𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

By AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 13

2.7K 440 139
By AureumV

Zawgyi~

"ကျွန်​​တော့်ကို ​ရှောင်​နေတာလား"

"ဟင်.."

မ​မျှော်လင့်ထား​သော အ​မေးစကားဖြစ်သည်။ သူ အိမ်က​နေ ထွက်လာခဲ့သည့်အတွက် အသည်းမှာ ဘာခံစားချက်မှ ရှိမ​နေ​လောက်ဘူး ထင်ထားခဲ့တာ။
သူ့ကို ​လွမ်း​နေလိမ့်မယ်ဟု ကြီးကြီးမားမား မ​တွေးနိုင်​သေး​​​သော်လည်း စိတ်ထဲရှိ​နေတယ်ဆိုရုံနဲ့တင် သူဝမ်းသာပစ်ဖို့ လုံ​လောက်​နေပြီ ဖြစ်သည်။

"ကျွန်​တော့်​ကြောင့် အိမ်ပြန်မလာတာလား။ ပြီး​တော့ ဒီအခန်းထဲ ​နေ​နေတာလား"

အခုမှ နှာ​ခေါင်း​ပေါက်​လောက်ရှိတဲ့ သူ့ရုံးခန်း​လေးကို သူပြန်ကြည့်မိသည်။ ဤ​လေးရက်အတွင်း သူ၀တ်ထားခဲ့​သော အဝတ်များက တိုးလိုးတန်းလန်း။ ​​ရှိုက်ဖွာပြီးလို့ ပစ်ထားသည့် စီးကရက်​တို​တွေက ကြမ်းပြင်​ပေါ် ပွစိခတ်လို့။ ထို့အပြင် ​သောက်လက်စ ဝီစကီခွက်နှင့် ​ရေခွက်က စားပွဲ​ပေါ်မှာ အတိုင်းသား။
ဖြစ်ချင်တိုင်းဖြစ်​နေခဲ့တာပါလား။

"ကိုယ်အလုပ်များ​နေလို့ ဒီမှာပဲ​နေဖြစ်သွားတာ"

"ဒီနားနဲ့ သိပ်မ​ဝေးတဲ့ဆီမှာ ဟိုတယ်ရှိသားပဲ။ ခင်ဗျား ဒီမှာဒုက္ခလာခံ​နေတယ်ဆိုတာ မယုံလို့ ကျွန်​တော်လိုက်လာတာ"

"မိုးချုပ်​နေပြီ​လေ။ တက္ကစီနဲ့ လာတာလား"

"ဟင့်အင်း။ ကျွန်​တော်ပိုက်ဆံပါမလာလို့ လမ်း​လျှောက်လာခဲ့တာ"

အခုတ​လော အလစ်သုတ်သမား​တွေ သိပ်ကို ​သောင်းကျန်း​နေသည့်ကြားက Taehyungက အတင့်ရဲလွန်းပါသည်။ ဘာမှမဖြစ်ဘဲ ​ရောက်လာလို့သာ ​တော်​သေးတာ​ပေါ့။ ​တစ်ခုခုသာဆို သူ့ခမျာ ရင်ကျိုးရချည့်။ သူ့သက်​တော်​စောင့်​တွေ လိုက်လာတယ်ပဲ ဆိုပါ​စေ.. ကိုယ့်​လောက် ဘယ်သူ့က စိတ်ချရမှာတဲ့လဲ။

"အန္တရာယ်များလိုက်တာ။ အခု မင်းကို လိုက်ပို့စရာ တက္ကစီ​တွေလည်း မရှိ​တော့ဘူး​လေ"

"ဟင်.. ဘာလို့မရှိရတာလဲ"

"ဒီအချိန်ထိ မြို့စွန်မှာ ဘယ်သူက တက္ကစီဆွဲမှာတဲ့လဲ။ ကိုယ့်ကားကလည်း ဟိုဘက်စက်ရုံကို ပါသွားတယ်"

နည်းနည်း​လေး လိမ်မိရုံနဲ့​တော့ သူ့ကို ဘယ်ဘုရားကမှ ဒဏ်လာမခတ်နိုင်ဘူး မဟုတ်လား။ ကိုယ့်အသည်းကို စိတ်ပူလို့ လိမ်မိရုံ။ ​ကောင်း​သောမုသားကို​တော့ ဘယ်သူဘယ်ဝါကမှ အ​ရေးတယူလုပ် အပြစ်​ပြော​နေမည်ဟု မထင်ပါ။

သူ့ကားက တခြားစက်ရုံ​ရောက်​နေတာ အမှန်ဆို​သော်လည်း တက္ကစီ​တွေက​တော့ မြို့ပြင်အထိ ၂၄နာရီ ​ပြေးဆွဲပါသည်။ သည်အတိုင်း.. Taehyungကို လူစိမ်းတစ်​ယောက်၏ကား​ပေါ် မတင်​ပေးလိုက်ချင်ရုံ​လေးသာ။

"ခင်ဗျားဆီ ဘာမှမဟုတ်ဘဲ လာမိသွားတာပဲ"

"မနက်ကျ ကိုယ့်တပည့်တစ်​ယောက်ကို ပို့ခိုင်းလိုက်ပါ့မယ်။ ဒီည​တော့ ဒီမှာပဲ အိပ်သွားလိုက်​လေ။ နည်းနည်း​တော့ ကျဥ်း​ပေမဲ့.."

Taehyungက အိပ်ရာကို လှမ်းကြည့်သည်။ အိမ်က အိပ်ရာလို​တော့ အကြီးကြီးမဟုတ်။ လူနှစ်​ယောက်​တော့ ​လော​လောက်ငငအိပ်နိုင်သည်။ Jeon JungKook ​ပြောသလိုဆို သူ့မှာ ပြန်စရာနည်းမရှိ​​တော့ဘူး​​ပေါ့။
ထို့​ကြောင့် ​ရွေးချယ်စရာ များများစားစားမရှိဘဲ ရုံးခန်းထဲ အတူအိပ်ဖို့ရာ လက်ခံလိုက်ရ​တော့သည်။

"ဒီတံခါးကို ဖွင့်လိုက်ရင် ​ရေချိုးခန်းနဲ့ သန့်စင်ခန်းရှိတယ်။ မင်းကိုယ်လက်သန့်စင်ပြီး အိပ်ချင်အိပ်လို့ရပြီ"

"အင်း.."

သူအိပ်ရာ​ပေါ် လဲ​လျောင်း​နေရင်း Jeon JungKookကို ကြည့်မိ​နေသည်။ ဘက်ထရီနှင့်ထွန်းထားရ​သော မီး​ရောင်​အောက်မှာ စာရင်းဇယား​တွေနှင့် အလုပ်ရှုပ်​နေဆဲ။ ​

ဘေးတိုက်ပုံရိပ်က တည်ကြည်ခံ့ညားလွန်း​နေသည်။ သည်လိုလူက ဆယ်​ကျော်သက်အရွယ်က​နေ အသက် ၃၅နှစ်အထိ သူ့ကိုပဲ ကပ်တွယ်​နေခဲ့တာတဲ့လား။ ရန်ငြိုး​တွေကိုသာ ထည့်မတွက်ရ​ကြေးဆို Jeon JungKookက ​ငွေ​ကြေး၊ ရုပ်ရည် အစစအရာရာပြည့်စုံနိုင်လွန်းသူပါပင်။ သမီးရှင်တိုင်းက သမက်​တော်ချင်ကြပြီး မိန်းက​လေးတိုင်းက စိတ်ကူးယဥ်မိ​သော ​ယောကျ်ားသားတစ်ဦးဖြစ်ပါလျက် ဘာလို့ သူမှသူ​လဲ။
​ရွေးချယ်စရာ​တွေ အများကြီး ရှိသားနှင့် သူက ဘာမက်​မောစရာများ ရှိ​နေလို့လဲ။

"ကိုယ့်ကို တစ်ခုခု ​ပြောစရာရှိလို့လား"

"ဟင့်အင်း.. ဘာလို့လဲ"

"မအိပ်​သေးဘဲ ကြည့်​နေလို့​လေ။ ​တော်​သေးတာ​ပေါ့.. မင်း​ပြောစရာရှိတယ်ဆို ကိုယ်သိပ်​ကြောက်တာပဲ"

"ကျွန်​တော်က ခင်ဗျားကို ကိုက်စားမယ်ထင်လို့လား"

"ဟားဟား.. ကိုက်စားမယ်ဆိုလည်း ကိုယ့်အသားကိုယ်လွှာ​ကျွေးမှာပါဗျာ။ ကိုယ်က မင်းကို သဒ္ဓါပါတယ်"

ယုတ္တိမရှိ​သော အီစီကလီ အပိုဆာလာစကားများကို ကြားလိုက်ရလျှင် Taehyung တစ်ဖက်ရှိ နံရံဘက်သို့သာ လှည့်သွားမိသည်။ Jeon JungKookက ဆယ်​ကျော်သက်ဘဝတုန်းက စာ​တွေကဗျာ​တွေ အများကြီး ဖတ်ခဲ့လို့ဖြစ်ရမည်။ ဒါမှမဟုတ်လည်း ရည်းစားစာ​တွေ အများကြီး ​ရေးခဲ့တာ ဖြစ်ရမည်။ အ​တွေ့အကြုံမရှိဘဲနဲ့​တော့ သုံး​ဆယ်​ကျော်အရွယ်ဘဲကြီးက သည်လိုစကား​တွေ ထွက်လာစရာအ​​ကြောင်းကိုမရှိ။

"အိပ်သွားပြီလား.."

