Unicode
"လက်မှတ်မှာ ရှီးခယ့်ယွဲ့ နာမည် ရေးထားတယ်"
ယွီရှော့ အဖြေကို ကြားသည့် အခါ ရှီယွင်နန် မျက်လုံးထဲ သရော်သည့်အရိပ်အယောင်များ ပေါ်လာ၏။ သူထင်ထားသလိုရောမထင်ထားသလိုပါ ခံစားလိုက်ရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရှီးခယ့်ယွဲ့ရဲ့ သံသယလွန်ကဲတဲ့ စရိုက်အရဆို စေ့စပ်ပွဲကြောင့် နာမည်ဆိုးနဲ့ နာမည်ကြီးသွားပြီး အရှုပ်အထွေးတွေဖြစ်နေရင်တောင် သူက အဲ့နေရာမှာတင် ရပ်နေမှာ မဟုတ်။
ဒါပေမယ့်လည်း ရှီးခယ့်ယွဲ့ အတင့်ရဲလွန်းပြီး ဒီလောက်အစွမ်းအစရှိလိမ့်မယ်လို့တော့ မထင်ထားခဲ့။ လူအိုကြီးရှီနဲ့ ရှီရှန်း ဖယ်ကျဉ်တာ ခံထားရတာတောင် သူက ရှီကုမ္ပဏီမှာ ဒီလိုမျိုး တရားမဝင်အလုပ်တွေ လုပ်နိုင်သေးတယ်!
ရှီယွင်နန် ယွီရှော့ကို ကြည့်ကာ-
"ဒါက သေချာသွားပြီလား?"
ယွီရှော့က လက်ဖက်ရည် လာချပေးသည့် အိမ်တော်ထိန်းကို ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို တည်တည်ငြိမ်ငြိမ်ပဲ လက်ခံလိုက်သည်။
"မသေချာဘဲ ကျွန်တော်ဘယ်တော့မှ မလှုပ်ရှားဘူး။ ကျွန်တော့်အစ်ကို ယွီမင်ကို တစ်ချက်တည်းနဲ့ အလဲမထိုးနိုင်ရင် ရှေ့လျှောက် ကျွန်တော်အတွက် ပိုဆိုးလာဖို့ပဲ ရှိတော့တယ်။"
ယွီရှော့က စကားပြောတာ ခဏရပ်ပြီး လက်ဖက်ရည်ခွက်အား စားပွဲခုံပေါ် တင်လိုက်၏။
"ဒါက ဒီလို..."
"ဘာက ဒီလိုလဲ?" ရှီယွင်နန်က သူဘာဆိုလိုချင်မှန်း သဘောပေါက်ပေမယ့်လည်း မသိသလိုလေး မေးလိုက်သည်။
"ကျွန်တော့ အစ်ကိုကြီးကို ဖြုတ်ချရင် ဒီကိစ္စကနေ ရှီးခယ့်ယွဲ့အကြောင်းပါ ပေါ်သွားပြီး ရှီကုမ္ပဏီကိုပါ ထိခိုက်လိမ့်မယ်"
ရှီမိသားစု၏ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာ တရုတ်နိုင်ငံတွင် လူသိများလေသည်။ ဒီလို တရားမဝင်ကိစ္စနှင့်ပတ်သတ်နေမှန်း သိသွားကြပါက၊ လူထု၏ ဝေဖန်ချက်များဖြင့် အကြီးအကျယ် ဖိနှိပ်ခံရမှာ ဖြစ်ပြီး နောက်ဆက်တွဲ ခံစားရမည့် အကျိုးဆက်များမှာတော့ ပြောစရာမလိုအောင် သိသာနေလေပြီ။
"ဒီနေ့ကျွန်တော် လာတွေ့ရတဲ့အကြောင်းရင်းက မစ္စတာရှီ..ရှီမိသားစုရဲ့ပိုင်ဆိုင်မှုတွေကို လုံးဝဂရုမစိုက်ဘူးလားဆိုတာကို သေချာသိချင်လို့ပါ။ ဒီကိစ္စသာ ပေါ်သွားတာနဲ့ သေချာပေါက် ဘာကောင်းကျိုးမှ ရမှာ မဟုတ်ဘူးလေ။"
သူတဇွတ်ထိုး လုပ်လိုက်မယ့်အစား ဒီဆက်ဆံရေးကို ဖြတ်တောက်ဖို့ လဝက်အတွင်း ကိစ္စကို အသေးစိတ်စုံစမ်းပြီး ဆုံးဖြတ်ချက်ချတာကသာ အကောင်းဆုံးပင်။
ရှီယွင်နန် ယွီရှော့ စေတနာကို နားလည်ကာ တည်တည်ငြိမ်ငြိမ်ပဲ ပြုံးလိုက်သည်။ "ရှီမိသားစုနဲ့ အဆက်ဖြတ်ထားတာ ကြာပါပြီ။ သူတို့ပိုက်ဆံတွေကို စိတ်မဝင်စားခဲ့ဘူး။ အခုလည်း စိတ်မဝင်စားသလို နောက်လည်း ဘယ်တော့မှ စိတ်ဝင်စားလာမှာ မဟုတ်ဘူး။ "
"ဒါဆို ရှီကုမ္ပဏီကို မကာကွယ်သလို လိုလည်း မလိုချင်ဘူးမလား?"
ရှီယွင်နန် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဟင့်အင်း ၊ ကျွန်တော် လုံးဝမလိုချင်ဘူး။"
"ဒါဆိုရင် စိတ်ပူစရာ မရှိတော့ဘူးပဲ" ပြဿနာကြီးတစ်ခုကို ဖြေရှင်းလိုက်နိုင်သလိုမျိုး ယွီရှော့တစ်ယောက် ပေါ့ပေါ့ပါးပါး ရယ်ချလိုက်သည်။
"မစ္စတာယွီက ဒီအသေးအဖွဲ့ကိစ္စလေးကို အတည်ပြုဖို့ ရောက်လာတာလား?"
"အသေးအဖွဲကိစ္စ? မစ္စတာရှီ ခင်ဗျားရဲ့ သဘောထားကသာ ကျွန်တော့ အစီအစဉ်တွေရဲ့ ဦးစားပေး ဆုံးဖြတ်ချက်ပါ"
ယွီရှော့၏ မက်မွန်ပွင့်သဏ္ဍန် မျက်လုံးများမှာ တလဲ့လဲ့ တောက်ပနေ၏။ "အမှန်တိုင်း ပြောရရင် ကျွန်တော် ဒီတစ်ခေါက် ယွီမင်ကို ဆွဲချနိုင်တာနဲ့ ပထမဆုံးလုပ်မယ့် အရာက အင်ပါယာမြို့တော်မှာ လမ်းစအသစ်ဖောက်ဖို့ပဲ။"
ယွီရှော့၏ပထမဆုံးအစီအစဉ်မှာ ပြိုလဲကျမည့် ရှီကုမ္ပဏီကို ရယူရန် ဖြစ်သည်။
ရှီကုမ္ပဏီတွင် ပြီးပြည့်စုံသည့် စနစ်တစ်ခုရှိသည်။ အော်ပရေးရှင်းစည်းမျဉ်းများ နည်းနည်းစီ ပြောင်းလဲနိုင်သရွေ့ သူက ရှေ့လျှောက် အဆီအပြည့်ငါးကြီးတစ်ကောင်လို ဖွံ့ဖြိုးလာမှာပင်။
"ကျွန်တော်က မစ္စတာရှီ ကုမ္ပဏီအပေါ် သံယောဇဉ်ကျန်နေမှာကို စိုးရိမ်နေတာ။ အဲ့လိုဖြစ်ရင် လင်းရှန်းက ခင်ဗျားအတွက် ကုမ္ပဏီကို ဝင်ကယ်တော့မှာလေ။ ဒါဆို ကျွန်တော်က အမြတ်ရဖို့ထက် ပိုရှုံးသွားမှာမလား?"
ယွီရှော့က ခေါင်းလေးကို အသာအယာခါကာ တမင်တကာ စနောက်လိုက်၏။ "အဲ့လိုသာဆို ကျွန်တော့မှာ ခင်ဗျား ယောကျာ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရုံပဲ ရှိတော့တာလေ။"
ယောကျာ်းဆိုသည့် စကားလေးကို ကြားသည့် အခါ ရှီယွင်နန် ပြုံးမိသွားသည်။ "မစ္စယွီက အရည်အချင်းရှိပြီးသားပါ။ ပြန်လမ်းမရှိတဲ့ လမ်းနဲ့ ကြုံရမှာမျိုးတော့ မဖြစ်လောက်ပါဘူး။"
"ဒါဆို ဝိုင်အစား လက်ဖက်ရည်နဲ့ပဲ ကမ်းပေ့လုပ်လိုက်ကြမလား?" ယွီရှော့က လက်ဖက်ရည်ခွက်လေးကို မြှောက်ပြလာသည်။ "ကျွန်တော်တို့ရဲ့ နှုတ်အရသဘောတူညီချက်စာချုပ်ကို ဂုဏ်ပြုဖို့အတွက်လေ?"
ရှီယွင်နန်လည်း သဘောတူကာ သူ့ခွက်လေးကို ပြန်မြှောက်ပြလိုက်သည်။
အရေးကြီးကိစ္စတွေကို ဖြေရှင်းပြီးနောက် ယွီရှော့တစ်ယောက် ဝင်လာတုန်းကထက် ပိုစိတ်အေးလက်အေး ပုံစံဖြစ်နေ၏။
" မစ္စတာရှီ ကျွန်တော် တကယ် သိချင်လို့ပါ။ ခင်ဗျားနဲ့ လင်းရှန်း ဘယ်တုန်းက တွဲပြီး လက်ထပ်လိုက်ကြတာလဲ? ခင်ဗျားသိလား..."
သူခင်ဗျားကို စိတ်ဝင်စားနေခဲ့တာ ကြာပြီ။
သူ့စကား မဆုံးသေးခင်မှာပဲ သင်္ချာ တွက်ပြီးသွားတဲ့ ရွှေငါးလေးက လှေကားပေါ်ကနေ ပြေးဆင်းလာ၏။
"ရှောင်ရှုရှု! သား အိမ်စာလုပ်ပြီးပြီ!"
ရွှေငါးလေး အော်လိုက်ပြီးသည်နှင့် တစ်ခါမှ မမြင်ဖူးသည့် လူတစ်ယောက်က ဆိုဖာပေါ်မှာ ထိုင်နေတာကြောင့် သူ့မျက်နှာပေါ်က အပြုံးလေးမှာ ချက်ချင်း တည်သွားပြီး သူ့ပုံစံက သတိအနေထားလေး ဖြစ်သွားသည်။
လော့လင်းရှန်းနှင့် တူသည့် ကလေးလေးဟာ မျက်နှာသေးသေးလေးဖြင့် ယွီရှော့အား စေ့စေ့စပ်စပ်လေ့လာနေလေသည်။
ယွီရှော့မှာ ရွှေငါးလေးအား မှတ်မိသွားပြီး ရယ်မိသွား၏။ "တူတွေက ဦးလေးတွေနဲ့ တူတယ်လို့ ပြောကြတယ်လေ။ ဒီကလေးလေးက လင်းရှန်းရဲ့ သားအရင်းလို့တောင် ထင်ရတယ်"
ရှီယွင်နန်က ရွှေငါးလေးဘက်အား လက်ဝှေ့ယမ်းပြကာ ပြန်ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ သားအရင်းလို့ပဲ သဘောထားတာပါ"
"ရွှေငါးလေး ဒါက ဦးဦးယွီရှော့တဲ့"
ရွှေငါးလေးက မော့ကြည့်လာပြီး ယွီရှော့ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် အေးတိအေးစက် နှုတ်ဆက်လာသည်။
"နိဟောင် ဦးဦး။"
"စိတ်ဝင်စားစရာပဲ ဒီကလေးလေး စရိုက်ကပါ လင်းရှန်းနဲ့ လာတူနေတယ်။" ယွီရှော့က မျက်ခုံးပင့်ကာ သူ့စိတ်ထဲက စကားတွေကို ထုတ်မပြောဘဲ မနေနိုင်တော့။
အချိုလူတွေရဲ့ ကံကြမ္မာမှာတော့ မွေးကတည်းက သတ်မှတ်ခံထားရတယ်။ တချို့မှာတော့ ဒီကလေးလေးလိုပဲ ရောမမှာ မွေးလာကြရတယ်လေ။ ( တချို့တွေက ရောမမှာ မွေးပြီး တချို့တွေကတော့ ကျွဲလိုမြင်းလို မွေးလာရတယ်- အဓိပ္ပာယ်က တချို့လူတွေဟာ ဘာမှလုပ်စရာ မလိုဘဲ ထိပ်မှာ ရပ်နေနိုင်တယ်ဆိုတဲ့သဘောပါ။)
အခြားသူတွေ မက်မောပြီး အားကျရတဲ့ လော့မိသားစုခေါင်းဆောင်ဆိုတဲ့ ရာထူးက သူ့အတွက်တော့ ကြီးလာတာနဲ့ အလွယ်တကူ ဆက်ခံနိုင်မယ့် နေရာတစ်ခုဆိုတာထက် မပိိိုဘူးလေ။
"ကောင်းပါပြီ ဒါဆို ကျွန်တော် သွားလိုက်အုံးမယ်" ယွီရှော့တစ်ယောက် အတွေးငိုင်နေရာကနေ အာရုံပြန်စုစည်းလိုက်ပြီး အရင် နှုတ်ဆက်လိုက်တော့သည်။ "လင်းရှန်းပြန်လာလို့ အားတဲ့အခါ ထမင်းတစ်နပ်လောက် တူတူစားကြတာပေါ့။"
ရှီယွင်နန် ပြန်ခေါင်းညိတ်ပြလိုက်လေသည်။
ယွီရှော့ထွက်သွားသည်နှင့် ရွှေငါးလေးမှာ အရင်လိုချွဲအီအီပုံစံလေးပြန်ဖြစ်သွားပြီး ရှီယွီနန်အား တင်းတင်းဖက်ထားတော့သည်။ "ရှောင်ရှုရှု သား milk tea သောက်လို့ရလား?"
သူ့ရှုရှု အိမ်မှာမရှိတုန်း သူ့ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို အမြန်ထုတ်ပြောရမယ်လေ။
ရှီယွင်နန် သူ့အား ပွေ့ချီကာ ပြန်ဖြေလိုက်သည်။ "အပြင်ထွက် ကစားချင်နေတာမလား? ယွီရှော့ကို တွေ့တုန်းက ဘာလို့ မျက်နှာကြီး တည်နေရတာလဲ?"
ရွှေငါးလေးက ခေါင်းလေးကို ခါယမ်းပြပြီး ပြန်မဖြေလာ။ သို့သော် သူစိတ်ထဲမှာတော့ နည်းနည်း ဂုဏ်ယူနေမိသည်။
-ငါ့ရှုရှုက အိမ်မှာမရှိဘူး။ ဒီ ယွီဦးဦးက နိုင်ငံခြားသားဦးဦးလို သူ့ရှောင်ရှုရှုကို လာကြိုက်နေရင် ဘယ်လိုလုပ်မလဲ?
-ဟုတ်တာပေါ့ သူက လူတွေကြောက်ပြီးထွက်ပြေးသွားအောင် သူ့ရှုရှုပုံစံအတိုင်း လိုက်လုပ်လိုက်တာလေ! ကြည့်လေ သူ့အကြံက လုံးဝ အောင်သွားတာပဲကို!
