friEND(COMPLETED)

By Kattamkaung

385K 42K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-26

7.3K 972 104
By Kattamkaung

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ်

"ငါ ပိတ်ရက်တွေ ရလို့ တော်သေးတာ။ မင်း အဖျားက တော်တော်ကြာတယ်။ ဆေးထိုးတာဝောာင် တငွေ့ငွေ့ဖြစ်နေတုန်းပဲ"

ဧည့်ခန်းရှေ့ရှိ စောင်ပုံထဲ ခွေခွေကြီး အိပ်နေသည့် နေချိုမောင်ကို နှိုးကာ ဆေးတိုက်ရင်း ခွန်းနစ် အဖျားစစ်နေတာဖြစ်သည်။ စိတ်ရော ကိုယ်ပါ ဘယ်လောက် ပင်ပန်းခဲ့ရှာသည်မသိ။ စိတ်လျှော့ချလိုက်ပုံရသော ‌သူက အားမရှိတော့သည့် ကလေးလို ပျော့ခွေကျသွားခဲ့သည်။ တကယ်ဆို ဘယ်သူက သူ့ကို ဒါတွေဖုံးကွယ်ခိုင်းထားလို့လဲ ဟု စိတ်လိုလက်ရ မေးလိုက်ချင်ပေမဲ့ ‌လက်ရှိမှာ ဒါကလည်း နေချိုမောင်ရဲ့ ပုံစံပဲ နေပါမယ်လေဟုသာ လက်ခံလိုက်ရသည်။ သူ့ဖက်က ပေးမသိချင်သည့် ဆန္ဒရှိနေရင် ကိုယ်ကရော ဘာများတတ်နိုင်မည်နည်း။

"ခွန်းခွန်း"

"ဟေ...အေး"

သူ့အတွက် ပြင်ထားသည့် ကြက်သားစွပ်ပြုတ်ကိုသွားယူတုန်း ခေါ်သံထွက်လာပြန်တော့ မီးဖိုထဲမှတဆင့်အပြေးအလွှား သူ့ဆီသွားရ၏။ ခွန်းနစ်ကုဋေတို့က စေတနာများရှိပြီဟေ့ဆိုလျှင် ကိုယ့်ထမင်းကိုယ်စားပြီးကို သူများသားသမီးကို ဂရုစိုက်တော့တာပင်။

"လာပြီ လာပြီ။မင်းဖို့ ညနေစာရောပါတာမို့ တစ်ခါထဲစားလိုက်တော့။ ပြီးတာနဲ့ ဆေးသောက်ပြီး အခန်းထဲ တစ်ခါထဲပို့ပေးမယ် အိပ်ရအောင်လို့"

ပြောစကားကို နားပဲလည်သလိုလို၊ မလည် သလိုလိုနှင့်။ ရှေ့ချပေးလိုက်သည့် အငွေ့တထောင်းထောင်း ထနေသည့် ပန်းကန်ကြီးကိုကြည့်ကာ ငြိမ်နေသူကြောင့် "စားလေကွာ" ဟု သတိပေးလိုက်ရသည်။ သူ့ဟာသူ ယူစားနိုင်သူက အရင်ရက်တွေကထက် စာလျှင်တော့ သက်သာလာပုံပင်။ သိပ်မကြာခင် အလုပ်ပြန်ဝင်နိုင်ရင်တော့ သူရထားတဲ့ အလုပ်ကလေး မ‌ပြုတ်ကောင်းပါဘူးဟု ခွန်းနစ်တွေးမိသွားသည်။

"ဘာတွေးနေတာလဲ"

"ဟင်...အော် ငါလား"

"‌အင်း"

"ဒီတိုင်းပါပဲ... ဟိုကွာ မင်းက ဒီလောက်ဖြစ်နေတာကို ငါအလုပ်ခွင့်တိုင်ပေးမယ်ဆိုတော့လည်း ရတယ်ပဲပြောတာ။ အလုပ်ဖြုတ်လိုက်ရင် ဘယ်လိုလုပ်မှာလဲ"

"မလုပ်တော့ဘူးပေါ့"

"..."

ခပ်အေးအေးပြန်ပြောသည့် နေချို့ပုံစံက ဘာတစ်ခုကိုမှ လေးလေးနက်နက်ရှိပုံမပေါ်။ သူ့ကြည့်ရတာ သူလုပ်ရသည့် ဘယ်အရာအပေါ်မှလည်းစွဲစွဲလန်းလန်းရှိပုံမရချေ။ အသက်မရှိသည့်လူလို အဖြစ်လုပ်နေရသည်နှင့်ပင် သာ၍တူနေသေးသည်။ လူငယ်တစ်ယောက်က ဒီလောက်ထိ မျှော်လင့်ချက်မဲ့ပြီး ဘဝကိုဖြစ်သလို နေနေသည့်အပေါ်  ခွန်းနစ်အမြင်ကတော့ သိပ်မကောင်းလှပါ။

"အလုပ်မလုပ်ရင် ပိုက်ဆံ ဘယ်ကရမလဲကွ။ နောက်ပြီး လူဆိုတာအလုပ်အပေါ် လေးစားမှုရှိမှ အလုပ်ကလည်း ကိုယ့်အပေါ်လေးစားမယ်လေ။ပြီးစလွယ်ကြီး လုပ်ချင်မှ လုပ်မယ်ဆိုတာကတော့ မမှန်ဘူး"

"မင်းက ပိုက်ဆံရှိမှ သဘောကျလို့လား"

အကြောင်း မသိသည့်လူသာဆို ခွန်းနစ်က ငွေမက်လွန်းလို့ နေမကောင်းပြီး အိပ်ရာထဲလဲနေသည့် သူငယ်ချင်းကို ခိုင်းစားသည် ထင်တော့မည်။ တကယ်တမ်း အပြောမတတ်ပဲ သူမေးချင်တာကိုသာ မေးတတ်သည့် ပေါက်လွှတ်ပဲစား အကျင့်ကို သိထားသူ ခွန်းနစ်ကတော့ ခပ်အေးအေးပဲ ခေါင်းကို ငြိမ့်ရင်း "ငွေက အထိုက်လျောက်တော့ အရေးကြီးတယ်။ အဲ့ဒါထက် ပိုအရေးကြီးတာက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ချင်တဲ့စိတ်ပဲ" ဟု ပြောလိုက်၏။

"ပျိုးထောင်တာ"

"အင်းလေ။ လူဖြစ်လာရင် လောဘကြီးကြီးထားရမယ် မပြောဘူး။ ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြီး ကိုယ့်ခံစားချက်တွေ အဆင်ပြေအောင်တော့ လုပ်နိုင်ရမယ်။ ဒါက ကိုယ့်ဘဝကို တာဝန်ယူမှုပဲ"

"..."

"ငါ့ကို အပိုတွေပြောနေတဲ့ အရူးလို့ မင်းထင်ချင်ထင်မယ်။ ဒါပေမဲ့ ဖြစ်သလိုမနေဖို့ ကြိုးစားတာက တကယ်လိုအပ်တယ် နေချိုမောင်"

"..."

"ဖြစ်လာသမျှကို ပေတေခံပြီး နေနေရုံနဲ့ တော်နေတာမဟုတ်ဘူး။ ငါပြောတာသိလား။ မင်းကို ဝင်ငွေဘယ်လောက်ရှာရမယ်ဆိုတာထက် မင်းဝင်ငွေရှာဖို့ ဘယ်လောက်ထိ လုံလောက်လဲဆိုတဲ့ အရည်အချင်းကို မွေးမြူခိုင်းတာ"

"..."

"အဲ့ဒါတွေ လုပ်ဖို့ဆို မင်း စိတ်က နံပါတ်တစ်ပဲ။ ဖြစ်ချင်လာတဲ့ ဆန္ဒက နံပါတ်တစ်ပဲ"

"..."

"နေချို"

မျက်တွင်းများချိုင့်လျက် အားအင်နည်းနေသည့် မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ခွန်းနစ်ခေါ်တော့ သူက မေးဆတ်ပြသည်။ မထုံတတ်သေး ဖြစ်နေသည့် ထိုအကြည့်တွေနေရာမှာ တောက်လောင်ကာ အရှိန်ဝါပြည့်နေမည့် ယုံကြည်ချင်းတွေကိုသာ အစားထိုးလိုက်လို့ရလျှင်... ခွန်းနစ် ကိုယ့်စိတ်ကူးကိုယ် သဘောကျစွာ ပြံးလိုက်မိရင်း သူ့ဆံပင်တိုတိုတွေကို ထိုးဖွလိုက်၏။

"မင်းရင်ထဲမှာ ရှိနေတာတွေကို မပြရင် ဘယ်သူက မင်းကို နားလည်မှာလည်း။ မင်းဖက်က မင်းစိတ်ကို နည်းနည်းလောက်ဖြစ်ဖြစ် ဖွင့်ထားပေးမှ နှစ်သိမ့်ပေးချင်တဲ့ ငါကလည်း ရှေ့တိုးခွင့်ရမှာလေ"

"..."

"ဝမ်းနည်းတာက ဝန်လေးစရာမဟုတ်ဘူး"

"..."

"အဲ့ဒါကြောင့် ရင်ထဲမှာချည်း ထိန်းချုပ်မထားပဲ စိတ်ရှိတဲ့အတိုင်း ပေါက်ကွဲထွက်ပစ်လိုက်လည်း ရတယ်"

"..."

"အိုကေလား"

"အင်း.."

ဟင်းဟင်း... ကိုယ်က ပြောလိုက်ရသလောက် သူဖြေတာ အင်း တစ်လုံးထဲပေမဲ့ ခွန်းနစ်ဖွင့်ပေးလိုက်သည့် လမ်းက သူ့ရင်ထဲက လေးလံမှု အနည်းငယ်ကိုဖြစ်ဖြစ် သက်သာသွားစေရင်တောင် အောင်မြင်သည် ပြောရမည်။

"စားစား.. ပြီးရင် အိပ်"

"မင်းရော"

"ငါလဲ အိပ်မယ်လေ။ မနက်ဖြန် ညဆိုင်းပြန်ဆင်းရတော့မှာ"

"အတူ အိပ် ချင် လား..."

"..."