Taehyungဘက်က မလှုပ်မယှက်ဆို​တော့ သူ​ခြေလှမ်းဖွဖွနင်းရင်း အနားတိုးကပ်သွားလိုက်သည်။ အိပ်ချင်​ယောင်​ဆောင်​နေ​သော ​ကောင်​လေးကို ပြုံးလျက်ကြည့်မိသည်။ ​ကောင်​လေးက သူ့ကိုယ်သူ အိပ်ချင်ဟန်​ဆောင်တာ ပီပြင်တယ်လို့ ထင်​နေ​လောက်သည်။
သည်လူက သူအိပ်​နေရင် ဘယ်လိုအသက်ရှူတတ်တယ်ဆိုတာကိုပါ အလွတ်ရ​နေတဲ့လူပါ။

"​ကောင်း​သောညပါ ကိုယ့်အသည်း"

အိပ်​မနေဘူးဆို​တော့ ခိုးနမ်းတာ မဟုတ်ဘူး​ပေါ့ အသည်းရယ်။ ​နောက်များဆို အခုလို မင်းရဲ့နဖူးကို ထိ​တွေ့ချင်မှ ထိ​တွေ့ခွင့်ရ​တော့မှာ။ ရနိုင်သမျှ အမှတ်တရ​လေး​တွေ ဖန်တီးဖို့ ကိုယ့်မှာ တာဝန်ယူထားသူပါ။
____

"ခင်ဗျား.. ပြန်လိုက်မလာဘူးလား"

"ကိုယ်တကယ်အလုပ်မပြီး​သေးလို့ပါ"

"ပြီးတာပဲ​လေ။ ကျွန်​တော်ကလည်း ခင်ဗျားနဲ့ ​နေချင်လွန်းလို့​ခေါ်​နေတာ​တော့ မဟုတ်ပါဘူး။ အိမ်ပိုင်ရှင်က အပြင်ထွက်အိပ်​နေလို့သာ"

သူ့ကိုဆို အ​ကောင်း​ပြော​လေ့မရှိသူ။ ဘယ်လိုပဲ​ပြောပါ​စေ ပြုံးပြနိုင်သည့်သူက သိပ်ဆန်းကြယ်တာ။ ​​နွေရာသီ၏ မနက်ခင်းနှင့် မလိုက်ဖက်​အောင် သူ့မျက်နှာက မရွှင်မပြ။ ဒရိုက်ဘာ​ကောင်​လေး​မောင်းသည့် သူ့ကား​ပေါ် Taehyungကို တင်​ပေးလိုက်​ပြီး​နောက် သူဟာ ကား​နောက်မြီးကို ကြည့်၍ ကျန်ခဲ့ရသည်။

မိုးလင်းကတည်းက သူ့ခံစားချက်က ​ကောင်းမ​နေ။ သည်​​နေ့များ Anton​ရောက်လာမှာလား။ Antonကို ဧည့်ဝတ်​ကျေ​ပေးပါဆိုပြီး​တောင် သူမှာခဲ့​သေးတာ။ ဘယ်လိုစိတ်မျိုးနဲ့များ သူလုပ်​ပေးနိုင်ရတာပါလိမ့်။ ပတ်၀န်းကျင်က သမုတ်ကြသလို သူကလှည်းကြိုးထမ်း​နေရတာလား။

သစ်ပင်ကြီးများမရှိ​သော လွင်တီး​ခေါင်အလယ်မှာ စက်ရုံကို ​ဆောက်ထားသဖြင့် ရာသီဥတုက ပူစပ်စပ်ရယ်။ စက်ရုံထဲက ဓါတ်​ငွေ့​ကြောင့်ရယ်၊ ရင်ဘတ်ကြီးထဲက အပူလှိုင်း​ကြောင့်ရယ် သူ့မှာ ​နေလို့ထိုင်လို့ မ​ကောင်းလှ။

"သူ​ဌေးမင်း.. လက်နက်​တွေပို့တာ အဆင်​ပြေ​ပြေပြီးသွားပါပြီ။ ဗိုလ်ချုပ်တို့ဘက်ကလည်း အ​တော်သ​ဘောကျ​နေကြပါတယ်"

"အင်း.. ​တော်​သေးတာ​ပေါ့"

အခုဆို သူ့အလုပ်က ပြီးပြတ်သွားပြီ​ပေါ့။ စက်ရုံရုံးခန်းမှာ ဆက်​​နေစရာအ​​ကြောင်းလည်း မရှိ​တော့ဘူးပဲ။ အိမ်ကို မပြန်ရဲဖြစ်​နေတာက ခက်လှသည်။ အိမ်ကြီးသခင်ဖြစ်ပါလျက်နှင့် ဘာကို ​ကြောက်လို့​ကြောက်​နေမှန်းမသိ။

Antonရှိ​နေရင် မျက်နှာချင်း ဆိုင်နိုင်ပါ့မလား။ ဘယ်လိုတုံ့ပြန်ရမည်လဲ.. စသဖြင့် သူ့​ခေါင်းထဲ ​တွေးစရာ​တွေ တစ်ပုံကြီး။ ​ငယ်စဥ်တည်းက နေရာတကာမှာ ကိုယ့်အားကိုယ်ကိုးနိုင်​အောင် အ​ဖေက သင်ပြ​ပေးခဲ့​​သော်လည်း အချစ်​ရေးမှာကျ သူ့ကိုယ်သူ ယုံကြည်မှုမရှိ​သလောက်။ 

အထူးသဖြင့် ပျက်စီးသွားသည့် လက်ထပ်ပွဲပြီး​နောက်မှာ သူ့စိတ်​တွေကလည်း ​အောက်ဆုံးအထိ ထိုးကျ​ခဲ့​လေ၏။ အဖတ်ဆယ်လို့မရတဲ့ သိက္ခါအချို့၊ ပြန်မရနိုင်​တော့သည့် ယုံကြည်မှုအချို့.. ရပ်တည်ချက်ခိုင်မာလွန်းသည့် Jeon JungKookဆိုတာလည်း လုံးဝ​ပျောက်ဆုံးသွားခဲ့​လေပြီ။

"မနက်ဖြန်ညအထိ ဟိုတယ်မှာ အခန်းကြို​ပြောထားလိုက် Audie. သန်ဘက်ခါ​လောက်မှ အိမ်ပြန်မယ်"

"အိမ်မပြန်​သေးဘူးလား သူ​ဌေးမင်း။ ခဏခဏဖုန်းဆက်​နေ​တော့ အိမ်လွမ်း​နေတယ် ထင်တာ"

"မပြန်ချင်​သေးလို့ပါကွာ။ ​လော​လောဆယ် ငါ​ပြောသလိုသာ လုပ်စမ်းပါ"

သူဟိုတယ်မှာ​နေမည့်ကိစ္စကို​တော့ Taehyung မသိလျှင် ​ကောင်းလိမ့်မည်။ ​ရှောင်​နေတယ်ဆိုတာကိုသာ သိသွားလို့က​တော့ ဘယ်​လောက်​တောင် ​အောက်ကျ​နောက်ကျ ဖြစ်လိမ့်မလဲ။ Taehyung​ရှေ့မှာ ​သိက္ခါတရား​ခေါင်းပါးဖူးတဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်​တောင် အနည်း​တော့ အဖတ်ဆယ်ချင်ပါ​သေးသည်။

"ပစ္စည်း​တွေ သိမ်းလိုက်​တော့။ ဟိုတယ်ကို ​ရွှေ့ကြမယ်"

"ဟုတ်ကဲ့ပါ သူ​ဌေးမင်း"

သူအိပ်ရာသိမ်းမည်လုပ်​တော့ ​​ခေါင်းအုံး​ပေါ်မှာ ​ရွှေ​ရောင်ဆံပင်​လေး​တွေ ကျွတ်ကျ​နေသည်အား ​တွေ့ရ၏။ ကျွတ်ကျ​နေတဲ့ ဆံပင်က​တောင် သူ့ကို ရင်ခုန်​စေနိုင်သတဲ့​​လေ။ Taehyung၏ ​ခေါင်းအစ​ခြေအဆုံး အစိတ်အပိုင်းတစ်ခုစီက သူ့အတွက်​တော့ ကိုးကွယ်ရာ​တွေချည်း။

ဆံ​စ​လေး​တွေကို စက္ကူထဲ ​သေချာလိပ်ထည့်၍ သိမ်းထားမိသည်။ Taehyungဆီက ပဲ့​ကြွေလာသည့် ​ခြေသည်းလက်သည်း​​လေး​တွေအစ သူက သိမ်းထားချင်သူရယ်ပါ။
လူတစ်​ယောက်လုံးကို မပိုင်ရဘူးဆိုလျှင်​တောင် စွန့်ပစ်အစိတ်အပိုင်း​​လေး​တွေကို​တော့ သိမ်းဆည်းခွင့်ရှိမယ်မဟုတ်လား။
____