ရွှေငါးလေးက ဆက်ချွဲနေတုန်းပင်။ "ရှောင်ရှုရှု သား milk tea ချိုချိုလေး သောက်ချင်တယ်! တစ်ဝက်ပဲလေ"
ရှီယွင်နန် သူ့နှာသီးထိပ်လေးကို ထိကာ- "ဒီ ပါးနပ်တဲ့ တစ္ဆေလေးကတော့။ မင်းရှုရှု အိမ်မှာမရှိတဲ့ အချိန်ကျမှ ဒါမျိုးတွေ တောင်းတယ်နော်။ ရှောင်ရှုရှုက မင်းကို အပြင်မှာ ကစားဖို့ လိုက်ပို့ပေးမယ်၊ ပြီးရင် milk tea ဝယ်တိုက်မယ်"
ရွှေငါးလေးတစ်ယောက် ဝမ်းသာအားရ ဖားတော့သည်။ "ရေးး! ကမ္ဘာပေါ်မှာ ငါ့ရှောင်ရှုရှုကသာ အကောင်းဆုံး!"
"မင်းရှုရှု ကြားရင်တော့ ဝမ်းနည်းတော့မှာပဲကွာ။" ရှီယွင်နန် သူ့ကို စလိုက်တော့
ရွှေငါးလေးက ချက်ချင်းဆိုသလို အသံတိုးတိုးလေးနဲ့ နား အနား ကပ်ပြောလာလေသည်။ "ဒါဆိုလည်း တိုးတိုးလေးပဲ ပြောကြတာပေါ့။ သူ့ကို မပြောနဲနော်"
ရှီယွင်နန် ရယ်ကာ သူ့အား အိမ်ဘေးက ကားဂိုဒေါင်သို့ ခေါ်သွားလိုက်သည်။
...
လော့လင်းရှန်းကတော့ နိုင်ငံခြားမှာပဲ ရှိနေဆဲဖြစ်ပြီး ပြန်မလာသေး။ အလုပ်ဆင်းတာနဲ့ ရှီယွင်နန်တစ်ယောက် လော့အိမ်တော်တန်းပြန်တတ်ပြီး တခါတလေ ဆင်းရုံမှ ဆင်းလာသည့် လူအိုကြီးဝမ်နှင့် ညစာစားရန် ဝမ်ရိပေ၏ ဗီလာအသစ်သို့ သွားတတ်သည်။
လူအိုကြီးဝမ်မှာ လွန်ခဲ့သည့် တစ်လကပင် ဆေးရုံမှ ဆင်းခဲ့ရ၏။ ကင်ဆာရောဂါကို ကုသပြီးနောက်မှတော့ သူ့ခန္ဓာကိုယ်ဟာ အရင်လို ပြန်မကောင်းနိုင်တော့ပေ။ သို့သော် ညီအစ်ကိုနှစ်ယောက်၏ စောင့်ရှောက်မှုအောက်မှာ ရှိနေတာကြောင့် သူ့စိတ်အခြေမှာ အရင်ကလောက် မဆိုးတော့။
"အဘိုး၊ ဒီ တို့ဟူးစွပ်ပြုတ် အရမ်းစားလို့ကောင်းတယ်။ ကျွန်တော် နည်းနည်းလောက် ထည့်ပေးရမလား?"
"တော်ပြီ အဘိုး ဗိုက်ပြည့်ပြီ။ မင်းတို့ ညီအစ်ကိုနှစ်ယောက်သာ အသားလေးတွေပြည့်လာအောင် များများစားကြ"
လူအိုကြီးဝမ်မှာ သူ့ဘေးနားတွင် ထိုင်နေသည့် မြေးနှစ်ယောက်ကိုကြည့်ပြီး သူမျက်လုံးများထဲတွင် ကျေနပ်သည့်အရိပ်အယောင်များပြည့်နှက်နေ၏။
သူ့ဒီလောက်အသက်ကြီးနေတာတောင် မြေးနှစ်ယောက်က စိတ်ရင်းနဲ့ အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးနေတာကြောင့် သူကျေနပ်နေမိသည်။
လူအိုကြီးဝမ်က စကားကို ဖြေးဖြေးချင်း ပြောလာသည်။ "မစ္စတာလော့ကော? အချိန်ရရင် သူ့ကိုပါ ခေါ်လာအုံးလေ"
"အဘိုး သူ့ကို နာမည်နဲ့ပဲ ခေါ်ပါ။ လက်တွေ့ကျကျတွေးမယ်ဆို သူက အဘိုးထက် ငယ်တာပဲဟာ။" ရှီယွင်နန်က အမှန်ပြန်ပြင်လိုက်ပြီး ငါးဟင်းရည်လေးကို တစ်ငုံသောက်လိုက်သည်။
"လင်းရှန်းက နိုင်ငံခြားမှာ နောက်မှတွေ့ဖို့ခေါ်လာခဲ့မယ်။"
လူအိုကြီးဝမ်က သူမြေးလေးရဲ့ လက်ကောက်ဝတ်လေးကို ပုတ်ကာ-
"ကောင်းပါပြီ၊ အဲ့လိုဆို အဘိုး စိတ်အေးရပြီ။"
သူက ပြောတာရပ်လိုက်ပြီး သူ့ဘေးက ဝမ်ရိပေအား ကြည့်လိုက်ပြန်သည်။ "အသက်နှစ်ဆယ်ကျော်တဲ့ မင်းအစ်ကိုကတော့ အခုထိ လက်တွဲဖော်မရှိသေးဘူး။ သူက စာသင်ပြီး ပြန်လာတာနဲ့ ငါလို အဘိုးကြီးနဲ့ပဲ အချိန်ဖြုန်းနေတာ"
မြှားဦးလှည့်ခံလာရတဲ့ ဝမ်ရိပေမှာ ရယ်ရမလား ငိုရမလား မသိကာ တူကို ချလိုက်၏။
ရှီယွင်နန်က အပြုံးလေးနဲ့ ပြန်ပြောလိုက်လေသည်။ "အဘိုးကလည်း အစ်ကို့ကိုကြိုက်တဲ့ လူတွေကို စီရင် အင်ပါယာမြို့တော်ကိုတောင် တစ်ပတ်ပတ်လို့ရတယ်။ စိတ်မပူပါနဲ့ တစ်နေ့ သူက မြေးသားမက်လေးကို ခေါ်လာချင်ခေါ်လာမှာပေါ့"
"....."
ဝမ်ရိပေမှာ သူ့ကို စ နေသည့် ညီလေးအား မနိုင်ဘူးဆိုသည့် အကြည့်လေးနဲ့ စိုက်ကြည့်လိုက်လေသည်။
"ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် တစ်ယောက်ယောက်ဘေးမှာ ရှိနေပေးတယ်ဆိုတာ ကောင်းတာပဲလေ။"
သူ့မြေးလေးနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေရသရွေ့ လူအိုကြီးဝမ် ခေါင်းမာနေမှာ မဟုတ်။ သူဒါကို စဉ်းစားမိလိုက်ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်-
" အဘိုးကတော့ မင်းတို့ လက်တွဲဖော် မင်းတို့အပေါ် ကောင်းပေးဖို့ကိုပဲ မျှော်လင့်မိတယ်။ မင်းတို့ကလည်း တစ်ဖက်လူကို တန်ဖိုးထားရမယ်"
ရှီယွင်နန် "အင်း"လို့ ပြန်ဖြေလိုက်ပြီး ဝမ်ရိပေအား ကြည့်ကာ- "ကော~ ကြားတယ်နော်"
"မြန်မြန်သာ စားစမ်းပါကွာ၊ အစားအသောက်ကတောင် မင်းပါးစပ်ကို မပိတ်နိုင်ပါလား"
သုံးယောက်သား စ နောက် ပြောဆိုနေကြရင်း အခန်းတံခါးပွင့်လာပြီး အလုပ်ပြီးသွားသည့် ဝမ်ယန်ဖုန်းက ဝင်လာသည်။
"ဦးလေး"
ရှီယွင်နန်နှင့် ဝမ်ရိပေ တပြိုင်နက်တည်း ခေါ်လိုက်ကြ၏။
ဝမ်ယန်ဖုန်းက တူလေးနှစ်ယောက်ကို ပြန်ပြုံးပြကာ- "မင်းတို့နှစ်ယောက်ကို ပြောစရာရှိလို့ ရောက်လာတာ"
"ဘာများလဲ?"
ဝမ်ယန်ဖုန်းက အသက်ပြင်းပြင်းရှူကာ- "ရှီကုမ္ပဏီ ဒုက္ခတွေ ကြုံနေရတယ်။ မှောင်ခိုကိစ္စမှာ သူတို့ ပါဝင်ပတ်သတ်နေတယ်ဆိုပြီး ဒီနေ့ သတင်းထွက်လာတယ်လေ။ အဆင်ပြေတဲ့ လမ်းကြောင်းကို သုံးပြီး သာမာန်ကုန်စည်ပို့တဲ့ ယာဉ်တွေလိုမျိုး ခိုးသွင်းနေတာဆိုပဲ။"
"ရှီးခယ့်ယွဲ့ကော၊ ရှီရှန်းကော သက်ဆိုင်ရာ ဝန်ထမ်းတွေအားလုံးကိုပါ စစ်ဆေးဖို့ ခေါ်သွားပြီတဲ့။"
မျှော်လင့်ထားသည့် သတင်းကို ကြားသည့်အခါ ရှီယွင်နန်က ငါးစွပ်ပြုတ်ကိုသာ တိတ်တဆိတ်သောက်နေလိုက်၏။
ဝမ်ရိပေကသာ ခဏတာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။
"ဦးလေး အဲ့သတင်းက ဟုတ်ကော ဟုတ်ရဲ့လား?"
"သတင်းမှာတောင် ပါလာတယ်ဆိုတော့ သတင်းအမှား ဖြစ်နိုင်ပါ့မလား"
ဒါကိုကြားတော့ အမြဲတမ်း စိတ်သဘောထားကောင်းသည့် လူအိုကြီးဝမ်က လှောင်ပြောင်လိုက်လေသည်။ "ကောင်းတယ်! ကိုယ်လုပ်တဲ့အကျိုး ကိုယ်ပြန်ခံစားရတာပဲ။ ရှီမိသားစုနဲ့ တန်တယ်!"
"ရှီဟောက်သယ်တို့ သားအဖနှစ်ယောက် မျက်လုံး ကျယ်ကျယ် ပွင့်သွားကြပါစေ! ဒါက တရားမဝင်သားကို မျက်စိစုံမှိတ်ယုံရင် ဘာဖြစ်မလဲဆိုတာပဲ!"
"အဲ့တုန်းကတော့ သူတို့က ငါ့သမီးလေးကို ဒုက္ခပေးသလို၊ မင်းတို့ကလေးနှစ်ယောက်လည်း အချစ်မခံ ခဲ့ရဘူး။ အခုတော့ ဝဋ်ပြန်လည်တာပဲ!ဘုရားသခင်မှာလည်း မျက်လုံးရှိတာပဲလေ!"
လူအိုကြီးဝမ် ဒေါသထွက်နေတာကိုတွေ့တော့ ရှီယွင်နန် သူ့နောက်ကျောလေးကို အမြန်ပုတ်ပေးလိုက်သည်။ "အဘိုး ဒေါသ အရမ်းမထွက်ပါနဲ့။ ရှီမိသားစုကလူတွေ သူတို့ဘာသာသူတို့ ကိုယ့်အားကိုယ်ကိုးပလေ့စေ။"
ဝမ်ရိပေကလည်း ဖြောင်းဖျလိုက်၏။ "အဘိုး၊ အဘိုးကျန်းမာရေးကသာ အရေးကြီးဆုံးပါ။ မဆိုင်တဲ့လူတွေအတွက် ဒေါသဖြစ်နေဖို့ မတန်ဘူးလေ။"
မြေးနှစ်ယောက်ရဲ့ သဘောထားကို မြင်တော့ လူအိုကြီးဝမ်မှာ တဖြည်းဖြည်း ဒေါသများပြေလျော့သွားတော့သည်။ "ဟုတ်တယ် မင်းတိုပြောတာမှန်တယ်။ ကိုယ့်ဘဝအတွက်ပဲ ရှင်သန်ကြတာပေါ့။ အဲ့အရှက်မရှိတဲ့ လူသုံးယောက်အကြောင်း စဉ်းစားနေဖို့ မတန်ဘူး!"
ဘဝရဲ့ နောက်ဆုံးထွက်သက်အချိန်အထိ ဘာတွေ တွေ့ကြုံရမလဲဆိုတာ မသိနိုင်ဘူးလေ။
အရင်တုန်းကတော့ လူအိုကြီးရှီ ဘယ်လောက်ပဲ မာနထောင်လွှားပြီး အာဏာရှိနေပါစေ၊ အခုတော့ သနားစရာကောင်းတဲ့ လူတစ်ယောက် ဖြစ်နေပြီပဲ မဟုတ်လား?
အနှစ်နှစ်ဆယ်နီးပါး ခံစားလာခဲ့ရသည့် ဝမ်မိသားစု၏ မကျေနပ်ချက်တွေဟာ ဒီနေ့မှာတင် ပျောက်ပျယ်လို့ သွားလေပြီ။
...
တစ်ပတ်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားပြန်သည်။
ရှီယွင်နန် ကားရပ်နေတုန်း လော့လင်းရှန်းက ဖုန်းခေါ်လာ၏။
ဖုန်းချိတ်ဆက်သွားတဲ့ အချိန်မှာပဲ စွဲမက်ဖွယ်ကောင်းတဲ့ အသံလေးဟာ သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။ "ဟဲလို အလုပ်များနေလား?"
ရှီယွင်နန် သူ့ထိုင်ခုံခါးပတ်လေးကို ဖြုတ်လိုက်ပြီး ကျီစယ်လိုက်၏။ "ကျွန်တော် ဘယ်လောက်ပဲ အလုပ်များနေပါစေ မစ္စတာလော့ဖုန်းခေါ်တာနဲ့ ချက်ချင်း ကိုင်မှာပေါ့။"
ဖုန်းတစ်ဖက်ရှိ လော့လင်းရှန်းမှာ ရယ်နေပြီး သူ့ခရီးစဉ်အကြောင်းလေး ပြောလာသည်။ "ကိုယ်အခု လေဆိပ်ကနေ ထွက်လာနေပြီ။ မနက်ဖြန် ကိုယ် ပြန်လာတာ စောင့်နေနော်...ကိုယ်မင်းကို ပြောစရာရှိတယ်"
သူတို့၏ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ သန်ဘက်ခါဖြစ်သည်။
မမေ့နိုင်တဲ့ မွေးနေ့ပါတီကလွဲရင် မနက်ဖြန်က လော့လင်းရှန်းနှင့် ရှီယွင်နန်တို့ ပြန်ဆုံသည့် နှစ်ပတ်လည်နေ့လို့ ပြောနိုင်လေသည်။
လော့လင်းရှန်းက နှစ်ပတ်လည်နေ့လေးကို သတိတရရှိမှန်း ရှီယွင်နန် သိလိုက်ရသည့်အခါ ပြုံးမိသွား၏။ "ခင်ဗျားက အခုကြိုပြောလိုက်တာလား? ဒါဆို မနက်ဖြန် surprise မရှိတော့ဘူးပေါ့?"
"မင်းက surprise လိုချင်တာလား?"