ဒီတစ်ခါ တေမိဖြစ်သွားသူက ခွန်းနစ်ကုဋေ။ သူ့ရဲ့ မဟုတ်တရုတ် ဦးနှောက်က လိုတာထက်ပိုပြီး အတွေးချော်ကာ "နေလဲ မကောင်းပဲနဲ့" ဆိုသော မဖွယ်မရာစကားကို ပြောမိဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။ နေချိုကတော့ ရိုးရှင်းစွာပဲ သူနှင့် အတူ အိပ်ဖို့ ဖိတ်ခါ်ခြင်းဖြစ်ပါမည်။

"‌ငါ့အကြောင်း မင်းကို ပြောမယ်"

ခွန်းနစ် ခေါင်းမခါနိုင်။ ချက်ချင်းပဲ အခန်းထဲဝင်ကာ စောင်နှင့် ခေါင်းအုံးကိုဆွဲလျက် နေ့ချိုအခန်းတွင်းသို့ ပစ်ထည့်ထားလိုက်၏။ သူများက ပြောပြပြီး ရင်ဖွင့်တော့မည်လေ။ ကိုယ်က ဘာကိစ္စနဲ့ တွေဝေနေစရာလိုလို့လဲ။ ငါဖြစ်ချင်တာကလဲ ဒါပဲလေဟု လက်ခမောင်းခတ် ပျော်ချင်ရင်တောင် ပျော်လို့ ရနိုင်သည့် အခြေနေပင် မဟုတ်ပါလား။

စားသောက်ပြီး အိပ်ရာဝင်ကြချိန်မှာ ခွန်းနစ်က ခပ်တည်တည်ပဲ သူများအိပ်ရာထက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး တိုးဝင်လိုက်သည်။ နေချိုမောင့်ဖက်က လာပါတက်ပါဟု တကူးတကဖိတ်ခေါ်ခြင်းတွေ မရှိခဲ့သလို့ ခွန်းနစ်ကလည်း ဟင်တွေဟာတွေ မူယာလုပ်ကာ မတက်ချင်ပါဘူး ဘာညာနှင့် အပိုတွေလည်း လုပ်မနေခဲ့ပါ။ ကိုယ်တိုင်က ကြမ်းပြင်ပေါ် ခါးအနာခံပြီး မအိပ်နိုင်သလို နေမကောင်းဖြစ်နေသည့် နေချိုမောင်ကို "ခွေးသား အောက်ဆင်းအိပ်စမ်း" ဟု မောင်းထုတ်လောက်အောင်ထိလည်း အသည်းမာသူ မဟုတ်ပေ။

"အင်း အနံ့က ကောင်းသားပဲ။ ငါ ဝယ်လာတုန်းက စူးစူးကြီးဖြစ်မှာစိုးနေတာ။ မင်းကိုယ်မှာ စွဲသွားတာလည်း ကောင်းတယ်"

ခွန်းနစ်ကိုယ်တိုင် ရွေးချယ်ဝယ်ပေးထားပြီး အလုံပိတ် အခန်းတွင်းကိုပါ တရှူးရှူးလိုက်ဖြန်ပေးထားခဲ့သော လိ‌မ္မော်ရနံ့သင်းသင်းလေးအကြောင်းပြောတော့ သူက "ဟက်" ခနဲ ရယ်လျက် " ငါလဲ ကြိုက်တယ်" ဟု ဆိုသည်။ကြိုက်ရမှာပေါ့ ဒါ ဘယ်လောက်တောင်တန်တဲ့ ရေမွှေးလည်း။ ခွန်းနစ် အကြိုက်ဆုံးအနံ့ကိုယူပြီး ဒီကောင့်ကို ဖြန်းပေးထားတာလေ။

စဉ်းစားကြည့်တော့ ဒီကောင်က စကြိုက်တာပေမဲ့ သူ့ကို လက်မခံရသေးဘူး ခွန်းနစ်တော်တော် ငွေကုန်သည်။ ကိုယ်နေသလို ကောင်းကောင်း နေစေချင်သည့် စိတ်နောက်မှာ သူ့အတွက်လို့ တွေးမိရုံနှင့် နှမြောတွန့်တိုခြင်းမရှိ ဝယ်ပေးလိုက်ရတာတွေ မနည်းမနော။ ဒါတောင် ကျေးဇူးရှင်က သူ့လစာကို ခွန်းနစ်ဆီအပ်၍ တော်သေးသည်။ အမှန်တော့ မအပ်လည်း နေချို့လို နားအေးပါးအေးလေးကို ထမင်းဝဝကျွေးထားနိုင်လောက်အောင်တော့ ခွန်းနစ်လုပ်အားခက များပါ၏။

"မင်းအဖေက ဘာမှလုပ်မပေးဘူးလား"

"ဘာကိုလဲ"

"မင်း ကျောင်းဆက်တက်ဖို့တွေ အလုပ်တွေရော"

"အင်း"

"..."

"သူပေးတဲ့ငွေတွေအကုန် သုံးလိုက်ပြီ"

"ဆိုင်ကယ်ဝယ်တာလား"

"အင်း"

"မင်းကိုလည်း နိုင်မဲ့ပုံမပေါ်ပါဘူး။ ထားပါတော့ အဲ့ဒါ မင်းကိစ္စပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာကို စဉ်းစားပြီး တစ်ခုခုလုပ်။ သင်တန်းတက်ချင်တာရှိရင်လည်း ငါပိုက်ဆံချေးပေးမယ်"

"ဘာနဲ့ ဆပ်ရမှာလဲ"

"ဟ ခန္ဓာကိုယ်နဲ့ပေါ့။ ဟော့ဒီ မင်းရဲ့ ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ပေါ့ကွ"

ပြောပြောဆိုဆို ဘေးနားကလူကို ဝဖတ်ဖတ်ရိုက်တော့ လက်ကိုဖမ်းဆွဲသည့်နေချို။ နာအောင်လုပ်လို့ ပြန်များ ရိုက်တော့မလားလို့ တွေးလိုက်ပေမဲ့ အတွေးနှင့် လားလားမှမဆိုင်ပဲ ခွန်းနစ်လက်ချောင်းတွေကို သူ့ရင်ဘတ်ထက်ကပ်ကာ အရူးလို ပြုံးပြုံးကြီးလုပ်နေပြန်သည်။

"မင်းက ငါနဲ့ လုပ်ချင်တာလား"

"ဟမ်"

"ငါနဲ့အတူနေပြီး ငါ့ကို သင်တန်းထားပေးမလို့လား"

နေ နေစမ်းပါအုန်း။ ဒီ မထော်မနန်းစကားရဲ့ အဓိပ္ပာယ်က ဘယ်လမ်းက်ုဖောက်နေတာများပါလိမ့်။

"စောက်ရူးကောင်!" ခွန်းနစ် အကျယ်ကြီး ထအော်ပစ်လိုက်သည်။

"မင်းကို အလုပ်လုပ်ပြီး ဆပ်ခိုင်းမယ်ပြောတာကွ။ အရှက်မရှိ ပြောမနေနဲ့"

သူ့ဆီက ရယ်သံတွေနှင့်အတူတူ တဟွတ်ဟွတ်ချောင်းဆိုးသံတွေပါ ထွက်လာသည်။ ခန္ဓာကိုယ်နဲ့များ ပေးဆပ်ခိုင်းစေချင်ရင် အိမ်ပြောင်းလာကတည်းက ဒီအတိုင်းလွှတ်ထားပါ့မလား။ အိမ်ငှားဖို့ သပ်သပ် ခွန်းနစ်စပေါ်တင်လိုက်ရသည့်ငွေနဲ့တင် စုထားသမျှ ပြုတ်သွားတာ။ ခွန်းနစ်အဖြစ်က ယောက်ျားယူပြီး အမ်းချင်နေသည့် ဂေးဆိုးလေးတမျှ ဖြစ်လုနီးနေပြီ။ ဒါတောင် ကိုယ်က ကြိုက်တာကို ရင်ထဲပဲထားထားပြီး ပွင့်ပွင့်လင်းလင်း မပြောရသေးလို့သာပဲ။

"မျက်နှာရူးမနေပဲ အိပ်တော့"

"အဟွတ် ဟွတ် ဟွတ်"

"မင်း မြန်မြန်နေကောင်းပြီး ပိုက်ဆံရှာ။ မဟုတ်ရင် ငါကို ယုတ်ယုတ်မာမာတွေ လုပ်ပစ်လိုက်မယ် ခွေးသား"

ပြောပြီး နောက်ကျောပေးကာ စောင်ကို ခေါင်းအထိဆွဲခြုံပစ်လိုက်သည်။ ပြောချင်တာပြောရတာ အားရသည် မရသည်ထက် တဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံက ငြိမ်ကျသွားလို့ လိုအပ်နေပြီ။ ခံစားချက်က ‌သဘောကျစရာကောင်းပေမဲ့ မောဟိုက်လွန်းတာကြောင့် အသက်ရှူတွေပင် မဝချင်တော့။

"ခွန်းခွန်း"

"ကြက်သီးထချင်စရာ ကောင်းအောင် အဲ့ဒီနာမည်ကို ခေါ်မနေနဲ့တော့"

"..."

"တခြား ကျားကျားယားယား နာမည်မျိုး ခေါ်စမ်းပါ"

စောင်လုံးကြီးထဲကနေ တဝူးဝူးတဝါးဝါးအော်နေသလောက် အပြင်ကလူကတော့ ‌ခေါင်းကိုထောက်လျက်သား အပြုံးတွေကို မရပ်တန့်နိုင်။

"ချစ်ဖို့ ကောင်းပါတယ်"

မှုန်မှိုင်းကာ လေးပင်စရာတွေ များလှသည့် သူ့ဘဝအတွက်တော့ ခွန်းခွန်းနှင့် တကြမ်းထဲ ကျောခင်းနေရသည့် အခိုက်အတန့်ကလေးကပင် နေခြည်နုနုလို ခံစားလို့ကောင်း၏။ လက်ထောက်ထားရာ သူ့နားရွက်ဖျားမှ နားကပ်ကလေးကို စမ်းမိသည့်အခါ သူ့ရင်ထဲ ကြည်နူးမှုတွေက ပိုလို့ပင် တိုးပွားလာသည်။

မှတ်မှတ်ရရ သူ ဆယ်တန်းအောင်စာရင်းထွက်ပြီး နောက်တစ်ရက်မှာပဲ ဒီနားပေါက်ကို ဖောက်ခဲ့၏။ ဖောက်တုန်းကတော့ ဦးသောတမောင် စိတ်ပျက်ပါစေဆိုသည့် စိတ်ရင်းနှင့်ပေမဲ့ ဆိုင်ရောက်တော့ သူ့ခေါင်းထဲ ခွန်းနစ်ကုဋေဆိုသော နာမည်က ဆက်တိုက်ကြီးစိုးလာသည်။ ထိုအချိန်က သူ ခွန်းခွန်းနှင့်ဝေးတာ နှစ်နှစ်ခန့်ပင် ရှိတော့မည်။ တိုက်ဆိုင်မှု တစ်စုံတစ်ရာမရှိသည့်တိုင် သူ တစ်ခုခု ကန့်လန့်တိုက်တာမျိုး လုပ်ချင်တိုင်း ခွန်းခွန်းက သူ့ခေါင်းထဲ ရောက်လာတတ်၏။ အားနည်းလွန်းပြီး ကျန်းမာရေးမကောင်းတဲ့ မကျေနပ်ချက်တွေများတဲ့ အဲ့ဒီသူငယ်ချင်းက သူ့ဘဝမှာ တမ်းတစရာ ဖြစ်ခဲ့ပုံရသည်။

"ကြယ်... ကြယ်ပုံကလေး နားကပ်လိုချင်တယ်"

အလွယ်ရနိုင်သည့် ကြယ်ပုံ အပေါစား နားကပ်ကို ကပ်လျက် အိမ်ပြန်ချိန်မှာ ဦးသောတမောင်က သူ့ကို မျှော်လင့်ထားသလို စိတ်ဆိုးဟန်မျိုးပြမည့်အစား "ကောင်းသားပဲ။ ပြီးရင် ဆေးသောက်ထားလိုက်" ဆိုကာ အကိုက်ခဲ ပျောက်ဆေးတချို့ဝယ်ပေးသည်။ ဘယ်တုန်းကမှ ဂရုမစိုက်ဖူးပဲ ခုမှ သဘောထားကောင်းပြနေသည့် အဖေဆိုသော လူရဲ့ လုပ်ရပ်တွေက သူ့အတွက်တော့ စိတ်လှုပ်ရှားစရာ ကောင်းမနေခဲ့ပါ။ သိပ်မကြာဘူး နားရွက် အသားကျတဲ့နေ့မှာ ဦးသောတမောင်ရဲ့ အမျိုးသမီးက ဆယ်တန်းအောင်သည့်အတွက်ဆိုကာ စိန်တစ်ပွင့်တည်း နားကပ်ကလေးလုပ်လာသည်။ ဦးသောတမောင် ၏  ယူဆချက်တွေ ပါသလားမသိ၊ သူမ လက်ဆောင်မှာ ကြယ်ပုံကလေး ထုထွင်းထား၏။