"​ဟော..သခင်​လေး​တောင် ပြန်လာပြီ။ ညက ပြန်မလာလို့ စိတ်ပူ​နေတာ။ သူ​ဌေးမင်းဆီသွားတယ် ဆိုလို့သာ​ပေါ့"

"အင်း ကိစ္စ​လေး ရှိလို့ပါ"

Jeon JungKook မရှိ​တော့လည်း ထိုအိမ်ကြီး၏ အစိတ်အပိုင်းကြီးတစ်ခု ​ပျောက်ဆုံး​နေသည့်အလား။ ဟင့်အင်း.. ​ပျောက်ကို ​ပျောက်ဆုံး​နေတာ။ အိမ်ဆိုသည်မှာလည်း ပိုင်ရှင်မရှိလျှင် အမိုးမရှိသကဲ့သို မလုံမခြုံခံစားချက်ကို ရ​စေသည်။

အမြဲလိုလို ဧည့်ခန်းမှာ သတင်းစာဖတ်ရင်း စီးကရက်ဖွာ​နေတတ်သူ၊ သူထမင်းစားခန်းထဲ ​ရောက်​နေလျှင် ခိုးခိုးကြည့်တတ်သူ၊ အလုပ်ခန်းထဲ မိုးလင်းမိုးချုပ် အလုပ်လုပ်​နေတတ်သူ။
သူသည်အိမ်မှာ ရှိတိုင်း Jeon JungKookက အိမ်မှာရှိ​နေတတ်ပြီး Jeon JungKookအိမ်မှာ​နေ​နေတိုင်း​တော့ သူက အိမ်မှာ​နေ​နေသူမဟုတ်​ချေ။
အိမ်မှာတစ်​ယောက်တည်းကျန်ခဲ့သည့် ခံစားချက်က သည်လိုပါတဲ့​လေ..။

လူတစ်​ယောက်၏ မူပိုင်အ​ခိုးအ​ငွေ့မှာ လွှမ်းမိုး​နိုင်စွမ်းပါ​နေပါသည်ဆိုလျှင် သူမရှိချိန်​တွေ​ရော Jeon JungKook ရင်ဘတ်ထဲ လစ်ဟာ​နေပါရဲ့လား။ သူ့အ​ငွေ့အသက်ကို တမ်းတမိပါ့မလား။

ပထမဆုံးအကြိမ် ထိုလူ​ပြောသည့် အချစ်ဆိုသည်အား ယုံချင်သွားသည်။ ချက်ချင်းဆိုသလို ထိုအ​တွေးကို ​ခေါင်းရမ်းရှင်းထုတ်ပစ်လိုက်၏။

"သခင်​လေး.. သခင်​လေး ဧည့်သည်လာတယ်"

"ဘယ်သူလဲ"

"ဟိုတစ်ခါလာတဲ့သူ​လေ။ Antonဆိုလား.. သူ​ဌေးမင်းနဲ့​တောင် ​တွေ့သွား​သေးတယ်"

Anton​ရောက်လာပြီဆိုတဲ့အ​သံ​ကြောင့် အိပ်ရာ​ပေါ်က ဝရုန်းသုန်းကားထကာ ​လှေကား​ပေါ်က ​ပြေးဆင်းလာခဲ့သည်။ ​ပျော်ရွှင်သွားသည်ဟု ဆိုရမလား။ Antonနဲ့ဆို သူ့စိတ်ထဲ ​ပေါ့​ပါးသလိုဖြစ်သွားသည်။

ဟုတ်ပါလိမ့်မည်.. Jeon JungKookကို ခဏတာ တမ်းတမိခြင်းက စိတ်၏ လှည့်စားမှုသက်သက် ဖြစ်ပါလိမ့်မည်။ သည်အတိုင်း.. တစ်​ယောက်တည်းရှိ​နေလို့ ​တွေးမိ​တွေးရာ ​တွေးမိခြင်းသာ ဖြစ်ပါလိမ့်မည်။ အခု Anton​ရောက်လာပြီဖြစ်သည့်အတွက် စိတ်၏ လစ်လပ်​နေရာကိုလည်း ဖြည့်စွက်​ပေးပါလိမ့်မည်။ သူသ​ဘောကျရသူက Antonတစ်​ယောက်တည်း​လေ..။

"Anton.. ကိုယ် မင်းကို ​မျှော်​နေတာ"

"ကျွန်​တော် ​လေယာဥ်ခရီးစဥ်ရှိတဲ့ရက်ကို ​စောင့်ရင်း နည်းနည်း​တော့ ကြာသွားတယ် Taehyung"

"ရပါတယ်.. မင်းကို ​စောင့်ရကျိုးနပ်ပြီးသားပါ"

Antonက သူ့ထက် မဆိုသ​လောက်သာ ပိန်​သေးသူဖြစ်သဖြင့် သိုင်းဖက်လိုက်သည့်အခါ ရင်ခွင်​ထဲ​တော့ ​ရောက်မ​နေပါ။
အံဝင်ခွင်ကျဖြစ်​မ​နေ​​သော စနိုးစ​နောင့်ဖြစ်စရာ ဖက်တွယ်ခြင်းမျိုးဖြစ်၏။

Jeon JungKook သူ့ကို ဖက်တွယ်သည့်အခါ အံဝင်ခွင်ကျဖြစ်​နေသည်ကို သူမြင်​ယောင်မိသည်။ မ​တွေးသင့်သည်ကိုသိလျက် ​ခေါင်းထဲတန်းဝင်လာသည်ကို​တော့ဖြင့် သူမတတ်နိုင်။

"ကျွန်​တော် ခင်ဗျားအတွက် ​မော်စကိုထွက် ​ပစ္စည်း​တွေ ယူခဲ့တယ်။ ဒီမှာ ​နွေရာသီထဲဝင်​နေပြီဆို​ပေမဲ့ ​မော်စကိုမှာ​​တော့ ချမ်းတုန်းပဲ။ ဒီသိုး​မွေးထည်​တွေ ​နောက်​​ဆောင်းတွင်းကျ ၀တ်​ပေါ့"

"အင်း.. ​နောက်​ဆောင်းတွင်းကျလည်း မင်းက ကိုယ့်အနားရှိ​နေမှာပဲ​လေ မဟုတ်ဘူးလား"

Antonက ၀တ်​ကျေတန်း​ကျေပြုံးပြလိုက်ပြီး သိုး​မွေးအထည်​တွေကို ပြန်​ခေါက်​နေ၏။

"ဒါနဲ့ သူ​ဌေးမင်းJeon​ရော.. မ​တွေ့ပါလား"

"ဪ..သူက စက်ရုံမှာ အလုပ်များ​နေလို့ အိမ်မပြန်လာဖြစ်ဘူး။ မင်းလည်း လွတ်လွတ်လပ်လပ်​နေရတာ​ပေါ့"

"ဪ..အင်း.."

Antonအတွက် သီးသန့်အခန်းစီစဥ်ထားသည်မျိုးမရှိ။ အတန်အသင့်ကျယ်ဝန်း​​သော Taehyungအခန်းထဲမှာပင် ပြင်ဆင်ထား​ပေးတာဖြစ်သည်။

အခန်းတစ်ခန်းတည်းကို အတူမျှသုံးရ​တော့မည့် အ​ခြေအ​နေအထိ​တောင် ​ရောက်​ခဲ့ကြပြီ။ သူ့ဘက်က သ​ဘောကျတယ်ဆိုသည်ကလွဲ ကျန်သည့် ခံစားချက်အဖုံဖုံကို ​တွေးမရ​သေး။ သည်အတိုင်း သ​ဘောကျရင်းကလည်း ချစ်သွားနိုင်တာပဲ မဟုတ်လား။
သ​ဘောကျတဲ့လူတစ်​ယောက်နဲ့ လက်ထပ်ရမည်ကို သူ​နောင်တ​တော့ မရနိုင်ပါ။

"Anton ခရီးပန်းလာမှာပဲ။ ကိုယ်တို့ လက်ထပ်ပွဲကိစ္စ ​နောက်​နေ့မှ ​ဆွေး​နွေးတာ​ပေါ့"

"​ဖြေး​ဖြေးစီစဥ်ကြတာ​ပေါ့ Taehyung. ကျွန်​တော်အချိန်ရပါတယ်.. မ​လောပါဘူး။ ပြီး​တော့ အတူ​နေရင်း တစ်​ယောက်ကိုတစ်​ယောက် ​လေ့လာချိန်လည်း ရပါ​သေးတယ်"

"ကိုယ်​တော့ မင်းကို သ​ဘောကျတာ ​​သေချာပါတယ်​။ မင်းရဲ့ ဆိုးခြင်း​ကောင်းခြင်း​တွေကိုလည်း ကိုယ်လက်ခံနိုင်တယ်။ ဖြစ်နိုင်ရင် ကိုယ်က အခုပဲ လက်ထပ်လိုက်ချင်တာ"

"ဒါ​တော့ Taehyungက သိပ်ပို​နေတာပဲ"

Anton၏ ရယ်သံလွင်လွင်ကို ကြားရသည်။ ထိုခဏအတွင်း သည်လက်ထပ်ခြင်းက အဓွန့်ရှည်မည်ဟုလည်း တစ်ထစ်ချယုံပြီးလျက်သား။ ဤရယ်သံ​​တွေကို မိုးလင်းတိုင်းသာ ကြား​နေရပါလျှင်၊ အိပ်စက်တိုင်းသာ နားဆင်ခွင့်ရ​နေပါလျှင် သူမ​ပျော်နိုင်စရာ ဘာအ​ကြောင်း ရှိပါမည်နည်း။
____

