Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[55]

325 17 1
By --KO--

[Unicode]

လေပြေရှင်းရဲ့ကားမှာ ပြိုင်ပွဲကွင်းထဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်နေရ‌သည့် ကားတစ်စီးနှယ်ပင်။ သူဟာ မီးနီ ဘယ်နှစ်ခုလောက်ကို ဖြတ်‌မောင်းခဲ့လဲ မမှတ်မိတော့သော်လည်း မျက်စိရှေ့‌၌မြင်နေရသည့် နောက်ထပ်မီးနီတစ်ခုကိုပါ တစ်ချက်ကလေးမှ မတွန့်ဆုတ်ဘဲ ဖြတ်မောင်းလာခဲ့လေသည်။ လီဗာကိုအသားကုန်တင်လျက် လေအလျင်နဲ့ အံတုနေသည့် အသွင်သဏ္ဌာန်တို့ရောယှက်နေပါသော်ငြား ရှင်းရဲ့ ကားက ရပ်တန့်သွားဖို့ အစီအစဉ်မရှိသည့်အပြင် ပို၍ပင် လျင်မြန်လာလျက် ရှိပေသည်။

ကားဆီမှ အရှိန်လျော့ဖို့ အချက်ပေးသံများ တရဆက်ထွက်ပေါ်လာသည့်အပြင် လမ်းပေါ်မှာဝိုင်းတားကြတဲ့ မော်တော်ပီကယ်များကိုတောင် ရှင်းက အဖက်လုပ်၍ ဂရုစိုက်မနေခဲ့ပေ။ အချိန်အတိုင်းအတာတစ်ခုအကြာတွင် လေပြေရှင်းတစ်ယောက် ထိုဆောက်လက်စ အဆောက်အဦးနားကို ရောက်လာခဲ့ပြီဖြစ်လေသည်။ ရှင်းက ထိုနေရာတွင် ဦးစစ်ဟန်၏ လူများနှင့်အပြည့်ဖြည့်ထားလိမ့်မည်ဟု မျှော်မှန်းထားသော်လည်း ဆန့်ကျင်ဘက်ဖြစ်နေသည့်အခြေအနေနှင့် ကြုံတွေ့လိုက်ရသည့်အခါ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့သည်။ ဦးစစ်ဟန်က ဘာတွေကြံစည်နေလဲဆိုသည်ကို အဖြေရှာရန် ရှင်းက အားလပ်မနေခဲ့ပေ။ အမြဲဆောင်ထားလေ့ရှိသော သေနတ်တစ်လက်ကို ကျည်အပြည့်ဖြည့်လိုက်ပြီး အင်္ကျီကြားထဲ၌ဖွက်ကာ လှေကားမှတစ်ဆင့် အပေါ်ထပ်ကို သတိကြီးကြီးဖြင့် တက်သွားလိုက်သည်။

အဆောက်အဦးက နံရံတွေမရှိသည့်အတွက် အတွင်းဘက်ကို အကုန်လုံးဖောက်ထွင်းမြင်နေရတာကြောင့် ရှင်းရဲ့ စွန်ရဲတစ်ကောင်လို စူးရှပြတ်သားသည့် မျက်လုံးတစ်စုံသည် သားကောင်ကိုအမြန်ဆုံးရှာတွေ့ရန်အတွက် အထောက်အကူကောင်းဖြစ်သည်။ လှေကားတစ်ဆင့်တက်လိုက်တိုင်း မမြင်ရသည့် ဆူးချွန်တစ်ချောင်းက နှလုံးသားကို ထိုးစိုက်နေခဲ့သလိုပါပင်။ သူဟာ လေးလံနေသော ခြေလှမ်းများကို အဆုံးသတ်လိုက်ချင်ပြီ ဖြစ်သော်လည်း သူ့ဦးနှောက်ကအပြင်းအထန်တားမြစ် ဆန့်ကျင်နေခဲ့ခြင်းကြောင့်သာ လက်မလျော့နိုင်ခြင်းဖြစ်သည်။ လှေကားတစ်ဆင့်တက်လိုက်တိုင်း ထိုးစိုက်လာတတ်သည့် ဆူးချွန်တစ်ခုကြောင့် ယခုသူ့နှလုံးသားမှာ ဆူးချွန်များပတ်ပတ်လည် ထိုးစိုက်နေလိမ့်မည်ဖြစ်ကာ ပုံသဏ္ဌာန်အမှန်ကို မြင်ရဖို့တောင် ခဲယဉ်းလှချေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကိုးလ်ကို မြင်တွေ့လိုက်ရမှာကိုလည်း သူဟာအနည်းငယ် မဝံ့မရဲဖြစ်နေဆဲပင်။ ကိုးလ်ရဲ့ အသက်မရှိတော့သည့် ခန္ဓာကိုယ်ကိုသာ မြင်တွေ့လိုက်ရပါက လေပြေရှင်းတစ်ယောက် ထိုနေရာမှာပင် သွေးရူးသွေးတန်းဖြစ်သွားနိုင်လောက်အထိ ထိုးနှက်ချက်က ပြင်းထန်လိမ့်မည်ဖြစ်သည်။

ငါးထပ်မြောက်တွင် ရှင်းက ထိုင်ခုံပေါ်တွင် ကြိုးတုပ်ခံထားရသော ကိုးလ်ကို တွေ့လိုက်ရလေသည်။ နှလုံးသားတစ်ခုလုံးက နာကျင်ထုံထိုင်းလာခဲ့ကာ အဆုတ်က အားနည်းလာခဲ့သလို သူဟာ အသက်ရှုမဝပင် ဖြစ်လာခဲ့သည်။

" ကိုးလ် "

" အွန်း....အွန်း "

အရင်က နူးညံ့သိမ်‌မွေ့သော စကားကိုသာ ဆိုတတ်ပါသည့် ကိုးလ်ရဲ့ နှုတ်ခမ်းသားများသည် အတင်းအကြပ်ဖိအားပေး အကပ်ခံထားရသော တိပ်များကြောင့် ရှင်း အမြင်အာရုံထဲတွင် ကွယ်ပျော‌က်လုနီးပါးဖြစ်နေခဲ့သည်။ လေပြေရှင်းကို တွေ့လိုက်ချင်း ကိုးလ်ရဲ့ မျက်ဝန်းများက ပျော်ရွှင်မှုများ ပြည့်နှက်ဝင်ရောက်လာသည်ကို သတိထားမိလိုက်သော်လည်း ၎င်းတို့က တစ်ခဏအတွင်းမှာပင် ပြန်လည်ပျောက်ဆုံးသွားကာ စိုးရိမ်ထိန့်လန့်နေသော အမူအယာနှင့်အတူ ခေါင်းတွင်တွင်ခါပြကာ မျက်ရည်စီးကြောင်းများယှဉ်တွက်လျက် အနားကိုမလာဘဲ အမြန်ထွက်ပြေးပါရန် တိုက်တွန်းလာခဲ့ပါတော့သည်။

ထိုအမူအယာအားလုံးကို မျက်ကွယ်ပြုလျက် လေပြေရှင်းမှာ ကိုးလ်အနားကို ချဉ်းကပ်သွားရင်း နှုတ်ခမ်းက တိပ်ကို ဖယ်ရှားလိုက်လေသည်။

" မကြောက်နဲ့တော့နော်....ကိုယ်ရောက်လာပြီ "

" ရှင်း....ရှင်း.... "

" ကိုယ်ရှိတယ် "

ကိုးလ်ရဲ့ မျက်ဝန်းတစ်စုံမှ ကျဆင်းလာသော မျက်ရည်စက်များကို မြေပြင်ပေါ်မကြွေခခင် အရင်ဖယ်ရှားပေးရမည်မှာ ရှင်းရဲ့ တာဝန်တစ်ခုကဲ့သို့ပင်။ လက်မနဲ့ ခပ်ဖွဖွလေး ပါးပြင်ကို ပွတ်သပ်လိုက်သည့်အခါ ကိုးလ်ရဲ့ မျက်ရည်များက ရှင်းလက်မှာ စိုစွတ်လာခဲ့သည်။

" မငိုနဲ့တော့နော် .... ကိုယ်တောင်းပန်ပါတယ် "

ယောင်ကိုင်းနေသော မျက်နှာကို ခပ်ဖွဖွလေးဆုပ်ကိုင်လိုက်ရင်း လေပြေရှင်း ဆိုလိုက်သည်။

" မဟုတ်ဘူး...ပြေးတော့ ရှင်း... မဟုတ်ရင် အချိန်မမီတော့ဘူး "

" ကိုယ်ဘယ်မှမသွားဘူး ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကို အိမ်ကမထွက်ခိုင်းလိုက်သင့်ဘူး ကိုယ့်အမှားတွေပါ "

ကိုးလ်ရဲ့ မျက်ရည်များက ရှင်းရဲ့ စကားသံများနှင့်အတူ ရောစွက်သွားကာ လေထုကပင် ဝမ်းနည်းဖွယ်ကောင်းလာလေသည်။

" သွားပါတော့ ကျွန်တော် တောင်းဆိုတာပါ "

" ကိုယ့်ကိုနှင်မလွှတ်ပါနဲ့ ကိုယ်မှားသွားပါတယ် .....ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး "

ကိုးလ်ရဲ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ကာ လေပြေရှင်းသည်လည်း လက်ကလေးဖြင့် ထိလိုက်ရုံဖြင့် ပြိုလဲသွားတော့မည်ဟု ထင်မှတ်ရလောက်ပေသည်။ ခြေထောက်နှင့်ထိုင်ခုံကို ပူးတွဲချည်ထားသော တိပ်များကို ဖြတ်ထုတ်လိုက်သည့်အခါ ကိုးလ်က စိုစွတ်နေသော မျက်တောင်ရှည်များဖြင့် ပုတ်ခပ်ပုတ်ခပ် လုပ်လာသည်။

" ဘာလို့များ အဲ့လောက်ခေါင်းမာနေရတာလဲ.... ကျွန်တော်ခင်ဗျားကို သွားတော့လို့ပြောနေတယ်လေ။ ခင်ဗျားအကူအညီကို ကျွန်တော်မလိုဘူး ကျွန်တော်ကိုယ့်ဘာသာရှင်သန်နိုင်တယ် သိပြီလား ...ထွက်သွား အခုချက်ချင်းထွက်သွား "

" အရမ်းမအော်နဲ့ မင်းလည်ချောင်းနာသွားလိမ့်မယ်....ကိုယ်မင်းကို ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး "

အတင်းကာရော ငြင်းဆန်နေသည့် ကိုးလ်၏ အပြုအမူများ နောက်ကွယ်တွင် ကြိုးကိုင်ချယ်လှယ်နေသော တရားခံအစစ်အား လေပြေရှင်း ရှာတွေ့‌ခဲ့ပေတော့သည်။ ဖောက်ပြန်တတ်သော ရာသီဥတုနှင့်အညီ မနေ့ကမိုးအုံ့နေတတ်ပါသော်ငြား အခုချိန်မှာဖြင့် အပြင်ဘက်က ပူလောင်ခြောက်သွေ့လွန်းလှလေကာ ထိုနေရောင်ခြည် စူးစူးတို့က လေပြေရှင်း ရင်ဘတ်ထဲက မီးပွားကို ပိုမိုအားကောင်း လောင်မြိုက်လာအောင် ဆွပေးနေသကဲ့သို့ပါပင်။

ရှင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်လှုပ်ခြောက်ခြားလာခဲ့ကာ စိုးရိမ်ထိတ်လန့်မှုများ ထောင်ပေါင်းများစွာကြောင့် သူဟာ အသံတစ်စိုးတစိမှ မထုတ်လွှင့်နိုင်ခဲ့ဘဲ တိတ်ဆိတ်မှုများကိုသာ ကြီးစိုးချယ်လှယ်ခွင့် ပြုထားလိုက်လေတော့သည်။ ရှင်းက အခြေအနေပေါင်း များစွာကို ဒီမရောက်လာခင်အတောအတွင်း ကြိုတွေးခဲ့ဖူးပါသည်။ သို့သော် လက်တွေ့ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အခါတွင် ဖြေမဆည်နိုင်အောင် စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်မရနိုင်ခဲ့ပေ။ ထိုပူပန်မှုများက သူကိုယ်တိုင်အတွက်မဟုတ်ဘဲ ကိုးလ်အတွက်သာ ဆိုတာကို သူတစ်ယောက်ထဲကသာ သိပေလိမ့်မည်ပင်။

" အခုသိပြီလား... ကျွန်တော်ဘာလို့ ရှင်းကို ထွက်သွားခိုင်းတာလဲဆိုတာ "

အက်ရှနေသော အသံလိုင်းက ရှင်းကို ပိုလို့ အပြစ်တင်စိတ် ကြီးစိုးစေသည်။

" ကိုယ်အခု ပိုလို့တောင် ထွက်မသွားချင်တော့ဘူး "

" ရှင်း ကျွန်တော်နဲ့ အတူ အသေခံမလို့ စဉ်းစားနေတာလား....ရူးနေလား ရှင်း လွတ်မြောက်နိုင်တယ် ဘာလို့တုံးအနေတာလဲ "

" ဒီဗုံးကနေ မင်းကို မကယ်နိုင်ဘူးဆိုရင် ကိုယ်ပါအသေခံလိုက်‌မှာ "

" ဟင့်အင်း..... မလုပ်နဲ့ "

" အဲ့တာကြောင့် ကိုယ်ကိုနှင်မလွှတ်ပါနဲ့တော့ ကိုယ်တစ်ကယ် မင်းအနားမှာ နေချင်လို့ပါ "