ကိုယ်တိုင် ဇွတ်တပ်ဆင်ပေးသည့် လက်ဆောင်ကို မငြင်းခဲ့သလို ကျေးဇူးတင်သည့် စကားမျိုး အပြုမူမျိုးကိုလည်း သေးသေးလေးပင် မပြခဲ့မိပါ။ ထိုညက နားရွက်ကိုကိုင်ချက် ခွန်းနစ်ကုဋေကိုသာ သတိရခဲ့ပြန်သည်။

"မင်းကို တွေ့ချင်တယ် ခွန်းခွန်း"

ကျောပေးအိပ်နေပြီဖြစ်သော စောင်ပုံကြီးကို လက်နှင့်အသာပွတ်ရင်း မနေနိုင်စွာပဲ မျက်နှာကိုပါ စောင်ပုံဆီ အပ်ချမိလိုက်သည်။ ရနံ့လေးက မွှေးပြီး သူ့ အဆုတ်တစ်ခုလုံး ပြည့်နှက်သွားသလိုပင်။ နေလို့ကောင်းလွန်းလို့ ပိုတိုးပြီး နမ်းရှုံ့လိုက်ချင်စိတ်ကို လွှတ်မချမိအောင် အတော်ထိန်းသိမ်းနေရပေမဲ့ အခက်ခဲရယ်လို့ မယူဆမိပါ။

"မင်းနဲ့အတူရှိတာတောင် တွေ့ရတာ မဝနိုင်ဘူး"

ပြောလေ့ပြောထမရှိသည့် စကားလုံးတွေကိုအမှတ်တမဲ့ပြောနေမိတာတောင် သတိမထားမိ။ အဲ့ဒီ‌ေလာက်အထိ ခွန်းခွန်းကို သူ သဘောကျသည်။ ခွန်းခွန်း ဆရာလုပ်သမျှကို သဘာကျပြီး ခွန်းခွန်း ရိုက်တာ နှက်တာဆိုရင်လည်း သဘောကျသည်။ ဒီကောင်လေးက သူ့ဘဝမှာ ငါမှားသွားတာလား ဆိုသည့် ဝေဝါးမှုမျိုးကို ခံစားစေသည့် ပထမဆုံးလူဖြစ်သလို သူ့လက်ကို ကိုင်ထားရင် သူရောငါရော ပိုသက်သာသွားမလားဆိုသည့် အတွေး ဝင်လာစေသူလည်းဖြစ်သည်။

အသက်ရှူမဝဖြစ်နေသူအတွက် ကိုယ်ပိုင်အဆုတ်ကိုပါ ထုတ်ပေးလိုက်ချင်သည်အထိ စိတ်ဓာတ်ပြင်းထန်ဖူးတာ ခွန်းခွန်း အပေါ်မှာပဲ ရှိခဲ့ဖူးသည်။ သူထင်ခဲ့တာ စိတ်ဝင်စားစရာကောင်းသည့် ဒီသူငယ်ချင်းကို  သူ အတော်ခင်သည်။

သဘောထား‌ကို ကွဲပြားစွာသိချိန်မှာ သူနားလည်လိုက်တာ တစ်ခုရှိ၏။

ခွန်းနစ်ကုဋေကို ခင်မင်ရုံမဟုတ်။ သံယောဇဉ်တရား ခေါင်းပါးတဲ့ သူက ဒီသူငယ်ချင်းကို တွယ်တာပြီး စွဲလမ်းသွားခဲ့တာပင် ဖြစ်ပါသည်....။

.........................................

"လာမကြိုနိုင်ဘူးဆိုရင်လည်း ငါတို့နဲ့လိုက်ခဲ့ပါလား အဲ့ဘက်ကို ပြန်မှာပဲ"

" တော်ပါပြီ။ ဝေဖြိုးနိုင်က သူကြုံတယ်ပြောတယ် သူနဲ့လိုက်သွားမလို့"

"မနွယ်နီနဲ့ ယောက်ျားလား ဟဲ့။ သူ့ကလေးရော အတော်ထွားလာပြီလား။သူ ကလေးထွက်လာတော့ ခွန်းနစ်ဆီလာကြွားရင်း ငါတို့ကိုပါ ခေါက်ဆွဲကြော်တွေ ဝယ်ကျွေးသွားတာလေ ဟားဟား"

ယုရဲ့ အားပါးတရအသံကြီးကို အတူလိုက်ရယ်ရင်း ဂျူတီသမားတွေကို ခွန်းနစ်နှုတ်ဆက်လိုက်သည်။ ဒီနေ့ သောကြာနေမို့ နေချိုမောင့်ကို လာမကြိုခိုင်းဖြစ်။ သူ သွားမလား မသွားမလား သေချာမသိပေမဲ့ ထုံးစံရှိတာကို သိနေပြီမို့ "ညနေ လာမကြိုတော့နဲ့" ဟု ယတိပြတ်ပြောထားခဲ့သည်။ အပြန် ဆိုင်ကယ် ကယ်ရီဖြစ်ဖြစ် ငှားပြန်ဖို့စိတ်ကူးပေမဲ့ ယုတို့က သူမတို့ဆိုင်ကယ်နောက်က လိုက်ဖို့အတင်းခေါ်၏။ ဘယ်လိုပဲ ဆိုင်ကယ်မမောင်းချင်ဦး မိန်းကလေးတွေနောက်ကတော့လိုက်မစီးချင်တာကြောင့် ဝေဖြိုးနိုင်နှင့် ကြုံသည်ဟုသာ ညာလိုက်ရသည်။

"ညစာက ကြေးအိုးဆို ရပါ့မလားမသိဘူး။ ထမင်းမဟုတ်ရင် တို့ကနန်းဆိတ်ကနန်းလုပ်တတ်တဲ့ ကောင်ကြောင့် အစားသောက်ဝယ်ရတာ ကြပ်လိုက်တာ"

ချေးများသည် မဆိုသာသော်လည်း ထမင်းနှင့် ဟင်း မဟုတ်လျှင် ဟက်ဟက်ပက်ပက် မရှိလှသည့် နေချိုမောင်ကြောင့် အစားစားချိန်တိုင်း ခွန်းနစ် ခေါင်းခဲရသည်။ ကိုယ်တိုင် ချက်ပြုတ်ဖို့ အချိန်ရော လူရော မပေးနိုင်သည့်အတွက် ဖြစ်သလိုစားဖို့ နှစ်ဦးသဘောတူဆုံးဖြတ်ထားပေမဲ့ တစ်ခါတစ်လေ ခွန်းနစ်က သူစားချင်တာလေး ချက်ကျွေးနိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။ သို့သော် ပိတ်ရက်တွေဆို ထမင်းပေါင်းအိုးလေးချိတ်ပြီး လက်ဖက်သုတ်၊ ကြက်ဥကြော်တာထက် ပိုတဲ့ လက်ရာမျိုးလည်း မလုပ်တတ်တော့ပေ။

"ကြေအိုးတစ်ပွဲ ပြီးတော့ ဝက်သားသုတ်ရောယူမယ်"

မှာပြီးတာနှင့် ခုံမှာဝင်ထိုင်ဖို့လုပ်တုန်း အနားရောက်လာသည့် အရိပ်တစ်ခု။ မော့ကြည့်လိုက်ချိန်မှာ ကိုယ်မသိသည့် အမျိုးသမီးတစ်ဦးဖြစ်နေသည်မို့ ဈေးဝယ်ထင်ကာ ကိုယ်ကိုရို့ပေးလိုက်ပေမဲ့ ထိုထူးဆန်းသော အမျိုးသမီးမှာ သူ့လမ်းသူ သွားရမည့်အစား ခွန်းနစ်၏ ဘေးခုံတွင် ဝင်ထိုင်လို့လာသည်။

"အာ ထိုင် ထိုင်တာက"

ထိုထက်ပိုပြီး ထူးဆန်းသည်မှာ အမျိုးသမီးရဲ့ လူကို ခင်သလိုမင်သလို ပြုံးပြနေသည့် အပြုံးများပင်။ ဝတ်ထားသည့် နာမည်ကြီး တန်ဖိုးကြီး အမျိုးအစားတွေအရဆို ခွန်းနစ်အသိထဲ ဒီလောက် ချမ်းသာနေမည့် မိတ်ဆွေအန်တီကြီးမျိုး မရှိနိုင်။ ဒါ့အပြင် ပန်းဆီရောင် နှုတ်ခမ်းနီနှင့် ခေတ်မှီသော အသွင်ပြင်တွေ၊ စနစ်တကျပုံသွင်းထားသလို အပြုမူတွေကို ကြည့်ရုံနှင့် အတော်လေး ခမ်းနားသည့် အသိုင်းဝိုင်းဟု ထင်ရလောက်သည်။

"ဟယ်လို သား... အန်တီက ဒေါ်ဟန်နီလင်းသူပါ။အန်တီဟန်နီလို့ အလွယ်ခေါ်ပေါ့။ သားက ခွန်းနစ် ကုဋေ ဆိုတာလား"

ခက်ခက်ခဲခဲခေါ်လိုက်ရသည့် နာမည်ကို အာရုံမစိုက်နိုင် တစ်ခါမှ မမြင်ဖူးသူဆီမှာကိုယ့်နာမည်ကို ကြားလိုက်ရတာကြောင့် ကြောင်တောင်တောင်ဖြစ်လို့သွားသည်။ ရုတ်တရက် ဝင်ထိုင်ပြီး ခွန်းနစ်ကိုပါ သိနေသည့် အမျိုးသမီးက ဘယ်သူများဖြစ်လိမ့်မလဲ။ တတ်နိုင်သမျှ မှတ်ဉာဏ်တွေကို ရီကော်လ်ခေါ်ကာ အထပ်ထပ် စဉ်းစားကြည့်ပေမဲ့ ဘယ်လိုပဲစဉ်းစားစဉ်းစား ဒေါ်ဟန်နီလင်းသူဆိုသည့်နာမည်ရော မျက်စိရှေ့က ပုံစံကိုရော ရင်းနှီးမနေခဲ့ပါ။

"ဟင်းဟင်း သားက အန်တီဘယ်သူလဲ တွေးနေပုံပဲ။ ခေါင်း မရှုပ်ပါနဲ့ကွယ်။ အန်တီတို့ချင်း အခုမှတွေ့ဖူးကြတာပါ။ အန်တီက ဦးသောတမောင်ရဲ့ ဇနီး"

"ဦး သောတ မောင်"

ဒုက္ခပါပဲ သူ့မသိလို့ သူ့ယောက်ျားနာမည်ကို ပြောပါမှ ပဟေဋိက တစ်ခုကနေ နှစ်ခုဖြစ်သွားသည်။ ဦးသောတမောင်ဆိုတာကလည်း ခွန်းနစ် ရင်းနှီးသည့် နာမည်မဟုတ်ပြန်ပါ။

"သား...သား ဦးသောတမောင်ကို မသိတာတော့ မဟုတ်ပါဘူးနော်"

"မ မသိဘူးဗျ"

"ဟော်တော်"

