရွိ ေသြးေၾကာမ်ားက မစီးဆင္းေတာ့။ ႏႈတ္ခမ္းေထာင့္စြန္းႏွစ္ဖက္က ေပါက္ၿပဲလ်က္၊ နားထင္ေပၚက ေသြးေတြ စီးက်လ်က္ ရွိသည္။ သူဘာတတ္ႏိုင္မွာတဲ့လဲ အရင္းထက္ အတိုးမ်ားလာေသာ အေႂကြး၀န္ႀကီးကို ထမ္းရတာလည္း ပင္ပန္းလွၿပီ။ သို႔ေသာ္ သူကြၽန္ဘဝက လြတ္ေျမာက္ခ်င္ေသးသည္။
သားေလးႀကီးလာလွ်င္ ေက်ာင္းေကာင္းေကာင္းမွာ လြတ္လြတ္လပ္လပ္တင့္တင့္တယ္တယ္ ပညာသင္ေစခ်င္သည္။ ေက်ာင္းတက္ရတာခ်င္းအတူတူေတာင္ ကြၽန္သားသမီးထက္စာရင္ ဆင္းရဲသား၏ကေလးျဖစ္ေနတာက ပိုတင့္တယ္သည္။ အခ်င္းခ်င္းအႏွိမ္ခံ၊ ဟားတိုက္ခံရဖို႔အခြင့္အေရးလည္းနည္းသည္။
သူ႔သားအတြက္ဆိုၿပီး ႐ုန္းခ်င္ေနမိတာ။
"မင္းကို ငါဘယ္ေလာက္ထိ မုန္းတယ္ဆိုတာသိတယ္မလား။ ငါ့သားနဲ႔မင္းသားေၾကာင့္မဟုတ္ရင္ သတ္မွတ္ကာလလြန္ေနတဲ့ေႂကြးၿမီစားကို ငါအရွင္မထားဘူး"
"ေတာင္းပန္ပါတယ္။ ေက်းဇူးလည္းတင္ပါတယ္"
"ေက်းဇူးတင္ရင္ ဒီလိုေနရမွာမဟုတ္ဘူး ေသာက္သုံးမက်တဲ့ေကာင္ရ! ငါခ်စ္တဲ့လူလည္း မင္းလို ငမြဲေကာင္ေၾကာင့္ ေသရတာ။ ငါမင္းကို ဒီထက္ႏွိပ္စက္ခ်င္ေသးတာ"
ေသာက္လက္စစီးကရက္မီးကို နားထင္ေပၚက ဒဏ္ရာဆီ လာတို႔ေတာ့ Mr. Kimမွာ အူထဲအသည္းထဲက လႈိက္ေနေအာင္ နာက်င္ရသည္။
ေသသြားႏိုင္သည္အထိ အႏၲရာယ္မ်ားေသာ ႏွိပ္စက္မႈျဖစ္ေပမဲ့ သူအသားက်ေနပါၿပီ။
ဒီစံအိမ္ႀကီးက သားေလးအတြက္ အဆင္ေျပႏိုင္သေလာက္ သူ႔အတြက္ေတာ့ မဟုတ္ခဲ့ဘူးတဲ့ေလ။
"ကြၽန္..ကြၽန္ေတာ္ ေသခ်ာေပါက္ ျပန္ဆပ္မွာပါ"
"ဘယ္လိုအာမခံခ်က္နဲ႔လဲ။ မင္းကို အာမခံေပးမဲ့ အလုပ္အကိုင္ေတာင္ မရွိဘဲနဲ႔မ်ား ေခြးစကားေျပာရဲေသးတယ္"
သူ႔ရင္ဘတ္ကို ကန္ေက်ာက္လာသည့္ ခုံထူထူဘြတ္ဖိနပ္။ သည္အသံေတြကို သားေလးမၾကားပါေစနဲ႔ဟု ေမွ်ာ္လင့္သည္။ ငယ္လြန္းေသးသည့္အတြက္ မသိႏိုင္ဘူးလို႔ယူဆရေပမဲ့ သူ႔သားက သိပ္ကို အကင္းပါးတာ။
တစ္ႏွစ္ေက်ာ္ေက်ာ္အ႐ြယ္မွာ စကားေရေရလည္လည္ေျပာတတ္ၿပီး အေဖကိုလည္း အရမ္းသိတတ္သည္။ သည္ဖေအမ်က္ႏွာေပၚက ဒဏ္ရာေတြျမင္ရင္ 'ေဖေဖ နာနာ'ဆိုၿပီး သူ႔မ်က္ႏွာကို လက္ညႇိဳးပိစိေလးထိုးကာ ေျပာဦးမည္။
သိပ္သိတတ္လြန္းတဲ့ကေလးေလးက ဒါေတြကိုေတာ့ မသိပါေစနဲ႔။
"ထြက္သြားခ်င္တစ္ေယာက္တည္းသြား။ ကေလးကိုထားခဲ့.. JungKookေလးက လိုခ်င္တယ္ေျပာတယ္"
"Taehyungေလးက အ႐ုပ္မဟုတ္ပါဘူး သူေဌးႀကီး။ သခင္ေလးက ပစၥည္းတစ္ခုရခ်င္သလို ရခ်င္တာမ်ိဳးပါ။ အခ်ိန္တန္ေတာ့ ေမ့သြားပါလိမ့္မယ္"
"ငါ့သားအေၾကာင္း မင္းက ပိုသိေနမယ္ထင္လို႔လား။ ငါ့သားလိုခ်င္ရင္ ထားခဲ့လိုက္။ ဒါ ငါ့အမိန္႔"