တစ်ချိန်ထဲမှာပင် ကိုးလ်ရဲ့ လက်နဲ့ တွဲချည်ထားသော ဗုံးတစ်လုံးကို မနှစ်မြို့စွာ ရှင်း မျက်နှာလွှဲပစ်လိုက်သည့်အခါ နှလုံးသားကပါ တစ်ဆက်တည်း အဆိပ်ခပ်ခံရသလို ထုံထိုင်းသွားခဲ့သည်။ စောလျင်သောအချိန်များတုန်းက ရှင်းဟာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသော ကိုးလ်ကို ဗုံးတစ်လုံးနဲ့ တွဲချည်ခံထားရသော အသက်လုနေရသည့် လူတစ်ယောက်ဟုမထင်ထားခဲ့ပေ။ လေပြေရှင်းမှာကား ဦးစစ်ဟန်တို့ အန္တရာယ်ပြုချင်နေသည့်လူမှာ သူတစ်ယောက်တည်းသာ ဖြစ်လေသည့်အတွက် ထိုကိစ္စများနှင့် မသက်ဆိုင်သော ကိုးလ်ကို အသက်အန္တရာယ်ပြုလိမ့်မည်ဟု မထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ကိစ္စများက ဒီ‌လိုအခြေအနေထိအောင် ရောက်လာခဲ့သည်ဖြစ်လေရာ ရှင်း အနေဖြင့်လည်း ငြိမ်ခံနေစရာ အကြောင်းလုံးဝမရှိတော့ပေ။

" ဦးစစ်ဟန်....ဦးစစ်ဟန် ဒီနေ့အတွက် တန်ရာတန်ကြေးကို ခင်ဗျားဆီကပြန်ရအောင်ယူမယ်....ကျွန်တော့် သီအိုရီမှာ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဘဲ "

ထိုစကားများကို စိတ်ထဲမှတိုင်တည်လိုက်ပြီး နာကျင်မှုအပြည့်ဖြင့် ကျိန်းဝါးလိုက်သည့်အခါ ရှင်းရဲ့ အပြုအမူကြောင့် ကိုးလ်ပင် အနည်းငယ်ကြောက်ရွံ့သွားခဲ့သည်။ လက်ကောက်ဝတ်၌ တွဲချည်ထားသော ဝိုင်ယာကြိုးများမှာ ရှုပ်ထွေးပွေလီလှသည့်အပြင် အစိမ်းရောင်နှင့် အနီရောင်ကြိုးများက ခပ်တည်းတည်းလေးပဲကျန်အောင် အဖြတ်တောက်ခံထားရသည့်အတွက် ရှင်းက သတိမမူဘဲ ကိုးလ်ရဲ့လက်ကို ဖြည်ပေးလိုက်လျှင် ထိုကြိုးများမှာပြတ်တောက်လျက် ဗုံးမှာ ချက်ချင်းထပေါက်ကွဲနိုင်မည်ဖြစ်သည်။ ထိုအခါ ရှင်းရောကိုးလ်ပါ ဘယ်တော့မှ လွတ်မြောက်နိုင်တော့မည်မဟုတ်ဘဲ လောက်မြိုက်နေတဲ့ မီးတောက်ထဲမှာ အသက်ဆုံးရှုံးရမည်ဖြစ်သည်။

Shit.... တီးတိုးကျိန်ဆဲသံနှင့်အတူ ထိုဗုံးပေါ်မှ အချိန်နောက်ပြန်ရေတွက်နေသော screen  ကို ရှင်း ရိုက်ဖျက်ချင်လွန်းလှသည်။ 45 မိနစ်လောက်သာ ကျန်တော့သည့် အချိန်အတိုင်းအတာတွင် ကိုးလ်ကို ကယ်တင်နိုင်မယ့် နည်းလမ်းများကို ရှင်းက သူရဲ့နောက်ဆုံးလက်ကျန် အသက်ကယ်ကြိုးမျှင်များသဖွယ် အသည်းအသန် ရှာဖွေဆုဆောင်းနေရလေသည်။ အမှားအယွင်းလေး တစ်ခုပြုလိုက်ရုံဖြင့် ကိုးလ်ဆိုသော လူသားကို ထာဝရဆုံးရှုံးရပေတော့မည်။

ကိုးလ်လက်နဲ့ တွဲချည်ခံထားရသော ဗုံးကို သေချာအောင် ခေါက်တုံ့ခေါက်ပြန်ပြန် ကြည့်လိုက်ပြီးနောက် ဆောင်ထားလေ့ရှိသော ဓားမြှောင်အသေးလေးကို ထုတ်ယူလိုက်ကာ အစိမ်းရောင်ကြိုးကို ဂရုတစိုက်ဖြတ်တောက်လိုက်လေသည်။ နှစ်ယောက်လုံးမှာ ချွေးတွေအပြည့်ဖြင့် စိတ်လှုပ်ရှားနေသော ခန္ဓာကိုယ်ကို ဥပေက္ခာပြုလိုက်ပြီး အသက်ဆုံးရှုံးစေနိုင်သော ထိုဗုံးအပေါ်သာ စိတ်အင်အားအလုံးစုံကို နှစ်မြုပ်ထားလိုက်တော့သည်။

ရုတ်တရက် ရှင်းက မူမမှန်သော အခြေအနေတစ်ရပ်ကိုသတိထားမိသွားကာ ဖြတ်တောက်နေသော အလုပ်ကို ရပ်တန့်လိုက်ပြီး အစိမ်းရောင်ကြိုးကို သေချာပြန်စိုက်ကြည့်လိုက်မိသည်။ ကံကောင်းစွာပင် ထိုကြိုးမှာ ပြတ်ဖို့ရာ အနည်းငယ်သာလိုတော့ပြီး ကြိုးတစ်မျှင်စာလေးပဲလိုတော့သည်။ နောက်ထပ် အနည်းအကျဉ်းမျှသာ ဓားနဲ့ထိတွေ့လိုက်ပါက ချက်ချင်း လုံးဝဥဿုံပြတ်တောက်သွားနိုင်သည်ဖြစ်ပြီး ကိုးလ်က မဆင်မခြင် လှုပ်ရမ်းလိုက်ပါကလည်း ချက်ချင်းပြတ်တောက်သွားနိုင်မည်ဖြစ်သည်။

" တော်သေးတာပေါ့..... ကိုးလ်မလှုပ်လိုက်နဲ့...အန္တရာယ်အရမ်းများတယ် "

" ကောင်းပြီ.....ကျွန်....ကျွန်တော် မလှုပ်ဘူး "

ဦးစစ်ဟန်တို့အဖွဲ့က ထင်ထားသည်ထက်ပိုပြီးပါးနပ်လေသည်။ ယခုသူတို့ထားခဲ့သော ဗုံးမှာ ကြိုးအနီရောင်ပဲဖြတ်ဖြတ်၊ အစိမ်းရောင်ကိုပဲဖြတ်ဖြတ် ချက်ချင်းထပေါက်ကွဲလာမည်ဖြစ်သည်။ ရှင်းက ဘယ်အရာကိုပဲ ရွေးချယ်လိုက်ပါစေ ရလဒ်က သေခြင်းတရားတစ်ခုထဲသာ ရောက်လာမည်ဖြစ်သည်။

" သေစမ်း ငါဘာဆက်လုပ်ရမလဲ "

ခေါင်းကဆံပင်များကို ဆွဲဖွလိုက်ပြီး ရှင်း အသံတိတ်ဆဲရေးလိုက်လေသည်။

အချိန်ကလည်း တစ်ဖြည်းဖြည်းနှင့် သိပ်မကျန်တော့သည့်အပြင် ပတ်ဝန်းကျင်က ပိုလို့ခြောက်ခြားဖွယ် ကောင်းလာခဲ့ကာ လေထုက အဆိပ်ပြင်းသထက်ပြင်းလာခဲ့သည်။

ရေရေရာရာစဉ်းစားလို့မရသည့် အခြေအနေတွင် ရှင်းက ဗုံးကို ဓာတ်ပုံရိုက်ကာ တိမ်ယံဆင့်ဆီ ပို့ပေးလိုက်ပြီး အကူအညီလှမ်းတောင်းလိုက်သည်။ ချက်ခြင်းဆိုသလိုပင် ဆင့်ဆီမှ ဖုန်းဝင်လာခဲ့သည်။

" ဘာတွေဖြစ်နေတာလဲ ရှင်း "

တိမ်ယံဆင့်ရဲ့ အသံလှိုင်းမှာလည်း မျှော်လင့်မထားလောက်အောင် စိုးရိမ်ပူပန်မှုများ ကြီးစိုးနေခဲ့ပြီး အလောတကြီးနိုင်လွန်းလှလေသည်။

" အများကြီးမမေးနဲ့ အချိန်မရှိဘူး....အဲ့ဗုံးကို ဘယ်လိုလုပ်ရင် မပေါက်ဘဲ ထိန်းထားနိုင်မလဲ "

" ကောင်းပြီ ငါ ဗုံးနဲ့ပက်သက်တဲ့ အချက်အလက်တွေကိုရှာကြည့်လိုက်မယ် "

" အချိန်မရှိဘူး ဆင့် တတ်နိုင်သလုပ်မြန်မြန်လုပ်ပေးပါ ငါလည်း တခြားနည်းလမ်း စဉ်းစားကြည့်လိုက်ဦးမယ် "

တိမ်ယံဆင့်တစ်ယောက် သူ၏လက်မှာ ပတ်တီးဖြည်ပြီးကာစဖြစ်ကာ အနာသိပ်မကျက်သေးသောလက်မှ ခံစားလာသော ဝေသနာကို ဂရုမစိုက်ဘဲ laptop ဆီအမြန်သွားကာ ရှင်း ပို့ပေးသောပုံထဲက ဗုံး၏ အချက်အလက်များကို စုစည်းလိုက်သည်။

နောက်ထပ် မိနစ်အနည်းငယ်လောက်အကြာတွင် ဆင့်ဆီက ဖုန်းပြန်ဝင်လာခဲ့ပြီး ‌ဗုံး screen ပေါ်မှာ နောက်ပြန်ရေတွက်နေတဲ့အချိန်ကလည်း 30 မိနစ်သာ ကျန်တော့သည်အထိ လျော့ကျသွားလေသည်။

" ဘာထူးလဲ ဆင့် "

" အဲ့တာက မင်း ဘယ်ကြိုးကိုပဲဖြတ်ဖြတ် ဗုံးကပေါက်မှာဘဲ...သူကအသံနဲ့ ထိန်းချုပ်ရတာ "

" အင်း "

" မပေါက်အောင် လုပ်လို့ရတဲ့နည်းမရှိဘူး ဒါပေမယ့် ခဏထိန်းထားလို့ရတဲ့နည်းတော့ရှိတယ် "

" ဘာနည်းလဲ "

" သတ္ထုပဲ....သတ္ထုကိုအရည်ကျိုပြီး ဗုံးပေါ်မှာအအေးခံလိုက်မယ်ဆိုရင် battery က စက္ကန့်အနည်းငယ်လောက်ခဲသွားပြီးတော့ မင်းတို့ကြိုးဖြုတ်ပြီးပြေးလို့ရတယ်....ဒါပေမယ့် 10 စက္ကန့်ပဲအချိန်ရတာ 10စက္ကန့်ထဲနဲ့ ဗုံးရဲ့ ဘယ်လောက်ဝေးဝေးကို မင်းသွားနိုင်မှာမို့လို့လဲ။  မင်းဘယ်သူ့ကိုသွားကယ်တာလဲ ရှင်း ။ မြန်မြန်ပြန်ထွက်ခဲ့စမ်းပါ...ဒါကမင်းအသက်ပါ သေသွားနိုင်တယ်နော် "

" ကျေးဇူးပဲ ဆင့် ။ ငါနောက်မှ ဖုန်းပြန်ခေါ်လိုက်မယ် "

ဆက်ပြောလာမယ့် ဆင့်ရဲ့ စကားသံတွေကို လျစ်လျူရှုပြီး ဖုန်းချလိုက်ကာ လေပြေရှင်းရဲ့ ပြင်းပြနက်ရှိုင်းသော ဆန္ဒများသည် သတ္တုအား ဘယ်နေရာကသွားရှာရမလဲဆိုသည့်အပေါ် လူးလားခေါက်တုန် ဖြတ်ပြေးစဉ်းစားလျက်ရှိသည်။

" သတ္ထု....သတ္ထုလား ငါဘယ်ကသွားရှာရမလဲ "

အချိန်မှာ မိနစ်နှစ်ဆယ်ခန့်သာ ကျန်တော့လေသည်။

ရုတ်တရက် ရှင်းရဲ့ မျှော်လင့်ချက်အလုံးစုံသည် အသူတစ်ရာချောက်နက်ထဲ ဆုံးဆုံးနစ်မြုပ်နေရာမှ နတ်ဘုရားရဲ့ ရောင်ခြည်တန်းလေး ဝင်ရောက်လာသလို အမှောင်ထုထဲမှ အလင်းရောင် တစ်စွန်းတစ်စကြောင့် မျက်ဝန်းအိမ်များပင် ထွန်းလင်းတောက်ပလာခဲ့ကာ ကိုးလ်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။

ချက်ခြင်းပင် ကိုးလ်လည်ပင်းက ဆွဲကြိုးကို စွက်ကနဲ့ ဆွဲယူလိုက်သည့်အခါ ပိုင်ရှင်ဖြစ်သူက ရှင်းနာမည်ကို ခပ်ဖွဖွလေး ခေါ်တွင်လာလေသည်။