ဖြစ်ရလေစေသော အံ့အားသင့်မှုမျိုးဖြင့် အမျိုးသမီးကြီးက သူမရင်ဘတ်ကိုဖိကာ မယုံကြည်နိုင်ဟန် လုပ်သည်။ ခုလိုကြီး လာအပြောခံနေရသည့် ခွန်းနစ်က ပို၍တောင် အံ့အားသင့်နေသေး၏။ သူမက မိနစ်အနည်းငယ်ခန့်အခြေနေကို လက်ခံရန်ခက်စွာ ငြိမ်သက်နေပြီးမှ ကိုယ်ဟန်ကို ပြင်လျက် လက်တွေကို စားပွဲထက် ယက်တင်လိုက်သည်။

ကြေးအိုးကလဲ ကြာလိုက်တာ။ခုမှ မီးမွှေးနေသလားမသိဘူး။ ထွက်ပြေးချင်စိတ် ပေါက်နေသူပီပီ ခွန်းနစ်က သူ့ဟာသူ ချက်နေသည့် စားဖိုမှူးကို မကောင်းမြင်လာသည်။ သူစိမ်းဆို နေရခက်တာကြောင့် ဘုမသိဘမသိ လူကိုလာကြပ်နေသည့် အန်တီကြီးနှင့် စကားမပြောချင်တော့ပါ။ ဒါကို လက်မလျှော့သူကတော့ အဆုံးထိ သူဘယ်သူဆိုတာ အသိပေးသွားမည့် အနေထားမှာရှိသည်။

"ဦးသောတမောင်က နေချို့ရဲ့ ဖေဖေလေ။သား နေချို့ကိုတော့ သိတယ်မို့လား"

နေချို... ခွန်းနစ် မျက်ဝန်းတွေဝိုင်းစက်က ရှေ့က အန်တီကြီးကို တအံ့တဩကြည့်နေမိသည်။ ဒါ ဒါက နေချို့ရဲ့ မိထွေးပေါ့။ သူက ဘယ်လိုဖြစ်လို့ ခွန်းနစ်ဆီ ရောက်လာရတာလဲ။ နောက်ပြီး ဘယ်ကနေဘယ်လို့များ ခွန်းနစ်ကို သိနေရတာဖြစ်မလဲ။

"နေချို သားနဲ့အတူနေတာ အန်တီရော အစ်ကိုရော သိပါတယ်"

"ဟို ဟိုဟာ..."

"စိတ်ချပါ အန်တီသားတို့ကို ခွဲတာဘာညာလုပ်ဖို့ အစီစဉ်မရှိဘူး"

"ဗျာ"

"အစ်ကိုက နေချို့ကိုတွေ့ချင်နေတာ။ သား အဆင်ပြေရင် တိုက်တွန်းပေးလို့များရမလား"

ဘယ်လို အခြေအနေကြီးပါလိမ့်။ အဖေဆိုတဲ့သူက သူ့သားနဲ့တွေ့ဖို့အရေး ခွန်းနစ်ကို နားချခိုင်းဖို့ ကြိုးစားနေသည်လား။အိမ်ကြီး အိမ်ကောင်းမှာနေပြီး သားဖြစ်သူကို ပစ်ထားပြီးကာမှ ဘာလို့တွေ့ချင်နေရတာဖြစ်မလဲ။ မဟုတ်မှလွဲရော နေချို့အဖေမှာ ကုလို့မရတော့တဲ့ ရောဂါတစ်ခုခု ရှိနေတာများလား။

လားပေါင်းများစွာ တန်းစီတက်လာသော ခေါင်းကို ပေါက်မထွက်စဉ်းစားရင်း ခွန်းနစ် စကားဝိုင်းကို အမြန်ဖြတ်ခဲ့သည်။ "ဟုတ်ကဲ့" ဆိုသည့် စကားနှစ်လုံးကိုပင် လက်ဆောင်ရသလို ပျော်ရွှင်သွားသည့် အမျိုးသမီးကြီးပုံစံက အနိုင်ကျင့်တတ်သည့် မိထွေးရဲ့ အငွေ့အသက်မျိုး နည်းနည်းမှမရခဲ့ပေ။ လုပ်ယူထားမှုကပဲ ပီပြင်လေသလား သူမက ယဉ်ကျေးသိမ်မွေ့စွာပဲ ခွန်းနစ်ကို ကျေးဇူးစကားပင် အခါခါဆိုသွားခဲ့သေးသည်။

အိမ်ပြန်ရောက်ရောက်ချင်း သော့ဖွင့်နေတုန်း နေချိုမောင်က ပြန်လာသည်။ သူက ဆိုင်ကယ်ကြီးပေါ်မှ ဆင်းလာကာ ခွန်းနစ်လက်ထဲက သော့ကိုယူပြီး ဖွင့်ပေးနေတုန်း ခွန်းနစ်ကတော့ သူ့မျက်နှာရိပ် မျက်နှာကဲကို အရင်ကြည့်လိုက်သည်။ အမေဖြစ်သူထံမှ ပြန်လာသည့်လူက မျက်နှာသေနှင့်။ ဘာမှမဖြစ်သလို လုပ်နေပေမဲ့ သူ့ရင်ထဲမှာတော့ ပင်ပန်းနေမှာ နားလည်နိုင်ပါသည်။

"မင်းဆီသွားသေးတယ်။ ပြန်သွားပြီတဲ့ မင်းတို့ဌာနက လူတွေက ပြောလို့"

"ယုတို့လား။ ဟုတ်တယ် ငါစောပြန်လာတာ။မင်းအတွက် ကြေးအိုးရောပါတယ်။ ခြေလက်ဆေးပြီး စားရအောင်လေ"

"အင်း"

ခွန်းနစ် အဝတ်အစားလဲနေတုန်း သူက စားစရာတွေကို အသင့်ပြင်ထားပေးသည်။ အတူစားကြတော့ ထုံးစံအတိုင်း မက်မက်မောမော မရှိလှပေမဲ့ ခွန်းနစ်ထည့်ပေးသမျှကိုတော့ ကုန်အောင် စားရှာပါသည်။

"နေချို "

"အင်း"

"ဒီနေ့ ငါ့ကို လူတစ်ယောက်လာရှာတယ်။ ဒေါ်ဟန်နီလင်းသူတဲ့"

စားလက်စ သူ့လက်တွေ လေထဲမှာ ရပ်တန့်သွားသည်။ လှန်ကြည့်လာသော မျက်ဝန်းတွေက ခရီးပန်းလာ၍ပင် အနည်းငယ် နီစပ်စပ်ဖြစ်လို့နေ၏။

"ဦးသောတမောင်ရဲ့ အမျိုးသမီးလို့ပြောတယ်"

"..."

"အဲ့ဒါ မင်းအဖေလား"

မျက်လွှာကို ချလျက် "အင်း" ဟု သူကဖြေသည်။ သူ့ပုံစံက လျှို့ဝှက်ချင်ပုံမရသလို စိတ်လိုလက်ရ ပြောပြချင်ပုံလည်း မပေါ်။

"ငါ မင်းနဲ့နေတာ သူတို့သိတယ်ထင်တယ်"

"အင်း"

"အော် အေးပါ"

ကျန်တဲ့ကိစ္စကို ဆက်မပြောချင်သေးတာကြောင့် သူ အဆင်ပြေလောက်သည့် အချိန်မှပြောရန်တွေးကာ ကြေးအိုးကိုသာ အာရုံစိုက်စားရန် ပြင်လိုက်သည်။

သို့သော် ရုတ်တရက် ကြားလိုက်ရသော နေချိုမောင့်စကားက ခွန်းနစ် ပါးစပ်ထဲမှ အစားသောက်တွေကို လမ်းကြောင်းလွဲသွားစေကာ နှာခေါင်းထဲမှ အငွေ့များပင် ထွက်လာစေခဲ့၏။

" အဟွတ်...ဟွတ် ဘာ ဘာပြောလိုက်တာ"

"ငါပြောထားတာ။ ငါအခု ငါကြိုက်နေတဲ့ ယောက်ျားနဲ့ အတူနေတော့မှာလို့"

"..."

"သူ့ နာမည်က ခွန်းနစ်ကုဋေ ဆိုတာကိုရော"

ဘုရား ဘုရား ။ ဒီလိုနဲ့ ခွန်းနစ်က နေရင်းထိုင်ရင်း တကယ်ကြီး ဒီကောင့်ကို တာဝန်ယူရတော့မည် ထင်ပါသည်....။

..........................................................

စာရေးသူ၏ အမှာစာ:

နေချိုက သူဌေးသားလားဆို
သူ့အဖေက ဆွေကြီးမျိုးကြီးကတော့ ဟုတ်ပါတယ်။ မိသားစု ပြဿနာလေးတွေကြောင့် အတူတော့ မနေကြပါဘူး။ တစ်နည်းပြောရရင် လုံးဝ တစ်ကောင်ကြွက်ဖြစ်နေခဲ့တဲ့ ကလေးပါပဲ။

Zawgyi

တိမ္ညိုေလးလည္း အေႏြးဓာတ္လိုပါတယ္ ၇

"ငါ ပိတ္ရက္ေတြ ရလို႔ ေတာ္ေသးတာ။ မင္း အဖ်ားက ေတာ္ေတာ္ၾကာတယ္။ ေဆးထိုးတာေဝာာင္ တေငြ႕ေငြ႕ျဖစ္ေနတုန္းပဲ"

ဧည့္ခန္းေရွ႕ရွိ ေစာင္ပုံထဲ ေခြေခြႀကီး အိပ္ေနသည့္ ေနခ်ိဳေမာင္ကို ႏွိုးကာ ေဆးတိုက္ရင္း ခြန္းနစ္ အဖ်ားစစ္ေနတာျဖစ္သည္။ စိတ္ေရာ ကိုယ္ပါ ဘယ္ေလာက္ ပင္ပန္းခဲ့ရွာသည္မသိ။ စိတ္ေလွ်ာ့ခ်လိဳက္ပုံရေသာ ‌သူက အားမရွိေတာ့သည့္ ကေလးလို ေပ်ာ့ေခြက်သြားခဲ့သည္။ တကယ္ဆို ဘယ္သူက သူ႕ကို ဒါေတြဖုံးကြယ္ခိုင္းထားလို႔လဲ ဟု စိတ္လိုလက္ရ ေမးလိုက္ခ်င္ေပမဲ့ ‌လက္ရွိမွာ ဒါကလည္း ေနခ်ိဳေမာင္ရဲ႕ ပုံစံပဲ ေနပါမယ္ေလဟုသာ လက္ခံလိုက္ရသည္။ သူ႕ဖက္က ေပးမသိခ်င္သည့္ ဆႏၵရွိေနရင္ ကိုယ္ကေရာ ဘာမ်ားတတ္နိုင္မည္နည္း။

"ခြန္းခြန္း"

"ေဟ...ေအး"

သူ႕အတြက္ ျပင္ထားသည့္ ၾကက္သားစြပ္ျပဳတ္ကိုသြားယူတုန္း ေခၚသံထြက္လာျပန္ေတာ့ မီးဖိုထဲမွတဆင့္အေျပးအလႊား သူ႕ဆီသြားရ၏။ ခြန္းနစ္ကုေဋတို႔က ေစတနာမ်ားရွိၿပီေဟ့ဆိုလွ်င္ ကိုယ့္ထမင္းကိုယ္စားၿပီးကို သူမ်ားသားသမီးကို ဂ႐ုစိုက္ေတာ့တာပင္။

"လာၿပီ လာၿပီ။မင္းဖို႔ ညေနစာေရာပါတာမို႔ တစ္ခါထဲစားလိုက္ေတာ့။ ၿပီးတာနဲ႕ ေဆးေသာက္ၿပီး အခန္းထဲ တစ္ခါထဲပို႔ေပးမယ္ အိပ္ရေအာင္လို႔"

ေျပာစကားကို နားပဲလည္သလိုလို၊ မလည္ သလိုလိုႏွင့္။ ေရွ႕ခ်ေပးလိုက္သည့္ အေငြ႕တေထာင္းေထာင္း ထေနသည့္ ပန္းကန္ႀကီးကိုၾကည့္ကာ ၿငိမ္ေနသူေၾကာင့္ "စားေလကြာ" ဟု သတိေပးလိုက္ရသည္။ သူ႕ဟာသူ ယူစားနိုင္သူက အရင္ရက္ေတြကထက္ စာလွ်င္ေတာ့ သက္သာလာပုံပင္။ သိပ္မၾကာခင္ အလုပ္ျပန္ဝင္နိုင္ရင္ေတာ့ သူရထားတဲ့ အလုပ္ကေလး မ‌ျပဳတ္ေကာင္းပါဘူးဟု ခြန္းနစ္ေတြးမိသြားသည္။

"ဘာေတြးေနတာလဲ"

"ဟင္...ေအာ္ ငါလား"

"‌အင္း"

"ဒီတိုင္းပါပဲ... ဟိုကြာ မင္းက ဒီေလာက္ျဖစ္ေနတာကို ငါအလုပ္ခြင့္တိုင္ေပးမယ္ဆိုေတာ့လည္း ရတယ္ပဲေျပာတာ။ အလုပ္ျဖဳတ္လိုက္ရင္ ဘယ္လိုလုပ္မွာလဲ"

"မလုပ္ေတာ့ဘူးေပါ့"

"..."