လော့လင်းရှန်းက အချစ်များပြည့်နှက်နေသည့် လေသံဖြင့် ထိုမေးခွန်းအား မေးလာတာကြောင့်
ရှီယွင်နန်မှာ သူ့နားထဲထိ နီရဲလာသလို ခံစားလိုက်ရသည်။ နည်းနည်း ခွဲနေရတာက ကြင်စဦးတုန်းကထက် ပိုကောင်းတယ်လို့ ပြောကြပေမယ့်လည်း ဒီတစ်ခေါက်မှာတော့ လော့လင်းရှန်းနဲ့ တစ်လလောက်ခွဲနေရတာမို့ အရင်ကထက် ပိုမြန်မြန် တွေ့ချင်နေမိသည်။
"Surprise မလိုပါဘူး"
ရှီယွင်နန်က ဖုန်းတစ်ဖက်ကလူအား တမင်တကာ လှုံ့ဆော်လိုက်တော့သည်။ "ဒီတိုင်း ကျွန်တော်က တံခါးလေးပိတ်ပြီး မစ္စတာလော့နဲ့ လူကြီးတွေကစားတဲ့ ကစားနည်းလေးတွေကို ကစားချင်ရုံလေးပါ "
ဖုန်းတစ်ဖက်ရှိ အသက်ရှူသံတွေမှာ မြန်ဆန်နေ၏။ ဒါကို သတိထားမိသွားတဲ့ ရှီယွင်နန် တစ်ယောက် မရယ်ဘဲ မနေနိုင်တော့။ "အိုကေ ခင်ဗျား ပြန်လာမှ ပြောကြတာပေါ့။ ဒီမှာ လုပ်စရာတွေ ရှိသေးလို့။"
"ဘာလုပ်စရာလဲ?"
ရှီယွင်နန် ကားပြတင်းပေါက်ကနေတဆင့် အင်ပါယာမြို့တော်၏အကျဉ်းထောင် ဆိုသည့် ဆိုင်းဘုတ်ကိုကြည့်လိုက်ပြီး အမှန်တိုင်းပဲ ပြောလိုက်သည်။ "ကျွန်တော် ရှီးခယ့်ယွဲ့ကို နောက်ဆုံးအနေနဲ့ လာတွေ့တာ"
ထူးဆန်းပေမယ့်လည်း လက်တွေ့ဆန်လွန်းတဲ့ အိမ်မက်ကနေ ဇာတ်လမ်းစခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ဇာတ်လိုက်ကို မျက်နှာချင်းဆိုင် အဆက်ဖြတ်နိုင်ဖို့ မျှော်လင့်မိခဲ့ယ်လေ။
...
ဆယ်မိနစ်ကြာသောအခါ—
ရှီယွင်နန်က ဧည့်တွေ့ခန်းရှိ ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာထိုင်နေပြီး ဖောက်ထွင်းမြင်ရသည့် ဖန်အကာကနေတဆင့် လူတစ်ယောက်ကို စောင့်နေသည်။
သိပ်မကြာခင်မှာပဲ အတွင်းထဲမှ သံတံခါးကို ထောင်အစောင့်များက ဖွင့်လိုက်တာကြောင့် လက်ထိပ်ခတ်ထားခံရသည့် ရှီးခယ့်ယွဲ့က ရှီယွင်နန် မျက်စိရှေ့တွင် ပေါ်လာသည်။
စေ့စပ်ပွဲပြီးသွားတာ နှစ်လမပြည့်သေးသော်လည်း ရှီးခယ့်ယွဲ့မှာ ပိန်လှီနေကာ အရိုးပေါ် အရေတင်ဖြစ်နေရှာ၏။ မျက်တွင်းဟောက်ပက်ကျနေပြီး မရိတ်ရသေးသည့် မုတ်ဆိတ်များက သူ့အား ပင်ပန်းနွမ်းလျတဲ့ ပုံစံပေါက်စေလေသည်။
ဒီလိုလူက လွန်ခဲ့သည့်နှစ်တွေတုန်းကရှိခဲ့သည့် တတိယသခင်လေး၏ အမူယာမျိုး လုံးဝကင်းမဲ့နေ၏။
ရှီယွင်နန်က သူ့အား ငါးစက္ကန့်မျှသာ ကြည့်ပြီး အေးအေးဆေးဆေး စပြောလိုက်သည်။ "ငါနဲ့ ဧည့်တွေ့ဖို့ သဘောတူမယ်လို့ မထင်ထားဘူး။"
ရှီးခယ့်ယွဲ့က ထောင်အစောင့်များ၏ အကြည့်အောက်မှာပင် ဖန်အကာခြားထားသည့် တစ်ဖက်ခြမ်းတွင် ထိုင်နေ၏။
သူ ဟိုင်မြို့တော်မှာ ဖမ်းခံခဲ့ရပြီး ရဲတွေ စုံစမ်းမေးမြန်းတာကို ပူးပေါင်းရန် လွန်ခဲ့သည့် နှစ်ရက်ကမှ အင်ပါယာ အကျဉ်းထောင်သို့ ရောက်လာခဲ့လေသည်။
ရှီးခယ့်ယွဲ့ မျက်လုံးများက မှိုင်းနေပြီး သူက ခနဲ့ သလို လှောင်ပြုံးပြုံးလိုက်သည်။ " ငါဒီရောက်လာတာ နှစ်ရက်ပဲ ရှိသေးတာကို မင်းက လာရှာနိုင်တာပဲ။ ငါ့အမေထက်တောင် အချိန်မှန်သေးတယ်"
"ဟုတ်လား?" ရှီယွင်နန်က ဒီစကားကို အနိုင်ရသူအပြုံးမျိုးနဲ့ မဟုတ်ဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်၏။
ရှီယွင်နန်၏ အသက်မပါသည့် မျက်နှာထားကို တွေ့လိုက်ရသည့်အခါ ရှီးခယ့်ယွဲ့တစ်ယောက် ဘာကြောင့်မှန်းမသိ အလှောင်ခံရသလို ခံစားလိုက်ရ၏။ သူ့ဟာ လက်ကို စားပွဲပေါ်တင်လိုက်ပြီး နှစ်မိနစ်ကြာ မွန်းကြပ်နေတော့သည်။
"ရှီယွင်နန် မင်းက ငါ့ရဲ့ သနားစရာကောင်းတဲ့ ပုံစံကို လာကြည့်တာလား? လော့လင်းရှန်းကို မှီခိုနေရတဲ့ မင်းလိုလူက ငါ့ကိုလှောင်ဖို့ ဘာအရည်အချင်းရှိလို့လဲ?"
"ငါဒီနေ့ ဒီလိုအခြေအနေဖြစ်ဖို့ လော့လင်းရှန်းကို အားကိုးနေရတယ်လို့ မင်းပြောတယ်နော်? အဲ့တော့ မင်းကကော ဒီနေ့ ဒီလိုအခြေအနေဖြစ်ရတဲ့ထိ ဘာတွေကို အားကိုးခဲ့လဲ?"
ရှီးခယ့်ယွဲ့၏ မျက်လုံးများမှ တဆင့် ခေါင်းမာတဲ့ စရိုက်ကို ဖောက်မြင်လိုက်ရတာကြောင့် ရှီယွင်နန် ခနဲ့သလို ပြုံးပြလိုက်သည်။ "မင်းရဲ့ ဒီကမ္ဘာကြီးအပေါ် အရမ်းနှံ့နှံ့စပ်စပ်သိနေတဲ့ ဦးနှောက်အပေါ် အားကိုးနေတာလား? ရှီးခယ့်ယွဲ့ဆိုတာ တကယ်ပဲ မင်းဟုတ်ရဲ့လား?"
"....."
ရှီးခယ့်ယွဲ့ မျက်လုံးများမှာ ရုတ်တရက် တုန်ယင်သွား၏။
"ဒီကမ္ဘာကြီးတစ်ခုလုံးကို သိထားတော့ အထောက်အပံ့ပေးနိုင်မယ့် အဆက်အသွယ်တွေက မင်းရဲ့စီးပွါးရေးအပေါ် အသုံးချနိုင်ခဲ့မယ်လို့ ထင်နေမှာပေါ့? မင်းကပဲ အရာအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်လို့ ထင်နေခဲ့မှာပေါ့?"
ရှီယွင်နန်က သူ့အား ဖြည်းဖြည်းချင်း မေးခွန်းထုတ်နေ၏။
ရှီးခယ့်ယွဲ့ တစ်ယောက် ချွေးစေးတွေ ပြန်လာတော့သည်။ သူက ဖန်အကာနားသို့ ကပ်ကာ ပြူးကျယ်နေသည့် မျက်လုံးဖြင့် အံ့ကြိတ်ကာ မေးလာ၏။
"မင်း ဘယ်လိုလုပ် သိနေရတာလဲ! မင်းမသိနိုင်ဘူးလေ!"
သူက "စာအုပ်ထဲကူးပြောင်းလာသူ" ဖြစ်ပြီး ငယ်ငယ်လေးကတည်းက ရှီးခယ့်ယွဲ့နေရာမှာ အစားဝင်ခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ၊ ဒီစာအုပ်ထဲရဲ့ ကမ္ဘာမှာ သူက အမြှောက်စာဇာတ်ကောင်သာသာဖြစ်နေလေသည်။
ရှီးခယ့်ယွဲ့ကတော့ သူကံကြမ္မာကို ဒီလိုပဲ လက်မခံနိုင်ခဲ့။
ထို့ကြောင့် သူက ဒီနှစ်များအတွင်း စာအုပ်ထဲက သိနေသမျှကို မှီခိုအားထားကာ သူ့အား အကျိုးပြုနိုင်မယ့် လူများနှင့် ရင်းနှီးအောင်လုပ်ပြီး သူ့စီးပွါးရေးကို တဆင့်ပြီးတဆင့် တိုးတက်အောင် ကြိုးစားခဲ့သည်။
အစကတော့ ရင်းနှီးမြှုပ်နှံမှုမှာ လွယ်ကူလွန်းနေတာကြောင့် ရှီးခယ့်ယွဲ့တစ်ယောက် နဂိုရည်ရွယ်ချက်ကိုတောင် မေ့လျော့နေပြီး ဒီကမ္ဘာပေါ်ရှိလူတိုင်းကို သူအသုံးနိုင်သည့် ပစ္စည်းများအဖြစ် ယူဆနေခဲ့သည်။
ရှီယွင်နန်က ခနဲ့ပြုံးပြုံးကာ အမှန်တရားကို ထုတ်ပြောလိုက်သည်။ "ရှီးခယ့်ယွဲ့ မင်းရဲ့အမှားက ကိုယ့်ကိုကိုယ် ဂုဏ်မောက်လွန်းနေတာပဲ။ ကမ္ဘာကြီးက ဘယ်တော့မှ မင်းအနားမှာပဲ လည်ပတ်နေမှာ မဟုတ်ဘူး။"
"မင်းမှာ တကယ်ပဲ စီးပွါးရေးအမြင်ရှိတယ်လို့ ထင်နေတာလား? မင်းကိုယ်မင်း လူတွေကို ထိန်းချုပ်နိုင်တယ်လို့ တကယ်ထင်နေတာလား?"
"ဒါပေမယ့် မင်းနောက်ပိုင်း ရင်းနှီးမြှုပ်နှံသမျှ ခြေလှမ်းတိုင်းက မှားနေတာပဲလေ။ ရှီမိသားစုကော ယွမ်ရွေ့စွန့်ပစ်တာပါ ခံရရုံမက၊ မင်းနဲ့ တကြိတ်တည်းတစ်ဥာဏ်တည်းဖြစ်ခဲ့တဲ့ လော့ယန်ချွမ်း စွန့်ပစ်တာတောင် ခံခဲ့ရတာပဲ"
"....."
ရှီးခယ့်ယွဲ့က နှုတ်ဆိတ်နေ၏။
ရှီယွင်နန် ကိုယ်လေးကို မတ်ကာ ဖန်အကာနားသို့ညတိုးသွားလိုက်ပြီး ဆက်ပြောလိုက်သည်။ "မင်းကတော့ ရှီမိသားစု ပိုင်ဆိုင်မှုတွေကို မက်မောလို့ လူအိုကြီး သဘောကျအောင်နေခဲ့ပေမယ့် သူကတကယ့်စိတ်ရင်းနဲ့ မင်းကို ဆက်ခံသူအဖြစ် သဘောထားခဲ့တာ"
"မင်းသာ ရှီမိသားစု ဒေဝါလီခံရတော့မယ့်အချိန် နည်းနည်းလေး ကူညီပေးခဲ့ရင် သူဒီလောက် သွေးအေးသွားမှာ မဟုတ်ဘူး။"
ဒီလိုသာဆို ရှီမိသားစု ပိုင်ဆိုင်မှုတွေနှင့် ကုမ္ပဏီဟာ ရှီးခယ့်ယွဲ့ အိတ်ကပ်ထဲမှာပဲ ရှိနေနိုင်လောက်သည်။
"ယွမ်ရွေ့ဆိုတာ ရိုးသားပြီး အပြစ်ကင်းတဲ့ သူ။ မင်းရဲ့ အတုအယောင်စကားတွေကြောင့် မင်းဘက်မှာ အပြည့်အဝရပ်တည်ပြီး မင်းရှယ်ယာရှင်ဖြစ်ဖို့ မစ္စတာယွမ်နဲ့တောင် အတိုက်အခံလုပ်ခဲ့တာ"
"ဒါပေမယ့် မင်းဘာလုပ်ခဲ့လဲ?"
"သူ့ခံစားနေရတာတွေ သူဒုက္ခတွေကို မင်းမသိဘူး။ သူ့အဖေနဲ့ အစ်ကိုကြီးက သူ့ကိုစွန့်ပစ်လိုက်သလို ခံစားနေရတဲ့အချိန် မင်းက သူ့နောက်ကျောကို ဓားနဲ့ ထိုးခဲ့တယ်လေ။ နှမြောစရာပဲ..."
"ဘာ?" ရှီးခယ့်ယွဲ့က စကားလုံးတစ်လုံးကို အတင်းညစ်ထုတ်ပြောလာ၏။
ရှီယွင်နန်က ခေါင်းယမ်းကာ-
"ယွမ်ရွေ့က တကယ်ပဲ အလားအလာရှိတယ်၊ ဒါမယ့် မင်းကတော့ မျက်တောင်တစ်ချက်မခတ်ဘဲ အဲ့ခွေးချီး ကုကျွယ်ကို ရွေးခဲ့တယ်လေ"
အနာဂတ်ကို ကြိုမြင်နေတော့ကော ဘာထူးလဲ?
လူတွေကို နှလုံးသားနဲ့ မဆက်ဆံသလို၊ နှလုံးသားမရှိတဲ့ သူတွေနဲ့ပဲ သိကျွမ်းတယ်။
မိသားစု အထောက်အပံ့ဆုံးရှုံးရတယ် ၊ သူငယ်ချင်း ဆုံးရှုံးရတယ်။
လော့ယန်ချွမ်းနှင့် ကုကျွယ်မှာ လူကောင်းမဟုတ်မှန်း ကောင်းစွာသိနေလျက် သူက ထိုလူတွေနဲ့ လက်တွဲခဲ့တယ်။ သူစိုက်တဲ့အသီး သူပြန်ရိတ်သိမ်းရတာပဲမလား?