" ကိုယ်နောက်ကျရင် ပြန်ဝယ်ပေးပါမယ်....အခု ကိုယ့်ကိုခဏငှားပေး "

ထိုဆွဲကြိုးမှာ လေပြေရှင်းကိုယ်တိုင် လက်ဆောင်ပေးခဲ့သည့် သမင်ဦးချိုသဏ္ဌာန် ဆွဲကြိုးလေးပင်ဖြစ်ကာ ကိုးလ်က ဒီနေ့မတိုင်ခင်အထိ ထိုဆွဲကြိုးကို တစ်ခါမှ မဖြုတ်ပစ်ခဲ့ဖူးပေ။ ထိုအရာမှာ ရှင်းကိုယ်တိုင် ကိုးလ်လည်ပင်းမှာ တပ်ဆင်ပေးခဲ့ပြီး ရှင်းကိုယ်တိုင် ပြန်ဖြုတ်ယူလိုက်သည့်အရာပင် ဖြစ်လေသည်။

ရှင်းရဲ့ အပြုအမူအားလုံးကို ကိုးလ် နားမလည်နိုင်သော်လည်း အချိန်သိပ်မရှိတော့ဘူးဆိုတာ တစ်ခုတည်းကိုသာ ကိုးလ်သိလေသည်။ ရှင်းသာ စကားနားမထောင်ဘဲ ဆက်ပြီးခေါင်းမာနေဦးမည်ဆိုလျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်သည် ကိုးလ် နောင်ဘဝကူး‌သွားလျှင်တောင် ကိုယ့်ကိုကိုယ် အပြစ်တင်လို့ ဆုံးမည်မဟုတ်ပါပေ။

အဆောက်အဦးသည် ဆောက်လက်စကို ရပ်တန့်ပစ်လိုက်တာကြောင့် အချောမသတ်ရသေးသည့်အပြင် ခိုင်ခံ့နေမည်ဟု အာမခံချက်လည်း ရှိမနေသည့်အတွက် ဗုံးသာပေါက်ကွဲထွက်လာပါက ပြိုကျသွားဖို့ရာ ၈၀% လောက် သေချာနိုင်လေသည်။ အမှိုက်မရှင်းရသေးသည် အဆောက်အဦးဖြစ်သည့်အတွက် ရှင်းက သစ်သားအတိုအစများကို တစ်နေရာတည်း စုပုံလိုက်ကာ ခိုင်ခံ့မည်ဟုထင်ရသော သံခွက်တစ်ခွက်ကိုပါ အနားမှာယူထားလိုက်လေသည်။

ထို့နောက် အိပ်ကပ်ထဲက မီးခြစ်ကို ထုတ်ယူလိုက်ပြီး သစ်သားတစ်ချောင်းကို မီးညှီလိုက်ကာ ထိုမီးခြစ်အား ဖောက်ခွဲလိုက်ပြီး အထဲက gas များထွက်လာတာ သေချာမှ သစ်သားပုံထဲပစ်ထည့်လိုက်လေတော့သည်။ ပြီးလျှင် စောစောက မီးညှီထားသော သစ်သားချောင်းကို ထင်းပုံထဲပစ်ချလိုက်သည့်အခါ မီးတောက်နှင့်gas ‌များ ပေါင်းစပ်ဓာတ်ပြုသွားပြီး ထင်းပုံက အရှိန်ပြင်းပြင် မီးစွဲသွားလေတော့သည်။ အပူချိန်သည် အံ့မခန်းဖြစ်သည့်အတွက် ရှင်းအနေဖြင့် အကြံအစည်အောင်မြင်ပါစေဟုသာ အသည်းအသန် ဆုတောင်းနေမိတော့သည်။

မကြာသေးခင်က ကောက်ယူခဲ့သော သံခွက်အား ထင်းပုံပေါ်တင်လျက် ကိုးလ်ရဲ့ဆွဲကြိုးကို အပူပေးလိုက်သည့်အခါ ၎င်းတို့က တစ်စထက်တစ်စ အရည်ပျော်လာတော့သည်။ ရှင်းတို့နှစ်ယောက်စလုံးအတွက် အချိန်ဆိုသည်မှာ အတိုင်းထက်အလွန်အရေးကြီးသော အရာတစ်ခုပင်ဖြစ်ကာ သင့်ဘဝရဲ့ နောက်ဆုံး ၁၅ မိနစ်စာအချိန်လောက်တွင် အဖြစ်ချင်ဆုံးဆန္ဒမှာ အမြတ်နိုးဆုံးလူတွေကို နှုတ်ဆက်စကား‌ပြောနိုင်ဖို့ပင် ဖြစ်လေသည်။ သို့သော် ရှင်းက ဘဝကို ဒီတိုင်းအရှုံးမပေးလိုက်ချင်ပါပေ။ ကိုးလ်ကို ကယ်တင်လိုက်နိုင်မှဘဲ သူဟာ ငြိမ်းချမ်းစွာအနားယူသွားနိုင်မည့် လူသားတစ်ယောက်ပင် ဖြစ်သည်။

" ရှင်း "

ကိုးလ်က တိုးညှင်းစွာ ခေါ်လိုက်ခြင်းဖြစ်သော်လည်း လေပြေရှင်းရဲ့ သာမာန်ထက်ပိုသော အကြားစွမ်းရည်ကြောင့် စေလိုရာပန်းတိုင်ဆီ လျောလျောရှုရှု ရောက်သွားခဲ့လေသည်။

" အင်း ကိုယ်မင်းကို ကယ်တင်နိုင်တော့မှာပါ "

" ဒီတစ်ကြိမ်လေးပဲ ကျွန်တော့်စကားကို နားထောင်ပါနော် ..... ကျွန်တော် ရှင်းကို မသေစေချင်ဘူး "

" ကိုယ်တို့နှစ်ယောက်လုံး မသေပါဘူး "

" ကျေးဇူးပြုပြီး တောင်းပန်ပါတယ် သွားပါတော့...ဒါကျွန်တော့်ရဲ့ နောက်ဆုံးဆန္ဒပါ "

" စကားတွေအများကြီးမပြောနဲ့ ကိုယ် မင်းကိုရအောင်ကယ်မှာ မဟုတ်ရင်လည်း ကိုယ်မင်းနဲ့အတူ အသေခံမှာ "

" ဘာလို့ဒီလိုတွေလုပ်နေတာလဲ "

" သူငယ်ချင်းဆိုတာ ဒုက္ခရောက်နေချိန်မှာ ဘယ်တော့မှ တစ်ယောက်ထဲ ထားမသွားဘူးလေ။ ကိုယ်တို့အတူတူ ရင်ဆိုင်ကြမယ် "

အချိန် ၁၀မိနစ်သာ ကျန်တော့သည့်အခါတွင် အဆိုးထဲက အကောင်းဟုဆိုနိုင်ဖွယ်ရာ ကိုးလ်ရဲ့ဆွဲကြိုးလေးက လုံးဝကိုအရည်ပျော်သွားခဲ့ပြီဖြစ်သည်။ သို့သော် ယခုမှလတ်လတ်ဆတ်ဆတ်အပူပေးခံထားရသည့် အခြေအနေဖြစ်လေသည့်အတွက် သင့်တင်လျှောက်ပတ်သည့် အနေအထားရောက်အောင် အချိန်အနည်းငယ်ပေး၍ အအေးခံရဦးမည်ဖြစ်သည်။ မဟုတ်လျှင် ထိုအရည်ဖျော်ထားသည့်အရာများကို အတင်းကာရော ဗုံးပေါ်လောင်းချလိုက်ပါက ဖြစ်ပေါ်လာမည့်ရလဒ်က မတွေးရဲစရာပင်ဖြစ်လေတော့သည်။

အအေးခံရသည့်အခြေအနေ ပြီးမြောက်သွားသည့်အခါတွင် ၅ မိနစ်သာ ရှင်းအတွက် အချိန်ကျန်ရှိတော့လေသည်။ ထိုသတ္ထုရည်တွေကို ဗုံးပေါ်လောင်းချလိုက်သော်လည်း အချိန်နောက်ပြန်ရေတွက်နေမှုမှာ ရပ်တန့်သွားခြင်းမရှိခဲ့ဘဲ တတီတီမြည်သံနှင့်အတူ ၄ မိနစ်အထိ ထိုးဆင်းသွားသည်။

" သေစမ်း ဘာလို့မရ,ရတာလဲ "

၃ မိနစ်နဲ့ ၄၀ စက္ကန့်

" ရလိုက်စမ်းပါ ကျေးဇူးပြုပြီး "

လေပြေရှင်းမှာ စိတ်လှုပ်ရှားလွန်းလို့ ဗုံးရဲ့အချိန်ရေတွက်မှု ရပ်တန့်သွားပါက လက်ထဲ၌ကြိုးတွေကိုဖြတ်တောက်ပစ်ရန် အသင့်ကိုင်ထားသော ဓားမြှောင်မှာ ချွေးများဖြင့် အလွန်အမင်းရွှဲနှစ်နေလေတော့သည်။ မေးဖျားမှ သက်ဆင်းလာသော ချွေးစက်တို့က ကြမ်းပြင်ပေါ်က ဖုန်မှုန့်တို့နှင့် ရောနှောသွားကာ ညစ်ပတ်သွားပြီး ထပ်မံတစ်စက်ချင်း သက်ဆင်းလာကြပြန်သည်။

၂ မိနစ်နဲ့ ၁၀ စက္ကန့်

" ကိုးလ် မကြောက်နဲ့နော် ကိုယ်ရှိတယ် "

" ရှင်း နောင်တရလိမ့်မယ် "

" ကိုယ်နောင်တမရပါဘူး....ဘယ်တော့မှ အဲ့လိုဖြစ်မှာ မဟုတ်ဘူး "

၁ မိနစ် နဲ့ ၃၀ စက္ကန့်

" ကျေးဇူးပြုပြီး.... ကျေးဇူးပြုပြီး "

လေပြေရှင်းရဲ့ အတွင်းစိတ်ထဲမှ ရေရွတ်သံသည် နတ်ဘုရားများ၏ လျစ်လျူရှုခြင်းနှင့် ရင်ဆိုင်နေရသလိုပါပင် ဘယ်လောက်ပဲ ဆုတောင်းနေပါစေ ဗုံးပေါ်က နောက်ပြန်ရေတွက်နေတဲ့ အချိန်ဟာ လုံးဝရပ်တန့်မသွားခဲ့ပါပေ။

" နောက် ၁၀ စက္ကန့်အတွင်း ဗုံးပေါက်ကွဲတော့မှာပါ .... အားလုံးဘေးလွတ်ရာကို ရှောင်ရှားကြပါ "

" နောက် ၁၀ စက္ကန့်အတွင်း ဗုံးပေါက်ကွဲတော့မှာပါ .... အားလုံးဘေးလွတ်ရာကို ရှောင်ရှားကြပါ "

" နောက် ၁၀ စက္ကန့်အတွင်း ဗုံးပေါက်ကွဲတော့မှာပါ .... အားလုံးဘေးလွတ်ရာကို ရှောင်ရှားကြပါ "

System  မှ သတိပေးချက် ပေါ်လာသည်နှင့်တစ်ပြိုင်နက်  ကိုးလ်ရှေ့မှာ ဒူးထောက်ထိုင်ချနေသော ရှင်းရဲ့ အသွင်အပြင်သည် လေတစ်ချက်ဝှေ့လိုက်ရုံဖြင့် တစစီပျက်စီးသွားမည့် ကျောက်သားအရုပ်တစ်ခုနှယ်ဖြစ်လာလေသည်။အက်ကွဲနေသည့် လည်ချောင်းသံနှင့်အတူ မပီမသစကားသံများနဲ့ ရှင်းက ကိုးလ်ကို တောင်းပန်လာခဲ့ပြန်သည်။

" အားလုံးကိုယ့်အပြစ်တွေပါ..... ကိုယ့်ကြောင့် မင်းကို ဒီပြဿနာတွေထဲ ပါလာစေမိပြီ "

" ကိုယ်တစ်ကယ်တောင်းပန်ပါတယ်....ကိုယ့်ကြောင့်ပါ ကိုယ့်ကြောင့် မင်း ဒုက္ခရောက်ရတာ။ ကိုယ်ကအသုံးမကျတဲ့ လူတစ်ယောက်ပဲ အနားမှာရှိတဲ့လူတွေကိုတောင် မကာကွယ်နိုင်ဘူး "

" ရှင်း "

ကိုးလ်ရဲ့ နူးညံ့လှသည့်ခေါ်သံလေးကြောင့် ခေါင်းကိုကြမ်းပြင်ထဲ စိုက်ဝင်လုမတက်ငုံ့ထားကာ ငိုယိုနေသော လေပြေရှင်းသည် အသံပိုင်ရှင်ထံ မေ့ာကြည့်လိုက်ချိန်ဝယ် ထိုလူသားက သူ့ကို အတောက်ပဆုံးပြုံးပြနေခဲ့လေသည်။ ရှင်းရဲ့ ကျရှုံးခန်းဖြစ်သည့် မျက်ရည်များသည် ကိုးလ်ရဲ့ အပြုံးများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ တစ်ခဏမျှ အချိန်တွေက ရပ်တန့်သွားခဲ့သလိုပါပင်။

၁၀ စက္ကန့်လောက်တောင်မကျန်တော့သည့် နောက်ဆုံးအချိန်လေးထဲမှာ ကိုးလ်ရဲ့အပြုံးက သက်ဝင်တောက်ပနေသည့် အာရုဏ်ဦးရဲ့ ရောင်ခြည်တန်းလေးလိုပင်။ ရှင်းကို မျှော်လင့်ချက်တွေ အပြည့်ဖြည့်ပေးနေပြီး စိုးရိမ်ပူပန်မှုတွေကို လျော့သွားစေတဲ့ အေးမြလွန်းတဲ့ အသက်ဝင်ဆုံးအပြုံးလေး။