ခပ္ေအးေအးျပန္ေျပာသည့္ ေနခ်ိဳ႕ပုံစံက ဘာတစ္ခုကိုမွ ေလးေလးနက္နက္ရွိပုံမေပၚ။ သူ႕ၾကည့္ရတာ သူလုပ္ရသည့္ ဘယ္အရာအေပၚမွလည္းစြဲစြဲလန္းလန္းရွိပုံမရေခ်။ အသက္မရွိသည့္လူလို အျဖစ္လုပ္ေနရသည္ႏွင့္ပင္ သာ၍တူေနေသးသည္။ လူငယ္တစ္ေယာက္က ဒီေလာက္ထိ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး ဘဝကိုျဖစ္သလို ေနေနသည့္အေပၚ  ခြန္းနစ္အျမင္ကေတာ့ သိပ္မေကာင္းလွပါ။

"အလုပ္မလုပ္ရင္ ပိုက္ဆံ ဘယ္ကရမလဲကြ။ ေနာက္ၿပီး လူဆိုတာအလုပ္အေပၚ ေလးစားမႈရွိမွ အလုပ္ကလည္း ကိုယ့္အေပၚေလးစားမယ္ေလ။ၿပီးစလြယ္ႀကီး လုပ္ခ်င္မွ လုပ္မယ္ဆိုတာကေတာ့ မမွန္ဘူး"

"မင္းက ပိုက္ဆံရွိမွ သေဘာက်လိဳ႕လား"

အေၾကာင္း မသိသည့္လူသာဆို ခြန္းနစ္က ေငြမက္လြန္းလို႔ ေနမေကာင္းၿပီး အိပ္ရာထဲလဲေနသည့္ သူငယ္ခ်င္းကို ခိုင္းစားသည္ ထင္ေတာ့မည္။ တကယ္တမ္း အေျပာမတတ္ပဲ သူေမးခ်င္တာကိုသာ ေမးတတ္သည့္ ေပါက္လႊတ္ပဲစား အက်င့္ကို သိထားသူ ခြန္းနစ္ကေတာ့ ခပ္ေအးေအးပဲ ေခါင္းကို ၿငိမ့္ရင္း "ေငြက အထိုက္ေလ်ာက္ေတာ့ အေရးႀကီးတယ္။ အဲ့ဒါထက္ ပိုအေရးႀကီးတာက လူတစ္ေယာက္ရဲ႕ ကိုယ့္ကိုယ္ကိုယ္ ပ်ိဳးေထာင္ခ်င္တဲ့စိတ္ပဲ" ဟု ေျပာလိုက္၏။

"ပ်ိဳးေထာင္တာ"

"အင္းေလ။ လူျဖစ္လာရင္ ေလာဘႀကီးႀကီးထားရမယ္ မေျပာဘူး။ ကိုယ့္ကိုယ္ကိုယ္ တိုးတက္ၿပီး ကိုယ့္ခံစားခ်က္ေတြ အဆင္ေျပေအာင္ေတာ့ လုပ္နိုင္ရမယ္။ ဒါက ကိုယ့္ဘဝကို တာဝန္ယူမႈပဲ"

"..."

"ငါ့ကို အပိုေတြေျပာေနတဲ့ အ႐ူးလို႔ မင္းထင္ခ်င္ထင္မယ္။ ဒါေပမဲ့ ျဖစ္သလိုမေနဖို႔ ႀကိဳးစားတာက တကယ္လိုအပ္တယ္ ေနခ်ိဳေမာင္"

"..."

"ျဖစ္လာသမွ်ကို ေပေတခံၿပီး ေနေန႐ုံနဲ႕ ေတာ္ေနတာမဟုတ္ဘူး။ ငါေျပာတာသိလား။ မင္းကို ဝင္ေငြဘယ္ေလာက္ရွာရမယ္ဆိုတာထက္ မင္းဝင္ေငြရွာဖို႔ ဘယ္ေလာက္ထိ လုံေလာက္လဲဆိုတဲ့ အရည္အခ်င္းကို ေမြးျမဴခိုင္းတာ"

"..."

"အဲ့ဒါေတြ လုပ္ဖို႔ဆို မင္း စိတ္က နံပါတ္တစ္ပဲ။ ျဖစ္ခ်င္လာတဲ့ ဆႏၵက နံပါတ္တစ္ပဲ"

"..."

"ေနခ်ိဳ"

မ်က္တြင္းမ်ားခ်ိဳင့္လ်က္ အားအင္နည္းေနသည့္ မ်က္ဝန္းေတြကို စိုက္ၾကည့္ရင္း ခြန္းနစ္ေခၚေတာ့ သူက ေမးဆတ္ျပသည္။ မထုံတတ္ေသး ျဖစ္ေနသည့္ ထိုအၾကည့္ေတြေနရာမွာ ေတာက္ေလာင္ကာ အရွိန္ဝါျပည့္ေနမည့္ ယုံၾကည္ခ်င္းေတြကိုသာ အစားထိုးလိုက္လို႔ရလွ်င္... ခြန္းနစ္ ကိုယ့္စိတ္ကူးကိုယ္ သေဘာက်စြာ ၿပံးလိုက္မိရင္း သူ႕ဆံပင္တိုတိုေတြကို ထိုးဖြလိုက္၏။

"မင္းရင္ထဲမွာ ရွိေနတာေတြကို မျပရင္ ဘယ္သူက မင္းကို နားလည္မွာလည္း။ မင္းဖက္က မင္းစိတ္ကို နည္းနည္းေလာက္ျဖစ္ျဖစ္ ဖြင့္ထားေပးမွ ႏွစ္သိမ့္ေပးခ်င္တဲ့ ငါကလည္း ေရွ႕တိုးခြင့္ရမွာေလ"

"..."

"ဝမ္းနည္းတာက ဝန္ေလးစရာမဟုတ္ဘူး"

"..."

"အဲ့ဒါေၾကာင့္ ရင္ထဲမွာခ်ည္း ထိန္းခ်ဳပ္မထားပဲ စိတ္ရွိတဲ့အတိုင္း ေပါက္ကြဲထြက္ပစ္လိုက္လည္း ရတယ္"

"..."

"အိုေကလား"

"အင္း.."

ဟင္းဟင္း... ကိုယ္က ေျပာလိုက္ရသေလာက္ သူေျဖတာ အင္း တစ္လုံးထဲေပမဲ့ ခြန္းနစ္ဖြင့္ေပးလိုက္သည့္ လမ္းက သူ႕ရင္ထဲက ေလးလံမႈ အနည္းငယ္ကိုျဖစ္ျဖစ္ သက္သာသြားေစရင္ေတာင္ ေအာင္ျမင္သည္ ေျပာရမည္။

"စားစား.. ၿပီးရင္ အိပ္"

"မင္းေရာ"

"ငါလဲ အိပ္မယ္ေလ။ မနက္ျဖန္ ညဆိုင္းျပန္ဆင္းရေတာ့မွာ"

"အတူ အိပ္ ခ်င္ လား..."

"..."

ဒီတစ္ခါ ေတမိျဖစ္သြားသူက ခြန္းနစ္ကုေဋ။ သူ႕ရဲ႕ မဟုတ္တ႐ုတ္ ဦးေႏွာက္က လိုတာထက္ပိုၿပီး အေတြးေခ်ာ္ကာ "ေနလဲ မေကာင္းပဲနဲ႕" ဆိုေသာ မဖြယ္မရာစကားကို ေျပာမိဖို႔ ေျခတစ္လွမ္းသာ လိုေတာ့သည္။ ေနခ်ိဳကေတာ့ ရိုးရွင္းစြာပဲ သူႏွင့္ အတူ အိပ္ဖို႔ ဖိတ္ခၚျခင္းျဖစ္ပါမည္။

"‌ငါ့အေၾကာင္း မင္းကို ေျပာမယ္"

ခြန္းနစ္ ေခါင္းမခါနိုင္။ ခ်က္ခ်င္းပဲ အခန္းထဲဝင္ကာ ေစာင္ႏွင့္ ေခါင္းအုံးကိုဆြဲလ်က္ ေန႕ခ်ိဳအခန္းတြင္းသို႔ ပစ္ထည့္ထားလိုက္၏။ သူမ်ားက ေျပာျပၿပီး ရင္ဖြင့္ေတာ့မည္ေလ။ ကိုယ္က ဘာကိစၥနဲ႕ ေတြေဝေနစရာလိုလို႔လဲ။ ငါျဖစ္ခ်င္တာကလဲ ဒါပဲေလဟု လက္ခေမာင္းခတ္ ေပ်ာ္ခ်င္ရင္ေတာင္ ေပ်ာ္လို႔ ရနိုင္သည့္ အေျခေနပင္ မဟုတ္ပါလား။

စားေသာက္ၿပီး အိပ္ရာဝင္ၾကခ်ိန္မွာ ခြန္းနစ္က ခပ္တည္တည္ပဲ သူမ်ားအိပ္ရာထက္သို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီး တိုးဝင္လိုက္သည္။ ေနခ်ိဳေမာင့္ဖက္က လာပါတက္ပါဟု တကူးတကဖိတ္ေခၚျခင္းေတြ မရွိခဲ့သလို႔ ခြန္းနစ္ကလည္း ဟင္ေတြဟာေတြ မူယာလုပ္ကာ မတက္ခ်င္ပါဘူး ဘာညာႏွင့္ အပိုေတြလည္း လုပ္မေနခဲ့ပါ။ ကိုယ္တိုင္က ၾကမ္းျပင္ေပၚ ခါးအနာခံၿပီး မအိပ္နိုင္သလို ေနမေကာင္းျဖစ္ေနသည့္ ေနခ်ိဳေမာင္ကို "ေခြးသား ေအာက္ဆင္းအိပ္စမ္း" ဟု ေမာင္းထုတ္ေလာက္ေအာင္ထိလည္း အသည္းမာသူ မဟုတ္ေပ။