ရှီးခယ့်ယွဲ့ကတော့ ခေါင်းမာမာနဲ့ ငြင်းဆိုလာသည်။ "အောင်နိုင်သူက ဘုရင်ဖြစ်ပြီး အရှုံးသမားက ဓားပြပဲလေ။ ဟုတ်တယ် မင်းပြောသမျှကသာ အမှန်။"
"ထားလိုက်တော့။ မင်းက ကမ္ဘာပေါ်မှာ အမြစ်တွယ်နေတဲ့ လူတွေရဲ့အင်အားနဲ့ ရိုးသားတဲ့စိတ်ကို နားမလည်ပါဘူး "
ရှီယွင်နန်က စားပွဲကို လက်ချောင်းလေးနဲ့ တတောက်တောက်ခေါက်နေပြီး ခေါင်းခါလိုက်သည်။ "ဒါပေမယ့် ငါသိချင်နေတုန်းပဲ။ မင်ဘယ်လိုလုပ် ဒီလောက် အန္တရာယ်များတဲ့ ကိစ္စကို လုပ်ရဲရတာလဲ?"
စေ့စပ်ပွဲအပြီးမှာတော့ ရှီးခယ့်ယွဲ့ ခဏလောက်ငြိမ်နေလောက်မည်ဟု ရှီယွင်နန် ထင်ခဲ့မိသည်။
စိမ်းစိုတဲ့ တောင်တန်းတွေရှိနေသရွေ့ ထင်းရှိနေအုံးမှာပဲဆိုတဲ့ စကားအတိုင်း တစ်ဖက်လူက ဒီလောက်ဆန္ဒစောနေမယ်လို့ သူ မထင်ထားခဲ့။
သူက ဘာလို့ မှောင်ခို ကိစ္စနဲ့ ပတ်သတ်ရတာလဲ? ဒါက သေခြင်းတရားကို လက်ယပ်ခေါ်နေသလိုပဲလေ...
ဒီမှောင်ခို အမှုနှင့်ပတ်သတ်ပြီး စီရင်ချက်မချရသေးသော်လည်း ပမာဏပေါ်အခြေခံပြီး ကြံရာပါ ရှီးခယ့်ယွဲ့မှာ ထောင်ဒဏ်ဆယ်နှစ်အထက် ချမှတ်ခံရလေမည်။
ရှီးခယ့်ယွဲ့တစ်ယောက် အသက်ရှူနှုန်းမြန်လာ၏။ သူ့မျက်လုံးများမှာ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ "မင်းက ဘာသိလို့လဲ? စေ့စပ်ပွဲပြီးကတည်းက ငါ့ဘဝကြီးဖျက်စီးခံလိုက်ရပြီ!"
"ဗီဒီယိုအမြန်ပြန့်သွားလို့ တစ်နေ့ လူတိုင်းရဲ့ ဂရုစိုက်မှုကို ငါပြန်ရရင်တောင် အဲ့အထင်သေးတဲ့ မျက်လုံးတွေ၊ လှောင်ပြောင်တဲ့စကားတွေကို ရှောင်ဖယ်နိုင်မှာ မဟုတ်ဘူး!"
ထို့ကြောင့် ရှီးခယ့်ယွဲ့က ချမ်းသာဖို့ နိုင်ငံခြားကို သွားချင်ခဲ့သည်။
မှောင်မိုက်နေသည့် အတိတ်တွေပြည့်နှက်နေသည့် ဒီနေရာက ထွက်သွားချင်လိုပြီး ပတ်ဝန်းကျင်အသစ်မှာ ဘဝသစ် စတင်ချင်ခဲ့သည်။
စေ့စပ်ပွဲတွင် သူတို့အရှုပ်တော်ပုံ ပေါ်သွားပြီးနောက် ရှီးခယ့်ယွဲ့က လော့ယန်ချွမ်းအား ဖန်ပုလင်းကွဲဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကံမကောင်းစွာနဲ့ပဲ သူ့ဗိုက်မှာ ဒဏ်ရာရသွားပြီး ဆေးရုံရောက်သွားခဲ့သည်။
ဆေးရုံတက်နေစဉ်အတွင်း ရှီးဝေက သူ့ကတ်ထဲက လက်ကျန်ပိုက်ဆံများကို တိတ်တိတ်လေး လွှဲပြောင်းယူသွား၏။ သူကျန်သမျှပိုက်ဆံမှာ လင်းယွီမှာရင်းနှီးမြှုပ်နှံထားသည့် ပိုက်ဆံများဖြစ်သော်လည်း ဒေဝါလီခံသွားရတာကြောင် လုံးဝဆုံးရှုံးသွားခဲ့ရသည်။
ရှီးခယ့်ယွဲ့မှာ ချောမွေ့သည့် ဘဝကို ကျင့်သားရနေခဲ့တာကြောင့် ငွေမရှိ၊ ဆင်းဆင်းရဲရဲ နေ့ရက်များကို ကြာကြာမခံနိုင်ခဲ့။
"DNAစစ်ဖို့ ငါရှီရှန်းကို သွားရှာပေမယ့် သူက ငါ့ကို အရူးတစ်ယောက်လို နှင်ထုတ်ပစ်တယ်..."
ရှီးခယ့်ယွဲ့မှာ မခံစားနိုင်သည့် အတိတ်ကို ပြန်တွေးမိပြီး သူ့တစ်ကိုယ်လုံးအား အမုန်းတရားများ အုပ်မိုးနေကာ အမုန်းမီးတွင်းထဲ ပိတ်လှောင်နေသလိုပင်။ "မုန်းတယ်! မင်းတို့ အားလုံးကို ငါမုန်းတယ်! ရှီမိသားစုကလူတိုင်းကို ငါမုန်းတယ်! "
သူကိုယ်ထဲမှာ ရှီမိသားစုသွေးတွေ စီးနေပြီး တတိယသခင်လေးဆိုတာ သေချာတာပဲလေ။ ဘာလို့ သူ့ကို ဆန့်ကျင်နေကြရတာလဲ?
ထို့ကြောင့် ယွီမင်က ပူးပေါင်းဖို့ လာပြောသည့်အခါ သူ မဆိုင်းမတွ သဘောတူခဲ့သည်။
ဒါက ရပ်နေရုံလေးနဲ့ ငွေရှာနိုင်တဲ့ နည်းလေ။ သူ ဒီအခွင့်ရေးကို လက်မလွှတ်နိုင်ဘူး!
ရှီးခယ့်ယွဲ့က ယွီမင်ပေးသည့် လစာဖြင့် ဟိုင်မြို့တော်ရှိ ဂိုဒေါင်မန်နေဂျာကို လာဘ်ထိုးခဲ့သည်။ ထို့နောက် ဝန်ထမ်းတွေကို လိမ်ဖို့ ရှီမိသားစု၏ တတိယသခင်လေးဆိုတဲ့ နာမည်ကို သုံးခဲ့လေသည်။ ဝန်ထမ်းတွေမှာတော့ ချမ်းသာတဲ့ အသိုင်းဝိုင်းကြားက ကိစ္စတွေကို သေချာမသိကြ။
သူ့အထောက်အထားကို ဖုံးကွယ်ကာ လက်မှတ်ရေးထိုးပြီး တစ်လလောက်အရဲစွန့်လုပ်လိုက်သည်နှင့် ကော်မရှင်ခ 3% ရနိုင်မည်ဖြစ်သည်။
သူ နိုင်ငံရပ်ခြားရောက်ရင် နိုင်ငံသားခံယူပြီး ဘဝသစ်ကို စနိုင်လေမည်။
"ဟုတ်တာပေါ့ ဒါတွေအားလုံးက ငါ့ရဲ့ စိတ်ကူးယဉ်ဆန်ဆန် အတွေးတွေပါပဲ"
"ဘာပဲဖြစ်ဖြစ် ငါက တရုတ်ပြည်မှာ နာမည်ဆိုးနဲ့ နာမည်ကြီးနေတဲ့ လူ့အမှိုက်ပဲလေ။ ငါရှုံးသွားရင်တောင်မှ ငါ့အမုန်းတရားတွေနဲ့ ရှီမိသားစုကို ဆွဲချဖို့ ကြံထားပြီးသား!"
ရှီးခယ့်ယွဲ့က လက်ရှိအခြေအနေကို တွေးမိကာ ရူးမတတ် ရယ်မောလိုက်သည်။
"ရှီရှန်းက သူ့အဖိုးတန်သားလေးနှစ်ယောက်ကို ပြန်ခေါ်ဖို့ ရှီကုမ္ပဏီကို အသုံးချချင်နေတာမလား? ရှီးခယ့်ယွဲ့ဆိုတဲ့ ငါ မရနိုင်သမျှ မင်းတို့ ညီအစ်ကို တွေလည်း မရစေရဘူး!"
"စဉ်းတောင်မစဉ်းစားနဲ့!"
ထိန်းမရသိမ်းမရ အော်သံကို ကြားသည့်အခါ ရှီးယွင်နန် အထင်သေးသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ "ရှီးခယ့်ယွဲ့ ငါ အကြိမ်တစ်ရာမက ပြောပြီးပြီထင်တယ်။ မင်းလိုချင်တဲ့ ရှီမိသားစု ပိုင်ဆိုင်မှုတွေကို ငါလုံးဝဂရုမစိုက်ဘူး။"
"မဟုတ်ဘူး! မင်း ဂရုစိုက်တယ်! မင်းဂရုစိုက်ရမယ်!"
ရှီးခယ့်ယွဲ့က ထိုင်ခုံပေါ်ကနေ ဆတ်ခနဲ ထလိုက်ပြီး သူ့အတွေးအမြင်တွေထဲကနေ ရုန်းမထွက်နိုင်သေး။ "ဒီလောက် ပိုက်ဆံတွေ အများကြီးကို မင်းက ဘာလို့ ဂရုမစိုက်ရမှာလဲ? ဒါဆို မင်းဂရုစိုက်တာဘာလဲ? မင်းက ဘာကို ဂရုစိုက်တာလဲ!"
အစောင့်က ချက်ချင်းဝင်လာပြီး သူ့အား အတင်းအကြပ်ထိုင်ချခိုင်းသည်။ "ဘာဖြစ်နေတာလဲ ထိုင်စမ်း!"
စကားဆက်ပြောနေစရာ မလိုတော့ဘူးဟု ရှီယွင်နန် ခံစားမိလိုက်၏။
စိတ်လွတ်နေတဲ့ ရှီးခယ့်ယွဲ့ အခြားလူတွေကို ဒုက္ခပေးလို့မရအောင် တစ်သက်လုံး ထောင်ထဲမှာပဲ နေသင့်တယ်။
ရှီယွင်နန်က ထောင်စောင့်ကို ခေါင်းညိတ်ပြပြီး စကားဝိုင်းကို အဆုံးသတ်ရန် အရင်အစပြုလိုက်သည်။ "ဒါဆို ခွင့်ပြုပါအုံး"
ဒီနေ့မှာတော့ ဒီကမ္ဘာကြီးရဲ့ ဇာတ်ဆောင်ဖြစ်သူ ရှီးခယ့်ယွဲ့ လုံးဝရှုံးနိမ့်သွားပြီလေ။ သူ့အိမ်မက်ထဲက အဆုံးသတ်ကကော? ပျောက်သွားတာကြာပေါ့။
ရှီယွင်နန် လှည့်ပြန်တော့မယ့်အချိန် ရှီးခယ့်ယွဲ့က သူ့ကို တားလာ၏။
တစ်ဖက်လူမှာ စိတ်ကစဉ့်ကလျားဖြစ်နေပေမယ့်လည်း သူ့လေသံကတော့ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။
"ရှီယွင်နန် ငါဘယ်ကလာမှန်း မင်းသိနေမှတော့ ငါမင်းကို နောက်ထပ်တစ်ခု ထပ်ပြောပြမယ်!"
(T/N)
အခြား စာအုပ်ထဲ ကူးပြောင်းလာကြသည့်သူများ- CEOရဲ့ အချစ်ကလေးဖြစ်၊ ရုပ်ရှင်ဧကရာဇ်ရဲ့ ဇနီးလေးဖြစ်၊ ဘုရင်ကြီးရဲ့ အချစ်တော်လေးတွေဖြစ်
ရှီးခယ့်ယွဲ့ - လက်ကောက်ဝတ်နဲ့ညား
Zawgyi
"လက္မွတ္မွာ ရွီးခယ့္ယြဲ႕ နာမည္ ေရးထားတယ္"
ယြီေရွာ့ အေျဖကို ၾကားသည့္ အခါ ရွီယြင္နန္ မ်က္လုံးထဲ သေရာ္သည့္အရိပ္အေယာင္မ်ား ေပၚလာ၏။ သူထင္ထားသလိုေရာမထင္ထားသလိုပါ ခံစားလိုက္ရသည္။
ဘယ္လိုပဲျဖစ္ျဖစ္ ရွီးခယ့္ယြဲ႕ရဲ႕ သံသယလြန္ကဲတဲ့ စ႐ိုက္အရဆို ေစ့စပ္ပြဲေၾကာင့္ နာမည္ဆိုးနဲ႔ နာမည္ႀကီးသြားၿပီး အရႈပ္အေထြးေတြျဖစ္ေနရင္ေတာင္ သူက အဲ့ေနရာမွာတင္ ရပ္ေနမွာ မဟုတ္။
ဒါေပမယ့္လည္း ရွီးခယ့္ယြဲ႕ အတင့္ရဲလြန္းၿပီး ဒီေလာက္အစြမ္းအစရွိလိမ့္မယ္လို႔ေတာ့ မထင္ထားခဲ့။ လူအိုႀကီးရွီနဲ႔ ရွီရွန္း ဖယ္က်ဥ္တာ ခံထားရတာေတာင္ သူက ရွီကုမၸဏီမွာ ဒီလိုမ်ိဳး တရားမဝင္အလုပ္ေတြ လုပ္ႏိုင္ေသးတယ္!
ရွီယြင္နန္ ယြီေရွာ့ကို ၾကည့္ကာ-
"ဒါက ေသခ်ာသြားၿပီလား?"
ယြီေရွာ့က လက္ဖက္ရည္ လာခ်ေပးသည့္ အိမ္ေတာ္ထိန္းကို ၾကည့္လိုက္ၿပီး လက္ဖက္ရည္ခြက္ကို တည္တည္ၿငိမ္ၿငိမ္ပဲ လက္ခံလိုက္သည္။
"မေသခ်ာဘဲ ကြၽန္ေတာ္ဘယ္ေတာ့မွ မလႈပ္ရွားဘူး။ ကြၽန္ေတာ့္အစ္ကို ယြီမင္ကို တစ္ခ်က္တည္းနဲ႔ အလဲမထိုးႏိုင္ရင္ ေရွ႕ေလွ်ာက္ ကြၽန္ေတာ္အတြက္ ပိုဆိုးလာဖို႔ပဲ ရွိေတာ့တယ္။"
ယြီေရွာ့က စကားေျပာတာ ခဏရပ္ၿပီး လက္ဖက္ရည္ခြက္အား စားပြဲခုံေပၚ တင္လိုက္၏။
"ဒါက ဒီလို..."