"မထားခဲ့ဘူး။ ကြၽန္ေတာ့္သားေလးနဲ႔ မခြဲႏိုင္ဘူး။ ဘယ္သူစိမ္းလက္ထဲမွာမွလည္း စိတ္မခ်ႏိုင္ဘူး"
ထိုစကားကို ၾကားလိုက္ရသူက နံရံတစ္ဖက္မွာရွိေနတဲ့ Jeon JungKook. လက္သီးႏွစ္ဖက္ကို တင္းတင္းဆုပ္မိသြားသည္။ သူစိမ္း.. သူ႔ကို သူစိမ္းလို႔ ေျပာလိုက္တာလား။ ဘာလို႔ သူစိမ္းျဖစ္ရမွာလဲ။ သူ Taehyungေလးရဲ႕ သူစိမ္းေတာ့ မျဖစ္ခ်င္ပါ။ ဟင့္အင္း.. ျဖစ္ကို မျဖစ္ရဘူး။
သူဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ခ်က္ႀကီးလိုက္သလဲ။ သည္ကေလးေလး ၾကမ္းျပင္ေပၚ စေမွာက္တတ္ခ်ိန္၊ ငုတ္တုတ္ထိုင္တတ္ခ်ိန္၊ လမ္းစေလွ်ာက္တတ္ခ်ိန္.. ႀကီးျပင္းလာမႈအဆင့္ဆင့္မွာ သူအနားမွာရွိခဲ့တာေတာင္ သူစိမ္းျဖစ္ေနတုန္းပဲလား။
Mr. Kimကို မေက်နပ္ႏိုင္ေတာ့။ မေက်နပ္တာထက္ ေဒါသထြက္လြန္းတာ။
Mr. Kimနဲ႔ အေဖ့ၾကား အတိတ္ဆိုးေတြရွိတာ သိလ်က္နဲ႔ေတာင္ Taehyungေလးအေဖျဖစ္ေနလို႔ သူေလးစားႏိုင္သမွ် ေလးစားေပးခဲ့ၿပီးသား။
Taehyungေလးကို သူ႔ဆီကေနဆြဲထုတ္သြားမယ္ဆိုရင္ေတာ့ အေဖေသာဘာေသာ နားလည္ေပးႏိုင္ေတာ့မွာ မဟုတ္။ သူတို႔ကို ခြဲသူက အလိုလိုပင္ သူ႔ရန္သူ။
"သခင္ေလး ဒီမွာ ဘာရပ္လုပ္ေနတာလဲ။ သူေဌးႀကီးကို သြားေျပာေပးရမလား"
အေဖ့သက္ေတာ္ေစာင့္ေတြထဲကတစ္ေယာက္က သူ႔ကို ႐ို႐ိုက်ိဳးက်ိဳးပင္ ေမးလာသည္။
"ေတာ္ၿပီ..ရတယ္"
ေလာေလာဆယ္ သူ႔ဆီမွာ စိုးရိမ္စိတ္သာ ရွိသည္။ Taehyungေလး ေမာ္စကိုအထိပါသြားရင္ သူတို႔တစ္ဘဝလုံး ေတြ႕ခ်င္မွ ေတြ႕ရေတာ့မွာ။ ေနာက္ထပ္ေတြ႕ရင္ေတာင္ Taehyungေလးက သူ႔ကို မွတ္မိေတာ့မွာ မဟုတ္။
ဘာအေရးလဲ.. မေမ့ရေအာင္ သူေခၚထားလိုက္ရင္၊ သူဝွက္ထားလိုက္ရင္ ရၿပီမဟုတ္လား။
သူ႔ကုတင္ေပၚမွာ ငိုလို႔ေမာၿပီး အိပ္ေပ်ာ္သြားေသာ ကေလးေလးရွိသည္။ ထိုကေလးကို သူလွည့္ၾကည့္ၿပီး မ်က္ရည္ေတြစီးက်လာသည္။ သည္အတိုင္း အနားရွိေစခ်င္တာက အျပစ္သိပ္ႀကီးသြားသလား။
တစ္ေယာက္ေယာက္မ်ား ကိုယ့္ကို နားလည္ေအာင္ ရွင္းျပႏိုင္ရင္ ေကာင္းလိမ့္မည္။
ညေရာက္တဲ့အထိ မလႈပ္မယွက္ ထိုင္ေနမိတာ။ သန္းေခါင္ခ်ိန္ထိလည္း အိပ္မရေသး။ အမွန္ဆို သူအိပ္ခ်ိန္တန္ေနၿပီ။ ေက်ာင္းဖြင့္တဲ့ကာလေတြတုန္းကဆို သူေစာေစာအိပ္ၿပီး ေစာေစာထေနက်။ ေက်ာင္းပိတ္ကာလအစမွာလည္း ထိုအတိုင္း။
Taehyungေလးတို႔သားအဖ ေမာ္စကိုထြက္သြားေတာ့မယ္ဆိုတာ သိရခ်ိန္ကစၿပီး ညညဆို သူအိပ္မရေတာ့တာ။
မ်က္စိအေၾကာင္သားနဲ႔ ထထိုင္ေနတတ္သည့္အက်င့္ကို သူ႔ကိုယ္သူလည္း ျပင္မရ။
သူအိပ္ေနတုန္း ထြက္သြားမလားဆိုတဲ့အေတြးမ်ိဳးက သူ႔ကို အိပ္မရေအာင္ ႏွိပ္စက္ေနသည္တူပါရဲ႕။
'ဘုန္း ဘုန္း!'