"အင္း အနံ႕က ေကာင္းသားပဲ။ ငါ ဝယ္လာတုန္းက စူးစူးႀကီးျဖစ္မွာစိုးေနတာ။ မင္းကိုယ္မွာ စြဲသြားတာလည္း ေကာင္းတယ္"

ခြန္းနစ္ကိုယ္တိုင္ ေ႐ြးခ်ယ္ဝယ္ေပးထားၿပီး အလုံပိတ္ အခန္းတြင္းကိုပါ တရႉးရႉးလိုက္ျဖန္ေပးထားခဲ့ေသာ လိ‌ေမၼာ္ရနံ႕သင္းသင္းေလးအေၾကာင္းေျပာေတာ့ သူက "ဟက္" ခနဲ ရယ္လ်က္ " ငါလဲ ႀကိဳက္တယ္" ဟု ဆိုသည္။ႀကိဳက္ရမွာေပါ့ ဒါ ဘယ္ေလာက္ေတာင္တန္တဲ့ ေရေမႊးလည္း။ ခြန္းနစ္ အႀကိဳက္ဆုံးအနံ႕ကိုယူၿပီး ဒီေကာင့္ကို ျဖန္းေပးထားတာေလ။

စဥ္းစားၾကည့္ေတာ့ ဒီေကာင္က စႀကိဳက္တာေပမဲ့ သူ႕ကို လက္မခံရေသးဘူး ခြန္းနစ္ေတာ္ေတာ္ ေငြကုန္သည္။ ကိုယ္ေနသလို ေကာင္းေကာင္း ေနေစခ်င္သည့္ စိတ္ေနာက္မွာ သူ႕အတြက္လို႔ ေတြးမိ႐ုံႏွင့္ ႏွေျမာတြန႔္တိုျခင္းမရွိ ဝယ္ေပးလိုက္ရတာေတြ မနည္းမေနာ။ ဒါေတာင္ ေက်းဇူးရွင္က သူ႕လစာကို ခြန္းနစ္ဆီအပ္၍ ေတာ္ေသးသည္။ အမွန္ေတာ့ မအပ္လည္း ေနခ်ိဳ႕လို နားေအးပါးေအးေလးကို ထမင္းဝဝေကြၽးထားနိုင္ေလာက္ေအာင္ေတာ့ ခြန္းနစ္လုပ္အားခက မ်ားပါ၏။

"မင္းအေဖက ဘာမွလုပ္မေပးဘူးလား"

"ဘာကိုလဲ"

"မင္း ေက်ာင္းဆက္တက္ဖို႔ေတြ အလုပ္ေတြေရာ"

"အင္း"

"..."

"သူေပးတဲ့ေငြေတြအကုန္ သုံးလိုက္ၿပီ"

"ဆိုင္ကယ္ဝယ္တာလား"

"အင္း"

"မင္းကိုလည္း နိုင္မဲ့ပုံမေပၚပါဘူး။ ထားပါေတာ့ အဲ့ဒါ မင္းကိစၥပဲ။ ဘာပဲျဖစ္ျဖစ္ ကိုယ္လုပ္ခ်င္တာကို စဥ္းစားၿပီး တစ္ခုခုလုပ္။ သင္တန္းတက္ခ်င္တာရွိရင္လည္း ငါပိုက္ဆံေခ်းေပးမယ္"

"ဘာနဲ႕ ဆပ္ရမွာလဲ"

"ဟ ခႏၶာကိုယ္နဲ႕ေပါ့။ ေဟာ့ဒီ မင္းရဲ႕ က်ားကိုးစီးစားမကုန္တဲ့ ခႏၶာကိုယ္ႀကီးနဲ႕ေပါ့ကြ"

ေျပာေျပာဆိုဆို ေဘးနားကလူကို ဝဖတ္ဖတ္ရိုက္ေတာ့ လက္ကိုဖမ္းဆြဲသည့္ေနခ်ိဳ။ နာေအာင္လုပ္လို႔ ျပန္မ်ား ရိုက္ေတာ့မလားလို႔ ေတြးလိုက္ေပမဲ့ အေတြးႏွင့္ လားလားမွမဆိုင္ပဲ ခြန္းနစ္လက္ေခ်ာင္းေတြကို သူ႕ရင္ဘတ္ထက္ကပ္ကာ အ႐ူးလို ၿပဳံးၿပဳံးႀကီးလုပ္ေနျပန္သည္။

"မင္းက ငါနဲ႕ လုပ္ခ်င္တာလား"

"ဟမ္"

"ငါနဲ႕အတူေနၿပီး ငါ့ကို သင္တန္းထားေပးမလို႔လား"

ေန ေနစမ္းပါအုန္း။ ဒီ မေထာ္မနန္းစကားရဲ႕ အဓိပၸာယ္က ဘယ္လမ္းက္ုေဖာက္ေနတာမ်ားပါလိမ့္။

"ေစာက္႐ူးေကာင္!" ခြန္းနစ္ အက်ယ္ႀကီး ထေအာ္ပစ္လိုက္သည္။

"မင္းကို အလုပ္လုပ္ၿပီး ဆပ္ခိုင္းမယ္ေျပာတာကြ။ အရွက္မရွိ ေျပာမေနနဲ႕"

သူ႕ဆီက ရယ္သံေတြႏွင့္အတူတူ တဟြတ္ဟြတ္ေခ်ာင္းဆိုးသံေတြပါ ထြက္လာသည္။ ခႏၶာကိုယ္နဲ႕မ်ား ေပးဆပ္ခိုင္းေစခ်င္ရင္ အိမ္ေျပာင္းလာကတည္းက ဒီအတိုင္းလႊတ္ထားပါ့မလား။ အိမ္ငွားဖို႔ သပ္သပ္ ခြန္းနစ္စေပၚတင္လိုက္ရသည့္ေငြနဲ႕တင္ စုထားသမွ် ျပဳတ္သြားတာ။ ခြန္းနစ္အျဖစ္က ေယာက္်ားယူၿပီး အမ္းခ်င္ေနသည့္ ေဂးဆိုးေလးတမွ် ျဖစ္လုနီးေနၿပီ။ ဒါေတာင္ ကိုယ္က ႀကိဳက္တာကို ရင္ထဲပဲထားထားၿပီး ပြင့္ပြင့္လင္းလင္း မေျပာရေသးလို႔သာပဲ။

"မ်က္ႏွာ႐ူးမေနပဲ အိပ္ေတာ့"

"အဟြတ္ ဟြတ္ ဟြတ္"

"မင္း ျမန္ျမန္ေနေကာင္းၿပီး ပိုက္ဆံရွာ။ မဟုတ္ရင္ ငါကို ယုတ္ယုတ္မာမာေတြ လုပ္ပစ္လိုက္မယ္ ေခြးသား"

ေျပာၿပီး ေနာက္ေက်ာေပးကာ ေစာင္ကို ေခါင္းအထိဆြဲၿခဳံပစ္လိုက္သည္။ ေျပာခ်င္တာေျပာရတာ အားရသည္ မရသည္ထက္ တဒိတ္ဒိတ္ခုန္ေနေသာ ရင္ခုန္သံက ၿငိမ္က်သြားလို႔ လိုအပ္ေနၿပီ။ ခံစားခ်က္က ‌သေဘာက်စရာေကာင္းေပမဲ့ ေမာဟိုက္လြန္းတာေၾကာင့္ အသက္ရႉေတြပင္ မဝခ်င္ေတာ့။

"ခြန္းခြန္း"

"ၾကက္သီးထခ်င္စရာ ေကာင္းေအာင္ အဲ့ဒီနာမည္ကို ေခၚမေနနဲ႕ေတာ့"

"..."

"တျခား က်ားက်ားယားယား နာမည္မ်ိဳး ေခၚစမ္းပါ"

ေစာင္လုံးႀကီးထဲကေန တဝူးဝူးတဝါးဝါးေအာ္ေနသေလာက္ အျပင္ကလူကေတာ့ ‌ေခါင္းကိုေထာက္လ်က္သား အၿပဳံးေတြကို မရပ္တန့္နိုင္။

"ခ်စ္ဖို႔ ေကာင္းပါတယ္"

မႈန္မွိုင္းကာ ေလးပင္စရာေတြ မ်ားလွသည့္ သူ႕ဘဝအတြက္ေတာ့ ခြန္းခြန္းႏွင့္ တၾကမ္းထဲ ေက်ာခင္းေနရသည့္ အခိုက္အတန႔္ကေလးကပင္ ေနျခည္ႏုႏုလို ခံစားလို႔ေကာင္း၏။ လက္ေထာက္ထားရာ သူ႕နား႐ြက္ဖ်ားမွ နားကပ္ကေလးကို စမ္းမိသည့္အခါ သူ႕ရင္ထဲ ၾကည္ႏူးမႈေတြက ပိုလို႔ပင္ တိုးပြားလာသည္။

မွတ္မွတ္ရရ သူ ဆယ္တန္းေအာင္စာရင္းထြက္ၿပီး ေနာက္တစ္ရက္မွာပဲ ဒီနားေပါက္ကို ေဖာက္ခဲ့၏။ ေဖာက္တုန္းကေတာ့ ဦးေသာတေမာင္ စိတ္ပ်က္ပါေစဆိုသည့္ စိတ္ရင္းႏွင့္ေပမဲ့ ဆိုင္ေရာက္ေတာ့ သူ႕ေခါင္းထဲ ခြန္းနစ္ကုေဋဆိုေသာ နာမည္က ဆက္တိုက္ႀကီးစိုးလာသည္။ ထိုအခ်ိန္က သူ ခြန္းခြန္းႏွင့္ေဝးတာ ႏွစ္ႏွစ္ခန႔္ပင္ ရွိေတာ့မည္။ တိုက္ဆိုင္မႈ တစ္စုံတစ္ရာမရွိသည့္တိုင္ သူ တစ္ခုခု ကန႔္လန႔္တိုက္တာမ်ိဳး လုပ္ခ်င္တိုင္း ခြန္းခြန္းက သူ႕ေခါင္းထဲ ေရာက္လာတတ္၏။ အားနည္းလြန္းၿပီး က်န္းမာေရးမေကာင္းတဲ့ မေက်နပ္ခ်က္ေတြမ်ားတဲ့ အဲ့ဒီသူငယ္ခ်င္းက သူ႕ဘဝမွာ တမ္းတစရာ ျဖစ္ခဲ့ပုံရသည္။

"ၾကယ္... ၾကယ္ပုံကေလး နားကပ္လိုခ်င္တယ္"

အလြယ္ရနိုင္သည့္ ၾကယ္ပုံ အေပါစား နားကပ္ကို ကပ္လ်က္ အိမ္ျပန္ခ်ိန္မွာ ဦးေသာတေမာင္က သူ႕ကို ေမွ်ာ္လင့္ထားသလို စိတ္ဆိုးဟန္မ်ိဳးျပမည့္အစား "ေကာင္းသားပဲ။ ၿပီးရင္ ေဆးေသာက္ထားလိုက္" ဆိုကာ အကိုက္ခဲ ေပ်ာက္ေဆးတခ်ိဳ႕ဝယ္ေပးသည္။ ဘယ္တုန္းကမွ ဂ႐ုမစိုက္ဖူးပဲ ခုမွ သေဘာထားေကာင္းျပေနသည့္ အေဖဆိုေသာ လူရဲ႕ လုပ္ရပ္ေတြက သူ႕အတြက္ေတာ့ စိတ္လႈပ္ရွားစရာ ေကာင္းမေနခဲ့ပါ။ သိပ္မၾကာဘူး နား႐ြက္ အသားက်တဲ့ေန႕မွာ ဦးေသာတေမာင္ရဲ႕ အမ်ိဳးသမီးက ဆယ္တန္းေအာင္သည့္အတြက္ဆိုကာ စိန္တစ္ပြင့္တည္း နားကပ္ကေလးလုပ္လာသည္။ ဦးေသာတေမာင္ ၏  ယူဆခ်က္ေတြ ပါသလားမသိ၊ သူမ လက္ေဆာင္မွာ ၾကယ္ပုံကေလး ထုထြင္းထား၏။