သူ့အပိုင်စံအိမ်​ရှေ့သို့ ကားဆိုက်​ရောက်​လေသည်နှင့် သူ့မှာ ကြိုးဝိုင်းထဲဝင်ရမည့် ​လက်​ဝှေ့သမားတစ်​ယောက်လို၊ သတ်ကွင်းထဲ ဆင်းရမည့် ​ရောမစစ်​သားတစ်​ယောက်လို။
ကား​ပေါ်က သူဆင်းချိန်မှာ ​နေလုံးက သူ့မျက်နှာတည့်တည့် အလင်း​ရောင်​ပေး​နေသဖြင့် အစွမ်းကုန်မျက်​မှောင်ကြုတ်ထားရ၏။

မ​နေ့က သူအိမ်ကို ဖုန်းဆက်​တော့ Anton​ရောက်​နေ​ကြောင်းသိရသည်။ ရက်ကြာရှည်ဟိုတယ်မှာတည်း​နေရလျှင် မ​ကောင်းတတ်သဖြင့် ပြန်လာရသည်လွဲရင် သူ့မှာ အားအင်ကုန်ခမ်းလို့ ​နေ​ချေပြီ။

Taehyungက သူနဲ့ Antonကို မ​တွေ့​တွေ့​အောင် လုပ်​​ရက်လိုက်တာ။ မသန်စွမ်းတဲ့ စစ်သားအိုကြီးတစ်​ယောက်ကို စီးချင်းထိုးခိုင်းလိုက်သည့်အတိုင်း ရက်စက်လှပါသည်။
ကိုယ်ရှုံး​နေတာ သိသိရက် အခု​လောက်ထိ လုပ်မှဖြစ်မှာလား ကိုယ့်အသည်းရယ်..။
အရှုံး​ပေးပါပြီဆိုကာမှ အသက်ကိုယူချင်ပါတယ်ဆိုတဲ့ ကိုယ့်အသည်း.. အလိုရှိရင် ကြိုက်တာယူပါ​တော့ ဆိုတာကလွဲရင် ကိုယ်မ​ပြောတတ်​တော့ပါဘူး။

ကံဆိုးစွာနှင့် ကိုယ်ပျိုးခဲ့တဲ့ပန်းက ကိုယ့်အတွက်မဟုတ်ပါဘူးတဲ့​လေ..။

"သူ​ဌေးမင်း​တောင် ပြန်​ရောက်ပြီ။ ​ပေး ​ပေး.. ကျွန်မ အိတ်​တွေ သယ်​​ပေးမယ်"

အိမ်အကူ၊ အလုပ်သမားအသီးသီးက သူ့အထုပ်အပိုး​တွေကို သယ်ယူသွားကြ၏။ Taehyungနှင့် Antonတို့ အရိပ်အ​ယောင်ကို​တော့ သူမ​တွေ့ရ​သေး။

"Taehyung​ရော.."

"သူ့ဧည့်သည်နဲ့ အပြင်သွားလိုက်တယ်​လေ သူ​ဌေးမင်းရဲ့။ မနက်စာစားပြီးကတည်းကပဲ"

"ဪ.."

Taehyungအ​ကြောင်းပဲကြားချင်လို့ Taehyungကိုပဲ​မေးတာ​တောင် Antonအ​ကြောင်းက ကပ်ပါလာမှ ဖြစ်မှာလား။ ပူ​ဆွေးနာကျင်မှုတို့ အစပျိုးလာပြီ​ပေါ့​နော်။ ကံအ​ကြောင်းများ တိုက်ဆိုင်လျှင် ကံကို အ​ကြွေးမှတ်ထားလို့​မရပါ။ ကိုယ်ဟာ မင်းရက်စက်သမျှခံဖို့ ကံပါလာသူပါပဲ။

ချစ်ရသူက ​ပေး​တော့လည်း ရက်စက်မှုက ပန်းနှင့်​ပေါက်​နေသလား​တောင် ထင်ရသည်။ တစ်ခါတစ်ရံ အဆိပ်ပန်း​တွေ ဖြစ်​နေတတ်တာကလွဲလို့​ပေါ့။

"မင်းက ကျွမ်းကျင်အဆင့်​လေ။ ကိုယ်လိုက်မီပါ့မလဲ.. ​ဖြေး​ဖြေးသင်​ပေးမှ​ပေါ့"

"ဟင်.. Taehyungစီးတာ မြင်းကလပ်တစ်ခုလုံးမှာ အလိမ္မာဆုံးမြင်း​လေ။ ဒါ​တောင် မရဘူးလား"

အိမ်ထဲဝင်လာသည့် တစာစာအသံ​​​တွေ။ လူမမြင်ရ​သေးတာ​တောင် အသံ​တွေက ကြား​နေရပြီ။
လက်သီးတင်းတင်းဆုပ်ရင်း ဖြစ်လာမည့်အ​ရေးအတွက် အား​မွေးထားရ​တော့တာ..။
အသံ​တွေနဲ့တင် ​ပျော်ရွှင်မှုကို ခန့်မှန်းလို့ ရ​နေပြီ​လေ၊ သူဘယ်လို သည်လက်ထပ်ပွဲကို တားရက်ပါ့မလဲ။

"​နောက်တစ်ခါ ကိုယ့်ကို အနီးကပ်သင်​ပေး..။
ဪ.. ခင်ဗျား.. ​အိမ်ပြန်​ရောက်​နေပြီလား"

"အင်း.. ဘယ်ကပြန်လာကြတာလဲ"

"မြင်းကလပ်က။ ကျွန်​တော်က ခင်ဗျားကို မပြန်​လောက်​သေးဘူးထင်​နေတာ"

မင်းတို့ကိုအချိန်​ပေးချင်လို့ ဟိုတယ်မှာ​​တောင် ​နေခဲ့ရ​​သေးတယ်လို့ ​ပြောပြလိုက်ချင်​သော်လည်း သူ့နှုတ်ခမ်းက စကားလုံး​တွေ ထွက်ကျမလာ။
ဘာလို့ ထိန်းလို့ထိန်းချုပ်​နေရမှန်းမသိ.. စကားသံကိုလား၊ ငိုသံကိုလား။

"အလုပ်​တွေ ​စော​စောပြီးသွားလို့ပါ ကိုယ့်.. Taehyung"

​ခေါ်​နေကျနာမ်စားကို​တောင် မ​ခေါ်နိုင်​တော့ပါ။ လူ့ကျင့်ဝတ်အားဖြင့် ကိုယ်ဟာ အလိုက်မသိချင်လို့မရ​တော့။

သူ့ကို ခပ်စူးစူးကြည့်​နေသည့် Antonအကြည့်​တွေကို အကြမ်းဖျင်းဖတ်လိုက်သည်။
Taehyung​ကြောင့် သူ့ကိုကြည့်တာလား၊ သူ့​ကြောင့် သူ့ကို ကြည့်တာလား ​ဝေခွဲမရဖြစ်သွား၏။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"ကြၽန္​​ေတာ့္ကို ​ေရွာင္​ေနတာလား"

"ဟင္.."

မ​ေမွ်ာ္လင့္ထား​ေသာ အ​ေမးစကားျဖစ္သည္။ သူ အိမ္က​ေန ထြက္လာခဲ့သည့္အတြက္ အသည္းမွာ ဘာခံစားခ်က္မွ ရွိမ​ေန​ေလာက္ဘူး ထင္ထားခဲ့တာ။
သူ႔ကို ​လြမ္း​ေနလိမ့္မယ္ဟု ႀကီးႀကီးမားမား မ​ေတြးႏိုင္​ေသး​​​ေသာ္လည္း စိတ္ထဲရွိ​ေနတယ္ဆို႐ုံနဲ႔တင္ သူဝမ္းသာပစ္ဖို႔ လုံ​ေလာက္​ေနၿပီ ျဖစ္သည္။

"ကြၽန္​ေတာ့္​ေၾကာင့္ အိမ္ျပန္မလာတာလား။ ၿပီး​ေတာ့ ဒီအခန္းထဲ ​ေန​ေနတာလား"

အခုမွ ႏွာ​ေခါင္း​ေပါက္​ေလာက္ရွိတဲ့ သူ႔႐ုံးခန္း​ေလးကို သူျပန္ၾကည့္မိသည္။ ဤ​ေလးရက္အတြင္း သူ၀တ္ထားခဲ့​ေသာ အဝတ္မ်ားက တိုးလိုးတန္းလန္း။ ​​ရႈိက္ဖြာၿပီးလို႔ ပစ္ထားသည့္ စီးကရက္​တို​ေတြက ၾကမ္းျပင္​ေပၚ ပြစိခတ္လို႔။ ထို႔အျပင္ ​ေသာက္လက္စ ဝီစကီခြက္ႏွင့္ ​ေရခြက္က စားပြဲ​ေပၚမွာ အတိုင္းသား။
ျဖစ္ခ်င္တိုင္းျဖစ္​ေနခဲ့တာပါလား။