" သေခြင်းတရားက အဲ့လောက်လဲမဆိုးဝါးပါဘူး ရှင်းကို ပြောမရမှတော့ ကျွန်တော်တို့ အတူသေကြတာပေါ့ "

" ကိုးလ် "

" မကြောက်ပါနဲ့ ....ကျွန်တော်လေ ရှင်း နဲ့သာဆို ဘာကိုမှမကြောက်ဘူး "

ကိုးလ်က ပြုံးနေခဲ့လေသည် ထိုစကားပြောနေသည့် တစ်လျှောက်လုံး ကိုးလ်က အဖိုးထိုက်တန်တဲ့ တော်ဝင်ပန်းတစ်ပွင့်လို လေပြေရှင်းကို ပြုံးပြနေခဲ့သည်မှာ ရှင်းရဲ့ မျက်ရည်တွေနဲ့ တန်ဆာဆင်ထားတဲ့ မျက်နှာနှင့်တော့ တစ်ခြားစီပါပင်။

" တီ....တီ....တီ "

ဗုံးထံမှအချက်ပေးသံ ထပ်မြည်လာကာ ရှင်း အမြန်ကြည့်လိုက်ချိန်တွင် ၃ စက္ကန့်လောက်အလိုတွင် အချိန်နောက်ပြန်ရေတွက်နေခြင်းက ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။ သတ္ထုဖြင့် ဘက်ထရီကို ခေတ္တခဲစေခြင်းက အလုပ်ဖြစ်သွားပုံရကာ ရှင်းတို့နှစ်ယောက်လုံးထံတွင် အချိန် ၁၀ စက္ကန့်သာရတော့လေသည်။ ထို၁၀စက္ကန့်အတွင်း လွတ်မြောက်အောင်မပြေးနိုင်ပါက နှစ်ယောက်လုံး ဒီအဆောက်အဦးအတွင်းမှာတင် ပြာကျသွားတော့မည်ဖြစ်သည်။

လျင်မြန်သော ရွေ့လျားမှုနှင့်အတူ ကိုးလ်ရဲ့ လက်ကကြိုးများကို ဓားမြှောင်နှင့်ဖြတ်‌ထုတ်လိုက်ပြီး ပြတ်တောက်တော့မတတ် နီရဲနေတဲ့ ကိုးလ်ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ အကာအကွယ်မရှိ ဟင်းလင်းပြင်ဖြစ်နေသော နံရံဆီသို့ လေပြေရှင်း ဦးတည်ပြေးသွားလိုက်လေသည်။ ယခုချိန်မှာ လှေကားကတစ်ဆင့် ဆင်းသွားလျှင်လည်း ၁၀ စက္ကန့်ဟူသောအချိန်လေးဖြင့် မည်သို့မှလွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရှင်းက ၅ ထပ်မြောက်ကနေ ခုန်ချရန် မိုက်ရူးရဲဆန်စွာ ရွေးချယ်လိုက်ခြင်းဖြစ်သည်။

" ကိုယ့်ကိုယုံပါ ကိုးလ် "

ဤသည်မှာ ခုန်မချခင် ရှင်း နောက်ဆုံးပြောခဲ့သော စကားဖြစ်ပြီး အောက်ခြေထိမရောက်ခင် လေထဲ၌ပင် ဗုံးက ကျယ်လောင်သောအသံဖြင့် ပေါက်ကွဲလာခဲ့သဖြင့် အရှိန်ပြင်းသော တွန်းကန်အားကြောင့် ကိုးလ်နဲ့ ရှင်းနှစ်ယောက်လုံး ဘေးဘက်ကိုလွှင့်စင်သွားခဲ့လေသည်။ မသိစိတ်၏ စေခိုင်းချက်အရ ရှင်းရဲ့ လက်နှစ်ဖက်လုံးသည် ကိုးလ်ကို လေမတိုးနိုင်အောင် ဖက်ထားခဲ့သည့်အတွက် အောက်သို့ပြန်ပြုတ်ကျလာချိန်တွင် ကိုးလ်က ဒဏ်ရာကြီးကြီးမားမား မရခဲ့သော်ငြား ရှင်းရဲ့ နောက်ကျောတစ်ခုလုံးမှာ သွေးတွေစီးကျနေပြီး ဗုံးဆီကစင်လာသောအစအနများကြောင့် အတော်လေးလောင်ကျွမ်းနေသည့် အသားစများကလည်း အတိုင်းသားပင် ရှိနေလေသည်။

" ရှင်း....ရှင်း ထပါဦး "

" ကိုးလ် ပြေးတော့..... ကိုယ့်ကို ဂရုမစိုက်နဲ့ "

သွေးတွေနဲ့ ရှင်းက ကိုးလ်ကို အဝေးတွန်းပို့ပြီး ထွက်ပြေးခိုင်းလေသည်။

" မဟုတ်ဘူး....မဟုတ်ဘူး...ကျွန်တော်တို့အတူသွားကြမယ် "

"သွားတော့....မြန်မြန် "

ထိုစကားနှင့်အညီ လေပြေရှင်း၏ လှုပ်ရှားမှုများမှာ လုံးဝငြိမ်သက်သွားတာကြောင့် ကိုးလ်ရဲ့ နှလုံးသားတစ်ခုလုံးပင် သေဆုံးသွားတော့မလို ခံစားနေရပေသည်။ ရှင်းက နောက်ထပ်လုံးဝ ထပ်ပြီးမလှုပ်ရှားလာတော့ပေ။ ကိုးလ်တစ်ယောက်ထဲ ခန္ဓာကိုယ်ခြင်းမမျှသော လေပြေရှင်းကိုတွဲကာ ဒီနေရာကအမြန်ဆုံး ထွက်ခွာသွားနိုင်ရန် အပြင်းအထန်ကြိုးပမ်းနေရပြီး နောက်ထပ် အချိန်ပိုင်းလေးမှာပင် အဆောက်အဦးက ပြိုကျလာကာ အစအနများက ကိုးလ်တို့နှစ်ယောက်ရှိရာကို လွင့်စင်လာကြသည်။

" ရှင်း အားတင်းထားဦးနော်.... ကျွန်တော် ရှင်းကို  ရအောင်ခေါ်သွားမယ် "

ကိုးလ်ရဲ့ ခြေထောက်မှာလည်း ဗုံးပေါက်ကွဲစဉ်က ဘေးထွက်ဆိုးကျိုးတစ်ခုကြောင့် သွေးများအဆက်မပြတ် စီးကျနေခဲ့ဆဲပင်။ သူတို့နှစ်ယောက် ရွေ့လျားလိုက်သော နေရာတိုင်းက သွေးစီးကြောင်းများ ကျန်ရစ်‌ခဲ့ပြီး ရှင်းရဲ့ အဖြူရောင် ဝတ်စုံမှာကား အနက်ရောင်နှင့် အနီရောင်များသာ အပြည့်အဝနေရာယူနေလျက်ရှိပြီး ဖြေမဆယ်နိုင်အောင် ပေပွနေခဲ့‌ကာ ရစရာမရှိအောင် စုတ်ပြဲနေခဲ့လေသည်။

အဆောက်အဦးတစ်ခုလုံး ပြိုကျပြီးသွားချိန်တွင် ကိုးလ်တို့နှစ်ယောက် သီသီလေးပင် အသက်ဘေးမှလွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။ လေပြေရှင်းမှာ ဘယ်လောက်ပင် လှုပ်နှိုးနေပါစေ နိုးမလာခဲ့သော်ငြား ကိုးလ်မှာလည်း မီးခိုးငွေ့နှင့် ဖုန်မှုန့်များကြောင့် မသေရုံတစ်မယ်လေးသာ ရှိတော့သည်။ အသက်ကိုအငမ်းမရရှုသွင်းလိုက်ပြီး ရှင်းရဲ့ ခန္ဓာကိုယ်ကို တစ်ဝက်သယ် တစ်ဝက်တရွတ်တိုက်အနေအထားဖြင့် မလှမ်းမကမ်းမှာ ရှင်း ရပ်ထားခဲ့သော ကားဆီသို့နောက်ဆုံးခွန်အားလေးဖြင့် ကိုးလ်အတတ်နိုင်ဆုံး သွားကာ နီးစပ်ရာဆေးရုံဆီ မောင်းနှင်သွားနိုင်ခဲ့လေသည်။

ကံကောင်းစွာပင် ရှင်းက သော့ကိုကားထဲမှာပင်ထားခဲ့ပြီး လော့မချထားသောကြောင့် ကျေးဇူးတင်ရပေမည်။ ဆေးရုံဆီရောက်သွားမှသာ ကိုးလ်လည်း နောက်ဆုံးတင်းခံထားသမျှ ဆန္ဒအစုံကို လွှတ်ချလိုက်ပြီး သူသည်လည်း နာကျင်မှုများနှင့်အတူ မေ့မျောခြင်းအဖြစ်ဆီသို့ ကူးပြောင်းသွားခဲ့လေတော့သည်။ နောက်ဆုံးကျန်ခဲ့သည့် အသိစိတ်လေးတွင် ကိုးလ်က ရှင်းလက်ကို သေချာဆုပ်ကိုင်ထားဆဲဖြစ်ပြီး ပုံပန်းသဏ္ဌာန်သေချာမမြင်ရသော လူများဝိုင်းဆွဲပြီး ခွဲထုတ်တာတောင် ကိုးလ်က လွှတ်ပေးဖို့ငြင်းဆန်နေခဲ့‌ခြင်းဖြစ်သည်။

__________________________________

[Zawgyi]

ေလေျပရွင္းရဲ႕ကားမွာ ၿပိဳင္ပြဲကြင္းထဲ ဗိုလ္လုပြဲ ယွဥ္ၿပိဳင္ေနရ‌သည့္ ကားတစ္စီးႏွယ္ပင္။ သူဟာ မီးနီ ဘယ္ႏွစ္ခုေလာက္ကို ျဖတ္‌ေမာင္းခဲ့လဲ မမွတ္မိေတာ့ေသာ္လည္း မ်က္စိေရွ႕‌၌ျမင္ေနရသည့္ ေနာက္ထပ္မီးနီတစ္ခုကိုပါ တစ္ခ်က္ကေလးမွ မတြန႔္ဆုတ္ဘဲ ျဖတ္ေမာင္းလာခဲ့ေလသည္။ လီဗာကိုအသားကုန္တင္လ်က္ ေလအလ်င္နဲ႔ အံတုေနသည့္ အသြင္သဏၭာန္တို႔ေရာယွက္ေနပါေသာ္ျငား ရွင္းရဲ႕ ကားက ရပ္တန႔္သြားဖို႔ အစီအစဥ္မရွိသည့္အျပင္ ပို၍ပင္ လ်င္ျမန္လာလ်က္ ရွိေပသည္။

ကားဆီမွ အရွိန္ေလ်ာ့ဖို႔ အခ်က္ေပးသံမ်ား တရဆက္ထြက္ေပၚလာသည့္အျပင္ လမ္းေပၚမွာဝိုင္းတားၾကတဲ့ ေမာ္ေတာ္ပီကယ္မ်ားကိုေတာင္ ရွင္းက အဖက္လုပ္၍ ဂ႐ုစိုက္မေနခဲ့ေပ။ အခ်ိန္အတိုင္းအတာတစ္ခုအၾကာတြင္ ေလေျပရွင္းတစ္ေယာက္ ထိုေဆာက္လက္စ အေဆာက္အဦးနားကို ေရာက္လာခဲ့ၿပီျဖစ္ေလသည္။ ရွင္းက ထိုေနရာတြင္ ဦးစစ္ဟန္၏ လူမ်ားႏွင့္အျပည့္ျဖည့္ထားလိမ့္မည္ဟု ေမွ်ာ္မွန္းထားေသာ္လည္း ဆန႔္က်င္ဘက္ျဖစ္ေနသည့္အေျခအေနႏွင့္ ႀကဳံေတြ႕လိုက္ရသည့္အခါ အနည္းငယ္မွ် အံ့အားသင့္သြားခဲ့သည္။ ဦးစစ္ဟန္က ဘာေတြႀကံစည္ေနလဲဆိုသည္ကို အေျဖရွာရန္ ရွင္းက အားလပ္မေနခဲ့ေပ။ အၿမဲေဆာင္ထားေလ့ရွိေသာ ေသနတ္တစ္လက္ကို က်ည္အျပည့္ျဖည့္လိုက္ၿပီး အက်ႌၾကားထဲ၌ဖြက္ကာ ေလွကားမွတစ္ဆင့္ အေပၚထပ္ကို သတိႀကီးႀကီးျဖင့္ တက္သြားလိုက္သည္။