ကိုယ္တိုင္ ဇြတ္တပ္ဆင္ေပးသည့္ လက္ေဆာင္ကို မျငင္းခဲ့သလို ေက်းဇူးတင္သည့္ စကားမ်ိဳး အျပဳမူမ်ိဳးကိုလည္း ေသးေသးေလးပင္ မျပခဲ့မိပါ။ ထိုညက နား႐ြက္ကိုကိုင္ခ်က္ ခြန္းနစ္ကုေဋကိုသာ သတိရခဲ့ျပန္သည္။

"မင္းကို ေတြ႕ခ်င္တယ္ ခြန္းခြန္း"

ေက်ာေပးအိပ္ေနၿပီျဖစ္ေသာ ေစာင္ပုံႀကီးကို လက္ႏွင့္အသာပြတ္ရင္း မေနနိုင္စြာပဲ မ်က္ႏွာကိုပါ ေစာင္ပုံဆီ အပ္ခ်မိလိုက္သည္။ ရနံ႕ေလးက ေမႊးၿပီး သူ႕ အဆုတ္တစ္ခုလုံး ျပည့္ႏွက္သြားသလိုပင္။ ေနလို႔ေကာင္းလြန္းလို႔ ပိုတိုးၿပီး နမ္းရႈံ႕လိုက္ခ်င္စိတ္ကို လႊတ္မခ်မိေအာင္ အေတာ္ထိန္းသိမ္းေနရေပမဲ့ အခက္ခဲရယ္လို႔ မယူဆမိပါ။

"မင္းနဲ႕အတူရွိတာေတာင္ ေတြ႕ရတာ မဝနိုင္ဘူး"

ေျပာေလ့ေျပာထမရွိသည့္ စကားလုံးေတြကိုအမွတ္တမဲ့ေျပာေနမိတာေတာင္ သတိမထားမိ။ အဲ့ဒီ‌ေလာက္အထိ ခြန္းခြန္းကို သူ သေဘာက်သည္။ ခြန္းခြန္း ဆရာလုပ္သမွ်ကို သဘာက်ၿပီး ခြန္းခြန္း ရိုက္တာ ႏွက္တာဆိုရင္လည္း သေဘာက်သည္။ ဒီေကာင္ေလးက သူ႕ဘဝမွာ ငါမွားသြားတာလား ဆိုသည့္ ေဝဝါးမႈမ်ိဳးကို ခံစားေစသည့္ ပထမဆုံးလူျဖစ္သလို သူ႕လက္ကို ကိုင္ထားရင္ သူေရာငါေရာ ပိုသက္သာသြားမလားဆိုသည့္ အေတြး ဝင္လာေစသူလည္းျဖစ္သည္။

အသက္ရႉမဝျဖစ္ေနသူအတြက္ ကိုယ္ပိုင္အဆုတ္ကိုပါ ထုတ္ေပးလိုက္ခ်င္သည္အထိ စိတ္ဓာတ္ျပင္းထန္ဖူးတာ ခြန္းခြန္း အေပၚမွာပဲ ရွိခဲ့ဖူးသည္။ သူထင္ခဲ့တာ စိတ္ဝင္စားစရာေကာင္းသည့္ ဒီသူငယ္ခ်င္းကို  သူ အေတာ္ခင္သည္။

သေဘာထား‌ကို ကြဲျပားစြာသိခ်ိန္မွာ သူနားလည္လိုက္တာ တစ္ခုရွိ၏။

ခြန္းနစ္ကုေဋကို ခင္မင္႐ုံမဟုတ္။ သံေယာဇဥ္တရား ေခါင္းပါးတဲ့ သူက ဒီသူငယ္ခ်င္းကို တြယ္တာၿပီး စြဲလမ္းသြားခဲ့တာပင္ ျဖစ္ပါသည္....။

.........................................

"လာမႀကိဳနိုင္ဘူးဆိုရင္လည္း ငါတို႔နဲ႕လိုက္ခဲ့ပါလား အဲ့ဘက္ကို ျပန္မွာပဲ"

" ေတာ္ပါၿပီ။ ေဝၿဖိဳးနိုင္က သူႀကဳံတယ္ေျပာတယ္ သူနဲ႕လိုက္သြားမလို႔"

"မႏြယ္နီနဲ႕ ေယာက္်ားလား ဟဲ့။ သူ႕ကေလးေရာ အေတာ္ထြားလာၿပီလား။သူ ကေလးထြက္လာေတာ့ ခြန္းနစ္ဆီလာႂကြားရင္း ငါတို႔ကိုပါ ေခါက္ဆြဲေၾကာ္ေတြ ဝယ္ေကြၽးသြားတာေလ ဟားဟား"

ယုရဲ႕ အားပါးတရအသံႀကီးကို အတူလိုက္ရယ္ရင္း ဂ်ဴတီသမားေတြကို ခြန္းနစ္ႏႈတ္ဆက္လိုက္သည္။ ဒီေန႕ ေသာၾကာေနမို႔ ေနခ်ိဳေမာင့္ကို လာမႀကိဳခိုင္းျဖစ္။ သူ သြားမလား မသြားမလား ေသခ်ာမသိေပမဲ့ ထုံးစံရွိတာကို သိေနၿပီမို႔ "ညေန လာမႀကိဳေတာ့နဲ႕" ဟု ယတိျပတ္ေျပာထားခဲ့သည္။ အျပန္ ဆိုင္ကယ္ ကယ္ရီျဖစ္ျဖစ္ ငွားျပန္ဖို႔စိတ္ကူးေပမဲ့ ယုတို႔က သူမတို႔ဆိုင္ကယ္ေနာက္က လိုက္ဖို႔အတင္းေခၚ၏။ ဘယ္လိုပဲ ဆိုင္ကယ္မေမာင္းခ်င္ဦး မိန္းကေလးေတြေနာက္ကေတာ့လိုက္မစီးခ်င္တာေၾကာင့္ ေဝၿဖိဳးနိုင္ႏွင့္ ႀကဳံသည္ဟုသာ ညာလိုက္ရသည္။

"ညစာက ေၾကးအိုးဆို ရပါ့မလားမသိဘူး။ ထမင္းမဟုတ္ရင္ တို႔ကနန္းဆိတ္ကနန္းလုပ္တတ္တဲ့ ေကာင္ေၾကာင့္ အစားေသာက္ဝယ္ရတာ ၾကပ္လိုက္တာ"

ေခ်းမ်ားသည္ မဆိုသာေသာ္လည္း ထမင္းႏွင့္ ဟင္း မဟုတ္လွ်င္ ဟက္ဟက္ပက္ပက္ မရွိလွသည့္ ေနခ်ိဳေမာင္ေၾကာင့္ အစားစားခ်ိန္တိုင္း ခြန္းနစ္ ေခါင္းခဲရသည္။ ကိုယ္တိုင္ ခ်က္ျပဳတ္ဖို႔ အခ်ိန္ေရာ လူေရာ မေပးနိုင္သည့္အတြက္ ျဖစ္သလိုစားဖို႔ ႏွစ္ဦးသေဘာတူဆုံးျဖတ္ထားေပမဲ့ တစ္ခါတစ္ေလ ခြန္းနစ္က သူစားခ်င္တာေလး ခ်က္ေကြၽးနိုင္လွ်င္ ေကာင္းမည္ဟု ေတြးမိသည္။ သို႔ေသာ္ ပိတ္ရက္ေတြဆို ထမင္းေပါင္းအိုးေလးခ်ိတ္ၿပီး လက္ဖက္သုတ္၊ ၾကက္ဥေၾကာ္တာထက္ ပိုတဲ့ လက္ရာမ်ိဳးလည္း မလုပ္တတ္ေတာ့ေပ။

"ေၾကအိုးတစ္ပြဲ ၿပီးေတာ့ ဝက္သားသုတ္ေရာယူမယ္"

မွာၿပီးတာႏွင့္ ခုံမွာဝင္ထိုင္ဖို႔လုပ္တုန္း အနားေရာက္လာသည့္ အရိပ္တစ္ခု။ ေမာ့ၾကည့္လိုက္ခ်ိန္မွာ ကိုယ္မသိသည့္ အမ်ိဳးသမီးတစ္ဦးျဖစ္ေနသည္မို႔ ေဈးဝယ္ထင္ကာ ကိုယ္ကိုရို႔ေပးလိုက္ေပမဲ့ ထိုထူးဆန္းေသာ အမ်ိဳးသမီးမွာ သူ႕လမ္းသူ သြားရမည့္အစား ခြန္းနစ္၏ ေဘးခုံတြင္ ဝင္ထိုင္လို႔လာသည္။

"အာ ထိုင္ ထိုင္တာက"

ထိုထက္ပိုၿပီး ထူးဆန္းသည္မွာ အမ်ိဳးသမီးရဲ႕ လူကို ခင္သလိုမင္သလို ၿပဳံးျပေနသည့္ အၿပဳံးမ်ားပင္။ ဝတ္ထားသည့္ နာမည္ႀကီး တန္ဖိုးႀကီး အမ်ိဳးအစားေတြအရဆို ခြန္းနစ္အသိထဲ ဒီေလာက္ ခ်မ္းသာေနမည့္ မိတ္ေဆြအန္တီႀကီးမ်ိဳး မရွိနိုင္။ ဒါ့အျပင္ ပန္းဆီေရာင္ ႏႈတ္ခမ္းနီႏွင့္ ေခတ္မွီေသာ အသြင္ျပင္ေတြ၊ စနစ္တက်ပဳံသြင္းထားသလို အျပဳမူေတြကို ၾကည့္႐ုံႏွင့္ အေတာ္ေလး ခမ္းနားသည့္ အသိုင္းဝိုင္းဟု ထင္ရေလာက္သည္။

"ဟယ္လို သား... အန္တီက ေဒၚဟန္နီလင္းသူပါ။အန္တီဟန္နီလို႔ အလြယ္ေခၚေပါ့။ သားက ခြန္းနစ္ ကုေဋ ဆိုတာလား"

ခက္ခက္ခဲခဲေခၚလိုက္ရသည့္ နာမည္ကို အာ႐ုံမစိုက္နိုင္ တစ္ခါမွ မျမင္ဖူးသူဆီမွာကိုယ့္နာမည္ကို ၾကားလိုက္ရတာေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္လို႔သြားသည္။ ႐ုတ္တရက္ ဝင္ထိုင္ၿပီး ခြန္းနစ္ကိုပါ သိေနသည့္ အမ်ိဳးသမီးက ဘယ္သူမ်ားျဖစ္လိမ့္မလဲ။ တတ္နိုင္သမွ် မွတ္ဉာဏ္ေတြကို ရီေကာ္လ္ေခၚကာ အထပ္ထပ္ စဥ္းစားၾကည့္ေပမဲ့ ဘယ္လိုပဲစဥ္းစားစဥ္းစား ေဒၚဟန္နီလင္းသူဆိုသည့္နာမည္ေရာ မ်က္စိေရွ႕က ပုံစံကိုေရာ ရင္းႏွီးမေနခဲ့ပါ။