"ကိုယ္အလုပ္မ်ား​ေနလို႔ ဒီမွာပဲ​ေနျဖစ္သြားတာ"

"ဒီနားနဲ႔ သိပ္မ​ေဝးတဲ့ဆီမွာ ဟိုတယ္ရွိသားပဲ။ ခင္ဗ်ား ဒီမွာဒုကၡလာခံ​ေနတယ္ဆိုတာ မယုံလို႔ ကြၽန္​ေတာ္လိုက္လာတာ"

"မိုးခ်ဳပ္​ေနၿပီ​ေလ။ တကၠစီနဲ႔ လာတာလား"

"ဟင့္အင္း။ ကြၽန္​ေတာ္ပိုက္ဆံပါမလာလို႔ လမ္း​ေလွ်ာက္လာခဲ့တာ"

အခုတ​ေလာ အလစ္သုတ္သမား​ေတြ သိပ္ကို ​ေသာင္းက်န္း​ေနသည့္ၾကားက Taehyungက အတင့္ရဲလြန္းပါသည္။ ဘာမွမျဖစ္ဘဲ ​ေရာက္လာလို႔သာ ​ေတာ္​ေသးတာ​ေပါ့။ ​တစ္ခုခုသာဆို သူ႔ခမ်ာ ရင္က်ိဳးရခ်ည့္။ သူ႔သက္​ေတာ္​ေစာင့္​ေတြ လိုက္လာတယ္ပဲ ဆိုပါ​ေစ.. ကိုယ့္​ေလာက္ ဘယ္သူ႔က စိတ္ခ်ရမွာတဲ့လဲ။

"အႏၲရာယ္မ်ားလိုက္တာ။ အခု မင္းကို လိုက္ပို႔စရာ တကၠစီ​ေတြလည္း မရွိ​ေတာ့ဘူး​ေလ"

"ဟင္.. ဘာလို႔မရွိရတာလဲ"

"ဒီအခ်ိန္ထိ ၿမိဳ႕စြန္မွာ ဘယ္သူက တကၠစီဆြဲမွာတဲ့လဲ။ ကိုယ့္ကားကလည္း ဟိုဘက္စက္႐ုံကို ပါသြားတယ္"

နည္းနည္း​ေလး လိမ္မိ႐ုံနဲ႔​ေတာ့ သူ႔ကို ဘယ္ဘုရားကမွ ဒဏ္လာမခတ္ႏိုင္ဘူး မဟုတ္လား။ ကိုယ့္အသည္းကို စိတ္ပူလို႔ လိမ္မိ႐ုံ။ ​ေကာင္း​ေသာမုသားကို​ေတာ့ ဘယ္သူဘယ္ဝါကမွ အ​ေရးတယူလုပ္ အျပစ္​ေျပာ​ေနမည္ဟု မထင္ပါ။

သူ႔ကားက တျခားစက္႐ုံ​ေရာက္​ေနတာ အမွန္ဆို​ေသာ္လည္း တကၠစီ​ေတြက​ေတာ့ ၿမိဳ႕ျပင္အထိ ၂၄နာရီ ​ေျပးဆြဲပါသည္။ သည္အတိုင္း.. Taehyungကို လူစိမ္းတစ္​ေယာက္၏ကား​ေပၚ မတင္​ေပးလိုက္ခ်င္႐ုံ​ေလးသာ။

"ခင္ဗ်ားဆီ ဘာမွမဟုတ္ဘဲ လာမိသြားတာပဲ"

"မနက္က် ကိုယ့္တပည့္တစ္​ေယာက္ကို ပို႔ခိုင္းလိုက္ပါ့မယ္။ ဒီည​ေတာ့ ဒီမွာပဲ အိပ္သြားလိုက္​ေလ။ နည္းနည္း​ေတာ့ က်ဥ္း​ေပမဲ့.."

Taehyungက အိပ္ရာကို လွမ္းၾကည့္သည္။ အိမ္က အိပ္ရာလို​ေတာ့ အႀကီးႀကီးမဟုတ္။ လူႏွစ္​ေယာက္​ေတာ့ ​ေလာ​ေလာက္ငငအိပ္ႏိုင္သည္။ Jeon JungKook ​ေျပာသလိုဆို သူ႔မွာ ျပန္စရာနည္းမရွိ​​ေတာ့ဘူး​​ေပါ့။
ထို႔​ေၾကာင့္ ​ေ႐ြးခ်ယ္စရာ မ်ားမ်ားစားစားမရွိဘဲ ႐ုံးခန္းထဲ အတူအိပ္ဖို႔ရာ လက္ခံလိုက္ရ​ေတာ့သည္။

"ဒီတံခါးကို ဖြင့္လိုက္ရင္ ​ေရခ်ိဳးခန္းနဲ႔ သန္႔စင္ခန္းရွိတယ္။ မင္းကိုယ္လက္သန္႔စင္ၿပီး အိပ္ခ်င္အိပ္လို႔ရၿပီ"

"အင္း.."

သူအိပ္ရာ​ေပၚ လဲ​ေလ်ာင္း​ေနရင္း Jeon JungKookကို ၾကည့္မိ​ေနသည္။ ဘက္ထရီႏွင့္ထြန္းထားရ​ေသာ မီး​ေရာင္​ေအာက္မွာ စာရင္းဇယား​ေတြႏွင့္ အလုပ္ရႈပ္​ေနဆဲ။ ​

ေဘးတိုက္ပုံရိပ္က တည္ၾကည္ခံ့ညားလြန္း​ေနသည္။ သည္လိုလူက ဆယ္​ေက်ာ္သက္အ႐ြယ္က​ေန အသက္ ၃၅ႏွစ္အထိ သူ႔ကိုပဲ ကပ္တြယ္​ေနခဲ့တာတဲ့လား။ ရန္ၿငိဳး​ေတြကိုသာ ထည့္မတြက္ရ​ေၾကးဆို Jeon JungKookက ​ေငြ​ေၾကး၊ ႐ုပ္ရည္ အစစအရာရာျပည့္စုံႏိုင္လြန္းသူပါပင္။ သမီးရွင္တိုင္းက သမက္​ေတာ္ခ်င္ၾကၿပီး မိန္းက​ေလးတိုင္းက စိတ္ကူးယဥ္မိ​ေသာ ​ေယာက်္ားသားတစ္ဦးျဖစ္ပါလ်က္ ဘာလို႔ သူမွသူ​လဲ။
​ေ႐ြးခ်ယ္စရာ​ေတြ အမ်ားႀကီး ရွိသားႏွင့္ သူက ဘာမက္​ေမာစရာမ်ား ရွိ​ေနလို႔လဲ။

"ကိုယ့္ကို တစ္ခုခု ​ေျပာစရာရွိလို႔လား"

"ဟင့္အင္း.. ဘာလို႔လဲ"

"မအိပ္​ေသးဘဲ ၾကည့္​ေနလို႔​ေလ။ ​ေတာ္​ေသးတာ​ေပါ့.. မင္း​ေျပာစရာရွိတယ္ဆို ကိုယ္သိပ္​ေၾကာက္တာပဲ"

"ကြၽန္​ေတာ္က ခင္ဗ်ားကို ကိုက္စားမယ္ထင္လို႔လား"

"ဟားဟား.. ကိုက္စားမယ္ဆိုလည္း ကိုယ့္အသားကိုယ္လႊာ​ေကြၽးမွာပါဗ်ာ။ ကိုယ္က မင္းကို သဒၶါပါတယ္"

ယုတၱိမရွိ​ေသာ အီစီကလီ အပိုဆာလာစကားမ်ားကို ၾကားလိုက္ရလွ်င္ Taehyung တစ္ဖက္ရွိ နံရံဘက္သို႔သာ လွည့္သြားမိသည္။ Jeon JungKookက ဆယ္​ေက်ာ္သက္ဘဝတုန္းက စာ​ေတြကဗ်ာ​ေတြ အမ်ားႀကီး ဖတ္ခဲ့လို႔ျဖစ္ရမည္။ ဒါမွမဟုတ္လည္း ရည္းစားစာ​ေတြ အမ်ားႀကီး ​ေရးခဲ့တာ ျဖစ္ရမည္။ အ​ေတြ႕အႀကဳံမရွိဘဲနဲ႔​ေတာ့ သုံး​ဆယ္​ေက်ာ္အ႐ြယ္ဘဲႀကီးက သည္လိုစကား​ေတြ ထြက္လာစရာအ​​ေၾကာင္းကိုမရွိ။

"အိပ္သြားၿပီလား.."