အေဆာက္အဦးက နံရံေတြမရွိသည့္အတြက္ အတြင္းဘက္ကို အကုန္လုံးေဖာက္ထြင္းျမင္ေနရတာေၾကာင့္ ရွင္းရဲ႕ စြန္ရဲတစ္ေကာင္လို စူးရွျပတ္သားသည့္ မ်က္လုံးတစ္စုံသည္ သားေကာင္ကိုအျမန္ဆုံးရွာေတြ႕ရန္အတြက္ အေထာက္အကူေကာင္းျဖစ္သည္။ ေလွကားတစ္ဆင့္တက္လိုက္တိုင္း မျမင္ရသည့္ ဆူးခြၽန္တစ္ေခ်ာင္းက ႏွလုံးသားကို ထိုးစိုက္ေနခဲ့သလိုပါပင္။ သူဟာ ေလးလံေနေသာ ေျခလွမ္းမ်ားကို အဆုံးသတ္လိုက္ခ်င္ၿပီ ျဖစ္ေသာ္လည္း သူ႔ဦးေႏွာက္ကအျပင္းအထန္တားျမစ္ ဆန႔္က်င္ေနခဲ့ျခင္းေၾကာင့္သာ လက္မေလ်ာ့ႏိုင္ျခင္းျဖစ္သည္။ ေလွကားတစ္ဆင့္တက္လိုက္တိုင္း ထိုးစိုက္လာတတ္သည့္ ဆူးခြၽန္တစ္ခုေၾကာင့္ ယခုသူ႔ႏွလုံးသားမွာ ဆူးခြၽန္မ်ားပတ္ပတ္လည္ ထိုးစိုက္ေနလိမ့္မည္ျဖစ္ကာ ပုံသဏၭာန္အမွန္ကို ျမင္ရဖို႔ေတာင္ ခဲယဥ္းလွေခ်ၿပီျဖစ္သည္။

တစ္ခ်ိန္တည္းမွာပင္ ကိုးလ္ကို ျမင္ေတြ႕လိုက္ရမွာကိုလည္း သူဟာအနည္းငယ္ မဝံ့မရဲျဖစ္ေနဆဲပင္။ ကိုးလ္ရဲ႕ အသက္မရွိေတာ့သည့္ ခႏၶာကိုယ္ကိုသာ ျမင္ေတြ႕လိုက္ရပါက ေလေျပရွင္းတစ္ေယာက္ ထိုေနရာမွာပင္ ေသြး႐ူးေသြးတန္းျဖစ္သြားႏိုင္ေလာက္အထိ ထိုးႏွက္ခ်က္က ျပင္းထန္လိမ့္မည္ျဖစ္သည္။

ငါးထပ္ေျမာက္တြင္ ရွင္းက ထိုင္ခုံေပၚတြင္ ႀကိဳးတုပ္ခံထားရေသာ ကိုးလ္ကို ေတြ႕လိုက္ရေလသည္။ ႏွလုံးသားတစ္ခုလုံးက နာက်င္ထုံထိုင္းလာခဲ့ကာ အဆုတ္က အားနည္းလာခဲ့သလို သူဟာ အသက္ရႈမဝပင္ ျဖစ္လာခဲ့သည္။

" ကိုးလ္ "

" အြန္း....အြန္း "

အရင္က ႏူးညံ့သိမ္‌ေမြ႕ေသာ စကားကိုသာ ဆိုတတ္ပါသည့္ ကိုးလ္ရဲ႕ ႏႈတ္ခမ္းသားမ်ားသည္ အတင္းအၾကပ္ဖိအားေပး အကပ္ခံထားရေသာ တိပ္မ်ားေၾကာင့္ ရွင္း အျမင္အာ႐ုံထဲတြင္ ကြယ္ေပ်ာ‌က္လုနီးပါးျဖစ္ေနခဲ့သည္။ ေလေျပရွင္းကို ေတြ႕လိုက္ခ်င္း ကိုးလ္ရဲ႕ မ်က္ဝန္းမ်ားက ေပ်ာ္႐ႊင္မႈမ်ား ျပည့္ႏွက္ဝင္ေရာက္လာသည္ကို သတိထားမိလိုက္ေသာ္လည္း ၎တို႔က တစ္ခဏအတြင္းမွာပင္ ျပန္လည္ေပ်ာက္ဆုံးသြားကာ စိုးရိမ္ထိန႔္လန႔္ေနေသာ အမူအယာႏွင့္အတူ ေခါင္းတြင္တြင္ခါျပကာ မ်က္ရည္စီးေၾကာင္းမ်ားယွဥ္တြက္လ်က္ အနားကိုမလာဘဲ အျမန္ထြက္ေျပးပါရန္ တိုက္တြန္းလာခဲ့ပါေတာ့သည္။

ထိုအမူအယာအားလုံးကို မ်က္ကြယ္ျပဳလ်က္ ေလေျပရွင္းမွာ ကိုးလ္အနားကို ခ်ဥ္းကပ္သြားရင္း ႏႈတ္ခမ္းက တိပ္ကို ဖယ္ရွားလိုက္ေလသည္။

" မေၾကာက္နဲ႔ေတာ့ေနာ္....ကိုယ္ေရာက္လာၿပီ "

" ရွင္း....ရွင္း.... "

" ကိုယ္ရွိတယ္ "

ကိုးလ္ရဲ႕ မ်က္ဝန္းတစ္စုံမွ က်ဆင္းလာေသာ မ်က္ရည္စက္မ်ားကို ေျမျပင္ေပၚမေႂကြခခင္ အရင္ဖယ္ရွားေပးရမည္မွာ ရွင္းရဲ႕ တာဝန္တစ္ခုကဲ့သို႔ပင္။ လက္မနဲ႔ ခပ္ဖြဖြေလး ပါးျပင္ကို ပြတ္သပ္လိုက္သည့္အခါ ကိုးလ္ရဲ႕ မ်က္ရည္မ်ားက ရွင္းလက္မွာ စိုစြတ္လာခဲ့သည္။

" မငိုနဲ႔ေတာ့ေနာ္ .... ကိုယ္ေတာင္းပန္ပါတယ္ "

ေယာင္ကိုင္းေနေသာ မ်က္ႏွာကို ခပ္ဖြဖြေလးဆုပ္ကိုင္လိုက္ရင္း ေလေျပရွင္း ဆိုလိုက္သည္။

" မဟုတ္ဘူး...ေျပးေတာ့ ရွင္း... မဟုတ္ရင္ အခ်ိန္မမီေတာ့ဘူး "

" ကိုယ္ဘယ္မွမသြားဘူး ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္မင္းကို အိမ္ကမထြက္ခိုင္းလိုက္သင့္ဘူး ကိုယ့္အမွားေတြပါ "

ကိုးလ္ရဲ႕ မ်က္ရည္မ်ားက ရွင္းရဲ႕ စကားသံမ်ားႏွင့္အတူ ေရာစြက္သြားကာ ေလထုကပင္ ဝမ္းနည္းဖြယ္ေကာင္းလာေလသည္။

" သြားပါေတာ့ ကြၽန္ေတာ္ ေတာင္းဆိုတာပါ "

" ကိုယ့္ကိုႏွင္မလႊတ္ပါနဲ႔ ကိုယ္မွားသြားပါတယ္ .....ကိုယ္မင္းကို အဆုံးရႈံးမခံႏိုင္ဘူး "

ကိုးလ္ရဲ႕ေရွ႕မွာ ဒူးေထာက္ထိုင္ခ်လိုက္ကာ ေလေျပရွင္းသည္လည္း လက္ကေလးျဖင့္ ထိလိုက္႐ုံျဖင့္ ၿပိဳလဲသြားေတာ့မည္ဟု ထင္မွတ္ရေလာက္ေပသည္။ ေျခေထာက္ႏွင့္ထိုင္ခုံကို ပူးတြဲခ်ည္ထားေသာ တိပ္မ်ားကို ျဖတ္ထုတ္လိုက္သည့္အခါ ကိုးလ္က စိုစြတ္ေနေသာ မ်က္ေတာင္ရွည္မ်ားျဖင့္ ပုတ္ခပ္ပုတ္ခပ္ လုပ္လာသည္။

" ဘာလို႔မ်ား အဲ့ေလာက္ေခါင္းမာေနရတာလဲ.... ကြၽန္ေတာ္ခင္ဗ်ားကို သြားေတာ့လို႔ေျပာေနတယ္ေလ။ ခင္ဗ်ားအကူအညီကို ကြၽန္ေတာ္မလိုဘူး ကြၽန္ေတာ္ကိုယ့္ဘာသာရွင္သန္ႏိုင္တယ္ သိၿပီလား ...ထြက္သြား အခုခ်က္ခ်င္းထြက္သြား "

" အရမ္းမေအာ္နဲ႔ မင္းလည္ေခ်ာင္းနာသြားလိမ့္မယ္....ကိုယ္မင္းကို ဘယ္ေတာ့မွ ထားသြားမွာမဟုတ္ဘူး "

အတင္းကာေရာ ျငင္းဆန္ေနသည့္ ကိုးလ္၏ အျပဳအမူမ်ား ေနာက္ကြယ္တြင္ ႀကိဳးကိုင္ခ်ယ္လွယ္ေနေသာ တရားခံအစစ္အား ေလေျပရွင္း ရွာေတြ႕‌ခဲ့ေပေတာ့သည္။ ေဖာက္ျပန္တတ္ေသာ ရာသီဥတုႏွင့္အညီ မေန႔ကမိုးအုံ႔ေနတတ္ပါေသာ္ျငား အခုခ်ိန္မွာျဖင့္ အျပင္ဘက္က ပူေလာင္ေျခာက္ေသြ႕လြန္းလွေလကာ ထိုေနေရာင္ျခည္ စူးစူးတို႔က ေလေျပရွင္း ရင္ဘတ္ထဲက မီးပြားကို ပိုမိုအားေကာင္း ေလာင္ၿမိဳက္လာေအာင္ ဆြေပးေနသကဲ့သို႔ပါပင္။

ရွင္းရဲ႕ ခႏၶာကိုယ္တစ္ခုလုံးပင္ တုန္လႈပ္ေျခာက္ျခားလာခဲ့ကာ စိုးရိမ္ထိတ္လန႔္မႈမ်ား ေထာင္ေပါင္းမ်ားစြာေၾကာင့္ သူဟာ အသံတစ္စိုးတစိမွ မထုတ္လႊင့္ႏိုင္ခဲ့ဘဲ တိတ္ဆိတ္မႈမ်ားကိုသာ ႀကီးစိုးခ်ယ္လွယ္ခြင့္ ျပဳထားလိုက္ေလေတာ့သည္။ ရွင္းက အေျခအေနေပါင္း မ်ားစြာကို ဒီမေရာက္လာခင္အေတာအတြင္း ႀကိဳေတြးခဲ့ဖူးပါသည္။ သို႔ေသာ္ လက္ေတြ႕ရင္ဆိုင္ႀကဳံေတြ႕လိုက္ရသည့္အခါတြင္ ေျဖမဆည္ႏိုင္ေအာင္ စိုးရိမ္ပူပန္မႈမ်ားကို ထိန္းခ်ဳပ္မရႏိုင္ခဲ့ေပ။ ထိုပူပန္မႈမ်ားက သူကိုယ္တိုင္အတြက္မဟုတ္ဘဲ ကိုးလ္အတြက္သာ ဆိုတာကို သူတစ္ေယာက္ထဲကသာ သိေပလိမ့္မည္ပင္။

" အခုသိၿပီလား... ကြၽန္ေတာ္ဘာလို႔ ရွင္းကို ထြက္သြားခိုင္းတာလဲဆိုတာ "

အက္ရွေနေသာ အသံလိုင္းက ရွင္းကို ပိုလို႔ အျပစ္တင္စိတ္ ႀကီးစိုးေစသည္။

" ကိုယ္အခု ပိုလို႔ေတာင္ ထြက္မသြားခ်င္ေတာ့ဘူး "

" ရွင္း ကြၽန္ေတာ္နဲ႔ အတူ အေသခံမလို႔ စဥ္းစားေနတာလား....႐ူးေနလား ရွင္း လြတ္ေျမာက္ႏိုင္တယ္ ဘာလို႔တုံးအေနတာလဲ "

" ဒီဗုံးကေန မင္းကို မကယ္ႏိုင္ဘူးဆိုရင္ ကိုယ္ပါအေသခံလိုက္‌မွာ "

" ဟင့္အင္း..... မလုပ္နဲ႔ "

" အဲ့တာေၾကာင့္ ကိုယ္ကိုႏွင္မလႊတ္ပါနဲ႔ေတာ့ ကိုယ္တစ္ကယ္ မင္းအနားမွာ ေနခ်င္လို႔ပါ "

တစ္ခ်ိန္ထဲမွာပင္ ကိုးလ္ရဲ႕ လက္နဲ႔ တြဲခ်ည္ထားေသာ ဗုံးတစ္လုံးကို မႏွစ္ၿမိဳ႕စြာ ရွင္း မ်က္ႏွာလႊဲပစ္လိုက္သည့္အခါ ႏွလုံးသားကပါ တစ္ဆက္တည္း အဆိပ္ခပ္ခံရသလို ထုံထိုင္းသြားခဲ့သည္။ ေစာလ်င္ေသာအခ်ိန္မ်ားတုန္းက ရွင္းဟာ လက္ေနာက္ျပန္ႀကိဳးတုပ္ခံထားရေသာ ကိုးလ္ကို ဗုံးတစ္လုံးနဲ႔ တြဲခ်ည္ခံထားရေသာ အသက္လုေနရသည့္ လူတစ္ေယာက္ဟုမထင္ထားခဲ့ေပ။ ေလေျပရွင္းမွာကား ဦးစစ္ဟန္တို႔ အႏၲရာယ္ျပဳခ်င္ေနသည့္လူမွာ သူတစ္ေယာက္တည္းသာ ျဖစ္ေလသည့္အတြက္ ထိုကိစၥမ်ားႏွင့္ မသက္ဆိုင္ေသာ ကိုးလ္ကို အသက္အႏၲရာယ္ျပဳလိမ့္မည္ဟု မထင္ထားခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ကိစၥမ်ားက ဒီ‌လိုအေျခအေနထိေအာင္ ေရာက္လာခဲ့သည္ျဖစ္ေလရာ ရွင္း အေနျဖင့္လည္း ၿငိမ္ခံေနစရာ အေၾကာင္းလုံးဝမရွိေတာ့ေပ။