"ဘာက ဒီလိုလဲ?" ရွီယြင္နန္က သူဘာဆိုလိုခ်င္မွန္း သေဘာေပါက္ေပမယ့္လည္း မသိသလိုေလး ေမးလိုက္သည္။
"ကြၽန္ေတာ့ အစ္ကိုႀကီးကို ျဖဳတ္ခ်ရင္ ဒီကိစၥကေန ရွီးခယ့္ယြဲ႕အေၾကာင္းပါ ေပၚသြားၿပီး ရွီကုမၸဏီကိုပါ ထိခိုက္လိမ့္မယ္"
ရွီမိသားစု၏ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမွာ တ႐ုတ္ႏိုင္ငံတြင္ လူသိမ်ားေလသည္။ ဒီလို တရားမဝင္ကိစၥႏွင့္ပတ္သတ္ေနမွန္း သိသြားၾကပါက၊ လူထု၏ ေဝဖန္ခ်က္မ်ားျဖင့္ အႀကီးအက်ယ္ ဖိႏွိပ္ခံရမွာ ျဖစ္ၿပီး ေနာက္ဆက္တြဲ ခံစားရမည့္ အက်ိဳးဆက္မ်ားမွာေတာ့ ေျပာစရာမလိုေအာင္ သိသာေနေလၿပီ။
"ဒီေန႔ကြၽန္ေတာ္ လာေတြ႕ရတဲ့အေၾကာင္းရင္းက မစၥတာရွီ..ရွီမိသားစုရဲ႕ပိုင္ဆိုင္မႈေတြကို လုံးဝဂ႐ုမစိုက္ဘူးလားဆိုတာကို ေသခ်ာသိခ်င္လို႔ပါ။ ဒီကိစၥသာ ေပၚသြားတာနဲ႔ ေသခ်ာေပါက္ ဘာေကာင္းက်ိဳးမွ ရမွာ မဟုတ္ဘူးေလ။"
သူတဇြတ္ထိုး လုပ္လိုက္မယ့္အစား ဒီဆက္ဆံေရးကို ျဖတ္ေတာက္ဖို႔ လဝက္အတြင္း ကိစၥကို အေသးစိတ္စုံစမ္းၿပီး ဆုံးျဖတ္ခ်က္ခ်တာကသာ အေကာင္းဆုံးပင္။
ရွီယြင္နန္ ယြီေရွာ့ ေစတနာကို နားလည္ကာ တည္တည္ၿငိမ္ၿငိမ္ပဲ ၿပဳံးလိုက္သည္။ "ရွီမိသားစုနဲ႔ အဆက္ျဖတ္ထားတာ ၾကာပါၿပီ။ သူတို႔ပိုက္ဆံေတြကို စိတ္မဝင္စားခဲ့ဘူး။ အခုလည္း စိတ္မဝင္စားသလို ေနာက္လည္း ဘယ္ေတာ့မွ စိတ္ဝင္စားလာမွာ မဟုတ္ဘူး။ "
"ဒါဆို ရွီကုမၸဏီကို မကာကြယ္သလို လိုလည္း မလိုခ်င္ဘူးမလား?"
ရွီယြင္နန္ တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္ၾကည့္လိုက္ၿပီး ျပန္ေျဖလိုက္သည္။ "ဟင့္အင္း ၊ ကြၽန္ေတာ္ လုံးဝမလိုခ်င္ဘူး။"
"ဒါဆိုရင္ စိတ္ပူစရာ မရွိေတာ့ဘူးပဲ" ျပႆနာႀကီးတစ္ခုကို ေျဖရွင္းလိုက္ႏိုင္သလိုမ်ိဳး ယြီေရွာ့တစ္ေယာက္ ေပါ့ေပါ့ပါးပါး ရယ္ခ်လိုက္သည္။
"မစၥတာယြီက ဒီအေသးအဖြဲ႕ကိစၥေလးကို အတည္ျပဳဖို႔ ေရာက္လာတာလား?"
"အေသးအဖြဲကိစၥ? မစၥတာရွီ ခင္ဗ်ားရဲ႕ သေဘာထားကသာ ကြၽန္ေတာ့ အစီအစဥ္ေတြရဲ႕ ဦးစားေပး ဆုံးျဖတ္ခ်က္ပါ"
ယြီေရွာ့၏ မက္မြန္ပြင့္သ႑န္ မ်က္လုံးမ်ားမွာ တလဲ့လဲ့ ေတာက္ပေန၏။ "အမွန္တိုင္း ေျပာရရင္ ကြၽန္ေတာ္ ဒီတစ္ေခါက္ ယြီမင္ကို ဆြဲခ်ႏိုင္တာနဲ႔ ပထမဆုံးလုပ္မယ့္ အရာက အင္ပါယာၿမိဳ႕ေတာ္မွာ လမ္းစအသစ္ေဖာက္ဖို႔ပဲ။"
ယြီေရွာ့၏ပထမဆုံးအစီအစဥ္မွာ ၿပိဳလဲက်မည့္ ရွီကုမၸဏီကို ရယူရန္ ျဖစ္သည္။
ရွီကုမၸဏီတြင္ ၿပီးျပည့္စုံသည့္ စနစ္တစ္ခုရွိသည္။ ေအာ္ပေရးရွင္းစည္းမ်ဥ္းမ်ား နည္းနည္းစီ ေျပာင္းလဲႏိုင္သေ႐ြ႕ သူက ေရွ႕ေလွ်ာက္ အဆီအျပည့္ငါးႀကီးတစ္ေကာင္လို ဖြံ႕ၿဖိဳးလာမွာပင္။
"ကြၽန္ေတာ္က မစၥတာရွီ ကုမၸဏီအေပၚ သံေယာဇဥ္က်န္ေနမွာကို စိုးရိမ္ေနတာ။ အဲ့လိုျဖစ္ရင္ လင္းရွန္းက ခင္ဗ်ားအတြက္ ကုမၸဏီကို ဝင္ကယ္ေတာ့မွာေလ။ ဒါဆို ကြၽန္ေတာ္က အျမတ္ရဖို႔ထက္ ပိုရႈံးသြားမွာမလား?"
ယြီေရွာ့က ေခါင္းေလးကို အသာအယာခါကာ တမင္တကာ စေနာက္လိုက္၏။ "အဲ့လိုသာဆို ကြၽန္ေတာ့မွာ ခင္ဗ်ား ေယာက်ာ္းနဲ႔ ထိပ္တိုက္ရင္ဆိုင္႐ုံပဲ ရွိေတာ့တာေလ။"
ေယာက်ာ္းဆိုသည့္ စကားေလးကို ၾကားသည့္ အခါ ရွီယြင္နန္ ၿပဳံးမိသြားသည္။ "မစၥယြီက အရည္အခ်င္းရွိၿပီးသားပါ။ ျပန္လမ္းမရွိတဲ့ လမ္းနဲ႔ ႀကဳံရမွာမ်ိဳးေတာ့ မျဖစ္ေလာက္ပါဘူး။"
"ဒါဆို ဝိုင္အစား လက္ဖက္ရည္နဲ႔ပဲ ကမ္းေပ့လုပ္လိုက္ၾကမလား?" ယြီေရွာ့က လက္ဖက္ရည္ခြက္ေလးကို ေျမႇာက္ျပလာသည္။ "ကြၽန္ေတာ္တို႔ရဲ႕ ႏႈတ္အရသေဘာတူညီခ်က္စာခ်ဳပ္ကို ဂုဏ္ျပဳဖို႔အတြက္ေလ?"
ရွီယြင္နန္လည္း သေဘာတူကာ သူ႔ခြက္ေလးကို ျပန္ေျမႇာက္ျပလိုက္သည္။
အေရးႀကီးကိစၥေတြကို ေျဖရွင္းၿပီးေနာက္ ယြီေရွာ့တစ္ေယာက္ ဝင္လာတုန္းကထက္ ပိုစိတ္ေအးလက္ေအး ပုံစံျဖစ္ေန၏။
" မစၥတာရွီ ကြၽန္ေတာ္ တကယ္ သိခ်င္လို႔ပါ။ ခင္ဗ်ားနဲ႔ လင္းရွန္း ဘယ္တုန္းက တြဲၿပီး လက္ထပ္လိုက္ၾကတာလဲ? ခင္ဗ်ားသိလား..."
သူခင္ဗ်ားကို စိတ္ဝင္စားေနခဲ့တာ ၾကာၿပီ။
သူ႔စကား မဆုံးေသးခင္မွာပဲ သခ်ၤာ တြက္ၿပီးသြားတဲ့ ေ႐ႊငါးေလးက ေလွကားေပၚကေန ေျပးဆင္းလာ၏။
"ေရွာင္ရႈရႈ! သား အိမ္စာလုပ္ၿပီးၿပီ!"
ေ႐ႊငါးေလး ေအာ္လိုက္ၿပီးသည္ႏွင့္ တစ္ခါမွ မျမင္ဖူးသည့္ လူတစ္ေယာက္က ဆိုဖာေပၚမွာ ထိုင္ေနတာေၾကာင့္ သူ႔မ်က္ႏွာေပၚက အၿပဳံးေလးမွာ ခ်က္ခ်င္း တည္သြားၿပီး သူ႔ပုံစံက သတိအေနထားေလး ျဖစ္သြားသည္။
ေလာ့လင္းရွန္းႏွင့္ တူသည့္ ကေလးေလးဟာ မ်က္ႏွာေသးေသးေလးျဖင့္ ယြီေရွာ့အား ေစ့ေစ့စပ္စပ္ေလ့လာေနေလသည္။
ယြီေရွာ့မွာ ေ႐ႊငါးေလးအား မွတ္မိသြားၿပီး ရယ္မိသြား၏။ "တူေတြက ဦးေလးေတြနဲ႔ တူတယ္လို႔ ေျပာၾကတယ္ေလ။ ဒီကေလးေလးက လင္းရွန္းရဲ႕ သားအရင္းလို႔ေတာင္ ထင္ရတယ္"
ရွီယြင္နန္က ေ႐ႊငါးေလးဘက္အား လက္ေဝွ႔ယမ္းျပကာ ျပန္ေျပာလိုက္သည္။ "ကြၽန္ေတာ္တို႔ရဲ႕ သားအရင္းလို႔ပဲ သေဘာထားတာပါ"
"ေ႐ႊငါးေလး ဒါက ဦးဦးယြီေရွာ့တဲ့"
ေ႐ႊငါးေလးက ေမာ့ၾကည့္လာၿပီး ယြီေရွာ့ကို အၾကာႀကီး စိုက္ၾကည့္ေနၿပီးေနာက္ ေအးတိေအးစက္ ႏႈတ္ဆက္လာသည္။
"နိေဟာင္ ဦးဦး။"
"စိတ္ဝင္စားစရာပဲ ဒီကေလးေလး စ႐ိုက္ကပါ လင္းရွန္းနဲ႔ လာတူေနတယ္။" ယြီေရွာ့က မ်က္ခုံးပင့္ကာ သူ႔စိတ္ထဲက စကားေတြကို ထုတ္မေျပာဘဲ မေနႏိုင္ေတာ့။
အခ်ိဳလူေတြရဲ႕ ကံၾကမၼာမွာေတာ့ ေမြးကတည္းက သတ္မွတ္ခံထားရတယ္။ တခ်ိဳ႕မွာေတာ့ ဒီကေလးေလးလိုပဲ ေရာမမွာ ေမြးလာၾကရတယ္ေလ။ ( တခ်ိဳ႕ေတြက ေရာမမွာ ေမြးၿပီး တခ်ိဳ႕ေတြကေတာ့ ကြၽဲလိုျမင္းလို ေမြးလာရတယ္- အဓိပၸာယ္က တခ်ိဳ႕လူေတြဟာ ဘာမွလုပ္စရာ မလိုဘဲ ထိပ္မွာ ရပ္ေနႏိုင္တယ္ဆိုတဲ့သေဘာပါ။)
အျခားသူေတြ မက္ေမာၿပီး အားက်ရတဲ့ ေလာ့မိသားစုေခါင္းေဆာင္ဆိုတဲ့ ရာထူးက သူ႔အတြက္ေတာ့ ႀကီးလာတာနဲ႔ အလြယ္တကူ ဆက္ခံႏိုင္မယ့္ ေနရာတစ္ခုဆိုတာထက္ မပိိိုဘူးေလ။
"ေကာင္းပါၿပီ ဒါဆို ကြၽန္ေတာ္ သြားလိုက္အုံးမယ္" ယြီေရွာ့တစ္ေယာက္ အေတြးငိုင္ေနရာကေန အာ႐ုံျပန္စုစည္းလိုက္ၿပီး အရင္ ႏႈတ္ဆက္လိုက္ေတာ့သည္။ "လင္းရွန္းျပန္လာလို႔ အားတဲ့အခါ ထမင္းတစ္နပ္ေလာက္ တူတူစားၾကတာေပါ့။"
ရွီယြင္နန္ ျပန္ေခါင္းညိတ္ျပလိုက္ေလသည္။
ယြီေရွာ့ထြက္သြားသည္ႏွင့္ ေ႐ႊငါးေလးမွာ အရင္လိုခြၽဲအီအီပုံစံေလးျပန္ျဖစ္သြားၿပီး ရွီယြီနန္အား တင္းတင္းဖက္ထားေတာ့သည္။ "ေရွာင္ရႈရႈ သား milk tea ေသာက္လို႔ရလား?"
သူ႔ရႈရႈ အိမ္မွာမရွိတုန္း သူ႔ျဖစ္ခ်င္တဲ့ ဆႏၵေလးေတြကို အျမန္ထုတ္ေျပာရမယ္ေလ။
ရွီယြင္နန္ သူ႔အား ေပြ႕ခ်ီကာ ျပန္ေျဖလိုက္သည္။ "အျပင္ထြက္ ကစားခ်င္ေနတာမလား? ယြီေရွာ့ကို ေတြ႕တုန္းက ဘာလို႔ မ်က္ႏွာႀကီး တည္ေနရတာလဲ?"
ေ႐ႊငါးေလးက ေခါင္းေလးကို ခါယမ္းျပၿပီး ျပန္မေျဖလာ။ သို႔ေသာ္ သူစိတ္ထဲမွာေတာ့ နည္းနည္း ဂုဏ္ယူေနမိသည္။
-ငါ့ရႈရႈက အိမ္မွာမရွိဘူး။ ဒီ ယြီဦးဦးက ႏိုင္ငံျခားသားဦးဦးလို သူ႔ေရွာင္ရႈရႈကို လာႀကိဳက္ေနရင္ ဘယ္လိုလုပ္မလဲ?
-ဟုတ္တာေပါ့ သူက လူေတြေၾကာက္ၿပီးထြက္ေျပးသြားေအာင္ သူ႔ရႈရႈပုံစံအတိုင္း လိုက္လုပ္လိုက္တာေလ! ၾကည့္ေလ သူ႔အႀကံက လုံးဝ ေအာင္သြားတာပဲကို!
ေ႐ႊငါးေလးက ဆက္ခြၽဲေနတုန္းပင္။ "ေရွာင္ရႈရႈ သား milk tea ခ်ိဳခ်ိဳေလး ေသာက္ခ်င္တယ္! တစ္ဝက္ပဲေလ"
ရွီယြင္နန္ သူ႔ႏွာသီးထိပ္ေလးကို ထိကာ- "ဒီ ပါးနပ္တဲ့ တေစၦေလးကေတာ့။ မင္းရႈရႈ အိမ္မွာမရွိတဲ့ အခ်ိန္က်မွ ဒါမ်ိဳးေတြ ေတာင္းတယ္ေနာ္။ ေရွာင္ရႈရႈက မင္းကို အျပင္မွာ ကစားဖို႔ လိုက္ပို႔ေပးမယ္၊ ၿပီးရင္ milk tea ဝယ္တိုက္မယ္"
ေ႐ႊငါးေလးတစ္ေယာက္ ဝမ္းသာအားရ ဖားေတာ့သည္။ "ေရးး! ကမာၻေပၚမွာ ငါ့ေရွာင္ရႈရႈကသာ အေကာင္းဆုံး!"