Taehyungဘက္က မလႈပ္မယွက္ဆို​ေတာ့ သူ​ေျခလွမ္းဖြဖြနင္းရင္း အနားတိုးကပ္သြားလိုက္သည္။ အိပ္ခ်င္​ေယာင္​ေဆာင္​ေန​ေသာ ​ေကာင္​ေလးကို ၿပဳံးလ်က္ၾကည့္မိသည္။ ​ေကာင္​ေလးက သူ႔ကိုယ္သူ အိပ္ခ်င္ဟန္​ေဆာင္တာ ပီျပင္တယ္လို႔ ထင္​ေန​ေလာက္သည္။
သည္လူက သူအိပ္​ေနရင္ ဘယ္လိုအသက္ရႉတတ္တယ္ဆိုတာကိုပါ အလြတ္ရ​ေနတဲ့လူပါ။

"​ေကာင္း​ေသာညပါ ကိုယ့္အသည္း"

အိပ္မေနဘူးဆို​ေတာ့ ခိုးနမ္းတာ မဟုတ္ဘူး​ေပါ့ အသည္းရယ္။ ​ေနာက္မ်ားဆို အခုလို မင္းရဲ႕နဖူးကို ထိ​ေတြ႕ခ်င္မွ ထိ​ေတြ႕ခြင့္ရ​ေတာ့မွာ။ ရႏိုင္သမွ် အမွတ္တရ​ေလး​ေတြ ဖန္တီးဖို႔ ကိုယ့္မွာ တာဝန္ယူထားသူပါ။
____

"ခင္ဗ်ား.. ျပန္လိုက္မလာဘူးလား"

"ကိုယ္တကယ္အလုပ္မၿပီး​ေသးလို႔ပါ"

"ၿပီးတာပဲ​ေလ။ ကြၽန္​ေတာ္ကလည္း ခင္ဗ်ားနဲ႔ ​ေနခ်င္လြန္းလို႔​ေခၚ​ေနတာ​ေတာ့ မဟုတ္ပါဘူး။ အိမ္ပိုင္ရွင္က အျပင္ထြက္အိပ္​ေနလို႔သာ"

သူ႔ကိုဆို အ​ေကာင္း​ေျပာ​ေလ့မရွိသူ။ ဘယ္လိုပဲ​ေျပာပါ​ေစ ၿပဳံးျပႏိုင္သည့္သူက သိပ္ဆန္းၾကယ္တာ။ ​​ေႏြရာသီ၏ မနက္ခင္းႏွင့္ မလိုက္ဖက္​ေအာင္ သူ႔မ်က္ႏွာက မ႐ႊင္မျပ။ ဒ႐ိုက္ဘာ​ေကာင္​ေလး​ေမာင္းသည့္ သူ႔ကား​ေပၚ Taehyungကို တင္​ေပးလိုက္​ၿပီး​ေနာက္ သူဟာ ကား​ေနာက္ၿမီးကို ၾကည့္၍ က်န္ခဲ့ရသည္။

မိုးလင္းကတည္းက သူ႔ခံစားခ်က္က ​ေကာင္းမ​ေန။ သည္​​ေန႔မ်ား Anton​ေရာက္လာမွာလား။ Antonကို ဧည့္ဝတ္​ေက်​ေပးပါဆိုၿပီး​ေတာင္ သူမွာခဲ့​ေသးတာ။ ဘယ္လိုစိတ္မ်ိဳးနဲ႔မ်ား သူလုပ္​ေပးႏိုင္ရတာပါလိမ့္။ ပတ္၀န္းက်င္က သမုတ္ၾကသလို သူကလွည္းႀကိဳးထမ္း​ေနရတာလား။

သစ္ပင္ႀကီးမ်ားမရွိ​ေသာ လြင္တီး​ေခါင္အလယ္မွာ စက္႐ုံကို ​ေဆာက္ထားသျဖင့္ ရာသီဥတုက ပူစပ္စပ္ရယ္။ စက္႐ုံထဲက ဓါတ္​ေငြ႕​ေၾကာင့္ရယ္၊ ရင္ဘတ္ႀကီးထဲက အပူလႈိင္း​ေၾကာင့္ရယ္ သူ႔မွာ ​ေနလို႔ထိုင္လို႔ မ​ေကာင္းလွ။

"သူ​ေဌးမင္း.. လက္နက္​ေတြပို႔တာ အဆင္​ေျပ​ေျပၿပီးသြားပါၿပီ။ ဗိုလ္ခ်ဳပ္တို႔ဘက္ကလည္း အ​ေတာ္သ​ေဘာက်​ေနၾကပါတယ္"

"အင္း.. ​ေတာ္​ေသးတာ​ေပါ့"

အခုဆို သူ႔အလုပ္က ၿပီးျပတ္သြားၿပီ​ေပါ့။ စက္႐ုံ႐ုံးခန္းမွာ ဆက္​​ေနစရာအ​​ေၾကာင္းလည္း မရွိ​ေတာ့ဘူးပဲ။ အိမ္ကို မျပန္ရဲျဖစ္​ေနတာက ခက္လွသည္။ အိမ္ႀကီးသခင္ျဖစ္ပါလ်က္ႏွင့္ ဘာကို ​ေၾကာက္လို႔​ေၾကာက္​ေနမွန္းမသိ။

Antonရွိ​ေနရင္ မ်က္ႏွာခ်င္း ဆိုင္ႏိုင္ပါ့မလား။ ဘယ္လိုတုံ႔ျပန္ရမည္လဲ.. စသျဖင့္ သူ႔​ေခါင္းထဲ ​ေတြးစရာ​ေတြ တစ္ပုံႀကီး။ ​ငယ္စဥ္တည္းက ေနရာတကာမွာ ကိုယ့္အားကိုယ္ကိုးႏိုင္​ေအာင္ အ​ေဖက သင္ျပ​ေပးခဲ့​​ေသာ္လည္း အခ်စ္​ေရးမွာက် သူ႔ကိုယ္သူ ယုံၾကည္မႈမရွိ​သေလာက္။ 

အထူးသျဖင့္ ပ်က္စီးသြားသည့္ လက္ထပ္ပြဲၿပီး​ေနာက္မွာ သူ႔စိတ္​ေတြကလည္း ​ေအာက္ဆုံးအထိ ထိုးက်​ခဲ့​ေလ၏။ အဖတ္ဆယ္လို႔မရတဲ့ သိကၡါအခ်ိဳ႕၊ ျပန္မရႏိုင္​ေတာ့သည့္ ယုံၾကည္မႈအခ်ိဳ႕.. ရပ္တည္ခ်က္ခိုင္မာလြန္းသည့္ Jeon JungKookဆိုတာလည္း လုံးဝ​ေပ်ာက္ဆုံးသြားခဲ့​ေလၿပီ။

"မနက္ျဖန္ညအထိ ဟိုတယ္မွာ အခန္းႀကိဳ​ေျပာထားလိုက္ Audie. သန္ဘက္ခါ​ေလာက္မွ အိမ္ျပန္မယ္"

"အိမ္မျပန္​ေသးဘူးလား သူ​ေဌးမင္း။ ခဏခဏဖုန္းဆက္​ေန​ေတာ့ အိမ္လြမ္း​ေနတယ္ ထင္တာ"

"မျပန္ခ်င္​ေသးလို႔ပါကြာ။ ​ေလာ​ေလာဆယ္ ငါ​ေျပာသလိုသာ လုပ္စမ္းပါ"

သူဟိုတယ္မွာ​ေနမည့္ကိစၥကို​ေတာ့ Taehyung မသိလွ်င္ ​ေကာင္းလိမ့္မည္။ ​ေရွာင္​ေနတယ္ဆိုတာကိုသာ သိသြားလို႔က​ေတာ့ ဘယ္​ေလာက္​ေတာင္ ​ေအာက္က်​ေနာက္က် ျဖစ္လိမ့္မလဲ။ Taehyung​ေရွ႕မွာ ​သိကၡါတရား​ေခါင္းပါးဖူးတဲ့လူ ျဖစ္ခဲ့မယ္ဆိုရင္​ေတာင္ အနည္း​ေတာ့ အဖတ္ဆယ္ခ်င္ပါ​ေသးသည္။

"ပစၥည္း​ေတြ သိမ္းလိုက္​ေတာ့။ ဟိုတယ္ကို ​ေ႐ႊ႕ၾကမယ္"

"ဟုတ္ကဲ့ပါ သူ​ေဌးမင္း"

သူအိပ္ရာသိမ္းမည္လုပ္​ေတာ့ ​​ေခါင္းအုံး​ေပၚမွာ ​ေ႐ႊ​ေရာင္ဆံပင္​ေလး​ေတြ ကြၽတ္က်​ေနသည္အား ​ေတြ႕ရ၏။ ကြၽတ္က်​ေနတဲ့ ဆံပင္က​ေတာင္ သူ႔ကို ရင္ခုန္​ေစႏိုင္သတဲ့​​ေလ။ Taehyung၏ ​ေခါင္းအစ​ေျခအဆုံး အစိတ္အပိုင္းတစ္ခုစီက သူ႔အတြက္​ေတာ့ ကိုးကြယ္ရာ​ေတြခ်ည္း။

ဆံ​စ​ေလး​ေတြကို စကၠဴထဲ ​ေသခ်ာလိပ္ထည့္၍ သိမ္းထားမိသည္။ Taehyungဆီက ပဲ့​ေႂကြလာသည့္ ​ေျခသည္းလက္သည္း​​ေလး​ေတြအစ သူက သိမ္းထားခ်င္သူရယ္ပါ။
လူတစ္​ေယာက္လုံးကို မပိုင္ရဘူးဆိုလွ်င္​ေတာင္ စြန္႔ပစ္အစိတ္အပိုင္း​​ေလး​ေတြကို​ေတာ့ သိမ္းဆည္းခြင့္ရွိမယ္မဟုတ္လား။
____

"​ေဟာ..သခင္​ေလး​ေတာင္ ျပန္လာၿပီ။ ညက ျပန္မလာလို႔ စိတ္ပူ​ေနတာ။ သူ​ေဌးမင္းဆီသြားတယ္ ဆိုလို႔သာ​ေပါ့"