" ဦးစစ္ဟန္....ဦးစစ္ဟန္ ဒီေန႔အတြက္ တန္ရာတန္ေၾကးကို ခင္ဗ်ားဆီကျပန္ရေအာင္ယူမယ္....ကြၽန္ေတာ့္ သီအိုရီမွာ မ်က္လုံးတစ္လုံးအတြက္ မ်က္လုံးတစ္လုံးဘဲ "

ထိုစကားမ်ားကို စိတ္ထဲမွတိုင္တည္လိုက္ၿပီး နာက်င္မႈအျပည့္ျဖင့္ က်ိန္းဝါးလိုက္သည့္အခါ ရွင္းရဲ႕ အျပဳအမူေၾကာင့္ ကိုးလ္ပင္ အနည္းငယ္ေၾကာက္႐ြံ႕သြားခဲ့သည္။ လက္ေကာက္ဝတ္၌ တြဲခ်ည္ထားေသာ ဝိုင္ယာႀကိဳးမ်ားမွာ ရႈပ္ေထြးေပြလီလွသည့္အျပင္ အစိမ္းေရာင္ႏွင့္ အနီေရာင္ႀကိဳးမ်ားက ခပ္တည္းတည္းေလးပဲက်န္ေအာင္ အျဖတ္ေတာက္ခံထားရသည့္အတြက္ ရွင္းက သတိမမူဘဲ ကိုးလ္ရဲ႕လက္ကို ျဖည္ေပးလိုက္လွ်င္ ထိုႀကိဳးမ်ားမွာျပတ္ေတာက္လ်က္ ဗုံးမွာ ခ်က္ခ်င္းထေပါက္ကြဲႏိုင္မည္ျဖစ္သည္။ ထိုအခါ ရွင္းေရာကိုးလ္ပါ ဘယ္ေတာ့မွ လြတ္ေျမာက္ႏိုင္ေတာ့မည္မဟုတ္ဘဲ ေလာက္ၿမိဳက္ေနတဲ့ မီးေတာက္ထဲမွာ အသက္ဆုံးရႈံးရမည္ျဖစ္သည္။

Shit.... တီးတိုးက်ိန္ဆဲသံႏွင့္အတူ ထိုဗုံးေပၚမွ အခ်ိန္ေနာက္ျပန္ေရတြက္ေနေသာ screen  ကို ရွင္း ႐ိုက္ဖ်က္ခ်င္လြန္းလွသည္။ 45 မိနစ္ေလာက္သာ က်န္ေတာ့သည့္ အခ်ိန္အတိုင္းအတာတြင္ ကိုးလ္ကို ကယ္တင္ႏိုင္မယ့္ နည္းလမ္းမ်ားကို ရွင္းက သူရဲ႕ေနာက္ဆုံးလက္က်န္ အသက္ကယ္ႀကိဳးမွ်င္မ်ားသဖြယ္ အသည္းအသန္ ရွာေဖြဆုေဆာင္းေနရေလသည္။ အမွားအယြင္းေလး တစ္ခုျပဳလိုက္႐ုံျဖင့္ ကိုးလ္ဆိုေသာ လူသားကို ထာဝရဆုံးရႈံးရေပေတာ့မည္။

ကိုးလ္လက္နဲ႔ တြဲခ်ည္ခံထားရေသာ ဗုံးကို ေသခ်ာေအာင္ ေခါက္တုံ႔ေခါက္ျပန္ျပန္ ၾကည့္လိုက္ၿပီးေနာက္ ေဆာင္ထားေလ့ရွိေသာ ဓားေျမႇာင္အေသးေလးကို ထုတ္ယူလိုက္ကာ အစိမ္းေရာင္ႀကိဳးကို ဂ႐ုတစိုက္ျဖတ္ေတာက္လိုက္ေလသည္။ ႏွစ္ေယာက္လုံးမွာ ေခြၽးေတြအျပည့္ျဖင့္ စိတ္လႈပ္ရွားေနေသာ ခႏၶာကိုယ္ကို ဥေပကၡာျပဳလိုက္ၿပီး အသက္ဆုံးရႈံးေစႏိုင္ေသာ ထိုဗုံးအေပၚသာ စိတ္အင္အားအလုံးစုံကို ႏွစ္ျမဳပ္ထားလိုက္ေတာ့သည္။

႐ုတ္တရက္ ရွင္းက မူမမွန္ေသာ အေျခအေနတစ္ရပ္ကိုသတိထားမိသြားကာ ျဖတ္ေတာက္ေနေသာ အလုပ္ကို ရပ္တန႔္လိုက္ၿပီး အစိမ္းေရာင္ႀကိဳးကို ေသခ်ာျပန္စိုက္ၾကည့္လိုက္မိသည္။ ကံေကာင္းစြာပင္ ထိုႀကိဳးမွာ ျပတ္ဖို႔ရာ အနည္းငယ္သာလိုေတာ့ၿပီး ႀကိဳးတစ္မွ်င္စာေလးပဲလိုေတာ့သည္။ ေနာက္ထပ္ အနည္းအက်ဥ္းမွ်သာ ဓားနဲ႔ထိေတြ႕လိုက္ပါက ခ်က္ခ်င္း လုံးဝဥႆုံျပတ္ေတာက္သြားႏိုင္သည္ျဖစ္ၿပီး ကိုးလ္က မဆင္မျခင္ လႈပ္ရမ္းလိုက္ပါကလည္း ခ်က္ခ်င္းျပတ္ေတာက္သြားႏိုင္မည္ျဖစ္သည္။

" ေတာ္ေသးတာေပါ့..... ကိုးလ္မလႈပ္လိုက္နဲ႔...အႏၲရာယ္အရမ္းမ်ားတယ္ "

" ေကာင္းၿပီ.....ကြၽန္....ကြၽန္ေတာ္ မလႈပ္ဘူး "

ဦးစစ္ဟန္တို႔အဖြဲ႕က ထင္ထားသည္ထက္ပိုၿပီးပါးနပ္ေလသည္။ ယခုသူတို႔ထားခဲ့ေသာ ဗုံးမွာ ႀကိဳးအနီေရာင္ပဲျဖတ္ျဖတ္၊ အစိမ္းေရာင္ကိုပဲျဖတ္ျဖတ္ ခ်က္ခ်င္းထေပါက္ကြဲလာမည္ျဖစ္သည္။ ရွင္းက ဘယ္အရာကိုပဲ ေ႐ြးခ်ယ္လိုက္ပါေစ ရလဒ္က ေသျခင္းတရားတစ္ခုထဲသာ ေရာက္လာမည္ျဖစ္သည္။

" ေသစမ္း ငါဘာဆက္လုပ္ရမလဲ "

ေခါင္းကဆံပင္မ်ားကို ဆြဲဖြလိုက္ၿပီး ရွင္း အသံတိတ္ဆဲေရးလိုက္ေလသည္။

အခ်ိန္ကလည္း တစ္ျဖည္းျဖည္းႏွင့္ သိပ္မက်န္ေတာ့သည့္အျပင္ ပတ္ဝန္းက်င္က ပိုလို႔ေျခာက္ျခားဖြယ္ ေကာင္းလာခဲ့ကာ ေလထုက အဆိပ္ျပင္းသထက္ျပင္းလာခဲ့သည္။

ေရေရရာရာစဥ္းစားလို႔မရသည့္ အေျခအေနတြင္ ရွင္းက ဗုံးကို ဓာတ္ပုံ႐ိုက္ကာ တိမ္ယံဆင့္ဆီ ပို႔ေပးလိုက္ၿပီး အကူအညီလွမ္းေတာင္းလိုက္သည္။ ခ်က္ျခင္းဆိုသလိုပင္ ဆင့္ဆီမွ ဖုန္းဝင္လာခဲ့သည္။

" ဘာေတြျဖစ္ေနတာလဲ ရွင္း "

တိမ္ယံဆင့္ရဲ႕ အသံလႈိင္းမွာလည္း ေမွ်ာ္လင့္မထားေလာက္ေအာင္ စိုးရိမ္ပူပန္မႈမ်ား ႀကီးစိုးေနခဲ့ၿပီး အေလာတႀကီးႏိုင္လြန္းလွေလသည္။

" အမ်ားႀကီးမေမးနဲ႔ အခ်ိန္မရွိဘူး....အဲ့ဗုံးကို ဘယ္လိုလုပ္ရင္ မေပါက္ဘဲ ထိန္းထားႏိုင္မလဲ "

" ေကာင္းၿပီ ငါ ဗုံးနဲ႔ပက္သက္တဲ့ အခ်က္အလက္ေတြကိုရွာၾကည့္လိုက္မယ္ "

" အခ်ိန္မရွိဘူး ဆင့္ တတ္ႏိုင္သလုပ္ျမန္ျမန္လုပ္ေပးပါ ငါလည္း တျခားနည္းလမ္း စဥ္းစားၾကည့္လိုက္ဦးမယ္ "

တိမ္ယံဆင့္တစ္ေယာက္ သူ၏လက္မွာ ပတ္တီးျဖည္ၿပီးကာစျဖစ္ကာ အနာသိပ္မက်က္ေသးေသာလက္မွ ခံစားလာေသာ ေဝသနာကို ဂ႐ုမစိုက္ဘဲ laptop ဆီအျမန္သြားကာ ရွင္း ပို႔ေပးေသာပုံထဲက ဗုံး၏ အခ်က္အလက္မ်ားကို စုစည္းလိုက္သည္။

ေနာက္ထပ္ မိနစ္အနည္းငယ္ေလာက္အၾကာတြင္ ဆင့္ဆီက ဖုန္းျပန္ဝင္လာခဲ့ၿပီး ‌ဗုံး screen ေပၚမွာ ေနာက္ျပန္ေရတြက္ေနတဲ့အခ်ိန္ကလည္း 30 မိနစ္သာ က်န္ေတာ့သည္အထိ ေလ်ာ့က်သြားေလသည္။

" ဘာထူးလဲ ဆင့္ "

" အဲ့တာက မင္း ဘယ္ႀကိဳးကိုပဲျဖတ္ျဖတ္ ဗုံးကေပါက္မွာဘဲ...သူကအသံနဲ႔ ထိန္းခ်ဳပ္ရတာ "

" အင္း "

" မေပါက္ေအာင္ လုပ္လို႔ရတဲ့နည္းမရွိဘူး ဒါေပမယ့္ ခဏထိန္းထားလို႔ရတဲ့နည္းေတာ့ရွိတယ္ "

" ဘာနည္းလဲ "

" သတၳဳပဲ....သတၳဳကိုအရည္က်ိဳၿပီး ဗုံးေပၚမွာအေအးခံလိုက္မယ္ဆိုရင္ battery က စကၠန႔္အနည္းငယ္ေလာက္ခဲသြားၿပီးေတာ့ မင္းတို႔ႀကိဳးျဖဳတ္ၿပီးေျပးလို႔ရတယ္....ဒါေပမယ့္ 10 စကၠန႔္ပဲအခ်ိန္ရတာ 10စကၠန႔္ထဲနဲ႔ ဗုံးရဲ႕ ဘယ္ေလာက္ေဝးေဝးကို မင္းသြားႏိုင္မွာမို႔လို႔လဲ။  မင္းဘယ္သူ႔ကိုသြားကယ္တာလဲ ရွင္း ။ ျမန္ျမန္ျပန္ထြက္ခဲ့စမ္းပါ...ဒါကမင္းအသက္ပါ ေသသြားႏိုင္တယ္ေနာ္ "

" ေက်းဇူးပဲ ဆင့္ ။ ငါေနာက္မွ ဖုန္းျပန္ေခၚလိုက္မယ္ "

ဆက္ေျပာလာမယ့္ ဆင့္ရဲ႕ စကားသံေတြကို လ်စ္လ်ဴရႈၿပီး ဖုန္းခ်လိုက္ကာ ေလေျပရွင္းရဲ႕ ျပင္းျပနက္ရႈိင္းေသာ ဆႏၵမ်ားသည္ သတၱဳအား ဘယ္ေနရာကသြားရွာရမလဲဆိုသည့္အေပၚ လူးလားေခါက္တုန္ ျဖတ္ေျပးစဥ္းစားလ်က္ရွိသည္။

" သတၳဳ....သတၳဳလား ငါဘယ္ကသြားရွာရမလဲ "

အခ်ိန္မွာ မိနစ္ႏွစ္ဆယ္ခန႔္သာ က်န္ေတာ့ေလသည္။

႐ုတ္တရက္ ရွင္းရဲ႕ ေမွ်ာ္လင့္ခ်က္အလုံးစုံသည္ အသူတစ္ရာေခ်ာက္နက္ထဲ ဆုံးဆုံးနစ္ျမဳပ္ေနရာမွ နတ္ဘုရားရဲ႕ ေရာင္ျခည္တန္းေလး ဝင္ေရာက္လာသလို အေမွာင္ထုထဲမွ အလင္းေရာင္ တစ္စြန္းတစ္စေၾကာင့္ မ်က္ဝန္းအိမ္မ်ားပင္ ထြန္းလင္းေတာက္ပလာခဲ့ကာ ကိုးလ္အား ေမွ်ာ္လင့္တႀကီး ၾကည့္လိုက္သည္။