"ဟင္းဟင္း သားက အန္တီဘယ္သူလဲ ေတြးေနပုံပဲ။ ေခါင္း မရႈပ္ပါနဲ႕ကြယ္။ အန္တီတို႔ခ်င္း အခုမွေတြ႕ဖူးၾကတာပါ။ အန္တီက ဦးေသာတေမာင္ရဲ႕ ဇနီး"

"ဦး ေသာတ ေမာင္"

ဒုကၡပါပဲ သူ႕မသိလို႔ သူ႕ေယာက္်ားနာမည္ကို ေျပာပါမွ ပေဟဋိက တစ္ခုကေန ႏွစ္ခုျဖစ္သြားသည္။ ဦးေသာတေမာင္ဆိုတာကလည္း ခြန္းနစ္ ရင္းႏွီးသည့္ နာမည္မဟုတ္ျပန္ပါ။

"သား...သား ဦးေသာတေမာင္ကို မသိတာေတာ့ မဟုတ္ပါဘူးေနာ္"

"မ မသိဘူးဗ်"

"ေဟာ္ေတာ္"

ျဖစ္ရေလေစေသာ အံ့အားသင့္မႈမ်ိဳးျဖင့္ အမ်ိဳးသမီးႀကီးက သူမရင္ဘတ္ကိုဖိကာ မယုံၾကည္နိုင္ဟန္ လုပ္သည္။ ခုလိုႀကီး လာအေျပာခံေနရသည့္ ခြန္းနစ္က ပို၍ေတာင္ အံ့အားသင့္ေနေသး၏။ သူမက မိနစ္အနည္းငယ္ခန့္အေျခေနကို လက္ခံရန္ခက္စြာ ၿငိမ္သက္ေနၿပီးမွ ကိုယ္ဟန္ကို ျပင္လ်က္ လက္ေတြကို စားပြဲထက္ ယက္တင္လိုက္သည္။

ေၾကးအိုးကလဲ ၾကာလိုက္တာ။ခုမွ မီးေမႊးေနသလားမသိဘူး။ ထြက္ေျပးခ်င္စိတ္ ေပါက္ေနသူပီပီ ခြန္းနစ္က သူ႕ဟာသူ ခ်က္ေနသည့္ စားဖိုမႉးကို မေကာင္းျမင္လာသည္။ သူစိမ္းဆို ေနရခက္တာေၾကာင့္ ဘုမသိဘမသိ လူကိုလာၾကပ္ေနသည့္ အန္တီႀကီးႏွင့္ စကားမေျပာခ်င္ေတာ့ပါ။ ဒါကို လက္မေလွ်ာ့သူကေတာ့ အဆုံးထိ သူဘယ္သူဆိုတာ အသိေပးသြားမည့္ အေနထားမွာရွိသည္။

"ဦးေသာတေမာင္က ေနခ်ိဳ႕ရဲ႕ ေဖေဖေလ။သား ေနခ်ိဳ႕ကိုေတာ့ သိတယ္မို႔လား"

ေနခ်ိဳ... ခြန္းနစ္ မ်က္ဝန္းေတြဝိုင္းစက္က ေရွ႕က အန္တီႀကီးကို တအံ့တဩၾကည့္ေနမိသည္။ ဒါ ဒါက ေနခ်ိဳ႕ရဲ႕ မိေထြးေပါ့။ သူက ဘယ္လိုျဖစ္လို႔ ခြန္းနစ္ဆီ ေရာက္လာရတာလဲ။ ေနာက္ၿပီး ဘယ္ကေနဘယ္လို႔မ်ား ခြန္းနစ္ကို သိေနရတာျဖစ္မလဲ။

"ေနခ်ိဳ သားနဲ႕အတူေနတာ အန္တီေရာ အစ္ကိုေရာ သိပါတယ္"

"ဟို ဟိုဟာ..."

"စိတ္ခ်ပါ အန္တီသားတို႔ကို ခြဲတာဘာညာလုပ္ဖို႔ အစီစဥ္မရွိဘူး"

"ဗ်ာ"

"အစ္ကိုက ေနခ်ိဳ႕ကိုေတြ႕ခ်င္ေနတာ။ သား အဆင္ေျပရင္ တိုက္တြန္းေပးလို႔မ်ားရမလား"

ဘယ္လို အေျခအေနႀကီးပါလိမ့္။ အေဖဆိုတဲ့သူက သူ႕သားနဲ႕ေတြ႕ဖို႔အေရး ခြန္းနစ္ကို နားခ်ခိဳင္းဖို႔ ႀကိဳးစားေနသည္လား။အိမ္ႀကီး အိမ္ေကာင္းမွာေနၿပီး သားျဖစ္သူကို ပစ္ထားၿပီးကာမွ ဘာလို႔ေတြ႕ခ်င္ေနရတာျဖစ္မလဲ။ မဟုတ္မွလြဲေရာ ေနခ်ိဳ႕အေဖမွာ ကုလို႔မရေတာ့တဲ့ ေရာဂါတစ္ခုခု ရွိေနတာမ်ားလား။

လားေပါင္းမ်ားစြာ တန္းစီတက္လာေသာ ေခါင္းကို ေပါက္မထြက္စဥ္းစားရင္း ခြန္းနစ္ စကားဝိုင္းကို အျမန္ျဖတ္ခဲ့သည္။ "ဟုတ္ကဲ့" ဆိုသည့္ စကားႏွစ္လုံးကိုပင္ လက္ေဆာင္ရသလို ေပ်ာ္႐ႊင္သြားသည့္ အမ်ိဳးသမီးႀကီးပုံစံက အနိုင္က်င့္တတ္သည့္ မိေထြးရဲ႕ အေငြ႕အသက္မ်ိဳး နည္းနည္းမွမရခဲ့ေပ။ လုပ္ယူထားမႈကပဲ ပီျပင္ေလသလား သူမက ယဥ္ေက်းသိမ္ေမြ႕စြာပဲ ခြန္းနစ္ကို ေက်းဇူးစကားပင္ အခါခါဆိုသြားခဲ့ေသးသည္။

အိမ္ျပန္ေရာက္ေရာက္ခ်င္း ေသာ့ဖြင့္ေနတုန္း ေနခ်ိဳေမာင္က ျပန္လာသည္။ သူက ဆိုင္ကယ္ႀကီးေပၚမွ ဆင္းလာကာ ခြန္းနစ္လက္ထဲက ေသာ့ကိုယူၿပီး ဖြင့္ေပးေနတုန္း ခြန္းနစ္ကေတာ့ သူ႕မ်က္ႏွာရိပ္ မ်က္ႏွာကဲကို အရင္ၾကည့္လိုက္သည္။ အေမျဖစ္သူထံမွ ျပန္လာသည့္လူက မ်က္ႏွာေသႏွင့္။ ဘာမွမျဖစ္သလို လုပ္ေနေပမဲ့ သူ႕ရင္ထဲမွာေတာ့ ပင္ပန္းေနမွာ နားလည္နိုင္ပါသည္။

"မင္းဆီသြားေသးတယ္။ ျပန္သြားၿပီတဲ့ မင္းတို႔ဌာနက လူေတြက ေျပာလို႔"

"ယုတို႔လား။ ဟုတ္တယ္ ငါေစာျပန္လာတာ။မင္းအတြက္ ေၾကးအိုးေရာပါတယ္။ ေျခလက္ေဆးၿပီး စားရေအာင္ေလ"

"အင္း"

ခြန္းနစ္ အဝတ္အစားလဲေနတုန္း သူက စားစရာေတြကို အသင့္ျပင္ထားေပးသည္။ အတူစားၾကေတာ့ ထုံးစံအတိုင္း မက္မက္ေမာေမာ မရွိလွေပမဲ့ ခြန္းနစ္ထည့္ေပးသမွ်ကိုေတာ့ ကုန္ေအာင္ စားရွာပါသည္။

"ေနခ်ိဳ "

"အင္း"

"ဒီေန႕ ငါ့ကို လူတစ္ေယာက္လာရွာတယ္။ ေဒၚဟန္နီလင္းသူတဲ့"

စားလက္စ သူ႕လက္ေတြ ေလထဲမွာ ရပ္တန႔္သြားသည္။ လွန္ၾကည့္လာေသာ မ်က္ဝန္းေတြက ခရီးပန္းလာ၍ပင္ အနည္းငယ္ နီစပ္စပ္ျဖစ္လို႔ေန၏။

"ဦးေသာတေမာင္ရဲ႕ အမ်ိဳးသမီးလို႔ေျပာတယ္"

"..."

"အဲ့ဒါ မင္းအေဖလား"

မ်က္လႊာကို ခ်လ်က္ "အင္း" ဟု သူကေျဖသည္။ သူ႕ပုံစံက လွ်ို႔ဝွက္ခ်င္ပုံမရသလို စိတ္လိုလက္ရ ေျပာျပခ်င္ပုံလည္း မေပၚ။

"ငါ မင္းနဲ႕ေနတာ သူတို႔သိတယ္ထင္တယ္"

"အင္း"

"ေအာ္ ေအးပါ"

က်န္တဲ့ကိစၥကို ဆက္မေျပာခ်င္ေသးတာေၾကာင့္ သူ အဆင္ေျပေလာက္သည့္ အခ်ိန္မွေျပာရန္ေတြးကာ ေၾကးအိုးကိုသာ အာ႐ုံစိုက္စားရန္ ျပင္လိုက္သည္။

သို႔ေသာ္ ႐ုတ္တရက္ ၾကားလိုက္ရေသာ ေနခ်ိဳေမာင့္စကားက ခြန္းနစ္ ပါးစပ္ထဲမွ အစားေသာက္ေတြကို လမ္းေၾကာင္းလြဲသြားေစကာ ႏွာေခါင္းထဲမွ အေငြ႕မ်ားပင္ ထြက္လာေစခဲ့၏။

" အဟြတ္...ဟြတ္ ဘာ ဘာေျပာလိုက္တာ"

"ငါေျပာထားတာ။ ငါအခု ငါႀကိဳက္ေနတဲ့ ေယာက္်ားနဲ႕ အတူေနေတာ့မွာလို႔"

"..."

"သူ႕ နာမည္က ခြန္းနစ္ကုေဋ ဆိုတာကိုေရာ"

ဘုရား ဘုရား ။ ဒီလိုနဲ႕ ခြန္းနစ္က ေနရင္းထိုင္ရင္း တကယ္ႀကီး ဒီေကာင့္ကို တာဝန္ယူရေတာ့မည္ ထင္ပါသည္....။

..........................................................

စာေရးသူ၏ အမွာစာ:

ေနခ်ိဳက သူေဌးသားလားဆို
သူ႕အေဖက ေဆြႀကီးမ်ိဳးႀကီးကေတာ့ ဟုတ္ပါတယ္။ မိသားစု ျပႆနာေလးေတြေၾကာင့္ အတူေတာ့ မေနၾကပါဘူး။ တစ္နည္းေျပာရရင္ လုံးဝ တစ္ေကာင္ႂကြက္ျဖစ္ေနခဲ့တဲ့ ကေလးပါပဲ။

Continue Reading

You'll Also Like

41.9K 5.3K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း
60.8K 3.8K 31
" ပန်း နှင့် လိပ်ပြာ ကျူးပိုက်ဖြားလို့ ပြန့်ပြူးချုပ်ထိုင်း လျှပ်ပန်းစုံကို စက်အရှင်နှယ် ပျံသန်းလေရော ပျံသန်းလေရော " Author - shut paann Start date...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...
270K 27.1K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း