"အင္း ကိစၥ​ေလး ရွိလို႔ပါ"

Jeon JungKook မရွိ​ေတာ့လည္း ထိုအိမ္ႀကီး၏ အစိတ္အပိုင္းႀကီးတစ္ခု ​ေပ်ာက္ဆုံး​ေနသည့္အလား။ ဟင့္အင္း.. ​ေပ်ာက္ကို ​ေပ်ာက္ဆုံး​ေနတာ။ အိမ္ဆိုသည္မွာလည္း ပိုင္ရွင္မရွိလွ်င္ အမိုးမရွိသကဲ့သို မလုံမၿခဳံခံစားခ်က္ကို ရ​ေစသည္။

အၿမဲလိုလို ဧည့္ခန္းမွာ သတင္းစာဖတ္ရင္း စီးကရက္ဖြာ​ေနတတ္သူ၊ သူထမင္းစားခန္းထဲ ​ေရာက္​ေနလွ်င္ ခိုးခိုးၾကည့္တတ္သူ၊ အလုပ္ခန္းထဲ မိုးလင္းမိုးခ်ဳပ္ အလုပ္လုပ္​ေနတတ္သူ။
သူသည္အိမ္မွာ ရွိတိုင္း Jeon JungKookက အိမ္မွာရွိ​ေနတတ္ၿပီး Jeon JungKookအိမ္မွာ​ေန​ေနတိုင္း​ေတာ့ သူက အိမ္မွာ​ေန​ေနသူမဟုတ္​ေခ်။
အိမ္မွာတစ္​ေယာက္တည္းက်န္ခဲ့သည့္ ခံစားခ်က္က သည္လိုပါတဲ့​ေလ..။

လူတစ္​ေယာက္၏ မူပိုင္အ​ခိုးအ​ေငြ႕မွာ လႊမ္းမိုး​ႏိုင္စြမ္းပါ​ေနပါသည္ဆိုလွ်င္ သူမရွိခ်ိန္​ေတြ​ေရာ Jeon JungKook ရင္ဘတ္ထဲ လစ္ဟာ​ေနပါရဲ႕လား။ သူ႔အ​ေငြ႕အသက္ကို တမ္းတမိပါ့မလား။

ပထမဆုံးအႀကိမ္ ထိုလူ​ေျပာသည့္ အခ်စ္ဆိုသည္အား ယုံခ်င္သြားသည္။ ခ်က္ခ်င္းဆိုသလို ထိုအ​ေတြးကို ​ေခါင္းရမ္းရွင္းထုတ္ပစ္လိုက္၏။

"သခင္​ေလး.. သခင္​ေလး ဧည့္သည္လာတယ္"

"ဘယ္သူလဲ"

"ဟိုတစ္ခါလာတဲ့သူ​ေလ။ Antonဆိုလား.. သူ​ေဌးမင္းနဲ႔​ေတာင္ ​ေတြ႕သြား​ေသးတယ္"

Anton​ေရာက္လာၿပီဆိုတဲ့အ​သံ​ေၾကာင့္ အိပ္ရာ​ေပၚက ဝ႐ုန္းသုန္းကားထကာ ​ေလွကား​ေပၚက ​ေျပးဆင္းလာခဲ့သည္။ ​ေပ်ာ္႐ႊင္သြားသည္ဟု ဆိုရမလား။ Antonနဲ႔ဆို သူ႔စိတ္ထဲ ​ေပါ့​ပါးသလိုျဖစ္သြားသည္။

ဟုတ္ပါလိမ့္မည္.. Jeon JungKookကို ခဏတာ တမ္းတမိျခင္းက စိတ္၏ လွည့္စားမႈသက္သက္ ျဖစ္ပါလိမ့္မည္။ သည္အတိုင္း.. တစ္​ေယာက္တည္းရွိ​ေနလို႔ ​ေတြးမိ​ေတြးရာ ​ေတြးမိျခင္းသာ ျဖစ္ပါလိမ့္မည္။ အခု Anton​ေရာက္လာၿပီျဖစ္သည့္အတြက္ စိတ္၏ လစ္လပ္​ေနရာကိုလည္း ျဖည့္စြက္​ေပးပါလိမ့္မည္။ သူသ​ေဘာက်ရသူက Antonတစ္​ေယာက္တည္း​ေလ..။

"Anton.. ကိုယ္ မင္းကို ​ေမွ်ာ္​ေနတာ"

"ကြၽန္​ေတာ္ ​ေလယာဥ္ခရီးစဥ္ရွိတဲ့ရက္ကို ​ေစာင့္ရင္း နည္းနည္း​ေတာ့ ၾကာသြားတယ္ Taehyung"

"ရပါတယ္.. မင္းကို ​ေစာင့္ရက်ိဳးနပ္ၿပီးသားပါ"

Antonက သူ႔ထက္ မဆိုသ​ေလာက္သာ ပိန္​ေသးသူျဖစ္သျဖင့္ သိုင္းဖက္လိုက္သည့္အခါ ရင္ခြင္​ထဲ​ေတာ့ ​ေရာက္မ​ေနပါ။
အံဝင္ခြင္က်ျဖစ္​မ​ေန​​ေသာ စႏိုးစ​ေနာင့္ျဖစ္စရာ ဖက္တြယ္ျခင္းမ်ိဳးျဖစ္၏။

Jeon JungKook သူ႔ကို ဖက္တြယ္သည့္အခါ အံဝင္ခြင္က်ျဖစ္​ေနသည္ကို သူျမင္​ေယာင္မိသည္။ မ​ေတြးသင့္သည္ကိုသိလ်က္ ​ေခါင္းထဲတန္းဝင္လာသည္ကို​ေတာ့ျဖင့္ သူမတတ္ႏိုင္။

"ကြၽန္​ေတာ္ ခင္ဗ်ားအတြက္ ​ေမာ္စကိုထြက္ ​ပစၥည္း​ေတြ ယူခဲ့တယ္။ ဒီမွာ ​ေႏြရာသီထဲဝင္​ေနၿပီဆို​ေပမဲ့ ​ေမာ္စကိုမွာ​​ေတာ့ ခ်မ္းတုန္းပဲ။ ဒီသိုး​ေမြးထည္​ေတြ ​ေနာက္​​ေဆာင္းတြင္းက် ၀တ္​ေပါ့"

"အင္း.. ​ေနာက္​ေဆာင္းတြင္းက်လည္း မင္းက ကိုယ့္အနားရွိ​ေနမွာပဲ​ေလ မဟုတ္ဘူးလား"

Antonက ၀တ္​ေက်တန္း​ေက်ၿပဳံးျပလိုက္ၿပီး သိုး​ေမြးအထည္​ေတြကို ျပန္​ေခါက္​ေန၏။

"ဒါနဲ႔ သူ​ေဌးမင္းJeon​ေရာ.. မ​ေတြ႕ပါလား"

"ဪ..သူက စက္႐ုံမွာ အလုပ္မ်ား​ေနလို႔ အိမ္မျပန္လာျဖစ္ဘူး။ မင္းလည္း လြတ္လြတ္လပ္လပ္​ေနရတာ​ေပါ့"

"ဪ..အင္း.."

Antonအတြက္ သီးသန္႔အခန္းစီစဥ္ထားသည္မ်ိဳးမရွိ။ အတန္အသင့္က်ယ္ဝန္း​​ေသာ Taehyungအခန္းထဲမွာပင္ ျပင္ဆင္ထား​ေပးတာျဖစ္သည္။

အခန္းတစ္ခန္းတည္းကို အတူမွ်သုံးရ​ေတာ့မည့္ အ​ေျခအ​ေနအထိ​ေတာင္ ​ေရာက္​ခဲ့ၾကၿပီ။ သူ႔ဘက္က သ​ေဘာက်တယ္ဆိုသည္ကလြဲ က်န္သည့္ ခံစားခ်က္အဖုံဖုံကို ​ေတြးမရ​ေသး။ သည္အတိုင္း သ​ေဘာက်ရင္းကလည္း ခ်စ္သြားႏိုင္တာပဲ မဟုတ္လား။
သ​ေဘာက်တဲ့လူတစ္​ေယာက္နဲ႔ လက္ထပ္ရမည္ကို သူ​ေနာင္တ​ေတာ့ မရႏိုင္ပါ။

"Anton ခရီးပန္းလာမွာပဲ။ ကိုယ္တို႔ လက္ထပ္ပြဲကိစၥ ​ေနာက္​ေန႔မွ ​ေဆြး​ေႏြးတာ​ေပါ့"

"​ေျဖး​ေျဖးစီစဥ္ၾကတာ​ေပါ့ Taehyung. ကြၽန္​ေတာ္အခ်ိန္ရပါတယ္.. မ​ေလာပါဘူး။ ၿပီး​ေတာ့ အတူ​ေနရင္း တစ္​ေယာက္ကိုတစ္​ေယာက္ ​ေလ့လာခ်ိန္လည္း ရပါ​ေသးတယ္"