ခ်က္ျခင္းပင္ ကိုးလ္လည္ပင္းက ဆြဲႀကိဳးကို စြက္ကနဲ႔ ဆြဲယူလိုက္သည့္အခါ ပိုင္ရွင္ျဖစ္သူက ရွင္းနာမည္ကို ခပ္ဖြဖြေလး ေခၚတြင္လာေလသည္။

" ကိုယ္ေနာက္က်ရင္ ျပန္ဝယ္ေပးပါမယ္....အခု ကိုယ့္ကိုခဏငွားေပး "

ထိုဆြဲႀကိဳးမွာ ေလေျပရွင္းကိုယ္တိုင္ လက္ေဆာင္ေပးခဲ့သည့္ သမင္ဦးခ်ိဳသဏၭာန္ ဆြဲႀကိဳးေလးပင္ျဖစ္ကာ ကိုးလ္က ဒီေန႔မတိုင္ခင္အထိ ထိုဆြဲႀကိဳးကို တစ္ခါမွ မျဖဳတ္ပစ္ခဲ့ဖူးေပ။ ထိုအရာမွာ ရွင္းကိုယ္တိုင္ ကိုးလ္လည္ပင္းမွာ တပ္ဆင္ေပးခဲ့ၿပီး ရွင္းကိုယ္တိုင္ ျပန္ျဖဳတ္ယူလိုက္သည့္အရာပင္ ျဖစ္ေလသည္။

ရွင္းရဲ႕ အျပဳအမူအားလုံးကို ကိုးလ္ နားမလည္ႏိုင္ေသာ္လည္း အခ်ိန္သိပ္မရွိေတာ့ဘူးဆိုတာ တစ္ခုတည္းကိုသာ ကိုးလ္သိေလသည္။ ရွင္းသာ စကားနားမေထာင္ဘဲ ဆက္ၿပီးေခါင္းမာေနဦးမည္ဆိုလွ်င္ ျဖစ္ေပၚလာမည့္အက်ိဳးဆက္သည္ ကိုးလ္ ေနာင္ဘဝကူး‌သြားလွ်င္ေတာင္ ကိုယ့္ကိုကိုယ္ အျပစ္တင္လို႔ ဆုံးမည္မဟုတ္ပါေပ။

အေဆာက္အဦးသည္ ေဆာက္လက္စကို ရပ္တန႔္ပစ္လိုက္တာေၾကာင့္ အေခ်ာမသတ္ရေသးသည့္အျပင္ ခိုင္ခံ့ေနမည္ဟု အာမခံခ်က္လည္း ရွိမေနသည့္အတြက္ ဗုံးသာေပါက္ကြဲထြက္လာပါက ၿပိဳက်သြားဖို႔ရာ ၈၀% ေလာက္ ေသခ်ာႏိုင္ေလသည္။ အမႈိက္မရွင္းရေသးသည္ အေဆာက္အဦးျဖစ္သည့္အတြက္ ရွင္းက သစ္သားအတိုအစမ်ားကို တစ္ေနရာတည္း စုပုံလိုက္ကာ ခိုင္ခံ့မည္ဟုထင္ရေသာ သံခြက္တစ္ခြက္ကိုပါ အနားမွာယူထားလိုက္ေလသည္။

ထို႔ေနာက္ အိပ္ကပ္ထဲက မီးျခစ္ကို ထုတ္ယူလိုက္ၿပီး သစ္သားတစ္ေခ်ာင္းကို မီးညႇီလိုက္ကာ ထိုမီးျခစ္အား ေဖာက္ခြဲလိုက္ၿပီး အထဲက gas မ်ားထြက္လာတာ ေသခ်ာမွ သစ္သားပုံထဲပစ္ထည့္လိုက္ေလေတာ့သည္။ ၿပီးလွ်င္ ေစာေစာက မီးညႇီထားေသာ သစ္သားေခ်ာင္းကို ထင္းပုံထဲပစ္ခ်လိုက္သည့္အခါ မီးေတာက္ႏွင့္gas ‌မ်ား ေပါင္းစပ္ဓာတ္ျပဳသြားၿပီး ထင္းပုံက အရွိန္ျပင္းျပင္ မီးစြဲသြားေလေတာ့သည္။ အပူခ်ိန္သည္ အံ့မခန္းျဖစ္သည့္အတြက္ ရွင္းအေနျဖင့္ အႀကံအစည္ေအာင္ျမင္ပါေစဟုသာ အသည္းအသန္ ဆုေတာင္းေနမိေတာ့သည္။

မၾကာေသးခင္က ေကာက္ယူခဲ့ေသာ သံခြက္အား ထင္းပုံေပၚတင္လ်က္ ကိုးလ္ရဲ႕ဆြဲႀကိဳးကို အပူေပးလိုက္သည့္အခါ ၎တို႔က တစ္စထက္တစ္စ အရည္ေပ်ာ္လာေတာ့သည္။ ရွင္းတို႔ႏွစ္ေယာက္စလုံးအတြက္ အခ်ိန္ဆိုသည္မွာ အတိုင္းထက္အလြန္အေရးႀကီးေသာ အရာတစ္ခုပင္ျဖစ္ကာ သင့္ဘဝရဲ႕ ေနာက္ဆုံး ၁၅ မိနစ္စာအခ်ိန္ေလာက္တြင္ အျဖစ္ခ်င္ဆုံးဆႏၵမွာ အျမတ္ႏိုးဆုံးလူေတြကို ႏႈတ္ဆက္စကား‌ေျပာႏိုင္ဖို႔ပင္ ျဖစ္ေလသည္။ သို႔ေသာ္ ရွင္းက ဘဝကို ဒီတိုင္းအရႈံးမေပးလိုက္ခ်င္ပါေပ။ ကိုးလ္ကို ကယ္တင္လိုက္ႏိုင္မွဘဲ သူဟာ ၿငိမ္းခ်မ္းစြာအနားယူသြားႏိုင္မည့္ လူသားတစ္ေယာက္ပင္ ျဖစ္သည္။

" ရွင္း "

ကိုးလ္က တိုးညႇင္းစြာ ေခၚလိုက္ျခင္းျဖစ္ေသာ္လည္း ေလေျပရွင္းရဲ႕ သာမာန္ထက္ပိုေသာ အၾကားစြမ္းရည္ေၾကာင့္ ေစလိုရာပန္းတိုင္ဆီ ေလ်ာေလ်ာရႈရႈ ေရာက္သြားခဲ့ေလသည္။

" အင္း ကိုယ္မင္းကို ကယ္တင္ႏိုင္ေတာ့မွာပါ "

" ဒီတစ္ႀကိမ္ေလးပဲ ကြၽန္ေတာ့္စကားကို နားေထာင္ပါေနာ္ ..... ကြၽန္ေတာ္ ရွင္းကို မေသေစခ်င္ဘူး "

" ကိုယ္တို႔ႏွစ္ေယာက္လုံး မေသပါဘူး "

" ေက်းဇူးျပဳၿပီး ေတာင္းပန္ပါတယ္ သြားပါေတာ့...ဒါကြၽန္ေတာ့္ရဲ႕ ေနာက္ဆုံးဆႏၵပါ "

" စကားေတြအမ်ားႀကီးမေျပာနဲ႔ ကိုယ္ မင္းကိုရေအာင္ကယ္မွာ မဟုတ္ရင္လည္း ကိုယ္မင္းနဲ႔အတူ အေသခံမွာ "

" ဘာလို႔ဒီလိုေတြလုပ္ေနတာလဲ "

" သူငယ္ခ်င္းဆိုတာ ဒုကၡေရာက္ေနခ်ိန္မွာ ဘယ္ေတာ့မွ တစ္ေယာက္ထဲ ထားမသြားဘူးေလ။ ကိုယ္တို႔အတူတူ ရင္ဆိုင္ၾကမယ္ "

အခ်ိန္ ၁၀မိနစ္သာ က်န္ေတာ့သည့္အခါတြင္ အဆိုးထဲက အေကာင္းဟုဆိုႏိုင္ဖြယ္ရာ ကိုးလ္ရဲ႕ဆြဲႀကိဳးေလးက လုံးဝကိုအရည္ေပ်ာ္သြားခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ယခုမွလတ္လတ္ဆတ္ဆတ္အပူေပးခံထားရသည့္ အေျခအေနျဖစ္ေလသည့္အတြက္ သင့္တင္ေလွ်ာက္ပတ္သည့္ အေနအထားေရာက္ေအာင္ အခ်ိန္အနည္းငယ္ေပး၍ အေအးခံရဦးမည္ျဖစ္သည္။ မဟုတ္လွ်င္ ထိုအရည္ေဖ်ာ္ထားသည့္အရာမ်ားကို အတင္းကာေရာ ဗုံးေပၚေလာင္းခ်လိုက္ပါက ျဖစ္ေပၚလာမည့္ရလဒ္က မေတြးရဲစရာပင္ျဖစ္ေလေတာ့သည္။

အေအးခံရသည့္အေျခအေန ၿပီးေျမာက္သြားသည့္အခါတြင္ ၅ မိနစ္သာ ရွင္းအတြက္ အခ်ိန္က်န္ရွိေတာ့ေလသည္။ ထိုသတၳဳရည္ေတြကို ဗုံးေပၚေလာင္းခ်လိုက္ေသာ္လည္း အခ်ိန္ေနာက္ျပန္ေရတြက္ေနမႈမွာ ရပ္တန႔္သြားျခင္းမရွိခဲ့ဘဲ တတီတီျမည္သံႏွင့္အတူ ၄ မိနစ္အထိ ထိုးဆင္းသြားသည္။

" ေသစမ္း ဘာလို႔မရ,ရတာလဲ "

၃ မိနစ္နဲ႔ ၄၀ စကၠန႔္

" ရလိုက္စမ္းပါ ေက်းဇူးျပဳၿပီး "

ေလေျပရွင္းမွာ စိတ္လႈပ္ရွားလြန္းလို႔ ဗုံးရဲ႕အခ်ိန္ေရတြက္မႈ ရပ္တန႔္သြားပါက လက္ထဲ၌ႀကိဳးေတြကိုျဖတ္ေတာက္ပစ္ရန္ အသင့္ကိုင္ထားေသာ ဓားေျမႇာင္မွာ ေခြၽးမ်ားျဖင့္ အလြန္အမင္း႐ႊဲႏွစ္ေနေလေတာ့သည္။ ေမးဖ်ားမွ သက္ဆင္းလာေသာ ေခြၽးစက္တို႔က ၾကမ္းျပင္ေပၚက ဖုန္မႈန႔္တို႔ႏွင့္ ေရာေႏွာသြားကာ ညစ္ပတ္သြားၿပီး ထပ္မံတစ္စက္ခ်င္း သက္ဆင္းလာၾကျပန္သည္။

၂ မိနစ္နဲ႔ ၁၀ စကၠန႔္

" ကိုးလ္ မေၾကာက္နဲ႔ေနာ္ ကိုယ္ရွိတယ္ "

" ရွင္း ေနာင္တရလိမ့္မယ္ "

" ကိုယ္ေနာင္တမရပါဘူး....ဘယ္ေတာ့မွ အဲ့လိုျဖစ္မွာ မဟုတ္ဘူး "

၁ မိနစ္ နဲ႔ ၃၀ စကၠန႔္

" ေက်းဇူးျပဳၿပီး.... ေက်းဇူးျပဳၿပီး "

ေလေျပရွင္းရဲ႕ အတြင္းစိတ္ထဲမွ ေရ႐ြတ္သံသည္ နတ္ဘုရားမ်ား၏ လ်စ္လ်ဴရႈျခင္းႏွင့္ ရင္ဆိုင္ေနရသလိုပါပင္ ဘယ္ေလာက္ပဲ ဆုေတာင္းေနပါေစ ဗုံးေပၚက ေနာက္ျပန္ေရတြက္ေနတဲ့ အခ်ိန္ဟာ လုံးဝရပ္တန႔္မသြားခဲ့ပါေပ။

" ေနာက္ ၁၀ စကၠန႔္အတြင္း ဗုံးေပါက္ကြဲေတာ့မွာပါ .... အားလုံးေဘးလြတ္ရာကို ေရွာင္ရွားၾကပါ "

" ေနာက္ ၁၀ စကၠန႔္အတြင္း ဗုံးေပါက္ကြဲေတာ့မွာပါ .... အားလုံးေဘးလြတ္ရာကို ေရွာင္ရွားၾကပါ "

" ေနာက္ ၁၀ စကၠန႔္အတြင္း ဗုံးေပါက္ကြဲေတာ့မွာပါ .... အားလုံးေဘးလြတ္ရာကို ေရွာင္ရွားၾကပါ "

System  မွ သတိေပးခ်က္ ေပၚလာသည္ႏွင့္တစ္ၿပိဳင္နက္  ကိုးလ္ေရွ႕မွာ ဒူးေထာက္ထိုင္ခ်ေနေသာ ရွင္းရဲ႕ အသြင္အျပင္သည္ ေလတစ္ခ်က္ေဝွ႔လိုက္႐ုံျဖင့္ တစစီပ်က္စီးသြားမည့္ ေက်ာက္သားအ႐ုပ္တစ္ခုႏွယ္ျဖစ္လာေလသည္။အက္ကြဲေနသည့္ လည္ေခ်ာင္းသံႏွင့္အတူ မပီမသစကားသံမ်ားနဲ႔ ရွင္းက ကိုးလ္ကို ေတာင္းပန္လာခဲ့ျပန္သည္။

" အားလုံးကိုယ့္အျပစ္ေတြပါ..... ကိုယ့္ေၾကာင့္ မင္းကို ဒီျပႆနာေတြထဲ ပါလာေစမိၿပီ "