"မင္းရႈရႈ ၾကားရင္ေတာ့ ဝမ္းနည္းေတာ့မွာပဲကြာ။" ရွီယြင္နန္ သူ႔ကို စလိုက္ေတာ့
ေ႐ႊငါးေလးက ခ်က္ခ်င္းဆိုသလို အသံတိုးတိုးေလးနဲ႔ နား အနား ကပ္ေျပာလာေလသည္။ "ဒါဆိုလည္း တိုးတိုးေလးပဲ ေျပာၾကတာေပါ့။ သူ႔ကို မေျပာနဲေနာ္"
ရွီယြင္နန္ ရယ္ကာ သူ႔အား အိမ္ေဘးက ကားဂိုေဒါင္သို႔ ေခၚသြားလိုက္သည္။
...
ေလာ့လင္းရွန္းကေတာ့ ႏိုင္ငံျခားမွာပဲ ရွိေနဆဲျဖစ္ၿပီး ျပန္မလာေသး။ အလုပ္ဆင္းတာနဲ႔ ရွီယြင္နန္တစ္ေယာက္ ေလာ့အိမ္ေတာ္တန္းျပန္တတ္ၿပီး တခါတေလ ဆင္း႐ုံမွ ဆင္းလာသည့္ လူအိုႀကီးဝမ္ႏွင့္ ညစာစားရန္ ဝမ္ရိေပ၏ ဗီလာအသစ္သို႔ သြားတတ္သည္။
လူအိုႀကီးဝမ္မွာ လြန္ခဲ့သည့္ တစ္လကပင္ ေဆး႐ုံမွ ဆင္းခဲ့ရ၏။ ကင္ဆာေရာဂါကို ကုသၿပီးေနာက္မွေတာ့ သူ႔ခႏၶာကိုယ္ဟာ အရင္လို ျပန္မေကာင္းႏိုင္ေတာ့ေပ။ သို႔ေသာ္ ညီအစ္ကိုႏွစ္ေယာက္၏ ေစာင့္ေရွာက္မႈေအာက္မွာ ရွိေနတာေၾကာင့္ သူ႔စိတ္အေျခမွာ အရင္ကေလာက္ မဆိုးေတာ့။
"အဘိုး၊ ဒီ တို႔ဟူးစြပ္ျပဳတ္ အရမ္းစားလို႔ေကာင္းတယ္။ ကြၽန္ေတာ္ နည္းနည္းေလာက္ ထည့္ေပးရမလား?"
"ေတာ္ၿပီ အဘိုး ဗိုက္ျပည့္ၿပီ။ မင္းတို႔ ညီအစ္ကိုႏွစ္ေယာက္သာ အသားေလးေတြျပည့္လာေအာင္ မ်ားမ်ားစားၾက"
လူအိုႀကီးဝမ္မွာ သူ႔ေဘးနားတြင္ ထိုင္ေနသည့္ ေျမးႏွစ္ေယာက္ကိုၾကည့္ၿပီး သူမ်က္လုံးမ်ားထဲတြင္ ေက်နပ္သည့္အရိပ္အေယာင္မ်ားျပည့္ႏွက္ေန၏။
သူ႔ဒီေလာက္အသက္ႀကီးေနတာေတာင္ ေျမးႏွစ္ေယာက္က စိတ္ရင္းနဲ႔ အစြမ္းကုန္ ျပဳစုေစာင့္ေရွာက္ေပးေနတာေၾကာင့္ သူေက်နပ္ေနမိသည္။
လူအိုႀကီးဝမ္က စကားကို ေျဖးေျဖးခ်င္း ေျပာလာသည္။ "မစၥတာေလာ့ေကာ? အခ်ိန္ရရင္ သူ႔ကိုပါ ေခၚလာအုံးေလ"
"အဘိုး သူ႔ကို နာမည္နဲ႔ပဲ ေခၚပါ။ လက္ေတြ႕က်က်ေတြးမယ္ဆို သူက အဘိုးထက္ ငယ္တာပဲဟာ။" ရွီယြင္နန္က အမွန္ျပန္ျပင္လိုက္ၿပီး ငါးဟင္းရည္ေလးကို တစ္ငုံေသာက္လိုက္သည္။
"လင္းရွန္းက ႏိုင္ငံျခားမွာ ေနာက္မွေတြ႕ဖို႔ေခၚလာခဲ့မယ္။"
လူအိုႀကီးဝမ္က သူေျမးေလးရဲ႕ လက္ေကာက္ဝတ္ေလးကို ပုတ္ကာ-
"ေကာင္းပါၿပီ၊ အဲ့လိုဆို အဘိုး စိတ္ေအးရၿပီ။"
သူက ေျပာတာရပ္လိုက္ၿပီး သူ႔ေဘးက ဝမ္ရိေပအား ၾကည့္လိုက္ျပန္သည္။ "အသက္ႏွစ္ဆယ္ေက်ာ္တဲ့ မင္းအစ္ကိုကေတာ့ အခုထိ လက္တြဲေဖာ္မရွိေသးဘူး။ သူက စာသင္ၿပီး ျပန္လာတာနဲ႔ ငါလို အဘိုးႀကီးနဲ႔ပဲ အခ်ိန္ျဖဳန္းေနတာ"
ျမႇားဦးလွည့္ခံလာရတဲ့ ဝမ္ရိေပမွာ ရယ္ရမလား ငိုရမလား မသိကာ တူကို ခ်လိုက္၏။
ရွီယြင္နန္က အၿပဳံးေလးနဲ႔ ျပန္ေျပာလိုက္ေလသည္။ "အဘိုးကလည္း အစ္ကို႔ကိုႀကိဳက္တဲ့ လူေတြကို စီရင္ အင္ပါယာၿမိဳ႕ေတာ္ကိုေတာင္ တစ္ပတ္ပတ္လို႔ရတယ္။ စိတ္မပူပါနဲ႔ တစ္ေန႔ သူက ေျမးသားမက္ေလးကို ေခၚလာခ်င္ေခၚလာမွာေပါ့"
"....."
ဝမ္ရိေပမွာ သူ႔ကို စ ေနသည့္ ညီေလးအား မႏိုင္ဘူးဆိုသည့္ အၾကည့္ေလးနဲ႔ စိုက္ၾကည့္လိုက္ေလသည္။
"ေယာက္်ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ တစ္ေယာက္ေယာက္ေဘးမွာ ရွိေနေပးတယ္ဆိုတာ ေကာင္းတာပဲေလ။"
သူ႔ေျမးေလးႏွစ္ေယာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရသေ႐ြ႕ လူအိုႀကီးဝမ္ ေခါင္းမာေနမွာ မဟုတ္။ သူဒါကို စဥ္းစားမိလိုက္ၿပီးေနာက္ ေလးေလးနက္နက္ ေျပာလိုက္သည္-
" အဘိုးကေတာ့ မင္းတို႔ လက္တြဲေဖာ္ မင္းတို႔အေပၚ ေကာင္းေပးဖို႔ကိုပဲ ေမွ်ာ္လင့္မိတယ္။ မင္းတို႔ကလည္း တစ္ဖက္လူကို တန္ဖိုးထားရမယ္"
ရွီယြင္နန္ "အင္း"လို႔ ျပန္ေျဖလိုက္ၿပီး ဝမ္ရိေပအား ၾကည့္ကာ- "ေကာ~ ၾကားတယ္ေနာ္"
"ျမန္ျမန္သာ စားစမ္းပါကြာ၊ အစားအေသာက္ကေတာင္ မင္းပါးစပ္ကို မပိတ္ႏိုင္ပါလား"
သုံးေယာက္သား စ ေနာက္ ေျပာဆိုေနၾကရင္း အခန္းတံခါးပြင့္လာၿပီး အလုပ္ၿပီးသြားသည့္ ဝမ္ယန္ဖုန္းက ဝင္လာသည္။
"ဦးေလး"
ရွီယြင္နန္ႏွင့္ ဝမ္ရိေပ တၿပိဳင္နက္တည္း ေခၚလိုက္ၾက၏။
ဝမ္ယန္ဖုန္းက တူေလးႏွစ္ေယာက္ကို ျပန္ၿပဳံးျပကာ- "မင္းတို႔ႏွစ္ေယာက္ကို ေျပာစရာရွိလို႔ ေရာက္လာတာ"
"ဘာမ်ားလဲ?"
ဝမ္ယန္ဖုန္းက အသက္ျပင္းျပင္းရွဴကာ- "ရွီကုမၸဏီ ဒုကၡေတြ ႀကဳံေနရတယ္။ ေမွာင္ခိုကိစၥမွာ သူတို႔ ပါဝင္ပတ္သတ္ေနတယ္ဆိုၿပီး ဒီေန႔ သတင္းထြက္လာတယ္ေလ။ အဆင္ေျပတဲ့ လမ္းေၾကာင္းကို သုံးၿပီး သာမာန္ကုန္စည္ပို႔တဲ့ ယာဥ္ေတြလိုမ်ိဳး ခိုးသြင္းေနတာဆိုပဲ။"
"ရွီးခယ့္ယြဲ႕ေကာ၊ ရွီရွန္းေကာ သက္ဆိုင္ရာ ဝန္ထမ္းေတြအားလုံးကိုပါ စစ္ေဆးဖို႔ ေခၚသြားၿပီတဲ့။"
ေမွ်ာ္လင့္ထားသည့္ သတင္းကို ၾကားသည့္အခါ ရွီယြင္နန္က ငါးစြပ္ျပဳတ္ကိုသာ တိတ္တဆိတ္ေသာက္ေနလိုက္၏။
ဝမ္ရိေပကသာ ခဏတာ ဘာေျပာရမွန္းမသိ ျဖစ္ေနသည္။
"ဦးေလး အဲ့သတင္းက ဟုတ္ေကာ ဟုတ္ရဲ႕လား?"
"သတင္းမွာေတာင္ ပါလာတယ္ဆိုေတာ့ သတင္းအမွား ျဖစ္ႏိုင္ပါ့မလား"
ဒါကိုၾကားေတာ့ အၿမဲတမ္း စိတ္သေဘာထားေကာင္းသည့္ လူအိုႀကီးဝမ္က ေလွာင္ေျပာင္လိုက္ေလသည္။ "ေကာင္းတယ္! ကိုယ္လုပ္တဲ့အက်ိဳး ကိုယ္ျပန္ခံစားရတာပဲ။ ရွီမိသားစုနဲ႔ တန္တယ္!"
"ရွီေဟာက္သယ္တို႔ သားအဖႏွစ္ေယာက္ မ်က္လုံး က်ယ္က်ယ္ ပြင့္သြားၾကပါေစ! ဒါက တရားမဝင္သားကို မ်က္စိစုံမွိတ္ယုံရင္ ဘာျဖစ္မလဲဆိုတာပဲ!"
"အဲ့တုန္းကေတာ့ သူတို႔က ငါ့သမီးေလးကို ဒုကၡေပးသလို၊ မင္းတို႔ကေလးႏွစ္ေယာက္လည္း အခ်စ္မခံ ခဲ့ရဘူး။ အခုေတာ့ ဝဋ္ျပန္လည္တာပဲ!ဘုရားသခင္မွာလည္း မ်က္လုံးရွိတာပဲေလ!"
လူအိုႀကီးဝမ္ ေဒါသထြက္ေနတာကိုေတြ႕ေတာ့ ရွီယြင္နန္ သူ႔ေနာက္ေက်ာေလးကို အျမန္ပုတ္ေပးလိုက္သည္။ "အဘိုး ေဒါသ အရမ္းမထြက္ပါနဲ႔။ ရွီမိသားစုကလူေတြ သူတို႔ဘာသာသူတို႔ ကိုယ့္အားကိုယ္ကိုးပေလ့ေစ။"
ဝမ္ရိေပကလည္း ေျဖာင္းဖ်လိုက္၏။ "အဘိုး၊ အဘိုးက်န္းမာေရးကသာ အေရးႀကီးဆုံးပါ။ မဆိုင္တဲ့လူေတြအတြက္ ေဒါသျဖစ္ေနဖို႔ မတန္ဘူးေလ။"
ေျမးႏွစ္ေယာက္ရဲ႕ သေဘာထားကို ျမင္ေတာ့ လူအိုႀကီးဝမ္မွာ တျဖည္းျဖည္း ေဒါသမ်ားေျပေလ်ာ့သြားေတာ့သည္။ "ဟုတ္တယ္ မင္းတိုေျပာတာမွန္တယ္။ ကိုယ့္ဘဝအတြက္ပဲ ရွင္သန္ၾကတာေပါ့။ အဲ့အရွက္မရွိတဲ့ လူသုံးေယာက္အေၾကာင္း စဥ္းစားေနဖို႔ မတန္ဘူး!"
ဘဝရဲ႕ ေနာက္ဆုံးထြက္သက္အခ်ိန္အထိ ဘာေတြ ေတြ႕ႀကဳံရမလဲဆိုတာ မသိႏိုင္ဘူးေလ။
အရင္တုန္းကေတာ့ လူအိုႀကီးရွီ ဘယ္ေလာက္ပဲ မာနေထာင္လႊားၿပီး အာဏာရွိေနပါေစ၊ အခုေတာ့ သနားစရာေကာင္းတဲ့ လူတစ္ေယာက္ ျဖစ္ေနၿပီပဲ မဟုတ္လား?
အႏွစ္ႏွစ္ဆယ္နီးပါး ခံစားလာခဲ့ရသည့္ ဝမ္မိသားစု၏ မေက်နပ္ခ်က္ေတြဟာ ဒီေန႔မွာတင္ ေပ်ာက္ပ်ယ္လို႔ သြားေလၿပီ။
...
တစ္ပတ္က မ်က္စိတစ္မွိတ္အတြင္းမွာပဲ ကုန္သြားျပန္သည္။
ရွီယြင္နန္ ကားရပ္ေနတုန္း ေလာ့လင္းရွန္းက ဖုန္းေခၚလာ၏။
ဖုန္းခ်ိတ္ဆက္သြားတဲ့ အခ်ိန္မွာပဲ စြဲမက္ဖြယ္ေကာင္းတဲ့ အသံေလးဟာ သူ႔နားထဲတြင္ ပဲ့တင္ထပ္လာသည္။ "ဟဲလို အလုပ္မ်ားေနလား?"
ရွီယြင္နန္ သူ႔ထိုင္ခုံခါးပတ္ေလးကို ျဖဳတ္လိုက္ၿပီး က်ီစယ္လိုက္၏။ "ကြၽန္ေတာ္ ဘယ္ေလာက္ပဲ အလုပ္မ်ားေနပါေစ မစၥတာေလာ့ဖုန္းေခၚတာနဲ႔ ခ်က္ခ်င္း ကိုင္မွာေပါ့။"
ဖုန္းတစ္ဖက္ရွိ ေလာ့လင္းရွန္းမွာ ရယ္ေနၿပီး သူ႔ခရီးစဥ္အေၾကာင္းေလး ေျပာလာသည္။ "ကိုယ္အခု ေလဆိပ္ကေန ထြက္လာေနၿပီ။ မနက္ျဖန္ ကိုယ္ ျပန္လာတာ ေစာင့္ေနေနာ္...ကိုယ္မင္းကို ေျပာစရာရွိတယ္"
သူတို႔၏ မဂၤလာႏွစ္ပတ္လည္ေန႔ေလးမွာ သန္ဘက္ခါျဖစ္သည္။
မေမ့ႏိုင္တဲ့ ေမြးေန႔ပါတီကလြဲရင္ မနက္ျဖန္က ေလာ့လင္းရွန္းႏွင့္ ရွီယြင္နန္တို႔ ျပန္ဆုံသည့္ ႏွစ္ပတ္လည္ေန႔လို႔ ေျပာႏိုင္ေလသည္။
ေလာ့လင္းရွန္းက ႏွစ္ပတ္လည္ေန႔ေလးကို သတိတရရွိမွန္း ရွီယြင္နန္ သိလိုက္ရသည့္အခါ ၿပဳံးမိသြား၏။ "ခင္ဗ်ားက အခုႀကိဳေျပာလိုက္တာလား? ဒါဆို မနက္ျဖန္ surprise မရွိေတာ့ဘူးေပါ့?"