"သခင္ေလး! တံခါးဖြင့္ေပးပါ။ Taehyungေလးကို ေခၚထားတာမလား"
"ခင္ဗ်ား အဲ့လိုလုပ္လို႔မရဘူး။ သခင္ေလး အိပ္ေနတယ္လို႔ ေျပာေနတယ္ေလ..!"
အခန္းအျပင္ဘက္က ပြက္ပြက္ညံေနသည့္အသံမ်ား ၾကားရသည္။ နားႏွစ္ဖက္ကို လက္ျဖင့္ အုပ္ထားၿပီး အႀကိမ္ႀကိမ္ေခါင္းခါေနမိသည္။ အားလုံးေပ်ာက္ကြယ္သြားၾကရင္ ေကာင္းမွာပဲ။
Mr. Kimေရာ အိပ္မရေအာင္ႏွိပ္စက္ေနတဲ့အေတြးအဖုံဖုံေရာ။
တံခါးေပၚက တဘုန္းဘုန္းထုသံႀကီးက ပိုက်ယ္ေလာင္လာသည္။ မၾကာခင္ တံခါးျပဳတ္ေတာ့မလားလို႔ပင္ ထင္ရသည္။ မဟာတံတိုင္းႀကီးပဲျဖစ္ျဖစ္ လာကာထားလိုက္စမ္းပါ။ သူနဲ႔ Taehyungေလးကို ဘယ္သူမွမေတြ႕ႏိုင္တဲ့ေနရာဆီ ေခၚသြားေပးၾကပါလား။ ႏွစ္ေယာက္လုံးကို ဝွက္ထားေပးပါလား။
ဘယ္သူ႔ဆီကို ေတာင္းဆိုေနသည္ဟု မယ္မယ္ရရမရွိေသာ္လည္း တတြတ္တြတ္ဆုေတာင္းေနမိတာ။
တံခါးက တေျဖးေျဖးယိုင္နဲ႔လာသည္။ သူလန္႔ၿပီး Taehyungေလးကို ေပြ႕ခ်ီေတာ့ ကေလးက လန္႔ႏိုးၿပီး တဝါးဝါးေအာ္ငိုေတာ့သည္။
"တိတ္တိတ္ေန ကေလး။ မင္းရွိမွန္း မသိေစခ်င္ဘူး"
"သားေလး! သားေလး ငိုသံၾကားရတယ္။ ကြၽန္ေတာ္ရွိခိုးၿပီးေတာင္းပန္ပါတယ္ သခင္ေလးရာ။ သားေလးကို ျပန္ေပးပါ ေနာ္"
"မေပးဘူး! ဘယ္သူ႔ကိုမွ မေပးဘူး"
သူ ကေလးကို တစ္ေနရာရာမွာ ဝွက္ထားႏိုင္ဖို႔ ႀကိဳးစားသည္။ ေစာင္ေအာက္ထဲမွာ ဝွက္ထားရမလား၊ ကုတင္ေအာက္မွာလား ေဝခြဲမရျဖစ္ေနစဥ္ သူ႔အက်ႌေတြထည့္တဲ့ ဘီ႐ိုကို ေတြ႕သြားသည္။
ကေလးကို အသာမ,ခ်ီ၊ ေက်ာျပင္ေလးကို ခပ္ဖြဖြပုတ္ေပးၿပီး လက္တစ္ဖက္ႏွင့္ ဘီ႐ိုတံခါးကို ဖြင့္သည္။ ဘီ႐ိုေအာက္ေျခ လြတ္ေနရာမွာ ဂြမ္းထည္ခပ္ထူထူကို ခင္းလိုက္ၿပီး ကေလးေလးကို အဲ့သည္မွာ ခ်ေပးသည္။ အစတည္းက သူ႔ကိုမၾကည္တဲ့ Taehyungေလးက ေကာ့လန္ကာ ဂ်စ္တိုက္ေတာ့သည္။
'ဝုန္း!'
ပြင့္ထြက္လာတဲ့ တံခါးခ်ပ္။ သက္ေတာ္ေစာင့္အုပ္စုနဲ႔အတူ မ်က္ႏွာဒဏ္ရာဗရပြနဲ႔ Mr. Kim.
"သားေလး.. အေဖ့သားေလး!"
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