" ကိုယ္တစ္ကယ္ေတာင္းပန္ပါတယ္....ကိုယ့္ေၾကာင့္ပါ ကိုယ့္ေၾကာင့္ မင္း ဒုကၡေရာက္ရတာ။ ကိုယ္ကအသုံးမက်တဲ့ လူတစ္ေယာက္ပဲ အနားမွာရွိတဲ့လူေတြကိုေတာင္ မကာကြယ္ႏိုင္ဘူး "

" ရွင္း "

ကိုးလ္ရဲ႕ ႏူးညံ့လွသည့္ေခၚသံေလးေၾကာင့္ ေခါင္းကိုၾကမ္းျပင္ထဲ စိုက္ဝင္လုမတက္ငုံ႔ထားကာ ငိုယိုေနေသာ ေလေျပရွင္းသည္ အသံပိုင္ရွင္ထံ ေမ့ာၾကည့္လိုက္ခ်ိန္ဝယ္ ထိုလူသားက သူ႔ကို အေတာက္ပဆုံးၿပဳံးျပေနခဲ့ေလသည္။ ရွင္းရဲ႕ က်ရႈံးခန္းျဖစ္သည့္ မ်က္ရည္မ်ားသည္ ကိုးလ္ရဲ႕ အၿပဳံးမ်ားႏွင့္ ရင္ဆိုင္လိုက္ရသည့္အခါ တစ္ခဏမွ် အခ်ိန္ေတြက ရပ္တန႔္သြားခဲ့သလိုပါပင္။

၁၀ စကၠန႔္ေလာက္ေတာင္မက်န္ေတာ့သည့္ ေနာက္ဆုံးအခ်ိန္ေလးထဲမွာ ကိုးလ္ရဲ႕အၿပဳံးက သက္ဝင္ေတာက္ပေနသည့္ အာ႐ုဏ္ဦးရဲ႕ ေရာင္ျခည္တန္းေလးလိုပင္။ ရွင္းကို ေမွ်ာ္လင့္ခ်က္ေတြ အျပည့္ျဖည့္ေပးေနၿပီး စိုးရိမ္ပူပန္မႈေတြကို ေလ်ာ့သြားေစတဲ့ ေအးျမလြန္းတဲ့ အသက္ဝင္ဆုံးအၿပဳံးေလး။

" ေသျခင္းတရားက အဲ့ေလာက္လဲမဆိုးဝါးပါဘူး ရွင္းကို ေျပာမရမွေတာ့ ကြၽန္ေတာ္တို႔ အတူေသၾကတာေပါ့ "

" ကိုးလ္ "

" မေၾကာက္ပါနဲ႔ ....ကြၽန္ေတာ္ေလ ရွင္း နဲ႔သာဆို ဘာကိုမွမေၾကာက္ဘူး "

ကိုးလ္က ၿပဳံးေနခဲ့ေလသည္ ထိုစကားေျပာေနသည့္ တစ္ေလွ်ာက္လုံး ကိုးလ္က အဖိုးထိုက္တန္တဲ့ ေတာ္ဝင္ပန္းတစ္ပြင့္လို ေလေျပရွင္းကို ၿပဳံးျပေနခဲ့သည္မွာ ရွင္းရဲ႕ မ်က္ရည္ေတြနဲ႔ တန္ဆာဆင္ထားတဲ့ မ်က္ႏွာႏွင့္ေတာ့ တစ္ျခားစီပါပင္။

" တီ....တီ....တီ "

ဗုံးထံမွအခ်က္ေပးသံ ထပ္ျမည္လာကာ ရွင္း အျမန္ၾကည့္လိုက္ခ်ိန္တြင္ ၃ စကၠန႔္ေလာက္အလိုတြင္ အခ်ိန္ေနာက္ျပန္ေရတြက္ေနျခင္းက ရပ္တန႔္သြားခဲ့ျခင္းျဖစ္သည္။ သတၳဳျဖင့္ ဘက္ထရီကို ေခတၱခဲေစျခင္းက အလုပ္ျဖစ္သြားပုံရကာ ရွင္းတို႔ႏွစ္ေယာက္လုံးထံတြင္ အခ်ိန္ ၁၀ စကၠန႔္သာရေတာ့ေလသည္။ ထို၁၀စကၠန႔္အတြင္း လြတ္ေျမာက္ေအာင္မေျပးႏိုင္ပါက ႏွစ္ေယာက္လုံး ဒီအေဆာက္အဦးအတြင္းမွာတင္ ျပာက်သြားေတာ့မည္ျဖစ္သည္။

လ်င္ျမန္ေသာ ေ႐ြ႕လ်ားမႈႏွင့္အတူ ကိုးလ္ရဲ႕ လက္ကႀကိဳးမ်ားကို ဓားေျမႇာင္ႏွင့္ျဖတ္‌ထုတ္လိုက္ၿပီး ျပတ္ေတာက္ေတာ့မတတ္ နီရဲေနတဲ့ ကိုးလ္ရဲ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ကာ အကာအကြယ္မရွိ ဟင္းလင္းျပင္ျဖစ္ေနေသာ နံရံဆီသို႔ ေလေျပရွင္း ဦးတည္ေျပးသြားလိုက္ေလသည္။ ယခုခ်ိန္မွာ ေလွကားကတစ္ဆင့္ ဆင္းသြားလွ်င္လည္း ၁၀ စကၠန႔္ဟူေသာအခ်ိန္ေလးျဖင့္ မည္သို႔မွလြတ္ေျမာက္ႏိုင္မည္မဟုတ္ေပ။ ထို႔ေၾကာင့္ ရွင္းက ၅ ထပ္ေျမာက္ကေန ခုန္ခ်ရန္ မိုက္႐ူးရဲဆန္စြာ ေ႐ြးခ်ယ္လိုက္ျခင္းျဖစ္သည္။

" ကိုယ့္ကိုယုံပါ ကိုးလ္ "

ဤသည္မွာ ခုန္မခ်ခင္ ရွင္း ေနာက္ဆုံးေျပာခဲ့ေသာ စကားျဖစ္ၿပီး ေအာက္ေျခထိမေရာက္ခင္ ေလထဲ၌ပင္ ဗုံးက က်ယ္ေလာင္ေသာအသံျဖင့္ ေပါက္ကြဲလာခဲ့သျဖင့္ အရွိန္ျပင္းေသာ တြန္းကန္အားေၾကာင့္ ကိုးလ္နဲ႔ ရွင္းႏွစ္ေယာက္လုံး ေဘးဘက္ကိုလႊင့္စင္သြားခဲ့ေလသည္။ မသိစိတ္၏ ေစခိုင္းခ်က္အရ ရွင္းရဲ႕ လက္ႏွစ္ဖက္လုံးသည္ ကိုးလ္ကို ေလမတိုးႏိုင္ေအာင္ ဖက္ထားခဲ့သည့္အတြက္ ေအာက္သို႔ျပန္ျပဳတ္က်လာခ်ိန္တြင္ ကိုးလ္က ဒဏ္ရာႀကီးႀကီးမားမား မရခဲ့ေသာ္ျငား ရွင္းရဲ႕ ေနာက္ေက်ာတစ္ခုလုံးမွာ ေသြးေတြစီးက်ေနၿပီး ဗုံးဆီကစင္လာေသာအစအနမ်ားေၾကာင့္ အေတာ္ေလးေလာင္ကြၽမ္းေနသည့္ အသားစမ်ားကလည္း အတိုင္းသားပင္ ရွိေနေလသည္။

" ရွင္း....ရွင္း ထပါဦး "

" ကိုးလ္ ေျပးေတာ့..... ကိုယ့္ကို ဂ႐ုမစိုက္နဲ႔ "

ေသြးေတြနဲ႔ ရွင္းက ကိုးလ္ကို အေဝးတြန္းပို႔ၿပီး ထြက္ေျပးခိုင္းေလသည္။

" မဟုတ္ဘူး....မဟုတ္ဘူး...ကြၽန္ေတာ္တို႔အတူသြားၾကမယ္ "

"သြားေတာ့....ျမန္ျမန္ "

ထိုစကားႏွင့္အညီ ေလေျပရွင္း၏ လႈပ္ရွားမႈမ်ားမွာ လုံးဝၿငိမ္သက္သြားတာေၾကာင့္ ကိုးလ္ရဲ႕ ႏွလုံးသားတစ္ခုလုံးပင္ ေသဆုံးသြားေတာ့မလို ခံစားေနရေပသည္။ ရွင္းက ေနာက္ထပ္လုံးဝ ထပ္ၿပီးမလႈပ္ရွားလာေတာ့ေပ။ ကိုးလ္တစ္ေယာက္ထဲ ခႏၶာကိုယ္ျခင္းမမွ်ေသာ ေလေျပရွင္းကိုတြဲကာ ဒီေနရာကအျမန္ဆုံး ထြက္ခြာသြားႏိုင္ရန္ အျပင္းအထန္ႀကိဳးပမ္းေနရၿပီး ေနာက္ထပ္ အခ်ိန္ပိုင္းေလးမွာပင္ အေဆာက္အဦးက ၿပိဳက်လာကာ အစအနမ်ားက ကိုးလ္တို႔ႏွစ္ေယာက္ရွိရာကို လြင့္စင္လာၾကသည္။

" ရွင္း အားတင္းထားဦးေနာ္.... ကြၽန္ေတာ္ ရွင္းကို  ရေအာင္ေခၚသြားမယ္ "

ကိုးလ္ရဲ႕ ေျခေထာက္မွာလည္း ဗုံးေပါက္ကြဲစဥ္က ေဘးထြက္ဆိုးက်ိဳးတစ္ခုေၾကာင့္ ေသြးမ်ားအဆက္မျပတ္ စီးက်ေနခဲ့ဆဲပင္။ သူတို႔ႏွစ္ေယာက္ ေ႐ြ႕လ်ားလိုက္ေသာ ေနရာတိုင္းက ေသြးစီးေၾကာင္းမ်ား က်န္ရစ္‌ခဲ့ၿပီး ရွင္းရဲ႕ အျဖဴေရာင္ ဝတ္စုံမွာကား အနက္ေရာင္ႏွင့္ အနီေရာင္မ်ားသာ အျပည့္အဝေနရာယူေနလ်က္ရွိၿပီး ေျဖမဆယ္ႏိုင္ေအာင္ ေပပြေနခဲ့‌ကာ ရစရာမရွိေအာင္ စုတ္ၿပဲေနခဲ့ေလသည္။

အေဆာက္အဦးတစ္ခုလုံး ၿပိဳက်ၿပီးသြားခ်ိန္တြင္ ကိုးလ္တို႔ႏွစ္ေယာက္ သီသီေလးပင္ အသက္ေဘးမွလြတ္ေျမာက္လာခဲ့ၾကျခင္းျဖစ္သည္။ ေလေျပရွင္းမွာ ဘယ္ေလာက္ပင္ လႈပ္ႏႈိးေနပါေစ ႏိုးမလာခဲ့ေသာ္ျငား ကိုးလ္မွာလည္း မီးခိုးေငြ႕ႏွင့္ ဖုန္မႈန႔္မ်ားေၾကာင့္ မေသ႐ုံတစ္မယ္ေလးသာ ရွိေတာ့သည္။ အသက္ကိုအငမ္းမရရႈသြင္းလိုက္ၿပီး ရွင္းရဲ႕ ခႏၶာကိုယ္ကို တစ္ဝက္သယ္ တစ္ဝက္တ႐ြတ္တိုက္အေနအထားျဖင့္ မလွမ္းမကမ္းမွာ ရွင္း ရပ္ထားခဲ့ေသာ ကားဆီသို႔ေနာက္ဆုံးခြန္အားေလးျဖင့္ ကိုးလ္အတတ္ႏိုင္ဆုံး သြားကာ နီးစပ္ရာေဆး႐ုံဆီ ေမာင္းႏွင္သြားႏိုင္ခဲ့ေလသည္။

ကံေကာင္းစြာပင္ ရွင္းက ေသာ့ကိုကားထဲမွာပင္ထားခဲ့ၿပီး ေလာ့မခ်ထားေသာေၾကာင့္ ေက်းဇူးတင္ရေပမည္။ ေဆး႐ုံဆီေရာက္သြားမွသာ ကိုးလ္လည္း ေနာက္ဆုံးတင္းခံထားသမွ် ဆႏၵအစုံကို လႊတ္ခ်လိုက္ၿပီး သူသည္လည္း နာက်င္မႈမ်ားႏွင့္အတူ ေမ့ေမ်ာျခင္းအျဖစ္ဆီသို႔ ကူးေျပာင္းသြားခဲ့ေလေတာ့သည္။ ေနာက္ဆုံးက်န္ခဲ့သည့္ အသိစိတ္ေလးတြင္ ကိုးလ္က ရွင္းလက္ကို ေသခ်ာဆုပ္ကိုင္ထားဆဲျဖစ္ၿပီး ပုံပန္းသဏၭာန္ေသခ်ာမျမင္ရေသာ လူမ်ားဝိုင္းဆြဲၿပီး ခြဲထုတ္တာေတာင္ ကိုးလ္က လႊတ္ေပးဖို႔ျငင္းဆန္ေနခဲ့‌ျခင္းျဖစ္သည္။

Continue Reading

You'll Also Like

796K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
47.3K 2K 30
​သေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်​သန်​​စေခဲ့တဲ့ မင်းမျက်​ဝန်း လှလှ​လေး​တွေကို ကိုယ်​ချစ်​တယ်​ လွှမ်း..... ဒါ​ပေမယ့် အဲဒီမျက်​ဝန်းကို မြင်​တို...
9.1K 642 38
Love Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)
386K 27.3K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.