"ကိုယ္​ေတာ့ မင္းကို သ​ေဘာက်တာ ​​ေသခ်ာပါတယ္​။ မင္းရဲ႕ ဆိုးျခင္း​ေကာင္းျခင္း​ေတြကိုလည္း ကိုယ္လက္ခံႏိုင္တယ္။ ျဖစ္ႏိုင္ရင္ ကိုယ္က အခုပဲ လက္ထပ္လိုက္ခ်င္တာ"

"ဒါ​ေတာ့ Taehyungက သိပ္ပို​ေနတာပဲ"

Anton၏ ရယ္သံလြင္လြင္ကို ၾကားရသည္။ ထိုခဏအတြင္း သည္လက္ထပ္ျခင္းက အဓြန္႔ရွည္မည္ဟုလည္း တစ္ထစ္ခ်ယုံၿပီးလ်က္သား။ ဤရယ္သံ​​ေတြကို မိုးလင္းတိုင္းသာ ၾကား​ေနရပါလွ်င္၊ အိပ္စက္တိုင္းသာ နားဆင္ခြင့္ရ​ေနပါလွ်င္ သူမ​ေပ်ာ္ႏိုင္စရာ ဘာအ​ေၾကာင္း ရွိပါမည္နည္း။
____

သူ႔အပိုင္စံအိမ္​ေရွ႕သို႔ ကားဆိုက္​ေရာက္​ေလသည္ႏွင့္ သူ႔မွာ ႀကိဳးဝိုင္းထဲဝင္ရမည့္ ​လက္​ေဝွ႔သမားတစ္​ေယာက္လို၊ သတ္ကြင္းထဲ ဆင္းရမည့္ ​ေရာမစစ္​သားတစ္​ေယာက္လို။
ကား​ေပၚက သူဆင္းခ်ိန္မွာ ​ေနလုံးက သူ႔မ်က္ႏွာတည့္တည့္ အလင္း​ေရာင္​ေပး​ေနသျဖင့္ အစြမ္းကုန္မ်က္​ေမွာင္ၾကဳတ္ထားရ၏။

မ​ေန႔က သူအိမ္ကို ဖုန္းဆက္​ေတာ့ Anton​ေရာက္​ေန​ေၾကာင္းသိရသည္။ ရက္ၾကာရွည္ဟိုတယ္မွာတည္း​ေနရလွ်င္ မ​ေကာင္းတတ္သျဖင့္ ျပန္လာရသည္လြဲရင္ သူ႔မွာ အားအင္ကုန္ခမ္းလို႔ ​ေန​ေခ်ၿပီ။

Taehyungက သူနဲ႔ Antonကို မ​ေတြ႕​ေတြ႕​ေအာင္ လုပ္​​ရက္လိုက္တာ။ မသန္စြမ္းတဲ့ စစ္သားအိုႀကီးတစ္​ေယာက္ကို စီးခ်င္းထိုးခိုင္းလိုက္သည့္အတိုင္း ရက္စက္လွပါသည္။
ကိုယ္ရႈံး​ေနတာ သိသိရက္ အခု​ေလာက္ထိ လုပ္မွျဖစ္မွာလား ကိုယ့္အသည္းရယ္..။
အရႈံး​ေပးပါၿပီဆိုကာမွ အသက္ကိုယူခ်င္ပါတယ္ဆိုတဲ့ ကိုယ့္အသည္း.. အလိုရွိရင္ ႀကိဳက္တာယူပါ​ေတာ့ ဆိုတာကလြဲရင္ ကိုယ္မ​ေျပာတတ္​ေတာ့ပါဘူး။

ကံဆိုးစြာႏွင့္ ကိုယ္ပ်ိဳးခဲ့တဲ့ပန္းက ကိုယ့္အတြက္မဟုတ္ပါဘူးတဲ့​ေလ..။

"သူ​ေဌးမင္း​ေတာင္ ျပန္​ေရာက္ၿပီ။ ​ေပး ​ေပး.. ကြၽန္မ အိတ္​ေတြ သယ္​​ေပးမယ္"

အိမ္အကူ၊ အလုပ္သမားအသီးသီးက သူ႔အထုပ္အပိုး​ေတြကို သယ္ယူသြားၾက၏။ Taehyungႏွင့္ Antonတို႔ အရိပ္အ​ေယာင္ကို​ေတာ့ သူမ​ေတြ႕ရ​ေသး။

"Taehyung​ေရာ.."

"သူ႔ဧည့္သည္နဲ႔ အျပင္သြားလိုက္တယ္​ေလ သူ​ေဌးမင္းရဲ႕။ မနက္စာစားၿပီးကတည္းကပဲ"

"ဪ.."

Taehyungအ​ေၾကာင္းပဲၾကားခ်င္လို႔ Taehyungကိုပဲ​ေမးတာ​ေတာင္ Antonအ​ေၾကာင္းက ကပ္ပါလာမွ ျဖစ္မွာလား။ ပူ​ေဆြးနာက်င္မႈတို႔ အစပ်ိဳးလာၿပီ​ေပါ့​ေနာ္။ ကံအ​ေၾကာင္းမ်ား တိုက္ဆိုင္လွ်င္ ကံကို အ​ေႂကြးမွတ္ထားလို႔​မရပါ။ ကိုယ္ဟာ မင္းရက္စက္သမွ်ခံဖို႔ ကံပါလာသူပါပဲ။

ခ်စ္ရသူက ​ေပး​ေတာ့လည္း ရက္စက္မႈက ပန္းႏွင့္​ေပါက္​ေနသလား​ေတာင္ ထင္ရသည္။ တစ္ခါတစ္ရံ အဆိပ္ပန္း​ေတြ ျဖစ္​ေနတတ္တာကလြဲလို႔​ေပါ့။

"မင္းက ကြၽမ္းက်င္အဆင့္​ေလ။ ကိုယ္လိုက္မီပါ့မလဲ.. ​ေျဖး​ေျဖးသင္​ေပးမွ​ေပါ့"

"ဟင္.. Taehyungစီးတာ ျမင္းကလပ္တစ္ခုလုံးမွာ အလိမၼာဆုံးျမင္း​ေလ။ ဒါ​ေတာင္ မရဘူးလား"

အိမ္ထဲဝင္လာသည့္ တစာစာအသံ​​​ေတြ။ လူမျမင္ရ​ေသးတာ​ေတာင္ အသံ​ေတြက ၾကား​ေနရၿပီ။
လက္သီးတင္းတင္းဆုပ္ရင္း ျဖစ္လာမည့္အ​ေရးအတြက္ အား​ေမြးထားရ​ေတာ့တာ..။
အသံ​ေတြနဲ႔တင္ ​ေပ်ာ္႐ႊင္မႈကို ခန္႔မွန္းလို႔ ရ​ေနၿပီ​ေလ၊ သူဘယ္လို သည္လက္ထပ္ပြဲကို တားရက္ပါ့မလဲ။

"​ေနာက္တစ္ခါ ကိုယ့္ကို အနီးကပ္သင္​ေပး..။
ဪ.. ခင္ဗ်ား.. ​အိမ္ျပန္​ေရာက္​ေနၿပီလား"

"အင္း.. ဘယ္ကျပန္လာၾကတာလဲ"

"ျမင္းကလပ္က။ ကြၽန္​ေတာ္က ခင္ဗ်ားကို မျပန္​ေလာက္​ေသးဘူးထင္​ေနတာ"

မင္းတို႔ကိုအခ်ိန္​ေပးခ်င္လို႔ ဟိုတယ္မွာ​​ေတာင္ ​ေနခဲ့ရ​​ေသးတယ္လို႔ ​ေျပာျပလိုက္ခ်င္​ေသာ္လည္း သူ႔ႏႈတ္ခမ္းက စကားလုံး​ေတြ ထြက္က်မလာ။
ဘာလို႔ ထိန္းလို႔ထိန္းခ်ဳပ္​ေနရမွန္းမသိ.. စကားသံကိုလား၊ ငိုသံကိုလား။

"အလုပ္​ေတြ ​ေစာ​ေစာၿပီးသြားလို႔ပါ ကိုယ့္.. Taehyung"

​ေခၚ​ေနက်နာမ္စားကို​ေတာင္ မ​ေခၚႏိုင္​ေတာ့ပါ။ လူ႔က်င့္ဝတ္အားျဖင့္ ကိုယ္ဟာ အလိုက္မသိခ်င္လို႔မရ​ေတာ့။

သူ႔ကို ခပ္စူးစူးၾကည့္​ေနသည့္ Antonအၾကည့္​ေတြကို အၾကမ္းဖ်င္းဖတ္လိုက္သည္။
Taehyung​ေၾကာင့္ သူ႔ကိုၾကည့္တာလား၊ သူ႔​ေၾကာင့္ သူ႔ကို ၾကည့္တာလား ​ေဝခြဲမရျဖစ္သြား၏။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

48K 3.2K 33
[𝚄𝚗𝚒+𝚉𝚊𝚠] ရန်သူ့ဓားလက်နက်အောက်မှာကျရှုံးရခြင်းထက် ရန်သူ့ချစ်ခြင်း‌မေတ္တာအောက်မှာကျရှုံးရခြင်းဟာ ရှက်ဖွယ်ကောင်းသောကျရှုံးမှုတစ်ခု။ ရန္သူ႔ဓားလက္...
231K 19K 19
Jeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available !
893K 41.2K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
6.8K 852 8
Orpheus Jeon X Eurydice Kim