"မင္းက surprise လိုခ်င္တာလား?"
ေလာ့လင္းရွန္းက အခ်စ္မ်ားျပည့္ႏွက္ေနသည့္ ေလသံျဖင့္ ထိုေမးခြန္းအား ေမးလာတာေၾကာင့္
ရွီယြင္နန္မွာ သူ႔နားထဲထိ နီရဲလာသလို ခံစားလိုက္ရသည္။ နည္းနည္း ခြဲေနရတာက ၾကင္စဦးတုန္းကထက္ ပိုေကာင္းတယ္လို႔ ေျပာၾကေပမယ့္လည္း ဒီတစ္ေခါက္မွာေတာ့ ေလာ့လင္းရွန္းနဲ႔ တစ္လေလာက္ခြဲေနရတာမို႔ အရင္ကထက္ ပိုျမန္ျမန္ ေတြ႕ခ်င္ေနမိသည္။
"Surprise မလိုပါဘူး"
ရွီယြင္နန္က ဖုန္းတစ္ဖက္ကလူအား တမင္တကာ လႈံ႕ေဆာ္လိုက္ေတာ့သည္။ "ဒီတိုင္း ကြၽန္ေတာ္က တံခါးေလးပိတ္ၿပီး မစၥတာေလာ့နဲ႔ လူႀကီးေတြကစားတဲ့ ကစားနည္းေလးေတြကို ကစားခ်င္႐ုံေလးပါ "
ဖုန္းတစ္ဖက္ရွိ အသက္ရွဴသံေတြမွာ ျမန္ဆန္ေန၏။ ဒါကို သတိထားမိသြားတဲ့ ရွီယြင္နန္ တစ္ေယာက္ မရယ္ဘဲ မေနႏိုင္ေတာ့။ "အိုေက ခင္ဗ်ား ျပန္လာမွ ေျပာၾကတာေပါ့။ ဒီမွာ လုပ္စရာေတြ ရွိေသးလို႔။"
"ဘာလုပ္စရာလဲ?"
ရွီယြင္နန္ ကားျပတင္းေပါက္ကေနတဆင့္ အင္ပါယာၿမိဳ႕ေတာ္၏အက်ဥ္းေထာင္ ဆိုသည့္ ဆိုင္းဘုတ္ကိုၾကည့္လိုက္ၿပီး အမွန္တိုင္းပဲ ေျပာလိုက္သည္။ "ကြၽန္ေတာ္ ရွီးခယ့္ယြဲ႕ကို ေနာက္ဆုံးအေနနဲ႔ လာေတြ႕တာ"
ထူးဆန္းေပမယ့္လည္း လက္ေတြ႕ဆန္လြန္းတဲ့ အိမ္မက္ကေန ဇာတ္လမ္းစခဲ့တယ္။
ဘယ္လိုပဲျဖစ္ျဖစ္ သူကေတာ့ ဇာတ္လိုက္ကို မ်က္ႏွာခ်င္းဆိုင္ အဆက္ျဖတ္ႏိုင္ဖို႔ ေမွ်ာ္လင့္မိခဲ့ယ္ေလ။
...
ဆယ္မိနစ္ၾကာေသာအခါ—
ရွီယြင္နန္က ဧည့္ေတြ႕ခန္းရွိ ထိုင္ခုံေပၚတြင္ သက္ေတာင့္သက္သာထိုင္ေနၿပီး ေဖာက္ထြင္းျမင္ရသည့္ ဖန္အကာကေနတဆင့္ လူတစ္ေယာက္ကို ေစာင့္ေနသည္။
သိပ္မၾကာခင္မွာပဲ အတြင္းထဲမွ သံတံခါးကို ေထာင္အေစာင့္မ်ားက ဖြင့္လိုက္တာေၾကာင့္ လက္ထိပ္ခတ္ထားခံရသည့္ ရွီးခယ့္ယြဲ႕က ရွီယြင္နန္ မ်က္စိေရွ႕တြင္ ေပၚလာသည္။
ေစ့စပ္ပြဲၿပီးသြားတာ ႏွစ္လမျပည့္ေသးေသာ္လည္း ရွီးခယ့္ယြဲ႕မွာ ပိန္လွီေနကာ အ႐ိုးေပၚ အေရတင္ျဖစ္ေနရွာ၏။ မ်က္တြင္းေဟာက္ပက္က်ေနၿပီး မရိတ္ရေသးသည့္ မုတ္ဆိတ္မ်ားက သူ႔အား ပင္ပန္းႏြမ္းလ်တဲ့ ပုံစံေပါက္ေစေလသည္။
ဒီလိုလူက လြန္ခဲ့သည့္ႏွစ္ေတြတုန္းကရွိခဲ့သည့္ တတိယသခင္ေလး၏ အမူယာမ်ိဳး လုံးဝကင္းမဲ့ေန၏။
ရွီယြင္နန္က သူ႔အား ငါးစကၠန္႔မွ်သာ ၾကည့္ၿပီး ေအးေအးေဆးေဆး စေျပာလိုက္သည္။ "ငါနဲ႔ ဧည့္ေတြ႕ဖို႔ သေဘာတူမယ္လို႔ မထင္ထားဘူး။"
ရွီးခယ့္ယြဲ႕က ေထာင္အေစာင့္မ်ား၏ အၾကည့္ေအာက္မွာပင္ ဖန္အကာျခားထားသည့္ တစ္ဖက္ျခမ္းတြင္ ထိုင္ေန၏။
သူ ဟိုင္ၿမိဳ႕ေတာ္မွာ ဖမ္းခံခဲ့ရၿပီး ရဲေတြ စုံစမ္းေမးျမန္းတာကို ပူးေပါင္းရန္ လြန္ခဲ့သည့္ ႏွစ္ရက္ကမွ အင္ပါယာ အက်ဥ္းေထာင္သို႔ ေရာက္လာခဲ့ေလသည္။
ရွီးခယ့္ယြဲ႕ မ်က္လုံးမ်ားက မႈိင္းေနၿပီး သူက ခနဲ႔ သလို ေလွာင္ၿပဳံးၿပဳံးလိုက္သည္။ " ငါဒီေရာက္လာတာ ႏွစ္ရက္ပဲ ရွိေသးတာကို မင္းက လာရွာႏိုင္တာပဲ။ ငါ့အေမထက္ေတာင္ အခ်ိန္မွန္ေသးတယ္"
"ဟုတ္လား?" ရွီယြင္နန္က ဒီစကားကို အႏိုင္ရသူအၿပဳံးမ်ိဳးနဲ႔ မဟုတ္ဘဲ ေအးေအးေဆးေဆး ျပန္ေျပာလိုက္၏။
ရွီယြင္နန္၏ အသက္မပါသည့္ မ်က္ႏွာထားကို ေတြ႕လိုက္ရသည့္အခါ ရွီးခယ့္ယြဲ႕တစ္ေယာက္ ဘာေၾကာင့္မွန္းမသိ အေလွာင္ခံရသလို ခံစားလိုက္ရ၏။ သူ႔ဟာ လက္ကို စားပြဲေပၚတင္လိုက္ၿပီး ႏွစ္မိနစ္ၾကာ မြန္းၾကပ္ေနေတာ့သည္။
"ရွီယြင္နန္ မင္းက ငါ့ရဲ႕ သနားစရာေကာင္းတဲ့ ပုံစံကို လာၾကည့္တာလား? ေလာ့လင္းရွန္းကို မွီခိုေနရတဲ့ မင္းလိုလူက ငါ့ကိုေလွာင္ဖို႔ ဘာအရည္အခ်င္းရွိလို႔လဲ?"
"ငါဒီေန႔ ဒီလိုအေျခအေနျဖစ္ဖို႔ ေလာ့လင္းရွန္းကို အားကိုးေနရတယ္လို႔ မင္းေျပာတယ္ေနာ္? အဲ့ေတာ့ မင္းကေကာ ဒီေန႔ ဒီလိုအေျခအေနျဖစ္ရတဲ့ထိ ဘာေတြကို အားကိုးခဲ့လဲ?"
ရွီးခယ့္ယြဲ႕၏ မ်က္လုံးမ်ားမွ တဆင့္ ေခါင္းမာတဲ့ စ႐ိုက္ကို ေဖာက္ျမင္လိုက္ရတာေၾကာင့္ ရွီယြင္နန္ ခနဲ႔သလို ၿပဳံးျပလိုက္သည္။ "မင္းရဲ႕ ဒီကမာၻႀကီးအေပၚ အရမ္းႏွံ႔ႏွံ႔စပ္စပ္သိေနတဲ့ ဦးေႏွာက္အေပၚ အားကိုးေနတာလား? ရွီးခယ့္ယြဲ႕ဆိုတာ တကယ္ပဲ မင္းဟုတ္ရဲ႕လား?"
"....."
ရွီးခယ့္ယြဲ႕ မ်က္လုံးမ်ားမွာ ႐ုတ္တရက္ တုန္ယင္သြား၏။
"ဒီကမာၻႀကီးတစ္ခုလုံးကို သိထားေတာ့ အေထာက္အပံ့ေပးႏိုင္မယ့္ အဆက္အသြယ္ေတြက မင္းရဲ႕စီးပြါးေရးအေပၚ အသုံးခ်ႏိုင္ခဲ့မယ္လို႔ ထင္ေနမွာေပါ့? မင္းကပဲ အရာအားလုံးကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ထင္ေနခဲ့မွာေပါ့?"
ရွီယြင္နန္က သူ႔အား ျဖည္းျဖည္းခ်င္း ေမးခြန္းထုတ္ေန၏။
ရွီးခယ့္ယြဲ႕ တစ္ေယာက္ ေခြၽးေစးေတြ ျပန္လာေတာ့သည္။ သူက ဖန္အကာနားသို႔ ကပ္ကာ ျပဴးက်ယ္ေနသည့္ မ်က္လုံးျဖင့္ အံ့ႀကိတ္ကာ ေမးလာ၏။
"မင္း ဘယ္လိုလုပ္ သိေနရတာလဲ! မင္းမသိႏိုင္ဘူးေလ!"
သူက "စာအုပ္ထဲကူးေျပာင္းလာသူ" ျဖစ္ၿပီး ငယ္ငယ္ေလးကတည္းက ရွီးခယ့္ယြဲ႕ေနရာမွာ အစားဝင္ခဲ့သည္။ ကံမေကာင္းစြာနဲ႔ပဲ၊ ဒီစာအုပ္ထဲရဲ႕ ကမာၻမွာ သူက အေျမႇာက္စာဇာတ္ေကာင္သာသာျဖစ္ေနေလသည္။
ရွီးခယ့္ယြဲ႕ကေတာ့ သူကံၾကမၼာကို ဒီလိုပဲ လက္မခံႏိုင္ခဲ့။
ထို႔ေၾကာင့္ သူက ဒီႏွစ္မ်ားအတြင္း စာအုပ္ထဲက သိေနသမွ်ကို မွီခိုအားထားကာ သူ႔အား အက်ိဳးျပဳႏိုင္မယ့္ လူမ်ားႏွင့္ ရင္းႏွီးေအာင္လုပ္ၿပီး သူ႔စီးပြါးေရးကို တဆင့္ၿပီးတဆင့္ တိုးတက္ေအာင္ ႀကိဳးစားခဲ့သည္။
အစကေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ လြယ္ကူလြန္းေနတာေၾကာင့္ ရွီးခယ့္ယြဲ႕တစ္ေယာက္ နဂိုရည္႐ြယ္ခ်က္ကိုေတာင္ ေမ့ေလ်ာ့ေနၿပီး ဒီကမာၻေပၚရွိလူတိုင္းကို သူအသုံးႏိုင္သည့္ ပစၥည္းမ်ားအျဖစ္ ယူဆေနခဲ့သည္။
ရွီယြင္နန္က ခနဲ႔ၿပဳံးၿပဳံးကာ အမွန္တရားကို ထုတ္ေျပာလိုက္သည္။ "ရွီးခယ့္ယြဲ႕ မင္းရဲ႕အမွားက ကိုယ့္ကိုကိုယ္ ဂုဏ္ေမာက္လြန္းေနတာပဲ။ ကမာၻႀကီးက ဘယ္ေတာ့မွ မင္းအနားမွာပဲ လည္ပတ္ေနမွာ မဟုတ္ဘူး။"
"မင္းမွာ တကယ္ပဲ စီးပြါးေရးအျမင္ရွိတယ္လို႔ ထင္ေနတာလား? မင္းကိုယ္မင္း လူေတြကို ထိန္းခ်ဳပ္ႏိုင္တယ္လို႔ တကယ္ထင္ေနတာလား?"
"ဒါေပမယ့္ မင္းေနာက္ပိုင္း ရင္းႏွီးျမႇဳပ္ႏွံသမွ် ေျခလွမ္းတိုင္းက မွားေနတာပဲေလ။ ရွီမိသားစုေကာ ယြမ္ေ႐ြ႕စြန္႔ပစ္တာပါ ခံရ႐ုံမက၊ မင္းနဲ႔ တႀကိတ္တည္းတစ္ဥာဏ္တည္းျဖစ္ခဲ့တဲ့ ေလာ့ယန္ခြၽမ္း စြန္႔ပစ္တာေတာင္ ခံခဲ့ရတာပဲ"
"....."
ရွီးခယ့္ယြဲ႕က ႏႈတ္ဆိတ္ေန၏။
ရွီယြင္နန္ ကိုယ္ေလးကို မတ္ကာ ဖန္အကာနားသို႔ညတိုးသြားလိုက္ၿပီး ဆက္ေျပာလိုက္သည္။ "မင္းကေတာ့ ရွီမိသားစု ပိုင္ဆိုင္မႈေတြကို မက္ေမာလို႔ လူအိုႀကီး သေဘာက်ေအာင္ေနခဲ့ေပမယ့္ သူကတကယ့္စိတ္ရင္းနဲ႔ မင္းကို ဆက္ခံသူအျဖစ္ သေဘာထားခဲ့တာ"
"မင္းသာ ရွီမိသားစု ေဒဝါလီခံရေတာ့မယ့္အခ်ိန္ နည္းနည္းေလး ကူညီေပးခဲ့ရင္ သူဒီေလာက္ ေသြးေအးသြားမွာ မဟုတ္ဘူး။"
ဒီလိုသာဆို ရွီမိသားစု ပိုင္ဆိုင္မႈေတြႏွင့္ ကုမၸဏီဟာ ရွီးခယ့္ယြဲ႕ အိတ္ကပ္ထဲမွာပဲ ရွိေနႏိုင္ေလာက္သည္။
"ယြမ္ေ႐ြ႕ဆိုတာ ႐ိုးသားၿပီး အျပစ္ကင္းတဲ့ သူ။ မင္းရဲ႕ အတုအေယာင္စကားေတြေၾကာင့္ မင္းဘက္မွာ အျပည့္အဝရပ္တည္ၿပီး မင္းရွယ္ယာရွင္ျဖစ္ဖို႔ မစၥတာယြမ္နဲ႔ေတာင္ အတိုက္အခံလုပ္ခဲ့တာ"
"ဒါေပမယ့္ မင္းဘာလုပ္ခဲ့လဲ?"
"သူ႔ခံစားေနရတာေတြ သူဒုကၡေတြကို မင္းမသိဘူး။ သူ႔အေဖနဲ႔ အစ္ကိုႀကီးက သူ႔ကိုစြန္႔ပစ္လိုက္သလို ခံစားေနရတဲ့အခ်ိန္ မင္းက သူ႔ေနာက္ေက်ာကို ဓားနဲ႔ ထိုးခဲ့တယ္ေလ။ ႏွေျမာစရာပဲ..."
"ဘာ?" ရွီးခယ့္ယြဲ႕က စကားလုံးတစ္လုံးကို အတင္းညစ္ထုတ္ေျပာလာ၏။
ရွီယြင္နန္က ေခါင္းယမ္းကာ-
"ယြမ္ေ႐ြ႕က တကယ္ပဲ အလားအလာရွိတယ္၊ ဒါမယ့္ မင္းကေတာ့ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ အဲ့ေခြးခ်ီး ကုကြၽယ္ကို ေ႐ြးခဲ့တယ္ေလ"
အနာဂတ္ကို ႀကိဳျမင္ေနေတာ့ေကာ ဘာထူးလဲ?
လူေတြကို ႏွလုံးသားနဲ႔ မဆက္ဆံသလို၊ ႏွလုံးသားမရွိတဲ့ သူေတြနဲ႔ပဲ သိကြၽမ္းတယ္။
မိသားစု အေထာက္အပံ့ဆုံးရႈံးရတယ္ ၊ သူငယ္ခ်င္း ဆုံးရႈံးရတယ္။
ေလာ့ယန္ခြၽမ္းႏွင့္ ကုကြၽယ္မွာ လူေကာင္းမဟုတ္မွန္း ေကာင္းစြာသိေနလ်က္ သူက ထိုလူေတြနဲ႔ လက္တြဲခဲ့တယ္။ သူစိုက္တဲ့အသီး သူျပန္ရိတ္သိမ္းရတာပဲမလား?
ရွီးခယ့္ယြဲ႕ကေတာ့ ေခါင္းမာမာနဲ႔ ျငင္းဆိုလာသည္။ "ေအာင္ႏိုင္သူက ဘုရင္ျဖစ္ၿပီး အရႈံးသမားက ဓားျပပဲေလ။ ဟုတ္တယ္ မင္းေျပာသမွ်ကသာ အမွန္။"
"ထားလိုက္ေတာ့။ မင္းက ကမာၻေပၚမွာ အျမစ္တြယ္ေနတဲ့ လူေတြရဲ႕အင္အားနဲ႔ ႐ိုးသားတဲ့စိတ္ကို နားမလည္ပါဘူး "
ရွီယြင္နန္က စားပြဲကို လက္ေခ်ာင္းေလးနဲ႔ တေတာက္ေတာက္ေခါက္ေနၿပီး ေခါင္းခါလိုက္သည္။ "ဒါေပမယ့္ ငါသိခ်င္ေနတုန္းပဲ။ မင္ဘယ္လိုလုပ္ ဒီေလာက္ အႏၲရာယ္မ်ားတဲ့ ကိစၥကို လုပ္ရဲရတာလဲ?"
ေစ့စပ္ပြဲအၿပီးမွာေတာ့ ရွီးခယ့္ယြဲ႕ ခဏေလာက္ၿငိမ္ေနေလာက္မည္ဟု ရွီယြင္နန္ ထင္ခဲ့မိသည္။
စိမ္းစိုတဲ့ ေတာင္တန္းေတြရွိေနသေ႐ြ႕ ထင္းရွိေနအုံးမွာပဲဆိုတဲ့ စကားအတိုင္း တစ္ဖက္လူက ဒီေလာက္ဆႏၵေစာေနမယ္လို႔ သူ မထင္ထားခဲ့။
သူက ဘာလို႔ ေမွာင္ခို ကိစၥနဲ႔ ပတ္သတ္ရတာလဲ? ဒါက ေသျခင္းတရားကို လက္ယပ္ေခၚေနသလိုပဲေလ...
ဒီေမွာင္ခို အမႈႏွင့္ပတ္သတ္ၿပီး စီရင္ခ်က္မခ်ရေသးေသာ္လည္း ပမာဏေပၚအေျခခံၿပီး ႀကံရာပါ ရွီးခယ့္ယြဲ႕မွာ ေထာင္ဒဏ္ဆယ္ႏွစ္အထက္ ခ်မွတ္ခံရေလမည္။
ရွီးခယ့္ယြဲ႕တစ္ေယာက္ အသက္ရွဴႏႈန္းျမန္လာ၏။ သူ႔မ်က္လုံးမ်ားမွာ အမုန္းတရားမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ "မင္းက ဘာသိလို႔လဲ? ေစ့စပ္ပြဲၿပီးကတည္းက ငါ့ဘဝႀကီးဖ်က္စီးခံလိုက္ရၿပီ!"
"ဗီဒီယိုအျမန္ျပန္႔သြားလို႔ တစ္ေန႔ လူတိုင္းရဲ႕ ဂ႐ုစိုက္မႈကို ငါျပန္ရရင္ေတာင္ အဲ့အထင္ေသးတဲ့ မ်က္လုံးေတြ၊ ေလွာင္ေျပာင္တဲ့စကားေတြကို ေရွာင္ဖယ္ႏိုင္မွာ မဟုတ္ဘူး!"
ထို႔ေၾကာင့္ ရွီးခယ့္ယြဲ႕က ခ်မ္းသာဖို႔ ႏိုင္ငံျခားကို သြားခ်င္ခဲ့သည္။
ေမွာင္မိုက္ေနသည့္ အတိတ္ေတြျပည့္ႏွက္ေနသည့္ ဒီေနရာက ထြက္သြားခ်င္လိုၿပီး ပတ္ဝန္းက်င္အသစ္မွာ ဘဝသစ္ စတင္ခ်င္ခဲ့သည္။
ေစ့စပ္ပြဲတြင္ သူတို႔အရႈပ္ေတာ္ပုံ ေပၚသြားၿပီးေနာက္ ရွီးခယ့္ယြဲ႕က ေလာ့ယန္ခြၽမ္းအား ဖန္ပုလင္းကြဲျဖင့္ တိုက္ခိုက္ခဲ့ေသာ္လည္း ကံမေကာင္းစြာနဲ႔ပဲ သူ႔ဗိုက္မွာ ဒဏ္ရာရသြားၿပီး ေဆး႐ုံေရာက္သြားခဲ့သည္။
ေဆး႐ုံတက္ေနစဥ္အတြင္း ရွီးေဝက သူ႔ကတ္ထဲက လက္က်န္ပိုက္ဆံမ်ားကို တိတ္တိတ္ေလး လႊဲေျပာင္းယူသြား၏။ သူက်န္သမွ်ပိုက္ဆံမွာ လင္းယြီမွာရင္းႏွီးျမႇဳပ္ႏွံထားသည့္ ပိုက္ဆံမ်ားျဖစ္ေသာ္လည္း ေဒဝါလီခံသြားရတာေၾကာင္ လုံးဝဆုံးရႈံးသြားခဲ့ရသည္။
ရွီးခယ့္ယြဲ႕မွာ ေခ်ာေမြ႕သည့္ ဘဝကို က်င့္သားရေနခဲ့တာေၾကာင့္ ေငြမရွိ၊ ဆင္းဆင္းရဲရဲ ေန႔ရက္မ်ားကို ၾကာၾကာမခံႏိုင္ခဲ့။
"DNAစစ္ဖို႔ ငါရွီရွန္းကို သြားရွာေပမယ့္ သူက ငါ့ကို အ႐ူးတစ္ေယာက္လို ႏွင္ထုတ္ပစ္တယ္..."
ရွီးခယ့္ယြဲ႕မွာ မခံစားႏိုင္သည့္ အတိတ္ကို ျပန္ေတြးမိၿပီး သူ႔တစ္ကိုယ္လုံးအား အမုန္းတရားမ်ား အုပ္မိုးေနကာ အမုန္းမီးတြင္းထဲ ပိတ္ေလွာင္ေနသလိုပင္။ "မုန္းတယ္! မင္းတို႔ အားလုံးကို ငါမုန္းတယ္! ရွီမိသားစုကလူတိုင္းကို ငါမုန္းတယ္! "
သူကိုယ္ထဲမွာ ရွီမိသားစုေသြးေတြ စီးေနၿပီး တတိယသခင္ေလးဆိုတာ ေသခ်ာတာပဲေလ။ ဘာလို႔ သူ႔ကို ဆန္႔က်င္ေနၾကရတာလဲ?
ထို႔ေၾကာင့္ ယြီမင္က ပူးေပါင္းဖို႔ လာေျပာသည့္အခါ သူ မဆိုင္းမတြ သေဘာတူခဲ့သည္။
ဒါက ရပ္ေန႐ုံေလးနဲ႔ ေငြရွာႏိုင္တဲ့ နည္းေလ။ သူ ဒီအခြင့္ေရးကို လက္မလႊတ္ႏိုင္ဘူး!
ရွီးခယ့္ယြဲ႕က ယြီမင္ေပးသည့္ လစာျဖင့္ ဟိုင္ၿမိဳ႕ေတာ္ရွိ ဂိုေဒါင္မန္ေနဂ်ာကို လာဘ္ထိုးခဲ့သည္။ ထို႔ေနာက္ ဝန္ထမ္းေတြကို လိမ္ဖို႔ ရွီမိသားစု၏ တတိယသခင္ေလးဆိုတဲ့ နာမည္ကို သုံးခဲ့ေလသည္။ ဝန္ထမ္းေတြမွာေတာ့ ခ်မ္းသာတဲ့ အသိုင္းဝိုင္းၾကားက ကိစၥေတြကို ေသခ်ာမသိၾက။
သူ႔အေထာက္အထားကို ဖုံးကြယ္ကာ လက္မွတ္ေရးထိုးၿပီး တစ္လေလာက္အရဲစြန္႔လုပ္လိုက္သည္ႏွင့္ ေကာ္မရွင္ခ 3% ရႏိုင္မည္ျဖစ္သည္။
သူ ႏိုင္ငံရပ္ျခားေရာက္ရင္ ႏိုင္ငံသားခံယူၿပီး ဘဝသစ္ကို စႏိုင္ေလမည္။
"ဟုတ္တာေပါ့ ဒါေတြအားလုံးက ငါ့ရဲ႕ စိတ္ကူးယဥ္ဆန္ဆန္ အေတြးေတြပါပဲ"
"ဘာပဲျဖစ္ျဖစ္ ငါက တ႐ုတ္ျပည္မွာ နာမည္ဆိုးနဲ႔ နာမည္ႀကီးေနတဲ့ လူ႔အမႈိက္ပဲေလ။ ငါရႈံးသြားရင္ေတာင္မွ ငါ့အမုန္းတရားေတြနဲ႔ ရွီမိသားစုကို ဆြဲခ်ဖို႔ ႀကံထားၿပီးသား!"
ရွီးခယ့္ယြဲ႕က လက္ရွိအေျခအေနကို ေတြးမိကာ ႐ူးမတတ္ ရယ္ေမာလိုက္သည္။
"ရွီရွန္းက သူ႔အဖိုးတန္သားေလးႏွစ္ေယာက္ကို ျပန္ေခၚဖို႔ ရွီကုမၸဏီကို အသုံးခ်ခ်င္ေနတာမလား? ရွီးခယ့္ယြဲ႕ဆိုတဲ့ ငါ မရႏိုင္သမွ် မင္းတို႔ ညီအစ္ကို ေတြလည္း မရေစရဘူး!"
"စဥ္းေတာင္မစဥ္းစားနဲ႔!"
ထိန္းမရသိမ္းမရ ေအာ္သံကို ၾကားသည့္အခါ ရွီးယြင္နန္ အထင္ေသးသည့္ အၾကည့္မ်ားျဖင့္ ၾကည့္လိုက္သည္။ "ရွီးခယ့္ယြဲ႕ ငါ အႀကိမ္တစ္ရာမက ေျပာၿပီးၿပီထင္တယ္။ မင္းလိုခ်င္တဲ့ ရွီမိသားစု ပိုင္ဆိုင္မႈေတြကို ငါလုံးဝဂ႐ုမစိုက္ဘူး။"
"မဟုတ္ဘူး! မင္း ဂ႐ုစိုက္တယ္! မင္းဂ႐ုစိုက္ရမယ္!"
ရွီးခယ့္ယြဲ႕က ထိုင္ခုံေပၚကေန ဆတ္ခနဲ ထလိုက္ၿပီး သူ႔အေတြးအျမင္ေတြထဲကေန ႐ုန္းမထြက္ႏိုင္ေသး။ "ဒီေလာက္ ပိုက္ဆံေတြ အမ်ားႀကီးကို မင္းက ဘာလို႔ ဂ႐ုမစိုက္ရမွာလဲ? ဒါဆို မင္းဂ႐ုစိုက္တာဘာလဲ? မင္းက ဘာကို ဂ႐ုစိုက္တာလဲ!"
အေစာင့္က ခ်က္ခ်င္းဝင္လာၿပီး သူ႔အား အတင္းအၾကပ္ထိုင္ခ်ခိုင္းသည္။ "ဘာျဖစ္ေနတာလဲ ထိုင္စမ္း!"
စကားဆက္ေျပာေနစရာ မလိုေတာ့ဘူးဟု ရွီယြင္နန္ ခံစားမိလိုက္၏။
စိတ္လြတ္ေနတဲ့ ရွီးခယ့္ယြဲ႕ အျခားလူေတြကို ဒုကၡေပးလို႔မရေအာင္ တစ္သက္လုံး ေထာင္ထဲမွာပဲ ေနသင့္တယ္။
ရွီယြင္နန္က ေထာင္ေစာင့္ကို ေခါင္းညိတ္ျပၿပီး စကားဝိုင္းကို အဆုံးသတ္ရန္ အရင္အစျပဳလိုက္သည္။ "ဒါဆို ခြင့္ျပဳပါအုံး"
ဒီေန႔မွာေတာ့ ဒီကမာၻႀကီးရဲ႕ ဇာတ္ေဆာင္ျဖစ္သူ ရွီးခယ့္ယြဲ႕ လုံးဝရႈံးနိမ့္သြားၿပီေလ။ သူ႔အိမ္မက္ထဲက အဆုံးသတ္ကေကာ? ေပ်ာက္သြားတာၾကာေပါ့။
ရွီယြင္နန္ လွည့္ျပန္ေတာ့မယ့္အခ်ိန္ ရွီးခယ့္ယြဲ႕က သူ႔ကို တားလာ၏။
တစ္ဖက္လူမွာ စိတ္ကစဥ့္ကလ်ားျဖစ္ေနေပမယ့္လည္း သူ႔ေလသံကေတာ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ တည္ၿငိမ္ေနသည္။
"ရွီယြင္နန္ ငါဘယ္ကလာမွန္း မင္းသိေနမွေတာ့ ငါမင္းကို ေနာက္ထပ္တစ္ခု ထပ္ေျပာျပမယ္!"
(T/N)
အျခား စာအုပ္ထဲ ကူးေျပာင္းလာၾကသည့္သူမ်ား- CEOရဲ႕ အခ်စ္ကေလးျဖစ္၊ ႐ုပ္ရွင္ဧကရာဇ္ရဲ႕ ဇနီးေလးျဖစ္၊ ဘုရင္ႀကီးရဲ႕ အခ်စ္ေတာ္ေလးေတြျဖစ္
ရွီးခယ့္ယြဲ႕ - လက္ေကာက္ဝတ္နဲ႔ညား